Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄

A+ A-

Cean ဒီနေ့ Mallကိုသွားစစ်ဖြစ်သည်။တစ်ပတ်တစ်ခါစစ်နေကျမို့ အထွေအထူးတော့သိပ်မရှိ။ဒီကအပြန်ညီဖြစ်သူ၏ဆေးရုံသို့ဝင်မည်။ဆရာဝန်အသစ်လေးတွေရောက်၍ ကြိုဆိုပွဲရှိသည်တော့ကြားမိသည်။သွားလေ့မရှိသော်ငြား ဒီနေ့စိတ်သိပ်မကြည်တာကြောင့်အလုပ်ထဲစိတ်မပါ၍ စိတ်ပြေလက်ပျောက်ဖြစ်အောင်သွားရမည်။

မသွားခင်သန့်စင်ခန်းခဏဝင်ပြီးမှန်ကြည့်ကာ သပ်သပ်ရပ်ရပ်ဖြစ်ပြီဆိုမှအပြင်ပြန်ထွက်သည်။ကျောက်စက်ကအပြင်မှာစောင့်နေရစ်သည်။ညီဖြစ်သူဆီဖုန်းခေါ်တော့ဖုန်းကတန်းမကိုင် လက်ကနာရီကိုကြည့်တော့ လေးနာရီကျော်။အစီစဥ်ကငါးနာရီမှစမှာဆိုတော့ ကားလမ်းပိတ်မှာနှင့်ကွက်တိတော့ ရောက်လောက်သည်။

“အ”

ထောင့်ချိုးကအထွက် လူဆီပစ်ဝင်လာတဲ့အရာတစ်ခု။သူ့အဝတ်ပေါ်မှာစွန်းကုန်တဲ့အအေးတွေ။မော့ကြည့်လာတဲ့မျက်ဝန်းတွေကသူ့ဒေါသကိုစနက်တံတပ်လိုက်သလို။ထိတ်လန့်သွားပုံရသည့်မျက်နှာက ဟန်ဆောင်နေတာဖြစ်ရမည်။သိသိရက်နှင့်ဂွင်ဆင်ပြီးမှ မတော်တဆဟန်ဆောင်သည်ပေါ့။

“မင်း​ေ-ာက်လုံးကကန်းနေတာလား”

တုန်တက်သွားပုံကတကယ်လန့်သွားသလို။ဟန်ဆောင်ကောင်းလိုက်တာ ဒါပေမယ့်သူ့ကိုတော့ဒီလိုမျိုးလာလုပ်လို့မရဘူး။

“ကိုCeanဘာဖြစ်တာလဲ”

ဖုန်းတစ်ဖက်ကထွက်လာတဲ့ Horizonအသံ။

“ဘာဖြစ်ရမှာလဲ ဒီမှာအမှိုက်တစ်စလွင့်ပါလာလို့
အဟက် ကြည့်ရတာအသက်အပိုပါလာတယ်ထင်တယ်”

စကားဆုံးတော့ခွေကနဲလဲကျသွားသူက သရုပ်ဆောင်ပီပြင်လွန်းသည်။သူသိပ်ကြောက်နေပါသည်ပေါ့လေ။

“ငါဒီနေ့မလာဖြစ်တော့ဘူး “

“ဘာလို့တုန်း စိတ်မကြည်ပြန်ဘူးလား ကိုCean”

“အဝတ်စားတွေညစ်ပတ်ကုန်ပြီ အနံ့နဲ့တင်အန်ချင်လာလို့”

သူစိုက်ကြည့်နေတဲ့တောက်လျှောက်ခေါင်းမော့မလာသူက ကြမ်းပြင်မှာခွေခွေလေး။သနားအကြင်နာပိုပြီးဆွဲထူပေးမယ်ထင်နေရင်တော့ အဲ့ဒီအိမ်မက်လေးကိုရိုက်ချိုးပြရတာ​ပေါ့။

လဲကျနေသူကိုမရှောင်ဘဲ ခြေထောက်ကိုတက်နင်းကာဖြတ်သွားလိုက်တော့ တုန်ယင်သွားတာကလွဲပြီးအသံထွက်မလာ။လန့်ပြီး”အ”သွားရင်လည်းအေးတာပဲ။ထို့နောက် သီးသန့်ဓာတ်လှေကားဆီဦးတည်လိုက်သည်။

နောက်ကလိုက်လာတဲ့ ကျောက်စက်လက်ထဲအပေါ်ကုတ်ကိုပစ်ပေးလိုက်ကာ

“ပြီးရင် အမှိုက်ပုံးထဲလွှင့်ပစ်လိုက်”

“ဟုတ်ကဲ့ ကိုCean”

သီးသန့်ဓာတ်လှေကားမို့သူတို့နှစ်ယောက်တည်းသာ။ဓာတ်လှေကားအတွင်းလေထုက မွန်းကျပ်ဖွယ်။လေထုတစ်ခုလုံးကအေးခဲနေသည်။

ကားပေါ်ရောက်သည်အထိမျက်နှာထားတင်းနေသူကြောင့် ကျောက်စက်စိတ်ဝင်စားသွားရသည်။ကိုယ်ရံတော်ကားစမောင်းတော့ အရှေ့ခန်းနှင့်အနောက်ခန်းအကန့်အားပိတ်ချလိုက်သည်။

“ကိုCean ဘာလို့အဲ့တစ်ယောက်ကိုအရမ်းမုန်းနေရတာလဲအသိတွေလား”

“သူ့လိုအဆင့်ကိုငါကသိစရာလား “

“အဲ့တာဆိုဘာလို့….”

OCEANသက်ပြင်းတစ်ချက်ချလိုက်ပြီး

“ငါနဲ့သူ့ရဲ့ဖယ်ရိုမုန်းကိုက်ညီမှုက 95နဲ့အထက်မှာရှိတယ်”

“အာ”

ကျောက်စက်ဘာပြောရမှန်းမသိတော့ ။ကံကြမ္မာကပေးလိုက်တဲ့မိတ်ဖက်ကို အတော်ပင်မုန်းတီးနေပုံရသူကြောင့်အနည်းငယ်တော့အံဩမိသည်။

“သူ့ဖယ်ရိုမုန်းအနံ့က Jasmine “

“ကိုCeanက Jasmineတွေကိုဘာလို့မုန်းတာလဲ”

“ဒီလိုပါပဲ အကြောင်းရင်းရှိလို့”

အဲ့ဒီအကြောင်းရင်းကိုသူဘယ်တော့မှထုတ်ပြောမှာမဟုတ်။ညခင်းမက်တဲ့အိမ်မက်ဆိုးတွေရဲ့တရားခံ။သူ့မှာအိမ်မက်ဆိုးတစ်ခုရှိသည်။အဆုံးအစမဲ့စံပယ်ခင်းကြား သူတစ်စုံတစ်ခုကိုကျပျောက်သွားဟန်အမြဲလိုက်ရှာနေရသည်။

ဘာရှာနေလည်းမသိရသလို ဘယ်တော့မှလည်းရှာမတွေ့ခဲ့။စံပယ်ရနံ့တွေသာ သူ့နှာဖျားမှာစွဲနေတာကသူရှာနေတဲ့အရာအား ဖုံးကွယ်ထားသလိုမျိုး။ထိုရနံ့တွေက သူ့ပိုင်ဆိုင်မှုတစ်ခုခုအားဖုံးကွယ်ထားတာ။ထို့နောက် ထိုပန်းတွေမြင်တိုင်းသူစိတ်တိုရသည်။ထိုရနံ့တွေအားသူမုန်းသည်။အစစ်မှန်ကိုဖုံးကွယ်ထားတဲ့အတုယောင်တွေ။

“ကျောက်စက်”

“ဗျာ”

“မင်းလူတွေကိုပြောလိုက် အစောကအမှိုက် သူ့ကိုစောင့်ကြည့်ထားလို့ Mallအတွင်းက CCTV ကိုအမြဲစောင့်ကြည့်ခိုင်းထား ခုနက သူအကွက်ရွှေ့ပြီးငါ့ကိုချည်းကပ်တာ နောက်ထပ်အကြိမ်တွေရှိလာနိုင်တယ် အကုန်မလွတ်စေနဲ့ သူဘယ်လိုဟာသတွေလုပ်လာမလဲဆိုတာငါကြည့်လိုက်အုံးမယ် ပြီးရင်ငါ့ကိုလာရှုပ်တဲ့အတွက်ငရဲဆိုတာဘာလဲပြပေးလိုက်မယ်”

နှုတ်ခမ်းစွန်းတစ်ဖက်ကွေးကာပြောလာပုံက ကမ္ဘာမကြေရန်သူအားလက်စားချေတော့မလိုမျိုး။ကားအခန်းတစ်ခုလုံးအေးစိမ့်သွားကာရေခဲတိုက်ထဲရောက်နေသလို။

ကျောက်စက်ဟိုကောင်လေးအတွက်စိတ်မကောင်းဖြစ်သွားရသည်။ဟိုကောင်လေးတစ်ကယ်ကြောက်နေတာသူတောင်မြင်နိုင်ပါသေးသည်။ကိုCean ကတစ်ဖတ်သတ်စိတ်နဲ့ ဇွတ်မုန်းနေသူမို့အထင်မှားနေတာ။

ပြီးတော့သူ ကိုCeanဖိနပ်အားတစ်ချက်ကြည့်လိုက်မိသည်။

ခုနက ကိုCeanတက်နင်းလိုက်သည့်ဟိုကောင်လေးခြေထောက်အတွက်လည်းစိတ်မကောင်းဖြစ်မိသည်။ဒီဖိနပ်နှင့်Alphaတစ်ယောက်အားနှင့်အနင်းခံရတာတောင် အသံတစ်ချက်မထွက်နိုင်သူက နာတာထက်ကြောက်တဲ့စိတ်ကြောင့်ဖြစ်လိမ့်မည်။

ရှေ့တစ်လျှောက် ထိုကောင်လေးအတွက်တော့စိတ်မအေးစရာပင်။ကိုCeanနှင့်ဝေးဝေးမှာနေနိုင်မှသူ့ဘဝလေးအေးချမ်းပေလိမ့်မည်။

အတွေးကိုယ်စီနှင့်ကားလေးကတိတ်တိတ်ဆိတ်ဆိတ်။Yမြို့ရဲ့ကားလမ်းတွေက တော့ ထုံးစံအတိုင်းပိတ်မြဲပိတ်ဆဲ။

………..

တစ်ဖက်တွင် ကော်ရစ်ဒါမှာဒီအတိုင်းခွေခွေလေးလဲကျနေသူကလခြမ်း။ထိုလူရဲ့မျက်နှာကိုမြင်ပြီးကတည်းက သူ့နှလုံးခုန်တာရပ်တန့်သွားတော့မလို့။အိမ်မက်ထဲကမျက်နှာကို ပြန်မြင်ယောင်လာမိသည်။သွေးအေးရက်စက်တဲ့အကြည့် သနားညှာတာမှုကင်းမဲ့တဲ့အကြည့်။

ပြီးတော့ သူဟာအမှိုက်တစ်စလို့ပြောခံလိုက်ရချိန် ကမ္ဘာမြေကြီးရဲ့ဆွဲအားတွေမရှိတော့သလိုသူ့တစ်ကိုယ်လုံးလေဟာနယ်ထဲရောက်သွားသလို အရုပ်ကြိုးပြတ်ပါပဲ။ဟုတ်တယ် သူကအမှိုက်တစ်စလိုလွှင့်ပစ်ခံလိုက်ရမယ့် အရံဇာတ်ကောင်လေး လခြမ်းငယ်ငယ်။

အတွေးတွေနဲ့တင် သူ့ကမ္ဘာပျက်မတတ်ပါဘဲ။ဘာလို့လဲ သူ့ကျမှဘာလို့လဲ။သူဟာဆိုးသွမ်းတဲ့ကလေးလည်းမဟုတ်ပါဘဲနဲ့ မိဘစကားလည်းနားထောင်ရဲ့သားနဲ့ ဘာလို့ဒီလိုအဖြစ်မျိုးနဲ့ကြုံရတာလဲ။ခြေထောက်ဆီမှစူးကနဲနာကျင်မှုကတောင် ရင်ထဲကနာကျင်မှုကိုမမှီ။ပေါက်ကနဲကျလာတဲ့မျက်ရည်တွေက နာကျင်နေတဲ့ခြေထောက်ကြောင့်လား နာကျင်ရမယ့်ကံတရားကြောင့်လား။

“လခြမ်းဘာဖြစ်တာလဲ”

အပြေးအလွှားရောက်လာတဲ့တိမ်ငွေ့ကဒူးတစ်ဖက်ထောက်ချကာ သူ့ပခုံးနှစ်ဖက်အားဆုပ်ကိုင်လာလေသည်။သူအကြောင်သားလေးသာမော့ကြည့်မိသည်။မျက်ဝန်းတွေက ရေငွေ့တွေကြောင့်ဦးတည်ရာမဲ့။နှုတ်ခမ်းတွေကဘာပြောရမလဲမသိဆွံ့အစွာ။သူဟာ စိတ်နဲ့လူနဲ့မကပ်သူလို။

“လခြမ်း ကိုယ့်ကိုကြည့် ဘာဖြစ်တာလဲဟင် ခိုက်မိတာလားနေမကောင်းဘူးလား တစ်ယောက်ယောက်ကအနိုင်ကျင့်လို့လား”

တရစပ်အမေးတွေကြားမျက်ရည်တွေသာ တဖွဲဖွဲကြွေတယ်။ဒီကောင်ကမ္ဘာပျက်တာပဲ လခြမ်းရယ်။

“မငိုပါနဲ့ “

မျက်ရည်တွေကသုတ်ပေးလေပိုကျလေ။သူ့လက်ဖမိုးကိုဖြတ်စီးလာတဲ့ မျက်ရည်ပူတွေက နှလုံးသားကိုပါတိုက်စားသွားတဲ့အက်စစ်တွေလို။

“တိမ်ငွေ့ လခြမ်းဘာဖြစ်တာလဲ”

နောင်းညိုအိမ်သာကထွက်လာတော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အထိတ်တလန့်။ကြမ်းပြင်မှာပုံ့ပုံ့လေးလဲနေတဲ့သူတို့ရဲ့လခြမ်းလေးကငိုနေပါသတဲ့။တစ်ခါမှမျက်ရည်မကျဖူးသူကအခုတော့။သူတို့နှစ်ယောက်နားပြေးသွားကာ သူပါဒူးထောက်ထိုင်ချလိုက်သည်။

“ဘာဖြစ်တာလဲ”

“မတော်တဆ အင့် တိုက်မိတာ”

ရှိုက်သံရောလို့ထွက်လာတဲ့အသံကမသဲမကွဲ။

“အရမ်းနာသွားတာလား တိုက်မိတဲ့လူကရော”

တိမ်ငွေ့အမေးကိုခေါင်းညိတ်ပြပြီးမှ ခေါင်းပြန်ရမ်းပြလာလေသည်။

“မရှိတော့ဘူး အင့် ခြေထောက်က အင့် အရမ်းနာနေတယ် အင့်ဟင့်”

“အဲ့တာဆို ဆေးခန်းကိုအရင်သွားပြရအောင်နော် ငါပွေ့မယ်”

ပြောရင်းတိမ်ငွေ့ပွေ့ချီလိုက်တော့ ရင်ခွင်ထဲပါလာတဲ့အသေးလေး။ရှိူက်သံတွေထွက်ရင်း ရင်ခွင်ထဲမျက်နှာအပ်လိုက်ပုံက သိပ်နာနေဟန်။ခြေလှမ်းတွေကို မပြေးရုံတမယ်လှမ်းလိုက်မိတယ်။ဆေးခန်းရှိရာအပေါ်ထပ်ဆီတက်ဖို့လုပ်တော့ ဓာတ်လှေကားကမအား။တစ်စက္ကန့်တောင်စောင့်မနေချင်တာကြောင့် လှေကားထစ်တွေဆီအပြေးအလွှား။

နှစ်သိမ့်လိုမှုကြောင့် ဖယ်ရိုမုန်းတစ်ချို့ထုတ်ပေးမိတယ်။နည်းနည်းလေးပါပဲ။ကိုက်ညီမှု 80နဲ့အထက်ရှိတဲ့သူတို့နှစ်ယောက်ကြားစံပယ်ရနံ့ခပ်သဲ့သဲ့ကိုလည်းဖမ်းဆုပ်မိပါရဲ့။  သူ့မှာအရောင်မဆိုးရက်။ငေးကြည့်ရုံပေါ့လေ။

ဆေးခန်းထဲရောက်တော့ လူနာရှင်းနေတာကြောင့်စောင့်စရာမလိုတော့။ပွေ့လာပုံကအရေးကြီးပုံရတာကြောင့် ဆရာဝန်တွေ ယောက်ယက်ခတ်ကုန်သည်။လူနာကုတင်ပေါ်ချပေးတော့ အင်္ကျီစကိုဆွဲထားတာကြောင့် လက်ကလေးကိုအသာဆုပ်ကိုင်ပေးမိတယ်။မင်းသာအလိုရှိရင် ထာဝရဆွဲထားခွင့်ရှိပါတယ်။

“လခြမ်း ဘယ်နားကနာတာလဲ”

နောင်းညိုကမေးတော့မှ မော့ကြည့်လာသူက ငိုထားတာကြောင့် မျက်လုံးလေးတွေအစ်လို့။ဆရာဝန်တွေပါ ဂရုဏာသက်သွားသည်ထိ မျက်နှာကလေးကချစ်စဖွယ်။

“ခြေထောက်က”

“ခြေထောက်ဘယ်နားလေးလဲ”

“ဒီဘက် ခြေချောင်း”

ဘယ်ဘက်ခြေထောက်ကလေးမြှောက်ပြလာတာကြောင့် နောင်းညိုပစ္စည်းတွေချကာ ဖိနပ်ချွတ်ပေးလိုက်သည်။ခြေအိတ်ပါချွတ်ပေးဖို့ထိတော့ ခြေထောက်လေးရုန်းထွက်သွားကာ အွန့်ကနဲအသံထွက်လာသူ။နောင်းညိုက ခပ်ဖွဖွပြန်ဆွဲလို့ညင်ညင်သာသာချွတ်ပေးလိုက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ဒေါသကထောင်းခနဲ။

ခြေဖမိုးဖွေးဖွေးလေးထက် ညိုမဲနေခြင်းက ရုပ်ပျက်ဆင်းပျက်။ခြေချောင်းလေးတွေ ကုတ်ကွေးထားကာတုန်ယင်နေပုံက သိသိသာသာကိုနာကျင်နေတာ။ဆရာဝန်တွေပါပင့်သက်ရှိုက်မိသည်အထိဆိုးရွားလွန်းပါသည်။

“ဘယ်လိုဖြစ်တာလဲ”

ဆရာဝန်က လက်အိတ်စွပ်ကာအနားကပ်ရင်းမေးလာလေသည်။

“မတော်တဆပါခင်ဗျ အင့်”

“ဘယ်လိုမတော်တဆကများဒီလောက်ထိဖြစ်သွားစေတာတုန်း ပြီးတော့ ကိုယ်လွတ်ရုန်းပြီးထွက်သွားတယ်ပေါ့”

တိမ်ငွေ့ဒေါသတကြီးဆိုမိတော့ ခါးကိုဆွဲဖက်ကာရင်ဘတ်ထဲခေါင်းထိုးလာပြန်သည်။ငိုနေပြန်ပါပြီ။ဒီကောင်လေးဒီနေ့မှသိပ်လူကပ်တာပဲ။အရမ်းများကြောက်နေတာလား။

“ဟုတ်ပြီနော်မပြောတော့ဘူး ဆရာဝန်ကိုစမ်းသပ်ခိုင်းရအောင်”

သူတို့နှစ်ယောက်ကိုတစ်မျိုးထင်နေတဲ့ ဆရာဝန်က သူ့ခွင့်ပြုချက်မရသေးလို့ ဒဏ်ရာကိုမထိရဲသေး။Alphaတွေက သူတို့ပိုင်ဆိုင်မှုကိုကြည့်တာတောင်မကြိုက်တဲ့ထိ ပိုင်ဆိုင်လိုမှုကြီးတယ်တဲ့။

“တစ်ချက်လေးစမ်းသပ်ကြည့်မယ်နော် နာရင်အော်လို့ရတယ် အရမ်းမရုန်းနဲ့နော်”

ဆရာဝန်က သက်လတ်ပိုင်းBetaတစ်ယောက်ဖြစ်တာမို့စကားပြောသိမ်မွေ့သည်။လခြမ်းကလက်ကိုမလွှတ်ဘဲ ရင်ခွင်ထဲကနေသာခေါင်းညိတ်ပြလေသည်။ခြေကျင်းဝတ်လေးကနေကိုင်ထားပြီးဒဏ်ရာကိုဖိကြည့်တော့ ခြေထောက်ကိုမရုန်းဘဲခါးကိုဖက်ထားတဲ့လက်တွေကိုသာတင်းကြပ်ပစ်သည်။

“အထိမခံနိုင်တဲ့နေရာကိုပြောနော်”

“အ့ နာတယ်”

ရင်ခွင်ထဲကနေ ဗလုံးဗထွေးအော်လာကာ ရင်ဘတ်ကအင်္ကျီစပါစိုစွတ်သွားသည်။

“လူနာရှင်အချိန်ရရင် ခြေထောက်ကိုဓာတ်မှန်ရိုက်ကြည့်ချင်တယ် အဆင်ပြေမလားမသိဘူး ခြေသူကြွယ်နဲ့ခြေသန်းကအရိုးအက်သွားဖို့များတယ်”

“ဟုတ်ကဲ့ရိုက်လိုက်ပါ”

ဆရာဝန်ကအတွေ့ကြုံရှိမှန်းသိသာစွာ လုပ်ရိုးလုပ်စဥ်တွေကို သွက်သွက်လက်လက်လုပ်သွားလေသည်။တော်သေးသည် ဒီမှာပစ္စည်းကိရိယာတွေပြည့်စုံနေလို့။မဟုတ်ရင်အနီးဆုံးဆေးရုံက ဒီနဲ့တစ်နာရီနီးပါးသွားရအုံးမယ်။တောက်လျှာက်ပွေ့ထားရသောစံပယ်ပန်းကလေးက အိမ်မွေးကြောင်လေးလို အသားကျစွာသူ့ရင်ခွင်ထဲမှာ။

ဓာတ်မှန်အဖြေထွက်လာတော့ထင်သည့်အတိုင်း ခြေသူကြွယ်နဲ့ခြေသန်းရိုးအက်သွားခြင်း။အံကိုကြိတ်မျက်လုံးကိုမှိတ်ပြီးဒေါသကိုဖြေရတယ်။သူတယုတယစိုက်ပျိုးထိန်းသိမ်းခဲ့တဲ့စံပယ်ပင်လေးကို ။

“ခြေသန်းကြွယ်နဲ့ခြေသန်းရိုးလေးအက်သွားတယ် လုံးဝကြီးတော့မကျိုးသွားဘူး လူနာက အသက်လည်းငယ်သေးတယ်ဆိုတော့ စိုးရိမ်စရာသိပ်မရှိပါဘူး ငြိမ်ငြိမ်လေးတော့နေပေးရမယ် ကျွန်တော်တို့ပတ်တီးစည်းပေးလိုက်မယ် ​စားရမယ့်အစားသောက်ကိုလည်း​ပြောပြပေးမယ်နော်”

“ဟုတ်ကဲ့ ဖြစ်နိုင်ရင်အနာသက်သာဆေးလေးထိုးပေးပါလား”

“ဟုတ်ကဲ့ ရပါတယ် “

ဆေးထိုးတော့ငြိမ်ခံသည်။တော်သေးသည် ဆေးထိုးမှာကြောက်တတ်သူထဲမပါလို့။

“ဆေးသောက်နည်းလေးပြောပြပေးမယ်နော်”

လုပ်ငန်းစဥ်အားလုံးပြီးတော့ နောင်းညိုကသောက်ဆေးတွေသွားယူချိန် ရင်ခွင်ထဲကလူကဆေးအရှိန်ကြောင့်အိပ်ပျော်သွားသည် ။Omegaလေးတွေကနူးညံ့ကာ နာကျင်မှုကိုကြောက်ကြသည်တဲ့။အရမ်းနာနေရှာမှာပေါ့။

ကားပေါ်ရောက်သည်အထိမနိုးလာသူကြောင့် ကားအတွင်းကတိတ်တိတ်ဆိတ်ဆိတ်။နောင်းညိုကအလိုက်သိစွာ သူ့တိုက်ခန်းဆီဦးတည်သည်။ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သူ့တစ်ယောက်တည်းထားဖို့နှစ်ယောက်လုံးကစိတ်မချဘူးလေ။

စိတ်လုံခြုံမှုပေးနိုင်ဖို့ ဖယ်ရိုမုန်းတွေပိုထုတ်ပေးမိတယ်။နောင်းညိုကBeta မလို့ ကိစ္စမရှိ။စိတ်ချလက်ချအိပ်နေသည်မို့ သဘောကျရသည်။သူ့ကိုအရမ်းယုံကြည်ပေးလေ စည်းတွေကျော်ဖို့ပိုခက်လေ။

အနုနည်းနဲ့တားတဲ့စည်းက ချိုးဖောက်ဖို့ပိုခက်ပါသည်……

သူငယ်ချင်းတွေပါတဲ့။အလယ်တန်းနှစ်မှာ စတွဲမိကြတဲ့သူတို့သုံး​ယောက်။နောင်းညိုကပျော်ပျော်နေတတ်သည်။သူကတော့ ဘယ်သူ့ကိုမှဂရုမစိုက်တတ်သူ။သူ့စံပယ်ပင်လေးကတော့ အေးအေးဆေးဆေးနေတတ်သူပေါ့။စရိုက်မတူပေမယ့် အရမ်းတွဲမိကြသည်။

ကျောင်းပြီးသွားချိန် သူကဇာတိပြန်ကာမိဘတွေ၏အမွေစိုက်ခင်းတွေကိုဦးစီးသည်။ စံပယ်တွေလည်းစိုက်ရင်းပေါ့။တစ်ခါလွမ်းတိုင်းသာ စံပယ်တစ်ပင်စိုက်ဖြစ်ခဲ့ရင် Sပြည်နယ်ကြီးတစ်ခုလုံးစံပယ်တွေသာပြည့် နေပေလိမ့်မည်။

ကားရပ်သွားမှ အတွေးတွေကိုရပ်တန့်လိုက်ရသည်။

“မနိုးသေးဘူးမလားငါချီခဲ့ပေးမယ်လေ မင်းညောင်းနေရောပေါ့”

ကားတံခါးဖွင့်လို့ပြောလာသူကြောင့်မငြင်းမိ။ညောင်းနေ၍မဟုတ် သူ့ရင်ထဲကအရောင်တွေလှစ်ခနဲမြင်သွားမှာစိုး၍။အပေါ်ဆုံးထပ်ဆီသို့ ဓာတ်လှေကားဖြင့်သာတက်ခဲ့လိုက်သည်။အဆင့်အတန်းမြင့်သူတွေနေထိုင်မှန်းသိသာစွာ အသုံးအဆောင်မှန်သမျှခေတ်မှီလွန်းသည်။

နောင်းညိုအခန်းဆီမှ ဧည့်သည်ခန်းတွင်သာနေရာချပေးလိုက်ကြသည်။ခြေထောက်ကအဆင်မပြေသေးတာကြောင့် ဘေးချင်းကပ်အခန်းဆိုသော်ငြားတစ်ယောက်တည်းနေဖို့မသင့်။စောင်သေချာခြုံပေးပြီး နှစ်ယောက်လုံး အခန်းပြင်သာထွက်ခဲ့လိုက်သည်။

ဧည့်ခန်းဆိုဖာမှာထိုင်ချလိုက်ပြီးမှ နှစ်ယောက်လုံးသက်ပြင်းချနိုင်သည်။

“မင်းမနက်ဖြန်မပြန်ဖြစ်ဘူးမလား”

“အွန်း မပြန်ဖြစ်လောက်တော့ဘူး အလုပ်ကိစ္စက နောက်ခဏရွှေ့ထားတယ်တဲ့ခုနကဖုန်းလှမ်းဆက်တယ်အတော်ပဲပေါ့ မနက်ဖြန်လခြမ်းပစ္စည်းတွေရွှေ့ပေးပြီး ​သက်သာမှပြန်တော့မယ် တစ်ယောက်တည်း အားငယ်နေမှာဆိုးလို့”

“ကောင်းပါတယ် ငါတို့နှစ်ယောက်လုံးဆိုတော့သူအဆင်ပြေတာပေါ့ ဘာလိုလိုနဲ့ငါတို့နှစ်ယောက်တောင် ကလေးအဖေနဲ့တူနေပြီ “

“ဘာဆိုင်လို့လဲ”

“ဘာလို့မဆိုင်ရမှာလဲ သူများသူငယ်ချင်းတွေဟေးလားဝါးလားနဲ့ဘီယာပြိုင်သောက်၊ကားပြိုင်မောင်း၊အုပ်စုဖွဲ့ရန်ဖြစ်နေချိန် ဒို့နှစ်ယောက်ကတော့ မုန့်လိုက်စား၊စျေးလျှောက်ဝယ်နဲ့ သမီးကိုအလိုလိုက်ပေးနေတဲ့အဖေတွေအတိုင်းပဲ အဟီး”

“ငါကတော့မင်းလိုငရှူပ်ကို မယူချင်ဘူးနော်”

“ဘယ်သူကကောလိုချင်နေလို့တုန်း”

“မင်းဘဲ ငါတို့နှစ်ယောက်ရဲ့ကလေးနဲ့တူတယ်ဆို”

“သဘောပြောတာကွ မင်းလိုAlphaကိုယူစရာလား ငါကအထက်ပုဂ္ဂိုလ်ကွအထက်က”

“ဟွန့်”

“အမလေး သူကပဲနာရတယ်ရှိသေးတယ် ငါလိုစော်ကြည်ဘဲကြည်လေးနာဖို့ချန်ပါအုံး ဒါနဲ့ မင်းအခုထိကြိုက်တဲ့သူမတွေ့သေးဘူးလား”

“ဘာလုပ်ဖို့လဲ”

“မေးကြည့်ရုံပါ လခြမ်းလေးကတော့လုံးဝမရှိတာသေချာတယ် ငါအဲ့တာကိုစိုးရိမ်နေတာ သူဘယ်လိုပေါက်လွတ်ပဲစားတွေများတွေ့လာမလဲဆိုပြီး တကယ်ပါဘဲတုံးအလွန်းလို့ စိတ်ပူရချက်ပဲ”

“စိတ်ပူမနေနဲ့ အချိန်တန်ရင်ဖူးစာဖက်ကတွေ့ကိုတွေ့တယ်”

“အေး ငါလည်းစဥ်းစားနေတာမင်းအသိတွေဘာတွေထဲ သင့်တော်မယ့်လူလေးဘာလေးမရှိဘူးလား “

“မင်းတကယ်ကို အဖေနဲ့တူလာပြီ”

“ငါတကယ်ပြောနေတာကွ သူ့မှာစိုးရိမ်ပေးမယ့်မိဘတွေလည်းမရှိတော့ဘူး ဆွေမျိုးတွေကလည်းအဝေးမှာ သူကလည်းတုံးတုံးအအရယ် ငါတို့သူငယ်ချင်းနှစ်ယောက်ပဲသူ့မှာရှိတာ တစ်ခုခုဆိုဘာမှမသိလိုက်မှာဆိုးတယ်ကွာ ခုခေတ်Alphaတွေကလွယ်တာမဟုတ်ဘူး”

သက်ပြင်းကိုယ်စီချရင်း အတွေးကိုယ်စီရွက်လွှင့်တယ်။အပြင်ဘက်မှာမိုးတွေက သည်းနေပြီ။အိပ်ပျော်နေတဲ့ စံပယ်ပန်းကလေးကတော့ မေတ္တာဓာတ်တွေကြောင့် နွေးနွေးထွေးထွေး……

################

ငြိမ်း🌻🌞

Cean ဒီေန႕ Mallကိုသြားစစ္ျဖစ္သည္။တစ္ပတ္တစ္ခါ စစ္ေနက်မိဳ႕ အေထြအထူးေတာ့သိပ္မရွိ။ဒီကအျပန္ ညီျဖစ္သူ၏ေဆး႐ုံသို႔ဝင္မည္။ဆရာဝန္အသစ္ေလးေတြေရာက္၍ ႀကိဳဆိုပြဲရွိသည္ေတာ့ ၾကားမိသည္။သြားေလ့မရွိေသာ္ျငား ဒီေန႕စိတ္သိပ္မၾကည္တာေၾကာင့္ အလုပ္ထဲစိတ္မပါ၍ စိတ္ေျပလက္ေပ်ာက္ျဖစ္ေအာင္သြားရမည္။

မသြားခင္ သန့္စင္ခန္းခဏဝင္ၿပီး မွန္ၾကည့္ကာ သပ္သပ္ရပ္ရပ္ျဖစ္ၿပီဆိုမွ အျပင္ျပန္ထြက္သည္။ေက်ာက္စက္က အျပင္မွာေစာင့္ေနရစ္သည္။ညီျဖစ္သူဆီဖုန္းေခၚေတာ့ ဖုန္းကတန္းမကိုင္ လက္ကနာရီကိုၾကည့္ေတာ့ ေလးနာရီေက်ာ္။အစီစဥ္က ငါးနာရီမွစမွာဆိုေတာ့ ကားလမ္းပိတ္မွာႏွင့္ ကြက္တိေတာ့ ေရာက္ေလာက္သည္။

“အ”

ေထာင့္ခ်ိဳးကအထြက္ လူဆီပစ္ဝင္လာတဲ့အရာတစ္ခု။သူ႕အဝတ္ေပၚမွာစြန္းကုန္တဲ့အေအးေတြ။ေမာ့ၾကည့္လာတဲ့မ်က္ဝန္းေတြက သူ႕ေဒါသကိုစနက္တံတပ္လိုက္သလို။ထိတ္လန့္သြားပုံရသည့္မ်က္ႏွာက ဟန္ေဆာင္ေနတာျဖစ္ရမည္။သိသိရက္ႏွင့္ ဂြင္ဆင္ၿပီးမွ မေတာ္တဆဟန္ေဆာင္သည္ေပါ့။

“မင္း ေ-ာက္လုံးကကန္းေနတာလား”

တုန္တက္သြားပုံက တကယ္လန့္သြားသလို။ဟန္ေဆာင္ေကာင္းလိုက္တာ ဒါေပမယ့္သူ႕ကိုေတာ့ ဒီလိုမ်ိဳးလာလုပ္လို႔မရဘူး။

“ကိုCeanဘာျဖစ္တာလဲ”

ဖုန္းတစ္ဖက္ကထြက္လာတဲ့ Horizonအသံ။

“ဘာျဖစ္ရမွာလဲ ဒီမွာအမွိုက္တစ္စလြင့္ပါလာလို႔
အဟက္ ၾကည့္ရတာ အသက္အပိုပါလာတယ္ထင္တယ္”

စကားဆုံးေတာ့ေခြကနဲလဲက်သြားသူက သ႐ုပ္ေဆာင္ပီျပင္လြန္းသည္။သူသိပ္ေၾကာက္ေနပါသည္ေပါ့ေလ။

“ငါဒီေန႕မလာျဖစ္ေတာ့ဘူး “

“ဘာလို႔တုန္း စိတ္မၾကည္ျပန္ဘူးလား ကိုCean”

“အဝတ္စားေတြ ညစ္ပတ္ကုန္ၿပီ အနံ႕နဲ႕တင္အန္ခ်င္လာလို႔”

သူစိုက္ၾကည့္ေနတဲ့ေတာက္ေလ်ာက္ ေခါင္းေမာ့မလာသူက ၾကမ္းျပင္မွာေခြေခြေလး။သနားအၾကင္နာပိုၿပီး ဆြဲထူေပးမယ္ထင္ေနရင္ေတာ့ အဲ့ဒီအိမ္မက္ေလးကို ရိုက္ခ်ိဳးျပရတာေပါ့။

လဲက်ေနသူကိုမေရွာင္ဘဲ ေျခေထာက္ကိုတက္နင္းကာ ျဖတ္သြားလိုက္ေတာ့ တုန္ယင္သြားတာကလြဲၿပီး အသံထြက္မလာ။လန့္ၿပီး”အ”သြားရင္လည္း ေအးတာပဲ။ထို႔ေနာက္ သီးသန့္ဓာတ္ေလွကားဆီ ဦးတည္လိုက္သည္။

ေနာက္ကလိုက္လာတဲ့ ေက်ာက္စက္ လက္ထဲအေပၚကုတ္ကိုပစ္ေပးလိုက္ကာ

“ၿပီးရင္ အမွိုက္ပုံးထဲလႊင့္ပစ္လိုက္”

“ဟုတ္ကဲ့ ကိုCean”

သီးသန့္ဓာတ္ေလွကားမို႔ သူတို႔ႏွစ္ေယာက္တည္းသာ။ဓာတ္ေလွကားအတြင္းေလထုက မြန္းက်ပ္ဖြယ္။ေလထုတစ္ခုလုံးကေအးခဲေနသည္။

ကားေပၚေရာက္သည္အထိ မ်က္ႏွာထားတင္းေနသူေၾကာင့္ ေက်ာက္စက္စိတ္ဝင္စားသြားရသည္။ကိုယ္ရံေတာ္ကားစေမာင္းေတာ့ အေရွ႕ခန္းႏွင့္ အေနာက္ခန္းအကန့္အား ပိတ္ခ်လိဳက္သည္။

“ကိုCean ဘာလို႔အဲ့တစ္ေယာက္ကို အရမ္းမုန္းေနရတာလဲ အသိေတြလား”

“သူ႕လိုအဆင့္ကို ငါကသိစရာလား “

“အဲ့တာဆိုဘာလို႔….”

OCEAN သက္ျပင္းတစ္ခ်က္ခ်လိဳက္ၿပီး

“ငါနဲ႕သူ႕ရဲ႕ဖယ္ရိုမုန္းကိုက္ညီမႈက 95နဲ႕အထက္မွာရွိတယ္”

“အာ”

ေက်ာက္စက္ဘာေျပာရမွန္းမသိေတာ့ ။ကံၾကမၼာကေပးလိုက္တဲ့ မိတ္ဖက္ကို အေတာ္ပင္မုန္းတီးေနပုံရသူေၾကာင့္ အနည္းငယ္ေတာ့အံဩမိသည္။

“သူ႕ဖယ္ရိုမုန္းအနံ႕က Jasmine “

“ကိုCeanက Jasmine ေတြကိုဘာလို႔မုန္းတာလဲ”

“ဒီလိုပါပဲ အေၾကာင္းရင္းရွိလို႔”

အဲ့ဒီအေၾကာင္းရင္းကို သူဘယ္ေတာ့မွထုတ္ေျပာမွာမဟုတ္။ညခင္းမက္တဲ့အိမ္မက္ဆိုးေတြရဲ႕ တရားခံ။သူ႕မွာအိမ္မက္ဆိုးတစ္ခုရွိသည္။အဆုံးအစမဲ့ စံပယ္ခင္းၾကား သူတစ္စုံတစ္ခုကို က်ေပ်ာက္သြားဟန္ အၿမဲလိုက္ရွာေနရသည္။

ဘာရွာေနလည္းမသိရသလို ဘယ္ေတာ့မွလည္းရွာမေတြ႕ခဲ့။စံပယ္ရနံ႕ေတြသာ သူ႕ႏွာဖ်ားမွာစြဲေနတာက သူရွာေနတဲ့အရာအား ဖုံးကြယ္ထားသလိုမ်ိဳး။ထိုရနံေတြက သူ႕ပိုင္ဆိုင္မႈတစ္ခုခုအား ဖုံးကြယ္ထားတာ။ထို႔ေနာက္ ထိုပန္းေတြျမင္တိုင္းသူစိတ္တိုရသည္။ထိုရနံ႕ေတြအားသူမုန္းသည္။အစစ္မွန္ကိုဖုံးကြယ္ထားတဲ့ အတုေယာင္ေတြ။

“ေက်ာက္စက္”

“ဗ်ာ”

“မင္းလူေတြကိုေျပာလိုက္ အေစာကအမွိုက္ သူ႕ကိုေစာင့္ၾကည့္ထားလို႔ Mallအတြင္းက CCTV ကိုအၿမဲေစာင့္ၾကည့္ခိုင္းထား ခုနက သူအကြက္ေ႐ႊ႕ၿပီးငါ့ကိုခ်ည္းကပ္တာ ေနာက္ထပ္အႀကိမ္ေတြရွိလာနိုင္တယ္ အကုန္မလြတ္ေစနဲ႕ သူဘယ္လိုဟာသေတြလုပ္လာမလဲဆိုတာ ငါၾကည့္လိုက္အုံးမယ္ ၿပီးရင္ငါ့ကိုလာရႈပ္တဲ့အတြက္ ငရဲဆိုတာဘာလဲျပေပးလိုက္မယ္”

ႏႈတ္ခမ္းစြန္းတစ္ဖက္ေကြးကာေျပာလာပုံက ကမၻာမေၾကရန္သူအား လက္စားေခ်ေတာ့မလိုမ်ိဳး။ကားအခန္းတစ္ခုလုံးေအးစိမ့္သြားကာ ေရခဲတိုက္ထဲေရာက္ေနသလို။

ေက်ာက္စက္ဟိုေကာင္ေလးအတြက္ စိတ္မေကာင္းျဖစ္သြားရသည္။ဟိုေကာင္ေလးတစ္ကယ္ေၾကာက္ေနတာ သူေတာင္ျမင္နိုင္ပါေသးသည္။ကိုCean ကတစ္ဖတ္သတ္စိတ္နဲ႕ ဇြတ္မုန္းေနသူမို႔ အထင္မွားေနတာ။

ၿပီးေတာ့သူ ကိုCean ဖိနပ္အားတစ္ခ်က္ၾကည့္လိုက္မိသည္။

ခုနက ကိုCean တက္နင္းလိုက္သည့္ဟိုေကာင္ေလးေျခေထာက္အတြက္လည္း စိတ္မေကာင္းျဖစ္မိသည္။ဒီဖိနပ္ႏွင့္Alphaတစ္ေယာက္အားႏွင့္ အနင္းခံရတာေတာင္ အသံတစ္ခ်က္မထြက္နိုင္သူက နာတာထက္ေၾကာက္တဲ့စိတ္ေၾကာင့္ျဖစ္လိမ့္မည္။

ေရွ႕တစ္ေလွ်ာက္ ထိုေကာင္ေလးအတြက္ေတာ့ စိတ္မေအးစရာပင္။ကိုCeanႏွင့္ေဝးေဝးမွာေနနိုင္မွ သူ႕ဘဝေလးေအးခ်မ္းေပလိမ့္မည္။

အေတြးကိုယ္စီႏွင့္ ကားေလးကတိတ္တိတ္ဆိတ္ဆိတ္။Yၿမိဳ႕ရဲ႕ကားလမ္းေတြက ေတာ့ ထုံးစံအတိုင္း ပိတ္ၿမဲပိတ္ဆဲ။

………..

တစ္ဖက္တြင္ ေကာ္ရစ္ဒါမွာဒီအတိုင္း ေခြေခြေလးလဲက်ေနသူက လျခမ္း။ထိုလူရဲ႕မ်က္ႏွာကိုျမင္ၿပီးကတည္းက သူ႕ႏွလုံးခုန္တာရပ္တန့္သြားေတာ့မလို႔။အိမ္မက္ထဲကမ်က္ႏွာကို ျပန္ျမင္ေယာင္လာမိသည္။ေသြးေအးရက္စက္တဲ့အၾကည့္ သနားညွာတာမႈကင္းမဲ့တဲ့အၾကည့္။

ၿပီးေတာ့ သူဟာအမွိုက္တစ္စလို႔ေျပာခံလိုက္ရခ်ိန္ ကမၻာေျမႀကီးရဲ႕ဆြဲအားေတြမရွိေတာ့သလို သူ႕တစ္ကိုယ္လုံးေလဟာနယ္ထဲေရာက္သြားသလို အ႐ုပ္ႀကိဳးျပတ္ပါပဲ။ဟုတ္တယ္ သူကအမွိုက္တစ္စလိုလႊင့္ပစ္ခံလိုက္ရမယ့္ အရံဇာတ္ေကာင္ေလး လျခမ္းငယ္ငယ္။

အေတြးေတြနဲ႕တင္ သူ႕ကမၻာပ်က္မတတ္ပါဘဲ။ဘာလို႔လဲ သူ႕က်မွ ဘာလို႔လဲ။သူဟာဆိုးသြမ္းတဲ့ကေလးလည္းမဟုတ္ပါဘဲနဲ႕ မိဘစကားလည္းနားေထာင္ရဲ႕သားနဲ႕ ဘာလို႔ ဒီလိုအျဖစ္မ်ိဳးနဲ႕ႀကဳံရတာလဲ။ေျခေထာက္ဆီမွစူးကနဲနာက်င္မႈေတာင္ ရင္ထဲကနာက်င္မႈကိုမမွီ။ေပါက္ကနဲက်လာတဲ့မ်က္ရည္ေတြက နာက်င္ေနတဲ့ေျခေထာက္ေၾကာင့္လား နာက်င္ရမယ့္ ကံတရားေၾကာင့္လား။

“လျခမ္းဘာျဖစ္တာလဲ”

အေျပးအလႊားေရာက္လာတဲ့ တိမ္ေငြ႕ကဒူးတစ္ဖက္ေထာက္ခ်ကာ သူ႕ပခုံးႏွစ္ဖက္အားဆုပ္ကိုင္လာတယ္။သူအေၾကာင္သားေလးသာေမာ့ၾကည့္မိတယ္ မ်က္ဝန္းေတြက ေရေငြ႕ေတြေၾကာင့္ ဦးတည္ရာမဲ့။ႏႈတ္ခမ္းေတြကဘာေျပာရမလဲမသိ စြံ႕အစြာ။သူဟာ စိတ္နဲ႕လူနဲ႕မကပ္သူလို။

“လျခမ္း ကိုယ့္ကိုၾကည့္ ဘာျဖစ္တာလဲဟင္ ခိုက္မိတာလားေနမေကာင္းဘူးလား တစ္ေယာက္ေယာက္ကအနိုင္က်င့္လို႔လား”

တရစပ္အေမးေတြၾကား မ်က္ရည္ေတြသာ တဖြဲဖြဲေႂကြတယ္။ဒီေကာင္ကမၻာပ်က္တာပဲ လျခမ္းရယ္။

“မငိုပါနဲ႕ “

မ်က္ရည္ေတြက သုတ္ေပးေလပိုက်ေလ။သူ႕လက္ဖမိုးကိုျဖတ္စီးလာတဲ့ မ်က္ရည္ပူေတြက ႏွလုံးသားကိုပါတိုက္စားသြားတဲ့ အက္စစ္ေတြလို။

“တိမ္ေငြ႕ လျခမ္းဘာျဖစ္တာလဲ”

ေနာင္းညိုအိမ္သာကထြက္လာေတာ့ ျမင္လိုက္ကတဲ့ျမင္ကြင္းေၾကာင့္ အထိတ္တလန့္။ၾကမ္းျပင္မွာပုံ႕ပုံ႕ေလးလဲေနတဲ့ သူတို႔ရဲ႕လျခမ္းေလးကငိုေနပါသတဲ့။တစ္ခါမွမ်က္ရည္မက်ဖဴးသူက အခုေတာ့။သူတို႔ႏွစ္ေယာက္နားေျပးသြားကာ သူပါဒူးေထာက္ထိုင္ခ်လိဳက္တယ္။

“ဘာျဖစ္တာလဲ”

“မေတာ္တဆ အင့္ တိုက္မိတာ”

ရွိုက္သံေရာလို႔ထြက္လာတဲ့အသံက မသဲမကြဲ။

“အရမ္းနာသြားတာလား တိုက္မိတဲ့လူကေရာ”

တိမ္ေငြ႕အေမးကို ေခါင္းညိတ္ျပၿပီးမွ ေခါင္းျပန္ရမ္းျပလာတယ္။

“မရွိေတာ့ဘူး အင့္ ေျခေထာက္က အင့္ အရမ္းနာေနတယ္ အင့္ဟင့္”

“အဲ့တာဆို ေဆးခန္းကိုအရင္သြားျပရေအာင္ေနာ္ ငါေပြ႕မယ္”

ေျပာရင္းတိမ္ေငြ႕ေပြ႕ခ်ီလိုက္ေတာ့ ရင္ခြင္ထဲပါလာတဲ့ အေသးေလး။ ရွိူက္သံေတြထြက္ရင္း ရင္ခြင္ထဲမ်က္ႏွာအပ္လိုက္ပုံက သိပ္နာေနဟန္။ေျခလွမ္းေတြကို မေျပး႐ုံတမယ္လွမ္းလိုက္မိတယ္။ေဆးခန္းရွိရာအေပၚထပ္ဆီတက္ဖို႔လုပ္ေတာ့ ဓာတ္ေလွကားကမအား။တစ္စကၠန့္ေတာင္ေစာင့္မေနခ်င္တာေၾကာင့္ ေလွကားထစ္ေတြဆီအေျပးအလႊား။

ႏွစ္သိမ့္လိုမႈေၾကာင့္ ဖယ္ရိုမုန္းတစ္ခ်ိဳ႕ထုတ္ေပးမိတယ္ ။နည္းနည္းေလးပါပဲ။ကိုက္ညီမႈ 80နဲ႕အထက္ရွိတဲ့ သူတို႔ႏွစ္ေယာက္ၾကားစံပယ္ရနံ႕ခပ္သဲ့သဲ့ကိုလည္း ဖမ္းဆုပ္မိပါရဲ႕။ သူ႕မွာအေရာင္မဆိုးရက္။ေငးၾကည့္႐ုံေပါ့ေလ။

ေဆးခန္းထဲေရာက္ေတာ့ လူနာရွင္းေနတာေၾကာင့္ ေစာင့္စရာမလိုေတာ့။ေပြ႕လာပုံကအေရးႀကီးပုံရတာေၾကာင့္ ဆရာဝန္ေတြ ေယာက္ယက္ခတ္ကုန္တယ္။လူနာကုတင္ေပၚခ်ေပးေတာ့ အကၤ်ီစကိုဆြဲထားတာေၾကာင့္ လက္ကေလးကိုအသာဆုပ္ကိုင္ေပးမိတယ္။မင္းသာအလိုရွိရင္ ထာဝရဆြဲထားခြင့္ရွိပါတယ္။

“လျခမ္း ဘယ္နားကနာတာလဲ”

ေနာင္းညိုကေမးေတာ့မွ ေမာ့ၾကည့္လာသူက ငိုထားတာေၾကာင့္ မ်က္လုံးေလးေတြအစ္လို႔။ဆရာဝန္ေတြပါ ဂ႐ုဏာသက္သြားသည္ထိ မ်က္ႏွာကေလးကခ်စ္စဖြယ္။

“ေျခေထာက္က”

“ေျခေထာက္ဘယ္နားေလးလဲ”

“ဒီဘက္ ေျခေခ်ာင္း”

ဘယ္ဘက္ေျခေထာက္ကေလးျမႇောက္ျပလာတာေၾကာင့္ ေနာင္းညို ပစၥည္းေတြခ်ကာ ဖိနပ္ခြၽတ္ေပးလိုက္တယ္။ေျခအိတ္ပါခြၽတ္ေပးဖို႔ထိေတာ့ ေျခေထာက္ေလး႐ုန္းထြက္သြားကာ အြန့္ကနဲ အသံထြက္လာသူ။ေနာင္းညိုက ခပ္ဖြဖြျပန္ဆြဲလို႔ ညင္ညင္သာသာခြၽတ္ေပးလိုက္ေတာ့ ျမင္လိုက္ရတဲ့ ျမင္ကြင္းေၾကာင့္ေဒါသကေထာင္းခနဲ။

ေျခဖမိုး ေဖြးေဖြးေလးထက္ ညိုမဲေနျခင္းက ႐ုပ္ပ်က္ဆင္းပ်က္။ေျခေခ်ာင္းေလးေတြ ကုတ္ေကြးထားကာ တုန္ယင္ေနပုံက သိသိသာသာကို နာက်င္ေနတာ။ဆရာဝန္ေတြပါ ပင့္သက္ရွိုက္မိသည္အထိဆိုး႐ြားလြန္းပါသည္။

“ဘယ္လိုျဖစ္တာလဲ”

ဆရာဝန္က လက္အိတ္စြပ္ကာ အနားကပ္ရင္းေမးလာေလသည္။

“မေတာ္တဆပါခင္ဗ် အင့္”

“ဘယ္လိုမေတာ္တဆကမ်ား ဒီေလာက္ထိျဖစ္သြားေစတာတုန္း ၿပီးေတာ့ ကိုယ္လြတ္႐ုန္းၿပီးထြက္သြားတယ္ေပါ့”

တိမ္ေငြ႕ေဒါသတႀကီးဆိုမိေတာ့ ခါးကိုဆြဲဖက္ကာ ရင္ဘတ္ထဲေခါင္းထိုးလာျပန္တယ္။ငိုေနျပန္ပါၿပီ။ဒီေကာင္ေလးဒီေန႕မွ သိပ္လူကပ္တာပဲ။အရမ္းမ်ားေၾကာက္ေနတာလား။

“ဟုတ္ၿပီေနာ္ မေျပာေတာ့ဘူး ဆရာဝန္ကိုစမ္းသပ္ခိုင္းရေအာင္”

သူတို႔ႏွစ္ေယာက္ကို တစ္မ်ိဳးထင္ေနတဲ့ ဆရာဝန္က သူ႕ခြင့္ျပဳခ်က္မရေသးလို႔ ဒဏ္ရာကိုမထိရဲေသး။Alpha ေတြက သူတို႔ပိုင္ဆိုင္မႈကို ၾကည့္တာေတာင္မႀကိဳက္တဲ့ထိ ပိုင္ဆိုင္လိုမႈႀကီးတယ္တဲ့။

“တစ္ခ်က္ေလးစမ္းသပ္ၾကည့္မယ္ေနာ္ နာရင္ေအာ္လို႔ရတယ္ အရမ္းမ႐ုန္းနဲ႕ေနာ္”

ဆရာဝန္က သက္လတ္ပိုင္း Beta တစ္ေယာက္ျဖစ္တာမို႔ စကားေျပာသိမ္ေမြ႕သည္။လျခမ္းက လက္ကိုမလႊတ္ဘဲ ရင္ခြင္ထဲကေနသာ ေခါင္းညိတ္ျပေလသည္။ေျခက်င္းဝတ္ေလးကေနကိုင္ထားၿပီး ဒဏ္ရာကိုဖိၾကည့္ေတာ့ ေျခေထာက္ကိုမ႐ုန္းဘဲ ခါးကိုဖက္ထားတဲ့လက္ေတြကိုသာ တင္းၾကပ္ပစ္သည္။

“အထိမခံနိုင္တဲ့ေနရာကိုေျပာေနာ္”

“အ့ နာတယ္”

ရင္ခြင္ထဲကေန ဗလုံးဗေထြးေအာ္လာကာ ရင္ဘတ္ကအကၤ်ီစပါစိုစြတ္သြားသည္။

“လူနာရွင္အခ်ိန္ရရင္ ေျခေထာက္ကို ဓာတ္မွန္ရိုက္ၾကည့္ခ်င္တယ္ အဆင္ေျပမလားမသိဘူး ေျခသူႂကြယ္နဲ႕ေျခသန္းက အရိုးအက္သြားဖို႔မ်ားတယ္”

“ဟုတ္ကဲ့ရိုက္လိုက္ပါ”

ဆရာဝန္ကအေတြ႕ႀကဳံရွိမွန္းသိသာစြာ လုပ္ရိုးလုပ္စဥ္ေတြကို သြက္သြက္လက္လက္လုပ္သြားေလသည္။ေတာ္ေသးသည္ ဒီမွာ ပစၥည္းကိရိယာေတြျပည့္စုံေနလို႔။မဟုတ္ရင္ အနီးဆုံးေဆး႐ုံက ဒီနဲ႕ တစ္နာရီနီးပါးသြားရအုံးမယ္။ေတာက္လွ်ာက္ေပြ႕ထားရေသာ စံပယ္ပန္းကေလးက အိမ္ေမြးေၾကာင္ေလးလို အသားက်စြာသူ႕ရင္ခြင္ထဲမွာ။

ဓာတ္မွန္အေျဖထြက္လာေတာ့ ထင္သည့္အတိုင္း ေျခသူႂကြယ္နဲ႕ ေျခသန္းရိုးအက္သြားျခင္း။အံကိုႀကိတ္ မ်က္လုံးကိုမွိတ္ၿပီး ေဒါသကိုေျဖရတယ္။သူတယုတယစိုက္ပ်ိဳးထိန္းသိမ္းခဲ့တဲ့ စံပယ္ပင္ေလးကို ။

“ေျခသန္းႂကြယ္နဲ႕ေျခသန္းရိုးေလးအက္သြားတယ္ လုံးဝႀကီးေတာ့ မက်ိဳးသြားဘူး လူနာက အသက္လည္းငယ္ေသးတယ္ဆိုေတာ့ စိုးရိမ္စရာ သိပ္မရွိပါဘူး ၿငိမ္ၿငိမ္ေလးေတာ့ေနေပးရမယ္ ကြၽန္ေတာ္တို႔ ပတ္တီးစည္းေပးလိုက္မယ္ စားရမယ့္အစားေသာက္ကိုလည္းေျပာျပေပးမယ္ေနာ္”

“ဟုတ္ကဲ့ ျဖစ္နိုင္ရင္ အနာသက္သာေဆးေလးထိုးေပးပါလား”

“ဟုတ္ကဲ့ ရပါတယ္ “

ေဆးထိုးေတာ့ၿငိမ္ခံသည္။ ေတာ္ေသးသည္ ေဆးထိုးမွာေၾကာက္တတ္သူထဲမပါလို႔။

“ေဆးေသာက္နည္းေလးေျပာျပေပးမယ္ေနာ္”

လုပ္ငန္းစဥ္အားလုံးၿပီးေတာ့ ေနာင္းညိုကေသာက္ေဆးေတြသြားယူခ်ိန္ ရင္ခြင္ထဲကလူက ေဆးအရွိန္ေၾကာင့္ အိပ္ေပ်ာ္သြားသည္ ။Omegaေလးေတြက ႏူးညံ့ကာ နာက်င္မႈကိုေၾကာက္ၾကသည္တဲ့။အရမ္းနာေနရွာမွာေပါ့။

ကားေပၚေရာက္သည္အထိ မနိုးလာသူေၾကာင့္ ကားအတြင္းကတိတ္တိတ္ဆိတ္ဆိတ္။ေနာင္းညိုကအလိုက္သိစြာ သူ႕တိုက္ခန္းဆီဦးတည္သည္။ဘယ္လိုနည္းနဲ႕ပဲျဖစ္ျဖစ္ သူ႕တစ္ေယာက္တည္းထားဖို႔ ႏွစ္ေယာက္လုံးကစိတ္မခ်ဘဴးေလ။

စိတ္လုံၿခဳံမႈေပးနိုင္ဖို႔ ဖယ္ရိုမုန္းေတြပိုထုတ္ေပးမိတယ္။ေနာင္းညိုက Beta မလို႔ ကိစၥမရွိ။စိတ္ခ်လက္ခ်အိပ္ေနသည္မို႔ သေဘာက်ရသည္။သူ႕ကိုအရမ္းယုံၾကည္ေပးေလ စည္းေတြေက်ာ္ဖို႔ပိုခက္ေလ။အႏုနည္းနဲ႕ တားတဲ့စည္းက ခ်ိဳးေဖာက္ဖို႔ပိုခက္ပါသည္။

သူငယ္ခ်င္းေတြပါတဲ့။အလယ္တန္းႏွစ္မွာ စတြဲမိၾကတဲ့သူတို႔သုံးေယာက္။ေနာင္းညိုကေပ်ာ္ေပ်ာ္ေနတတ္သည္။သူကေတာ့ ဘယ္သူ႕ကိုမွဂ႐ုမစိုက္တတ္သူ။သူ႕စံပယ္ပင္ေလးကေတာ့ ေအးေအးေဆးေဆးေနတတ္သူေပါ့။စရိုက္မတူေပမယ့္ အရမ္းတြဲမိၾကသည္။

ေက်ာင္းၿပီးသြားခ်ိန္ သူကဇာတိျပန္ကာ မိဘေတြ၏အေမြစိုက္ခင္းေတြကိုဦးစီးသည္။ စံပယ္ေတြလည္းစိုက္ရင္းေပါ့။တစ္ခါလြမ္းတိုင္းသာ စံပယ္တစ္ပင္စိုက္ျဖစ္ခဲ့ရင္ Sျပည္နယ္ႀကီးတစ္ခုလုံး စံပယ္ေတြသာျပည့္ ေနေပလိမ့္မည္။

ကားရပ္သြားမွ အေတြးေတြကိုရပ္တန့္လိုက္ရသည္။

“မနိုးေသးဘူးမလား ငါခ်ီခဲ့ေပးမယ္ေလ မင္းေညာင္းေနေရာေပါ့”

ကားတံခါးဖြင့္လို႔ ေျပာလာသူေၾကာင့္မျငင္းမိ။ေညာင္းေန၍မဟုတ္ သူ႕ရင္ထဲကအေရာင္ေတြ လွစ္ခနဲျမင္သြားမွာစိုး၍။အေပၚဆုံးထပ္ဆီသို႔ ဓာတ္ေလွကားျဖင့္သာတက္ခဲ့လိုက္သည္။အဆင့္အတန္းျမင့္သူေတြေနထိုင္မွန္းသိသာစြာ အသုံးအေဆာင္မွန္သမွ် ေခတ္မွီလြန္းသည္။

ေနာင္းညိုအခန္းဆီမွ ဧည့္သည္ခန္းတြင္သာေနရာခ်ေပးလိုက္ၾကသည္။ေျခေထာက္ကအဆင္မေျပေသးတာေၾကာင့္ ေဘးခ်င္းကပ္အခန္းဆိုေသာ္ျငား တစ္ေယာက္တည္းေနဖို႔မသင့္။ေစာင္ေသခ်ာၿခဳံေပးၿပီး ႏွစ္ေယာက္လုံး အခန္းျပင္သာထြက္ခဲ့လိုက္သည္။

ဧည့္ခန္းဆိုဖာမွာထိုင္ခ်လိဳက္ၿပီးမွ ႏွစ္ေယာက္လုံးသက္ျပင္းခ်နိဳင္သည္။

“မင္းမနက္ျဖန္မျပန္ျဖစ္ဘူးမလား”

“အြန္း မျပန္ျဖစ္ေလာက္ေတာ့ဘူး အလုပ္ကိစၥက ေနာက္ခဏေ႐ႊ႕ထားတယ္တဲ့ခုနကဖုန္းလွမ္းဆက္တယ္ အေတာ္ပဲေပါ့ မနက္ျဖန္ လျခမ္းပစၥည္းေတြေ႐ႊ႕ေပးၿပီး သက္သာမွျပန္ေတာ့မယ္ တစ္ေယာက္တည္း အားငယ္ေနမွာဆိုးလို႔”

“ေကာင္းပါတယ္ ငါတို႔ႏွစ္ေယာက္လုံးဆိုေတာ့ သူအဆင္ေျပတာေပါ့ ဘာလိုလိုနဲ႕ ငါတို႔ႏွစ္ေယာက္ေတာင္ ကေလးအေဖနဲ႕တူေနၿပီ “

“ဘာဆိုင္လို႔လဲ”

“ဘာလို႔မဆိုင္ရမွာလဲ သူမ်ားသူငယ္ခ်င္းေတြေဟး ဝါးနဲ႕ ဘီယာၿပိဳင္ေသာက္ ကားၿပိဳင္ေမာင္း အုပ္စုဖြဲ႕ရန္ျဖစ္ေနခ်ိန္ ဒို႔ႏွစ္ေယာက္ကေတာ့ မုန့္လိုက္စား ေစ်းေလွ်ာက္ဝယ္နဲ႕ သမီးကို အလိုလိုက္ေပးေနတဲ့အေဖေတြအတိုင္းပဲ အဟီး”

“ငါကေတာ့မင္းလိုငရႉပ္ကို မယူခ်င္ဘူးေနာ္”

“ဘယ္သူကေကာလိုခ်င္ေနလို႔တုန္း”

“မင္းဘဲ ငါတို႔ႏွစ္ေယာက္ရဲ႕ကေလးနဲ႕တူတယ္ဆို”

“သေဘာေျပာတာကြ မင္းလိုAlpha ကိုယူစရာလား ငါကအထက္ပုဂၢိုလ္ကြ အထက္”

“ဟြန့္”

“အမေလး သူကပဲနာရတယ္ရွိေသးတယ္ ငါလိုေစာ္ၾကည္ဘဲၾကည္ေလးနာဖို႔ခ်န္ပါအုံး ဒါနဲ႕ မင္းအခုထိႀကိဳက္တဲ့သူမေတြ႕ေသးဘူးလား”

“ဘာလုပ္ဖို႔လဲ”

“ေမးၾကည့္႐ုံပါ လျခမ္းေလးကေတာ့ လုံးဝမရွိတာေသခ်ာတယ္ ငါအဲ့တာကိုစိုးရိမ္ေနတာ သူ ဘယ္လိုေပါက္လြတ္ပဲစားေတြမ်ားေတြ႕လာမလဲဆိုၿပီး တကယ္ပါဘဲ တုံးအလြန္းလို႔ စိတ္ပူရခ်က္ပဲ”

“စိတ္ပူမေနနဲ႕ အခ်ိန္တန္ရင္ ဖူးစာဖက္ကေတြ႕ကိုေတြ႕တယ္”

“ေအး ငါလည္းစဥ္းစားေနတာ မင္းအသိေတြဘာေတြထဲ သင့္ေတာ္မယ့္လူေလးဘာေလးမရွိဘူးလား “

“မင္းတကယ္ကို အေဖနဲ႕တူလာၿပီ”

“ငါတကယ္ေျပာေနတာကြ သူ႕မွာစိုးရိမ္ေပးမယ့္မိဘေတြလည္းမရွိေတာ့ဘူး ေဆြမ်ိဳးေတြကလည္းအေဝးမွာ သူကလည္းတုံးတုံးအအရယ္ ငါတို႔သူငယ္ခ်င္းႏွစ္ေယာက္ပဲ သူ႕မွာရွိတာ တစ္ခုခုဆို ဘာမွမသိလိုက္မွာဆိုးတယ္ကြာ ခုေခတ္Alphaေတြကလြယ္တာမဟုတ္ဘူး”

သက္ျပင္းကိုယ္စီခ်ရင္း အေတြးကိုယ္စီ ႐ြက္လႊင့္တယ္။အျပင္ဘက္မွာမိုးေတြက သည္းေနၿပီ။အိပ္ေပ်ာ္ေနတဲ့ စံပယ္ပန္းကေလးကေတာ့ ေမတၱာဓာတ္ေတြေၾကာင့္ ႏြေးႏြေးေထြးေထြး……

################

ၿငိမ္း🌻🌞

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄ light novel, ,

Comment

Leave a Reply

Chapter 5