Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅၁

A+ A-

ဧည့်ခန်းကျယ်ကြီးထဲလူစုံနေပေမယ့် စကားသံတွေတော့တိတ်ဆိတ်နေလေသည်။တစ်စက္ကန့်ကုန်သွားလေ စိတ်လှုပ်ရှားမှုကပိုတိုးလာလေ။စိုးရိမ်စိတ်ကိုယ်စီနှင့်မို့ ဘယ်သူမှလည်းစကားမပြောချင်ကြ။

နံရံကပ်နာရီရဲ့တစ်ချက်ချက်စက်သံတွေကြား နှလုံးခုန်သံတွေပါကပ်ညိပါသွားပုံရသည်။နေ့လည်စာတောင်ဖြောင့်အောင်မစားနိုင်ကြဘဲ ဧည့်ခန်းထဲမှာသာတောင်လျှောက်မြောက်လျှောက်လုပ်ပြီးခုံမှာဝင်ထိုင်ဖြစ်ကြတာ။

သမုဒ္ဒရာကငယ်ငယ့်ကိုသိုင်းဖက်ထားပြီး စိတ်သက်သာရာရစေရန် လက်လေးကိုဖွဖွဆုပ်ထားပေးလေသည်။ဘယ်လိုစကားတွေဆိုရမှန်းမသိအောင်သူကိုယ်တိုင်လည်းစိတ်နှင့်လူသိပ်မကပ်ချင်။

Geoနှင့်တိမ်ငွေ့ကတော့ဘေးချင်းကပ်ထိုင်နေကာ မျက်မှောင်တွေတွန့်ပြီးဘာကိုလေးလေးနက်နက်တွေးနေကြသည်မသိ။တွဲယှက်ထားတဲ့လက်ချောင်းထိပ်တွေဆီမှ အအေးဓာတ်ကGeoလက်မှဖြစ်ပြီး နွေးထွေးတဲ့တိမ်ငွေ့လက်တွေဆီမှအပူကူးယူနေရသည်။

ကျောက်စက်ကပင်ထနောင်းညိုလက်ကိုဇွတ်ချိတ်ထားပြီး နောင်းညိုကတော့သတိမမူမိသလိုရှေ့ကပန်းအိုးကိုကြည့်ရင်းအတွေးလွင့်နေလေသည်။

စက်ရိပ်မှာသာခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ခြေမကိုင်မိလက်မကိုင်မိ။အပူပေးထားတဲ့သံပြားပေါ်ကပုရွက်ဆိတ်လိုမျိုး နှလုံးသားကဆောက်တည်ရာမရ၍ လူကပါအသိစိတ်တွေလမ်းပျောက်ချင်နေသလိုပင်။

အစောနလေးတင် Horizonကဖုန်းဆက်လာသည်။လေဆိပ်ကနေထွက်လာနေပါပြီတဲ့။မနက်စောစောပို့လိုက်တဲ့Mailကြောင့်သမုဒ္ဒရာတစ်ယောက် shockဖြစ်သွားသလို အားလုံးကိုလာခိုင်းကာအကြောင်းစုံရှင်းပြဖြစ်သည်။

Horizonပို့လာတဲ့အကြောင်းအရာတွေကိုမြင်ပြီး အားလုံးပါးစပ်အဟောင်းသား။mailကမနေ့ညကပို့ထားတာဖြစ်ပြီး မနက်ကမှဖွင့်ကြည့်မိတာမို့ ဖုန်းဆက်မေးလို့မရတော့။ဟိုကလေယာဉ်ပေါ်ရောက်နေပြီ။

အကြောင်းအရာတွေကရှင်းလင်းနေသလို ဟိုဘက်ကပြောတဲ့အသံဖိုင်ပါနားထောင်လိုက်ရတာမို့ သူတို့ဆွံ့အကုန်သည်။Horizonကသေချာမှသူတို့ကိုအကြောင်းကြားလာတာ။သူ့သားလေးကိုပါအပါခေါ်လာခဲ့ပြီးမှအဖြစ်မှန်တွေကိုဖွင့်ပြောလာတာ။

စက်ရိပ်တစ်ယောက်ကြားကြားချင်းတုန်းကဆို အိမ်မက်မက်နေသလိုပင်။လွန်ခဲ့တဲ့ငါးနှစ်ကျော်ကတည်းကသူဆုံးရှုံးရပြီထင်တဲ့သားလေးက အသက်ရှင်နေပါသေးတယ်တဲ့။သူ့သားလေးက ဇနီးဖြစ်သူရဲ့ကလေးချင်းလဲတာခံလိုက်ရတာပါတဲ့။

မယုံနိုင်လွန်းလို့ သူစကားတောင်မပြောနိုင်။အရမ်းအိမ်မက်ဆန်လွန်းနေသည်။အဲ့လိုအရမ်းကောင်းတဲ့အရာကြီးဖြစ်လာအောင် သူဘာကောင်းမှုမှမလုပ်ခဲ့ဖူးလို့ သူမယုံရဲဘူး။သူကြားနေရတာတွေကအိပ်မက်တစ်ခုလို။တိမ်တွေကြားလမ်းလျှောက်နေရသလို လက်တွေ့မဆန်လို့ သူသိပ်ကြောက်မိပါသည်။

လေဆိပ်ကနေထွက်လာပြီဆိုတဲ့ဖုန်းရရချင်း သူထိုင်မနေနိုင်တော့။Horizonကစနေတာမဖြစ်နိုင်။အို… စနောက်စရာကိစ္စမှမဟုတ်တာ အတည်ပဲဖြစ်မှာ။သူ့အသံထဲမှာတစ်ခါမှမကြားခဲ့ဖူးတဲ့ဝမ်းမြောက်မှုတွေစိတ်လှုပ်ရှားမှုတွေစွန်းနေသည်။သားလေးကိုစောင့်နေပေးတဲ့။

သူမျက်ရည်တွေကျနေတာခဏခဏ။တကယ်သာဆိုရင် သားလေးနဲ့တွေ့ရင်ဘာပြောရမလဲ သားလေးကသူ့ကိုရောဘယ်လိုမြင်မှာလဲ သူ့ကိုချစ်မှချစ်ပါ့မလား သူကရောဘာတွေပြောရမှာလဲ စသဖြင့်စဉ်းစားရင်းကြည်နူးကာမျက်ရည်တွေကျလာတာမရပ်တန့်နိုင်။

လခြမ်းမှာလည်းဗိုက်ကြောင့်သာထိုင်နေရတာ ဖင်တကြွကြွ။ဘယ်လိုလုပ်ပြီးငြိမ်ငြိမ်ထိုင်နေနိုင်မှာလဲ။သူလည်းတူလေးကိုမြင်ချင်နေပြီလေ။ဒီလိုကိစ္စတွေက ရုပ်ရှင်ဆန်နေပေမယ့် တစ်ချို့ရုပ်ရှင်တွေဆိုတာကလည်း အဖြစ်မှန်ကိုမူတည်ပြီးရိုက်ကူးထားတာမို့ အံ့ဩဖွယ်အဖြစ်အပျက်တွေကိုတကယ်လို့ယုံကြည်ချင်ပါသည်။

ကားရပ်သံကြားရတော့အားလုံးတောင့်တင်းကုန်ကာ အကြည့်တွေကတံခါးဝမှာစုပြုံကုန်လေသည်။

စက်ရိပ်အပြေးသွားချင်ပေမယ့်ခြေလှမ်းတွေရှေ့တိုးလို့မရတော့။လက်သီးတင်းတင်းဆုပ်ရင်း တံခါးဝဆီသာမမှိတ်မသုန်ကြည့်နေမိတာ မျက်တောင်ပင်မခတ်ဖြစ်တော့။

တံခါးဝမှဝင်လာတဲ့အရိပ်တစ်ခုက သန်မာတဲ့Alpha။လက်ထဲမှပွေ့ချီထားတဲ့ကလေးကထိုလူ့ကိုရင်းနှီးကျွမ်းဝင်စွာပုခုံးထက်မေးတင်ကာ လည်ပင်းကိုသိုင်းဖက်ထားလေသည်။လူကြီးနှင့်ကလေးကဘယ်လိုပဲကြည့်ကြည့်လိုက်ဖက်ညီတဲ့သားအဖတွေမှန်းသိသာစေသည်။

လူကြီးကစက်ရိပ်ကိုကြည့်၍ ကလေးနားအနားအသာကပ်ကာဘာပြောလိုက်သည်မသိ ကလေးကရှေ့သိုလှည့်ကြည့်လာလေသည်။

မျက်လုံးလှလှလေးတွေခဏမျှဝိုင်းသွားပြီး စက်ရိပ်ကိုကြည့်ကာ Horizonကိုပြန်ငုံ့ကြည့်လေသည်။သူခေါင်းညိတ်ပြမိတော့ စက်ရိပ်ကိုပြန်ကြည့်ကာ မဝံ့မရဲခေါ်လာတာကအသံတိုးတိုးလေးဖြင့်။

“ပါပါး”

မျက်တောင်မခတ်လို့ကျလာတဲ့မျက်ရည်မဟုတ်ဘဲ နှလုံးသားကိုထိခတ်သံကြောင့်ကျလာတဲ့မျက်ရည်တွေက စမ်းချောင်းအသေးစားလေးလိုမျိုးတသွင်သွင်။နှုတ်ခမ်းကိုလက်နှင့်အုပ်ကာရှိုက်ငိုလိုက်ပြီး စကားတွေထွက်မလာတော့။

Horizonကအလိုက်တသိရှေ့တိုးလာကာ ကျန်လက်တစ်ဖက်နှင့် ငိုနေသူကိုသိုင်းဖက်လေသည်။ကလေးကသွေးစကားပြောသည်ထင်။သူနှင့်တူတဲ့ပါပါးကငိုနေတော့သူပါလိုက်ငိုလေတော့သည်။

“ပါပါး ငိုနဲ့”

ပါးပြင်ကိုထိတွေ့လာပြီး စိုစွတ်မှုတွေကိုဖယ်ရှားပေးလာတဲ့လက်ကလေး။ ထိုအချိန်ကျမှ ကလေးကိုအားရပါးရပွေ့ဖက်ကာ အသံထွက်ကာငိုပစ်မိတော့သည်။

“ပါပါးသားလေး သားလေး”

ကလေးပါးပြင်တွေအနှံ့သူ့မျက်ရည်တွေစိုစွတ်ကုန်သလို အနမ်းတွေလည်းနေရာမလပ်။ခေါင်းလေးတွေမျက်နှာလေးတွေကို လက်နှင့်လိုက်ပွတ်သပ်နေရင်း အားမရစွာဖိကပ်နမ်းနေတာလည်းမရပ်နိုင်။

“ပါပါးငိုနဲ့”

သူ့ပါပါးမျက်ရည်တွေကိုလက်လေးနှစ်ဖက်နှင့်အသာလိုက်သုတ်ပေးနေရင်း သူပါလိုက်ငိုနေတဲ့ကလေးကြောင့် မျက်ရည်တွေကပျာကယာသုတ်ပစ်ရသည်။

ပြီးမှHorizonမျက်နှာကိုကြည့်ရင်း သေချာအောင်မေးတဲ့အမေးတွေက ဗလုံးဗထွေး။

“မောင် အခုဟာကအစစ်အမှန်မလားဟင် အိပ်မက်မဟုတ်ဘူးမလားဟင် အစစ်မှန်လို့ကိုယ့်ကိုပြောပါ”

“အိမ်မက်မဟုတ်ပါဘူးကိုခိုရဲ့ အားလုံးအစစ်အမှန်တွေ သားလေးကကိုယ်တို့နှစ်ယောက်ရဲ့သားအရင်းလေး ခုအခြေနေတွေအားလုံးကအမှန်တွေပဲ”

ဝဲနေတဲ့မျက်ရည်တွေကို ဘေးလှည့်ကာမျက်တောင်နှင့်ပုတ်ထုတ်ရင်း သူသေချာရှင်းပြချင်မိသော်လည်း သူကိုယ်တိုင်တောင်သိပ်မယုံနိုင်သေး။နှာခေါင်းထဲချဉ်စူးစူးဖြစ်လာတာကြောင့် မျက်နှာမော့လို့မျက်ရည်တွေကိုထိန်းထားရသည်။

“သားလေး ပါပါးသားလေး”

ရင်ခွင်ထဲအပြည့်သိမ်းကြုံးဖက်ပစ်ရင်း ခေါင်းထက်ကဆံနွယ်လေးတွေကြားခေါင်းနှစ်ပစ်မိသည်။ပြီးမှမလုံလောက်သေးသလို ပါးဖောင်းဖောင်းလေးတွေအနှံ့အားနှင့်နမ်းရှုံ့မိလေသည်။ဒီရနံ့လေးကအစစ်အမှန်။

“ပါပါး”

စက်ရိပ်မျက်နှာကို လက်သေးသေးလေးနှစ်ဖက်နှင့်ကိုင်ရင်းသေချာကြည့်နေတာမို့ မျက်ရည်တွေနှင့်သူပြုံးပြမိသည်။

“ပါပါးကသားနဲ့တူတယ်လို့ဖေကြီးကပြောတယ် တကယ်တူတယ်”

“ဒါပေါ့ ပါပါးကသားကိုဗိုက်ထဲအကြာကြီးထည့်ပြီးမွေးခဲ့တဲ့သူလေ သားကပါပါးနဲ့တူမှာပေါ့ ပြီးတော့ပါပါးကသားကိုအများကြီးချစ်တာ”

“သားလည်းပါပါးကိုချစ်တယ်”

ပါးပြင်ကိုနမ်းလာပြီး လည်ပင်းကိုသိုင်းဖက်လာတာမို့ ကိုယ်လုံးသေးသေးလေးကိုကျစ်နေအောင်ဖက်ထားမိသည်။သူမလွှတ်ပစ်ချင်ဘူး အစစ်အမှန်ဆန်တဲ့အိပ်မက်ဖြစ်နေမှာကြောက်တယ်။

သူတို့ကိုကြည့်ရင်းမျက်ရည်ကျနေတဲ့ ငယ်ငယ့်ကြောင့် သမုဒ္ဒရာမှာမျက်ရည်သုတ်ပေးနေရသည်။မငိုပါနဲ့လို့လည်းမတားနိုင် ဒီခံစားချက်ကိုသူသိနေလို့။သူ့တူလေးကြောင့်သူတောင်ရင်ထဲထိသွားခဲ့သေးတာပဲ ငယ်ငယ်ကဖခင်လောင်းလေးပဲဟာပိုခံစားတတ်မှာပေါ့။ပြီးတော့အသည်းလေးကလည်းနုတယ်လေ။

စက်ရိပ်ဖခင်ကလည်းမြေးဖြစ်သူကိုကြည့်ရင်း မျက်ရည်မထိန်းနိုင်။ချွေးမဖြစ်သူမွေးခဲ့တဲ့ကလေးကိုချစ်ခဲ့ပေမယ့် သွေးမတော်တာကြောင့်လား အနေဝေးတာကြောင့်လားမသိ အဲ့လောက်မပျော်ခဲ့ဖူး။ယခုသားကိုယ်တိုင်မွေးခဲ့တယ်ဆိုတဲ့အသိကြောင့်သာမက သားနှင့်ချွတ်စွပ်တူနေတဲ့ကလေးကြောင့် ရင်ထဲမေတ္တာစိတ်တွေတဖွားဖွား။

ပြေးပွေ့ချင်ပေမယ့် ကလေးမိဘတွေရဲ့ခံစားချက်ကိုနားလည်နေ၍အသံသာတိတ်နေမိသည်။သူတို့ခမျာအချိန်တွေလွန်မှရှာသိခဲ့ရတဲ့သွေးသားအတွက် ခံစားချက်တွေရောပြွန်းနေရှာမှာ။နွေးထွေးနေတဲ့လေထုလေးကို သူမဖြိုခွဲရက်။

Geoကတော့တူဖြစ်သူကိုမြင်ပြီး ဦးလေးဖြစ်ရတဲ့ခံစားချက်တွေဝင်လာတာမို့ ရှိုးတို့ရှန်းတန့်တွေဖြစ်ကာ တိမ်ငွေ့လက်တွေကိုသာဖိဆုပ်ထားမိသည်။လခြမ်းကလေးတွေရဲ့ဦးလေးဖြစ်ရတော့မှာကို ကြိုတင်ပြင်ဆင်နေတုန်း ကိုလတ်ကအကောင်လိုက်ကြီးခေါ်ချလာသတဲ့။

ကလေးချစ်တတ်တဲ့နောင်းညိုတစ်ယောက် စက်ရိပ်အသေးစားလေးကိုမြင်ပြီး အသည်းယားကာ ကျောက်စက်လက်တွေကိုသာလိမ်ဆွဲနေမိလေသည်။သူ့သူငယ်ချင်းလခြမ်းကိုလိုက်မထိန်းရတော့သူလမ်းတွေပျောက်နေတာ အခုသူထိန်းဖို့ကလေးတစ်ယောက်ရောက်လာပြီလေ။

“လူတွေများကြီး”

ဖခင်ဖြစ်သူပုခုံးထက်မေးတင်ရင်း ဧည့်ခန်းထဲဝေ့ကြည့်ကာ သူ့မျက်နှာကိုကိုင်ကာမျက်နှာချင်းဆိုင်ရင်းပြောလာတာမို့ စက်ရိပ်အသည်းတွေအရည်ပျော်ကုန်သည်။

“အင်း..အများကြီး သားနဲ့မိတ်ဆက်ပေးမယ်”

ယခုမှကျန်တဲ့လူတွေကိုသတိရကာ လက်ကျန်မျက်ရည်တွေပွတ်သုတ်ရင်း အပြုံးတစ်ပွင့်နှင့် ဧည့်ခန်းဘက်လှည့်ရသည်။

“ဒါက သားဘိုးဘိုးလေ ပါပါးရဲ့ဖေဖေ”

ဖခင်ဖြစ်သူနားလျှောက်လာရင်းသားကိုပြောပြပေးတော့ သေချာကြည့်နေလေသည်။ပြီးမှ

“ဘိုးဘိုး”

ကလေးရဲ့ချစ်စဖွယ်ခေါ်ဆိုလိုက်သံမှာ ဘာလုပ်ရမှန်းမသိပြာယာခတ်သွားသူက စက်ရိပ်အဖေ။နောက်ဆုံး ပွေ့ချီဖို့လက်သာဆန့်တန်းပေးရသည်။

“ဘိုးဘိုးဆီလာပါအုံး မြေးရဲ့”

သူစိမ်းတွေကိုမကြောက်တတ်တဲ့ကလေးကဆန့်တန်း​ပေးထားတဲ့လက်ထဲ တန်းခုန်ဆင်းတော့တာပဲ။သိပ်မလေးတဲ့ခန္ဓာကိုယ်လေးကိုပွေ့ချီရင်း ပါးလေးတွေကိုနမ်းပစ်မိသည်။

“ဘိုးဘိုးမြေးက လူမကြောက်တတ်ပါလားကွ”

“ဖေကြီးကပြောတယ် ဒီမှာသားကိုချစ်တဲ့သူတွေများကြီးတဲ့ သားကြောက်ဘူး”

စကားကိုသွက်သွက်လက်လက်နှင့် ရေရေလည်လည်ပြောလာတာကလူကြီးလေးလို။ကြောက်ဘူးဆိုပြီးခေါင်းပါရမ်းပြသေးသည်။

“ဟုတ်တာပေါ့ကွ အဘိုးမြေးကိုလူတိုင်းကချစ်မှာ ကြောက်စရာမလိုဘူး”

“ဟုတ် ဘိုးဘိုးကိုသားကချစ်”

“ဘိုးဘိုးကလည်းချစ်ပါ့”

မြေးကိုလက်ထဲကမချတော့ဘဲပေါင်ပေါ်ပွေ့ထားကာ တရှုံ့ရှုံ့နမ်းနေလေသည်။အဘိုးဖြစ်သူလက်ထဲအနမ်းခံနေရင်း ဧည့်ခန်းထဲကလူတွေကိုလည်းလိုက်စပ်စုနေသေးသည်။

“ကိုကိုလှလှကဘယ်သူလဲ”

“အယ်”

မျက်လုံးဝိုင်းတွေနဲ့လိုက်ကြည့်ရင်း လခြမ်းကိုမြင်တော့ကိုကိုလှလှတဲ့။ဟုတ်မှာပေါ့လေ သန်သန်မာမာAlphaကြီးတွေကြားမှာ သေးသေးသွယ်သွယ်နဲ့ချစ်ဖို့ကောင်းအောင်နုနယ်နေတာကိုးးးး။

“အဲ့တာကိုကိုမဟုတ်ဘူးသားရဲ့ ဦးငယ်လို့ခေါ်ရမှာ”

လခြမ်းကိုသေချာကြည့်နေရင်းဗိုက်ဆီရောက်တော့မျက်လုံးလေးတွေဝိုင်းစက်သွားလေသည်။

“ကိုကို့ဗိုက်ကဘာလို့ဖောင်းနေတာလဲ ကလေးသေးသေးလေးရှိနေတာလား”

စတွေ့ခါစမို့ အခေါ်အဝေါ်တွေကိုဇွတ်လိုက်ပြင်မပေးဖြစ်တော့။နောက်ကျမှပဲသေချာပြင်ပေးလိုက်ပါ့မယ်လေ။ခုတော့သဘောကျသလိုခေါ်ပါစေ။

“ဟုတ်တယ် သားအတွက်ညီလေးနဲ့ညီမလေးကို ဦးငယ်ကဗိုက်ထဲထည့်ထားတာ”

“သားကြည့်ချင်တယ်”

စက်ရိပ်ကိုမော့ကြည့်ကာခွင့်တောင်းတော့ လခြမ်းကလက်ယပ်ခေါ်လေသည်။

“လာခဲ့လာ”

တတောက်တောက်သွားရင်းလခြမ်းနားရောက်တော့ သမုဒ္ဒရာကီုမော့ကြည့်လေသည်။ပြီးတော့တွန့်ခနဲ။

“ဦးဦးကိုကြောက်စရာမလိုဘူး သူကသားဖေဖေရဲ့အစ်ကို သားရဲ့ဦးဦး”

“ကိုကိုနဲ့ဦးဦးကဘာတော်တာလဲ”

“ကိုကို့ကလေးတွေရဲ့ဖေဖေ”

“အာ”

ခဏစဉ်းစားပြီးမှထွက်လာတာက

“အာ့ဆိုကိုကို့ယောကျ်ားပေါ့”

“ဟားဟားဟား “

“ငါ့တူကတော်ချက်ကွာ”

“ကလေးကအတတ်က​လေး”

လူကြီးတွေအားလုံးကသဘောတကျဝိုင်းရယ်တော့ သူပါလိုက်ရယ်လေသည်။

“ကိုင်လို့ရလား”

“ရတာပေါ့ လာကိုင်ကြည့်”

လခြမ်းဗိုက်ကိုသဘောကျစွာကိုင်ချင်နေတာမို့ လက်သေးသေးလေးကိုဆွဲယူကာဗိုက်ပေါ်တင်ပေးမိသည်။အချိန်ကိုက်ပင် ဗိုက်ထဲကနှစ်ယောက်ကကန်နေတာမို့ အံ့ဩတကြီးပါးစပ်လေးဟကာ လခြမ်းကိုမော့ကြည့်နေလေသည်။

“သားကိုထိတယ်”

“ဟုတ်တယ် သားကိုနှုတ်ဆက်နေတာ ကိုကိုနဲ့ကစားချင်နေပြီတဲ့ “

“ဟုတ်လား”

“အွန်း သူတို့ကသားကိုချစ်လို့နှုတ်ဆက်နေတာ”

“သူ့တို့ကဘယ်တော့ထွက်လာမှာလဲ”

“သိပ်မကြာတော့ဘူးထွက်လာတော့မှာ သားနဲ့အတူတူဆော့ချင်လို့တဲ့”

“ဒါဆိုသားမှာညီလေးနဲ့ညီမလေးရှိတော့မှာပေါ့နော်”

“ဒါပေါ့”

“သူတို့ကဘာလို့နှစ်ယောက်လဲ နေရာသေးသေးလေးကို”

“အမ်”

လခြမ်းမဖြေတတ်တော့ သမုဒ္ဒရာကိုသာမော့ကြည့်ပြီး အကူအညီတောင်းလေသည်။

“တစ်ယောက်တည်းဆိုပျင်းနေမှာဆိုးလို့လေ နှစ်ယောက်ဆိုတော့ဆော့ဖို့အဖော်ရတာပေါ့”

သမုဒ္ဒရာအပြောကိုခဏစဉ်းစားပြီး တစ်ခုခုကိုသိသွားသလိုမျိုး Horizonနဲ့စက်ရိပ်ရှိရာဘက်ဆီလှည့်ပြောလေသည်။

“ပါပါးသားကိုလည်းတစ်ယောက်ထပ်ခေါ်ပေးနော်”

“ဟားဟားဟား”

“ဟီးဟီး”

အခြားသူတွေကကျိတ်ရယ်ကြပေမယ့် Geoနှင့်လခြမ်းကတော့ အားရပါးရထရယ်လေသည်။

“Geo”

ကိုယ်ဝန်နှင့်လခြမ်းကိုအော်မရတော့ Geoသာအအော်ခံရလေတော့သည်။ရှက်ရမ်းရမ်းကာအော်လိုက်မိပြီး ဘေးကမသက်ဆိုင်သေးသည့်သက်ဆိုင်သူကိုလည်း ကြည့်ရသေးသည်။ဟိုကတော့ နားရွက်ဖျားတွေနီကာခေါင်းလေးငုံ့လို့။ကိုယ်ကလိုချင်ပေမယ့် ကာယကံရှင်ကိုလည်းကြည့်ရသေးတယ်လေ။သူကမွေးပေးမှကိုး။

“sorryကိုလတ် ကျွန်တော်မထိန်းနိုင်လိုက်ဘူး”

ပြောရင်းတိမ်ငွေ့ပုခုံးထက်ခေါင်းတင်ကာ ထပ်ရယ်နေလေသည်။

“ကိုကို့မှာသားလိုပါတယ်”

ရယ်လိုက်လို့ခွက်ဝင်သွားတဲ့ ငယ်ငယ့်ပါးချိုင့်လေးကိုလက်ညှိုးနှင့်လှမ်းထိရင်း သူ့ကိုရယ်ပြလာလေသည်။

“လှလား”

“လှတယ်”

သမုဒ္ဒရာအမေးကိုခေါင်းညိတ်ဖြေလာလေသည်။

“အဲ့တာဦးဦးအပိုင်”

ကလေးကိုထကြွားနေသော သမုဒ္ဒရာကိုကြည့်ရင်း အားလုံးကမျက်စောင်းထိုးလိုက်ကြသည်။ကြွားစရာမရှိကလေးတောင်အလွတ်မပေးဘဲကြွားတယ်။

“ကလေးဖို့ အသီးတွေမုန့်တွေယူခိုင်းခဲ့ဖို့မေ့နေတာ”

“ကျွန်တော်ခေါ်သွားလိုက်မယ်လေ သူကြိုက်တာရွေးပါစေ”

ကလေးချီချင်လို့တပြင်ပြင်ဖြစ်နေသူနောင်းညိုကတန်းထလာလေသည်။

“မီးဖိုခန်းထဲခေါ်သွားလိုက် ရေခဲသေတ္တာထဲမှာ အသီးစုံရှိတယ်မုန့်တွေရောပဲ”

“ဟုတ်ပြီ လာသား ဦးဦးနဲ့မုန့်သွားစားမယ်”

“ဟုတ်”

မုန့်ဆိုတော့ သူ့မိဘတွေကိုလှည့်ကြည့်ပြန်လေသည်။Horizonခေါင်းညိတ်ပြမှ နောင်းညိုဆီလက်လှမ်းလေသည်။

ထွက်သွားတဲ့ကလေးကိုကြည့်ရင်းသူတို့တွေသက်ပြင်းချကာ လေထုကလေးနက်သွားလေသည်။

“ကဲ ဖြစ်ပျက်ခဲ့သမျှငါတို့ကိုအသေချာလေးပြောပြပါအုံး”

သမုဒ္ဒရာရဲ့စကားကြားမှာ သက်ပြင်းတစ်ချက်ချကာ မျက်နှာကတည်သွားလေသည်။

“အစောပိုင်းကလေးရတဲ့ကိစ္စတွေကတော့သိပြီးသားဖြစ်မှာပါ ဆေးရုံမှာကလေးလွဲတာကတော့သူတို့တမင်လုပ်လိုက်တာ သူတို့နှစ်ယောက်ကတစ်ရက်တည်းမွေးတယ် ဟိုတစ်ယောက်ကလေးကဆုံးသွားတယ် ဒါကိုကလေးချင်းလဲလိုက်တယ် ကိုခိုနားမှာကဘယ်သူမှမရှိတော့ဒီကိစ္စကိုဘယ်သူမှမသိကြတော့ဘူး ဆေးရုံကလည်းသူတို့စီစဉ်ထားတာဆိုတော့ဖုံးဖိပြီးသားပေါ့”

“သူတို့ရည်ရွယ်ချက်ကရှင်းတယ် ဟိုလင်မယားကကလေးမရနိုင်ဘူးအဲ့တော့မွေးစားမယ် အဲ့အချိန်သူတို့နှစ်ယောက်ရဲ့ကလေးလည်းရှိနေပြီဆိုတော့အရာရာကအဆင်သင့်ပဲ အမှန်တစ်ကယ်သူတို့နှစ်ယောက်က ဟိုဘက်တစ်ယောက်ရဲ့ပစ္စည်းတွေကိုအပိုင်သိမ်းချင်တာ လက်ထပ်လိုက်တာကလည်းပစ္စည်းတွေကြောင့်ပဲ ဟိုကဘောစိလေ အဲ့တော့ကလေးကိုအမွေစားအမွေခံနဲ့မွေးစားမယ်ဆိုကိုယ့်ကလေးကိုပဲရစေချင်တာပေါ့”

“အဲ့မှာကလေးကအဖတ်မတင်တော့ ရှိတဲ့ကလေးကိုခဏအစားထိုးလိုက်တာ ပြီးမှမီးစင်ကြည့်ကမယ်ပေါ့ အခုနောက်ထပ်သွေးသားရင်းတစ်ယောက်ထပ်မွေးလာတော့ သူတို့ကလေးမဟုတ်တဲ့သူကိုအပြတ်ရှင်းချင်တာ ဒီကြားထဲကျွန်တော့်ကိုကြောက်လို့ခဏငြိမ်နေသေးတယ် အခုကျွန်တော်တကယ်လက်လွှတ်လိုက်ပြီထင်ပြီးလှုပ်ရှားကြတာ”

“အခုသူတို့ကိုရောဘယ်လိုလုပ်မလဲ”

“ကျွန်တော်စီစဉ်ပြီးပြီ”

ရေခဲတစ်လွှာအုပ်ထားသလိုထင်ရသည့်မျက်နှာက အေးစက်လွန်းနေသည်။နှုတ်ခမ်းထောင့်မှာဓားသွားတွေထည့်ထားသလို အပြုံးတွေကကြောက်မက်ဖွယ်ရာ။

“ဟမ်”

“ကျွန်တော်သွားတော့ သူတို့ကကလေးကိုAccidentတစ်ခုခုလုပ်ပြီးလက်စဖျောက်ဖို့ပြင်နေပြီ ကျွန်တော့်လူတွေစောင့်ကြည့်နေလို့အချိန်မှီတာ”

ခံပြင်းသလိုအံကြိတ်ရင်းဒေါသထွက်မိတာက သူသာနောက်ကျသွားရင်ဆိုတဲ့အတွေးကြောင့်။

“တော်သေးတာပေါ့”

“ဘယ်လိုစိတ်နဲ့ကလေးတစ်ယောက်ကို”

“နှလုံးသားမရှိလိုက်တာ”

လူတိုင်းရဲ့မယုံနိုင်သလိုရေရွတ်သံတွေကြား သူသက်ပြင်းတစ်ချက်ချလိုက်ရသည်။

“ကျွန်တော့်လူတွေကိုကိုင်တွယ်ခိုင်းလိုက်ပြီ သူတို့နှစ်ယောက်ရဲ့ယုတ်မာမှုတွေကို ဟိုတစ်ယောက်သိအောင်လည်းပြောပြခိုင်းလိုက်ပြီ ကျွန်တော့်ဘက်ကဒီအခြေအနေကိုအတိအလင်းကြေငြာမယ် ပြီးရင်ကိုခို့ကိုတရားဝင်လက်ထပ်မယ် သားလေးကိုပါတရားဝင်ထုတ်ပြမယ် ဘယ်သူမှဘာမှပြောစရာမရှိဘူး”

“သေချာလေးတိုင်ပင်ဖို့တော့လိုမယ်ထင်တယ်”

“အွန်း အားလုံးအမြင်မှာအပြစ်မဖြစ်ဖို့ဆိုရင် ဖြစ်ခဲ့တာတွေကိုဖုံးကွယ်ထားလို့မရလောက်ဘူး”

“ပြီးမှသေချာတိုင်ပင်ကြတာပေါ့ လောလောဆယ်ကလေးကိုဒီကလူတွေနဲ့အရင်ရင်းနှီးစေချင်တယ် ဟိုမှာမေတ္တာအစစ်အမှန်မရခဲ့တာမို့ကျွန်တော်တို့ကလုံလောက်တာထက်ပိုပေးဖို့ကြိုးစားရမယ် သားလေးကမြင်ကတည်းကသွေးစကားပြောတယ်ထင်တယ် ကျွန်တော့်ကိုမစိမ်းဘူး တစ်ရက်တည်းနဲ့ရင်းနှီးသွားတာ”

“ငယ်ငယ့်ဆီလာနေပါ့လားဟင် ငယ်ငယ်နဲ့ဆိုအရမ်းမစိမ်းလောက်ဘူး ငယ်ငယ့်ဗိုက်ထဲကကလေးလေးတွေကိုလည်းသူကအရမ်းချစ်တာ ပြီးတော့ကိုကို့ခြံကလည်းအကျယ်ကြီးလေ ကလေးကြိုက်မယ့်အရာတွေလည်းအများကြီးရှိတယ် စားစရာတွေလည်းအများကြီးပဲ ငယ်ငယ်ပိုင်တဲ့အရုပ်ခန်းလည်းရှိသေးတယ်”

ကလေးကိုသူ့အနားနေစေချင်လို့ရှိသမျှနဲ့မြှူဆွယ်ချင်နေတဲ့ဗိုက်ကလေးကြောင့်အားလုံးပြုံးမိကြသည်။သူပြုံးလိုက်ကာငယ့်လက်လေးကိုအသာဆုပ်ကိုင်ရင်းလေပြည်လေးနှင့်ရှင်းပြရသည်။

“သူတို့အိမ်ကိုအရင်ခေါ်သွားပါစေအုံးငယ်ရဲ့ ပြီးမှအလည်ခေါ်လာလို့ရတယ်လေ ငယ့်ကိုကြီးကကလေးကိုအခုမှပြန်တွေ့တာ ကလေးနဲ့အတူတူနေချင်မှာပေါ့”

“အာ..ဟုတ်သားပဲ ဒါပေမယ့်ငယ်ငယ့်ဆီကိုခဏခဏခေါ်လာခဲ့ရမယ်နော်”

သဘောတူလက်ခံလိုက်သော်လည်း မျက်နှာထက်ကအပြုံးလေးကခပ်သဲ့သဲ့သာ။ဗိုက်ကလေးကအဖော်လည်းမက်သေးတယ်။

“ကျွန်တော်တို့ဒီမှာခဏနေမယ်လို့စိတ်ကူးထားတယ်ကိုCean”

“ရတယ် ရတယ် ငယ်ငယ်တို့နဲ့နေလို့ရတယ်”

Horizonစကားအဆုံးတန်းလက်ခံကာ မျက်နှာလေးကလည်းချက်ချင်းလန်းဆန်းလာလေသည်။

“အိမ်မှာကကလေးအတွက်ဘာမှမစီစဉ်ရသေးဘူး အခုချိန်ခေါ်သွားရင် သားသဘောကျစရာတွေမရှိသေးတော့မပျော်မှာစိုးလို့ အားလုံးစီစဉ်ပြီးမှပြန်ခေါ်သွားလိုက်မယ် ဒီမှာကျတော့အစုံရှိတယ်လေ လခြမ်းအကြိုက်ပြင်ဆင်ထားတာဆိုတော့သားလည်းသဘောကျလောက်တယ် ပြီးတော့လခြမ်းကိုလည်းသူသဘောကျနေတာ”

“ရတယ် မင်းတို့အဆင်ပြေတဲ့အထိနေ တစ်သက်လုံးဆိုလည်းကိစ္စမရှိပါဘူး ငါ့ကလေးတွေအဖော်ရတာပေါ့ အိမ်ကလည်းအကျယ်ကြီးပဲဟာ ဦးလေးအတွက်လည်းအခန်းပြင်ပေးထားတယ် ကျန်တဲ့လူတွေအတွက်ရောပဲ ငယ်ငယ်မမွေးခင်အထိ သွားလိုက်ပြန်လိုက်လုပ်နေကြရင်အချိန်ကုန်နေမှာစိုးလို့ဒီမှာပဲနေလိုက် ငယ်ငယ်လည်းမပျင်းရတော့ဘူးပေါ့”

“ဟုတ်တယ်ဟုတ်တယ် ကိုကိုအတော်ဆုံး”

သူ့စကားကိုဘယ်သူမှမထောက်ခံရသေးခင် ဗိုက်ကလေးကလက်မနှစ်ချောင်းထောင်ပြလာလေသည်။သူလေးကိုကြည့်ပြီးဘယ်သူမှမငြင်းနိုင်တော့ဘူး။

“အဲ့တာဆိုလိုအပ်တာလေးတွေပြန်ယူလိုက်အုံးမယ်”

“ကျွန်တော်တို့ရောပဲ”

ကျောက်စက်ကမတ်တပ်ရပ်တော့ Horizonပါထရပ်လေသည်။

“ကိုခိုကသားနဲ့အတူနေခဲ့ ကိုယ်လိုအပ်တာလေးတွေပြန်ယူလိုက်အုံးမယ်”

“အင်း”

အိမ်တံခါးရှိရာဆီခြေလှမ်းတော့နောက်ကအသံသေးသေးလေးထွက်လာလေသည်။

“ဖေဖေ့ ဘယ်သွားမို့တုန်း”

အသီးပန်းကန်တွေကိုင်ပြီးထွက်လာတဲ့ကလေးက သူအပြင်ထွက်တာမြင်တော့လှမ်းအော်လာတာ။

“ဖေဖေ အိမ်ကိုခဏပြန်လိုက်အုံးမယ် ဒီမှာသားပါးပါးရယ်ဦးလေးတွေရယ်နဲ့ခဏနေခဲ့အုံးနော်”

“မြန်မြန်ပြန်လာမှာလား”

“ဒါပေါ့ တန်းပြန်လာမှာ”

“ok ဖေ့ကောင်းကောင်းသွား”

“ဟုတ်ပါပြီကွာ”

ပြေးပွေ့ရမ်းချင်ပေမယ့် အိမ်မပြန်ဖြစ်မှာစိုးကာခြေလှမ်းတွေမြန်ပစ်ရသည်။တန်းပြန်လာပြီးသားလေးရဲ့တီတီတာတာတွေကြားချင်နေပြီ။

“ကိုကိုစား”

အသီးတစ်ပန်းကန်ကိုလခြမ်းရှေ့ချပေးကာ နောင်းညိုလက်ထဲကပန်းကန်ကိုယူကာသူ့ပါပါးဆီပြေးလေသည်။

“ပါပါးစား”

“ပါပါးဖို့လား”

“ဟုတ် သားစားလာပြီ ပါပါးဖို့”

ပန်းသီးစိပ်တွေထည့်ထားသည့်ပန်းကန်ကိုစက်ရိပ်လက်ထဲထည့်ပေးရင်း မျက်ဝန်းလေးတွေမှိတ်နေအောင်ပြုံးပြလာတဲ့သားလေးကြောင့်သူ့နှလုံးသားလေးနွေးထွေးသွားရသည်။

“ပါပါးနဲ့အတူစားပေးအုံးနော် ပါပါးမကုန်ဘူး”

“ဟုတ်”

ပေါင်ပေါ်ပွေ့တင်ကာသူ့ကိုခွံ့ကျွေးတော့ မျက်ဝန်းလေးတွေမှိတ်သည်အထိထပ်ရယ်ပြကာ ပါးစပ်ဟပေးလေသည်။အမြဲပြုံးနေသည့်သားဖြစ်သူကိုအသည်းယားစွာ ပါးချိုင့်ခွက်လေးကိုဖိနမ်းပစ်မိသည်။

“ဘိုးဘိုးရော”

“သားဘိုးဘိုးကိုရောကျွေးရမှာလား”

“ဟုတ်”

“ဦးဦးဖို့ရော သားကိုဦးဦးကခေါ်သွားပေးတာလေ”

“ဦး စားပြီးပြီလေ”

နောင်းညိုကစတော့ မျက်လုံးဝိုင်းလေးတွေဖြင့်ပြန်ပြောလာတာကချစ်စဖွယ်။

“ထပ်စားချင်တယ်လေ”

သူ့ပန်းကန်ထဲငုံ့ကြည့်ပြီး

“တစ်ခုပဲစားနော်”

“တော်ပါပြီကွာ ဦးကစနေတာ သားပဲစား”

“ဟုတ်”

ပြန်ဖြေပြီးသူ့အစားသူအာရုံပြန်စိုက်နေတဲ့သားကိုကြည့်ရင်း စက်ရိပ်ရင်ထဲကြည်နူးမှုတွေပြည့်ကုန်သည်။

မမျှော်လင့်ခဲ့တာမဟုတ်ဘဲ မမျှော်လင့်ရဲခဲ့တဲ့အခြေအနေတစ်ခုဟာမျက်စိရှေ့မှာမို့ ဖော်မပြတတ်တဲ့ခံစားချက်တွေက ရင်ထဲမှာအပြည့်။

ဧည့်ခန်းထဲပြည့်နေတဲ့မေတ္တာတရားတွေက ဘယ်တော့မှမကုန်ခမ်းနိုင်တော့သလိုမျိုး။ပိုတိုးလာတော့မယ့်ဆည်းလည်းသံလေးတွေကြောင့် အိမ်ကြီးကအသက်ဝင်လွန်းနေတော့မှာ…….

……………..

နေမကောင်းတာမို့ moodမသွင်းနိုင်ဘူးဖြစ်နေတာကြောင့် လိုအပ်ချက်တွေများနိုင်ပါတယ်ရှင့် စာလုံးပေါင်းလည်းမစစ်နိုင်တာမို့ အမှားလေးတွေထောက်ပြနိုင်ပါတယ်ရှင့် အချစ်လေးတို့လည်းကျန်းမာရေးကိုဂရုစိုက်ကြပါနော်🤒🤒

ငြိမ်း🌞🌻

ဧည့္ခန္းက်ယ္ႀကီးထဲလူစုံေနေပမယ့္ စကားသံေတြေတာ့တိတ္ဆိတ္ေနေလသည္။တစ္စကၠန႔္ကုန္သြားေလ စိတ္လႈပ္ရွားမႈကပိုတိုးလာေလ။စိုးရိမ္စိတ္ကိုယ္စီႏွင့္မို႔ ဘယ္သူမွလည္းစကားမေျပာခ်င္ၾက။

နံရံကပ္နာရီရဲ႕တစ္ခ်က္ခ်က္စက္သံေတြၾကား ႏွလုံးခုန္သံေတြပါကပ္ညိပါသြားပုံရသည္။ေန႕လည္စာေတာင္ေျဖာင့္ေအာင္မစားနိုင္ၾကဘဲ ဧည့္ခန္းထဲမွာသာေတာင္ေလွ်ာက္ေျမာက္ေလွ်ာက္လုပ္ၿပီးခုံမွာဝင္ထိုင္ျဖစ္ၾကတာ။

သမုဒၵရာကငယ္ငယ့္ကိုသိုင္းဖက္ထားၿပီး စိတ္သက္သာရာရေစရန္ လက္ေလးကိုဖြဖြဆုပ္ထားေပးေလသည္။ဘယ္လိုစကားေတြဆိုရမွန္းမသိေအာင္သူကိုယ္တိုင္လည္းစိတ္ႏွင့္လူသိပ္မကပ္ခ်င္။

Geoႏွင့္တိမ္ေငြ႕ကေတာ့ေဘးခ်င္းကပ္ထိုင္ေနကာ မ်က္ေမွာင္ေတြတြန႔္ၿပီး ဘာကိုေလးေလးနက္နက္ေတြးေနၾကသည္မသိ။တြဲယွက္ထားတဲ့လက္ေခ်ာင္းထိပ္ေတြဆီမွ အေအးဓာတ္ကGeoလက္မွျဖစ္ၿပီး ႏြေးေထြးတဲ့တိမ္ေငြ႕လက္ေတြဆီမွအပူကူးယူေနရသည္။

ေက်ာက္စက္ကပင္ထေနာင္းညိုလက္ကိုဇြတ္ခ်ိတ္ထားၿပီး ေနာင္းညိုကေတာ့သတိမမူမိသလိုေရွ႕ကပန္းအိုးကိုၾကည့္ရင္းအေတြးလြင့္ေနေလသည္။

စက္ရိပ္မွာသာေခါက္တုံ႕ေခါက္ျပန္ေလွ်ာက္ရင္း ေျခမကိုင္မိလက္မကိုင္မိ။အပူေပးထားတဲ့သံျပားေပၚကပု႐ြက္ဆိတ္လိုမ်ိဳး ႏွလုံးသားကေဆာက္တည္ရာမရ၍ လူကပါအသိစိတ္ေတြလမ္းေပ်ာက္ခ်င္ေနသလိုပင္။

အေစာနေလးတင္ Horizonကဖုန္းဆက္လာသည္။ေလဆိပ္ကေနထြက္လာေနပါၿပီတဲ့။မနက္ေစာေစာပို႔လိုက္တဲ့Mailေၾကာင့္သမုဒၵရာတစ္ေယာက္ shockျဖစ္သြားသလို အားလုံးကိုလာခိုင္းကာအေၾကာင္းစုံရွင္းျပျဖစ္သည္။

Horizonပို႔လာတဲ့အေၾကာင္းအရာေတြကိုျမင္ၿပီး အားလုံးပါးစပ္အေဟာင္းသား။mailကမေန႕ညကပို႔ထားတာျဖစ္ၿပီး မနက္ကမွဖြင့္ၾကည့္မိတာမို႔ ဖုန္းဆက္ေမးလို႔မရေတာ့။ဟိုကေလယာဥ္ေပၚေရာက္ေနၿပီ။

အေၾကာင္းအရာေတြကရွင္းလင္းေနသလို ဟိုဘက္ကေျပာတဲ့အသံဖိုင္ပါနားေထာင္လိုက္ရတာမို႔ သူတို႔ဆြံ႕အကုန္သည္။Horizonကေသခ်ာမွသူတို႔ကိုအေၾကာင္းၾကားလာတာ။သူ႕သားေလးကိုပါအပါေခၚလာခဲ့ၿပီးမွအျဖစ္မွန္ေတြကိုဖြင့္ေျပာလာတာ။

စက္ရိပ္တစ္ေယာက္ၾကားၾကားခ်င္းတုန္းကဆို အိမ္မက္မက္ေနသလိုပင္။လြန္ခဲ့တဲ့ငါးႏွစ္ေက်ာ္ကတည္းကသူဆုံးရႈံးရၿပီထင္တဲ့သားေလးက အသက္ရွင္ေနပါေသးတယ္တဲ့။သူ႕သားေလးက ဇနီးျဖစ္သူရဲ႕ကေလးခ်င္းလဲတာခံလိုက္ရတာပါတဲ့။

မယုံနိုင္လြန္းလို႔ သူစကားေတာင္မေျပာနိုင္။အရမ္းအိမ္မက္ဆန္လြန္းေနသည္။အဲ့လိုအရမ္းေကာင္းတဲ့အရာႀကီးျဖစ္လာေအာင္ သူဘာေကာင္းမႈမွမလုပ္ခဲ့ဖူးလို႔ သူမယုံရဲဘူး။သူၾကားေနရတာေတြကအိပ္မက္တစ္ခုလို။တိမ္ေတြၾကားလမ္းေလွ်ာက္ေနရသလို လက္ေတြ႕မဆန္လို႔ သူသိပ္ေၾကာက္မိပါသည္။

ေလဆိပ္ကေနထြက္လာၿပီဆိုတဲ့ဖုန္းရရခ်င္း သူထိုင္မေနနိုင္ေတာ့။Horizonကစေနတာမျဖစ္နိုင္။အို… စေနာက္စရာကိစၥမွမဟုတ္တာ အတည္ပဲျဖစ္မွာ။သူ႕အသံထဲမွာတစ္ခါမွမၾကားခဲ့ဖူးတဲ့ဝမ္းေျမာက္မႈေတြစိတ္လႈပ္ရွားမႈေတြစြန္းေနသည္။သားေလးကိုေစာင့္ေနေပးတဲ့။

သူမ်က္ရည္ေတြက်ေနတာခဏခဏ။တကယ္သာဆိုရင္ သားေလးနဲ႕ေတြ႕ရင္ဘာေျပာရမလဲ သားေလးကသူ႕ကိုေရာဘယ္လိုျမင္မွာလဲ သူ႕ကိုခ်စ္မွခ်စ္ပါ့မလား သူကေရာဘာေတြေျပာရမွာလဲ စသျဖင့္စဥ္းစားရင္းၾကည္ႏူးကာမ်က္ရည္ေတြက်လာတာမရပ္တန႔္နိုင္။

လျခမ္းမွာလည္းဗိုက္ေၾကာင့္သာထိုင္ေနရတာ ဖင္တႂကြႂကြ။ဘယ္လိုလုပ္ၿပီးၿငိမ္ၿငိမ္ထိုင္ေနနိုင္မွာလဲ။သူလည္းတူေလးကိုျမင္ခ်င္ေနၿပီေလ။ဒီလိုကိစၥေတြက ႐ုပ္ရွင္ဆန္ေနေပမယ့္ တစ္ခ်ိဳ႕႐ုပ္ရွင္ေတြဆိုတာကလည္း အျဖစ္မွန္ကိုမူတည္ၿပီးရိုက္ကူးထားတာမို႔ အံ့ဩဖြယ္အျဖစ္အပ်က္ေတြကိုတကယ္လို႔ယုံၾကည္ခ်င္ပါသည္။

ကားရပ္သံၾကားရေတာ့အားလုံးေတာင့္တင္းကုန္ကာ အၾကည့္ေတြကတံခါးဝမွာစုၿပဳံကုန္ေလသည္။

စက္ရိပ္အေျပးသြားခ်င္ေပမယ့္ေျခလွမ္းေတြေရွ႕တိုးလို႔မရေတာ့။လက္သီးတင္းတင္းဆုပ္ရင္း တံခါးဝဆီသာမမွိတ္မသုန္ၾကည့္ေနမိတာ မ်က္ေတာင္ပင္မခတ္ျဖစ္ေတာ့။

တံခါးဝမွဝင္လာတဲ့အရိပ္တစ္ခုက သန္မာတဲ့Alpha။လက္ထဲမွေပြ႕ခ်ီထားတဲ့ကေလးကထိုလူ႕ကိုရင္းႏွီးကြၽမ္းဝင္စြာပုခုံးထက္ေမးတင္ကာ လည္ပင္းကိုသိုင္းဖက္ထားေလသည္။လူႀကီးႏွင့္ကေလးကဘယ္လိုပဲၾကည့္ၾကည့္လိုက္ဖက္ညီတဲ့သားအဖေတြမွန္းသိသာေစသည္။

လူႀကီးကစက္ရိပ္ကိုၾကည့္၍ ကေလးနားအနားအသာကပ္ကာဘာေျပာလိုက္သည္မသိ ကေလးကေရွ႕သိုလွည့္ၾကည့္လာေလသည္။

မ်က္လုံးလွလွေလးေတြခဏမွ်ဝိုင္းသြားၿပီး စက္ရိပ္ကိုၾကည့္ကာ Horizonကိုျပန္ငုံ႕ၾကည့္ေလသည္။သူေခါင္းညိတ္ျပမိေတာ့ စက္ရိပ္ကိုျပန္ၾကည့္ကာ မဝံ့မရဲေခၚလာတာကအသံတိုးတိုးေလးျဖင့္။

“ပါပါး”

မ်က္ေတာင္မခတ္လို႔က်လာတဲ့မ်က္ရည္မဟုတ္ဘဲ ႏွလုံးသားကိုထိခတ္သံေၾကာင့္က်လာတဲ့မ်က္ရည္ေတြက စမ္းေခ်ာင္းအေသးစားေလးလိုမ်ိဳး တသြင္သြင္။ႏႈတ္ခမ္းကိုလက္ႏွင့္အုပ္ကာရွိုက္ငိုလိုက္ၿပီး စကားေတြထြက္မလာေတာ့။

Horizonကအလိုက္တသိေရွ႕တိုးလာကာ က်န္လက္တစ္ဖက္ႏွင့္ ငိုေနသူကိုသိုင္းဖက္ေလသည္။ကေလးကေသြးစကားေျပာသည္ထင္။သူႏွင့္တူတဲ့ပါပါးကငိုေနေတာ့သူပါလိုက္ငိုေလေတာ့သည္။

“ပါပါး ငိုနဲ႕”

ပါးျပင္ကိုထိေတြ႕လာၿပီး စိုစြတ္မႈေတြကိုဖယ္ရွားေပးလာတဲ့လက္ကေလး။ ထိုအခ်ိန္က်မွ ကေလးကိုအားရပါးရေပြ႕ဖက္ကာ အသံထြက္ကာငိုပစ္မိေတာ့သည္။

“ပါပါးသားေလး သားေလး”

ကေလးပါးျပင္ေတြအႏွံ႕သူ႕မ်က္ရည္ေတြစိုစြတ္ကုန္သလို အနမ္းေတြလည္းေနရာမလပ္။ေခါင္းေလးေတြမ်က္ႏွာေလးေတြကို လက္ႏွင့္လိုက္ပြတ္သပ္ေနရင္း အားမရစြာဖိကပ္နမ္းေနတာလည္းမရပ္နိုင္။

“ပါပါးငိုနဲ႕”

သူ႕ပါပါးမ်က္ရည္ေတြကိုလက္ေလးႏွစ္ဖက္ႏွင့္အသာလိုက္သုတ္ေပးေနရင္း သူပါလိုက္ငိုေနတဲ့ကေလးေၾကာင့္ မ်က္ရည္ေတြကပ်ာကယာသုတ္ပစ္ရသည္။

ၿပီးမွHorizonမ်က္ႏွာကိုၾကည့္ရင္း ေသခ်ာေအာင္ေမးတဲ့အေမးေတြက ဗလုံးဗေထြး။

“ေမာင္ အခုဟာကအစစ္အမွန္မလားဟင္ အိပ္မက္မဟုတ္ဘူးမလားဟင္ အစစ္မွန္လို႔ကိုယ့္ကိုေျပာပါ”

“အိမ္မက္မဟုတ္ပါဘူးကိုခိုရဲ႕ အားလုံးအစစ္အမွန္ေတြ သားေလးကကိုယ္တို႔ႏွစ္ေယာက္ရဲ႕သားအရင္းေလး ခုအေျခေနေတြအားလုံးကအမွန္ေတြပဲ”

ဝဲေနတဲ့မ်က္ရည္ေတြကို ေဘးလွည့္ကာမ်က္ေတာင္ႏွင့္ပုတ္ထုတ္ရင္း သူေသခ်ာရွင္းျပခ်င္မိေသာ္လည္း သူကိုယ္တိုင္ေတာင္သိပ္မယုံနိုင္ေသး။ႏွာေခါင္းထဲခ်ဥ္စူးစူးျဖစ္လာတာေၾကာင့္ မ်က္ႏွာေမာ့လို႔ မ်က္ရည္ေတြကိုထိန္းထားရသည္။

“သားေလး ပါပါးသားေလး”

ရင္ခြင္ထဲအျပည့္သိမ္းႀကဳံးဖက္ပစ္ရင္း ေခါင္းထက္ကဆံႏြယ္ေလးေတြၾကားေခါင္းႏွစ္ပစ္မိသည္။ၿပီးမွမလုံေလာက္ေသးသလို ပါးေဖာင္းေဖာင္းေလးေတြအႏွံ႕အားႏွင့္နမ္းရႈံ႕မိေလသည္။ဒီရနံ႕ေလးကအစစ္အမွန္။

“ပါပါး”

စက္ရိပ္မ်က္ႏွာကို လက္ေသးေသးေလးႏွစ္ဖက္ႏွင့္ကိုင္ရင္းေသခ်ာၾကည့္ေနတာမို႔ မ်က္ရည္ေတြႏွင့္သူၿပဳံးျပမိသည္။

“ပါပါးကသားနဲ႕တူတယ္လို႔ေဖႀကီးကေျပာတယ္ တကယ္တူတယ္”

“ဒါေပါ့ ပါပါးကသားကိုဗိုက္ထဲအၾကာႀကီးထည့္ၿပီးေမြးခဲ့တဲ့သူေလ သားကပါပါးနဲ႕တူမွာေပါ့ ၿပီးေတာ့ပါပါးကသားကိုအမ်ားႀကီးခ်စ္တာ”

“သားလည္းပါပါးကိုခ်စ္တယ္”

ပါးျပင္ကိုနမ္းလာၿပီး လည္ပင္းကိုသိုင္းဖက္လာတာမို႔ ကိုယ္လုံးေသးေသးေလးကိုက်စ္ေနေအာင္ဖက္ထားမိသည္။သူမလႊတ္ပစ္ခ်င္ဘူး အစစ္အမွန္ဆန္တဲ့အိပ္မက္ျဖစ္ေနမွာေၾကာက္တယ္။

သူတို႔ကိုၾကည့္ရင္းမ်က္ရည္က်ေနတဲ့ ငယ္ငယ့္ေၾကာင့္ သမုဒၵရာမွာမ်က္ရည္သုတ္ေပးေနရသည္။မငိုပါနဲ႕လို႔လည္းမတားနိုင္ ဒီခံစားခ်က္ကိုသူသိေနလို႔။သူ႕တူေလးေၾကာင့္သူေတာင္ရင္ထဲထိသြားခဲ့ေသးတာပဲ ငယ္ငယ္ကဖခင္ေလာင္းေလးပဲဟာပိုခံစားတတ္မွာေပါ့။ၿပီးေတာ့အသည့္ေလးကလည္းႏုတယ္ေလ။

စက္ရိပ္ဖခင္ကလည္းေျမးျဖစ္သူကိုၾကည့္ရင္း မ်က္ရည္မထိန္းနိုင္။ေခြၽးမျဖစ္သူေမြးခဲ့တဲ့ကေလးကိုခ်စ္ခဲ့ေပမယ့္ ေသြးမေတာ္တာေၾကာင့္လား အေနေဝးတာေၾကာင့္လားမသိ အဲ့ေလာက္မေပ်ာ္ခဲ့ဖူး။ယခုသားကိုယ္တိုင္ေမြးခဲ့တယ္ဆိုတဲ့အသိေၾကာင့္သာမက သားႏွင့္ခြၽတ္စြပ္တူေနတဲ့ကေလးေၾကာင့္ ရင္ထဲေမတၱာစိတ္ေတြတဖြားဖြား။

ေျပးေပြ႕ခ်င္ေပမယ့္ ကေလးမိဘေတြရဲ႕ခံစားခ်က္ကိုနားလည္ေန၍အသံသာတိတ္ေနမိသည္။သူတို႔ခမ်ာအခ်ိန္ေတြလြန္မွရွာသိခဲ့ရတဲ့ေသြးသားအတြက္ ခံစားခ်က္ေတြေရာႁပြန္းေနရွာမွာ။ႏြေးေထြးေနတဲ့ေလထုေလးကို သူမၿဖိဳခြဲရက္။

Geoကေတာ့တူျဖစ္သူကိုျမင္ၿပီး ဦးေလးျဖစ္ရတဲ့ခံစားခ်က္ေတြဝင္လာတာမို႔ ရွိုးတို႔ရွန္းတန႔္ေတြျဖစ္ကာ တိမ္ေငြ႕လက္ေတြကိုသာဖိဆုပ္ထားမိသည္။လျခမ္းကေလးေတြရဲ႕ဦးေလးျဖစ္ရေတာ့မွာကို ႀကိဳတင္ျပင္ဆင္ေနတုန္း ကိုလတ္ကအေကာင္လိုက္ႀကီးေခၚခ်လာသတဲ့။

ကေလးခ်စ္တတ္တဲ့ေနာင္းညိုတစ္ေယာက္ စက္ရိပ္အေသးစားေလးကိုျမင္ၿပီး အသည္းယားကာ ေက်ာက္စက္လက္ေတြကိုသာလိမ္ဆြဲေနမိေလသည္။သူ႕သူငယ္ခ်င္းလျခမ္းကိုလိုက္မထိန္းရေတာ့သူလမ္းေတြေပ်ာက္ေနတာ အခုသူထိန္းဖို႔ကေလးတစ္ေယာက္ေရာက္လာၿပီေလ။

“လူေတြမ်ားႀကီး”

ဖခင္ျဖစ္သူပုခုံးထက္ေမးတင္ရင္း ဧည့္ခန္းထဲေဝ့ၾကည့္ကာ သူ႕မ်က္ႏွာကိုကိုင္ကာမ်က္ႏွာခ်င္းဆိုင္ရင္းေျပာလာတာမို႔ စက္ရိပ္အသည္းေတြအရည္ေပ်ာ္ကုန္သည္။

“အင္း..အမ်ားႀကီး သားနဲ႕မိတ္ဆက္ေပးမယ္”

ယခုမွက်န္တဲ့လူေတြကိုသတိရကာ လက္က်န္မ်က္ရည္ေတြပြတ္သုတ္ရင္း အၿပဳံးတစ္ပြင့္ႏွင့္ ဧည့္ခန္းဘက္လွည့္ရသည္။

“ဒါက သားဘိုးဘိုးေလ ပါပါးရဲ႕ေဖေဖ”

ဖခင္ျဖစ္သူနားေလွ်ာက္လာရင္းသားကိုေျပာျပေပးေတာ့ ေသခ်ာၾကည့္ေနေလသည္။ၿပီးမွ

“ဘိုးဘိုး”

ကေလးရဲ႕ခ်စ္စဖြယ္ေခၚဆိုလိုက္သံမွာ ဘာလုပ္ရမွန္းမသိျပာယာခတ္သြားသူက စက္ရိပ္အေဖ။ေနာက္ဆုံး ေပြ႕ခ်ီဖို႔လက္သာဆန႔္တန္းေပးရသည္။

“ဘိုးဘိုးဆီလာပါအုံး ေျမးရဲ႕”

သူစိမ္းေတြကိုမေၾကာက္တတ္တဲ့ကေလးကဆန့္တန္းေပးထားတဲ့လက္ထဲ တန္းခုန္ဆင္းေတာ့တာပဲ။သိပ္မေလးတဲ့ခႏၶာကိုယ္ေလးကိုေပြ႕ခ်ီရင္း ပါးေလးေတြကိုနမ္းပစ္မိသည္။

“ဘိုးဘိုးေျမးက လူမေၾကာက္တတ္ပါလားကြ”

“ေဖႀကီးကေျပာတယ္ ဒီမွာသားကိုခ်စ္တဲ့သူေတြမ်ားႀကီးတဲ့ သားေၾကာက္ဘူး”

စကားကိုသြက္သြက္လက္လက္ႏွင့္ ေရေရလည္လည္ေျပာလာတာကလူႀကီးေလးလို။ေၾကာက္ဘူးဆိုၿပီးေခါင္းပါရမ္းျပေသးသည္။

“ဟုတ္တာေပါ့ကြ အဘိုးေျမးကိုလူတိုင္းကခ်စ္မွာ ေၾကာက္စရာမလိုဘူး”

“ဟုတ္ ဘိုးဘိုးကိုသားကခ်စ္”

“ဘိုးဘိုးကလည္းခ်စ္ပါ့”

ေျမးကိုလက္ထဲကမခ်ေတာ့ဘဲေပါင္ေပၚေပြ႕ထားကာ တရႈံ႕ရႈံ႕နမ္းေနေလသည္။အဘိုးျဖစ္သူလက္ထဲအနမ္းခံေနရင္း ဧည့္ခန္းထဲကလူေတြကိုလည္းလိုက္စပ္စုေနေသးသည္။

“ကိုကိုလွလွကဘယ္သူလဲ”

“အယ္”

မ်က္လုံးဝိုင္းေတြနဲ႕လိုက္ၾကည့္ရင္း လျခမ္းကိုျမင္ေတာ့ကိုကိုလွလွတဲ့။ဟုတ္မွာေပါ့ေလ သန္သန္မာမာAlphaႀကီးေတြၾကားမွာ ေသးေသးသြယ္သြယ္နဲ႕ခ်စ္ဖို႔ေကာင္းေအာင္ႏုနယ္ေနတာကိုးးးး။

“အဲ့တာကိုကိုမဟုတ္ဘူးသားရဲ႕ ဦးငယ္လို႔ေခၚရမွာ”

လျခမ္းကိုေသခ်ာၾကည့္ေနရင္းဗိုက္ဆီေရာက္ေတာ့မ်က္လုံးေလးေတြဝိုင္းစက္သြားေလသည္။

“ကိုကို႔ဗိုက္ကဘာလို႔ေဖာင္းေနတာလဲ ကေလးေသးေသးေလးရွိေနတာလား”

စေတြ႕ခါစမို႔ အေခၚအေဝၚေတြကိုဇြတ္လိုက္ျပင္မေပးျဖစ္ေတာ့။ေနာက္က်မွပဲေသခ်ာျပင္ေပးလိုက္ပါ့မယ္ေလ။ခုေတာ့သေဘာက်သလိုေခၚပါေစ။

“ဟုတ္တယ္ သားအတြက္ညီေလးနဲ႕ညီမေလးကို ဦးငယ္ကဗိုက္ထဲထည့္ထားတာ”

“သားၾကည့္ခ်င္တယ္”

စက္ရိပ္ကိုေမာ့ၾကည့္ကာခြင့္ေတာင္းေတာ့ လျခမ္းကလက္ယပ္ေခၚေလသည္။

“လာခဲ့လာ”

တေတာက္ေတာက္သြားရင္းလျခမ္းနားေရာက္ေတာ့ သမုဒၵရာကီုေမာ့ၾကည့္ေလသည္။ၿပီးေတာ့တြန႔္ခနဲ။

“ဦးဦးကိုေၾကာက္စရာမလိုဘူး သူကသားေဖေဖရဲ႕အစ္ကို သားရဲ႕ဦးဦး”

“ကိုကိုနဲ႕ဦးဦးကဘာေတာ္တာလဲ”

“ကိုကို႔ကေလးေတြရဲ႕ေဖေဖ”

“အာ”

ခဏစဥ္းစားၿပီးမွထြက္လာတာက

“အာ့ဆိုကိုကို႔ေယာက်္ားေပါ့”

“ဟားဟားဟား “

“ငါ့တူကေတာ္ခ်က္ကြာ”

“ကေလးကအတတ္ကေလး”

လူႀကီးေတြအားလုံးကသေဘာတက်ဝိဳင္းရယ္ေတာ့ သူပါလိုက္ရယ္ေလသည္။

“ကိုင္လို႔ရလား”

“ရတာေပါ့ လာကိုင္ၾကည့္”

လျခမ္းဗိုက္ကိုသေဘာက်စြာကိုင္ခ်င္ေနတာမို႔ လက္ေသးေသးေလးကိုဆြဲယူကာဗိုက္ေပၚတင္ေပးမိသည္။အခ်ိန္ကိုက္ပင္ ဗိုက္ထဲကႏွစ္ေယာက္ကကန္ေနတာမို႔ အံ့ဩတႀကီးပါးစပ္ေလးဟကာ လျခမ္းကိုေမာ့ၾကည့္ေနေလသည္။

“သားကိုထိတယ္”

“ဟုတ္တယ္ သားကိုႏႈတ္ဆက္ေနတာ ကိုကိုနဲ႕ကစားခ်င္ေနၿပီတဲ့ “

“ဟုတ္လား”

“အြန္း သူတို႔ကသားကိုခ်စ္လို႔ႏႈတ္ဆက္ေနတာ”

“သူ႕တို႔ကဘယ္ေတာ့ထြက္လာမွာလဲ”

“သိပ္မၾကာေတာ့ဘူးထြက္လာေတာ့မွာ သားနဲ႕အတူတူေဆာ့ခ်င္လို႔တဲ့”

“ဒါဆိုသားမွာညီေလးနဲ႕ညီမေလးရွိေတာ့မွာေပါ့ေနာ္”

“ဒါေပါ့”

“သူတို႔ကဘာလို႔ႏွစ္ေယာက္လဲ ေနရာေသးေသးေလးကို”

“အမ္”

လျခမ္းမေျဖတတ္ေတာ့ သမုဒၵရာကိုသာေမာ့ၾကည့္ၿပီး အကူအညီေတာင္းေလသည္။

“တစ္ေယာက္တည္းဆိုပ်င္းေနမွာဆိုးလို႔ေလ ႏွစ္ေယာက္ဆိုေတာ့ေဆာ့ဖို႔အေဖာ္ရတာေပါ့”

သမုဒၵရာအေျပာကိုခဏစဥ္းစားၿပီး တစ္ခုခုကိုသိသြားသလိုမ်ိဳး Horizonနဲ႕စက္ရိပ္ရွိရာဘက္ဆီလွည့္ေျပာေလသည္။

“ပါပါးသားကိုလည္းတစ္ေယာက္ထပ္ေခၚေပးေနာ္”

“ဟားဟားဟား”

“ဟီးဟီး”

အျခားသူေတြကက်ိတ္ရယ္ၾကေပမယ့္ Geoႏွင့္လျခမ္းကေတာ့ အားရပါးရထရယ္ေလသည္။

“Geo”

ကိုယ္ဝန္ႏွင့္လျခမ္းကိုေအာ္မရေတာ့ Geoသာအေအာ္ခံရေလေတာ့သည္။ရွက္ရမ္းရမ္းကာေအာ္လိုက္မိၿပီး ေဘးကမသက္ဆိုင္ေသးသည့္သက္ဆိုင္သူကိုလည္း ၾကည့္ရေသးသည္။ဟိုကေတာ့ နား႐ြက္ဖ်ားေတြနီကာေခါင္းေလးငုံ႕လို႔။ကိုယ္ကလိုခ်င္ေပမယ့္ ကာယကံရွင္ကိုလည္းၾကည့္ရေသးတယ္ေလ။သူကေမြးေပးမွကိုး။

“sorryကိုလတ္ ကြၽန္ေတာ္မထိန္းနိုင္လိုက္ဘူး”

ေျပာရင္းတိမ္ေငြ႕ပုခုံးထက္ေခါင္းတင္ကာ ထပ္ရယ္ေနေလသည္။

“ကိုကို႔မွာသားလိုပါတယ္”

ရယ္လိုက္လို႔ခြက္ဝင္သြားတဲ့ ငယ္ငယ့္ပါးခ်ိဳင့္ေလးကိုလက္ညွိုးႏွင့္လွမ္းထိရင္း သူ႕ကိုရယ္ျပလာေလသည္။

“လွလား”

“လွတယ္”

သမုဒၵရာအေမးကိုေခါင္းညိတ္ေျဖလာေလသည္။

“အဲ့တာဦးဦးအပိုင္”

ကေလးကိုထႂကြားေနေသာ သမုဒၵရာကိုၾကည့္ရင္း အားလုံးကမ်က္ေစာင္းထိုးလိုက္ၾကသည္။ႂကြားစရာမရွိကေလးေတာင္အလြတ္မေပးဘဲႂကြားတယ္။

“ကေလးဖို႔ အသီးေတြမုန႔္ေတြယူခိုင္းခဲ့ဖို႔ေမ့ေနတာ”

“ကြၽန္ေတာ္ေခၚသြားလိုက္မယ္ေလ သူႀကိဳက္တာေ႐ြးပါေစ”

ကေလးခ်ီခ်င္လို႔တျပင္ျပင္ျဖစ္ေနသူေနာင္းညိုကတန္းထလာေလသည္။

“မီးဖိုခန္းထဲေခၚသြားလိုက္ ေရခဲေသတၱာထဲမွာ အသီးစုံရွိတယ္ မုန႔္ေတြေရာပဲ”

“ဟုတ္ၿပီ လာသား ဦးဦးနဲ႕မုန႔္သြားစားမယ္”

“ဟုတ္”

မုန႔္ဆိုေတာ့ သူ႕မိဘေတြကိုလွည့္ၾကည့္ျပန္ေလသည္။Horizonေခါင္းညိတ္ျပမွ ေနာင္းညိုဆီလက္လွမ္းေလသည္။

ထြက္သြားတဲ့ကေလးကိုၾကည့္ရင္းသူတို႔ေတြသက္ျပင္းခ်ကာ ေလထုကေလးနက္သြားေလသည္။

“ကဲ ျဖစ္ပ်က္ခဲ့သမွ်ငါတို႔ကိုအေသခ်ာေလးေျပာျပပါအုံး”

သမုဒၵရာရဲ႕စကားၾကားမွာ သက္ျပင္းတစ္ခ်က္ခ်ကာ မ်က္ႏွာကတည္သြားေလသည္။

“အေစာပိုင္းကေလးရတဲ့ကိစၥေတြကေတာ့သိၿပီးသားျဖစ္မွာပါ ေဆး႐ုံမွာကေလးလြဲတာကေတာ့သူတို႔တမင္လုပ္လိုက္တာ သူတို႔ႏွစ္ေယာက္ကတစ္ရက္တည္းေမြးတယ္ ဟိုတစ္ေယာက္ကေလးကဆုံးသြားတယ္ ဒါကိုကေလးခ်င္းလဲလိုက္တယ္ ကိုခိုနားမွာကဘယ္သူမွမရွိေတာ့ဒီကိစၥကိုဘယ္သူမွမသိၾကေတာ့ဘူး ေဆး႐ုံကလည္းသူတို႔စီစဥ္ထားတာဆိုေတာ့ဖုံးဖိၿပီးသားေပါ့”

“သူတို႔ရည္႐ြယ္ခ်က္ကရွင္းတယ္ ဟိုလင္မယားကကေလးမရနိုင္ဘူးအဲ့ေတာ့ေမြးစားမယ္ အဲ့အခ်ိန္သူတို႔ႏွစ္ေယာက္ရဲ႕ကေလးလည္းရွိေနၿပီဆိုေတာ့အရာရာကအဆင္သင့္ပဲ အမွန္တစ္ကယ္သူတို႔ႏွစ္ေယာက္က ဟိုဘက္တစ္ေယာက္ရဲ႕ပစၥည္းေတြကိုအပိုင္သိမ္းခ်င္တာ လက္ထပ္လိုက္တာကလည္းပစၥည္းေတြေၾကာင့္ပဲ ဟိုကေဘာစိေလ အဲ့ေတာ့ကေလးကိုအေမြစားအေမြခံနဲ႕ေမြးစားမယ္ဆိုကိုယ့္ကေလးကိုပဲရေစခ်င္တာေပါ့”

“အဲ့မွာကေလးကအဖတ္မတင္ေတာ့ ရွိတဲ့ကေလးကိုခဏအစားထိုးလိုက္တာ ၿပီးမွမီးစင္ၾကည့္ကမယ္ေပါ့ အခုေနာက္ထပ္ေသြးသားရင္းတစ္ေယာက္ထပ္ေမြးလာေတာ့ သူတို႔ကေလးမဟုတ္တဲ့သူကိုအျပတ္ရွင္းခ်င္တာ ဒီၾကားထဲကြၽန္ေတာ့္ကိုေၾကာက္လို႔ခဏၿငိမ္ေနေသးတယ္ အခုကြၽန္ေတာ္တကယ္လက္လႊတ္လိုက္ၿပီထင္ၿပီးလႈပ္ရွားၾကတာ”

“အခုသူတို႔ကိုေရာဘယ္လိုလုပ္မလဲ”

“ကြၽန္ေတာ္စီစဥ္ၿပီးၿပီ”

ေရခဲတစ္လႊာအုပ္ထားသလိုထင္ရသည့္မ်က္ႏွာက ေအးစက္လြန္းေနသည္။ႏႈတ္ခမ္းေထာင့္မွာဓားသြားေတြထည့္ထားသလို အၿပဳံးေတြကေၾကာက္မက္ဖြယ္ရာ။

“ဟမ္”

“ကြၽန္ေတာ္သြားေတာ့ သူတို႔ကကေလးကိုAccidentတစ္ခုခုလုပ္ၿပီးလက္စေဖ်ာက္ဖို႔ျပင္ေနၿပီ ကြၽန္ေတာ့္လူေတြေစာင့္ၾကည့္ေနလို႔အခ်ိန္မွီတာ”

ခံျပင္းသလိုအံႀကိတ္ရင္းေဒါသထြက္မိတာက သူသာေနာက္က်သြားရင္ဆိုတဲ့အေတြးေၾကာင့္။

“ေတာ္ေသးတာေပါ့”

“ဘယ္လိုစိတ္နဲ႕ကေလးတစ္ေယာက္ကို”

“ႏွလုံးသားမရွိလိုက္တာ”

လူတိုင္းရဲ႕မယုံနိုင္သလိုေရ႐ြတ္သံေတြၾကား သူသက္ျပင္းတစ္ခ်က္ခ်လိဳက္ရသည္။

“ကြၽန္ေတာ့္လူေတြကိုကိုင္တြယ္ခိုင္းလိုက္ၿပီ သူတို႔ႏွစ္ေယာက္ရဲ႕ယုတ္မာမႈေတြကို ဟိုတစ္ေယာက္သိေအာင္လည္းေျပာျပခိုင္းလိုက္ၿပီ ကြၽန္ေတာ့္ဘက္ကဒီအေျခအေနကိုအတိအလင္းေၾကျငာမယ္ ၿပီးရင္ေငြ႕ကိုတရားဝင္လက္ထပ္မယ္ သားေလးကိုပါတရားဝင္ထုတ္ျပမယ္ ဘယ္သူမွဘာမွေျပာစရာမရွိဘူး”

“ေသခ်ာေလးတိုင္ပင္ဖို႔ေတာ့လိုမယ္ထင္တယ္”

“အြန္း အားလုံးအျမင္မွာအျပစ္မျဖစ္ဖို႔ဆိုရင္ ျဖစ္ခဲ့တာေတြကိုဖုံးကြယ္ထားလို႔မရေလာက္ဘူး”

“ၿပီးမွေသခ်ာတိုင္ပင္ၾကတာေပါ့ ေလာေလာဆယ္ကေလးကိုဒီကလူေတြနဲ႕အရင္ရင္းႏွီးေစခ်င္တယ္ ဟိုမွာေမတၱာအစစ္အမွန္မရခဲ့တာမို႔ကြၽန္ေတာ္တို႔ကလုံေလာက္တာထက္ပိုေပးဖို႔ႀကိဳးစားရမယ္ သားေလးကျမင္ကတည္းကေသြးစကားေျပာတယ္ထင္တယ္ ကြၽန္ေတာ့္ကိုမစိမ္းဘူး တစ္ရက္တည္းနဲ႕ရင္းႏွီးသြားတာ”

“ငယ္ငယ့္ဆီလာေနပါ့လားဟင္ ငယ္ငယ္နဲ႕ဆိုအရမ္းမစိမ္းေလာက္ဘူး ငယ္ငယ့္ဗိုက္ထဲကကေလးေလးေတြကိုလည္းသူကအရမ္းခ်စ္တာ ၿပီးေတာ့ကိုကို႔ၿခံကလည္းအက်ယ္ႀကီးေလ ကေလးႀကိဳက္မယ့္အရာေတြလည္းအမ်ားႀကီးရွိတယ္ စားစရာေတြလည္းအမ်ားႀကီးပဲ ငယ္ငယ္ပိုင္တဲ့အ႐ုပ္ခန္းလည္းရွိေသးတယ္”

ကေလးကိုသူ႕အနားေနေစခ်င္လို႔ရွိသမွ်နဲ႕ျမႇူဆြယ္ခ်င္ေနတဲ့ဗိုက္ကေလးေၾကာင့္အားလုံးၿပဳံးမိၾကသည္။သူၿပဳံးလိုက္ကာငယ့္လက္ေလးကိုအသာဆုပ္ကိုင္ရင္းေလျပည္ေလးႏွင့္ရွင္းျပရသည္။

“သူတို႔အိမ္ကိုအရင္ေခၚသြားပါေစအုံးငယ္ရဲ႕ ၿပီးမွအလည္ေခၚလာလို႔ရတယ္ေလ ငယ့္ကိုႀကီးကကေလးကိုအခုမွျပန္ေတြ႕တာ ကေလးနဲ႕အတူတူေနခ်င္မွာေပါ့”

“အာ..ဟုတ္သားပဲ ဒါေပမယ့္ငယ္ငယ့္ဆီကိုခဏခဏေခၚလာခဲ့ရမယ္ေနာ္”

သေဘာတူလက္ခံလိုက္ေသာ္လည္း မ်က္ႏွာထက္ကအၿပဳံးေလးကခပ္သဲ့သဲ့သာ။ဗိုက္ကေလးကအေဖာ္လည္းမက္ေသးတယ္။

“ကြၽန္ေတာ္တို႔ဒီမွာခဏေနမယ္လို႔စိတ္ကူးထားတယ္ကိုCean”

“ရတယ္ ရတယ္ ငယ္ငယ္တို႔နဲ႕ေနလို႔ရတယ္”

Horizonစကားအဆုံးတန္းလက္ခံကာ မ်က္ႏွာေလးကလည္းခ်က္ခ်င္းလန္းဆန္းလာေလသည္။

“အိမ္မွာကကေလးအတြက္ဘာမွမစီစဥ္ရေသးဘူး အခုခ်ိန္ေခၚသြားရင္ သားသေဘာက်စရာေတြမရွိေသးေတာ့မေပ်ာ္မွာစိုးလို႔ အားလုံးစီစဥ္ၿပီးမွျပန္ေခၚသြားလိုက္မယ္ ဒီမွာက်ေတာ့အစုံရွိတယ္ေလ လျခမ္းအႀကိဳက္ျပင္ဆင္ထားတာဆိုေတာ့သားလည္းသေဘာက်ေလာက္တယ္ ၿပီးေတာ့လျခမ္းကိုလည္းသူသေဘာက်ေနတာ”

“ရတယ္ မင္းတို႔အဆင္ေျပတဲ့အထိေန တစ္သက္လုံးဆိုလည္းကိစၥမရွိပါဘူး ငါ့ကေလးေတြအေဖာ္ရတာေပါ့ အိမ္ကလည္းအက်ယ္ႀကီးပဲဟာ ဦးေလးအတြက္လည္းအခန္းျပင္ေပးထားတယ္ က်န္တဲ့လူေတြအတြက္ေရာပဲ ငယ္ငယ္မေမြးခင္အထိ သြားလိုက္ျပန္လိုက္လုပ္ေနၾကရင္အခ်ိန္ကုန္ေနမွာစိုးလို႔ဒီမွာပဲေနလိုက္ ငယ္ငယ္လည္းမပ်င္းရေတာ့ဘူးေပါ့”

“ဟုတ္တယ္ဟုတ္တယ္ ကိုကိုအေတာ္ဆုံး”

သူ႕စကားကိုဘယ္သူမွမေထာက္ခံရေသးခင္ ဗိုက္ကေလးကလက္မႏွစ္ေခ်ာင္းေထာင္ျပလာေလသည္။သူေလးကိုၾကည့္ၿပီးဘယ္သူမွမျငင္းနိုင္ေတာ့ဘူး။

“အဲ့တာဆိုလိုအပ္တာေလးေတြျပန္ယူလိုက္အုံးမယ္”

“ကြၽန္ေတာ္တို႔ေရာပဲ”

ေက်ာက္စက္ကမတ္တပ္ရပ္ေတာ့ Horizonပါထရပ္ေလသည္။

“ကိုခိုကသားနဲ႕အတူေနခဲ့ ကိုယ္လိုအပ္တာေလးေတြျပန္ယူလိုက္အုံးမယ္”

“အင္း”

အိမ္တံခါးရွိရာဆီေျခလွမ္းေတာ့ေနာက္ကအသံေသးေသးေလးထြက္လာေလသည္။

“ေဖေဖ့ ဘယ္သြားမို႔တုန္း”

အသီးပန္းကန္ေတြကိုင္ၿပီးထြက္လာတဲ့ကေလးက သူအျပင္ထြက္တာျမင္ေတာ့လွမ္းေအာ္လာတာ။

“ေဖေဖ အိမ္ကိုခဏျပန္လိုက္အုံးမယ္ ဒီမွာသားပါးပါးရယ္ဦးေလးေတြရယ္နဲ႕ခဏေနခဲ့အုံးေနာ္”

“ျမန္ျမန္ျပန္လာမွာလား”

“ဒါေပါ့ တန္းျပန္လာမွာ”

“ok ေဖ့ေကာင္းေကာင္းသြား”

“ဟုတ္ပါၿပီကြာ”

ေျပးေပြ႕ရမ္းခ်င္ေပမယ့္ အိမ္မျပန္ျဖစ္မွာစိုးကာေျခလွမ္းေတြျမန္ပစ္ရသည္။တန္းျပန္လာၿပီးသားေလးရဲ႕တီတီတာတာေတြၾကားခ်င္ေနၿပီ။

“ကိုကိုစား”

အသီးတစ္ပန္းကန္ကိုလျခမ္းေရွ႕ခ်ေပးကာ ေနာင္းညိုလက္ထဲကပန္းကန္ကိုယူကာသူ႕ပါပါးဆီေျပးေလသည္။

“ပါပါးစား”

“ပါပါးဖို႔လား”

“ဟုတ္ သားစားလာၿပီ ပါပါးဖို႔”

ပန္းသီးစိပ္ေတြထည့္ထားသည့္ပန္းကန္ကိုစက္ရိပ္လက္ထဲထည့္ေပးရင္း မ်က္ဝန္းေလးေတြမွိတ္ေနေအာင္ၿပဳံးျပလာတဲ့သားေလးေၾကာင့္သူ႕ႏွလုံးသားေလးႏြေးေထြးသြားရသည္။

“ပါပါးနဲ႕အတူစားေပးအုံးေနာ္ ပါပါးမကုန္ဘူး”

“ဟုတ္”

ေပါင္ေပၚေပြ႕တင္ကာသူ႕ကိုခြံ႕ေကြၽးေတာ့ မ်က္ဝန္းေလးေတြမွိတ္သည္အထိထပ္ရယ္ျပကာ ပါးစပ္ဟေပးေလသည္။အၿမဲၿပဳံးေနသည့္သားျဖစ္သူကိုအသည္းယားစြာ ပါးခ်ိဳင့္ခြက္ေလးကိုဖိနမ္းပစ္မိသည္။

“ဘိုးဘိုးေရာ”

“သားဘိုးဘိုးကိုေရာေကြၽးရမွာလား”

“ဟုတ္”

“ဦးဦးဖို႔ေရာ သားကိုဦးဦးကေခၚသြားေပးတာေလ”

“ဦး စားၿပီးၿပီေလ”

ေနာင္းညိုကစေတာ့ မ်က္လုံးဝိုင္းေလးေတြျဖင့္ျပန္ေျပာလာတာကခ်စ္စဖြယ္။

“ထပ္စားခ်င္တယ္ေလ”

သူ႕ပန္းကန္ထဲငုံ႕ၾကည့္ၿပီး

“တစ္ခုပဲစားေနာ္”

“ေတာ္ပါၿပီကြာ ဦးကစေနတာ သားပဲစား”

“ဟုတ္”

ျပန္ေျဖၿပီးသူ႕အစားသူအာ႐ုံျပန္စိုက္ေနတဲ့သားကိုၾကည့္ရင္း စက္ရိပ္ရင္ထဲၾကည္ႏူးမႈေတြျပည့္ကုန္သည္။

မေမွ်ာ္လင့္ခဲ့တာမဟုတ္ဘဲ မေမွ်ာ္လင့္ရဲခဲ့တဲ့အေျခအေနတစ္ခုဟာ မ်က္စိေရွ႕မွာမို႔ ေဖာ္မျပတတ္တဲ့ခံစားခ်က္ေတြက ရင္ထဲမွာအျပည့္။

ဧည့္ခန္းထဲျပည့္ေနတဲ့ေမတၱာတရားေတြက ဘယ္ေတာ့မွမကုန္ခမ္းနိုင္ေတာ့သလိုမ်ိဳး။ပိုတိုးလာေတာ့မယ့္ဆည္းလည္းသံေလးေတြေၾကာင့္ အိမ္ႀကီးကအသက္ဝင္လြန္းေနေတာ့မွာ…….

……………..

ေနမေကာင္းတာမို႔ moodမသြင္းနိုင္ဘူးျဖစ္ေနတာေၾကာင့္ လိုအပ္ခ်က္ေတြမ်ားနိုင္ပါတယ္ရွင့္ စာလုံးေပါင္းလည္းမစစ္နိုင္တာမို႔ အမွားေလးေတြေထာက္ျပနိုင္ပါတယ္ရွင့္ အခ်စ္ေလးတို႔လည္းက်န္းမာေရးကိုဂ႐ုစိုက္ၾကပါေနာ္

ၿငိမ္း🌞🌻

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅၁, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅၁, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅၁ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅၁ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅၁ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅၁ light novel, ,

Comment

Leave a Reply

Chapter 52