Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၇

A+ A-

“ထမင်းတော့ဝင်အောင်စားပါလားကိုCean”

“ငါစားပါတယ်”

“စားနေရင်ဒီရုပ်ဖြစ်မလား အခုမှန်ထဲလည်းကြည့်အုံး လခြမ်းနိုးလာလို့ဒီပုံစံကိုမြင်ရင် သူ့ခင်ပွန်းအဖြစ်ဆက်ပြီးတောင်လက်ခံနိုင်ပါ့မလားဘဲ”

“ကျစ် စားပါ့မယ်ဆိုကွာ”

ဂရုမစိုက်သလိုပြောပြီး ကုတင်ဘက်ပြန်ရောက်သွားသူက လေတိုက်ရင်လဲတော့မလိုခန္ဓာကိုယ် အသက်မဲ့နေတဲ့မျက်ဝန်းအစုံနှင့်။

“ကိုယ့်ကိုယ်ကိုဂရုစိုက် ကိုCeanနေကောင်းမှ လခြမ်းကိုစောင့်ရှောက်နိုင်မှာ မဟုတ်ရင်..”

“မင်းတို့ပြန်တော့”

“ဟင်း….မနက်ဖြန်တစ်ချက်ပြန်လာကြည့်မယ်”

ပြောမရသူကိုထားခဲ့ကာ အခန်းပြင်သာထွက်ခဲ့လိုက်သည်။

“အဆင်ပြေလား ကိုလတ်”

အခန်းအပြင်မှာစောင့်နေတဲ့Geoကဆီးကြိုမေးလာတာမို့ သက်ပြင်းသာချမိသည်။

“အရင်လိုပဲ သူ့ကိုယ်ကိုဂရုစိုက်ဖို့တော့ပြောပေမယ့် သိပ်နားမဝင်ဘူးကွာ ကြာရင်ဒီစိတ်နဲ့လုံးပါးပါးတော့မယ်ထင်တယ် နှစ်လနဲ့တောင်ဒီလောက်ဆိုရင် ကလေးမွေးခါနီးအချိန်ထိ..”

“မဟုတ်ပါဘူး ဒီကြားထဲလခြမ်းသတိရလာမှာပါ”

သူ့အပြောကိုခေါင်းညိတ်ထောက်ခံရင်း အမြဲတွဲမြင်နေကျတိမ်ငွေ့ကိုမမြင်မိ၍

“မင်းကောင်လေးရော”

“သူ့သူငယ်ချင်းဆီသွားတယ် ဟိုတစ်ယောက်အခြေနေလည်းသိတယ်မလား”

“ကိုကျောက်စက်ကရောဘယ်လိုဖြစ်တာလဲ ရုတ်တရတ်ကြီးထကြေငြာရတယ်လို့ ပြီးတော့လည်းအခြားသူမဟုတ်ဘူး ပင်ထနောင်းညိုတဲ့”

“နောင်းညိုကသူ့ကိုစိတ်ဆိုးပြီးရှောင်နေတာထင်တယ် အဲ့တာကိုလူပျိုကြီးကဆန္ဒတွေမထိန်းနိုင်တော့လို့ခိုးပြေးခဲ့တာ အဲ့တုန်းကမိဘတွေကိုတော့အသိပေးခဲ့တယ်တဲ့”

“ခိုးပြေးတာအရင်လကဆို ခုမှသတင်းတွေထွက်လာတာကရော”

“အစကမိဘတွေနဲ့အသိပေးပြန်အပ်ထားတာ လခြမ်းသတိရလာမှဆက်စီစဥ်မယ်လို့ပင်ထနောင်းညိုပြောတာကိုသဘောတူပြီးတော့ အခုကျတော့သူ့အရင်ကောင်မလေးနဲ့တွေ့တာကိုမြင်ပြီး ဇွတ်တွေကြေငြာပစ်တာ”

အောက်ထပ်ဆီအတူဆင်းလာရင်း ကိုကျောက်စက်တို့အကြောင်းကိုသာ စကားလက်ဆုံကျသွားသည်။

“အရင်ကောင်မလေးနဲ့ပြန်ဆက်တာလား”

“ဘယ်ကသာဗျာ လမ်းမှာမတော်တဆတွေ့လို့နှုတ်ဆက်နေတာကိုမြင်ပြီး သဝန်တိုလွန်သွားတာ”

“ဖြစ်ရလေကွာ”

“ဒါနဲ့……ကိုလတ်လူသတင်းတွေလည်းတွေ့တယ် အခြေနေက”

ကားဆီအရောက်ကားနောက်ခန်းတံခါးဖွင့်ရင်းပစ္စည်းတွေထည့်ကာတံခါးအရင်ပိတ်သည်။ပြီးမှသူ့ဘက်လှည့်လာရင်း

“သူနဲ့ငါ့ရဲ့အရင်ကအကြောင်းတွေငါဖွင့်ပြောလိုက်ပြီ မနက်ကငါပြောပြီးပြီးချင်း သတိလစ်သွားသေးတယ် နေ့လည်ဘက်ပြန်သတိရလာခဲ့ပေမယ့် ငါဒီလာတဲ့ထိတော့စကားမပြောဖြစ်သေးဘူး ဒီကအပြန်မှဆက်ဆွေးနွေးရတော့မှာပဲ သူ့ကိုခဏစိတ်ငြိမ်အောင်စောင့်လိုက်အုံးမယ် ပြီးမှရှေ့ရေးကိုဆက်ဆွေးနွေးမယ်”

“မိုးရွာတော့မယ်ထင်တယ် ကားလည်းသေချာမောင်းပြန်အုံး”

“အင်းပါ မင်းရောငါနဲ့တစ်ခါတည်းပြန်လိုက်မလား”

“ရတယ် ငွေ့လာကြိုမယ်ပြောတယ် စောင့်လိုက်အုံးမယ်”

“Ok ပြန်ပြီနော်”

နှုတ်ဆက်ကာထွက်သွားတဲ့ကိုလတ်ကျောပြင်ကိုကြည့်ပြီး အခန်းထဲပြိုလဲနေမယ့်ကိုCeanကိုပြေးမြင်သည်။ဒီအဖြစ်ဆိုးတွေ ရပ်တန့်ပြီး ကိုCeanကိုပျော်စေချင်ပြီ။

ခြံထဲကသစ်ပင်တွေကိုငေးရင်း လာကြိုမည့်သူကိုစောင့်မိသည်။နေ့လည်ကတည်းကသူ့ကိုလာပို့ပြီး သူငယ်ချင်းဖြစ်သူဆီထွက်သွားတာမို့ လာတော့မည်ထင်သည်။မှိုင်းညို့နေတဲ့ကောင်းကင်ကြီးကိုကြည့်ကာ သူသက်ပြင်းချမိသည်။အလွမ်းဓာတ်ခံရှိသူတွေအတွက် ဆွေးလို့ကောင်းတဲ့ရာသီဥတု​ပါပဲ။

လူရှေ့ထိုးရပ်လာတဲ့ကားကြောင့် အကြည့်တွေကိုနေရာရွှေ့မိသည်။ကားတံခါးဖွင့်ကာဆင်းလာဖို့ပြင်သူကြောင့် သူခေါင်းရမ်းပြကာ ကားထဲဝင်ထိုင်လိုက်သည်။သူ့ဘက်လှည့်လို့ပြောလာသူက မကြည်မသာမျက်နှာလေးနှင့်။

“လခြမ်းကိုဝင်ကြည့်ချင်သေးတယ်”

“မနက်ဖြန်မှတစ်ခေါက်ပြန်လာကြရအောင်လေ ကိုCeanစိတ်အခြေနေလည်းမကောင်းတာမို့မဝင်ကြရအောင် ပြီးတော့ဒီရက်ပိုင်းငွေ့လည်းပင်ပန်းနေတာမလား လခြမ်းကြောင့်ရောနောင်းညိုကြောင့်ပါအလုပ်တွေများနေတာ ဒီကစောစောပြန်ပြီးနားရအောင် မနက်ဖြန်မှာထပ်လာကြတာပေါ့”

လက်လေးကိုဖွဖွဆုပ်ကိုင်လို့ ဖြောင့်ဖျမိတာသူ့အတွက်ပါပဲ။

“ဟုတ်ပါပြီ”

နွမ်းလျတဲ့အပြုံးတစ်ခုနဲ့ ကားစက်နှိုးကာပြန်ဖို့ပြင်သည်။အပြုံးလေးတွေလတ်ဆတ်စေချင်ပြီငွေ့ရယ်…..

……………….

နာရီသံတစ်ချက်ချက်ကြား တပ်ဆင်ထားတဲ့စက်တွေထံမှမြည်သံတွေသာသူ့အတွက်အဖော်တွေလို။နှစ်လကြာနေပေမယ့်နေသားမကျသေးဘူး ကလေးရယ်။

လုံးဝိုင်းနေတဲ့ဗိုက်ဖောင်းလေးက ကြီးထွားလာတာသိသိသာသာ။အာဟာရအတွက်ဆေးတွေကူပေးနေတာမို့သာ ကလေးလေးပြည့်နေသေးတာ။မသိရင် အိပ်နေသလိုမျိုး သဘာဝဆန်လွန်းအောင်အထိ လူကိုလှည့်စားနေနိုင်ပါသေးသည်။

သွင်းရတဲ့ဆေးတွေများလို့ ညိုမည်းနေတဲ့အပ်ပေါက်ရာတွေက လက်ဖမိုးကနေအပေါ်ထိရောက်နေပြီ။ခြေထောက်လေးတွေပါသွေးကြောရှာထားတာမို့ ကြာရင်သွေးကြောရှာမတွေ့မှာတောင်စိုးရပါသည်။

ကလေးသာသတိရလာရင် ချော့မရအောင်အော်ငိုနေမှာလားမသိ။ဒါမှမဟုတ် သူ့ဗိုက်လုံးလုံးလေးကိုပွတ်ရင်း ကိုယ့်ရင်ခွင်ထဲဝင်တိုးကာဂျီများကျနေမလား။

ဒီနေ့အတွက်အလွမ်းပြေဖွင့်ဖို့ Recorderလေးဆီလက်လှမ်းမိသည်။သူတို့ တိမ်ငွေ့ပြည်နယ်ဆီအလည်သွားတုန်းကအချိန်လေးဖြစ်မည်။

“အဲ့တာအကြားအမြင်ရပုဂ္ဂိုလ်လေ သူနဲ့ရေစက်ရှိတဲ့လူတွေကိုပဲစကားပြောတာ လူတိုင်းနဲ့စကားမပြောဘူး တွေ့ချင်တိုင်းလည်းမတွေ့ရဘူး”

မရင်းနှီးတဲ့အကြောင်းအရာတစ်ခုမို့ သူမျက်မှောင်ကြုံ့မိသည်။

“ကိစ္စတစ်ခုခုရှိလို့လား ဘဘ”

“ဒီလူတွေထဲမှာ ရေစက်ရှိတဲ့လူတွေပါလို့ ရောက်လာခဲ့တာ သတိပေးစရာလေးတွေရှိလို့”

သူစိမ်းတစ်ယောက်အသံဆိုပေမယ့် ရင်းနှီးသလိုခံစားချက်ကိုအစဖော်မရ။

“ဘယ်သူတွေလဲ”

“အရင်ဆုံးဒီကလေး မင်းရဲ့ကံကြမ္မာကိုအရင်ပြောမယ်”

“ကျွန်တော့်ကံကြမ္မာ”

ဆောင်းစက်ရိပ်ခိုအသံမို့သူအာရုံစိုက်မိသွားသည်။

“မင်းဒီနှစ်အတွင်းကံကြမ္မာအကြီးအကျယ်ပြောင်းလဲလိမ့်မယ် အထူးသဖြင့်အိမ်ထောင်ရေး မင်းမှာကိုယ်ပိုင်မိသားစုရှိလာလိမ့်မယ်”

မှန်ကန်နေသည့်စကားတွေကြောင့်သူအတွေးတွေဂဏှာမငြိမ်တော့။ဒီအကြောင်းအရာတွေ သူ့မှတ်ဥာဏ်ထဲမှာဘာလို့မရှိရတာလဲ။

“ကျွန်တော်ကလက်ထပ်ပြီးလို့ အခုကလေးတစ်ယောက်ရှိပါတယ်”

ခဏတာတိတ်ဆိတ်သွားအပြီး စကားသံထပ်ထွက်လာပြန်သည်။

“ကလေး မင်းစိတ်ထဲမှာရှိတဲ့ရှုပ်ထွေးမှုတွေ ဝေခွဲမရမှုတွေကိုသိနေတာမလို့ အဆင်မပြေတဲ့အချိန်စိတ်ထဲမှာတောင့်တလိုက် အရောက်လာခဲ့မှာမို့ဘာမှမကြောက်ပါနဲ့ ဖြစ်ချိန်တန်လို့ ဖြစ်ရမဲ့ကံပါလာတာမို့လို့ ရှောင်လွှဲဖို့မကြိုးစားပါနဲ့ ကလေးပင်ပန်းနေမယ် နောက်ပြီးလူတစ်ယောက်ကိုယုံစားပြီး ပိုက်ဆံ၁၅၀၀ကိုဘယ်တော့မှမပေးမိစေနဲ့ ၁၅၀၀ဆိုတာအချစ်ရဲ့သကေ်တ ကလေးရဲ့အချစ်ရေးကိုတစ်ခြားသူလက်ထဲမှာပြောင်းလဲခွင့်မပေးလိုက်မိစေနဲ့”

ဆတ်ခနဲမတ်တပ်ရပ်မိသည်အထိ သူထိတ်လန့်သွားသည်။သူ့မှတ်ဥာဏ်တွေထဲမှာလုံးဝစဥ်းစားလို့မရတဲ့အဲ့စကားတွေက ငယ်ငယ့်ကိုပြောတယ်ဆိုတာသေချာသည်။

သူတစ်ခုခုကိုမေ့ပျောက်နေတယ်ဆိုတဲ့ခံစားချက် အဲ့မေ့ပျောက်နေတဲ့အရာကအရေးကြီးတယ်ဆိုတဲ့ခံစားချက် သူ့ဆဋ္ဌမအာရုံကအသိမှာ ငယ်ငယ်သတိရလာဖို့အရေးကြီးဆုံး သော့ချက်က မေ့ပျောက်နေတဲ့မှတ်ဥာဏ်ထဲမှာရှိနေတယ်ဆိုတဲ့အသိ။

Recorderထဲမွှေနှောက်ရင်း တိမ်ငွေ့ပြည်နယ်ဆီဒုတိယအကြိမ်သွားတဲ့အချိန်ကိုပြန်ရောက်သည်။

“ကိုကို့”

“ဗျ”

“အရင်တစ်ခါတွေ့တဲ့ဘဘကြီးကိုတွေ့ချင်တယ်”

“ရုတ်တရတ်ကြီးဘာလို့လဲကလေးရဲ့”

“သိချင်တာလေးတွေရှိလို့”

“ကလေးတွေ့ချင်ရင်စိတ်ထဲကတောင့်တလိုက် လာတွေ့ပေးမယ်တဲ့”

“တကယ်လာမှာလားဟင်”

“တကယ်ပေါ့ ကိုကို့ရဲ့ငယ်ဖြစ်ချင်တာမှန်သမျှဖြစ်လာမယ်ဆိုတာကိုယ်သိတယ်”

“ဟုတ်”

ဟုတ်တယ် ဒီကိစ္စတွေကိုသူမမှတ်မိဘူး အဲ့လူအကြောင်းပြောတဲ့စကားမှန်သမျှသူမမှတ်မိဘူး။အကြောင်းတစ်ခုခုရှိရမယ်။အားအင်တစ်ချို့ဘယ်ကရလာမှန်းမသိစွာ သူအားတက်သရောဖြစ်လာသည်။

“ဘဘ”

“တွေ့ချင်နေတာမလားကလေး”

“ဟုတ်”

“ကိုကို ငယ့်အတွက်ညနေစာစားဖို့သွားပြင်ပေးမယ်နော်”

“………….”

“ဘဘတို့လမ်းလျှောက်ရအောင်”

“ဟုတ်”

“ကလေးဘဝအမှန်ကို ဘဘသိတယ်”

“ဗျာ”

“ဘာကိုမှတွေးမပူပါနဲ့ ဘာကိုမှလည်းမ​ကြောက်နဲ့ ဖြစ်ကိုဖြစ်ရမယ်ဆိုပြီးသတ်မှတ်ထားတဲ့ကံကြမ္မာကိုတောင်ပြောင်းပြန်လှန်နိုင်ရင် ဘာတွေကိုတွေးကြောက်နေရအုံးမှာလဲ”

“ဒါပေမယ့်ငယ်ငယ်မှာချစ်ခွင့်မရှိတာအမှန်ပဲမဟုတ်လား”

“ချစ်ခွင့်မရှိတာမဟုတ်ဘူး ချစ်တတ်ခွင့်မရှိခဲ့တာ ချစ်ခွင့်မရှိတဲ့လူတွေကိုချစ်ဖို့ခွင့်မပြုထားရင် ဘယ်တော့မှချစ်တတ်လာမှာမဟုတ်ပေမယ့် ချစ်ခွင့်ရှိတဲ့လူကိုလည်း မချစ်အောင်ထိန်းထားလို့ရမှာမဟုတ်ဘူး”

“ငယ်ငယ်သိပ်နားမလည်ဘူး”

“နောက်တစ်ခါဆုံရင် ပုံပြင်တစ်ပုဒ်ပြောပြမယ် ကံကြမ္မာနတ်သမီးကိုယ်တိုင်ပါဝင်ပြောင်းလဲပေးလိုက်ရတဲ့ မကောင်းမှုနတ်ဆိုးနဲ့ပန်းနတ်ဘုရားမလေးအကြောင်း”

“ခုနားထောင်ချင်တယ်”

“အချိန်မရလောက်ဘူးကလေးရဲ့”

“ဘာလို့လဲဟင်”

“ပြီးရင်သိလိမ့်မယ် အခုလောလောဆယ်မှတ်ထားရမှာက ချစ်ခွင့်မရှိတဲ့လူဆိုတာမရှိဘူး ကလေးချစ်မိနေရင်လက်ခံလိုက် ဘဝကပိုကောင်းလာလိမ့်မယ် သူတစ်ပါးရေးဆွဲထားတဲ့ကံကြမ္မာရဲ့ထိန်းချုပ်မခံနဲ့ ကလေးကံကြမ္မာကိုကလေးမှာရေးဆွဲခွင့်ရှိတယ် ဘဘသွားပြီ နောက်တစ်ခါပြန်တွေ့မယ်နော်”

ပုံပြင်တဲ့။ဘာပုံပြင်လဲ။အဲ့ပုံပြင်ထဲမှာအဖြေတစ်ခုခုရှိမှာလား။ပုံပြင်ကို ​ငယ်ငယ့်ကိုပြောပြဖြစ်လား။တကယ်လို့ပြောပြရင်ဘယ်နေ့လောက်ဖြစ်မှာလဲ။

တဆတ်ဆတ်တုန်ယင်နေတဲ့လက်တွေက စိတ်လှုပ်ရှားနေတာကြောင့်။သူတစ်ခုခုကိုသိရဖို့နီးကပ်လာပြီး ထိုအရာကလည်းအရမ်းအရေးကြီးမည်ဆိုတာကိုသိနေသည်။

မှတ်မှတ်ရရ အဲ့နေ့ကသူRutဝင်တဲ့နေ့။ငယ်ငယ့်အချစ်တွေကိုမျက်ဝန်းတွေထဲမှာအဖြေရှာတွေ့ခဲ့တဲ့နေ့။သူ့ချစ်မြတ်နိုးခြင်းတွေကိုငယ်ငယ်ကိုယ်တိုင်ကြည်ကြည်ဖြူဖြူတောင်းဆိုခဲ့တဲ့နေ့။

Rutကာလကိုကျော်ပစ်ကာ နောက်ပိုင်းရက်တွေကိုပြန်ရှာကြည့်သည်။ထိုပုဂ္ဂိုလ်နှင့်ငယ်ငယ် နောက်တစ်ကြိမ်တွေ့ဖြစ်အုံးမည်ဆိုတာသေချာသည်။ထိုပုံပြင်ကို ငယ်ငယ်နားထောင်ဖြစ်လိမ့်မည်ဆိုတာသေချာသည်။

“ပုံပြင်ပြောပြ”

“ကိုကိုမှမပြောပြတတ်တာ ငယ်ရဲ့”

“အဲ့တာဆို ဘဘကိုခေါ်ပေး”

“ဟမ်”

“ဟိုတစ်နေ့ကဘဘပြောတဲ့ ပုံပြင်နားထောင်ချင်တယ်လို့ “

“ဘာပုံပြင်လဲငယ်”

“မသိလို့နားထောင်ချင်တာပေါ့ဆို အဲ့တာကြောင့်ကိုကိုကခေါ်ပေးလို့”

“ကိုကိုကမသိဘူးလေငယ်ရယ် ငယ်တွေ့ချင်ရင်စိတ်ထဲကတွေးလိုက်လေ ရောက်လာမှာပေါ့”

“ခုတွေ့ချင်တာလို့ခု ခုနားထောင်ပြီးအိပ်မှာ ရှာပေးပါဆို မရှာပေးရင်ငိုမှာနော်”

“ဟုတ်ပြီနော်ကိုကိုသွားရှာပေးမယ်”

“မြန်မြန်ပြန်လာနော်”

“ဟုတ်ကဲ့ဗျာ”

…. ….

“ဘဘ”

“တွေ့ချင်နေတာမလားကလေး”

“ဟုတ်”

“ရတယ်မထနဲ့ ကလေးသက်သာသလိုနေ”

“ဘဘပုံပြင်ပြောပြမှာမလား”

“အရမ်းနားထောင်ချင်နေတာလား”

“ဟုတ်”

“အခုပြောပြမှာက ယုံကြည်ရင်တကယ့်အဖြစ်အပျက်လို့ပြောလို့ရပြီး မယုံကြည်ရင်ပုံပြင်တစ်ပုဒ်လို့သတ်မှတ်လို့ရတယ်”

“ငယ်ငယ့်ကိုဘာလို့ပြောပြတာလဲဟင်”

“နောင်တစ်ချိန်မှာအသုံးဝင်လာမယ်ထင်လို့”

“ဪ”

“အဲ့ပုံပြင်လေးကသာမာန်မဟုတ်သလို ဆန်းလည်းဆန်းပြားမနေဘူး နတ်ဆိုးတစ်ပါးကနတ်ဘုရားပေါက်စလေးကိုချစ်မိသွားရုံတင်”

“နတ်ဘုရားလေးကပြန်မချစ်ဖူးလား”

“အဲ့လိုလည်းမဟုတ်ဘူး အစကနေပြောပြမယ်”

“ကောင်းကင်ဘုံရဲ့လနတ်ဘုရားကြီးမှာသားတော်နှစ်ပါးနဲ့သမီးတော်တစ်ပါးရှိတယ် …………………….
…………………………………….”

မယုံနိုင်စရာပုံပြင်ရှည်ကြီးနောက် သူ့အသိစိတ်တွေဝေဝါးကုန်သလိုပင်။ထိုပုံပြင်ဟာသူ့နှင့်ငယ်ငယ့်အကြောင်းလို့တွေးမိသည်အထိ သူစိတ်တွေရူးသွပ်မိသည်။

သူလိုလူကပုံပြင်တွေကိုမယုံတတ်သလို ယုတ္တိမရှိတဲ့အကြောင်းအရာတွေကိုလည်းလက်မခံဘူး။လူတိုင်းပါးစပ်ဖျားကပုံပြင်တွေဆိုတာ စိတ်ကူးယဥ်မှုကိုအခြေခံထားတဲ့ ကြားကောင်းရုံအပျင်းပြေနားထောင်ရတဲ့ အလိမ်ညာဇာတ်လမ်းတွေပဲ။

ပြီးတော့သူလိုလူက လက်တွေ့မျက်စိနဲ့မှမမြင်ရရင် ဘယ်လိုအကြောင်းအရာကိုမှလက်သင့်မခံနိုင်အောင်အထိလည်း တယူသန်ပါသေးသည်။

သို့သော်ယခုအကြောင်းအရာကိုဖြင့်အဖြစ်မှန်လို့ယုံကြည်နေသလို ပါဝင်သူတွေဟာလည်းကိုယ်တွေပါလို့စိတ်ထဲခံစားနေရခြင်းမှာ အကြောင်းပြချက်တွေပင်မရှာချင်လောက်အောင်အထိ။

“ကလေးရော…… သူ့ကိုပြန်ချစ်မိသွားပြီလား”

ထိုမေးခွန်းမှာ နှလုံးခုန်နှုန်းတွေဒိတ်ကနဲ။ခေတ္တရပ်ကာ အသက်ကိုပြင်းပြင်းရှူရသည်။ ငယ်ငယ်ကဘယ်လိုပြန်ဖြေမှာပါလိမ့်။

“အာ….ကိုကိုကလုံခြုံမှုလည်းပေးနိုင်တယ်၊အမြဲတမ်းလည်းဂရုစိုက်ပေးတယ်၊အလိုလည်းလိုက်တယ် ငယ်ငယ်ပျော်တယ်လေ ငယ်ငယ့်ကိုပျော်အောင်ထားတဲ့လူကိုချစ်မိတာ ငယ်ငယ့်မှာအပြစ်မရှိဘူးမလားဟင်”

အဖြေအဆုံးမှာနှုတ်ခမ်းစွန်းတွေကွေးခနဲ။အမြင်တွေဝေဝါးကုန်သည်အထိ ပီတိတွေကဝေ့တက်လာသည်။

“ဒါပေါ့ ဘဝမှာအရေးကြီးဆုံးကပျော်ရွှင်ရဖို့ပဲလေ ကလေးမှာဘယ်လိုလုပ်ပြီးအပြစ်ရှိမှာလဲ ကိုယ့်အပေါ်အရမ်းဆိုးတဲ့လူကိုတောင်ချစ်မိနိုင်သေးရင် အရမ်းကောင်းပေးတဲ့လူကိုချစ်မိတာဖြစ်သင့်တာပေါ့”

“ဟီးးးး”

“အိပ်တော့..”

“ဟုတ်”

“ခမည်းတော်ရဲ့ကလေးလေးကသူ့ကိုသဘောကျတယ်ဆိုရင် ခမည်းတော်ကဘာလို့ကန့်ကွက်နေရမှာလဲ ရောက်လာတာနောက်ကျခဲ့လို့တောင်းပန်တယ်နော် ကလေးလေးအမြဲပျော်ရွှင်အောင်နေ ခွဲခဲ့ရတဲ့နှစ်ရာချီနဲ့စာရင် ပြန်ဆုံရဖို့သိပ်မလိုတော့တာမို့ ခမည်းတော်စောင့်နိုင်ပါတယ်”

“ဒေါက်”

လွတ်ကျသွားတဲ့ဖုန်းကိုပြန်မကောက်အား ကြားလိုက်ရတဲ့စကားတွေကိုသာ ထပ်တလဲလဲရေရွတ်မိသည်။

“ခမည်းတော်ရဲ့ကလေးလေး ခမည်းတော်ရဲ့ကလေးလေး ဘာကိုပြောချင်တာလဲ”

သူ့စကားသံတွေကြားထပ်ပြီးတိုးထွက်လာတဲ့စကားစုတစ်ခု

“တွေ့ခဲ့ဖူးတာတွေမေ့ပစ်လိုက်ရမယ်နော်”

မေ့ပစ်ခိုင်းလိုက်တာလား။ငယ်ငယ်ကအဲ့တာကြောင့်မမှတ်မိတော့တာလား။ဒါဆိုသူကရော။သူရောအဲ့တာကြောင့်မမှတ်မိတာလား။
သူ့မှတ်ဥာဏ်တွေကိုပါဖျက်ပစ်လိုက်တာလား။

အိပ်ယာထက်ကကလေးကိုပြန်ကြည့်မိကာ သူ့စိတ်ထဲမှာအစီအစဥ်တွေဆွဲမိသည်။ထိုပုဂ္ဂိုလ်က မှတ်ဥာဏ်တွေဖျက်ပစ်မယ့်အတူတူ ဘာကြောင့်များဒီအကြောင်းတွေပြောခဲ့တာလဲ။

သူပြောခဲ့သလိုအရမ်းသတိရနေလို့များလား။အရမ်းသတိရနေလို့ခဏလေးဖြစ်ဖြစ်လာတွေ့ရင်း ငယ့်သဘောထားကိုလာဆန်းစစ်တာလား။နောင်တစ်ချိန်အသုံးဝင်လာမယ်လို့ပြောတာကရောဘာအတွက်လဲ။ကံကြမ္မာနတ်သမီးဆိုတာက မုတ်သုံလေညှင်းမလား။

ထိုပုဂ္ဂိုလ်ကိုသံသယမဝင်တော့။မှတ်ဥာဏ်တွေကိုတောင်အလွယ်တကူဖျက်ပစ်နိုင်တယ်ဆိုကတည်းက သာမာန်လူတော့မဖြစ်နိုင်။

ဒါဆိုမကောင်းမှုနတ်ဆိုးကသူဖြစ်ပြီးတော့ ကံကြမ္မာနတ်သမီးက မုတ်သုံလေညှင်း။အဓိကအကြောင်းအရာက သူကအရမ်းစွမ်းအားကြီးတဲ့မကောင်းမှုနတ်ဆိုး။

ရုတ်တရတ် ငယ်ငယ့်ခြေကျင်းဝတ်လေးကိုသေချာကြည့်မိသည်။သူကိုယ်တိုင်ဝတ်ပေးထားတဲ့ခြေကျင်းလေးကဖြုတ်သိမ်းထားတာမို့ ခြေကျင်းဝတ်လေးကဗလာကျင်းနေသည်။

“အချစ်ခြေချင်း”

နှုတ်မှုတိုးတိုးလေးညည်းရင်း ​ခြေကျင်းဝတ်လေးကိုဖွဖွပွတ်မိသည်။

ဖျတ်ခနဲလက်လာတဲ့အလင်းရောင်ကြောင့်မျက်စိကိုလက်နှင့်ကာလိုက်ရသည်။ထို့နောက်ပြန်ဖွင့်ကြည့်တော့ ခြေကျင်းဝတ်လေးထက်ကအလင်းရောင်ကမကွယ်ပျောက်သေး။ဖြူဖွေးနေတဲ့အသားရေထက် အစိမ်းရောင်နွယ်သစ်ခက်လေးဖြင့်အလှဆင်ထားတဲ့ စံပယ်ပွင့်လေးပါတဲ့ခြေချင်းလေးက လင်းလက်နေလေသည်။

စိတ်ထဲပေါ်လာတဲ့အတွေးကိုလက်တွေ့အကောင်အထည်ဖော်ဖို့ သူအစီအစဥ်ဆွဲပြီးသား။

“ကိုကို့ဆီပြန်လာခဲ့တော့နော်ငယ်ငယ်”

ကလေးနှဖူးထက်အနမ်းတစ်ချက်ဖိကပ်ပြီး အခန်းပြင်ထွက်သည်။ဘေးခန်းကဆရာဝန်တွေနေတဲ့အခန်းကိုတံခါးခေါက်တော့ တန်းဖွင့်လာလေသည်။

“ဘာထူးခြားလို့လဲကိုသမုဒ္ဒရာ”

“အခန်းထဲကိုတစ်ချက်စောင့်ကြည့်နေပေး ကျွန်တော်အပြင်ခဏသွားမယ် ထူးခြားရင်တန်းအကြောင်းကြား”

“ဟုတ်ကဲ့”

ဆရာဝန်သုံးယောက်ချက်ချင်း အခန်းထဲဝင်သွားလေသည်။အောက်ထပ်ကိုသူဆင်းလာပြီး သက်တော်စောင့်အဖွဲ့ကိုခေါ်သည်။

“မင်းတို့ဆယ်ယောက်အဖွဲ့လုံးအခန်းရှေ့မှာသွားစောင့်နေ ကျန်တဲ့လူတွေကအောက်မှာစောင့် ငါစံပယ်ခင်းထဲမှာရှိမယ် ဆရာဝန်တွေတစ်ခုခုထူးခြားတယ်လို့အကြောင်းကြားတာနဲ့ငါ့ကိုလာခေါ်လှည့်”

“ဟုတ်ကဲ့”

“Boss မိုးတွေရွာနေတယ် ထီး..”

“ရတယ် မဆောင်းဘူး လိုက်မလာနဲ့”

မိုးဖွဲတွေကြားလမ်းလျှောက်ရင်း စံပယ်ခင်းဆီဦးတည်မိသည်။မကြာမီမိုးသည်းတော့မည်မို့ မိုးစက်တွေကအရှိန်ယူနေပြီ။

အဖူးတစ်ဖူးမှမရှိသည့်စံပယ်ပင်တွေက ပိုင်ရှင်ရဲ့အငွေ့အသက်တွေပျောက်ဆုံးသွားတာကြောင့်ဖြစ်မည်။သူ့ငယ်ငယ်ဟာ စံပယ်ပန်းလေးတွေရဲ့ပိုင်ရှင်ပါတဲ့။ဒါကြောင့်အိမ်မက်တွေထဲခဏခဏပါလာတာပေါ့။

ငယ့်ကိုဒဏ်ရာတစ်ခုရစေတိုင်း အိမ်မက်ထဲမှာနာကျင်မှုကိုပြသည်။စံပယ်ပန်းတွေဟာငယ့်ကိုကိုယ်စားပြုတာမို့ ငယ့်ဒဏ်ရာရဲ့ပုံရိပ်တွေ သူ့အိမ်မက်မှာအရာထင်တာ။ စံပယ်ပန်းတွေကြားသူရှာမတွေ့ခဲ့တဲ့အရာဟာ ပိုင်ရှင်ဖြစ်တဲ့ငယ့်ကိုပဲ။

တကယ်တော့ကံကြမ္မာနတ်သမီးက သေချာအသေးစိတ်တကျဖန်တီးထားတာ။ဆန့်ကျင်ဘက်ထံစားချက်တွေဖြစ်လာအောင်အထိသေချာကိုပုံသွင်းယူခဲ့တာ။

ပန်းခင်းအလယ်မှာသူရပ်လိုက်ကာ ကောင်းကင်ကြီးကိုမော့ကြည့်သည်။အအိပ်ပျက်တာများလို့သိပ်မလန်းတဲ့မျက်နှာဟာ ယခုတော့ခက်ထန်မှုတွေအပြည့်။နီရဲနေတဲ့မျက်သားတွေက သူ့ဒေါသတွေကြောင့်ပတ်ဝန်းကျင်ကိုဖျက်ဆီးတော့မည့်နတ်ဆိုးအကြည့်တွေပမာ။ထို့နောက်ကောင်းကင်ကိုမျက်နှာမူပြီး သူလေးနက်စွာအမိန့်ပေးပစ်သည်။

“ငါ မကောင်းမှုနတ်ဆိုးရဲ့အမည်ကိုတိုင်တည်ပြီး တစ်လောကလုံးကသက်ဆိုင်ရာတွေကိုအသိပေးမယ် ငါ့ပိုင်ဆိုင်မှုဖြစ်တဲ့လခြမ်းငယ်ငယ်…. တခြားလောကကပင်ဝါးရုံငယ်ကို ငါ့ပိုင်နက်အတွင်းပြန်လည်ခေါ်ဆောင်လာပေး!မနက်ရောင်နီလာလို့မှပြန်မရောက်လာရင် မင်းတို့ပိုင်တဲ့တစ်လောကလုံးကိုပြာဖြစ်သွားစေရမယ်လို့ ငါကျိန်ဆိုတယ်”

“ဂျိန်း….”

အားနှင့်မာန်နှင့်သူ့စကားသံအဆုံး ဝင်းလက်သွားတဲ့လျှပ်စီးတွေက တစ်လောကလုံးကိုနေ့အသွင်ပြောင်းစေမတတ်။မိုးချုန်းသံအတွဲလိုက်ကပါနောက်ကလိုက်ပါလာတာမို့ တစ်ခဏအတွင်း ကမ္ဘာပျက်တော့မလိုအထင်မှားစေသည်။မိုးစက်မိုးပေါက်တွေကျဆင်းလာပုံက ကောင်းကင်ကြီးပါကျိုးကျလာသယောင်။

တစ်လောကလုံးမိုးရေတွေအောက်ကွယ်ပျောက်မတတ်။မိုးရေတစ်စက်ချင်းစီက အသားတွေပဲ့ပါသွားမလိုအထိ ကြမ်းတမ်းသည်းထန်လွန်းသည်။

အသက်ကိုသာပြင်းပြင်းရှူရင်း မျက်ဝန်းတွေကိုမှိတ်ထားမိသည်။တကယ်လို့မနက်အထိမှ ငယ်ငယ်နိုးမလာခဲ့ရင် တစ်လောကလုံးကိုတစ်ကယ်ဖျက်ဆီးပစ်မည်။ငယ်မရှိတဲ့ကမ္ဘာက ဆက်တည်ရှိနေစရာမလိုဘူး။

အတွေးတွေနဲ့ရှုပ်ယှက်ခတ်နေတုန်း နှာခေါင်းဖျားဆီတိုးဝင်လာသောရနံ့သဲ့သဲ့။အထင်မှားနေခြင်းဖြစ်မည်ဆိုးကာ မျက်ဝန်းတွေကိုမဖွင့်ဘဲ အနံ့အာရုံကိုသာပိုအာရုံစိုက်မိသည်။မိုးရေဖြန်းပြီးစစံပယ်ရနံ့ကပတ်ဝန်းကျင်အနှံ့ပျံ့နှံ့နေကာ နှာခေါင်းထဲအလုံးအရင်းတိုးဝင်လာလေသည်။

မျက်ဝန်းတွေဖျတ်ခနဲဖွင့်ပစ်တော့ ပတ်ဝန်းကျင်တစ်ခုလုံးဖွေးနေအောင်ပွင့်တဲ့စံပယ်တွေ။အနည်းငယ်စဲသွားတဲ့မိုးရေတွေအောက် စံပယ်ပွင့်တွေသာလန်းဆန်းနေလေသည်။

“Boss”

သူငေးမောနေတုန်း အပြေးအလွှားရောက်လာတာကONE။အကြောင်းအရာတွေပြောပြလာတာကိုမစောင့်ဘဲ အပြေးအလွှားဦးတည်မိတာ ငယ်ရှိနေမည့်အဆောက်အအုံဆီ။

မိုးရေရွှဲနေတဲ့အင်္ကျီကို ပြေးရင်းလွှားရင်းချွတ်လွှင့်ပစ်မိသည်။အောက်ထပ်အရောက် သက်တော်စောင့်တွေအလိုက်တသိပေးလာတဲ့ အဝတ်စားတွေနှင့်တဘက်ကိုယူကာ အခန်းတစ်ခုထဲအမြန်ဝင်လဲသည်။

ပြေးရင်းလွှားရင်းဆံပင်တွေကို တဘတ်နှင့်သုတ်ပြီးအခန်းထဲပြေးဝင်တော့ ဆရာဝန်အဖွဲ့က စိတ်လှုပ်ရှားနေကြပုံနှင့်သူ့အားဘယ်ကစပြောလို့ပြောရမှန်းမသိစွာ။

“စောနက လက်ကလေးလှုပ်လာတာတွေ့တယ်”

သူကုတင်နားကပ်လိုက်တော့ အလိုက်တသိနောက်ဆုတ်ကုန်ကြလေသည်။

“ငယ် ကိုကိုခေါ်နေတာကြားလား”

လက်လေးကိုအသာထိပြီး နားနားကပ်ကာပြောတော့ လက်ချောင်းလေးတွေကဆတ်ခနဲ။သူဝမ်းသာတကြီးစကားတွေထပ်ဆိုမိသည်။

“ကိုကိုပြောတာကိုကြားရတယ်မလား ကိုကိုကငယ့်ကိုလွမ်းနေပြီ ငယ့်ဗိုက်ထဲကကလေးသေးသေးလေးကလည်း သူ့ဖေဖေကိုလွမ်းနေပြီတဲ့ ထလာတော့နော်ငယ်ကလိမ္မာတယ်”

သူ့လက်ဖျားကိုအသာပွတ်သပ်လာတဲ့လက်ချောင်းထိပ်လေးတွေနှင့်အတူ မျက်တောင်လေးတွေပါအနည်းငယ်တုန်ယင်လာသလို။ထင်ယောင်ထင်မှားမဟုတ်တာသေချာအောင် အကြည့်တွေကိုသေချာဂရုစိုက်မိသည်။

“ငယ် ကလေးလေးကိုမလွမ်းဘူးလား အခုချိန်ထမလာရင် ကလေးလေးကဝမ်းနည်းတော့မှာတဲ့ ကိုကိုလည်းဝမ်းနည်းနေတယ်”

သိသာလာတဲ့မျက်တောင်လှုပ်ပုံလေးတွေနှင့်အတူ နှုတ်ခမ်းလေးပါတလှုပ်လှုပ်ဖြစ်လာလေသည်။

“ငယ်ကိုကိုပြောတာကြားရတယ်မလားဟင်”

မျက်ဝန်းတွေအနည်းငယ်ဖွင့်ဟလာမှုမှာ သူ့လက်ဖဝါးတွေနှင့်အလင်းကာပေးမိသည်။လုံးဝပွင့်ဟလာမယ့်မျက်ဝန်းလေးတွေကို စောင့်မျှော်နေရတဲ့စက္ကန့်အနည်းငယ်အတွင်း
သူ့ရင်ဘတ်ထဲဟာလာဟင်းလင်း။အသက်တောင်ဝဝမရှူရဲခဲ့။

တစ်မိနစ်လောက်အရှိန်ယူပြီးမှ မျက်ဝန်းတွေအလုံးစုံပွင့်ဟလာလေသည်။နောက်ကဆရာဝန်တွေရဲ့ဝမ်းသာသံနဲ့အတူ သူ့သွေးကြောတွေပါအောင်ပွဲခံကုန်သည်။

လှုပ်စိလှုပ်စိဖြစ်နေတဲ့နှုတ်ခမ်းလွှာက စကားသံတွေတော့ထွက်မလာ။

“ငယ် ဘာပြောချင်လို့လဲ”

နှုတ်ခမ်းနားလေးအထိ သူ့နားရွက်တွေကပ်ပေးသည်။

“အကြာကြီးနေပြီးမှသတိရခါစမလို့ စကားပြောတဲ့နေရာမှာ အနည်းငယ်ခက်ခဲနေတာထင်တယ်”

နောက်ကဆရာဝန်လေးရဲ့အပြောမှာ သူနောက်ဆုတ်ဟန်ပြင်တော့ နားရွက်ဖျားကိုခပ်တိုးတိုးထိခတ်လာတဲ့လေသံလေး။

“ကိုကိုမငိုနဲ့”

ယောင်ယမ်းကာမျက်နှာပြင်ကိုပွတ်သုတ်တော့ လက်ဖဝါးတစ်ခုလုံးစိုစွတ်ကုန်သည်။

“ကိုကိုမငိုပါဘူးငယ်ရဲ့ ပျော်လွန်းလို့ကျတဲ့မျက်ရည်တွေပါ ကိုကိုကတအားပျော်နေတာမလို့”

ထိန်းထားခဲ့ရခြင်းတွေခုမှကျိုးပျက်ကုန်သည်ထင်။သုတ်လေကျလေမျက်ရည်တွေကိုကြည့်ရင်း ငယ်ငယ်ကအားနည်းစွာပြုံးသည်။

လက်ဖဝါးပြင်လေးလှမ်းလာတာမို့ သူ့လက်နဲ့လက်ကောက်ဝတ်လေးကိုခပ်ဖွဖွထွေးဆုပ်တော့ မျက်နှာဆီဦးတည်လာသည်။အလိုက်တသိပဲမျက်နှာထက်တင်ပေးလိုက်တော့ လက်မလေးနဲ့ဖွဖွသုတ်ပေးလာလေသည်။

“မလိုက်ဘူး”

“နောက်ဆိုမငိုတော့ဘူး ငယ်သာအမြဲဘေးနားရှိပေးရင် နောက်ဆိုမငိုတော့ပါဘူး”

ထိန်းလို့မရစွာအသံတွေထွက်သည်အထိငိုပစ်မိသည်။ပခုံးအထက်ခေါင်းတင်ကာငိုတော့ ဆံနွယ်တွေကိုသပ်ပေးလာလေသည်။ငယ့်ပုခုံးစွန်းတွေရွှဲကုန်တာ သူ့မျက်ဝန်းမှာမျက်ရည်တွေသည်းနေလို့။

အရာအားလုံးကိုမေ့ပစ်ကာ လွမ်းခဲ့သမျှအတွက်ငိုသည်။အပြင်မှာမိုးတွေသည်းနေသေးလားမသိသလို မနက်ဖြန်ရောမိုးရွာအုံးမလားမသိသေး။ငယ်သာအနားရှိနေရင် မုန်တိုင်းတွေလေရိုင်းတွေကိုပါမမှုပါဘူး။အသည်းအသန်ဖက်တွယ်မိတဲ့ဒီရေစက်လေး ထာဝရမြဲနေဖို့ပဲလိုတာပါ………….

#######################

ငြိမ်း 🌞🌻

“ထမင္းေတာ့ဝင္ေအာင္စားပါလားကိုCean”

“ငါစားပါတယ္”

“စားေနရင္ဒီ႐ုပ္ျဖစ္မလား အခုမွန္ထဲလည္းၾကည့္အုံး လျခမ္းနိုးလာလို႔ဒီပုံစံကိုျမင္ရင္ သူ႕ခင္ပြန္းအျဖစ္ဆက္ၿပီးေတာင္လက္ခံနိုင္ပါ့မလားဘဲ”

“က်စ္ စားပါ့မယ္ဆိုကြာ”

ဂ႐ုမစိုက္သလိုေျပာၿပီး ကုတင္ဘက္ျပန္ေရာက္သြားသူက ေလတိုက္ရင္လဲေတာ့မလိုခႏၶာကိုယ္ အသက္မဲ့ေနတဲ့မ်က္ဝန္းအစုံႏွင့္။

“ကိုယ့္ကိုယ္ကိုဂ႐ုစိုက္ ကိုCeanေနေကာင္းမွ လျခမ္းကိုေစာင့္ေရွာက္နိုင္မွာ မဟုတ္ရင္..”

“မင္းတို႔ျပန္ေတာ့”

“ဟင္း….မနက္ျဖန္တစ္ခ်က္ျပန္လာၾကည့္မယ္”

ေျပာမရသူကိုထားခဲ့ကာ အခန္းျပင္သာထြက္ခဲ့လိုက္သည္။

“အဆင္ေျပလား ကိုလတ္”

အခန္းအျပင္မွာေစာင့္ေနတဲ့Geoကဆီးႀကိဳေမးလာတာမို႔ သက္ျပင္းသာခ်မိသည္။

“အရင္လိုပဲ သူ႕ကိုယ္ကိုဂ႐ုစိုက္ဖို႔ေတာ့ေျပာေပမယ့္ သိပ္နားမဝင္ဘူးကြာ ၾကာရင္ဒီစိတ္နဲ႕လုံးပါးပါးေတာ့မယ္ထင္တယ္ ႏွစ္လနဲ႕ေတာင္ဒီေလာက္ဆိုရင္ ကေလးေမြးခါနီးအခ်ိန္ထိ..”

“မဟုတ္ပါဘူး ဒီၾကားထဲလျခမ္းသတိရလာမွာပါ”

သူ႕အေျပာကိုေခါင္းညိတ္ေထာက္ခံရင္း အၿမဲတြဲျမင္ေနက်တိမ္ေငြ႕ကိုမျမင္မိ၍

“မင္းေကာင္ေလးေရာ”

“သူ႕သူငယ္ခ်င္းဆီသြားတယ္ ဟိုတစ္ေယာက္အေျခေနလည္းသိတယ္မလား”

“ကိုေက်ာက္စက္ကေရာဘယ္လိုျဖစ္တာလဲ ႐ုတ္တရတ္ႀကီးထေၾကျငာရတယ္လို႔ ၿပီးေတာ့လည္းအျခားသူမဟုတ္ဘူး ပင္ထေနာင္းညိုတဲ့”

“ေနာင္းညိုကသူ႕ကိုစိတ္ဆိုးၿပီးေရွာင္ေနတာထင္တယ္ အဲ့တာကိုလူပ်ိဳႀကီးကဆႏၵေတြမထိန္းနိုင္ေတာ့လို႔ခိုးေျပးခဲ့တာ အဲ့တုန္းကမိဘေတြကိုေတာ့အသိေပးခဲ့တယ္တဲ့”

“ခိုးေျပးတာအရင္လကဆို ခုမွသတင္းေတြထြက္လာတာကေရာ”

“အစကမိဘေတြနဲ႕အသိေပးျပန္အပ္ထားတာ လျခမ္းသတိရလာမွဆက္စီစဥ္မယ္လို႔ပင္ထေနာင္းညိုေျပာတာကိုသေဘာတူၿပီးေတာ့ အခုက်ေတာ့သူ႕အရင္ေကာင္မေလးနဲ႕ေတြ႕တာကိုျမင္ၿပီး ဇြတ္ေတြေၾကျငာပစ္တာ”

ေအာက္ထပ္ဆီအတူဆင္းလာရင္း ကိုေက်ာက္စက္တို႔အေၾကာင္းကိုသာ စကားလက္ဆုံက်သြားသည္။

“အရင္ေကာင္မေလးနဲ႕ျပန္ဆက္တာလား”

“ဘယ္ကသာဗ်ာ လမ္းမွာမေတာ္တဆေတြ႕လို႔ႏႈတ္ဆက္ေနတာကိုျမင္ၿပီး သဝန္တိုလြန္သြားတာ”

“ျဖစ္ရေလကြာ”

“ဒါနဲ႕……ကိုလတ္လူသတင္းေတြလည္းေတြ႕တယ္ အေျခေနက”

ကားဆီအေရာက္ကားေနာက္ခန္းတံခါးဖြင့္ရင္းပစၥည္းေတြထည့္ကာတံခါးအရင္ပိတ္သည္။ၿပီးမွသူ႕ဘက္လွည့္လာရင္း

“သူနဲ႕ငါ့ရဲ႕အရင္ကအေၾကာင္းေတြငါဖြင့္ေျပာလိုက္ၿပီ မနက္ကငါေျပာၿပီးၿပီးခ်င္း သတိလစ္သြားေသးတယ္ ေန႕လည္ဘက္ျပန္သတိရလာခဲ့ေပမယ့္ ငါဒီလာတဲ့ထိေတာ့စကားမေျပာျဖစ္ေသးဘူး ဒီကအျပန္မွဆက္ေဆြးႏြေးရေတာ့မွာပဲ သူ႕ကိုခဏစိတ္ၿငိမ္ေအာင္ေစာင့္လိုက္အုံးမယ္ ၿပီးမွေရွ႕ေရးကိုဆက္ေဆြးႏြေးမယ္”

” မိုး႐ြာေတာ့မယ္ထင္တယ္ ကားလည္းေသခ်ာေမာင္းျပန္အုံး”

“အင္းပါ မင္းေရာငါနဲ႕တစ္ခါတည္းျပန္လိုက္မလား”

“ရတယ္ ေငြ႕လာႀကိဳမယ္ေျပာတယ္ ေစာင့္လိုက္အုံးမယ္”

“ok ျပန္ၿပီေနာ္”

ႏႈတ္ဆက္ကာထြက္သြားတဲ့ကိုလတ္ေက်ာျပင္ကိုၾကည့္ၿပီး အခန္းထဲၿပိဳလဲေနမယ့္ကိုCeanကိုေျပးျမင္သည္။ဒီအျဖစ္ဆိုးေတြ ရပ္တန့္ၿပီး ကိုCean ကိုေပ်ာ္ေစခ်င္ၿပီ။

ၿခံထဲကသစ္ပင္ေတြကိုေငးရင္း လာႀကိဳမည့္သူကိုေစာင့္မိသည္။ေန႕လည္ကတည္းကသူ႕ကိုလာပို႔ၿပီး သူငယ္ခ်င္းျဖစ္သူဆီထြက္သြားတာမို႔ လာေတာ့မည္ထင္သည္။မွိုင္းညို႔ေနတဲ့ေကာင္းကင္ႀကီးကိုၾကည့္ကာ သူသက္ျပင္းခ်မိသည္။အလြမ္းဓာတ္ခံရွိသူေတြအတြက္ ေဆြးလို႔ေကာင္းတဲ့ရာသီဥတုပါပဲ။

လူေရွ႕ထိုးရပ္လာတဲ့ကားေၾကာင့္ အၾကည့္ေတြကိုေနရာေ႐ႊ႕မိသည္။ကားတံခါးဖြင့္ကာဆင္းလာဖို႔ျပင္သူေၾကာင့္ သူေခါင္းရမ္းျပကာ ကားထဲဝင္ထိုင္လိုက္သည္။သူ႕ဘက္လွည့္လို႔ေျပာလာသူက မၾကည္မသာမ်က္ႏွာေလးႏွင့္။

“လျခမ္းကိုဝင္ၾကည့္ခ်င္ေသးတယ္”

“မနက္ျဖန္မွတစ္ေခါက္ျပန္လာၾကရေအာင္ေလ ကိုCeanစိတ္အေျခေနလည္းမေကာင္းတာမို႔ မဝင္ၾကရေအာင္ ၿပီးေတာ့ဒီရက္ပိုင္းေငြ႕လည္းပင္ပန္းေနတာမလား လျခမ္းေၾကာင့္ေရာေနာင္းညိုေၾကာင့္ပါအလုပ္ေတြမ်ားေနတာ ဒီကေစာေစာျပန္ၿပီးနားရေအာင္ မနက္ျဖန္မွာထပ္လာၾကတာေပါ့”

လက္ေလးကိုဖြဖြဆုပ္ကိုင္လို႔ ေျဖာင့္ဖ်မိတာသူ႕အတြက္ပါပဲ။

“ဟုတ္ပါၿပီ”

ႏြမ္းလ်တဲ့အၿပဳံးတစ္ခုနဲ႕ ကားစက္ႏွိုးကာျပန္ဖို႔ျပင္သည္။အၿပဳံးေလးေတြလတ္ဆတ္ေစခ်င္ၿပီေငြ႕ရယ္…..

……………….

နာရီသံတစ္ခ်က္ခ်က္ၾကား တပ္ဆင္ထားတဲ့စက္ေတြထံမွျမည္သံေတြသာသူ႕အတြက္အေဖာ္ေတြလို။ႏွစ္လၾကာေနေပမယ့္ေနသားမက်ေသးဘူး ကေလးရယ္။

လုံးဝိုင္းေနတဲ့ဗိုက္ေဖာင္းေလးက ႀကီးထြားလာတာသိသိသာသာ။အာဟာရအတြက္ေဆးေတြကူေပးေနတာမို႔သာ ကေလးေလးျပည့္ေနေသးတာ။မသိရင္ အိပ္ေနသလိုမ်ိဳး သဘာဝဆန္လြန္းေအာင္အထိ လူကိုလွည့္စားေနနိုင္ပါေသးသည္။

သြင္းရတဲ့ေဆးေတြမ်ားလို႔ ညိုမည္းေနတဲ့အပ္ေပါက္ရာေတြက လက္ဖမိုးကေနအေပၚထိေရာက္ေနၿပီ။ေျခေထာက္ေလးေတြပါေသြးေၾကာရွာထားတာမို႔ ၾကာရင္ေသြးေၾကာရွာမေတြ႕မွာေတာင္ဆိုးရပါသည္။

ကေလးသာသတိရလာရင္ ေခ်ာ့မရေအာင္ေအာ္ငိုေနမွာလားမသိ။ဒါမွမဟုတ္ သူ႕ဗိုက္လုံးလုံးေလးကိုပြတ္ရင္း ကိုယ့္ရင္ခြင္ထဲဝင္တိုးကာ ဂ်ီမ်ားက်ေနမလား။

ဒီေန႕အတြက္အလြမ္းေျပဖြင့္ဖို႔ Recorderေလးဆီလက္လွမ္းမိသည္။သူတို႔ တိမ္ေငြ႕ျပည္နယ္ဆီအလည္သြားတုန္းကအခ်ိန္ေလးျဖစ္မည္။

“အဲ့တာအၾကားအျမင္ရပုဂၢိုလ္ေလ သူနဲ႕ေရစက္ရွိတဲ့လူေတြကိုပဲစကားေျပာတာ လူတိုင္းနဲ႕စကားမေျပာဘူး ေတြ႕ခ်င္တိုင္းလည္းမေတြ႕ရဘူး”

မရင္းႏွီးတဲ့အေၾကာင္းအရာတစ္ခုမို႔ သူမ်က္ေမွာင္ႀကဳံ႕မိသည္။

“ကိစၥတစ္ခုခုရွိလို႔လား ဘဘ”

“ဒီလူေတြထဲမွာ ေရစက္ရွိတဲ့လူေတြပါလို႔ ေရာက္လာခဲ့တာ သတိေပးစရာေလးေတြရွိလို႔”

သူစိမ္းတစ္ေယာက္အသံဆိုေပမယ့္ ရင္းႏွီးသလိုခံစားခ်က္ကိုအစေဖာ္မရ။

“ဘယ္သူေတြလဲ”

“အရင္ဆုံးဒီကေလး မင္းရဲ႕ကံၾကမၼာကိုအရင္ေျပာမယ္”

“ကြၽန္ေတာ့္ကံၾကမၼာ”

ေဆာင္းစက္ရိပ္ခိုအသံမို႔သူအာ႐ုံစိုက္မိသြားသည္။

“မင္းဒီႏွစ္အတြင္းကံၾကမၼာအႀကီးအက်ယ္ေျပာင္းလဲလိမ့္မယ္ အထူးသျဖင့္အိမ္ေထာင္ေရး မင္းမွာကိုယ္ပိုင္မိသားစုရွိလာလိမ့္မယ္”

မွန္ကန္ေနသည့္စကားေတြေၾကာင့္သူအေတြးေတြဂဏွာမၿငိမ္ေတာ့။ဒီအေၾကာင္းအရာေတြ သူ႕မွတ္ဥာဏ္ထဲမွာဘာလို႔မရွိရတာလဲ။

“ကြၽန္ေတာ္ကလက္ထပ္ၿပီးလို႔ အခုကေလးတစ္ေယာက္ရွိပါတယ္”

ခဏတာတိတ္ဆိတ္သြားအၿပီး စကားသံထပ္ထြက္လာျပန္သည္။

“ကေလး မင္းစိတ္ထဲမွာရွိတဲ့ရႈပ္ေထြးမႈေတြ ေဝခြဲမရမႈေတြကိုသိေနတာမလို႔ အဆင္မေျပတဲ့အခ်ိန္စိတ္ထဲမွာေတာင့္တလိုက္ အေရာက္လာခဲ့မွာမို႔ဘာမွမေၾကာက္ပါနဲ႕ ျဖစ္ခ်ိန္တန္လို႔ ျဖစ္ရမဲ့ကံပါလာတာမို႔လို႔ ေရွာင္လႊဲဖို႔မႀကိဳးစားပါနဲ႕ ကေလးပင္ပန္းေနမယ္ ေနာက္ၿပီးလူတစ္ေယာက္ကိုယုံစားၿပီး ပိုက္ဆံ၁၅၀၀ကိုဘယ္ေတာ့မွမေပးမိေစနဲ႕ ၁၅၀၀ဆိုတာအခ်စ္ရဲ႕သေက္တ ကေလးရဲ႕အခ်စ္ေရးကိုတစ္ျခားသူလက္ထဲမွာေျပာင္းလဲခြင့္မေပးလိုက္မိေစနဲ႕”

ဆတ္ခနဲမတ္တပ္ရပ္မိသည္အထိ သူထိတ္လန့္သြားသည္။သူ႕မွတ္ဥာဏ္ေတြထဲမွာလုံးဝစဥ္းစားလို႔မရတဲ့အဲ့စကားေတြက ငယ္ငယ့္ကိုေျပာတယ္ဆိုတာေသခ်ာသည္။

သူတစ္ခုခုကိုေမ့ေပ်ာက္ေနတယ္ဆိုတဲ့ခံစားခ်က္ အဲ့ေမ့ေပ်ာက္ေနတဲ့အရာကအေရးႀကီးတယ္ဆိုတဲ့ခံစားခ်က္ သူ႕ဆ႒မအာ႐ုံကအသိမွာ ငယ္ငယ္သတိရလာဖို႔အေရးႀကီးဆုံး ေသာ့ခ်က္က ေမ့ေပ်ာက္ေနတဲ့မွတ္ဥာဏ္ထဲမွာရွိေနတယ္ဆိုတဲ့အသိ။

Recorder ထဲေမႊႏွောက္ရင္း တိမ္ေငြ႕ျပည္နယ္ဆီဒုတိယအႀကိမ္သြားတဲ့အခ်ိန္ကိုျပန္ေရာက္သည္။

“ကိုကို႔”

“ဗ်”

“အရင္တစ္ခါေတြ႕တဲ့ဘဘႀကီးကိုေတြ႕ခ်င္တယ္”

“႐ုတ္တရတ္ႀကီးဘာလို႔လဲကေလးရဲ႕”

“သိခ်င္တာေလးေတြရွိလို႔”

” ကေလးေတြ႕ခ်င္ရင္စိတ္ထဲကေတာင့္တလိုက္ လာေတြ႕ေပးမယ္တဲ့”

“တကယ္လာမွာလားဟင္”

“တကယ္ေပါ့ ကိုကို႔ရဲ႕ငယ္ျဖစ္ခ်င္တာမွန္သမွ်ျဖစ္လာမယ္ဆိုတာကိုယ္သိတယ္”

“ဟုတ္”

ဟုတ္တယ္ ဒီကိစၥေတြကိုသူမမွတ္မိဘူး အဲ့လူအေၾကာင္းေျပာတဲ့စကားမွန္သမွ်သူမမွတ္မိဘူး။အေၾကာင္းတစ္ခုခုရွိရမယ္။အားအင္တစ္ခ်ိဳ႕ဘယ္ကရလာမွန္းမသိစြာ သူအားတက္သေရာျဖစ္လာသည္။

“ဘဘ”

“ေတြ႕ခ်င္ေနတာမလားကေလး”

“ဟုတ္”

“ကိုကို ငယ့္အတြက္ညေနစာစားဖို႔သြားျပင္ေပးမယ္ေနာ္”

“………….”

“ဘဘတို႔လမ္းေလွ်ာက္ရေအာင္”

“ဟုတ္”

“ကေလးဘဝအမွန္ကို ဘဘသိတယ္”

“ဗ်ာ”

“ဘာကိုမွေတြးမပူပါနဲ႕ ဘာကိုမွလည္းမေၾကာက္နဲ႕ ျဖစ္ကိုျဖစ္ရမယ္ဆိုၿပီးသတ္မွတ္ထားတဲ့ကံၾကမၼာကိုေတာင္ေျပာင္းျပန္လွန္နိုင္ရင္ ဘာေတြကိုေတြးေၾကာက္ေနရအုံးမွာလဲ”

“ဒါေပမယ့္ငယ္ငယ္မွာခ်စ္ခြင့္မရွိတာအမွန္ပဲမဟုတ္လား”

“ခ်စ္ခြင့္မရွိတာမဟုတ္ဘူး ခ်စ္တတ္ခြင့္မရွိခဲ့တာ ခ်စ္ခြင့္မရွိတဲ့လူေတြကိုခ်စ္ဖို႔ခြင့္မျပဳထားရင္ ဘယ္ေတာ့မွခ်စ္တတ္လာမွာမဟုတ္ေပမယ့္ ခ်စ္ခြင့္ရွိတဲ့လူကိုလည္း မခ်စ္ေအာင္ထိန္းထားလို႔ရမွာမဟုတ္ဘူး”

“ငယ္ငယ္သိပ္နားမလည္ဘူး”

“ေနာက္တစ္ခါဆုံရင္ ပုံျပင္တစ္ပုဒ္ေျပာျပမယ္ ကံၾကမၼာနတ္သမီးကိုယ္တိုင္ပါဝင္ေျပာင္းလဲေပးလိုက္ရတဲ့ မေကာင္းမႈနတ္ဆိုးနဲ႕ပန္းနတ္ဘုရားမေလးအေၾကာင္း”

“ခုနားေထာင္ခ်င္တယ္”

“အခ်ိန္မရေလာက္ဘူးကေလးရဲ႕”

“ဘာလို႔လဲဟင္”

“ၿပီးရင္သိလိမ့္မယ္ အခုေလာေလာဆယ္မွတ္ထားရမွာက ခ်စ္ခြင့္မရွိတဲ့လူဆိုတာမရွိဘူး ကေလးခ်စ္မိေနရင္လက္ခံလိုက္ ဘဝကပိုေကာင္းလာလိမ့္မယ္ သူတစ္ပါးေရးဆြဲထားတဲ့ကံၾကမၼာရဲ႕ထိန္းခ်ဳပ္မခံနဲ႕ ကေလးကံၾကမၼာကိုကေလးမွာေရးဆြဲခြင့္ရွိတယ္ ဘဘသြားၿပီ ေနာက္တစ္ခါျပန္ေတြ႕မယ္ေနာ္”

ပုံျပင္တဲ့။ဘာပုံျပင္လဲ။အဲ့ပုံျပင္ထဲမွာအေျဖတစ္ခုခုရွိမွာလား။ပုံျပင္ကို ငယ္ငယ့္ကိုေျပာျပျဖစ္လား။တကယ္လို႔ေျပာျပရင္ဘယ္ေန႕ေလာက္ျဖစ္မွာလဲ။

တဆတ္ဆတ္တုန္ယင္ေနတဲ့လက္ေတြက စိတ္လႈပ္ရွားေနတာေၾကာင့္။သူတစ္ခုခုကိုသိရဖို႔နီးကပ္လာၿပီး ထိုအရာကလည္းအရမ္းအေရးႀကီးမည္ဆိုတာကိုသိေနသည္။

မွတ္မွတ္ရရ အဲ့ေန႕ကသူRutဝင္တဲ့ေန႕။ငယ္ငယ့္အခ်စ္ေတြကိုမ်က္ဝန္းေတြထဲမွာအေျဖရွာေတြ႕ခဲ့တဲ့ေန႕။သူ႕ခ်စ္ျမတ္နိုးျခင္းေတြကိုငယ္ငယ္ကိုယ္တိုင္ၾကည္ၾကည္ျဖဴျဖဴေတာင္းဆိုခဲ့တဲ့ေန႕။

Rutကာလကိုေက်ာ္ပစ္ကာ ေနာက္ပိုင္းရက္ေတြကိုျပန္ရွာၾကည့္သည္။ထိုပုဂၢိုလ္ႏွင့္ငယ္ငယ္ ေနာက္တစ္ႀကိမ္ေတြ႕ျဖစ္အုံးမည္ဆိုတာေသခ်ာသည္။ထိုပုံျပင္ကို ငယ္ငယ္နားေထာင္ျဖစ္လိမ့္မည္ဆိုတာေသခ်ာသည္။

“ပုံျပင္ေျပာျပ”

“ကိုကိုမွမေျပာျပတတ္တာ ငယ္ရဲ႕”

“အဲ့တာဆို ဘဘကိုေခၚေပး”

“ဟမ္”

“ဟိုတစ္ေန႕ကဘဘေျပာတဲ့ ပုံျပင္နားေထာင္ခ်င္တယ္လို႔ “

“ဘာပုံျပင္လဲငယ္”

“မသိလို႔နားေထာင္ခ်င္တာေပါ့ဆို အဲ့တာေၾကာင့္ကိုကိုကေခၚေပးလို႔”

“ကိုကိုကမသိဘူးေလငယ္ရယ္ ငယ္ေတြ႕ခ်င္ရင္စိတ္ထဲကေတြးလိုက္ေလ ေရာက္လာမွာေပါ့”

“ခုေတြ႕ခ်င္တာလို႔ခု ခုနားေထာင္ၿပီးအိပ္မွာ ရွာေပးပါဆို မရွာေပးရင္ငိုမွာေနာ္”

“ဟုတ္ၿပီေနာ္ကိုကိုသြားရွာေပးမယ္”

“ျမန္ျမန္ျပန္လာေနာ္”

“ဟုတ္ကဲ့ဗ်ာ”

…. ….

“ဘဘ”

“ေတြ႕ခ်င္ေနတာမလားကေလး”

“ဟုတ္”

“ရတယ္မထနဲ႕ ကေလးသက္သာသလိုေန”

“ဘဘပုံျပင္ေျပာျပမွာမလား”

“အရမ္းနားေထာင္ခ်င္ေနတာလား”

“ဟုတ္”

“အခုေျပာျပမွာက ယုံၾကည္ရင္တကယ့္အျဖစ္အပ်က္လို႔ေျပာလို႔ရၿပီး မယုံၾကည္ရင္ပုံျပင္တစ္ပုဒ္လို႔သတ္မွတ္လို႔ရတယ္”

“ငယ္ငယ့္ကိုဘာလို႔ေျပာျပတာလဲဟင္”

“ေနာင္တစ္ခ်ိန္မွာအသုံးဝင္လာမယ္ထင္လို႔”

“ဪ”

“အဲ့ပုံျပင္ေလးကသာမာန္မဟုတ္သလို ဆန္းလည္းဆန္းျပားမေနဘူး နတ္ဆိုးတစ္ပါးကနတ္ဘုရားေပါက္စေလးကိုခ်စ္မိသြား႐ုံတင္”

“နတ္ဘုရားေလးကျပန္မခ်စ္ဖူးလား”

“အဲ့လိုလည္းမဟုတ္ဘူး အစကေနေျပာျပမယ္”

“ေကာင္းကင္ဘုံရဲ႕လနတ္ဘုရားႀကီးမွာသားေတာ္ႏွစ္ပါးနဲ႕သမီးေတာ္တစ္ပါးရွိတယ္ …………………….
…………………………………….”

မယုံနိုင္စရာပုံျပင္ရွည္ႀကီးေနာက္ သူ႕အသိစိတ္ေတြေဝဝါးကုန္သလိုပင္။ထိုပုံျပင္ဟာသူ႕ႏွင့္ငယ္ငယ့္အေၾကာင္းလို႔ေတြးမိသည္အထိ သူစိတ္ေတြ႐ူးသြပ္မိသည္။

သူလိုလူကပုံျပင္ေတြကိုမယုံတတ္သလို ယုတၱိမရွိတဲ့အေၾကာင္းအရာေတြကိုလည္းလက္မခံဘူး။လူတိုင္းပါးစပ္ဖ်ားကပုံျပင္ေတြဆိုတာ စိတ္ကူးယဥ္မႈကိုအေျခခံထားတဲ့ ၾကားေကာင္း႐ုံအပ်င္းေျပနားေထာင္ရတဲ့ အလိမ္ညာဇာတ္လမ္းေတြပဲ။

ၿပီးေတာ့သူလိုလူက လက္ေတြ႕မ်က္စိနဲ႕မွမျမင္ရရင္ ဘယ္လိုအေၾကာင္းအရာကိုမွလက္သင့္မခံနိုင္ေအာင္အထိလည္း တယူသန္ပါေသးသည္။

သို႔ေသာ္ယခုအေၾကာင္းအရာကိုျဖင့္အျဖစ္မွန္လို႔ယုံၾကည္ေနသလို ပါဝင္သူေတြဟာလည္းကိုယ္ေတြပါလို႔စိတ္ထဲခံစားေနရျခင္းမွာ အေၾကာင္းျပခ်က္ေတြပင္မရွာခ်င္ေလာက္ေအာင္အထိ။

“ကေလးေရာ…… သူ႕ကိုျပန္ခ်စ္မိသြားၿပီလား”

ထိုေမးခြန္းမွာ ႏွလုံးခုန္ႏႈန္းေတြဒိတ္ကနဲ။ေခတၱရပ္ကာ အသက္ကိုျပင္းျပင္းရႉရသည္။ ငယ္ငယ္ကဘယ္လိုျပန္ေျဖမွာပါလိမ့္။

“အာ….ကိုကိုကလုံၿခဳံမႈလည္းေပးနိုင္တယ္၊အၿမဲတမ္းလည္းဂ႐ုစိုက္ေပးတယ္၊အလိုလည္းလိုက္တယ္ ငယ္ငယ္ေပ်ာ္တယ္ေလ ငယ္ငယ့္ကိုေပ်ာ္ေအာင္ထားတဲ့လူကိုခ်စ္မိတာ ငယ္ငယ့္မွာအျပစ္မရွိဘူးမလားဟင္”

အေျဖအဆုံးမွာႏႈတ္ခမ္းစြန္းေတြေကြးခနဲ။အျမင္ေတြေဝဝါးကုန္သည္အထိ ပီတိေတြကေဝ့တက္လာသည္။

“ဒါေပါ့ ဘဝမွာအေရးႀကီးဆုံးကေပ်ာ္႐ႊင္ရဖို႔ပဲေလ ကေလးမွာဘယ္လိုလုပ္ၿပီးအျပစ္ရွိမွာလဲ ကိုယ့္အေပၚအရမ္းဆိုးတဲ့လူကိုေတာင္ခ်စ္မိနိုင္ေသးရင္ အရမ္းေကာင္းေပးတဲ့လူကိုခ်စ္မိတာျဖစ္သင့္တာေပါ့”

“ဟီးးးး”

“အိပ္ေတာ့..”

“ဟုတ္”

“ခမည္းေတာ္ရဲ႕ကေလးေလးကသူ႕ကိုသေဘာက်တယ္ဆိုရင္ ခမည္းေတာ္ကဘာလို႔ကန့္ကြက္ေနရမွာလဲ ေရာက္လာတာေနာက္က်ခဲ့လို႔ေတာင္းပန္တယ္ေနာ္ ကေလးေလးအၿမဲေပ်ာ္႐ႊင္ေအာင္ေန ခြဲခဲ့ရတဲ့ႏွစ္ရာခ်ီနဲ႕စာရင္ ျပန္ဆုံရဖို႔သိပ္မလိုေတာ့တာမို႔ ခမည္းေတာ္ေစာင့္နိုင္ပါတယ္”

“ေဒါက္”

လြတ္က်သြားတဲ့ဖုန္းကိုျပန္မေကာက္အား ၾကားလိုက္ရတဲ့စကားေတြကိုသာ ထပ္တလဲလဲေရ႐ြတ္မိသည္။

“ခမည္းေတာ္ရဲ႕ကေလးေလး ခမည္းေတာ္ရဲ႕ကေလးေလး ဘာကိုေျပာခ်င္တာလဲ”

သူ႕စကားသံေတြၾကားထပ္ၿပီးတိုးထြက္လာတဲ့စကားစုတစ္ခု

“ေတြ႕ခဲ့ဖူးတာေတြေမ့ပစ္လိုက္ရမယ္ေနာ္”

ေမ့ပစ္ခိုင္းလိုက္တာလား။ငယ္ငယ္ကအဲ့တာေၾကာင့္မမွတ္မိေတာ့တာလား။ဒါဆိုသူကေရာ။သူေရာအဲ့တာေၾကာင့္မမွတ္မိတာလား။
သူ႕မွတ္ဥာဏ္ေတြကိုပါဖ်က္ပစ္လိုက္တာလား။

အိပ္ယာထက္ကကေလးကိုျပန္ၾကည့္မိကာ သူ႕စိတ္ထဲမွာအစီအစဥ္ေတြဆြဲမိသည္။ထိုပုဂၢိုလ္က မွတ္ဥာဏ္ေတြဖ်က္ပစ္မယ့္အတူတူ ဘာေၾကာင့္မ်ားဒီအေၾကာင္းေတြေျပာခဲ့တာလဲ။

သူေျပာခဲ့သလိုအရမ္းသတိရေနလို႔မ်ားလား။အရမ္းသတိရေနလို႔ခဏေလးျဖစ္ျဖစ္လာေတြ႕ရင္း ငယ့္သေဘာထားကိုလာဆန္းစစ္တာလား။ေနာင္တစ္ခ်ိန္အသုံးဝင္လာမယ္လို႔ေျပာတာကေရာဘာအတြက္လဲ။ကံၾကမၼာနတ္သမီးဆိုတာက မုတ္သုံေလညွင္းမလား။

ထိုပုဂၢိုလ္ကိုသံသယမဝင္ေတာ့။မွတ္ဥာဏ္ေတြကိုေတာင္အလြယ္တကူဖ်က္ပစ္နိုင္တယ္ဆိုကတည္းက သာမာန္လူေတာ့မျဖစ္နိုင္။

ဒါဆိုမေကာင္းမႈနတ္ဆိုးကသူျဖစ္ၿပီးေတာ့ ကံၾကမၼာနတ္သမီးက မုတ္သုံေလညွင္း။အဓိကအေၾကာင္းအရာက သူကအရမ္းစြမ္းအားႀကီးတဲ့မေကာင္းမႈနတ္ဆိုး။

႐ုတ္တရတ္ ငယ္ငယ့္ေျခက်င္းဝတ္ေလးကိုေသခ်ာၾကည့္မိသည္။သူကိုယ္တိုင္ဝတ္ေပးထားတဲ့ေျခက်င္းေလးကျဖဳတ္သိမ္းထားတာမို႔ ေျခက်င္းဝတ္ေလးကဗလာက်င္းေနသည္။

“အခ်စ္ေျခခ်င္း”

ႏႈတ္မႈတိုးတိုးေလးညည္းရင္း ေျခက်င္းဝတ္ေလးကိုဖြဖြပြတ္မိသည္။

ဖ်တ္ခနဲလက္လာတဲ့အလင္းေရာင္ေၾကာင့္မ်က္စိကိုလက္ႏွင့္ကာလိုက္ရသည္။ထို႔ေနာက္ျပန္ဖြင့္ၾကည့္ေတာ့ ေျခက်င္းဝတ္ေလးထက္ကအလင္းေရာင္ကမကြယ္ေပ်ာက္ေသး။ျဖဴေဖြးေနတဲ့အသားေရထက္ အစိမ္းေရာင္ႏြယ္သစ္ခက္ေလးျဖင့္အလွဆင္ထားတဲ့ စံပယ္ပြင့္ေလးပါတဲ့ေျခခ်င္းေလးက လင္းလက္ေနေလသည္။

စိတ္ထဲေပၚလာတဲ့အေတြးကိုလက္ေတြ႕အေကာင္အထည္ေဖာ္ဖို႔ သူအစီအစဥ္ဆြဲၿပီးသား။

“ကိုကို႔ဆီျပန္လာခဲ့ေတာ့ေနာ္ငယ္ငယ္”

ကေလးႏွဖူးထက္အနမ္းတစ္ခ်က္ဖိကပ္ၿပီး အခန္းျပင္ထြက္သည္။ေဘးခန္းကဆရာဝန္ေတြေနတဲ့အခန္းကိုတံခါးေခါက္ေတာ့ တန္းဖြင့္လာေလသည္။

“ဘာထူးျခားလို႔လဲကိုသမုဒၵရာ”

“အခန္းထဲကိုတစ္ခ်က္ေစာင့္ၾကည့္ေနေပး ကြၽန္ေတာ္အျပင္ခဏသြားမယ္ ထူးျခားရင္တန္းအေၾကာင္းၾကား”

“ဟုတ္ကဲ့”

ဆရာဝန္သုံးေယာက္ခ်က္ခ်င္း အခန္းထဲဝင္သြားေလသည္။ေအာက္ထပ္ကိုသူဆင္းလာၿပီး သက္ေတာ္ေစာင့္အဖြဲ႕ကိုေခၚသည္။

“မင္းတို႔ဆယ္ေယာက္အဖြဲ႕လုံးအခန္းေရွ႕မွာသြားေစာင့္ေန က်န္တဲ့လူေတြကေအာက္မွာေစာင့္ ငါစံပယ္ခင္းထဲမွာရွိမယ္ ဆရာဝန္ေတြတစ္ခုခုထူးျခားတယ္လို႔အေၾကာင္းၾကားတာနဲ႕ငါ့ကိုလာေခၚလွည့္”

“ဟုတ္ကဲ့”

“Boss မိုးေတြ႐ြာေနတယ္ ထီး..”

“ရတယ္ မေဆာင္းဘူး လိုက္မလာနဲ႕”

မိုးဖြဲေတြၾကားလမ္းေလွ်ာက္ရင္း စံပယ္ခင္းဆီဦးတည္မိသည္။မၾကာမီမိုးသည္းေတာ့မည္မို႔ မိုးစက္ေတြကအရွိန္ယူေနၿပီ။

အဖူးတစ္ဖူးမွမရွိသည့္စံပယ္ပင္ေတြက ပိုင္ရွင္ရဲ႕အေငြ႕အသက္ေတြေပ်ာက္ဆုံးသြားတာေၾကာင့္ျဖစ္မည္။သူ႕ငယ္ငယ္ဟာ စံပယ္ပန္းေလးေတြရဲ႕ပိုင္ရွင္ပါတဲ့။ဒါေၾကာင့္အိမ္မက္ေတြထဲခဏခဏပါလာတာေပါ့။

ငယ့္ကိုဒဏ္ရာတစ္ခုရေစတိုင္း အိမ္မက္ထဲမွာနာက်င္မႈကိုျပသည္။စံပယ္ပန္းေတြဟာငယ့္ကိုကိုယ္စားျပဳတာမို႔ ငယ့္ဒဏ္ရာရဲ႕ပုံရိပ္ေတြ သူ႕အိမ္မက္မွာအရာထင္တာ။ စံပယ္ပန္းေတြၾကားသူရွာမေတြ႕ခဲ့တဲ့အရာဟာ ပိုင္ရွင္ျဖစ္တဲ့ငယ့္ကိုပဲ။

တကယ္ေတာ့ကံၾကမၼာနတ္သမီးက ေသခ်ာအေသးစိတ္တက်ဖန္တီးထားတာ။ဆန့္က်င္ဘက္ထံစားခ်က္ေတြျဖစ္လာေအာင္အထိေသခ်ာကိုပုံသြင္းယူခဲ့တာ။

ပန္းခင္းအလယ္မွာသူရပ္လိုက္ကာ ေကာင္းကင္ႀကီးကိုေမာ့ၾကည့္သည္။အအိပ္ပ်က္တာမ်ားလို႔သိပ္မလန္းတဲ့မ်က္ႏွာဟာ ယခုေတာ့ခက္ထန္မႈေတြအျပည့္။နီရဲေနတဲ့မ်က္သားေတြက သူ႕ေဒါသေတြေၾကာင့္ပတ္ဝန္းက်င္ကိုဖ်က္ဆီးေတာ့မည့္နတ္ဆိုးအၾကည့္ေတြပမာ။ထို႔ေနာက္ေကာင္းကင္ကိုမ်က္ႏွာမူၿပီး သူေလးနက္စြာအမိန့္ေပးပစ္သည္။

“ငါ မေကာင္းမႈနတ္ဆိုးရဲ႕အမည္ကိုတိုင္တည္ၿပီး တစ္ေလာကလုံးကသက္ဆိုင္ရာေတြကိုအသိေပးမယ္ ငါ့ပိုင္ဆိုင္မႈျဖစ္တဲ့လျခမ္းငယ္ငယ္ တျခားေလာကကပင္ဝါး႐ုံငယ္ကို ငါ့ပိုင္နက္အတြင္းျပန္လည္ေခၚေဆာင္လာေပး မနက္ေရာင္နီလာလို႔မွျပန္မေရာက္လာရင္ မင္းတို႔ပိုင္တဲ့တစ္ေလာကလုံးကိုျပာျဖစ္သြားေစရမယ္လို႔ ငါက်ိန္ဆိုတယ္”

“ဂ်ိန္း….”

အားႏွင့္မာန္ႏွင့္သူ႕စကားသံအဆုံး ဝင္းလက္သြားတဲ့လွ်ပ္စီးေတြက တစ္ေလာကလုံးကိုေန႕အသြင္ေျပာင္းေစမတတ္။မိုးခ်ဳန္းသံအတြဲလိုက္ကပါေနာက္ကလိုက္ပါလာတာမို႔ တစ္ခဏအတြင္း ကမၻာပ်က္ေတာ့မလိုအထင္မွားေစသည္။မိုးစက္မိုးေပါက္ေတြက်ဆင္းလာပုံက ေကာင္းကင္ႀကီးပါက်ိဳးက်လာသေယာင္။

တစ္ေလာကလုံးမိုးေရေတြေအာက္ကြယ္ေပ်ာက္မတတ္။မိုးေရတစ္စက္ခ်င္းစီက အသားေတြပဲ့ပါသြားမလိုအထိ ၾကမ္းတမ္းသည္းထန္လြန္းသည္။

အသက္ကိုသာျပင္းျပင္းရႉရင္း မ်က္ဝန္းေတြကိုမွိတ္ထားမိသည္။တကယ္လို႔မနက္အထိမွ ငယ္ငယ္နိုးမလာခဲ့ရင္ တစ္ေလာကလုံးကိုတစ္ကယ္ဖ်က္ဆီးပစ္မည္။ငယ္မရွိတဲ့ကမၻာက ဆက္တည္ရွိေနစရာမလိုဘူး။

အေတြးေတြနဲ႕ရႈပ္ရွပ္ခတ္ေနတုန္း ႏွာေခါင္းဖ်ားဆီတိုးဝင္လာေသာရနံ႕သဲ့သဲ့။အထင္မွားေနျခင္းျဖစ္မည္ဆိုးကာ မ်က္ဝန္းေတြကိုမဖြင့္ဘဲ အနံ႕အာ႐ုံကိုသာပိုအာ႐ုံစိုက္မိသည္။မိုးေရျဖန္းၿပီးစစံပယ္ရနံ႕ကပတ္ဝန္းက်င္အႏွံ႕ပ်ံ့ႏွံ႕ေနကာ ႏွာေခါင္းထဲအလုံးအရင္းတိုးဝင္လာေလသည္။

မ်က္ဝန္းေတြဖ်တ္ခနဲဖြင့္ပစ္ေတာ့ ပတ္ဝန္းက်င္တစ္ခုလုံးေဖြးေနေအာင္ပြင့္တဲ့စံပယ္ေတြ။အနည္းငယ္စဲသြားတဲ့မိုးေရေတြေအာက္ စံပယ္ပြင့္ေတြသာလန္းဆန္းေနေလသည္။

“Boss”

သူေငးေမာေနတုန္း အေျပးအလႊားေရာက္လာတာက One။အေၾကာင္းအရာေတြေျပာျပလာတာကိုမေစာင့္ဘဲ အေျပးအလႊားဦးတည္မိတာ ငယ္ရွိေနမည့္အေဆာက္အအုံဆီ။

မိုးေရ႐ႊဲေနတဲ့အကၤ်ီကို ေျပးရင္းလႊားရင္းခြၽတ္လႊင့္ပစ္မိသည္။ေအာက္ထပ္အေရာက္ သက္ေတာ္ေစာင့္ေတြအလိုက္တသိေပးလာတဲ့ အဝတ္စားေတြႏွင့္တဘက္ကိုယူကာ အခန္းတစ္ခုထဲအျမန္ဝင္လဲသည္။

ေျပးရင္းလႊားရင္းဆံပင္ေတြကို တဘတ္ႏွင့္သုတ္ၿပီး အခန္းထဲေျပးဝင္ေတာ့ ဆရာဝန္အဖြဲ႕က စိတ္လႈပ္ရွားေနၾကပုံႏွင့္သူ႕အားဘယ္ကစေျပာလို႔ေျပာရမွန္းမသိစြာ။

“ေစာနက လက္ကေလးလႈပ္လာတာေတြ႕တယ္”

သူကုတင္နားကပ္လိုက္ေတာ့ အလိုက္တသိေနာက္ဆုတ္ကုန္ၾကေလသည္။

“ငယ္ ကိုကိုေခၚေနတာၾကားလား”

လက္ေလးကိုအသာထိၿပီး နားနားကပ္ကာေျပာေတာ့ လက္ေခ်ာင္းေလးေတြကဆတ္ခနဲ။သူဝမ္းသာတႀကီးစကားေတြထပ္ဆိုမိသည္။

“ကိုကိုေျပာတာကိုၾကားရတယ္မလား ကိုကိုကငယ့္ကိုလြမ္းေနၿပီ ငယ့္ဗိုက္ထဲကကေလးေသးေသးေလးကလည္း သူ႕ေဖေဖကိုလြမ္းေနၿပီတဲ့ ထလာေတာ့ေနာ္ ငယ္ကလိမၼာတယ္”

သူ႕လက္ဖ်ားကိုအသာပြတ္သပ္လာတဲ့လက္ေခ်ာင္းထိပ္ေလးေတြႏွင့္အတူ မ်က္ေတာင္ေလးေတြပါအနည္းငယ္တုန္ယင္လာသလို။ထင္ေယာင္ထင္မွားမဟုတ္တာေသခ်ာေအာင္ အၾကည့္ေတြကိုေသခ်ာဂ႐ုစိုက္မိသည္။

“ငယ္ ကေလးေလးကိုမလြမ္းဘူးလား အခုခ်ိန္ထမလာရင္ ကေလးေလးကဝမ္းနည္းေတာ့မွာတဲ့ ကိုကိုလည္းဝမ္းနည္းေနတယ္”

သိသာလာတဲ့မ်က္ေတာင္လႈပ္ပုံေလးေတြႏွင့္အတူ ႏႈတ္ခမ္းေလးပါတလႈပ္လႈပ္ျဖစ္လာေလသည္။

“ငယ္ကိုကိုေျပာတာၾကားရတယ္မလားဟင္”

မ်က္ဝန္းေတြအနည္းငယ္ဖြင့္ဟလာမႈမွာ သူ႕လက္ဖဝါးေတြႏွင့္အလင္းကာေပးမိသည္။လုံးဝပြင့္ဟလာမယ့္မ်က္ဝန္းေလးေတြကို ေစာင့္ေမွ်ာ္ေနရတဲ့စကၠန့္အနည္းငယ္အတြင္း
သူ႕ရင္ဘတ္ထဲဟာလာဟင္းလင္း။အသက္ေတာင္ဝဝမရႉရဲခဲ့။

တစ္မိနစ္ေလာက္အရွိန္ယူၿပီးမွ မ်က္ဝန္းေတြအလုံးစုံပြင့္ဟလာေလသည္။ေနာက္ကဆရာဝန္ေတြရဲ႕ဝမ္းသာသံနဲ႕အတူ သူ႕ေသြးေၾကာေတြပါ ေအာင္ပြဲခံကုန္သည္။

လႈပ္စိလႈပ္စိျဖစ္ေနတဲ့ႏႈတ္ခမ္းလႊာက စကားသံေတြေတာ့ထြက္မလာ။

“ငယ္ ဘာေျပာခ်င္လို႔လဲ”

ႏႈတ္ခမ္းနားေလးအထိ သူ႕နား႐ြက္ေတြကပ္ေပးသည္။

“အၾကာႀကီးေနၿပီးမွသတိရခါစမလို႔ စကားေျပာတဲ့ေနရာမွာ အနည္းငယ္ခက္ခဲေနတာထင္တယ္”

ေနာက္ကဆရာဝန္ေလးရဲ႕အေျပာမွာ သူေနာက္ဆုတ္ဟန္ျပင္ေတာ့ နား႐ြက္ဖ်ားကိုခပ္တိုးတိုးထိခတ္လာတဲ့ေလသံေလး။

“ကိုကိုမငိုနဲ႕”

ေယာင္ယမ္းကာမ်က္ႏွာျပင္ကိုပြတ္သုတ္ေတာ့ လက္ဖဝါးတစ္ခုလုံးစိုစြတ္ကုန္သည္။

“ကိုကိုမငိုပါဘူးငယ္ရဲ႕ ေပ်ာ္လြန္းလို႔က်တဲ့မ်က္ရည္ေတြပါ ကိုကိုကတအားေပ်ာ္ေနတာမလို႔”

ထိန္းထားခဲ့ရျခင္းေတြခုမွက်ိဳးပ်က္ကုန္သည္ထင္။သုတ္ေလက်ေလမ်က္ရည္ေတြကိုၾကည့္ရင္း ငယ္ငယ္ကအားနည္းစြာၿပဳံးသည္။

လက္ဖဝါးျပင္ေလးလွမ္းလာတာမို႔ သူ႕လက္နဲ႕လက္ေကာက္ဝတ္ေလးကိုခပ္ဖြဖြေထြးဆုပ္ေတာ့ မ်က္ႏွာဆီဦးတည္လာသည္။အလိုက္တသိပဲမ်က္ႏွာထက္တင္ေပးလိုက္ေတာ့ လက္မေလးနဲ႕ဖြဖြသုတ္ေပးလာေလသည္။

“မလိုက္ဘူး”

“ေနာက္ဆိုမငိုေတာ့ဘူး ငယ္သာအၿမဲေဘးနားရွိေပးရင္ ေနာက္ဆိုမငိုေတာ့ပါဘူး”

ထိန္းလို႔မရစြာအသံေတြထြက္သည္အထိငိုပစ္မိသည္။ပခုံးအထက္ေခါင္းတင္ကာငိုေတာ့ ဆံႏြယ္ေတြကိုသပ္ေပးလာေလသည္။ငယ့္ပုခုံးစြန္းေတြ႐ႊဲကုန္တာ သူ႕မ်က္ဝန္းမွာမ်က္ရည္ေတြသည္းေနလို႔။

အရာအားလုံးကိုေမ့ပစ္ကာ လြမ္းခဲ့သမွ်အတြက္ငိုသည္။အျပင္မွာမိုးေတြသည္းေနေသးလားမသိသလို မနက္ျဖန္ေရာမိုး႐ြာအုံးမလားမသိေသး။ငယ္သာအနားရွိေနရင္ မုန္တိုင္းေတြေလရိုင္းေတြကိုပါမမႈပါဘူး။အသည္းအသန္ဖက္တြယ္မိတဲ့ဒီေရစက္ေလး ထာဝရၿမဲေနဖို႔ပဲလိုတာပါ………….

#######################

ၿငိမ္း 🌞🌻

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၇, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၇, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၇ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၇ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၇ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၇ light novel, ,

Comment

Leave a Reply

Chapter 48