Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅၂

A+ A-

“ဒါကသားဖို့…. ဒါကညီလေးဖို့….. ​ဒါကညီမလေးဖို့”

ကျယ်ဝန်းတဲ့အခန်းထဲပြည့်နေတဲ့အရုပ်တွေကြား ဗိုက်ကလေးနှင့်စက်ရိပ်သားလေးတို့ အရုပ်ခွဲနေကြတာ။

ကိုယ်ဝန်ရှိပြီးနောက်ပိုင်း အိပ်ခန်းထဲအရုပ်တွေမထားတော့ဘဲ အခန်းတစ်ခန်းသပ်သပ်ဖွဲ့ကာအရုပ်တွေအားလုံးစုထည့်ထားဖြစ်သည်။အရုပ်ကြိုက်တဲ့ငယ်ငယ့်အတွက် တစ်ဆိုင်လုံးစာအိမ်မှာသိမ်းထားပေးတယ်ဆိုလည်းမမှား။

ယခုအိမ်ကကလေးကHorizonသားနှင့်ပေါင်းမိကာ အပေါ်ထပ်ကသူ့အရုပ်အခန်းထဲကို ဝင်ချလာတာလေ။ဟိုကလည်းကလေးဆိုတော့ မမွေးရသေးတဲ့အငယ်နှစ်ယောက်အတွက်ပါခွဲတမ်းချနေတာ။

“သားလိုချင်တာတွေဝယ်ဖို့ ပါပါးကဆိုင်ကိုခေါ်သွားပေးမယ်နော် ဒါတွေကဦးငယ်ကိုဦးCeanကဝယ်ပေးထားတာ “

စက်ရိပ်ကသားဖြစ်သူကိုပြုံးကာကြည့်နေရင်း သူကြိုက်တဲ့အရုပ်တွေတောင်လိုပုံနေချိန်မှာမနေနိုင်ဘဲဝင်ပြောမိလေသည်။သမုဒ္ဒရာကိုယ်တိုင်တကူးတကစုဆောင်းထားပေးတဲ့အရုပ်တွေကငယ်ငယ့်အတွက်မှန်းသိနေတဲ့အပြင် မိုးကုတ်စက်ဝိုင်းကိုယ်တိုင်လည်းသားအတွက်တစ်ခန်းစာနီးပါးဝယ်ထားပေးပြီးပြီမို့ တားလိုက်ရခြင်းသာ။

“ယူပါစေကိုကြီးကလည်း ငယ်ငယ်က ကလေးမှမဟုတ်တော့တာ ထပ်လိုချင်ရင်ကိုကို့ကိုဝယ်ခိုင်းလိုက်မှာပေါ့”

“မဟုတ်ဘူးလေလခြမ်းရဲ့ သမုဒ္ဒရာကငယ်လေးအတွက်ဆိုပြီးရည်ရွယ်ပြီးဝယ်ပေးထားတာတွေလေ ပြီးတော့သားလေးအတွက်သူ့အဖေကအကုန်စီစဥ်ပြီးနေပြီ ပြီးခဲ့တဲ့တစ်ပါတ်လုံးလိုအပ်တာတွေအိမ်မှာပြင်ဆင်နေတာ သားအတွက်အရုပ်တွေတောင်အိမ်ရောက်နေပြီ အခန်းတွေမပြီးသေးလို့သာသားကိုခေါ်မပြရသေးတာ”

“ယူပါစေ ကိုယ်ထပ်မှာလိုက်လို့ရတယ် စက်ရုံတစ်ခုလုံးပိုင်နေတာပဲဟာ ဒီလောက်ကမပြောပလောက်ပါဘူး”

“ကိုကိုထပ်ဝယ်ပြန်ပြီလား”

သမုဒ္ဒရာစကားကိုကြားတော့ ဗိုက်ကလေးကနောက်လှည့်ကာမျက်မှောင်တွန့်ပြီးမေးလာတာ။

“အာ…ငယ်ကလည်း ငယ့်ဗိုက်ထဲကသားနဲ့သမီးအတွက်ရောလေ စက်ရုံလေးတစ်ခုပဲဟာကို”

“အဲ့ကိုကိုကလေ လုပ်ချင်တာတွေအရမ်းလုပ်တာ အရုပ်တွေစားလို့လဲမရဘဲနဲ့”

“စားမရလည်း ငယ်ငယ်ကြိုက်တယ်မဟုတ်ဘူးလား ပြီးတော့သားနဲ့သမီးကလည်းအရမ်းကြိုက်မှာပါနော်”

“ဟမ့်”

မကျေမနပ်ဆိုပေမယ့် မျက်နှာလေးကတော့ပြုံးနေတာပဲ။သူပြုံးနေတာမြင်တော့ကလေးကလည်းလိုက်ရယ်လေသည်။သူ့ငယ်ငယ်လိုပါးချိုင့်လေးနှင့်ကလေးမို့ သမုဒ္ဒရာတူလေးကိုတော်တော်ချစ်မိသည်။သူ့သားနှင့်သမီးကိုလည်း ငယ်ငယ်နှင့်တူတဲ့ပါးချိုင့်လေးပါလာစေချင်သည်။

“အောက်ထပ်မှာမတွေ့လို့တက်လာတာ ထင်တဲ့အတိုင်းပဲ”

Gooကတံခါးဖွင့်ကာဝင်လာရင်း လက်ထဲမှာလည်းပန်းသီးစိမ်းကိုကိုင်ထားသေးသည်။

“ဦး GG”

“ဗျ”

Geoနံမည်ကိုအတိုကောက်သာGGလို့ခေါ်တတ်ပြီး ကလေးတို့သဘာဝ အလိုလိုက်မှန်းသိတော့တစ်ပါတ်အတွင်းရင်းနှီးသွားလေသည်။

“Appleသားလည်းစားချင်”

“လာ အောက်မှာဦးGGယူလာတယ်သွားစားမယ် ပြီးရင်ခြံထဲကအသီးတွေသွားခူးကြမယ်”

“ဟုတ်”

အရုပ်တွေချကာGeoဆီလှစ်ကနဲပြေးလေသည်။ဟိုကဆီးကြိုပွေ့တော့ ဒီဘက်ကလူတွေကိုလက်ယပ်ခေါ်သေးတာ

“ပါပါးလာခဲ့ အကုန်လာခဲ့အသီးသွားစားမယ်”

“လာခဲ့မယ်သားသွားနှင့်နော်”

“Apple Apple”

“ဟုတ်တယ် Appleစားမယ်”

Geoလက်ပေါ်အော်ရင်းပါသွားတဲ့သားဖြစ်သူကိုကြည့်ကာ စက်ရိပ်ပြုံးရင်းလိုက်သွားမိသည်။သူ့ဘဝရဲ့အလင်းရောင်လေး။

“ထ…ကိုကိုပွေ့မယ်”

“ငယ်ငယ်လမ်းလျှောက်မယ်လေကိုကို”

“အောက်ထပ်လှေကားကိုဆင်းရမှာလေငယ်ရဲ့ ကိုကိုစိတ်မချဘူး”

“ကိုကို့သဘော”

ပွေ့ချီလိုက်တဲ့ကိုကိုပခုံးတွေကိုသိုင်းဖက်ကာ ငယ်ငယ်လှမ်းနမ်းလိုက်မိတာကိုကို့မေးဖျားဆီ။

“ပြွတ်စ် အားဆေးပေးတာ”

“ငယ့်ကိုပွေ့နေရတယ်ဆိုတဲ့အသိနဲ့တင် ကိုကိုကအားရှိနေပြီးသား”

“အဲ့တာဆိုပြန်ယူမယ် ပြွတ်စ်”

နောက်တစ်ချက်ထပ်နမ်းကာ ပြုံးတုံ့တုံ့လေးကြည့်နေတာမို့ ဂရုတစိုက်ပွေ့ရင်းစိတ်ထိန်းလိုက်ရသည်။

“ငယ်ကကွာ ကိုကိုအသည်းယားအောင်သိပ်လုပ်တာ”

“အသည်းယားမှာပေါ့ ငယ်ကကိုကို့အသည်းထဲမှာလေ အဲ့တာငယ်ငယ့်အပြစ်မှမဟုတ်တာ”

“ဟားဟား..ဗိုက်ကလေးကအရမ်းတတ်တယ်ကွာ”

“အဲ့တာကြောင့်ကိုကိုကအရမ်းချစ်နေတာမလား”

မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ခေါင်းလေးစောင်းကာပြောလာပုံက သူသိပါတယ်ဆိုတဲ့အထာနှင့်။

“ဒါပေါ့ ဖြစ်နိုင်ရင်ငုံထားလိုက်ချင်တာ”

“ပြီးရင် ကိုကို့ကိုငယ်ငယ့်နှုတ်ခမ်းတွေပေးငုံမယ်”

“ဟမ်”

စကားအဆုံးမှာကြောင်အသွားတာမို့ လှေကားထစ်ပေါ်ဆင်းလက်စခြေလှမ်းကိုရပ်ရင်း မျက်နှာလေးကိုငုံ့ကြည့်မိသည်။

“အရမ်းအရမ်းချစ်ဖို့ကောင်းအောင်ပြောတတ်တဲ့ ငယ်ငယ့်နှုတ်ခမ်းကိုကိုကို့ကိုပေးငုံမှာပါဆို”

“ငယ်ကကွာ ကိုယ့်စိတ်ကိုဆွပြန်ပြီ ပြီးရင်အဆုံးထိလည်းမပေးဘဲနဲ့”

“အချိုပွဲလောက်ဆိုတော်ရောပေါ့ အဝစားချင်လို့မှမရသေးတာ ကိုကိုကလောဘကိုကြီးတာ”

“ဆွထားပါနော် ကလေးလေးတွေအပြင်ရောက်ပြီးရင်တော့ အဟွန်း”

ခြေလှမ်းတွေကိုပြန်စရင်း နှုတ်ခမ်းစွန်းတစ်ဖက်ကွေးကာပြုံးမိတော့ ငယ့်ကိုယ်လေးတစ်ချက်တုန်သွားလေသည်။

“ကိုကိုနော် လူဆိုးသံကြီးနဲ့”

“လူကိုဆိုးအောင်ဘယ်သူစတာလဲ”

“ငယ်ငယ်မစလည်း ကိုကိုကဆိုးနေတာပဲမဟုတ်ဘူးလား လူကိုမလှိမ့်တစ်ပတ်လုပ်ပြီးအတင်းနမ်းတတ်တာဘယ်သူလဲပြော”

“အဲ့တာက ငယ့်အပြစ်တွေလေ လူကိုအသည်းယား​ပြီးနမ်းချင်အောင်ဘယ်သူလုပ်တာလဲပြော”

“အဲ့ကိုကိုနော်”

“အဲ့ငယ်ငယ်နော်”

“ကိုကိုလို့ဆို”

“ငယ်ငယ်လို့ဆို”

“ကိုကိုမစနဲ့”

“ငယ်ငယ်မစနဲ့”

“ကဲ သမုဒ္ဒရာရယ်မကြီးမငယ်နဲ့ ကလေးနဲ့ဖက်ပြီးတော့တောင် စကားနိုင်လုနေသေးတယ်”

အောက်ထပ်ရောက်သည်အထိငယ်ငယ့်ကိုစလို့မပြီးသေးတာကြောင့် ကြားနေရတဲ့စက်ရိပ်ကမနေနိုင်ဘဲဝင်ပြောလာလေသည်။

“ကိုယ်လည်းအဲ့လောက်မကြီးသေးပါဘူး မင်းပြောပုံကအဖေနဲ့သားလောက်ကွာနေတာကျနေတာပဲ”

“အသက်ဆယ်နှစ်ကျော်ကွာတာကို သိပ်မကွာဘူးလို့ထင်နေတယ်ပေါ့ နောက်ထပ်သုံးနှစ်လောက်သာထပ်ပေါင်းရင်သားအရွယ်ကွက်တိပဲ”

“ဆောင်းစက်ရိပ်ခို”

ချက်ကောင်းကိုထိသွားတာမို့ မျက်ထောင့်နီနှင့်ကြည့်လိုက်ပြီးအံကြိတ်ခေါ်လာလေသည်။

“ဘာလဲမဟုတ်လို့လား ငါနဲ့မင်းကအသက်အတူတူပဲ လခြမ်းကငါ့အတွက်တော့ငါပြုစုပျိုးထောင်ခဲ့ရတဲ့ကလေးလေးပဲ”

“ဟမ့်”

မျက်​စောင်းထိုးကာဟိုဘက်လှည့်သွားတာမို့နောက်ကလှမ်းအော်ရသည်။

“ရုပ်ကြမ်းကြီးနဲ့ကောက်ချင်မနေနဲ့ လခြမ်းကိုအောက်ချပြီးလမ်းပေးလျှောက်လိုက်အုံး ဒီနေ့အတွက်လမ်းမလျှောက်ရသေးဘူး”

“ဦးငယ်ငယ် သားနဲ့လျှောက်”

မိုးဖိုခန်းထဲကပန်းသီးပန်းကန်ကိုင်ကာထွက်လာသည့်သားလေးက လခြမ်းလမ်းလျှောက်ရမည်ဆိုတော့ပြေးလာလေသည်။

“သားနဲ့လျှောက်လို့မရဘူးလေ ဦးငယ်ကလေးတယ်သားမနိုင်ဘူး”

“ဦးဦးပါတူတူလျှောက်”

“ဟုတ်တယ် သုံးယောက်တူတူလျှောက်လို့ရတယ်လာ”

တစ်ဖက်ကသမုဒ္ဒရာကတွဲပြီး ကျန်တဲ့တစ်ဖက်က ကလေးလက်လေးကိုတွဲကာသုံးယောက်တွဲလျှောက်နေတာမို့ ကြည့်ရတာကို့ယို့ကားယားဖြစ်နေသော်လည်း မြင်ကွင်းကတော့ကြည်နူးဖို့ကောင်းလေသည်။

Horizonရောက်လာလာချင်းမြင်လိုက်ရတာက ဒီမြင်ကွင်းပါပဲ။သူအသံမပေးဘဲပြုံးရင်း ရပ်သာကြည့်နေလိုက်သည်။သူ့ကိုအရင်ဆုံးမြင်သွားတာကသားဖြစ်သူတိမ်တိုက်စက်ဝိုင်း

“ဖေဖေ့”

“ဗျ”

“သား ဦးငယ်ငယ်ကိုကူပေးတာ”

“ဖေ့သားကအတော်ဆုံး”

“ဟီးဟီး”

ပြောရင်းသူတို့ရှိရာဆီလှမ်းသွားတော့ ရှေ့သွားကျိုးလေးဖြင့်ရယ်ပြလာလေသည်။

“ဖေ့Apple”

လခြမ်းလက်ကိုလွှတ်ကာ ခုံပေါ်ကပန်းသီးတစ်လုံးပြေးယူပြီး သူ့အဖေကိုပေးလာလေသည်။ပြေးလာတဲ့ကလေးကိုဆီးပွေ့ပြီးပါးနှစ်ဖက်ကိုဖိကပ်နမ်းပစ်မိသည်။

“ဖေ့ ခစ်ခစ် ယားတယ်”

“ဖေ့သားကမွှေးနေရောပဲကွာ”

“ဖေ့ စား”

လက်ထဲကပန်းသီးကိုပါးစပ်နားထိုးပေးလာတာမို့တစ်ကိုက်ကိုက်လိုက်သည်။

“ဖေ့သားလက်နဲ့ထိတော့ချိုနေတာပဲ”

“ခစ်ခစ် ဦးGGယူလာတာ”

သဘောကျနေတဲ့ကလေးကိုချီရင်း ကိုခို့ဘေးဝင်ထိုင်လိုက်သည်။

“Geo ဝယ်လာတာလား”

“ဘယ်ကသာငွေ့ကိုယ်တိုင်ပေးထားတဲ့ ကိုယ်ပိုင်စိုက်ခင်းက မနေ့ကကားနဲ့လူကြုံတင်ပေးလိုက်တာ”

ဆိုဖာကိုကျောမှီရင်း လက်ပိုက်ကာခေါင်းမော့လို့ပြောလာတာက ရိုက်ချင်စရာမျက်နှာပေးနှင့်။

“ကြွားပြန်ပြီ”

သူ့လူဝယ်ပေးထားတဲ့ခြံအကြောင်း ပြောမဆုံးပေါင်ကြွားကြွားနေတာမို့ အားလုံးအလွတ်တောင်ရနေပြီ။အေးပေါ့လေ ဟိုကလည်းအလိုလိုက်ပေးသည်ကိုး။

“ဦး GG အသီးသွားခူးမယ်”

“ဟုတ်ပြီလာသွားကြမယ်”

မတ်တပ်ထရပ်ရင်း သူပွေ့ထားတဲ့ကလေးဆီလျှောက်လာလေသည်။အဲ့တာသူတို့အလုပ်ပဲ အားအားနေ အသီးခြံတွေထဲပဲသွားနေတော့တာပဲ။

“အကြာကြီးမနေနဲ့Geo ကလေးကိုနေပူမယ်”

“ဟုတ်ကဲ့ပါဗျာ”

“ဦးငယ်ငယ်ဖို့သားအသီးများကြီးခူးခဲ့မယ်နော်”

“ဟုတ်ပါပြီဗျာ ကျေးဇူးတင်ပါတယ်”

ကလေးကိုပွေ့ရင်းထွက်သွားသောGeoကိုကြည့်ရင်း သူတို့ပြုံးလိုက်ကြသည်။သူ့မှာကိုယ်ပိုင်ကလေးမရှိလည်း တူတွေတူမတွေရှိရင်အဆင်ပြေပြီဆိုပြီးပြောလာတုန်းက သူတို့သိပ်စိတ်မကောင်း။

သို့ပေမယ့်ကာယကံရှင်ကတော့ တူတစ်ယောက်နှင့်မြူးထူးနေတာပါပဲ။ချစ်ရတဲ့သူအနားရှိနေချိန် ကလေးဆိုတာမရှိမဖြစ်မဟုတ်မှန်းနားလည်ခဲ့တာမို့ ဘယ်သူမှစိတ်ထဲမထားတော့။ကိုယ်ချစ်ရတဲ့သူအတွက်ကလေးဖြစ်နေရုံနဲ့တင်ဘဝကြီးကပြီးပြည့်စုံနေပြီလေမဟုတ်လား……..

……………….

လှေကားတစ်လျှောက်ဖိနပ်ထံမှထွက်ပေါ်လာသောတဒေါက်ဒေါက်အသံသာကြီးစိုးနေလေသည်။မီးပြတ်နေသောကြောင့် ဓာတ်လှေကားကအသုံးပြုလို့မရ။အံ့ဩစရာကြီး မိုးမရွာဘဲနဲ့တောင်မီးပျက်တတ်ပါသတဲ့။

ရှေ့ကလျှောက်နေသောကျောပြင်ကျယ်ကြီးနောက်လိုက်ကာ လှေကားထစ်တွေကိုဂရုစိုက်နေရသည်။နှစ်ယောက်လုံးစကားမပြောဖြစ်တာကြောင့် ခြေသံကလွဲတိတ်တဆိတ်သာ။

ဖုန်းမှမီးအလင်းရောင်သာရှိတာမို့ နံရံထက်အရိပ်ထင်နေသောပုံရိပ်တွေကသိပ်မပြည့်စုံ။၁၄ထပ်အမြင့်မို့ ခြေထောက်တွေတောင်တုန်ယင်ချင်နေပြီ။

ဒီဆောက်လက်စအဆောက်အအုံက ကိုသမုဒ္ဒရာပိုင်သောshopping mallတွေထဲကတစ်ခု။သူ့ကွန်ဒိုနှင့်မျက်နှာချင်းဆိုင်မြေနေရာမို့ ဟိုလူကြီးအကူအညီလိုနေတုန်းသူလိုက်လာပေးတာ။

ညခင်းကျမှအရေးကြီးစာရွက်စာတမ်းတွေ အပေါ်ဆုံးထပ်အခန်းမှာကျန်နေခဲ့သည်ဆိုကာ ဖုန်းဆက်လာတာမို့လာယူပေးရတာ။နေ့လည်ခင်းလာစစ်နေကျကိုဒီနေ့ကျမှမေ့နေခဲ့ပါသတဲ့။ဦးနှောက်မကောင်းတဲ့လူ။

ထိပ်ဆုံးထပ်ကိုရောက်တော့ လူကအတော်မောနေပြီ။မနက်တိုင်းလေ့ကျင့်ခန်းတွေလုပ်တယ်ဆိုပေမယ့် အခုတက်လာရတာဆယ့်လေးထပ်ကိုဆိုတော့ သေရချည်ရဲ့။

သူစာရွက်တွေဝင်ယူတုန်း အပေါ်စီးမှအောက်ကိုငုံ့ကြည့်မိသည်။မှောင်မည်းနေတာမို့ ဘာမှမမြင်ရ။အရေးထဲလမိုက်ညကလည်းဖြစ်နေပြန်သေးသည်။နောက်မှခြေသံကြားလို့လှည့်ကြည့်တော့ သူ့ကိုစူးစိုက်ကြည့်နေသည့်မျက်ဝန်းတစ်စုံက အမှောင်ထဲမှာတောင်စူးရှလွန်းသည်။

“ပြီးရင်ပြန်မယ်”

ပြန်ဖို့ခြေလှမ်းပြင်တော့ လက်ဆန့်ကာတားလာလေသည်။

“နေအုံး ကိုယ်တို့ကိစ္စအရင်ရှင်းကြမယ်”

“ဘာကိစ္စလဲ”

“မင်း နေ့လည်ကတွေ့တဲ့ကောင်မလေးကိုသဘောကျနေတာလား”

“ဘာကြီး…. ဘယ်ကကောင်မလေးတုန်း”

ကိုယ်တောင်မသိတဲ့မိန်းကလေးတစ်ယောက်နဲ့ထပ်စွပ်စွဲလာပြန်တဲ့စကားမှာသူ့စိတ်တွေမကြည်လင်တော့။

“နေ့လည်က လခြမ်းကိုလာကြည့်ပေးတဲ့ဆရာဝန်လေးနောက်မှာပါလာတဲ့သူနာပြုကောင်မလေးလေ”

“ပေါက်တတ်ကရတွေမပြောနဲ့ ခုမှပထမဆုံးမြင်ဖူးတာ”

“အဲ့တာကြောင့် ငါးစက္ကန့်ကြီးတောင်ငေးနေတာပေါ့”

“ခင်ဗျားရူးနေတာလား”

အော်ဟစ်ပစ်လိုက်သံကတိတ်ဆိတ်တဲ့ညမှာ စူးရှစွာထွက်ပေါ်လာလေသည်။

“ဟုတ်တယ်ရူးချင်နေပြီ မင်းငါ့ကိုရှောင်နေတာဘယ်လောက်ကြာပြီလဲ အမြဲတမ်းစက်ရိပ်သားနားကပ်တယ် လခြမ်းနားကပ်တယ်ပြီးရင်ပျောက်သွားရော တိုက်ခန်းမှာလာရှာတယ်မတွေ့ဘူး ငါဘာအမှားလုပ်မိတာလဲပြောလေ ဘာလို့ငါ့ကိုရှောင်နေတာလဲ”

“လျှောက်ပြောမနေနဲ့ ကိုယ့်အပြစ်ကိုမသိဘူးလား”

“ဘာအပြစ်လဲ”

“ခင်ဗျားကျုပ်ပြောတဲ့စကားနားထောင်ခဲ့လို့လားပြော ပြီးရင်မယုံသက်ာနဲ့တွေ့တဲ့မိန်းကလေးတိုင်းနဲ့လည်းစွပ်စွဲတတ်သေးတယ် အဲ့လောက်မှယုံကြည်မှုမရှိရင်လည်း ဆက်ပြီးလက်တွဲဖို့စဥ်းစားမနေနဲ့”

“အဲ့တော့မင်းကငါနဲ့ပြတ်ချင်နေတာလား”

အံကြိတ်လို့ထွက်လာတဲ့အသံတိုးတိုးနှင့်အတူ မျက်သားတွေပါနီနေတာမို့ ဒေါသတွေဘယ်လောက်ထွက်နေမှန်းသိသာနေပါသည်။

“ဘယ်တုန်းကတွဲဖူးလို့ပြတ်ချင်နေတာလဲ”

“ငါမင်းကိုခိုးပြေးထားတာလေ”

“ခိုးပြေးတိုင်းပေါင်းရမှာလား”

တစ်ယောက်တစ်ခွန်းအခြေအတင်အော်နေတာမို့ ပတ်ဝန်းကျင်မှာပါအသံတွေပဲ့တင်ထပ်ကုန်သည်အထိ။

“မင်း…..မင်းကတကယ်ကိုအဲ့လိုလုပ်ချင်နေတာပေါ့”

“ဟုတ်တယ် ပြတ်မယ် ပြတ်မယ်အဲ့တာအကောင်းဆုံးပဲ ကိုယ့်ကိုမယုံကြည်တဲ့လူတစ်ယောက်ကို တစ်သက်လုံးပေါင်းနေရအောင်အထိ ပင်ထနောင်းညိုကမရူးသေးဘူး”

“ကောင်းပြီလေ”

ခေါင်းတဆတ်ဆတ်ညိတ်ကာပြောရင်းနောက်ကခေါင်မိုးစွန်းကိုတိုးသွားတာမို့ သူလန့်သွားရသည်။လက်ရန်းတွေမပါတဲ့လေသာပြင်ကြီးမို့ အစွန်းတွေကဟာလာဟင်းလင်း။သူမဝံ့မရဲနှင့်အသံလျှော့ကာမေးမိသည်။

“ခင်ဗျားဘာလုပ်မလို့လဲ”

“မင်းနဲ့မှမပေါင်းရရင်…….ဒီပေါ်ကနေခုန်ချပြီးသေပစ်လိုက်တော့မယ်”

“ခင်ဗျားရူးနေတာလား”

“ဟုတ်တယ်ရူးနေတာ မင်းကိုမရှိမဖြစ်ကိုအရူးအမူးဖြစ်နေတာ”

“ခင်ဗျားနောက်နေတာမလား”

“ဘာကိုနောက်ရမှာလဲ…. ဘာလဲ …ငါတကယ်မလုပ်ရဲဘူးထင်နေတာလား”

​ပြောရင်းထပ်ဆုတ်သွားတာမို့ သူ့မျက်ဝန်းတွေပြူးကျယ်ကုန်သည်။

“စိတ်အေးအေးထား ထပ်မဆုတ်နဲ့Ok ကျွန်တော်တို့ဆွေးနွေးကြမယ်”

“ဘာမှဆွေးနွေးစရာမလိုဘူး အဖြေကရှင်းနေပြီးသား မင်းကလည်းကိုယ်လိုလူကိုလက်မခံနိုင်ဘူး ကိုယ်ကလည်းသဝန်တိုတတ်တဲ့အကျင့်ကိုမဖျောက်ပစ်နိုင်ဘူး ကိုယ်ကြိုးစားခဲ့သေးတယ်မင်းကိုယုံကြည်ပေးဖို့ ပြီးတော့မင်းကိုချစ်ခွင့်ပန်ဖို့ မင်းလိုချင်လောက်မယ့်Supriseမျိုးနဲ့မင်းကိုချစ်ခွင့်ပန်ဖို့တောင်စဥ်းစားထားတာ “

ပြောပြီးထပ်ဆုတ်တဲ့နောက်တစ်လှမ်းက အစွန်းရောက်ဖို့တစ်လှမ်းသာသာပဲလိုတော့တာမို့ သူ့နှလုံးတွေတောင်အပြင်ခုန်ထွက်လာတော့မလိုပဲ။

“ဒါပေမယ့်မနက်ကတစ်ယောက်ကိုမင်းကြည့်နေတာမြင်တော့ကိုယ့်စိတ်ထဲမှာအတွေးဝင်လာတယ် မင်းကိုကိုယ်အတင်းအကြပ်လုပ်လို့လက်ခံခဲ့ရတာ ကိုယ်ကမင်းအကြိုက်ပုံစံမျိုးမဟုတ်ရုံတင်မကဘူး မင်းကိုလည်းအပြည့်အဝမယုံပေးနိုင်ဘူး ဒီအကျင့်တွေ​ကြောင့်ကြာရင်မင်းနဲ့ကိုယ့်ကြားကမီးပွားကကြီးလာမှာပဲ မင်းလည်းသည်းခံမပေးနိုင်လောက်ဘူး အရူးရင့်မှစွန့်လွှတ်ပစ်ရမှာထက်စာရင် ခုလိုချိန်မှာစွန့်လွှတ်လိုက်တာကအကောင်းဆုံးပဲ ကိုယ့်ဘဝမှာတွယ်တာစရာဆိုလို့မင်းတစ်ယောက်ပဲရှိခဲ့ဖူးတာမလို့ စွန့်လွှတ်စရာဆိုလို့လည်းမင်းတစ်ယောက်ပဲရှိတာ ရစ်ပတ်ထားစရာမရှိတော့တဲ့လူ့ဘဝထဲ ဘယ်အရာတွေကဆွဲထားလို့များအသက်ရှင်နေရအုံးမှာလဲ”

စီးကျနေတဲ့မျက်ရည်တွေကိုပွတ်သုတ်ရင်းခြေလှမ်းတွေကိုသာနေရာရွှေ့နေတာမို့သူပျာယာခတ်သွားရသည်။

“ကို …..နားထောင် ထပ်မဆုတ်နဲ့လို့ အဲ့လိုမလုပ်နဲ့ နားလည်မှုလွဲရုံလေးပဲလေ သေချာညှိုနှိုင်းကြရအောင်နော် ကျွန်တော်တို့လက်တွဲလို့ရပါတယ် အရင်ရှေ့တိုးလာခဲ့”

“ဟင့်အင်း ခုလေးတင်မင်းပြောပြီးသွားပြီလေ မယုံကြည်နိုင်တဲ့လူတစ်ယောက်ကိုလက်မတွဲနိုင်ပါဘူးဆို ဟုတ်တယ်ကိုယ်ကမွေးကတည်းကဒီလိုစိတ်နဲ့ပဲမလို့ သေရာပါပြင်မရတော့ဘူး မင်းလည်းသည်းခံနိုင်မှာမဟုတ်ဘူး ခဏတာသနားဂရုဏာသက်မိရုံနဲ့ တစ်ဘဝစာနောင်တမရချင်နဲ့”

“ကို..အဲ့လိုမလုပ်ပါနဲ့ ကျွန်တော်လည်းခင်ဗျားကိုသဘောကျတယ်လေ ကျွန်တော်တကယ်သဘောကျတာပါဆို”

ခြေတစ်ဖက်ကအစွန်းမှာရပ်ပြီး နောက်ခြေတစ်ဖက်ထပ်ဆုတ်ယုံလေးနဲ့ သူမတွေးရဲတဲ့အနေအထားမှာ

“ခဏတာလေးပါ အသစ်အဆန်းခံစားချက်တစ်ခုကို သဘောကျတာလို့ထင်ယောင်မှားဖြစ်နေရုံတင် အရင်ကောင်မလေးတွေတုန်းကလိုမျိုးပေါ့ ရိုးသွားရင်လမ်း​ခွဲရမယ့်ဆက်ဆံလေးတစ်ခုလိုလေ”

“မဟုတ်ပါဘူး ကျွန်တော်တကယ်သဘောကျတာလို့ တစ်သက်လုံးလက်တွဲသွားချင်တဲ့အထိသဘောကျတာ ခင်ဗျားသဝန်တိုသမျှလက်ခံပေးနိုင်တဲ့အထိသဘောကျတာပါဆိုဗျာ”

“ငါမယုံဘူး”

မျက်နှာလွှဲကာနောက်တစ်လှမ်းဆုတ်တော့အစွန်ဖျားမှာခြေစုံချပြီးနေပြီ။လေပြင်းပြင်းတွေကြောင့် အဝတ်စတွေကလေထဲတလွင့်လွင့်။သူ့နှလုံးသားတွေပါထိုအဝတ်စတွေကြားဖွက်ထားရသလိုပဲ ရင်တလှပ်လှပ်ရယ်။

“ကို..အဲ့လိုမလုပ်ပါနဲ့”

မျက်ရည်တွေပွတ်သုတ်နေချိန်တစ်ခုခုဖြစ်သွားမှာစိုးလို့ သူလက်တောင်မမြှောက်ရဲဘူး။

“​ကိုယ်နောက်ဆုံးအနေနဲ့ကြားချင်နေတာလေးပြောပေးမလား”

“မပြောဘူး.. အဲ့တာကြောင့်ကြားချင်တယ်ဆိုရင်ကျွန်တော့်ကိုလက်ပေး”

သူလက်ဆန့်ထုတ်ပေးရင်းပြောတော့ ကမ်းပေးတဲ့လက်ကိုသာငုံ့ကြည့်လာလေသည်။ပြီးမှမျက်နှာကိုမော့ကြည့်လာပြီး

“ကိုယ့်ကိုချစ်တယ်လို့ပြောပါလား”

“ကျွန်တော့်လက်ကိုလှမ်းကိုင်ရင်ပြောပေးမယ်လေ အဲ့တာကြောင့်လက်လှမ်းလိုက်နော်”

“မင်းကတစ်သက်လုံးစာပေးဆွဲထားမှာမလို့လား”

“ကိုသာဆုပ်ကိုင်လိုက် ကျွန်တော်တစ်သက်လုံးဖမ်းဆုပ်ထားဖို့ကတိပေးတယ် ဘယ်တော့မှမလွှတ်ဘူး”

“ကိုယ်ယုံလို့ရလား”

ခေါင်းသာညိတ်မိသည်။စကားတွေထွက်မလာနိုင်တာ ရှိုက်သံတွေလမ်းပိတ်နေလို့။

ခပ်အေးအေးလက်ဖျားလေးတွေသူ့လက်ဖျားကိုထိမိချိန် ယိုင်နဲ့သွားတဲ့သူ့ကိုယ်ကနောက်ကိုလန်ခနဲ။သူအလန့်တကြားဖမ်းထိန်းလိုက်တော့အားမမျှ၍သူပါယိုင်ပြီးပါသွားသည်။

“ကို”

“လက်လွှတ်လိုက်”

သူ့ရဲ့စိုးရိမ်တကြီးအော်သံအဆုံးမှာကိုယ့်လက်ကိုလွှတ်လိုက်ပေမယ့် သူမရမကဖမ်းဆုပ်ထားလိုက်သည်။မိုက်ရူးရဲဆန်ခြင်းတွေဟာ သူ့မျက်နှာကိုယ့်မြင်ကွင်းကကွယ်ပျောက်သွားတုန်းပွင့်ထွက်လာတာ။သူလက်မလွှတ်နိုင်ဘူး။

လေဟာနယ်ကိုဖြတ်လို့အမှောင်ထဲလွင့်တော့ သူ့ခန္ဓာကိုယ်နွေးနွေးကိုဖက်တွယ်ထားမိသည်။စကားသံတွေမထွက်လာဘဲသူ့နှုတ်ခမ်းတွေကိုသာနမ်းရှိုက်မိရင်းမျက်ဝန်းတွေမှိတ်ပစ်မိသည်။တိတ်ဆိတ်တဲ့ညအမှောင်ထဲ လေတိုးသံတွေသာနားထဲတဖျတ်ဖျတ်။

ရုတ်တရတ်ဖျက်ကနဲလင်းထိန်းသွားတဲ့မီးရောင်အောက် သူ့တို့အထက်က လေယာဥ်စက်သံကနီးနီးကပ်ကပ်လေး။မျက်လုံးတွေဖွင့်ကြည့်မိတော့နှစ်ယောက်အတွဲလိုက်ကြီးလေထဲမှာတန်းလန်း။ကို့ခန္ဓာကိုယ်ကကြိုးကလေယာဥ်မှာချည်ထားတာမို့သူ့ကိုပွေ့ဖက်ရင်းလေထဲလွင့်မျောနေတော့တာ။

ထိတ်လန့်မှုတွေအပြီးရုတ်တရတ်ဆန်မှုမှာ ဦးနှောက်ကမလိုက်နိုင်တော့။ဘာကြောင့်ဘယ်လိုဆိုတာတွေကိုမတွေးနိုင်ဘဲ မြဲမြံစွာပွေ့ဖက်ထားသူရင်ထဲ ကြောင်အမ်းအမ်းရယ်။

တဖွဲဖွဲကျလာတဲ့နှင်းဆီပွင့်ဖတ်တွေကလေထဲမှာပြန့်ကြဲပြီး သူတို့နှစ်ယောက်ကိုဖြတ်လို့မြေပြင်ပေါ်သက်ဆင်းသည်။သူကြောင်အနေတုန်းသူ့ကိုယ်ထက်ရစ်သိုင်းလာတဲ့ကြိုးတစ်ချောင်း။ထို့နောက်သူ့လက်သူကြွယ်ဆီမှ အေးစက်စက်အထိအတွေ့တစ်ခု။

“ဒီနေ့ကစပြီးနောင်လာမဲ့နေ့ရက်တိုင်း မင်းအတွက်ပဲရှင်သန်ပြီး မင်းအတွက်နဲ့သေဆုံးပေးနိုင်ပါတယ် ကိုယ့်ကိုလက်ထပ်ပေးနိုင်မလား”

လေတိုးသံကြမ်းကြမ်းတွေကိုဖြတ်ပြီး သူ့နားဆီကပ်ပြောလာတဲ့အမေးကို သူပြန်မဖြေနိုင်ဘဲသူ့ရင်ခွင်ထဲမျက်နှာဝှက်လို့ငိုမိသည်။အံဩပျော်ရွှင်မှုကြောင့်လား ထိတ်လန့်ဝမ်းနည်းမှုကြောင့်လားမပြောပြတတ်စွာ ရင်ထဲစို့နင့်လာတာသာသိသည်။

လေတိုးသံတွေမကြားတော့သလို လေယာဉ်ဆီမှအသံတွေလည်းမကြားတော့။သူ့နှလုံးသားနားကပ်ထားတဲ့နားတစ်ဖက်ဆီမှ နှလုံးခုန်သံတွေသာသူ့အသက်ရှင်ဆေးလို သူ့ကမ္ဘာကိုလွှမ်းခြုံထားတာ။

တိုက်ခေါင်မိုးပေါ်ဘယ်လိုပြန်ရောက်ခဲ့သလဲမသိ။သူမျက်နှာမော့ကြည့်မိချိန် ခေါင်မိုးထပ်မှာ နှစ်ယောက်လုံးမတ်တပ်ရပ်မိနေပြီ။ပျော့ခွေနေတဲ့သူ့ခြေထောက်တွေကြောင့် ကို့ရင်ခွင်ထဲမှီတွယ်ထားရတာကလွဲလို့ပေါ့။

ထပ်မံဝဲလွင့်လာတဲ့ပန်းတွေကြောင့်မော့ကြည့်မိတော့ လှမ်းမြင်နေရတဲ့လေယာဥ်ထဲကမျက်နှာတွေ။တိမ်ငွေ့ကရုပ်တည်ကြီးနဲ့ပေမယ့် Geoကတော့အတော်အူမြူးနေတာ။ခေါင်းသေးသေးလေးတစ်လုံးကလည်း သူ့အဖေလက်ထဲကနေလက်ဝှေ့ယမ်းပြနေသေးသည်။

“ကိုCeanကိုယ်တိုင်စီစဥ်ပေးတာ”

သူအဖြေရှာသလိုမော့ကြည့်မိတော့ တရားခံကရှင်းပြလာလေသည်။

“မင်းကိုSupriseတိုက်ချင်လို့ ကိုယ်တစ်လကျော်စဥ်းစားခဲ့ရတာ ဘယ်လိုလဲ ကိုယ့်ကိုပြန်ချစ်မှာလား”

“အဲ့မေးခွန်းကလိုသေးလို့လား”

မြတ်နိုးရိပ်စွန်းတဲ့မျက်ဝန်းတွေနဲ့မော့ငေးကြည့်ရင်း သူတိုးဖွစွာသာနှုတ်မှဖွင့်ဟမိသည်။

“အဖြေလေးတော့ကြားချင်တာပေါ့”

လေမှာလွင့်နေတဲ့သူ့ဆံနွယ်တွေကိုခေါင်းထက်ဖိကပ်ပေးရင်း အကြင်နာတွေလျှံကျနေတဲ့မျက်ဝန်းနက်တွေနဲ့ကြည့်နေတာမို့ သူ့နှလုံးသားကဘယ်လိုသတ္တိတွေနဲ့များ ခေါင်းယမ်းနိုင်ပါ့မလဲလေ။

“ချစ်တယ်”

တွယ်ငြိမိတဲ့နှုတ်ခမ်းတစ်စုံဟာ ပန်းတွေကြားမှာမို့ပိုမွှေးပျံ့နေတာ။ဝေးကွာသွားတဲ့အသံတွေကိုမမှုဘဲ အနမ်းတွေကိုသာပိုရှည်လျားစေလိုက်သည်။လှပတဲ့အမှတ်တရတွေဟာအနမ်းတွေနဲ့ချိပ်ပိတ်သိမ်းမှပိုပြည့်စုံမှာမို့…………

##################

ငြိမ်း🌞🌻

“ဒါကသားဖို႔…. ဒါကညီေလးဖို႔….. ဒါကညီမေလးဖို႔”

က်ယ္ဝန္းတဲ့အခန္းထဲျပည့္ေနတဲ့အ႐ုပ္ေတြၾကား ဗိုက္ကေလးႏွင့္စက္ရိပ္သားေလးတို႔ အ႐ုပ္ခြဲေနၾကတာ။

ကိုယ္ဝန္ရွိၿပီးေနာက္ပိုင္း အိပ္ခန္းထဲအ႐ုပ္ေတြမထားေတာ့ဘဲ အခန္းတစ္ခန္းသပ္သပ္ဖြဲ႕ကာ အ႐ုပ္ေတြအားလုံးစုထည့္ထားျခင္း။အ႐ုပ္ႀကိဳက္တဲ့ငယ္ငယ့္အတြက္ တစ္ဆိုင္လုံးစာအိမ္မွာသိမ္းထားေပးတယ္ဆိုလည္းမမွား။

ယခုအိမ္ကကေလးက Horizonသားႏွင့္ေပါင္းမိကာ အေပၚထပ္ကသူ႕အ႐ုပ္အခန္းထဲကို ဝင္ခ်လာတာေလ။ဟိုကလည္းကေလးဆိုေတာ့ မေမြးရေသးတဲ့အငယ္ႏွစ္ေယာက္အတြက္ပါခြဲတမ္းခ်ေနတာ။

“သားလိုခ်င္တာေတြဝယ္ဖို႔ ပါပါးကဆိုင္ကိုေခၚသြားေပးမယ္ ဒါေတြကဦးငယ္ကိုဦးCeanကဝယ္ေပးထားတာ “

စက္ရိပ္ကသားျဖစ္သူကိုၿပဳံးကာၾကည့္ေနရင္း သူႀကိဳက္တဲ့အ႐ုပ္ေတြေတာင္လိုပုံေနခ်ိန္မွာမေနနိုင္ဘဲဝင္ေျပာမိေလသည္။သမုဒၵရာကိုယ္တိုင္တကူးတကစုေဆာင္းထားေပးတဲ့အ႐ုပ္ေတြကငယ္ငယ့္အတြက္မွန္းသိေနတဲ့အျပင္ မိုးကုတ္စက္ဝိုင္းကိုယ္တိုင္လည္းသားအတြက္တစ္ခန္းစာနီးပါးဝယ္ထားေပးၿပီးၿပီမို႔ တားလိုက္ရျခင္းသာ။

“ယူပါေစကိုႀကီးကလည္း ငယ္ငယ္က ကေလးမွမဟုတ္ေတာ့တာ ထပ္လိုခ်င္ရင္ကိုကို႔ကိုဝယ္ခိုင္းလိုက္မွာေပါ့”

“မဟုတ္ဘူးေလလျခမ္းရဲ႕ သမုဒၵရာကငယ္ေလးအတြက္ဆိုၿပီးရည္႐ြယ္ၿပီးဝယ္ေပးထားတာေတြေလ ၿပီးေတာ့သားေလးအတြက္သူ႕အေဖကအကုန္စီစဥ္ၿပီးေနၿပီ ၿပီးခဲ့တဲ့တစ္ပါတ္လုံးလိုအပ္တာေတြအိမ္မွာျပင္ဆင္ေနတာ သားအတြက္အ႐ုပ္ေတြေတာင္အိမ္ေရာက္ေနၿပီ အခန္းေတြမၿပီးေသးလို႔သာသားကိုေခၚမျပရေသးတာ”

“ယူပါေစ ကိုယ္ထပ္မွာလိုက္လို႔ရတယ္ စက္႐ုံတစ္ခုလုံးပိုင္ေနတာပဲဟာ ဒီေလာက္ကမေျပာပေလာက္ပါဘူး”

“ကိုကိုထပ္ဝယ္ျပန္ၿပီလား”

သမုဒၵရာစကားကိုၾကားေတာ့ ဗိုက္ကေလးကေနာက္လွည့္ကာမ်က္ေမွာင္တြန့္ၿပီးေမးလာတာ။

“အာ…ငယ္ကလည္း ငယ့္ဗိုက္ထဲကသားနဲ႕သမီးအတြက္ေရာေလ စက္႐ုံေလးတစ္ခုပဲဟာကို”

“အဲ့ကိုကိုကေလ လုပ္ခ်င္တာေတြအရမ္းလုပ္တာ အ႐ုပ္ေတြစားလို႔လဲမရဘဲနဲ႕”

“စားမရလည္း ငယ္ငယ္ႀကိဳက္တယ္မဟုတ္ဘူးလား ၿပီးေတာ့သားနဲ႕သမီးကလည္းအရမ္းႀကိဳက္မွာပါေနာ္”

“ဟမ့္”

မေက်မနပ္ဆိုေပမယ့္ မ်က္ႏွာေလးကေတာ့ၿပဳံးေနတာပဲ။သူၿပဳံးေနတာျမင္ေတာ့ကေလးကလည္းလိုက္ရယ္ေလသည္။သူ႕ငယ္ငယ္လိုပါးခ်ိဳင့္ေလးႏွင့္ကေလးမို႔ သမုဒၵရာတူေလးကိုေတာ္ေတာ္ခ်စ္မိသည္။သူ႕သားႏွင့္သမီးကိုလည္း ငယ္ငယ္ႏွင့္တူတဲ့ပါးခ်ိဳင့္ေလးပါလာေစခ်င္သည္။

“ေအာက္ထပ္မွာမေတြ႕လို႔တက္လာတာ ထင္တဲ့အတိုင္းပဲ”

Gooကတံခါးဖြင့္ကာဝင္လာရင္း လက္ထဲမွာလည္းပန္းသီးစိမ္းကိုကိုင္ထားေသးသည္။

“ဦး GG”

“ဗ်”

Geoနံမည္ကိုအတိုေကာက္သာGGလို႔ေခၚတတ္ၿပီး အေလးတို႔သဘာဝ အလိုလိုက္မွန္းသိေတာ့တစ္ပါတ္အတြင္းရင္းႏွီးသြားေလသည္။

“Appleသားလည္းစားခ်င္”

“လာ ေအာက္မွာဦးGG ယူလာတယ္သြားစားမယ္ ၿပီးရင္ၿခံထဲကအသီးေတြသြားခူးၾကမယ္”

“ဟုတ္”

အ႐ုပ္ေတြခ်ကာGeoဆီလွစ္ကနဲေျပးေလသည္။ဟိုကဆီးႀကိဳေပြ႕ေတာ့ ဒီဘက္ကလူေတြကိုလက္ယပ္ေခၚေသးတာ

“ပါပါးလာခဲ့ အကုန္လာခဲ့အသီးသြားစားမယ္”

“လာခဲ့မယ္သားသြားႏွင့္ေနာ္”

“Apple Apple”

“ဟုတ္တယ္ Appleစားမယ္”

Geoလက္ေပၚေအာ္ရင္းပါသြားတဲ့သားျဖစ္သူကိုၾကည့္ကာ စက္ရိပ္ၿပဳံးရင္းလိုက္သြားမိသည္။သူ႕ဘဝရဲ႕အလင္းေရာင္ေလး။

“ထ…ကိုကိုေပြ႕မယ္”

“ငယ္ငယ္လမ္းေလွ်ာက္မယ္ေလကိုကို”

“ေအာက္ထပ္ေလွကားကိုဆင္းရမွာေလငယ္ရဲ႕ ကိုကိုစိတ္မခ်ဘဴး”

“ကိုကို႔သေဘာ”

ေပြ႕ခ်ီလိုက္တဲ့ကိုကိုပခုံးေတြကိုသိုင္းဖက္ကာ ငယ္ငယ္လွမ္းနမ္းလိုက္မိတာကိုကို႔ေမးဖ်ားဆီ။

“ႁပြတ္စ္ အားေဆးေပးတာ”

“ငယ့္ကိုေပြ႕ေနရတယ္ဆိုတဲ့အသိနဲ႕တင္ ကိုကိုကအားရွိေနၿပီးသား”

“အဲ့တာဆိုျပန္ယူမယ္ ႁပြတ္စ္”

ေနာက္တစ္ခ်က္ထပ္နမ္းကာ ၿပဳံးတုံ႕တုံ႕ေလးၾကည့္ေနတာမို႔ ဂ႐ုတစိုက္ေပြ႕ရင္း စိတ္ထိန္းလိုက္ရသည္။

“ငယ္ကကြာ ကိုကိုအသည္းယားေအာင္သိပ္လုပ္တာ”

“အသည္းယားမွာေပါ့ ငယ္ကကိုကို႔အသည္းထဲမွာေလ အဲ့တာငယ္ငယ့္အျပစ္မွမဟုတ္တာ”

“ဟားဟား..ဗိုက္ကေလးကအရမ္းတတ္တယ္ကြာ”

“အဲ့တာေၾကာင့္ကိုကိုကအရမ္းခ်စ္ေနတာမလား”

မ်က္ေတာင္ေလးပုတ္ခတ္ပုတ္ခတ္လုပ္ရင္း ေခါင္းေလးေစာင္းကာေျပာလာပုံက သူသိပါတယ္ဆိုတဲ့အထာႏွင့္။

“ဒါေပါ့ ျဖစ္နိုင္ရင္ငုံထားလိုက္ခ်င္တာ”

“ၿပီးရင္ ကိုကို႔ကို ငယ္ငယ့္ႏႈတ္ခမ္းေတြေပးငုံမယ္”

“ဟမ္”

စကားအဆုံးမွာေၾကာင္အသြားတာမို႔ ေလွကားထစ္ေပၚဆင္းလက္စေျခလွမ္းကိုရပ္ရင္း မ်က္ႏွာေလးကိုငုံ႕ၾကည့္မိသည္။

“အရမ္းအရမ္းခ်စ္ဖို႔ေကာင္းေအာင္ေျပာတတ္တဲ့ ငယ္ငယ့္ႏႈတ္ခမ္းကို ကိုကို႔ကိုေပးငုံမွာပါဆို”

“ငယ္ကကြာ ကိုယ့္စိတ္ကိုဆြျပန္ၿပီ ၿပီးရင္အဆုံးထိလည္းမေပးဘဲနဲ႕”

“အခ်ိဳပြဲေလာက္ဆိုေတာ္ေရာေပါ့ အဝစားခ်င္လို႔မွမရေသးတာ ကိုကိုကေလာဘကိုႀကီးတာ”

“ဆြထားပါေနာ္ ကေလးေလးေတြအျပင္ေရာက္ၿပီးရင္ေတာ့ အဟြန္း”

ေျခလွမ္းေတြကိုျပန္စရင္း ႏႈတ္ခမ္းစြန္းတစ္ဖက္ေကြးကာၿပဳံးမိေတာ့ ငယ့္ကိုယ္ေလးတစ္ခ်က္တုန္သြားေလသည္။

“ကိုကိုေနာ္ လူဆိုးသံႀကီးနဲ႕”

“လူကိုဆိုးေအာင္ဘယ္သူစတာလဲ”

“ငယ္ငယ္မစလည္း ကိုကိုကဆိုးေနတာပဲမဟုတ္ဘူးလား လူကိုမလွိမ့္တစ္ပတ္လုပ္ၿပီးအတင္းနမ္းတတ္တာဘယ္သူလဲေျပာ”

“အဲ့တာက ငယ့္အျပစ္ေတြေလ လူကိုအသည္းယားၿပီးနမ္းခ်င္ေအာင္ဘယ္သူလုပ္တာလဲေျပာ”

“အဲ့ကိုကိုေနာ္”

“အဲ့ငယ္ငယ္ေနာ္”

“ကိုကိုလို႔ဆို”

“ငယ္ငယ္လို႔ဆို”

“ကိုကိုမစနဲ႕”

“ငယ္ငယ္မစနဲ႕”

“ကဲ သမုဒၵရာရယ္မႀကီးမငယ္နဲ႕ ကေလးနဲ႕ဖက္ၿပီးေတာ့ေတာင္ စကားနိုင္လုေနေသးတယ္”

ေအာက္ထပ္ေရာက္သည္အထိငယ္ငယ့္ကိုစလို႔မၿပီးေသးတာေၾကာင့္ ၾကားေနရတဲ့စက္ရိပ္ကမေနနိုင္ဘဲဝင္ေျပာလာေလသည္။

“ကိုယ္လည္းအဲ့ေလာက္မႀကီးေသးပါဘူး မင္းေျပာပုံကအေဖနဲ႕သားေလာက္ကြာေနတာက်ေနတာပဲ”

“အသက္ဆယ္ႏွစ္ေက်ာ္ကြာတာကို သိပ္မကြာဘူးလို႔ထင္ေနတယ္ေပါ့ ေနာက္ထပ္သုံးႏွစ္ေလာက္သာထပ္ေပါင္းရင္သားအ႐ြယ္ကြက္တိပဲ”

“ေဆာင္းစက္ရိပ္ခို”

ခ်က္ေကာင္းကိုထိသြားတာမို႔ မ်က္ေထာင့္နီႏွင့္ၾကည့္လိုက္ၿပီး အံႀကိတ္ေခၚလာေလသည္။

“ဘာလဲ မဟုတ္လို႔လား ငါနဲ႕မင္းကအသက္အတူတူပဲ လျခမ္းကငါ့အတြက္ေတာ့ငါျပဳစုပ်ိဳးေထာင္ခဲ့ရတဲ့ကေလးေလးပဲ”

“ဟမ့္”

မ်က္ေစာင္းထိုးကာဟိုဘက္လွည့္သြားတာမို႔ေနာက္ကလွမ္းေအာ္ရသည္။

“႐ုပ္ၾကမ္းႀကီးနဲ႕ေကာက္ခ်င္မေနနဲ႕ လျခမ္းကိုေအာက္ခ်ၿပီးလမ္းေပးေလွ်ာက္လိုက္အုံး ဒီေန႕အတြက္လမ္းမေလွ်ာက္ရေသးဘူး”

“ဦးငယ္ငယ္ သားနဲ႕ေလွ်ာက္”

မိုးဖိုခန္းထဲကပန္းသီးပန္းကန္ကိုင္ကာထြက္လာသည့္သားေလးက လျခမ္းလမ္းေလွ်ာက္ရမည္ဆိုေတာ့ေျပးလာေလသည္။

“သားနဲ႕ေလွ်ာက္လို႔မရဘူးေလ ဦးငယ္ကေလးတယ္ သားမနိုင္ဘူး”

“ဦးဦးပါတူတူေလွ်ာက္”

“ဟုတ္တယ္ သုံးေယာက္တူတူေလွ်ာက္လို႔ရတယ္လာ”

တစ္ဖက္ကသမုဒၵရာကတြဲၿပီး က်န္တဲ့တစ္ဖက္က ကေလးလက္ေလးကိုတြဲကာသုံးေယာက္တြဲေလွ်ာက္ေနတာမို႔ ၾကည့္ရတာကို႔ယို႔ကားယားျဖစ္ေနေသာ္လည္း ျမင္ကြင္းကေတာ့ၾကည္ႏူးဖို႔ေကာင္းေလသည္။

Horizonေရာက္လာလာခ်င္းျမင္လိုက္ရတာက ဒီျမင္ကြင္းပါပဲ။သူအသံမေပးဘဲၿပဳံးရင္း ရပ္သာၾကည့္ေနလိုက္သည္။အရင္ဆုံးျမင္သြားတာကသားျဖစ္သူတိမ္တိုက္စက္ဝိုင္း

“ေဖေဖ့”

“ဗ်”

“သား ဦးငယ္ငယ္ကိုကူေပးတာ”

“ေဖ့သားကအေတာ္ဆုံး”

“ဟီးဟီး”

ေျပာရင္းသူတို႔ရွိရာဆီလွမ္းလာေတာ့ ေရွ႕သြားက်ိဳးေလးျဖင့္ရယ္ျပလာေလသည္။

“ေဖ့ပန္းသီး”

လျခမ္းလက္ကိုလႊတ္ကာ ခုံေပၚကပန္းသီးတစ္လုံးေျပးယူၿပီး သူ႕အေဖကိုေပးလာေလသည္။ေျပးလာတဲ့ကေလးကိုဆီးေပြ႕ၿပီးပါးႏွစ္ဖက္ကိုဖိကပ္နမ္းပစ္မိသည္။

“ေဖ့ ခစ္ခစ္ ယားတယ္”

“ေဖ့သားကေမႊးေနေရာပဲကြာ”

“ေဖ့ စား”

လက္ထဲကပန္းသီးကိုပါးစပ္နားထိုးေပးလာတာမို႔တစ္ကိုက္ကိုက္လိုက္သည္။

“ေဖ့သားလက္နဲ႕ထိေတာ့ခ်ိဳေနတာပဲ”

“ခစ္ခစ္ ဦးGGယူလာတာ”

သေဘာက်ေနတဲ့ကေလးကိုခ်ီရင္း ကိုခို႔ေဘးဝင္ထိုင္လိုက္သည္။

“Geo ဝယ္လာတာလား”

“ဘယ္ကသာေငြ႕ကိုယ္တိုင္ေပးထားတဲ့ ကိုယ္ပိုင္စိုက္ခင္းက မေန႕ကကားနဲ႕လူႀကဳံတင္ေပးလိုက္တာ”

ဆိုဖာကိုေက်ာမွီရင္း လက္ပိုက္ကာေခါင္းေမာ့လို႔ေျပာလာတာက ရိုက္ခ်င္စရာမ်က္ႏွာေပးႏွင့္။

“ႂကြားျပန္ၿပီ”

သူ႕လူဝယ္ေပးထားတဲ့ၿခံအေၾကာင္း ေျပာမဆုံးေပါင္ႂကြားႂကြားေနတာမို႔ အားလုံးအလြတ္ေတာင္ရေနၿပီ။ေအးေပါ့ေလ ဟိုကလည္းအလိုလိုက္ေပးသည္ကိုး။

“ဦး GG အသီးသြားခူးမယ္”

“ဟုတ္ၿပီလာသြားၾကမယ္”

မတ္တပ္ထရပ္ရင္း သူေပြ႕ထားတဲ့ကေလးဆီေလွ်ာက္လာေလသည္။အဲ့တာသူတို႔အလုပ္ပဲ အားအားေန အသီးၿခံေတြထဲပဲသြားေနေတာ့တာပဲ။

“အၾကာႀကီးမေနနဲ႕Geo ကေလးကိုေနပူမယ္”

“ဟုတ္ကဲ့ပါဗ်ာ”

“ဦးငယ္ငယ္ဖို႔သားအသီးမ်ားႀကီးခူးခဲ့မယ္ေနာ္”

“ဟုတ္ပါၿပီဗ်ာ ေက်းဇူးတင္ပါတယ္”

ကေလးကိုေပြ႕ရင္းထြက္သြားေသာGeoကိုၾကည့္ရင္း သူတို႔ၿပဳံးလိုက္ၾကသည္။သူ႕မွာကိုယ္ပိုင္ကေလးမရွိလည္း တူေတြတူမေတြရွိရင္အဆင္ေျပၿပီဆိုၿပီးေျပာလာတုန္းက သူတို႔သိပ္စိတ္မေကာင္း။

သို႔ေပမယ့္ကာယကံရွင္ကေတာ့ တူတစ္ေယာက္ႏွင့္ျမဴးထူးေနတာပါပဲ။ခ်စ္ရတဲ့သူအနားရွိေနခ်ိန္ ကေလးဆိုတာမရွိမျဖစ္မဟုတ္မွန္းနားလည္ခဲ့တာမို႔ ဘယ္သူမွစိတ္ထဲမထားေတာ့။ကိုယ္ခ်စ္ရတဲ့သူအတြက္ကေလးျဖစ္ေန႐ုံနဲ႕တင္ဘဝႀကီးကၿပီးျပည့္စုံေနၿပီေလမဟုတ္လား……..

……………….

ေလွကားတစ္ေလွ်ာက္ဖိနပ္ထံမွထြက္ေပၚလာေသာတေဒါက္ေဒါက္အသံသာႀကီးစိုးေနေလသည္။မီးျပတ္ေနေသာေၾကာင့္ ဓာတ္ေလွကားကအသုံးျပဳလို႔မရ။အံ့ဩစရာႀကီး မိုးမ႐ြာဘဲနဲ႕ေတာင္မီးပ်က္တတ္ပါသတဲ့။

ေရွ႕ကေလွ်ာက္ေနေသာေက်ာျပင္က်ယ္ႀကီးေနာက္လိုက္ကာ ေလွကားထစ္ေတြကိုဂ႐ုစိုက္ေနရသည္။ႏွစ္ေယာက္လုံးစကားမေျပာျဖစ္တာေၾကာင့္ ေျခသံကလြဲတိတ္တဆိတ္သာ။

ဖုန္းမွမီးအလင္းေရာင္သာရွိတာမို႔ နံရံထက္အရိပ္ထင္ေနေသာပုံရိပ္ေတြကသိပ္မျပည့္စုံ။၁၄ထပ္အျမင့္မို႔ ေျခေထာက္ေတြေတာင္တုန္ယင္ခ်င္ေနၿပီ။

ဒီေဆာက္လက္စအေဆာက္အအုံက ကိုသမုဒၵရာပိုင္ေသာshopping mallေတြထဲကတစ္ခု။သူ႕ကြန္ဒိုႏွင့္မ်က္ႏွာခ်င္းဆိုင္ေျမေနရာမို႔ ဟိုလူႀကီးအကူအညီလိုေနတုန္းသူလိုက္လာေပးတာ။

ညခင္းက်မွအေရးႀကီးစာ႐ြက္စာတမ္းေတြ အေပၚဆုံးထပ္အခန္းမွာက်န္ေနခဲ့သည္ဆိုကာ ဖုန္းဆက္လာတာမို႔လာယူေပးရတာ။ေန႕လည္ခင္းလာစစ္ေနက်ကိဳဒီေန႕က်မွေမ့ေနခဲ့ပါသတဲ့။ဦးႏွောက္မေကာင္းတဲ့လူ။

ထိပ္ဆုံးထပ္ကိုေရာက္ေတာ့ လူကအေတာ္ေမာေနၿပီ။မနက္တိုင္းေလ့က်င့္ခန္းေတြလုပ္တယ္ဆိုေပမယ့္ အခုတက္လာရတာဆယ့္ေလးထပ္ကိုဆိုေတာ့ ေသရခ်ည္ရဲ႕။

သူစာ႐ြက္ေတြဝင္ယူတုန္း အေပၚစီးမွေအာက္ကိုငုံ႕ၾကည့္မိသည္။ေမွာင္မည္းေနတာမို႔ ဘာမွမျမင္ရ။အေရးထဲလမိုက္ညကလည္းျဖစ္ေနျပန္ေသးသည္။ေနာက္မွေျခသံၾကားလို႔လွည့္ၾကည့္ေတာ့ သူ႕ကိုစူးစိုက္ၾကည့္ေနသည့္မ်က္ဝန္းတစ္စုံက အေမွာင္ထဲမွာေတာင္စူးရွလြန္းသည္။

“ၿပီးရင္ျပန္မယ္”

ျပန္ဖို႔ေျခလွမ္းျပင္ေတာ့ လက္ဆန့္ကာတားလာေလသည္။

“ေနအုံး ကိုယ္တို႔ကိစၥအရင္ရွင္းၾကမယ္”

“ဘာကိစၥလဲ”

“မင္း ေန႕လည္ကေတြ႕တဲ့ေကာင္မေလးကိုသေဘာက်ေနတာလား”

“ဘာႀကီး…. ဘယ္ကေကာင္မေလးတုန္း”

ကိုယ္ေတာင္မသိတဲ့မိန္းကေလးတစ္ေယာက္နဲ႕ထပ္စြပ္စြဲလာျပန္တဲ့စကားမွာသူ႕စိတ္ေတြမၾကည္လင္ေတာ့။

“ေန႕လည္က လျခမ္းကိုလာၾကည့္ေပးတဲ့ဆရာဝန္ေလးေနာက္မွာပါလာတဲ့သူနာျပဳေကာင္မေလးေလ”

“ေပါက္တတ္ကရေတြမေျပာနဲ႕ ခုမွပထမဆုံးျမင္ဖူးတာ”

“အဲ့တာေၾကာင့္ ငါးစကၠန့္ႀကီးေတာင္ေငးေနတာေပါ့”

“ခင္ဗ်ား႐ူးေနတာလား”

ေအာ္ဟစ္ပစ္လိုက္သံကတိတ္ဆိတ္တဲ့ညမွာ စူးရွစြာထြက္ေပၚလာေလသည္။

“ဟုတ္တယ္႐ူးခ်င္ေနၿပီ မင္းငါ့ကိုေရွာင္ေနတာဘယ္ေလာက္ၾကာၿပီလဲ အၿမဲတမ္းစက္ရိပ္သားနားကပ္တယ္ လျခမ္းနားကပ္တယ္ၿပီးရင္ေပ်ာက္သြားေရာ တိုက္ခန္းမွာလာရွာတယ္မေတြ႕ဘူး ငါဘာအမွားလုပ္မိတာလဲေျပာေလ ဘာလို႔ငါ့ကိုေရွာင္ေနတာလဲ”

“ေလွ်ာက္ေျပာမေနနဲ႕ ကိုယ့္အျပစ္ကိုမသိဘူးလား”

“ဘာအျပစ္လဲ”

“ခင္ဗ်ားက်ဳပ္ေျပာတဲ့စကားနားေထာင္ခဲ့လို႔လားေျပာ ၿပီးရင္မယုံသက္ာနဲ႕ေတြ႕တဲ့မိန္းကေလးတိုင္းနဲ႕လည္းစြပ္စြဲတတ္ေသးတယ္ အဲ့ေလာက္မွယုံၾကည္မႈမရွိရင္လည္း ဆက္ၿပီးလက္တြဲဖို႔စဥ္းစားမေနနဲ႕”

“အဲ့ေတာ့မင္းကငါနဲ႕ျပတ္ခ်င္ေနတာလား”

အံႀကိတ္လို႔ထြက္လာတဲ့အသံတိုးတိုးႏွင့္အတူ မ်က္သားေတြပါနီေနတာမို႔ ေဒါသေတြဘယ္ေလာက္ထြက္ေနမွန္းသိသာေနပါသည္။

“ဘယ္တုန္းကတြဲဖူးလို႔ျပတ္ခ်င္ေနတာလဲ”

“ငါမင္းကိုခိုးေျပးထားတာေလ”

“ခိုးေျပးတိုင္းေပါင္းရမွာလား”

တစ္ေယာက္တစ္ခြန္းအေျခအတင္ေအာ္ေနတာမို႔ ပတ္ဝတန္းက်င္မွာပါအသံေတြပဲ့တင္ထပ္ကုန္သည္အထိ။

“မင္း…..မင္းကတကယ္ကိုအဲ့လိုလုပ္ခ်င္ေနတာေပါ့”

“ဟုတ္တယ္ ျပတ္မယ္ ျပတ္မယ္အဲ့တာအေကာင္းဆုံးပဲ ကိုယ့္ကိုမယုံၾကည္တဲ့လူတစ္ေယာက္ကို တစ္သက္လုံးေပါင္းေနရေအာင္အထိ ပင္ထေနာင္းညိုကမ႐ူးေသးဘူး”

“ေကာင္းၿပီေလ”

ေခါင္းတဆတ္ဆတ္ညိတ္ကာေျပာရင္းေနာက္ကေခါင္မိုးစြန္းကိုတိုးသြားတာမို႔ သူလန့္သြားရသည္။လက္ရန္းေတြမပါတဲ့ေလသာျပင္ႀကီးမို႔ အစြန္းေတြကဟာလာဟင္းလင္း။သူမဝံ့မရဲႏွင့္အသံေလွ်ာ့ကာေမးမိသည္။

“ခင္ဗ်ားဘာလုပ္မလို႔လဲ”

“မင္းနဲ႕မွမေပါင္းရရင္…….ဒီေပၚကေနခုန္ခ်ၿပီးေသပစ္လိုက္ေတာ့မယ္”

“ခင္ဗ်ား႐ူးေနတာလား”

“ဟုတ္တယ္႐ူးေနတာ မင္းကိုမရွိမျဖစ္ကိုအ႐ူးအမူးျဖစ္ေနတာ”

“ခင္ဗ်ားေနာက္ေနတာမလား”

“ဘာကိုေနာက္ရမွာလဲ…. ဘာလဲ …ငါတကယ္မလုပ္ရဲဘူးထင္ေနတာလား”

ေျပာရင္းထပ္ဆုတ္သြားတာမို႔ သူ႕မ်က္ဝန္းေတြျပဴးက်ယ္ကုန္သည္။

“စိတ္ေအးေအးထား ထပ္မဆုတ္နဲ႕ok ကြၽန္ေတာ္တို႔ေဆြးႏြေးၾကမယ္”

“ဘာမွေဆြးႏြေးစရာမလိုဘူး အေျဖကရွင္းေနၿပီးသား မင္းကလည္းကိုယ္လိုလူကိုလက္မခံနိုင္ဘူး ကိုယ္ကလည္းသဝန္တိုတတ္တဲ့အက်င့္ကိုမေဖ်ာက္ပစ္နိုင္ဘူး ကိုယ္ႀကိဳးစားခဲ့ေသးတယ္ မင္းကိုယုံၾကည္ေပးဖို႔ ၿပီးေတာ့မင္းကိုခ်စ္ခြင့္ပန္ဖို႔ မင္းလိုခ်င္ေလာက္မယ့္supriseမ်ိဳးနဲ႕မင္းကိုခ်စ္ခြင့္ပန္ဖို႔ေတာင္စဥ္းစားထားတာ “

ေျပာၿပီးထပ္ဆုတ္တဲ့ေနာက္တစ္လွမ္းက အစြန္းေရာက္ဖို႔တစ္လွမ္းသာသာပဲလိုေတာ့တာမို႔ သူ႕ႏွလုံးေတြေတာင္အျပင္ခုန္ထြက္လာေတာ့မလိုပဲ။

“ဒါေပမယ့္မနက္ကတစ္ေယာက္ကိုမင္းၾကည့္ေနတာျမင္ေတာ့ကိုယ့္စိတ္ထဲမွာအေတြးဝင္လာတယ္ မင္းကိုကိုယ္အတင္းအၾကပ္လုပ္လို႔လက္ခံခဲ့ရတာ ကိုယ္ကမင္းအႀကိဳက္ပုံစံမ်ိဳးမဟုတ္႐ုံတင္မကဘူး မင္းကိုလည္းအျပည့္အဝမယုံေပးနိုင္ဘူး ဒီအက်င့္ေတြေၾကာင့္ၾကာရင္မင္းနဲ႕ကိုယ့္ၾကားကမီးပြားကႀကီးလာမွာပဲ မင္းလည္းသည္းခံမေပးနိုင္ေလာက္ဘူး အ႐ူးရင့္မွစြန့္လႊတ္ပစ္ရမွာထက္စာရင္ ခုလိုခ်ိန္မွာစြန့္လႊတ္လိုက္တာကအေကာင္းဆုံးပဲ ကိုယ့္ဘဝမွာတြယ္တာစရာဆိုလို႔မင္းတစ္ေယာက္ပဲရွိခဲ့ဖူးတာမလို႔ စြန့္လႊတ္စရာဆိုလို႔လည္းမင္းတစ္ေယာက္ပဲရွိတာ ရစ္ပတ္ထားစရာမရွိေတာ့တဲ့လူ႕ဘဝထဲ ဘယ္အရာေတြကဆြဲထားလို႔မ်ားအသက္ရွင္ေနရအုံးမွာလဲ”

စီးက်ေနတဲ့မ်က္ရည္ေတြကိုပြတ္သုတ္ရင္းေျခလွမ္းေတြကိုသာေနရာေ႐ႊ႕ေနတာမို႔သူပ်ာယာခတ္သြားရသည္။

“ကို …..နားေထာင္ ထပ္မဆုတ္နဲ႕လို႔ အဲ့လိုမလုပ္နဲ႕ နားလည္မႈလြဲ႐ုံေလးပဲေလ ေသခ်ာညွိုႏွိုင္းၾကရေအာင္ေနာ္ ကြၽန္ေတာ္တို႔လက္တြဲလို႔ရပါတယ္ အရင္ေရွ႕တိုးလာခဲ့”

“ဟင့္အင္း ခုေလးတင္မင္းေျပာၿပီးသြားၿပီေလ မယုံၾကည္နိုင္တဲ့လူတစ္ေယာက္ကိုလက္မတြဲနိုင္ပါဘူးဆို ဟုတ္တယ္ကိုယ္ကေမြးကတည္းကဒီလိုစိတ္နဲ႕ပဲမလို႔ ေသရာပါျပင္မရေတာ့ဘူး မင္းလည္းသည္းခံနိုင္မွာမဟုတ္ဘူး ခဏတာသနားဂ႐ုဏာသက္မိ႐ုံနဲ႕ တစ္ဘဝစာေနာင္တမရခ်င္နဲ႕”

“ကို..အဲ့လိုမလုပ္ပါနဲ႕ ကြၽန္ေတာ္လည္းခင္ဗ်ားကိုသေဘာက်တယ္ေလ ကြၽန္ေတာ္တကယ္သေဘာက်တာပါဆို”

ေျခတစ္ဖက္ကအစြန္းမွာရပ္ၿပီး ေနာက္ေျခတစ္ဖက္ထပ္ဆုတ္ယုံေလးနဲ႕ သူမေတြးရဲတဲ့အေနအထားမွာ

“ခဏတာေလးပါ အသစ္အဆန္းခံစားခ်က္တစ္ခုကို သေဘာက်တာလို႔ထင္ေယာင္မွားျဖစ္ေန႐ုံတင္ အရင္ေကာင္မေလးေတြတုန္းကလိုမ်ိဳးေပါ့ ရိုးသြားရင္လမ္းခြဲရမယ့္ဆက္ဆံေလးတစ္ခုလိုေလ”

“မဟုတ္ပါဘူး ကြၽန္ေတာ္တကယ္သေဘာက်တာလို႔ တစ္သက္လုံးလက္တြဲသြားခ်င္တဲ့အထိသေဘာက်တာ ခင္ဗ်ားသဝန္တိုသမွ်လက္ခံေပးနိုင္တဲ့အထိသေဘာက်တာပါဆိုဗ်ာ”

“ငါမယုံဘူး”

မ်က္ႏွာလႊဲကာေနာက္တစ္လွမ္းဆုတ္ေတာ့အစြန္ဖ်ားမွာေျခစုံခ်ၿပီးေနၿပီ။ေလျပင္းျပင္းေတြေၾကာင့္ အဝတ္စေတြကေလထဲတလြင့္လြင့္။သူ႕ႏွလုံးသားေတြပါထိုအဝတ္စေတြၾကားဖြက္ထားရသလိုပဲ ရင္တလွပ္လွပ္ရယ္။

“ကို..အဲ့လိုမလုပ္ပါနဲ႕”

မ်က္ရည္ေတြပြတ္သုတ္ေနခ်ိန္တစ္ခုခုျဖစ္သြားမွာစိုးလို႔ သူလက္ေတာင္မျမႇောက္ရဲဘူး။

“ကိုယ္ေနာက္ဆုံးအေနနဲ႕ၾကားခ်င္ေနတာေလးေျပာေပးမလား”

“မေျပာဘူး.. အဲ့တာေၾကာင့္ၾကားခ်င္တယ္ဆိုရင္ကြၽန္ေတာ့္ကိုလက္ေပး”

သူလက္ဆန့္ထုတ္ေပးရင္းေျပာေတာ့ ကမ္းေပးတဲ့လက္ကိုသာငုံ႕ၾကည့္လာေလသည္။ၿပီးမွမ်က္ႏွာကိုေမာ့ၾကည့္လာၿပီး

“ကိုယ့္ကိုခ်စ္တယ္လို႔ေျပာပါလား”

“ကြၽန္ေတာ့္လက္ကိုလွမ္းကိုင္ရင္ေျပာေပးမယ္ေလ အဲ့တာေၾကာင့္လက္လွမ္းလိုက္ေနာ္”

“မင္းကတစ္သက္လုံးစာေပးဆြဲထားမွာမလို႔လား”

“ကိုသာဆုပ္ကိုင္လိုက္ ကြၽန္ေတာ္တစ္သက္လုံးဖမ္းဆုပ္ထားဖို႔ကတိေပးတယ္ ဘယ္ေတာ့မွမလႊတ္ဘူး”

“ကိုယ္ယုံလို႔ရလား”

ေခါင္းသာညိတ္မိသည္။စကားေတြထြက္မလာနိုင္တာ ရွိုက္သံေတြလမ္းပိတ္ေနလို႔။

ခပ္ေအးေအးလက္ဖ်ားေလးေတြသူ႕လက္ဖ်ားကိုထိမိခ်ိန္ ယိုင္နဲ႕သြားတဲ့သူ႕ကိုယ္ကေနာက္ကိုလန္ခနဲ။သူအလန့္တၾကားဖမ္းထိန္းလိုက္ေတာ့အားမမွ်၍သူပါယိုင္ၿပီးပါသြားသည္။

“ကို”

“လက္လႊတ္လိုက္”

သူ႕ရဲ႕စိုးရိမ္တႀကီးေအာ္သံအဆုံးမွာကိုယ့္လက္ကိုလႊတ္လိုက္ေပမယ့္ သူမရမကဖမ္းဆုပ္ထားလိုက္သည္။မိုက္႐ူးရဲဆန္ျခင္းေတြဟာ သူ႕မ်က္ႏွာကိုယ့္ျမင္ကြင္းကကြယ္ေပ်ာက္သြားတုန္းပြင့္ထြက္လာတာ။သူလက္မလႊတ္နိုင္ဘူး။

ေလဟာနယ္ကိုျဖတ္လို႔အေမွာင္ထဲလြင့္ေတာ့ သူ႕ခႏၶာကိုယ္ႏြေးႏြေးကိုဖက္တြယ္ထားမိသည္။စကားသံေတြမထြက္လာဘဲသူ႕ႏႈတ္ခမ္းေတြကိုသာနမ္းရွိုက္မိရင္းမ်က္ဝန္းေတြမွိတ္ပစ္မိသည္။တိတ္ဆိတ္တဲ့ညအေမွာင္ထဲ ေလတိုးသံေတြသာနားထဲတဖ်တ္ဖ်တ္။

႐ုတ္တရတ္ဖ်က္ကနဲလင္းထိန္းသြားတဲ့မီးေရာင္ေအာက္ သူ႕တို႔အထက္က ေလယာဥ္စက္သံကနီးနီးကပ္ကပ္ေလး။မ်က္လုံးေတြဖြင့္ၾကည့္မိေတာ့ႏွစ္ေယာက္အတြဲလိုက္ႀကီးေလထဲမွာတန္းလန္း။ကို႔ခႏၶာကိုယ္ကႀကိဳးကေလယာဥ္မွာခ်ည္ထားတာမို႔သူ႕ကိုေပြ႕ဖက္ရင္းေလထဲလြင့္ေမ်ာေနေတာ့တာ။

ထိတ္လန့္မႈေတြအၿပီး႐ုတ္တရတ္ဆန္မႈမွာ ဦးႏွောက္ကမလိုက္နိုင္ေတာ့။ဘာေၾကာင့္ဘယ္လိုဆိုတာေတြကိုမေတြးနိုင္ဘဲ ၿမဲၿမံစြာေပြ႕ဖက္ထားသူရင္ထဲ ေၾကာင္အမ္းအမ္းရယ္။

တဖြဲဖြဲက်လာတဲ့ႏွင္းဆီပြင့္ဖတ္ေတြကေလထဲမွာျပန့္ႀကဲၿပီး သူတို႔ႏွစ္ေယာက္ကိုျဖတ္လို႔ေျမျပင္ေပၚသက္ဆင္းသည္။သူေၾကာင္အေနတုန္းသူ႕ကိုယ္ထက္ရစ္သိုင္းလာတဲ့ႀကိဳးတစ္ေခ်ာင္း။ထို႔ေနာက္သူ႕လက္သူႂကြယ္ဆီမွ ေအးစက္စက္အထိအေတြ႕တစ္ခု။

“ဒီေန႕ကစၿပီးေနာင္လာမဲ့ေန႕ရက္တိုင္း မင္းအတြက္ပဲရွင္သန္ၿပီး မင္းအတြက္နဲ႕ေသဆုံးေပးနိုင္ပါတယ္ ကိုယ့္ကိုလက္ထပ္ေပးနိုင္မလား”

ေလတိုးသံၾကမ္းၾကမ္းေတြကိုျဖတ္ၿပီး သူ႕နားဆီကပ္ေျပာလာတဲ့အေမးကို သူျပန္မေျဖနိုင္ဘဲသူ႕ရင္ခြင္ထဲမ်က္ႏွာဝွက္လို႔ငိုမိသည္။အံဩေပ်ာ္႐ႊင္မႈေၾကာင့္လား ထိတ္လန့္ဝမ္းနည္းမႈေၾကာင့္လားမေျပာျပတတ္စြာ ရင္ထဲစို႔နင့္လာတာသာသိသည္။

ေလတိုးသံေတြမၾကားေတာ့သလို ေလယာဥ္ဆီမွအသံေတြလည္းမၾကားေတာ့။သူ႕ႏွလုံးသားနားကပ္ထားတဲ့နားတစ္ဖက္ဆီမွ ႏွလုံးခုန္သံေတြသာသူ႕အသက္ရွင္ေဆးလို သူ႕ကမၻာကိုလႊမ္းၿခဳံထားတာ။

တိုက္ေခါင္မိုးေပၚဘယ္လိုျပန္ေရာက္ခဲ့သလဲမသိ။သူမ်က္ႏွာေမာ့ၾကည့္မိခ်ိန္ ေခါင္မိုးထပ္မွာ ႏွစ္ေယာက္လုံးမတ္တပ္ရပ္မိေနၿပီ။ေပ်ာ့ေခြေနတဲ့သူ႕ေျခေထာက္ေတြေၾကာင့္ ကို႔ရင္ခြင္ထဲမွီတြယ္ထားရတာကလြဲလို႔ေပါ့။

ထပ္မံဝဲလြင့္လာတဲ့ပန္းေတြေၾကာင့္ေမာ့ၾကည့္မိေတာ့ လွမ္းျမင္ေနရတဲ့ေလယာဥ္ထဲကမ်က္ႏွာေတြ။တိမ္ေငြ႕က႐ုပ္တည္ႀကီးနဲ႕ေပမယ့္ Geoကေတာ့အေတာ္အူျမဴးေနတာ။ေခါင္းေသးေသးေလးတစ္လုံးကလည္း သူ႕အေဖလက္ထဲကေနလက္ေဝွ႕ယမ္းျပေနေသးသည္။

“ကိုCeanကိုယ္တိုင္စီစဥ္ေပးတာ”

သူအေျဖရွာသလိုေမာ့ၾကည့္မိေတာ့ တရားခံကရွင္းျပလာေလသည္။

“မင္းကိုSupriseတိုက္ခ်င္လို႔ ကိုယ္တစ္လေက်ာ္စဥ္းစားခဲ့ရတာ ဘယ္လိုလဲ ကိုယ့္ကိုျပန္ခ်စ္မွာလား”

“အဲ့ေမးခြန္းကလိုေသးလို႔လား”

ျမတ္နိုးရိပ္စြန္းတဲ့မ်က္ဝန္းေတြနဲ႕ေမာ့ေငးၾကည့္ရင္း သူတိုးဖြစြာသာႏႈတ္မွဖြင့္ဟမိသည္။

“အေျဖေလးေတာ့ၾကားခ်င္တာေပါ့”

ေလမွာလြင့္ေနတဲ့သူ႕ဆံႏြယ္ေတြကိုေခါင္းထက္ဖိကပ္ေပးရင္း အၾကင္နာေတြလွ်ံက်ေနတဲ့မ်က္ဝန္းနက္ေတြနဲ႕ၾကည့္ေနတာမို႔ သူ႕ႏွလုံးသားကဘယ္လိုသတၱိေတြနဲ႕မ်ား ေခါင္းယမ္းနိုင္ပါ့မလဲေလ။

“ခ်စ္တယ္”

တြယ္ၿငိမိတဲ့ႏႈတ္ခမ္းတစ္စုံဟာ ပန္းေတြၾကားမွာမို႔ပိုေမႊးပ်ံ့ေနတာ။ေဝးကြာသြားတဲ့အသံေတြကိုမမႈဘဲ အနမ္းေတြကိုသာပိုရွည္လ်ားေစလိုက္သည္။လွပတဲ့အမွတ္တရေတြဟာအနမ္းေတြနဲ႕ခ်ိပ္ပိတ္သိမ္းမွပိုျပည့္စုံမွာမို႔…………

##################

ၿငိမ္း🌞🌻

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅၂, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅၂, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅၂ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅၂ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅၂ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅၂ light novel, ,

Comment

Leave a Reply

Chapter 53