Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၅

A+ A-

မျက်လွှာတွေပိတ်ထားသူကိုသူထိုင်ငေးရင်း အပြင်လောကကိုဥပေက္ခါပြုထားတာ တစ်လပြည့်တော့မည်။သက်ဆိုင်သူလေးကတော့ဂရုမစိုက်သလို မျက်တောင်လေးတောင်ပင့်ကြည့်မလာခဲ့။

အပြင်မှာဖွဲနေတဲ့မိုးတွေကြား သူကြိုက်တဲ့စံပယ်တွေဖွေးနေအောင်ပွင့်သင့်ပေမယ့် ယခုချိန်ထိအဖူးမရှိသေးတာအံ့ဩဖွယ်။သူလေးမျက်ဝန်းမှိတ်နေလို့များ စံပယ်တွေပါအိပ်စက်ကုန်သလားမသိ။

အသံလေးလွမ်းဆွတ်လို့တောင်ကြားခွင့်မရှိတဲ့အခြေအနေမှာ သွင်းယူခဲ့တဲ့အသံဖိုင်တွေသာ သူ့အတွက်အနာသက်သာဆေးလို။ကျဖို့မျက်ရည်တွေတောင်ခမ်းခြောက်နေသည်အထိ ညတိုင်းခိုးကျနေရတဲ့မျက်ရည်တွေကိုသူမသိ။

ကိုယ်အရမ်းအလိုလိုက်ခဲ့လို့များ ဆိုးသွမ်းနေသလားငယ်။ပြန်လာဖို့လမ်းမမှတ်မိလို့များ ခုထိရောက်မလာသေးတာလား။ဒါမှမဟုတ် ကိုယ်ဆိုတဲ့ဖြစ်တည်မှုကိုများ မေ့လျော့ပစ်တာလား။

ဟိုတစ်ယောက်ပြောခဲ့သလို သူဖန်တီးတဲ့နောက်ကမ္ဘာမှာ နောက်တစ်ကြိမ်များကိုယ်နဲ့ပြန်ဆုံနေပြီလား။

မဖြစ်နိုင်လိုက်တာ။ကိုယ်ဆိုတာဘယ်အခြေနေမှာပဲဖြစ်ဖြစ် ငယ့်ကိုပဲချစ်မှာသေချာနေပြီးသား။အကယ်၍အမုန်းတွေနဲ့သာဇာတ်သိမ်းရမယ်ဆိုရင်တောင် မင်းကိုအပိုင်သိမ်းထားမိအုံးမှာ။

မသေချာခြင်းတွေနဲ့တည်ဆောက်ထားတဲ့ လူ့ကံကြမ္မာတွေထဲမှာ ငယ့်ကိုပဲချစ်မိမှာဆိုတဲ့သေချာခြင်းကိုတော့ အသက်နဲ့ရင်းပြီးကျိန်ပြောရဲတယ်ငယ်။ကိုယ့်မှာပါလာတဲ့နှလုံးသားကိုက ငယ့်အတွက်ထွင်းထုထားတဲ့သီးသန့်ဖြစ်တည်မှုတစ်ခုမလို့ပဲ။

ဒီခန္ဓာမဟုတ်ခဲ့ရင်တောင် ငယ့်ဝိဥာဥ်သာဖြစ်နေသ၍ကိုယ်မြတ်နိုးမိနေအုံးမှာပဲ။

ရှည်နေတဲ့လက်သည်းလေးတွေကိုဂရုတစိုက်ညှပ်ပေးပြီး Hand creamလိမ်းပေးမိသည်။

“ငယ်ကိုယ့်ကိုမလွမ်းဘူးလားကွာ ငယ့်ကိုဒီလိုဂရုစိုက်ပေးနိုင်တာကိုကိုတစ်ယောက်ပဲရှိတာ အဲ့တာကြောင့်အတားအဆီးသေးသေးလေးတွေရှိနေရင်တောင် ဖြတ်ကျော်ခဲ့လို့မရဘူးလား ပြီးရင်ကိုကိုကအများကြီးချစ်ပေးမှာလေ”

“……………”

“ငယ်အိပ်နေတာတစ်လတောင်ရှိပြီ ငယ့်ဗိုက်ထဲကကလေးလေးက ငယ့်စကားသံတွေလွမ်းနေပြီတဲ့ ငယ်အဲ့လိုဆက်အိပ်နေရင် ကလေးလေးကစိတ်မကောင်းဖြစ်နေတော့မှာ ငယ်ကသူ့ကိုမချစ်ဖူးလို့ထင်နေမှာမကြောက် ဘူးလား”

“……………..”

“ဒါမှမဟုတ် ငယ်ကအဲ့မှာပျော်နေတာလားဟင် ချစ်ပေးမယ့်မိဘတွေရှိလို့ပျော်နေတာလား ငယ်ကိုယ်တိုင်မိဘဖြစ်ရမှာထက် မိဘတွေရှိတဲ့အရပ်မှာပဲနေချင်တာလား”

“……………..”

“ကိုကို့ကိုရောမသနားဘူးလား ငယ့်ဖယ်ရိုမုန်းနံ့လေးတောင်မရတဲ့နေရာမှာကိုကိုအရမ်းနာကျင်နေရတယ်ငယ်ရဲ့ ဒါမှမဟုတ်ကိုယ့်ကိုအပြစ်ပေးနေတာလား အရင်တုန်းကစံပယ်ရနံ့တွေသိပ်မုန်းခဲ့လို့အခုပန်းတွေကိုပါမပွင့်စေတော့တာလား”

“………………”

“ငယ်သာပြန်မလာဘူးဆိုကိုကိုရူးတော့မှာငယ်ရဲ့ ငယ်မရှိတဲ့အရပ်မှာဘာကလေးမှလည်းမလိုချင်သလိုဘယ်သူ့ကိုမှလည်းမမြင်ချင်ဘူး ကိုကို့ကိုရူးမသွားစေချင်ရင်မြန်မြန်ပြန်လာခဲ့ပါတော့ငယ်”

လက်ဖမိုးလေးကိုတဖွဖွနမ်းရင်း သူစကားတွေဆိုနေပေမယ့် ငယ်ကတော့နေနိုင်လိုက်တာ။တကယ်ကိုရူးတော့မှာ။

ဘေးခုံပေါ်တင်ထားတဲ့ ဖုန်းထဲကRecorder လေးကိုခလုတ်ဖွင့်မိသည်။ထွက်လာတဲ့အသံသေးသေးလေးက လွမ်းဆွတ်ခြင်းကိုပြေပျောက်စေသလား အလွမ်းထုထည်ကိုပိုသိပ်သည်းလာစေသလားမပြောတတ်တော့

“ကိုကို့”

“ဗျ”

“ငယ်ဘာပုံဆွဲရမလဲမသိတော့ဘူး”

“ကိုကို့ပုံဆွဲပေးလေ”

“အမ်”

“ငယ်ကမဆွဲပေးချင်ဘူးလား”

“………………”

“ကိုကိုကအဲ့လောက်တောင်အရေးမပါဘူးပေါ့”

“မဟုတ်ပါဘူး ငယ်ငယ်ကဒီအတိုင်း”

“အင်း ဒီအတိုင်းဘာဖြစ်လဲ”

“စဥ်းစားမိသွားတာတစ်ခုရှိလို့…. ဆွဲပေးမယ်လေ”

“ကိုယ်ကစတာပါငယ်ရဲ့ ငယ်အဆင်ပြေတာကိုဆွဲလို့ရတယ်”

“ဟင့်အင်းဆွဲပေးမှာ ဒါပေမယ့်ကိုကိုကငယ့်ကိုတစ်ခုပြန်လုပ်ပေးရမယ်”

“ဘာလဲပြောပါအုံး”

“ငယ်ကကိုကို့ပန်းချီကားတစ်ခုဆွဲပေးရင် ကိုကိုကငယ့်ကိုအသီး​တစ်ခြံစိုက်ပေးရမယ်”

“စီးပွားရေးသမားလေးကတော့ အိမ်ထောင်ဦးစီးဆီကပါအမြတ်ထုတ်ဖို့ကြံနေပြန်ပါပြီကွာ”

“အဲ့တော့မရဘူးလား”

“မဟုတ်ရပါဘူးဗျာ ငယ်သာလိုချင်ရင်ရှိသမျှသစ်သီးခြံတွေကိုယ်အားလုံးဝယ်ပေးပစ်မှာ ငယ်အပင်ပန်းခံစရာတောင်မလိုဘူး လိုချင်တာကိုသာလက်ညှိုးထိုးလိုက်”

“အဲ့လိုမလိုချင်ပါဘူးနော် ငယ်ငယ်ကအမှတ်တရဖြစ်စေချင်လို့ ငယ်ကအများကြီးလိုချင်တာမလို့ကိုကို့ပန်းချီကားတွေကိုလည်းအများကြီးဆွဲပေးမှာ ပြီးတော့သစ်သီးတွေကိုလည်းကိုကို့ခြံထဲမှာပဲစိုက်ပေးရမှာ”

“သဘောပါဗျာ အဲ့တာဆိုပြောပါအုံးကိုကိုကမော်ဒယ်လုပ်ပေးရအုံးမလား ပုံကြည့်ဆွဲမလား”

“မလိုဘူး ငယ်ငယ်မှတ်မိတယ်”

“ဟမ်”

“ကိုကို့ခေါင်းစခြေဆုံးမှတ်မိပါတယ်ဆို မျက်တောင်မွှေးတစ်ပင်ဆီကအစမှတ်မိတယ် ငယ်ငယ်ကဥာဏ်ကောင်းတယ်မလား”

“ဒါပေါ့ ကိုကို့အိမ်သားလေးကအရမ်းဥာဏ်ကောင်းတာပဲ ပြွတ်စ်”

“ဟီးဟီး…”

ရယ်သံတွေစွန်းနေတဲ့အမှတ်တရလေးကိုပိတ်ရင်း သူလည်းမျက်ဝန်းတွေမှိတ်မိသည်။အိမ်မက်တွေထဲမှာလိုက်ရှာရင်း တွေ့မိခဲ့ရင်အိမ်ပြန်လာဖို့လမ်းပြပေးရအုံးမယ်မဟုတ်လား…..
.

……………

“သားငယ်ဘာလုပ်နေတာလဲ”

“ဘာမှမလုပ်ပါဘူး အဖေဒီနေ့ပြန်လာတာစောလိုက်တာ”

“မင်းအမေကော ဒီမှာဧည့်သည်ပါတယ် ကော်ဖီလေးဘာလေးလုပ်ခိုင်းရအောင်”

“တော်ပါပြီဦးလေး”

“ဘာတော်တာတုန်း လာထိုင်”

ဧည့်ခန်းထဲဝင်လာတဲ့လူကိုကြည့်ရင်းသူ့မျက်ခုံးတွေတွန့်ကွေးကုန်သည်။မတွေ့တာကြာတဲ့သူတွေဆိုပေမယ့် ပြောစရာလည်းမရှိသလိုနှုတ်လည်းမဆက်ချင်။

“ကျွန်တော်အမေ့ကိုသွားရှာလိုက်အုံးမယ်”

ပြောခဲ့ပြီးမီးဖိုခန်းရှိရာဘက်ဆီထွက်ခဲ့လိုက်သည်။အဖေပြောတဲ့ယခုလက်ရှိစပ်တူလုပ်ငန်းထူထောင်မလို့ဆိုတာ ထိုလူနှင့်ဖြစ်လိမ့်မည်ဟုမတွေးဖြစ်ခဲ့တာတော့အမှန်။ဘာပဲဖြစ်ဖြစ်ပေါ့ သူကတော့အဲ့လူနှင့်လက်တွဲလုပ်ဖို့ဆိုတာမဖြစ်နိုင်။ဖေဖေ့ဘာသာဦးစီးလိမ့်မည်ပေါ့။

“သားငယ်ဘာစားချင်လို့လဲ မင်းအဖေကားသံကြားတယ်ပြန်ရောက်နေပြီမလား”

“ဟုတ် ပြီးတော့ဧည့်သည်လည်းပါလာတယ် အဲ့တာကော်ဖီလေးမုန့်လေးလုပ်ပေးပါအုံးတဲ့”

“ဟုတ်လား ဘယ်နှယောက်လဲသား”

“တစ်ယောက်တည်းပဲ”

“သားကဘယ်သွားမလို့လဲ ပြီးရင်ထမင်းစားတော့မှာ ဧည့်သည်အတွက်ပါတစ်ခါတည်းပြင်လိုက်မယ်”

“သားသူငယ်ချင်းတွေဖုန်းဆက်လာလို့ အပြင်ခဏထွက်မလို့ အိမ်ပြန်နောက်မကျစေရဘူးအမေ”

“အေးအေးသွားလေ သားလည်းအခုတစ်လောအလုပ်တွေနဲ့လုံးလည်လိုက်နေတာ နားချိန်တောင်သိပ်မရှိဘူး ဒါနဲ့လခြမ်းလေးအခြေအနေကော”

အလုပ်ကိုဇယ်ဆက်သလိုလုပ်ရင်း ပါးစပ်ကလည်းအပြောမပြတ်။

“အရင်အတိုင်းပဲအမေ အားလုံးအဆင်ပြေတယ် သတိမရသေးတာတစ်ခုပဲ”

“မေမေလည်းသွားကြည့်ချင်တာ မောင်သမုဒ္ဒရာကိုအားနာနေလို့ သူဒီအချိန်သူစိမ်းတွေကိုလက်ခံချင်မှာမဟုတ်ဘူး စိတ်အနှောင့်အယှက်ဖြစ်နေမှာလည်းစိုးတယ် သားကပဲနေ့တိုင်းသွားကြည့်ပေးပါအုံး”

“ဟုတ်ကဲ့အမေ အဲ့တာဆိုသားသွားတော့မယ်”

“အေးအေး ဒီဗန်းလေးဧည့်သည်ဆီအရင်ယူသွားပေးပါလား အမေသစ်သီးလေးလှီးလိုက်အုံးမယ်”

“ဟုတ်ကဲ့”

အမေ့ကိုပြန်မငြင်းတော့ဘဲ ကော်ဖီနှင့်မုန့်ထည့်ထားသည့်ဗန်းအားကိုင်ကာဧည့်ခန်းထဲထွက်လိုက်သည်။အဖေကတော့ဟိုလူနှင့် စကားလက်ဆုံကြနေတာ ရယ်ရယ်မောမောနှင့်။

“ဟုတ်တယ်ကွ သူအခုတစ်လောအရမ်းတွေအိမ်မြဲနေတာ ဦးအလုပ်တွေသူပဲဦးစီးပေးနေတာဆိုတော့ ကျန်းမာရေးလိုက်စားချိန်ရနေတာပေါ့ကွာ”

ဂုဏ်ယူနေတဲ့အဖေ့အသံနောက် ဟိုလူ့အကြည့်ကသူ့ဆီရောက်လာလေသည်။မျက်ဝန်းထဲကအရိပ်တွေမတွေ့ရသေးခင်သူမျက်နှာလွှဲလိုက်မိသည်။

“ဪ သားငယ်အတော်ပဲ မောင်ကျောက်စက်နဲ့အခုလေးတင်မင်းအကြောင်းပြောနေတာ သူကအခုအဖေလုပ်မဲ့ပရောဂျက်မှာရင်းနှီးမြှပ်နှံသူလေ မင်းနဲ့လည်းရင်းနှီးပြီးသားထင်လို့ အဖေလက်ခံလိုက်တာ”

“ဟုတ် အဖေအခုသားအပြင်ခဏလေးထွက်မလို့ အမေ့ကိုတော့ပြောပြီးသားစောစောပြန်ရောက်မှာပါ မတွေ့တာကြာနေတဲ့သူငယ်ချင်းကဖုန်းဆက်လာလို့သွားတွေ့မလို့”

“သွားလေသား မင်းလည်းဦးနှောက်ဆေးချိန်လေးတော့ယူရအုံးမှာပေါ့ ခုတစ်လောအလုပ်တွေပိနေတာကို နည်းနည်းလောက်နောက်ကျလည်းရတယ် အပြင်မှာဝအောင်ပျော်ခဲ့ သုံးဖို့ရှိသေးလား”

“ရှိသေးတယ်အဖေ အဲ့ဒါဆိုသားသွားတော့မယ်နော်”

“အေးအေး ကားလည်းသတိထားမောင်းအုံး မိုးရွာလောက်တယ်”

“ဟုတ်”

ကားသော့ဆွဲကာထွက်လာသည်အထိ ဟိုလူကိုလှည့်မကြည့်မိ။သူသိပြီးသား အလေလိုက်နေတယ်ဆိုတဲ့အထင်သေးတဲ့အကြည့်တွေပဲလက်ခံရမယ်ဆိုတာ။

ညနေခင်းနေရောင်ဖျော့ဖျော့ကြား မိုးဖွဲတွေတဖွားဖွားကြွေနေတာမို့ ရောင်စဥ်တစ်ချို့ကလင်းကနဲလက်ကနဲ။ကောင်းကင်ပြင်မှာ တိမ်ညိုတစ်ချို့နေရာယူနေပြီမို့ ခနအတွင်းမိုးသည်းလောက်သည်။

ထွက်လာဖို့ပေးခဲ့တဲ့အကြောင်းပြချက်တွေမို့ ဘယ်သွားရမလဲမဆုံးဖြတ်ရသေးသလို မည်သူ့အားတွေ့ရမည်ကိုလဲမတွေးတောခဲ့။ရောက်ရာပေါက်ရာမှာအချိန်ခဏဖြုန်းဖို့တွေးရင်း အသေးစားBarတစ်ခုတွေ့တာမို့ကားထိုးရပ်လိုက်သည်။

သပ်သပ်ရပ်ရပ်လေးနှင့် Privacy လည်းကောင်းမည့်ပုံ။ဝင်ပေါက်ကဝန်ထမ်းလေးကိုIDကဒ်ပြပြီးအထဲဘက်ဆီလျှောက်ခဲ့တော့ အမှောင်ယံထဲလင်းလဲ့နေတဲ့မီးရောင်စုံတွေကြား အတွဲကိုယ်စီကသူ့နေရာနှင့်သူ။စင်ပေါ်မှာDJနဲ့ကနေသူတွေလည်းသိပ်မနည်း။

Barကောင်တာဆီသို့သွားကာ ကော့တေးတစ်ခွက်မှာမိသည်။သိပ်လည်းပြင်းပြင်းမသောက်ချင်။ကိုယ်မကျွမ်းကျင်တဲ့နယ်မြေမှာ အဖော်လည်းမပါသည့်အပြင် အမူးသောက်ဖို့လာခဲ့တာမဟုတ်လို့ပင်။ဒီအတိုင်းအချိန်ဖြုန်းဖို့နေရာလေးတစ်ခုရှာရုံပဲမို့ စူးစမ်းလေ့လာရုံလောက်နှင့်အဆင်ပြေပါသည်။

အပြာရောင်လဲ့လဲ့ခွက်လေးနှင့်အတူ လက်ဖြူဖြူလေးတစ်ဖက်ကသူ့မျက်နှာရှေ့ရောက်လာလေသည်။

“အစ်ကိုမှာထားတာ”

“ကျေးဇူး”

“Acacia ဟုတ်တယ်ဟုတ်”

ဘေးခုံမှာဝင်ထိုင်ပြီး သူ့ကိုမေးလာသူကသူစိမ်းAlphaတစ်ယောက်။အရပ်မြင့်မြင့် မျက်နှာလေးထောင့်နှင့် ယောကျ်ားပီသသူမို့ အမှတ်အနည်းငယ်ပေးမိသော်လည်း အသိမဟုတ်၍သိပ်မရောချင်။

“Yes”

“ဒီလိုနေရာလေးကို မျက်စိလည်ပြီးများရောက်လာသလား”

သူမျက်ခုံးတစ်ဖက်ပင့်ကာကြည့်လိုက်တော့ အပြုံးတစ်ပွင့်ပေးရင်း Bartenderလေးကိုဝီစကီမှာနေတာ။ဟိုကောင်လေးကသူ့ကိုတစ်ချက်ခိုးကြည့်ကာ ဟိုလူမှာတာသွားယူပေးလေသည်။

“ခါတိုင်း ကိုယ်ပိုင်ClubတွေBarတွေမှာ အလှလေးတွေနဲ့တွေ့နေကျဆိုတော့ ခုလိုသေးသိမ်တဲ့ပတ်ဝန်းကျင်မှာ တစ်ကိုယ်တည်းမြင်နေရတာထူးဆန်းနေလို့ပါ”

“ဒါပုံမှန်ပါဘဲ ခင်ဗျားကအထူးအဆန်းလုပ်နေလို့ပါ ဘယ်နေရာကိုမှဘယ်သူနဲ့မှဆိုတဲ့ ဇီဇာကြောင်မှုတွေကိုယ့်မှာမရှိဘူး စိတ်အခြေနေပေါ်လိုက်ပြီး အဆင်ပြေတဲ့နေရာမှာသင့်တော်သလိုနေတတ်ပါတယ်”

“မင်းကကိုယ်ထင်ထားတာနဲ့အနည်းငယ်ကွဲပြားပုံပဲ”

“ဖြစ်နိုင်ပါတယ် ကျွန်တော်နဲ့ရင်းနှီးသူတစ်ချို့တောင်ကျွန်တော့အကြောင်းအကုန်မသိကြဘူး”

“ကိုယ်မင်းရဲ့မိတ်ဆွေဖြစ်ခွင့်ရှိမလား”

“ဒီလိုနေရာမျိုးမှာဖြစ်သလိုတော်လိုက်ရတဲ့မိတ်ဆွေဆိုတာ သိပ်တော့မလေးနက်သလိုပဲဗျ ဖြစ်နိုင်ရင်ငြင်းလို့ရမလား”

“အဲ့တာဆို ဘယ်လိုနေရာမျိုးမှာတွေ့ဆုံရင် ဆက်ဆံရေးတွေလေးနက်နိုင်သလဲ”

“ဘုန်းကြီးကျောင်းလိုနေရာမျိုးဆိုရင်တော့လေးနက်နိုင်ပါတယ်”

“ဟားဟား…. မင်းကဟာသတွေလည်းပြောတတ်တာပဲ”

“ကျွန်တော်အတည်ပြောနေတာကို ခင်ဗျားဟာသတစ်ခုလို့မြင်လိုက်ကတည်းက ကျွန်တော်တို့အမြင်မတူကြပုံရတယ် အဲ့လိုဆက်ဆံရေးတွေကမိတ်ဆွေဖြစ်ဖို့မသင့်တော်တာသေချာတယ်”

“ဆိုတော့ ကိုယ့်ကိုငြင်းတယ်ဆိုတဲ့သဘောပေါ့”

“ခင်ဗျားပုံကြည့်ရတာ ရှင်းလင်းနေတဲ့ဝါကျတစ်ကြောင်းကိုအနက်ဖွင့်ပေးရလောက်အောင်အထိ မတုံးအဘူးလို့တော့ခံစားရတာပဲ”

“ဘာလို့လဲဆိုတဲ့အကြောင်းပြချက်တော့သိခွင့်ရှိတယ်မလား”

“အကြောင်းပြချက်ဆိုတာ ကိုယ့်အမှားကိုအခြားသူတွေအပြစ်မယူနိုင်အောင်ပေးတဲ့ဆင်ခြေသက်သက်ပဲ ကျွန်တော်ကတော့ Yes or Noပဲ WhyတွေBecauseတွေဆိုတာလိုကိုမလိုတာ ခင်ဗျားမေးလာလို့ဆင်ခြေတော့ပေးလိုက်မယ် တစ်ခါမှမသိဘူးတဲ့လူတစ်ယောက်က ကိုယ့်အကြောင်းကိုသိနေပြီး တစ်ယောက်တည်းရှိနေချိန်လာရောတယ်ဆိုကတည်းကကျွန်တော်မကြိုက်လို့”

“အဲ့တော့ပြောချင်တာက ဇယားလေးတွေနဲ့ရှိနေချိန်တော့လာရော…”

“wait wait သူတစ်ပါးသားသမီးကို ကိုယ့်ပါးစပ်ထဲအရသာတွေ့သလိုမခေါ်ပါနဲ့ ကျွန်တော်တွဲခဲ့တဲ့ Omegaတွေတိုင်းက သူတို့မိဘတွေရဲ့အဖိုးတန်လေးတွေ ဒီလိုပြောတာကိုယ့်သိက္ခာကြောင့်မဟုတ်ဘူး ကိုယ်ထည်လဲတွဲခဲ့တာမှန်ပေမယ့် အကျိုးလိုလို့ညောင်ရေလောင်းတာတွေမပါခဲ့သလို သူတို့ကလည်းဆင်ဖြူတော်မှီပြီးကြံစုပ်မဲ့သူတွေမဟုတ်လို့ဘဲ လူငယ်သဘာဝအီစီကလီတွေပြောပြီးအချိန်ဖြုန်းဖို့ ကိုယ်စိတ်ညစ်နေချိန်သူ့ကြောင့်စိတ်သက်သာရာရစေဖို့ဆိုတဲ့ အတွေးတွေနဲ့တွဲခဲ့တာမလို့ ခင်ဗျားတွဲခဲ့ဖူးတဲ့ဆက်ဆံရေးတွေလိုမျိုး ကျွန်တော့အတိတ်လေးတွေကိုမသုံးနှုန်းပါနဲ့ကျွန်တော်မကြိုက်ဘူး”

“ဝိုးးးးးစကားလုံးတွေကြွယ်ဝတယ်နော် ဒါကြောင့်လည်းအလှလေးတွေကရွှေလက်တွဲတာမြဲချင်တယ်ထင်တာပဲ”

“ကျွန်တော့်အထင် ကျွန်တော်တို့နှစ်ယောက်ကအမြင်တွေကွဲလွဲပုံရတယ် ဆက်ပြီးစကားပြောဖို့ရာအတွက်အခက်အခဲတွေရှိနေနိုင်တာမို့ ကိုယ့်စည်းနဲ့ကိုယ်နေကြရအောင်”

“ဒါကကိုယ်ပိုင်တဲ့ Barလေ”

“အဲ့တော့ကျွန်တော်ကထွက်သွားပေးရမယ်ပေါ့ မနေနိုင်လို့ပြောလိုက်အုံးမယ်ဗျ စီးပွားရေးလုပ်တဲ့နေရာမှာပုဂ္ဂိုလ်ရေးတွေပါလာရင် သိပ်လူကြီးလူကောင်းမဆန်သေးဘူးလို့ပြောချင်တယ်”

“ကိုယ်ကဘာပြောနေလို့လဲ နောက်လည်းလမ်းကြုံလာနိုင်ပါတယ်လို့ဖိတ်မလို့ပါ အတွေးတွေမများပါနဲ့ကိုယ်အဲ့လောက်ကလေးမဆန်ပါဘူး”

“ကျွန်တော်ကတော့ ကလေးဆန်တာထက် ယောကျ်ားမဆန်တာကိုပိုမုန်းတယ် အပေါ်ယံပြုံးပြပြီးနောက်ကွယ်မှာဓားဖွက်ထားတဲ့သူမျိုးတွေကိုလေ”

“စွပ်စွဲလိုက်တာကွာ ကိုယ့်ကိုအဲ့လောက်မုန်းနေတာလား”

“No သက်သေမရှိဘဲစွပ်စွဲရအောင် ပင်ထနောင်းညိုကအရူးမှမဟုတ်တာ”

“ဒါဆိုဘာလို့ကိုယ့်ကိုစကားလုံးတွေနဲ့လှောင်နေတာလဲ”

“ခင်ဗျားသောက်ပြလေ”

လက်ထဲကကော့တေးခွက်ကို သူ့ဘက်တွန်းပို့လိုက်တော့ မျက်ခုံးတစ်ဖက်ပင့်ကာအံ့ဩသလိုကြည့်လာလေသည်။

“မင်းစိတ်ထင်….”

“ပင်ထနောင်းညို”

လက်ထဲကခွက်အစား သူ့လက်ကောက်ဝတ်နားကပ်လာတဲ့လက်တစ်ဖက်က စိမ်းသက်တဲ့စူးရှရှခေါ်သံအောက်မှာတုန့်ခနဲ။သီချင်းသံတွေနှင့်စကားသံတွေပါရပ်ကုန်ကာ သူတို့ဆီအကြည့်တွေဦးတည်လာလေသည်။

“ကိုကျောက်စက်နေရောင် ထူးထူးခြားခြားလမ်းများမှားလာသလား”

ထိုလူကထိုင်ရာကထရပ်ကာ အခန်းအလယ်မှာရပ်နေသူကိုခရီးဦးကြိုနှုတ်ဆက်နေပေမယ့် ကာယကံရှင်ရဲ့အကြည့်စူးစူးတွေကတော့ သူ့ကိုယ်ပေါ်မှာကျောက်ချထားလေသည်။သူဂရုမစိုက်ဟန် ဘားကောင်တာဘက်ပြန်လှည့်ကာ လက်ထဲကခွက်နှင့်ကစားနေလိုက်သည်။

စူးစမ်းနေသူတွေကြောင့်ငြိမ်သက်နေတဲ့အခန်းထဲ အနားသို့လျှောက်လာတဲ့ခြေသံကျယ်တွေကြားရပြီး သူ့ဘေးနားရောက်လာတဲ့ရေခဲလိုအရှိန်အဝါတစ်ခု။

“ထ…ပြန်မယ်”

“…………….”

“ပင်ထနောင်းညိုမဆိုးစမ်းနဲ့ ဦးလေးခေါ်ခိုင်းလိုက်တာစီးပွားရေးအကြောင်းဆွေးနွေးမလို့”

“ကျစ် အိမ်မှာတစ်ခါတည်းပြီးအောင်ဆွေးနွေးခဲ့တာမဟုတ်ဘူး”

“ထ”

လက်ထဲကခွက်ကိုဆွဲလုကာဘေးကိုချလိုက်ပြီး လက်မောင်းမှဆောင့်ဆွဲခေါ်နေတာမို့ရုန်းလိုက်မိသည်။

“ကျွန်တော့ဘာသာထမယ် လက်ကိုလွှတ်”

မကြားချင်ယောင်ဆောင်ကာ လက်ကိုအတင်းဆွဲနေတာမို့ဒေါသတွေထွက်လာရသည်။ဒီလူတော်တော်များနေပြီ။

“ကျွန်တော်ပိုက်ဆံမရှင်းရသေးဘူး”

“ရပါတယ်မရှင်းနေ…”

“ရော့ ပိုတာပြန်မအမ်းနဲ့”

ဟိုလူ့ရဲ့ငြင်းဆိုသံမဆုံးခင် ပစ်ပေါက်လိုက်တဲ့အတန်ကြီးတွေနဲ့အတူ လူကိုအခန်းပြင်ဆီသာဆွဲခေါ်လာလေသည်။ကားပါကင်အရောက်သူ့ကားဆီဆွဲခေါ်နေတာမလို့ အတင်းရုန်းရသည်။

“ကျွန်တော့်မှာကားပါတယ်”

“ပါးစပ်ကိုပိတ်ထား”

ဒေါသအပြည့်နှင့်ပြောလာသံကြောင့် သူ့တစ်ကိုယ်လုံးကြုံ့ခနဲ။မသိလျှင်သူအပြစ်လုပ်ထားမိသလိုမျိုး စကားတွေနဲ့တောင်မချေပနိုင်တော့။ကားနောက်ခန်းထဲဆွဲခေါ်ထည့်ခံရပြီး သူပါလိုက်ဝင်ကာတံခါးလော့ချလိုက်လေသည်။

“စောနပြောတဲ့နေရာကိုမောင်း”

ရှေ့ခန်းထဲက driverကိုပြောပြီး လည်ပင်းနက်ခ်တိုင်ကိုလျှော့ကာ အသက်ပြင်းပြင်းရှူနေလေသည်။ဒေါသအငွေ့အသက်တွေကတစ်ကိုယ်လုံးလွှမ်းခြုံနေတာမလို့ ဘေးတံခါးဘက်ဆီကပ်ကာ ခပ်ကျုံ့ကျုံ့လေးထိုင်နေမိသည်။

အဲ့တင်းနေတဲ့မေးရိုး စူးရဲနေတဲ့မျက်လုံး တည်တင်းနေတဲ့နှုတ်ခမ်းတွေက အချိန်မရွေးပေါက်ကွဲနိုင်တဲ့ချိန်ကိုက်ဗုံးတစ်လုံးလို။ဘယ်သူ့ကြောင့်ပဲဒေါသထွက်ထွက် သူကတော့စက်ကွင်းမမိချင်ပါဘူးနော်။အဖေနှင့်တွေ့တဲ့အချိန်ရောက်ရင်တော့ သူ့ဒေါသတွေပြေရင်ပြေလောက်မှာပါ။

ကားတွင်းလေထုကအေးစိမ့်နေတာမို့ လက်ပိုက်ပြီးသာငြိမ်နေလိုက်ရသည်။မိုးရေတွေကြား တရိပ်ရိပ်ပြေးနေတဲ့ကားလေးရဲ့ဦးတည်ရာကိုမသိပေမယ့် အတွန့်မတက်ရဲ သူ့ကိုတော့ရောင်းစားမပစ်နိုင်ပါဘူးလေ။

လူနေအိမ်တွေကျဲပါးလာပြီး လယ်ကွင်းပြင်တွေစိမ်းစိုနေတဲ့နေရာရောက်တော့ သူနည်းနည်းစိတ်ဝင်စားလာမိသည်။မိုးအရမ်းချုပ်နေပြီးလမ်းမီးတိုင်တွေကျိုးတို့ကျဲတဲသာရှိတဲ့အရပ်ဒေသက သူနဲ့အရမ်းမရင်းနှီး။

“ဘယ်ကိုမောင်းနေတာလဲ အဖေကရောဘယ်မှာလဲ”

ပြန်ဖြေမလာဘဲ တိတ်နေတာမို့တံတွေးသာမျိုချလိုက်သည်။သူ့ကိုသတ်ပစ်ပြီး မတော်တဆမှုလိုများဖန်တီးမလို့လား။သူလည်းအပြစ်ကြီးကြီးမားမားမကျူးလွန်ထားမိပါဘူး။

ကားလေးထိုးရပ်သွားတဲ့ခြံက တစ်ထပ်တိုက်ပုလေး။သံဆူးကြိုးတွေနဲ့သာကာရံထားပြီး ရပ်ကွက်အစွန်မို့ထင်သည် ဘေးနားမှာလည်းအခြားအိမ်တွေမမြင်မိ။သရက်ပင်တွေချည်းမို့ ကိုCeanဟိုတစ်လောကဝယ်ထားသည်ဆိုသည့်ခြံဖြစ်ရမည်။

“ဆင်း”

ကားတံခါးဖွင့်ကာအရင်ဆင်းသွားသူက ထီးတစ်ချောင်းကိုင်ကာသူ့ဘက်ကတံခါးကိုပါဖွင့်ပေးလာလေသည်။

“အဖေရော”

“ကိုယ့်ဘာသာဆင်းလာမှာလား ဆွဲချရမှာလား”

မျက်မှောင်ကြီးကြုတ်ပြီး တစ်ခွန်းချင်းပြောလာတာက ညှိုနှိုင်းလို့ရမည့်ပုံမပေါ်။အစောနဆွဲခံထားရတဲ့လက်မောင်းကနာနေသေးတာမို့ နှစ်ခါမနာချင်၍ကိုယ့်ဘာသာဆင်းလိုက်သည်။

“လိုက်ခဲ့”

ထီးကိုသူ့လက်ထဲထိုးပေးခဲ့ကာ ရှေ့မှထွက်သွားတာက အိမ်လေးဆီဦးတည်နေတာမို့ ဆက်မလိုက်သွားဘဲ ခြံတံခါးဘက်လှည့်ကြည့်မိသည်။အခုချိန်ပြေးရင်လွတ်နိုင်သေးတယ်မလား။

“လျှောက်တွေးမနေဘဲ ငါ့နောက်လိုက်လာခဲ့”

အိမ်တံခါးဖွင့်နေရင်းလှည့်မကြည့်ဘဲပြောလာတာမို့ သူ့နောက်သာလိုက်သွားရသည်။မဟုတ်တာတော့မလုပ်လောက်ပါဘူး။သူခေါ်လာတာလူတိုင်းသိနေတာပဲဟာ။

အိမ်ထဲဝင်တော့ ရင်းနှီးနေသည်ထင် မီးခလုတ်တွေတန်းဖွင့်လေသည်။

“တံခါးပိတ်ခဲ့ လော့ပါချခဲ့အုံး”

ပြောရင်းနောက်ဖေးခန်းထဲဝင်သွားတာမို့ သူပြောသလိုတံခါးလော့ချကာပတ်ကြည့်မိသည်။အတော်အသင့်ကျယ်ဝန်းပြီး ပရိဘောဂတွေလည်းအစုံရှိတာမို့ လူနေပုံရလေသည်။သူ့ကိုခေါ်မရမှာစိုးလို့ အဖေ့ကိုခုတုံးလုပ်ပြီးခေါ်လာတာဖြစ်ရမည်။

လှည့်ပတ်ကြည့်ပြီး သိပ်စိတ်မဝင်စားတာမို့ ဆက်တီခုံ၌သာဝင်ထိုင်မိသည်။အငွေ့တထောင်းထောင်းထနေတဲ့ကော်ဖီခွက်နှင့်ပြန်ဝင်လာသူကြောင့် သူတောင့်ခနဲဖြစ်သွားသည်။အဲ့ရေခဲရိုက်မျက်နှာကြီးကြောင့် ကော်ဖီငွေ့တွေပါခဲသွားမတတ်ဘဲ။

“သောက် မိုးအေးနေလို့အအေးမသောက်နဲ့”

“ကျွန်တော်ညဘက်မသောက်တတ်ဘူး”

“ဘာလဲ ဟိုကောင့်Barကသူတိုက်တဲ့ဟာပဲသောက်ချင်တာလား”

“အဲ့လိုမဟုတ်”

“သောက်မှာလား မ​သောက်ဘူးလား”

“မသောက်ရင်ဘာလုပ်မလို့လဲ”

“သွန်မလို့”

“သောက်လိုက်ပါ့မယ်”

ကော်ဖီတစ်ခွက်ကိုမနှမျောသော်လည်း ဖျော်ပေးသည့်လူရဲ့စေတနာကိုစော်ကားမိမည်ဆိုးသောကြောင့်သာ။

“အစောနပြောခဲ့တဲ့ကိစ္စလေ အလုပ်ကိစ္စ”

“ကိစ္စတော့ရှိတယ် အလုပ်ကိစ္စတော့မဟုတ်ဘူး”

“ဟမ်”

“ငါတို့တွဲရအောင်”

“အဟွတ် အဟွတ်”

သီးနေတဲ့လူကိုဒီအတိုင်းထိုင်ကြည့်နေသူက မျက်တောင်တစ်ချက်မခတ်။သူဘာပြောလိုက်တာလဲရော ကိုယ့်ကိုယ်ကိုသိလိုက်ရဲ့လားမသိ။

“ခင်ဗျား အဟွတ် ခင်ဗျားဘာပြောလိုက်တာ”

“ကိုယ်တို့ တွဲ..ကြ..မယ်”

တစ်လုံးချင်းပီပီသသရွတ်ပြလာတာမို့ တစ်ဝက်သောက်ပြီးသားလက်ထဲကခွက်ကိုခုံပေါ်တင်ကာ ခံတွင်းရှင်းလိုက်မိသည်။

“အဟမ်း ခင်ဗျားဆေးစားမှားလာတာလား”

“ထင်ချင်သလိုထင်”

“ဒီကိစ္စအတွက်ဆိုရင် ကျွန်တော်အိမ်အရင်ပြန်မယ်”

“ဘာလဲ မိဘတွေဆီကခွင့်ပြုချက်တောင်းမလို့လား”

ရုပ်တည်ကြီးနဲ့သာမပြောရင် နောက်ပြောင်နေတယ်ထင်မိအောင် စကားလုံးတွေကဟာသဆန်ပါသည်။

“ပေါက်ကရတွေ”

“အဲ့တာဆို မင်းအဖြေက”

“မေးနေစရာလိုသေးလို့လား မဖြစ်နိုင်တဲ့ကိစ္စကြီးကို”

“အကြောင်းပြချက်က”

နောက်လာတဲ့ခေါင်းကိုတစ်ချက်ခါပြီး မျက်ဝန်းချင်းဆုံလို့အကြောင်းပြချက်ပေးရသည်။

“ကျွန်တော် Omegaမိန်းကလေးတွေကိုပဲကြိုက်တာ”

“အိုးးး ဒါဆိုစောနအခြေနေကရော”

“ဘာအခြေနေလဲ”

မကြည်တဲ့ခေါင်းကြောင့် မျက်လုံးတွေမှေးကာမေးတော့ လက်ပိုက်ကာခပ်စူးစူးပြန်ကြည့်လာလေသည်။သူ့မျက်ဝန်းထဲကိန်းခိုနေတဲ့ဒေါသရိပ်တွေကမလွင့်ပြယ်သေး။

“ဟိုကောင်နဲ့တွေ့ဖို့ချိန်းတယ် အဲ့ကောင်ပိုင်တဲ့Barကိုသွားတယ် သူကဘာဆိုတာမင်းသိနေရက်နဲ့လေ”

“သူကဘာမို့လို့လဲ”

“အဟွန်း ပြောတော့မင်းသူငယ်ချင်းပါဆို”

“ကျွန်တော်အပြင်ထွက်ဖို့အ​ကြောင်းပြချက်ပေးလိုက်ရုံတင် သူနဲ့Barမှာတွေ့တာကမတော်တဆ ပြီးတော့သူ့အပိုင်မှန်းလည်းမသိဘူး”

“ပြောပါအုံး အိမ်ကနေအပြင်ထွက်ချင်ရတဲ့အကြောင်းအရင်း ကိုယ်ရောက်လာလို့လား”

“ကျစ်”

တဖြည်းဖြည်းပိုနောက်လာတဲ့ခေါင်းကြောင့် စိတ်တွေလည်းမရှည်တော့။ဘာမှမရှင်းပြဘဲ အိပ်ပဲအိပ်ပစ်လိုက်ချင်နေသည်။

“သူကမင်းလို Play Boyပဲလေ သူကတော့ Betaကောင်ချောလေးတွေကိုပဲချဥ်းကပ်တာ အခုမင်းတို့ကအတူရှိနေတာဆိုတော့…..ငါပြောပြဖို့လိုနေသေးလား”

“လျှောက်ထင်မနေနဲ့ သူနဲ့မတော်တဆတွေ့တာပါဆို”

“ပြောပါအုံး ကိုယ်သာရောက်မလာရင် ဘယ်ထိခရီးဆက်ကြမလဲ မိတ်ဆွေအဆင့်လား အဲ့ထက်ပိုမလား”

“ဘယ်လိုမှမနေဘူး ခင်ဗျားရောက်လာပြီးမခေါ်လည်းကျွန်တော်ပြန်တော့မလို့ပြင်ထားပြီးသား အဲ့တာကြောင့် ကျွန်တော်Alphaအမျိုးသားတွေကိုဘယ်တော့မှကြိုက်လာမှာမဟုတ်ဘူး”

“အို့ ကိုယ့်ကိုတော့ကြိုက်လာလောက်ပါတယ်”

“ဖြစ်လာမှာမဟုတ်ဘူး အဲ့တော့အခုပြန်ပို့”

“မရတော့ဘူး အကုန်စီစဥ်ပြီးသွားပြီ”

“ဘာကိုစီစဥ်”

စကားမဆုံးခင် မိုက်ခနဲတစ်ချက်ဖြစ်သွားတာမို့သူရိပ်မိလိုက်သည်။

“ခင်ဗျားဆေးခတ်လိုက်တာလား”

“အိပ်လို့ကောင်းရုံနည်းနည်းပါ မင်းကBetaဆိုတော့ဖယ်ရိုမုန်းတွေနဲ့လည်းဖိနှိပ်ထားလို့မရလို့လေ”

“ခင်ဗျားဘယ်လိုလုပ်ပြီး”

သူသံသယမဝင်ခဲ့ဖူးတဲ့လူကလုပ်လိုက်တာမို့ သူ့မှာမူးနောက်နေတဲ့ကြားက အံ့ဩလွန်းလို့ ထပါရိုက်မိမတတ်။

“ဒီအတောအတွင်းကိုယ်ပြန်သုံးသပ်ကြည့်တယ် တစ်သက်တာလုံးတည်ငြိမ်နေခဲ့တဲ့ကိုယ့်နှလုံးသားထဲ မင်းကလာဝင်မွှေနှောက်သွားတာလေ ပြန်လည်းထွက်သွားရော ကိုယ့်နှလုံးသားကမင်းမှမင်းကိုဖြစ်လို့ မေ့ဖို့ကြိုးစားတယ်ပိုသတိရတယ် အချိန်ယူပြီးမေ့ပစ်ရအောင်လည်း ကိုယ်ကအသက်တွေကြီးနေပြီ အနာကျက်နှုန်းတွေနှေးနေနိုင်သလို မေ့မပစ်နိုင်တဲ့အခါနောက်ကျကုန်မှာဆိုးတယ် အဲ့တော့အရှိကိုအရှိအတိုင်းလက်ခံလိုက်တယ် မင်းကိုသဘောကျတယ်တွဲကြမယ် ဒါပဲ”

“အခုအခြေအနေကရော”

မတ်တပ်ရပ်လိုက်သူကိုအားယူကြည့်ရင်းသူထိုမေးခွန်းကိုသာမေးနိုင်ပါသည်။

“ရှင်းရှင်းလေး မင်းမိဘတွေကိုဖြေရှင်းကောင်းအောင်ပေါ့ နှစ်ယောက်သားမေတ္တာရှိလို့ခိုးပြေးပါတယ်ပေါ့ မင်းအဖေနဲ့အမေကိုလည်းကြိုပြောပြီးသားမို့ သိပ်မစိုးရိမ်ပါနဲ့”

“ခင်ဗျား…”

စကားမဆုံးခင် အာရုံတွေဝေဝါးကာမပြတ်မသားဖြစ်လာသည်။လျှာတွေပါလေးလာပြီး စကားတွေပါထွက်မရတော့။ခုခံမရတော့တဲ့မျက်ဝန်းတွေကတဖြည်းဖြည်းစေ့ပိတ်လာကြသည်။

ရှေ့ကလူကသူ့နားလျှောက်လာတာလည်းမှုန်ဝါးဝါးမြင်နေရသည်။လူကိုပွေ့ချီခေါ်သွားတာလည်းသိနေသလို ကုတင်ပေါ်တင်ပေးလိုက်တာကိုလည်းသိသည်။မျက်ဝန်းတွေပိတ်ကာ အာရုံတွေစုစည်းမရတော့သလို အိပ်မက်ထဲခြေလှမ်းတွေချမိသည်။

“အိပ်လိုက်အုံး နိုးလာမှဆက်ဆွေးနွေးကြရအောင်”

စောင်ခြုံပေးကာ ခြေသံတွေဝေးသွားတာကြားလိုက်ရပြီးနောက်သူ့အသိတွေအမှောင်ကျသွားတော့သည်။

###################

ငြိမ်း🌞🌻

မ်က္လႊာေတြပိတ္ထားသူကိုသူထိုင္ေငးရင္း အပြင်လောကကိုဥပေက္ခါပြုထားတာ တစ္လျပည့္ေတာ့မည္။သက္ဆိုင္သူေလးကေတာ့ဂ႐ုမစိုက္သလို မ်က္ေတာင္ေလးေတာင္ပင့္ၾကည့္မလာခဲ့။

အျပင္မွာဖြဲေနတဲ့မိုးေတြၾကား သူႀကိဳက္တဲ့စံပယ္ေတြေဖြးေနေအာင္ပြင့္သင့္ေပမယ့္ ယခုခ်ိန္ထိအဖူးမရွိေသးတာအံ့ဩဖြယ္။သူေလးမ်က္ဝန္းမွိတ္ေနလို႔မ်ား စံပယ္ေတြပါအိပ္စက္ကုန္သလားမသိ။

အသံေလးလြမ္းဆြတ္လို႔ေတာင္ၾကားခြင့္မရွိတဲ့အေျခအေနမွာ သြင္းယူခဲ့တဲ့အသံဖိုင္ေတြသာ သူ႕အတြက္အနာသက္သာေဆးလို။က်ဖိဳ႕မ်က္ရည္ေတြေတာင္ခမ္းေျခာက္ေနသည္အထိ ညတိုင္းခိုးက်ေနရတဲ့မ်က္ရည္ေတြကိုသူမသိ။

ကိုယ္အရမ္းအလိုလိုက္ခဲ့လို႔မ်ား ဆိုးသြမ္းေနသလားငယ္။ျပန္လာဖို႔လမ္းမမွတ္မိလို႔မ်ား ခုထိေရာက္မလာေသးတာလား။ဒါမွမဟုတ္ ကိုယ္ဆိုတဲ့ျဖစ္တည္မႈကိုမ်ား ေမ့ေလ်ာ့ပစ္တာလား။

ဟိုတစ္ေယာက္ေျပာခဲ့သလို သူဖန္တီးတဲ့ေနာက္ကမၻာမွာ ေနာက္တစ္ႀကိမ္မ်ားကိုယ္နဲ႕ျပန္ဆုံေနၿပီလား။

မျဖစ္နိုင္လိုက္တာ။ကိုယ္ဆိုတာဘယ္အေျခေနမွာပဲျဖစ္ျဖစ္ ငယ့္ကိုပဲခ်စ္မွာေသခ်ာေနၿပီးသား။အကယ္၍အမုန္းေတြနဲ႕သာဇာတ္သိမ္းရမယ္ဆိုရင္ေတာင္ မင္းကိုအပိုင္သိမ္းထားမိအုံးမွာ။

မေသခ်ာျခင္းေတြနဲ႕တည္ေဆာက္ထားတဲ့ လူ႕ကံၾကမၼာေတြထဲမွာ ငယ့္ကိုပဲခ်စ္မိမွာဆိုတဲ့ေသခ်ာျခင္းကိုေတာ့ အသက္နဲ႕ရင္းၿပီးေျပာရဲတယ္ငယ္။ကိုယ့္မွာပါလာတဲ့ႏွလုံးသားကိုက ငယ့္အတြက္ထြင္းထုထားတဲ့သီးသန့္ျဖစ္တည္မႈတစ္ခုမလို႔ပဲ။

ဒီခႏၶာမဟုတ္ခဲ့ရင္ေတာင္ ငယ့္ဝိဥာဥ္သာျဖစ္ေနသ၍ ကိုယ္ျမတ္နိုးမိေနအုံးမွာပဲ။

ရွည္ေနတဲ့လက္သည္းေလးေတြကိုဂ႐ုတစိုက္ညွပ္ေပးၿပီး Hand creamလိမ္းေပးမိသည္။

“ငယ္ကိုယ့္ကိုမလြမ္းဘူးလားကြာ ငယ့္ကိုဒီလိုဂ႐ုစိုက္ေပးနိုင္တာကိုကိုတစ္ေယာက္ပဲရွိတာ အဲ့တာေၾကာင့္အတားအဆီးေသးေသးေလးေတြရွိေနရင္ေတာင္ ျဖတ္ေက်ာ္ခဲ့လို႔မရဘူးလား ၿပီးရင္ကိုကိုကအမ်ားႀကီးခ်စ္ေပးမွာေလ”

“……………”

“ငယ္အိပ္ေနတာတစ္လေတာင္ရွိၿပီ ငယ့္ဗိုက္ထဲကကေလးေလးက ငယ့္စကားသံေတြလြမ္းေနၿပီတဲ့ ငယ္အဲ့လိုဆက္အိပ္ေနရင္ ကေလးေလးကစိတ္မေကာင္းျဖစ္ေနေတာ့မွာ ငယ္ကသူ႕ကိုမခ်စ္ဖူးလို႔ထင္ေနမွာမေၾကာက္ ဘူးလား”

“……………..”

“ဒါမွမဟုတ္ ငယ္ကအဲ့မွာေပ်ာ္ေနတာလားဟင္ ခ်စ္ေပးမယ့္မိဘေတြရွိလို႔ေပ်ာ္ေနတာလား ငယ္ကိုယ္တိုင္မိဘျဖစ္ရမွာထက္ မိဘေတြရွိတဲ့အရပ္မွာပဲေနခ်င္တာလား”

“……………..”

“ကိုကို႔ကိုေရာမသနားဘူးလား ငယ့္ဖယ္ရိုမုန္းနံ႕ေလးေတာင္မရတဲ့ေနရာမွာကိုကိုအရမ္းနာက်င္ေနရတယ္ငယ္ရဲ႕ ဒါမွမဟုတ္ကိုယ့္ကိုအျပစ္ေပးေနတာလား အရင္တုန္းကစံပယ္ရနံ႕ေတြသိပ္မုန္းခဲ့လို႔ အခုပန္းေတြကိုပါမပြင့္ေစေတာ့တာလား”

“………………”

“ငယ္သာျပန္မလာဘူးဆိုကိုကို႐ူးေတာ့မွာငယ္ရဲ႕ ငယ္မရွိတဲ့အရပ္မွာဘာကေလးမွလည္းမလိုခ်င္သလိုဘယ္သူ႕ကိုမွလည္းမျမင္ခ်င္ဘူး ကိုကို႔ကို႐ူးမသြားေစခ်င္ရင္ ျမန္ျမန္ျပန္လာခဲ့ပါေတာ့ငယ္”

လက္ဖမိုးေလးကိုတဖြဖြနမ္းရင္း သူစကားေတြဆိုေနေပမယ့္ ငယ္ကေတာ့ေနနိုင္လိုက္တာ။တကယ္ကို႐ူးေတာ့မွာ။

ေဘးခုံေပၚတင္ထားတဲ့ ဖုန္းထဲကRecorder ေလးကိုခလုတ္ဖြင့္မိသည္။ထြက္လာတဲ့အသံေသးေသးေလးက လြမ္းဆြတ္ျခင္းကိုေျပေပ်ာက္ေစသလား အလြမ္းထုထည္ကိုပိုသိပ္သည္းလာေစသလားမေျပာတတ္ေတာ့

“ကိုကို႔”

“ဗ်”

“ငယ္ဘာပုံဆြဲရမလဲမသိေတာ့ဘူး”

“ကိုကို႔ပုံဆြဲေပးေလ”

“အမ္”

“ငယ္ကမဆြဲေပးခ်င္ဘူးလား”

“………………”

“ကိုကိုကအဲ့ေလာက္ေတာင္အေရးမပါဘူးေပါ့”

“မဟုတ္ပါဘူး ငယ္ငယ္ကဒီအတိုင္း”

“အင္း ဒီအတိုင္းဘာျဖစ္လဲ”

“စဥ္းစားမိသြားတာတစ္ခုရွိလို႔…. ဆြဲေပးမယ္ေလ”

“ကိုယ္ကစတာပါငယ္ရဲ႕ ငယ္အဆင္ေျပတာကိုဆြဲလို႔ရတယ္”

“ဟင့္အင္းဆြဲေပးမွာ ဒါေပမယ့္ကိုကိုကငယ့္ကိုတစ္ခုျပန္လုပ္ေပးရမယ္”

“ဘာလဲေျပာပါအုံး”

“ငယ္ကကိုကို႔ပန္းခ်ီကားတစ္ခုဆြဲေပးရင္ ကိုကိုကငယ့္ကိုအသီးတစ္ၿခံစိုက္ေပးရမယ္”

“စီးပြားေရးသမားေလးကေတာ့ အိမ္ေထာင္ဦးစီးဆီကပါအျမတ္ထုတ္ဖို႔ႀကံေနျပန္ပါၿပီကြာ”

“အဲ့ေတာ့မရဘူးလား”

“မဟုတ္ရပါဘူးဗ်ာ ငယ္သာလိုခ်င္ရင္ရွိသမွ်သစ္သီးၿခံေတြကိုယ္အားလုံးဝယ္ေပးပစ္မွာ ငယ္အပင္ပန္းခံစရာေတာင္မလိုဘူး လိုခ်င္တာကိုသာလက္ညွိုးထိုးလိုက္”

“အဲ့လိုမလိုခ်င္ပါဘူးေနာ္ ငယ္ငယ္ကအမွတ္တရျဖစ္ေစခ်င္လို႔ ငယ္ကအမ်ားႀကီးလိုခ်င္တာမလို႔ကိုကို႔ပန္းခ်ီကားေတြကိုလည္းအမ်ားႀကီးဆြဲေပးမွာ ၿပီးေတာ့သစ္သီးေတြကိုလည္းကိုကို႔ၿခံထဲမွာပဲစိုက္ေပးရမွာ”

“သေဘာပါဗ်ာ အဲ့တာဆိုေျပာပါအုံးကိုကိုကေမာ္ဒယ္လုပ္ေပးရအုံးမလား ပုံၾကည့္ဆြဲမလား”

“မလိုဘူး ငယ္ငယ္မွတ္မိတယ္”

“ဟမ္”

“ကိုကို႔ေခါင္းစေျခဆုံးမွတ္မိပါတယ္ဆို မ်က္ေတာင္ေမႊးတစ္ပင္ဆီကအစမွတ္မိတယ္ ငယ္ငယ္ကဥာဏ္ေကာင္းတယ္မလား”

“ဒါေပါ့ ကိုကို႔အိမ္သားေလးကအရမ္းဥာဏ္ေကာင္းတာပဲ ႁပြတ္စ္”

“ဟီးဟီး…”

ရယ္သံေတြစြန္းေနတဲ့အမွတ္တရေလးကိုပိတ္ရင္း သူလည္းမ်က္ဝန္းေတြမွိတ္မိသည္။အိမ္မက္ေတြထဲမွာလိုက္ရွာရင္း ေတြ႕မိခဲ့ရင္အိမ္ျပန္လာဖို႔လမ္းျပေပးရအုံးမယ္မဟုတ္လား…..
.

……………

“သားငယ္ဘာလုပ္ေနတာလဲ”

“ဘာမွမလုပ္ပါဘူး အေဖဒီေန႕ျပန္လာတာေစာလိုက္တာ”

“မင္းအေမေကာ ဒီမွာဧည့္သည္ပါတယ္ ေကာ္ဖီေလးဘာေလးလုပ္ခိုင္းရေအာင္”

“ေတာ္ပါၿပီဦးေလး”

“ဘာေတာ္တာတုန္း လာထိုင္”

ဧည့္ခန္းထဲဝင္လာတဲ့လူကိုၾကည့္ရင္းသူ႕မ်က္ခုံးေတြတြန့္ေကြးကုန္သည္။မေတြ႕တာၾကာတဲ့သူေတြဆိုေပမယ့္ ေျပာစရာလည္းမရွိသလို ႏႈတ္လည္းမဆက္ခ်င္။

“ကြၽန္ေတာ္အေမ့ကိုသြားရွာလိုက္အုံးမယ္”

ေျပာခဲ့ၿပီးမီးဖိုခန္းရွိရာဘက္ဆီထြက္ခဲ့လိုက္သည္။အေဖေျပာတဲ့ယခုလက္ရွိစပ္တူလုပ္ငန္းထူေထာင္မလို႔ဆိုတာ ထိုလူႏွင့္ျဖစ္လိမ့္မည္ဟုမေတြးျဖစ္ခဲ့တာေတာ့အမွန္။ဘာပဲျဖစ္ျဖစ္ေပါ့ သူကေတာ့အဲ့လူႏွင့္လက္တြဲလုပ္ဖို႔ဆိုတာမျဖစ္နိုင္။ေဖေဖ့ဘာသာဦးစီးလိမ့္မည္ေပါ့။

“သားငယ္ ဘာစားခ်င္လို႔လဲ မင္းအေဖကားသံၾကားတယ္ျပန္ေရာက္ေနၿပီမလား”

“ဟုတ္ ၿပီးေတာ့ဧည့္သည္လည္းပါလာတယ္ အဲ့တာေကာ္ဖီေလးမုန့္ေလးလုပ္ေပးပါအုံးတဲ့”

“ဟုတ္လား ဘယ္ႏွေယာက္လဲသား”

“တစ္ေယာက္တည္းပဲ”

“သားကဘယ္သြားမလို႔လဲ ၿပီးရင္ထမင္းစားေတာ့မွာ ဧည့္သည္အတြက္ပါတစ္ခါတည္းျပင္လိုက္မယ္”

“သားသူငယ္ခ်င္းေတြဖုန္းဆက္လာလို႔ အျပင္ခဏထြက္မလို႔ အိမ္ျပန္ေနာက္မက်ေစရဘူးအေမ”

“ေအးေအးသြားေလ သားလည္းအခုတစ္ေလာအလုပ္ေတြနဲ႕လုံးလည္လိုက္ေနတာ နားခ်ိန္ေတာင္သိပ္မရွိဘူး ဒါနဲ႕လျခမ္းေလးအေျခအေနေကာ”

အလုပ္ကိုဇယ္ဆက္သလိုလုပ္ရင္း ပါးစပ္ကလည္းအေျပာမျပတ္။

“အရင္အတိုင္းပဲအေမ အားလုံးအဆင္ေျပတယ္ သတိမရေသးတာတစ္ခုပဲ”

“ေမေမလည္းသြားၾကည့္ခ်င္တာ ေမာင္သမုဒၵရာကိုအားနာေနလို႔ သူဒီအခ်ိန္သူစိမ္းေတြကိုလက္ခံခ်င္မွာမဟုတ္ဘူး စိတ္အႏွောင့္အယွက္ျဖစ္ေနမွာလည္းစိုးတယ္ သားကပဲေန႕တိုင္းသြားၾကည့္ေပးပါအုံး”

“ဟုတ္ကဲ့အေမ အဲ့တာဆိုသားသြားေတာ့မယ္”

“ေအးေအး ဒီဗန္းေလးဧည့္သည္ဆီအရင္ယူသြားေပးပါလား အေမသစ္သီးေလးလွီးလိုက္အုံးမယ္”

“ဟုတ္ကဲ့”

အေမ့ကိုျပန္မျငင္းေတာ့ဘဲ ေကာ္ဖီႏွင့္မုန့္ထည့္ထားသည့္ဗန္းအားကိုင္ကာဧည့္ခန္းထဲထြက္လိုက္သည္။အေဖကေတာ့ဟိုလူႏွင့္ စကားလက္ဆုံၾကေနတာ ရယ္ရယ္ေမာေမာႏွင့္။

“ဟုတ္တယ္ကြ သူအခုတစ္ေလာအရမ္းေတြအိမ္ၿမဲေနတာ ဦးအလုပ္ေတြသူပဲဦးစီးေပးေနတာဆိုေတာ့ က်န္းမာေရးလိုက္စားခ်ိန္ရေနတာေပါ့ကြာ”

ဂုဏ္ယူေနတဲ့အေဖ့အသံေနာက္ ဟိုလူ႕အၾကည့္ကသူ႕ဆီေရာက္လာေလသည္။မ်က္ဝန္းထဲကအရိပ္ေတြမေတြ႕ရေသးခင္သူမ်က္ႏွာလႊဲလိုက္မိသည္။

“ဪ သားငယ္အေတာ္ပဲ ေမာင္ေက်ာက္စက္နဲ႕အခုေလးတင္မင္းအေၾကာင္းေျပာေနတာ သူကအခုအေဖလုပ္မဲ့ပေရာဂ်က္မွာ ရင္းႏွီးျမႇပ္ႏွံသူေလ မင္းနဲ႕လည္းရင္းႏွီးၿပီးသားထင္လို႔ အေဖလက္ခံလိုက္တာ”

“ဟုတ္ အေဖအခုသားအျပင္ခဏေလးထြက္မလို႔ အေမ့ကိုေတာ့ေျပာၿပီးသားေစာေစာျပန္ေရာက္မွာပါ မေတြ႕တာၾကာေနတဲ့သူငယ္ခ်င္းကဖုန္းဆက္လာလို႔ သြားေတြ႕မလို႔”

“သြားေလသား မင္းလည္းဦးႏွောက္ေဆးခ်ိန္ေလးေတာ့ယူရအုံးမွာေပါ့ ခုတစ္ေလာအလုပ္ေတြပိေနတာကို နည္းနည္းေလာက္ေနာက္က်လည္းရတယ္ အျပင္မွာဝေအာင္ေပ်ာ္ခဲ့ သုံးဖို႔ရွိေသးလား”

“ရွိေသးတယ္အေဖ အဲ့ဒါဆိုသားသြားေတာ့မယ္ေနာ္”

“ေအးေအး ကားလည္းသတိထားေမာင္းအုံး မိုး႐ြာေလာက္တယ္”

“ဟုတ္”

ကားေသာ့ဆြဲကာထြက္လာသည္အထိ ဟိုလူကိုလွည့္မၾကည့္မိ။သူသိၿပီးသား အေလလိုက္ေနတယ္ဆိုတဲ့အထင္ေသးတဲ့အၾကည့္ေတြပဲလက္ခံရမယ္ဆိုတာ။

ညေနခင္းေနေရာင္ေဖ်ာ့ေဖ်ာ့ၾကား မိုးဖြဲေတြတဖြားဖြားေႂကြေနတာမို႔ ေရာင္စဥ္တစ္ခ်ိဳ႕ကလင္းကနဲလက္ကနဲ။ေကာင္းကင္ျပင္မွာ တိမ္ညိုတစ္ခ်ိဳ႕ေနရာယူေနၿပီမို႔ ခနအတြင္းမိုးသည္းေလာက္သည္။

ထြက္လာဖို႔ေပးခဲ့တဲ့အေၾကာင္းျပခ်က္ေတြမို႔ ဘယ္သြားရမလဲမဆုံးျဖတ္ရေသးသလို မည္သူ႕အားေတြ႕ရမည္ကိုလဲမေတြးေတာခဲ့။ေရာက္ရာေပါက္ရာမွာအခ်ိန္ခဏျဖဳန္းဖို႔ေတြးရင္း အေသးစားBarတစ္ခုေတြ႕တာမို႔ကားထိုးရပ္လိုက္သည္။

သပ္သပ္ရပ္ရပ္ေလးႏွင့္ Privacy လည္းေကာင္းမည့္ပုံ။ဝင္ေပါက္ကဝန္ထမ္းေလးကိုIDကဒ္ျပၿပီးအထဲဘက္ဆီေလွ်ာက္ခဲ့ေတာ့ အေမွာင္ယံထဲလင္းလဲ့ေနတဲ့မီးေရာင္စုံေတြၾကား အတြဲကိုယ္စီကသူ႕ေနရာႏွင့္သူ။စင္ေပၚမွာDJနဲ႕ကေနသူေတြလည္းသိပ္မနည္း။

Barေကာင္တာဆီသို႔သြားကာ ေကာ့ေတးတစ္ခြက္မွာမိသည္။သိပ္လည္းျပင္းျပင္းမေသာက္ခ်င္။ကိုယ္မကြၽမ္းက်င္တဲ့နယ္ေျမမွာ အေဖာ္လည္းမပါသည့္အျပင္ အမူးေသာက္ဖို႔လာခဲ့တာမဟုတ္လို႔ပင္။ဒီအတိုင္းအခ်ိန္ျဖဳန္းဖို႔ေနရာေလးတစ္ခုရွာ႐ုံပဲမို႔ စူးစမ္းေလ့လာ႐ုံေလာက္ႏွင့္အဆင္ေျပပါသည္။

အျပာေရာင္လဲ့လဲ့ခြက္ေလးႏွင့္အတူ လက္ျဖဴျဖဴေလးတစ္ဖက္ကသူ႕မ်က္ႏွာေရွ႕ေရာက္လာေလသည္။

“အစ္ကိုမွာထားတာ”

“ေက်းဇူး”

“Acacia ဟုတ္တယ္ဟုတ္”

ေဘးခုံမွာဝင္ထိုင္ၿပီး သူ႕ကိုေမးလာသူကသူစိမ္းAlphaတစ္ေယာက္။အရပ္ျမင့္ျမင့္ မ်က္ႏွာေလးေထာင့္ႏွင့္ ေယာက်္ားပီသသူမို႔ အမွတ္အနည္းငယ္ေပးမိေသာ္လည္း အသိမဟုတ္၍သိပ္မေရာခ်င္။

“Yes”

“ဒီလိုေနရာေလးကို မ်က္စိလည္ၿပီးမ်ားေရာက္လာသလား”

သူမ်က္ခုံးတစ္ဖက္ပင့္ကာၾကည့္လိုက္ေတာ့ အၿပဳံးတစ္ပြင့္ေပးရင္း Bartender ေလးကိုဝီစကီမွာေနတာ။ဟိုေကာင္ေလးကသူ႕ကိုတစ္ခ်က္ခိုးၾကည့္ကာ ဟိုလူမွာတာသြားယူေပးေလသည္။

“ခါတိုင္း ကိုယ္ပိုင္ClubေတြBarေတြမွာ အလွေလးေတြနဲ႕ေတြ႕ေနက်ဆိဳေတာ့ ခုလိုေသးသိမ္တဲ့ပတ္ဝန္းက်င္မွာ တစ္ကိုယ္တည္းျမင္ေနရတာ ထူးဆန္းေနလို႔ပါ”

“ဒါပုံမွန္ပါဘဲ ခင္ဗ်ားကအထူးအဆန္းလုပ္ေနလို႔ပါ ဘယ္ေနရာကိုမွဘယ္သူနဲ႕မွဆိုတဲ့ ဇီဇာေၾကာင္မႈေတြကိုယ့္မွာမရွိဘူး စိတ္အေျခေနေပၚလိုက္ၿပီး အဆင္ေျပတဲ့ေနရာမွာ သင့္ေတာ္သလိုေနတတ္ပါတယ္”

“မင္းကကိုယ္ထင္ထားတာနဲ႕အနည္းငယ္ကြဲျပားပုံပဲ”

“ျဖစ္နိုင္ပါတယ္ ကြၽန္ေတာ္နဲ႕ရင္းႏွီးသူတစ္ခ်ိဳ႕ေတာင္ ကြၽန္ေတာ့အေၾကာင္းအကုန္မသိၾကဘူး”

“ကိုယ္မင္းရဲ႕မိတ္ေဆြျဖစ္ခြင့္ရွိမလား”

“ဒီလိုေနရာမ်ိဳးမွာျဖစ္သလိုေတာ္လိုက္ရတဲ့မိတ္ေဆြဆိုတာ သိပ္ေတာ့မေလးနက္သလိုပဲဗ် ျဖစ္နိုင္ရင္ျငင္းလို႔ရမလား”

“အဲ့တာဆို ဘယ္လိုေနရာမ်ိဳးမွာေတြ႕ဆုံရင္ ဆက္ဆံေရးေတြေလးနက္နိုင္သလဲ”

“ဘုန္းႀကီးေက်ာင္းလိုေနရာမ်ိဳးဆိုရင္ေတာ့ေလးနက္နိုင္ပါတယ္”

“ဟားဟား…. မင္းကဟာသေတြလည္းေျပာတတ္တာပဲ”

“ကြၽန္ေတာ္အတည္ေျပာေနတာကို ခင္ဗ်ားဟာသတစ္ခုလို႔ျမင္လိုက္ကတည္းက ကြၽန္ေတာ္တို႔အျမင္မတူၾကပုံရတယ္ အဲ့လိုဆက္ဆံေရးေတြကမိတ္ေဆြျဖစ္ဖို႔မသင့္ေတာ္တာေသခ်ာတယ္”

“ဆိုေတာ့ ကိုယ့္ကိုျငင္းတယ္ဆိုတဲ့သေဘာေပါ့”

“ခင္ဗ်ားပုံၾကည့္ရတာ ရွင္းလင္းေနတဲ့ဝါက်တစ္ေၾကာင္းကိုအနက္ဖြင့္ေပးရေလာက္ေအာင္အထိ မတုံးအဘူးလို႔ေတာ့ခံစားရတာပဲ”

“ဘာလို႔လဲဆိုတဲ့အေၾကာင္းျပခ်က္ေတာ့သိခြင့္ရွိတယ္မလား”

“အေၾကာင္းျပခ်က္ဆိုတာ ကိုယ့္အမွားကိုအျခားသူေတြအျပစ္မယူနိုင္ေအာင္ေပးတဲ့ဆင္ေျခသက္သက္ပဲ ကြၽန္ေတာ္ကေတာ့ Yes or No ပဲ Why ေတြ Because ေတြဆိုတာလိုကိုမလိုတာ ခင္ဗ်ားေမးလာလို႔ဆင္ေျခေတာ့ေပးလိုက္မယ္ တစ္ခါမွမသိဘူးတဲ့လူတစ္ေယာက္က ကိုယ့္အေၾကာင္းကိုသိေနၿပီး တစ္ေယာက္တည္းရွိေနခ်ိန္လာေရာတယ္ဆိုကတည္းက ကြၽန္ေတာ္မႀကိဳက္လို႔”

“အဲ့ေတာ့ေျပာခ်င္တာက ဇယားေလးေတြနဲ႕ရွိေနခ်ိန္ေတာ့လာေရာ…”

“wait wait သူတစ္ပါးသားသမီးကို ကိုယ့္ပါးစပ္ထဲအရသာေတြ႕သလိုမေခၚပါနဲ႕ ကြၽန္ေတာ္တြဲခဲ့တဲ့ Omega ေတြတိုင္းက သူတို႔မိဘေတြရဲ႕အဖိုးတန္ေလးေတြ ဒီလိုေျပာတာကိုယ့္သိကၡာေၾကာင့္မဟုတ္ဘူး ကိုယ္ထည္လဲတြဲခဲ့တာမွန္ေပမယ့္ အက်ိဳးလိုလို႔ေညာင္ေရေလာင္းတာေတြမပါခဲ့သလို သူတို႔ကလည္းဆင္ျဖဴေတာ္မွီၿပီးႀကံစုပ္မဲ့သူေတြမဟုတ္လို႔ဘဲ လူငယ္သဘာဝအီစီကလီေတြေျပာၿပီးအခ်ိန္ျဖဳန္းဖို႔ ကိုယ္စိတ္ညစ္ေနခ်ိန္သူ႕ေၾကာင့္စိတ္သက္သာရာရေစဖို႔ဆိုတဲ့ အေတြးေတြနဲ႕တြဲခဲ့တာမလို႔ ခင္ဗ်ားတြဲခဲ့ဖူးတဲ့ဆက္ဆံေရးေတြလိုမ်ိဳး ကြၽန္ေတာ့အတိတ္ေလးေတြကိုမသုံးႏႈန္းပါနဲ႕ ကြၽန္ေတာ္မႀကိဳက္ဘူး”

“ဝိုးးးးးစကားလုံးေတြႂကြယ္ဝတယ္ေနာ္ ဒါေၾကာင့္လည္းအလွေလးေတြကေ႐ႊလက္တြဲတာၿမဲခ်င္တယ္ထင္တာပဲ”

“ကြၽန္ေတာ့္အထင္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ကအျမင္ေတြကြဲလြဲပုံရတယ္ ဆက္ၿပီးစကားေျပာဖို႔ရာအတြက္ အခက္အခဲေတြရွိေနနိုင္တာမို႔ ကိုယ့္စည္းနဲ႕ကိုယ္ေနၾကရေအာင္”

“ဒါကကိုယ္ပိုင္တဲ့ Barေလ”

“အဲ့ေတာ့ကြၽန္ေတာ္ကထြက္သြားေပးရမယ္ေပါ့ မေနနိုင္လို႔ေျပာလိုက္အုံးမယ္ဗ် စီးပြားေရးလုပ္တဲ့ေနရာမွာ ပုဂၢိုလ္ေရးေတြပါလာရင္ သိပ္လူႀကီးလူေကာင္းမဆန္ေသးဘူးလို႔ေျပာခ်င္တယ္”

“ကိုယ္ကဘာေျပာေနလို႔လဲ ေနာက္လည္းလမ္းႀကဳံလာနိုင္ပါတယ္လို႔ဖိတ္မလို႔ပါ အေတြးေတြမမ်ားပါနဲ႕ ကိုယ္အဲ့ေလာက္ကေလးမဆန္ပါဘူး”

“ကြၽန္ေတာ္ကေတာ့ ကေလးဆန္တာထက္ ေယာက်္ားမဆန္တာကိုပိုမုန္းတယ္ အေပၚယံၿပဳံးျပၿပီး ေနာက္ကြယ္မွာဓားဖြက္ထားတဲ့သူမ်ိဳးေတြကိုေလ”

“စြပ္စြဲလိုက္တာကြာ ကိုယ့္ကိုအဲ့ေလာက္မုန္းေနတာလား”

“No သက္ေသမရွိဘဲစြပ္စြဲရေအာင္ ပင္ထေနာင္းညိုကအ႐ူးမွမဟုတ္တာ”

“ဒါဆိုဘာလို႔ကိုယ့္ကိုစကားလုံးေတြနဲ႕ေလွာင္ေနတာလဲ”

“ခင္ဗ်ားေသာက္ျပေလ”

လက္ထဲကေကာ့ေတးခြက္ကို သူ႕ဘက္တြန္းပို႔လိုက္ေတာ့ မ်က္ခုံးတစ္ဖက္ပင့္ကာ အံ့ဩသလိုၾကည့္လာေလသည္။

“မင္းစိတ္ထင္….”

“ပင္ထေနာင္းညို”

လက္ထဲကခြက္အစား သူ႕လက္ေကာက္ဝတ္နားကပ္လာတဲ့လက္တစ္ဖက္က စိမ္းသက္တဲ့စူးရွရွေခၚသံေအာက္မွာတုန့္ခနဲ။သီခ်င္းသံေတြႏွင့္စကားသံေတြပါရပ္ကုန္ကာ သူတို႔ဆီအၾကည့္ေတြဦးတည္လာေလသည္။

“ကိုေက်ာက္စက္ေနေရာင္ ထူးထူးျခားျခားလမ္းမ်ားမွားလာသလား”

ထိုင္ရာကထရပ္ကာ အခန္းအလယ္မွာရပ္ေနသူကို ခရီးဦးႀကိဳႏႈတ္ဆက္ေနေပမယ့္ ကာယကံရွင္ရဲ႕အၾကည့္စူးစူးေတြကေတာ့ သူ႕ကိုယ္ေပၚမွာေက်ာက္ခ်ထားေလသည္။သူဂ႐ုမစိုက္ဟန္ ဘားေကာင္တာဘက္ျပန္လွည့္ကာ လက္ထဲကခြက္ႏွင့္ကစားေနလိုက္သည္။

စူးစမ္းေနသူေတြေၾကာင့္ၿငိမ္သက္ေနတဲ့အခန္းထဲ အနားသို႔ေလွ်ာက္လာတဲ့ေျခသံက်ယ္ေတြၾကားရၿပီး သူ႕ေဘးနားေရာက္လာတဲ့ေရခဲလိုအရွိန္အဝါတစ္ခု။

“ထ…ျပန္မယ္”

“…………….”

“ပင္ထေနာင္းညိုမဆိုးစမ္းနဲ႕ ဦးေလးေခၚခိုင္းလိုက္တာ စီးပြားေရးအေၾကာင္းေဆြးႏြေးမလို႔”

“က်စ္ အိမ္မွာတစ္ခါတည္းၿပီးေအာင္ေဆြးႏြေးခဲ့တာမဟုတ္ဘူး”

“ထ”

လက္ထဲကခြက္ကိုဆြဲလုကာေဘးကိုခ်လိဳက္ၿပီး လက္ေမာင္းမွေဆာင့္ဆြဲေခၚေနတာမို႔ ႐ုန္းလိုက္မိသည္။

“ကြၽန္ေတာ့ဘာသာထမယ္ လက္ကိုလႊတ္”

မၾကားခ်င္ေယာင္ေဆာင္ကာ လက္ကိုအတင္းဆြဲေနတာမို႔ေဒါသေတြထြက္လာရသည္။ဒီလူေတာ္ေတာ္မ်ားေနၿပီ။

“ကြၽန္ေတာ္ပိုက္ဆံမရွင္းရေသးဘူး”

“ရပါတယ္မရွင္းေန…”

“ေရာ့ ပိုတာျပန္မအမ္းနဲ႕”

ဟိုလူ႕ရဲ႕ျငင္းဆိုသံမဆုံးခင္ ပစ္ေပါက္လိုက္တဲ့ အတန္ႀကီးေတြနဲ႕အတူ လူကိုအခန္းျပင္ဆီသာဆြဲေခၚလာေလသည္။ကားပါကင္အေရာက္သူ႕ကားဆီဆြဲေခၚေနတာမလို႔ အတင္း႐ုန္းရသည္။

“ကြၽန္ေတာ့္မွာကားပါတယ္”

“ပါးစပ္ကိုပိတ္ထား”

ေဒါသအျပည့္ႏွင့္ေျပာလာသံေၾကာင့္ သူ႕တစ္ကိုယ္လုံးႀကဳံ႕ခနဲ။မသိလွ်င္သူအျပစ္လုပ္ထားမိသလိုမ်ိဳး စကားေတြနဲ႕ေတာင္မေခ်ပနိုင္ေတာ့။ကားေနာက္ခန္းထဲဆြဲေခၚထည့္ခံရၿပီး သူပါလိုက္ဝင္ကာ တံခါးေလာ့ခ်လိဳက္ေလသည္။

“ေစာနေျပာတဲ့ေနရာကိုေမာင္း”

ေရွ႕ခန္းထဲက driverကိုေျပာၿပီး လည္ပင္းနက္ခ္တိုင္ကိုေလွ်ာ့ကာ အသက္ျပင္းျပင္းရႉေနေလသည္။ေဒါသအေငြ႕အသက္ေတြကတစ္ကိုယ္လုံးလႊမ္းၿခဳံေနတာမလို႔ ေဘးတံခါးဘက္ဆီကပ္ကာ ခပ္က်ဳံ႕က်ဳံ႕ေလးထိုင္ေနမိသည္။

အဲ့တင္းေနတဲ့ေမးရိုး စူးရဲေနတဲ့မ်က္လုံး တည္တင္းေနတဲ့ႏႈတ္ခမ္းေတြက အခ်ိန္မေ႐ြးေပါက္ကြဲနိုင္တဲ့ခ်ိန္ကိုက္ဗုံးတစ္လုံးလို။ဘယ္သူ႕ေၾကာင့္ပဲေဒါသထြက္ထြက္ သူကေတာ့စက္ကြင္းမမိခ်င္ပါဘူးေနာ္။အေဖႏွင့္ေတြ႕တဲ့အခ်ိန္ေရာက္ရင္ေတာ့ သူ႕ေဒါသေတြေျပရင္ေျပေလာက္မွာပါ။

ကားတြင္းေလထုကေအးစိမ့္ေနတာမို႔ လက္ပိုက္ၿပီးသာၿငိမ္ေနလိုက္ရသည္။မိုးေရေတြၾကား တရိပ္ရိပ္ေျပးေနတဲ့ကားေလးရဲ႕ဦးတည္ရာကိုမသိေပမယ့္ အတြန့္မတက္ရဲ သူ႕ကိုေတာ့ေရာင္းစားမပစ္နိုင္ပါဘူးေလ။

လူေနအိမ္ေတြက်ဲပါးလာၿပီး လယ္ကြင္းျပင္ေတြစိမ္းစိုေနတဲ့ေနရာေရာက္ေတာ့ သူနည္းနည္းစိတ္ဝင္စားလာမိသည္။မိုးအရမ္းခ်ဳပ္ေနၿပီးလမ္းမီးတိုင္ေတြက်ိဳးတို႔က်ဲတဲသာရွိတဲ့အရပ္ေဒသက သူနဲ႕အရမ္းမရင္းႏွီး။

“ဘယ္ကိုေမာင္းေနတာလဲ အေဖကေရာဘယ္မွာလဲ”

ျပန္ေျဖမလာဘဲ တိတ္ေနတာမို႔ တံေတြးသာမ်ိဳခ်လိဳက္သည္။သူ႕ကိုသတ္ပစ္ၿပီး မေတာ္တဆမႈလိုမ်ားဖန္တီးမလို႔လား။သူလည္းအျပစ္ႀကီးႀကီးမားမားမက်ဴးလြန္ထားမိပါဘူး။

ကားေလးထိုးရပ္သြားတဲ့ၿခံက တစ္ထပ္တိုက္ပုေလး။သံဆူးႀကိဳးေတြနဲ႕သာကာရံထားၿပီး ရပ္ကြက္အစြန္မို႔ထင္သည္ ေဘးနားမွာလည္းအျခားအိမ္ေတြမျမင္မိ။သရက္ပင္ေတြခ်ည္းမို႔ ကိုCeanဟိုတစ္ေလာကဝယ္ထားသည္ဆိုသည့္ၿခံျဖစ္ရမည္။

“ဆင္း”

ကားတံခါးဖြင့္ကာအရင္ဆင္းသြားသူက ထီးတစ္ေခ်ာင္းကိုင္ကာ သူ႕ဘက္ကတံခါးကိုပါဖြင့္ေပးလာေလသည္။

“အေဖေရာ”

“ကိုယ့္ဘာသာဆင္းလာမွာလား ဆြဲခ်ရမွာလား”

မ်က္ေမွာင္ႀကီးၾကဳတ္ၿပီး တစ္ခြန္းခ်င္းေျပာလာတာက ညွိုႏွိုင္းလို႔ရမည့္ပုံမေပၚ။အေစာနဆြဲခံထားရတဲ့လက္ေမာင္းက နာေနေသးတာမို႔ ႏွစ္ခါမနာခ်င္၍ ကိုယ့္ဘာသာဆင္းလိုက္သည္။

“လိုက္ခဲ့”

ထီးကိုသူ႕လက္ထဲထိုးေပးခဲ့ကာ ေရွ႕မွထြက္သြားတာက အိမ္ေလးဆီဦးတည္ေနတာမို႔ ဆက္မလိုက္သြားဘဲ ၿခံတံခါးဘက္လွည့္ၾကည့္မိသည္။အခုခ်ိန္ေျပးရင္လြတ္နိုင္ေသးတယ္မလား။

“ေလွ်ာက္ေတြးမေနဘဲ ငါ့ေနာက္လိုက္လာခဲ့”

အိမ္တံခါးဖြင့္ေနရင္းလွည့္မၾကည့္ဘဲေျပာလာတာမို႔ သူ႕ေနာက္သာလိုက္သြားရသည္။မဟုတ္တာေတာ့မလုပ္ေလာက္ပါဘူး။သူေခၚလာတာလူတိုင္းသိေနတာပဲဟာ။

အိမ္ထဲဝင္ေတာ့ ရင္းႏွီးေနသည္ထင္ မီးခလုတ္ေတြတန္းဖြင့္ေလသည္။

“တံခါးပိတ္ခဲ့ ေလာ့ပါခ်ခဲ့အုံး”

ေျပာရင္းေနာက္ေဖးခန္းထဲဝင္သြားတာမို႔ သူေျပာသလိုတံခါးေလာ့ခ်ကာ ပတ္ၾကည့္မိသည္။အေတာ္အသင့္က်ယ္ဝန္းၿပီး ပရိေဘာဂေတြလည္းအစုံရွိတာမို႔ လူေနပုံရေလသည္။သူ႕ကိုေခၚမရမွာစိုးလို႔ အေဖ့ကိုခုတုံးလုပ္ၿပီးေခၚလာတာျဖစ္ရမည္။

လွည့္ပတ္ၾကည့္ၿပီး သိပ္စိတ္မဝင္စားတာမို႔ ဆက္တီခုံ၌သာဝင္ထိုင္မိသည္။အေငြ႕တေထာင္းေထာင္းထေနတဲ့ေကာ္ဖီခြက္ႏွင့္ျပန္ဝင္လာသူေၾကာင့္ သူေတာင့္ခနဲျဖစ္သြားသည္။အဲ့ေရခဲရိုက္မ်က္ႏွာႀကီးေၾကာင့္ ေကာ္ဖီေငြ႕ေတြပါခဲသြားမတတ္ဘဲ။

“ေသာက္ မိုးေအးေနလို႔ အေအးမေသာက္နဲ႕”

“ကြၽန္ေတာ္ညဘက္မေသာက္တတ္ဘူး”

“ဘာလဲ ဟိုေကာင့္Barကသူတိုက္တဲ့ဟာပဲေသာက္ခ်င္တာလား”

“အဲ့လိုမဟုတ္”

“ေသာက္မွာလား မေသာက္ဘူးလား”

“မေသာက္ရင္ဘာလုပ္မလို႔လဲ”

“သြန္မလို႔”

“ေသာက္လိုက္ပါ့မယ္”

ေကာ္ဖီတစ္ခြက္ကိုမႏွေမ်ာေသာ္လည္း ေဖ်ာ္ေပးသည့္လူရဲ႕ေစတနာကိုေစာ္ကားမိမည္ဆိုးေသာေၾကာင့္သာ။

“အေစာနေျပာခဲ့တဲ့ကိစၥေလ အလုပ္ကိစၥ”

“ကိစၥေတာ့ရွိတယ္ အလုပ္ကိစၥေတာ့မဟုတ္ဘူး”

“ဟမ္”

“ငါတို႔တြဲရေအာင္”

“အဟြတ္ အဟြတ္”

သီးေနတဲ့လူကိုဒီအတိုင္းထိုင္ၾကည့္ေနသူက မ်က္ေတာင္တစ္ခ်က္မခတ္။သူဘာေျပာလိုက္တာလဲေရာ ကိုယ့္ကိုယ္ကိုသိလိုက္ရဲ႕လားမသိ။

“ခင္ဗ်ား အဟြတ္ ခင္ဗ်ားဘာေျပာလိုက္တာ”

“ကိုယ္တို႔ တြဲ..ၾက..မယ္”

တစ္လုံးခ်င္းပီပီသသ႐ြတ္ျပလာတာမို႔ တစ္ဝက္ေသာက္ၿပီးသားလက္ထဲကခြက္ကိုခုံေပၚတင္ကာ ခံတြင္းရွင္းလိုက္မိသည္။

“အဟမ္း ခင္ဗ်ားေဆးစားမွားလာတာလား”

“ထင္ခ်င္သလိုထင္”

“ဒီကိစၥအတြက္ဆိုရင္ ကြၽန္ေတာ္အိမ္အရင္ျပန္မယ္”

“ဘာလဲ မိဘေတြဆီကခြင့္ျပဳခ်က္ေတာင္းမလို႔လား”

႐ုပ္တည္ႀကီးနဲ႕သာမေျပာရင္ ေနာက္ေျပာင္ေနတယ္ထင္မိေအာင္ စကားလုံးေတြကဟာသဆန္ပါသည္။

“ေပါက္ကရေတြ”

“အဲ့တာဆို မင္းအေျဖက”

“ေမးေနစရာလိုေသးလို႔လား မျဖစ္နိုင္တဲ့ကိစၥႀကီးကို”

“အေၾကာင္းျပခ်က္က”

ေနာက္ေနတဲ့ေခါင္းကိုတစ္ခ်က္ခါၿပီး မ်က္ဝန္းခ်င္းဆုံလို႔အေၾကာင္းျပခ်က္ေပးရသည္။

“ကြၽန္ေတာ္ Omega မိန္းကေလးေတြကိုပဲႀကိဳက္တာ”

“အိုးးး ဒါဆိုေစာနအေျခေနကေရာ”

“ဘာအေျခေနလဲ”

မၾကည္တဲ့ေခါင္းေၾကာင့္ မ်က္လုံးေတြေမွးကာေမးေတာ့ လက္ပိုက္ကာခပ္စူးစူးျပန္ၾကည့္လာေလသည္။သူ႕မ်က္ဝန္းထဲကိန္းခိုေနတဲ့ေဒါသရိပ္ေတြကမလြင့္ျပယ္ေသး။

“ဟိုေကာင္နဲ႕ေတြ႕ဖို႔ခ်ိန္းတယ္ အဲ့ေကာင္ပိုင္တဲ့Barကိုသြားတယ္ သူကဘာဆိုတာမင္းသိေနရက္နဲ႕ေလ”

“သူကဘာမို႔လို႔လဲ”

“အဟြန္း ေျပာေတာ့ မင္းသူငယ္ခ်င္းပါဆို”

“ကြၽန္ေတာ္အျပင္ထြက္ဖို႔အေၾကာင္းျပခ်က္ေပးလိုက္႐ုံတင္ သူနဲ႕Barမွာေတြ႕တာကမေတာ္တဆ ၿပီးေတာ့သူ႕အပိုင္မွန္းလည္းမသိဘူး”

“ေျပာပါအုံး အိမ္ကေနအျပင္ထြက္ခ်င္ရတဲ့အေၾကာင္းအရင္း ကိုယ္ေရာက္လာလို႔လား”

“က်စ္”

တျဖည္းျဖည္းေနာက္လာတဲ့ေခါင္းေၾကာင့္ စိတ္ေတြလည္းမရွည္ေတာ့။ဘာမွမရွင္းျပဘဲ အိပ္ပဲအိပ္ပစ္လိုက္ခ်င္ေနသည္။

“သူကမင္းလို play boyပဲေလ သူကေတာ့ betaေကာင္ေခ်ာေလးေတြကိုပဲခ်ဥ္းကပ္တာ အခုမင္းတို႔ကအတူရွိေနတာဆိုေတာ့…..ငါေျပာျပဖို႔လိုေနေသးလား”

“ေလွ်ာက္ထင္မေနနဲ႕ သူနဲ႕မေတာ္တဆေတြ႕တာပါဆို”

“ေျပာပါအုံး ကိုယ္သာေရာက္မလာရင္ ဘယ္ထိခရီးဆက္ၾကမလဲ မိတ္ေဆြအဆင့္လား အဲ့ထက္ပိုမလား”

“ဘယ္လိုမွမေနဘူး ခင္ဗ်ားေရာက္လာၿပီးမေခၚလည္းကြၽန္ေတာ္ျပန္ေတာ့မလို႔ျပင္ထားၿပီးသား အဲ့တာေၾကာင့္ ကြၽန္ေတာ္Alphaအမ်ိဳးသားေတြကိုဘယ္ေတာ့မွႀကိဳက္လာမွာမဟုတ္ဘူး”

“အို႔ ကိုယ့္ကိုေတာ့ႀကိဳက္လာေလာက္ပါတယ္”

“ျဖစ္လာမွာမဟုတ္ဘူး အဲ့ေတာ့အခုျပန္ပို႔”

“မရေတာ့ဘူး အကုန္စီစဥ္ၿပီးသြားၿပီ”

“ဘာကိုစီစဥ္”

စကားမဆုံးခင္ မိုက္ခနဲတစ္ခ်က္ျဖစ္သြားတာမို႔ သူရိပ္မိလိုက္သည္။

“ခင္ဗ်ားေဆးခတ္လိုက္တာလား”

“အိပ္လို႔ေကာင္း႐ုံ နည္းနည္းပါ”

“ခင္ဗ်ားဘယ္လိုလုပ္ၿပီး”

သူသံသယမဝင္ခဲ့ဖူးတဲ့လူကလုပ္လိုက္တာမို႔ သူ႕မွာမူးေနာက္ေနတဲ့ၾကားက အံ့ဩလြန္းလို႔ ထပါရိုက္မိမတတ္။

“ဒီအေတာအတြင္းကိုယ္ျပန္သုံးသပ္ၾကည့္တယ္ တစ္သက္တာလုံးတည္ၿငိမ္ေနခဲ့တဲ့ကိုယ့္ႏွလုံးသားထဲ မင္းကလာဝင္ေမႊႏွောက္သြားတာေလ ျပန္လည္းထြက္သြားေရာ ကိုယ့္ႏွလုံးသားကမင္းမွမင္းကိုျဖစ္လို႔ ေမ့ဖို႔ႀကိဳးစားတယ္ပိုသတိရတယ္ အခ်ိန္ယူၿပီးေမ့ပစ္ရေအာင္လည္း ကိုယ္ကအသက္ေတြႀကီးေနၿပီ အနာက်က္ႏႈန္းေတြႏွေးေနနိုင္သလို ေမ့မပစ္နိုင္တဲ့အခါေနာက္က်ကဳန္မွာဆိုးတယ္ အဲ့ေတာ့အရွိကိုအရွိအတိုင္းလက္ခံလိုက္တယ္ မင္းကိုသေဘာက်တယ္ တြဲၾကမယ္ ဒါပဲ”

“အခုအေျခအေနကေရာ”

မတ္တပ္ရပ္လိုက္သူကိုအားယူၾကည့္ရင္းသူထိုေမးခြန္းကိုသာေမးနိုင္ပါသည္။

“ရွင္းရွင္းေလး မင္းမိဘေတြကိုေျဖရွင္းေကာင္းေအာင္ေပါ့ ႏွစ္ေယာက္သားေမတၱာရွိလို႔ခိုးေျပးပါတယ္ေပါ့ မင္းအေဖနဲ႕အေမကိုလည္းႀကိဳေျပာၿပီးသားမို႔ သိပ္မစိုးရိမ္ပါနဲ႕”

“ခင္ဗ်ား…”

စကားမဆုံးခင္ အာ႐ုံေတြေဝဝါးကာ မျပတ္မသားျဖစ္လာသည္။လွ်ာေတြပါေလးလာၿပီး စကားေတြပါထြက္မရေတာ့။ခုခံမရေတာ့တဲ့မ်က္ဝန္းေတြကတျဖည္းျဖည္းေစ့ပိတ္လာၾကသည္။

ေရွ႕ကလူကသူ႕နားေလွ်ာက္လာတာလည္းမႈန္ဝါးဝါးျမင္ေနရသည္။လူကိုေပြ႕ခ်ီေခၚသြားတာလည္းသိေနသလို ကုတင္ေပၚတင္ေပးလိုက္တာကိုလည္းသိသည္။မ်က္ဝန္းေတြပိတ္ကာ အာ႐ုံေတြစုစည္းမရေတာ့သလို အိပ္မက္ထဲေျခလွမ္းေတြခ်မိသည္။

“အိပ္လိုက္အုံး နိုးလာမွဆက္ေဆြးႏြေးၾကရေအာင္”

ေစာင္ၿခဳံေပးကာ ေျခသံေတြေဝးသြားတာၾကားလိုက္ရၿပီးေနာက္သူ႕အသိေတြအေမွာင္က်သြားေတာ့သည္။

###################

ၿငိမ္း🌞🌻

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၅, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၅, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၅ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၅ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၅ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၅ light novel, ,

Comment

Leave a Reply

Chapter 46