Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၆

A+ A-

“ဒီသတင်းကဘယ်လိုဖြစ်တာလဲ”

ဖုန်းကိုလူရှေ့တိုးပေးရင်း အံကြိတ်ကာမေးလာတာမို့ ကိုယ်နှင့်မဆိုင်သလိုသာတစ်ချက်ကြည့်လိုက်သည်။ပြီးမှပုခုံးတွန့်ပြကာ

“ကိုခိုမြင်တဲ့အတိုင်းပဲလေ”

“မင်းလက်ချက်မလား”

ဖုန်းကိုကုတင်ထက်ပစ်ပေါက်ပြီး မျက်ဝန်းနီတွေနဲ့မေးလာတာမို့ တပ်လက်စလက်ကြယ်သီးကိုလက်စသတ်ကာသူဖြေရှင်းရသည်။

” ကိုခို့ဇနီးဟောင်းရဲ့သတင်းစာရှင်းလင်းပွဲက ကျွန်တော်နဲ့ဘယ်လိုပတ်သပ်နေလို့လဲ”

“ဘာလို့မပတ်သပ်ရမှာလဲ ငါးနှစ်ကျော်ခြောက်နှစ်လုံးမရမကဆွဲထားတဲ့သူက အခုကွာရှင်းခွင့်တောင်းနေပြီးတော့ ကလေးကတစ်ခြားတစ်ယောက်နဲ့ရတာပါဆိုပြီးတောင် ပွင့်ပွင့်လင်းလင်းထုတ်ပြောလာတာလေ သူကရူးနေလို့အဲ့လိုလုပ်မှာလား”

“သူ့ကိုသွားမေးရမှာမဟုတ်ဘူးလား သူ့စိတ်ကိုကိုယ်ကနားလည်ပေးနေရအုံးမှာလား”

“မင်းကြောင့်မဟုတ်ဘူးဆိုတာမဖြစ်နိုင်လို့လေ ပထမဆုံးအနေနဲ့ငါ့ကိုခြိမ်းခြောက်ပြီးအတူနေခိုင်းတယ် အခုကျတော့ငါ့ဇနီးဘက်ကကွာရှင်းခွင့်တောင်းလာတယ် ရိုးရိုးတောင်မဟုတ်ဘူး ကိုယ်ကOmegaဖြစ်ကြောင်းအပါအဝင် သူ့ဘက်ကိုပဲအပြစ်တွေအကုန်ဆွဲယူသွားတာ အခုချိန်ကိုယ့်ကိုလူတိုင်းစာနာတဲ့အခြေနေကြီးနဲ့လေ ဘယ်လိုလူမျိုးကများကိုယ့်မကောင်းမှုတွေလူသိရှင်ကြားထုတ်ပြောမှာတဲ့လဲ”

“သူပြောသွားတာအမှန်တရားတွေချည်းပဲလေ”

“အဲ့တာကြောင့်ပြောနေတာပေါ့ တစ်လျှောက်လုံးအမှားတွေကိုသိမှန်းကျူးလွန်ခဲ့တဲ့သူက  အခုမှအမှန်တရားကိုထုတ်ပြောလာတာကိုက မင်းပယောဂကြောင့်ဆိုတာပိုသေချာနေတာလေ”

“ဘယ်မှာလဲသက်သေ”

“ဘာကိုသက်သေတောင်းနေတာလဲ အမှန်တရားကထင်ရှားနေတာပဲဟာ မင်းလိုလူကလွယ်လွယ်နဲ့လွှတ်ပေးမယ်ပြောကတည်းကငါမယုံခဲ့ရမှာ”

“​ခင်ဗျားကဘာတွေနစ်နာသွားလို့ကျုပ်ကိုဒေါသထွက်နေတာလဲ”

ထိန်းမထားနိုင်တဲ့ဒေါသတွေကြောင့်လေသံတွေလည်းမညင်သာတော့။

“ထွက်တယ်ကွ မင်းတို့ကအာဏာရှိတယ်ဆိုတိုင်း နေရာတကာထုတ်သုံးနေတာလေ အမှားကိုအမှန်ပြောင်းတာဖြစ်ဖြစ် အမှန်ကိုအမှားပြောင်းတာဖြစ်ဖြစ် မင်းတို့က ကစားစရာလိုပြောင်းပစ်တော့တာပဲ လူ့ဘဝတွေကိုအာဏာနဲ့ဆော့ကစားနေတာ အခုဟာကလူနှစ်ယောက်ရဲ့ဘဝကွ”

“သူ့ဘက်ကကာ​ပြီးကျုပ်ဒေါသတွေကိုမစွနဲ့”

“ဘာလုပ်ချင်လို့လဲ မင်းငါ့ဘဝကိုအဆုံးစွန်ထိတွန်းပို့ပြီးနေပြီပဲဟာ ဘာတွေထပ်လုပ်ချင်နေတာလဲ ဘာလဲ ခံစားချက်မရှိတော့တဲ့ခန္ဓာကိုယ်ကြီးကိုလိုချင်နေတာလား ဆွဲကိုင်စစရာမျှော်လင့်ချက်တွေမရှိတော့တဲ့လူတစ်ယောက်ရဲ့ ကျရှူံးနေတဲ့ခန္ဓာကိုယ်ကြီးကိုလိုချင်နေတာလား”

“တော်တော့”

“မတော်နိုင်ဘူး……. ခြောက်နှစ်….. ငါခြောက်နှစ်လုံးသေမလိုကြိုးစားနေထိုင်ခဲ့ရတာကွ ငါ့အားနည်းချက်ကိုအဲ့မိန်းမလက်ထဲထည့်ပြီးငါသေမလိုအသက်ရှင်နေခဲ့ရတာ မိဘတွေသိသွားမှာကြောက်တဲ့စိတ် ပတ်ဝန်းကျင်ကမေးငေါ့ကြမှာကြောက်တဲ့စိတ်တွေနဲ့ ငါ့မှာအသက်တောင်ကောင်းကောင်းမရှူနိုင်ခဲ့ဘူး ငါ့အတိတ်ကဒဏ်ရာတွေကိုမင်းကဘယ်လောက်သိနေလို့လဲ မင်းသိတာကမင်းသဘောကျတဲ့ဖယ်ရိုမုန်းရနံ့တွေမင်းအပိုင်ဖြစ်လာစေရမယ်ဆိုတဲ့အတ္တနဲ့ ငါ့ကိုချုပ်နှောင်ချင်နေတာ မင်းသဘောကျတာငါ့ကိုမဟုတ်ဘူး ငါ့ဖယ်ရိုမုန်းတွေကိုသဘောကျတာ အရင်တုန်းကငါ့အမည်းစက်တွေကိုမင်းမသိလို့လိုချင်တပ်မက်နေတာ”

“ကျွန်တော်အကုန်သိပြီးသားမလို့ ပေါက်ကရစွပ်စွဲချက်တွေမပြောနဲ့”

“သိပြီးသား အဟက်..ဟုတ်မှာပေါ့ တစ်ဖက်သားကိုခြိမ်းခြောက်ပြီး သိချင်တာသိရအောင်လုပ်တဲ့နေရာမှာ မင်းတို့ကဆရာကြီးတွေကိုး”

နှုတ်ခမ်းတွေတွန့်ကွေးကာ ထီမထင်ပြုံးပြီးလူကိုရွဲ့လာတာက သူ့အမြင်မှာကိုယ်ဟာလူဆိုးလူမိုက်တစ်ယောက်လို။

“ကျုပ်ဒေါသတွေကိုလာမဆွနဲ့လို့ ခင်ဗျားစိတ်ထဲမှာကျုပ်ကအဲ့လောက်ထိနိမ့်ကျဆိုးသွမ်းနေတာလား”

“ကိုယ့်ကိုယ်ကိုမသိဘူးလား ဘာလဲတောင်းပန်ရအုံးမှာလား ငါ့ဘဝကြီးအခုလိုဖြစ်သွားရတာကိုတောင် မင်းကိုမှားယွင်းစွပ်စွဲမိပါတယ်ဆိုပြီး တောင်းပန်ပေးရအုံးမှာလား”

“ကျုပ်ခင်ဗျားကိုသဘောကျခဲ့လို့ မရရအောင်သိမ်းပိုက်ခဲ့တာ ခင်ဗျားပြောသလိုဖယ်ရိုမုန်းတွေဆိုတာအကြောင်းပြချက်သက်သက်ပဲ ခင်ဗျားမိသားစုကိုဖြိုခွဲတယ်လို့မစွပ်စွဲနဲ့ ခင်ဗျားတို့ကမိသားစုမဟုတ်ခဲ့တာ ကာယကံရှင်တွေကအသိဆုံးပဲ”

“ငါ့အကြောင်းဘယ်လောက်တွေသိနေလို့လဲ ငါ့အတိတ်တွေကိုဘယ်လောက်တောင်သိနေလို့လဲ သူ့ဆီမှာရှိတဲ့ငါ့အားနည်းချက်ကိုမင်းသိသွားရင် မင်းဒီစကားတွေပြောလာပါအုံးမလားပဲ သိသွားရင်မင်းကစွန့်ပစ်လိုက်မှာ အဲ့အချိန်ကျရင်ငါ့ဘဝကြီးကစုတ်ပြတ်သတ်ပြီးသေဖို့ပဲကျန်တော့တာ”

“ဘာအားနည်းချက်လဲ လွန်ခဲ့တဲ့ခြောက်နှစ် AlphaကနေOmegaပြောင်းနေချိန်တစ်စုံတစ်ယောက်နဲ့အတူနေခဲ့မိတဲ့အကြောင်းလား”

“မင်း……..မင်း…အဲ့လောက်အထိတောင်မေးထား..”

တုန်လှုပ်နေတဲ့မျက်ဝန်းတွေနှင့်အတူ တုန်ယင်နေတဲ့လက်ညှိုးကပါသူ့ဆီဦးတည်လာတာမို့ သူခပ်မဲ့မဲ့ပြုံးကာစကားစစ်ခင်းရသည်။

“လျှောက်ထင်မနေနဲ့ အဲ့တုန်းကတည်းက ခင်ဗျားကိုကျုပ်ပိုင်ခဲ့တာ ကျုပ်ရဲ့ပထမဦးဆုံး Rutမှာအတူဖြတ်သန်းခဲ့တဲ့ခင်ဗျားကို ကျုပ်လိုက်ရှာနေခဲ့ရတာ ခင်ဗျားပြောသလို ထင်ရှူးရနံ့တွေကြောင့်ခင်ဗျားကိုဆွဲထားတာမဟုတ်ဘဲနဲ့ ခင်ဗျားဆီကရခဲ့တဲ့ အဲ့ရနံ့တွေကြောင့် ဒီခြောက်နှစ်လုံးအရူးအမူးဖြစ်နေခဲ့တာ”

“မဟုတ်ဘူး..မင်းလျှောက်ပြောနေတာ..”

မယုံနိုင်မှုတွေထည့်သိမ်းထားတဲ့အကြည့်တွေကိုဖျက်ဆီးဖို့ ရင်ဘတ်ကြီးထဲထည့်ပြီးသိမ်းဆည်းထားသည့်သူ့လျှို့ဝှက်ချက်တွေကို ဖွင့်အန်ထုတ်ပစ်မိသည်။

“ဘာကိုလျှောက်ပြောရမှာလဲ လွန်ခဲ့တဲ့ခြောက်နှစ်ကျုပ်ဆေးပညာသွားသင်ခဲ့တဲ့Aနိုင်ငံ ခင်ဗျားစီးပွားရေးခရီးတစ်ခုထွက်ခဲ့တဲ့Aနိုင်ငံမှာကျုပ်တို့ဆုံခဲ့တာ ကျုပ်ရဲ့ပထမဆုံးအကြိမ်မလို့ဆောက်တည်ရာမဲ့စိတ်လွတ်နေတုန်း ခင်ဗျားဗီဇပြောင်းနေတုန်းနဲ့တွေ့ခဲ့တာလေ ခင်ဗျားမှားဝင်ခဲ့တဲ့အဲ့အခန်းကကျုပ်အခန်း ခင်ဗျားအသိစိတ်လွတ်နေတုန်းကျုပ်တို့မှားခဲ့ကြတယ် ပြီးတော့ရောကျုပ်ဝိဥာဥ်ကိုယူသွားပြီး ခင်ဗျားရဲ့ရနံ့တွေပဲကျုပ်အတွက်ချန်ထားခဲ့တာ ကျုပ်လိုက်ရှာတော့ခင်ဗျားကထွက်ပြေးပြီးနေပြီ အမှောင်ထဲမြင်ခဲ့ရတဲ့မှုန်ဝါးဝါးခင်ဗျားမျက်နှာနဲ့ ကျုပ်နှလုံးသားထဲထိပျံနှံ့ခဲ့တဲ့ထင်းရှုးရနံ့တွေကလွဲရင် ကျုပ်အတွက်ဘာမှမချန်ခဲ့ဘူးလေ”

“………….”

​ချေပစကားတွေထွက်မလာဘဲ အတိတ်တွေကြားနစ်မွန်းသွားပြန်တဲ့သူက လက်ချောင်းတွေတုန်ယင်နေကာ အကြည့်တွေကဦးတည်ရာမမြဲ။တဆတ်ဆတ်တုန်ယင်နေတဲ့နှုတ်ခမ်းတွေကိုငေးကြည့်ရင်း အမှန်တရားတွေကိုထပ်ချခင်းသည်။

“ကျုပ်မှာ စာတောင်အာရုံမစိုက်နိုင်တော့အောင်အထိခင်ဗျားမှခင်ဗျားပဲ နောက်ပိုင်းကျုပ်ကြိုးစားတယ် နောင်တစ်ချိန်ပြန်တွေ့ရင်ခင်ဗျားကိုအပိုင်သိမ်းနိုင်ဖို့စိတ်ကူးယဥ်ပြီး အရမ်းတွေကြိုးစားခဲ့ရတာ ပြန်တွေ့တော့ခင်ဗျားကအိမ်ထောင်ရှင် ဇနီးကကိုယ်ဝန်ကြီးနဲ့ပါတဲ့ အဲ့ကတည်းကကျုပ်ခင်ဗျားအကြောင်းတွေစုံစမ်းနေခဲ့တာ”

သူ့မျက်ဝန်းကခုန်ဆင်းလာတဲ့ရေစက်တစ်ချို့ကို မဖမ်းဆီးမိ။အချိန်အကြာကြီးထိန်းခဲ့ရတဲ့ထိုရေစက်လေးတွေ လွတ်လပ်စွာစီးဆင်းကြပါစေလေ။

“ကျုပ်နောက်ဆုတ်ဖို့ကြိုးစားခဲ့တယ် ဘယ်လောက်ပဲအရူးမူးဖြစ်ခဲ့တဲ့အချစ်ဦးဖြစ်နေပါစေ မိသားစုရှိတဲ့အိမ်ထောင်ရေးကိုကျုပ်မဖျက်စီးချင်ခဲ့ဘူး အဲ့အချိန်အမှန်တရားကပေါ်လာတယ် အဲ့မိန်းမဖောက်ပြန်တဲ့အကြောင်းနဲ့ကလေးကခင်ဗျားသွေးသားမဟုတ်ကြောင်း လက်ထပ်ဖြစ်ခဲ့တာကလွဲရင်ခင်ဗျားတို့ကြားဘာမှမရှိခဲ့ဘူးလေ ကျုပ်လက်မလျှော့နိုင်တော့ဘူး ဒုတိယအကြိမ်ပျောက်ဆုံးသွားပြီးတစ်ဘဝလုံးစာဝေးသွားရမှာမျိုး ခင်ဗျားကိုယ်တိုင်သိသိရက်နဲ့ခံစားနေတဲ့ဝဋ်ကြွေးတွေထဲမထားခဲ့နိုင်ဘူး ကျုပ်မှားလားပြော ခင်ဗျားကိုရူးသွပ်နေလို့အကုန်ရူးမိုက်ချင်တာကျုပ်မှားလားပြောလေ”

သူ့ရင်ဘတ်ကိုသူထုကာ ပြောလာတဲ့စကားတွေကြားသူမချေပနိုင်တော့။မယုံနိုင်စရာဇာတ်လမ်းအလှည့်အပြောင်းကကြီးလွန်းလို့ မျက်ဝန်းတွေဝေဝါးလာခြင်းနှင့်အတူ သူ့အသိစိတ်တွေအမှောင်ထဲတိုးဝင်ကုန်သည်။သူခဏလောက်နားချင်ပြီ။

“ကိုခို ကိုခိုသတိထားအုံး”

ပြိုကျလာသူကိုထိန်းပွေ့ထားရင်း အသက်ရှုသံနားထောင်ကာ သွေးခုန်နှုန်းစမ်းကြည့်ရသည်။တော်သေးသည် စိတ်လှုပ်ရှားစရာတွေများလို့ ခဏတာသတိလစ်သွားခြင်းသာ။

မတိမ်းမယိမ်းခန္ဓာကိုယ်ကိုပွေ့ချီရင်း အိပ်ယာပေါ်အသာတင်လိုက်မိသည်။အခန်းအပူချိန်အနည်းငယ်မြှင့်ကာ စောင်ပါးလေးလွှမ်းပေးပြီးမှ သူ့ဘေးအသာဝင်ထိုင်လိုက်သည်။

“တောင်းပန်ပါတယ် ဖြစ်ချင်တာတွေကိုလုပ်နေမိလို့တောင်းပန်ပါတယ် ဒါပေမယ့်အခြေနေတွေပြောင်းလဲခွင့်ရှိနေတယ်ဆိုရင်တောင်ဒီလမ်းကိုပဲဆက်လျှောက်နေအုံးမှာပဲ ကျုပ်လုပ်ခဲ့တာတွေအတွက်နောင်တလုံးဝမရဘူး”

ဟုတ်သည်။တမင်သက်သက်ကြံစည်ခဲ့ခြင်းတွေကိုသူနောင်တမရ။အကယ်၍သူတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးကစစ်မှန်နေတယ်ဆိုရင်တောင် ကိုယ်ဟာလူမိုက်တစ်ယောက်လုပ်ဖို့ဝန်လေးနေမှာမဟုတ်ဘူး။

……………..

“သားငယ်ထည့်စားလေ အခုတလောသားကိုကြည့်ရတာအားမရလိုက်တာ အစားစားရင်တို့စိတို့စိနဲ့ ကြည့်လိုက်တိုင်းလည်းငေးမှိုင်နေတာပဲ သားအဖေကတောင်ပြောနေတယ် ဒီတစ်ပါတ်တည်းဆရာဝန်နဲ့ပြကြည့်မလားလို့တဲ့”

“သားနေကောင်းပါတယ်မေမေရဲ့ အခုတစ်လောအိမ်မက်ဆိုးတွေခဏခဏမက်နေလို့”

“သားနေ့လည်ဘက်ကိုလျှောက်မတွေးရဘူးလေ အခုတစ်လောသားအရမ်းတွေးနေတာတွေ့တယ် ဘာမှလျှောက်တွေးမနေနဲ့ ရော့ သားကြိုက်တဲ့ပုဇွန်”

သူ့ပန်းကန်ထဲရောက်လာတဲ့ပုဇွန်ကိုကြည့်ရင်း စိတ်ထဲမရေရာတာတစ်ခုခုစဥ်းစားမိသွားသည်။

“မေမေ့”

“ဟွန်”

“အရင်တုန်းကသားကိုဘယ်သူပုဇွန်ခွာပေးတာလဲဟင်”

“မေမေပေါ့သားရဲ့”

“တစ်ခြားသူတွေမရှိဘူးလားဟင်”

“မရှိပါဘူး ကျောင်းကသားသူငယ်ချင်းတွေတောင်သားကိုခွာမပေးလို့ မေမေ့ကိုတိုင်ပြောနေကျပါ”

“သားစိတ်ထဲမှာ တစ်ယောက်ယောက်ရှိနေသလိုပဲ လက်ကြီးကြီးသွေးကြောကြီးကြီးတွေနဲ့ Alphaလက်ကြီးလေ လက်မှာလည်းစျေးကြီးတဲ့နာရီပတ်ထားသေးတယ် ပြီးတော့လက်စွပ်ကလည်းသားကြိုက်တဲ့စံပယ်ပွင့်လေးနဲ့”

“လျှောက်တွေးနေပြန်ပါပြီ Alphaဆိုရင်တော့သားဖေဖေပဲရှိတာ”

“ပြီးတော့..သားတို့မှာသစ်သီးခြံတွေရှိလားဟင်”

“သားအတွက်မေမေစိုက်ပေးထားတဲ့စတော်ဘယ်ရီခင်းလေးနဲ့ သားဖေဖေဝယ်ထားတဲ့နဂါးမောက်ခြံရှိတယ်လေ ဘာလဲသားလိုချင်တဲ့ခြံရှိလို့လား”

“မဟုတ်ဘူးလေ သားကြိုက်တဲ့အသီးတွေလေ သရက်သီး၊လိမ္မော်သီး၊ပန်းသီး အဲ့လိုခြံတွေသားအတွက်စိုက်ပေးဖူးလား”

“ပေါက်ကရတွေ အရင်တစ်ခါသားဖေဖေခေါ်သွားပေးတဲ့ သူ့မိတ်ဆွေခြံတွေကို သားထင်ယောင်ထင်မှားဖြစ်နေတာနေမှာ”

“အဲ့တာဆို”

“အွန်း ဘာတွေကျန်နေသေးလဲ”

စိတ်ထဲမတင်မကျဖြစ်နေတာတွေထုတ်မေးနေတာကို မေမေကထမင်းစားရင်းစိတ်ရှည်လက်ရှည်ဖြေပေးတာမို့ နည်းနည်းတော့အပြစ်ရှိသလိုခံစားနေရသည်။

“ဒီမြို့ထဲမှာ စံပယ်ပင်တွေအပြည့်စိုက်ထားတဲ့ခြံအကျယ်ကြီးရှိလားဟင်”

“ရှိတော့ရှိမှာပေါ့ သားမရောက်ဖူးတာတော့သေချာတယ် မဟုတ်ရင်သားကြိုက်တဲ့ပန်းတွေအကြောင်းမေမေ့ဆီလာကြွားလို့ဆုံးမှာမဟုတ်တော့ဘူး”

“အဲ့လိုခြံကြီးတစ်ခြံ သားပိုင်ခဲ့ဖူးသလိုခံစားရတယ်”

“အိမ်မက်တွေကိုအရမ်းအလေးအနက်မထားရဘူးသားငယ် မဟုတ်ရင်လက်တွေ့နဲ့ရောသွားတဲ့အခါသားစိတ်တွေကိုရှူပ်ထွေးသွားစေနိုင်တယ်”

“ဟုတ်”

စကားဆက်မဆိုတော့ဘဲ ခေါင်းငုံ့ကာ ထမင်းစားခြင်းဆီစိတ်နှစ်လိုက်သည်။မေမေပြောသလိုသူထင်ယောင်ထင်မှားမြင်နေခြင်းလားမသိသော်လည်း အခုရက်ပိုင်းတွေ သူ့မှတ်ဥာဏ်ထဲမရေရာမှုတို့ဝင်ရောက်လာတတ်သည်။

သူ့ကိုအမြဲထွေးပွေ့ထားပေးဖူးတဲ့ခံစားချက်မျိုး သူ့အတွက်အရာအားလုံးအလိုလိုက်ပေးတဲ့ခံစားချက်မျိုး သူခံစားဖူးသလိုပင်။နောက်ပြီး သူ့ဝမ်းဗိုက်ထဲအသက်ငွေ့လေးတစ်ခုခိုကပ်ခဲ့ဖူးသလိုမျိုး။

လမ်းမြန်မြန်လျှောက်မိရင်တောင် သူ့ဝမ်းဗိုက်ကိုထိန်းကိုင်လိုက်မိတဲ့အချိန်တွေ မတော်တဆယိုင်လဲချင်ရင်တောင် ထိတ်ကနဲဝမ်းဗိုက်ကိုထိမှာစိုးရိမ်မိတဲ့အချိန်တွေ အပူအစပ်တွေစားချင်တဲ့အခါ ကလေးအတွက်မသင့်တော်ဘူးလို့တွေးမိတဲ့အချိန်တွေ ခဏခဏရှိလာသည်။

မဖြစ်နိုင်တာသေချာနေပါလျက်နဲ့ ချစ်သူမပြောနဲ့ Alphaသူငယ်ချင်းတောင်မရှိပါဘဲနဲ့ ကိုယ်ဝန်ကဘယ်လိုလုပ်ရှိမှာလဲလေ။

နောက်ထပ်တစ်ခုက သူ့ဖယ်ရိုမုန်းတွေနဲ့အသားမကျတော့ခြင်း။မတော်တဆထုတ်လွှင့်မိခဲ့တဲ့ သူ့ရနံ့တွေသိပ်မရင်းနှီး သူ့ဖယ်ရိုမုန်းအစစ်ကစံပယ်ရနံ့ပါဆိုတဲ့ ထင်မြင်ချက်ကြီးက စိတ်ထဲမှာတဝဲလည်လည်။

အဖြေမရှိတဲ့မေးခွန်းတွေအလယ် သူတဖြည်းဖြည်း စိတ်တွေလွတ်ချင်လာသည်။ထင်ယောင်ထင်မှားနှင့်အစစ်အမှန်ကြား သူအမှန်တရားကိုမဝေခွဲတတ်တော့။တစ်ခါတစ်ရံ အသိစိတ်တွေရှုပ်ထွေးနေတတ်သည်။

စားသောက်ခြင်းကိုလက်စသတ်ကာ အပေါ်ထပ်ဆီသို့တက်ခဲ့လိုက်သည်။တစ်ဝက်တပြတ်အကြမ်းထည်ပန်းချီကားတွေက သူ့ကိုပိုပြီးခေါင်းကိုက်လာစေသည်။အဲ့ပုံထဲကလူကို သူရင်းရင်းနှီးနှီးသိနေသလိုပဲ။

နောက်ပြီး နောက်ကျောထက်ကအသက်ဝင်လွန်းတဲ့နတ်ဆိုးအတောင်ပံတွေ။သူရင်းရင်းနှီးနှီးထိတွေ့ဖူးပြီး အမြဲသဘောတကျငေးကြည့်နေခဲ့ဖူးသလိုမျိုး။

အတွေးတွေနောက်ပို့ကာ ရေခဲသေတ္တာထဲကပဲနို့ကဒ်ကိုဆွဲထုတ်လာလိုက်သည်။တစ်ဗူးချင်းစီဖောက်သောက်ရင်း ပန်းချီကားကိုလက်စသတ်လိုက်မိသည်။

ဒီပန်းချီကားကဖေဖေ့မိတ်ဆွေပြခန်းမှာ တင်ဖို့ပေးရမည်ဖြစ်တာကြောင့်စိတ်နှစ်ပြီးဆွဲပေးနေမိတာ။

အထက်စီးမှမြင်နေရသော မြို့ငယ်လေးက မြူတွေကြား သိပ်မကွဲပြား။ရေငွေ့တွေအုပ်ဆိုင်းနေတဲ့ ကန်ရေပြင်ကြီးလည်းရှိသေးသည်။မြို့ပတ်လည်ခပ်စိမ်းစိမ်းသစ်တောတွေက ဆောင်းမှာပိုပြီးစိမ်းရင့်နေသလိုမျိုး။မကြာမီရွက်ဝါဆီပြောင်းကာ မြေပြင်ထက်လေ​ကြောင့်မှေးစက်ရတော့မည်။

ရင်းနှီးနေတဲ့မြင်ကွင်းလေးက ကော်ဖီပူတစ်ခွက်နှင့်သိပ်လိုက်ဖက်နေပါလိမ့်မည်။သူဟာကော်ဖီမသောက်တတ်ပေမယ့်လည်းပေါ့။

သတိရစိတ်နှင့်အတူ စတူရီယိုထဲမှထွက်ကာ ချည်လုံးလေးနှင့်အပ်ကိုကိုင်လိုက်မိသည်။သူထိုးလက်စစတော်ဘယ်ရီ Key Chain လေးမှာစံပယ်ပွင့်လေးထပ်ထိုးလိုက်သည်။သူအရင်ထိုးထားတဲ့တစ်ခုကပျောက်သွားတာ ရှာလို့တောင်မတွေ့တော့။

အလုပ်ထဲနစ်မျောနေတော့အရာအားလုံးမေ့မေ့ပျောက်ပျောက်ဖြစ်သွားသည်။ဂုတ်ညောင်းလာလို့ရပ်လိုက်ကာအချိန်ကိုကြည့်မိတော့ ညနေစောင်းနေပြီ။သောက်စရာပဲနို့လည်းကုန်သွားပြီ။

ပစ္စည်းတွေသိမ်းဆည်းကာအိမ်အောက်ဆင်းမှ ကောင်းကင်မှာမိုးရိပ်တွေတက်လာပြီ။အခုမှသတိရသွားသည်ကသူ့ပဲနို့တွေကုန်နေပြီ။ဖေဖေ့ကိုလည်းလှမ်းမမှာချင်တော့။လမ်းထိပ်ဆိုင်ပဲသွားဝယ်လိုက်မည်။

“မေမေရေ”

“သားငယ်ဘာလိုလို့လဲ”

မီးဖိုခန်းဆီမှထွက်လာတဲ့မေမေ့အသံကြောင့် အခန်းတံခါးဝမှာရပ်ကာ ခွင့်တောင်းမိသည်။

“သားစတိုးဆိုင်ကိုခဏသွားချင်လို့”

“ခဏလေးစောင့်အုံးသားငယ် မေမေဟင်းမကျက်သေးလို့”

“သားဘာသာသွားလိုက်မယ်”

“မဖြစ်ပါဘူး ညနေစောင်းနေပြီ သားဖေဖေသိရင်ဆူနေမှာ”

“ခဏလေးပဲမေမေ သားပဲနို့တွေကုန်သွားပြီ မနက်ဖြန်သားသောက်စရာမရှိတော့ဘူး”

“သားဖေဖေကိုမှာလိုက်လေ”

“ဖေဖေကပြန်လာနေလောက်ပြီ အလုပ်ရှုပ်နေမှာဆိုးလို့”

“ဟုတ်ပြီ မေမေ့အံဆွဲထဲကပိုက်ဆံယူသွား မြန်မြန်ပြန်ခဲ့နော် လူစိမ်းတွေတွေ့ရင်ဝေးဝေးကရှောင် ဆေးလိပ်သောက်တဲ့သူတွေနားမကပ်နဲ့”

“ဟုတ်ကဲ့”

အိမ်ပေါ်ပြန်ပြေးတက်ကာ မေမေ့အခန်းထဲကပိုက်ဆံဝင်ယူလိုက်သည်။အိမ်ပြင်ရောက်မှသတိထားမိတော့ မကြာခင်မိုးရွာလာလောက်သည်။ကောင်းကင်ကချက်ချင်းကြီး ကိုမှောင်မိုက်လာတာ။

ခြေလှမ်းတွေကိုသွက်သွက်လှမ်းကာ ဆိုင်ထဲပြေးဝင်မိသည်။မိုးရေမစိုချင်ပါဘူး။လာဝယ်သူတစ်ယောက်စနှစ်ယောက်စကလည်း ငွေရှင်းကာခပ်သွက်သွက်ပြန်ကုန်သည်မို့ ဆိုင်လေးကလူရှင်းနေလေသည်။ဆိုင်ရှင်အအန်တီကြီးကလည်းသိမ်စရာရှိတာသိမ်းကာ တံခါးတွေပိတ်နေလေပြီ။

ယူနေကျပဲနို့ကဒ်လေးကောက်ဆွဲကာပိုက်ဆံရှင်းတော့ ဆိုင်ရှင်အန်တီကြီးကပြုံးပြလာလေသည်။

“ဝါးရုံလေး နို့တွေအရမ်းသောက်တယ်နော် မနေ့ကပဲလာဝယ်သွားတာကိုကုန်သွားပြီပေါ့”

“ဟုတ် ငယ်ငယ်က စတော်ဘယ်ရီအရသာလေးအရမ်းကြိုက်တာ”

“ဟုတ်ပါပြီရှင် ရော့ဒါကပြန်အမ်းတာ ဒီတစ်ဗူးကအန်တီကချစ်လို့တိုက်တာ”

စတော်ဘယ်ရီပဲနို့ဗူးလေးကပေးနေကျမို့ သူလှမ်းယူကာကျေးဇူးတင်မိသည်။

“ကျေးဇူးတင်ပါတယ်အန်တီ”

“ရပါတယ်ကွယ် မြန်မြန်ပြန်နော်ကလေး မိုးတွေရွာတော့မှာ လမ်းမှာလူစိမ်းတွေတွေ့ရင်လည်းစကားမပြောနဲ့ “

“ဟုတ်ကဲ့ သားသွားပြီဗျ”

“အေးအေး”

ဆိုင်ထဲမှထွက်လာတော့ လမ်းဘေးအိမ်တွေတံခါးပိတ်ကုန်ပြီ။လက်ထဲကအန်တီကြီး လက်ဆောင်ပေးလိုက်သောပဲနို့အား ပိုက်နှင့်ဖောက်စုပ်ကာ ခြေလှမ်းတွေပိုသွက်မိသည်။

ကောင်းကင်ထက်ကမိုးရိပ်တွေက မုန်တိုင်းလာတော့မည့်ပင်လယ်ပြင်လိုမျိုး လေတွေပါငြိမ်ငြိမ်သက်သက်။ကတ္တရာလမ်းပေါ်သစ်ရွက်ကြွေသံတွေသာတရှပ်ရှပ်။

နှစ်မိနစ်စာလောက်လာကျန်သောခရီးမှာ အိမ်လေးအားလှမ်းမြင်နေရပြီ။ကားလေးကိုမမြင်ရသေးပုံထောက်ရင် ဖေဖေပြန်မရောက်သေးဘူးထင်သည်။

“ကောင်လေး”

လူခိုနားရန်ပြုလုပ်ထားသောခုံတန်းလေးပေါ်ကုတ်ကုတ်လေးထိုင်နေသောလူတစ်ယောက်။ခပ်ပွပွအနွေးထည်အောက် ခန္ဓာကိုယ်ကပိန်ပိန်လှီလှီ။ကျိုးတိုးကျဲတဲဆံပင်ဖြူတွေက ဇရာရဲ့အငွေ့အသက်တွေ။လက်ထဲကိုင်ထားတာကသိပ်မထူတဲ့စာအုပ်တစ်အုပ်။ခပ်မှိန်မှိန်မီးအလင်းရောင်ကြောင့် မျက်နှာကအမှောင်ထဲမှာတစ်စွန်းတစ။

“ဗျာ ငယ်ငယ့်ကိုခေါ်တာလား”

“ဟုတ်တယ်မင်း ဗေဒင်ကြည့်ချင်လား ဒီစာအုပ်လေးလက်ဆောင်ပေးမယ် ထောင့်ငါးရာပဲပေး”

ရင်းနှီးသလိုအငွေ့အသက်တွေတိုးဝင်လာခြင်းနှင့်အတူ စာအုပ်ဆီအကြည့်ရောက်သွားမိသည်။ထိုစာအုပ်ကသူ့အတွက်အရေးကြီးအစိတ်အပိုင်းတစ်ခုလိုမျိုး။အဲ့စာအုပ်ကိုပိုင်ဆိုင်ခဲ့ဖူးသလိုမျိုး။

ငြင်းမည့်စကားတွေကလည်ပင်းကနေအောက်ပြန်ဆင်းသည်။အိမ်ဘက်ကြည့်တော့ဖေဖေပြန်မရောက်သေး။အရဲစွန့်ကာထိုလူ့ရှေ့ လက်ဆန့်ထုတ်ပေးမိသည်။အလင်းရောင်မှိန်မှိန်ကြောင့် လက်ဖဝါးပြင်ကိုအားယူကာကြည့်နေလေသည်။

“မင်း အချစ်ရေးကံမကောင်းဘူး အချစ်ကိုမယုံကြည်နဲ့ မင်းကိုချစ်တဲ့သူကိုမယုံကြည်နဲ့
မင်းမှာချစ်ခွင့်မရှိဘူး အကယ်၍မင်းချစ်မိခဲ့ရင် နာကျင်ရလိမ့်မယ် မင်းအချစ်ကိုရတဲ့သူက မင်းကြောင့်သေလိမ့်မယ် မင်းကိုချစ်မိတဲ့သူကြောင့် မင်းသေလိမ့်မယ် မကောင်းမှု နတ်ဆိုးက မင်းကိုချစ်ခွင့်မပေးထားဘူး”

ရင်းနှီးသလိုအပြောတွေကို သူသဘောမကျမိဘူး။

“ကြည့်ပေးလို့ကြည့်ကျေးဇူးတင်ပါတယ် ဒါပေမယ့်ကျွန်တော်ချစ်ကြည့်ချင်တယ်”

“ကိုယ့်သေတွင်းကိုယ်မရှာချင်ပါနဲ့”

“လူတိုင်းဟာသေမျိုးတွေချည်းပဲမလို့ ငယ်ငယ်မကြောက်ပါဘူး”

ဘယ်ကသတ္တိတွေနှင့်သူပြန်ငြင်းလိုက်မိသည်မသိ။သူဟာအမြဲ လူကြီးသူမတွေကိုရိုသေနေခဲ့ပါလျက်နှင့်လေ။

“မင်းသိရဲ့လား ချစ်တဲ့သူနဲ့ကွေကွင်းရတဲ့ဒုက္ခက ချစ််မိသူတိုင်းရဲ့အိမ်မက်ဆိုးပဲ ထွက်သွားသူကမခံစားရတော့ပေမယ့် ကျန်နေခဲ့ရတဲ့သူကတော့ ရှင်လျက်နဲ့သေတတ်ကြတယ် အဲ့တာငရဲပဲ”

ဘယ်ဘက်ရင်ဘတ်ထဲဆစ်ကနဲဖြစ်သွားခြင်းနှင့်အတူ တစ်စုံတစ်ယောက်၏နာကျင်စွာတီးတိုးဆိုနေသံက နားထဲဝင်ရောက်လာသလိုမျိုး။သူ့နံမည်ကိုတပြီး ပြန်လာခဲ့ဖို့တဖွဖွဆိုနေတာ။

“မပြောတော့ဘူး ပေး ထောင့်ငါးရာ”

ဖြန့်ပေးလာတဲ့လက်ဖဝါးပြင်က အသက်အရွယ်နဲ့သိပ်မလိုက်ဖက်ဘဲ နုနယ်နေသည်။စိတ်ထဲဘဝင်မကျခြင်းနှင့်အတူ တစ်နေရာရာမှာကြားဖူးသည့်စကားတွေပြန်ကြားယောင်လာသည်။
*လူတစ်ယောက်ကိုယုံစားပြီး ပိုက်ဆံ၁၅၀၀ကိုဘယ်တော့မှမပေးမိစေနဲ့ ၁၅၀၀ဆိုတာအချစ်ရဲ့သကေ်တ ကလေးရဲ့အချစ်ရေးကိုတစ်ခြားသူလက်ထဲမှာပြောင်းလဲခွင့်မပေးလိုက်မိစေနဲ့*

“ငါးထောင်တန်ပဲယူထားလိုက်ပါ”

အပိုယူလာတဲ့ငါးထောင်တန်ထုတ်ပေးတော့ ခါးခါးသီးသီးငြင်းလာလေသည်။

“ငါ့ကိုထောင့်ငါးရာပဲပေး”

“ဘာလို့လဲ”

“ဂျိန်းး”

ထိုစဥ်မိုးစက်တွေကမြေပြင်ဆီအငြိုးနဲ့ရိုက်ခတ်လာလေသည်။ကောင်းကင်တစ်ခွင်လုံးပြိုကျတော့မလို အားပြင်းပြင်းနှင့်ရွာသွန်းလာတာမို့ လျှပ်စစ်မီးတွေပါပြတ်တောက်ကာ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မည်းကုန်လေသည်။

“ပေးမှာလား မပေးဘူးလား”

မမြင်ရတဲ့အမှောင်ထဲ ထိုပုဂ္ဂိုလ်ဆီကကြုံးဝါးလိုက်သံက နတ်ဆိုးတစ်ကောင်လို။ကျောပြင်တွေထိကြက်သီးထလာပြီး အသက်ရှူတွေပါကြပ်လာသည်။

“ငယ်ငယ် သားလေး”

ခပ်လှမ်းလှမ်းဆီမှ လျှပ်စစ်မီးရောင်နှင့်အတူ ဖေဖေ့ခေါ်သံကအသက်ရှင်ဆေးလို။လက်ထဲကပိုက်ဆံကိုချပေးခဲ့ပြီးပြေးမည်ဟန်ပြင်တော့ လက်တစ်ဖက်ကိုဆွဲထားလေသည်။

“ကြည်ကြည်ဖြူဖြူမပေးရင် သတ်ပစ်မယ်”

“ဂျိန်းးးးးး”

အနီတောင်မီးတောက်တစ်ခုကလက်ဖဝါးပြင်ထဲမှာ။မိုးချိန်းသံနှင့်အတူလျှပ်စီးပါဝင်းခနဲမို့ မျက်နှာကိုထင်ထင်ရှားရှားမြင်လိုက်ရသည်။နတ်ဆိုးတစ်ကောင်ငရဲပြည်မှတွားသွားတက်လာသလို ကြမ်းကြုတ်မှုအပြည့်နှင့်မျက်နှာကြောင့် သူဆွံ့အစွာနေရာမှမလှုပ်မိ…….
.

################

ငြိမ်း🌞🌻

“ဒီသတင္းကဘယ္လိုျဖစ္တာလဲ”

ဖုန္းကိုလူေရွ႕တိုးေပးရင္း အံႀကိတ္ကာေမးလာတာမို႔ ကိုယ္ႏွင့္မဆိုင္သလိုသာတစ္ခ်က္ၾကည့္လိုက္သည္။ၿပီးမွပုခုံးတြန့္ျပကာ

“ကိုခိုျမင္တဲ့အတိုင္းပဲေလ”

“မင္းလက္ခ်က္မလား”

ဖုန္းကိုကုတင္ထက္ပစ္ေပါက္ၿပီး မ်က္ဝန္းနီေတြနဲ႕ေမးလာတာမို႔ တပ္လက္စလက္ၾကယ္သီးကိုလက္စသတ္ကာသူေျဖရွင္းရသည္။

” ကိုခို႔ဇနီးေဟာင္းရဲ႕သတင္းစာရွင္းလင္းပြဲက ကြၽန္ေတာ္နဲ႕ဘယ္လိုပတ္သပ္ေနလို႔လဲ”

“ဘာလို႔မပတ္သပ္ရမွာလဲ ငါးႏွစ္ေက်ာ္ေျခာက္ႏွစ္လုံးမရမကဆြဲထားတဲ့သူက အခုကြာရွင္းခြင့္ေတာင္းေနၿပီးေတာ့ ကေလးကတစ္ျခားတစ္ေယာက္နဲ႕ရတာပါဆိုၿပီးေတာင္ ပြင့္ပြင့္လင္းလင္းထုတ္ေျပာလာတာေလ သူက႐ူးေနလို႔အဲ့လိုလုပ္မွာလား”

“သူ႕ကိုသြားေမးရမွာမဟုတ္ဘူးလား သူ႕စိတ္ကိုကိုယ္ကနားလည္ေပးေနရအုံးမွာလား”

“မင္းေၾကာင့္မဟုတ္ဘူးဆိုတာမျဖစ္နိုင္လို႔ေလ ပထမဆုံးအေနနဲ႕ငါ့ကိုၿခိမ္းေျခာက္ၿပီးအတူေနခိုင္းတယ္ အခုက်ေတာ့ငါ့ဇနီးဘက္ကကြာရွင္းခြင့္ေတာင္းလာတယ္ ရိုးရိုးေတာင္မဟုတ္ဘူး ကိုယ္ကOmegaျဖစ္ေၾကာင္းအပါအဝင္ သူ႕ဘက္ကိုပဲအျပစ္ေတြအကုန္ဆြဲယူသြားတာ အခုခ်ိန္ကိုယ့္ကိုလူတိုင္းစာနာတဲ့အေျခေနႀကီးနဲ႕ေလ ဘယ္လိုလူမ်ိဳးကမ်ားကိုယ့္မေကာင္းမႈေတြလူသိရွင္ၾကားထုတ္ေျပာမွာတဲ့လဲ”

“သူေျပာသြားတာအမွန္တရားေတြခ်ည္းပဲေလ”

“အဲ့တာေၾကာင့္ေျပာေနတာေပါ့ တစ္ေလွ်ာက္လုံးအမွားေတြကိုသိမွန္းက်ဴးလြန္ခဲ့တဲ့သူက အခုမွအမွန္တရားကိုထုတ္ေျပာလာတာကိုက မင္းပေယာဂေၾကာင့္ဆိုတာပိုေသခ်ာေနတာေလ”

“ဘယ္မွာလဲသက္ေသ”

“ဘာကိုသက္ေသေတာင္းေနတာလဲ အမွန္တရားကထင္ရွားေနတာပဲဟာ မင္းလိုလူကလြယ္လြယ္နဲ႕လႊတ္ေပးမယ္ေျပာကတည္းကငါမယုံခဲ့ရမွာ”

“ခင္ဗ်ားကဘာေတြနစ္နာသြားလို႔က်ဳပ္ကိုေဒါသထြက္ေနတာလဲ”

ထိန္းမထားနိုင္တဲ့ေဒါသေတြေၾကာင့္ေလသံေတြလည္းမညင္သာေတာ့။

“ထြက္တယ္ကြ မင္းတို႔ကအာဏာရွိတယ္ဆိုတိုင္း ေနရာတကာထုတ္သုံးေနတာေလ အမွားကိုအမွန္ေျပာင္းတာျဖစ္ျဖစ္ အမွန္ကိုအမွားေျပာင္းတာျဖစ္ျဖစ္ မင္းတို႔က ကစားစရာလိုေျပာင္းပစ္ေတာ့တာပဲ လူ႕ဘဝေတြကိုအာဏာနဲ႕ေဆာ့ကစားေနတာ အခုဟာကလူႏွစ္ေယာက္ရဲ႕ဘဝကြ”

“သူ႕ဘက္ကကာၿပီးက်ဳပ္ေဒါသေတြကိုမစြနဲ႕”

“ဘာလုပ္ခ်င္လို႔လဲ မင္းငါ့ဘဝကိုအဆုံးစြန္ထိတြန္းပို႔ၿပီးေနၿပီပဲဟာ ဘာေတြထပ္လုပ္ခ်င္ေနတာလဲ ဘာလဲ ခံစားခ်က္မရွိေတာ့တဲ့ခႏၶာကိုယ္ႀကီးကိုလိုခ်င္ေနတာလား ဆြဲကိုင္စစရာေမွ်ာ္လင့္ခ်က္ေတြမရွိေတာ့တဲ့လူတစ္ေယာက္ရဲ႕ က်ရႉံးေနတဲ့ခႏၶာကိုယ္ႀကီးကိုလိုခ်င္ေနတာလား”

“ေတာ္ေတာ့”

“မေတာ္နိုင္ဘူး……. ေျခာက္ႏွစ္ ငါေျခာက္ႏွစ္လုံးေသမလိုႀကိဳးစားေနထိုင္ခဲ့ရတာကြ ငါ့အားနည္းခ်က္ကိုအဲ့မိန္းမလက္ထဲထည့္ၿပီးငါေသမလိုအသက္ရွင္ေနခဲ့ရတာ မိဘေတြသိသြားမွာေၾကာက္တဲ့စိတ္ ပတ္ဝန္းက်င္ကေမးေငါ့ၾကမွာေၾကာက္တဲ့စိတ္ေတြနဲ႕ ငါ့မွာအသက္ေတာင္ေကာင္းေကာင္းမရႉနိုင္ခဲ့ဘူး ငါ့အတိတ္ကဒဏ္ရာေတြကိုမင္းကဘယ္ေလာက္သိေနလို႔လဲ မင္းသိတာကမင္းသေဘာက်တဲ့ဖယ္ရိုမုန္းရနံ႕ေတြမင္းအပိုင္ျဖစ္လာေစရမယ္ဆိုတဲ့အတၱနဲ႕ ငါ့ကိုခ်ဳပ္ႏွောင္ခ်င္ေနတာ မင္းသေဘာက်တာငါ့ကိုမဟုတ္ဘူး ငါ့ဖယ္ရိုမုန္းေတြကိုသေဘာက်တာ အရင္တုန္းကငါ့အမည္းစက္ေတြကိုမင္းမသိလို႔လိုခ်င္တပ္မက္ေနတာ”

“ကြၽန္ေတာ္အကုန္သိၿပီးသားမလို႔ ေပါက္ကရစြပ္စြဲခ်က္ေတြမေျပာနဲ႕”

“သိၿပီးသား အဟက္..ဟုတ္မွာေပါ့ တစ္ဖက္သားကိုၿခိမ္းေျခာက္ၿပီး သိခ်င္တာသိရေအာင္လုပ္တဲ့ေနရာမွာ မင္းတို႔ကဆရာႀကီးေတြကိုး”

ႏႈတ္ခမ္းေတြတြန့္ေကြးကာ ထီမထင္ၿပဳံးၿပီးလူကို႐ြဲ႕လာတာက သူ႕အျမင္မွာကိုယ္ဟာလူဆိုးလူမိုက္တစ္ေယာက္လို။

“က်ဳပ္ေဒါသေတြကိုလာမဆြနဲ႕လို႔ ခင္ဗ်ားစိတ္ထဲမွာက်ဳပ္ကအဲ့ေလာက္ထိနိမ့္က်ဆိဳးသြမ္းေနတာလား”

“ကိုယ့္ကိုယ္ကိုမသိဘူးလား ဘာလဲေတာင္းပန္ရအုံးမွာလား ငါ့ဘဝႀကီးအခုလိုျဖစ္သြားရတာကိုေတာင္ မင္းကိုမွားယြင္းစြပ္စြဲမိပါတယ္ဆိုၿပီး ေတာင္းပန္ေပးရအုံးမွာလား”

“က်ဳပ္ခင္ဗ်ားကိုသေဘာက်ခဲ့လို႔ မရရေအာင္သိမ္းပိုက္ခဲ့တာ ခင္ဗ်ားေျပာသလိုဖယ္ရိုမုန္းေတြဆိုတာ အေၾကာင္းျပခ်က္သက္သက္ပဲ ခင္ဗ်ားမိသားစုကိုၿဖိဳခြဲတယ္လို႔မစြပ္စြဲနဲ႕ ခင္ဗ်ားတို႔ကမိသားစုမဟုတ္ခဲ့တာ ကာယကံရွင္ေတြကအသိဆုံးပဲ”

“ငါ့အေၾကာင္းဘယ္ေလာက္ေတြသိေနလို႔လဲ ငါ့အတိတ္ေတြကိုဘယ္ေလာက္ေတာင္သိေနလို႔လဲ သူ႕ဆီမွာရွိတဲ့ငါ့အားနည္းခ်က္ကိုမင္းသိသြားရင္ မင္းဒီစကားေတြေျပာလာပါအုံးမလားပဲ သိသြားရင္မင္းကစြန့္ပစ္လိုက္မွာ အဲ့အခ်ိန္က်ရင္ငါ့ဘဝႀကီးကစုတ္ျပတ္သတ္ၿပီးေသဖို႔ပဲက်န္ေတာ့တာ”

“ဘာအားနည္းခ်က္လဲ လြန္ခဲ့တဲ့ေျခာက္ႏွစ္ AlphaကေနOmegaေျပာင္းေနခ်ိန္တစ္စုံတစ္ေယာက္နဲ႕အတူေနခဲ့မိတဲ့အေၾကာင္းလား”

“မင္း……..မင္း…အဲ့ေလာက္အထိေတာင္ေမးထား..”

တုန္လႈပ္ေနတဲ့မ်က္ဝန္းေတြႏွင့္အတူ တုန္ယင္ေနတဲ့လက္ညွိုးကပါသူ႕ဆီဦးတည္လာတာမို႔ သူခပ္မဲ့မဲ့ၿပဳံးကာစကားစစ္ခင္းရသည္။

“ေလွ်ာက္ထင္မေနနဲ႕ အဲ့တုန္းကတည္းက ခင္ဗ်ားကိုက်ဳပ္ပိုင္ခဲ့တာ က်ဳပ္ရဲ႕ပထမဦးဆုံး Rutမွာအတူျဖတ္သန္းခဲ့တဲ့ခင္ဗ်ားကို က်ဳပ္လိုက္ရွာေနခဲ့ရတာ ခင္ဗ်ားေျပာသလို ထင္ရႉးရနံ႕ေတြေၾကာင့္ခင္ဗ်ားကိုဆြဲထားတာမဟုတ္ဘဲနဲ႕ ခင္ဗ်ားဆီကရခဲ့တဲ့ အဲ့ရနံ႕ေတြေၾကာင့္ ဒီေျခာက္ႏွစ္လုံးအ႐ူးအမူးျဖစ္ေနခဲ့တာ”

“မဟုတ္ဘူး..မင္းေလွ်ာက္ေျပာေနတာ..”

မယုံနိုင္မႈေတြထည့္သိမ္းထားတဲ့အၾကည့္ေတြကိုဖ်က္ဆီးဖို႔ ရင္ဘတ္ႀကီးထဲထည့္ၿပီးသိမ္းဆည္းထားသည့္သူ႕လွ်ို႔ဝွက္ခ်က္ေတြကို ဖြင့္အန္ထုတ္ပစ္မိသည္။

“ဘာကိုေလွ်ာက္ေျပာရမွာလဲ လြန္ခဲ့တဲ့ေျခာက္ႏွစ္က်ဳပ္ေဆးပညာသြားသင္ခဲ့တဲ့Aနိုင္ငံ ခင္ဗ်ားစီးပြားေရးခရီးတစ္ခုထြက္ခဲ့တဲ့Aနိုင္ငံမွာက်ဳပ္တို႔ဆုံခဲ့တာ က်ဳပ္ရဲ႕ပထမဆုံးအႀကိမ္မလို႔ေဆာက္တည္ရာမဲ့စိတ္လြတ္ေနတုန္း ခင္ဗ်ားဗီဇေျပာင္းေနတုန္းနဲ႕ေတြ႕ခဲ့တာေလ ခင္ဗ်ားမွားဝင္ခဲ့တဲ့အဲ့အခန္းကက်ဳပ္အခန္း ခင္ဗ်ားအသိစိတ္လြတ္ေနတုန္းက်ဳပ္တို႔မွားခဲ့ၾကတယ္ ၿပီးေတာ့ေရာက်ဳပ္ဝိဥာဥ္ကိုယူသြားၿပီး ခင္ဗ်ားရဲ႕ရနံ႕ေတြပဲက်ဳပ္အတြက္ခ်န္ထားခဲ့တာ က်ဳပ္လိုက္ရွာေတာ့ခင္ဗ်ားကထြက္ေျပးၿပီးေနၿပီ အေမွာင္ထဲျမင္ခဲ့ရတဲ့မႈန္ဝါးဝါးခင္ဗ်ားမ်က္ႏွာနဲ႕ က်ဳပ္ႏွလုံးသားထဲထိပ်ံႏွံ႕ခဲ့တဲ့ထင္းရႈးရနံ႕ေတြကလြဲရင္ က်ဳပ္အတြက္ဘာမွမခ်န္ခဲ့ဘူးေလ”

“………….”

ေခ်ပစကားေတြထြက္မလာဘဲ အတိတ္ေတြၾကားနစ္မြန္းသြားျပန္တဲ့သူက လက္ေခ်ာင္းေတြတုန္ယင္ေနကာ အၾကည့္ေတြကဦးတည္ရာမၿမဲ။တဆတ္ဆတ္တုန္ယင္ေနတဲ့ႏႈတ္ခမ္းေတြကိုေငးၾကည့္ရင္း အမွန္တရားေတြကိုထပ္ခ်ခင္းသည္။

“က်ဳပ္မွာ စာေတာင္အာ႐ုံမစိုက္နိုင္ေတာ့ေအာင္အထိ ခင္ဗ်ားမွခင္ဗ်ားပဲ ေနာက္ပိုင္းက်ဳပ္ႀကိဳးစားတယ္ ေနာင္တစ္ခ်ိန္ျပန္ေတြ႕ရင္ခင္ဗ်ားကိုအပိုင္သိမ္းနိုင္ဖို႔စိတ္ကူးယဥ္ၿပီး အရမ္းေတြႀကိဳးစားခဲ့ရတာ ျပန္ေတြ႕ေတာ့ခင္ဗ်ားကအိမ္ေထာင္ရွင္ ဇနီးကကိုယ္ဝန္ႀကီးနဲ႕ပါတဲ့ အဲ့ကတည္းကကိုယ္မင္းအေၾကာင္းေတြစုံစမ္းေနခဲ့တာ”

သူ႕မ်က္ဝန္းကခုန္ဆင္းလာတဲ့ေရစက္တစ္ခ်ိဳ႕ကို မဖမ္းဆီးမိ။အခ်ိန္အၾကာႀကီးထိန္းခဲ့ရတဲ့ထိုေရစက္ေလးေတြ လြတ္လပ္စြာစီးဆင္းၾကပါေစေလ။

“ကိုယ္ေနာက္ဆုတ္ဖို႔ႀကိဳးစားခဲ့တယ္ ဘယ္ေလာက္ပဲအ႐ူးမူးျဖစ္ခဲ့တဲ့အခ်စ္ဦးျဖစ္ေနပါေစ မိသားစုရွိတဲ့အိမ္ေထာင္ေရးကိုက်ဳပ္မဖ်က္စီးခ်င္ခဲ့ဘူး အဲ့အခ်ိန္အမွန္တရားကေပၚလာတယ္ အဲ့မိန္းမေဖာက္ျပန္တဲ့အေၾကာင္းနဲ႕ကေလးကခင္ဗ်ားေသြးသားမဟုတ္ေၾကာင္း လက္ထပ္ျဖစ္ခဲ့တာကလြဲရင္ခင္ဗ်ားတို႔ၾကားဘာမွမရွိခဲ့ဘူးေလ က်ဳပ္လက္မေလွ်ာ့နိုင္ေတာ့ဘူး ဒုတိယအႀကိမ္ေပ်ာက္ဆုံးသြားၿပီးတစ္ဘဝလုံးစာေဝးသြားရမွာမ်ိဳး ခင္ဗ်ားကိုယ္တိုင္သိသိရက္နဲ႕ခံစားေနတဲ့ဝဋ္ေႂကြးေတြထဲမထားခဲ့နိုင္ဘူး က်ဳပ္မွားလားေျပာ ခင္ဗ်ားကို႐ူးသြပ္ေနလို႔အကုန္႐ူးမိုက္ခ်င္တာက်ဳပ္မွားလားေျပာေလ”

သူ႕ရင္ဘတ္ကိုသူထုကာ ေျပာလာတဲ့စကားေတြၾကား သူမေခ်ပနိုင္ေတာ့။မယုံနိုင္စရာဇာတ္လမ္းအလွည့္အေျပာင္းကႀကီးလြန္းလို႔ မ်က္ဝန္းေတြေဝဝါးလာျခင္းႏွင့္အတူ သူ႕အသိစိတ္ေတြအေမွာင္ထဲတိုးဝင္ကုန္သည္။သူခဏေလာက္နားခ်င္ၿပီ။

“ကိုခို ကိုခိုသတိထားအုံး”

ၿပိဳက်လာသူကိုထိန္းေပြ႕ထားရင္း အသက္ရႈသံနားေထာင္ကာ ေသြးခုန္ႏႈန္းစမ္းၾကည့္ရသည္။ေတာ္ေသးသည္ စိတ္လႈပ္ရွားစရာေတြမ်ားလို႔ ခဏတာသတိလစ္သြားျခင္းသာ။

မတိမ္းမယိမ္းခႏၶာကိုယ္ကိုေပြ႕ခ်ီရင္း အိပ္ယာေပၚအသာတင္လိုက္မိသည္။အခန္းအပူခ်ိန္အနည္းငယ္ျမႇင့္ကာ ေစာင္ပါးေလးလႊမ္းေပးၿပီးမွ သူ႕ေဘးအသာဝင္ထိုင္လိုက္သည္။

“ေတာင္းပန္ပါတယ္ ျဖစ္ခ်င္တာေတြကိုလုပ္ေနမိလို႔ေတာင္းပန္ပါတယ္ ဒါေပမယ့္အေျခေနေတြေျပာင္းလဲခြင့္ရွိေနတယ္ဆိုရင္ေတာင္ဒီလမ္းကိုပဲဆက္ေလွ်ာက္ေနအုံးမွာပဲ ကိုယ္လုပ္ခဲ့တာေတြအတြက္ေနာင္တလုံးဝမရဘူး”

ဟုတ္သည္။တမင္သက္သက္ႀကံစည္ခဲ့ျခင္းေတြကိုသူေနာင္တမရ။အကယ္၍သူတို႔ႏွစ္ေယာက္ရဲ႕အိမ္ေထာင္ေရးကစစ္မွန္ေနတယ္ဆိုရင္ေတာင္ ကိုယ္ဟာလူမိုက္တစ္ေယာက္လုပ္ဖို႔ဝန္ေလးေနမွာမဟုတ္ဘူး။

……………..

“သားငယ္ထည့္စားေလ အခုတေလာသားကိုၾကည့္ရတာအားမရလိုက္တာ အစားစားရင္တို႔စိတို႔စိနဲ႕ ၾကည့္လိုက္တိုင္းလည္းေငးမွိုင္ေနတာပဲ သားအေဖကေတာင္ေျပာေနတယ္ ဒီတစ္ပါတ္တည္းဆရာဝန္နဲ႕ျပၾကည့္မလားလို႔တဲ့”

“သားေနေကာင္းပါတယ္ေမေမရဲ႕ အခုတစ္ေလာအိမ္မက္ဆိုးေတြခဏခဏမက္ေနလို႔”

“သားေန႕လည္ဘက္ကိုေလွ်ာက္မေတြးရဘူးေလ အခုတစ္ေလာသားအရမ္းေတြးေနတာေတြ႕တယ္ ဘာမွေလွ်ာက္ေတြးမေနနဲ႕ ေရာ့ သားႀကိဳက္တဲ့ပုဇြန္”

သူ႕ပန္းကန္ထဲေရာက္လာတဲ့ပုဇြန္ကိုၾကည့္ရင္း စိတ္ထဲမေရရာတာတစ္ခုခုစဥ္းစားမိသြားသည္။

“ေမေမ့”

“ဟြန္”

“အရင္တုန္းကသားကိုဘယ္သူပုဇြန္ခြာေပးတာလဲဟင္”

“ေမေမေပါ့သားရဲ႕”

“တစ္ျခားသူေတြမရွိဘူးလားဟင္”

“မရွိပါဘူး ေက်ာင္းကသားသူငယ္ခ်င္းေတြေတာင္သားကိုခြာမေပးလို႔ ေမေမ့ကိုတိုင္ေျပာေနက်ပါ”

“သားစိတ္ထဲမွာ တစ္ေယာက္ေယာက္ရွိေနသလိုပဲ လက္ႀကီးႀကီး ေသြးေၾကာႀကီးႀကီးေတြနဲ႕ Alphaလက္ႀကီးေလ လက္မွာလည္းေစ်းႀကီးတဲ့နာရီပတ္ထားေသးတယ္ ၿပီးေတာ့လက္စြပ္ကလည္းသားႀကိဳက္တဲ့စံပယ္ပြင့္ေလးနဲ႕”

“ေလွ်ာက္ေတြးေနျပန္ပါၿပီ Alphaဆိုရင္ေတာ့သားေဖေဖပဲရွိတာ”

“ၿပီးေတာ့..သားတို႔မွာသစ္သီးၿခံေတြရွိလားဟင္”

“သားအတြက္ေမေမစိုက္ေပးထားတဲ့စေတာ္ဘယ္ရီခင္းေလးနဲ႕ သားေဖေဖဝယ္ထားတဲ့နဂါးေမာက္ၿခံရွိတယ္ေလ ဘာလဲသားလိုခ်င္တဲ့ၿခံရွိလို႔လား”

“မဟုတ္ဘူးေလ သားႀကိဳက္တဲ့အသီးေတြေလ သရက္သီး လိေမၼာ္သီး ပန္းသီး အဲ့လိုၿခံေတြသားအတြက္စိုက္ေပးဖူးလား”

“ေပါက္ကရေတြ အရင္တစ္ခါသားေဖေဖေခၚသြားေပးတဲ့ သူ႕မိတ္ေဆြၿခံေတြကို သားထင္ေယာင္ထင္မွားျဖစ္ေနတာေနမွာ”

“အဲ့တာဆို”

“အြန္း ဘာေတြက်န္ေနေသးလဲ”

စိတ္ထဲမတင္မက်ျဖစ္ေနတာေတြထုတ္ေမးေနတာကို ေမေမကထမင္းစားရင္းစိတ္ရွည္လက္ရွည္ေျဖေပးတာမို႔ နည္းနည္းေတာ့အျပစ္ရွိသလိုခံစားေနရသည္။

“ဒီၿမိဳ႕ထဲမွာ စံပယ္ပင္ေတြအျပည့္စိုက္ထားတဲ့ၿခံအက်ယ္ႀကီးရွိလားဟင္”

“ရွိေတာ့ရွိမွာေပါ့ သားမေရာက္ဖူးတာေတာ့ေသခ်ာတယ္ မဟုတ္ရင္သားႀကိဳက္တဲ့ပန္းေတြအေၾကာင္းေမေမ့ဆီလာႂကြားလို႔ဆုံးမွာမဟုတ္ေတာ့ဘူး”

“အဲ့လိုၿခံႀကီးတစ္ၿခံ သားပိုင္ခဲ့ဖူးသလိုခံစားရတယ္”

“အိမ္မက္ေတြကိုအရမ္းအေလးအနက္မထားရဘူးသားငယ္ မဟုတ္ရင္လက္ေတြ႕နဲ႕ေရာသြားတဲ့အခါသားစိတ္ေတြကိုရႉပ္ေထြးသြားေစနိုင္တယ္”

“ဟုတ္”

စကားဆက္မဆိုေတာ့ဘဲ ေခါင္းငုံ႕ကာ ထမင္းစားျခင္းဆီစိတ္ႏွစ္လိုက္သည္။ေမေမေျပာသလိုသူထင္ေယာင္ထင္မွားျမင္ေနျခင္းလားမသိေသာ္လည္း အခုရက္ပိုင္းေတြ သူ႕မွတ္ဥာဏ္ထဲမေရရာမႈတို႔ဝင္ေရာက္လာတတ္သည္။

သူ႕ကိုအၿမဲေထြးေပြ႕ထားေပးဖူးတဲ့ခံစားခ်က္မ်ိဳး သူ႕အတြက္အရာအားလုံးအလိုလိုက္ေပးတဲ့ခံစားခ်က္မ်ိဳး သူခံစားဖူးသလိုပင္။ေနာက္ၿပီး သူ႕ဝမ္းဗိုက္ထဲအသက္ေငြ႕ေလးတစ္ခုခိုကပ္ခဲ့ဖူးသလိုမ်ိဳး။

လမ္းျမန္ျမန္ေလွ်ာက္မိရင္ေတာင္ သူ႕ဝမ္းဗိုက္ကိုထိန္းကိုင္လိုက္မိတဲ့အခ်ိန္ေတြ မေတာ္တဆယိုင္လဲခ်င္ရင္ေတာင္ ထိတ္ကနဲဝမ္းဗိုက္ကိုထိမွာစိုးရိမ္မိတဲ့အခ်ိန္ေတြ အပူအစပ္ေတြစားခ်င္တဲ့အခါ ကေလးအတြက္မသင့္ေတာ္ဘူးလို႔ေတြးမိတဲ့အခ်ိန္ေတြ ခဏခဏရွိလာသည္။

မျဖစ္နိုင္တာေသခ်ာေနပါလ်က္နဲ႕ ခ်စ္သူမေျပာနဲ႕ Alphaသူငယ္ခ်င္းေတာင္မရွိပါဘဲနဲ႕ ကိုယ္ဝန္ကဘယ္လိုလုပ္ရွိမွာလဲေလ။

ေနာက္ထပ္တစ္ခုက သူ႕ဖယ္ရိုမုန္းေတြနဲ႕အသားမက်ေတာ့ျခင္း။မေတာ္တဆထုတ္လႊင့္မိခဲ့တဲ့ သူ႕ရနံ႕ေတြသိပ္မရင္းႏွီး သူ႕ဖယ္ရိုမုန္းအစစ္ကစံပယ္ရနံ႕ပါဆိုတဲ့ ထင္ျမင္ခ်က္ႀကီးက စိတ္ထဲမွာတဝဲလည္လည္။

အေျဖမရွိတဲ့ေမးခြန္းေတြအလယ္ သူတျဖည္းျဖည္း စိတ္ေတြလြတ္ခ်င္လာသည္။ထင္ေယာင္ထင္မွားႏွင့္အစစ္အမွန္ၾကား သူအမွန္တရားကိုမေဝခြဲတတ္ေတာ့။တစ္ခါတစ္ရံ အသိစိတ္ေတြရႈပ္ေထြးေနတတ္သည္။

စားေသာက္ျခင္းကိုလက္စသတ္ကာ အေပၚထပ္ဆီသို႔တက္ခဲ့လိုက္သည္။တစ္ဝက္တျပတ္အၾကမ္းထည္ပန္းခ်ီကားေတြက သူ႕ကိုပိုၿပီးေခါင္းကိုက္လာေစသည္။အဲ့ပုံထဲကလူကို သူရင္းရင္းႏွီးႏွီးသိေနသလိုပဲ။

ေနာက္ၿပီး ေနာက္ေက်ာထက္ကအသက္ဝင္လြန္းတဲ့နတ္ဆိုးအေတာင္ပံေတြ။သူရင္းရင္းႏွီးႏွီးထိေတြ႕ဖူးၿပီး အၿမဲသေဘာတက်ေငးၾကည့္ေနခဲ့ဖူးသလိုမ်ိဳး။

အေတြးေတြေနာက္ပို႔ကာ ေရခဲေသတၱာထဲကပဲနို႔ကဒ္ကိုဆြဲထုတ္လာလိုက္သည္။တစ္ဗူးခ်င္းစီေဖာက္ေသာက္ရင္း ပန္းခ်ီကားကိုလက္စသတ္လိုက္မိသည္။

ဒီပန္းခ်ီကားကေဖေဖ့မိတ္ေဆြျပခန္းမွာ တင္ဖို႔ေပးရမည္ျဖစ္တာေၾကာင့္စိတ္ႏွစ္ၿပီးဆြဲေပးေနမိတာ။

အထက္စီးမွျမင္ေနရေသာ ၿမိဳ႕ငယ္ေလးက ျမဴေတြၾကား သိပ္မကြဲျပား။ေရေငြ႕ေတြအုပ္ဆိုင္းေနတဲ့ ကန္ေရျပင္ႀကီးလည္းရွိေသးသည္။ၿမိဳ႕ပတ္လည္ခပ္စိမ္းစိမ္းသစ္ေတာေတြက ေဆာင္းမွာပိုၿပီးစိမ္းရင့္ေနသလိုမ်ိဳး။မၾကာမီ႐ြက္ဝါဆီေျပာင္းကာ ေျမျပင္ထက္ေလေၾကာင့္ေမွးစက္ရေတာ့မည္။

ရင္းႏွီးေနတဲ့ျမင္ကြင္းေလးက ေကာ္ဖီပူတစ္ခြက္ႏွင့္သိပ္လိုက္ဖက္ေနပါလိမ့္မည္။သူဟာေကာ္ဖီမေသာက္တတ္ေပမယ့္လည္းေပါ့။

သတိရစိတ္ႏွင့္အတူ စတူရီယိုထဲမွထြက္ကာ ခ်ည္လုံးေလးႏွင့္အပ္ကိုကိုင္လိုက္မိသည္။သူထိုးလက္စစေတာ္ဘယ္ရီ key chain ေလးမွာစံပယ္ပြင့္ေလးထပ္ထိုးလိုက္သည္။သူအရင္ထိုးထားတဲ့တစ္ခုကေပ်ာက္သြားတာ ရွာလို႔ေတာင္မေတြ႕ေတာ့။

အလုပ္ထဲနစ္ေမ်ာေနေတာ့အရာအားလုံးေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္သြားသည္။ဂုတ္ေညာင္းလာလို႔ရပ္လိုက္ကာအခ်ိန္ကိုၾကည့္မိေတာ့ ညေနေစာင္းေနၿပီ။ေသာက္စရာပဲနို႔လည္းကုန္သြားၿပီ။

ပစၥည္းေတြသိမ္းဆည္းကာအိမ္ေအာက္ဆင္းမွ ေကာင္းကင္မွာမိုးရိပ္ေတြတက္လာၿပီ။အခုမွသတိရသြားသည္ကသူ႕ပဲနို႔ေတြကုန္ေနၿပီ။ေဖေဖ့ကိုလည္းလွမ္းမမွာခ်င္ေတာ့။လမ္းထိပ္ဆိုင္ပဲသြားဝယ္လိုက္မည္။

“ေမေမေရ”

“သားငယ္ဘာလိုလို႔လဲ”

မီးဖိုခန္းဆီမွထြက္လာတဲ့ေမေမ့အသံေၾကာင့္ အခန္းတံခါးဝမွာရပ္ကာ ခြင့္ေတာင္းမိသည္။

“သားစတိုးဆိုင္ကိုခဏသြားခ်င္လို႔”

“ခဏေလးေစာင့္အုံးသားငယ္ ေမေမဟင္းမက်က္ေသးလို႔”

“သားဘာသာသြားလိုက္မယ္”

“မျဖစ္ပါဘူး ညေနေစာင္းေနၿပီ သားေဖေဖသိရင္ဆူေနမွာ”

“ခဏေလးပဲေမေမ သားပဲနို႔ေတြကုန္သြားၿပီ မနက္ျဖန္သားေသာက္စရာမရွိေတာ့ဘူး”

“သားေဖေဖကိုမွာလိုက္ေလ”

“ေဖေဖကျပန္လာေနေလာက္ၿပီ အလုပ္ရႈပ္ေနမွာဆိုးလို႔”

“ဟုတ္ၿပီ ေမေမ့အံဆြဲထဲကပိုက္ဆံယူသြား ျမန္ျမန္ျပန္ခဲ့ေနာ္ လူစိမ္းေတြေတြ႕ရင္ေဝးေဝးကေရွာင္ ေဆးလိပ္ေသာက္တဲ့သူေတြနားမကပ္နဲ႕”

“ဟုတ္ကဲ့”

အိမ္ေပၚျပန္ေျပးတက္ကာ ေမေမ့အခန္းထဲကပိုက္ဆံဝင္ယူလိုက္သည္။အိမ္ျပင္ေရာက္မွသတိထားမိေတာ့ မၾကာခင္မိုး႐ြာလာေလာက္သည္။ေကာင္းကင္ကခ်က္ခ်င္းႀကီး ကိုေမွာင္မိုက္လာတာ။

ေျခလွမ္းေတြကိုသြက္သြက္လွမ္းကာ ဆိုင္ထဲေျပးဝင္မိသည္။မိုးေရမစိုခ်င္ပါဘူး။လာဝယ္သူတစ္ေယာက္စႏွစ္ေယာက္စကလည္း ေငြရွင္းကာခပ္သြက္သြက္ျပန္ကုန္သည္မို႔ ဆိုင္ေလးကလူရွင္းေနေလသည္။ဆိုင္ရွင္အအန္တီႀကီးကလည္းသိမ္စရာရွိတာသိမ္းကာ တံခါးေတြပိတ္ေနေလၿပီ။

ယူေနက်ပဲနို႔ကဒ္ေလးေကာက္ဆြဲကာပိုက္ဆံရွင္းေတာ့ ဆိုင္ရွင္အန္တီႀကီးကၿပဳံးျပလာေလသည္။

“ဝါး႐ုံေလး နို႔ေတြအရမ္းေသာက္တယ္ေနာ္ မေန႕ကပဲလာဝယ္သြားတာကိုကုန္သြားၿပီေပါ့”

“ဟုတ္ ငယ္ငယ္က စေတာ္ဘယ္ရီအရသာေလးအရမ္းႀကိဳက္တာ”

“ဟုတ္ပါၿပီရွင္ ေရာ့ဒါကျပန္အမ္းတာ ဒီတစ္ဗူးကအန္တီကခ်စ္လို႔တိုက္တာ”

စေတာ္ဘယ္ရီပဲနို႔ဗူးေလးကေပးေနက်မိဳ႕ သူလွမ္းယူကာေက်းဇူးတင္မိသည္။

“ေက်းဇူးတင္ပါတယ္အန္တီ”

“ရပါတယ္ကြယ္ ျမန္ျမန္ျပန္ေနာ္ကေလး မိုးေတြ႐ြာေတာ့မွာ လမ္းမွာလူစိမ္းေတြေတြ႕ရင္လည္းစကားမေျပာနဲ႕ “

“ဟုတ္ကဲ့ သားသြားၿပီဗ်”

“ေအးေအး”

ဆိုင္ထဲမွထြက္လာေတာ့ လမ္းေဘးအိမ္ေတြတံခါးပိတ္ကုန္ၿပီ။လက္ထဲကအန္တီႀကီး လက္ေဆာင္ေပးလိုက္ေသာပဲနို႔အား ပိုက္ႏွင့္ေဖာက္စုပ္ကာ ေျခလွမ္းေတြပိုသြက္မိသည္။

ေကာင္းကင္ထက္ကမိုးရိပ္ေတြက မုန္တိုင္းလာေတာ့မည့္ပင္လယ္ျပင္လိုမ်ိဳး ေလေတြပါၿငိမ္ၿငိမ္သက္သက္။ကတၱရာလမ္းေပၚသစ္႐ြက္ေႂကြသံေတြသာတရွပ္ရွပ္။

ႏွစ္မိနစ္စာေလာက္လာက်န္ေသာခရီးမွာ အိမ္ေလးအားလွမ္းျမင္ေနရၿပီ။ကားေလးကိုမျမင္ရေသးပုံေထာက္ရင္ ေဖေဖျပန္မေရာက္ေသးဘူးထင္သည္။

“ေကာင္ေလး”

လူခိုနားရန္ျပဳလုပ္ထားေသာခုံတန္းေလးေပၚကုတ္ကုတ္ေလးထိုင္ေနေသာလူတစ္ေယာက္။ခပ္ပြပြအႏြေးထည္ေအာက္ ခႏၶာကိုယ္ကပိန္ပိန္လွီလွီ။က်ိဳးတိုးက်ဲတဲဆံပင္ျဖဴေတြက ဇရာရဲ႕အေငြ႕အသက္ေတြ။လက္ထဲကိုင္ထားတာကသိပ္မထူတဲ့စာအုပ္တစ္အုပ္။ခပ္မွိန္မွိန္မီးအလင္းေရာင္ေၾကာင့္ မ်က္ႏွာကအေမွာင္ထဲမွာတစ္စြန္းတစ။

“ဗ်ာ ငယ္ငယ့္ကိုေခၚတာလား”

“ဟုတ္တယ္မင္း ေဗဒင္ၾကည့္ခ်င္လား ဒီစာအုပ္ေလးလက္ေဆာင္ေပးမယ္ ေထာင့္ငါးရာပဲေပး”

ရင္းႏွီးသလိုအေငြ႕အသက္ေတြတိုးဝင္လာျခင္းႏွင့္အတူ စာအုပ္ဆီအၾကည့္ေရာက္သြားမိသည္။ထိုစာအုပ္ကသူ႕အတြက္အေရးႀကီးအစိတ္အပိုင္းတစ္ခုလိုမ်ိဳး။အဲ့စာအုပ္ကိုပိုင္ဆိုင္ခဲ့ဖူးသလိုမ်ိဳး။

ျငင္းမည့္စကားေတြကလည္ပင္းကေနေအာက္ျပန္ဆင္းသည္။အိမ္ဘက္ၾကည့္ေတာ့ေဖေဖျပန္မေရာက္ေသး။အရဲစြန့္ကာထိုလူ႕ေရွ႕ လက္ဆန့္ထုတ္ေပးမိသည္။အလင္းေရာင္မွိန္မွိန္ေၾကာင့္ လက္ဖဝါးျပင္ကိုအားယူကာၾကည့္ေနေလသည္။

“မင္း အခ်စ္ေရးကံမေကာင္းဘူး အခ်စ္ကိုမယုံၾကည္နဲ႕ မင္းကိုခ်စ္တဲ့သူကိုမယုံၾကည္နဲ႕
မင္းမွာခ်စ္ခြင့္မရွိဘူး အကယ္၍မင္းခ်စ္မိခဲ့ရင္ နာက်င္ရလိမ့္မယ္ မင္းအခ်စ္ကိုရတဲ့သူက မင္းေၾကာင့္ေသလိမ့္မယ္ မင္းကိုခ်စ္မိတဲ့သူေၾကာင့္ မင္းေသလိမ့္မယ္ မေကာင္းမႈ နတ္ဆိုးက မင္းကိုခ်စ္ခြင့္မေပးထားဘူး”

ရင္းႏွီးသလိုအေျပာေတြကို သူသေဘာမက်မိဘူး။

“ၾကည့္ေပးလို႔ၾကည့္ေက်းဇူးတင္ပါတယ္ ဒါေပမယ့္ကြၽန္ေတာ္ခ်စ္ၾကည့္ခ်င္တယ္”

“ကိုယ့္ေသတြင္းကိုယ္မရွာခ်င္ပါနဲ႕”

“လူတိုင္းဟာေသမ်ိဳးေတြခ်ည္းပဲမလို႔ ငယ္ငယ္မေၾကာက္ပါဘူး”

ဘယ္ကသတၱိေတြႏွင့္သူျပန္ျငင္းလိုက္မိသည္မသိ။သူဟာအၿမဲ လူႀကီးသူမေတြကိုရိုေသေနခဲ့ပါလ်က္ႏွင့္ေလ။

“မင္းသိရဲ႕လား ခ်စ္တဲ့သူနဲ႕ေကြကြင္းရတဲ့ဒုကၡက ခ်စ္္မိသူတိုင္းရဲ႕အိမ္မက္ဆိုးပဲ ထြက္သြားသူကမခံစားရေတာ့ေပမယ့္ က်န္ေနခဲ့ရတဲ့သူကေတာ့ ရွင္လ်က္နဲ႕ေသတတ္ၾကတယ္ အဲ့တာငရဲပဲ”

ဘယ္ဘက္ရင္ဘတ္ထဲဆစ္ကနဲျဖစ္သြားျခင္းႏွင့္အတူ တစ္စုံတစ္ေယာက္၏နာက်င္စြာတီးတိုးဆိုေနသံက နားထဲဝင္ေရာက္လာသလိုမ်ိဳး။သူ႕နံမည္ကိုတၿပီး ျပန္လာခဲ့ဖို႔တဖြဖြဆိုေနတာ။

“မေျပာေတာ့ဘူး ေပး ေထာင့္ငါးရာ”

ျဖန့္ေပးလာတဲ့လက္ဖဝါးျပင္က အသက္အ႐ြယ္နဲ႕သိပ္မလိုက္ဖက္ဘဲ ႏုနယ္ေနသည္။စိတ္ထဲဘဝင္မက်ျခင္းႏွင့္အတူ တစ္ေနရာရာမွာၾကားဖူးသည့္စကားေတြျပန္ၾကားေယာင္လာသည္။
*လူတစ္ေယာက္ကိုယုံစားၿပီး ပိုက္ဆံ၁၅၀၀ကိုဘယ္ေတာ့မွမေပးမိေစနဲ႕ ၁၅၀၀ဆိုတာအခ်စ္ရဲ႕သေက္တ ကေလးရဲ႕အခ်စ္ေရးကိုတစ္ျခားသူလက္ထဲမွာေျပာင္းလဲခြင့္မေပးလိုက္မိေစနဲ႕*

“ငါးေထာင္တန္ပဲယူထားလိုက္ပါ”

အပိုယူလာတဲ့ငါးေထာင္တန္ထုတ္ေပးေတာ့ ခါးခါးသီးသီးျငင္းလာေလသည္။

“ငါ့ကိုေထာင့္ငါးရာပဲေပး”

“ဘာလို႔လဲ”

“ဂ်ိန္းး”

ထိုစဥ္မိုးစက္ေတြကေျမျပင္ဆီအၿငိဳးနဲ႕ရိုက္ခတ္လာေလသည္။ေကာင္းကင္တစ္ခြင္လုံးၿပိဳက်ေတာ့မလို အားျပင္းျပင္းႏွင့္႐ြာသြန္းလာတာမို႔ လွ်ပ္စစ္မီးေတြပါျပတ္ေတာက္ကာ ပတ္ဝန္းက်င္တစ္ခုလုံး ေမွာင္မည္းကုန္ေလသည္။

“ေပးမွာလား မေပးဘူးလား”

မျမင္ရတဲ့အေမွာင္ထဲ ထိုပုဂၢိုလ္ဆီကႀကဳံးဝါးလိုက္သံက နတ္ဆိုးတစ္ေကာင္လို။ေက်ာျပင္ေတြထိၾကက္သီးထလာၿပီး အသက္ရႉေတြပါၾကပ္လာသည္။

“ငယ္ငယ္ သားေလး”

ခပ္လွမ္းလွမ္းဆီမွ လွ်ပ္စစ္မီးေရာင္ႏွင့္အတူ ေဖေဖ့ေခၚသံကအသက္ရွင္ေဆးလို။လက္ထဲကပိုက္ဆံကိုခ်ေပးခဲ့ၿပီးေျပးမည္ဟန္ျပင္ေတာ့ လက္တစ္ဖက္ကိုဆြဲထားေလသည္။

“ၾကည္ၾကည္ျဖဴျဖဴမေပးရင္ သတ္ပစ္မယ္”

“ဂ်ိန္းးးးးး”

အနီေတာင္မီးေတာက္တစ္ခုကလက္ဖဝါးျပင္ထဲမွာ။မိုးခ်ိန္းသံႏွင့္အတူလွ်ပ္စီးပါဝင္းခနဲမို႔ မ်က္ႏွာကိုထင္ထင္ရွားရွားျမင္လိုက္ရသည္။နတ္ဆိုးတစ္ေကာင္ငရဲျပည္မွတြားသြားတက္လာသလို ၾကမ္းၾကဳတ္မႈအျပည့္ႏွင့္မ်က္ႏွာေၾကာင့္ သူဆြံ႕အစြာေနရာမွမလႈပ္မိ…….
.

################

ၿငိမ္း🌞🌻

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၆, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၆, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၆ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၆ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၆ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၆ light novel, ,

Comment

Leave a Reply

Chapter 47