Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၄

A+ A-

သစ်ရွက်ကြားကဖြာကျနေတဲ့ အလင်းစက်လေးတွေက မြေပြင်ပေါ်ပျောက်တိပျောက်ကျား။လေတိုက်လို့ရွေ့သွားတိုင်း အလင်းစက်တွေပါနေရာရွေ့ကုန်သည်။တကယ်တော့အရိပ်ဆိုတာ လေပြေတွေကြောင့်နေရာရွေ့ရတာပါပဲ။

စပျစ်သီးတွေကိုယ်တိုင်ခူးလို့အိမ်ဘက်ပြန်လှည့်လိုက်သည်။ဗိုက်ကလေးနိုးလာလို့သူမရှိရင် စိတ်ဆိုးပြီးဝမ်းနည်းနေအုံးမည်။ကိုယ်ဝန်ကြောင့်စိတ်အတက်အကျမြန်နေတာမို့ လေထုကလည်းမတည်ငြိမ်။

အသီးတွေရေဆေးကာအခန်းထဲဝင်တဲ့အထိ။ဗိုက်ကလေးကမနိုးသေး။ခါတိုင်းဒီအချိန်နိုးနေကျမို့ နှိုးမည်ပြင်သော်လည်း အိပ်ရေးမဝမှာစိုး၍မနှိုးဖြစ်။တော်ကြာစိတ်ဆိုးလို့ငိုနေမှာလည်းဆိုးရသည်။

အောက်ထပ်ပြန်ဆင်းကာ မနက်စာတွေဗန်းထဲထည့်သည်။နိုးလာတာနှင့်အပေါ်ထပ်မှာပဲ မနက်စာစားတော့မည်။

လှေကားတက်မည်ပြင်တော့ Oneကအလောတကြီးရောက်လာလေသည်။မျက်နှာအမူအယာကမျက်နှာသေနဲ့ပေမယ့် အိမ်ထဲထိရောက်လာပုံထောက်ရင်တစ်ခုခုအရေးကြီးလောက်မည်။

“ဘာကိစ္စလဲ One”

အမေးစကားကိုပြန်မဖြေခင် ဘေးဘီဝဲယာကိုအရင်ကြည့်လေသည်။ပြီးမှနားနားကပ်ကာတိုးတိုးပြောလာတာက

“မုတ်သုံလေညှင်း ဆုံးသွားပြီ”

“ခွမ်းးးး”

စကားအဆုံးလက်ထဲကဗန်းကကြမ်းပြင်ထက် မှောက်ယက်။ပေပွကုန်တဲ့ကြမ်းပြင်ကိုမရှင်းအားသေး အပေါ်ထပ်အိပ်ခန်းဆီအပြေးအလွှားတက်သည်။သူ့စိတ်ထဲမှာနမိတ်မကောင်းမှုတွေ ကြိုရနေသည်။

အခန်းထဲပြေးဝင်ပြီး ​အိပ်နေတဲ့ကလေးကိုအသာအယာလှုပ်နှိုးမိသည်။

“ငယ်ငယ် ကလေးလေး ထတော့နေမြင့်နေပြီ”

လှုပ်ရှားမှုတွေကင်းမဲ့ပြီး မျက်တောင်လေးတောင်လှုပ်ခတ်မသွား။

“ငယ်ငယ် လိမ္မာတယ်လေ အိပ်ယာထတော့ အရမ်းအိပ်နေရင်ငယ့်ဗိုက်ထဲက ကလေးလေးအတွက်မကောင်းဘူးလေ”

အသက်ပုံမှန်ရှူနေရုံမှလွဲ တုန့်ပြန်မှုတွေမရှိလာ။သူ့စိတ်ထဲတဖြည်းဖြည်းစိုးရိမ်မှုတွေမြင့်တက်လာသည်။

“ငယ်ငယ်ထတော့လို့ အခုမထရင်ငယ်ငယ်ကြိုက်တဲ့သစ်ပင်တွေအကုန်အမြစ်ကလှန်ပစ်မှာ”

“……………..”

“ခြံထဲကပန်းပင်တွေပါနှုတ်ခိုင်းပစ်မှာ အသီးခြံတွေကိုလည်းမထားတော့ဘူး”

“………………”

“ငယ်ငယ်ကကိုယ့်ကိုမချစ်တော့ဘူးလား ကလေးလေးကိုရောမချစ်တော့ဘူးလား”

“……………..”

ပြန်ဖြေသံကင်းမဲ့နေတဲ့အခန်းထဲ သူ့အမေးစကားတွေသာပဲ့တင်ထပ်လာသည်။ဆောက်တည်ရာမရဖြစ်နေခြင်းနှင့်အတူ တွေးတောနိုင်စွမ်းတွေပါပျောက်ဆုံးလုလု။

“Horizon ဟုတ်တယ် Horizonတို့ကိုခေါ်ရမှာပေါ့”

ဘေးစားပွဲပေါ်မှဖုန်းကိုယူကာဖွင့်ပေမယ့်တုန်ယင်နေမှုကြောင့်လက်ထဲကချော်ထွက်နေတာ။

“ဟာကွာ ဒီဖုန်းကတော့”

စိုးရိမ်တကြီးအသည်းအသန်တွေဆက်တော့ ဟိုဘက်ကတန်းကိုင်လာလေသည်။

“ကိုCean အရေးကြီးကိစ္စရှိလို့လား”

“Horizonလုပ်ပါအုံး လခြမ်းကိုနှိုးလို့မရတော့ဘူး “

“ဗျာ….”

ပစ္စည်းတွေကျကွဲသံ စားပွဲခုံတွေတိုးတိုက်သံနှင့်အတူ ဝရုန်းသုန်းကားပြေးလာသံတွေပါကြားနေရသည်။

“စိတ်အေးအေးထား ကျွန်တော်အခုချက်ချင်းထွက်လာပြီ ဟိုဘက်ဆေးရုံကိုနေရာရွှေ့လိုက်”

“မြန်မြန်လာခဲ့”

“အခုလာနေပြီမို့စိတ်အေးအေးထားကိုCean”

အိပ်ယာထက်ကကလေးကိုအသာပွေ့ကာ ကိုယ်ပိုင်ဆေးရုံဆီပို့ဖို့ပြင်ရသည်။ကားတွေရှိတာကိုတောင်အာရုံထဲမဝင်ဘဲ ဖိနပ်မပါဘဲ​ခြေဗလာနှင့်ပြေးမိသည်အထိ။နံဘေးမှာကားလာရပ်မှကားနှင့်သွားဖို့သတိရလေသည်။

“ကလေး ကိုကိုခေါ်နေတာကြားလား ​နေလို့မကောင်းလို့လားဟင် ခဏလေးစောင့်အုံးနော် Horizonတို့လာတော့မှာ”

ရင်ခွင်ထဲကမျက်နှာလေးကိုလက်နှင့်အသာပုတ်ရင်း သူစကားတွေတောက်လျှောက်ပြောနေမိသည်။

“…………….”

“ကလေးကိုကိုခေါ်နေတာကြားလားလို့”

“……………..”

“အဲ့လိုမနေပါနဲ့ကလေးရဲ့ ကိုကို့ကိုရူးအောင်မလုပ်ပါနဲ့ အရင်တုန်းကကိုကိုကအရမ်းဆိုးလို့လားဟင် ကလေးကိုအနိုင်ကျင့်ခဲ့လို့လား အဲ့တာကြောင့်ကိုကို့ကိုအပြစ်ပေးတာလား “

သူ့မျက်ရည်ပူတွေကမေးရိုးမှာခိုတွဲပြီး ငယ့်ပါးပြင်ပေါ်တပေါက်ပေါက်။

“……………..”

“ကလေးမကျေနပ်ရင် ကိုကို့ခြေထောက်တွေရိုက်ချိုးပစ်လိုက်မယ်လေနော် ရေနွေးပူနဲ့ပြန်လောင်းလို့လည်းရပါတယ် ငယ်မကြိုက်တဲ့စီးကရက်တွေလည်းဖြတ်ထားတာပဲဟာ အဲ့လိုကြီးလျစ်လျူမရှုပါနဲ့ငယ်ရဲ့”

ဆေးရုံကို​ရောက်တော့ အရင်တစ်ခါအခန်းထဲထည့်ကာဆရာဝန်တွေကတန်းရောက်လာလေသည်။ဘေးကလူတွေပျားပန်းခတ်အလုပ်ရှုပ်နေပေမယ့် သူ့ကလေးလေးကတော့အားလုံးကိုလျစ်လျူရှူကာ အိပ်နေရာမှနိုးတောင်မလာဘူး။

Horizon ပါရောက်လာကာ အားလုံးတစ်နာရီခန့်စစ်ဆေးပြီးတော့ မျက်မှောင်ကျုံ့လို့ပြောလာတာက

“Coma ဝင်သွားတာကိုCean အားလုံးပုံမှန်ဖြစ်နေပေမယ့် သတိရမလာနိုင်ဘူး”

“ဘယ်လောက်ကြာမှာလဲ”

“ကိုCeanလည်း အဲ့အကြောင်းတွေသိသင့်သလောက်သိပြီးသားပဲ အချိန်တွေကသတ်မှတ်လို့ရတာမဟုတ်ဘူး မနက်ဖြန်ပြန်နိုးလာနိုင်သလို တစ်သက်လုံး…”

“မဟုတ်ဘူး ငယ်ကအဲ့လောက်အအိပ်မမက်ဘူး”

ခေါင်းတွင်တွင်ရမ်းကာ ဆုံချက်ပျောက်ခါနီးမျက်ဝန်းတွေကသူ့အပိုင်ပေါ်မှာသာ။မျက်ရည်နှင့်နှာရည်တွေလက်နှင့်အကြမ်းပတမ်းပွတ်သုတ်လို့ လက်လေးကိုဆုပ်ကိုင်ထားတာလည်းမလွှတ်။

“ကိုCean ဒီကိစ္စက..”

“မပြောနဲ့ ငယ်ကသူတစ်ယောက်တည်းမှမဟုတ်တော့တာ ဗိုက်ထဲမှာကလေးလည်းရှိနေတာကို သူအကြာကြီးမအိပ်ဘူး ပင်ပန်းလို့ခဏအနားယူနေရုံတင်”

သွေးပူတုန်းမို့ ရှင်းပြလို့နားမဝင်မှန်းနားလည်စွာသက်ပြင်းချရသည်။

“ဟုတ်ပါပြီ ကိုCeanပြောသလိုပဲပေါ့ လောလောဆယ်ကလေးရောလခြမ်းပါအဆင်​ပြေနေပေမယ့် အာဟာရအတွက်ကတော့ကျွန်တော်တို့သေချာစီစဥ်ရမယ် ကျွန်တော့်အဖွဲ့ထဲကဆရာဝန် ဆယ်ယောက်ကိုဒီမှာအချိန်ပြည့်ထားခဲ့မယ် လိုအပ်တာအားလုံးသူတို့ကိုစီစဥ်ခိုင်းထားတယ် ကျွန်တော်လည်းဒီမှာပဲနေမယ်”

“သူနဲ့ပတ်သပ်သမျှငါပဲလုပ်ပေးမှာ မဟုတ်ရင်ငယ်ငယ်စိတ်ဆိုးလိမ့်မယ်”

“ကောင်းပါပြီ ကျွန်တော်လိုအပ်တာအားလုံးကိုCeanကိုပြောပြပေးမယ်”

အပြင်ထွက်ကာ ရောက်လာသူတွေကိုသူပဲဒိုင်ခံရှင်းပြရသည်။အားလုံးကလည်းမယုံနိုင်။ဟိုတစ်ခါကိစ္စဖြစ်ပြီးနှစ်လလုံးကောင်းနေရက်နဲ့ ရုတ်တရတ်ချက်ချင်းကြီး

“ဘယ်လိုဖြစ်ရတာလဲဗျာ”

“ဟိုတစ်လောကဒဏ်တွေကြောင့်လို့ပဲသတ်မှတ်ရမှာပဲ ကျွန်တော်တို့လည်းအစွမ်းကုန်ကြိုးစားပြီးပြီ ဘာချို့ယွင်းချက်မှရှာမတွေ့ဘူး ခန္ဓာကိုယ်တစ်ခုလည်းအကုန်အကောင်းအတိုင်းပဲ သတိမေ့နေတာတစ်ခုပဲ”

“အတွင်းဒဏ်ရာတွေရောမတွေ့ဘူးလား”

စိုးရိမ်မှုပြည့်နေတဲ့တိမ်ငွေ့မျက်လုံးတွေကမတည်မငြိမ်။

“ဟင့်အင်း လိုအပ်တဲ့ပစ္စည်းကိရိယာအကုန်ရှိတာမလို့ လိုအပ်မယ်ထင်တဲ့စစ်ဆေးမှုတွေအားလုံးလုပ်ပြီးပြီဘာမှမတွေ့ဘူး”

“ကလေးကရော”

“အားလုံးကောင်းတယ် ကလေးကလည်းဆက်ကြီးထွားနေမှာပဲ လောလောဆယ်အာဟာရကိုဆေးတွေနဲ့ဆက်ထားမယ် ပြန်နိုးလာဖို့သိပ်မကြာဘူးလို့မျှော်လင့်ရတာပဲ”

“ကိုCean အခြေနေကရော”

“သိတဲ့အတိုင်းပဲ အရင်တစ်ခါတုန်းကလည်းရူးမတတ်ပဲ အခုအခြေအနေကမစိုးရိမ်ရတော့ နည်းနည်းဖြေသာမှာပါ အလုပ်တွေကတော့ Geoမင်းပဲကူပေးလိုက်ပါ”

“Geoနဲ့အတူကျွန်တော်လည်းကူပေးပါ့မယ်”

“တိမ်ငွေ့ကိုလည်းကျေးဇူးတင်ပါတယ် သူငယ်ချင်းကိုအရမ်းမစိုးရိမ်ပါနဲ့ သူကကံသိပ်ကောင်းတဲ့ကလေးပဲဟာ အရင်တစ်ခါဆိုးရွားတဲ့အခြေနေဆိုးကြီးကိုတောင်ဖြတ်ကျော်နိုင်ခဲ့တာပဲလေ”

“ဟုတ်ကဲ့”

တိတ်ဆိတ်ကုန်တဲ့စကားဝိုင်းက မွန်းကြပ်ဖွယ်လေထုကိုဖိတ်ခေါ်သည်။ကံတရားကသိပ်ကျီစားသန်တာပဲ…..

………………….

ဖျတ်ကနဲလန့်နိုးလာပြီး ဘေးဘီကြည့်လိုက်တော့ ငယ်ငယ်အိပ်နေကျအခန်းမို့ စိတ်သက်သာရာရစွာသက်ပျင်းချလိုက်မိသည်။မသိရင်အိမ်မက်ရှည်ကြီးတစ်ခုကိုမက်ခဲ့ရသလို ခံစားချက်တွေကနှလုံးသားထဲမှာရောထွေးလျှက် လက်တွေ့နှင့်သိပ်အသားမကျ။

မမှတ်မိခြင်းတွေကိုပြန်မစဥ်းစားတော့ဘဲအိပ်ယာမှထလိုက်သည်။အချိန်ကိုကြည့်တော့မနက်ခုနှစ်နာရီ။ဒီနေ့ဘယ်မှသွားစရာမရှိတာမို့ မေမေ့ကိုအိမ်အလုပ်တွေလုပ်ကူမည် ပန်းချီဆွဲမည်။

ရေချိုးအဝတ်အစားလဲတော့တစ်ခုခုကိုစိတ်တိုင်းမကျနေသလိုမျိုး။ခါတိုင်းငယ်ငယ်လုပ်နေကျအရာတွေဆိုပေမယ့် မသိစိတ်ကတစ်ယောက်ယောက်ကို စောင့်ဆိုင်းချင်နေသည်။မသိလျှင် ငယ်ငယ့်ကိုအမြဲအလိုလိုက်ပေးကာဝေရာဝစ္စအားလုံးကိုလုပ်ကိုင်ပေးသူရှိနေသလို။

အိမ်မက်တွေလျှောက်မက်ပြီးများ ရူးသွားသလားမသိပါဘူး။အဝတ်လဲပြီးအောက်ဆင်းမည်ပြင်တော့ မဆီမဆိုင်မှန်ရှေ့ရောက်သွားရသည်။မေမေဝယ်ပေးထားတဲ့ skin careတွေက တစ်ခါတစ်လေမှလိမ်းဖြစ်တာဆိုပေမယ့် ယခုတော့လိမ်းကိုလိမ်းရမယ်လို့ စိတ်ထဲတွေးမိနေလေရဲ့။

အားလုံးပြီးလို့အိမ်အောက်ရောက်တော့ ဖေဖေကမနက်စာဝိုင်းမှာရောက်နေပြီ။သတင်းစာဖတ်နေရင်းသူ့ကိုမော့ကြည့်လာတာမို့ သူရယ်ပြလိုက်ရသည်။သူဒီနေ့အိပ်ယာထနောက်ကျတာကိုး။

“သားလေး နေများမကောင်းလို့လားလို့ သားဖေဖေကတောင်တက်ကြည့်ခိုင်းနေတာ”

ထမင်းပန်းကန်လေးခူးချပေးရင်းမေမေဆိုလာတော့ မေမေ့ပါးကိုတစ်ချက်နမ်းကာခုံမှာဝင်ထိုင်လိုက်သည်။

“ကောင်းပါတယ်မေမေရဲ့ နည်းနည်းလေးထတာနောက်ကျသွားတာ”

“ညနက်ထိစာတွေမရေးနဲ့ ကျန်းမာရေးနဲ့မညီညွတ်ဘူး”

သတင်းစာကိုအောက်ချကာ ခပ်တည်တည်နဲ့ပြောလာပေမယ့် ဂရုစိုက်ပေးတဲ့အငွေ့အသက်တွေနဲ့မို့ သူရင်ထဲနွေးထွေးသွားရသည်။

“ဟုတ်ကဲ့ပါဖေဖေရဲ့ သားညကနည်းနည်းစျာန်ဝင်သွားလို့”

“ကဲ စားစရာရှိတာအရင်စားလိုက်အုံး ကို အလုပ်ရှိတယ်မလား ညနေဘယ်အချိန်ပြန်လာမှာလဲ”

“အင်း ဒီနေ့ပြန်လာတာ နည်းနည်းနောက်ကျမယ် ကလေးကိုအိမ်ပြင်တွေတစ်ယောက်တည်းသွားခိုင်းမနေနဲ့အုံး အရေးတကြီးသွားစရာရှိရင်ခင်ရောလိုက်သွားပေးလိုက်”

“မလွှတ်ပါဘူးရှင် ဒီနေ့မိုးရွာလောက်တယ် အပေါ်ထပ်လေးယူသွားအုံး ညနေစောစောပြန်ခဲ့ အစ်ကိုကြိုက်တဲ့ငါးဖယ်ဆုပ်လေးချက်မလို့”

“ဟုတ်ပြီစောစောပြန်ခဲ့မယ် သားငယ်လိုချင်တာရှိရင်မှာလိုက် အပြန်ဝင်ဝယ်ခဲ့ပေးမယ်”

“မရှိတော့ဘူးဖေဖေ စောစောပြန်ခဲ့နော်”

“အွန်း အစားကိုများများစား သွားရည်စာတွေချည်းစားမနေနဲ့ ခန္ဓာကိုယ်လေးကပိန်ပိန်လာသလိုပဲ”

“ဖေဖေကလည်း ငယ်ငယ်ကပိန်နေတာမဟုတ်ပါဘူး အသက်ကြီးလာလို့ခန္ဓာကိုယ်ကလှလာမလို့ ကိုယ်ရည်စစ်နေတာပါဆို”

“ဟွန့် ပေါက်တတ်ကရတွေ”

ပြောရင်းအစားဆီသာအာရုံစိုက်လိုက်ပေမယ့်ဖေဖေ့မျက်လုံးတွေအပြုံးရိပ်သန်းနေတာ ငယ်ငယ်သိသားပဲ။

စားသောက်ပြီးဖေဖေထွက်သွားတော့ သူမေမေ့နားကပ်ချွဲမိသည်။

“မေမေ့”

“ရှင်”

ငယ်ငယ်ကြိုက်တဲ့စတော်ဘယ်ရီပင်လေးတွေကြားအလုပ်များနေတဲ့မေမေက လှည့်ကြည့်မလာဘဲ အပြုံးနဲ့သာပြန်ထူးသည်။မေမေ့လိုနွေးထွေးတဲ့အပြုံးတွေတစ်နေရာရာမှာမြင်ဖူးသလိုရှိပေမယ့် ပြန်တွေးလို့မရ။

“သားငယ် ဘာပြောမလို့လဲ”

ခေါ်ပြီး ဘာမှပြောမလာတာမို့ နောက်လှည့်ကြည့်ကာမေးလာလေသည်။

“ဘာမှမဟုတ်ပါဘူး ခေါ်ကြည့်တာ လွမ်းလို့”

“ပိုပြန်ပြီရှင် ဘာတွေလိုချင်ပြန်ပြီလဲပြော”

“မေမေ့အချစ်တွေအများကြီးလိုချင်တာ”

“ဒီကလေးကတော့”

ထိုင်နေရင်းအပင်လေးတွေနဲ့အလုပ်ရှုပ်နေတဲ့မေမေ့ကိုနောက်ကနေခါးလေးဖက်ကာ ကျောပြင်ထက်မျက်နှာလေးအပ်ထားမိသည်။ဝဲတက်လာတဲ့မျက်ရည်တွေကဘာကြောင့်ရယ်မသိ။

ရင်ထဲတစ်စို့စို့ဖြစ်နေတာမို့ ချွဲမယ့်စကားတွေလည်းထွက်မလာနိုင်တော့။တစ်ခုခုကိုဆုံးရှုံးခဲ့ရသလိုရင်ဘတ်ထဲ ပျောက်ဆုံးနေပါသည်။သူကလေးဘဝကတည်းက ဆုံးရှုံးခြင်းဆိုတာနဲ့ဝေးကွာခဲ့ရသူမို့ ယခုသူခံစားနေရမှုကိုဘာမှန်းဖော်မပြနိုင်။

“သားငယ် နေမကောင်းဘူးလား”

“ဟင့်အင်း ကောင်းတယ်”

“လာမျက်နှာလေးမေ​မေ့ကိုပြပါအုံး”

ပြောရင်းဒီဘက်လှည့်ကာ မျက်နှာကိုဆွဲယူကြည့်နေတာမို့ မျက်ရည်စတွေကိုမျက်တောင်ဖျားနှင့်ပုတ်ထုတ်ပစ်ရသည်။

“သားငယ်ငိုနေတာလား ဘာဖြစ်လို့လဲမေမေ့ကိုပြော”

စိုးရိမ်နေတဲ့မျက်ဝန်းတွေကိုမြင်တော့ လိပ်ပြာမလုံတာဘာကြောင့်ရယ်မ​တွေးတတ်။သူအားတင်းပြုံးကာ မေမေ့ကိုနှစ်သိမ့်ရသည်။

“ဘာမှမဖြစ်ပါဘူး ငယ်ငယ်မေမေနဲ့ခွဲခဲ့ရသလိုခံစားရလို့”

“အိမ်မက်ဆိုးတွေမက်ပြန်ပြီလား လာ အိမ်ထဲအရင်ဝင်ရအောင် အပြင်မှာလေစိမ်းတွေတိုက်တယ်”

သူ့လက်တွေကိုဖွဖွဆွဲကာခေါ်သွားတဲ့နောက် သူဖြည်းဖြည်းချင်းလိုက်သွားမိသည်။နူးညံ့တဲ့မေမေ့လက်တွေအစား နွေးထွေးတဲ့လက်ဖဝါးကြီးကြီးကိုလွမ်းဆွတ်လာတာ အရူးတစ်ယောက်လို။

ဖေဖေ့လက်တွေနဲ့တောင်ဆုပ်ကိုင်မခံရတာနှစ်တွေကြာနေပေမယ့် သူဟာလက်ဖဝါးကြီးတစ်စုံကိုလွမ်းဆွတ်နေပါသတဲ့။ယုတ္တိမရှိခြင်းတွေဟာလည်း လူတစ်ယောက်ရဲ့စိတ်ကို လှုပ်ခါနိုင်စွမ်းရှိတာပါပဲ။

ဧည့်ခန်းဆိုဖာပေါ်ထိုင်ချလိုက်တဲ့မေမေ့ရင်ခွင်ထဲ ခေါင်းတိုးဝင်မိသည်။လက်တစ်ဖက်ကကျောပြင်ကိုပွတ်ပေးနေပြီး ကျန်လက်တစ်ဖက်ကခေါင်းထက်မှဆံနွယ်တွေကိုသပ်ပေးလာတာမို့ အနည်းငယ်တော့စိတ်လုံခြုံသွားသလိုပင်။

“အိမ်မက်ဆိုးတွေမက်လို့လားကလေး”

“ဟုတ်”

“ဘာတွေမက်တာလဲ”

“မမှတ်မိဘူး ဒါပေမယ့်နိုးလာတော့ ရင်ထဲမှာဗလာဖြစ်နေတယ်မေမေ တစ်ခုခုကိုဆုံးရှုံးလိုက်ရသလိုပဲ”

“အရမ်းကြီးစိတ်ထဲမထားရဘူးလေကလေးရယ် အိမ်မက်ဆိုတာကတစ်ခုခုကိုစိတ်စွဲလို့ဖြစ်ဖြစ် သွေးလေခြောက်ခြားလို့ဖြစ်ဖြစ်လူတိုင်းမက်နေကျပဲဟာ”

“ဒါပေမယ့်ငယ်ငယ့်စိတ်ထဲနေလို့မကောင်းဘူးမေမေ အိမ်မက်ကိုမှတ်မိချင်တယ်”

မေမေကခဏရပ်သွားပြီးမှသက်ပြင်းချကာမေးလာလေသည်။

“ကလေးလေးချစ်သူတွေ့နေပြီလား”

“ဟင့်အင်း”

“မထားရဘူးနော် မေမေတို့ကလုံလောက်အောင်ချစ်ပေးမှာမလို့ တစ်ခြားလူကိုမချစ်မိအောင်နေဖို့ကလေးကကတိပေးမလား”

ခဏတာတိတ်ဆိတ်သွားမိတာဘာကြောင့်မှန်း သူ့ကိုသူတောင်နားမလည်မိ။

“ငယ်ငယ်ကတကယ်ပဲချစ်ခွင့်မရှိတာလားမေမေ”

သူ့မေးခွန်းကြောင့် မေမေ့လက်တွေခဏရပ်သွားလေသည်။ပြီးမှသက်ပြင်းဖွဖွထပ်ချပြီး

“ကလေးမှာချစ်မိနေတဲ့သူရှိလို့လား”

“အဲ့လိုမရှိပေမယ့် ….”

“မရှိသေးရင်ကိစ္စမရှိပါဘူးကလေးရဲ့ လူတစ်ယောက်ကိုချစ်မိဖို့ဆိုတာကလွယ်ကူတဲ့ကိစ္စမှမဟုတ်တာကို တကယ်လို့ချစ်မိသွားတော့လည်းကံပေါ့ အချစ်ဆိုတာတားဆီးလို့ရတဲ့အရာမဟုတ်သလို ကံဆိုတဲ့အရာကလည်းပြုပြင်လို့ရတဲ့အရာမှမဟုတ်တာ”

“ချစ်တဲ့သူကိုဆုံးရှုံးရရင်အရမ်းခံစားရမှာလားဟင်”

“ဒါပေါ့ ဒဏ်ရာတစ်ခုလိုပဲ ပိုကြီးမားလေပိုနာကျင်လေ ပိုချစ်မိလေပိုခံစားရလေပဲ”

“အဲ့လိုဆိုပေမယ့်လေ တစ်ခါလောက်ဖြစ်ဖြစ်ချစ်ဖူးချင်တယ် ငယ်ငယ်ကအရမ်းရူးမိုက်နေမိတာလားမေမေ”

“မဟုတ်ပါဘူးသားရယ် တကယ်တော့အချစ်ဆိုတာ လူတိုင်းမရှောင်ကွင်းနိုင်တဲ့ပုစ္ဆာပဲဟာ မချစ်သင့်တဲ့လူမှန်းသိရင်တောင်ချစ်မိသွားတတ်ကြတာပဲလေ ချစ်ရမဲ့သူကိုတွေ့လာရင် နှလုံးသားကိုဘယ်လိုစည်းမျဥ်းတွေနဲ့မှချုပ်နှောင်ထားလို့မရတော့ဘူး တကယ်လို့သိစိတ်ကတားမြစ်နေရင်တောင်နှလုံးသားကလက်ခံမှာမဟုတ်ဘူး”

“တကယ်လို့ချစ်မိသွားခဲ့ရင် ငယ်ငယ်ဘယ်လိုလုပ်ရမလဲဟင်”

“ဖြစ်လာတဲ့အချိန်ကျမှအကောင်းဆုံးဖြေရှင်းကြတာပေါ့ မဖြစ်သေးတဲ့အကြောင်းအရာတွေကိုတွေးပြီး ကလေးကစိတ်ညစ်မနေနဲ့ အခုစိတ်ထဲမှာနေလို့မ​ကောင်းဘူးဆိုတော့ဘာစားချင်လဲပြောမေမေလုပ်ပေးမယ် အပြင်ထွက်ချင်လားလိုက်ပို့ပေးမယ်”

“ဟင့်အင်းမသွားချင်ဘူး မေမေကိုယ်တိုင်လုပ်ပေးတဲ့ စတော်ဘယ်ရီကိတ်လေးတော့စားချင်တယ်”

“ဟုတ်ပြီ အခန်းထဲသွားနေမလား မေမေနဲ့မီးဖိုထဲလိုက်ခဲ့မလား”

“မေမေနဲ့လိုက်ခဲ့မှာ တစ်ယောက်တည်းမနေချင်ဘူး”

“အဲ့တာဆို ထ”

မနက်ခင်းတစ်ပိုင်းလုံး မေမေ့နောက်လိုက်ရှုပ်နေပြီး ကိတ်လေးရလာတော့မှ အခန်းထဲပြန်လာဖြစ်သည်။ပန်းချီဆွဲတဲ့စတူဒီယိုအခန်းထဲဝင်ပြီးဆွဲမည်ပြင်တော့ စုတ်တံကိုင်ထားတဲ့လက်တွေက ဘယ်ကစရမလဲမသိ။ပုံဖော်မရတဲ့တစ်စုံတစ်ယောက်ရဲ့သွင်ပြင်ကို သူရေးဆွဲချင်မိသည်။

စိတ်ကူးထဲပုံဖော်မရသော်လည်း လက်တွေကအသားကျနေသလိုမျိုး စုတ်ချက်တစ်ချို့အရာထင်ပြီးပြီ။မသိလျှင် အကြိမ်ပေါင်းများစွာသူရေးဆွဲခဲ့ဖူးသလိုမျိုး။မျက်ခုံးထင်းထင်းတို့အပြီး မျက်ဝန်းပြာတို့အရောက် တစ်စုံတစ်ရာပျောက်ဆုံးသွားသလိုမျိုးသူ့ရင်ထဲနင့်ခနဲ။

တုန်ယင်နေတဲ့လက်ချောင်းတွေကြား စုတ်တံကကြမ်းပြင်ပေါ်ကျသည်။တလိမ့်လိမ့်စီးဆင်းလာတဲ့မျက်ရည်တွေက နှစ်သိမ့်မည်သူမရှိ၍ပိုစိမ့်ကျလာသလိုမျိုး။ဆေးစပ်ပြားကိုချကာ အိပ်ခန်းထဲပြေးဝင်ရင်းအိပ်ယာပေါ်မှောက်ရင်းငိုချမိသည်။

ပျောက်ဆုံးသွားသည့်တစ်စုံတစ်ရာက ဝဲဘက်ရင်ဘတ်အခြမ်းနှင့်သက်ဆိုင်နေသလားမသိ နာကျင်လွန်းလို့အသံထွက်ငိုမိသည်အထိ။

အမှန်တကယ်ဆို နွေးထွေးမှုတင်မဟုတ်ဘဲ လုံခြုံမှုပါပေးနိုင်သည့်ရင်ခွင်ကျယ်ကြီးထဲ တိုးဝင်ငိုနေရမှာလို့တွေးနေမိတဲ့မသိစိတ်ကိုလည်းနားမလည်။

………………..

“ဘာထူးသေးလဲ”

စမ်းသပ်ပြီးပစ္စည်းတွေသိမ်းတော့ တည်ငြိမ်စွာပဲမေးလာတာမို့ သက်ပြင်းချရင်းပြန်ဖြေရသည်။

“အရင်လိုပဲအားလုံးကောင်းတယ် သတိရမလာသေးတာတစ်ခုပဲ”

“ကလေးကော”

“ကလေးလည်းအဆင်ပြေတယ်”

“တစ်ပါတ်တောင်ရှိနေပြီ ဘာမှမထူးခြားသေးဘူးလား”

“ဒီအခြေနေမျိုးဆိုတာက တစ်သမတ်တည်းရှိတဲ့အခြေနေမဟုတ်လို့ ပုံသေမပြောရဲဘူး”

“ငါသိပြီ”

မျက်လွှာချသွားသည်က တကယ်နားလည်ရင်တောင် လက်မခံနိုင်သေးတာသိသာပါသည်။

“ကိုCean ကျန်းမာရေးလည်းဂရုစိုက်အုံး ကိုCeanပါလဲသွားလို့မဖြစ်ဘူးနော် လခြမ်းကမကြာခင်သတိရလာမှာပါ”

“အွန်း”

စိတ်မပါသလိုအဖြေပေးကာ ကုတင်နားရောက်သွားတာကြောင့် သူတို့အားလုံးအပြင်သာထွက်ဖြစ်ခဲ့သည်။

“ရုတ်တရတ်ကြီးဘယ်လိုဖြစ်ရတာပါလိမ့် စဖြစ်တုန်းကသိပ်မယုံနိုင်ဘူး တစ်ရက်နှစ်ရက်ဆိုပြန်သတိရလာမှာပဲလို့ထင်နေတာ”

“တစ်ခါတစ်လေမှာ လူတွေလက်မခံနိုင်လောက်အောင်အထိ ဆန်းကြယ်မှုတွေရှိတတ်တယ် အခုချိန်အားလုံးဆုတောင်းပေးရုံပဲတတ်နိုင်တယ်”

“ကိုသမုဒ္ဒရာလည်းသနားပါတယ် အရင်တစ်ခါဖြစ်ထားတာတောင်မကြာသေးဘူး အခုထပ်ဖြစ်ပြန်ပြီ စိတ်ဓာတ်ကြံ့ခိုင်လို့သာခံသာနေတာနေမှာ”

“နောင်းညိုစိတ်မပူပါနဲ့ Geoနဲ့ကိုယ်နဲ့ ကိုCeanနားမှာအမြဲတမ်းအားပေးနေမှာပါ သူငယ်ချင်းဖြစ်သူအတွက်လည်း အရမ်းကြီးစိုးရိမ်မနေပါနဲ့ ကိုယ်တို့အတတ်နိုင်ဆုံး ကြိုးစားပေးပါ့မယ်”

“ကျေးဇူးတင်ပါတယ်”

“တိမ်ငွေ့ကရောGeoနဲ့အတူဒီမှာပဲနေမလား ပြည်နယ်ကိုပြန်အုံးမလား”

“အလုပ်တွေခဏနားထားတယ် ဒီမှာပဲနေလိုက်မယ် လခြမ်းသတိမရသေးမချင်း အလုပ်ထဲလည်းစိတ်မပါလောက်ဘူး”

“Ok”

“ဒါနဲ့ ကိုစက်ရိပ်လည်းမမြင်မိသလိုပဲ”

နောင်းညိုအပြောမှာ သူမလုံမလဲနှာခေါင်းပွတ်မိသည်။

“အာ သိပ်နေမကောင်းချင်လို့ဆိုလို့ ပြန်နားခိုင်းထားတယ်”

“ကျွန်တော်တစ်ချက်သွားကြည့်လိုက်အုံးမယ် အခုဘယ်မှာနေနေတာလဲ”

“ကိုယ့်အိမ်မှာခဏခေါ်ထားတယ် ဒီမှာကလည်းလခြမ်းအခြေနေနဲ့ဆိုတော့နေရတာအဆင်မပြေမှာဆိုးလို့ ကိုယ်လခြမ်းအခြေနေကိုလာကြည့်တိုင်းခေါ်လာပေးလို့ရတယ်လေ”

“ကျေးဇူးတင်ပါတယ် ကျွန်တော်နဲ့တိမ်ငွေ့ကလည်း လခြမ်းကိုစိတ်ပူနေတာနဲ့သိပ်ဂရုမစိုက်မိဘူးဖြစ်သွားတယ်”

“ရပါတယ် မင်းတို့လည်းအရမ်းစိတ်ပူမနေဖို့ပြောချင်တယ် အရင်တစ်ခါအရမ်းဆိုးရွားတဲ့အခြေအနေကတောင်လွတ်မြောက်လာသေးတာပဲ လခြမ်းကကံကောင်းမှာပါ”

“အဲ့တာဆိုကျွန်တော်တို့ပြန်အုံးမယ် မနက်ဖြန်မှထပ်လာကြည့်မယ် ဒီကြားထဲတစ်ခုခုထူးခြားရင်လည်းကျွန်တော်တို့ကိုဆက်သွယ်လိုက်ပါ”

“ကောင်းပါပြီ”

“နောင်းညို Companyကိုလိုက်အုံးမလား”

“မလိုက်တော့ဘူး အဖေခိုင်းထားတာလေးရှိလို့”

“မင်း… ကိုကျောက်စက်နဲ့ပြဿနာဖြစ်ထားတာလား”

တိမ်ငွေ့ကမသက်ာသလိုမေးလာတာမို့ မျက်နှာလွှဲကာဖြေမိသည်။

“မဟုတ်ပါဘူး”

“မသိပါဘူး မင်းအစ​Cေompanyနဲ့ကိုကျောက်စက်အိမ်ပဲလည်ပတ်နေတာမို့လေ အခုတစ်လောအလုပ်လည်းမရှုပ်ဘဲနဲ့ Companyကိုလည်းမလာ ကိုကျောက်စက်ကလည်းမင်းအကြောင်းမမေးလို့ ပြဿနာများဖြစ်ထားတာလားလို့”

“မဖြစ်ပါဘူးကွာ အဖေကအသက်ကြီးနေပြီလေ အရင်လိုစိတ်သွားတိုင်းကိုယ်မပါတော့တာမလို့ အဖေ့အလုပ်တွေကိုကူပေးနေရတာ သိပ်မကြာခင်ပင်စင်ယူတော့မှာဆိုတော့ပြင်ပအလုပ်တွေကိုပဲဦးဆောင်တော့မှာလေ အဲ့တာငါပါလိုက်ကူပေးနေရတာ”

“အဆင်ပြေတယ်ဆိုလည်းပြီးတာပါပဲ ငါတို့သွားပြီ”

“ok”

Geoမောင်းတဲ့ကားထဲပါသွားတဲ့တိမ်ငွေ့ကိုကြည့်ရင်း သူပြုံးဖြစ်သွားသည်။မြှားနတ်မောင်ကျီစယ်တော့လည်း ဘယ်လူသားကခံနိုင်ရိုးလဲလေ။

ရောက်နေကျလမ်းမကျယ်ကြီးပေါ်ကားကိုလေလိုမောင်းပစ်သည်။လခြမ်းအကြောင်းတွေးမိတိုင်းရင်ဘတ်တစ်ခုလုံးခဲနှင့်ဖိထားခံရသလိုမျိုးလေးလံနေပါသည်။

ပြန်တွေးကြည့်တိုင်းအိမ်မက်တွေလိုဝိုးတဝါး။ပုံပြင်ဆန်သလိုခံစားရပြီး အစစ်အမှန်မဟုတ်သလိုခံစားချက်ကြီးက ဘာရယ်ကြောင့်မှန်းမသိ။

အချိန်မရွေးပျောက်ကွယ်သွားနိုင်သည့်ပုံရိပ်ယောင်တစ်ခုလို အချိန်မရွေးနိုးထလာရမည့်အိမ်မက်တစ်ခုလို သူ့စိတ်ထဲခံစားနေမိတာ။
အတွေးလွန်နေခြင်းဖြစ်ဖို့သာသူဆုတောင်းမိသည်။

ကားလေးအရှိန်နှင့်ဖြတ်သွားတိုင်း လမ်းဘေးမြက်ရိုင်းတွေကယိမ်းနွဲ့ကုန်သည်။ဦးတည်ရာမဲ့လျှောက်မောင်းနေရင်း အိမ်ဘက်ကိုသာပြန်လှည့်ဖြစ်သည်။ဟိုလူပြောသလို သူဆန်ကုန်မြေလေးမှမဟုတ်တာ။အဖေ့အလုပ်တွေကိုဦးဆောင်ပြီး သူ့ရှေ့မှာရင်ကော့ခေါင်းမော့ကာ ချေမိုးပြရအုံးမည်မဟုတ်လား။

##################

ငြိမ်း🌞🌻

သစ္႐ြက္ၾကားကျဖာက်ေနတဲ့ အလင္းစက္ေလးေတြက ေျမျပင္ေပၚေပ်ာက္တိေပ်ာက္က်ား။ေလတိုက္လို႔ေ႐ြ႕သြားတိုင္း အလင္းစက္ေတြပါေနရာေ႐ြ႕ကုန္သည္။တကယ္ေတာ့အရိပ္ဆိုတာ ေလေျပေတြေၾကာင့္ေနရာေ႐ြ႕ရတာပါပဲ။

စပ်စ္သီးေတြကိုယ္တိုင္ခူးလို႔အိမ္ဘက္ျပန္လွည့္လိုက္သည္။ဗိုက္ကေလးနိုးလာလို႔သူမရွိရင္ စိတ္ဆိုးၿပီးဝမ္းနည္းေနအုံးမည္။ကိုယ္ဝန္ေၾကာင့္စိတ္အတက္အက်ျမန္ေနတာမို႔ ေလထုကလည္းမတည္ၿငိမ္။

အသီးေတြေရေဆးကာအခန္းထဲဝင္တဲ့အထိ။ဗိုက္ကေလးကမနိုးေသး။ခါတိုင္းဒီအခ်ိန္နိုးေနက်မိဳ႕ ႏွိုးမည္ျပင္ေသာ္လည္း အိပ္ေရးမဝမွာစိုး၍မႏွိုးျဖစ္။ေတာ္ၾကာစိတ္ဆိုးလို႔ငိုေနမွာလည္းဆိုးရသည္။

ေအာက္ထပ္ျပန္ဆင္းကာ မနက္စာေတြဗန္းထဲထည့္သည္။နိုးလာတာႏွင့္အေပၚထပ္မွာပဲ မနက္စာစားေတာ့မည္။

ေလွကားတက္မည္ျပင္ေတာ့ Oneကအေလာတႀကီးေရာက္လာေလသည္။မ်က္ႏွာအမူအယာကမ်က္ႏွာေသနဲ႕ေပမယ့္ အိမ္ထဲထိေရာက္လာပုံေထာက္ရင္တစ္ခုခုအေရးႀကီးေလာက္မည္။

“ဘာကိစၥလဲ One”

အေမးစကားကိုျပန္မေျဖခင္ ေဘးဘီဝဲယာကိုအရင္ၾကည့္ေလသည္။ၿပီးမွနားနားကပ္ကာတိုးတိုးေျပာလာတာက

“မုတ္သုံေလညွင္း ဆုံးသြားၿပီ”

“ခြမ္းးးး”

စကားအဆုံးလက္ထဲကဗန္းကၾကမ္းျပင္ထက္ ေမွာက္ယက္။ေပပြကုန္တဲ့ၾကမ္းျပင္ကိုမရွင္းအားေသး အေပၚထပ္အိပ္ခန္းဆီအေျပးအလႊားတက္သည္။သူ႕စိတ္ထဲမွာနမိတ္မေကာင္းမႈေတြ ႀကိဳရေနသည္။

အခန္းထဲေျပးဝင္ၿပီး အိပ္ေနတဲ့ကေလးကိုအသာအယာလႈပ္ႏွိုးမိသည္။

“ငယ္ငယ္ ကေလးေလး ထေတာ့ေနျမင့္ေနၿပီ”

လႈပ္ရွားမႈေတြကင္းမဲ့ၿပီး မ်က္ေတာင္ေလးေတာင္ လႈပ္ခတ္မသြား။

“ငယ္ငယ္ လိမၼာတယ္ေလ အိပ္ယာထေတာ့ အရမ္းအိပ္ေနရင္ငယ့္ဗိုက္ထဲက ကေလးေလးအတြက္မေကာင္းဘူးေလ”

အသက္ပုံမွန္ရႉေန႐ုံမွလြဲ တုန့္ျပန္မႈေတြမရွိလာ။သူ႕စိတ္ထဲတျဖည္းျဖည္းစိုးရိမ္မႈေတြျမင့္တက္လာသည္။

“ငယ္ငယ္ထေတာ့လို႔ အခုမထရင္ငယ္ငယ္ႀကိဳက္တဲ့သစ္ပင္ေတြအကုန္အျမစ္ကလွန္ပစ္မွာ”

“……………..”

“ၿခံထဲကပန္းပင္ေတြပါႏႈတ္ခိုင္းပစ္မွာ အသီးၿခံေတြကိုလည္းမထားေတာ့ဘူး”

“………………”

“ငယ္ငယ္ကကိုယ့္ကိုမခ်စ္ေတာ့ဘူးလား ကေလးေလးကိုေရာမခ်စ္ေတာ့ဘူးလား”

“……………..”

ျပန္ေျဖသံကင္းမဲ့ေနတဲ့အခန္းထဲ သူ႕အေမးစကားေတြသာပဲ့တင္ထပ္လာသည္။ေဆာက္တည္ရာမရျဖစ္ေနျခင္းႏွင့္အတူ ေတြးေတာနိုင္စြမ္းေတြပါေပ်ာက္ဆုံးလုလု။

“Horizon ဟုတ္တယ္ Horizonတို႔ကိုေခၚရမွာေပါ့”

ေဘးစားပြဲေပၚမွဖုန္းကိုယူကာဖြင့္ေပမယ့္တုန္ယင္ေနမႈေၾကာင့္လက္ထဲကေခ်ာ္ထြက္ေနတာ။

“ဟာကြာ ဒီဖုန္းကေတာ့”

စိုးရိမ္တႀကီးအသည္းအသန္ေတြဆက္ေတာ့ ဟိုဘက္ကတန္းကိုင္လာေလသည္။

“ကိုCean အေရးႀကီးကိစၥရွိလို႔လား”

“Horizonလုပ္ပါအုံး လျခမ္းကိုႏွိုးလို႔မရေတာ့ဘူး “

“ဗ်ာ….”

ပစၥည္းေတြက်ကြဲသံ စားပြဲခုံေတြတိုးတိုက္သံႏွင့္အတူ ဝ႐ုန္းသုန္းကားေျပးလာသံေတြပါၾကားေနရသည္။

“စိတ္ေအးေအးထား ကြၽန္ေတာ္အခုခ်က္ခ်င္းထြက္လာၿပီ ဟိုဘက္ေဆး႐ုံကိုေနရာေ႐ႊ႕လိုက္”

“ျမန္ျမန္လာခဲ့”

“အခုလာေနၿပီမို႔စိတ္ေအးေအးထားကိုCean”

အိပ္ယာထက္ကကေလးကိုအသာေပြ႕ကာ ကိုယ္ပိုင္ေဆး႐ုံဆီပို႔ဖို႔ျပင္ရသည္။ကားေတြရွိတာကိုေတာင္အာ႐ုံထဲမဝင္ဘဲ ဖိနပ္မပါဘဲေျခဗလာႏွင့္ေျပးမိသည္အထိ။နံေဘးမွာကားလာရပ္မွကားႏွင့္သြားဖို႔သတိရေလသည္။

“ကေလး ကိုကိုေခၚေနတာၾကားလား ေနလို႔မေကာင္းလို႔လားဟင္ ခဏေလးေစာင့္အုံးေနာ္ Horizonတို႔လာေတာ့မွာ”

ရင္ခြင္ထဲကမ်က္ႏွာေလးကိုလက္ႏွင့္အသာပုတ္ရင္း သူစကားေတြေတာက္ေလွ်ာက္ေျပာေနမိသည္။

“…………….”

“ကေလးကိုကိုေခၚေနတာၾကားလားလို႔”

“……………..”

“အဲ့လိုမေနပါနဲ႕ကေလးရဲ႕ ကိုကို႔ကို႐ူးေအာင္မလုပ္ပါနဲ႕ အရင္တုန္းကကိုကိုကအရမ္းဆိုးလို႔လားဟင္ ကေလးကိုအနိုင္က်င့္ခဲ့လို႔လား အဲ့တာေၾကာင့္ကိုကို႔ကိုအျပစ္ေပးတာလား “

သူ႕မ်က္ရည္ပူေတြကေမးရိုးမွာခိုတြဲၿပီး ငယ့္ပါးျပင္ေပၚတေပါက္ေပါက္။

“……………..”

“ကေလးမေက်နပ္ရင္ ကိုကို႔ေျခေထာက္ေတြရိုက္ခ်ိဳးပစ္လိုက္မယ္ေလေနာ္ ေရႏြေးပူနဲ႕ျပန္ေလာင္းလို႔လည္းရပါတယ္ ငယ္မႀကိဳက္တဲ့စီးကရက္ေတြလည္းျဖတ္ထားတာပဲဟာ အဲ့လိုႀကီးလ်စ္လ်ဴမရႈပါနဲ႕ငယ္ရဲ႕”

ေဆး႐ုံကိုေရာက္ေတာ့ အရင္တစ္ခါအခန္းထဲထည့္ကာဆရာဝန္ေတြကတန္းေရာက္လာေလသည္။ေဘးကလူေတြပ်ားပန္းခတ္အလုပ္ရႈပ္ေနေပမယ့္ သူ႕ကေလးေလးကေတာ့အားလုံးကိုလ်စ္လ်ဴရႉကာ အိပ္ေနရာမွနိုးေတာင္မလာဘူး။

Horizon ပါေရာက္လာကာ အားလုံးတစ္နာရီခန့္စစ္ေဆးၿပီးေတာ့ မ်က္ေမွာင္က်ဳံ႕လို႔ေျပာလာတာက

“Coma ဝင္သြားတာကိုCean အားလုံးပုံမွန္ျဖစ္ေနေပမယ့္ သတိရမလာနိုင္ဘူး”

“ဘယ္ေလာက္ၾကာမွာလဲ”

“ကိုCeanလည္း အဲ့အေၾကာင္းေတြသိသင့္သေလာက္သိၿပီးသားပဲ အခ်ိန္ေတြကသတ္မွတ္လို႔ရတာမဟုတ္ဘူး မနက္ျဖန္ျပန္နိုးလာနိုင္သလို တစ္သက္လုံး…”

“မဟုတ္ဘူး ငယ္ကအဲ့ေလာက္အအိပ္မမက္ဘူး”

ေခါင္းတြင္တြင္ရမ္းကာ ဆုံခ်က္ေပ်ာက္ခါနီးမ်က္ဝန္းေတြက သူ႕အပိုင္ေပၚမွာသာ။မ်က္ရည္ႏွင့္ႏွာရည္ေတြလက္ႏွင့္အၾကမ္းပတမ္းပြတ္သုတ္လို႔ လက္ေလးကိုဆုပ္ကိုင္ထားတာလည္းမလႊတ္။

“ကိုCean ဒီကိစၥက..”

“မေျပာနဲ႕ ငယ္ကသူတစ္ေယာက္တည္းမွမဟုတ္ေတာ့တာ ဗိုက္ထဲမွာကေလးလည္းရွိေနတာကို သူအၾကာႀကီးမအိပ္ဘူး ပင္ပန္းလို႔ခဏအနားယူေန႐ုံတင္”

ေသြးပူတုန္းမို႔ ရွင္းျပလို႔နားမဝင္မွန္းနားလည္စြာသက္ျပင္းခ်ရသည္။

“ဟုတ္ပါၿပီ ကိုCeanေျပာသလိုပဲေပါ့ ေလာေလာဆယ္ကေလးေရာလျခမ္းပါအဆင္ေျပေနေပမယ့္ အာဟာရအတြက္ကေတာ့ကြၽန္ေတာ္တို႔ေသခ်ာစီစဥ္ရမယ္ ကြၽန္ေတာ့္အဖြဲ႕ထဲကဆရာဝန္ ဆယ္ေယာက္ကိုဒီမွာအခ်ိန္ျပည့္ထားခဲ့မယ္ လိုအပ္တာအားလုံးသူတို႔ကိုစီစဥ္ခိုင္းထားတယ္ ကြၽန္ေတာ္လည္းဒီမွာပဲေနမယ္”

“သူနဲ႕ပတ္သပ္သမွ်ငါပဲလုပ္ေပးမွာ မဟုတ္ရင္ငယ္ငယ္စိတ္ဆိုးလိမ့္မယ္”

“ေကာင္းပါၿပီ ကြၽန္ေတာ္လိုအပ္တာအားလုံးကိုCeanကိုေျပာျပေပးမယ္”

အျပင္ထြက္ကာ ေရာက္လာသူေတြကိုသူပဲဒိုင္ခံရွင္းျပရသည္။အားလုံးကလည္းမယုံနိုင္။ဟိုတစ္ခါကိစၥျဖစ္ၿပီးႏွစ္လလုံးေကာင္းေနရက္နဲ႕ ႐ုတ္တရတ္ခ်က္ခ်င္းႀကီး

“ဘယ္လိုျဖစ္ရတာလဲဗ်ာ”

“ဟိုတစ္ေလာကဒဏ္ေတြေၾကာင့္လို႔ပဲသတ္မွတ္ရမွာပဲ ကြၽန္ေတာ္တို႔လည္းအစြမ္းကုန္ႀကိဳးစားၿပီးၿပီ ဘာခ်ိဳ႕ယြင္းခ်က္မွရွာမေတြ႕ဘူး ခႏၶာကိုယ္တစ္ခုလည္းအကုန္အေကာင္းအတိုင္းပဲ သတိေမ့ေနတာတစ္ခုပဲ”

“အတြင္းဒဏ္ရာေတြေရာမေတြ႕ဘူးလား”

စိုးရိမ္မႈျပည့္ေနတဲ့တိမ္ေငြ႕မ်က္လုံးေတြကမတည္မၿငိမ္။

“ဟင့္အင္း လိုအပ္တဲ့ပစၥည္းကိရိယာအကုန္ရွိတာမလို႔ လိုအပ္မယ္ထင္တဲ့စစ္ေဆးမႈေတြအားလုံးလုပ္ၿပီးၿပီဘာမွမေတြ႕ဘူး”

“ကေလးကေရာ”

“အားလုံးေကာင္းတယ္ ကေလးကလည္းဆက္ႀကီးထြားေနမွာပဲ ေလာေလာဆယ္အာဟာရကိုေဆးေတြနဲ႕ဆက္ထားမယ္ ျပန္နိုးလာဖို႔သိပ္မၾကာဘူးလို႔ေမွ်ာ္လင့္ရတာပဲ”

“ကိုCean အေျခေနကေရာ”

“သိတဲ့အတိုင္းပဲ အရင္တစ္ခါတုန္းကလည္း႐ူးမတတ္ပဲ အခုအေျခအေနကမစိုးရိမ္ရေတာ့ နည္းနည္းေျဖသာမွာပါ အလုပ္ေတြကေတာ့ Geoမင္းပဲကူေပးလိုက္ပါ”

“Geoနဲ႕အတူကြၽန္ေတာ္လည္းကူေပးပါ့မယ္”

“တိမ္ေငြ႕ကိုလည္းေက်းဇူးတင္ပါတယ္ သူငယ္ခ်င္းကိုအရမ္းမစိုးရိမ္ပါနဲ႕ သူကကံသိပ္ေကာင္းတဲ့ကေလးပဲဟာ အရင္တစ္ခါဆိုး႐ြားတဲ့အေျခေနဆိုးႀကီးကိုေတာင္ျဖတ္ေက်ာ္နိုင္ခဲ့တာပဲေလ”

“ဟုတ္ကဲ့”

တိတ္ဆိတ္ကုန္တဲ့စကားဝိုင္းက မြန္းၾကပ္ဖြယ္ေလထုကိုဖိတ္ေခၚသည္။ကံတရားကသိပ္က်ီစားသန္တာပဲ…..

………………….

ဖ်တ္ကနဲလန့္နိုးလာၿပီး ေဘးဘီၾကည့္လိုက္ေတာ့ ငယ္ငယ္အိပ္ေနက်အခန္းမို႔ စိတ္သက္သာရာရစြာသက္ပ်င္းခ်လိဳက္မိသည္။မသိရင္အိမ္မက္ရွည္ႀကီးတစ္ခုကိုမက္ခဲ့ရသလို ခံစားခ်က္ေတြကႏွလုံးသားထဲမွာေရာေထြးလွ်က္ လက္ေတြ႕ႏွင့္သိပ္အသားမက်။

မမွတ္မိျခင္းေတြကိုျပန္မစဥ္းစားေတာ့ဘဲအိပ္ယာမွထလိုက္သည္။အခ်ိန္ကိုၾကည့္ေတာ့မနက္ခုႏွစ္နာရီ။ဒီေန႕ဘယ္မွသြားစရာမရွိတာမို႔ ေမေမ့ကိုအိမ္အလုပ္ေတြလုပ္ကူမည္ ပန္းခ်ီဆြဲမည္။

ေရခ်ိဳးအဝတ္အစားလဲေတာ့တစ္ခုခုကိုစိတ္တိုင္းမက်ေနသလိုမ်ိဳး။ခါတိုင္းငယ္ငယ္လုပ္ေနက်အရာေတြဆိုေပမယ့္ မသိစိတ္ကတစ္ေယာက္ေယာက္ကို ေစာင့္ဆိုင္းခ်င္ေနသည္။မသိလွ်င္ ငယ္ငယ့္ကိုအၿမဲအလိုလိုက္ေပးကာေဝရာဝစၥအားလုံးကိုလုပ္ကိုင္ေပးသူရွိေနသလို။

အိမ္မက္ေတြေလွ်ာက္မက္ၿပီးမ်ား ႐ူးသြားသလားမသိပါဘူး။အဝတ္လဲၿပီးေအာက္ဆင္းမည္ျပင္ေတာ့ မဆီမဆိုင္မွန္ေရွ႕ေရာက္သြားရသည္။ေမေမဝယ္ေပးထားတဲ့ skin careေတြက တစ္ခါတစ္ေလမွလိမ္းျဖစ္တာဆိုေပမယ့္ ယခုေတာ့လိမ္းကိုလိမ္းရမယ္လို႔ စိတ္ထဲေတြးမိေနေလရဲ႕။

အားလုံးၿပီးလို႔အိမ္ေအာက္ေရာက္ေတာ့ ေဖေဖကမနက္စာဝိုင္းမွာေရာက္ေနၿပီ။သတင္းစာဖတ္ေနရင္းသူ႕ကိုေမာ့ၾကည့္လာတာမို႔ သူရယ္ျပလိုက္ရသည္။သူဒီေန႕အိပ္ယာထေနာက္က်တာကိုး။

“သားေလး ေနမ်ားမေကာင္းလို႔လားလို႔ သားေဖေဖကေတာင္တက္ၾကည့္ခိုင္းေနတာ”

ထမင္းပန္းကန္ေလးခူးခ်ေပးရင္းေမေမဆိုလာေတာ့ ေမေမ့ပါးကိုတစ္ခ်က္နမ္းကာခုံမွာဝင္ထိုင္လိုက္သည္။

“ေကာင္းပါတယ္ေမေမရဲ႕ နည္းနည္းေလးထတာေနာက္က်သြားတာ”

“ညနက္ထိစာေတြမေရးနဲ႕ က်န္းမာေရးနဲ႕မညီၫြတ္ဘူး”

သတင္းစာကိုေအာက္ခ်ကာ ခပ္တည္တည္နဲ႕ေျပာလာေပမယ့္ ဂ႐ုစိုက္ေပးတဲ့အေငြ႕အသက္ေတြနဲ႕မို႔ သူရင္ထဲႏြေးေထြးသြားရသည္။

“ဟုတ္ကဲ့ပါေဖေဖရဲ႕ သားညကနည္းနည္းစ်ာန္ဝင္သြားလို႔”

“ကဲ စားစရာရွိတာအရင္စားလိုက္အုံး ကို အလုပ္ရွိတယ္မလား ညေနဘယ္အခ်ိန္ျပန္လာမွာလဲ”

“အင္း ဒီေန႕ျပန္လာတာ နည္းနည္းေနာက္က်မယ္ ကေလးကိုအိမ္ျပင္ေတြတစ္ေယာက္တည္းသြားခိုင္းမေနနဲ႕အုံး အေရးတႀကီးသြားစရာရွိရင္ခင္ေရာလိုက္သြားေပးလိုက္”

“မလႊတ္ပါဘူးရွင္ ဒီေန႕မိုး႐ြာေလာက္တယ္ အေပၚထပ္ေလးယူသြားအုံး ညေနေစာေစာျပန္ခဲ့ အစ္ကိုႀကိဳက္တဲ့ငါးဖယ္ဆုပ္ေလးခ်က္မလို႔”

“ဟုတ္ၿပီေစာေစာျပန္ခဲ့မယ္ သားငယ္လိုခ်င္တာရွိရင္မွာလိုက္ အျပန္ဝင္ဝယ္ခဲ့ေပးမယ္”

“မရွိေတာ့ဘူးေဖေဖ ေစာေစာျပန္ခဲ့ေနာ္”

“အြန္း အစားကိုမ်ားမ်ားစား သြားရည္စာေတြခ်ည္းစားမေနနဲ႕ ခႏၶာကိုယ္ေလးကပိန္ပိန္လာသလိုပဲ”

“ေဖေဖကလည္း ငယ္ငယ္ကပိန္ေနတာမဟုတ္ပါဘူး အသက္ႀကီးလာလို႔ခႏၶာကိုယ္ကလွလာမလို႔ ကိုယ္ရည္စစ္ေနတာပါဆို”

“ဟြန့္ ေပါက္တတ္ကရေတြ”

ေျပာရင္းအစားဆီသာအာ႐ုံစိုက္လိုက္ေပမယ့္ေဖေဖ့မ်က္လုံးေတြအၿပဳံးရိပ္သန္းေနတာ ငယ္ငယ္သိသားပဲ။

စားေသာက္ၿပီးေဖေဖထြက္သြားေတာ့ သူေမေမ့နားကပ္ခြၽဲမိသည္။

“ေမေမ့”

“ရွင္”

ငယ္ငယ္ႀကိဳက္တဲ့စေတာ္ဘယ္ရီပင္ေလးေတြၾကားအလုပ္မ်ားေနတဲ့ေမေမက လွည့္ၾကည့္မလာဘဲ အၿပဳံးနဲ႕သာျပန္ထူးသည္။ေမေမ့လိုႏြေးေထြးတဲ့အၿပဳံးေတြတစ္ေနရာရာမွာျမင္ဖူးသလိုရွိေပမယ့္ ျပန္ေတြးလို႔မရ။

“သားငယ္ ဘာေျပာမလို႔လဲ”

ေခၚၿပီး ဘာမွေျပာမလာတာမို႔ ေနာက္လွည့္ၾကည့္ကာေမးလာေလသည္။

“ဘာမွမဟုတ္ပါဘူး ေခၚၾကည့္တာ လြမ္းလို႔”

“ပိုျပန္ၿပီရွင္ ဘာေတြလိုခ်င္ျပန္ၿပီလဲေျပာ”

“ေမေမ့အခ်စ္ေတြအမ်ားႀကီးလိုခ်င္တာ”

“ဒီကေလးကေတာ့”

ထိုင္ေနရင္းအပင္ေလးေတြနဲ႕အလုပ္ရႈပ္ေနတဲ့ေမေမ့ကိုေနာက္ကေနခါးေလးဖက္ကာ ေက်ာျပင္ထက္မ်က္ႏွာေလးအပ္ထားမိသည္။ဝဲတက္လာတဲ့မ်က္ရည္ေတြကဘာေၾကာင့္ရယ္မသိ။

ရင္ထဲတစ္စို႔စို႔ျဖစ္ေနတာမို႔ ခြၽဲမယ့္စကားေတြလည္းထြက္မလာနိုင္ေတာ့။တစ္ခုခုကိုဆုံးရႈံးခဲ့ရသလိုရင္ဘတ္ထဲ ေပ်ာက္ဆုံးေနပါသည္။သူကေလးဘဝကတည္းက ဆုံးရႈံးျခင္းဆိုတာနဲ႕ေဝးကြာခဲ့ရသူမို႔ ယခုသူခံစားေနရမႈကိုဘာမွန္းေဖာ္မျပနိုင္။

“သားငယ္ ေနမေကာင္းဘူးလား”

“ဟင့္အင္း ေကာင္းတယ္”

“လာမ်က္ႏွာေလးေမေမ့ကိုျပပါအုံး”

ေျပာရင္းဒီဘက္လွည့္ကာ မ်က္ႏွာကိုဆြဲယူၾကည့္ေနတာမို႔ မ်က္ရည္စေတြကိုမ်က္ေတာင္ဖ်ားႏွင့္ပုတ္ထုတ္ပစ္ရသည္။

“သားငယ္ငိုေနတာလား ဘာျဖစ္လို႔လဲေမေမ့ကိုေျပာ”

စိုးရိမ္ေနတဲ့မ်က္ဝန္းေတြကိုျမင္ေတာ့ လိပ္ျပာမလုံတာဘာေၾကာင့္ရယ္မေတြးတတ္။သူအားတင္းၿပဳံးကာ ေမေမ့ကိုႏွစ္သိမ့္ရသည္။

“ဘာမွမျဖစ္ပါဘူး ငယ္ငယ္ေမေမနဲ႕ခြဲခဲ့ရသလိုခံစားရလို႔”

“အိမ္မက္ဆိုးေတြမက္ျပန္ၿပီလား လာ အိမ္ထဲအရင္ဝင္ရေအာင္ အျပင္မွာေလစိမ္းေတြတိုက္တယ္”

သူ႕လက္ေတြကိုဖြဖြဆြဲကာေခၚသြားတဲ့ေနာက္ သူျဖည္းျဖည္းခ်င္းလိုက္သြားမိသည္။ႏူးညံ့တဲ့ေမေမ့လက္ေတြအစား ႏြေးေထြးတဲ့လက္ဖဝါးႀကီးႀကီးကိုလြမ္းဆြတ္လာတာ အ႐ူးတစ္ေယာက္လို။

ေဖေဖ့လက္ေတြနဲ႕ေတာင္ဆုပ္ကိုင္မခံရတာႏွစ္ေတြၾကာေနေပမယ့္ သူဟာလက္ဖဝါးႀကီးတစ္စုံကိုလြမ္းဆြတ္ေနပါသတဲ့။ယုတၱိမရွိျခင္းေတြဟာလည္း လူတစ္ေယာက္ရဲ႕စိတ္ကို လႈပ္ခါနိုင္စြမ္းရွိတာပါပဲ။

ဧည့္ခန္းဆိုဖာေပၚထိုင္ခ်လိဳက္တဲ့ေမေမ့ရင္ခြင္ထဲ ေခါင္းတိုးဝင္မိသည္။လက္တစ္ဖက္ကေက်ာျပင္ကိုပြတ္ေပးေနၿပီး က်န္လက္တစ္ဖက္ကေခါင္းထက္မွဆံႏြယ္ေတြကိုသပ္ေပးလာတာမို႔ အနည္းငယ္ေတာ့စိတ္လုံၿခဳံသြားသလိုပင္။

“အိမ္မက္ဆိုးေတြမက္လို႔လားကေလး”

“ဟုတ္”

“ဘာေတြမက္တာလဲ”

“မမွတ္မိဘူး ဒါေပမယ့္နိုးလာေတာ့ ရင္ထဲမွာဗလာျဖစ္ေနတယ္ေမေမ တစ္ခုခုကိုဆုံးရႈံးလိုက္ရသလိုပဲ”

“အရမ္းႀကီးစိတ္ထဲမထားရဘူးေလကေလးရယ္ အိမ္မက္ဆိုတာကတစ္ခုခုကိုစိတ္စြဲလို႔ျဖစ္ျဖစ္ ေသြးေလေျခာက္ျခားလို႔ျဖစ္ျဖစ္လူတိုင္းမက္ေနက်ပဲဟာ”

“ဒါေပမယ့္ငယ္ငယ့္စိတ္ထဲေနလို႔မေကာင္းဘူးေမေမ အိမ္မက္ကိုမွတ္မိခ်င္တယ္”

ေမေမကခဏရပ္သြားၿပီးမွသက္ျပင္းခ်ကာေမးလာေလသည္။

“ကေလးေလးခ်စ္သူေတြ႕ေနၿပီလား”

“ဟင့္အင္း”

“မထားရဘူးေနာ္ ေမေမတို႔ကလုံေလာက္ေအာင္ခ်စ္ေပးမွာမလို႔ တစ္ျခားလူကိုမခ်စ္မိေအာင္ေနဖို႔ကေလးကကတိေပးမလား”

ခဏတာတိတ္ဆိတ္သြားမိတာဘာေၾကာင့္မွန္း သူ႕ကိုသူေတာင္နားမလည္မိ။

“ငယ္ငယ္ကတကယ္ပဲခ်စ္ခြင့္မရွိတာလားေမေမ”

သူ႕ေမးခြန္းေၾကာင့္ ေမေမ့လက္ေတြခဏရပ္သြားေလသည္။ၿပီးမွသက္ျပင္းဖြဖြထပ္ခ်ၿပီး

“ကေလးမွာခ်စ္မိေနတဲ့သူရွိလို႔လား”

“အဲ့လိုမရွိေပမယ့္ ….”

“မရွိေသးရင္ကိစၥမရွိပါဘူးကေလးရဲ႕ လူတစ္ေယာက္ကိုခ်စ္မိဖို႔ဆိုတာကလြယ္ကူတဲ့ကိစၥမွမဟုတ္တာကို တကယ္လို႔ခ်စ္မိသြားေတာ့လည္းကံေပါ့ အခ်စ္ဆိုတာတားဆီးလို႔ရတဲ့အရာမဟုတ္သလို ကံဆိုတဲ့အရာကလည္းျပဳျပင္လို႔ရတဲ့အရာမွမဟုတ္တာ”

“ခ်စ္တဲ့သူကိုဆုံးရႈံးရရင္အရမ္းခံစားရမွာလားဟင္”

“ဒါေပါ့ ဒဏ္ရာတစ္ခုလိုပဲ ပိုႀကီးမားေလပိုနာက်င္ေလ ပိုခ်စ္မိေလပိုခံစားရေလပဲ”

“အဲ့လိုဆိုေပမယ့္ေလ တစ္ခါေလာက္ျဖစ္ျဖစ္ခ်စ္ဖူးခ်င္တယ္ ငယ္ငယ္ကအရမ္း႐ူးမိုက္ေနမိတာလားေမေမ”

“မဟုတ္ပါဘူးသားရယ္ တကယ္ေတာ့အခ်စ္ဆိုတာ လူတိုင္းမေရွာင္ကြင္းနိုင္တဲ့ပုစ္ဆာပဲဟာ မခ်စ္သင့္တဲ့လူမွန္းသိရင္ေတာင္ခ်စ္မိသြားတတ္ၾကတာပဲေလ ခ်စ္ရမဲ့သူကိုေတြ႕လာရင္ ႏွလုံးသားကိုဘယ္လိုစည္းမ်ဥ္းေတြနဲ႕မွခ်ဳပ္ႏွောင္ထားလို႔မရေတာ့ဘူး တကယ္လို႔သိစိတ္ကတားျမသ္ေနရင္ေတာင္ႏွလုံးသားကလက္ခံမွာမဟုတ္ဘူး”

“တကယ္လို႔ခ်စ္မိသြားခဲ့ရင္ ငယ္ငယ္ဘယ္လိုလုပ္ရမလဲဟင္”

“ျဖစ္လာတဲ့အခ်ိန္က်မွအေကာင္းဆုံးေျဖရွင္းၾကတာေပါ့ မျဖစ္ေသးတဲ့အေၾကာင္းအရာေတြကိုေတြးၿပီး ကေလးကစိတ္ညစ္မေနနဲ႕ အခုစိတ္ထဲမွာေနလို႔မေကာင္းဘူးဆိုေတာ့ဘာစားခ်င္လဲေျပာေမေမလုပ္ေပးမယ္ အျပင္ထြက္ခ်င္လားလိုက္ပို႔ေပးမယ္”

“ဟင့္အင္းမသြားခ်င္ဘူး ေမေမကိုယ္တိုင္လုပ္ေပးတဲ့ စေတာ္ဘယ္ရီကိတ္ေလးေတာ့စားခ်င္တယ္”

“ဟုတ္ၿပီ အခန္းထဲသြားေနမလား ေမေမနဲ႕မီးဖိုထဲလိုက္ခဲ့မလား”

“ေမေမနဲ႕လိုက္ခဲ့မွာ တစ္ေယာက္တည္းမေနခ်င္ဘူး”

“အဲ့တာဆို ထ”

မနက္ခင္းတစ္ပိုင္းလုံး ေမေမ့ေနာက္လိုက္ရႈပ္ေနၿပီး ကိတ္ေလးရလာေတာ့မွ အခန္းထဲျပန္လာျဖစ္သည္။ပန္းခ်ီဆြဲတဲ့ စတူဒီယိုအခန္းထဲဝင္ၿပီး ဆြဲမည္ျပင္ေတာ့ စုတ္တံကိုင္ထားတဲ့လက္ေတြက ဘယ္ကစရမလဲမသိ။ပုံေဖာ္မရတဲ့တစ္စုံတစ္ေယာက္ရဲ႕သြင္ျပင္ကို သူေရးဆြဲခ်င္မိသည္။

စိတ္ကူးထဲပုံေဖာ္မရေသာ္လည္း လက္ေတြကအသားက်ေနသလိုမ်ိဳး စုတ္ခ်က္တစ္ခ်ိဳ႕အရာထင္ၿပီးၿပီ။မသိလွ်င္ အႀကိမ္ေပါင္းမ်ားစြာသူေရးဆြဲခဲ့ဖူးသလိုမ်ိဳး။မ်က္ခုံးထင္းထင္းတို႔အၿပီး မ်က္ဝန္းျပာတို႔အေရာက္ တစ္စုံတစ္ရာေပ်ာက္ဆုံးသြားသလိုမ်ိဳးသူ႕ရင္ထဲနင့္ခနဲ။

တုန္ယင္ေနတဲ့လက္ေခ်ာင္းေတြၾကား စုတ္တံကၾကမ္းျပင္ေပၚက်သည္။တလိမ့္လိမ့္စီးဆင္းလာတဲ့မ်က္ရည္ေတြက ႏွစ္သိမ့္မည္သူမရွိ၍ ပိုစိမ့္က်လာသလိုမ်ိဳး။ေဆးစပ္ျပားကိုခ်ကာ အိပ္ခန္းထဲေျပးဝင္ရင္း အိပ္ယာေပၚေမွာက္ရင္းငိုခ်မိသည္။

ေပ်ာက္ဆုံးသြားသည့္တစ္စုံတစ္ရာက ဝဲဘက္ရင္ဘတ္အျခမ္းႏွင့္သက္ဆိုင္ေနသလားမသိ နာက်င္လြန္းလို႔ အသံထြက္ငိုမိသည္အထိ။

အမွန္တကယ္ဆို ႏြေးေထြးမႈတင္မဟုတ္ဘဲ လုံၿခဳံမႈပါေပးနိုင္သည့္ရင္ခြင္က်ယ္ႀကီးထဲ တိုးဝင္ငိုေနရမွာလို႔ေတြးေနမိတဲ့မသိစိတ္ကိုလည္းနားမလည္။

………………..

“ဘာထူးေသးလဲ”

စမ္းသပ္ၿပီးပစၥည္းေတြသိမ္းေတာ့ တည္ၿငိမ္စြာပဲေမးလာတာမို႔ သက္ျပင္းခ်ရင္းျပန္ေျဖရသည္။

“အရင္လိုပဲအားလုံးေကာင္းတယ္ သတိရမလာေသးတာတစ္ခုပဲ”

“ကေလးေကာ”

“ကေလးလည္းအဆင္ေျပတယ္”

“တစ္ပါတ္ေတာင္ရွိေနၿပီ ဘာမွမထူးျခားေသးဘူးလား”

“ဒီအေျခေနမ်ိဳးဆိုတာက တစ္သတ္မတ္တည္းရွိတဲ့အေျခေနမဟုတ္လို႔ ပုံေသမေျပာ ရဲဘူး”

“ငါသိၿပီ”

မ်က္လႊာခ်သြားသည္က တကယ္နားလည္ရင္ေတာင္ လက္မခံနိုင္ေသးတာသိသာပါသည္။

“ကိုCean က်န္းမာေရးလည္းဂ႐ုစိုက္အုံး ကိုCeanပါလဲသြားလို႔မျဖစ္ဘူးေနာ္ လျခမ္းကမၾကာခင္သတိရလာမွာပါ”

“အြန္း”

စိတ္မပါသလိုအေျဖေပးကာ ကုတင္နားေရာက္သြားတာေၾကာင့္ သူတို႔အားလုံးအျပင္သာထြက္ျဖစ္ခဲ့သည္။

“႐ုတ္တရတ္ႀကီးဘယ္လိုျဖစ္ရတာပါလိမ့္ စျဖစ္တုန္းကသိပ္မယုံနိုင္ဘူး တစ္ရက္ႏွစ္ရက္ဆိုျပန္သတိရလာမွာပဲလို႔ထင္ေနတာ”

“တစ္ခါတစ္ေလမွာ လူေတြလက္မခံနိုင္ေလာက္ေအာင္အထိ ဆန္းၾကယ္မႈေတြရွိတတ္တယ္ အခုခ်ိန္အားလုံးဆုေတာင္းေပး႐ုံပဲတတ္နိုင္တယ္”

“ကိုသမုဒၵရာလည္းသနားပါတယ္ အရင္တစ္ခါျဖစ္ထားတာေတာင္မၾကာေသးဘူး အခုထပ္ျဖစ္ျပန္ၿပီ စိတ္ဓာတ္ႀကံ့ခိုင္လို႔သာခံသာေနတာေနမွာ”

“ေနာင္းညိုစိတ္မပူပါနဲ႕ Geoနဲ႕ကိုယ္နဲ႕ ကိုCeanနားမွာအၿမဲတမ္းအားေပးေနမွာပါ သူငယ္ခ်င္းျဖစ္သူအတြက္လည္း အရမ္းႀကီးစိုးရိမ္မေနပါနဲ႕ ကိုယ္တို႔အတတ္နိုင္ဆုံး ႀကိဳးစားေပးပါ့မယ္”

“ေက်းဇူးတင္ပါတယ္”

“တိမ္ေငြ႕ကေရာGeoနဲ႕အတူဒီမွာပဲေနမလား ျပည္နယ္ကိုျပန္အုံးမလား”

“အလုပ္ေတြခဏနားထားတယ္ ဒီမွာပဲေနလိုက္မယ္ လျခမ္းသတိမရေသးမခ်င္း အလုပ္ထဲလည္းစိတ္မပါေလာက္ဘူး”

“ok”

“ဒါနဲ႕ ကိုစက္ရိပ္လည္းမျမင္မိသလိုပဲ”

ေနာင္းညိုအေျပာမွာ သူမလုံမလဲႏွာေခါင္းပြတ္မိသည္။

“အာ သိပ္ေနမေကာင္းခ်င္လို႔ဆိုလို႔ ျပန္နားခိုင္းထားတယ္”

“ကြၽန္ေတာ္တစ္ခ်က္သြားၾကည့္လိုက္အုံးမယ္ အခုဘယ္မွာေနေနတာလဲ”

“ကိုယ့္အိမ္မွာခဏေခၚထားတယ္ ဒီမွာကလည္းလျခမ္းအေျခေနနဲ႕ဆိုေတာ့ ေနရတာအဆင္မေျပမွာဆိုးလို႔ ကိုယ္လျခမ္းအေျခေနကိုလာၾကည့္တိုင္းေခၚလာေပးလို႔ရတယ္ေလ”

“ေက်းဇူးတင္ပါတယ္ ကြၽန္ေတာ္နဲ႕တိမ္ေငြ႕ကလည္း လျခမ္းကိုစိတ္ပူေနတာနဲ႕ သိပ္ဂ႐ုမစိုက္မိဘူးျဖစ္သြားတယ္”

“ရပါတယ္ မင္းတို႔လည္းအရမ္းစိတ္ပူမေနဖို႔ေျပာခ်င္တယ္ အရင္တစ္ခါအရမ္းဆိုး႐ြားတဲ့အေျခအေနကေတာင္လြတ္ေျမာက္လာေသးတာပဲ လျခမ္းကကံေကာင္းမွာပါ”

“အဲ့တာဆိုကြၽန္ေတာ္တို႔ျပန္အုံးမယ္ မနက္ျဖန္မွထပ္လာၾကည့္မယ္ ဒီၾကားထဲတစ္ခုခုထူးျခားရင္လည္းကြၽန္ေတာ္တို႔ကိုဆက္သြယ္လိုက္ပါ”

“ေကာင္းပါၿပီ”

“ေနာင္းညို companyကိုလိုက္အုံးမလား”

“မလိုက္ေတာ့ဘူး အေဖခိုင္းထားတာေလးရွိလို႔”

“မင္း… ကိုေက်ာက္စက္နဲ႕ျပႆနာျဖစ္ထားတာလား”

တိမ္ေငြ႕ကမသက္ာသလိုေမးလာတာမို႔ မ်က္ႏွာလႊဲကာေျဖမိသည္။

“မဟုတ္ပါဘူး”

“မသိပါဘူး မင္းအစကcompanyနဲ႕ကိုေက်ာက္စက္အိမ္ပဲလည္ပတ္ေနတာမို႔ေလ အခုတစ္ေလာအလုပ္လည္းမရႈပ္ဘဲနဲ႕ companyကိုလည္းမလာ ကိုေက်ာက္စက္ကလည္းမင္းအေၾကာင္းမေမးလို႔ ျပႆနာမ်ားျဖစ္ထားတာလားလို႔”

“မျဖစ္ပါဘူးကြာ အေဖကအသက္ႀကီးေနၿပီေလ အရင္လိုစိတ္သြားတိုင္းကိုယ္မပါေတာ့တာမလို႔ အေဖ့အလုပ္ေတြကိုကူေပးေနရတာ သိပ္မၾကာခင္ပင္စင္ယူေတာ့မွာဆိုေတာ့ျပင္ပအလုပ္ေတြကိုပဲဦးေဆာင္ေတာ့မွာေလ အဲ့တာငါပါလိုက္ကူေပးေနရတာ”

“အဆင္ေျပတယ္ဆိုလည္းၿပီးတာပါပဲ ငါတို႔သြားၿပီ”

“ok”

Geoေမာင္းတဲ့ကားထဲပါသြားတဲ့တိမ္ေငြ႕ကိုၾကည့္ရင္း သူၿပဳံးျဖစ္သြားသည္။ျမႇားနတ္ေမာင္က်ီစယ္ေတာ့လည္း ဘယ္လူသားကခံနိုင္ရိုးလဲေလ။

ေရာက္ေနက်လမ္းမက်ယ္ႀကီးေပၚကားကိုေလလိုေမာင္းပစ္သည္။လျခမ္းအေၾကာင္းေတြးမိတိုင္းရင္ဘတ္တစ္ခုလုံးခဲႏွင့္ဖိထားခံရသလိုမ်ိဳး ေလးလံေနပါသည္။

ျပန္ေတြးၾကည့္တိုင္းအိမ္မက္ေတြလိုဝိုးတဝါး။ပုံျပင္ဆန္သလိုခံစားရၿပီး အစစ္အမွန္မဟုတ္သလိုခံစားခ်က္ႀကီးက ဘာရယ္ေၾကာင့္မွန္းမသိ။

အခ်ိန္မေ႐ြးေပ်ာက္ကြယ္သြားနိုင္သည့္ပုံရိပ္ေယာင္တစ္ခုလို အခ်ိန္မေ႐ြးနိုးထလာရမည့္အိမ္မက္တစ္ခုလို သူ႕စိတ္ထဲခံစားေနမိတာ။
အေတြးလြန္ေနျခင္းျဖစ္ဖို႔သာသူဆုေတာင္းမိသည္။

ကားေလးအရွိန္ႏွင့္ျဖတ္သြားတိုင္း လမ္းေဘးျမက္ရိုင္းေတြကယိမ္းႏြဲ႕ကုန္သည္။ဦးတည္ရာမဲ့ေလွ်ာက္ေမာင္းေနရင္း အိမ္ဘက္ကိုသာျပန္လွည့္ျဖစ္သည္။ဟိုလူေျပာသလို သူဆန္ကုန္ေျမေလးမွမဟုတ္တာ။အေဖ့အလုပ္ေတြကိုဦးေဆာင္ၿပီး သူ႕ေရွ႕မွာရင္ေကာ့ေခါင္းေမာ့ကာ ေခ်မိဳးျပရအုံးမည္မဟုတ္လား။

##################

ၿငိမ္း🌞🌻

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၄, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၄, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၄ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၄ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၄ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၄ light novel, ,

Comment

Leave a Reply

Chapter 45