Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၃

A+ A-

“အင့် ခဏဖယ်အုံးလို့”

“မောင်လို့ခေါ်”

“မိုးကုတ်စက်ဝိုင်း”

“ကိုခိုကခေါင်းမာလိုက်တာ ပြွတ်စ်”

လူပေါ်ကနေဖယ်မပေးဘဲ အဝတ်မကပ်တဲ့ရင်ဘတ်တွေကိုငုံ့နမ်းသည်။

ဘယ်ကနေဘယ်လိုဒီအခြေနေကိုရောက်သွားသည်မသိခဲ့။လခြမ်းဆီသွားလည်ခါနီး ချက်ချင်းကိုHeatဝင်လာတာမို့ အိပ်ခန်းဆီတောင်မတက်တော့ဘဲ သူဆွဲခေါ်ရာပါလာမိတာ။မျက်မှန်လည်းဆွဲချွတ်ယူသွားတာမို့ ပွေ့ခေါ်ရာသာအလိုက်သင့်။အောက်ထပ်ကအိပ်ခန်းပိုထဲထိပွေ့ခေါ်လာကာ အိပ်ယာထက်ချပေးပြီးမွတ်မွတ်သိပ်သိပ်နမ်းလာတော့တာ။

သူနှင့်ပထမဆုံးအကြိမ်ဖြတ်သန်းပြီးကတည်းက ဆေးတွေမတိုးတော့တာမို့ အမြဲ သူ့ဆီကအမှတ်အသားတောင်းရသည်သာ။ကိစ္စတွေက ပထမအကြိမ်ရှိလျှင်ဒုတိယအကြိမ် တတိယအကြိမ်တွေဆိုတာကပ်ပါလာမြဲ။

ဆေးတွေရဲ့ side effectကြောင့် ထိန်းချုပ်ဆေးတွေမတိုးတော့သလို Heat circle လည်းမမှန်တော့။ထို့ကြောင့် သူ့အနားကနေသိပ်မခွာသွားရဲ။ဘယ်အချိန်Heatဝင်မလဲကြိုမှမသိနိုင်ဘဲလေ။

သူ့ဖယ်ရိုမုန်းတွေနှင့်ကိုက်ညီမှုမြင့်သလို သူနဲ့ဆိုရင်သက်သောင့်သက်သာလည်းရှိတာမို့ အနေသိပ်မကျဥ်းကြပ်တော့။အရင်ပြောခဲ့တဲ့ သုံးလကိစ္စကိုတော့သူ့ဘက်ကစကားစမလာသလို ကိုယ့်ဘက်ကလည်းမသိချင်ယောင်ဆောင်ထားမိသည်။အခြေနေတွေက ကိုယ့်ဘက်မှမပါဘဲ။အသက်တစ်ခုရှင်သန်ဖို့ဆိုတာအဲ့လောက်မှမလွယ်ဘဲ။

ဟိုဘက် (ဇနီးဘက်)က အကြောင်းတွေကိုမမေးမြန်းမိသလို ဟိုဘက်ကလည်းမဆက်သွယ်လာ။ဟုတ်မှာပါလေ ကိုယ်ဆိုတာသူခုနင်းဖို့အသုံးချခံပစ္စည်းတစ်ခုသာသာပဲဟာ။

“ဘာတွေတွေးနေတာလည်းကိုခို မောင်နဲ့ရှိနေရင်အတွေးတွေမလွင့်စမ်းနဲ့ တွေးဖို့အချိန်တွေမရအောင်အထိ မောင်ကြမ်းမိသွားလိမ့်မယ်”

သူ့အသံကြားရချိန် ခန္ဓာကိုယ်ထက်ကအဝတ်တွေကင်းမဲ့ပြီးသွားပြီ။နှစ်ယောက်လုံးအပေါ်စောင်ကိုလွှားထားတာမို့ သိပ်တော့ရှက်စရာမကောင်းခဲ့။လေထဲပြန့်လွင့်နေတဲ့ရနံ့တွေက အချင်းချင်းကြည့်စားနေသယောင်။

“ငါတို့ ကွန်ဒုံးသုံးသင့်တယ်”

“မောင်မှမကြိုက်တာ”

“မကြိုက်ပေမယ့် အင့်”

သူ့အနမ်းတွေကိုအသုံးပြုကာ စကားတွေကိုလည်ချောင်းထဲ ပြန်ထိုးထည့်ပေးလာတာမို့ပြောမည့်စကားတွေပြင်ပကိုထွက်မလာတော့။မျက်ဝန်းထောင့်မှမြင်နေရတဲ့ခပ်လှုပ်လှုပ်အရာကြောင့် သူ့ပေါ်ကလူကို ဇွတ်တွန်းဖယ်မိသည်။

“ခဏ ခဏလေး”

“ကိုခိုကကွာ မောင်ဇာတ်ရှိန်တက်ရင်အမြဲတွန်းဖယ်တယ်”

“ဟိုဘက်ကလှုပ်နေတာကဘာလဲ”

မျက်မှန်မပါတာမို့ မှုန်ဝါးဝါးမြင်နေရတဲ့အရိပ်ဟာ လူပုံသဏ္ဍာန်နှင့်ခပ်ဆင်ဆင်။သူ့ပေါ်ကလူကလှည့်ကြည့်လိုက်ပြီး

“လေတိုက်လို့ ကန့်လန့်ကာလွင့်နေတာပါဗျာ”

“လူနဲ့တူနေတယ်”

“ဟောဗျာ မောင်တို့အတူနေတဲ့အချိန်အခန်းထဲကို ဘယ်ကလူခေါ်လာရမှာလဲပေါက်ပေါက်ရှာရှာ”

“လေကတိုက်လို့လား အဲ့တာကလှုပ်နေတယ်”

“ကိုခိုကဘာတွေကြောက်နေတာလဲဗျာ မောင့်ကိုသာယုံပြီး မောင့်ဦးဆောင်မှုနောက်ကိုလိုက်ခဲ့ ကျန်တာတွေကပမွှားလေးတွေပါ”

တဖန်ပြန်လည်ဦးဆောင်လာတဲ့အနမ်းတွေအောက် သူ့စကားသံတွေပျောက်သွားရသည်။ဖယ်ရိုမုန်းဖြစ်တဲ့ဝိုင်ရနံ့တွေလို ပြင်းရှရှယစ်မူးစေတာမို့ သူ့မျက်ဝန်းတွေမှိတ်ကာ သာယာမှုထဲစီးမျောဖို့ပြင်သည်။

“ကိုခို မောင့်ကိုကြည့်”

“ကြည့်လည်း ကွဲကွဲပြားပြားမှမမြင်ရတာ”

“အဲ့မျက်ဝန်းတွေကိုကြည့်ပြီး မောင့်ဆန္ဒတွေပြီးမြောက်ချင်လို့”

“မင်း”

ဒီအချိန်မျိုးမှာဒီစကားထွက်လာတာမထူးဆန်းပေးမယ့် သူ့အတွက်တော့နားရှက်စရာတွေ။

“မောင်လို့တစ်ခါလောက်ခေါ်ပါလား”

“……………”

“မခေါ်ရင် မနက်အထိပေးမနားဘူး”

“မိုးကုတ်..”

“ပြွတ်စ်…ကြားချင်တဲ့နာမ်စားမဟုတ်ရင် သာယာတဲ့အသံကလွဲ အခြားစကားပြောခွင့်မပေးဘူး”

“မင်း …အွန့်”

“အပြောသက်သက်မဟုတ်ဘူးနော်”

ဖွင့်ထားတဲ့ပြတင်းတံခါးမှ ရွှေရောင်သန်းတဲ့နေရောင်ကခိုးဝင်လာနေသည်။ခြံထဲကထင်းရှူးရနံ့တွေက သူ့လူပိုင်တဲ့ရနံ့တွေကိုတိုးဝင်ကာနှုတ်ဆက်သည်။

လှုပ်ရှားမှုတွေမညင်သာပေမယ့် ကုတင်ကတော့အကြမ်းခံသည့်ပုံပင်တုတ်တုတ်မှမလှုပ်။တောင်းဆိုသံတွေတောင်းပန်သံသို့ပြောင်းချိန် လရောင်တောင်အတော်မြင့်နေပြီ။အခန်းမီးတွေထွန်းချိန်မရပေမယ့် လရောင်ကအလင်းပေးထားတာမို့ အရာရာဟာရှင်းရှင်းလင်းလင်း။

“ခဏရပ်ပေးလို့ အွန့်”

“ကိုယ်ဘာလိုချင်လဲ ကိုခိုသိပါတယ်”

“မောင်”

“ပြွတ်စ်…ဒါလေးခေါ်ဖို့ကိုသိပ်ခေါင်းမာတာ ခင်ဗျား”

လှုပ်ရှားမှုတွေရပ်တန်းပေးမှ သူအမောဖြေရသည်။

ကုတင်ဘေးမှညအိပ်မီးကိုဖွင့်တော့ လိမ္မော်ရောင်အောက် သူ့အသားလေးကချွေးတွေနဲ့တောက်ပနေတာ။သွားရာတွေပြည့်နေတာမို့ ဘယ်လောက်အချစ်ခံထားရလဲ မေးနေစရာတောင်မလို။ခပ်ထင်းထင်းလည်စိလေးကိုသွားနှင့်ငုံ့ခဲပြစ်လိုက်သည်။

“အွန့်..မလုပ်….. မောင် မကိုက်နဲ့လို့”

“ok နေရာပြောင်းကိုက်မယ်”

ပြောရင်းပြားကပ်နေတဲ့ရင်ဘတ်ဆီက မညီညာမှုလေးဆီနှုတ်ခမ်းတွေပို့ပစ်သည်။

“မလုပ်နဲ့လို့…. ဟင့်အင်း….အ့…သွားနဲ့မကိုက်နဲ့”

သူ့လက်ကြားကျွတ်ပါသွားတဲ့ဆံပင်တွေကိုမနှမျောမိ။ဒီအခြေနေမှာအနှုတ်ခံရလို့ ထိပ်ပြောင်သွားလည်း တန်ပါတယ်လေ။

စက္ကန့်လက်တံကတွန်းအားပေးတော့ နာရီတွေကခရီးဆက်ရသည်။အသွေးအသားနဲ့လူက ပင်ပန်းမှုတွေကိုတော့ဘယ်ခံနိုင်ပါ့မလဲလေ။အိပ်မောကျသွားသူကိုစောင်ခြုံပေးကာ ကုတင်ထက်ကဆင်းလို့ ဘောင်းဘီကောက်စွပ်သည်။

ပြီးမှစောင်နှင့်လုံးပွေ့ကာ အပေါ်ထပ် အိပ်ခန်းဆီခေါ်လာခဲ့လိုက်သည်။အိပ်ယာပေါ်ချကာညအိပ်မီးဖွင့်ပေးပြီး နှဖူးထက်တစ်ချက်နမ်းမိရင်း..

“မောင်အောက်ထပ်ကို ပြဿနာလေးတစ်ခုသွားရှင်းလိုက်အုံးမယ် လိမ်လိမ်မာမာနဲ့အိပ်နေခဲ့နော်တန်းပြန်လာခဲ့မှာ”

တိုးတိုးလေးကပ်ပြောကာ အခန်းပြင်ထွက်ပြီးlockချလိုက်သည်။မတော်တဆဆိုတာတွေက အချိန်တိုင်းဖြစ်လာနိုင်တာဘဲလေ။ကြိုတင်ကာကွယ်ရမှာပေါ့။

အစောနအခန်းထဲပြန်ဝင်ကာ တံခါးlockချပြီးမီးဖွင့်လိုက်သည်။ပြတင်းတံခါးဘေး အမှောင်ရိပ်အောက်လှုပ်နေသူက ပါးစပ်အားတိပ်နှင့်ကပ်ထားတာမို့အသံမထွက်။လူတစ်ကိုယ်လုံးခုံနှင့်တွဲချည်ထားတာမို့ အနည်းငယ်လှုပ်ရှားရရုံသာ။

မျက်လုံးထက်စည်းထားတဲ့ ခပ်ပါးပါးပုဝါကိုဆွဲဖြည်ပေးလိုက်ကာ သူနှင့်ခပ်လှမ်းလှမ်းကခုံမှာခြေချိတ်ကာဝင်ထိုင်လိုက်သည်။အင်္ကျီမဝတ်ထားတာမို့ ရင်ဘတ်ရှိသွားရာတွေနှင့် ကျောဘက်ရှိကုတ်ရာတွေကအရှင်းသား။

“အဆင်ပြေရဲ့လား”

မျက်ရည်တွေသာကျနေသူက လှုပ်လို့မရသလိုပြန်ဖြေခွင့်လည်းမရှိ။

“သူကငါ့အပိုင်မှန်းမင်းလက်ခံလိုက် ပြီးရင်အလိုက်တသိနဲ့နောက်ဆုတ်လိုက်”

မျက်ရည်တွေနဲ့ခေါင်းရမ်းပြလာတာကို ခနဲ့ပြုံးနဲ့ကြည့်နေပုံကလှောင်ပြနေသလို။

“ဘာတွေခေါင်းရမ်းပြနေတာလဲ မင်းနဲ့တစ်ခါမှမအိပ်ဖူးတဲ့သူက ငါနဲ့အပြည့်အဝသက်ဆိုင်နေတာမင်းအမြင်ဘဲလေ မင်းကိုငဲ့ကွက်ပြီးတော့ ငါတို့ကြားကအခြေအနေကိုပွင့်ပွင့်လင်းလင်းမပြခဲ့တာဆိုပေမယ့် ကြားရတဲ့အသံတွေနဲ့တင် အခြေအနေကိုမင်းသဘောပေါက်မှာပါ”

“……………”

“ဘယ်လိုအခြေနေတွေကြောင့်လက်ထပ်ဖြစ်ခဲ့လည်းမသိပေမယ့် ဆောင်းစက်ရိပ်ခိုဆိုတာ လွန်ခဲ့တဲ့ခြောက်နှစ်ကတည်းက ကိုယ့်အပိုင်ဖြစ်ခဲ့ပြီးသား”

ထိတ်လန့်ပြူးကျယ်သွားတဲ့မျက်လုံးတွေကိုကြည့်ပြီး လက်ထဲကစီးကရက်ကိုမီးညှိကာတစ်ချက်ဖွာလိုက်သည်။

“ကိုယ်အာဏာတွေသုံးပြီးဖိအားမပေးချင်ဘူး မင်းဘက်ကအခြေနေမှန်ကိုလူသိရှင်ကြားဝန်ခံပြီးနောက်ဆုတ်ပေးပါ မဟုတ်ရင်ကိုယ်ဘယ်လောက်ရက်စက်တတ်လဲ မင်းမျက်လုံးနဲ့တပ်အပ်မြင်နေရလိမ့်မယ်”

“ငါကအာဏာကိုအလွဲသုံးစားလုပ်ပြီး အားနည်းသူကိုဖိအားပေးနေတာမဟုတ်ဘူး မင်းလုပ်ခဲ့တာတွေကိုအားလုံးသိနေတာမလို့ သနားညှာတာလို့မရရုံတင် အိမ်ထောင်ရှိရက်နဲ့ အခြားအိမ်ထောင်ရှိအမျိုးသားနဲ့ဖောက်ပြန်ကလေးမွေးထားတဲ့သူကို ဘယ်လိုလူကသနားမှာတဲ့လဲ”

“…………..”

“ဒါမှမဟုတ်ကိုယ့်ကိုပြောပြမလား သူကဘာလို့လက်ထပ်ခဲ့တာလဲ ကိုယ်သိသလောက်ပြောရရင် မင်းတို့လက်ထပ်တဲ့အချိန်ကကိုယ်နဲ့သူမှားယွင်းပြီးသား သူAlphaကနေ Omegaအဖြစ်ပြောင်းလဲပြီးတဲ့အချိန် မင်းသူ့ကိုတစ်ခုခုနဲ့ခြိမ်းခြောက်လက်ထပ်ခဲ့တာမလား”

သူပြောရင်း စီးကရက်ကိုလက်ကြားညှပ်ကာ သူမထိုင်နေရာနားတိုးသွားမိသည်။အသည်းအသန်ရမ်းပြနေတဲ့ခေါင်းကိုလျစ်လျှူရှူကာ ပါးစပ်မှတိပ်အားခွာပေးလိုက်သည်။ပြီးနောက် သူ့မျက်နှာနားထိကိုယ်ကိုငုံ့ကိုင်းရင်း လက်နှစ်ဖက်ကိုခုံလက်ရန်းမှာထောက်လိုက်သည်။

“ပြောကြည့် မင်းကိုသူလက်ထပ်ဖြစ်ခဲ့တာ ကိုယ်နဲ့ပတ်သပ်နေတာလား”

“ဟင့်အင်း..ဟင့်အင်း..မဟုတ်ဘူး တောင်းပန်ပါတယ် လွှတ်ပေးပါ ကျွန်မဘက်ကနောက်ဆုတ်ပေးပါ့မယ် လူသိရှင်ကြားနောက်ဆုတ်ပေးပါ့မယ်”

“အရမ်းတွေကြောက်ပြနေပုံထောက်ရင် မင်းအပြစ်ကြီးကြီးတစ်ခုကိုကျူးလွန်ထားတာပဲ ပြောကြည့်ဘာဖြစ်မလဲ”

“တောင်းပန်ပါတယ် ကျွန်မတောင်းပန်ပါတယ် လွှတ်ပေးပါ သူ့ဘက်ကိုအပြစ်တွေမရှိစေရပါဘူးကျွန်မဘက်ကလက်လွှတ်ပေးပါ့မယ်”

အသည်းအသန်ခေါင်းရမ်းငြင်းကာကြောက်ပြနေတာမို့ လက်ကိုဖယ်လိုက်ကာခါးမတ်လိုက်သည်။အကြည့်တွေကိုအပြင်ကိုပို့ရင်း ဆေးလိပ်မီးသတ်ဖို့စားပွဲဆီပြန်သွားကာ ခပ်ပြတ်ပြတ်သတိပေးမိသည်။

“မင်းကတိတည်ပါစေ…ငါမအားလို့မင်းကံကောင်းသွားတယ်မှတ် ကိုကိုနိုးနေမှာစိုးလို့ ငါမင်းကိုလွှတ်ပေးလိုက်မယ် ရုတ်ရုတ်ရုတ်ရုတ်တော့လုပ်မယ်မကြံနဲ့ မိုးကုတ်စက်ဝိုင်းဘယ်လိုကောင်လည်းဆိုတာသိသွားစေရမယ်”

“ဟုတ်..ဟုတ်ကဲ့ပါ”

သူပြောပြီးအခန်းပြင်ထွက်ကာ လေတစ်ချက်ချွန်လိုက်သည်။ဖျတ်ခနဲရောက်လာတဲ့ သက်တော်စောင့်နှစ်ယောက်ကလေအလျှင်လိုမျိုး။

“သူ့ကိုလွှတ်ပေးလိုက် ပြီးရင်သေချာစောင့်ကြည့် တစ်စက္ကန့်မှအလွတ်မခံနဲ့ ခြေရာခံစက်နဲ့အသံဖမ်းစက်ပါသုံး ထူးခြားပြီဆိုတာနဲ့ငါ့ကိုအကြောင်းကြား ငါမပြောမချင်းသူ့နောက်ကိုလိုက်တာမရပ်နဲ့ စောင့်ကြည့်ဖို့လူငါးယောက်သုံးလိုက်”

“ဟုတ်ကဲ့”

သူလှည့်ထွက်ကာအိမ်ပေါ်တက်ခဲ့သည်။သူ့ပုံစံကိုကြည့်တာနဲ့ အရေးကြီးတာတစ်ခုခုလျှို့ဝှက်ထားတယ်ဆိုတာကြိုသိပြီးသား။ဒီအတိုင်းအလွယ်တကူလွှတ်ပေးရအောင်ထိ သူမရူးသေးဘူး။

အခန်းတံခါးဖွင့်ကာဝင်တော့ အိပ်နေသူကပုံစံတောင်မပြောင်း။သူ့ကိုယ်လုံးနှင့်တက်ဖိကာ သူပါအိပ်ဖို့ပြင်သည်။

“မောင်…. လေးတယ်”

“ဟုတ်ပါပြီဗျာ”

အိပ်နေသူယောင်တဲ့နာမ်စားမှာ သူအပြုံးစစ်တွေပြန်ထွက်ပေါ်လာသည်။ဆံနွယ်လေးတွေကိုသပ်တင်ပေးရင်း ယောကျ်ားပီသတဲ့မျက်နှာအစိတ်အပိုင်းတွေကို တစိမ့်စိမ့်ငေးမိသည်။

“မောင်က ခင်ဗျားကြီးကိုခြောက်နှစ်လုံးလိုက်ရှာနေခဲ့တာဗျ”

သူ့အသံကိုမကြားသူက အသက်ရှူသံတောင်မပြောင်းလဲ။မျက်နှာချင်းနီးကပ်ပစ်တော့ ကိုခို့ထွက်သက်လေတွေ သူ့ဝင်သက်တွေဖြစ်ကုန်သည်။ကမ္ဘာမြေကြီးကျယ်ပြန့်နေလည်း လေထုတစ်ယောက်စာကိုနှစ်ယောက်ရှူခွင့်ရနေတာမို့ သိပ်တော့အသုံးမဝင်ပါဘူးလေ….

………………

ဆေးရုံကလူတိုင်းရဲ့အငွေ့အသက်က မှုန်မှိုင်းနေကာ ဘယ်သူမှမရွှင်ပြကြ။ဖြစ်ခဲ့တဲ့ကိစ္စတွေကမြန်ဆန်လွန်းလို့ ယနေ့ထိတိုင်သူတို့မယုံနိုင်သေး။

“မုတ်သုံကတကယ်ကိုကံဆိုးတာနော်”

ခပ်ညည်းညည်းပြောတဲ့အသံထဲ စိတ်မကောင်းမှုတွေပြည့်နှက်နေလေသည်။

“ဟုတ်တယ် အရမ်းတော်သလိုလှလည်းလှတာမို့လူတိုင်းကသူ့ကိုချစ်ကြတယ်လေ ဘယ်သူထင်ပါ့မလဲ ကိုယ်ကုသပေးတဲ့လူနာကြောင့်ကိုယ်အသက်ပျောက်ရမယ်လို့”

“အဲ့တာကဘယ်လိုဖြစ်တာလဲဟင် ကျွန်တော်ကနားစွန်နားဖျားကြားမိတာရယ် social media မှာတက်နေတဲ့သတင်းတွေရယ်ကြောင့်သာသိရတာ အစ်ကိုကအဲ့နေ့ကဆိုင်မှာရှိခဲ့တာဆိုတော့ဘယ်လိုဖြစ်တာလဲသိတယ်မလား”

“ငါတို့လည်းသေချာတော့မသိပါဘူးကွာ တရားခံကကလေးဆုံးသွားလို့စိတ်ဖောက်နေတာတဲ့ အဲ့တာလခြမ်းဗိုက်ထဲမှာကလေးရှိမှန်းသိတော့လိုချင်တာလို့တော့ကြားတာပဲ သူတို့ချင်းဆေးရုံမှာတွေ့ပြီးလခြမ်းမှာကလေးရှိမှန်းသိသွားတာတဲ့ အဲ့တုန်းကကိုသမုဒ္ဒရာတောင်မသိသေးဘူးဆိုဘဲ “

“ဘာလို့လခြမ်းကလေးမှလည်း တခြားကလေးတွေလည်းအများကြီးရှိနေတာကို”

“ငါကြားတာကတော့ သူကကိုသမုဒ္ဒရာကိုမုန်းနေတာတဲ့ သူ့ချစ်သူကမူးယစ်အမှုမှာဖမ်းမိပြီးဆုံးသွားတယ်လို့တော့ပြောတာပဲ အဲ့တာကိုသမုဒ္ဒရာလက်ချက်ဆိုပြီးမကျေမနပ်ဖြစ်နေတာတဲ့”

“ဪ”

“သူကလက်စားချေချင်တာမို့လခြမ်းကိုဖမ်းပြီးကလေးကိုယူချင်တာ မုတ်သုံကဖြန်ဖြေရင်းနဲ့ပါသွားတာ ကိုသမုဒ္ဒရာတို့သွားကယ်တော့ လခြမ်းအခြေနေကတော်တော်ဆိုးနေပြီ ဟိုနှစ်ယောက်ကပျောက်နေတာတဲ့လေ အဲ့တာနဲ့လခြမ်းကိုအရင်ကယ်ပြီးထွက်လာတော့ နောက်ကအဆောက်အအုံကပေါက်ကွဲသွားပြီတဲ့ သူတို့ပြောပုံအရနှစ်ယောက်သားရုန်းရင်းဆန်ခတ်ဖြစ်ရင်း သူထောင်ထားတဲ့ဗုံးကိုသူပြန်နင်းမိတာထင်တယ်လို့တော့ပြောတယ်”

“လခြမ်းကအချိန်မှီလေးပေါ့နော်”

“ဟုတ်တယ် ဒဏ်ရာတွေအရမ်းဆိုးဝါးလွန်းလို့ကလေးတောင်ပျက်ကျခါနီးပဲတဲ့ ကိုသမုဒ္ဒရာဆိုရူးတောင်သွားတော့မလို့တဲ့ သူကလခြမ်းကိုအရမ်းချစ်တာကို”

“နည်းနည်းလေးသာနောက်ကျသွားရင်မတွေးရဲစရာဘဲနော်”

“ဟုတ်တယ် ဟိုနှစ်ယောက်ရဲ့အလောင်းတွေကတော့ပြာဖြစ်သွားတယ်ပြောတယ် ပေါက်ကွဲတာကဗုံးတစ်လုံးတည်းမှမဟုတ်တာကို ပြီးတော့Gasအိုးတွေပါရှိသေးတော့အရမ်းပြင်းထန်သွားတာ သူတို့ဘက်ကလူအင်အားတွေအကုန်သုံးပြီးရှာပေးပေမယ့်အရိုးပြာပဲပြန်ရလိုက်တယ်တဲ့ ဒီဆေးရုံရဲ့ဆေးစစ်ချက်နဲ့သေချာစစ်ဆေးပေးလိုက်တာ ပြီးတော့Horizonကိုယ်တိုင်မုတ်သုံမိဘတွေကိုသွားတောင်းပန်ပေးတာလေ မုတ်သုံကိုရအောင်မကယ်ပေးနိုင်လို့ အပြစ်ရှိသလိုခံစားရလို့တဲ့”

“ဘယ်တတ်နိုင်မလဲလေ ဖြစ်ချိန်တန်လို့ဖြစ်ရတာပဲဟာ ဘယ်သူ့မှအပြစ်တင်လို့မရဘူးပေါ့”

“ဟုတ်တယ် အသက်နှစ်ချောင်းကိုကယ်တင်နိုင်တာနဲ့တင် ကံကောင်းတယ်လို့ပြောလို့ရတယ်”

အားလုံးသက်ပြင်းချရင်းလူစုခွဲလိုက်ကြသည်။ထပ်ပြောနေလည်းပိုစိတ်ဆင်းရဲစရာတွေပဲရှိတာ။ဖြစ်ပြီးသွားပြီပဲဟာ။ထွက်သွားသူကထွက်သွားပြီးပြီပဲလေ…..

…………………

“Acacia မတွေ့တာတောင်ကြာနေပြီ”

“ဟုတ်တယ် အခုတစ်လောအလုပ်တွေအရမ်းရှုပ်နေတာ စားချိန်နဲ့အိပ်ချိန်တောင်သိပ်မမှန်ဘူး”

“အရင်ကထက်မျက်နှာလေးချောင်ကျသွားပေမယ့် ပိုပြီးကြည့်ကောင်းလာတယ်”

“ကဲပြော ဘယ်ဆိုင်မှာဘာလိုက်ကျွေးရမလဲ”

“အဲ့ဒါဆို…”

“ငါသွားနှင့်ရမလား”

“ဟမ်”

“မင်းလိုက်ကျွေးချင်နေရင်နေခဲ့ ငါသွားနှင့်မယ် အလုပ်တွေမပြတ်သေးလို့”

ပြောရင်းလှည့်ထွက်သွားတာချာကနဲ။

“ခြူး နောက်တစ်ခါတွေ့မှဝယ်ကျွေးတော့မယ်နော် လောလောဆယ်တကယ်မအားလို့”

“ရပါတယ် အားနာစရာလူတွေမှမဟုတ်တာ ဒီအတိုင်းစကားအဖြစ်သာပြောမိတာ”

“ဒါဆိုသွားနှင့်ပြီနော်”

“ok”

နှုတ်ဆက်တာတောင်အမြန်ဖြတ်လို့ ဟိုလူ့နောက်ပြေးလိုက်ရသည်။ခြေတံရှည်ကြီးတွေအားကိုးနှင့် လှမ်းသွားတာများလွှားကနဲလွှားကနဲ။

အခုတစ်လော လခြမ်းနေမကောင်းတာမို့ အလုပ်ဆီအာရုံမစိုက်နိုင်တဲ့ ကိုသမုဒ္ဒရာကိုနားလည်စွာ ကိုကျောက်စက်နှင့်အတူအလုပ်ဆီအမြဲပြေးနေရသည်။အိပ်ချိန်စားချိန်တောင်အဲ့လူတိုက်ခန်းမှာအမြဲရှိနေတာမို့ နှစ်ယောက်သားကတော်တော်ရင်းနှီးနေပြီ။

အိမ်မှာချက်စားရတာဝါသနာပါသူကြောင့် သူလည်းအိမ်ချက်တွေကိုသာခံတွင်းတွေ့နေသည်။ဒီနေ့အလုပ်လေးနည်းနည်းပါးသလို အိမ်မှာလည်းချက်စရာသိပ်မရှိတော့သဖြင့် နှစ်ယောက်သားOceanဆီသာထွက်လာခဲ့တာ။

ပစ္စည်းတွေဝယ်ပြီးအိမ်ပြန်မည်အပြု မတွေ့တာကြာသည့် အဆက်ဟောင်းလေးနှင့်တွေ့တုန်း ယဥ်ကျေးမှုအရမုန့်လိုက်ကျွေးမယ်ပြောဖြစ်တာကို မသိရင်ဘဲသူကအချိန်တွေအလဟသသွားဖြုန်းတော့မည့်ပုံကြီး ပြောပြီးထားခဲ့တာမို့ စိတ်ထဲမှာတော့ကွက်ခနဲ။

“ဟိတ်လူစောင့်အုံး”

မြေအောက်ကားပါကင်ရောက်မှလိုက်မှီတာမို့ သူ့မှာချွေးတောင်ထွက်တယ်။မျက်မှောင်တွန့်ပြီးကြည့်လာပုံက မသိရင်ကိုယ်ပဲမှားနေသလို။

“ဘာလို့ဇွတ်တွေသွားနေတာလဲ”

“ငါလမ်းလျှောက်တာပုံမှန်ပဲ”

“ဘာကိုပုံမှန်တာလဲ ခါတိုင်းအတူလျှောက်နေကျ ခင်ဗျားအမြန်နှုန်းကျွန်တော်သိတယ်အခုကျွန်တော်ခင်ဗျားနောက်ပြေးလိုက်လာတာတောင်ဒီရောက်မှမှီတာလေ”

“မင်းဘာသာအကြည်စိုက်နေလို့လိုက်မမှီတာလေ”

“ဘာဗျ”

“မင်းသူနဲ့ အပြင်သွားချင်နေတာမလားသွားလေ လူရှေ့သူရှေ့အလုပ်ကြိုးစားပြပြီးအမှတ်ယူချင်မနေနဲ့ ဘယ်သူမှအသိအမှတ်မပြုဘူး”

“ခင်ဗျား ကျုပ်စေတနာကိုမစော်ကားနဲ့နော်”

“ဘယ်သူကစော်ကားနေလို့လဲ အမှန်အတိုင်းပြောလို့နာနေတာမလား အေးဟုတ်တယ် အလုပ်ကမင်းထားခဲ့ဖူးတဲ့ရည်းစားတွေလိုပျော်ဖို့မကောင်းဘူး အဲ့တာကြောင့် စိတ်မပါဘဲဘာမှလာကူလုပ်မနေနဲ့ အရင်လိုရည်းစားထည်လဲတွဲပြီးပေါ့ပျက်ပျက်ဘဲနေလိုက်”

“ခင်ဗျား”

လွန်လာတဲ့စကားတစ်ချို့ကြောင့်လက်သီးဆုပ်မိတော့ ငုံ့ကြည့်လာကာခနဲ့လာလေသည်။

“ဘာလဲအဲ့လက်သီးကဘာလဲ ထိုးချင်နေတာလား လာထိကြည့်လိုက်လေ မင်းဟာမတွေလိုငြိမ်ခံနေမယ်မထင်နဲ့”

“တောက်”

“ဘာကိုတောက်ခေါက်တာလဲ ဘာလဲအဲ့မိန်းကလေးနဲ့အပြင်မထွက်ရလို့စိတ်တိုတယ်ပေါ့ဟုတ်လား”

“မဆိုင်တာတွေထည့်မပြောနဲ့”

“ဘာလဲသူ့ကိုထိလို့နာနေတာလား မင်းကအဲ့လိုငွေကုန်ရတဲ့နေရာမျိုးမှာပဲပျော်နေတာမဟုတ်လား အဲ့အကျင့်မျိုးနဲ့ငါ့အိမ်ပေါ်ကိုဘယ်တော့မှတက်မလာနဲ့ အလကားဆန်ကုန်မြေလေး”

“ခင်ဗျားကျုပ်ကိုစော်ကားနေတာတော်လောက်ပြီကျောက်စက်နေရောင် အေး အရင်ကကျုပ်ခင်ဗျားအပေါ်ကပ်တွယ်ခဲ့တာတွေအတွက်ဒီနေ့အပြောခံရတာတွေကို​မေ့ပစ်လိုက်မယ် ကျွန်တော့်အပေါ်ထားတဲ့ခင်ဗျားရဲ့အဆင့်သတ်မှတ်ချက်ကိုသိလိုက်ရပြီမို့ နောက်ဆိုခင်ဗျားနားဘယ်တော့မှမလာမိအောင်နေမယ်”

ပြောရင်းလက်ထဲကအထုပ်တွေပစ်ချကာ ကားပါကင်မှလှည့်ထွက်ခဲ့မိသည်။ကိုယ်စိတ်ရင်းနဲ့လုပ်ပေးခဲ့တာတွေကို တန်ဖိုးအဖြတ်ခံရတာ ဘယ်လောက်ရင်နာဖို့ကောင်းလိုက်သလဲ။

ကိုယ့်မှာတော့အအိပ်ပျက်အစားပျက်ခံပြီး စေတနာထားပြီးလုပ်ပေးခဲ့ရတာ။ဒါကိုကိုယ်ကပဲမျက်နှာလုပ်ပါသတဲ့။ဘာကိုမျက်နှာလုပ်ရမှာလဲ ဘယ်သူ့ကိုမျက်နှာလုပ်ရမှာလဲ။သူဆိုတဲ့ကောင်ကစိတ်ထဲကမပါရင် ဟန်ဆောင်ပြီးတောင်မပြုံးပြတတ်တာကို။

လမ်းဘေး ပလက်ဖောင်းပေါ်ရပ်ကာ Taxiတစ်စီးလောက်တားကာအိမ်ပြန်ဖို့ပြင်သည်။ရှေ့တည့်တည့်ကိုထိုးရပ်လာတဲ့ကားကကားမှန်ချသွားပြီး သူ့ဘက်ကိုကြည့်မလာဘဲ ခပ်ဆတ်ဆတ်သာအမိန့်ပေးလာတာ

“တက် ငါခေါ်လာတာမလို့ငါတာဝန်ယူပြီးပြန်လိုက်ပို့ပေးမယ်”

“မလိုပါဘူး ကျုပ်လိုဆန်ကုန်မြေလေးကခင်ဗျားကားနဲ့တန်မှမတန်တာ ခင်ဗျားရဲ့တန်ဖိုးရှိလှတဲ့အချိန်တွေကိုမဖြုန်းရက်ပါဘူး”

ပြောပြီး ဆန့်ကျင်ဘက်အရပ်ဆီခြေဦးလှည့်ပစ်သည်။သူကခင်တွယ်မိရင်အောက်ကျို့ခံပြီးကပ်တွယ်နေနိုင်ပေမယ့် သူစိတ်နာရင်လည်း မျက်နှာကိုလှည့်မကြည့်ချင်တော့ဘူး။

ခပ်လှမ်းလှမ်းရောက်မှtaxiတစ်စီးတားကာ လခြမ်းဆီခြေဦးလှည့်မိသည်။အလုပ်တစ်ဖက်နဲ့သိပ်မရောက်ဖြစ်တာမို့ ယခုတော့အချိန်တိုင်းဂရုစိုက်ပေးလို့ရပြီ။

အိမ်ထဲဝင်တော့ လခြမ်းကိုပွေ့ကာထိုင်နေသူနှင့်တည့်တိုးလေသည်။လခြမ်းက စားနေတဲ့ စပျစ်သီးတွဲကိုချကာ သူ့ကိုမြင်တော့အတော်ပျော်နေပုံ။

“နောင်းညိုက ငယ်ငယ့်ကိုလွမ်းလို့လာလည်တာလား”

“ဒါပေါ့”

ပြန်ဖြေရင်းလွတ်နေတဲ့ဆိုဖာဆီဝင်ထိုင်လိုက်သည်။

“စပျစ်သီးစား ကိုကို့ခြံထဲကအသီးတွေအရမ်းစားကောင်းတာ ONEကိုယ်တိုင်သွားခူးပေးလာတာအများကြီးပဲ”

“လခြမ်းသာဝအောင်စားပါဗျာ ငါကအပြင်ကမုန့်စားလာပြီးသား”

“ဘာမုန့်လဲ”

“ပီဇာစားလာတာ”

“ငယ်ငယ့်ဖို့ရော”

“ဟမ်”

မျက်လုံးဝိုင်းလေးတွေရဲ့အမေးမှာ သူကြောင်ခနဲ။

“ငယ်ငယ်ဖို့ဘာလို့မဝယ်လာတာလဲလို့”

“လခြမ်းက စားလို့ရလို့လား”

“ရတယ် ရတယ်လို့ ကိုကို့ပီဇာစားချင်တယ်”

“ကိုကိုပိုင်တဲ့ဆိုင်ကိုလာပို့ခိုင်းလိုက်မယ်နော် ခဏလေးပဲ”

အပူကပ်လို့ရတဲ့သူဆီတန်းလှည့်သွားတာမို့သူ့မှာချော့ချိန်တောင်မရလိုက်။ဟိုတစ်ယောက်ကလည်းဖုန်းခေါ်လိုက်တာချက်ချင်း။

“Bubble Tea လေးလည်းသောက်ချင်သေးတယ်”

“ဟုတ်ပြီမှာလိုက်မယ်”

“ညနေစာကို ဂဏာန်းချဥ်စပ်လေးစားမှာ”

“ကိုကိုချက်ခိုင်းလိုက်မယ်နော်”

“ကိုကိုကချစ်ဖို့အကောင်းဆုံးပဲ မွ”

“အဟွန်း”

သူ့ကိုရှေ့ထားပြီး ကြည်နူးပြနေကြတာမို့ လာမိတာတောင်မှားချင်ချင်ရယ်။လခြမ်းကိုယ်ဝန်ကအရမ်းဂရုစိုက်ရတာမို့ အိပ်ယာထဲလှဲနေရင်နေ မဟုတ်ရင်အမြဲပွေ့ထားတတ်တာမို့ သူ့မှာစကားပြောချင်ရင်အတွဲလိုက်ကြီးအမြဲတမ်းတွေ့နေရတာ။

ဖုန်းဆက်ပြီးချိန် Horizonနှင့်အတူ Omega
ဆရာဝန်လေးတစ်ယောက်ပါအတူပါလာလေသည်။

“ရောက်လာပြီလား”

“အွန်း လခြမ်းရောနေရတာဘယ်လိုလဲ အဆင်ပြေရဲ့လား”

“ဟုတ်ကဲ့”

“ဒီမှာပဲစမ်းသပ်မလား ဟိုဘက်တိုက်ဆီသွားမလား”

“ဟိုဘက်ကိုဘဲသွားလိုက်မယ် ပစ္စည်းကိရိယာတွေအစုံရှိ​တယ်လေ”

“အိုကေ သွားရအောင်”

အားလုံးကားပေါ်တက်ကာ ဆေးပစ္စည်းတွေနှင့်အဆောက်အအုံဆီသို့သာဦးတည်လိုက်သည်။

ထိုအဆောက်အအုံကခြံရဲ့ထောင့်စွန်းတစ်ဖက်မှာရှိပြီး ယခင်တုန်းကတည်းကဆေးပစ္စည်းတွေအစုံထားရှိထားတာ။သူကိုယ်တိုင်ပဲဖြစ်ဖြစ် သက်တော်စောင့်တွေပဲဖြစ်ဖြစ် တစ်ခုခုဆိုဆေးရုံသို့မသွားချင်သောကြောင့် ကိုယ်ပိုင်ဆေးရုံငယ်လေးဖွင့်ထားတာဆိုလည်းမမှား။

လခြမ်းနှင့်လက်ထပ်ပြီးတော့ ထပ်မံတိုးချဲ့ကာ ပစ္စည်းကိရိယာတွေလည်း အစုံအလင်ထပ်ဖြည့်ရသည်။အားနည်းလွန်းတဲ့အိမ်သားလေးက အမြဲလိုလိုစိုးရိမ်နေရတာမို့ သူအစစအရာရာဂရုစိုက်နေရတာ။

ရင်ခွင်ထဲကကလေးက သူ့ရင်ဘတ်ထဲခေါင်းဝှက်ထားကာ အင်္ကျီစလေးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလေသည်။သူ့ကလေးလေးအဆင်မပြေမှာစိုးနေတာ။

အမြဲလျှောက်ပြေးနေရတာကြိုက်သူက ကလေးအတွက်လည်းဆိုရော အိပ်နေရင်တောင်ဟိုဘက်ဒီဘက်သိပ်မလှည့်တော့။ငြိမ်ငြိမ်လေးအိပ်ရင်အိပ်မယ် ကျောပူရင်သူ့ကိုပွေ့ခိုင်းမယ် တစ်လလုံးလုံးငြိမ်ငြိမ်သက်သက်ပဲ။

သူ့ရဲ့ငယ်က ကလေးလေးကိုသိပ်ချစ်နေတာမို့ သူ့မှာကြည်နူးရသလိုသဝန်လည်းတိုရပါသည်။မမြင်ရသေးတဲ့သူ့ကလေးကိုတောင် အမြင်သိပ်မကြည်ချင်တော့ဘူး။နောက်ဆိုရင် အချစ်တွေလုယူရတော့မှာကြိုမြင်ယောင်နေပြီ။

စမ်းသပ်ခန်းထဲချပေးပြီး ကုတင်ဘေးမှာပဲရပ်စောင့်နေမိသည်။Horizon နှင့်ပင်ထနောင်းညိုကတော့ အခန်းပြင်မှာစောင့်ကျန်ခဲ့လေသည်။သူကတော့အပြင်မထွက်မိ။ဖြစ်ခဲ့တဲ့ကိစ္စတစ်ခုအပြီး မျက်စိအောက်ကအခွာမခံရဲလောက်အောင်အထိ သူဟာစိတ်ဒဏ်ရာရသွားခဲ့တာ။

“အားလုံးအဆင်ပြေပါတယ်ဗျ ကလေးရောဖခင်ရောအခြေနေကောင်းတယ် ကလေးကလည်းဗိုက်ထဲမှာတည်ငြိမ်နေပြီ နောက်ထပ်နှစ်ပါတ်လောက်တော့ သိပ်လှုပ်လှုပ်ရှားရှားတွေမလုပ်သေးနဲ့အုံးဗျ Morning sickness ကခုတစ်လောမရှိပေမယ့်လေ နောက်ပိုင်းပြန်ပေါ်လာနိုင်ချေတော့ရှိတယ် ဂရုစိုက်ပြီး အစားတော့ဝင်အောင်စားပေးရမယ်နော် အစားအသောက်စာရင်းကို ကျွန်တော်Noteထုတ်ပေးထားတဲ့အတိုင်းသေချာလေးစားပေးပါ တစ်ခုခုဆိုရင်ကျွန်တော့်ကိုအချိန်မရွေးဖုန်းဆက်လို့ရပါတယ်”

မရပ်မနားစကားအရှည်ကြီးကိုဂရုတစိုက်နားထောင်ပေးပြီး ခေါင်းညိတ်နှုတ်ဆက်ကာ Horizonကိုသေချာပြန်ပို့ခိုင်းရသည်။သူကတော့အမျိုးသားလေးအဆင်ပြေတယ်ဆိုတဲ့စကားနဲ့တင် အရာအားလုံးအဆင်ပြေသွားပြီ။

“ကိုကို့ကလေးလေးကအဆင်ပြေသွားပြီနော် ဘာမှမစိုးရိမ်နဲ့”

“ကိုကို့”

“ဗျာ”

“ကလေးလေးလည်းကျန်းမာတယ်တဲ့ ငယ်ငယ်အရမ်းတွေတွေ့ချင်နေပြီ”

“ဒါပေါ့ ငယ်ကအရမ်းတွေချစ်ပေးဂရုစိုက်ပေးနေတာ ကလေးလေးကကျန်းမာနေမှာပေါ့ တွေ့လို့ကတော့မရသေးဘူးလေကလေးရဲ့ သူထွက်မလာခင် ကိုကိုကငယ့်ကိုအများကြီးဂရုစိုက်ပေးရအုံးမှာ”

“အခုတောင်ကိုကိုကအများကြီးဂရုစိုက်ပေးနေတာကို ဒီထက်ဂရုစိုက်ပေးနေရင် နောက်ဆိုငယ်ငယ်ကအရမ်းဆိုးသွမ်းပျင်းရိလာလိမ့်မယ်”

“ဆိုးလို့လည်းရတယ် ပျင်းလို့လည်းရတယ် ကိုကို့နားမှာငယ်ရှိနေဖို့ပဲလိုတာ”

“ကိုကိုကငိုချင်အောင်အရမ်းလုပ်တာ”

ရင်ခွင်ကြားမှီခိုနားခြင်းမှာ ချစ်ခြင်းတွေနဲ့သာ လွှမ်းခြုံပါမယ်။ယခုဘဝမှသည်နောက်ဘဝ ဖြစ်လေရာဘဝတိုင်း သူ့ခြေရင်းမှာဒူးထောက်နိုင်ဖို့ဆုတောင်းမယ်

ကျမိတဲ့မျက်ရည်တိုင်းကြည်နူးခြင်းတွေကြောင့်ဖြစ်စေမယ်။မတော်တဆအကြည့်တစ်ချက်မှအစပြုကာ မျက်နှာမူရာသူရှိနေဖို့သာအချိန်တိုင်းကြိုးစားမယ်

ကိုယ့်ကြောင့်သာဘဝလေးအေးမြစေမယ်
ကိုယ့်ကြောင့်သာအိပ်မက်တွေလှပစေမယ်
ကိုယ့်ကြောင့်သာအပြုံးတွေပွင့်စေမယ်
ကိုယ့်ကြောင့်သာအမုန်းတွေလွင့်စေမယ်

################

ငြိမ်း🌞🌻

“အင့္ ခဏဖယ္အုံးလို႔”

“ေမာင္လို႔ေခၚ”

“မိုးကုတ္စက္ဝိုင္း”

“ကိုခိုကေခါင္းမာလိုက္တာ ႁပြတ္စ္”

လူေပၚကေနဖယ္မေပးဘဲ အဝတ္မကပ္တဲ့ရင္ဘတ္ေတြကိုငုံ႕နမ္းသည္။

ဘယ္ကေနဘယ္လိုဒီအေျခေနကိုေရာက္သြားသည္မသိခဲ့။လျခမ္းဆီသြားလည္ခါနီး ခ်က္ခ်င္းကိုHeatဝင္လာတာမို႔ အိပ္ခန္းဆီေတာင္မတက္ေတာ့ဘဲ သူဆြဲေခၚရာပါလာမိတာ။မ်က္မွန္လည္းဆြဲခြၽတ္ယူသြားတာမို႔ ေပြ႕ေခၚရာသာအလိုက္သင့္။ေအာက္ထပ္ကအိပ္ခန္းပိုထဲထိေပြ႕ေခၚလာကာ အိပ္ယာထက္ခ်ေပးၿပီးမြတ္မြတ္သိပ္သိပ္နမ္းလာေတာ့တာ။

သူႏွင့္ပထမဆုံးအႀကိမ္ျဖတ္သန္းၿပီးကတည္းက ေဆးေတြမတိုးေတာ့တာမို႔ အၿမဲ သူ႕ဆီကအမွတ္အသားေတာင္းရသည္သာ။ကိစၥေတြက ပထမအႀကိမ္ရွိလွ်င္ ဒုတိယအႀကိမ္ တတိယအႀကိမ္ေတြဆိုတာကပ္ပါလာၿမဲ။

ေဆးေတြရဲ႕ side effectေၾကာင့္ ထိန္းခ်ဳပ္ေဆးေတြမတိုးေတာ့သလို Heat circle လည္းမမွန္ေတာ့။ထို႔ေၾကာင့္ သူ႕အနားကေနသိပ္မခြာသြားရဲ။ဘယ္အခ်ိန္Heatဝင္မလဲႀကိဳမွမသိနိုင္ဘဲေလ။

သူ႕ဖယ္ရိုမုန္းေတြႏွင့္ကိုက္ညီမႈျမင့္သလို သူနဲ႕ဆိုရင္သက္ေသာင့္သက္သာလည္းရွိတာမို႔ အေနသိပ္မက်ဥ္းၾကပ္ေတာ့။အရင္ေျပာခဲ့တဲ့ သုံးလကိစၥကိုေတာ့သူ႕ဘက္ကစကားစမလာသလို ကိုယ့္ဘက္ကလည္းမသိခ်င္ေယာင္ေဆာင္ထားမိသည္။အေျခေနေတြက ကိုယ့္ဘက္မွမပါဘဲ။အသက္တစ္ခုရွင္သန္ဖို႔ဆိုတာအဲ့ေလာက္မွမလြယ္ဘဲ။

ဟိုဘက္ (ဇနီးဘက္)က အေၾကာင္းေတြကိုမေမးျမန္းမိသလို ဟိုဘက္ကလည္းမဆက္သြယ္လာ။ဟုတ္မွာပါေလ ကိုယ္ဆိုတာသူခုနင္းဖို႔အသုံးခ်ခံပစၥည္းတစ္ခုသာသာပဲဟာ။

“ဘာေတြေတြးေနတာလည္းကိုခို ေမာင္နဲ႕ရွိေနရင္အေတြးေတြမလြင့္စမ္းနဲ႕ ေတြးဖို႔အခ်ိန္ေတြမရေအာင္အထိ ေမာင္ၾကမ္းမိသြားလိမ့္မယ္”

သူ႕အသံၾကားရခ်ိန္ ခႏၶာကိုယ္ထက္ကအဝတ္ေတြကင္းမဲ့ၿပီးသြားၿပီ။ႏွစ္ေယာက္လုံးအေပၚေစာင္ကိုလႊားထားတာမို႔ သိပ္ေတာ့ရွက္စရာမေကာင္းခဲ့။ေလထဲျပန့္လြင့္ေနတဲ့ရနံ႕ေတြက အခ်င္းခ်င္းၾကည့္စားေနသေယာင္။

“ငါတို႔ ကြန္ဒုံးသုံးသင့္တယ္”

“ေမာင္မွမႀကိဳက္တာ”

“မႀကိဳက္ေပမယ့္ အင့္”

သူ႕အနမ္းေတြကိုအသုံးျပဳကာ စကားေတြကိုလည္ေခ်ာင္းထဲ ျပန္ထိုးထည့္ေပးလာတာမို႔ေျပာမည့္စကားေတြျပင္ပကိုထြက္မလာေတာ့။မ်က္ဝန္းေထာင့္မွျမင္ေနရတဲ့ခပ္လႈပ္လႈပ္အရာေၾကာင့္ သူ႕ေပၚကလူကို ဇြတ္တြန္းဖယ္မိသည္။

“ခဏ ခဏေလး”

“ကိုခိုကကြာ ေမာင္ဇာတ္ရွိန္တက္ရင္အၿမဲတြန္းဖယ္တယ္”

“ဟိုဘက္ကလႈပ္ေနတာကဘာလဲ”

မ်က္မွန္မပါတာမို႔ မႈန္ဝါးဝါးျမင္ေနရတဲ့အရိပ္ဟာ လူပုံသ႑ာန္ႏွင့္ခပ္ဆင္ဆင္။သူ႕ေပၚကလူကလွည့္ၾကည့္လိုက္ၿပီး

“ေလတိုက္လို႔ ကန့္လန့္ကာလြင့္ေနတာပါဗ်ာ”

“လူနဲ႕တူေနတယ္”

“ေဟာဗ်ာ ေမာင္တို႔အတူေနတဲ့အခ်ိန္အခန္းထဲကို ဘယ္ကလူေခၚလာရမွာလဲေပါက္ေပါက္ရွာရွာ”

“ေလကတိုက္လို႔လား အဲ့တာကလႈပ္ေနတယ္”

“ကိုခိုကဘာေတြေၾကာက္ေနတာလဲဗ်ာ ေမာင့္ကိုသာယုံၿပီး ေမာင့္ဦးေဆာင္မႈေနာက္ကိုလိုက္ခဲ့ က်န္တာေတြကပမႊားေလးေတြပါ”

တဖန္ျပန္လည္ဦးေဆာင္လာတဲ့အနမ္းေတြေအာက္ သူ႕စကားသံေတြေပ်ာက္သြားရသည္။ဖယ္ရိုမုန္းျဖစ္တဲ့ဝိုင္ရနံ႕ေတြလို ျပင္းရွရွယစ္မူးေစတာမို႔ သူ႕မ်က္ဝန္းေတြမွိတ္ကာ သာယာမႈထဲစီးေမ်ာဖို႔ျပင္သည္။

“ကိုခို ေမာင့္ကိုၾကည့္”

“ၾကည့္လည္း ကြဲကြဲျပားျပားမွမျမင္ရတာ”

“အဲ့မ်က္ဝန္းေတြကိုၾကည့္ၿပီး ေမာင့္ဆႏၵေတြၿပီးေျမာက္ခ်င္လို႔”

“မင္း”

ဒီအခ်ိန္မ်ိဳးမွာဒီစကားထြက္လာတာမထူးဆန္းေပးမယ့္ သူ႕အတြက္ေတာ့နားရွက္စရာေတြ။

“ေမာင္လို႔တစ္ခါေလာက္ေခၚပါလား”

“……………”

“မေခၚရင္ မနက္အထိေပးမနားဘူး”

“မိုးကုတ္..”

“ႁပြတ္စ္…ၾကားခ်င္တဲ့နာမ္စားမဟုတ္ရင္ သာယာတဲ့အသံကလြဲ အျခားစကားေျပာခြင့္မေပးဘူး”

“မင္း …အြန့္”

“အေျပာသက္သက္မဟုတ္ဘူးေနာ္”

ဖြင့္ထားတဲ့ျပတင္းတံခါးမွ ေ႐ႊေရာင္သန္းတဲ့ေနေရာင္ကခိုးဝင္လာေနသည္။ၿခံထဲကထင္းရႉးရနံ႕ေတြက သူ႕လူပိုင္တဲ့ရနံ႕ေတြကိုတိုးဝင္ကာႏႈတ္ဆက္သည္။

လႈပ္ရွားမႈေတြမညင္သာေပမယ့္ ကုတင္ကေတာ့အၾကမ္းခံသည့္ပုံပင္ တုတ္တုတ္မွမလႈပ္။ေတာင္းဆိုသံေတြေတာင္းပန္သံသို႔ေျပာင္းခ်ိန္ လေရာင္ေတာင္အေတာ္ျမင့္ေနၿပီ။အခန္းမီးေတြထြန္းခ်ိန္မရေပမယ့္ လေရာင္ကအလင္းေပးထားတာမို႔ အရာရာဟာရွင္းရွင္းလင္းလင္း။

“ခဏရပ္ေပးလို႔ အြန့္”

“ကိုယ္ဘာလိုခ်င္လဲ ကိုခိုသိပါတယ္”

“ေမာင္”

“ႁပြတ္စ္…ဒါေလးေခၚဖို႔ကိုသိပ္ေခါင္းမာတာ ခင္ဗ်ား”

လႈပ္ရွားမႈေတြရပ္တန္းေပးမွ သူအေမာေျဖရသည္။

ကုတင္ေဘးမွညအိပ္မီးကိုဖြင့္ေတာ့ လိေမၼာ္ေရာင္ေအာက္ သူ႕အသားေလးကေခြၽးေတြနဲ႕ေတာက္ပေနတာ။သြားရာေတြျပည့္ေနတာမို႔ ဘယ္ေလာက္အခ်စ္ခံထားရလဲ ေမးေနစရာေတာင္မလို။ခပ္ထင္းထင္းလည္စိေလးကိုသြားႏွင့္ငုံ႕ခဲျပစ္လိုက္သည္။

“အြန့္..မလုပ္….. ေမာင္ မကိုက္နဲ႕လို႔”

“ok ေနရာေျပာင္းကိုက္မယ္”

ေျပာရင္းျပားကပ္ေနတဲ့ရင္ဘတ္ဆီက မညီညာမႈေလးဆီႏႈတ္ခမ္းေတြပို႔ပစ္သည္။

“မလုပ္နဲ႕လို႔…. ဟင့္အင္း….အ့…သြားနဲ႕မကိုက္နဲ႕”

သူ႕လက္ၾကားကြၽတ္ပါသြားတဲ့ဆံပင္ေတြကိုမႏွေမ်ာမိ။ဒီအေျခေနမွာအႏႈတ္ခံရလို႔ ထိပ္ေျပာင္သြားလည္း တန္ပါတယ္ေလ။

စကၠန့္လက္တံက တြန္းအားေပးေတာ့ နာရီေတြက ခရီးဆက္ရသည္။အေသြးအသားနဲ႕လူက ပင္ပန္းမႈေတြကိုေတာ့ ဘယ္ခံနိုင္ပါ့မလဲေလ။အိပ္ေမာက်သြားသူကိုေစာင္ၿခဳံေပးကာ ကုတင္ထက္ကဆင္းလို႔ ေဘာင္းဘီေကာက္စြပ္သည္။

ၿပီးမွ ေစာင္ႏွင့္လုံးေပြ႕ကာ အေပၚထပ္ အိပ္ခန္းဆီေခၚလာခဲ့လိုက္သည္။အိပ္ယာေပၚခ်ကာ ညအိပ္မီးဖြင့္ေပးၿပီး ႏွဖူးထက္တစ္ခ်က္နမ္းမိရင္း..

“ေမာင္ေအာက္ထပ္ကို ျပႆနာေလးတစ္ခုသြားရွင္းလိုက္အုံးမယ္ လိမ္လိမ္မာမာနဲ႕အိပ္ေနခဲ့ေနာ္ တန္းျပန္လာခဲ့မွာ”

တိုးတိုးေလးကပ္ေျပာကာ အခန္းျပင္ထြက္ၿပီး lockခ်လိဳက္သည္။မေတာ္တဆဆိုတာေတြက အခ်ိန္တိုင္းျဖစ္လာနိုင္တာဘဲေလ။ႀကိဳတင္ကာကြယ္ရမွာေပါ့။

အေစာနအခန္းထဲျပန္ဝင္ကာ တံခါးlockခ်ၿပီး မီးဖြင့္လိုက္သည္။ျပတင္းတံခါးေဘး အေမွာင္ရိပ္ေအာက္လႈပ္ေနသူက ပါးစပ္အားတိပ္ႏွင့္ကပ္ထားတာမို႔အသံမထြက္။လူတစ္ကိုယ္လုံးခုံႏွင့္တြဲခ်ည္ထားတာမို႔ အနည္းငယ္လႈပ္ရွားရ႐ုံသာ။

မ်က္လုံးထက္စည္းထားတဲ့ ခပ္ပါးပါးပုဝါကိုဆြဲျဖည္ေပးလိုက္ကာ သူႏွင့္ခပ္လွမ္းလွမ္းကခုံမွာ ေျခခ်ိတ္ကာဝင္ထိုင္လိုက္သည္။အကၤ်ီမဝတ္ထားတာမို႔ ရင္ဘတ္ရွိသြားရာေတြႏွင့္ ေက်ာဘက္ရွိကုတ္ရာေတြကအရွင္းသား။

“အဆင္ေျပရဲ႕လား”

မ်က္ရည္ေတြသာက်ေနသူက လႈပ္လို႔မရသလို ျပန္ေျဖခြင့္လည္းမရွိ။

“သူကငါ့အပိုင္မွန္းမင္းလက္ခံလိုက္ ၿပီးရင္အလိုက္တသိနဲ႕ေနာက္ဆုတ္လိုက္”

မ်က္ရည္ေတြနဲ႕ ေခါင္းရမ္းျပလာတာကို ခနဲ႕ၿပဳံးနဲ႕ၾကည့္ေနပုံက ေလွာင္ျပေနသလို။

“ဘာေတြေခါင္းရမ္းျပေနတာလဲ မင္းနဲ႕တစ္ခါမွမအိပ္ဖူးတဲ့သူက ငါနဲ႕အျပည့္အဝသက္ဆိုင္ေနတာမင္းအျမင္ဘဲေလ မင္းကိုငဲ့ကြက္ၿပီးေတာ့ ငါတို႔ၾကားကအေျခအေနကိုပြင့္ပြင့္လင္းလင္းမျပခဲ့တာဆိုေပမယ့္ ၾကားရတဲ့အသံေတြနဲ႕တင္ အေျခအေနကိုမင္းသေဘာေပါက္မွာပါ”

“……………”

“ဘယ္လိုအေျခေနေတြေၾကာင့္လက္ထပ္ျဖစ္ခဲ့လည္းမသိေပမယ့္ ေဆာင္းစက္ရိပ္ခိုဆိုတာ လြန္ခဲ့တဲ့ေျခာက္ႏွစ္ကတည္းက ကိုယ့္အပိုင္ျဖစ္ခဲ့ၿပီးသား”

ထိတ္လန့္ျပဴးက်ယ္သြားတဲ့မ်က္လုံးေတြကိုၾကည့္ၿပီး လက္ထဲကစီးကရက္ကိုမီးညွိကာတစ္ခ်က္ဖြာလိုက္သည္။

“ကိုယ္အာဏာေတြသုံးၿပီးဖိအားမေပးခ်င္ဘူး မင္းဘက္ကအေျခေနမွန္ကိုလူသိရွင္ၾကားဝန္ခံၿပီးေနာက္ဆုတ္ေပးပါ မဟုတ္ရင္ကိုယ္ဘယ္ေလာက္ရက္စက္တတ္လဲ မင္းမ်က္လုံးနဲ႕တပ္အပ္ျမင္ေနရလိမ့္မယ္”

“ငါကအာဏာကိုအလြဲသုံးစားလုပ္ၿပီး အားနည္းသူကိုဖိအားေပးေနတာမဟုတ္ဘူး မင္းလုပ္ခဲ့တာေတြကိုအားလုံးသိေနတာမလို႔ သနားညွာတာလို႔မရ႐ုံတင္ အိမ္ေထာင္ရွိရက္နဲ႕ အျခားအိမ္ေထာင္ရွိအမ်ိဳးသားနဲ႕ေဖာက္ျပန္ကေလးေမြးထားတဲ့သူကို ဘယ္လိုလူကသနားမွာတဲ့လဲ”

“…………..”

“ဒါမွမဟုတ္ကိုယ့္ကိုေျပာျပမလား သူကဘာလို႔လက္ထပ္ခဲ့တာလဲ ကိုယ္သိသေလာက္ေျပာရရင္ မင္းတို႔လက္ထပ္တဲ့အခ်ိန္ကကိုယ္နဲ႕သူမွားယြင္းၿပီးသား သူAlphaကေန Omegaအျဖစ္ေျပာင္းလဲၿပီးတဲ့အခ်ိန္ မင္းသူ႕ကိုတစ္ခုခုနဲ႕ၿခိမ္းေျခာက္လက္ထပ္ခဲ့တာမလား”

သူေျပာရင္း စီးကရက္ကိုလက္ၾကားညွပ္ကာ သူမထိုင္ေနရာနားတိုးသြားမိသည္။အသည္းအသန္ရမ္းျပေနတဲ့ေခါင္းကိုလ်စ္လ်ႉရႉကာ ပါးစပ္မွတိပ္အားခြာေပးလိုက္သည္။ၿပီးေနာက္ သူ႕မ်က္ႏွာနားထိကိုယ္ကိုငုံ႕ကိုင္းရင္း လက္ႏွစ္ဖက္ကိုခုံလက္ရန္းမွာေထာက္လိုက္သည္။

“ေျပာၾကည့္ မင္းကိုသူလက္ထပ္ျဖစ္ခဲ့တာ ကိုယ္နဲ႕ပတ္သပ္ေနတာလား”

“ဟင့္အင္း..ဟင့္အင္း..မဟုတ္ဘူး ေတာင္းပန္ပါတယ္ လႊတ္ေပးပါ ကြၽန္မဘက္ကေနာက္ဆုတ္ေပးပါ့မယ္ လူသိရွင္ၾကားေနာက္ဆုတ္ေပးပါ့မယ္”

“အရမ္းေတြေၾကာက္ျပေနပုံေထာက္ရင္ မင္းအျပစ္ႀကီးႀကီးတစ္ခုကိုက်ဴးလြန္ထားတာပဲ ေျပာၾကည့္ဘာျဖစ္မလဲ”

“ေတာင္းပန္ပါတယ္ ကြၽန္မေတာင္းပန္ပါတယ္ လႊတ္ေပးပါ သူ႕ဘက္ကိုအျပစ္ေတြမရွိေစရပါဘူး ကြၽန္မဘက္ကလက္လႊတ္ေပးပါ့မယ္”

အသည္းအသန္ေခါင္းရမ္းျငင္းကာေၾကာက္ျပေနတာမို႔ လက္ကိုဖယ္လိုက္ကာခါးမတ္လိုက္သည္။အၾကည့္ေတြကိုအျပင္ကိုပို႔ရင္း ေဆးလိပ္မီးသတ္ဖို႔စားပြဲဆီျပန္သြားကာ ခပ္ျပတ္ျပတ္သတိေပးမိသည္။

“မင္းကတိတည္ပါေစ…ငါမအားလို႔မင္းကံေကာင္းသြားတယ္မွတ္ ကိုကိုနိုးေနမွာစိုးလို႔ ငါမင္းကိုလႊတ္ေပးလိုက္မယ္ ႐ုတ္႐ုတ္႐ုတ္႐ုတ္ေတာ့လုပ္မယ္မႀကံနဲ႕ မိုးကုတ္စက္ဝိုင္းဘယ္လိုေကာင္လည္းဆိုတာသိသြားေစရမယ္”

“ဟုတ္..ဟုတ္ကဲ့ပါ”

သူေျပာၿပီးအခန္းျပင္ထြက္ကာ ေလတစ္ခ်က္ခြၽန္လိုက္သည္။ဖ်တ္ခနဲေရာက္လာတဲ့ သက္ေတာ္ေစာင့္ႏွစ္ေယာက္ကေလအလွ်င္လိုမ်ိဳး။

“သူ႕ကိုလႊတ္ေပးလိုက္ ၿပီးရင္ေသခ်ာေစာင့္ၾကည့္ တစ္စကၠန့္မွအလြတ္မခံနဲ႕ ေျခရာခံစက္နဲ႕အသံဖမ္းစက္ပါသုံး ထူးျခားၿပီဆိုတာနဲ႕ငါ့ကိုအေၾကာင္းၾကား ငါမေျပာမခ်င္းသူ႕ေနာက္ကိုလိုက္တာမရပ္နဲ႕ ေစာင့္ၾကည့္ဖို႔ လူငါးေယာက္သုံးလိုက္”

“ဟုတ္ကဲ့”

သူလွည့္ထြက္ကာအိမ္ေပၚတက္ခဲ့သည္။သူ႕ပုံစံကိုၾကည့္တာနဲ႕ အေရးႀကီးတာတစ္ခုခုလွ်ို႔ဝွက္ထားတယ္ဆိုတာႀကိဳသိၿပီးသား။ဒီအတိုင္းအလြယ္တကူလႊတ္ေပးရေအာင္ထိ သူမ႐ူးေသးဘူး။

အခန္းတံခါးဖြင့္ကာဝင္ေတာ့ အိပ္ေနသူကပုံစံေတာင္မေျပာင္း။သူ႕ကိုယ္လုံးႏွင့္တက္ဖိကာ သူပါအိပ္ဖို႔ျပင္သည္။

“ေမာင္…. ေလးတယ္”

“ဟုတ္ပါၿပီဗ်ာ”

အိပ္ေနသူေယာင္တဲ့နာမ္စားမွာ သူအၿပဳံးစစ္ေတြျပန္ထြက္ေပၚလာသည္။ဆံႏြယ္ေလးေတြကိုသပ္တင္ေပးရင္း ေယာက်္ားပီသတဲ့မ်က္ႏွာအစိတ္အပိုင္းေတြကို တစိမ့္စိမ့္ေငးမိသည္။

“ေမာင္က ခင္ဗ်ားႀကီးကို ေျခာက္ႏွစ္လုံးလိုက္ရွာေနခဲ့တာဗ်”

သူ႕အသံကိုမၾကားသူက အသက္ရႉသံေတာင္မေျပာင္းလဲ။မ်က္ႏွာခ်င္းနီးကပ္ပစ္ေတာ့ ကိုခို႔ထြက္သက္ေလေတြ သူ႕ဝင္သက္ေတြျဖစ္ကုန္သည္။ကမၻာေျမႀကီးက်ယ္ျပန့္ေနလည္း ေလထုတစ္ေယာက္စာကိုႏွစ္ေယာက္ရႉခြင့္ရေနတာမို႔ သိပ္ေတာ့အသုံးမဝင္ပါဘူးေလ….

………………

ေဆး႐ုံကလူတိုင္းရဲ႕အေငြ႕အသက္က မႈန္မွိုင္းေနကာ ဘယ္သူမွမ႐ႊင္ျပၾက။ျဖစ္ခဲ့တဲ့ကိစၥေတြကျမန္ဆန္လြန္းလို႔ ယေန႕ထိတိုင္သူတို႔မယုံနိုင္ေသး။

“မုတ္သုံကတကယ္ကိုကံဆိုးတာေနာ္”

ခပ္ညည္းညည္းေျပာတဲ့အသံထဲ စိတ္မေကာင္းမႈေတြျပည့္ႏွက္ေနေလသည္။

“ဟုတ္တယ္ အရမ္းေတာ္သလိုလွလည္းလွတာမို႔လူတိုင္းကသူ႕ကိုခ်စ္ၾကတယ္ေလ ဘယ္သူထင္ပါ့မလဲ ကိုယ္ကုသေပးတဲ့လူနာေၾကာင့္ကိုယ္အသက္ေပ်ာက္ရမယ္လို႔”

“အဲ့တာကဘယ္လိုျဖစ္တာလဲဟင္ ကြၽန္ေတာ္ကနားစြန္နားဖ်ားၾကားမိတာရယ္ social media မွာတက္ေနတဲ့သတင္းေတြရယ္ေၾကာင့္သာသိရတာ အစ္ကိုကအဲ့ေန႕ကဆိုင္မွာရွိခဲ့တာဆိုေတာ့ဘယ္လိုျဖစ္တာလဲသိတယ္မလား”

“ငါတို႔လည္းေသခ်ာေတာ့မသိပါဘူးကြာ တရားခံကကေလးဆုံးသြားလို႔စိတ္ေဖာက္ေနတာတဲ့ အဲ့တာလျခမ္းဗိုက္ထဲမွာကေလးရွိမွန္းသိေတာ့လိုခ်င္တာလို႔ေတာ့ၾကားတာပဲ သူတို႔ခ်င္းေဆး႐ုံမွာေတြ႕ၿပီးလျခမ္းမွာကေလးရွိမွန္းသိသြားတာတဲ့ အဲ့တုန္းကကိုသမုဒၵရာေတာင္မသိေသးဘူးဆိုဘဲ “

“ဘာလို႔လျခမ္းကေလးမွလည္း တျခားကေလးေတြလည္းအမ်ားႀကီးရွိေနတာကို”

“ငါၾကားတာကေတာ့ သူကကိုသမုဒၵရာကိုမုန္းေနတာတဲ့ သူ႕ခ်စ္သူကမူးယစ္အမႈမွာဖမ္းမိၿပီးဆုံးသြားတယ္လို႔ေတာ့ေျပာတာပဲ အဲ့တာကိုသမုဒၵရာလက္ခ်က္ဆိုၿပီးမေက်မနပ္ျဖစ္ေနတာတဲ့”

“ဪ”

“သူကလက္စားေခ်ခ်င္တာမို႔လျခမ္းကိုဖမ္းၿပီးကေလးကိုယူခ်င္တာ မုတ္သုံကျဖန္ေျဖရင္းနဲ႕ပါသြားတာ ကိုသမုဒၵရာတို႔သြားကယ္ေတာ့ လျခမ္းအေျခေနကေတာ္ေတာ္ဆိုးေနၿပီ ဟိုႏွစ္ေယာက္ကေပ်ာက္ေနတာတဲ့ေလ အဲ့တာနဲ႕လျခမ္းကိုအရင္ကယ္ၿပီးထြက္လာေတာ့ ေနာက္ကအေဆာက္အအုံကေပါက္ကြဲသြားၿပီတဲ့ သူတို႔ေျပာပုံအရႏွစ္ေယာက္သား႐ုန္းရင္းဆန္ခတ္ျဖစ္ရင္း သူေထာင္ထားတဲ့ဗုံးကိုသူျပန္နင္းမိတာထင္တယ္လို႔ေတာ့ေျပာတယ္”

“လျခမ္းကအခ်ိန္မွီေလးေပါ့ေနာ္”

“ဟုတ္တယ္ ဒဏ္ရာေတြအရမ္းဆိုးဝါးလြန္းလို႔ကေလးေတာင္ပ်က္က်ခါနီးပဲတဲ့ ကိုသမုဒၵရာဆို႐ူးေတာင္သြားေတာ့မလို႔တဲ့ သူကလျခမ္းကိုအရမ္းခ်စ္တာကို”

“နည္းနည္းေလးသာေနာက္က်သြားရင္မေတြးရဲစရာဘဲေနာ္”

“ဟုတ္တယ္ ဟိုႏွစ္ေယာက္ရဲ႕အေလာင္းေတြကေတာ့ျပာျဖစ္သြားတယ္ေျပာတယ္ ေပါက္ကြဲတာကဗုံးတစ္လုံးတည္းမွမဟုတ္တာကို ၿပီးေတာ့Gasအိုးေတြပါရွိေသးေတာ့အရမ္းျပင္းထန္သြားတာ သူတို႔ဘက္ကလူအင္အားေတြအကုန္သုံးၿပီးရွာေပးေပမယ့္အရိုးျပာပဲျပန္ရလိုက္တယ္တဲ့ ဒီေဆး႐ုံရဲ႕ေဆးစစ္ခ်က္နဲ႕ေသခ်ာစစ္ေဆးေပးလိုက္တာ ၿပီးေတာ့Horizonကိုယ္တိုင္မုတ္သုံမိဘေတြကိုသြားေတာင္းပန္ေပးတာေလ မုတ္သုံကိုရေအာင္မကယ္ေပးနိုင္လို႔ အျပစ္ရွိသလိုခံစားရလို႔တဲ့”

“ဘယ္တတ္နိုင္မလဲေလ ျဖစ္ခ်ိန္တန္လို႔ျဖစ္ရတာပဲဟာ ဘယ္သူ႕မွအျပစ္တင္လို႔မရဘူးေပါ့”

“ဟုတ္တယ္ အသက္ႏွစ္ေခ်ာင္းကိုကယ္တင္နိုင္တာနဲ႕တင္ ကံေကာင္းတယ္လို႔ေျပာလို႔ရတယ္”

အားလုံးသက္ပ်င္းခ်ရင္းလူစုခြဲလိုက္ၾကသည္။ထပ္ေျပာေနလည္းပိုစိတ္ဆင္းရဲစရာေတြပဲရွိတာ။ျဖစ္ၿပီးသြားၿပီပဲဟာ။ထြက္သြားသူကထြက္သြားၿပီးၿပီပဲေလ…..

…………………

“Acacia မေတြ႕တာေတာင္ၾကာေနၿပီ”

“ဟုတ္တယ္ အခုတစ္ေလာအလုပ္ေတြအရမ္းရႈပ္ေနတာ စားခ်ိန္နဲ႕အိပ္ခ်ိန္ေတာင္သိပ္မမွန္ဘူး”

“အရင္ကထက္မ်က္ႏွာေလးေခ်ာင္က်သြားေပမယ့္ ပိုၿပီးၾကည့္ေကာင္းလာတယ္”

“ကဲေျပာ ဘယ္ဆိုင္မွာဘာလိုက္ေကြၽးရမလဲ”

“အဲ့ဒါဆို…”

“ငါသြားႏွင့္ရမလား”

“ဟမ္”

“မင္းလိုက္ေကြၽးခ်င္ေနရင္ေနခဲ့ ငါသြားႏွင့္မယ္ အလုပ္ေတြမျပတ္ေသးလို႔”

ေျပာရင္းလွည့္ထြက္သြားတာခ်ာကနဲ။

“ျခဴး ေနာက္တစ္ခါေတြ႕မွဝယ္ေကြၽးေတာ့မယ္ေနာ္ ေလာေလာဆယ္တကယ္မအားလို႔”

“ရပါတယ္ အားနာစရာလူေတြမွမဟုတ္တာ ဒီအတိုင္းစကားအျဖစ္သာေျပာမိတာ”

“ဒါဆိုသြားႏွင့္ၿပီေနာ္”

“ok”

ႏႈတ္ဆက္တာေတာင္အျမန္ျဖတ္လို႔ ဟိုလူ႕ေနာက္ေျပးလိုက္ရသည္။ေျခတံရွည္ႀကီးေတြအားကိုးႏွင့္ လွမ္းသြားတာမ်ား လႊားကနဲလႊားကနဲ။

အခုတစ္ေလာ လျခမ္းေနမေကာင္းတာမို႔ အလုပ္ဆီအာ႐ုံမစိုက္နိုင္တဲ့ ကိုသမုဒၵရာကိုနားလည္စြာ ကိုေက်ာက္စက္ႏွင့္အတူအလုပ္ဆီအၿမဲေျပးေနရသည္။အိပ္ခ်ိန္စားခ်ိန္ေတာင္အဲ့လူတိုက္ခန္းမွာအၿမဲရွိေနတာမို႔ ႏွစ္ေယာက္သားကေတာ္ေတာ္ရင္းႏွီးေနၿပီ။

အိမ္မွာခ်က္စားရတာဝါသနာပါသူေၾကာင့္ သူလည္းအိမ္ခ်က္ေတြကိုသာခံတြင္းေတြ႕ေနသည္။ဒီေန႕အလုပ္ေလးနည္းနည္းပါးသလို အိမ္မွာလည္းခ်က္စရာသိပ္မရွိေတာ့သျဖင့္ ႏွစ္ေယာက္သား Oceanဆီသာထြက္လာခဲ့တာ။

ပစၥည္းေတြဝယ္ၿပီးအိမ္ျပန္မည္အျပဳ မေတြ႕တာၾကာသည့္ အဆက္ေဟာင္းေလးႏွင့္ေတြ႕တုန္း ယဥ္ေက်းမႈအရမုန့္လိုက္ေကြၽးမယ္ေျပာျဖစ္တာကို မသိရင္ဘဲသူကအခ်ိန္ေတြအလဟသသြားျဖဳန္းေတာ့မည့္ပုံႀကီး ေျပာၿပီးထားခဲ့တာမို႔ စိတ္ထဲမွာေတာ့ကြက္ခနဲ။

“ဟိတ္လူေစာင့္အုံး”

ေျမေအာက္ကားပါကင္ေရာက္မွလိုက္မွီတာမို႔ သူ႕မွာေခြၽးေတာင္ထြက္တယ္။မ်က္ေမွာင္တြန့္ၿပီးၾကည့္လာပုံက မသိရင္ကိုယ္ပဲမွားေနသလို။

“ဘာလို႔ဇြတ္ေတြသြားေနတာလဲ”

“ငါလမ္းေလွ်ာက္တာပုံမွန္ပဲ”

“ဘာကိုပုံမွန္တာလဲ ခါတိုင္းအတူေလွ်ာက္ေနက် ခင္ဗ်ားအျမန္ႏႈန္းကြၽန္ေတာ္သိတယ္အခုကြၽန္ေတာ္ခင္ဗ်ားေနာက္ေျပးလိုက္လာတာေတာင္ဒီေရာက္မွမွီတာေလ”

“မင္းဘာသာအၾကည္စိုက္ေနလို႔လိုက္မမွီတာေလ”

“ဘာဗ်”

“မင္းသူနဲ႕ အျပင္သြားခ်င္ေနတာမလားသြားေလ လူေရွ႕သူေရွ႕အလုပ္ႀကိဳးစားျပၿပီးအမွတ္ယူခ်င္မေနနဲ႕ ဘယ္သူမွအသိအမွတ္မျပဳဘူး”

“ခင္ဗ်ား က်ဳပ္ေစတနာကိုမေစာ္ကားနဲ႕ေနာ္”

“ဘယ္သူကေစာ္ကားေနလို႔လဲ အမွန္အတိုင္းေျပာလို႔နာေနတာမလား ေအးဟုတ္တယ္ အလုပ္ကမင္းထားခဲ့ဖူးတဲ့ရည္းစားေတြလိုေပ်ာ္ဖို႔မေကာင္းဘူး အဲ့တာေၾကာင့္ စိတ္မပါဘဲဘာမွလာကူလုပ္မေနနဲ႕ အရင္လိုရည္းစားထည္လဲတြဲၿပီးေပါ့ပ်က္ပ်က္ဘဲေနလိုက္”

“ခင္ဗ်ား”

လြန္လာတဲ့စကားတစ္ခ်ိဳ႕ေၾကာင့္လက္သီးဆုပ္မိေတာ့ ငုံ႕ၾကည့္လာကာခနဲ႕လာေလသည္။

“ဘာလဲအဲ့လက္သီးကဘာလဲ ထိုးခ်င္ေနတာလား လာထိၾကည့္လိုက္ေလ မင္းဟာမေတြလိုၿငိမ္ခံေနမယ္မထင္နဲ႕”

“ေတာက္”

“ဘာကိုေတာက္ေခါက္တာလဲ ဘာလဲအဲ့မိန္းကေလးနဲ႕အျပင္မထြက္ရလို႔စိတ္တိုတယ္ေပါ့ဟုတ္လား”

“မဆိုင္တာေတြထည့္မေျပာနဲ႕”

“ဘာလဲသူ႕ကိုထိလို႔နာေနတာလား မင္းကအဲ့လိုေငြကုန္ရတဲ့ေနရာမ်ိဳးမွာပဲေပ်ာ္ေနတာမဟုတ္လား အဲ့အက်င့္မ်ိဳးနဲ႕ငါ့အိမ္ေပၚကိုဘယ္ေတာ့မွတက္မလာနဲ႕ အလကားဆန္ကုန္ေျမေလး”

“ခင္ဗ်ားက်ဳပ္ကိုေစာ္ကားေနတာေတာ္ေလာက္ၿပီေက်ာက္စက္ေနေရာင္ ေအး အရင္ကက်ဳပ္ခင္ဗ်ားအေပၚကပ္တြယ္ခဲ့တာေတြအတြက္ဒီေန႕အေျပာခံရတာေတြကိုေမ့ပစ္လိုက္မယ္ ကြၽန္ေတာ့္အေပၚထားတဲ့ခင္ဗ်ားရဲ႕အဆင့္သတ္မွတ္ခ်က္ကိုသိလိုက္ရၿပီမို႔ ေနာက္ဆိုခင္ဗ်ားနားဘယ္ေတာ့မွမလာမိေအာင္ေနမယ္”

ေျပာရင္းလက္ထဲကအထုပ္ေတြပစ္ခ်ကာ ကားပါကင္မွလွည့္ထြက္ခဲ့မိသည္။ကိုယ္စိတ္ရင္းနဲ႕လုပ္ေပးခဲ့တာေတြကို တန္ဖိုးအျဖတ္ခံရတာ ဘယ္ေလာက္ရင္နာဖို႔ေကာင္းလိုက္သလဲ။

ကိုယ့္မွာေတာ့အအိပ္ပ်က္အစားပ်က္ခံၿပီး ေစတနာထားၿပီးလုပ္ေပးခဲ့ရတာ။ဒါကိုကိုယ္ကပဲမ်က္ႏွာလုပ္ပါသတဲ့။ဘာကိုမ်က္ႏွာလုပ္ရမွာလဲ ဘယ္သူ႕ကိုမ်က္ႏွာလုပ္ရမွာလဲ။သူဆိုတဲ့ေကာင္ကစိတ္ထဲကမပါရင္ ဟန္ေဆာင္ၿပီးေတာင္မၿပဳံးျပတတ္တာကို။

လမ္းေဘး ပလက္ေဖာင္းေပၚရပ္ကာ Taxiတစ္စီးေလာက္တားကာအိမ္ျပန္ဖို႔ျပင္သည္။ေရွ႕တည့္တည့္ကိုထိုးရပ္လာတဲ့ကားကကားမွန္ခ်သြားၿပီး သူ႕ဘက္ကိုၾကည့္မလာဘဲ ခပ္ဆတ္ဆတ္သာအမိန့္ေပးလာတာ

“တက္ ငါေခၚလာတာမလို႔ငါတာဝန္ယူၿပီးျပန္လိုက္ပို႔ေပးမယ္”

“မလိုပါဘူး က်ဳပ္လိုဆန္ကုန္ေျမေလးကခင္ဗ်ားကားနဲ႕တန္မွမတန္တာ ခင္ဗ်ားရဲ႕တန္ဖိုးရွိလွတဲ့အခ်ိန္ေတြကိုမျဖဳန္းရက္ပါဘူး”

ေျပာၿပီး ဆန့္က်င္ဘက္အရပ္ဆီေျခဦးလွည့္ပစ္သည္။သူကခင္တြယ္မိရင္ေအာက္က်ိဳ႕ခံၿပီးကပ္တြယ္ေနနိုင္ေပမယ့္ သူစိတ္နာရင္လည္း မ်က္ႏွာကိုလွည့္မၾကည့္ခ်င္ေတာ့ဘူး။

ခပ္လွမ္းလွမ္းေရာက္မွtaxiတစ္စီးတားကာ လျခမ္းဆီေျခဦးလွည့္မိသည္။အလုပ္တစ္ဖက္နဲ႕သိပ္မေရာက္ျဖစ္တာမို႔ ယခုေတာ့အခ်ိန္တိုင္းဂ႐ုစိုက္ေပးလို႔ရၿပီ။

အိမ္ထဲဝင္ေတာ့ လျခမ္းကိုေပြ႕ကာထိုင္ေနသူႏွင့္ တည့္တိုးေလသည္။လျခမ္းက စားေနတဲ့ စပ်စ္သီးတြဲကိုခ်ကာ သူ႕ကိုျမင္ေတာ့အေတာ္ေပ်ာ္ေနပုံ။

“ေနာင္းညိုက ငယ္ငယ့္ကိုလြမ္းလို႔လာလည္တာလား”

“ဒါေပါ့”

ျပန္ေျဖရင္းလြတ္ေနတဲ့ဆိုဖာဆီဝင္ထိုင္လိုက္သည္။

“စပ်စ္သီးစား ကိုကို႔ၿခံထဲကအသီးေတြအရမ္းစားေကာင္းတာ ONE ကိုယ္တိုင္သြားခူးေပးလာတာအမ်ားႀကီးပဲ”

“လျခမ္းသာဝေအာင္စားပါဗ်ာ ငါကအျပင္ကမုန့္စားလာၿပီးသား”

“ဘာမုန့္လဲ”

“ပီဇာစားလာတာ”

“ငယ္ငယ့္ဖို႔ေရာ”

“ဟမ္”

မ်က္လုံးဝိုင္းေလးေတြရဲ႕အေမးမွာ သူေၾကာင္ခနဲ။

“ငယ္ငယ္ဖို႔ဘာလို႔မဝယ္လာတာလဲလို႔”

“လျခမ္းက စားလို႔ရလို႔လား”

“ရတယ္ ရတယ္လို႔ ကိုကို႔ပီဇာစားခ်င္တယ္”

“ကိုကိုပိုင္တဲ့ဆိုင္ကိုလာပို႔ခိုင္းလိုက္မယ္ေနာ္ ခဏေလးပဲ”

အပူကပ္လို႔ရတဲ့သူဆီတန္းလွည့္သြားတာမို႔သူ႕မွာေခ်ာ့ခ်ိန္ေတာင္မရလိုက္။ဟိုတစ္ေယာက္ကလည္းဖုန္းေခၚလိုက္တာခ်က္ခ်င္း။

“Bubble Tea ေလးလည္းေသာက္ခ်င္ေသးတယ္”

“ဟုတ္ၿပီမွာလိုက္မယ္”

“ညေနစာကို ဂဏာန္းခ်ဥ္စပ္ေလးစားမွာ”

“ကိုကိုခ်က္ခိုင္းလိုက္မယ္ေနာ္”

“ကိုကိုကခ်စ္ဖို႔အေကာင္းဆုံးပဲ မြ”

“အဟြန္း”

သူ႕ကိုေရွ႕ထားၿပီး ၾကည္ႏူးျပေနၾကတာမို႔ လာမိတာေတာင္မွားခ်င္ခ်င္ရယ္။လျခမ္းကိုယ္ဝန္ကအရမ္းဂ႐ုစိုက္ရတာမို႔ အိပ္ယာထဲလွဲေနရင္ေန မဟုတ္ရင္အၿမဲေပြ႕ထားတတ္တာမို႔ သူ႕မွာစကားေျပာခ်င္ရင္အတြဲလိုက္ႀကီးအၿမဲတမ္းေတြ႕ေနရတာ။

ဖုန္းဆက္ၿပီးခ်ိန္ Horizonႏွင့္အတူ Omega
ဆရာဝန္ေလးတစ္ေယာက္ပါအတူပါလာေလသည္။

“ေရာက္လာၿပီလား”

“အြန္း လျခမ္းေရာေနရတာဘယ္လိုလဲ အဆင္ေျပရဲ႕လား”

“ဟုတ္ကဲ့”

“ဒီမွာပဲစမ္းသပ္မလား ဟိုဘက္တိုက္ဆီသြားမလား”

“ဟိုဘက္ကိုဘဲသြားလိုက္မယ္ ပစၥည္းကိရိယာေတြအစုံရွိတယ္ေလ”

“အိုေက သြားရေအာင္”

အားလုံးကားေပၚတက္ကာ ေဆးပစၥည္းေတြႏွင့္အေဆာက္အအုံဆီသို႔သာဦးတည္လိုက္သည္။

ထိုအေဆာက္အအုံကၿခံရဲ႕ေထာင့္စြန္းတစ္ဖက္မွာရွိၿပီး ယခင္တုန္းကတည္းကေဆးပစၥည္းေတြအစုံထားရွိထားတာ။သူကိုယ္တိုင္ပဲျဖစ္ျဖစ္ သက္ေတာ္ေစာင့္ေတြပဲျဖစ္ျဖစ္ တစ္ခုခုဆိုေဆး႐ုံသို႔မသြားခ်င္ေသာေၾကာင့္ ကိုယ္ပိုင္ေဆး႐ုံငယ္ေလးဖြင့္ထားတာဆိုလည္းမမွား။

လျခမ္းႏွင့္လက္ထပ္ၿပီးေတာ့ ထပ္မံတိုးခ်ဲ့ကာ ပစၥည္းကိရိယာေတြလည္း အစုံအလင္ထပ္ျဖည့္ရသည္။အားနည္းလြန္းတဲ့အိမ္သားေလးက အၿမဲလိုလိုစိုးရိမ္ေနရတာမို႔ သူအစစအရာရာဂ႐ုစိုက္ေနရတာ။

ရင္ခြင္ထဲကကေလးက သူ႕ရင္ဘတ္ထဲေခါင္းဝွက္ထားကာ အကၤ်ီစေလးကိုက်စ္က်စ္ပါေအာင္ဆုပ္ထားေလသည္။သူ႕ကေလးေလးအဆင္မေျပမွာစိုးေနတာ။

အၿမဲေလွ်ာက္ေျပးေနရတာႀကိဳက္သူက ကေလးအတြက္လည္းဆိုေရာ အိပ္ေနရင္ေတာင္ဟိုဘက္ဒီဘက္သိပ္မလွည့္ေတာ့။ၿငိမ္ၿငိမ္ေလးအိပ္ရင္အိပ္မယ္ ေက်ာပူရင္သူ႕ကိုေပြ႕ခိုင္းမယ္ တစ္လလုံးလုံးၿငိမ္ၿငိမ္သက္သက္ပဲ။

သူ႕ရဲ႕ကေလးက ကေလးေလးကိုသိပ္ခ်စ္ေနတာမို႔ သူ႕မွာၾကည္ႏူးရသလိုသဝန္လည္းတိုရပါသည္။မျမင္ရေသးတဲ့သူ႕ကေလးကိုေတာင္ အျမင္သိပ္မၾကည္ခ်င္ေတာ့ဘူး။ေနာက္ဆိုရင္ အခ်စ္ေတြလုယူရေတာ့မွာႀကိဳျမင္ေယာင္ေနၿပီ။

စမ္းသပ္ခန္းထဲခ်ေပးၿပီး ကုတင္ေဘးမွာပဲရပ္ေစာင့္ေနမိသည္။Horizon ႏွင့္ပင္ထေနာင္းညိုကေတာ့ အခန္းျပင္မွာေစာင့္က်န္ခဲ့ေလသည္။သူကေတာ့အျပင္မထြက္မိ။ျဖစ္ခဲ့တဲ့ကိစၥတစ္ခုအၿပီး မ်က္စိေအာက္ကအခြာမခံရဲေလာက္ေအာင္အထိ သူဟာစိတ္ဒဏ္ရာရသြားခဲ့တာ။

“အားလုံးအဆင္ေျပပါတယ္ဗ် ကေလးေရာဖခင္ေရာအေျခေနေကာင္းတယ္ ကေလးကလည္းဗိုက္ထဲမွာတည္ၿငိမ္ေနၿပီ ေနာက္ထပ္ႏွစ္ပါတ္ေလာက္ေတာ့ သိပ္လႈပ္လႈပ္ရွားရွားေတြမလုပ္ေသးနဲ႕အုံးဗ် Morning sickness ကခုတစ္ေလာမရွိေပမယ့္ေလ ေနာက္ပိုင္းျပန္ေပၚလာနိုင္ေခ်ေတာ့ရွိတယ္ ဂ႐ုစိုက္ၿပီး အစားေတာ့ဝင္ေအာင္စားေပးရမယ္ေနာ္ အစားအေသာက္စာရင္းကို ကြၽန္ေတာ္Noteထုတ္ေပးထားတဲ့အတိုင္းေသခ်ာေလးစားေပးပါ တစ္ခုခုဆိုရင္ကြၽန္ေတာ့္ကိုအခ်ိန္မေ႐ြးဖုန္းဆက္လို႔ရပါတယ္”

မရပ္မနားစကားအရွည္ႀကီးကိုဂ႐ုတစိုက္နားေထာင္ေပးၿပီး ေခါင္းညိတ္ႏႈတ္ဆက္ကာ Horizon ကိုေသခ်ာျပန္ပို႔ခိုင္းရသည္။သူကေတာ့အမ်ိဳးသားေလးအဆင္ေျပတယ္ဆိုတဲ့စကားနဲ႕တင္ အရာအားလုံးအဆင္ေျပသြားၿပီ။

“ကိုကို႔ကေလးေလးကအဆင္ေျပသြားၿပီေနာ္ ဘာမွမစိုးရိမ္နဲ႕”

“ကိုကို႔”

“ဗ်ာ”

“ကေလးေလးလည္းက်န္းမာတယ္တဲ့ ငယ္ငယ္အရမ္းေတြေတြ႕ခ်င္ေနၿပီ”

“ဒါေပါ့ ငယ္ကအရမ္းေတြခ်စ္ေပးဂ႐ုစိုက္ေပးေနတာ ကေလးေလးကက်န္းမာေနမွာေပါ့ ေတြ႕လို႔ကေတာ့မရေသးဘူးေလကေလးရဲ႕ သူထြက္မလာခင္ ကိုကိုကငယ့္ကိုအမ်ားႀကီးဂ႐ုစိုက္ေပးရအုံးမွာ”

“အခုေတာင္ကိုကိုကအမ်ားႀကီးဂ႐ုစိုက္ေပးေနတာကို ဒီထက္ဂ႐ုစိုက္ေပးေနရင္ ေနာက္ဆိုငယ္ငယ္ကအရမ္းဆိုးသြမ္းပ်င္းရိလာလိမ့္မယ္”

“ဆိုးလို႔လည္းရတယ္ ပ်င္းလို႔လည္းရတယ္ ကိုကို႔နားမွာငယ္ရွိေနဖို႔ပဲလိုတာ”

“ကိုကိုကငိုခ်င္ေအာင္အရမ္းလုပ္တာ”

ရင္ခြင္ၾကားမွီခိုနားျခင္းမွာ ခ်စ္ျခင္းေတြနဲ႕သာ လႊမ္းၿခဳံပါမယ္။ယခုဘဝမွသည္ေနာက္ဘဝ ျဖစ္ေလရာဘဝတိုင္း သူ႕ေျခရင္းမွာဒူးေထာက္နိုင္ဖို႔ဆုေတာင္းမယ္

က်မိတဲ့မ်က္ရည္တိုင္းၾကည္ႏူးျခင္းေတြေၾကာင့္ျဖစ္ေစမယ္။မေတာ္တဆအၾကည့္တစ္ခ်က္မွအစျပဳကာ မ်က္ႏွာမူရာသူရွိေနဖို႔သာအခ်ိန္တိုင္းႀကိဳးစားမယ္

ကိုယ့္ေၾကာင့္သာဘဝေလးေအးျမေစမယ္
ကိုယ့္ေၾကာင့္သာအိပ္မက္ေတြလွပေစမယ္
ကိုယ့္ေၾကာင့္သာအၿပဳံးေတြပြင့္ေစမယ္
ကိုယ့္ေၾကာင့္သာအမုန္းေတြလြင့္ေစမယ္

################

ၿငိမ္း🌞🌻

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၃, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၃, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၃ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၃ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၃ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၃ light novel, ,

Comment

Leave a Reply

Chapter 44