Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅၀

A+ A-

“သတင်းထူးတယ်အစ်ကိုလေး”

ဖုန်းဆက်လာတဲ့သက်တော်စောင့်တွေကြောင့် အိပ်နေရာမှကုန်းရုန်းထကာ ဝရံတာဘက်ထွက်ခဲ့လိုက်သည်။ကိုခိုကအအိပ်ဆတ်တာမို့နိုးမသွားစေချင်။ညကလည်းနည်းနည်းပန်းသွားတာမို့ မထစေချင်သေး။ခုမှမနက်နှစ်နာရီပဲရှိသေးတာ။

ဒီအချိန်ကြီးဖုန်းဆက်လာတယ်ဆိုကတည်းက အရေးကြီးလို့ပဲနေမှာ။

“ဘာထူးတာလဲ”

“အသေးစိတ်သိရအောင် ကျွန်တော်တို့အသံဖိုင်ပို့လိုက်ပါ့မယ် အခုတစ်လောသူ့ဘက်ကခြေငြိမ်နေတာကအစ်ကိုလေးကိုကြောက်လို့နေမှာ မနေ့ညကCနိုင်ငံကိုသွားပြီးသူ့ချစ်သူဟောင်းကိုသွားတွေ့တယ် အဲ့လူမှာငါးနှစ်အရွယ်သားတစ်ယောက်ရှိတယ်အဲ့သားကကလေးချင်းလဲထားတာတဲ့ သူ့ကလေးကဆုံးသွားတာလို့ပြောတယ် ထူးဆန်းတာကအစ်ကိုလေးအကြောင်းပါလာတာပဲ အဲ့ကလေးကအစ်ကိုလေးသားဆိုပြီးပြောနေတယ်”

“ဘာ”

နဂိုအိပ်ချင်မူးတူးပျင်းရိနေဟန်မျက်နှာကချက်ချင်းစိတ်လှုပ်ရှားမှုအဖြစ်ပြောင်းသွားရသည်။တိုက်ခတ်လာတဲ့ဆောင်းလေအေးတွေတောင်သူ့အသံလောက်မအေးစက်။

“ဟုတ်တယ် အရင်တစ်ခါကျွန်တော်တို့စုံစမ်းခဲ့တဲ့အဲ့လူက ကလေးမရနိုင်လို့ရည်းစားနဲ့ရတဲ့ကလေးအရင်းကိုမွေးစားချင်ယောင်ဆောင်ထားတာ အခုထပ်မွေးတဲ့ကလေးကသူ့သားအရင်းဆိုတော့ အရင်ကလေးကိုတစ်ခုခုလုပ်ဖို့ကြံနေတယ်”

“မင်း သူတို့လက်ထဲကအဲ့ကလေးကိုရအောင်ခေါ်ထား ငါအခုချက်ချင်းလာခဲ့မှာမလို့ ဘာအမှားအယွင်းမှမရှိစေနဲ့”

“ဟုတ်ကဲ့”

သူအခန်းထဲအမြန်ဝင်ကာအဝတ်စားလဲပြီး လိုအပ်တာမှန်သမျှယူလိုက်သည်။သူ့လှုပ်ရှားသံကမညင်သာတာမို့အိပ်ယာထက်ကလူကနိုးလာလေသည်။ဝတ်စုံပြည့်ပြောင်းဝတ်ထားတဲ့သူ့ကိုမြင်ပြီး ထထိုင်ပြီးမေးလာတာကအိပ်ချင်မူးတူး။

“မောင်… ဘယ်သွားမလို့လဲ”

သူကုတင်ပေါ်ကလူရှိရာအပြေးသွားကာအားနှင့်ပွေ့ဖက်ပစ်လိုက်သည်။သူ့အထင်မှန်နေခဲ့ရင် သူတို့မှာကိုယ်ပိုင်မိသားစုလေးရှိလာတော့မှာ။ကိုခိုကိုယ်တိုင်သူ့ကိုလက်ခံလာမယ့်မိသားစုလေး။

“ဘာဖြစ်တာလဲ”

အလကားနေရင်းဆွဲဖက်ခံလိုက်ရသူက အိပ်ယာနိုးကာစကွဲအက်အက်အသံဖြင့်မေးလာလေသည်။သူဖက်ထားတာကိုခွာလိုက်ရင်း ပုခုံးနှစ်ဖက်ကိုလက်နှင့်ဆုပ်ကိုင်ကာ မျက်လုံးချင်းဆုံအောင်သေချာကြည့်လိုက်သည်။

“ကိုယ်အခုချက်ချင်းပြည်ပကိုသွားစရာရှိတယ် ပြန်လာရင်သတင်းကောင်းပါလာစေရမယ် ကိုယ့်ကိုစောင့်နေနော်”

စကားအဆုံးအနမ်းတွေမွတ်သိပ်စွာဖြန့်ကျဲပြီး ကိုခို့ကိုအိပ်ယာထက်ပြန်လှဲချလိုက်သည်။

“ပြန်အိပ်နေအုံးနော် မနက်ကျမှလခြမ်းဆီကိုလိုက်ပို့ခိုင်းလိုက်မယ် ကိုယ်နှစ်ရက်အတွင်းပြန်လာမှာပါ”

ခေါင်းညိတ်ပြပြီးပြန်အိပ်ဖို့ပြင်နေသူကြောင့် အပြုံးတွေလမ်းသလားသေးသည်။ကောင်းပါတယ် မသေချာသေးတဲ့ပျော်ရွှင်တွေကြောင့် သက်ဆိုင်သူလမ်းမပျောက်တော့ဘူးပေါ့။

ကျောပိုးအိတ်တစ်လုံးသာကောက်လွယ်ပြီးအခန်းပြင်ထွက်သည်။သက်တော်စောင့်တွေဆီဖုန်းခေါ်တော့ချက်ချင်းကိုင်လာလေသည်။

“ဟဲလို”

“Cနိုင်ငံကိုသွားဖို့လေယာဥ်ချက်ချင်းစီစဥ်လိုက် သက်တော်စောင့်တွေပါ၁၀ယောက်လောက်ခေါ်ခဲ့ Twoရဲ့အဖွဲ့ကိုချက်ချင်းဆက်သွယ်လိုက် အခုငါဆင်းလာပြီ ကားထုတ်ထားလေယာဥ်ကွင်းကိုသွားမယ်”

“ဟုတ်ကဲ့”

အောက်ထပ်ရောက်တော့ကားကအဆင်သင့်။

“ဒီမှာကျန်ခဲ့တဲ့လူတွေက မနက်ရောက်ရင်ကိုCeanကိုအကြောင်းကြား အိမ်ကကိုယ့်လူကိုအဲ့မှာခဏခေါ်ထားခိုင်းလိုက် ကိုယ်ပြန်လာတာနဲ့ချက်ချင်းလာခေါ်မှာလို့ပြောလိုက်”

“ဟုတ်ကဲ့”

“သွားမယ်”

ကားသုံးစီးထွက်သွားတာနှင့်ခြံတံခါးကစေ့စေ့ပိတ်သွားလေသည်။တစ်ရိပ်ရိပ်ကျန်ခဲ့တဲ့ ထင်းရှူးပင်တွေကိုကြည့်ရင်းစိတ်လှုပ်ရှားမှုတွေထိန်းကာ ပို့ထားတဲ့အသံဖိုင်ကိုနားထောင်ဖို့ပြင်သည်။နားကြပ်တပ်ကာနောက်ခုံကိုမှီလို့ အသံတွေဆီအာရုံစိုက်လိုက်သည်။

“အဲ့တော့ဘယ်လိုဖြစ်သွားပြီလဲ”

သူစိမ်းအမျိုးသားအသံမို့ ဟိုတစ်ယောက်အချစ်ဟောင်းဖြစ်လောက်သည်။

“သတင်းထဲကအတိုင်းပဲ အမှန်တရားတွေထုတ်ပြောလိုက်ရတယ်”

“ကျစ်”

“ရှင်ကဘာသိလို့လဲ သူတို့ညီအစ်ကိုတွေဘယ်လောက်အာဏာရှိလည်းရှင်မသိပဲနဲ့ နောက်ကြောင်းတွေသေချာလိုက်ရင်ကျွန်မတို့နှစ်ယောက်လုံးအသတ်ခံရမှာ”

“မင်း​ယောကျ်ားဟိုOmegaကရော သူ့ကိုလက်ခံတာပဲလား”

“သူတို့နှစ်ယောက်အဆင်ပြေတာကို ကိုယ်တွေ့တွေ့ခဲ့ရတာပါဆို”

“ကလေးအကြောင်းမသိသေးဘူးမလား”

“မသိလောက်သေးဘူး သူနဲ့ပတ်သပ်ခဲ့သူမှန်းဘဲသိသေးတာ ကလေးရှိခဲ့မှန်းမသိသေးဘူး”

“သိပ်တော့ကြောက်စရာမလိုပါဘူး မွေးထုတ်ခဲ့တဲ့ကာယကံရှင်ကိုယ်တိုင်ကတောင် သူ့ကလေးကသေသွားပြီလို့ပဲသိထားတာ”

သူမျက်မှောင်တွေတင်းတင်းကျုံ့ကာ အံကြိတ်ထားမိသည်။​ပေါက်ထွက်လာတဲ့ဖယ်ရိုမုန်းတွေကြောင့်ရှေ့ကသက်တော်စောင့်တွေကငဲ့ကြည့်လာလေသည်။

သူတို့ကိုအနှောင့်အယှက်ဖြစ်မှာဆိုး၍ သတိကပ်ကာ ဖယ်ရိုမုန်းတွေပြန်သိမ်းရသည်။

“အခုဘယ်လိုလုပ်ကြမလဲ”

“အခုသွေးသားအရင်းလဲရလာပြီလေ အဲ့ကလေးကိုစွန့်ပစ်ဖို့လုပ်ရအောင် တော်ကြာစုံစမ်းရင်းသိသွားရင်အားလုံးသေကုန်လိမ့်မယ် ဘယ်လိုပဲဖြစ်ဖြစ်ကလေးကမွေးထားတဲ့သူ့အဖေနဲ့တစ်ရုပ်တည်းပဲဟာ ဟိုကတစ်ချက်ကြည့်တာနဲ့သိမှာပဲ”

“အရင်တစ်ခါစုံစမ်းတုန်းကတောင်သူတို့သတိမထားမိဘဲနဲ့ ဆက်ခေါ်ထားလို့မရဘူးလား သူတို့ကလေးအသက်ရှင်နေသေးတာဘယ်နည်းနဲ့မှမသိနိုင်လောက်ပါဘူး ကျွန်မလည်းသူတို့နဲ့လုံးဝအပြီးသတ်လိုက်ပြီပဲဟာ”

“မင်းပြောနိုင်လို့လား အခုNနိုင်ငံမှာမင်းမွေးထားတဲ့ကလေးတောင်ငါ့ကလေးဖြစ်ကြောင်းစုံစမ်းနိုင်သေးရင် ဒီနိုင်ငံမှာငါ့အိမ်ထောင်ဖက်နဲ့ရှိနေတဲ့ကလေးကိုရောမသိနိုင်စရာမှမရှိတာ”

“အဲ့တာကသိပ်စိတ်ပူစရာမလိုပါဘူး ကိုဆောင်းကအဲ့အကြောင်းတွေလုံးဝပြောမှာမဟုတ်ဘူး သူကလည်းအရင်ကကိစ္စတွေကိုအစမဖော်လောက်တော့ဘူး ခြောက်နှစ်လုံးရေငုံနှုတ်ပိတ်နေလာတာပဲဟာ အခုချိန်မှဖွင့်မပြောလောက်တော့ပါဘူး ကောင်းတဲ့ကိစ္စတွေမှမဟုတ်တာ”

“ဘာပဲဖြစ်ဖြစ်သူ့ကလေးကိုတော့စွန့်ပစ်မှရမယ် အဲ့တာမှအခုပိုင်ဆိုင်မှုအားလုံးကိုငါတို့သားအရင်းတစ်ယောက်တည်းရမှာ သူတို့မစုံစမ်းနိုင်ရင်တောင် ကြီးလာရင်အမွေကိစ္စတွေရှုပ်လာလိမ့်မယ်”

“ရှင့်သဘောပဲ ဘယ်လိုလုပ်မယ်စိတ်ကူးထားလဲ”

“မပူပါနဲ့ အစအနတောင်ရှာမရအောင်ငါလုပ်တတ်ပါတယ်”

ရှေ့ခုံကိုလက်သီးတစ်ချက်ပစ်သွင်းလိုက်တော့ ကားကတုံ့ခနဲရပ်သွားလေသည်။တော်သေးသည်နောက်ကကားတွေကခပ်ခွာခွာကလိုက်လာလို့။

“Sorry ကိုယ်စိတ်အဆင်မပြေတာလေးရှိလို့ ဆက်သွား မိုင်ကုန်တင်လိုက်”

နားကြပ်ကိုချွတ်ပြီး ဆက်နားမထောင်ဖြစ်တော့။ဟိုမရောက်ခင် ဒီမှာတွေ့ရာလူကိုသတ်မိလိမ့်မည်။

အဲ့တာကြောင့်ကိုခို့ကိုလွယ်လွယ်ကူကူလက်လွှတ်သွားတာပေါ့။သူ့ကိုကြောက်ရမှန်းတော့သိသေးတာပဲ။သူ့အချစ်ကိုစိတ်ဒဏ်ရာတွေပေးပြီးသူတို့ကတော့သာယာနေတယ်ပေါ့ ဒီနေ့ကစပြီးငရဲသွားဖို့သာပြင်လိုက်တော့။

လေဆိပ်ရောက်တော့ကိုယ်ပိုင်လေယာဥ်နှင့်မို့ ရှူပ်ရှူပ်ယှက်ယှက်တွေမရှိတော့။အဆင်သင့်ဖြစ်နေတဲ့လေယာဥ်ပေါ်သူ့လူတွေနှင့်တက်ခဲ့လိုက်သည်။သီးသန့်ခန်းထဲဝင်ထိုင်တော့သက်တော်စောင့်တစ်ယောက်ရောက်လာလေသည်။

“ခဏလေးစောင့်ရမယ်အစ်ကိုလေး လမ်းကြောင်းအခြေနေကြောင့်ပါ”

“Ok အဆင်ပြေသလိုသာလုပ်”

“ဟုတ်ကဲ့”

သက်တော်စောင့်ပြန်ထွက်သွားမှနောက်မှီကိုမှီလိုက်ကာမျက်လုံးတွေမှိတ်လိုက်သည်။သိပ်မလောပါဘူး။လုံခြုံမှုကအဓိကပဲဟာ။ဟိုဘက်မှာလည်းသူ့လူတွေရှိနေတာပဲမို့အဆင်ပြေမှာပါ။

ထပ်ရောက်လာတဲ့ mailတစ်စောင်ကြောင့် ဖွင့်ကြည့်လိုက်တော့လှုပ်ရှားမှုတွေရပ်သွားရသည်။လက်ချောင်းထိပ်လေးတွေတုန်ရင်ကာ မျက်လုံးတွေပါနီလာရသည်အထိ။

ပုံထဲကကလေးက ငါးနှစ်အရွယ်လေး။မျက်နှာလေးကကိုခိုနှင့်ချွတ်စွပ်။အဓိကကမျက်လုံးလေးတွေ။အသားဖြူဖြူမျက်လုံးလှလှလေးနှင့်ကလေးကရယ်နေတာမို့ သူ့ဦးလေးလခြမ်းလိုပါးချိုင့်လေးတွေနှင့်။

ပုံလေးကိုဖွဖွထိရင်း နှလုံးသားကတဆတ်ဆတ်တုန်လာသည်။သူ့သွေးသားရင်းချာလေး သူသိပ်ချစ်ရတဲ့အမျိုးသားကိုယ်တိုင်မွေးထုတ်ထားတဲ့သူ့သားလေး။အဖေတစ်ယောက်ရဲ့ခံစားချက်တွေကနှလုံးသားမှာအပြည့်အသိပ်။

ခဏလေးပါပဲ။ဒီခရီးကနေအိမ်ပြန်ရင် ချစ်ရသူရဲ့အပျော်မျက်ရည်တွေကို သူမြင်တွေ့ခွင့်ရပြီ။

ပုံလေးကိုအကြည့်မလွှဲနိုင်ဘဲ လစ်လပ်ခဲ့ရတဲ့နှစ်တွေအစားပါပိုလွမ်းဆွတ်လာရသည်။မွေးကင်းစကတည်းကထိတွေ့ခွင့်မရခဲ့၊ပြုစုခွင့်မရခဲ့ ယုတ်စွအဆုံးတည်ရှိနေမှန်းတောင်မသိခဲ့ရတဲ့သူ့ရဲ့သွေးသားရင်းချာလေး။

ဆယ်လနီးပါးဝမ်းနဲ့လွယ်ကာ မျှော်လင့်ချက်တွေတစ်ရိပ်ရိပ်နှင့်စောင့်ခဲ့ရပြီးမှ ထွေးပွေ့ခွင့်တောင်မရဘဲ ခွဲခွာခဲ့ရတဲ့သူ့နှလုံးသားလေးရဲ့ကိုယ်ပွားလေး။

ခဏလေးပဲစောင့်ပေးပါ ကိုခို။ကိုခို့ရဲ့ ဝမ်းနည်းမှုတွေကိုအပြီးသတ်အမြစ်ဖြတ်ပစ်မှာမို့ ပြည့်စုံခြင်းဆိုတဲ့အနက်အဓိပ္ပါယ်ကိုကျွန်တော်ကဖွင့်ဆိုပေးမှာမို့ ခဏလေးပဲစောင့်နေပေးပါ။

မြို့ပြမီးတွေကိုအောက်ဆီချန်ပြီး တိမ်တွေကြားမှာပျံသန်းသည်။အချိန်တွေတိုတောင်းစေဖို့မျက်ဝန်းတွေကိုမှိတ်ထားမိသည်။သူနိုးလာခဲ့ရင် သူ့အသက်သွေးကြောလေးတစ်ချောင်းကသူ့ရင်ခွင်ထဲရောက်နေမှာ

………………….

“မင်းမျက်နှာထားကြီးကဘာဖြစ်နေတာလဲ”

စောစောစီးစီးအိမ်ရောက်လာပြီး မှိုင်တွေချနေတဲ့ကျောက်စက်မျက်နှာကြောင့် သူ့မှာသက်ပြင်းချမိပြန်သည်။ဟိုအရင်အချိန် ငယ်ထွက်သွားတုန်းကသူ့မျက်နှာကိုပြန်မြင်နေရသလိုမို့ ဖဲ့တော့မဖဲ့ဖြစ်။

“ကောင်လေးကကျွန်တော့်ကိုပုန်းနေတယ်”

“မင်းကဘာသွားလုပ်လို့တုန်း”

“နည်းနည်းပါးပါးအသားယူရုံတင်ကို”

မျက်နှာလေးကိုဇီးရွက်လောက်ထိငယ်ချပစ်ပြီး ဆိုဖာထက်ပျော့ခွေနေသူက မလုံမလဲဖြေလာတာမို့မယုံချင်စရာ။

“ဟ လက်မထပ်ရသေးဘဲနဲ့အသားယူစရာလား”

“ကိုCean တုန်းကကျွန်တော့်ထက်ဆိုးတယ်လေ မုန်းတယ်ဆိုပြီးဇွတ်ဆွဲဆွဲနမ်းတာဘယ်သူတုန်း”

“ရှူး…တိုးတိုးပြော ကလေးကြားသွားလို့စိတ်ကောက်ရင် တစ်ညလုံးချော့လို့ရမှာမဟုတ်ဘူး”

ဘေးကလူကိုပါးစပ်လှမ်းပိတ်ရင်း အိပ်ခန်းဘက်လည်းလှမ်းကြည့်ရသေးသည်။တော်ကြာ အမှတ်တရဆိုးတွေကိုပြန်သတိရပြီး စိတ်ဆိုးသွားရင်သူပဲအချိုပွဲငတ်မှာ။ဟိုကဗိုက်နဲ့မို့စိတ်ကနုနုရယ်။

“သူဘဲလာစပြီးတော့”

“အခု သူကဘယ်မှာတုန်း”

“မသိလို့ကိုCeanဆီလာတာပေါ့”

“ဟ ငါနဲ့ဘာဆိုင်လို့တုန်း ဗေဒင်ဆရာလည်းမဟုတ် အကြားအမြင်လည်းရမနေဘူး”

“လူအင်အားသုံးပြီးရှာပေးလေဗျာ “

“ဘယ်လို”

ကြားရတဲ့စကား သူ့ပါးစပ်ကထွက်လာတာဟုတ်ရဲ့လားလို့တောင်ပြန်ကြည့်ယူရတယ်။လူပျိုကြီးတွေချစ်မိရင်တကယ်ကိုမလွယ်တာပဲ။

“ကိုယ်ချင်းစာပါဗျာ ကိုCeanတုန်းကလည်းအဲ့လိုရှာတာပဲဟာ မတွေ့ရတာနှစ်ရက်ရှိပြီ သူ့တိုက်ခန်းထဲသွားရှာတာလည်းမတွေ့ဘူး”

“နေအုံး သူ့တိုက်ခန်းကCCTVငါ့မှာရှိတယ် တစ်ချက်ကြည့်ပေးမယ်”

ပြောရင်းအခန်းထဲက laptop ကိုသွားယူလာလေသည်။

“တိုက်ခန်းမှာမရှိပါဘူးဆိုဗျာ”

ပြောသာပြောရတာဟိုကကြည့်တော့သူလည်းလိုက်ကြည့်တာပါပဲ။ပြောမရဘူးလေ သူလာရင်ပုန်းနေပြီး သူပြန်တဲ့အချိန်မှာရောက်ရင်ရောက်လာမှာပေါ့။

“အယ်”

နှစ်ယောက်လုံးကြောင်သွားရသည်။လောလောဆယ်ပင်ထနောင်းညိုရှိနေတာက လခြမ်းပိုင်တဲ့အခန်းမှာ။ဆိုဖာပေါ်လှဲရင်းဖုန်းသုံးနေတာ။

“ကိုCean လက်ချက်မလား”

“ပေါက်ကရတွေ အဲ….. ဟိုနေ့ကလာတာအဲ့တာလားမသိဘူး ငယ်ငယ်နဲ့တိုးတိုးပြောပြီးပြန်သွားတာ”

“သော့ပေး”

လက်ဖြန့်ကာသော့တောင်းတော့ ကြောင်တောင်တောင်ပြန်ကြည့်လာလေသည်။

“ဘာလို့ပေးရမှာလဲ”

“အဲ့အခန်းသော့က ကိုCeanဆီမှာ… အဲ လခြမ်းဆီမှာလား”

“ဟုတ်တယ်”

“ကိုCean တောင်းပေးပါအုံး”

“ကိုယ့်ဘာသာနည်းလမ်းရှာလိုက် အိမ်ကကလေးကမပေါ့မပါးကြီးနဲ့ ပြဿနာမရှာနဲ့”

“နေအုံး”

ပြောနေရင်းတစ်နေရာအရောက်ရပ်သွားပြီး pause ခလုပ်နှိပ်လိုက်လေသည်။

“ဘာလဲ”

“အဲ့နှစ်ခန်းကလျှို့ဝှက်တံခါးရှိတာလား “

“ဟုတ်သား သူထွက်လာတာအဲ့နားကနေ”

ပြောရင်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိသွားသည်။ပြီးမှတစ်ခုခုစဥ်းစားမိသွားပြီး….

“သော့မလိုလောက်တော့ဘူးထင်တယ်”

“ကျွန်တော်သွားလိုက်ရတော့မလား”

“သွားလိုက် အခန်းထဲကကင်မရာတွေအကြောင်းမပြောနဲ့ နေအုံးသူဖုန်းဆက်နေတာမလား”

“ဟုတ်တယ် ဘယ်အဆက်ဟောင်းနဲ့ပြောနေပြန်ပြီလဲမသိဘူး”

ပြောရင်းမျက်မှောင်တွေတွန့်ကာ နှုတ်ခမ်းပါတင်းတင်းစေ့ပစ်မိသည်။ကိုယ့်ကိုကျတော့အဆက်အသွယ်တွေဖြတ်ထားပြီး တစ်ခြားသူတွေကိုကျတော့ဖုန်းဆက်နေတယ်တဲ့ အဲ့တာကောင်းသလား။

“ရော့ နားကြပ်”

“ဘာလုပ်မို့တုန်း”

လက်ထဲထည့်ပေးလာတဲ့နားကြပ်ကိုကြည့်ရင်းနားမလည်။

“အသံဖမ်းစက်ရှိတယ် နားထောင်မှာမလား”

“ထောင်မှာ”

“အပြင်ထွက်နားထောင် ငါငယ်ငယ့်ကိုထိန်းထားလိုက်မယ် ဒီပစ္စည်းတွေအကြောင်းဘယ်သူမှမသိစေနဲ့နော်”

“စိတ်ချကိုCean ကျေးဇူးဗျာ”

နားကြပ်ကိုနားမှာတပ်ကာ ပစ္စည်းတွေယူပြီးကားထဲဝင်ထိုင်လိုက်သည်။ခဏအကြာနားထဲတိုးဝင်လာတဲ့တိမ်ငွေ့အသံ။ဖုန်းစပီကာဖွင့်ထားတာဖြစ်ရမည်။

“အဲ့တော့အခုလခြမ်းအခန်းမှာပေါ့”

“ဟုတ်တယ် လခြမ်းဆီခွင့်တောင်းပြီးသား”

“သူ့ယောကျ်ားကောသိလား”

“မပြောခိုင်းလိုက်ဘူး သူကသူ့အတွင်းရေးမှုးကိုသိပ်ချစ်တာ ပြန်ပြောမှာသေချာပေါက်ပဲ”

“မင်းကရောဘာလို့ပုန်းနေတာလဲ မကြိုက်တာလည်းမဟုတ်ဘဲနဲ”

“အဲ့လူကြီးကလုပ်ချင်တာလုပ်ဖို့ပဲသိတာ ဟိုလူနဲ့စွပ်စွဲလိုက်ဒီလူနဲ့သမုတ်လိုက်နဲ့ ငါ့ကိုခိုးသာပြေးတာ ရည်းစားစကားလည်းမပြောဘူးလက်ထပ်ဖို့အမေတို့နဲ့ပြောပြီး ငါ့ကိုလက်ထပ်ခွင့်လည်းမတောင်းဘူး”

“တောင်းစေချင်ရင်ပြောလိုက်လေ”

“ဟ ပြောမှသိလောက်တဲ့အထိအ,နေရင်လည်း ယူမနေတော့ဘူး”

“မယူလို့မှမရတာ အားလုံးသိပြီးနေပြီကို”

“ဘယ်လိုနေနေ အမှန်တကယ်ဆိုရင်ကွာ Supriseလေးဘာလေးလုပ် ချစ်ကြောင်းပြော အဖြေတောင်းပြီးမှလက်ထပ်ခွင့်တောင်းပေါ့ ငါကလည်းလက်ခံမယ့်ဟာကို”

“ပြော…..ဘယ်လိုတွေတောင်းစေချင်နေတာလဲ”

“ရုပ်ရှင်တွေထဲကလိုလေကွာ မထင်မှတ်ထားတဲ့အချိန်မှာ ဝါးးးကနဲsupriseလုပ်ပေါ့”

“မိန်းကလေးဆန်လိုက်တာကွာ ဟိုကအဲ့လိုတွေမသိလို့မှသုံးဆယ်ကျော်လူပျိုကြီးဖြစ်နေတာကို မျှော်လင့်နေသေးတယ်”

“ကိုသမုဒ္ဒရာရဲ့အတွင်းရေးမှူးလုပ်နေပြီးတော့ကွာ အတင်းခိုး​ပြေးတာပဲသင်လာတယ် ဘယ်လိုချစ်ပြရမလဲကျသင်မထားဘူး ​ပျင်းဖို့ကောင်းတဲ့အဖိုးကြီး”

“မင်းကကောအဲ့အဖိုးကြီးကိုဘာကြည့်ကြိုက်တာလဲ”

“မသိပါဘူးကွာ နှလုံးသားကခဏအရူးထကြည့်တာနေမှာ”

“တော်ပြီ ငါခရီးဆက်ရအုံးမယ် ပထဝီပြန်လာပြီ”

“ကားကိုဂရုစိုက်မောင်းအုံး ရောက်ရင်ဖုန်းဆက် ငါ့ပစ္စည်းတွေလာယူမလို့”

“အေးအေး ဒါပဲ”

“ငွေ့..ဘယ်သူတုန်း”

“နောင်းညို”

“ဪ”

ဖုန်းချသွားတာမို့အသံတွေမကြားမိတော့။သူ့သက်ဆိုင်သူကတော့ ဆိုဖာပေါ်ပက်လက်။အိပ်ခန်းထဲတော့သွားမအိပ်။လခြမ်းအပိုင်အခန်းမို့လို့ထင်သည်။

laptopကိုပိတ်ကာနားကြပ်ပါချွတ်လိုက်သည်။ရည်းစားမထားခဲ့ခြင်းရဲ့အကျိုးတွေကခုမှပေါ်လာသည်။ဖုန်းကိုယူကာအိမ်ထဲဝင်တော့ ဗိုက်ကလေးကိုထိန်းကာလမ်းလျှောက်ကူနေတဲ့ ကိုCeanနှင့်တိုးသည်။

“ကိုCean အလုပ်ကိစ္စပြောပြီးသွားပြီ ဒါတွေစားပွဲပေါ်ထားခဲ့မယ်နော်”

“အေး အေး အဆင်ပြေလား ဘယ်လိုဆက်လုပ်မှာလဲ”

လခြမ်းရှေ့မို့နှစ်ယောက်သား အလုပ်ကိစ္စလိုသာဟန်ဆောင်နေရသည်။

“ဖုန်းထဲမှာ နည်းလမ်းရှာလိုက်အုံးမယ်ဗျာ အဆင်မပြေတာရှိရင်အကူအညီတောင်းလိုက်မယ်နော် ပြန်တော့မယ်”

“ကိုကျောက်စက်”

“ဗျာ”

“နောင်းညိုနဲ့တွေ့ဖြစ်သေးလားဟင်”

ဝှက်ထားပေးတဲ့သူကမသိချင်ယောင်ဆောင်နေတော့ ကိုယ်တွေပါလိုက်ဟန်ဆောင်ပေးရတော့မှာပေါ့။

“အာ…..အခုတစ်လောအလုပ်လေးရှုပ်နေလို့မတွေ့ရသေးဘူး သူ့တိုက်ခန်းသွားကြည့်တော့လည်းမတွေ့ဘူးဗျာ”

“ဟုတ်လား”

မလိမ်တတ်သူရဲ့မျက်နှာမှာအထင်းသားပေါ်နေတဲ့ သူသိပါတယ်ဆိုတာကြီးကို မမြင်ချင်ယောင်ဆောင်လိုက်ရသည်။

“ဟုတ်တယ်ဗျ ဒီကိုလာတွေ့ရင်လည်းပြောကူပါအုံးဗျာ ကျွန်တော့်ကိုရှောင်နေလို့”

“နောင်းညိုကိုအရမ်းတွေအထင်မလွဲပါနဲ့ သူကရည်းစားတွေတွဲတာသာများတာ ရှူပ်ရှူပ်ယှက်ယှက်တွေမရှိပါဘူး”

“ကျွန်တော်သူ့ကိုယုံပါတယ် တကယ်သဘောကျမိနေတော့ သဝန်တိုစိတ်ကိုမထိန်းလိုက်နိုင်ရုံတင်”

“ဟုတ်ပါပြီဗျာ အလုပ်ရှိတယ်မလားသွားလေ”

“အဲ့တာဆိုသွားပြီနော်”

ခပ်သုတ်သုတ်ထွက်သွားတဲ့ကျောပြင်ကိုကြည့်ပြီး မောင်ဗိုက်ကခေါင်းရမ်းလိုက်တာမို့သူသဘောကျစွာခိုးပြုံးလိုက်သည်။ကလေးအဖေဖြစ်တော့မှာမို့ လူကြီးဂိုက်ဖမ်းပြီးရင့်ကျက်ချင်ယောင်ဆောင်နေသောကလေးက တကယ်ကိုချစ်စရာကောင်းတာ။

“ကလေးလေး ဆိုဖာပေါ်ထိုင်လိုက်”

ပူဖောင်းနေတဲ့ဗိုက်က နှစ်ယောက်စာမို့သိပ်ကြီးလွန်းနေလေသည်။ဆရာဝန်တွေကတော့ ကလေးတွေကသိပ်ထွားပါသည်တဲ့။သူကတော့ငယ်ငယ့်ကိုသာသနားနေရသည်။

ဆိုဖာပေါ်အသာချပေးရင်း ကြမ်းပြင်ပေါ်ထိုင်ချလိုက်သည်။ပြီးမှခြေထောက်လေးတွေကိုဆွဲယူကာပေါင်ပေါ်တင်ပြီး ​နည်းလမ်းတကျနှိပ်ပေးရသည်။သေးသေးသွယ်သွယ်ခြေဖမိုးလေးတွေက ပြည့်လာတာမို့နေ့တိုင်းနှိပ်ပေးဖြစ်သည်။

“ကိုကို”

“ဗျ”

“ကိုကြီးဒီလာနေမှာဆို”

“အွန်း..ဟုတ်တယ် နှစ်ရက်သုံးရက်လောက်လာနေမှာ Horizonကပြည်ပခဏထွက်သွားတယ် သူပြန်လာရင်လာခေါ်မှာတဲ့”

“ကိုကြီးကမလာသေးဘူးလား”

“ခဏဆိုရောက်ပါပြီငယ်ရဲ့ ကိုယ်သွားကြိုခိုင်းထားတယ်”

“အော”

မေးသမျှဖြေရင်းခြေထောက်လေးတွေကိုနှိပ်ပေးတာကိုလည်းအာရုံစိုက်ရသည်။သူ့လက်ကသိပ်အားသန်တာမို့ မတော်တဆနာသွားမှာလည်းစိုးရသည်လေ။

“ကိုကို”

“ဗျာ”

“ကလေးလေးတွေဆော့နေကြပြန်ပြီ”

“ဟုတ်လို့လား မောင်နှမနှစ်ယောက်ရန်ဖြစ်နေတာများလား”

“မဖြစ်ဘူးလို့ ငယ့်ကလေးတွေကလိမ္မာတယ်ဖြစ်မှာမဟုတ်ဘူး”

“ဟုတ်ပါပြီဗျာ”

“ကိုကို ကြည့်..ကြည့် သူတို့ဆော့နေတာ”

အင်္ကျီစလေးကိုလှန်ပြီးပြနေတာကအသည်းယားစရာ။ပူဖောင်းဖောင်းဖြူဖြူဖွေးဖွေးဗိုက်လေးပေါ် ဟိုသည်ရွေ့လျားနေတာကို သူလေးသဘောတွေကျနေတာ။နေ့တိုင်းသဘောတကျကြည့်တတ်သလို ပျော်လည်းပျော်နေတတ်သေးသည်။

“ဖေကြီးသားနဲ့သမီးကဖေဖေနဲ့ဆော့ချင်နေတာလား အရမ်းတွေမဆော့ရဘူး ကလေးတို့ဖေဖေကသေးသေးလေး ပင်ပန်းအောင်အရမ်းမလုပ်ရဘူးနော် အပြင်ရောက်လာမှကြိုက်သလောက်ဆော့ ဟုတ်ပြီလား”

လက်ဖဝါးနဲ့အသာအုပ်ပြီး ဗိုက်နားကပ်ပြောတော့ အရင်ထက်ပိုပြီးလက်ဖဝါးကိုတွန်းကန်လာလေသည်။

“ဟီးဟီး… ကိုကို့ကိုရန်တွေ့နေတာ ကိုကိုပြောမှပိုဆော့လာပြီ”

“ဒီလူဆိုးလေးတွေကတော့ အပြင်ရောက်ရင်ရိုက်ခံရမယ်နော်”

“ဟားဟား…သူတို့ကကိုကိုနဲ့ရန်ဖြစ်ချင်နေတာ ဟုတ်တယ်နော် ကလေးလေးတွေဘက်မှာဖေဖေတစ်ယောက်လုံးရှိတယ် မကြောက်နဲ့ ကလေးတို့ဖေကြီးကဖေဖေ့ကိုကြောက်တယ် ဟီးဟီး “

“ကလေးတို့ဖေဖေကိုချစ်တာပါနော် အဲ့တာကြောင့်အရမ်းဆိုးလာရင် ဖေဖေ့ကွယ်ရာမှာအရိုက်ခံရမယ်မှတ်”

“ကိုကိုကလေးတွေကိုမရိုက်ရဘူးနော်”

သူ့အပြောကိုတကယ်ထင်ကာ အတည်ပေါက်လေးသတိပေးလာတာမို့သူ့မှာအပြုံးမရပ်နိုင်။

“ပြောရုံလေးတင်ပါအဖေပေါက်စလေးရယ် ဘယ်လိုလုပ်ပြီးရိုက်ရက်မှာလဲ ငယ်ငယ်မွေးပေးထားတာလေးတွေကိုချစ်လို့တောင်ဝပါ့မလားမသိဘူး”

ဗိုက်လေးကိုငုံ့နမ်းကာပြောလိုက်တော့ သဘောတကျပြန်ရယ်ပြလာလေသည်။

“ကားသံကြားတယ် ကိုကြီးရောက်လာပြီထင်တယ်”

“ဟုတ်လောက်တယ်”

အိမ်ထဲဝင်လာတဲ့စက်ရိပ်က သူတို့ကိုမြင်တော့ပြုံးပြလာလေသည်။

“ဘယ်လိုလဲကလေး နေရထိုင်ရတာအဆင်ပြေရဲ့လား”

အနားကဆိုဖာပေါ်ထိုင်မည့်ဟန်ပြင်တော့ ကိုကိုကကြမ်းပြင်ပေါ်ထိုင်နေတာမို့ ခဏတန့်သွားလေသည်။ကိုကြီးအနေမခက်စေရန် ကိုကို့ကိုဆိုဖာပေါ်ထိုင်ခိုင်းရသည်။

“အဆင်ပြေပါတယ်ကိုကြီး မွေးဖို့ကသိပ်မှမလိုတော့တာ အရမ်းတော့လေးတယ် ညခင်းအိပ်ရင်လှည့်လို့လည်းမရတော့ ကိုကိုပါအိပ်ရေးပျက်ရော နေ့ခင်းဘက်လမ်းလေးခဏလောက်လျှောက်ရင်တောင်ခြေထောက်တွေကရောင်လာတတ်သေးတယ်”

“ဒါတွေကဖြစ်တတ်တဲ့သဘာဝတွေပါကလေးရဲ့ ကလေးတွေကတော့လှုပ်တယ်မလား”

“လှုပ်တယ် ကိုကြီးတူနဲ့တူမကအရမ်းလည်းအဆော့သန်သေးတယ်”

“မွေးလာရင်မျောက်လောင်းလေးတွေကိုထိန်းဖို့လူအင်အားရှာထားရတော့မယ်ထင်တယ်”

“ဟီးဟီးး မလိုပါဘူးနော် သူတို့ဦးလေးတွေအလှည့်ကျထိန်းမှာပေါ့”

“အစားအသောက်တွေရောပျက်သေးလား”

“ဘာမှမရှိလိုက်ဘူးကိုကြီး သတိရလာပြီးနောက်ပိုင်း လပဲရင့်သွားလို့လားမသိဘူး ငယ်ငယ်ကအကုန်စားချင်နေတော့တာပဲ ခုဆိုပစ်တိုင်းထောင်ကြီးနဲ့တောင်တူလာပြီ”

“ကိုကြီးလခြမ်းလေးကဘာနဲ့တူတူချစ်ဖို့ကောင်းနေတာပဲဟာ”

“ကိုကို ငယ်ကိုကြီးနဲ့စကားပြောနေလိုက်မယ်လေ ကိုကိုလုပ်စရာရှိတာသွားလုပ်လိုက်ပါ့လား”

“အဲ့တာဆို ငယ်ငယ်စားဖို့အသီးတွေသွားကြည့်လိုက်အုံးမယ် ဂရုစိုက်နော်တစ်ခုခုဆိုကိုကို့ကိုခေါ်လိုက်”

“ဟုတ်”

“ကိုယ်ဂရုစိုက်လိုက်ပါ့မယ် စိတ်ချလက်ချသွားပါ”

သမုဒ္ဒရာထွက်သွားတော့ လခြမ်းဘေးဝင်လာထိုင်လေသည်။ပြီးနောက်ဗိုက်ကလေးကိုဖွဖွထိရင်း ကြည်နူးစွာပြုံးလိုက်မိသည်။သူ့တုန်းကလည်း Alphaကနေပြောင်းလဲခါစဖြစ်နေပေမယ့် ဗိုက်ထဲကကလေးလေးကိုသိပ်ချစ်ခဲ့တာ။

အခန်းထဲတစ်ယောက်ထဲတိုးတိုးတိတ်တိတ်အားနည်းတတ်ခဲ့သည်။ကလေးလေးအပေါ်နူးညံ့ပြခဲ့သည်။မှောင်မိုက်နေတယ်ထင်ရတဲ့ဘဝထဲကိုဝင်ရောက်လာတဲ့အလင်းရောင်လေး။သူ့အတွက်အနှောင့်အယှက်လို့မတွေးဖြစ်ခဲ့သည်အထိ သူတွယ်တာခဲ့တာ။

ဆေးရုံပေါ်ကနေ့ရက်တွေကိုပြန်သတိရမိသည်။သူသတိရလာချိန်ဆရာဝန်တွေပြောတဲ့စကားက သူ့ကလေးဟာအဖတ်မတင်ခဲ့ပါဘူးတဲ့။ဇနီးဖြစ်သူကသူ့ကလေးကို ချစ်သူလက်ထဲထည့်ပေးလိုက်ပြီး ဆုံးသွားတဲ့ကလေးကိုသူတို့နှစ်ယောက်သွေးသားအဖြစ်သတ်မှတ်ခဲ့သည်။

ချစ်သူလက်ထဲသွေးအေးအေးနဲ့ပေးပစ်လိုက်တဲ့ ဇနီးဖြစ်သူကိုသူအံ့ဩမိသည်။သန်မာချင်ယောင်ဆောင်ပြီးမျက်ရည်မကျဖို့ကြိုးစားခဲ့ပေမယ့် သူ့နှလုံးသားတွေကွဲကြေနေတာသူသာအသိဆုံး။သူလိုလူတောင်ပြိုလဲကျနေတာကို သူမကတော့တစ်နှစ်တစ်ခါလောက်သာသွားတွေ့ခွင့်ရှိတဲ့လူရဲ့လက်ထဲ သွေးသားအရင်းကိုလက်လွတ်စပါယ်ပေးပစ်လိုက်တာ။သိပ်အသည်းမာတာပဲ။

သူ့မှာသားလေးစိတ်နဲ့အရာရာအဆင်မပြေခဲ့။ သားလေးကိုသတိရစိတ်တွေပြေဖို့ အလုပ်တွေကိုသာဖိကြိုးစားရင်း အောင်မြင်မှုတွေတစ်ခုပြီးတစ်ခုယူသည်။အယောင်ဆောင်ဇနီးဖြစ်သူကတော့ သူ့ချစ်သူနှင့်နောက်ထပ်တစ်ကြိမ်ကလေးရှိခဲ့ပြန်သည်။ထိုကလေးကိုပါထပ်ပေးအုံးမည်တဲ့။သူအံ့ဩမဆုံး။

မရင်းနှီးကြတဲ့သူတွေမို့ သူ့ကိစ္စတွေဝင်မစွက်ဖက်ဖြစ်တော့။မတည်ငြိမ်တဲ့ဖယ်ရိုမုန်းတွေကိုဆေးတွေနှင့်ထိန်းရင်း သူ့မျက်လုံးတွေဆိုးရွားလာသလို Heatတွေလည်းမမှန်တော့။ဖြစ်ချင်ရာဖြစ်နေပစ်ရင်း အတိတ်ဟောင်းနှင့်ပြန်ဆုံတွေ့ရလေခြင်း။

“ကိုကြီးအဆင်ပြေရဲ့လား”

သူ့ဗိုက်ပေါ်တင်ထားတဲ့ကိုယ့်လက်ကိုလက်ကလေးနှင့်အုပ်ကိုင်လာရင်း စိုးရိမ်သံလေးနှင့်မေးလာတာမို့ ဟန်ဆောင်အပြုံးကိုဖျစ်ညှစ်ယူရသည်။

“အဆင်ပြေပါတယ်ကလေးရဲ့ ကိုကြီးအိပ်ရေးသိပ်မဝလို့ပါ”

“စိတ်မကောင်းစရာတွေတွေးနေပြန်ပြီလားကိုကြီး”

အကြောင်းစုံသိသွားတဲ့နေ့ကတည်းက ကိုယ့်ကိုသနားပြီးစိတ်မကောင်းဖြစ်နေတဲ့ကလေးမို့သူအားနာရသည်။ကိုယ်ဝန်ကြီးနဲ့မို့စိတ်မကောင်းမဖြစ်စေလိုစွာ သူ့မှာအမြဲနှစ်သိမ့်ပေးရသည်။

သူ့အနာဟောင်းကသွေးမှမထွက်တော့တာ။အအေးဓာတ်ပိုလာရင်တစ်ခါတစ်ရံကိုက်ခဲတတ်တဲ့ ဒဏ်ရာဟောင်းလေးပါပဲ။အမာရွတ်လေးတစ်ခုသာသာမို့ သိပ်မခံစားရတော့ပါဘူး။

“တစ်ခါတစ်ရံသတိရရုံလေးပါပဲကလေးရဲ့ အခုအဆင်ပြေသွားပါပြီ တူလေးတူမလေးတွေနဲ့ဆိုသတိရချိန်တောင်မရှိလောက်တော့ဘူး”

“လေးလေးတို့လာမှာတကယ်လားကိုကြီး”

“အွန်း အကြောင်းစုံသိသွားပြီဆိုတော့ ကိုယ်နဲ့တွေ့ချင်နေမှာပေါ့”

“လေးလေးကမဆူဘူးမလားဟင် ကိုကြီးဒီမှာလာနေပါ့လား ငယ်ငယ်ကူပြောပေးပါ့မယ်”

“ဖြစ်ပြီးသွားပြီလေကလေးရယ် ပြန်လည်ပြင်ဆင်လို့မရတော့တဲ့ကံတရားကို အကောင်းဆုံးကြိုးစားနေထိုင်ဖို့ပဲရှိတော့တာ အဖေကနားလည်ပေးပါတယ် အရင်ကအကြောင်းတွေအိမ်ကိုဖွင့်မပြောခဲ့လို့ စိတ်ဆိုးနေရုံပါပဲ”

“ကိုကြီးအရမ်းပင်ပန်းခဲ့မှာပဲ”

“ကဲ ပြောရင်းစိတ်မကောင်းဖြစ်ပြန်ပြီလား ဗိုက်ထဲကကလေးတွေအတွက်ပျော်အောင်နေရမယ်လေကလေးရယ် တော်ကြာထွက်လာတဲ့ကလေးတွေရုပ်ဆိုးနေမယ်နော်”

“မဆိုးဘူး ငယ်ငယ်တို့အမျိုးထဲမှာရုပ်ဆိုးတဲ့သူမရှိဘူး”

“ဟုတ်ပါပြီကွာ လမ်းလျှောက်ချင်သလားကလေး ကိုကြီးတွဲပေးမယ် မွေးဖို့တစ်လကျော်ပဲလိုတော့တာဆိုတော့ နည်းနည်းပဲသည်းခံရတော့မှာပါ”

“လျှောက်မယ်ကိုကြီး”

“ဖြည်းဖြည်းထ”

ဗိုက်လေးကိုကူတွဲကာ ဖြည်းဖြည်းချင်းလျှောက်ကူရသည်။တစ်အိမ်လုံးကော်ဇောထူကြီးတွေခင်းထားတာမို့ ခြေထောက်အေးမှာမပူရပေမယ့် ဆောင်းရာသီမို့အနွေးဖိနပ်လေးတော့စီးခိုင်းထားရသည်။

နှစ်ဖက်အသိုင်းကြား ဂရုစိုက်စရာဒီကလေးပဲရှိတာမို့ အားလုံးကမျက်စိဒေါက်ထောက်ဂရုစိုက်နေကြတာ။ဗိုက်ကလေးက ဂရုစိုက်ချင်စရာဖြစ်နေတာလည်းပါတာပေါ့လေ။

မြောက်ပြန်လေတွေဆော်သွေးတော့ စံပယ်ရနံ့တွေကဝင်သက်တိုင်းနေရာယူသည်။မြတ်နိုးရာလေးအတွက်ရည်ရွယ်တဲ့ပန်းတွေက အမြဲတမ်းကိုပွင့်နေတာကအံ့ဩစရာတစ်ခုလို……….

###################

ငြိမ်း🌞🌻

“သတင္းထူးတယ္အစ္ကိုေလး”

ဖုန္းဆက္လာတဲ့သက္ေတာ္ေစာင့္ေတြေၾကာင့္ အိပ္ေနရာမွကုန္း႐ုန္းထကာ ဝရံတာဘက္ထြက္ခဲ့လိုက္သည္။ကိုခိုကအအိပ္ဆတ္တာမို႔နိုးမသြားေစခ်င္။ညကလည္းနည္းနည္းပန္းသြားတာမို႔ မထေစခ်င္ေသး။ခုမွမနက္ႏွစ္နာရီပဲရွိေသးတာ။

ဒီအခ်ိန္ႀကီးဖုန္းဆက္လာတယ္ဆိုကတည္းက အေရးႀကီးလို႔ပဲေနမွာ။

“ဘာထူးတာလဲ”

“အေသးစိတ္သိရေအာင္ ကြၽန္ေတာ္တို႔အသံဖိုင္ပို႔လိုက္ပါ့မယ္ အခုတစ္ေလာသူ႕ဘက္ကေျခၿငိမ္ေနတာကအစ္ကိုေလးကိုေၾကာက္လို႔ေနမွာ မေန႕ညကCနိုင္ငံကိုသြားၿပီးသူ႕ခ်စ္သူေဟာင္းကိုသြားေတြ႕တယ္ အဲ့လူမွာငါးႏွစ္အ႐ြယ္သားတစ္ေယာက္ရွိတယ္အဲ့သားကကေလးခ်င္းလဲထားတာတဲ့ သူ႕ကေလးကဆုံးသြားတာလို႔ေျပာတယ္ ထူးဆန္းတာကအစ္ကိုေလးအေၾကာင္းပါလာတာပဲ အဲ့ကေလးကအစ္ကိုေလးသားဆိုၿပီးေျပာေနတယ္”

“ဘာ”

နဂိုအိပ္ခ်င္မူးတူးပ်င္းရိေနဟန္မ်က္ႏွာကခ်က္ခ်င္းစိတ္လႈပ္ရွားမႈအျဖစ္ေျပာင္းသြားရသည္။တိုက္ခတ္လာတဲ့ေဆာင္းေလေအးေတြေတာင္သူ႕အသံေလာက္မေအးစက္။

“ဟုတ္တယ္ အရင္တစ္ခါကြၽန္ေတာ္တို႔စုံစမ္းခဲ့တဲ့အဲ့လူက ကေလးမရနိုင္လို႔ရည္းစားနဲ႕ရတဲ့ကေလးအရင္းကိုေမြးစားခ်င္ေယာင္ေဆာင္ထားတာ အခုထပ္ေမြးတဲ့ကေလးကသူ႕သားအရင္းဆိုေတာ့ အရင္ကေလးကိုတစ္ခုခုလုပ္ဖို႔ႀကံေနတယ္”

“မင္း သူတို႔လက္ထဲကအဲ့ကေလးကိုရေအာင္ေခၚထား ငါအခုခ်က္ခ်င္းလာခဲ့မွာမလို႔ ဘာအမွားအယြင္းမွမရွိေစနဲ႕”

“ဟုတ္ကဲ့”

သူအခန္းထဲအျမန္ဝင္ကာအဝတ္စားလဲၿပီး လိုအပ္တာမွန္သမွ်ယူလိုက္သည္။သူ႕လႈပ္ရွားသံကမညင္သာတာမို႔အိပ္ယာထက္ကလူကနိုးလာေလသည္။ဝတ္စုံျပည့္ေျပာင္းဝတ္ထားတဲ့သူ႕ကိုျမင္ၿပီး ထထိုင္ၿပီးေမးလာတာကအိပ္ခ်င္မူးတူး။

“ေမာင္… ဘယ္သြားမလို႔လဲ”

သူကုတင္ေပၚကလူရွိရာအေျပးသြားကာအားႏွင့္ေပြ႕ဖက္ပစ္လိုက္သည္။သူ႕အထင္မွန္ေနခဲ့ရင္ သူတို႔မွာကိုယ္ပိုင္မိသားစုေလးရွိလာေတာ့မွာ။ကိုခိုကိုယ္တိုင္သူ႕ကိုလက္ခံလာမယ့္မိသားစုေလး။

“ဘာျဖစ္တာလဲ”

အလကားေနရင္းဆြဲဖက္ခံလိုက္ရသူက အိပ္ယာနိုးကာစကြဲအက္အက္အသံျဖင့္ေမးလာေလသည္။သူဖက္ထားတာကိုခြာလိုက္ရင္း ပုခုံးႏွစ္ဖက္ကိုလက္ႏွင့္ဆုပ္ကိုင္ကာ မ်က္လုံးခ်င္းဆုံေအာင္ေသခ်ာၾကည့္လိုက္သည္။

“ကိုယ္အခုခ်က္ခ်င္းျပည္ပကိုသြားစရာရွိတယ္ ျပန္လာရင္သတင္းေကာင္းပါလာေစရမယ္ ကိုယ့္ကိုေစာင့္ေနေနာ္”

စကားအဆုံးအနမ္းေတြမြတ္သိပ္စြာျဖန့္က်ဲၿပီး ကိုခို႔ကိုအိပ္ယာထက္ျပန္လွဲခ်လိဳက္သည္။

“ျပန္အိပ္ေနအုံးေနာ္ မနက္က်မွလျခမ္းဆီကိုလိုက္ပို႔ခိုင္းလိုက္မယ္ ကိုယ္ႏွစ္ရက္အတြင္းျပန္လာမွာပါ”

ေခါင္းညိတ္ျပၿပီးျပန္အိပ္ဖို႔ျပင္ေနသူေၾကာင့္ အၿပဳံးေတြလမ္းသလားေသးသည္။ေကာင္းပါတယ္ မေသခ်ာေသးတဲ့ေပ်ာ္႐ႊင္ေတြေၾကာင့္ သက္ဆိုင္သူလမ္းမေပ်ာက္ေတာ့ဘူးေပါ့။

ေက်ာပိုးအိတ္တစ္လုံးသာေကာက္လြယ္ၿပီးအခန္းျပင္ထြက္သည္။သက္ေတာ္ေစာင့္ေတြဆီဖုန္းေခၚေတာ့ခ်က္ခ်င္းကိုင္လာေလသည္။

“ဟဲလို”

“Cနိုင္ငံကိုသြားဖို႔ေလယာဥ္ခ်က္ခ်င္းစီစဥ္လိုက္ သက္ေတာ္ေစာင့္ေတြပါ၁၀ေယာက္ေလာက္ေခၚခဲ့ Twoရဲ႕အဖြဲ႕ကိုခ်က္ခ်င္းဆက္သြယ္လိုက္ အခုငါဆင္းလာၿပီ ကားထုတ္ထားေလယာဥ္ကြင္းကိုသြားမယ္”

“ဟုတ္ကဲ့”

ေအာက္ထပ္ေရာက္ေတာ့ကားကအဆင္သင့္။

“ဒီမွာက်န္ခဲ့တဲ့လူေတြက မနက္ေရာက္ရင္ကိုCeanကိုအေၾကာင္းၾကား အိမ္ကကိုယ့္လူကိုအဲ့မွာခဏေခၚထားခိုင္းလိုက္ ကိုယ္ျပန္လာတာနဲ႕ခ်က္ခ်င္းလာေခၚမွာလို႔ေျပာလိုက္”

“ဟုတ္ကဲ့”

“သြားမယ္”

ကားသုံးစီးထြက္သြားတာႏွင့္ၿခံတံခါးကေစ့ေစ့ပိတ္သြားေလသည္။တစ္ရိပ္ရိပ္က်န္ခဲ့တဲ့ ထင္းရႉးပင္ေတြကိုၾကည့္ရင္းစိတ္လႈပ္ရွားမႈေတြထိန္းကာ ပို႔ထားတဲ့အသံဖိုင္ကိုနားေထာင္ဖို႔ျပင္သည္။နားၾကပ္တပ္ကာေနာက္ခုံကိုမွီလို႔ အသံေတြဆီအာ႐ုံစိုက္လိုက္သည္။

“အဲ့ေတာ့ဘယ္လိုျဖစ္သြားၿပီလဲ”

သူစိမ္းအမ်ိဳးသားအသံမို႔ ဟိုတစ္ေယာက္အခ်စ္ေဟာင္းျဖစ္ေလာက္သည္။

“သတင္းထဲကအတိုင္းပဲ အမွန္တရားေတြထုတ္ေျပာလိုက္ရတယ္”

“က်စ္”

“ရွင္ကဘာသိလို႔လဲ သူတို႔ညီအစ္ကိုေတြဘယ္ေလာက္အာဏာရွိလည္းရွင္မသိပဲနဲ႕ ေနာက္ေၾကာင္းေတြေသခ်ာလိုက္ရင္ကြၽန္မတို႔ႏွစ္ေယာက္လုံးအသတ္ခံရမွာ”

“မင္းေယာက်္ားဟိုOmegaကေရာ သူ႕ကိုလက္ခံတာပဲလား”

“သူတို႔ႏွစ္ေယာက္အဆင္ေျပတာကို ကိုယ္ေတြ႕ေတြ႕ခဲ့ရတာပါဆို”

“ကေလးအေၾကာင္းမသိေသးဘူးမလား”

“မသိေလာက္ေသးဘူး သူနဲ႕ပတ္သပ္ခဲ့သူမွန္းဘဲသိေသးတာ ကေလးရွိခဲ့မွန္းမသိေသးဘူး”

“သိပ္ေတာ့ေၾကာက္စရာမလိုပါဘူး ေမြးထုတ္ခဲ့တဲ့ကာယကံရွင္ကိုယ္တိုင္ကေတာင္ သူ႕ကေလးကေသသြားၿပီလို႔ပဲသိထားတာ”

သူမ်က္ေမွာင္ေတြတင္းတင္းက်ဳံ႕ကာ အံႀကိတ္ထားမိသည္။ေပါက္ထြက္လာတဲ့ဖယ္ရိုမုန္းေတြေၾကာင့္ေရွ႕ကသက္ေတာ္ေစာင့္ေတြကငဲ့ၾကည့္လာေလသည္။

သူတို႔ကိုအႏွောင့္အယွက္ျဖစ္မွာဆိုး၍ သတိကပ္ကာ ဖယ္ရိုမုန္းေတြျပန္သိမ္းရသည္။

“အခုဘယ္လိုလုပ္ၾကမလဲ”

“အခုေသြးသားအရင္းလဲရလာၿပီေလ အဲ့ကေလးကိုစြန့္ပစ္ဖို႔လုပ္ရေအာင္ ေတာ္ၾကာစုံစမ္းရင္းသိသြားရင္အားလုံးေသကုန္လိမ့္မယ္ ဘယ္လိုပဲျဖစ္ျဖစ္ကေလးကေမြးထားတဲ့သူ႕အေဖနဲ႕တစ္႐ုပ္တည္းပဲဟာ ဟိုကတစ္ခ်က္ၾကည့္တာနဲ႕သိမွာပဲ”

“အရင္တစ္ခါစုံစမ္းတုန္းကေတာင္သူတို႔သတိမထားမိဘဲနဲ႕ ဆက္ေခၚထားလို႔မရဘူးလား သူတို႔ကေလးအသက္ရွင္ေနေသးတာဘယ္နည္းနဲ႕မွမသိနိုင္ေလာက္ပါဘူး ကြၽန္မလည္းသူတို႔နဲ႕လုံးဝအၿပီးသတ္လိုက္ၿပီပဲဟာ”

“မင္းေျပာနိုင္လို႔လား အခုNနိုင္ငံမွာမင္းေမြးထားတဲ့ကေလးေတာင္ငါ့ကေလးျဖစ္ေၾကာင္းစုံစမ္းနိုင္ေသးရင္ ဒီနိုင္ငံမွာငါ့အိမ္ေထာင္ဖက္နဲ႕ရွိေနတဲ့ကေလးကိုေရာမသိနိုင္စရာမွမရွိတာ”

“အဲ့တာကသိပ္စိတ္ပူစရာမလိုပါဘူး ကိုေဆာင္းကအဲ့အေၾကာင္းေတြလုံးဝေျပာမွာမဟုတ္ဘူး သူကလည္းအရင္ကကိစၥေတြကိုအစမေဖာ္ေလာက္ေတာ့ဘူး ေျခာက္ႏွစ္လုံးေရငုံႏႈတ္ပိတ္ေနလာတာပဲဟာ အခုခ်ိန္မွဖြင့္မေျပာေလာက္ေတာ့ပါဘူး ေကာင္းတဲ့ကိစၥေတြမွမဟုတ္တာ”

“ဘာပဲျဖစ္ျဖစ္သူ႕ကေလးကိုေတာ့စြန့္ပစ္မွရမယ္ အဲ့တာမွအခုပိုင္ဆိုင္မႈအားလုံးကိုငါတို႔သားအရင္းတစ္ေယာက္တည္းရမွာ သူတို႔မစုံစမ္းနိုင္ရင္ေတာင္ ႀကီးလာရင္အေမြကိစၥေတြရႈပ္လာလိမ့္မယ္”

“ရွင့္သေဘာပဲ ဘယ္လိုလုပ္မယ္စိတ္ကူးထားလဲ”

“မပူပါနဲ႕ အစအနေတာင္ရွာမရေအာင္ငါလုပ္တတ္ပါတယ္”

ေရွ႕ခုံကိုလက္သီးတစ္ခ်က္ပစ္သြင္းလိုက္ေတာ့ ကားကတုံ႕ခနဲရပ္သြားေလသည္။ေတာ္ေသးသည္ေနာက္ကကားေတြကခပ္ခြာခြာကလိုက္လာလို႔။

“Sorry ကိုယ္စိတ္အဆင္မေျပတာေလးရွိလို႔ ဆက္သြား မိုင္ကုန္တင္လိုက္”

နားၾကပ္ကိုခြၽတ္ၿပီး ဆက္နားမေထာင္ျဖစ္ေတာ့။ဟိုမေရာက္ခင္ ဒီမွာေတြ႕ရာလူကိုသတ္မိလိမ့္မည္။

အဲ့တာေၾကာင့္ကိုခို႔ကိုလြယ္လြယ္ကူကူလက္လႊတ္သြားတာေပါ့။သူ႕ကိုေၾကာက္ရမွန္းေတာ့သိေသးတာပဲ။သူ႕အခ်စ္ကိုစိတ္ဒဏ္ရာေတြေပးၿပီးသူတို႔ကေတာ့သာယာေနတယ္ေပါ့ ဒီေန႕ကစၿပီးငရဲသြားဖို႔သာျပင္လိုက္ေတာ့။

ေလဆိပ္ေရာက္ေတာ့ကိုယ္ပိုင္ေလယာဥ္ႏွင့္မို႔ ရႉပ္ရႉပ္ရွပ္ရွပ္ေတြမရွိေတာ့။အဆင္သင့္ျဖစ္ေနတဲ့ေလယာဥ္ေပၚသူ႕လူေတြႏွင့္တက္ခဲ့လိုက္သည္။သီးသန့္ခန္းထဲဝင္ထိုင္ေတာ့သက္ေတာ္ေစာင့္တစ္ေယာက္ေရာက္လာေလသည္။

“ခဏေလးေစာင့္ရမယ္အစ္ကိုေလး လမ္းေၾကာင္းအေျခေနေၾကာင့္ပါ”

“ok အဆင္ေျပသလိုသာလုပ္”

“ဟုတ္ကဲ့”

သက္ေတာ္ေစာင့္ျပန္ထြက္သြားမွေနာက္မွီကိုမွီလိုက္ကာမ်က္လုံးေတြမွိတ္လိုက္သည္။သိပ္မေလာပါဘူး။လုံၿခဳံမႈကအဓိကပဲဟာ။ဟိုဘက္မွာလည္းသူ႕လူေတြရွိေနတာပဲမို႔အဆင္ေျပမွာပါ။

ထပ္ေရာက္လာတဲ့ mailတစ္ေစာင္ေၾကာင့္ ဖြင့္ၾကည့္လိုက္ေတာ့လႈပ္ရွားမႈေတြရပ္သြားရသည္။လက္ေခ်ာင္းထိပ္ေလးေတြတုန္ရင္ကာ မ်က္လုံးေတြပါနီလာရသည္အထိ။

ပုံထဲကကေလးက ငါးႏွစ္အ႐ြယ္ေလး။မ်က္ႏွာေလးကကိုခိုႏွင့္ခြၽတ္စြပ္။အဓိကကမ်က္လုံးေလးေတြ။အသားျဖဴျဖဴမ်က္လုံးလွလွေလးႏွင့္ကေလးကရယ္ေနတာမို႔ သူ႕ဦးေလးလျခမ္းလိုပါးခ်ိဳင့္ေလးေတြႏွင့္။

ပုံေလးကိုဖြဖြထိရင္း ႏွလုံးသားကတဆတ္ဆတ္တုန္လာသည္။သူ႕ေသြးသားရင္းခ်ာေလး သူသိပ္ခ်စ္ရတဲ့အမ်ိဳးသားကိုယ္တိုင္ေမြးထုတ္ထားတဲ့သူ႕သားေလး။အေဖတစ္ေယာက္ရဲ႕ခံစားခ်က္ေတြကႏွလုံးသားမွာအျပည့္အသိပ္။

ခဏေလးပါပဲ။ဒီခရီးကေနအိမ္ျပန္ရင္ ခ်စ္ရသူရဲ႕အေပ်ာ္မ်က္ရည္ေတြကို သူျမင္ေတြ႕ခြင့္ရၿပီ။

ပုံေလးကိုအၾကည့္မလႊဲနိုင္ဘဲ လစ္လပ္ခဲ့ရတဲ့ႏွစ္ေတြအစားပါပိုလြမ္းဆြတ္လာရသည္။ေမြးကင္းစကတည္းကထိေတြ႕ခြင့္မရခဲ့၊ျပဳစုခြင့္မရခဲ့ ယုတ္စြအဆုံးတည္ရွိေနမွန္းေတာင္မသိခဲ့ရတဲ့သူ႕ရဲ႕ေသြးသားရင္းခ်ာေလး။

ဆယ္လနီးပါးဝမ္းနဲ႕လြယ္ကာ ေမွ်ာ္လင့္ခ်က္ေတြတစ္ရိပ္ရိပ္ႏွင့္ေစာင့္ခဲ့ရၿပီးမွ ေထြးေပြ႕ခြင့္ေတာင္မရဘဲ ခြဲခြာခဲ့ရတဲ့သူ႕ႏွလုံးသားေလးရဲ႕ ကိုယ္ပြားေလး။

ခဏေလးပဲေစာင့္ေပးပါ ကိုခို။ကိုခို႔ရဲ႕ ဝမ္းနည္းမႈေတြကိုအၿပီးသတ္အျမစ္ျဖတ္ပစ္မွာမို႔ ပြည့်စုံခြင်းဆိုတဲ့အနက်အဓိပ္ပါယ်ကိုကျွန်တော်ကဖွင့်ဆိုပေးမှာမို့ ခဏေလးပဲေစာင့္ေနေပးပါ။

ၿမိဳ႕ျပမီးေတြကိုေအာက္ဆီခ်န္ၿပီး တိမ္ေတြၾကားမွာပ်ံသန္းသည္။အခ်ိန္ေတြတိုေတာင္းေစဖို႔မ်က္ဝန္းေတြကိုမွိတ္ထားမိသည္။သူနိုးလာခဲ့ရင္ သူ႕အသက္ေသြးေၾကာေလးတစ္ေခ်ာင္းကသူ႕ရင္ခြင္ထဲေရာက္ေနမွာ

………………….

“မင္းမ်က္ႏွာထားႀကီးကဘာျဖစ္ေနတာလဲ”

ေစာေစာစီးစီးအိမ္ေရာက္လာၿပီး မွိုင္ေတြခ်ေနတဲ့ေက်ာက္စက္မ်က္ႏွာေၾကာင့္ သူ႕မွာသက္ျပင္းခ်မိျပန္သည္။ဟိုအရင္အခ်ိန္ ငယ္ထြက္သြားတုန္းကသူ႕မ်က္ႏွာကိုျပန္ျမင္ေနရသလိုမို႔ ဖဲ့ေတာ့မဖဲ့ျဖစ္။

“ေကာင္ေလးကကြၽန္ေတာ့္ကိုပုန္းေနတယ္”

“မင္းကဘာသြားလုပ္လို႔တုန္း”

“နည္းနည္းပါးပါးအသားယူ႐ုံတင္ကို”

မ်က္ႏွာေလးကိုဇီး႐ြက္ေလာက္ထိငယ္ခ်ပစ္ၿပီး ဆိုဖာထက္ေပ်ာ့ေခြေနသူက မလုံမလဲေျဖလာတာမို႔မယုံခ်င္စရာ။

“ဟ လက္မထပ္ရေသးဘဲနဲ႕အသားယူစရာလား”

“ကိုCean တုန္းကကြၽန္ေတာ့္ထက္ဆိုးတယ္ေလ မုန္းတယ္ဆိုၿပီး ဇြတ္ဆြဲဆြဲနမ္းတာဘယ္သူတုန္း”

“ရႉး…တိုးတိုးေျပာ ကေလးၾကားသြားလို႔စိတ္ေကာက္ရင္ တစ္ညလုံးေခ်ာ့လို႔ရမွာမဟုတ္ဘူး”

ေဘးကလူကိုပါးစပ္လွမ္းပိတ္ရင္း အိပ္ခန္းဘက္လည္းလွမ္းၾကည့္ရေသးသည္။ေတာ္ၾကာ အမွတ္တရဆိုးေတြကိုျပန္သတိရၿပီး စိတ္ဆိုးသြားရင္သူပဲအခ်ိဳပြဲငတ္မွာ။ဟိုကဗိုက္နဲ႕မို႔စိတ္ကႏုႏုရယ္။

“သူဘဲလာစၿပီးေတာ့”

“အခု သူကဘယ္မွာတုန္း”

“မသိလို႔ကိုCeanဆီလာတာေပါ့”

“ဟ ငါနဲ႕ဘာဆိုင္လို႔တုန္း ေဗဒင္ဆရာလည္းမဟုတ္ အၾကားအျမင္လည္းရမေနဘူး”

“လူအင္အားသုံးၿပီးရွာေပးေလဗ်ာ “

“ဘယ္လို”

ၾကားရတဲ့စကား သူ႕ပါးစပ္ကထြက္လာတာဟုတ္ရဲ႕လားလို႔ေတာင္ျပန္ၾကည့္ယူရတယ္။လူပ်ိဳႀကီးေတြခ်စ္မိရင္တကယ္ကိုမလြယ္တာပဲ။

“ကိုယ္ခ်င္းစာပါဗ်ာ ကိုCeanတုန္းကလည္းအဲ့လိုရွာတာပဲဟာ မေတြ႕ရတာႏွစ္ရက္ရွိၿပီ သူ႕တိုက္ခန္းထဲသြားရွာတာလည္းမေတြ႕ဘူး”

“ေနအုံး သူ႕တိုက္ခန္းကcctvငါ့မွာရွိတယ္ တစ္ခ်က္ၾကည့္ေပးမယ္”

ေျပာရင္းအခန္းထဲက laptop ကိုသြားယူလာေလသည္။

“တိုက္ခန္းမွာမရွိပါဘူးဆိုဗ်ာ”

ေျပာသာေျပာရတာဟိုကၾကည့္ေတာ့သူလည္းလိုက္ၾကည့္တာပါပဲ။ေျပာမရဘူးေလ သူလာရင္ပုန္းေနၿပီး သူျပန္တဲ့အခ်ိန္မွာေရာက္ရင္ေရာက္လာမွာေပါ့။

“အယ္”

ႏွစ္ေယာက္လုံးေၾကာင္သြားရသည္။ေလာေလာဆယ္ပင္ထေနာင္းညိုရွိေနတာက လျခမ္းပိုင္တဲ့အခန္းမွာ။ဆိုဖာေပၚလွဲရင္းဖုန္းသုံးေနတာ။

“ကိုCean လက္ခ်က္မလား”

“ေပါက္ကရေတြ အဲ….. ဟိုေန႕ကလာတာအဲ့တာလားမသိဘူး ငယ္ငယ္နဲ႕တိုးတိုးေျပာၿပီးျပန္သြားတာ”

“ေသာ့ေပး”

လက္ျဖန့္ကာေသာ့ေတာင္းေတာ့ ေၾကာင္ေတာင္ေတာင္ျပန္ၾကည့္လာေလသည္။

“ဘာလို႔ေပးရမွာလဲ”

“အဲ့အခန္းေသာ့က ကိုCeanဆီမွာ… အဲ လျခမ္းဆီမွာလား”

“ဟုတ္တယ္”

“ကိုCean ေတာင္းေပးပါအုံး”

“ကိုယ့္ဘာသာနည္းလမ္းရွာလိုက္ အိမ္ကကေလးကမေပါ့မပါးႀကီးနဲ႕ ျပႆနာမရွာနဲ႕”

“ေနအုံး”

ေျပာေနရင္းတစ္ေနရာအေရာက္ရပ္သြားၿပီး pause ခလုပ္ႏွိပ္လိုက္ေလသည္။

“ဘာလဲ”

“အဲ့ႏွစ္ခန္းကလွ်ို႔ဝွက္တံခါးရွိတာလား “

“ဟုတ္သား သူထြက္လာတာအဲ့နားကေန”

ေျပာရင္းတစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္မိသြားသည္။ၿပီးမွတစ္ခုခုစဥ္းစားမိသြားၿပီး….

“ေသာ့မလိုေလာက္ေတာ့ဘူးထင္တယ္”

“ကြၽန္ေတာ္သြားလိုက္ရေတာ့မလား”

“သြားလိုက္ အခန္းထဲကကင္မရာေတြအေၾကာင္းမေျပာနဲ႕ ေနအုံးသူဖုန္းဆက္ေနတာမလား”

“ဟုတ္တယ္ ဘယ္အဆက္ေဟာင္းနဲ႕ေျပာေနျပန္ၿပီလဲမသိဘူး”

ေျပာရင္းမ်က္ေမွာင္ေတြတြန့္ကာ ႏႈတ္ခမ္းပါတင္းတင္းေစ့ပစ္မိသည္။ကိုယ့္ကိုက်ေတာ့အဆက္အသြယ္ေတြျဖတ္ထားၿပီး တစ္ျခားသူေတြကိုက်ေတာ့ဖုန္းဆက္ေနတယ္တဲ့ အဲ့တာေကာင္းသလား။

“ေရာ့ နားၾကပ္”

“ဘာလုပ္မို႔တုန္း”

လက္ထဲထည့္ေပးလာတဲ့နားၾကပ္ကိုၾကည့္ရင္းနားမလည္။

“အသံဖမ္းစက္ရွိတယ္ နားေထာင္မွာမလား”

“ေထာင္မွာ”

“အျပင္ထြက္နားေထာင္ ငါငယ္ငယ့္ကိုထိန္းထားလိုက္မယ္ ဒီပစၥည္းေတြအေၾကာင္းဘယ္သူမွမသိေစနဲ႕ေနာ္”

“စိတ္ခ်ကိဳCean ေက်းဇူးဗ်ာ”

နားၾကပ္ကိုနားမွာတပ္ကာ ပစၥည္းေတြယူၿပီးကားထဲဝင္ထိုင္လိုက္သည္။ခဏအၾကာနားထဲတိုးဝင္လာတဲ့တိမ္ေငြ႕အသံ။ဖုန္းစပီကာဖြင့္ထားတာျဖစ္ရမည္။

“အဲ့ေတာ့အခုလျခမ္းအခန္းမွာေပါ့”

“ဟုတ္တယ္ လျခမ္းဆီခြင့္ေတာင္းၿပီးသား”

“သူ႕ေယာက်္ားေကာသိလား”

“မေျပာခိုင္းလိုက္ဘူး သူကသူ႕အတြင္းေရးမႈးကိုသိပ္ခ်စ္တာ ျပန္ေျပာမွာေသခ်ာေပါက္ပဲ”

“မင္းကေရာဘာလို႔ပုန္းေနတာလဲ မႀကိဳက္တာလည္းမဟုတ္ဘဲနဲ”

“အဲ့လူႀကီးကလုပ္ခ်င္တာလုပ္ဖို႔ပဲသိတာ ဟိုလူနဲ႕စြပ္စြဲလိုက္ဒီလူနဲ႕သမုတ္လိုက္နဲ႕ ငါ့ကိုခိုးသာေျပးတာ ရည္းစားစကားလည္းမေျပာဘူးလက္ထပ္ဖို႔အေမတို႔နဲ႕ေျပာၿပီး ငါ့ကိုလက္ထပ္ခြင့္လည္းမေတာင္းဘူး”

“ေတာင္းေစခ်င္ရင္ေျပာလိုက္ေလ”

“ဟ ေျပာမွသိေလာက္တဲ့အထိအ,ေနရင္လည္း ယူမေနေတာ့ဘူး”

“မယူလို႔မွမရတာ အားလုံးသိၿပီးေနၿပီကို”

“ဘယ္လိုေနေန အမွန္တကယ္ဆိုရင္ကြာ Supriseေလးဘာေလးလုပ္ ခ်စ္ေၾကာင္းေျပာ အေျဖေတာင္းၿပီးမွလက္ထပ္ခြင့္ေတာင္းေပါ့ ငါကလည္းလက္ခံမယ့္ဟာကို”

“ေျပာ…..ဘယ္လိုေတြေတာင္းေစခ်င္ေနတာလဲ”

“႐ုပ္ရွင္ေတြထဲကလိုေလကြာ မထင္မွတ္ထားတဲ့အခ်ိန္မွာ ဝါးးးကနဲsupriseလုပ္ေပါ့”

“မိန္းကေလးဆန္လိုက္တာကြာ ဟိုကအဲ့လိုေတြမသိလို႔မွသုံးဆယ္ေက်ာ္လူပ်ိဳႀကီးျဖစ္ေနတာကို ေမွ်ာ္လင့္ေနေသးတယ္”

“ကိုသမုဒၵရာရဲ႕အတြင္းေရးမႉးလုပ္ေနၿပီးေတာ့ကြာ အတင္းခိုးေျပးတာပဲသင္လာတယ္ ဘယ္လိုခ်စ္ျပရမလဲက်သင္မထားဘူး ပ်င္းဖို႔ေကာင္းတဲ့အဖိုးႀကီး”

“မင္းကေကာအဲ့အဖိုးႀကီးကိုဘာၾကည့္ႀကိဳက္တာလဲ”

“မသိပါဘူးကြာ ႏွလုံးသားကခဏအ႐ူးထၾကည့္တာေနမွာ”

“ေတာ္ၿပီ ငါခရီးဆက္ရအုံးမယ္ ပထဝီျပန္လာၿပီ”

“ကားကိုဂ႐ုစိုက္ေမာင္းအုံး ေရာက္ရင္ဖုန္းဆက္ ငါ့ပစၥည္းေတြလာယူမလို႔”

“ေအးေအး ဒါပဲ”

“ေငြ႕..ဘယ္သူတုန္း”

“ေနာင္းညို”

“ဪ”

ဖုန္းခ်သြားတာမို႔အသံေတြမၾကားမိေတာ့။သူ႕သက္ဆိုင္သူကေတာ့ ဆိုဖာေပၚပက္လက္။အိပ္ခန္းထဲေတာ့သြားမအိပ္။လျခမ္းအပိုင္အခန္းမို႔လို႔ထင္သည္။

laptopကိုပိတ္ကာနားၾကပ္ပါခြၽတ္လိုက္သည္။ရည္းစားမထားခဲ့ျခင္းရဲ႕အက်ိဳးေတြကခုမွေပၚလာသည္။ဖုန္းကိုယူကာအိမ္ထဲဝင္ေတာ့ ဗိုက္ကေလးကိုထိန္းကာလမ္းေလွ်ာက္ကူေနတဲ့ ကိုCeanႏွင့္တိုးသည္။

“ကိုCean အလုပ္ကိစၥေျပာၿပီးသြားၿပီ ဒါေတြစားပြဲေပၚထားခဲ့မယ္ေနာ္”

“ေအး ေအး အဆင္ေျပလား ဘယ္လိုဆက္လုပ္မွာလဲ”

လျခမ္းေရွ႕မို႔ႏွစ္ေယာက္သား အလုပ္ကိစၥလိုသာဟန္ေဆာင္ေနရသည္။

“ဖုန္းထဲမွာ နည္းလမ္းရွာလိုက္အုံးမယ္ဗ်ာ အဆင္မေျပတာရွိရင္အကူအညီေတာင္းလိုက္မယ္ေနာ္ ျပန္ေတာ့မယ္”

“ကိုေက်ာက္စက္”

“ဗ်ာ”

“ေနာင္းညိုနဲ႕ေတြ႕ျဖစ္ေသးလားဟင္”

ဝွက္ထားေပးတဲ့သူကမသိခ်င္ေယာင္ေဆာင္ေနေတာ့ ကိုယ္ေတြပါလိုက္ဟန္ေဆာင္ေပးရေတာ့မွာေပါ့။

“အာ…..အခုတစ္ေလာအလုပ္ေလးရႈပ္ေနလို႔မေတြ႕ရေသးဘူး သူ႕တိုက္ခန္းသြားၾကည့္ေတာ့လည္းမေတြ႕ဘူးဗ်ာ”

“ဟုတ္လား”

မလိမ္တတ္သူရဲ႕မ်က္ႏွာမွာအထင္းသားေပၚေနတဲ့ သူသိပါတယ္ဆိုတာႀကီးကို မျမင္ခ်င္ေယာင္ေဆာင္လိုက္ရသည္။

“ဟုတ္တယ္ဗ် ဒီကိုလာေတြ႕ရင္လည္းေျပာကူပါအုံးဗ်ာ ကြၽန္ေတာ့္ကိုေရွာင္ေနလို႔”

“ေနာင္းညိုကိုအရမ္းေတြအထင္မလြဲပါနဲ႕ သူကရည္းစားေတြတြဲတာသာမ်ားတာ ရႉပ္ရႉပ္ရွက္ရွက္ေတြမရွိပါဘူး”

“ကြၽန္ေတာ္သူ႕ကိုယုံပါတယ္ တကယ္သေဘာက်မိေနေတာ့ သဝန္တိုစိတ္ကိုမထိန္းလိုက္နိုင္႐ုံတင္”

“ဟုတ္ပါၿပီဗ်ာ အလုပ္ရွိတယ္မလားသြားေလ”

“အဲ့တာဆိုသြားၿပီေနာ္”

ခပ္သုတ္သုတ္ထြက္သြားတဲ့ေက်ာျပင္ကိုၾကည့္ၿပီး ေမာင္ဗိုက္ကေခါင္းရမ္းလိုက္တာမို႔သူသေဘာက်စြာခိုးၿပဳံးလိုက္သည္။ကေလးအေဖျဖစ္ေတာ့မွာမို႔ လူႀကီးဂိုက္ဖမ္းၿပီးရင့္က်က္ခ်င္ေယာင္ေဆာင္ေနေသာကေလးက တကယ္ကိုခ်စ္စရာေကာင္းတာ။

“ကေလးေလး ဆိုဖာေပၚထိုင္လိုက္”

ပူေဖာင္းေနတဲ့ဗိုက္က ႏွစ္ေယာက္စာမို႔သိပ္ႀကီးလြန္းေနေလသည္။ဆရာဝန္ေတြကေတာ့ ကေလးေတြကသိပ္ထြားပါသည္တဲ့။သူကေတာ့ငယ္ငယ့္ကိုသာသနားေနရသည္။

ဆိုဖာေပၚအသာခ်ေပးရင္း ၾကမ္းျပင္ေပၚထိုင္ခ်လိဳက္သည္။ၿပီးမွေျခေထာက္ေလးေတြကိုဆြဲယူကာေပါင္ေပၚတင္ၿပီး နည္းလမ္းတက်ႏွိပ္ေပးရသည္။ေသးေသးသြယ္သြယ္ေျခဖမိုးေလးေတြက ျပည့္လာတာမို႔ေန႕တိုင္းႏွိပ္ေပးျဖစ္သည္။

“ကိုကို”

“ဗ်”

“ကိုႀကီးဒီလာေနမွာဆို”

“အြန္း..ဟုတ္တယ္ ႏွစ္ရက္သုံးရက္ေလာက္လာေနမွာ Horizonကျပည္ပခဏထြက္သြားတယ္ သူျပန္လာရင္လာေခၚမွာတဲ့”

“ကိုႀကီးကမလာေသးဘူးလား”

“ခဏဆိုေရာက္ပါၿပီငယ္ရဲ႕ ကိုယ္သြားႀကိဳခိုင္းထားတယ္”

“ေအာ”

ေမးသမွ်ေျဖရင္းေျခေထာက္ေလးေတြကိုႏွိပ္ေပးတာကိုလည္းအာ႐ုံစိုက္ရသည္။သူ႕လက္ကသိပ္အားသန္တာမို႔ မေတာ္တဆနာသြားမွာလည္းစိုးရသည္ေလ။

“ကိုကို”

“ဗ်ာ”

“ကေလးေလးေတြေဆာ့ေနၾကျပန္ၿပီ”

“ဟူတ္လို႔လား ေမာင္ႏွမႏွစ္ေယာက္ရန္ျဖစ္ေနတာမ်ားလား”

“မျဖစ္ဘူးလို႔ ငယ့္ကေလးေတြကလိမၼာတယ္ျဖစ္မွာမဟုတ္ဘူး”

“ဟုတ္ပါၿပီဗ်ာ”

“ကိုကို ၾကည့္..ၾကည့္ သူတို႔ေဆာ့ေနတာ”

အကၤ်ီစေလးကိုလွန္ၿပီးျပေနတာကအသည္းယားစရာ။ပူေဖာင္းေဖာင္းျဖဴျဖဴေဖြးေဖြးဗိုက္ေလးေပၚ ဟိုသည္ေ႐ြ႕လ်ားေနတာကို သူေလးသေဘာေတြက်ေနတာ။ေန႕တိုင္းသေဘာတက်ၾကည့္တတ္သလို ေပ်ာ္လည္းေပ်ာ္ေနတတ္ေသးသည္။

“ေဖႀကီးသားနဲ႕သမီးကေဖေဖနဲ႕ေဆာ့ခ်င္ေနတာလား အရမ္းေတြမေဆာ့ရဘူး ကေလးတို႔ေဖေဖကေသးေသးေလး ပင္ပန္းေအာင္အရမ္းမလုပ္ရဘူးေနာ္ အျပင္ေရာက္လာမွႀကိဳက္သေလာက္ေဆာ့ ဟုတ္ၿပီလား”

လက္ဖဝါးနဲ႕အသာအုပ္ၿပီး ဗိုက္နားကပ္ေျပာေတာ့ အရင္ထက္ပိုၿပီးလက္ဖဝါးကိုတြန္းကန္လာေလသည္။

“ဟီးဟီး… ကိုကို႔ကိုရန္ေတြ႕ေနတာ ကိုကိုေျပာမွပိုေဆာ့လာၿပီ”

“ဒီလူဆိုးေလးေတြကေတာ့ အျပင္ေရာက္ရင္ရိုက္ခံရမယ္ေနာ္”

“ဟားဟား…သူတို႔ကကိုကိုနဲ႕ရန္ျဖစ္ခ်င္ေနတာ ဟုတ္တယ္ေနာ္ ကေလးေလးေတြဘက္မွာေဖေဖတစ္ေယာက္လုံးရွိတယ္ မေၾကာက္နဲ႕ ကေလးတို႔ေဖႀကီးကေဖေဖ့ကိုေၾကာက္တယ္ ဟီးဟီး “

“ကေလးတို႔ေဖေဖကိုခ်စ္တာပါေနာ္ အဲ့တာေၾကာင့္အရမ္းဆိုးလာရင္ ေဖေဖ့ကြယ္ရာမွာအရိုက္ခံရမယ္မွတ္”

“ကိုကိုကေလးေတြကိုမရိုက္ရဘူးေနာ္”

သူ႕အေျပာကိုတကယ္ထင္ကာ အတည္ေပါက္ေလးသတိေပးလာတာမို႔သူ႕မွာအၿပဳံးမရပ္နိုင္။

“ေျပာ႐ုံေလးတင္ပါအေဖေပါက္စေလးရယ္ ဘယ္လိုလုပ္ၿပီးရိုက္ရက္မွာလဲ ငယ္ငယ္ေမြးေပးထားတာေလးေတြကိုခ်စ္လို႔ေတာင္ဝပါ့မလားမသိဘူး”

ဗိုက္ေလးကိုငုံ႕နမ္းကာေျပာလိုက္ေတာ့ သေဘာတက်ျပန္ရယ္ျပလာေလသည္။

“ကားသံၾကားတယ္ ကိုႀကီးေရာက္လာၿပီထင္တယ္”

“ဟုတ္ေလာက္တယ္”

အိမ္ထဲဝင္လာတဲ့စက္ရိပ္က သူတို႔ကိုျမင္ေတာ့ၿပဳံးျပလာေလသည္။

“ဘယ္လိုလဲကေလး ေနရထိုင္ရတာအဆင္ေျပရဲ႕လား”

အနားကဆိုဖာေပၚထိုင္မည့္ဟန္ျပင္ေတာ့ ကိုကိုကၾကမ္းျပင္ေပၚထိုင္ေနတာမို႔ ခဏတန့္သြားေလသည္။ကိုႀကီးအေနမခက္ေစရန္ ကိုကို႔ကိုဆိုဖာေပၚထိုင္ခိုင္းရသည္။

“အဆင္ေျပပါတယ္ကိုႀကီး ေမြးဖို႔ကသိပ္မွမလိုေတာ့တာ အရမ္းေတာ့ေလးတယ္ ညခင္းအိပ္ရင္လွည့္လို႔လည္းမရေတာ့ ကိုကိုပါအိပ္ေရးပ်က္ေရာ ေန႕ခင္းဘက္လမ္းေလးခဏေလာက္ေလွ်ာက္ရင္ေတာင္ေျခေထာက္ေတြကေရာင္လာတတ္ေသးတယ္”

“ဒါေတြကျဖစ္တတ္တဲ့သဘာဝေတြပါကေလးရဲ႕ ကေလးေတြကေတာ့လႈပ္တယ္မလား”

“လႈပ္တယ္ ကိုႀကီးတူနဲ႕တူမကအရမ္းလည္းအေဆာ့သန္ေသးတယ္”

“ေမြးလာရင္ေမ်ာက္ေလာင္းေလးေတြကိုထိန္းဖို႔လူအင္အားရွာထားရေတာ့မယ္ထင္တယ္”

“ဟီးဟီးး မလိုပါဘူးေနာ္ သူတို႔ဦးေလးေတြအလွည့္က်ထိန္းမွာေပါ့”

“အစားအေသာက္ေတြေရာပ်က္ေသးလား”

“ဘာမွမရွိလိုက္ဘူးကိုႀကီး သတိရလာၿပီးေနာက္ပိုင္း လပဲရင့္သြားလို႔လားမသိဘူး ငယ္ငယ္ကအကုန္စားခ်င္ေနေတာ့တာပဲ ခုဆိုပစ္တိုင္းေထာင္ႀကီးနဲ႕ေတာင္တူလာၿပီ”

“ကိုႀကီးလျခမ္းေလးကဘာနဲ႕တူတူခ်စ္ဖို႔ေကာင္းေနတာပဲဟာ”

“ကိုကို ငယ္ကိုႀကီးနဲ႕စကားေျပာေနလိုက္မယ္ေလ ကိုကိုလုပ္စရာရွိတာသြားလုပ္လိုက္ပါ့လား”

“အဲ့တာဆို ငယ္ငယ္စားဖို႔အသီးေတြသြားၾကည့္လိုက္အုံးမယ္ ဂ႐ုစိုက္ေနာ္ တစ္ခုခုဆိုကိုကို႔ကိုေခၚလိုက္”

“ဟုတ္”

“ကိုယ္ဂ႐ုစိုက္လိုက္ပါ့မယ္ စိတ္ခ်လက္ခ်သြားပါ”

သမုဒၵရာထြက္သြားေတာ့ လျခမ္းေဘးဝင္လာထိုင္ေလသည္။ၿပီးေနာက္ဗိုက္ကေလးကိုဖြဖြထိရင္း ၾကည္ႏူးစြာၿပဳံးလိုက္မိသည္။သူ႕တုန္းကလည္း Alphaကေနေျပာင္းလဲခါစျဖစ္ေနေပမယ့္ ဗိုက္ထဲကကေလးေလးကိုသိပ္ခ်စ္ခဲ့တာ။

အခန္းထဲတစ္ေယာက္ထဲတိုးတိုးတိတ္တိတ္အားနည္းတတ္ခဲ့သည္။ကေလးေလးအေပၚႏူးညံ့ျပခဲ့သည္။ေမွာင္မိုက္ေနတယ္ထင္ရတဲ့ဘဝထဲကိုဝင္ေရာက္လာတဲ့အလင္းေရာင္ေလး။သူ႕အတြက္အႏွောင့္အယွက္လို႔မေတြးျဖစ္ခဲ့သည္အထိ သူတြယ္တာခဲ့တာ။

ေဆး႐ုံေပၚကေန႕ရက္ေတြကိုျပန္သတိရမိသည္။သူသတိရလာခ်ိန္ဆရာဝန္ေတြေျပာတဲ့စကားက သူ႕ကေလးဟာအဖတ္မတင္ခဲ့ပါဘူးတဲ့။ဇနီးျဖစ္သူကသူ႕ကေလးကို ခ်စ္သူလက္ထဲထည့္ေပးလိုက္ၿပီး ဆုံးသြားတဲ့ကေလးကိုသူတို႔ႏွစ္ေယာက္ေသြးသားအျဖစ္သတ္မွတ္ခဲ့သည္။

ခ်စ္သူလက္ထဲေသြးေအးေအးနဲ႕ေပးပစ္လိုက္တဲ့ ဇနီးျဖစ္သူကိုသူအံ့ဩမိသည္။သန္မာခ်င္ေယာင္ေဆာင္ၿပီးမ်က္ရည္မက်ဖိဳ႕ႀကိဳးစားခဲ့ေပမယ့္ သူ႕ႏွလုံးသားေတြကြဲေၾကေနတာသူသာအသိဆုံး။သူလိုလူေတာင္ၿပိဳလဲက်ေနတာကို သူမကေတာ့တစ္ႏွစ္တစ္ခါေလာက္သာသြားေတြ႕ခြင့္ရွိတဲ့လူရဲ႕လက္ထဲ ေသြးသားအရင္းကိုလက္လြတ္စပါယ္ေပးပစ္လိုက္တာ။

သူ႕မွာသားေလးစိတ္နဲ႕အရာရာအဆင္မေျပခဲ့။ သားေလးကိုသတိရစိတ္ေတြေျပဖို႔ အလုပ္ေတြကိုသာဖိႀကိဳးစားရင္း ေအာင္ျမင္မႈေတြတစ္ခုၿပီးတစ္ခုယူသည္။အေယာင္ေဆာင္ဇနီးျဖစ္သူကေတာ့ သူ႕ခ်စ္သူႏွင့္ေနာက္ထပ္တစ္ႀကိမ္ကေလးရွိခဲ့ျပန္သည္။ထိုကေလးကိုပါထပ္ေပးအုံးမည္တဲ့။သူအံ့ဩမဆုံး။

မရင္းႏွီးၾကတဲ့သူေတြမို႔ သူ႕ကိစၥေတြဝင္မစြက္ဖက္ျဖစ္ေတာ့။မတည္ၿငိမ္တဲ့ဖယ္ရိုမုန္းေတြကိုေဆးေတြႏွင့္ထိန္းရင္း သူ႕မ်က္လုံးေတြဆိုး႐ြားလာသလို Heatေတြလည္းမမွန္ေတာ့။ျဖစ္ခ်င္ရာျဖစ္ေနပစ္ရင္း အတိတ္ေဟာင္းႏွင့္ျပန္ဆုံေတြ႕ရေလျခင္း။

“ကိုႀကီးအဆင္ေျပရဲ႕လား”

သူ႕ဗိုက္ေပၚတင္ထားတဲ့ကိုယ့္လက္ကိုလက္ကေလးႏွင့္အုပ္ကိုင္လာရင္း စိုးရိမ္သံေလးႏွင့္ေမးလာတာမို႔ ဟန္ေဆာင္အၿပဳံးကိုဖ်စ္ညွစ္ယူရသည္။

“အဆင္ေျပပါတယ္ကေလးရဲ႕ ကိုႀကီးအိပ္ေရးသိပ္မဝလို႔ပါ”

“စိတ္မေကာင္းစရာေတြေတြးေနျပန္ၿပီလားကိုႀကီး”

အေၾကာင္းစုံသိသြားတဲ့ေန႕ကတည္းက ကိုယ့္ကိုသနားၿပီးစိတ္မေကာင္းျဖစ္ေနတဲ့ကေလးမို႔သူအားနာရသည္။ကိုယ္ဝန္ႀကီးနဲ႕မို႔စိတ္မေကာင္းမျဖစ္ေစလိုစြာ သူ႕မွာအၿမဲႏွစ္သိမ့္ေပးရသည္။

သူ႕အနာေဟာင္းကေသြးမွမထြက္ေတာ့တာ။အေအးဓာတ္ပိုလာရင္တစ္ခါတစ္ရံကိုက္ခဲတတ္တဲ့ ဒဏ္ရာေဟာင္းေလးပါပဲ။အမာ႐ြတ္ေလးတစ္ခုသာသာမို႔ သိပ္မခံစားရေတာ့ပါဘူး။

“တစ္ခါတစ္ရံသတိရ႐ုံေလးပါပဲကေလးရဲ႕ အခုအဆင္ေျပသြားပါၿပီ တူေလးတူမေလးေတြနဲ႕ဆိုသတိရခ်ိန္ေတာင္မရွိေလာက္ေတာ့ဘူး”

“ေလးေလးတို႔လာမွာတကယ္လားကိုႀကီး”

“အြန္း အေၾကာင္းစုံသိသြားၿပီဆိုေတာ့ ကိုယ္နဲ႕ေတြ႕ခ်င္ေနမွာေပါ့”

“ေလးေလးကမဆူဘူးမလားဟင္ ကိုႀကီးဒီမွာလာေနပါ့လား ငယ္ငယ္ကူေျပာေပးပါ့မယ္”

“ျဖစ္ၿပီးသြားၿပီေလကေလးရယ္ ျပန္လည္ျပင္ဆင္လို႔မရေတာ့တဲ့ကံတရားကို အေကာင္းဆုံးႀကိဳးစားေနထိုင္ဖို႔ပဲရွိေတာ့တာ အေဖကနားလည္ေပးပါတယ္ အရင္ကအေၾကာင္းေတြအိမ္ကိုဖြင့္မေျပာခဲ့လို႔ စိတ္ဆိုးေန႐ုံပါပဲ”

“ကိုႀကီးအရမ္းပင္ပန္းခဲ့မွာပဲ”

“ကဲ ေျပာရင္းစိတ္မေကာင္းျဖစ္ျပန္ၿပီလား ဗိုက္ထဲကကေလးေတြအတြက္ေပ်ာ္ေအာင္ေနရမယ္ေလကေလးရယ္ ေတာ္ၾကာထြက္လာတဲ့ကေလးေတြ႐ုပ္ဆိုးေနမယ္ေနာ္”

“မဆိုးဘူး ငယ္ငယ္တို႔အမ်ိဳးထဲမွာ႐ုပ္ဆိုးတဲ့သူမရွိဘူး”

“ဟုတ္ပါၿပီကြာ လမ္းေလွ်ာက္ခ်င္သလားကေလး ကိုႀကီးတြဲေပးမယ္ ေမြးဖို႔တစ္လေက်ာ္ပဲလိုေတာ့တာဆိုေတာ့ နည္းနည္းပဲသည္းခံရေတာ့မွာပါ”

“ေလွ်ာက္မယ္ကိုႀကီး”

“ျဖည္းျဖည္းထ”

ဗိုက္ေလးကိုကူတြဲကာ ျဖည္းျဖည္းခ်င္းေလွ်ာက္ကူရသည္။တစ္အိမ္လုံးေကာ္ေဇာထူႀကီးေတြခင္းထားတာမို႔ ေျခေထာက္ေအးမွာမပူရေပမယ့္ ေဆာင္းရာသီမို႔အႏြေးဖိနပ္ေလးေတာ့စီးခိုင္းထားရသည္။

ႏွစ္ဖက္အသိုင္းၾကား ဂ႐ုစိုက္စရာဒီကေလးပဲရွိတာမို႔ အားလုံးကမ်က္စိေဒါက္ေထာက္ဂ႐ုစိုက္ေနၾကတာ။ဗိုက္ကေလးက ဂ႐ုစိုက္ခ်င္စရာျဖစ္ေနတာလည္းပါတာေပါ့ေလ။

ေျမာက္ျပန္ေလေတြေဆာ္ေသြးေတာ့ စံပယ္ရနံ႕ေတြကဝင္သက္တိုင္းေနရာယူသည္။ျမတ္နိုးရာေလးအတြက္ရည္႐ြယ္တဲ့ပန္းေတြက အၿမဲတမ္းကိုပြင့္ေနတာကအံ့ဩစရာတစ္ခုလို……….

###################

ၿငိမ္း🌞🌻

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅၀, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅၀, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅၀ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅၀ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅၀ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅၀ light novel, ,

Comment

Leave a Reply

Chapter 51