Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အခန်း ၄၈

A+ A-

ရာသီဥတုလေးကသာယာသည်။နေရောင်ခြည်နွေးနွေးလေးရှိသလို လိပ်ပြာလေးမွှေးဖို့ ပန်းဖွေးဖွေးလေးတွေလည်းရှိသည်။မိုးရေဆမ်းလို့လန်းဆန်းနေတဲ့သစ်ရွက်စိမ်းလေးတွေကိုကြည်စားဖို့ လေပြည်အေးအေးလေးတွေလည်းရှိသည်။

လခြမ်းရှိနေတဲ့အခန်းလေးထဲမှာတော့ လခြမ်းနှင့်သက်ဆိုင်သူအားလုံးအပြုံးမျက်နှာတွေနှင့်။

ညကရုတ်တရတ်ကြီးဖုန်းဆက်လာသည်။လခြမ်းသတိရလာပါပြီတဲ့။မိုးသည်းနေတဲ့ညတွင်းချင်းကြီး အားလုံးစုပြုံရောက်လာပြီး အခန်းထဲမဝင်မိကြဘဲ အပြင်မှသာကြည့်ကာ ပီတိမျက်ရည်ဖြာကုန်သည်။

ဒီအတောအတွင်း သမုဒ္ဒရာကိုကြည့်ကာဘယ်သူမှစိတ်မကောင်းကြ။လခြမ်းကိုစိတ်ပူသလို ပြိုလဲမတတ်ဖြစ်နေတဲ့သူကိုလည်း သူတို့စိတ်ပူရသည်။ယခုတော့အားလုံးငြိမ်းချမ်းပြီ။

မုန်တိုင်းတွေကင်းသွားပြီမို့ လေပြည်တွေလာဖို့သင့်ပြီ။

“ဘယ်လိုနေသေးလဲ”

“အဆင်ပြေပါတယ် တစ်ခုပဲ… နိုးလာလာချင်းဗိုက်ကြီးကလုံးဝိုင်းနေတော့ တစ်မျိုးကြီးပဲ ဟီးဟီး”

သူ့အပြောသူသဘောကျစွာရယ်ရင်း ဗိုက်ကလေးကိုလည်းပွတ်သပ်နေသေးသည်။

လူစုံနေပေမယ့် အဖြစ်သည်းလွန်းသူကလူကိုယ်တိုင်ကုတင်ပေါ်တက်ကာ လခြမ်းနောက်မှာကျောက်မှီလိုဝင်ထိုင်ပေးနေတာ။ခန္ဓာကိုယ်လေးကို ခြေထောက်တွေကြားထည့်ထားပြီး လခြမ်းနောက်ကျောကိုသူ့ရင်ဘတ်တွေဖြင့်ကပ်ခါ ဝမ်းဗိုက်အောက်ကနေခါးလေးကိုသိုင်းဖက်ထားလေသည်။

ပြီးခဲ့တဲ့အတောအတွင်း သူခံစားရတာကိုမြင်ထားရသူတွေအဖို့ အားလုံးကမစနောက်ရက်။သူ့မှာမျက်စိအောက်ကပျောက်သွားမှာစိုးသလို အရိပ်တကြည့်ကြည့်နှင့်။

“ကိုဝိုင်း”

“ဟင်”

သိပ်မကြောက်တော့တဲ့နောက်ပိုင်း Horizonကို ကိုဝိုင်းလို့သာခေါ်လေသည်။

“ငယ်ငယ့်ကလေးလေးက တကယ်အဆင်ပြေရဲ့လားဟင်”

သူComaဝင်နေတဲ့နှစ်လအတွင်း အစာအာဟာရအတွက်ဆေးတစ်မျိုးတည်းသာမို့ ကလေးလေးကိုစိတ်ပူနေတာ။သူတို့ထဲမှာအသက်အငယ်ဆုံးဆိုပေမယ့် အားလုံးထက်ပိုပြီးဖခင်မေတ္တာပြည့်ဝနေတဲ့သူမို့ ချီးကျူးမိတာအမှန်။

“တကယ်အဆင်ပြေတာပါဗျာ လခြမ်းမယုံရင်ခဏနေစစ်ဆေးပေးမယ် စက်ပစ္စည်းကိရိယာတွေအကုန်ဒီမှာရှိပြီးသား အနေထားမှန်မမှန်ပါသိရအောင် Ultrasoundပါတစ်ခါတည်းရိုက်လိုက်မယ် ပြီးတော့တူလေးလားတူမလေးလားလည်းသိချင်သေးတယ် “

“ကောင်းတယ် ကောင်းတယ် ငယ်ငယ်လည်းသိချင်တယ် ကိုကိုရောသိချင်လား”

လည်ပြန်လေးလှည့်ကြည့်ကာ ခေါင်းမော့မေးလာတာမို့ ပြုံးပြကာခေါင်းညိတ်ပြရသည်။

“ဒါပေါ့ ငယ်ငယ်နဲ့အတူတူပဲ”

“ကိုကိုတအားပိန်သွားတယ်”

မော့ကြည့်နေရင်း စိတ်မကောင်းသလိုလေးပြောလာတာမို့ ခေါင်းထက်ဖွဖွနမ်းမိသည်။

“ငယ့်ကိုလွမ်းလို့ ခုအဆင်ပြေသွားပြီ”

“ကိုကိုကောင်းကောင်းမအိပ်ဖြစ်တာကြာပြီမလား ပြီးသွားရင်ငယ်ငယ်နဲ့တူတူလိုက်အိပ်ရမယ်နော်”

“အွန်း အိပ်ကြမယ်”

“အစားလည်းအများကြီးစားရမယ်နော်”

“အွန်း စားမယ်”

“ငါတို့ကိုလည်းအားနာပါအုံးလခြမ်းရယ် သူ့လူကိုချစ်ပြနေလိုက်တာ”

“ဟီးဟီး”

နောင်းညိုအပြောကိုသွားသာဖြီးပြလာပြီး ရှက်ရွံ့ဟန်တော့မပြ။

“ကိုယ်ဝန်ကိုအခုစစ်လိုက်မလား ပြီးရင်စောစောအနားယူခိုင်းလိုက်တော့ သူတို့နှစ်ယောက်တည်းပြောစရာတွေရှိနေမှာပေါ့ ပြီးတော့ကိုCeanကိုလည်းစိတ်အေးလက်အေး နားစေချင်နေပြီ”

Geoအပြောကိုသဘောတူစွာ ခေါင်းညိတ်ပြကာထရပ်လိုက်သည်။

“ကောင်းပြီ ကိုCean လခြမ်းကိုပွေ့ခဲ့လို့ရလား စက်တွေကဟိုဘက်အခန်းမှာ”

“ရတယ် ငါပွေ့ခဲ့ပေးမယ်”

“ကိုကို အဆင်ပြေရဲ့လား ငယ့်ကိုယ်ကလေးလာတယ်ထင်တယ်”

ဗိုက်လုံးလေးရောမို့နှစ်ယောက်စာလေးလာတယ်ထင်သူက သူ့လူကိုကြည့်ပြီးစိုးရိမ်နေတာ။

“ဘယ်ကသာ အရင်ကထက်ပိုပေါ့သွားသလိုပဲ ရှေ့တစ်လျှောက်အများကြီးစားရမယ်နော်”

“ဟုတ်”

ပွေ့ချီကာအခန်းပြောင်းပေးတော့ အားလုံးလိုက်ဝင်လာတာမို့ Horizonမှာရယ်ရခက်ငိုရခက်။သူ့အစ်ကိုမျက်နှာကလည်း အူတိုလွန်းလို့ ဆူချင်နေပြီ။

“ကဲကဲ မဆိုင်တဲ့သူလေးတွေက အပြင်လေးတစ်ချက်လောက်ထွက်ပေးလေ တော်ကြာလခြမ်းရှက်နေအုံးမယ်”

“ဟုတ်သားပဲမေ့နေတာ”

Geoကစိုင်းတိမ်ငွေ့လက်ကိုဆွဲကာအပြင်ထွက်သွားလေသည်။

“ကိုကြီးကရော အပြင်ထွက်မလို့လား”

“အွန်း ကိုကြီးအပြင်ကစောင့်မယ်”

စက်ရိပ် ကလေးလေးခေါင်းကိုတစ်ချက်ပွတ်ပေးကာ အပြင်ထွက်လိုက်သည်။

“ငါလည်းအပြင်ကစောင့်မယ်နော်”

ပင်ထနောင်းညိုပါထွက်သွားတာမို့ အခန်းထဲသူတို့သုံးယောက်တည်းသာကျန်လေသည်။

“မင်းကရောမထွက်ဘူးလား”

“ကျွန်တော်ပါထွက်ရင် ကိုCeanစစ်ပေးမလို့လား”

“ဟိုဘက်ခန်းက Omega ..”

“ရပါတယ်ကိုကိုရဲ့ ငယ်ငယ်အဆင်ပြေပါတယ်”

“သိပါပြီဗျာ ဟိုဘက်ခန်းကOmegaဆရာဝန်လေးလွှတ်လိုက်မယ် တကတည်းညီအစ်ကိုချင်းတောင်တိုတယ်”

ပြောရင်းထွက်သွားသူကအပြုံးတစ်ခုနှင့်။

“ကိုကိုကလည်း အားနာစရာ”

“မနာနိုင်ပါဘူး ငယ့်ခန္ဓာကိုယ်ကို သူစိမ်းAlphaတွေထိတာမကြိုက်ဘူး”

နှဖူးကိုငုံ့နမ်းရင်း မျက်နှာလေးကိုသေချာစိုက်ကြည့်ကာပြောလာတာမို့ ကိုကို့မျက်နှာကိုလက်ဖဝါးတွေနှင့်ဖိကပ်ရင်းခေါင်းညိတ်ပြမိသည်။

“အွန်းပါ ကိုကို့သဘော”

“ပြွတ် ဒီအသံလေးကိုလွမ်းနေတာ”

အခန်းထဲဝင်လာသောဆရာဝန်လေးမှာ ထိုအတွဲကိုကြည့်ပြီး လှမ်းလက်စခြေလှမ်းတွေကိုဆက်ပဲလှမ်းရတော့မလို နောက်ပဲပြန်ဆုတ်ရတော့မလိုဖြင့် ကြောင်တောင်တောင်ပင်ဖြစ်သွားရသည်။

“ကိုကို့”

ငယ်ငယ်တံတောင်ဖြင့်အသာထိကာသတိပေးမှ ကိုကိုကခါးမတ်သွားလေသည်။

“အဟမ်း “

“ကျွန်..ကျွန်တော် စစ်ဆေးပေးပါ့မယ် ဗိုက်ကလေးလှန်ပေးလို့ရမလား”

“ရပါတယ်”

ကုတင်ပေါ် လှဲနေတဲ့ငယ်ငယ့်ဘေးမှာ မတ်တပ်ရပ်လိုက်ပြီးခါးမှအင်္ကျီစလေးကို အထက်သို့လိပ်တင်ပေးလေသည်။

“နည်းနည်းအေးမယ်နော်”

ဝမ်းဗိုက်ပေါ်သုတ်လိမ်းလာတဲ့ဂျယ်အေးအေးတွေကြောင့် ငယ့်ကိုယ်လေးတုန်ခနဲဖြစ်သွားတော့ ကိုကိုကခါးကိုင်းကာပွေ့ဖက်ပေးလာလေသည်။

“အရမ်းအေးလို့လားငယ်”

“ဟင့်အင်း ရုတ်တရုတ်မို့လန့်သွားရုံပါကိုကိုရဲ့”

“မစိုးရိမ်နဲ့နော် ငယ့်ကလေးလေးကအားလုံးအဆင်ပြေမှာပါ သူတို့အမြဲတမ်းစစ်ဆေးပေးနေကျ”

“ဟုတ်”

“စိတ်ကိုလျှော့ထားနော် ကိုကို့ကိုကြည့်”

“အယ်”

သူတို့နှစ်ယောက်တွတ်ထိုးနေတုန်း ဘေးကဆရာဝန်လေးနှုတ်မှအာမေဋိတ်ကြောင့်လှည့်ကြည့်မိလေသည်။

“ဘာဖြစ်လို့လဲဟင်”

ကိုကို့လက်ကိုဆုပ်ကိုင်ရင်း ငယ်ငယ်အသက်ရှူအောင့်မိသွားသည်။ကလေးလေးများတစ်ခုခုဖြစ်လို့လား။

“ဘာဖြစ်တာလဲ”

ကိုကို့အသံကြားမှ ဆရာဝန်လေးကသတိဝင်လာလေသည်။

“အဲ့..အဲ့ဒါကလေ”

“ဘာဖြစ်တာလဲမြန်မြန်ပြော”

“အ..အမွှာတွေ”

“ဟမ်”

“အမွှာတွေ ယောကျာ်းလေးတစ်ယောက် မိန်းကလေးတစ်ယောက်”

“တကယ်လား”

အံ့ဩကာမယုံသလိုအမေးမှာ ဆရာဝန်လေးကပုံရိပ်လေးတွေကိုထောက်ပြရင်းသေချာရှင်းပြလေသည်။

“ဟုတ်ကဲ့ဗျ ဒီမှာ ဒီတစ်ယောက်ကယောကျ်ားလေး ဒီဘက်ကမိန်းကလေး တော်တော်တောင်ဖွံ့ဖြိုးနေပြီဗျ အနေအထားလည်းမှန်တယ်ဗျ”

“ကိုကို့”

ဝမ်းသာမျက်ရည်ဝိုင်းနေတဲ့ကလေးကိုရင်ခွင်ထဲထည့်ဖက်ရင်း သူ့မျက်ဝန်းစွန်းတွေလည်း ပျော်ရွှင်မှုတွေတွဲခိုကုန်သည်။ပျော်ရွှင်မှုကနှစ်ဆတဲ့။သူ့ငယ်ငယ်ကိုယ်တိုင်သူ့ဆီသယ်ဆောင်လာတဲ့ပျော်ရွှင်မှုက နှစ်ဆတဲ့။

“အားလုံးအတွက်သတင်းကောင်းကိုကျွန်တော်သွားပါးလိုက်ပါ့မယ်”

အလိုက်တသိထသွားတဲ့ဆရာဝန်လေးက သူတို့နှစ်ယောက်အတွက်တံခါးပါပိတ်ပေးသွားလေသည်။တစ်ယောက်ကိုတစ်ယောက်နစ်ဝင်မတတ်ပွေ့ဖက်ထားမိရင်း စကားမပြောနိုင်သေးခင် အပြင်မှကြားရတဲ့ပျော်ရွှင်ခြင်းတွေကြောင့် ဆထက်တံပိုးတိုးလို့ထွေးဖက်မိသည်။

ဒီကမ္ဘာမြေပေါ်ခြေချရခြင်းရဲ့အကြောင်းပြချက် ဒီကမ္ဘာမြေပေါ်အသက်ရှင်နေရခြင်းရဲ့အကြောင်းပြချက်ကလေးက သူ့အတွက်ပျော်ရွှင်ခြင်းတွေကိုတနင့်တပိုး သယ်ပိုးလာခဲ့ပေးတယ်တဲ့။

အရာအားလုံးစွန့်လွှတ်ခဲ့ပြီး သူ့တစ်ယောက်တည်းကိုသာစွဲလမ်းမိခဲ့ခြင်းဟာမှန်ကန်ကြောင်း သူလေးကသက်သေပြပေးတယ်။မတည်မြဲတဲ့စည်းစိမ်တွေအာဏာတွေအသက်တွေထဲ ထာဝရတည်မြဲနေမည့်အချစ်နှင့်သစ္စာကိုသာသူမက်မောပါသည်။

သံသရာတွေကြိုက်သလိုလည်ပါစေအုံး ဘဝတွေမရေနိုင်အောင်ခြားပါစေအုံးတော့ တစ်ခဏသာဆုံတွေ့ရမယ့်သက်တမ်းလေးတစ်ခုနဲ့တင် အရာရာသင်ပုန်းချေလို့ရသည်အထိ သူလေးကိုမြတ်နိုးခဲ့ပါသည်…….

……………….

“နေလို့အဆင်မပြေရင်နားလိုက်အုံးနော်ကိုခို ကျွန်တော်နေ့လည်စာချက်လိုက်မယ်”

လခြမ်းသတိရလာသည်ကြားတာကြောင့် ညကတည်းကကိုCeanစံအိမ်ဆီရောက်ခဲ့သလို ပျော်ရွှင်ခြင်းတွေကြောင့်အိပ်မပျော်ခဲ့မှန်းသိတာမို့ အနားယူခိုင်းလိုက်ရသည်။

လခြမ်းကိုယ်ဝန်ကအမွှာလေးဆိုတာကြောင့်အားလုံးအံ့အားတသင့်ပျော်ရွှင်နေကြချိန် ကိုခို့ပျော်ရွှင်ခြင်းထဲကဝမ်းနည်းမှုတစ်စကိုသူဖမ်းမိခဲ့သည်။သွေးသားမတော်စပ်သလိုအနေမနီးခဲ့သည့် ဟိုကလေးကိုလွမ်းနေမိသည်အထင်ကြောင့်သူထုတ်မမေးဖြစ်ခဲ့။

ကားပေါ်မှာတိတ်တဆိတ်သာမျက်ဝန်းတွေမှိတ်ထားတဲ့သူကြောင့် သူအနှောင့်အယှက်မပေးမိ။လိုအပ်သလောက်မွှေနှောက်ခဲ့ပြီးတဲ့သူ့ဘဝလေးကို အသေးအဖွဲလေးတွေနှင့်စိတ်မရှုပ်စေလို။အရေးသိပ်မကြီးတော့တဲ့အကြောင်းအရာတွေသာကျန်တော့တာမို့ သူနှင့်အတူလျှောက်မယ့်သာယာတဲ့ခရီးကို ဖြည်းဖြည်းချင်းပဲလျှောက်တာပေါ့။

အိပ်ခန်းထဲထိအတူလျှောက်ပြီး သူ့ကိုတော့နားနေစေကာ နေ့လည်စာကိုယ်တိုင်လုပ်ဖို့ပြင်ရမည်။ခုတစ်လောကိုခိုသိပ်ပင်ပန်းနေတာမို့ အားရှိစေဖို့ရည်ရွယ်ပါသည်။

“စက်ဝိုင်း”

“ဗျာ”

အခန်းပြင်ထွက်မယ့်ခြေလှမ်းတွေ ခေါ်သံတစ်ချက်နဲ့တင်ရပ်တန့်ပစ်မိသည်။နောက်ပြန်လှည့်ကာ ကုတင်ခြေရင်းခြေစုံရပ်တော့ ကုတင်ပေါ်ထိုင်နေသူကသူ့မျက်နှာသူလက်နှစ်ဖက်နှင့်ပွတ်သပ်နေလေသည်။ဘေးမှာချထားတဲ့မျက်မှန်လေးကိုကောက်ယူလို့ ခုံပေါ်တင်ပေးမိသည်။

“ကိုခိုကျွန်တော့်ကိုပြောစရာရှိလို့လား”

“……………”

“အဆင်ပြေရဲ့လား “

နှဖူးလေးထက်လက်နှင့်စမ်းကြည့်ပေးရင်း သူဂရုတစိုက်ဆိုမိသည်။ခဏတာအားယူပြီးမှ စကားလုံးတစ်ချို့ဖွင့်ဟလာလေသည်။

“လွန်ခဲ့တဲ့ခြောက်နှစ်တုန်းကငါမင်းနဲ့မှားခဲ့တယ် အခြေအနေတွေကရုတ်တရတ်ဖြစ်သွားတာမို့ ငါဘာကိုမှမစဥ်းစားနိုင်ခဲ့ဘူး အဲ့အချိန်တုန်းက ငါကအဖေ့ကိုကူညီဖို့စီးပွားရေးတစ်ခုလုပ်ဖို့ကြိုးစားနေတဲ့အချိန် အောင်မြင်ခါစလူငယ်တစ်ယောက်ပဲရှိသေးတယ် ရုတ်တရတ်ကြီးစွမ်းအားရှိတဲ့Alphaကနေ အားနည်းတဲ့Omegaအဖြစ်​ပြောင်းသွားတော့ ငါလက်မခံနိုင်ခဲ့ဘူး ငါကAlphaအနေနဲ့နေသားကျနေပြီးသားလေ”

စိတ်ထဲရှိသမျှပဋိပက္ခတွေထုတ်ပြောလာတာမို့ငြိမ်သက်စွာသာနားထောင်ပေးမိသည်။ဝန်ထုတ်ဝန်ပိုးတွေဖြည်ချဖို့သင့်ပြီမဟုတ်လား။

“အဲ့နေ့ငါမင်းအခန်းထဲကထွက်လာတာကို သူမြင်သွားခဲ့တယ် အဲ့တုန်းကသူကလည်းသူ့ရည်းစားကအိမ်ထောင်ပြုသွားတဲ့အချိန်ပေါ့ သူငါ့ကိုသိတာAlphaတစ်ယောက်အနေနဲ့နောက်ပြီးငါထွက်လာခဲ့တဲ့အခန်းထဲမှာရှိနေတာလည်းAlphaတစ်ယောက်လို့သူသိထားတာ အစကတော့သူကဒီအတိုင်းစပ်စုရုံပါပဲ မထင်မှတ်ဘဲသူ့မှာကိုယ်ဝန်ရှိလာခဲ့တယ် သူ့ချစ်သူကတစ်ခြားတစ်ယောက်နဲ့လက်ထပ်ပြီးနေပြီတာဝန်ယူလို့မရတော့ဘူး”

“………………”

“ဒါပေမယ့်သူတို့လင်မယားကကလေးမရနိုင်တာမလို့မွေးစားရမှာပဲလေ သူ့ချစ်သူကကလေးရှိမှန်းသိနေတော့အဲ့ကလေးကိုလိုချင်တယ် တာဝန်ယူဖို့ကတော့မဖြစ်နိုင်ဘူးပေါ့ အဲ့မိန်းကလေးကလည်းသူ့ချစ်သူရဲ့ကလေးကိုမွေးချင်တယ် အဲဒီမှာငါကငါးစာဖြစ်လာတယ်”

အတိတ်ကိုပြန်မြင်ယောင်နေသလိုအကြည့်တွေကိုအဝေးပို့ထားပေမယ့် ငွေ့ရည်တစ်ချို့မျက်ဝန်းမှာခိုတွဲလာသည်။

“အဲ့အဖြစ်အပျက်ပြီးနောက်ငါအိမ်မပြန်ရဲတော့ဘူး သူတို့အားကိုးရမယ့်သားကOmegaအဖြစ်ပြောင်းသွားတယ်ဆိုတာသူတို့ကိုမသိစေချင်ဘူး စိတ်တွေမတည်ငြိမ်သေးတော့ မတော်တဆအမှားတစ်ခုခုကြောင့်ထုတ်ဖော်ပြမိသွားမှာစိုးတယ် ငါပျိုးထောင်ပေးရတဲ့လခြမ်းသိသွားမှာလည်းမလိုလားဘူး သူအားထားရတဲ့သန်မာတဲ့အစ်ကိုကြီးတစ်ယောက်အဖြစ်ပဲရှိချင်တာ ဒါကြောင့်ငါ့ကိုယ်ငါဆေးနဲ့ထိန်းချုပ်မယ် အမြဲခရီးတွေပဲထွက်နေမယ်ပေါ့ ဒါပေမယ့်ကံကြမ္မာကငါ့ကိုမျက်နှာသာမပေးဘူး”

“……………..”

“ငါ့မှာကိုယ်ဝန်ရှိနေခဲ့တာ”

“ကိုခို”

မထင်မှတ်တဲ့စကားစုမှာ သူ့အသိစိတ်တွေလွင့်ထွက်ကုန်သည်။ဦးနှောက်ထဲသွေးတွေဒိန်းကနဲဆောင့်တိုးလာပြီး အသက်ရှုလမ်းကြောင်းတွေပါမှားယွင်းကုန်သည်။ကိုခိုကတော့ငြိမ်ငြိမ်သက်သက်ပဲ ဒဏ်ရာဟောင်းတွေကိုလှစ်ဟပြနေတာ။ဒဏ်ရာဟောင်းတွေကိုပြန်ဆွနေတာဆိုပိုမှန်မှာပေါ့။

“အဲ့တာကိုသူလည်းသိသွားတယ် အဲ့တော့ငါ့ကိုလာပြီးခြိမ်းခြောက်တယ် မိဘတွေကိုမသိစေချင်ရင်သူ့ကိုလက်ထပ်ရမယ်တဲ့ ငါ့မှာငြင်းပိုင်ခွင့်မရှိခဲ့ဘူး ငါ့အတွက်လည်းအဆင်ပြေနေတာပဲလေ အကျဥ်းချုံးလက်ထပ်တယ် အိမ်နဲ့အဝေးသူစိမ်းတွေပဲရှိတဲ့နေရာမှာငါတို့နှစ်ယောက်အခြေချတယ် နှစ်ယောက်လုံးကကိုယ်ဝန်တွေနဲ့တဲ့”

“ကိုခို”

လက်တွေကိုထွေးဆုပ်လို့နှစ်သိမ့်ချင်ပေမယ့် ကိုယ့်ကိုယ်ကိုအတွက်လား သူ့အတွက်လားမကွဲပြားတော့။အေးစက်နေတဲ့လက်နှစ်စုံက အနွေးဓာတ်ကိုမထုတ်ယူနိုင်ဘူးထင်သည်။

“သူ့ချစ်သူကအမြဲသူ့ကိုလာတွေ့တယ် သူ့ဗိုက်ထဲကကလေးကိုရောသူ့ကိုရောသိပ်ချစ်တာကိုး ငါကတော့ကလေးရဲ့ဖခင်ကိုမလိုချင်ခဲ့ဘူး ကလေးလေးရှိနေရုံနဲ့အဆင်ပြေတယ်လို့ပဲတွေးခဲ့တာ ကလေးလေးကိုသာမွေးပြီးရင် ငါတစ်ယောက်တည်းရဲ့မေတ္တာတွေနဲ့ထွေးပွေ့ဖို့လုံလောက်ပါတယ်ပေါ့ ဒါပေမဲ့ငါကပျော်ရွှင်မှုနဲ့မထိုက်တန်ဘူးထင်တယ် သူနဲ့ငါတစ်ရက်တည်းမီးဖွားတယ် သူ့သားလေးကအသက်ရှင်ခဲ့ပေမယ့် ငါ့သားလေးကတော့..”

“ကိုခို တောင်းပန်ပါတယ် တောင်းပန်ပါတယ်နော် ဆက်မပြောနဲ့မေ့ပစ်လိုက်ပါ”

ကိုယ်တောင်ကြားရုံနဲ့နာကျင်နေရရင် သူခံစားခဲ့ရတာတွေကရော။သူ့ကိုရင်ခွင်ထဲထည့်ဖက်လိုက်ချင်ပေမယ့် ကိုယ့်ပြိုလဲမှုတွေနဲ့ကိုယ်တောင် ပြန်ထူထောင်ဖို့အားမရှိခဲ့ပါဘူး…

“ငါကသူ့အတွက်ဖခင်ကောင်းမဖြစ်နိုင်ခဲ့လို့ ငါကသူ့ကိုပြည့်စုံတဲ့မိသားစုမပေးနိုင်ခဲ့လို့ သူကငါ့ဘဝထဲမဝင်လာချင်တာဖြစ်မှာ”

မျက်ရည်တွေကြားက မခိုးမခန့်အပြုံးဟာ မချင့်မရဲဖြစ်မှုတွေဝန်းရံထားတဲ့ နာကျင်ခြင်းရပ်ဝန်းငယ်လေး

“မဟုတ်ပါဘူးကိုခိုရဲ့ ကျွန်တော့်ကြောင့်ပါ ကျွန်တော်ညံ့လို့ တွေ့အောင်မရှာနိုင်ခဲ့လို့ပါ အားလုံးကျွန်တော့်အပြစ်တွေချည်းပဲ”

“စောနကလခြမ်းမှာကလေးလေးတွေရှိနေတယ်ပြောတော့ သားလေးကိုအရမ်းလွမ်းတာပဲ”

တစ်စက်ပြီးတစ်စက်ကြွေကျလာတဲ့မျက်ရည်တွေကိုဖမ်းဖို့အားမရှိခဲ့ဘူး။အဲ့မျက်ရည်တွေကသိပ်ပူလောင်နေမှာ။ရင်ခွင်ထဲကိုခပ်တင်းတင်းဆွဲဖက်ပစ်ရင်း သူ့မျက်ရည်တွေကိုလည်းအစိုးမရနိုင်တော့။

“မငိုပါနဲ့ဗျာ စိတ်ရှိလက်ရှိကျွန်တော့်ကိုရိုက်ပြီးလွှတ်ချလိုက် အဲ့လိုမျိုးမျက်ရည်တွေတော့မကျပါနဲ့ ကျွန်တော်တောင်းပန်ပါတယ်မငိုပါနဲ့ တကယ်တောင်းပန်တာပါ မငိုပါနဲ့ဗျာ”

“ငါ့သားလေးကိုအရမ်းလွမ်းတယ် စက်ဝိုင်း”

ရင်ခွင်ထဲသူ့ရှိုက်သံတွေပြည့်နေတာမို့ သူ့နှလုံးသားဆီပဲ့တင်ထပ်ကုန်သည်။လောကကြီးကိုအပေါ်ယံပြုံးပြပြီး စိတ်ထဲလက်ခလယ်ထောင်ခဲ့သမျှ လောကကြီးကများဒဏ်ခတ်လိုက်သလား။

ကိုCeanပြောတဲ့ ကမ္ဘာပျက်မတတ်ဘဲဆိုတာအခုမှနားလည်သည်။သူ့နှလုံးသည်းပွတ်က လောကဓံကို ထိုမျှလောက်အထိခံစားခဲ့ရပါသတဲ့။သူကထိုငါးနှစ်မှာလွမ်းမိရုံလေးနဲ့တင်သိပ်ခံစားခဲ့ရပြီထင်နေတာကို အစ်ကိုကတော့ကမ္ဘာငယ်တစ်ခုဆုံးရှုံးပြီးပြိုလဲခဲ့ရတာတဲ့။ဒါတောင်သန်မာချင်ယောင်ဆောင်ပြီး လောကဓံကိုဖြတ်ကျော်ခဲ့ရသေးတယ်။စဥ်းစားကြည့်ရင် သေမတတ်ပဲအစ်ကို။

တစ်ခါတစ်ရံလောကကြီးကိုသိပ်ပြီးမောက်မာပြခဲ့ရင် လောကကြီးကခပ်မဲ့မဲ့ပြုံးရင်းမောက်မာမှုတွေကိုရိုက်ချိုးပြလိမ့်မည်။မနေ့ကတင်အရှိန်မသေသေးတဲ့သူ့မာနတွေ ဒီနေ့တော့အမှန်တရားရဲ့ရိုက်ချိုးခြင်းခံလိုက်ရသည်။

သူ့သွေးသားကိုဆုံးရှုံးခဲ့ရခြင်းဆိုတဲ့အမှန်တရားအပြင် အစ်ကို့ပြိုလဲရခြင်းတွေအစ်ကို့မျက်ရည်တွေနဲ့တင် သူ့ကမ္ဘာပြိုသံတွေတဝုန်းဝုန်းမြည်ဟည်းနေပါသည်……

………………..

ပြတင်းတံခါးဖွင့်ထားတာမို့ ခန်းဆီးစလေးလေကြောင့်လွင့်နေလေသည်။နေအလင်းရောင်လေးပါထိုးခွင်းဝင်ရောက်နေတာမို့ အခန်းလေးကနွေးထွေးစွာ။

ကုတင်အထက်ပူးကပ်နေတဲ့ကိုယ်နှစ်ခုက ကြားလေပင်မသွေးစေချင်၍ အကြားအလပ်ပင်မရှိ။တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းအချိန်တွေကုန်မှာစိုးထိတ်နေသလိုမျိုး။

ခန္ဓာကိုယ်အကြီးကြီးရဲ့ရင်ခွင်ထဲ ခန္ဓာကိုယ်သေးသေးလေးကိုအပြည့်အဝသိမ်းထုပ်ထားလေသည်။လုံးဝန်းနေတဲ့ဗိုက်ဖောင်းလေးကြောင့်မျက်နှာချင်းဆိုင်မရတာမို့ ပက်လက်လေးသာနေရတာပေါ့။

“တကယ်လားကိုကို”

“တကယ် နောက်လလောက်ဆိုစေ့စပ်လောက်တယ်”

“မြန်လိုက်တာ နောင်းညိုကအဲ့လူကြီးကိုတကယ်ပြန်ကြိုက်တာဟုတ်လို့လား”

“တကယ်ကြိုက်လို့ခိုးပြေးတာပေါ့ငယ်ရဲ့”

တကယ်တော့သူလည်းသေချာမသိ။ငယ်ကိုမာဝင်နေတဲ့တစ်လျှောက်လုံး ငယ့်အနားကမခွာဖြစ်ခဲ့သလို ဘယ်အကြောင်းအရာမှစိတ်မဝင်စားခဲ့။ကျောက်စက်တို့အကြောင်းနှင့် စက်ရိပ်ဇနီးအကြောင်းနားစွန်နားဖျားကြားခဲ့ရုံသာ။အာရုံထဲသိပ်မထည့်ဖြစ်ခဲ့။

“အဲ့တာဆိုနောင်းညိုက တကယ်ကြီးလက်ထပ်တော့မှာပေါ့”

“ငယ်ကနှမျောလို့လား”

“နှမျောတာပေါ့ ငယ်ငယ်လက်ထပ်တယ်ဆိုတာက ကိုကိုကအရမ်းချစ်ပေးတယ်လေ ဟိုလူကြီးကနောင်းညိုကိုအဲ့လိုမချစ်ပေးရင်ဘယ်လိုလုပ်မှာတုန်း”

မျက်နှာလေးကခပ်တည်တည်ကိုမှနှုတ်ခမ်းလေးကပါမဲ့ချင်နေတာမို့အနမ်းလေးနဲ့ပြန်ဖြည်ပေးရသည်။

“စိတ်မပူပါနဲ့ငယ်ရဲ့ ကျောက်စက်ကယောကျ်ားကောင်းတစ်ယောက်ပါ သူနဲ့ကိုယ်ချစ်ပုံချစ်နည်းတွေသာမတူတာ သူလည်းနောင်းညိုကိုဂရုစိုက်ပေးမှာပါ”

“ကိုကြီးဇနီးကကော ကိုကြီးနဲ့ဘာလို့ကွာရှင်းတာလဲဟင်”

“ကိုကိုလည်းသေချာမသိရသေးဘူး ငယ့်အကြောင်းမှမဟုတ်တာ ဘယ်လိုလုပ်ပြီးစိတ်ဝင်စားမှာလည်း”

“ကိုကိုအိပ်တော့လေ ဒီကြားထဲအရမ်းပင်ပန်းခဲ့တယ်မလား တောင်းပန်ပါတယ် ငယ်စောစောပြန်လာခဲ့ရမှာကို”

သူ့မျက်နှာကို လက်သေးသေးလေးတွေနှင့်အုပ်ကိုင်ပြီး စိတ်မကောင်းသလိုအပြောမှာ သူ့နှုတ်ခမ်းစွန်းတွေအပူပေးခံရတဲ့သံချောင်းလိုကွေးညွတ်ကုန်သည်။

“မဟုတ်တာကလေးရဲ့ ပြန်လာခဲ့ရုံနဲ့တင်လုံလောက်နေပြီကို တောင်းပန်နေစရာမလိုပါဘူး ကိုယ်ရှိနေတဲ့နေရာကိုပြန်လာခဲ့ပြီး ကိုယ့်ကိုချစ်ပေးနေရုံနဲ့တင် ကိုယ့်တစ်ဘဝလုံးငယ့်ဆီပုံအပ်ပေးဖို့လုံလောက်ပြီးသား နောက်တစ်ခါသာထပ်ထားမသွားနဲ့ ဒီတစ်ကြိမ်ဆိုခံနိုင်ရည်ရှိမှာမဟုတ်တော့ဘူး”

“ငယ်ငယ် ကတိပေးတယ်နော် ကိုကိုမှမဟုတ်ရင်မချစ်မိဖို့ ကိုကို့ရင်ခွင်မှမဟုတ်ရင်မခိုနားဖို့ ငယ်ငယ်ကတိပေးပါတယ်”

“အဲ့လောက်နဲ့တင်လုံလောက်ပြီ”

“အိပ်ရအောင်နော် ငယ်ငယ်ဘေးမှာရှိနေမှာမလို့ဘာမှတွေးမနေပါနဲ့ ကိုကိုဆိုတဲ့ကြိုးတစ်ချောင်းနဲ့တောင်မရုန်းထွက်နိုင်တာ အခုဆိုသံယောဇဥ်ကြိုးကနှစ်ချောင်းတောင်ထပ်တိုးလာပြီ ငယ်ကဘယ်လိုနှလုံးသားနဲ့ထွက်သွားရမှာလဲ”

“အွန်း အိပ်ရအောင်”

သူ့ရင်ဘတ်ဆီခေါင်းအပ်လာတာမို့ နှုတ်ခမ်းကအပြုံးတွေကျယ်ပြန့်လာသည်။ငယ်ငယ့်ရှေ့ ပထမဆုံးအကြိမ်အားနည်းပြလာခြင်းမှာ နှလုံးသားလေးအရည်ပျော်ကျရသည်။

ကလေးတစ်ယောက်လိုရင်ဘတ်ထဲခေါင်းတိုးဝှေ့ရင်း ငယ်ငယ်မရှိလို့မဖြစ်တဲ့အကြောင်းတွေ မျက်ရည်ကျရင်းဖွဖွညည်းပြနေပါသတဲ့။

ကိုကိုဟာ ချည်နှောင်ခြင်းမှာသိပ်တော်ပါတယ်။ငယ်ငယ်သိပ်ချစ်တဲ့မိသားစုနဲ့ပျော်ရွှင်နေခဲ့ခြင်းကို စွန့်လွှတ်ပစ်နိုင်ခဲ့သည်အထိ၊ဖေဖေနဲ့မေမေရဲ့နွေးထွေးတဲ့ရင်ခွင်ကို စွန့်လွှတ်ပစ်ခဲ့နိုင်အောင်အထိ ကိုကိုဟာအချစ်တွေနဲ့ချည်နှောင်တယ်။

ကိုကို့ကိုပြန်တိုးဖက်ရင်း မျက်ဝန်းတွေမှေးမှိတ်မိသည်။ဖြစ်ပျက်ခဲ့တာတွေကမျက်ဝန်းထဲအနှေးပြကွက်လို။

“ကြည်ကြည်ဖြူဖြူမပေးရင် သတ်ပစ်မယ်”

“ဂျိန်းးးးးး”

အနီတောင်မီးတောက်တစ်ခုကလက်ဖဝါးပြင်ထဲမှာ။မိုးချိန်းသံနှင့်အတူလျှပ်စီးပါဝင်းခနဲမို့ မျက်နှာကိုထင်ထင်ရှားရှားမြင်လိုက်ရသည်။နတ်ဆိုးတစ်ကောင်ငရဲပြည်မှတွားသွားတက်လာသလို ကြမ်းကြုတ်မှုအပြည့်နှင့်မျက်နှာကြောင့် သူဆွံ့အစွာနေရာမှမလှုပ်မိ

“ငါ့စကားကိုနားထောင်ပြီး ၁၅၀၀ပေး”

လက်ထဲမှပိုက်ဆံကိုတင်းကြပ်စွာဆုပ်ထားမိသည်။ဖေဖေတို့ကိုလှမ်းအော်မည်ပြင်တော့ သူမဟုတ်တဲ့သူနှင့်ထွက်သွားပြီဖြစ်သောဖေဖေ

*ဟင့်အင်းမဟုတ်ဘူး ငယ်ငယ်ကဒီမှာလေဖေဖေ*

သူအော်ဟစ်နေပေမယ့်နှုတ်ခမ်းမှစကားသံတွေထွက်မလာခဲ့။

“မပူပါနဲ့ သူနဲ့ပါသွားတာလည်းမင်းပဲ မင်းသာငါတောင်းတာကိုကြည်ကြည်ဖြူဖြူပေးလိုက်ရင် ဘာမှမဖြစ်ခဲ့သလိုသူ့နေရာကိုပြန်ရသွားမှာ မဟုတ်ရင်မင်းရဲ့အရင်နေရာကိုဘယ်တော့မှပြန်မသွားနိုင်တော့ဘူး မင်းမိဘတွေကတစ်သက်လုံးသူနဲ့ပဲပျော်ရွှင်သွားတော့မှာ”

သူ့ဘက်ကအားသာနေပါရက်နဲ့ ငယ်ငယ့်လက်ထဲကပိုက်ဆံကိုမယူလိုက်ခြင်းကိုက ငယ်ငယ်မကြည်ဖြူဘဲယူလို့မရခြင်းပင်ဖြစ်လိမ့်မည်။ထို့ကြောင့်လက်သီးကိုသာတင်းတင်းဆုပ်ပစ်သည်။

“တကယ် သေချင်နေတာပဲ”

“အ့”

လည်ပင်းဆီရောက်လာတဲ့လက်တွေကြောင့် အသက်ရှုလို့မရတော့သလို နာကျင်မှုပါကပ်ပါလာလေသည်။

“ဂျိန်းးးးးးး”

ထပ်မံပေါ်ပေါက်လာသည့်မိုးချုန်းသံနှင့်လျှပ်စီးတဝင်းဝင်းကြောင့် ဖြူဖတ်နေသည့်သူ့မျက်နှာက ရှေ့ကလူမျက်ဝန်းမှာအရိပ်ထင်နေသည်။ထိုစဥ်နားထဲခပ်တိုးတိုးဝင်လာသည့်စကားသံတစ်ချို့

“ကိုကို့ဆီပြန်လာခဲ့တော့နော်ကလေးလေး”

ဖျတ်ခနဲလက်လွှတ်ပစ်လိုက်သူက မီးခဲကိုင်ထားမိသည့်အတိုင်းသူ့လက်တွေကိုပွတ်သပ်နေလေသည်။သူကတော့လက်လွှတ်လိုက်၍ယိုင်နဲ့သွားသောခန္ဓာကိုယ်ကြောင့်ခွေကနဲလမ်းပေါ်ပြုတ်ကျသည်။ကတ္တရာလမ်းပေါ်က ရေစီးကြောင်းလေးတွေကသူနှင့်ခံနေတာမို့ ရေအိုင်လေးသဖွယ်သူ့နားဖြစ်တည်နေလေသည်။

ရွှဲရွှဲစိုနေသောခန္ဓာကိုယ်နှင့်အတူ သွေးမရှိတဲ့နှုတ်ခမ်းပါးတွေပါတဆတ်ဆတ်တုန်လာလေသည်။အားနည်းနေတဲ့အခြေနေကြားမှတ်ဥာဏ်ထဲတိုးဝင်လာသည့်ပုံရိပ်တွေ။

သူအမြဲတမ်းမက်နေတဲ့မမှတ်မိခဲ့တဲ့အိမ်မက်တွေ သူအမြဲတောင့်တနေတဲ့ရင်ခွင်ကျယ်ကြီးတစ်ခု သူထင်ယောင်ထင်မှားဖြစ်ခဲ့ဖူးတဲ့အကြောင်းအရာမှန်သမျှ မှတ်ဥာဏ်ထဲတရိပ်ရိပ်နှင့်ရှင်းရှင်းလင်းလင်းဝင်ရောက်လာလေသည်။

“ကိုကို”

နှုတ်မှတလိုက်မိတဲ့နာမ်စားအဆုံး နှုတ်ခမ်းမှသွေးစတစ်ချို့စီးကျလာလေသည်။ထိုအခါသူ့ရှေ့ကလူကစိုးရိမ်တကြီးအော်ဟစ်လာလေသည်။

“မင်းသူ့အကြောင်းတွေးလိုက်တာနဲ့သေရလိမ့်မယ် သူ့နံမည်တလိုက်တာနဲ့မင်းသွေးအန်ပြီးသေမှာ”

ထိုလူပြောသမျှကိုသူအလေးမထားတော့ ရင်ထဲကနာကျင်မှုကြောင့် နံမည်လေးဖြစ်ဖြစ်ခေါ်လိုက်မှသက်သာရာရမှာ။

“ကိုကို….. ကလေးလေး”

ရုတ်တရတ်သတိရမိတဲ့အကြောင်းအရာကြောင့် ဝမ်းဗိုက်ထက်ခပ်ဖွဖွအုပ်ထားမိသည်။ခုချိန်ဆိုကလေးလေးက သူ့ဝမ်းဗိုက်ထဲမှာတော်တော်ကြီးနေလောက်ပြီ။

“ကိုကိုငယ့်ကိုလာခေါ်ပါ”

နှုတ်ခမ်းမှသွေးစတွေကလမ်းမထက်ကရေတွေနှင့်ရောကာအရောင်ပြယ်ကုန်သည်။သူ့အားအင်တွေလည်းတဖြည်းဖြည်းလွင့်ပြယ်လာသလိုပဲ။

“တော်တော့လို့ မခေါ်နဲ့ မင်းမိဘတွေနဲ့မင်းမနေချင်တော့ဘူးလား ဒီတစ်ခါဆိုရင်မင်းဘယ်တော့မှပြန်လာခွင့်မရှိတော့ဘူး”

သူ့အနားကပ်လာခွင့်မရှိသလိုခပ်လှမ်းလှမ်းမှာအော်ဟစ်နေသူက အသည်းအသန်အော်ဟစ်တားလာလေသည်။အဆက်မပြတ်လင်းလက်နေတဲ့လျှပ်စီးတွေကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး နေ့ခင်းအလား။ထိုအလင်းရောင်တွေအောက် နဂိုကြောက်မက်ဖွယ်ရာမျက်နှာထက်ကကြောက်ရွံ့မှုတွေက သူ့မျက်နှာကိုပိုအရုပ်ဆိုးသွားစေသည်။

“ကိုကိုငယ့်ကိုလာခေါ်”

“တော်တော့လို့”

ဖေဖေနှင့်မေမေကသူမဟုတ်တဲ့သူနှင့်တစ်သက်လုံးပျော်ရွှင်သွားနိုင်တယ်ဆိုရင် ကိုကိုနှင့်ကလေးကိုသာသူရွေးချယ်ချင်သည်။

မိဘရင်ခွင်ထဲမှာပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်းနေရတဲ့ဘဝထက် ကိုကို့ရင်ခွင်ထဲဝင်ပြီးကလေးလေးရဲ့တီတီတာတာချွဲသံလေးတွေကိုပိုမက်မောရသည်။သူမိဘဖြစ်ချင်သည်။

“ကိုကို့…ကိုကို့ငယ်ကချစ်တယ်လို့ လာခေါ်ပါ”

“အားးးးးးးး”

တဖြည်းဖြည်းအရောင်မှိန်သွားတဲ့ ပုံသဏ္ဍာန်တစ်ခုကသူ့ရှေ့မှပျောက်ကွယ်သွားလေသည်။သူကိုယ်တိုင်လည်းအလင်းဖောက်ပစ္စည်းတစ်ခုလိုတစ်ဖြည်းဖြည်းမှုန်ဝါးလာသည်။

“ကိုကို”

နောက်ဆုံးခေါ်သံအပြီးသူ့ကမ္ဘာအမှောင်ကျသွားကာ မျက်ဝန်းတွေပြန်ဖွင့်တော့ ကိုကိုကမျက်ရည်တွေနှင့်ဆီးကြိုနေပါသည်။

အတွေးတွေဖြတ်လို့ ကိုကို့ခေါင်းကိုငုံ့နမ်းလိုက်မိသည်။အရင်ကဆိုကိုကိုကနမ်းနေကျ။မြတ်နိုးလွန်းလျှင်ဦးခေါင်းလေးထက်အမြဲနမ်းချင်နေတတ်သလားမသိပေမယ့် ငယ်ကတော့ကိုကို့ခေါင်းထဲမျက်နှာအပ်လို့ အိပ်စက်ခြင်းကိုဖြတ်သန်းချင်ပါသည် သိပ်မြတ်နိုးလွန်း၍……….

####################

ငြိမ်း🌞🌻

ရာသီဥတုေလးကသာယာသည္။ေနေရာင္ျခည္ႏြေးႏြေးေလးရွိသလို လိပ္ျပာေလးေမႊးဖို႔ ပန္းေဖြးေဖြးေလးေတြလည္းရွိသည္။မိုးေရဆမ္းလို႔လန္းဆန္းေနတဲ့သစ္႐ြက္စိမ္းေလးေတြကိုၾကည္စားဖို႔ ေလျပည္ေအးေအးေလးေတြလည္းရွိသည္။

လျခမ္းရွိေနတဲ့အခန္းေလးထဲမွာေတာ့ လျခမ္းႏွင့္သက္ဆိုင္သူအားလုံးအၿပဳံးမ်က္ႏွာေတြႏွင့္။

ညက႐ုတ္တရတ္ႀကီးဖုန္းဆက္လာသည္။လျခမ္းသတိရလာပါၿပီတဲ့။မိုးသည္းေနတဲ့ညတြင္းခ်င္းႀကီး အားလုံးစုၿပဳံေရာက္လာၿပီး အခန္းထဲမဝင္မိၾကဘဲ အျပင္မွသာၾကည့္ကာ ပီတိမ်က္ရည္ျဖာကုန္သည္။

ဒီအေတာအတြင္း သမုဒၵရာကိုၾကည့္ကာဘယ္သူမွစိတ္မေကာင္းၾက။လျခမ္းကိုစိတ္ပူသလို ၿပိဳလဲမတတ္ျဖစ္ေနတဲ့သူကိုလည္း သူတို႔စိတ္ပူရသည္။ယခုေတာ့အားလုံးၿငိမ္းခ်မ္းၿပီ။

မုန္တိုင္းေတြကင္းသြားၿပီမို႔ ေလျပည္ေတြလာဖို႔သင့္ၿပီ။

“ဘယ္လိုေနေသးလဲ”

“အဆင္ေျပပါတယ္ တစ္ခုပဲ နိုးလာလာခ်င္းဗိုက္ႀကီးကလုံးဝိုင္းေနေတာ့ တစ္မ်ိဳးႀကီးပဲ ဟီးဟီး”

သူ႕အေျပာသူသေဘာက်စြာရယ္ရင္း ဗိုက္ကေလးကိုလည္းပြတ္သပ္ေနေသးသည္။

လူစုံေနေပမယ့္ အျဖစ္သည္းလြန္းသူကလူကိုယ္တိုင္ကုတင္ေပၚတက္ကာ လျခမ္းေနာက္မွာေက်ာက္မွီလိုဝင္ထိုင္ေပးေနတာ။ခႏၶာကိုယ္ေလးကို ေျခေထာက္ေတြၾကားထည့္ထားၿပီး လျခမ္းေနာက္ေက်ာကိုသူ႕ရင္ဘတ္ေတြျဖင့္ကပ္ခါ ဝမ္းဗိုက္ေအာက္ကေနခါးေလးကိုသိုင္းဖက္ထားေလသည္။

ၿပီးခဲ့တဲ့အေတာအတြင္း သူခံစားရတာကိုျမင္ထားရသူေတြအဖို႔ အားလုံးကမစေနာက္ရက္။သူ႕မွာမ်က္စိေအာက္ကေပ်ာက္သြားမွာစိုးသလို အရိပ္တၾကည့္ၾကည့္ႏွင့္။

“ကိုဝိုင္း”

“ဟင္”

သိပ္မေၾကာက္ေတာ့တဲ့ေနာက္ပိုင္း Horizonကို ကိုဝိုင္းလို႔သာေခၚေလသည္။

“ငယ္ငယ့္ကေလးေလးက တကယ္အဆင္ေျပရဲ႕လားဟင္”

သူcomaဝင္ေနတဲ့ႏွစ္လအတြင္း အစာအာဟာရအတြက္ေဆးတစ္မ်ိဳးတည္းသာမို႔ ကေလးေလးကိုစိတ္ပူေနတာ။သူတို႔ထဲမွာအသက္အငယ္ဆုံးဆိုေပမယ့္ အားလုံးထက္ပိုၿပီးဖခင္ေမတၱာျပည့္ဝေနတဲ့သူမို႔ ခ်ီးက်ဴးမိတာအမွန္။

“တကယ္အဆင္ေျပတာပါဗ်ာ လျခမ္းမယုံရင္ ခဏေနစစ္ေဆးေပးမယ္ စက္ပစၥည္းကိရိယာေတြအကုန္ဒီမွာရွိၿပီးသား အေနထားမွန္မမွန္ပါသိရေအာင္ Ultrasoundပါတစ္ခါတည္းရိုက္လိုက္မယ္ ၿပီးေတာ့တူေလးလားတူမေလးလားလည္းသိခ်င္ေသးတယ္ “

“ေကာင္းတယ္ ေကာင္းတယ္ ငယ္ငယ္လည္းသိခ်င္တယ္ ကိုကိုေရာသိခ်င္လား”

လည္ျပန္ေလးလွည့္ၾကည့္ကာ ေခါင္းေမာ့ေမးလာတာမို႔ ၿပဳံးျပကာေခါင္းညိတ္ျပရသည္။

“ဒါေပါ့ ငယ္ငယ္နဲ႕အတူတူပဲ”

“ကိုကိုတအားပိန္သြားတယ္”

ေမာ့ၾကည့္ေနရင္း စိတ္မေကာင္းသလိုေလးေျပာလာတာမို႔ ေခါင္းထက္ဖြဖြနမ္းမိသည္။

“ငယ့္ကိုလြမ္းလို႔ ခုအဆင္ေျပသြားၿပီ”

“ကိုကိုေကာင္းေကာင္းမအိပ္ျဖစ္တာၾကာၿပီမလား ၿပီးသြားရင္ငယ္ငယ္နဲ႕တူတူလိုက္အိပ္ရမယ္ေနာ္”

“အြန္း အိပ္ၾကမယ္”

“အစားလည္းအမ်ားႀကီးစားရမယ္ေနာ္”

“အြန္း စားမယ္”

“ငါတို႔ကိုလည္းအားနာပါအုံးလျခမ္းရယ္ သူ႕လူကိုခ်စ္ျပေနလိုက္တာ”

“ဟီးဟီး”

ေနာင္းညိုအေျပာကိုသြားသာၿဖီးျပလာၿပီး ရွက္႐ြံ႕ဟန္ေတာ့မျပ။

“ကိုယ္ဝန္ကိုအခုစစ္လိုက္မလား ၿပီးရင္ေစာေစာအနားယူခိုင္းလိုက္ေတာ့ သူတို႔ႏွစ္ေယာက္တည္းေျပာစရာေတြရွိေနမွာေပါ့ ၿပီးေတာ့ကိုCeanကိုလည္းစိတ္ေအးလက္ေအး နားေစခ်င္ေနၿပီ”

Geoအေျပာကိုသေဘာတူစြာ ေခါင္းညိတ္ျပကာထရပ္လိုက္သည္။

“ေကာင္းၿပီ ကိုCean လျခမ္းကိုေပြ႕ခဲ့လို႔ရလား စက္ေတြကဟိုဘက္အခန္းမွာ”

“ရတယ္ ငါေပြ႕ခဲ့ေပးမယ္”

“ကိုကို အဆင္ေျပရဲ႕လား ငယ့္ကိုယ္ကေလးလာတယ္ထင္တယ္”

ဗိုက္လုံးေလးေရာမို႔ႏွစ္ေယာက္စာေလးလာတယ္ထင္သူက သူ႕လူကိုၾကည့္ၿပီးစိုးရိမ္ေနတာ။

“ဘယ္ကသာ အရင္ကထက္ပိုေပါ့သြားသလိုပဲ ေရွ႕တစ္ေလွ်ာက္အမ်ားႀကီးစားရမယ္ေနာ္”

“ဟုတ္”

ေပြ႕ခ်ီကာအခန္းေျပာင္းေပးေတာ့ အားလုံးလိုက္ဝင္လာတာမို႔ Horizonမွာရယ္ရခက္ငိုရခက္။သူ႕အစ္ကိုမ်က္ႏွာကလည္း အူတိုလြန္းလို႔ ဆူခ်င္ေနၿပီ။

“ကဲကဲ မဆိုင္တဲ့သူေလးေတြက အျပင္ေလးတစ္ခ်က္ေလာက္ထြက္ေပးေလ ေတာ္ၾကာလျခမ္းရွက္ေနအုံးမယ္”

“ဟုတ္သားပဲေမ့ေနတာ”

Geoကစိုင္းတိမ္ေငြ႕လက္ကိုဆြဲကာအျပင္ထြက္သြားေလသည္။

“ကိုႀကီးကေရာ အျပင္ထြက္မလို႔လား”

“အြန္း ကိုႀကီးအျပင္ကေစာင့္မယ္”

စက္ရိပ္ ကေလးေလးေခါင္းကိုတစ္ခ်က္ပြတ္ေပးကာ အျပင္ထြက္လိုက္သည္။

“ငါလည္းအျပင္ကေစာင့္မယ္ေနာ္”

ပင္ထေနာင္းညိုပါထြက္သြားတာမို႔ အခန္းထဲသူတို႔သုံးေယာက္တည္းသာက်န္ေလသည္။

“မင္းကေရာမထြက္ဘူးလား”

“ကြၽန္ေတာ္ပါထြက္ရင္ ကိုCeanစစ္ေပးမလို႔လား”

“ဟိုဘက္ခန္းက Omega ..”

“ရပါတယ္ကိုကိုရဲ႕ ငယ္ငယ္အဆင္ေျပပါတယ္”

“သိပါၿပီဗ်ာ ဟိုဘက္ခန္းကOmegaဆရာဝန္ေလးလႊတ္လိုက္မယ္ တကတည္းညီအစ္ကိုခ်င္းေတာင္တိုတယ္”

ေျပာရင္းထြက္သြားသူကအၿပဳံးတစ္ခုႏွင့္။

“ကိုကိုကလည္း အားနာစရာ”

“မနာနိုင္ပါဘူး ငယ့္ခႏၶာကိုယ္ကို သူစိမ္းAlphaေတြထိတာမႀကိဳက္ဘူး”

ႏွဖူးကိုငုံ႕နမ္းရင္း မ်က္ႏွာေလးကိုေသခ်ာစိုက္ၾကည့္ကာေျပာလာတာမို႔ ကိုကို႔မ်က္ႏွာကိုလက္ဖဝါးေတြႏွင့္ဖိကပ္ရင္းေခါင္းညိတ္ျပမိသည္။

“အြန္းပါ ကိုကို႔သေဘာ”

“ႁပြတ္ ဒီအသံေလးကိုလြမ္းေနတာ”

အခန္းထဲဝင္လာေသာဆရာဝန္ေလးမွာ ထိုအတြဲကိုၾကည့္ၿပီး လွမ္းလက္စေျခလွမ္းေတြကိုဆက္ပဲလွမ္းရေတာ့မလို ေနာက္ပဲျပန္ဆုတ္ရေတာ့မလိုျဖင့္ ေၾကာင္ေတာင္ေတာင္ပင္ျဖစ္သြားရသည္။

“ကိုကို႔”

ငယ္ငယ္တံေတာင္ျဖင့္အသာထိကာသတိေပးမွ ကိုကိုကခါးမတ္သြားေလသည္။

“အဟမ္း “

“ကြၽန္..ကြၽန္ေတာ္ စစ္ေဆးေပးပါ့မယ္ ဗိုက္ကေလးလွန္ေပးလို႔ရမလား”

“ရပါတယ္”

ကုတင္ေပၚ လွဲေနတဲ့ငယ္ငယ့္ေဘးမွာ မတ္တပ္ရပ္လိုက္ၿပီးခါးမွအကၤ်ီစေလးကို အထက္သို႔လိပ္တင္ေပးေလသည္။

“နည္းနည္းေအးမယ္ေနာ္”

ဝမ္းဗိုက္ေပၚသုတ္လိမ္းလာတဲ့ဂ်ယ္ေအးေအးေတြေၾကာင့္ ငယ့္ကိုယ္ေလးတုန္ခနဲျဖစ္သြားေတာ့ ကိုကိုကခါးကိုင္းကာေပြ႕ဖက္ေပးလာေလသည္။

“အရမ္းေအးလို႔လားငယ္”

“ဟင့္အင္း ႐ုတ္တ႐ုတ္မို႔ လန့္သြား႐ုံပါကိုကိုရဲ႕”

“မစိုးရိမ္နဲ႕ေနာ္ ငယ့္ကေလးေလးကအားလုံးအဆင္ေျပမွာပါ သူတို႔အၿမဲတမ္းစစ္ေဆးေပးေနက်”

“ဟုတ္”

“စိတ္ကိုေလွ်ာ့ထားေနာ္ ကိုကို႔ကိုၾကည့္”

“အယ္”

သူတို႔ႏွစ္ေယာက္တြတ္ထိုးေနတုန္း ေဘးကဆရာဝန္ေလးႏႈတ္မွအာေမဋိတ္ေၾကာင့္လွည့္ၾကည့္မိေလသည္။

“ဘာျဖစ္လို႔လဲဟင္”

ကိုကို႔လက္ကိုဆုပ္ကိုင္ရင္း ငယ္ငယ္အသက္ရႉေအာင့္မိသြားသည္။ကေလးေလးမ်ားတစ္ခုခုျဖစ္လို႔လား။

“ဘာျဖစ္တာလဲ”

ကိုကို႔အသံၾကားမွ ဆရာဝန္ေလးကသတိဝင္လာေလသည္။

“အဲ့..အဲ့ဒါကေလ”

“ဘာျဖစ္တာလဲျမန္ျမန္ေျပာ”

“အ..အမႊာေတြ”

“ဟမ္”

“အမႊာေတြ ေယာက်ာ္းေလးတစ္ေယာက္ မိန္းကေလးတစ္ေယာက္”

“တကယ္လား”

အံ့ဩကာမယုံသလိုအေမးမွာ ဆရာဝန္ေလးကပုံရိပ္ေလးေတြကိုေထာက္ျပရင္းေသခ်ာရွင္းျပေလသည္။

“ဟုတ္ကဲ့ဗ် ဒီမွာ ဒီတစ္ေယာက္ကေယာက်္ားေလး ဒီဘက္ကမိန္းကေလး ေတာ္ေတာ္ေတာင္ဖြံ႕ၿဖိဳးေနၿပီဗ် အေနအထားလည္းမွန္တယ္ဗ်”

“ကိုကို႔”

ဝမ္းသာမ်က္ရည္ဝိုင္းေနတဲ့ကေလးကိုရင္ခြင္ထဲထည့္ဖက္ရင္း သူ႕မ်က္ဝန္းစြန္းေတြလည္း ေပ်ာ္႐ႊင္မႈေတြတြဲခိုကုန္သည္။ေပ်ာ္႐ႊင္မႈကႏွစ္ဆတဲ့။သူ႕ငယ္ငယ္ကိုယ္တိုင္သူ႕ဆီသယ္ေဆာင္လာတဲ့ေပ်ာ္႐ႊင္မႈက ႏွစ္ဆတဲ့။

“အားလုံးအတြက္သတင္းေကာင္းကိုကြၽန္ေတာ္သြားပါးလိုက္ပါ့မယ္”

အလိုက္တသိထသြားတဲ့ဆရာဝန္ေလးက သူတို႔ႏွစ္ေယာက္အတြက္တံခါးပါပိတ္ေပးသြားေလသည္။တစ္ေယာက္ကိုတစ္ေယာက္နစ္ဝင္မတတ္ေပြ႕ဖက္ထားမိရင္း စကားမေျပာနိုင္ေသးခင္ အျပင္မွၾကားရတဲ့ေပ်ာ္႐ႊင္ျခင္းေတြေၾကာင့္ ဆထက္တံပိုးတိုးလို႔ေထြးဖက္မိသည္။

ဒီကမၻာေျမေပၚေျခခ်ရျခင္းရဲ႕အေၾကာင္းျပခ်က္ ဒီကမၻာေျမေပၚအသက္ရွင္ေနရျခင္းရဲ႕အေၾကာင္းျပခ်က္ကေလးက သူ႕အတြက္ေပ်ာ္႐ႊင္ျခင္းေတြကိုတနင့္တပိုး သယ္ပိုးလာခဲ့ေပးတယ္တဲ့။

အရာအားလုံးစြန့္လႊတ္ခဲ့ၿပီး သူ႕တစ္ေယာက္တည္းကိုသာစြဲလမ္းမိခဲ့ျခင္းဟာမွန္ကန္ေၾကာင္း သူေလးကသက္ေသျပေပးတယ္။မတည္ၿမဲတဲ့စည္းစိမ္ေတြအာဏာေတြအသက္ေတြထဲ ထာဝရတည္ၿမဲေနမည့္အခ်စ္ႏွင့္သစၥာကိုသာသူမက္ေမာပါသည္။

သံသရာေတြႀကိဳက္သလိုလည္ပါေစအုံး ဘဝေတြမေရနိုင္ေအာင္ျခားပါေစအုံးေတာ့ တစ္ခဏသာဆုံေတြ႕ရမယ့္သက္တမ္းေလးတစ္ခုနဲ႕တင္ အရာရာသင္ပုန္းေခ်လိဳ႕ရသည္အထိ သူေလးကိုျမတ္နိုးခဲ့ပါသည္…….

……………….

“ေနလို႔အဆင္မေျပရင္နားလိုက္အုံးေနာ္ကိုခို ကြၽန္ေတာ္ေန႕လည္စာခ်က္လိုက္မယ္”

လျခမ္းသတိရလာသည္ၾကားတာေၾကာင့္ ညကတည္းကကိုCeanစံအိမ္ဆီေရာက္ခဲ့သလို ေပ်ာ္႐ႊင္ျခင္းေတြေၾကာင့္အိပ္မေပ်ာ္ခဲ့မွန္းသိတာမို႔ အနားယူခိုင္းလိုက္ရသည္။

လျခမ္းကိုယ္ဝန္ကအမႊာေလးဆိုတာေၾကာင့္အားလုံးအံ့အားတသင့္ေပ်ာ္႐ႊင္ေနၾကခ်ိန္ ကိုခို႔ေပ်ာ္႐ႊင္ျခင္းထဲကဝမ္းနည္းမႈတစ္စကိုသူဖမ္းမိခဲ့သည္။ေသြးသားမေတာ္စပ္သလိုအေနမနီးခဲ့သည့္ ဟိုကေလးကိုလြမ္းေနမိသည္အထင္ေၾကာင့္သူထုတ္မေမးျဖစ္ခဲ့။

ကားေပၚမွာတိတ္တဆိတ္သာမ်က္ဝန္းေတြမွိတ္ထားတဲ့သူေၾကာင့္ သူအႏွောင့္အယွက္မေပးမိ။လိုအပ္သေလာက္ေမႊႏွောက္ခဲ့ၿပီးတဲ့သူ႕ဘဝေလးကို အေသးအဖြဲေလးေတြႏွင့္စိတ္မရႈပ္ေစလို။အေရးသိပ္မႀကီးေတာ့တဲ့အေၾကာင္းအရာေတြသာက်န္ေတာ့တာမို႔ သူႏွင့္အတူေလွ်ာက္မယ့္သာယာတဲ့ခရီးကို ျဖည္းျဖည္းခ်င္းပဲေလွ်ာက္တာေပါ့။

အိပ္ခန္းထဲထိအတူေလွ်ာက္ၿပီး သူ႕ကိုေတာ့နားေနေစကာ ေန႕လည္စာကိုယ္တိုင္လုပ္ဖို႔ျပင္ရမည္။ခုတစ္ေလာကိုခိုသိပ္ပင္ပန္းေနတာမို႔ အားရွိေစဖို႔ရည္႐ြယ္ပါသည္။

“စက္ဝိုင္း”

“ဗ်ာ”

အခန္းျပင္ထြက္မယ့္ေျခလွမ္းေတြ ေခၚသံတစ္ခ်က္နဲ႕တင္ ရပ္တန့္ပစ္မိသည္။ေနာက္ျပန္လွည့္ကာ ကုတင္ေျခရင္းေျခစုံရပ္ေတာ့ ကုတင္ေပၚထိုင္ေနသူကသူ႕မ်က္ႏွာသူလက္ႏွစ္ဖက္ႏွင့္ပြတ္သပ္ေနေလသည္။ေဘးမွာခ်ထားတဲ့မ်က္မွန္ေလးကိုေကာက္ယူလို႔ ခုံေပၚတင္ေပးမိသည္။

“ကိုခိုကြၽန္ေတာ့္ကိုေျပာစရာရွိလို႔လား”

“……………”

“အဆင္ေျပရဲ႕လား “

ႏွဖူးေလးထက္လက္ႏွင့္စမ္းၾကည့္ေပးရင္း သူဂ႐ုတစိုက္ဆိုမိသည္။ခဏတာအားယူၿပီးမွ စကားလုံးတစ္ခ်ိဳ႕ဖြင့္ဟလာေလသည္။

“လြန္ခဲ့တဲ့ငါးႏွစ္တုန္းကငါမင္းနဲ႕မွားခဲ့တယ္ အေျခအေနေတြက႐ုတ္တရတ္ျဖစ္သြားတာမို႔ ငါဘာကိုမွမစဥ္းစားနိုင္ခဲ့ဘူး အဲ့အခ်ိန္တုန္းက ငါကအေဖ့ကိုကူညီဖို႔စီးပြားေရးတစ္ခုလုပ္ဖို႔ႀကိဳးစားေနတဲ့အခ်ိန္ ေအာင္ျမင္ခါစလူငယ္တစ္ေယာက္ပဲရွိေသးတယ္ ႐ုတ္တရတ္ႀကီး စြမ္းအားရွိတဲ့Alphaကေန အားနည္းတဲ့Omegaအျဖစ္ေျပာင္းသြားေတာ့ ငါလက္မခံနိုင္ခဲ့ဘူး ငါကAlphaအေနနဲ႕ေနသားက်ေနၿပီးသားေလ”

စိတ္ထဲရွိသမွ်ပဋိပကၡေတြထုတ္ေျပာလာတာမို႔ၿငိမ္သက္စြာသာနားေထာင္ေပးမိသည္။ဝန္ထုတ္ဝန္ပိုးေတြျဖည္ခ်ဖိဳ႕သင့္ၿပီမဟုတ္လား။

“အဲ့ေန႕ငါမင္းအခန္းထဲကထြက္လာတာကို သူျမင္သြားခဲ့တယ္အဲ့တုန္းကသူကလည္းသူ႕ရည္းစားကအိမ္ေထာင္ျပဳသြားတဲ့အခ်ိန္ေပါ့ သူငါ့ကိုသိတာAlphaတစ္ေယာက္အေနနဲ႕ေနာက္ၿပီးငါထြက္လာခဲ့တဲ့အခန္းထဲမွာရွိေနတာလည္းAlphaတစ္ေယာက္လို႔သူသိထားတာ အစကေတာ့သူကဒီအတိုင္းစပ္စု႐ုံပါပဲ မထင္မွတ္ဘဲသူ႕မွာကိုယ္ဝန္ရွိလာခဲ့တယ္ သူ႕ခ်စ္သူကတစ္ျခားတစ္ေယာက္နဲ႕လက္ထပ္ၿပီးေနၿပီ တာဝန္ယူလို႔မရေတာ့ဘူး”

“………………”

“ဒါေပမယ့္သူတို႔လင္မယားကကေလးမရနိုင္တာမလို႔ ေမြးစားရမွာပဲေလ သူ႕ခ်စ္သူကကေလးရွိမွန္းသိေနေတာ့အဲ့ကေလးကိုလိုခ်င္တယ္ တာဝန္ယူဖို႔ကေတာ့မျဖစ္နိုင္ဘူးေပါ့ အဲ့မိန္းကေလးကလည္းသူ႕ခ်စ္သူရဲ႕ကေလးကိုေမြးခ်င္တယ္ အဲဒီမွာငါကငါးစာျဖစ္လာတယ္”

အတိတ္ကိုျပန္ျမင္ေယာင္ေနသလိုအၾကည့္ေတြကိုအေဝးပို႔ထားေပမယ့္ ေငြ႕ရည္တစ္ခ်ိဳ႕မ်က္ဝန္းမွာခိုတြဲလာသည္။

“အဲ့အျဖစ္အပ်က္ၿပီးေနာက္ငါအိမ္မျပန္ရဲေတာ့ဘူး သူတို႔အားကိုးရမယ့္သားကOmegaအျဖစ္ေျပာင္းသြားတယ္ဆိုတာသူတို႔ကိုမသိေစခ်င္ဘူး စိတ္ေတြမတည္ၿငိမ္ေသးေတာ့ မေတာ္တဆအမွားတစ္ခုခုေၾကာင့္ ထုတ္ေဖာ္ျပမိသြားမွာစိုးတယ္ ငါပ်ိဳးေထာင္ေပးရတဲ့လျခမ္းသိသြားမွာလည္းမလိုလားဘူး သူအားထားရတဲ့သန္မာတဲ့အစ္ကိုႀကီးတစ္ေယာက္အျဖစ္ပဲရွိခ်င္တာ ဒါေၾကာင့္ငါ့ကိုယ္ငါေဆးနဲ႕ထိန္းခ်ဳပ္မယ္ အၿမဲခရီးေတြပဲထြက္ေနမယ္ေပါ့ ဒါေပမယ့္ကံၾကမၼာကငါ့ကိုမ်က္ႏွာသာမေပးဘူး”

“……………..”

“ငါ့မွာကိုယ္ဝန္ရွိေနခဲ့တာ”

“ကိုခို”

မထင္မွတ္တဲ့စကားစုမွာ သူ႕အသိစိတ္ေတြလြင့္ထြက္ကုန္သည္။ဦးႏွောက္ထဲေသြးေတြဒိန္းကနဲေဆာင့္တိုးလာၿပီး အသက္ရႈလမ္းေၾကာင္းေတြပါမွားယြင္းကုန္သည္။ကိုခိုကေတာ့ၿငိမ္ၿငိမ္သက္သက္ပဲ ဒဏ္ရာေဟာင္းေတြကိုလွစ္ဟျပေနတာ။ဒဏ္ရာေဟာင္းေတြကိုျပန္ဆြေနတာဆိုပိုမွန္မွာေပါ့။

“အဲ့တာကိုသူလည္းသိသြားတယ္ အဲ့ေတာ့ငါ့ကိုလာၿပီးၿခိမ္းေျခာက္တယ္ မိဘေတြကိုမသိေစခ်င္ရင္သူ႕ကိုလက္ထပ္ရမယ္တဲ့ ငါ့မွာျငင္းပိုင္ခြင့္မရွိခဲ့ဘူး ငါ့အတြက္လည္းအဆင္ေျပေနတာပဲေလ အက်ဥ္းခ်ဳံးလက္ထပ္တယ္ အိမ္နဲ႕အေဝးသူစိမ္းေတြပဲရွိတဲ့ေနရာမွာငါတို႔ႏွစ္ေယာက္အေျခခ်တယ္ ႏွစ္ေယာက္လုံးကကိုယ္ဝန္ေတြနဲ႕တဲ့”

“ကိုခို”

လက္ေတြကိုေထြးဆုပ္လို႔ႏွစ္သိမ့္ခ်င္ေပမယ့္ ကိုယ့္ကိုယ္ကိုအတြက္လား သူ႕အတြက္လားမကြဲျပားေတာ့။ေအးစက္ေနတဲ့လက္ႏွစ္စုံက အႏြေးဓာတ္ကိုမထုတ္ယူနိုင္ဘူးထင္သည္။

“သူ႕ခ်စ္သူကအၿမဲသူ႕ကိုလာေတြ႕တယ္ သူ႕ဗိုက္ထဲကကေလးကိုေရာသူ႕ကိုေရာသိပ္ခ်စ္တာကိုး ငါကေတာ့ကေလးရဲ႕ဖခင္ကိုမလိုခ်င္ခဲ့ဘူး ကေလးေလးရွိေန႐ုံနဲ႕အဆင္ေျပတယ္လို႔ပဲေတြးခဲ့တာ ကေလးေလးကိုသာေမြးၿပီးရင္ ငါတစ္ေယာက္တည္းရဲ႕ေမတၱာေတြနဲ႕ေထြးေပြ႕ဖို႔လုံေလာက္ပါတယ္ေပါ့ ဒါေပမဲ့ငါကေပ်ာ္႐ႊင္မႈနဲ႕မထိုက္တန္ဘူးထင္တယ္ သူနဲ႕ငါတစ္ရက္တည္းမီးဖြားတယ္ သူ႕သားေလးကအသက္ရွင္ခဲ့ေပမယ့္ ငါ့သားေလးကေတာ့..”

“ကိုခို ေတာင္းပန္ပါတယ္ ေတာင္းပန္ပါတယ္ေနာ္ ဆက္မေျပာနဲ႕ေမ့ပစ္လိုက္ပါ”

ကိုယ္ေတာင္ၾကား႐ုံနဲ႕နာက်င္ေနရရင္ သူခံစားခဲ့ရတာေတြကေရာ။သူ႕ကိုရင္ခြင္ထဲထည့္ဖက္လိုက္ခ်င္ေပမယ့္ ကိုယ့္ၿပိဳလဲမႈေတြနဲ႕ကိုယ္ေတာင္ ျပန္ထူေထာင္ဖို႔အားမရွိခဲ့ပါဘူး…

“ငါကသူ႕အတြက္ဖခင္ေကာင္းမျဖစ္နိုင္ခဲ့လို႔ ငါကသူ႕ကိုျပည့္စုံတဲ့မိသားစုမေပးနိုင္ခဲ့လို႔ သူကငါ့ဘဝထဲမဝင္လာခ်င္တာျဖစ္မွာ”

မ်က္ရည္ေတြၾကားက မခိုးမခန့္အၿပဳံးဟာ မခ်င့္မရဲျဖစ္မႈေတြဝန္းရံထားတဲ့ နာက်င္ျခင္းရပ္ဝန္းငယ္ေလး

“မဟုတ္ပါဘူးကိုခိုရဲ႕ ကြၽန္ေတာ့္ေၾကာင့္ပါ ကြၽန္ေတာ္ညံ့လို႔ ေတြ႕ေအာင္မရွာနိုင္ခဲ့လို႔ပါ အားလုံးကြၽန္ေတာ့္အျပစ္ေတြခ်ည္းပဲ”

“ေစာနကလျခမ္းမွာကေလးေလးေတြရွိေနတယ္ေျပာေတာ့ သားေလးကိုအရမ္းလြမ္းတာပဲ”

တစ္စက္ၿပီးတစ္စက္ေႂကြက်လာတဲ့မ်က္ရည္ေတြကိုဖမ္းဖို႔အားမရွိခဲ့ဘူး။အဲ့မ်က္ရည္ေတြကသိပ္ပူေလာင္ေနမွာ။ရင္ခြင္ထဲကိုခပ္တင္းတင္းဆြဲဖက္ပစ္ရင္း သူ႕မ်က္ရည္ေတြကိုလည္းအစိုးမရနိုင္ေတာ့။

“မငိုပါနဲ႕ဗ်ာ စိတ္ရွိလက္ရွိကြၽန္ေတာ့္ကိုရိုက္ၿပီးလႊတ္ခ်လိဳက္ အဲ့လိုမ်ိဳးမ်က္ရည္ေတြေတာ့မက်ပါနဲ႕ ကြၽန္ေတာ္ေတာင္းပန္ပါတယ္မငိုပါနဲ႕ တကယ္ေတာင္းပန္တာပါ မငိုပါနဲ႕ဗ်ာ”

“ငါ့သားေလးကိုအရမ္းလြမ္းတယ္ စက္ဝိုင္း”

ရင္ခြင္ထဲသူ႕ရွိုက္သံေတြျပည့္ေနတာမို႔ သူ႕ႏွလုံးသားဆီပဲ့တင္ထပ္ကုန္သည္။ေလာကႀကီးကိုအေပၚယံၿပဳံးျပၿပီး စိတ္ထဲလက္ခလယ္ေထာင္ခဲ့သမွ် ေလာကႀကီးကမ်ားဒဏ္ခတ္လိုက္သလား။

ကိုCeanေျပာတဲ့ ကမၻာပ်က္မတတ္ဘဲဆိုတာအခုမွနားလည္သည္။သူ႕ႏွလုံးသည္းပြတ္က ေလာကဓံကို ထိုမွ်ေလာက္အထိခံစားခဲ့ရပါသတဲ့။သူကထိုငါးႏွစ္မွာလြမ္းမိ႐ုံေလးနဲ႕တင္သိပ္ခံစားခဲ့ရၿပီထင္ေနတာကို အစ္ကိုကေတာ့ကမၻာငယ္တစ္ခုဆုံးရႈံးၿပီးၿပိဳလဲခဲ့ရတာတဲ့။ဒါေတာင္သန္မာခ်င္ေယာင္ေဆာင္ၿပီး ေလာကဓံကိုျဖတ္ေက်ာ္ခဲ့ရေသးတယ္။စဥ္းစားၾကည့္ရင္ ေသမတတ္ပဲအစ္ကို။

တစ္ခါတစ္ရံေလာကႀကီးကိုသိပ္ၿပီးေမာက္မာျပခဲ့ရင္ ေလာကႀကီးကခပ္မဲ့မဲ့ၿပဳံးရင္းေမာက္မာမႈေတြကိုရိုက္ခ်ိဳးျပလိမ့္မည္။မေန႕ကတင္အရွိန္မေသေသးတဲ့သူ႕မာနေတြ ဒီေန႕ေတာ့အမွန္တရားရဲ႕ရိုက္ခ်ိဳးျခင္းခံလိုက္ရသည္။

သူ႕ေသြးသားကိုဆုံးရႈံးခဲ့ရျခင္းဆိုတဲ့အမွန္တရားအျပင္ အစ္ကို႔ၿပိဳလဲရျခင္းေတြအစ္ကို႔မ်က္ရည္ေတြနဲ႕တင္ သူ႕ကမၻာၿပိဳသံေတြတဝုန္းဝုန္းျမည္ဟည္းေနပါသည္……

………………..

ျပတင္းတံခါးဖြင့္ထားတာမို႔ ခန္းဆီးစေလးေလေၾကာင့္လြင့္ေနေလသည္။ေနအလင္းေရာင္ေလးပါထိုးခြင္းဝင္ေရာက္ေနတာမို႔ အခန္းေလးကႏြေးေထြးစြာ။

ကုတင္အထက္ပူးကပ္ေနတဲ့ကိုယ္ႏွစ္ခုက ၾကားေလပင္မေသြးေစခ်င္၍ အၾကားအလပ္ပင္မရွိ။တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ရင္းအခ်ိန္ေတြကုန္မွာစိုးထိတ္ေနသလိုမ်ိဳး။

ခႏၶာကိုယ္အႀကီးႀကီးရဲ႕ရင္ခြင္ထဲ ခႏၶာကိုယ္ေသးေသးေလးကိုအျပည့္အဝသိမ္းထုပ္ထားေလသည္။လုံးဝန္းေနတဲ့ဗိုက္ေဖာင္းေလးေၾကာင့္မ်က္ႏွာခ်င္းဆိုင္မရတာမို႔ ပက္လက္ေလးသာေနရတာေပါ့။

“တကယ္လားကိုကို”

“တကယ္ ေနာက္လေလာက္ဆိုေစ့စပ္ေလာက္တယ္”

“ျမန္လိုက္တာ ေနာင္းညိုကအဲ့လူႀကီးကိုတကယ္ျပန္ႀကိဳက္တာဟုတ္လို႔လား”

“တကယ္ႀကိဳက္လို႔ခိုးေျပးတာေပါ့ငယ္ရဲ႕”

တကယ္ေတာ့သူလည္းေသခ်ာမသိ။ငယ္ကိုမာဝင္ေနတဲ့တစ္ေလွ်ာက္လုံး ငယ့္အနားကမခြာျဖစ္ခဲ့သလို ဘယ္အေၾကာင္းအရာမွစိတ္မဝင္စားခဲ့။ေက်ာက္စက္တို႔အေၾကာင္းႏွင့္ စက္ရိပ္ဇနီးအေၾကာင္းနားစြန္နားဖ်ားၾကားခဲ့႐ုံသာ။အာ႐ုံထဲသိပ္မထည့္ျဖစ္ခဲ့။

“အဲ့တာဆိုေနာင္းညိုက တကယ္ႀကီးလက္ထပ္ေတာ့မွာေပါ့”

“ငယ္ကႏွေမ်ာလို႔လား”

“ႏွေမ်ာတာေပါ့ ငယ္ငယ္လက္ထပ္တယ္ဆိုတာက ကိုကိုကအရမ္းခ်စ္ေပးတယ္ေလ ဟိုလူႀကီးကေနာင္းညိုကိုအဲ့လိုမခ်စ္ေပးရင္ဘယ္လိုလုပ္မွာတုန္း”

မ်က္ႏွာေလးကခပ္တည္တည္ကိုမွႏႈတ္ခမ္းေလးကပါမဲ့ခ်င္ေနတာမို႔အနမ္းေလးနဲ႕ျပန္ျဖည္ေပးရသည္။

“စိတ္မပူပါနဲ႕ငယ္ရဲ႕ ေက်ာက္စက္ကေယာက်္ားေကာင္းတစ္ေယာက္ပါ သူနဲ႕ကိုယ္ခ်စ္ပုံခ်စ္နည္းေတြသာမတူတာ သူလည္းေနာင္းညိုကိုဂ႐ုစိုက္ေပးမွာပါ”

“ကိုႀကီးဇနီးကေကာ ကိုႀကီးနဲ႕ဘာလို႔ကြာရွင္းတာလဲဟင္”

“ကိုကိုလည္းေသခ်ာမသိရေသးဘူး ငယ့္အေၾကာင္းမွမဟုတ္တာ ဘယ္လိုလုပ္ၿပီးစိတ္ဝင္စားမွာလည္း”

“ကိုကိုအိပ္ေတာ့ေလ ဒီၾကားထဲအရမ္းပင္ပန္းခဲ့တယ္မလား ေတာင္းပန္ပါတယ္ ငယ္ေစာေစာျပန္လာခဲ့ရမွာကို”

သူ႕မ်က္ႏွာကို လက္ေသးေသးေလးေတြႏွင့္အုပ္ကိုင္ၿပီး စိတ္မေကာင္းသလိုအေျပာမွာ သူ႕ႏႈတ္ခမ္းစြန္းေတြအပူေပးခံရတဲ့သံေခ်ာင္းလိုေကြးၫြတ္ကုန္သည္။

“မဟုတ္တာကေလးရဲ႕ ျပန္လာခဲ့႐ုံနဲ႕တင္လုံေလာက္ေနၿပီကို ေတာင္းပန္ေနစရာမလိုပါဘူး ကိုယ္ရွိေနတဲ့ေနရာကိုျပန္လာခဲ့ၿပီး ကိုယ့္ကိုခ်စ္ေပးေန႐ုံနဲ႕တင္ ကိုယ့္တစ္ဘဝလုံးငယ့္ဆီပုံအပ္ေပးဖို႔လုံေလာက္ၿပီးသား ေနာက္တစ္ခါသာထပ္ထားမသြားနဲ႕ ဒီတစ္ႀကိမ္ဆိုခံနိုင္ရည္ရွိမွာမဟုတ္ေတာ့ဘူး”

“ငယ္ငယ္ ကတိေပးတယ္ေနာ္ ကိုကိုမွမဟုတ္ရင္မခ်စ္မိဖို႔ ကိုကို႔ရင္ခြင္မွမဟုတ္ရင္မခိုနားဖို႔ ငယ္ငယ္ကတိေပးပါတယ္”

“အဲ့ေလာက္နဲ႕တင္လုံေလာက္ၿပီ”

“အိပ္ရေအာင္ေနာ္ ငယ္ငယ္ေဘးမွာရွိေနမွာမလို႔ဘာမွေတြးမေနပါနဲ႕ ကိုကိုဆိုတဲ့ႀကိဳးတစ္ေခ်ာင္းနဲ႕ေတာင္မ႐ုန္းထြက္နိုင္တာ အခုဆိုသံေယာဇဥ္ႀကိဳးကႏွစ္ေခ်ာင္းေတာင္ထပ္တိုးလာၿပီ ငယ္ကဘယ္လိုႏွလုံးသားနဲ႕ထြက္သြားရမွာလဲ”

“အြန္း အိပ္ရေအာင္”

သူ႕ရင္ဘတ္ဆီေခါင္းအပ္လာတာမို႔ ႏႈတ္ခမ္းကအၿပဳံးေတြက်ယ္ျပန့္လာသည္။ငယ္ငယ့္ေရွ႕ ပထမဆုံးအႀကိမ္အားနည္းျပလာျခင္းမွာ ႏွလုံးသားေလးအရည္ေပ်ာ္က်ရသည္။

ကေလးတစ္ေယာက္လိုရင္ဘတ္ထဲေခါင္းတိုးေဝွ႕ရင္း ငယ္ငယ္မရွိလို႔မျဖစ္တဲ့အေၾကာင္းေတြ မ်က္ရည္က်ရင္းဖြဖြညည္းျပေနပါသတဲ့။

ကိုကိုဟာ ခ်ည္ႏွောင္ျခင္းမွာသိပ္ေတာ္ပါတယ္။ငယ္ငယ္သိပ္ခ်စ္တဲ့မိသားစုနဲ႕ေပ်ာ္႐ႊင္ေနခဲ့ျခင္းကို စြန့္လႊတ္ပစ္နိုင္ခဲ့သည္အထိ၊ေဖေဖနဲ႕ေမေမရဲ႕ႏြေးေထြးတဲ့ရင္ခြင္ကို စြန့္လႊတ္ပစ္ခဲ့နိုင္ေအာင္အထိ ကိုကိုဟာအခ်စ္ေတြနဲ႕ခ်ည္ႏွောင္တယ္။

ကိုကို႔ကိုျပန္တိုးဖက္ရင္း မ်က္ဝန္းေတြေမွးမွိတ္မိသည္။ျဖစ္ပ်က္ခဲ့တာေတြကမ်က္ဝန္းထဲအႏွေးျပကြက္လို။

“ၾကည္ၾကည္ျဖဴျဖဴမေပးရင္ သတ္ပစ္မယ္”

“ဂ်ိန္းးးးးး”

အနီေတာင္မီးေတာက္တစ္ခုကလက္ဖဝါးျပင္ထဲမွာ။မိုးခ်ိန္းသံႏွင့္အတူလွ်ပ္စီးပါဝင္းခနဲမို႔ မ်က္ႏွာကိုထင္ထင္ရွားရွားျမင္လိုက္ရသည္။နတ္ဆိုးတစ္ေကာင္ငရဲျပည္မွတြားသြားတက္လာသလို ၾကမ္းၾကဳတ္မႈအျပည့္ႏွင့္မ်က္ႏွာေၾကာင့္ သူဆြံ႕အစြာေနရာမွမလႈပ္မိ

“ငါ့စကားကိုနားေထာင္ၿပီး ၁၅၀၀ေပး”

လက္ထဲမွပိုက္ဆံကိုတင္းၾကပ္စြာဆုပ္ထားမိသည္။ေဖေဖတို႔ကိုလွမ္းေအာ္မည္ျပင္ေတာ့ သူမဟုတ္တဲ့သူႏွင့္ထြက္သြားၿပီျဖစ္ေသာေဖေဖ

*ဟင့္အင္းမဟုတ္ဘူး ငယ္ငယ္ကဒီမွာေလေဖေဖ*

သူေအာ္ဟစ္ေနေပမယ့္ႏႈတ္ခမ္းမွစကားသံေတြထြက္မလာခဲ့။

“မပူပါနဲ႕ သူနဲ႕ပါသြားတာလည္းမင္းပဲ မင္းသာငါေတာင္းတာကိုၾကည္ၾကည္ျဖဴျဖဴေပးလိုက္ရင္ ဘာမွမျဖစ္ခဲ့သလိုသူ႕ေနရာကိုျပန္ရသြားမွာ မဟုတ္ရင္မင္းရဲ႕အရင္ေနရာကိုဘယ္ေတာ့မွျပန္မသြားနိုင္ေတာ့ဘူး မင္းမိဘေတြကတစ္သက္လုံးသူနဲ႕ပဲေပ်ာ္႐ႊင္သြားေတာ့မွာ”

သူ႕ဘက္ကအားသာေနပါရက္နဲ႕ ငယ္ငယ့္လက္ထဲကပိုက္ဆံကိုမယူလိုက္ျခင္းကိုက ငယ္ငယ္မၾကည္ျဖဴဘဲယူလို႔မရျခင္းပင္ျဖစ္လိမ့္မည္။ထို႔ေၾကာင့္လက္သီးကိုသာတင္းတင္းဆုပ္ပစ္သည္။

“တကယ္ ေသခ်င္ေနတာပဲ”

“အ့”

လည္ပင္းဆီေရာက္လာတဲ့လက္ေတြေၾကာင့္ အသက္ရႈလို႔မရေတာ့သလို နာက်င္မႈပါကပ္ပါလာေလသည္။

“ဂ်ိန္းးးးးးး”

ထပ္မံေပၚေပါက္လာသည့္မိုးခ်ဳန္းသံႏွင့္လွ်ပ္စီးတဝင္းဝင္းေၾကာင့္ ျဖဴဖတ္ေနသည့္သူ႕မ်က္ႏွာက ေရွ႕ကလူမ်က္ဝန္းမွာအရိပ္ထင္ေနသည္။ထိုစဥ္နားထဲခပ္တိုးတိုးဝင္လာသည့္စကားသံတစ္ခ်ိဳ႕

“ကိုကို႔ဆီျပန္လာခဲ့ေတာ့ေနာ္ကေလးေလး”

ဖ်တ္ခနဲလက္လႊတ္ပစ္လိုက္သူက မီးခဲကိုင္ထားမိသည့္အတိုင္းသူ႕လက္ေတြကိုပြတ္သပ္ေနေလသည္။သူကေတာ့လက္လႊတ္လိုက္၍ယိုင္နဲ႕သြားေသာခႏၶာကိုယ္ေၾကာင့္ေခြကနဲလမ္းေပၚျပဳတ္က်သည္။ကတၱရာလမ္းေပၚက ေရစီးေၾကာင္းေလးေတြကသူႏွင့္ခံေနတာမို႔ ေရအိုင္ေလးသဖြယ္သူ႕နားျဖစ္တည္ေနေလသည္။

႐ႊဲ႐ႊဲစိုေနေသာခႏၶာကိုယ္ႏွင့္အတူ ေသြးမရွိတဲ့ႏႈတ္ခမ္းပါးေတြပါတဆတ္ဆတ္တုန္လာေလသည္။အားနည္းေနတဲ့အေျခေနၾကားမွတ္ဥာဏ္ထဲတိုးဝင္လာသည့္ပုံရိပ္ေတြ။

သူအၿမဲတမ္းမက္ေနတဲ့မမွတ္မိခဲ့တဲ့အိမ္မက္ေတြ သူအၿမဲေတာင့္တေနတဲ့ရင္ခြင္က်ယ္ႀကီးတစ္ခု သူထင္ေယာင္ထင္မွားျဖစ္ခဲ့ဖူးတဲ့အေၾကာင္းအရာမွန္သမွ် မွတ္ဥာဏ္ထဲတရိပ္ရိပ္ႏွင့္ရွင္းရွင္းလင္းလင္းဝင္ေရာက္လာေလသည္။

“ကိုကို”

ႏႈတ္မွတလိုက္မိတဲ့နာမ္စားအဆုံး ႏႈတ္ခမ္းမွေသြးစတစ္ခ်ိဳ႕စီးက်လာေလသည္။ထိုအခါသူ႕ေရွ႕ကလူကစိုးရိမ္တႀကီးေအာ္ဟစ္လာေလသည္။

“မင္းသူ႕အေၾကာင္းေတြးလိုက္တာနဲ႕ေသရလိမ့္မယ္ သူ႕နံမည္တလိုက္တာနဲ႕မင္းေသြးအန္ၿပီးေသမွာ”

ထိုလူေျပာသမွ်ကိုသူအေလးမထားေတာ့ ရင္ထဲကနာက်င္မႈေၾကာင့္ နံမည္ေလးျဖစ္ျဖစ္ေခၚလိုက္မွသက္သာရာရမွာ။

“ကိုကို….. ကေလးေလး”

႐ုတ္တရတ္သတိရမိတဲ့အေၾကာင္းအရာေၾကာင့္ ဝမ္းဗိုက္ထက္ခပ္ဖြဖြအုပ္ထားမိသည္။ခုခ်ိန္ဆိုကေလးေလးက သူ႕ဝမ္းဗိုက္ထဲမွာေတာ္ေတာ္ႀကီးေနေလာက္ၿပီ။

“ကိုကိုငယ့္ကိုလာေခၚပါ”

ႏႈတ္ခမ္းမွေသြးစေတြကလမ္းမထက္ကေရေတြႏွင့္ေရာကာအေရာင္ျပယ္ကုန္သည္။သူ႕အားအင္ေတြလည္းတျဖည္းျဖည္းလြင့္ျပယ္လာသလိုပဲ။

“ေတာ္ေတာ့လို႔ မေခၚနဲ႕ မင္းမိဘေတြနဲ႕မင္းမေနခ်င္ေတာ့ဘူးလား ဒီတစ္ခါဆိုရင္မင္းဘယ္ေတာ့မွျပန္လာခြင့္မရွိေတာ့ဘူး”

သူ႕အနားကပ္လာခြင့္မရွိသလိုခပ္လွမ္းလွမ္းမွာေအာ္ဟစ္ေနသူက အသည္းအသန္ေအာ္ဟစ္တားလာေလသည္။အဆက္မျပတ္လင္းလက္ေနတဲ့လွ်ပ္စီးေတြေၾကာင့္ ပတ္ဝန္းက်င္တစ္ခုလုံး ေန႕ခင္းအလား။ထိုအလင္းေရာင္ေတြေအာက္ နဂိုေၾကာက္မက္ဖြယ္ရာမ်က္ႏွာထက္ကေၾကာက္႐ြံ႕မႈေတြက သူ႕မ်က္ႏွာကိုပိုအ႐ုပ္ဆိုးသြားေစသည္။

“ကိုကိုငယ့္ကိုလာေခၚ”

“ေတာ္ေတာ့လို႔”

ေဖေဖႏွင့္ေမေမကသူမဟုတ္တဲ့သူႏွင့္တစ္သက္လုံးေပ်ာ္႐ႊင္သြားနိုင္တယ္ဆိုရင္ ကိုကိုႏွင့္ကေလးကိုသာသူေ႐ြးခ်ယ္ခ်င္သည္။

မိဘရင္ခြင္ထဲမွာေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေအးေအးခ်မ္းခ်မ္းေနရတဲ့ဘဝထက္ ကိုကို႔ရင္ခြင္ထဲဝင္ၿပီးကေလးေလးရဲ႕တီတီတာတာခြၽဲသံေလးေတြကိုပိုမက္ေမာရသည္။သူမိဘျဖစ္ခ်င္သည္။

“ကိုကို႔…ကိုကို႔ငယ္ကခ်စ္တယ္လို႔ လာေခၚပါ”

“အားးးးးးးး”

တျဖည္းျဖည္းအေရာင္မွိန္သြားတဲ့ ပုံသ႑ာန္တစ္ခုကသူ႕ေရွ႕မွေပ်ာက္ကြယ္သြားေလသည္။သူကိုယ္တိုင္လည္းအလင္းေဖာက္ပစၥည္းတစ္ခုလိုတစ္ျဖည္းျဖည္းမႈန္ဝါးလာသည္။

“ကိုကို”

ေနာက္ဆုံးေခၚသံအၿပီးသူ႕ကမၻာအေမွာင္က်သြားကာ မ်က္ဝန္းေတြျပန္ဖြင့္ေတာ့ ကိုကိုကမ်က္ရည္ေတြႏွင့္ဆီးႀကိဳေနပါသည္။

အေတြးေတြျဖတ္လို႔ ကိုကို႔ေခါင္းကိုငုံ႕နမ္းလိုက္မိသည္။အရင္ကဆိုကိုကိုကနမ္းေနက်။ျမတ္နိုးလြန္းလွ်င္ဦးေခါင္းေလးထက္အၿမဲနမ္းခ်င္ေနတတ္သလားမသိေပမယ့္ ငယ္ကေတာ့ကိုကို႔ေခါင္းထဲမ်က္ႏွာအပ္လို႔ အိပ္စက္ျခင္းကိုျဖတ္သန္းခ်င္ပါသည္ သိပ္ျမတ္နိုးလြန္း၍……….

####################

ၿငိမ္း🌞🌻

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အခန်း ၄၈, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အခန်း ၄၈, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အခန်း ၄၈ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အခန်း ၄၈ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အခန်း ၄၈ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အခန်း ၄၈ light novel, ,

Comment

Leave a Reply

Chapter 49