Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၉

A+ A-

“လခြမ်းလေးငါ့ကိုကူညီမယ်မလားဟင်”

“ဘာဖြစ်လို့လဲနောင်းညိုရဲ့”

“လုပ်ပါကူညီပါ”

“ဘာဖြစ်လို့လဲဆိုတာအရင်ပြောပြလေ”

ကုတင်ပေါ်ကငယ်ငယ့်လက်တွေကိုဆုပ်ကိုင်ပြီး ကလေးတွေလိုဂျီတိုက်နေတဲ့နောင်းညိုက အကြည့်တွေလွှဲသွားလေသည်။

“ငါအဲ့လူကြီးကိုရှောင်ချင်လို့”

“အယ်….ကိုကျောက်စက်ကိုစိတ်ကောက်နေတာလား”

အံ့ဩသလိုအမေးစကားဆိုတော့ ပြန်ဖြေတဲ့စကားတွေက စုချွန်နေတဲ့နှုတ်ခမ်းကထွက်လာတာ။

“ဘာကိုကောက်ရမှာလဲ”

“စိတ်မကောက်ရင်ဘာလို့ရှောင်မှာလဲ”

“မတွေ့ချင်လို့ပေါ့”

ပြောရင်း အနားမရှိတဲ့တရားခံကိုရည်ရွယ်ပြီးမျက်စောင်းပါထိုးလိုက်သေးတာမို့ ငယ်ငယ်ရယ်ချင်စိတ်ကိုထိန်းဖို့ ဗိုက်လေးကိုသာအသာပွတ်မိသည်။

“အဲ့တာဆိုဘာလို့ခိုးပြေးတာတုန်း”

“ဘယ်သူကခိုးပြေးတာတုန်း”

“အာ..မှားလို့ သူကခိုးပြေးတာကိုနောင်းညိုကလိုက်သွားတာလေ”

“ပေါက်ပေါက်ရှာရှာ သူကအတင်းခိုးပြေးတာ”

“အဲ့တာဆို ပြန်ပေးဆွဲတာလား”

“အဲ့လိုလဲမဟုတ်ဘူး ငါ့သဘောနဲ့ငါလိုက်သွားတာ”

“အဲ့တာခိုးပြေးတာပေါ့”

“ဘယ်ကသာသူမလိမ့်တပတ်လုပ်သွားတာ”

“နောင်းညိုသူ့ကိုမကြိုက်ရင် အဆက်အသွယ်ဖြတ်ပစ်လိုက် ငယ်ငယ်ဦးလေးတို့ကိုပြောပေးမယ်လေ”

“လွန်ကုန်ပြီလခြမ်းရဲ့ တစ်မြို့လုံးနီးပါးသိပြီးသွားပြီ”

“သိလည်းဘာဖြစ်လဲ နောင်းညိုမကြိုက်ရင်မယူနဲ့လေ”

“လခြမ်းလည်းကိုသမု​ဒ္ဒရာကိုမကြိုက်ဘဲယူထားတာပဲလေ”

“ကိုကိုကငယ့်ကိုအများကြီးချစ်ပေးတယ်လေ ငယ်ငယ်လည်းအခုကြိုက်သွားပြီ”

ငယ်ငယ့်စကားကိုကြားတော့ ဂုတ်ပိုးထက်လက်နှင့်ပွတ်ပြီးမလုံမလဲပြောလာတာက အသံတိုးတိုးလေး။

“သူလည်းငါ့ကိုအများကြီးချစ်လို့ခိုးပြေးတာပေါ့ ငါလည်းသူ့ကိုနည်းနည်းကြိုက်တယ် နောက်ဆိုပိုကြိုက်သွားလိမ့်မယ်”

“အဲ့တာဆိုဘာလို့ငယ်ငယ့်တိုက်ခန်းမှာသွားပုန်းနေမှာလဲ”

“လုပ်ချင်တာလုပ်နေတာကိုစိတ်ဆိုးလို့လေ ပြီးတော့လခြမ်းတိုက်ခန်းဆိုသူလာမရှာရဲဘူးငါ့တိုက်ခန်းဆိုသူ့အိမ်သူ့ယာလိုဝင်ထွက်နေတာ အရင်ကသူ့အိမ်ကိုဝင်ထွက်ခဲ့သမျှလက်စားချေနေတာလားမသိဘူး”

“အဲ့တာများ လျှို့ဝှက်လမ်းကနေအပြင်ကိုခိုးထွက်လို့ရတယ်လေ ပြီးရင်တစ်နေရာရာမှာပုန်းနေပေါ့ စိတ်ဆိုးပြေမှပြန်လာခဲ့လေ”

“အဲ့လမ်းကိုသိသွားတာဘယ်သူ့လက်ချက်လဲပြော ခင်ဗျားလေးလေ ခင်ဗျားလေးယောကျ်ားကိုအကုန်ဖွင့်ပြောလိုက်ပြီးတော့ ခုသူ့အတွင်းရေးမှူးကိုပါပေးသိလိုက်တယ်လေ အခုအဲ့အပေါက်ဝမှာအစောင့်ပါချထားတော့
ဘယ်အပေါက်ကထွက်စေချင်နေတာလဲ”

စိတ်ဆိုးနေသူကသူ့ကိုမအော်ရက်တာမို့ မျက်စောင်းသာထိုးလာတာကြောင့် အပြစ်ရှိနေတဲ့ကိုယ်က လျှာလေးထုတ်ကာဇက်ပုလိုက်မိသည်။

“ငယ်ငယ့်အခန်းကလည်း..”

“ခင်ဗျားလေးရဲ့အခန်းထဲကိုဘယ်သူကဝင်ရှာရဲမှာလဲ အဲ့တံခါးပေါက်ရှိတာကိုဘယ်သူကသိနေလို့လဲ”

“ဟုတ်ပါပြီ သဘော ငယ်ငယ်ခွင့်ပြုတယ်”

“သေချာတယ်နော် လခြမ်းရဲ့လူကြီးကိုပြောမပြရဘူးနော်”

“မပြောဘူး”

သူ့တုန်းကလည်းကူညီခဲ့တာမို့ ယခုအခြေအနေကပမွှားလေးသာသာပဲဟာ အရေးမကြီးပါဘူး။သူတို့ချင်းစိတ်ဆိုးတာခဏပေါ့ ပြီးရင်စိတ်ပြန်ပြေသွားရင် အဆင်ပြေသွားလိမ့်မယ်။

“ပြီးတာပဲ အဲ့တာဆိုသွားတော့မယ် မဟုတ်လို့ဟိုလူကြီးနဲ့တိုးရင် အလုပ်ကိုအတင်းဆွဲခေါ်သွားတော့မှာ အမေတို့ကလည်းသူ့ဘက်မှာဘဲ သားများမှားနေလားမသိဘူး”

ပြောရင်းမတ်တပ်ရပ်လိုက်တာမို့ ငယ်ငယ့်မှာသတိပေးရသေးသည်။

“ကားကိုဖြည်းဖြည်းမောင်းနော်”

“စိတ်ချ ငါသွားပြီနော် ဟိုလူကြီးလစ်တာနဲ့ငါလာကြည့်မှာ ကိုယ့်ကိုယ်ကိုဂရုစိုက်အုံး”

“အင်းပါ”

လေအလျင်လိုထွက်သွားတဲ့နောင်းညိုတံခါးမပိတ်ရသေးခင် ကိုကိုကအခန်းထဲဝင်လာလေသည်။လက်ထဲကိုင်လာတာက အသီးပန်းကန်တွေ။အခန်းထဲဝင်လာလာချင်း ကုတင်ဆီခြေလှမ်းကျဲကြီးတွေနဲ့လျှောက်လာကာ အကြည့်တွေကိုလည်း ငယ်ငယ့်မျက်နှာထက်ကမခွာ။မျက်နှာမှာလည်းအပြုံးတစ်ပွင့်နှင့်။

“ကလေးလေး ထိုင်ရတာခါးနာနေပြီလား”

“ခုနကမနာဘူး ကိုကို့ကိုမြင်တော့နာသွားပြီ”

“လာပါပြီဗျာ”

အသီးပန်ကန်တွေခုံပေါ်တင်ကာ ကုတင်ပေါ်တက်ပြီးလူသားကျောမှီလာလုပ်ပေးလေသည်။ခါးလေးကိုလည်းခပ်ဖွဖွပွတ်ပေးနေတာမို့ ဗိုက်ကလေးတို့ဇိမ်ရှိနေတာ။သူလေးကဘေးခုံပေါ်ကအသီးပန်းကန်ဆီလက်လှမ်းကာပါးစပ်ထဲတန်းထည့်တာပဲ။

“ကိုကို့ချိုတယ်စားကြည့်”

နဂါးမောက်သီးစိတ်လေးခရင်းနှင့်ထိုးကာ နောက်လှည့်ပြီးနှုတ်ခမ်းနားတေ့ပေးလာတာမို့ အလိုက်သင့်လေးပါးစပ်ဟပေးမိသည်။

“ကောင်းလား”

“အွန်း ကောင်းတယ်”

“နောက်ထပ်ရှိသေးလားကိုကို”

“မလောက်လို့လားငယ်”

“ညနေကျရင်စားမလို့ ကြိုမှတ်ထားတာ”

“ကြိုမှတ်မထားလည်းစားချင်တဲ့အချိန်ပြေးဝယ်ပေးလို့ရပါတယ်ဗျာ”

“ကိုကိုကအတော်ဆုံး မွ”

မေးကိုမော့နမ်းပြီးလည်းချွဲလိုက်ပါသေးသည်။အတတ်ကလေးကသိပ်ချစ်ဖို့ကောင်းလာတာ။ဗိုက်လုံးလေးနှင့်တောင်မှ အရမ်းတောက်ပနေတာမို့ မျက်စိအောက်ကအပျောက်မခံချင်စရာလေး။

“လိမ္မော်သီးလည်းချိုတယ် ငယ်ငယ့်အပင်ကမလားကိုကို”

“ဟုတ်ပဗျာ ငယ်ငယ့်အပင်ကခူးလာတာ”

“အဲ့တာကြောင့်အရမ်းချိုနေတာ ကိုကိုစားကြည့်”

အသီးတွေလှီးရင်းချိုတာတွေပဲရွေးထည့်လာပေးတာကိုသူလေးမသိ။တစ်မျိုးစားရင်းချိုတယ်ဆိုကာသူ့ကိုလှည့်ပြီးခွံ့နေတာမို့ ပြုံးပြုံးကြီးသာစားပေးလိုက်သည်။နတ်ဘုရားပေါက်စလေးကသိပ်ချစ်ဖို့ကောင်းတာပဲ။အဲ့တာကြောင့်လည်းတစ်ခါတည်းတွေ့ဖူးပြီး တစ်ဘဝစာရင်းရဲတာဖြစ်မှာ။

“အ့”

“ဘာဖြစ်လို့လဲငယ်”

ရုတ်တရက်ထညည်းလိုက်တာမို့ သူစိုးရိမ်စိတ်ကငယ်ထိပ်တက်ကာ ခြေမကိုင်မိလက်မကိုင်မိ။ခက်ရင်းလေးကိုင်ကာ ပါးစပ်ထဲကအသီးကိုမဝါးရသေးတာကြောင့် ပါးပြင်လေးကဖောင်းဖောင်းလေး။အဲ့တာကိုမှအံ့ဩသလိုမျက်လုံးဝိုင်းလေးပြူးကာတောင့်တောင့်လေးဖြစ်နေတာမို့ သူ့မှာဘာလုပ်ရမှန်းမသိသေး။

“ကန်တယ်ကိုကို”

“ဟမ်”

“ကလေးလေးတွေကကန်တယ်”

ပြောရင်းလက်ထဲကခက်ရင်းကိုချပြီး ကိုယ့်လက်ကိုယူကာ သူ့ဗိုက်လေးထက်တင်ပေးလာလေသည်။လက်ဖဝါးကိုတိုးဝှေ့လာတဲ့အထိအတွေ့လေးတစ်ချို့မှာ သူနှလုံးသားတွေညံ့သက်ကုန်သည်။ခံစားချက်အသစ်အဆန်းမို့ဖော်ပြစရာစကားရှာမတွေ့။

“ကိုကိုခံစားမိလား”

“အွန်း”

“အသည်းယားဖို့ကောင်းတယ်မလား”

“အွန်း”

“ကိုကိုဘာဖြစ်နေတာလဲ”

ရုတ်တရက်ငြိမ်ကျသွားတဲ့သူ့ကိုလှည့်ကြည့်ပြီးမေးလာတာမို့ ပုခုံးလေးပေါ်ခေါင်းမှောက်ချရင်း အပြုံးတွေကိုဖုံးဖိရသည်။ခုချိန်သူကအရူးကြီးနဲ့တူနေမှာ။

“ကိုကိုအရမ်းပျော်နေတာ ငယ်ငယ့်ဗိုက်ထဲမှာကိုယ့်သွေးသားလေးတွေလေ သူတို့ရဲ့တုံ့ပြန်မှုလေးတွေကိုအရမ်းသဘောကျလို့ ငယ်ငယ် ကိုယ်အရမ်းစိတ်လှုပ်ရှားနေတာ ကိုယ်ကလေးအဖေဖြစ်တော့မယ်ဆိုတာမယုံနိုင်သေးဘူး”

“ဟီးဟီး ကိုကိုငိုနေတာမလား ကိုကိုအရမ်းပျော်နေတာမလား”

ပုခုံးထက်ကခေါင်းကိုပြန်မမော့ဘဲခေါင်းသာညိတ်ပြမိသည်။မြတ်နိုးစွာတဖွဖွနမ်းခဲ့တဲ့ဗိုက်လုံးလုံးလေးဆိုပေမယ့် အခုချိန်ကပထမဆုံးအကြိမ်တုံ့ပြန်မှုမလို့ ပီတိတွေကြည်နူးမှုတွေပျော်ရွှင်မှုတွေရောပြွန်းကာ ရင်ထဲမှာပြောမပြတတ်စွာ။

ကိုယ်ဟာမာကျောခဲ့တယ်ဆိုပေမယ့် သက်ဆိုင်သူလေးနှင့်ပတ်သပ်လာရင်အမြဲနူးညံ့သွားမြဲ။အခု နောက်ထပ်သက်ရှိလေးနှစ်ယောက်ကပါသူ့နှလုံးသားတွေကိုအရည်ဖျော်အုံးမည်။သူ့ဘဝကျန်တဲ့တစ်လျှောက်လုံးနူးညံ့မှုတွေနှင့်သာအသက်ဆက်ရတော့မည်မှန်း တွေးကြည့်ရုံနှင့်သိပ်သိသာပါသည်။

“ကိုကို”

“အွန်”

“ကိုကို”

“ပြော”

“ကိုကိုလို့”

“ဗျ”

“ဟီးဟီး.. “

ဗျလို့မထူးမချင်းခေါ်တတ်တဲ့သူ့အကျင့်လေးကဘယ်ကတတ်လာသလဲမသိ။အသည်းယားစွာပါးဖောင်းဖောင်းလေးကိုနှာခေါင်းနှင့်ပစ်တိုက်ပစ်တော့ သဘောကျစွာရယ်မောလာလေသည်။

ပါးချိုင့်ခွက်လေးထဲနှာခေါင်းနှစ်ထားကာပြန်မဖယ်မိတော့။ဗိုက်လေးကိုလည်းလက်ဖဝါးလေးနှင့်ဖွဖွပွတ်ပေးနေမိသည်။သူ့အသက်ရှည်ဆေးလေးတွေ။သူ့အသက်မှီတွယ်ရာလေးတွေ။သူ့အပြုံးဖန်တီးရှင်လေးတွေ။

“ကိုကို”

“ဗျာ”

“အလုပ်မလုပ်တော့ဘူးလား”

“ဘာလို့လဲ”

“ကိုကိုအလုပ်မသွားတာကြာနေပြီ ငယ်ငယ့်နားဘဲတောက်တဲ့လိုကပ်နေတာ အလုပ်မလုပ်ရင်ပိုက်ဆံမရဘူးလေအဲ့တာဆိုငယ်ငယ်တို့ဘာနဲ့စားမှာလဲ ကလေးလေးတွေလည်းထွက်လာတော့မှာကို အလုပ်ပိုကြိုးစားရမှာပေါ့”

“ဟားဟားဟား ငယ်ကကွာ အခုကိုကိုပိုင်တဲ့စည်းစိမ်တွေကသားသမီးတွေတင်မကဘူး မြေးမြစ်တွေအထိပါသုံးမကုန်ဘူး ကိုကိုရှာထားတာတွေမှထားစရာနေရာတောင်မရှိဘူး”

“ဒါပေမယ့်”

“ကိုကို​ပြောပြမယ် အခုချိန်မှာကိုကို့အတွက်ငယ်သာပထမ ငယ်သာဒုတိယ ငယ်ကသာတတိယပဲ အလုပ်တွေကိုကြည့်ပေးဖို့ကျောက်စက်ရှိသလို Geoလည်းရှိတယ် တိမ်ငွေ့နဲ့နောင်းညိုလည်းကူပေးနေတယ် ပြီးတော့ကိုယ့်လူယုံတွေလည်းတစ်ပုံကြီး အလုပ်တွေကိုစိတ်မပူပါနဲ့ ကိုယ့်ငယ်ငယ်ကိုရွှေပေါ်မြတင်ထားနိုင်ဖို့အတွက်ကိုယ်ကြိုးစားထားပြီးသား ဟုတ်ပြီလား”

“ကိုကို့ကိုယုံတယ်လေ”

“ဒါဆိုဘာလို့အလုပ်တွေလုပ်စေချင်နေတာတုန်း ဘာလဲကိုကိုကအရမ်းကပ်တွယ်နေလို့မကြိုက်ဘူးလား”

“ဟုတ်ပါဘူး ငယ်ငယ်ကမေးကြည့်ရုံလေးပဲဟာ တော်ကြာကိုကိုအလုပ်မသွားတာကြာတော့အလုပ်တွေမေ့ကုန်မှာဆိုးလို့”

“ဖြစ်ရလေဗျာ”

“မနေ့ကကိုဝိုင်းလာသွားတယ်မလား ဘာလာပြောသွားတာလဲမျက်နှာလည်းမကောင်းဘူး ကိုကြီးအဆင်မပြေလို့လား ကိုကြီးကရောဘာလို့အဲ့အိမ်မှာနေနေတာလဲ”

ထုတ်မေးလာတဲ့အကြောင်းတွေကို သူဘယ်ကစပြောရမလဲမသိ။သူ့အစ်ကိုအကြောင်းကို သူလေးအားလျှို့ဝှက်မထားချင်။နောက်လည်းသိလာမှာမလို့ ယခုအချိန်အားလုံးရှင်းပြထားချင်သည်။ထိန်ချန်ထားခံရလို့စိတ်ဆိုးသွားမှာမကြောက်ပေမယ့် သူလေးအပေါ်ဘာမှလျှို့ဝှက်မထားချင်ဘူး။

နောက်ပြီးစက်ရိပ်ကိုလည်း သနားမိသည်။သူတစ်ယောက်တည်းကျိတ်မှိတ်ခံစားခဲ့ရတဲ့နှစ်တွေအတွက် ယခုအချိန်လူတိုင်းရဲ့နှစ်သိမ့်မှုရစေချင်သည်။မမြင်ဖူးလိုက်တဲ့တူဖြစ်သူလေးအတွက်စိတ်မကောင်းဖြစ်ရသလို ညီဖြစ်သူခံစားရတာကို ကိုယ်ချင်းလည်းစာမိသည်။

“ငယ်ငယ်”

“ဗျာ”

“ငယ့်ကိုကြီးနဲ့ပတ်သပ်ပြီးတော့ပြောစရာရှိတယ်”

“အရေးကြီးလို့လားဟင်”

“အင်း အရမ်းအရေးကြီးတယ်”

နားထင်လေးထက်နှာဖျားနှင့်ဖိကပ်ကာ ရှင်းပြဖို့အားယူရသည်။

“ဒါဆိုပြောပြလေ”

“တကယ်တော့ ငယ့်ကိုကြီးက Omega”

“ကိုကိုကလျှောက်ပြောပြန်ပြီ ကိုကြီးAlphaမှန်းလူတိုင်းသိနေတာကို ပြီးတော့ကလေးလည်းရှိတယ်”

“ကိုကိုတကယ်ပြောနေတာ ငယ့်မရီးကွာရှင်းတယ်ဆိုတာကလည်းအဲ့တာကြောင့်ပဲ ကလေးကလည်းစက်ရိပ်ကလေးမဟုတ်ဘူးသူ့ချစ်သူနဲ့ရတာ အဲ့လူမှာလည်းအိမ်ထောင်ရှိတယ်”

“ကိုကို့”

သူ့စကားဆုံးတော့ စူးကနဲအော်လာသံက ဒေါသလေးတွေနှင့်။

“စိတ်အေးအေးထားနော် အရမ်းစိတ်မလှုပ်ရှားနဲ့”

“ကိုကြီးကဘယ်လိုလုပ်ပြီး အဲ့လိုဖြစ်နိုင်မှာလဲ ကိုကိုမစနဲ့နော်”

“အရင်တုန်းကတော့Alphaဟုတ်တယ် ဒါပေမယ့်အသက်၂၇လောက်မှပြောင်းလဲသွားတာ ပြီးတော့အဲ့အချိန်တခြားAlphaနဲ့အတူနေမိသွားတယ်……………………………………………….. အဲ့လိုဖြစ်သွားတာ”

“ဒါဆိုကိုကြီးမှာကလေးရှိခဲ့ဖူးတာပေါ့”

“ဟုတ်တယ် ကလေးအဖေက Horizon”

“ဒီအကြောင်းတွေကိုကြီးပြောပြတာသေချာလား”

“သေချာတယ် ငယ်သတိရလာတဲ့နေ့က ငယ့်ကလေးတွေအကြောင်းကြားပြီး သူမခံစားနိုင်တော့လို့ထုတ်ပြောလာတာထင်တယ် Horizonကတော့မနေ့ကမှလာပြောပြတာ သူလည်းတော်တော်ခံစားနေရတာ သူ့အပြစ်လို့ချည်းပဲပြောနေတာ”

ခဏတာငြိမ်သက်သွားတဲ့ကလေးက သူ့ဗိုက်လေးသူငုံ့ကြည့်ရင်း ခပ်ဖွဖွပွတ်သပ်ရင်းဘာတွေတွေးနေသလဲမသိ။တိတ်ဆိတ်စွာပဲပွေ့ဖက်ထားမိရင်း လက်ခံဖို့အချိန်ပေးရသည်။

သူတို့ကဟိုအရင်ကတည်းကသိပြီးသားကိစ္စဖြစ်တာမို့ ကလေးအကြောင်းကြားမိချိန်မှသာအံ့ဩသွားရတာ။တစ်ချို့အံ့ဩဖွယ်ရာတွေက မယုံကြည်နိုင်လောက်အောင် တကယ်တည်ရှိနေမှုမျိုး။

“ကိုဝိုင်းအပြစ်ချည်းပဲလဲမဟုတ်ပါဘူး ကိုကြီးကထွက်ပြေးသွားတာလေ အမှန်အတိုင်းမပြောဘဲဇွတ်သိမ်းပိုက်တာကတော့မကောင်းဘူးပေါ့ ကိုကြီးတို့အိမ်ထောင်ရေးကဘယ်လိုအခြေနေပဲဖြစ်ဖြစ်ကိုဝိုင်းကတော့အဲ့လိုမလုပ်သင့်ဘူးလေ”

“Horizonကတကယ်ချစ်တာ စဖြစ်ခဲ့ကတည်းကကိုကိုတို့ကိုဖွင့်ပြောတာ ပြီးတော့ကိုယ့်အဆက်အသွယ်တွေနဲ့ရှာခိုင်းခဲ့တာ အဲ့တုန်းကကိုယ့်လုပ်ပိုင်ခွင့်ကအဲ့လောက်မကျယ်ပြန့်ခဲ့လို့လက်လှမ်းမမှီခဲ့ရုံပဲ သူကအဲ့ကတည်းကပြောတယ်အဲ့တစ်ယောက်ကိုပဲသူလက်ထပ်မှာလို့”

“လေးလေးတို့ရောသိသွားပြီလားဟင်”

“မနေ့ကအဲ့ကိစ္စလာတိုင်ပင်တာ စက်ရိပ်ကခုတစ်လောသိပ်အဆင်မပြေဘူး ငယ့်ဆီလာရင်သာအဆင်ပြေသလိုဟန်ဆောင်နေလို့မသိတာ Horizonကတော့အားလုံးကိုဖွင့်ပြောပြီးတော့တရားဝင်လက်ထပ်ချင်တာ ဒါပေမယ့်စက်ရိပ်ဘက်ကိုလည်းကြည့်ရသေးတယ်လေ သူအဆင်မပြေမှာစိုးလို့ဘာမှမလုပ်ရသေးတာ”

“ကိုကြီးကိုတွေ့ချင်တယ်”

“ညနေခေါ်လာခိုင်းပေးမယ် ငယ်ကတော့အရမ်းစိတ်ညစ်ခံလို့မရဘူးနော် သူ့ဘက်ကအခြေနေကိုစာနာပေမယ့် ငယ့်ကိုလည်းစိတ်ညစ်မခံစေချင်ဘူး ကိုကိုပြောတာနားလည်တယ်မလား”

“ဟုတ်”

“လိမ္မာတယ် ဘာစားချင်သေးလဲ”

နားထင်ဘေးကိုတစ်ချက်နမ်းကာ အလိုက်တသိမေးရသည်။စောနကိစ္စတွေကြောင့်စိတ်ညစ်နေမှာစိုး၍ အစားများများကျွေးရမည်။စိတ်ညစ်လျှင်အစားသောင်းကျန်းကာစိတ်ဖြေလျှော့တတ်တာ ဒီကလေးရဲ့ချစ်စရာအကျင့်။

“လမ်းခဏလောက်လျှောက်ချင်တယ်ကိုကို အိပ်လိုက်ထိုင်လိုက်နဲ့ ညောင်းနေပြီ”

“ဟုတ်ပြီကိုကိုတွဲပေးမယ်နော်”

ကုတင်ပေါ်ကအရင်ဆင်းကာဖိနပ်အရန်သင့်ချပေးပြီးမှ ငယ်ငယ့်ကိုကုတင်ပေါ်ကအသာကူတွဲချပြီး လက်နှစ်ဖက်နှင့်ထိန်းပေးထားရသည်။လူကောင်သေးသေးလေးကိုနှစ်ယောက်စာဗိုက်ဝိုင်းဝိုင်းလေးကခုနှစ်လထဲရောက်နေပြီမို့ မနိုင်ဝန်ထမ်းခိုင်းထားရသလိုပဲ။တစ်ခါတစ်လေသူသာအစားထိုးလိုက်ချင်သည်။

သူ့ဆီကလေးလုပ်လို့မဝသေးသူက ဗိုက်ထဲကနှစ်ယောက်နှင့်ပတ်သပ်လာလျှင်မညည်းညူတတ်။ညမှာခဏခဏtoiletဝင်ရလို့ အိပ်ရေးပျက်ကြောင်းမညည်းညူတတ်သလို အထိုင်များလို့ခါးညောင်းလည်းပြုံးနေတတ်တာပဲ။အညောင်းပြေလမ်းလျှောက်ရင်းခြေထောက်လေးတွေယောင်လာရင်တောင်သည်းခံနေတတ်သေးတာ။

ကိုယ်ဝန်နှင့်မို့အောက်ထပ်ကအခန်းကျယ်ကြီးထဲမှာသာ နှစ်ယောက်လုံးရွှေ့ပြောင်းနေဖြစ်သည်။ဗိုက်ကလေးအတွက် လှေကားအတက်အဆင်းတွေနဲ့မို့ အပေါ်ထပ်မှာပဲပိတ်လှောင်မထားချင်။ခြံထဲကလေညှင်းလေးတွေကိုရှူသွင်းစေချင်သလို သဘောကျတဲ့စံပယ်သင်းရနံ့လေးတွေကိုလည်း ထိတွေ့ခွင့်ရစေချင်သည်။

“ကိုကိုမှန်တံခါးဖွင့်ပေး”

ဆောင်းရာသီမို့လေစိမ်းတွေတိုက်မှာစိုး၍မှန်တံခါးတွေပိတ်ထားတာကို သူသဘောမကျဘူးထင်သည်။အပြင်သိပ်မထွက်ရတာမို့ လေညှင်းတွေနဲ့မထိတွေ့ရတာကိုမကျေနပ်တာဖြစ်မည်။

ဆိုဖာထက်ခဏထိုင်ခိုင်းခဲ့ကာမှန်တံခါးတွေဖွင့်ရင်း လိုက်ကာစတွေပါဖွင့်ပေးဖြစ်သည်။လေသာဆောင်မှာပါကော်ဇောတွေခင်းထားတာမို့ သူလေးစိတ်တိုင်းကျတွဲလျှောက်ပေးလိုက်သည်။

ဗိုက်ပူလုံးလေးကသူ့အဝတ်စားတွေကောက်စွပ်ထားတာမို့ သိပ်ချစ်ဖို့ကောင်းနေတော့တာပါပဲ။ကိုယ်ဝန်ရှိပြိးမှသူ့ဖယ်ရိုမုန်းအနံံ့တွေကိုအရမ်းကိုနှစ်ခြိုက်လာတာ။ပြောသေးသည် ထိုရနံ့တွေရှိမှလုံခြုံတယ်လို့ခံစားရတာပါတဲ့။ဗိုက်လုံးလုံးလေးသာခံမနေရင် အသည်းတယားယားမွှေ့ယမ်းပစ်မိမှာ။

လေညှင်းတွေရဲ့တိုးသဲ့သဲ့တေးဆိုသံကိုနားထောင်ရင်း ပန်းပွင့်လေးတွေရဲ့ရနံ့တစ်ချို့နှင့်ဖျားယောင်းမှုကိုစီးမျှောရင်း မိသားစုလေးယောက်လုံးသိပ်အေးချမ်းပါသည်………….

…………………..

“ပထဝီ”

အိပ်ခန်းထဲရှာကြည့်တော့လည်းမရှိ။ဒီကောင်ဘယ်တွေသွားနေတာပါလိမ့်။နေမကောင်းသေးတာကိုအပြင်များထွက်သွားတာလားမသိ။

အိမ်အပြင်ထွက်ကာပျိုးပင်တွေကြားလိုက်ကြည့်သော်လည်းမတွေ့။ခြံထဲကကောင်လေးတွေကိုမေးကြည့်တော့ အိမ်နောက်ဘက်ထွက်သွားသည်တဲ့။ထူးထူးဆန်းဆန်း။

အိမ်နောက်ကလမ်းသွယ်လေးကိုလျှောက်တော့ ဝါးတောစိမ်းစိမ်းထဲရောက်သည်။ဝါးရွက်တွေလေတိုးသံနှင့်စိုးစီစိုးစီအော်မြည်နေသောပိုးကောင်လေးတွေအသံမှလွဲရင် အရာရာဟာငြိမ်သက်တိတ်ဆိတ်နေပါသည်။

ခပ်တိုးတိုးရေစီးသံရှိရာဆီဆက်လျှောက်မိတော့ တသွင်သွင်စီးဆင်းနေတဲ့ချောင်းသွယ်လေးရဲ့ဘေး ကျောက်ဆောင်ကြီးပေါ်ထိုင်ရင်း လက်ထဲကကျောက်ခဲလေးတွေကိုချောင်းထဲပစ်ပေါက်နေတာ။ဘာတွေစိတ်မကြည်နေသလဲမသိပါဘူး။

လခြမ်းလည်းအဆင်ပြေနေတာမို့ ပြည်နယ်ကစိုက်ခင်းတွေဆီပြန်လာကြည့်တာသုံးရက်ရှိပြီ။မနေ့ညနေခင်းနှစ်ယောက်သားရေချိုးရင်း ကြည်စယ်လွန်သွားကာအအေးမိပြီးဖျားသွားတာမို့ ယနေ့သူ့ကိုအိမ်မှာသာထားခဲ့တာ။ယခုမြို့ထဲကပြန်လာတော့အိမ်မှာရှိမနေဘဲ ချောင်းဘေးရောက်နေတယ်တဲ့။

“ပထဝီ”

နှုတ်မှခေါ်ရင်း ခြေလှမ်းတွေကိုလည်းသူရှိရာဆီဦးတည်မိသည်။လက်ချောင်းတွေခဏတန့်သွားရုံကလွဲလှည့်မကြည့်လာသူကြောင့်မျက်ခုံးတစ်ဖက်ပင့်မိသွားသည်။နေမကောင်းရင်ကြံဖန်ဂျစ်တိုက်တတ်တဲ့အကွက်တွေစပါပြီ။

“နေမကောင်းသေးဘဲဘာလို့ဒီရောက်နေတာလဲ ညကျပြန်ဖျားရင်အတူပေးမအိပ်ဘူးနော်”

သူ့ကိုအပီချုပ်နိုင်တဲ့အကွက်ကိုကြိုသိနေတာမို့ ချော့ဖို့ရာသိပ်မခဲယဥ်း။ဆူသုန်သုန်လေးလှည့်ကြည့်လာတဲ့DominantAlphaကြီးက ကလေးဆန်ပေမယ်ချစ်ဖို့ကောင်းပါတယ်လေ။သူနှင့်မျက်နှာချင်းဆိုင်မှာဝင်ရပ်ရင်း ခပ်ပြုံးပြုံးနှင့်စိုက်ကြည့်လိုက်တော့ မျက်လွှာချသွားလေသည်။

“ကဲပြော ဘာတွေအလိုမကျနေတာလဲ”

“ဘာမှမရှိဘူး”

“အဲ့တာဆိုဘာလို့မျက်ခုံးတွေတွန့်ချိုးထားတာလဲ”

“ခေါင်းကိုက်လို့”

“ခေါင်းကိုက်တာကို အနွေးထည်မဝတ်ဘဲလေညှင်းခံနေတယ်ပေါ့”

ပြောရင်းဝတ်ထားတဲ့အပေါ်ထပ်ဂျာကင်ကိုချွတ်ကာသူ့ကိုခြုံပေးလိုက်တော့ မျက်လုံးသာတစ်ချက်လှန်ကြည့်လာလေသည်။

“ဒီမှာနေရတာငြီးငွေ့လို့လား ပြန်ချင်နေပြီလား”

“မပြန်ချင်ပါဘူး”

“ပြော ဘာတွေအလိုမကျနေတာလဲ”

ပြန်ဖြေမလာတာမို့ သူ့စိတ်ထဲအလိုမကျတာတစ်ခုခုရှိမှာသေချာပါသည်။တစ်ခုခုဆိုဟန်ဆောင်ငြင်းမနေဘဲ နှုတ်ဆိတ်ဆန္ဒပြတတ်တာသူ့အကျင့်လေးတစ်ခု။

“မင်းပြောမှကိုယ်ကသိမှာပေါ့ပထဝီရဲ့ မင်းကထုတ်မပြောဘဲအဲ့လိုကြီးနေတော့ ကိုယ့်စိတ်ထဲလည်းပျော်မနေတော့ဘူးလေ”

“ဟမ့်”

“ပြောပြပါကွာ”

ကျောက်တုံးပေါ်ထိုင်နေသူနှင့်မျက်နှာချင်းဆိုင်ရပ်နေပေမယ့် ကိုယ့်မျက်ဝန်းတွေကိုတည့်တည့်ကြည့်မလာဘဲ ခေါင်းသာငုံ့ထားလေသည်။ခဏကြာမှ

“ဒီနေ့ကိုယ်ငွေ့ပစ္စည်းတွေကိုလိုက်ကြည့်မိတယ်”

“အွန်း စိတ်အခန့်မသင့်စရာဘာတွေ့လဲ”

“စိတ်အခန့်မသင့်တာမဟုတ်ဘူး ဒီအတိုင်း…..စိတ်မကောင်းတာ”

“ဘာတွေ့လဲပြောပြလေ”

“လခြမ်းဆွဲပေးတဲ့မွေးနေ့လက်ဆောင်ပန်းချီကား”

လက်ထဲကကျောက်ခဲလေးတွေကိုဆော့ကစားနေရင်း မော့မကြည့်လာဘဲခပ်တိုးတိုးသာဆိုလာသူက ကိုယ်စိတ်ဆိုးမှာကြောက်နေတာ။

“ဟောဗျာ အဲ့တာကိုဘာလို့စိတ်မကောင်းတာတုန်း ကိုယ်သိမ်းထားတယ်ဆိုတာလက်ဆောင်မို့လို့ပါကွာ ပြီးတော့သူ့အပေါ်အရင်လိုမတွေးဖြစ်တာသူလက်ထပ်သွားကတည်းက အခုဆိုသူကကိုယ့်အတွက်စောင့်ရှောက်ပေးရမယ့်ညီလေးတစ်ယောက်လိုပဲ မင်းနဲ့တွဲကတည်းကကိုယ့်စိတ်တွေအကုန်မင်းပေါ်မှာပဲထားဖို့ကြိုးစားခဲ့ပြီးသား ဘာမှစိတ်မကောင်းဖြစ်မနေနဲ့နော်”

ငုံ့ထားတဲ့ခေါင်းထက်မှ ဆံနွယ်တွေကိုထိုးဖွမိရင်း လေ​ပြေလေးနှင့်ရှင်းပြရသည်။ကိုယ့်အချစ်ကိုစွပ်စွဲတယ်ဆိုပြီးလည်းစိတ်မဆိုးရက်ဘူး။နေမကောင်းရင်အတွေးများတတ်တာသိနေတာမလို့။

“အဲ့လိုမဟုတ်ဘူး ကိုယ်ကသူ့လိုမျိုးအဖြစ်မရှိလို့”

“ဘာဆိုင်လို့လဲကွာ လူတိုင်းမှာမတူညီတဲ့ဝါသနာနဲ့ထူးချွန်မှုတွေရှိကြတာပဲဟာ ကိုယ်ကသူပန်းချီဆွဲတတ်လို့သဘောကျခဲ့တာမဟုတ်သလို မင်းမဆွဲတတ်တာကြောင့်လည်းကိုယ်အပြစ်မြင်မနေဘူးလေ လူတစ်ယောက်ကိုသဘောကျဖို့အကြောင်းပြချက်မှမလိုတာ တကယ်ချစ်မိရင်ကိုယ်အမုန်းဆုံးအရာတွေသူ့ဆီရှိနေရင်တောင်ပစ်မသွားနိုင်သလို မချစ်တော့ရင်လည်းအရင်ကသဘောကျခဲ့တာတွေတောင်အပြစ်ဖြစ်သွားနိုင်တာပဲလေ အဲ့လိုတွေးကြေးဆိုရင်မင်းကသူ့လိုမနူးညံ့ဘဲကြမ်းတမ်းနေသလို Omega မဟုတ်တဲ့ Alphaလည်းဖြစ်နေသေးတယ်”

“ငွေ့နော်”

သူ့စကားဆုံးမှမော့ကြည့်လာပြီး ခပ်စူးစူးလေးအော်လာလေသည်။မျက်မှောင်တွေကျုံ့ထားသလို နှုတ်ခမ်းကလည်းမသိမသာစူချင်နေသေးသည်။

“ဘယ်လိုမျက်နှာထားလေးလည်းကွာ မသိရင်အနိုင်ကျင့်ခံထားရတဲ့မိန်းမပျိုလေးရုပ်နဲ့”

“ကိုယ်စိတ်မကောင်းဖြစ်နေတာကို အဲ့လိုတွေမပြောဘဲချော့လိုက်ပါတော့လား”

“ဟောဗျာ ဘယ်လိုတွေချော့စေချင်နေတာတုန်း”

“ချော့တတ်သလိုချော့”

“ကဲ……သူကကိုယ့်ကိုသူကိုယ်တိုင်ဆွဲတဲ့ပန်းချီကားပေးခဲ့သလို မင်းကလည်းကိုယ့်ကိုမင်းကိုယ်တိုင်စိုက်ခဲ့တဲ့ပန်းတစ်ခင်းပေးခဲ့တာပဲလေ မင်းပေးတဲ့လက်ဆောင်ကိုကိုယ်တကယ်ကိုကြိုက်တာပထဝီ”

“အဲ့တာဆိုစံပယ်ခင်းကရော”

“ဟမ်”

“သူ့အတွက်ကျတော့စံပယ်တွေကိုယ်တိုင်ပျိုးပေးပြီး ရောင်းရန်မဟုတ်လို့တောင်ဆိုင်းဘုတ်ကပ်လိုက်သေးတယ် ကိုယ့်အတွက်ကရော”

“ဟားဟား…..မင်းကွာ”

“မင်းကငါ့ကိုတကယ်မချစ်ဘူး”

“ကဲ ……ကောက်ပြန်ပြီလားကွာ”

သူအပြုံးတွေမထိန်းနိုင်တော့တာမို့ စကားသံတွေပါရယ်သံစွက်ကုန်သည်။

“ဘယ်သူကကောက်နေလို့လဲ အမှန်အတိုင်းပြောနေတာကို သူများကိုကျတော့ဘာကြိုက်လဲတောင်မမေးဘူး နေနိုင်လိုက်တာ”

ပြောရင်းမျက်ရည်ကဝဲလာသေးသည်။ဒီကောင်စိတ်ကလည်းနုလိုက်တာ။

“ဘယ်သူပြောလဲ မင်းအကြိုက်ကိုမေးမှသိမယ်လို့”

“ဘယ်သူမှပြောပြစရာကိုမလိုဘူး သိပါ့သိပါ့”

“ကဲကွာ…… အိမ်ဘက်ပြန်ရအောင်နော်အေးလာပြီ ဒီနေရာကညနေစောင်းဆိုအရမ်းအေးတာ တော်ကြာအအေးမိပြီးအဖျားပိုကြီးသွားလိမ့်မယ်”

“ပြန်….သွား တစ်ယောက်တည်းပြန် နေမကောင်းတဲ့သူကိုတစ်နေကုန်ပစ်ထားပြီးမှ ခုမှလာပြီးစိုးရိမ်ပြနေ”

“ပစ်ထားတာမဟုတ်ပါဘူးကွာ ကိုယ်အလုပ်ကိစ္စလေးရှိလို့ပါ မနက်ကတည်းကပြောခဲ့တယ်လေ မင်းကလည်းဘာမှမပြောတော့သဘောတူတယ်ထင်လိုက်တာ အဲ့တာကြောင့်ထားခဲ့လိုက်တာမသွားနဲ့ဆိုကိုယ်မသွားဘဲမင်းနားနေပေးမှာပေါ့”

“သဘောတူတယ်လို့မပြောဘူးလေ ဘာမှပြန်မပြောရုံလေးဘဲဟာ”

“ကဲပါကွာ ကိုယ်မှားတာပါဟုတ်ပြီလား အိမ်ဘက်ပြန်ရအောင်နော် လေစိမ်းတွေကအေးတယ် ချောင်းနံဘေးဆိုတော့ခြင်တွေလည်းရှိချင်ရှိနေမှာ”

“အဲ့လောက်နဲ့ဘာမှမဖြစ်ဘူး နုနုရွရွOmegaလေးမှမဟုတ်တာ”

ပြောရင်းအကြည့်တွေကိုလွှဲပစ်လိုက်ကာ လူပါဘေးဘက်လှည့်သွားလေသည်။

“ကဲ… ကိုယ်မနက်ကသွားတဲ့ကိစ္စကမင်းအတွက်ပါကွာ ပြီးရင်မင်းကိုSupriseလုပ်မလို့”

“ဘာမှမလိုချင်ဘူး”

“ဟုတ်လို့လားကွာ… မင်းသိပ်ကြိုက်တဲ့ပန်းသီးစိမ်းတွေတစ်ဧကတောင်စိုက်ပေးထားတာနော်”

“………………”

ခန္ဓာကိုယ်လေးတောင့်ခနဲဖြစ်သွားကာ နားရွက်ကလေးပါထောင်လာလေသည်။သူစချင်လာတာမို့ စိတ်မကောင်းချင်ယောင်ဆောင်သက်ပြင်းချရင်း အသံကိုပါဖျော့ချပစ်လိုက်သည်။

“ဟင်း…… မလိုချင်ဘူးဆိုတော့လည်းဘယ်တတ်နိုင်မလဲပြန်ရောင်းလိုက်တာပေါ့ ကိုသမုဒ္ဒရာဆိုရင်တော့အမြတ်ကောင်း…”

“ယူမှာ ကိုယ့်ဟာလို့”

ကိုယ့်ဘက်ပြန်လှည့်လာပြီး မျက်မှောင်တွန့်ကာအော်လာတာမို့ သူမျက်ခုံးပင့်ပြလိုက်သည်။

“ခုနမလိုချင်ဘူးဆို”

“အဲ့တာလျှောက်ပြောတာ”

“ထိုင်ပြောနေတာပါ”

“ငွေ့”

“ဟားဟားဟား…အဲ့တော့အိမ်ဘက်ကိုပြန်မှာလားမပြန်ဘူးလား”

“ပြန်မှာ”

“ကျောပိုးရအုံးမှာလား”

“ကိုယ်ကသန်သန်မာမာကြီးရှိသေးတယ်”

“ဟုတ်ပါပြီ….လာ”

လက်ဆန့်ပေးတော့ ဆွဲယူကာခုန်ဆင်းလာလေသည်။အနားရောက်လာမှခပ်နွေးနွေးအပူငွေ့ကြောင့်သူသက်ပြင်းချမိသည်။ဖျားနေပြီ။မျက်နှာတွေတောင်ရဲနေပြီ။စိတ်ဆိုးပြီးတမင်ထွက်လာတာဘယ်အချိန်ကတည်းကလဲမသိ။လိုက်သာမရှာမိရင်ဘယ်ချိန်ထိဆက်ထိုင်နေမည်မသိ။

ခေါင်းထက်ထိခတ်လာတဲ့လက်တစ်ဖက်ကြောင့် ငဲ့စောင်းကြည့်မိသည်။ပုခုံးကျော်နေပြီဖြစ်သည့်ဆံနွယ်တွေကို ထိုးဖွနေတာ။

“လေတိုက်နေတော့ ငွေ့ဆံနွယ်လေးတွေကလွင့်နေရော အရမ်းသဘောကျမိလို့ “

“ကိုင်လို့ရတယ် မင်းအပိုင်”

ခပ်တည်တည်ဆိုရင်းရှေ့ဆက်လျှောက်တော့ ရုတ်တရတ် ကျောပေါ်ခုန်တက်လာလေသည်။

“အ့….”

“ကိုယ့်အပိုင်လေးရဲ့ကျောပေါ်ကနေလိုက်ချင်လို့”

“အွန်း အဲ့ကျောပြင်ကလည်းမင်းအပိုင်ပဲ”

သိပ်မပေါ့တဲ့ခပ်နွေးနွေးကိုယ်လေးကိုထိန်းကာ ခြေလှမ်းတွေကိုပုံမှန်ပဲလှမ်းမိသည်။ကျောပြင်ပေါ်ကနေဆံနွယ်တွေကိုဆော့ကစားနေတာကိုမတားမိ။အပေါ်တစ်ဝက်စည်းထားတာကိုဖြည်လိုက်ပြန်ချည်လိုက်လုပ်နေပြန်ပြီထင်သည်။

လူဆိုးလေးကိုမှချစ်မိဖို့ကံပါလာတော့လည်း ဆိုးသမျှပြုံးပြီးကျေနပ်နေရုံပေါ့……………

##################

ငြိမ်း🌞🌻

“လျခမ္းေလးငါ့ကိုကူညီမယ္မလားဟင္”

“ဘာျဖစ္လို႔လဲေနာင္းညိုရဲ႕”

“လုပ္ပါကူညီပါ”

“ဘာျဖစ္လို႔လဲဆိုတာအရင္ေျပာျပေလ”

ကုတင္ေပၚကငယ္ငယ့္လက္ေတြကိုဆုပ္ကိုင္ၿပီး ကေလးေတြလိုဂ်ီတိုက္ေနတဲ့ေနာင္းညိုက အၾကည့္ေတြလႊဲသြားေလသည္။

“ငါအဲ့လူႀကီးကိုေရွာင္ခ်င္လို႔”

“အယ္….ကိုေက်ာက္စက္ကိုစိတ္ေကာက္ေနတာလား”

အံ့ဩသလိုအေမးစကားဆိုေတာ့ ျပန္ေျဖတဲ့စကားေတြက စုခြၽန္ေနတဲ့ႏႈတ္ခမ္းကထြက္လာတာ။

“ဘာကိုေကာက္ရမွာလဲ”

“စိတ္မေကာက္ရင္ဘာလို႔ေရွာင္မွာလဲ”

“မေတြ႕ခ်င္လို႔ေပါ့”

ေျပာရင္း အနားမရွိတဲ့တရားခံကိုရည္႐ြယ္ၿပီးမ်က္ေစာင္းပါထိုးလိုက္ေသးတာမို႔ ငယ္ငယ္ရယ္ခ်င္စိတ္ကိုထိန္းဖို႔ ဗိုက္ေလးကိုသာအသာပြတ္မိသည္။

“အဲ့တာဆိုဘာလို႔ခိုးေျပးတာတုန္း”

“ဘယ္သူကခိုးေျပးတာတုန္း”

“အာ..မွားလို႔ သူကခိုးေျပးတာကိုေနာင္းညိုကလိုက္သြားတာေလ”

“ေပါက္ေပါက္ရွာရွာ သူကအတင္းခိုးေျပးတာ”

“အဲ့တာဆို ျပန္ေပးဆြဲတာလား”

“အဲ့လိုလဲမဟုတ္ဘူး ငါ့သေဘာနဲ႕ငါလိုက္သြားတာ”

“အဲ့တာခိုးေျပးတာေပါ့”

“ဘယ္ကသာသူမလိမ့္တပတ္လုပ္သြားတာ”

“ေနာင္းညိုသူ႕ကိုမႀကိဳက္ရင္ အဆက္အသြယ္ျဖတ္ပစ္လိုက္ ငယ္ငယ္ဦးေလးတို႔ကိုေျပာေပးမယ္ေလ”

“လြန္ကုန္ၿပီလျခမ္းရဲ႕ တစ္ၿမိဳ႕လုံးနီးပါးသိၿပီးသြားၿပီ”

“သိလည္းဘာျဖစ္လဲ ေနာင္းညိုမႀကိဳက္ရင္မယူနဲ႕ေလ”

“လျခမ္းလည္းကိုသမုဒၵရာကိုမႀကိဳက္ဘဲယူထားတာပဲေလ”

“ကိုကိုကငယ့္ကိုအမ်ားႀကီးခ်စ္ေပးတယ္ေလ ငယ္ငယ္လည္းအခုႀကိဳက္သြားၿပီ”

ငယ္ငယ့္စကားကိုၾကားေတာ့ ဂုတ္ပိုးထက္လက္ႏွင့္ပြတ္ၿပီးမလုံမလဲေျပာလာတာက အသံတိုးတိုးေလး။

“သူလည္းငါ့ကိုအမ်ားႀကီးခ်စ္လို႔ခိုးေျပးတာေပါ့ ငါလည္းသူ႕ကိုနည္းနည္းႀကိဳက္တယ္ ေနာက္ဆိုပိုႀကိဳက္သြားလိမ့္မယ္”

“အဲ့တာဆိုဘာလို႔ငယ္ငယ့္တိုက္ခန္းမွာသြားပုန္းေနမွာလဲ”

“လုပ္ခ်င္တာလုပ္ေနတာကိုစိတ္ဆိုးလို႔ေလ ၿပီးေတာ့လျခမ္းတိုက္ခန္းဆိုသူလာမရွာရဲဘူးငါ့တိုက္ခန္းဆိုသူ႕အိမ္သူ႕ယာလိုဝင္ထြက္ေနတာ အရင္ကသူ႕အိမ္ကိုဝင္ထြက္ခဲ့သမွ်လက္စားေခ်ေနတာလားမသိဘူး”

“အဲ့တာမ်ား လွ်ို႔ဝွက္လမ္းကေနအျပင္ကိုခိုးထြက္လို႔ရတယ္ေလ ၿပီးရင္တစ္ေနရာရာမွာပုန္းေနေပါ့ စိတ္ဆိုးေျပမွျပန္လာခဲ့ေလ”

“အဲ့လမ္းကိုသိသြားတာဘယ္သူ႕လက္ခ်က္လဲေျပာ ခင္ဗ်ားေလးေလ ခင္ဗ်ားေလးေယာက်္ားကိုအကုန္ဖြင့္ေျပာလိုက္ၿပီးေတာ့ ခုသူ႕အတြင္းေရးမႉးကိုပါေပးသိလိုက္တယ္ေလ အခုအဲ့အေပါက္ဝမွာအေစာင့္ပါခ်ထားေတာ့
ဘယ္အေပါက္ကထြက္ေစခ်င္ေနတာလဲ”

စိတ္ဆိုးေနသူကသူ႕ကိုမေအာ္ရက္တာမို႔ မ်က္ေစာင္းသာထိုးလာတာေၾကာင့္ အျပစ္ရွိေနတဲ့ကိုယ္က လွ်ာေလးထုတ္ကာဇက္ပုလိုက္မိသည္။

“ငယ္ငယ့္အခန္းကလည္း..”

“ခင္ဗ်ားေလးရဲ႕အခန္းထဲကိုဘယ္သူကဝင္ရွာရဲမွာလဲ အဲ့တံခါးေပါက္ရွိတာကိုဘယ္သူကသိေနလို႔လဲ”

“ဟုတ္ပါၿပီ သေဘာ ငယ္ငယ္ခြင့္ျပဳတယ္”

“ေသခ်ာတယ္ေနာ္ လျခမ္းရဲ႕လူႀကီးကိုေျပာမျပရဘူးေနာ္”

“မေျပာဘူး”

သူ႕တုန္းကလည္းကူညီခဲ့တာမို႔ ယခုအေျခအေနကပမႊားေလးသာသာပဲဟာ အေရးမႀကီးပါဘူး။သူတို႔ခ်င္းစိတ္ဆိုးတာခဏေပါ့ ၿပီးရင္စိတ္ျပန္ေျပသြားရင္ အဆင္ေျပသြားလိမ့္မယ္။

“ၿပီးတာပဲ အဲ့တာဆိုသြားေတာ့မယ္ မဟုတ္လို႔ဟိုလူႀကီးနဲ႕တိုးရင္ အလုပ္ကိုအတင္းဆြဲေခၚသြားေတာ့မွာ အေမတို႔ကလည္းသူ႕ဘက္မွာဘဲ သားမ်ားမွားေနလားမသိဘူး”

ေျပာရင္းမတ္တပ္ရပ္လိုက္တာမို႔ ငယ္ငယ့္မွာသတိေပးရေသးသည္။

“ကားကိုျဖည္းျဖည္းေမာင္းေနာ္”

“စိတ္ခ် ငါသြားၿပီေနာ္ ဟိုလူႀကီးလစ္တာနဲ႕ငါလာၾကည့္မွာ ကိုယ့္ကိုယ္ကိုဂ႐ုစိုက္အုံး”

“အင္းပါ”

ေလအလ်င္လိုထြက္သြားတဲ့ေနာင္းညိုတံခါးမပိတ္ရေသးခင္ ကိုကိုကအခန္းထဲဝင္လာေလသည္။လက္ထဲကိုင္လာတာက အသီးပန္းကန္ေတြ။အခန္းထဲဝင္လာလာခ်င္း ကုတင္ဆီေျခလွမ္းက်ဲႀကီးေတြနဲ႕ေလွ်ာက္လာကာ အၾကည့္ေတြကိုလည္း ငယ္ငယ့္မ်က္ႏွာထက္ကမခြာ။မ်က္ႏွာမွာလည္းအၿပဳံးတစ္ပြင့္ႏွင့္။

“ကေလးေလး ထိုင္ရတာခါးနာေနၿပီလား”

“ခုနကမနာဘူး ကိုကို႔ကိုျမင္ေတာ့နာသြားၿပီ”

“လာပါၿပီဗ်ာ”

အသီးပန္ကန္ေတြခုံေပၚတင္ကာ ကုတင္ေပၚတက္ၿပီးလူသားေက်ာမွီလာလုပ္ေပးေလသည္။ခါးေလးကိုလည္းခပ္ဖြဖြပြတ္ေပးေနတာမို႔ ဗိုက္ကေလးတို႔ဇိမ္ရွိေနတာ။သူေလးကေဘးခုံေပၚကအသီးပန္းကန္ဆီလက္လွမ္းကာပါးစပ္ထဲတန္းထည့္တာပဲ။

“ကိုကို႔ခ်ိဳတယ္စားၾကည့္”

နဂါးေမာက္သီးစိတ္ေလးခရင္းႏွင့္ထိုးကာ ေနာက္လွည့္ၿပီးႏႈတ္ခမ္းနားေတ့ေပးလာတာမို႔ အလိုက္သင့္ေလးပါးစပ္ဟေပးမိသည္။

“ေကာင္းလား”

“အြန္း ေကာင္းတယ္”

“ေနာက္ထပ္ရွိေသးလားကိုကို”

“မေလာက္လို႔လားငယ္”

“ညေနက်ရင္စားမလို႔ ႀကိဳမွတ္ထားတာ”

“ႀကိဳမွတ္မထားလည္းစားခ်င္တဲ့အခ်ိန္ေျပးဝယ္ေပးလို႔ရပါတယ္ဗ်ာ”

“ကိုကိုကအေတာ္ဆုံး မြ”

ေမးကိုေမာ့နမ္းၿပီးလည္းခြၽဲလိုက္ပါေသးသည္။အတတ္ကေလးကသိပ္ခ်စ္ဖို႔ေကာင္းလာတာ။ဗိုက္လုံးေလးႏွင့္ေတာင္မွ အရမ္းေတာက္ပေနတာမို႔ မ်က္စိေအာက္ကအေပ်ာက္မခံခ်င္စရာေလး။

“လိေမၼာ္သီးလည္းခ်ိဳတယ္ ငယ္ငယ့္အပင္ကမလားကိုကို”

“ဟုတ္ပဗ်ာ ငယ္ငယ့္အပင္ကခူးလာတာ”

“အဲ့တာေၾကာင့္အရမ္းခ်ိဳေနတာ ကိုကိုစားၾကည့္”

အသီးေတြလွီးရင္းခ်ိဳတာေတြပဲေ႐ြးထည့္လာေပးတာကိုသူေလးမသိ။တစ္မ်ိဳးစားရင္းခ်ိဳတယ္ဆိုကာသူ႕ကိုလွည့္ၿပီးခြံ႕ေနတာမို႔ ၿပဳံးၿပဳံးႀကီးသာစားေပးလိုက္သည္။နတ္ဘုရားေပါက္စေလးကသိပ္ခ်စ္ဖို႔ေကာင္းတာပဲ။အဲ့တာေၾကာင့္လည္းတစ္ခါတည္းေတြ႕ဖူးၿပီး တစ္ဘဝစာရင္းရဲတာျဖစ္မွာ။

“အ့”

“ဘာျဖစ္လို႔လဲငယ္”

႐ုတ္တရက္ထညည္းလိုက္တာမို႔ သူစိုးရိမ္စိတ္ကငယ္ထိပ္တက္ကာ ေျခမကိုင္မိလက္မကိုင္မိ။ခက္ရင္းေလးကိုင္ကာ ပါးစပ္ထဲကအသီးကိုမဝါးရေသးတာေၾကာင့္ ပါးျပင္ေလးကေဖာင္းေဖာင္းေလး။အဲ့တာကိုမွအံ့ဩသလိုမ်က္လုံးဝိုင္းေလးျပဴးကာေတာင့္ေတာင့္ေလးျဖစ္ေနတာမို႔ သူ႕မွာဘာလုပ္ရမွန္းမသိေသး။

“ကန္တယ္ကိုကို”

“ဟမ္”

“ကေလးေလးေတြကကန္တယ္”

ေျပာရင္းလက္ထဲကခက္ရင္းကိုခ်ၿပီး ကိုယ့္လက္ကိုယူကာ သူ႕ဗိုက္ေလးထက္တင္ေပးလာေလသည္။လက္ဖဝါးကိုတိုးေဝွ႕လာတဲ့အထိအေတြ႕ေလးတစ္ခ်ိဳ႕မွာ သူႏွလုံးသားေတြညံ့သက္ကုန္သည္။ခံစားခ်က္အသစ္အဆန္းမို႔ေဖာ္ျပစရာစကားရွာမေတြ႕။

“ကိုကိုခံစားမိလား”

“အြန္း”

“အသည္းယားဖို႔ေကာင္းတယ္မလား”

“အြန္း”

“ကိုကိုဘာျဖစ္ေနတာလဲ”

႐ုတ္တရက္ၿငိမ္က်သြားတဲ့သူ႕ကိုလွည့္ၾကည့္ၿပီးေမးလာတာမို႔ ပုခုံးေလးေပၚေခါင္းေမွာက္ခ်ရင္း အၿပဳံးေတြကိုဖုံးဖိရသည္။ခုခ်ိန္သူကအ႐ူးႀကီးနဲ႕တူေနမွာ။

“ကိုကိုအရမ္းေပ်ာ္ေနတာ ငယ္ငယ့္ဗိုက္ထဲမွာကိုယ့္ေသြးသားေလးေတြေလ သူတို႔ရဲ႕တုံ႕ျပန္မႈေလးေတြကိုအရမ္းသေဘာက်လိဳ႕ ငယ္ငယ္ ကိုယ္အရမ္းစိတ္လႈပ္ရွားေနတာ ကိုယ္ကေလးအေဖျဖစ္ေတာ့မယ္ဆိုတာမယုံနိုင္ေသးဘူး”

“ဟီးဟီး ကိုကိုငိုေနတာမလား ကိုကိုအရမ္းေပ်ာ္ေနတာမလား”

ပုခုံးထက္ကေခါင္းကိုျပန္မေမာ့ဘဲေခါင္းသာညိတ္ျပမိသည္။ျမတ္နိုးစြာတဖြဖြနမ္းခဲ့တဲ့ဗိုက္လုံးလုံးေလးဆိုေပမယ့္ အခုခ်ိန္ကပထမဆုံးအႀကိမ္တုံ႕ျပန္မႈမလို႔ ပီတိေတြၾကည္ႏူးမႈေတြေပ်ာ္႐ႊင္မႈေတြေရာႁပြန္းကာ ရင္ထဲမွာေျပာမျပတတ္စြာ။

ကိုယ္ဟာမာေက်ာခဲ့တယ္ဆိုေပမယ့္ သက္ဆိုင္သူေလးႏွင့္ပတ္သပ္လာရင္အၿမဲႏူးညံ့သြားၿမဲ။အခု ေနာက္ထပ္သက္ရွိေလးႏွစ္ေယာက္ကပါသူ႕ႏွလုံးသားေတြကိုအရည္ေဖ်ာ္အုံးမည္။သူ႕ဘဝက်န္တဲ့တစ္ေလွ်ာက္လုံးႏူးညံ့မႈေတြႏွင့္သာအသက္ဆက္ရေတာ့မည္မွန္း ေတြးၾကည့္႐ုံႏွင့္သိပ္သိသာပါသည္။

“ကိုကို”

“အြန္”

“ကိုကို”

“ေျပာ”

“ကိုကိုလို႔”

“ဗ်”

“ဟီးဟီး.. “

ဗ်လိဳ႕မထူးမခ်င္းေခၚတတ္တဲ့သူ႕အက်င့္ေလးကဘယ္ကတတ္လာသလဲမသိ။အသည္းယားစြာပါးေဖာင္းေဖာင္းေလးကိုႏွာေခါင္းႏွင့္ပစ္တိုက္ပစ္ေတာ့ သေဘာက်စြာရယ္ေမာလာေလသည္။

ပါးခ်ိဳင့္ခြက္ေလးထဲႏွာေခါင္းႏွစ္ထားကာျပန္မဖယ္မိေတာ့။ဗိုက္ေလးကိုလည္းလက္ဖဝါးေလးႏွင့္ဖြဖြပြတ္ေပးေနမိသည္။သူ႕အသက္ရွည္ေဆးေလးေတြ။သူ႕အသက္မွီတြယ္ရာေလးေတြ။သူ႕အၿပဳံးဖန္တီးရွင္ေလးေတြ။

“ကိုကို”

“ဗ်ာ”

“အလုပ္မလုပ္ေတာ့ဘူးလား”

“ဘာလို႔လဲ”

“ကိုကိုအလုပ္မသြားတာၾကာေနၿပီ ငယ္ငယ့္နားဘဲေတာက္တဲ့လိုကပ္ေနတာ အလုပ္မလုပ္ရင္ပိုက္ဆံမရဘူးေလအဲ့တာဆိုငယ္ငယ္တို႔ဘာနဲ႕စားမွာလဲ ကေလးေလးေတြလည္းထြက္လာေတာ့မွာကို အလုပ္ပိုႀကိဳးစားရမွာေပါ့”

“ဟားဟားဟား ငယ္ကကြာ အခုကိုကိုပိုင္တဲ့စည္းစိမ္ေတြကသားသမီးေတြတင္မကဘူး ေျမးျမစ္ေတြအထိပါသုံးမကုန္ဘူး ကိုကိုရွာထားတာေတြမွထားစရာေနရာေတာင္မရွိဘူး”

“ဒါေပမယ့္”

“ကိုကိုေျပာျပမယ္ အခုခ်ိန္မွာကိုကို႔အတြက္ငယ္သာပထမ ငယ္သာဒုတိယ ငယ္ကသာတတိယပဲ အလုပ္ေတြကိုၾကည့္ေပးဖို႔ေက်ာက္စက္ရွိသလို Geoလည္းရွိတယ္ တိမ္ေငြ႕နဲ႕ေနာင္းညိုလည္းကူေပးေနတယ္ ၿပီးေတာ့ကိုယ့္လူယုံေတြလည္းတစ္ပုံႀကီး အလုပ္ေတြကိုစိတ္မပူပါနဲ႕ ကိုယ့္ငယ္ငယ္ကိုေ႐ႊေပၚျမတင္ထားနိုင္ဖို႔အတြက္ကိုယ္ႀကိဳးစားထားၿပီးသား ဟုတ္ၿပီလား”

“ကိုကို႔ကိုယုံတယ္ေလ”

“ဒါဆိုဘာလို႔အလုပ္ေတြလုပ္ေစခ်င္ေနတာတုန္း ဘာလဲကိုကိုကအရမ္းကပ္တြယ္ေနလို႔မႀကိဳက္ဘူးလား”

“ဟုတ္ပါဘူး ငယ္ငယ္ကေမးၾကည့္႐ုံေလးပဲဟာ ေတာ္ၾကာကိုကိုအလုပ္မသြားတာၾကာေတာ့အလုပ္ေတြေမ့ကုန္မွာဆိုးလို႔”

“ျဖစ္ရေလဗ်ာ”

“မေန႕ကကိုဝိုင္းလာသြားတယ္မလား ဘာလာေျပာသြားတာလဲမ်က္ႏွာလည္းမေကာင္းဘူး ကိုႀကီးအဆင္မေျပလို႔လား ကိုႀကီးကေရာဘာလို႔အဲ့အိမ္မွာေနေနတာလဲ”

ထုတ္ေမးလာတဲ့အေၾကာင္းေတြကို သူဘယ္ကစေျပာရမလဲမသိ။သူ႕အစ္ကိုအေၾကာင္းကို သူေလးအားလွ်ို႔ဝွက္မထားခ်င္။ေနာက္လည္းသိလာမွာမလို႔ ယခုအခ်ိန္အားလုံးရွင္းျပထားခ်င္သည္။ထိန္ခ်န္ထားခံရလို႔စိတ္ဆိုးသြားမွာမေၾကာက္ေပမယ့္ သူေလးအေပၚဘာမွလွ်ို႔ဝွက္မထားခ်င္ဘူး။

ေနာက္ၿပီးစက္ရိပ္ကိုလည္း သနားမိသည္။သူတစ္ေယာက္တည္းက်ိတ္မွိတ္ခံစားခဲ့ရတဲ့ႏွစ္ေတြအတြက္ ယခုအခ်ိန္လူတိုင္းရဲ႕ႏွစ္သိမ့္မႈရေစခ်င္သည္။မျမင္ဖူးလိုက္တဲ့တူျဖစ္သူေလးအတြက္စိတ္မေကာင္းျဖစ္ရသလို ညီျဖစ္သူခံစားရတာကို ကိုယ္ခ်င္းလည္းစာမိသည္။

“ငယ္ငယ္”

“ဗ်ာ”

“ငယ့္ကိုႀကီးနဲ႕ပတ္သပ္ၿပီးေတာ့ေျပာစရာရွိတယ္”

“အေရးႀကီးလို႔လားဟင္”

“အင္း အရမ္းအေရးႀကီးတယ္”

နားထင္ေလးထက္ႏွာဖ်ားႏွင့္ဖိကပ္ကာ ရွင္းျပဖို႔အားယူရသည္။

“ဒါဆိုေျပာျပေလ”

“တကယ္ေတာ့ ငယ့္ကိုႀကီးက Omega”

“ကိုကိုကေလွ်ာက္ေျပာျပန္ၿပီ ကိုႀကီးAlphaမွန္းလူတိုင္းသိေနတာကို ၿပီးေတာ့ကေလးလည္းရွိတယ္”

“ကိုကိုတကယ္ေျပာေနတာ ငယ့္မရီးကြာရွင္းတယ္ဆိုတာကလည္းအဲ့တာေၾကာင့္ပဲ ကေလးကလည္းစက္ရိပ္ကေလးမဟုတ္ဘူးသူ႕ခ်စ္သူနဲ႕ရတာ အဲ့လူမွာလည္းအိမ္ေထာင္ရွိတယ္”

“ကိုကို႔”

သူ႕စကားဆုံးေတာ့ စူးကနဲေအာ္လာသံက ေဒါသေလးေတြႏွင့္။

“စိတ္ေအးေအးထားေနာ္ အရမ္းစိတ္မလႈပ္ရွားနဲ႕”

“ကိုႀကီးကဘယ္လိုလုပ္ၿပီး အဲ့လိုျဖစ္နိုင္မွာလဲ ကိုကိုမစနဲ႕ေနာ္”

“အရင္တုန္းကေတာ့Alphaဟုတ္တယ္ ဒါေပမယ့္အသက္၂၇ေလာက္မွေျပာင္းလဲသြားတာ ၿပီးေတာ့အဲ့အခ်ိန္တျခားAlphaနဲ႕အတူေနမိသြားတယ္……………………………………………….. အဲ့လိုျဖစ္သြားတာ”

“ဒါဆိုကိုႀကီးမွာကေလးရွိခဲ့ဖူးတာေပါ့”

“ဟုတ္တယ္ ကေလးအေဖက Horizon”

“ဒီအေၾကာင္းေတြကိုႀကီးေျပာျပတာေသခ်ာလား”

“ေသခ်ာတယ္ ငယ္သတိရလာတဲ့ေန႕က ငယ့္ကေလးေတြအေၾကာင္းၾကားၿပီး သူမခံစားနိုင္ေတာ့လို႔ထုတ္ေျပာလာတာထင္တယ္ Horizonကေတာ့မေန႕ကမွလာေျပာျပတာ သူလည္းေတာ္ေတာ္ခံစားေနရတာ သူ႕အျပစ္လို႔ခ်ည္းပဲေျပာေနတာ”

ခဏတာၿငိမ္သက္သြားတဲ့ကေလးက သူ႕ဗိုက္ေလးသူငုံ႕ၾကည့္ရင္း ခပ္ဖြဖြပြတ္သပ္ရင္းဘာေတြေတြးေနသလဲမသိ။တိတ္ဆိတ္စြာပဲေပြ႕ဖက္ထားမိရင္း လက္ခံဖို႔အခ်ိန္ေပးရသည္။

သူတို႔ကဟိုအရင္ကတည္းကသိၿပီးသားကိစၥျဖစ္တာမို႔ ကေလးအေၾကာင္းၾကားမိခ်ိန္မွသာအံ့ဩသြားရတာ။တစ္ခ်ိဳ႕အံ့ဩဖြယ္ရာေတြက မယုံၾကည္နိုင္ေလာက္ေအာင္ တကယ္တည္ရွိေနမႈမ်ိဳး။

“ကိုဝိုင္းအျပစ္ခ်ည္းပဲလဲမဟုတ္ပါဘူး ကိုႀကီးကထြက္ေျပးသြားတာေလ အမွန္အတိုင္းမေျပာဘဲဇြတ္သိမ္းပိုက္တာကေတာ့မေကာင္းဘူးေပါ့ ကိုႀကီးတို႔အိမ္ေထာင္ေရးကဘယ္လိုအေျခေနပဲျဖစ္ျဖစ္ကိုဝိုင္းကေတာ့အဲ့လိုမလုပ္သင့္ဘူးေလ”

“Horizonကတကယ္ခ်စ္တာ စျဖစ္ခဲ့ကတည္းကကိုကိုတို႔ကိုဖြင့္ေျပာတာ ၿပီးေတာ့ကိုယ့္အဆက္အသြယ္ေတြနဲ႕ရွာခိုင္းခဲ့တာ အဲ့တုန္းကကိုယ့္လုပ္ပိုင္ခြင့္ကအဲ့ေလာက္မက်ယ္ျပန့္ခဲ့လို႔လက္လွမ္းမမွီခဲ့႐ုံပဲ သူကအဲ့ကတည္းကေျပာတယ္အဲ့တစ္ေယာက္ကိုပဲသူလက္ထပ္မွာလို႔”

“ေလးေလးတို႔ေရာသိသြားၿပီလားဟင္”

“မေန႕ကအဲ့ကိစၥလာတိုင္ပင္တာ စက္ရိပ္ကခုတစ္ေလာသိပ္အဆင္မေျပဘူး ငယ့္ဆီလာရင္သာအဆင္ေျပသလိုဟန္ေဆာင္ေနလို႔မသိတာ Horizonကေတာ့ဖြင့္ေျပာၿပီးေတာ့တရားဝင္လက္ထပ္ခ်င္တာ ဒါေပမယ့္စက္ရိပ္ဘက္ကိုလည္းၾကည့္ရေသးတယ္ေလ သူအဆင္မေျပမွာစိုးလို႔ဘာမွမလုပ္ရေသးတာ”

“ကိုႀကီးကိုေတြ႕ခ်င္တယ္”

“ညေနေခၚလာခိုင္းေပးမယ္ ငယ္ကေတာ့အရမ္းစိတ္ညစ္ခံလို႔မရဘူးေနာ္ သူ႕ဘက္ကအေျခေနကိုစာနာေပမယ့္ ငယ့္ကိုလည္းစိတ္ညစ္မခံေစခ်င္ဘူး ကိုကိုေျပာတာနားလည္တယ္မလား”

“ဟုတ္”

“လိမၼာတယ္ ဘာစားခ်င္ေသးလဲ”

နားထင္ေဘးကိုတစ္ခ်က္နမ္းကာ အလိုက္တသိေမးရသည္။ေစာနကိစၥေတြေၾကာင့္စိတ္ညစ္ေနမွာစိုး၍ အစားမ်ားမ်ားေကြၽးရမည္။စိတ္ညစ္လွ်င္အစားေသာင္းက်န္းကာစိတ္ေျဖေလွ်ာ့တတ္တာ ဒီကေလးရဲ႕ခ်စ္စရာအက်င့္။

“လမ္းခဏေလာက္ေလွ်ာက္ခ်င္တယ္ကိုကို အိပ္လိုက္ထိုင္လိုက္နဲ႕ ေညာင္းေနၿပီ”

“ဟုတ္ၿပီကိုကိုတြဲေပးမယ္ေနာ္”

ကုတင္ေပၚကအရင္ဆင္းကာဖိနပ္အရန္သင့္ခ်ေပးၿပီးမွ ငယ္ငယ့္ကိုကုတင္ေပၚကအသာကူတြဲခ်ၿပီး လက္ႏွစ္ဖက္ႏွင့္ထိန္းေပးထားရသည္။လူေကာင္ေသးေသးေလးကိုႏွစ္ေယာက္စာဗိုက္ဝိုင္းဝိုင္းေလးကခုႏွစ္လထဲေရာက္ေနၿပီမို႔ မနိုင္ဝန္ထမ္းခိုင္းထားရသလိုပဲ။တစ္ခါတစ္ေလသူသာအစားထိုးလိုက္ခ်င္သည္။

သူ႕ဆီကေလးလုပ္လို႔မဝေသးသူက ဗိုက္ထဲကႏွစ္ေယာက္ႏွင့္ပတ္သပ္လာလွ်င္မညည္းၫူတတ္။ညမွာခဏခဏtoiletဝင္ရလို႔ အိပ္ေရးပ်က္ေၾကာင္းမညည္းၫူတတ္သလို အထိုင္မ်ားလို႔ခါးေညာင္းလည္းၿပဳံးေနတတ္တာပဲ။အေညာင္းေျပလမ္းေလွ်ာက္ရင္းေျခေထာက္ေလးေတြေယာင္လာရင္ေတာင္သည္းခံေနတတ္ေသးတာ။

ကိုယ္ဝန္ႏွင့္မို႔ေအာက္ထပ္ကအခန္းက်ယ္ႀကီးထဲမွာသာ ႏွစ္ေယာက္လုံးေ႐ႊ႕ေျပာင္းေနျဖစ္သည္။ဗိုက္ကေလးအတြက္ ေလွကားအတက္အဆင္းေတြနဲ႕မို႔ အေပၚထပ္မွာပဲပိတ္ေလွာင္မထားခ်င္။ၿခံထဲကေလညွင္းေလးေတြကိုရႉသြင္းေစခ်င္သလို သေဘာက်တဲ့စံပယ္သင္းရနံ႕ေလးေတြကိုလည္း ထိေတြ႕ခြင့္ရေစခ်င္သည္။

“ကိုကိုမွန္တံခါးဖြင့္ေပး”

ေဆာင္းရာသီမို႔ေလစိမ္းေတြတိုက္မွာစိုး၍မွန္တံခါးေတြပိတ္ထားတာကို သူသေဘာမက်ဘဴးထင္သည္။အျပင္သိပ္မထြက္ရတာမို႔ ေလညွင္းေတြနဲ႕မထိေတြ႕ရတာကိုမေက်နပ္တာျဖစ္မည္။

ဆိုဖာထက္ခဏထိုင္ခိုင္းခဲ့ကာမွန္တံခါးေတြဖြင့္ရင္း လိုက္ကာစေတြပါဖြင့္ေပးျဖစ္သည္။ေလသာေဆာင္မွာပါေကာ္ေဇာေတြခင္းထားတာမို႔ သူေလးစိတ္တိုင္းက်တြဲေလွ်ာက္ေပးလိုက္သည္။

ဗိုက္ပူလုံးေလးကသူ႕အဝတ္စားေတြေကာက္စြပ္ထားတာမို႔ သိပ္ခ်စ္ဖို႔ေကာင္းေနေတာ့တာပါပဲ။ကိုယ္ဝန္ရွိၿပိးမွသူ႕ဖယ္ရိုမုန္းအနံံ့ေတြကိုအရမ္းကိုႏွစ္ၿခိဳက္လာတာ။ေျပာေသးသည္ ထိုရနံ႕ေတြရွိမွလုံၿခဳံတယ္လို႔ခံစားရတာပါတဲ့။ဗိုက္လုံးလုံးေလးသာခံမေနရင္ အသည္းတယားယားေမႊ႕ယမ္းပစ္မိမွာ။

ေလညွင္းေတြရဲ႕တိုးသဲ့သဲ့ေတးဆိုသံကိုနားေထာင္ရင္း ပန္းပြင့္ေလးေတြရဲ႕ရနံ႕တစ္ခ်ိဳ႕ႏွင့္ဖ်ားေယာင္းမႈကိုစီးေမွ်ာရင္း မိသားစုေလးေယာက္လုံးသိပ္ေအးခ်မ္းပါသည္………….

…………………..

“ပထဝီ”

အိပ္ခန္းထဲရွာၾကည့္ေတာ့လည္းမရွိ။ဒီေကာင္ဘယ္ေတြသြားေနတာပါလိမ့္။ေနမေကာင္းေသးတာကိုအျပင္မ်ားထြက္သြားတာလားမသိ။

အိမ္အျပင္ထြက္ကာပ်ိဳးပင္ေတြၾကားလိုက္ၾကည့္ေသာ္လည္းမေတြ႕။ၿခံထဲကေကာင္ေလးေတြကိုေမးၾကည့္ေတာ့ အိမ္ေနာက္ဘက္ထြက္သြားသည္တဲ့။ထူးထူးဆန္းဆန္း။

အိမ္ေနာက္ကလမ္းသြယ္ေလးကိုေလွ်ာက္ေတာ့ ဝါးေတာစိမ္းစိမ္းထဲေရာက္သည္။ဝါး႐ြက္ေတြေလတိုးသံႏွင့္စိုးစီစိုးစီေအာ္ျမည္ေနေသာ ပိုးေကာင္ေလးေတြအသံမွလြဲရင္ အရာရာဟာၿငိမ္သက္တိတ္ဆိတ္ေနပါသည္။

ခပ္တိုးတိုးေရစီးသံရွိရာဆီဆက္ေလွ်ာက္မိေတာ့ တသြင္သြင္စီးဆင္းေနတဲ့ေခ်ာင္းသြယ္ေလးရဲ႕ေဘး ေက်ာက္ေဆာင္ႀကီးေပၚထိုင္ရင္း လက္ထဲကေက်ာက္ခဲေလးေတြကိုေခ်ာင္းထဲပစ္ေပါက္ေနတာ။ဘာေတြစိတ္မၾကည္ေနသလဲမသိပါဘူး။

လျခမ္းလည္းအဆင္ေျပေနတာမို႔ ျပည္နယ္ကစိုက္ခင္းေတြဆီျပန္လာၾကည့္တာသုံးရက္ရွိၿပီ။မေန႕ညေနခင္းႏွစ္ေယာက္သားေရခ်ိဳးရင္း ၾကည္စယ္လြန္သြားကာအေအးမိၿပီးဖ်ားသြားတာမို႔ ယေန႕သူ႕ကိုအိမ္မွာသာထားခဲ့တာ။ယခုၿမိဳ႕ထဲကျပန္လာေတာ့အိမ္မွာရွိမေနဘဲ ေခ်ာင္းေဘးေရာက္ေနတယ္တဲ့။

“ပထဝီ”

ႏႈတ္မွေခၚရင္း ေျခလွမ္းေတြကိုလည္းသူရွိရာဆီဦးတည္မိသည္။လက္ေခ်ာင္းေတြခဏတန့္သြား႐ုံကလြဲလွည့္မၾကည့္လာသူေၾကာင့္မ်က္ခုံးတစ္ဖက္ပင့္မိသြားသည္။ေနမေကာင္းရင္ႀကံဖန္ဂ်စ္တိုက္တတ္တဲ့အကြက္ေတြစပါၿပီ။

“ေနမေကာင္းေသးဘဲဘာလို႔ဒီေရာက္ေနတာလဲ ညက်ျပန္ဖ်ားရင္အတူေပးမအိပ္ဘူးေနာ္”

သူ႕ကိုအပီခ်ဳပ္နိုင္တဲ့အကြက္ကိုႀကိဳသိေနတာမို႔ ေခ်ာ့ဖို႔ရာသိပ္မခဲယဥ္း။ဆူသုန္သုန္ေလးလွည့္ၾကည့္လာတဲ့DominantAlphaႀကီးက ကေလးဆန္ေပမယ္ခ်စ္ဖို႔ေကာင္းပါတယ္ေလ။သူႏွင့္မ်က္ႏွာခ်င္းဆိုင္မွာဝင္ရပ္ရင္း ခပ္ၿပဳံးၿပဳံးႏွင့္စိုက္ၾကည့္လိုက္ေတာ့ မ်က္လႊာခ်သြားေလသည္။

“ကဲေျပာ ဘာေတြအလိုမက်ေနတာလဲ”

“ဘာမွမရွိဘူး”

“အဲ့တာဆိုဘာလို႔မ်က္ခုံးေတြတြန့္ခ်ိဳးထားတာလဲ”

“ေခါင္းကိုက္လို႔”

“ေခါင္းကိုက္တာကို အႏြေးထည္မဝတ္ဘဲေလညွင္းခံေနတယ္ေပါ့”

ေျပာရင္းဝတ္ထားတဲ့အေပၚထပ္ဂ်ာကင္ကိုခြၽတ္ကာသူ႕ကိုၿခဳံေပးလိုက္ေတာ့ မ်က္လုံးသာတစ္ခ်က္လွန္ၾကည့္လာေလသည္။

“ဒီမွာေနရတာၿငီးေငြ႕လို႔လား ျပန္ခ်င္ေနၿပီလား”

“မျပန္ခ်င္ပါဘူး”

“ေျပာ ဘာေတြအလိုမက်ေနတာလဲ”

ျပန္ေျဖမလာတာမို႔ သူ႕စိတ္ထဲအလိုမက်တာတစ္ခုခုရွိမွာေသခ်ာပါသည္။တစ္ခုခုဆိုဟန္ေဆာင္ျငင္းမေနဘဲ ႏႈတ္ဆိတ္ဆႏၵျပတတ္တာသူ႕အက်င့္ေလးတစ္ခု။

“မင္းေျပာမွကိုယ္ကသိမွာေပါ့ပထဝီရဲ႕ မင္းကထုတ္မေျပာဘဲအဲ့လိုႀကီးေနေတာ့ ကိုယ့္စိတ္ထဲလည္းေပ်ာ္မေနေတာ့ဘူးေလ”

“ဟမ့္”

“ေျပာျပပါကြာ”

ေက်ာက္တုံးေပၚထိုင္ေနသူႏွင့္မ်က္ႏွာခ်င္းဆိုင္ရပ္ေနေပမယ့္ ကိုယ့္မ်က္ဝန္းေတြကိုတည့္တည့္ၾကည့္မလာဘဲ ေခါင္းသာငုံ႕ထားေလသည္။ခဏၾကာမွ

“ဒီေန႕ကိုယ္ေငြ႕ပစၥည္းေတြကိုလိုက္ၾကည့္မိတယ္”

“အြန္း စိတ္အခန့္မသင့္စရာဘာေတြ႕လဲ”

“စိတ္အခန့္မသင့္တာမဟုတ္ဘူး ဒီအတိုင္း…..စိတ္မေကာင္းတာ”

“ဘာေတြ႕လဲေျပာျပေလ”

“လျခမ္းဆြဲေပးတဲ့ေမြးေန႕လက္ေဆာင္ပန္းခ်ီကား”

လက္ထဲကေက်ာက္ခဲေလးေတြကိုေဆာ့ကစားေနရင္း ေမာ့မၾကည့္လာဘဲခပ္တိုးတိုးသာဆိုလာသူက ကိုယ္စိတ္ဆိုးမွာေၾကာက္ေနတာ။

“ေဟာဗ်ာ အဲ့တာကိုဘာလို႔စိတ္မေကာင္းတာတုန္း ကိုယ္သိမ္းထားတယ္ဆိုတာလက္ေဆာင္မို႔လို႔ပါကြာ ၿပီးေတာ့သူ႕အေပၚအရင္လိုမေတြးျဖစ္တာသူလက္ထပ္သြားကတည္းက အခုဆိုသူကကိုယ့္အတြက္ေစာင့္ေရွာက္ေပးရမယ့္ညီေလးတစ္ေယာက္လိုပဲ မင္းနဲ႕တြဲကတည္းကကိုယ့္စိတ္ေတြအကုန္မင္းေပၚမွာပဲထားဖို႔ႀကိဳးစားခဲ့ၿပီးသား ဘာမွစိတ္မေကာင္းျဖစ္မေနနဲ႕ေနာ္”

ငုံ႕ထားတဲ့ေခါင္းထက္မွ ဆံႏြယ္ေတြကိုထိုးဖြမိရင္း ေလေျပေလးႏွင့္ရွင္းျပရသည္။ကိုယ့္အခ်စ္ကိုစြပ္စြဲတယ္ဆိုၿပီးလည္းစိတ္မဆိုးရက္ဘူး။ေနမေကာင္းရင္အေတြးမ်ားတတ္တာသိေနတာမလို႔။

“အဲ့လိုမဟုတ္ဘူး ကိုယ္ကသူ႕လိုမ်ိဳးအျဖစ္မရွိလို႔”

“ဘာဆိုင္လို႔လဲကြာ လူတိုင္းမွာမတူညီတဲ့ဝါသနာနဲ႕ထူးခြၽန္မႈေတြရွိၾကတာပဲဟာ ကိုယ္ကသူပန္းခ်ီဆြဲတတ္လို႔သေဘာက်ခဲ့တာမဟုတ္သလို မင္းမဆြဲတတ္တာေၾကာင့္လည္းကိုယ္အျပစ္ျမင္မေနဘူးေလ လူတစ္ေယာက္ကိုသေဘာက်ဖိဳ႕အေၾကာင္းျပခ်က္မွမလိုတာ တကယ္ခ်စ္မိရင္ကိုယ္အမုန္းဆုံးအရာေတြသူ႕ဆီရွိေနရင္ေတာင္ပစ္မသြားနိုင္သလို မခ်စ္ေတာ့ရင္လည္းအရင္ကသေဘာက်ခဲ့တာေတြေတာင္အျပစ္ျဖစ္သြားနိုင္တာပဲေလ အဲ့လိုေတြးေၾကးဆိုရင္မင္းကသူ႕လိုမႏူးညံ့ဘဲၾကမ္းတမ္းေနသလို Omega မဟုတ္တဲ့ Alphaလည္းျဖစ္ေနေသးတယ္”

“ေငြ႕ေနာ္”

သူ႕စကားဆုံးမွေမာ့ၾကည့္လာၿပီး ခပ္စူးစူးေလးေအာ္လာေလသည္။မ်က္ေမွာင္ေတြက်ဳံ႕ထားသလို ႏႈတ္ခမ္းကလည္းမသိမသာစူခ်င္ေနေသးသည္။

“ဘယ္လိုမ်က္ႏွာထားေလးလည္းကြာ မသိရင္အနိုင္က်င့္ခံထားရတဲ့မိန္းမပ်ိဳေလး႐ုပ္နဲ႕”

“ကိုယ္စိတ္မေကာင္းျဖစ္ေနတာကို အဲ့လိုေတြမေျပာဘဲေခ်ာ့လိုက္ပါေတာ့လား”

“ေဟာဗ်ာ ဘယ္လိုေတြေခ်ာ့ေစခ်င္ေနတာတုန္း”

“ေခ်ာ့တတ္သလိုေခ်ာ့”

“ကဲ……သူကကိုယ့္ကိုသူကိုယ္တိုင္ဆြဲတဲ့ပန္းခ်ီကားေပးခဲ့သလို မင္းကလည္းကိုယ့္ကိုမင္းကိုယ္တိုင္စိုက္ခဲ့တဲ့ပန္းတစ္ခင္းေပးခဲ့တာပဲေလ မင္းေပးတဲ့လက္ေဆာင္ကိုကိုယ္တကယ္ကိုႀကိဳက္တာပထဝီ”

“အဲ့တာဆိုစံပယ္ခင္းကေရာ”

“ဟမ္”

“သူ႕အတြက္က်ေတာ့စံပယ္ေတြကိုယ္တိုင္ပ်ိဳးေပးၿပီး ေရာင္းရန္မဟုတ္လို႔ေတာင္ဆိုင္းဘုတ္ကပ္လိုက္ေသးတယ္ ကိုယ့္အတြက္ကေရာ”

“ဟားဟား…..မင္းကြာ”

“မင္းကငါ့ကိုတကယ္မခ်စ္ဘူး”

“ကဲ ……ေကာက္ျပန္ၿပီလားကြာ”

သူအၿပဳံးေတြမထိန္းနိုင္ေတာ့တာမို႔ စကားသံေတြပါရယ္သံစြက္ကုန္သည္။

“ဘယ္သူကေကာက္ေနလို႔လဲ အမွန္အတိုင္းေျပာေနတာကို သူမ်ားကိုက်ေတာ့ဘာႀကိဳက္လဲေတာင္မေမးဘူး ေနနိုင္လိုက္တာ”

ေျပာရင္းမ်က္ရည္ကဝဲလာေသးသည္။ဒီေကာင္စိတ္ကလည္းႏုလိုက္တာ။

“ဘယ္သူေျပာလဲ မင္းအႀကိဳက္ကိုေမးမွသိမယ္လို႔”

“ဘယ္သူမွေျပာျပစရာကိုမလိုဘူး သိပါ့သိပါ့”

“ကဲကြာ…… အိမ္ဘက္ျပန္ရေအာင္ေနာ္ေအးလာၿပီ ဒီေနရာကညေနေစာင္းဆိုအရမ္းေအးတာ ေတာ္ၾကာအေအးမိၿပီးအဖ်ားပိုႀကီးသြားလိမ့္မယ္”

“ျပန္….သြား တစ္ေယာက္တည္းျပန္ ေနမေကာင္းတဲ့သူကိုတစ္ေနကုန္ပစ္ထားၿပီးမွ ခုမွလာၿပီးစိုးရိမ္ျပေန”

“ပစ္ထားတာမဟုတ္ပါဘူးကြာ ကိုယ္အလုပ္ကိစၥေလးရွိလို႔ပါ မနက္ကတည္းကေျပာခဲ့တယ္ေလ မင္းကလည္းဘာမွမေျပာေတာ့သေဘာတူတယ္ထင္လိုက္တာ အဲ့တာေၾကာင့္ထားခဲ့လိုက္တာမသြားနဲ႕ဆိုကိုယ္မသြားဘဲမင္းနားေနေပးမွာေပါ့”

“သေဘာတူတယ္လို႔မေျပာဘူးေလ ဘာမွျပန္မေျပာ႐ုံေလးဘဲဟာ”

“ကဲပါကြာ ကိုယ္မွားတာပါဟုတ္ၿပီလား အိမ္ဘက္ျပန္ရေအာင္ေနာ္ ေလစိမ္းေတြကေအးတယ္ ေခ်ာင္းနံေဘးဆိုေတာ့ျခင္ေတြလည္းရွိခ်င္ရွိေနမွာ”

“အဲ့ေလာက္နဲ႕ဘာမွမျဖစ္ဘူး ႏုႏု႐ြ႐ြOmegaေလးမွမဟုတ္တာ”

ေျပာရင္းအၾကည့္ေတြကိုလႊဲပစ္လိုက္ကာ လူပါေဘးဘက္လွည့္သြားေလသည္။

“ကဲ… ကိုယ္မနက္ကသြားတဲ့ကိစၥကမင္းအတြက္ပါကြာ ၿပီးရင္မင္းကိုSupriseလုပ္မလို႔”

“ဘာမွမလိုခ်င္ဘူး”

“ဟုတ္လို႔လားကြာ… မင္းသိပ္ႀကိဳက္တဲ့ပန္းသီးစိမ္းေတြတစ္ဧကေတာင္စိုက္ေပးထားတာေနာ္”

“………………”

ခႏၶာကိုယ္ေလးေတာင့္ခနဲျဖစ္သြားကာ နား႐ြက္ကေလးပါေထာင္လာေလသည္။သူစခ်င္လာတာမို႔ စိတ္မေကာင္းခ်င္ေယာင္ေဆာင္သက္ျပင္းခ်ရင္း အသံကိုပါေဖ်ာ့ခ်ပစ္လိုက္သည္။

“ဟင္း…… မလိုခ်င္ဘူးဆိုေတာ့လည္းဘယ္တတ္နိုင္မလဲျပန္ေရာင္းလိုက္တာေပါ့ ကိုသမုဒၵရာဆိုရင္ေတာ့အျမတ္ေကာင္း…”

“ယူမွာ ကိုယ့္ဟာလို႔”

ကိုယ့္ဘက္ျပန္လွည့္လာၿပီး မ်က္ေမွာင္တြန့္ကာေအာ္လာတာမို႔ သူမ်က္ခုံးပင့္ျပလိုက္သည္။

“ခုနမလိုခ်င္ဘူးဆို”

“အဲ့တာေလွ်ာက္ေျပာတာ”

“ထိုင္ေျပာေနတာပါ”

“ေငြ႕”

“ဟားဟားဟား…အဲ့ေတာ့အိမ္ဘက္ကိုျပန္မွာလားမျပန္ဘူးလား”

“ျပန္မွာ”

“ေက်ာပိုးရအုံးမွာလား”

“ကိုယ္ကသန္သန္မာမာႀကီးရွိေသးတယ္”

“ဟုတ္ပါၿပီ….လာ”

လက္ဆန့္ေပးေတာ့ ဆြဲယူကာခုန္ဆင္းလာေလသည္။အနားေရာက္လာမွခပ္ႏြေးႏြေးအပူေငြ႕ေၾကာင့္သူသက္ျပင္းခ်မိသည္။ဖ်ားေနၿပီ။မ်က္ႏွာေတြေတာင္ရဲေနၿပီ။စိတ္ဆိုးၿပီးတမင္ထြက္လာတာဘယ္အခ်ိန္ကတည္းကလဲမသိ။လိုက္သာမရွာမိရင္ဘယ္ခ်ိန္ထိဆက္ထိုင္ေနမည္မသိ။

ေခါင္းထက္ထိခတ္လာတဲ့လက္တစ္ဖက္ေၾကာင့္ ငဲ့ေစာင္းၾကည့္မိသည္။ပုခုံးေက်ာ္ေနၿပီျဖစ္သည့္ဆံႏြယ္ေတြကို ထိုးဖြေနတာ။

“ေလတိုက္ေနေတာ့ ေငြ႕ဆံႏြယ္ေလးေတြကလြင့္ေနေရာ အရမ္းသေဘာက်မိလို႔ “

“ကိုင္လို႔ရတယ္ မင္းအပိုင္”

ခပ္တည္တည္ဆိုရင္းေရွ႕ဆက္ေလွ်ာက္ေတာ့ ႐ုတ္တရတ္ ေက်ာေပၚခုန္တက္လာေလသည္။

“အ့….”

“ကိုယ့္အပိုင္ေလးရဲ႕ေက်ာေပၚကေနလိုက္ခ်င္လို႔”

“အြန္း အဲ့ေက်ာျပင္ကလည္းမင္းအပိုင္ပဲ”

သိပ္မေပါ့တဲ့ခပ္ႏြေးႏြေးကိုယ္ေလးကိုထိန္းကာ ေျခလွမ္းေတြကိုပုံမွန္ပဲလွမ္းမိသည္။ေက်ာျပင္ေပၚကေနဆံႏြယ္ေတြကိုေဆာ့ကစားေနတာကိုမတားမိ။အေပၚတစ္ဝက္စည္းထားတာကိုျဖည္လိုက္ျပန္ခ်ည္လိုက္လုပ္ေနျပန္ၿပီထင္သည္။

လူဆိုးေလးကိုမွခ်စ္မိဖို႔ကံပါလာေတာ့လည္း ဆိုးသမွ်ၿပဳံးၿပီးေက်နပ္ေန႐ုံေပါ့……………

##################

ၿငိမ္း🌞🌻

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၉, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၉, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၉ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၉ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၉ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၉ light novel, ,

Comment

Leave a Reply

Chapter 50