Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅၃

A+ A-

တဆစ်ဆစ်ဖြစ်နေတဲ့ဗိုက်ကြောင့်မျက်နှာလေးမဲ့သွားမိသည်။နေ့လည်ကတည်းက တစ်ချက်တစ်ချက်နာနေတဲ့ခါးက အထိုင်များသွားလို့ထင်ကာသိပ်ဂရုမထားမိ။ညနေကတည်းကကိုကိုကနှိပ်ပေးနေပြီးအခုလေးတင်အပြင်ထွက်သွားတာ။

ခုတစ်လောမဂ်လာကိစ္စတွေကများနေတာဖြစ်သည်။ကိုဝိုင်းတို့အတွဲကလည်းအတိအလင်းပြန်လည်လက်ထပ်မည်ဖြစ်သလို တိမ်ငွေ့နှင့်Geoကလည်းလက်ထပ်ချင်သည်။ကိုကျောက်စက်နှင့်နောင်းညိုကလည်း နောင်းညိုမိဘတွေကစီစဥ်ချင်နေပြီ။

ငယ်ငယ့်ဗိုက်ကိုလာစောင့်ရင်း ဒီအိမ်မှာလူစုံနေသည်မို့ အားလုံးတစ်ခါတည်းဆွေးနွေးနေကြတာ။ငယ်ငယ့်ဗိုက်ကနောက်သုံးရက်နေရင်ခွဲခန်းဝင်ရတော့မည်မို့ ယခုရက်ပိုင်းတွေထဲကအိမ်မှာသာသူတို့နေဖြစ်ကြသည်။ညတိုင်းဧည့်ခန်းထဲမှာစုပြီးစကားပြောဖြစ်ကြပေမယ့် ဒီနေ့ငယ်ငယ်ကတော့အခန်းထဲမှာပဲနေဖြစ်သည်။

ညနေကတည်းကခါးနာနေတာလူတိုင်းသိတာမို့ ဘယ်သူကမှလည်းဇွတ်မခေါ်ထုတ်ကြ။ကိုကြီးသားတိမ်တိုက်လေးတစ်ယောက်တည်းသာသူနှင့်အတူရှိနေတာ။

ကိုကြီးတို့နှစ်ယောက်ကလည်းကလေးကြောင့်အရမ်းအဆင်ပြေနေတယ်ပြောရမည်။အချိန်ပြည့်မိသားစုသုံးယောက်ရယ်မောပျော်ရွှင်နေတာချည်း။တူလေးတိမ်တိုက်စက်ဝိုင်းကလည်းအရမ်းလိမ္မာသည်။

အားလုံးကိုတီတီတာတာချွဲတတ်သလို ငယ်ငယ့်နားမှာလည်းတောက်တဲ့လေးလိုကပ်နေတတ်သေးသည်။မတွေ့ရသေးတဲ့ညီနှင့်ညီမကိုစကားတွေပြောဖို့ဗိုက်နားလေးမှာကပ်နေလေ့ရှိပြီး ငယ်ငယ့်ကိုလည်းအသီးတွေယူလာပေးလိုက်ခြေလက်တွေနှိပ်ပေးလိုက်နှင့်အရမ်းသိတတ်သည်။

ယခုလည်းငယ်ငယ့်မျက်နှာမကောင်းတော့အနားမှာအရိပ်တကြည့်ကြည့်လုပ်ကာ ဗိုက်လေးကိုဖွဖွလေးပွတ်ပေးနေတာ။

“ဦးငယ်ငယ် နာနေလို့လားဟင်”

“အွန်း ခါးနာနေတယ်”

“ဦးရာရာကိုခေါ်ပေးရမလား”

ကိုကို့နံမည်သမုဒ္ဒရာကိုအဖျားဆွတ်ကာရာရာလို့ခေါ်တတ်ပြီး ကိုကိုကငယ့်ကိုအရမ်းဂရုစိုက်မှန်းသိတော့ တစ်ခုခုဆိုပြေးခေါ်ပေးရမလားချည်းပဲ။

“ရပါတယ်သားရဲ့ ဦးငယ်အိပ်လိုက်ရင်အဆင်ပြေသွားမှာ သားလည်းသွားဆော့ချည်လေ ဦးငယ်နားနေရင်ပျင်းနေမှာပေါ့”

“သားကဦးငယ်ငယ်နားမှာပဲနေမှာ ပျင်းဘူး”

​​ပြောရင်းခေါင်းအုံးခုကာမှီထားတဲ့ခါးကိုလက်သေးသေးလေးတွေနှင့်နှိပ်ပေးနေတာမို့ အသည်းယားကာခေါင်းလေးကိုငုံ့နမ်းမိသည်။

“အချစ်တုံးလေး”

“ခစ်ခစ်”

သဘောတကျရယ်ပြရင်း လက်သေး​သေးလေးတွေကလည်းအနှိပ်မပြတ်တာမို့ သူဆွဲယူလိုက်ရသည်။

“ဦးငယ်အဆင်ပြေပါတယ်သားရဲ့ မနှိပ်နဲ့တော့နော် သားဦးဦးပြန်လာမှနှိပ်ခိုင်းလိုက်မယ်”

“ဟုတ်… ကလေးလေးတွေအရမ်းမဆိုးရဘူးနော် ဦးငယ်ငယ်နာနေပြီ”

ဗိုက်နားကပ်ကာ လက်ညိုးလေးထောင်ထောင်ပြီးပြောနေတာမို့ သဘောတကျရယ်ရင်း ဗိုက်ကနာလာတာကြောင့် အသက်ကိုသာဖြည်းဖြည်းရှူလိုက်ရသည်။

ခေါင်းအုံးလေးကိုမှီထားရင်းမျက်စိမှိတ်ကာ အသက်ဖြည်းဖြည်းချင်းရှူလိုက်သည်။ခဏနေသက်သာလာမှာပါ။နံဘေးက ကလေးငယ်ကသူ့လက်ကိုဆုပ်ကိုင်ထားရင်း လက်လေးနှင့်ဗိုက်ကိုဖွဖွပွတ်ပေးနေလေသည်။

တဖြည်းဖြည်းအနာစိပ်လာသည့်ဗိုက်ကြောင့် အောင့်မထားနိုင်တော့။ပါးစပ်ကနေပါထုတ်ညည်းမိသွားရသည်။

“အ့”

“ဦးငယ်ငယ်ဘာဖြစ်လို့လဲဟင်”

သူ့ညည်းသံကြောင့်လန့်သွားသည့်ကလေးက ကုတင်ထက်ဒူးထောက်ကာ စိုးရိမ်တကြီးမေးလာလေသည်။

“သားဦးဦးကိုသွားခေါ်ပေးပါလား ဦးငယ်ဗိုက်နာနေပြီလို့ အ့..ကျွတ်ကျွတ်”

“ဟုတ်ကဲ့ ခဏလေးစောင့်နော် သားပြေးခေါ်လိုက်မယ်”

ပြောရင်းဖင်တရွတ်တိုက်သွားရင်းကုတင်ပေါ်ကခုန်ဆင်းကာ ခြေတံတိုလေးတွေနှင့်ပြေးထွက်သွားလေသည်။နာကျင်နေတဲ့ဗိုက်ကြောင့်သတိပေးစကားလည်းမဆိုနိုင်တော့။

“ဦးရာရာ ဖေဖေ့”

“သား ဖြည်းဖြည်းလာချော်လဲမယ်”

ငယ်ငယ်ရှိသည့်အခန်းထဲမှ ဧည့်ခန်းထဲပြေးထွက်လာတဲ့သားဖြစ်သူကိုစက်ရိပ်သတိပေးလိုက်ရသည်။ကလေးကသမုဒ္ဒရာကိုကြည့်ရင်း

“ဦးငယ်ငယ်…ဦးငယ်ငယ်.. ဗိုက်… နာတယ်တဲ့”

“ဟေ”

“ငယ်ငယ်”

သမုဒ္ဒရာဒရောသောပါးအခန်းဆီပြေးချိန်နောက်ကလူတွေလည်းပြာယာခတ်ကုန်ကာ ခေါင်းမပါတဲ့ယင်ကောင်တွေလို ဟိုပြေးရမလိုဒီပြေးရမလို။

“Geo ကားအသင့်ပြင်ခိုင်းထား”

“ဟုတ်”

ပြောရင်းGeoကအပြင်သို့ပြေးထွက်သွားသလို Horizonလည်းလိုက်ထွက်ရသည်။

“ကျွန်တော်ဆရာဝန်တွေကိုကြိုဖုန်းဆက်ပြီးအသင့်စောင့်နေလိုက်မယ်”

အားလုံးဝရုန်းသုန်းကားဖြစ်နေသောဧည့်ခန်းက ညခင်းမှာပြေးပြေးလွှားလွှား။

“ငယ်ငယ် အရမ်းနာနေပြီလား”

“နာနေပြီ”

သူအိပ်ခန်းထဲရောက်တော့မျက်နှာလေးရှုံ့မဲ့နေတဲ့ကလေးကမျက်ရည်လေးတွေတောင်ဝိုင်းနေပြီ။

“လာ ကိုကိုပွေ့မယ် ခဏလေးစောင့်နော်ငယ် ခဏလေးပဲသက်သာသွားမှာပါ”

“ဟုတ်”

ပွေ့ခေါ်တဲ့နောက်ပါလာတဲ့ငယ်က မျက်မှောင်လေးတွေစုကြုံ့နေကာ နှဖူးမှချွေးစလေးတွေသီးနေလေသည်။ဧည့်ခန်းထဲရောက်တော့ရှိသမျှလူအကုန်ခြေမကိုင်မိလက်မကိုင်မိ။

“ဦးငယ်”

လခြမ်းမျက်နှာကိုကြည့်ရင်းစိတ်ပူနေတဲ့သားဖြစ်သူကိုပွေ့ထားလိုက်ပြီး ကျောပြင်လေးပွတ်ပေးကာရှင်းပြရသည်။

“ဦးငယ်အဆင်ပြေပါတယ်သားရဲ့ သားညီလေးနဲ့ညီမလေးကအပြင်ထွက်လာတော့မှာမို့ပါ”

“ဦးငယ် နာနေတယ် အီးဟီး”

“ခဏလေးနာမှာ မငိုရဘူးနော်”

ရုတ်တရတ်ထငိုတဲ့သားဖြစ်သူကိုချော့ရင်း နောက်ကားတစ်စီးဖြင့်လိုက်ဖို့ပြင်ရသည်။

“ကျွန်တော်တို့နောက်ကားနဲ့လိုက်ခဲ့မယ်”

“ငယ်အရမ်းနာနေပြီလား”

“တစ်ခါတစ်ခါ အရမ်းနာတယ်”

ကားထဲသူတို့နှစ်ယောက်တည်းမို့သေချာပွေ့ပိုက်ထားမိတဲ့ငယ်ငယ့်ကို နှဖူးပြင်လေးထက်နှစ်သိမ့်အနမ်းတွေခဏခဏ။

“ဘယ်ကတည်းကနာနေတာလဲ”

“နေ့လည်ကတည်းကခါးတွေနာနေတာ မွေးမို့နာတာထင်တယ် ငယ်ကပုံမှန်နာတာပဲထင်နေတာ”

လေသံတိုးတိုးကြား နာကျင်မှုပါးပါးခြယ်ထားတာမို့ သူဂရုဏာသက်စွာခါးလေးပွတ်ပေးမိသည်။

“ကိုကို့ကိုကြိုမပြောဘူးငယ်ရယ် အခုအရမ်းတွေနာနေသေးလားဟင်”

“နာတယ် ခဏနားပြီးပြန်ပြန်နာလာတာ”

သူ့လက်ဖဝါးပြင်ကျယ်ကြီးကိုဆုပ်ကိုင်လာသည့်လက်သေးသေးလေးကိုဖိညှစ်ပေးကာ အားပေးစကားသာဆိုနိုင်ပါသည်။

“ရောက်တော့မှာနော် ဒီညပြီးရင်ငယ်ချစ်တဲ့ကလေးလေးတွေကိုမြင်ရတော့မှာ”

“ဟုတ်”

အားလုံးနေရာချပြီးတော့ ခွဲစိတ်ပေးမည့်ဆရာဝန်တွေတောင်အဆင်သင့်ဖြစ်နေပြီ။မေ့ဆေးပေးခါနီးသူ့လက်ကိုဆုပ်ကိုင်လာတဲ့လက်ဖဝါးလေး။

“အဆင်ပြေသွားမှာနော် ငယ်မကြောက်နဲ့ ကိုကိုရှိတယ်”

“ဟုတ်”

အခန်းထဲမှာဂရုတစိုက်ကြိုးစားနေစဥ် အပြင်ကအဖွဲ့မှာလည်းအငြိမ်မနေနိုင်။ဘုရားစာရွတ်သူရွတ် တောင်လျှောက်မြောက်လျှောက်လျှောက်သူကလျှောက် ထိုင်ရမလိုထရမလိုဖြစ်သူကဖြစ်နှင့် မြင်ကွင်းကရယ်ချင်စရာတော့ကောင်းသည်။

“ဦးငယ်ကမထွက်လာသေးဘူးလား”

“ခဏလေးဆိုထွက်လာတော့မှာ”

သူ့ပေါင်ပေါ်ထိုင်ရင်းခဏခဏမော့မေးနေတဲ့သားဖြစ်သူကိုနှစ်သိမ့်ပေးရသည်။ခွဲခန်းထဲဝင်သွားတာနာရီဝက်ခန့်ဘဲရှိသေးပေမယ့် သူတို့အတွက်တော့အချိန်ကုန်တာသိပ်ကြာနေသလိုမျိုး။

“Ultrasound အဖြေကနောက်တစ်ပါတ်မှဆို”

“ပုံသေမရှိဘူး တစ်လစောတာ တစ်လနောက်ကျတာအထိရှိတတ်တယ်”

“ကျွန်တော်ကသန်ဘက်ခါမှခွဲမှာဆိုပြီး အေးဆေးလုပ်နေတာ မနက်ဖြန်တောင်သူကြိုက်တတ်တဲ့စတော်ဘယ်ရီတွေသွားခူးမလို့ပါဆို”

နောင်းညိုကခပ်တိုးတိုးဆိုရင်း အခန်းတံခါးဆီသာလည်တဆန့်ဆန့်။

“ဒီနေ့လည်းမင်းခူးလာတာခြင်းတစ်လုံးလေ တစ်အိမ်လုံးဝိုင်းစားလိုက်ရတာမလား”

“အော”

ရောက်တတ်ရာရာတွေပြောရင်းမကြာခင်မြင်ရတော့မယ့်ပေါက်စနလေးနှစ်ယောက်အကြောင်းစိတ်ကရောက်သွားသည်။

“ကလေးတွေက ဘယ်သူနဲ့တူမလဲမသိဘူးနော်”

“လခြမ်းနဲ့တူစေချင်တယ် အဲ့တာမှချစ်ဖို့ကောင်းမှာ”

“ကိုCeanနဲ့တူရမှာပေါ့ အဲ့တာမှစိတ်မပူရမှာ”

Geoကဝင်ပြောတော့ နောင်းညိုကလက်မခံသလိုမျက်စောင်းထိုးလေသည်။

“သူ့လိုကြမ်းတမ်းအေးစက်နေတဲ့ကလေးကိုခင်ဗျားပဲချစ်”

“ပြီးမှရေခဲတုန်းလေးဆိုလို့ကတော့ ပေးချီမယ်မထင်နဲ့”

“အံမယ် ကျွန်တော်ကလည်းပြောလိုက်အုံးမယ် ချစ်ဖို့ကောင်းတဲ့အရုပ်ကလေးရေလာပါအုံးဆိုလို့ကတော့ လှည့်ပြမယ်မထင်နဲ့”

“ကဲ တော်ကြပါတော့ကွာ ကလေးကမထွက်လာရသေးဘူးမင်းတို့ကတစ်မျိုး”

စက်ရိပ်ဝင်ပြောမှသက်ဆိုင်သူတွေနားကပ်ကာတိုးတိုးချွဲကုန်လေသည်။

“ဟွန့် ….ငွေ့ကိုယ်ပြောတာမှားလား”

“မမှားဘူး”

“ကို့…. ကျွန်တော်မှန်တယ်မလား”

“မှန်တယ်”

စိတ်ထဲအရမ်းမတင်းကြပ်နေအောင်သာစကားတွေပြောနေပေမယ့် အခန်းထဲကအခြေအနေကိုလည်းစိတ်ပူရသည်။လခြမ်းကိုယ်ဝန်ကဆက်တိုက်စစ်ဆေးနေပြီး လူတိုင်းကအရမ်းဂရုစိုက်ပေးထားပေမယ့် ဟိုးအရင်တုန်းကပြဿနာတွေရှိခဲ့တာရယ် ကိုယ်ဝန်ဆောင်တိုင်းကြုံတွေ့ရတဲ့မီးဖွားစဥ်ပြဿနာလေးရယ်ကြောင့် သူတို့စိတ်မအေးနိုင်။

ပြီးတော့သူတို့အားလုံးအတွက် ကလေးဆိုတဲ့အရာနှင့်အရမ်းဝေးကွာလွန်းတယ်မဟုတ်လား။ကလေးသေးသေးလေးတွေကိုမချီဖူးကြသူတွေချည်းမလို့လည်း စိုးရိမ်တစ်ဝက် ရင်ခုန်မျှော်လင့်ခြင်းတစ်ဝက်ဖြစ်နေရသည်။

စကားတွေထပ်တိတ်သွားပြန်တဲ့ကော်ရစ်ဒါက ရင်ခုန်ခြင်းတွေနှင့်လည်တဆန့်ဆန့်။တစ်နာရီခန့်ကြာနေပြီးနောက် လူတိုင်းစိတ်မရှည်တော့။သူတို့အတွက်တော့ အချိန်တွေကုန်တာသိပ်နှေးနေသလိုမျိုး စောင့်ရချိန်တွေသိပ်ကြာခဲ့သလိုမျိုးပဲ။

“အူဝဲ….အူဝဲ”

တံခါးဖွင့်အပြီးထွက်ပေါ်လာတဲ့စူးရှရှအသံကြောင့် အားလုံးနှလုံးခုန်ရပ်မတတ်။အောင်မြင်လွန်းလှတဲ့အသံကညအမှောင်ထဲပဲ့တင်ထပ်နေသည်။တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်က ထိုအသံလေးနှင့်မှအသက်ဝင်လာသလိုပင်။ ​

အားလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားကာ ကလေးအနားဝိုင်းအုံပစ်လိုက်သည်။ဆရာဝန်လက်ထဲပွေ့ချီလာတဲ့နီတာရဲက လခြမ်းလိုဖြူဖြူဖွေးဖွေးလေး။မျက်လုံးစုံမှိတ်ပြီးအော်နေတာမို့သူတို့မယ် ထိရမလိုမထိရမလို။

“ယောကျ်ားလေးပါ မိန်းကလေးကအထဲမှာပဲရှိသေးတယ် သူ့ကိုအရင်လာပြတာ”

“ချစ်စရာကြီးဟ”

“အမွှာတွေကိုတောင် ဒီလောက်ကြီးတယ်ပေါ့ အဲ့တာကြောင့်လခြမ်းဗိုက်ကပူဖောင်းကြီးဖြစ်နေတာ”

“အသည်းယားစရာကြီးကွ”

“ဖေဖေ့… ကလေးလေး”

တိမ်တိုက်လေးကငိုနေတဲ့နီတာရဲလေးကိုကြည့်ပြီး အသည်းယားစွာစက်ရိပ်လက်ထဲမှာလက်တပြင်ပြင်။

“သားညီလေး”

“ညီမလေးကရော”

“ညီမလေးလည်းထွက်လာတော့မှာခဏစောင့်”

စက်ရိပ်ပြောပြီးပြီးချင်းထပ်ထွက်လာတဲ့ဆရာဝန်နှင့် လက်ထဲကအနှီးထုပ်လေး။

“လာပါပြီဗျာ ဒါကမိန်းကလေး”

“ချစ်စရာကြီးတွေကွာ”

“တစ်ရုပ်တည်းကွ”

ဆရာဝန်နှစ်ယောက်လက်ထဲက နီတာရဲလေးတွေကမွေးကင်းစမို့ ရုပ်တွေမသိသာပေမယ့် မျက်ခုံးထင်းထင်း နှာတံစင်းစင်းလေးတွေနှင့်မို့ အချောတွေမှန်းကြည့်ရုံနှင့်သိသာစေသည်။

“လခြမ်းရော”

“အဆင်ပြေတယ်ဗျ ကိစ္စအားလုံးပြီးတာနဲ့ အခန်းရွှေ့ပေးမှာပါ လောလောဆယ်ကလေးတွေကိုအရင်လာပြခိုင်းလို့ ကိုသမုဒ္ဒရာကလခြမ်းအနားမှာစောင့်နေတယ် သူလည်းကလေးတွေကိုကြည့်ပြီးသွားပြီ”

“ကလေးချီကြည့်ချင်လို့ရလား”

“မင်းကချီတတ်လို့လား”

Geoအ​ပြောကိုတိမ်ငွေ့ကမျက်ခုံးပင့်လေသည်။

“ပြောပြပေးရင်ရတယ်”

“ကျွန်တော်တို့နဲ့အတူ အခန်းထဲမှာသွားစောင့်နေရအောင်ဗျ ကလေးချီနည်းပါပြောပြပေးပါ့မယ်”

“သွားကြမယ်လာ ကလေးတွေကိုလေစိမ်းတွေတိုက်မယ်”

ကလေးချီထားတဲ့ဆရာဝန်တွေကိုဝန်းရံပြီး လခြမ်းခွဲပြီးရင်ထားမယ့်အခန်းထဲဝင်လာတော့ အခန်းကျယ်ကြီးထဲလူတွေပြည့်မတတ်။အဆင်သင့်ပြင်ထားတဲ့ကလေးထားမယ့်နေရာလေးမှာကလေးတွေကိုချတော့ ဘေးပတ်လည်ဝိုင်းအုံမိကြသည်။

“အူဝဲ….အူဝဲ”

“ကလေးတွေကဗိုက်ဆာလို့ထင်တယ်”

“နို့ဗူးတွေအသင့်ရှိပြီးသားမလား ယူခဲ့လို့ရပြီလား”

“ရပြီ”

နို့ဗူးကိုယ်စီတိုက်လိုက်တော့ မွေးကင်းစလေးတွေမို့သိပ်မစို့တတ်ကြ။ခဏအကြာမှနေသားကျသွားကာ တပြွတ်ပြွတ်စုပ်ယူလေသည်။

မတို့ရဲမထိရဲအသည်းယားနေကြသူတွေက ကလေးတွေလန့်သွားမှာစိုး၍စကားလည်းမပြောရဲ။နို့ဗူးစို့နေတဲ့အသေးလေးတွေကိုသာအပြုံးကိုယ်စီဖြင့်ကြည့်နေမိကြတာ။ပွေ့ချင်လို့ လက်တွေကလည်းတပြင်ပြင်။

ခဏအကြာတံခါးပွင့်လာပြီး မေ့ဆေးမပြယ်သေးသည့်လခြမ်းကိုတွန်းလှည့်ဖြင့်သယ်ယူလာလေသည်။နံဘေးကသမုဒ္ဒရာကတော့ အငိုမျက်လုံးအပြုံးမျက်နှာနှင့် ခြေမကိုင်မိလက်မကိုင်မိ။

အိပ်ယာထက်ဂရုတစိုက်ချပြီး ချိတ်ထားတဲ့ဆေးပုလင်းတွေကိုနေရာချသည်။အားလုံးပြီးတော့ပြန်ထွက်သွားတာမို့အခန်းကျယ်ကြီးထဲ သူတို့တွေသာကျန်နေခဲ့လေသည်။

“ပါပါး…ဦးငယ်ငယ်”

“ဦးငယ်ငယ်က ပင်ပန်းလို့ခဏအိပ်နေတာ ပြီးရင်ပြန်နိုးလာမှာလေမငိုရဘူး”

သူ့ဦးငယ်ကိုစိုးရိမ်ပြီးမျက်ရည်တွေဝဲလာတာမို့ အသာအယာချော့လိုက်တော့ခေါင်းညိတ်ပြလေသည်။

“လခြမ်းသတိရဖို့ကြာအုံးမှာလား”

“မကြာတော့ဘူးလို့တော့ပြောတယ်”

လက်ဖဝါးလေးဆုပ်ကိုင်ပြီး ကလေးတွေရှိရာဘက်ဆီလှမ်းကြည့်လာပုံက မျက်နှာထက်ဖခင်မေတ္တာအပြည့်။ဟိုးအရင်က သွေးအေးအေးနှင့်ရက်စက်တတ်သည့်မျက်နှာကိုပြန်တောင်မြင်ယောင်ကြည့်မရတော့။

လခြမ်းကိုပိုင်ဆိုင်ပြီးကတည်းက မျက်နှာထက်အမြဲအပြုံးတွေထပ်နေခဲ့တာမို့ ဘေးနားကအရှိန်အဝါတွေပါနွေးနွေးထွေးထွေးရယ်။အချစ်ရဲ့ပြောင်းလဲပေးနိုင်စွမ်းကအံ့ဩလောက်ဖွယ်…….

……………….

“အဲ့..အဲ့..”

“အေးအေးဟုတ်တယ်နော် ဖေ့သမီးကိုပစ်ထားကြတာလား ဟုတ်ပါ့ဖေ့သမီးလေးကို”

မပွေ့တတ်ပွေ့တတ်လက်ဖဝါးထဲထည့်ကာသယ်ထားတဲ့သမုဒ္ဒရာက ပါးစပ်ကလည်းတတွတ်တွတ်ချော့မြူနေလေသည်။အကြီးကောင်လေးကလခြမ်းဘေးနားမှာအိပ်မောကျနေပြီး အငယ်မလေးကအသံပါဝါကောင်းကောင်းနဲ့ငိုနေတာ။

“ကိုCean ကျွန်တော်ချော့ကြည့်မယ်”

“နို့ဆာနေတာ Horizonလာတော့မှာမလား”

“လာပါပြီဗျာ လာပါပြီ”

နို့ဗူးဖျော်လာတဲ့Horizonရောက်လာပြီး နို့ဗူးလေးပါးစပ်မှာတပ်ပေးတော့မဟုတ်ပြန်။

“ဘာဖြစ်တာပါလိမ့် နေများမကောင်းလို့လား”

အားလုံးပြာယာခပ်နေကာဘာလုပ်ရမှန်းမသိကြ။အဆိုးတုံးလေးကတော့ အခုကတည်းကမွှေနေပါပြီ။သူမပွေ့တတ်လို့များ မနေတာလား။

“ကိုကို ငယ့်ဆီခေါ်ခဲ့”

“ငယ် နိုးလာတာလား”

သမီးလေးကအရမ်းငိုနေတော့အိပ်နေသူကဆက်မအိပ်နိုင်ဘူးထင်သည်။အအိပ်မက်တဲ့ငယ်ငယ်က သူ့သားနဲ့သမီးငိုရင်တန်းနိုးလာတတ်တာအကျင့်တစ်ခု။

“အနာကိုခိုက်မိမယ် သတိထားနော်”

ခွဲစိတ်ထားတာကအနာကျက်နေပြီဖြစ်သော်လည်း ငယ်ငယ့်ကိုနာမှာစိုးနေပါသေးသည်။ဒီဗိုက်ထဲကနေ ကလေးနှစ်ယောက်ကိုဆွဲထုတ်ထားတာမို့ မနာဘဲဘယ်နေလိမ့်မလဲ။သူကအခန်းထဲထိလိုက်ကြည့်ခဲ့ရသူမို့ပိုသဲကဲပါသည်။နောက်ထပ်မမွေးခိုင်းဖို့ပါစဥ်းစားထားပြီးသား။သားနဲ့သမီးနဲ့တင်လုံလောက်နေပါပြီ။

ထထိုင်ဖို့ကူပေးကာ နောက်ကျောနောက်ခေါင်းအုံးမှီပေးပြီး ကလေးကိုအသာထည့်ပေးလိုက်သည်။ငယ့်လက်ထဲအရောက်တိတ်သွားတဲ့သမီးလေးက နို့သောက်ချင်လို့ပါးစပ်လေးပြင်နေတာ။

“လခြမ်းတို့ကတော့ သားသမီးတွေဆီကအချစ်ခံဖို့ကံပါလာပုံရတယ်ဟေ့ အသံထွက်ချော့စရာတောင်မလိုဘူး လက်ထဲရောက်တာနဲ့တိတ်ပြီးသားပဲ”

လက်ထဲကနို့ဗူးလေးကိုပါးစပ်နားကပ်ပေးတော့ စုပ်ယူကာမျက်လုံးမှိတ်ပြီးအိပ်ဖို့ပြင်နေတဲ့အလည်တုံးလေး။နို့သောက်ရမှာချင်းအတူတူတောင် လခြမ်းလက်ပေါ်မှနေချင်ပါသတဲ့။

သူတို့တွေလက်ထဲညှပ်နေသည့်ကလေးက လခြမ်းလက်သေးသေးလေးတွေကြားအံဝင်ခွင်ကျ။အဲ့လက်သေးသေးလေးတွေကနူးညံ့လွန်းလို့ ကလေးလေးတွေကသဘောကျသည်ထင်သည်။

“ကလေးတွေကထွားလွယ်လိုက်တာ တစ်ပါတ်တည်းရှိသေးတယ် တော်တော်ရုပ်ထွက်နေပြီ နှစ်ယောက်လုံးလခြမ်းလိုပါးချိုင့်လေးတွေနဲ့ဟ”

ပင်ထနောင်းညိုက အိပ်နေတဲ့သားလေးကိုပွေ့ချီထားရင်း အသည်းယားစွာငုံ့ငုံ့နမ်းနေလေသည်။ဒီနေ့ ကိုကျောက်စက်ကအလုပ်မအားသေးလို့မရောက်လာသေးတာ အလုပ်ပြီးတာနဲ့ဒီဘက်တန်းလှည့်လာတော့မှာ။အလုပ်ဘယ်လောက်များများ ကလေးတွေကိုတစ်ရက်မပြတ်လာကြည့်တတ်သေးသည်။

စက်ရိပ်က တိမ်တိုက်​လေးကိုကျောင်းသွားကြိုနေတာဖြစ်ပြီး သားငယ်လေးကလည်းကျောင်းကပြန်ရောက်တာနဲ့ ညီနဲ့ညီမနားဘဲကပ်ကာစကားတွေပြောနေတတ်သေးသည်။ကလေးပေါက်စလေးတွေကို သူတအားတွေချစ်နေတာ။သားညီလေးညီမလေးဆိုတာပါးစပ်ကမချ။

Geoနဲ့တိမ်ငွေ့က စားဖိုဆောင်ထဲမှာသွားရှုပ်နေတာဖြစ်ရမည်။ခြံထဲကအသီးမှန်သမျှသွားခူးပြီး ရှိသမျှလူတိုင်းစားဖို့ပြင်ဆင်နေတာပုံမှန်လို​ဖြစ်နေပြီ။ကလေးတွေအိပ်နေလို့ချီချိန်မရသေးလို့ထွက်သွားတာလည်းပါတာပေါ့။မဟုတ်ရင်နောင်းညိုရယ်ကိုကိုရယ်သူတို့နှစ်ယောက်ရယ်ကလေးလုချီနေကျ။

“အိပ်သွားပြီထင်တယ် ကိုကို့ကိုပေးငယ်ညောင်းနေလိမ့်မယ်”

“ရတယ်ကိုကိုခဏစောင့်လိုက်အုံး ကိုကို့သမီးကလူလည်လက်ပေါ်ကချရင်တန်းငိုမှာ ငယ်ငယ်အဆင်ပြေပါတယ် ခဏလောက်ချီထားလိုက်အုံးမယ်”

မြတ်နိုးမဝသလိုတစိမ့်စိမ့်ငေးရင်း လက်ထဲကမချသူက မိဘဖြစ်ရတာကိုဂုဏ်ယူနေပုံရသည်။အားလုံးဆီကနေ ကလေးတွေနဲ့တန်းတူပြုစုယုယခံနေရတာမို့ ပြည့်နေတဲ့မျက်နှာလေးကပိုပြည့်လာကာ ပိုတောင်နုနယ်လာသလိုပင်။တစ်သားမွေးတစ်သွေးလှဆိုသလို အရင်ကထက်ပိုလှလာတာက ကလေးနှစ်ယောက်အဖေဆိုတာမယုံချင်စရာလေး။

ငယ်ကသမီးလေးကိုငုံ့ကြည့်ရင်းပြုံးနေချိန် သူကငယ့်အပြုံးကိုငေးရင်းပြုံးသည်။ငယ့်အပြုံးဟာဗိုင်းရပ်စ်တစ်မျိုးဆို ကိုယ်ဟာကူးစက်ခံလူနာတစ်ယောက်……

………………..

“ကိုCean သမီးကမအိပ်ဘူးလား”

မနက်နှစ်နာရီ Geoရေထသောက်တော့ ဧည့်ခန်းထဲသမီးလေးကိုချီပြီးလမ်းလျှောက်သိပ်နေတဲ့ကိုCeanကိုတွေ့သည်။ညတိုင်းလိုလို အခန်းထဲကထွက်လာကာ ကလေးချော့သိပ်နေကျမို့ သိပ်တော့မထူးဆန်းတော့

“ဟုတ်တယ် လူဆိုးမလေးကဂျစ်တိုက်နေတာ ငယ်ငယ့်ကိုအိပ်ရေးပျက်မှာဆိုးလို့ အပြင်ထွက်ချော့နေရတာ ငယ်ကခုမှအိပ်ပျော်သွားတာမလို့”

“ကျွန်တော်ကူချော့မယ်”

“ရပါတယ်ကွာ ခုအိပ်သွားပြီ မင်းလည်းသွားအိပ်တော့ မနက်ဖြန်အလုပ်ရှိတယ်မလား”

“ဟုတ်…ကျွန်တော်မွှေးအုံးမယ်”

ပြောရင်းအိပ်ပျော်နေတဲ့သူ့တူမကို အသာနမ်းကြည့်ပြီးအခန်းဘက်ပြန်လှည့်သွားလေသည်။သူကတော့အခန်းထဲသာတောင်လျှောက်မြောက်လျှောက်ဆက်လျှောက်ဖြစ်သည်။မပီမသသားချော့တေးတစ်ချို့ကိုလည်းတိုးတိုးညည်းရင်းပေါ့။

………………

“ငွေ့နိုးလာတာလား”

အိပ်မှုန်စုံမွှားကုတင်ထက်ထိုင်နေသူက ဆံနွယ်တွေကပိုကယိုဖြင့် ညအိပ်မီးရောင်မှိန်မှိန်အောက် တစ်ရေးနိုးတောင်ကြည့်ကောင်းတုန်း။

“ဘယ်သွားတာတုန်း”

“မနေ့ညကအခန်းထဲရေမထည့်ထားမိလို့ ဧည့်ခန်းထဲရေထွက်သောက်တာ”

“အွန်း အိပ်ရအောင်”

အိပ်ယာထက်အတူပြန်လှဲချရင်း မျက်နှာချင်းဆိုင်မိကြသည်။တစ်ယောက်မျက်ဝန်းတစ်ယောက်ကြည့်ရင်း အိပ်ချင်စိတ်တွေလွင့်ပြယ်ကုန်တာမို့ ကိုယ့်မျက်ဝန်းထဲကသူ့ပုံရိပ်တွေပိုကြည်လင်လာရသည်။

“ကိုCean နဲ့တွေ့လာတာလား”

“အွန်း သမီးမအိပ်လို့အပြင်ထွက်ချော့နေတာ”

ညတိုင်းလိုလိုကလေးထွက်ချော့နေကျကိုCeanအကြောင်းကိုသိနေတာမို့ ဒီအတိုင်းစကားစရှာလာခြင်းသာ။

“ပထဝီ”

“ဗျာ”

“နောင်တရလား”

“ဘာအတွက်လဲ”

“ကိုယ့်ကိုချစ်မိလို့”

အမေးဆိုလာသူရဲ့ပါးပြင်ကို လက်ချောင်းတွေဖြင့်ဖွဖွထိတွေ့ရင်းမှ မျက်ဝန်းထဲသေချာကြည့်လို့ ရင်တွင်းစကားကိုဖွင့်ဆိုမိသည်။

“ကိုယ်ရေးခဲ့တဲ့ကိုယ့်သမိုင်းစာမျက်နှာတွေမှာ ငွေ့နဲ့သက်ဆိုင်တာတွေမှန်သမျှ နောင်တဆိုတဲ့စကားလုံးကိုဖယ်ထုတ်ထားပြီးသား ရွေးချယ်ခွင့်ပေါင်းမရေမတွက်ရှိနိုင်မယ်ဆိုရင်တောင် ငွေ့ကိုချစ်ဖို့ပဲကိုယ်ရွေးချယ်ခဲ့အုံးမှာ”

“မင်း…ကလေးချစ်တတ်တယ်မလား”

“အဲ့တော့ဘာဖြစ်သလဲငွေ့ ကလေးချစ်တတ်တာနဲ့ပဲကလေးမရနိုင်တဲ့အိမ်ထောင်ရေးတစ်ခုကိုနောင်တရနေရမှာလား ကိုယ်အသေအချာသိရက်နဲ့လျှောက်ခဲ့တဲ့လမ်းမှာဖြစ်နိုင်ခြေအားလုံးကိုသိခဲ့ပြီးသားလေ အဲ့အရာတွေအားလုံးထက်ငွေ့ကကိုယ့်အတွက်မရှိမဖြစ်မို့လို့ ပိုင်ဆိုင်ခွင့်ရဖို့ကြိုးစားခဲ့တာပါ ကလေးချစ်တတ်တော့ရောဘာဖြစ်လဲ ကိုယ်ချစ်တာကလေးပေါက်စလေးတွေပဲလေ ကြီးပြင်းလာတဲ့ကလေးတစ်ယောက်ကိုအုပ်ထိန်းဖို့ကိုယ့်မှာယုံကြည်ချက်မရှိဘူး အဲ့တော့ချစ်ချင်ရင်ကိုCeanကလေးတွေကိုချစ်မယ် ကိုလတ်သားလေးကိုချစ်မယ် စိတ်မရှည်တဲ့အချိန်ကြရင် သူတို့မိဘလက်ထဲထိုးထည့်ပြီးငွေ့ဆီမှာကလေးလုပ်မယ် ပြည့်စုံနေတဲ့ဘဝတစ်ခုပဲဟာ ဘာတွေလိုနေသေးလို့လဲ”

“မင်းပဲအပြောကောင်း”

ညအိပ်မီးအလင်းမှုန်ဝါးဝါးအောက် ငွေ့အပြုံးတစ်ချက်ကလင်းခနဲ။

“ကိုယ်အမှန်အတိုင်းပြောနေတာ ဘာလဲငွေ့ဘက်ကနောင်တရနေတာလား”

“ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ ကိုယ့်အနာဂတ်နေ့ရက်တွေထဲမှာကလေးတွေပါတဲ့မိသားစုတစ်ခုဆိုတာမရှိခဲ့ဖူးဘူး တစ်ကိုယ်ကောင်းဆန်တယ်လို့ပဲပြောပြော ချစ်တဲ့သူနဲ့နှစ်ယောက်တည်းအိုမင်းချင်ရုံကလွဲပြီး ဘာအနှောင်အဖွဲ့ကိုမှမမက်မောခဲ့ဘူး ချည်နှောင်မှုတွေကြောင့်မြဲတဲ့အိမ်ထောင်ရေးထက် နှစ်ကိုယ်တူချစ်ခြင်းတွေကြောင့်မြဲတဲ့အချစ်ခရီးလမ်းလေးတစ်ခုကိုလိုချင်ရုံပဲ”

“ကိုယ်တို့နှစ်ယောက်ကအတွေးတွေခံစားချက်တွေတူနေတာပဲ အဲ့တာကြောင့်ပြောကြတာနေမှာအသွင်တူမှအိမ်သူဖြစ်တာတဲ့”

“အွန်း မင်းကငါ့အိမ်သူလေး”

သူ့နှာခေါင်းကိုလာညှစ်ရင်း အသည်းယားသလိုဆိုလာလေသည်။

“ငွေ့လည်းကိုယ့်အိမ်သူပဲလေ”

“ဘယ်သူပြောလဲ လက်မထပ်ရသေးဘဲနဲ့ဘယ်လိုလုပ်ပြီးအိမ်သူဖြစ်မှာလဲ”

“မနက်ဖြန်လက်ထပ်ကြမလား”

“ကိုယ့်ကိုဖြစ်သလိုလက်ထပ်မှာပေါ့”

“ငွေ့ကိုအိမ်သူဖြစ်စေချင်နေပြီ”

“မင်းကအိမ်သားပေါ့”

“ငွေ့ကကိုယ့်အိမ်သား”

“ကိုယ်ကပိုကြိုးစားရမယ်ပေါ့”

စကားအထအနတွေလိုက်ကောက်ကာ ကျီစားနေသူကိုကြည့်ပြီး သူ့မျက်ဝန်းတွေအပူမီးတစ်ချို့လောင်ကျွမ်းလာသလိုပင်။

“အတူတူကြိုးစားမယ်လေ အခုရောကြိုးစားကြမလား”

ခပ်ရှရှသူ့စကားသံက ဘယ်ကိုဦးတည်နေလဲသိနေတာမို့ လက်ပြန်ရုပ်ပြီးမျက်လုံးမှိတ်သွားလေသည်။

“ဘယ်အချိန်ရှိနေပြီလဲ လျှောက်မတွေးနဲ့အိပ်ကြရအောင်”

“ကြိုးစားချင်တယ်လို့”

“နောက်နေ့မှ”

“အခုကြိုးစားမှာ ငွေ့မကြိုးစားချင်ရင်ကိုယ်ကြိုးစားလိုက်မယ်လေနော်”

စကားအဆုံးလက်တွေကစောင်အောက်တိုးဝင်လို့ တစ်နေရာဆီ​ခြေဆန့်သည်။

“ကိုယ့်ကိုအထင်သေးတာလား”

“မဟုတ်ပါဘူး ကိုယ့်ကြိုးစားနိုင်စွမ်းကိုငွေ့လည်းအသိအမှတ်ပြုပြီးသားနဲ့ အခုကိုယ်ကြိုးစားလိုက်မယ်လေနော် မနက်ဖြန်ငွေ့ကိုပြန်ကြိုးစားခိုင်းမယ်”

“အိပ်ချင်နေပြီလေကွာ”

“အိပ်ချင်အိပ်လိုက် ကိုယ်ညင်သာပါ့မယ်”

တရွေ့ရွေ့တိုးကပ်ရင်းနှုတ်ခမ်းထက်တစ်ချက်နမ်းတော့ ဟွန့်ခနဲနှာမှုတ်လေသည်။

“မင်းစကား အရူးပဲယုံမယ်”

“ငွေ့မရူးမှန်းကိုယ်သိပါတယ် ကိုယ်ကသာအရူး”

ပြောရင်းအုပ်မိုးလိုက်တဲ့သူ့ကို မတွန်းဖယ်လာ။နမ်းရှိုက်သံတွေအခန်းထဲပျံ့လွင့်နေပေမယ့် ဘယ်သူမှဂရုမစိုက်ဖြစ်။Alphaနှစ်ယောက်ရဲ့တောက်လောက်မှုတွေချုပ်ငြိမ်းဖို့ အနည်းဆုံးတော့မိုးလင်းတော့မှာပေါ့…….

##################

နောက်တစ်ပိုင်းကဇာတ်သိမ်းပိုင်းဖြစ်နိုင်ပါတယ်❤❤❤

ငြိမ်း🌞🌻

တဆစ္ဆစ္ျဖစ္ေနတဲ့ဗိုက္ေၾကာင့္မ်က္ႏွာေလးမဲ့သြားမိသည္။ေန႕လည္ကတည္းက တစ္ခ်က္တစ္ခ်က္နာေနတဲ့ခါးက အထိုင္မ်ားသြားလို႔ထင္ကာသိပ္ဂ႐ုမထားမိ။ညေနကတည္းကကိုကိုကႏွိပ္ေပးေနၿပီးအခုေလးတင္အျပင္ထြက္သြားတာ။

ခုတစ္ေလာမဂ္လာကိစၥေတြကမ်ားေနတာျဖစ္သည္။ကိုဝိုင္းတို႔အတြဲကလည္းအတိအလင္းျပန္လည္လက္ထပ္မည္ျဖစ္သလို တိမ္ေငြ႕ႏွင့္Geoကလည္းလက္ထပ္ခ်င္သည္။ကိုေက်ာက္စက္ႏွင့္ေနာင္းညိုကလည္း ေနာင္းညိုမိဘေတြကစီစဥ္ခ်င္ေနၿပီ။

ငယ္ငယ့္ဗိုက္ကိုလာေစာင့္ရင္း ဒီအိမ္မွာလူစုံေနသည္မို႔ အားလုံးတစ္ခါတည္းေဆြးႏြေးေနၾကတာ။ငယ္ငယ့္ဗိုက္ကေနာက္သုံးရက္ေနရင္ခြဲခန္းဝင္ရေတာ့မည္မို႔ ယခုရက္ပိုင္းေတြထဲကအိမ္မွာသာသူတို႔ေနျဖစ္ၾကသည္။ညတိုင္းဧည့္ခန္းထဲမွာစုၿပီးစကားေျပာျဖစ္ၾကေပမယ့္ ဒီေန႕ငယ္ငယ္ကေတာ့အခန္းထဲမွာပဲေနျဖစ္သည္။

ညေနကတည္းကခါးနာေနတာလူတိုင္းသိတာမို႔ ဘယ္သူကမွလည္းဇြတ္မေခၚထုတ္ၾက။ကိုႀကီးသားတိမ္တိုက္ေလးတစ္ေယာက္တည္းသာသူႏွင့္အတူရွိေနတာ။

ကိုႀကီးတို႔ႏွစ္ေယာက္ကလည္းကေလးေၾကာင့္အရမ္းအဆင္ေျပေနတယ္ေျပာရမည္။အခ်ိန္ျပည့္မိသားစုသုံးေယာက္ရယ္ေမာေပ်ာ္႐ႊင္ေနတာခ်ည္း။တူေလးတိမ္တိုက္စက္ဝိုင္းကလည္းအရမ္းလိမၼာသည္။

အားလုံးကိုတီတီတာတာခြၽဲတတ္သလို ငယ္ငယ့္နားမွာလည္းေတာက္တဲ့ေလးလိုကပ္ေနတတ္ေသးသည္။မေတြ႕ရေသးတဲ့ညီႏွင့္ညီမကိုစကားေတြေျပာဖို႔ဗိုက္နားေလးမွာကပ္ေနေလ့ရွိၿပီး ငယ္ငယ့္ကိုလည္းအသီးေတြယူလာေပးလိုက္ေျခလက္ေတြႏွိပ္ေပးလိုက္ႏွင့္အရမ္းသိတတ္သည္။

ယခုလည္းငယ္ငယ့္မ်က္ႏွာမေကာင္းေတာ့အနားမွာအရိပ္တၾကည့္ၾကည့္လုပ္ကာ ဗိုက္ေလးကိုဖြဖြေလးပြတ္ေပးေနတာ။

“ဦးငယ္ငယ္ နာေနလို႔လားဟင္”

“အြန္း ခါးနာေနတယ္”

“ဦးရာရာကိုေခၚေပးရမလား”

ကိုကို႔နံမည္သမုဒၵရာကိုအဖ်ားဆြတ္ကာရာရာလို႔ေခၚတတ္ၿပီး ကိုကိုကငယ့္ကိုအရမ္းဂ႐ုစိုက္မွန္းသိေတာ့ တစ္ခုခုဆိုေျပးေခၚေပးရမလားခ်ည္းပဲ။

“ရပါတယ္သားရဲ႕ ဦးငယ္အိပ္လိုက္ရင္အဆင္ေျပသြားမွာ သားလည္းသြားေဆာ့ခ်ည္ေလ ဦးငယ္နားေနရင္ပ်င္းေနမွာေပါ့”

“သားကဦးငယ္ငယ္နားမွာပဲေနမွာ ပ်င္းဘူး”

ေျပာရင္းေခါင္းအုံးခုကာမွီထားတဲ့ခါးကိုလက္ေသးေသးေလးေတြႏွင့္ႏွိပ္ေပးေနတာမို႔ အသည္းယားကာေခါင္းေလးကိုငုံ႕နမ္းမိသည္။

“အခ်စ္တုံးေလး”

“ခစ္ခစ္”

သေဘာတက်ရယ္ျပရင္း လက္ေသးေသးေလးေတြကလည္းအႏွိပ္မျပတ္တာမို႔ သူဆြဲယူလိုက္ရသည္။

“ဦးငယ္အဆင္ေျပပါတယ္သားရဲ႕ မႏွိပ္နဲ႕ေတာ့ေနာ္ သားဦးဦးျပန္လာမွႏွိပ္ခိုင္းလိုက္မယ္”

“ဟုတ္… ကေလးေလးေတြအရမ္းမဆိုးရဘူးေနာ္ ဦးငယ္ငယ္နာေနၿပီ”

ဗိုက္နားကပ္ကာ လက္ညိုးေလးေထာင္ေထာင္ၿပီးေျပာေနတာမို႔ သေဘာတက်ရယ္ရင္း ဗိုက္ကနာလာတာေၾကာင့္ အသက္ကိုသာျဖည္းျဖည္းရႉလိုက္ရသည္။

ေခါင္းအုံးေလးကိုမွီထားရင္းမ်က္စိမွိတ္ကာ အသက္ျဖည္းျဖည္းခ်င္းရႉလိုက္သည္။ခဏေနသက္သာလာမွာပါ။နံေဘးက ကေလးငယ္ကသူ႕လက္ကိုဆုပ္ကိုင္ထားရင္း လက္ေလးႏွင့္ဗိုက္ကိုဖြဖြပြတ္ေပးေနေလသည္။

တျဖည္းျဖည္းအနာစိပ္လာသည့္ဗိုက္ေၾကာင့္ ေအာင့္မထားနိုင္ေတာ့။ပါးစပ္ကေနပါထုတ္ညည္းမိသြားရသည္။

“အ့”

“ဦးငယ္ငယ္ဘာျဖစ္လို႔လဲဟင္”

သူ႕ညည္းသံေၾကာင့္လန့္သြားသည့္ကေလးက ကုတင္ထက္ဒူးေထာက္ကာ စိုးရိမ္တႀကီးေမးလာေလသည္။

“သားဦးဦးကိုသြားေခၚေပးပါလား ဦးငယ္ဗိုက္နာေနၿပီလို႔ အ့..ကြၽတ္ကြၽတ္”

“ဟုတ္ကဲ့ ခဏေလးေစာင့္ေနာ္ သားေျပးေခၚလိုက္မယ္”

ေျပာရင္းဖင္တ႐ြတ္တိုက္သြားရင္းကုတင္ေပၚကခုန္ဆင္းကာ ေျခတံတိုေလးေတြႏွင့္ေျပးထြက္သြားေလသည္။နာက်င္ေနတဲ့ဗိုက္ေၾကာင့္သတိေပးစကားလည္းမဆိုနိုင္ေတာ့။

“ဦးရာရာ ေဖေဖ့”

“သား ျဖည္းျဖည္းလာေခ်ာ္လဲမယ္”

ငယ္ငယ္ရွိသည့္အခန္းထဲမွ ဧည့္ခန္းထဲေျပးထြက္လာတဲ့သားျဖစ္သူကိုစက္ရိပ္သတိေပးလိုက္ရသည္။ကေလးကသမုဒၵရာကိုၾကည့္ရင္း

“ဦးငယ္ငယ္…ဦးငယ္ငယ္.. ဗိုက္… နာတယ္တဲ့”

“ေဟ”

“ငယ္ငယ္”

သမုဒၵရာဒေရာေသာပါးအခန္းဆီေျပးခ်ိန္ေနာက္ကလူေတြလည္းျပာယာခတ္ကုန္ကာ ေခါင္းမပါတဲ့ယင္ေကာင္ေတြလို ဟိုေျပးရမလိုဒီေျပးရမလို။

“Geo ကားအသင့္ျပင္ခိုင္းထား”

“ဟုတ္”

ေျပာရင္းGeoကအျပင္သို႔ေျပးထြက္သြားသလို Horizonလည္းလိုက္ထြက္ရသည္။

“ကြၽန္ေတာ္ဆရာဝန္ေတြကိုႀကိဳဖုန္းဆက္ၿပီးအသင့္ေစာင့္ေနလိုက္မယ္”

အားလုံးဝ႐ုန္းသုန္းကားျဖစ္ေနေသာဧည့္ခန္းက ညခင္းမွာေျပးေျပးလႊားလႊား။

“ငယ္ငယ္ အရမ္းနာေနၿပီလား”

“နာေနၿပီ”

သူအိပ္ခန္းထဲေရာက္ေတာ့မ်က္ႏွာေလးရႈံ႕မဲ့ေနတဲ့ကေလးကမ်က္ရည္ေလးေတြေတာင္ဝိုင္းေနၿပီ။

“လာ ကိုကိုေပြ႕မယ္ ခဏေလးေစာင့္ေနာ္ငယ္ ခဏေလးပဲသက္သာသြားမွာပါ”

“ဟုတ္”

ေပြ႕ေခၚတဲ့ေနာက္ပါလာတဲ့ငယ္က မ်က္ေမွာင္ေလးေတြစုႀကဳံ႕ေနကာ ႏွဖူးမွေခြၽးစေလးေတြသီးေနေလသည္။ဧည့္ခန္းထဲေရာက္ေတာ့ရွိသမွ်လူအကုန္ေျခမကိုင္မိလက္မကိုင္မိ။

“ဦးငယ္”

လျခမ္းမ်က္ႏွာကိုၾကည့္ရင္းစိတ္ပူေနတဲ့သားျဖစ္သူကို ေပြ႕ထားလိုက္ၿပီး ေက်ာျပင္ေလးပြတ္ေပးကာရွင္းျပရသည္။

“ဦးငယ္အဆင္ေျပပါတယ္သားရဲ႕ သားညီေလးနဲ႕ညီမေလးကအျပင္ထြက္လာေတာ့မွာမို႔ပါ”

“ဦးငယ္ နာေနတယ္ အီးဟီး”

“ခဏေလးနာမွာ မငိုရဘူးေနာ္”

႐ုတ္တရတ္ထငိုတဲ့သားျဖစ္သူကိုေခ်ာ့ရင္း ေနာက္ကားတစ္စီးျဖင့္လိုက္ဖို႔ျပင္ရသည္။

“ကြၽန္ေတာ္တို႔ေနာက္ကားနဲ႕လိုက္ခဲ့မယ္”

“ငယ္အရမ္းနာေနၿပီလား”

“တစ္ခါတစ္ခါ အရမ္းနာတယ္”

ကားထဲသူတို႔ႏွစ္ေယာက္တည္းမို႔ေသခ်ာေပြ႕ပိုက္ထားမိတဲ့ငယ္ငယ့္ကို ႏွဖူးျပင္ေလးထက္ႏွစ္သိမ့္အနမ္းေတြခဏခဏ။

“ဘယ္ကတည္းကနာေနတာလဲ”

“ေန႕လည္ကတည္းကခါးေတြနာေနတာ ေမြးမို႔နာတာထင္တယ္ ငယ္ကပုံမွန္နာတာပဲထင္ေနတာ”

ေလသံတိုးတိုးၾကား နာက်င္မႈပါးပါးျခယ္ထားတာမို႔ သူဂ႐ုဏာသက္စြာခါးေလးပြတ္ေပးမိသည္။

“ကိုကို႔ကိုႀကိဳမေျပာဘူးငယ္ရယ္ အခုအရမ္းေတြနာေနေသးလားဟင္”

“နာတယ္ ခဏနားၿပီးျပန္ျပန္နာလာတာ”

သူ႕လက္ဖဝါးျပင္က်ယ္ႀကီးကိုဆုပ္ကိုင္လာသည့္လက္ေသးေသးေလးကိုဖိညွစ္ေပးကာ အားေပးစကားသာဆိုနိုင္ပါသည္။

“ေရာက္ေတာ့မွာေနာ္ ဒီညၿပီးရင္ငယ္ခ်စ္တဲ့ကေလးေလးေတြကိုျမင္ရေတာ့မွာ”

“ဟုတ္”

အားလုံးေနရာခ်ၿပီးေတာ့ ခြဲစိတ္ေပးမည့္ဆရာဝန္ေတြေတာင္အဆင္သင့္ျဖစ္ေနၿပီ။ေမ့ေဆးေပးခါနီးသူ႕လက္ကိုဆုပ္ကိုင္လာတဲ့လက္ဖဝါးေလး။

“အဆင္ေျပသြားမွာေနာ္ ငယ္မေၾကာက္နဲ႕ ကိုကိုရွိတယ္”

“ဟုတ္”

အခန္းထဲမွာဂ႐ုတစိုက္ႀကိဳးစားေနစဥ္ အျပင္ကအဖြဲ႕မွာလည္းအၿငိမ္မေနနိုင္။ဘုရားစာ႐ြတ္သူ႐ြတ္ ေတာင္ေလွ်ာက္ေျမာက္ေလွ်ာက္ေလွ်ာက္သူကေလွ်ာက္ ထိုင္ရမလိုထရမလိုျဖစ္သူကျဖစ္ႏွင့္ ျမင္ကြင္းကရယ္ခ်င္စရာေတာ့ေကာင္းသည္။

“ဦးငယ္ကမထြက္လာေသးဘူးလား”

“ခဏေလးဆိုထြက္လာေတာ့မွာ”

သူ႕ေပါင္ေပၚထိုင္ရင္းခဏခဏေမာ့ေမးေနတဲ့သားျဖစ္သူကိုႏွစ္သိမ့္ေပးရသည္။ခြဲခန္းထဲဝင္သြားတာနာရီဝက္ခန့္ဘဲရွိေသးေပမယ့္ သူတို႔အတြက္ေတာ့အခ်ိန္ကုန္တာသိပ္ၾကာေနသလိုမ်ိဳး။

“Ultrasound အေျဖကေနာက္တစ္ပါတ္မွဆို”

“ပုံေသမရွိဘူး တစ္လေစာတာ တစ္လေနာက္က်တာအထိရွိတတ္တယ္”

“ကြၽန္ေတာ္ကသန္ဘက္ခါမွခြဲမွာဆိုၿပီး ေအးေဆးလုပ္ေနတာ မနက္ျဖန္ေတာင္သူႀကိဳက္တတ္တဲ့စေတာ္ဘယ္ရီေတြသြားခူးမလို႔ပါဆို”

ေနာင္းညိုကခပ္တိုးတိုးဆိုရင္း အခန္းတံခါးဆီသာလည္တဆန့္ဆန့္။

“ဒီေန႕လည္းမင္းခူးလာတာျခင္းတစ္လုံးေလ တစ္အိမ္လုံးဝိုင္းစားလိုက္ရတာမလား”

“ေအာ”

ေရာက္တတ္ရာရာေတြေျပာရင္းမၾကာခင္ျမင္ရေတာ့မယ့္ေပါက္စနေလးႏွစ္ေယာက္အေၾကာင္းစိတ္ကေရာက္သြားသည္။

“ကေလးေတြက ဘယ္သူနဲ႕တူမလဲမသိဘူးေနာ္”

“လျခမ္းနဲ႕တူေစခ်င္တယ္ အဲ့တာမွခ်စ္ဖို႔ေကာင္းမွာ”

“ကိုCean နဲ႕တူရမွာေပါ့ အဲ့တာမွစိတ္မပူရမွာ”

Geoကဝင္ေျပာေတာ့ ေနာင္းညိုကလက္မခံသလိုမ်က္ေစာင္းထိုးေလသည္။

“သူ႕လိုၾကမ္းတမ္းေအးစက္ေနတဲ့ကေလးကိုခင္ဗ်ားပဲခ်စ္”

“ၿပီးမွေရခဲတုန္းေလးဆိုလို႔ကေတာ့ ေပးခ်ီမယ္မထင္နဲ႕”

“အံမယ္ ကြၽန္ေတာ္ကလည္းေျပာလိုက္အုံးမယ္ ခ်စ္ဖို႔ေကာင္းတဲ့အ႐ုပ္ကေလးေရလာပါအုံးဆိုလို႔ကေတာ့ လွည့္ျပမယ္မထင္နဲ႕”

“ကဲ ေတာ္ၾကပါေတာ့ကြာ ကေလးကမထြက္လာရေသးဘူး မင္းတို႔ကတစ္မ်ိဳး”

စက္ရိပ္ဝင္ေျပာမွသက္ဆိုင္သူေတြနားကပ္ကာတိုးတိုးခြၽဲကုန္ေလသည္။

“ဟြန့္ ….ေငြ႕ကိုယ္ေျပာတာမွားလား”

“မမွားဘူး”

“ကို႔…. ကြၽန္ေတာ္မွန္တယ္မလား”

“မွန္တယ္”

စိတ္ထဲအရမ္းမတင္းၾကပ္ေနေအာင္သာစကားေတြေျပာေနေပမယ့္ အခန္းထဲကအေျခအေနကိုလည္းစိတ္ပူရသည္။လျခမ္းကိုယ္ဝန္ကဆက္တိုက္စစ္ေဆးေနၿပီး လူတိုင္းကအရမ္းဂ႐ုစိုက္ေပးထားေပမယ့္ ဟိုးအရင္တုန္းကျပႆနာေတြရွိခဲ့တာရယ္ ကိုယ္ဝန္ေဆာင္တိုင္းႀကဳံေတြ႕ရတဲ့မီးဖြားစဥ္ျပႆနာေလးရယ္ေၾကာင့္ သူတို႔စိတ္မေအးနိုင္။

ၿပီးေတာ့သူတို႔အားလုံးအတြက္ ကေလးဆိုတဲ့အရာႏွင့္အရမ္းေဝးကြာလြန္းတယ္မဟုတ္လား။ကေလးေသးေသးေလးေတြကိုမခ်ီဖူးၾကသူေတြခ်ည္းမလို႔လည္း စိုးရိမ္တစ္ဝက္ ရင္ခုန္ေမွ်ာ္လင့္ျခင္းတစ္ဝက္ျဖစ္ေနရသည္။

စကားေတြထပ္တိတ္သြားျပန္တဲ့ေကာ္ရစ္ဒါက ရင္ခုန္ျခင္းေတြႏွင့္လည္တဆန့္ဆန့္။တစ္နာရီခန့္ၾကာေနၿပီးေနာက္ လူတိုင္းစိတ္မရွည္ေတာ့။သူတို႔အတြက္ေတာ့ အခ်ိန္ေတြကုန္တာသိပ္ႏွေးေနသလိုမ်ိဳး ေစာင့္ရခ်ိန္ေတြသိပ္ၾကာခဲ့သလိုမ်ိဳးပဲ။

“အူဝဲ….အူဝဲ”

တံခါးဖြင့္အၿပီးထြက္ေပၚလာတဲ့စူးရွရွအသံေၾကာင့္ အားလုံးႏွလုံးခုန္ရပ္မတတ္။ေအာင္ျမင္လြန္းလွတဲ့အသံကညအေမွာင္ထဲပဲ့တင္ထပ္ေနသည္။တိတ္ဆိတ္ေနတဲ့ပတ္ဝန္းက်င္က ထိုအသံေလးႏွင့္မွအသက္ဝင္လာသလိုပင္။

အားလုံးလႈပ္လႈပ္ရွားရွားျဖစ္သြားကာ ကေလးအနားဝိုင္းအုံပစ္လိုက္သည္။ဆရာဝန္လက္ထဲေပြ႕ခ်ီလာတဲ့နီတာရဲက လျခမ္းလိုျဖဴျဖဴေဖြးေဖြးေလး။မ်က္လုံးစုံမွိတ္ၿပီးေအာ္ေနတာမို႔သူတို႔မယ္ ထိရမလိုမထိရမလို။

“ေယာက်္ားေလးပါ မိန္းကေလးကအထဲမွာပဲရွိေသးတယ္ သူ႕ကိုအရင္လာျပတာ”

“ခ်စ္စရာႀကီးဟ”

“အမႊာေတြကိုေတာင္ ဒီေလာက္ႀကီးတယ္ေပါ့ အဲ့တာေၾကာင့္လျခမ္းဗိုက္ကပူေဖာင္းႀကီးျဖစ္ေနတာ”

“အသည္းယားစရာႀကီးကြ”

“ေဖေဖ့… ကေလးေလး”

တိမ္တိုက္ေလးကငိုေနတဲ့နီတာရဲေလးကိုၾကည့္ၿပီး အသည္းယားစြာစက္ရိပ္လက္ထဲမွာလက္တျပင္ျပင္။

“သားညီေလး”

“ညီမေလးကေရာ”

“ညီမေလးလည္းထြက္လာေတာ့မွာခဏေစာင့္”

စက္ရိပ္ေျပာၿပီးၿပီးခ်င္းထပ္ထြက္လာတဲ့ဆရာဝန္ႏွင့္ လက္ထဲကအႏွီးထုပ္ေလး။

“လာပါၿပီဗ်ာ ဒါကမိန္းကေလး”

“ခ်စ္စရာႀကီးေတြကြာ”

“တစ္႐ုပ္တည္းကြ”

ဆရာဝန္ႏွစ္ေယာက္လက္ထဲက နီတာရဲေလးေတြကေမြးကင္းစမို႔ ႐ုပ္ေတြမသိသာေပမယ့္ မ်က္ခုံးထင္းထင္း ႏွာတံစင္းစင္းေလးေတြႏွင့္မို႔ အေခ်ာေတြမွန္းၾကည့္႐ုံႏွင့္သိသာေစသည္။

“လျခမ္းေရာ”

“အဆင္ေျပတယ္ဗ် ကိစၥအားလုံးၿပီးတာနဲ႕ အခန္းေ႐ႊ႕ေပးမွာပါ ေလာေလာဆယ္ကေလးေတြကိုအရင္လာျပခိုင္းလို႔ ကိုသမုဒၵရာကလျခမ္းအနားမွာေစာင့္ေနတယ္ သူလည္းကေလးေတြကိုၾကည့္ၿပီးသြားၿပီ”

“ကေလးခ်ီၾကည့္ခ်င္လို႔ရလား”

“မင္းကခ်ီတတ္လို႔လား”

Geoအေျပာကိုတိမ္ေငြ႕ကမ်က္ခုံးပင့္ေလသည္။

“ေျပာျပေပးရင္ရတယ္”

“ကြၽန္ေတာ္တို႔နဲ႕အတူ အခန္းထဲမွာသြားေစာင့္ေနရေအာင္ဗ် ကေလးခ်ီနည္းပါေျပာျပေပးပါ့မယ္”

“သြားၾကမယ္လာ ကေလးေတြကိုေလစိမ္းေတြတိုက္မယ္”

ကေလးခ်ီထားတဲ့ဆရာဝန္ေတြကိုဝန္းရံၿပီး လျခမ္းခြဲၿပီးရင္ထားမယ့္အခန္းထဲဝင္လာေတာ့ အခန္းက်ယ္ႀကီးထဲလူေတြျပည့္မတတ္။အဆင္သင့္ျပင္ထားတဲ့ကေလးထားမယ့္ေနရာေလးမွာကေလးေတြကိုခ်ေတာ့ ေဘးပတ္လည္ဝိုင္းအုံမိၾကသည္။

“အူဝဲ….အူဝဲ”

“ကေလးေတြကဗိုက္ဆာလို႔ထင္တယ္”

“နို႔ဗူးေတြအသင့္ရွိၿပီးသားမလား ယူခဲ့လို႔ရၿပီလား”

“ရၿပီ”

နို႔ဗူးကိုယ္စီတိုက္လိုက္ေတာ့ ေမြးကင္းစေလးေတြမို႔သိပ္မစို႔တတ္ၾက။ခဏအၾကာမွေနသားက်သြားကာ တႁပြတ္ႁပြတ္စုပ္ယူေလသည္။

မတို႔ရဲမထိရဲအသည္းယားေနၾကသူေတြက ကေလးေတြလန့္သြားမွာစိုး၍စကားလည္းမေျပာရဲ။နို႔ဗူးစို႔ေနတဲ့အေသးေလးေတြကိုသာအၿပဳံးကိုယ္စီျဖင့္ၾကည့္ေနမိၾကတာ။ေပြ႕ခ်င္လို႔ လက္ေတြကလည္းတျပင္ျပင္။

ခဏအၾကာတံခါးပြင့္လာၿပီး ေမ့ေဆးမျပယ္ေသးသည့္လျခမ္းကိုတြန္းလွည့္ျဖင့္သယ္ယူလာေလသည္။နံေဘးကသမုဒၵရာကေတာ့ အငိုမ်က္လုံးအၿပဳံးမ်က္ႏွာႏွင့္ ေျခမကိုင္မိလက္မကိုင္မိ။

အိပ္ယာထက္ဂ႐ုတစိုက္ခ်ၿပီး ခ်ိတ္ထားတဲ့ေဆးပုလင္းေတြကိုေနရာခ်သည္။အားလုံးၿပီးေတာ့ျပန္ထြက္သြားတာမို႔အခန္းက်ယ္ႀကီးထဲ သူတို႔ေတြသာက်န္ေနခဲ့ေလသည္။

“ပါပါး…ဦးငယ္ငယ္”

“ဦးငယ္ငယ္က ပင္ပန္းလို႔ခဏအိပ္ေနတာ ၿပီးရင္ျပန္နိုးလာမွာေလမငိုရဘူး”

သူ႕ဦးငယ္ကိုစိုးရိမ္ၿပီးမ်က္ရည္ေတြဝဲလာတာမို႔ အသာအယာေခ်ာ့လိုက္ေတာ့ေခါင္းညိတ္ျပေလသည္။

“လျခမ္းသတိရဖို႔ၾကာအုံးမွာလား”

“မၾကာေတာ့ဘူးလို႔ေတာ့ေျပာတယ္”

လက္ဖဝါးေလးဆုပ္ကိုင္ၿပီး ကေလးေတြရွိရာဘက္ဆီလွမ္းၾကည့္လာပုံက မ်က္ႏွာထက္ဖခင္ေမတၱာအျပည့္။ဟိုးအရင္က ေသြးေအးေအးႏွင့္ရက္စက္တတ္သည့္မ်က္ႏွာကိုျပန္ေတာင္ျမင္ေယာင္ၾကည့္မရေတာ့။

လျခမ္းကိုပိုင္ဆိုင္ၿပီးကတည္းက မ်က္ႏွာထက္အၿမဲအၿပဳံးေတြထပ္ေနခဲ့တာမို႔ ေဘးနားကအရွိန္အဝါေတြပါႏြေးႏြေးေထြးေထြးရယ္။အခ်စ္ရဲ႕ေျပာင္းလဲေပးနိုင္စြမ္းကအံ့ဩေလာက္ဖြယ္…….

……………….

“အဲ့..အဲ့..”

“ေအးေအးဟုတ္တယ္ေနာ္ ေဖ့သမီးကိုပစ္ထားၾကတာလား ဟုတ္ပါ့ေဖ့သမီးေလးကို”

မေပြ႕တတ္ေပြ႕တတ္လက္ဖဝါးထဲထည့္ကာသယ္ထားတဲ့ သမုဒၵရာက ပါးစပ္ကလည္းတတြတ္တြတ္ေခ်ာ့ျမဴေနေလသည္။အႀကီးေကာင္ေလးကလျခမ္းေဘးနားမွာအိပ္ေမာက်ေနၿပီး အငယ္မေလးကအသံပါဝါေကာင္းေကာင္းနဲ႕ငိုေနတာ။

“ကိုCean ကြၽန္ေတာ္ေခ်ာ့ၾကည့္မယ္”

“နို႔ဆာေနတာ Horizon လာေတာ့မွာမလား”

“လာပါၿပီဗ်ာ လာပါၿပီ”

နို႔ဗူးေဖ်ာ္လာတဲ့Horizonေရာက္လာၿပီး နို႔ဗူးေလးပါးစပ္မွာတပ္ေပးေတာ့မဟုတ္ျပန္။

“ဘာျဖစ္တာပါလိမ့္ ေနမ်ားမေကာင္းလို႔လား”

အားလုံးျပာယာခပ္ေနကာဘာလုပ္ရမွန္းမသိၾက။အဆိုးတုံးေလးကေတာ့ အခုကတည္းကေမႊေနပါၿပီ။သူမေပြ႕တတ္လို႔မ်ား မေနတာလား။

“ကိုကို ငယ့္ဆီေခၚခဲ့”

“ငယ္ နိုးလာတာလား”

သမီးေလးကအရမ္းငိုေနေတာ့အိပ္ေနသူကဆက္မအိပ္နိုင္ဘူးထင္သည္။အအိပ္မက္တဲ့ငယ္ငယ္က သူ႕သားနဲ႕သမီးငိုရင္ တန္းနိုးလာတတ္တာအက်င့္တစ္ခု။

“အနာကိုခိုက္မိမယ္ သတိထားေနာ္”

ခြဲစိတ္ထားတာကအနာက်က္ေနၿပီျဖစ္ေသာ္လည္း ငယ္ငယ့္ကိုနာမွာစိုးေနပါေသးသည္။ဒီဗိုက္ထဲကေန ကေလးႏွစ္ေယာက္ကိုဆြဲထုတ္ထားတာမို႔ မနာဘဲဘယ္ေနလိမ့္မလဲ။သူကအခန္းထဲထိလိုက္ၾကည့္ခဲ့ရသူမို႔ပိုသဲကဲပါသည္။ေနာက္ထပ္မေမြးခိုင္းဖို႔ပါစဥ္းစားထားၿပီးသား။သားနဲ႕သမီးနဲ႕တင္လုံေလာက္ေနပါၿပီ။

ထထိုင္ဖို႔ကူေပးကာ ေနာက္ေက်ာေနာက္ေခါင္းအုံးမွီေပးၿပီး ကေလးကိုအသာထည့္ေပးလိုက္သည္။ငယ့္လက္ထဲအေရာက္တိတ္သြားတဲ့သမီးေလးက နို႔ေသာက္ခ်င္လို႔ပါးစပ္ေလးျပင္ေနတာ။

“လျခမ္းတို႔ကေတာ့ သားသမီးေတြဆီကအခ်စ္ခံဖို႔ကံပါလာပုံရတယ္ေဟ့ အသံထြက္ေခ်ာ့စရာေတာင္မလိုဘူး လက္ထဲေရာက္တာနဲ႕တိတ္ၿပီးသားပဲ”

လက္ထဲကနို႔ဗူးေလးကိုပါးစပ္နားကပ္ေပးေတာ့ စုပ္ယူကာမ်က္လုံးမွိတ္ၿပီးအိပ္ဖို႔ျပင္ေနတဲ့အလည္တုံးေလး။နို႔ေသာက္ရမွာခ်င္းအတူတူေတာင္ လျခမ္းလက္ေပၚမွေနခ်င္ပါသတဲ့။

သူတို႔ေတြလက္ထဲညွပ္ေနသည့္ကေလးက လျခမ္းလက္ေသးေသးေလးေတြၾကားအံဝင္ခြင္က်။အဲ့လက္ေသးေသးေလးေတြကႏူးညံ့လြန္းလို႔ ကေလးေလးေတြကသေဘာက်သည္ထင္သည္။

“ကေလးေတြကထြားလြယ္လိုက္တာ တစ္ပါတ္တည္းရွိေသးတယ္ ေတာ္ေတာ္႐ုပ္ထြက္ေနၿပီ ႏွစ္ေယာက္လုံးလျခမ္းလိုပါးခ်ိဳင့္ေလးေတြနဲ႕ဟ”

ပင္ထေနာင္းညိုက အိပ္ေနတဲ့သားေလးကိုေပြ႕ခ်ီထားရင္း အသည္းယားစြာငုံ႕ငုံ႕နမ္းေနေလသည္။ဒီေန႕ ကိုေက်ာက္စက္ကအလုပ္မအားေသးလို႔မေရာက္လာေသးတာ အလုပ္ၿပီးတာနဲ႕ဒီဘက္တန္းလွည့္လာေတာ့မွာ။အလုပ္ဘယ္ေလာက္မ်ားမ်ား ကေလးေတြကိုတစ္ရက္မျပတ္လာၾကည့္တတ္ေသးသည္။

စက္ရိပ္က တိမ္တိုက္ေလးကိုေက်ာင္းသြားႀကိဳေနတာျဖစ္ၿပီး သားငယ္ေလးကလည္းေက်ာင္းကျပန္ေရာက္တာနဲ႕ ညီနဲ႕ညီမနားဘဲကပ္ကာ စကားေတြေျပာေနတတ္ေသးသည္။ကေလးေပါက္စေလးေတြကို သူတအားေတြခ်စ္ေနတာ။သားညီေလးညီမေလးဆိုတာပါးစပ္ကမခ်။

Geoနဲ႕တိမ္ေငြ႕က စားဖိုေဆာင္ထဲမွာသြားရႈပ္ေနတာျဖစ္ရမည္။ၿခံထဲကအသီးမွန္သမွ်သြားခူးၿပီး ရွိသမွ်လူတိုင္းစားဖို႔ျပင္ဆင္ေနတာပုံမွန္လိုျဖစ္ေနၿပီ။ကေလးေတြအိပ္ေနလို႔ခ်ီခ်ိန္မရေသးလို႔ထြက္သြားတာလည္းပါတာေပါ့။မဟုတ္ရင္ေနာင္းညိုရယ္ကိုကိုရယ္သူတို႔ႏွစ္ေယာက္ရယ္ကေလးလုခ်ီေနက်။

“အိပ္သြားၿပီထင္တယ္ ကိုကို႔ကိုေပး ငယ္ေညာင္းေနလိမ့္မယ္”

“ရတယ္ကိုကို ခဏေစာင့္လိုက္အုံး ကိုကို႔သမီးကလူလည္ လက္ေပၚကခ်ရင္တန္းငိုမွာ ငယ္ငယ္အဆင္ေျပပါတယ္ ခဏေလာက္ခ်ီထားလိုက္အုံးမယ္”

ျမတ္နိုးမဝသလို တစိမ့္စိမ့္ေငးရင္း လက္ထဲကမခ်သဴက မိဘျဖစ္ရတာကိုဂုဏ္ယူေနပုံရသည္။အားလုံးဆီကေန ကေလးေတြနဲ႕တန္းတူ ျပဳစုယုယခံေနရတာမို႔ ျပည့္ေနတဲ့မ်က္ႏွာေလးကပိုျပည့္လာကာ ပိုေတာင္ႏုနယ္လာသလိုပင္။တစ္သားေမြး တစ္ေသြးလွဆိုသလို အရင္ကထက္ပိုလွလာတာက ကေလးႏွစ္ေယာက္အေဖဆိုတာမယုံခ်င္စရာေလး။

ငယ္ကသမီးေလးကိုငုံ႕ၾကည့္ရင္းၿပဳံးေနခ်ိန္ သူကငယ့္အၿပဳံးကိုေငးရင္းၿပဳံးသည္။ငယ့္အၿပဳံးဟာဗိုင္းရပ္စ္တစ္မ်ိဳးဆို ကိုယ္ဟာကူးစက္ခံလူနာတစ္ေယာက္……

………………..

“ကိုCean သမီးကမအိပ္ဘူးလား”

မနက္ႏွစ္နာရီ Geoေရထေသာက္ေတာ့ ဧည့္ခန္းထဲသမီးေလးကိုခ်ီၿပီးလမ္းေလွ်ာက္သိပ္ေနတဲ့ကိုCeanကိုေတြ႕သည္။ညတိုင္းလိုလို အခန္းထဲကထြက္လာကာ ကေလးေခ်ာ့သိပ္ေနက်မိဳ႕ သိပ္ေတာ့မထူးဆန္းေတာ့

“ဟုတ္တယ္ လူဆိုးမေလးကဂ်စ္တိုက္ေနတာ ငယ္ငယ့္ကိုအိပ္ေရးပ်က္မွာဆိုးလို႔ အျပင္ထြက္ေခ်ာ့ေနရတာ ငယ္ကခုမွအိပ္ေပ်ာ္သြားတာမလို႔”

“ကြၽန္ေတာ္ကူေခ်ာ့မယ္”

“ရပါတယ္ကြာ ခုအိပ္သြားၿပီ မင္းလည္းသြားအိပ္ေတာ့ မနက္ျဖန္အလုပ္ရွိတယ္မလား”

“ဟုတ္…ကြၽန္ေတာ္ေမႊးအုံးမယ္”

ေျပာရင္းအိပ္ေပ်ာ္ေနတဲ့သူ႕တူမကို အသာနမ္းၾကည့္ၿပီးအခန္းဘက္ျပန္လွည့္သြားေလသည္။သူကေတာ့အခန္းထဲသာေတာင္ေလွ်ာက္ေျမာက္ေလွ်ာက္ဆက္ေလွ်ာက္ျဖစ္သည္။မပီမသသားေခ်ာ့ေတးတစ္ခ်ိဳ႕ကိုလည္းတိုးတိုးညည္းရင္းေပါ့။

………………

“ေငြ႕နိုးလာတာလား”

အိပ္မႈန္စုံမႊားကုတင္ထက္ထိုင္ေနသူက ဆံႏြယ္ေတြကပိုကယိုျဖင့္ ညအိပ္မီးေရာင္မွိန္မွိန္ေအာက္ တစ္ေရးနိုးေတာင္ၾကည့္ေကာင္းတုန္း။

“ဘယ္သြားတာတုန္း”

“မေန႕ညကအခန္းထဲေရမထည့္ထားမိလို႔ ဧည့္ခန္းထဲေရထြက္ေသာက္တာ”

“အြန္း အိပ္ရေအာင္”

အိပ္ယာထက္အတူျပန္လွဲခ်ရင္း မ်က္ႏွာခ်င္းဆိုင္မိၾကသည္။တစ္ေယာက္မ်က္ဝန္းတစ္ေယာက္ၾကည့္ရင္း အိပ္ခ်င္စိတ္ေတြလြင့္ျပယ္ကုန္တာမို႔ ကိုယ့္မ်က္ဝန္းထဲကသူ႕ပုံရိပ္ေတြပိုၾကည္လင္လာရသည္။

“ကိုCean နဲ႕ေတြ႕လာတာလား”

“အြန္း သမီးမအိပ္လို႔ အျပင္ထြက္ေခ်ာ့ေနတာ”

ညတိုင္းလိုလိုကေလးထြက္ေခ်ာ့ေနက်ကိဳCeanအေၾကာင္းကိုသိေနတာမို႔ ဒီအတိုင္းစကားစရွာလာျခင္းသာ။

“ပထဝီ”

“ဗ်ာ”

“ေနာင္တရလား”

“ဘာအတြက္လဲ”

“ကိုယ့္ကိုခ်စ္မိလို႔”

အေမးဆိုလာသူရဲ႕ပါးျပင္ကို လက္ေခ်ာင္းေတြျဖင့္ဖြဖြထိေတြ႕ရင္းမွ မ်က္ဝန္းထဲေသခ်ာၾကည့္လို႔ ရင္တြင္းစကားကိုဖြင့္ဆိုမိသည္။

“ကိုယ္ေရးခဲ့တဲ့ ကိုယ့္သမိုင္းစာမ်က္ႏွာေတြမွာ ေငြ႕နဲ႕သက္ဆိုင္တာေတြမွန္သမွ် ေနာင္တဆိုတဲ့စကားလုံးကိုဖယ္ထုတ္ထားၿပီးသား ေ႐ြးခ်ယ္ခြင့္ေပါင္းမေရမတြက္ရွိနိုင္မယ္ဆိုရင္ေတာင္ ေငြ႕ကိုခ်စ္ဖို႔ပဲကိုယ္ေ႐ြးခ်ယ္ခဲ့အုံးမွာ”

“မင္း…ကေလးခ်စ္တတ္တယ္မလား”

“အဲ့ေတာ့ဘာျဖစ္သလဲေငြ႕ ကေလးခ်စ္တတ္တာနဲ႕ပဲ ကေလးမရနိုင္တဲ့အိမ္ေထာင္ေရးတစ္ခုကိုေနာင္တရေနရမွာလား ကိုယ္အေသအခ်ာသိရက္နဲ႕ေလွ်ာက္ခဲ့တဲ့လမ္းမွာျဖစ္နိုင္ေျခအားလုံးကိုသိခဲ့ၿပီးသားေလ အဲ့အရာေတြအားလုံးထက္ေငြ႕ကကိုယ့္အတြက္မရွိမျဖစ္မို႔လို႔ ပိုင္ဆိုင္ခြင့္ရဖို႔ႀကိဳးစားခဲ့တာပါ ကေလးခ်စ္တတ္ေတာ့ေရာဘာျဖစ္လဲ ကိုယ္ခ်စ္တာကေလးေပါက္စေလးေတြပဲေလ ႀကီးျပင္းလာတဲ့ကေလးတစ္ေယာက္ကိုအုပ္ထိန္းဖို႔ ကိုယ့္မွာယုံၾကည္ခ်က္မရွိဘူး အဲ့ေတာ့ခ်စ္ခ်င္ရင္ကိုCeanကေလးေတြကိုခ်စ္မယ္ ကိုလတ္သားေလးကိုခ်စ္မယ္ စိတ္မရွည္တဲ့အခ်ိန္ၾကရင္ သူတို႔မိဘလက္ထဲထိုးထည့္ၿပီးေငြ႕ဆီမွာကေလးလုပ္မယ္ ျပည့္စုံေနတဲ့ဘဝတစ္ခုပဲဟာ ဘာေတြလိုေနေသးလို႔လဲ”

“မင္းပဲအေျပာေကာင္း”

ညအိပ္မီးအလင္းမႈန္ဝါးဝါးေအာက္ ေငြ႕အၿပဳံးတစ္ခ်က္ကလင္းခနဲ။

“ကိုယ္အမွန္အတိုင္းေျပာေနတာ ဘာလဲ ေငြ႕ဘက္ကေနာင္တရေနတာလား”

“ဘယ္လိုလုပ္ၿပီးျဖစ္နိုင္မွာလဲ ကိုယ့္အနာဂတ္ေန႕ရက္ေတြထဲမွာ ကေလးေတြပါတဲ့မိသားစုတစ္ခုဆိုတာမရွိခဲ့ဖူးဘူး တစ္ကိုယ္ေကာင္းဆန္တယ္လို႔ပဲေျပာေျပာ ခ်စ္တဲ့သူနဲ႕ႏွစ္ေယာက္တည္းအိုမင္းခ်င္႐ုံကလြဲၿပီး ဘာအႏွောင္အဖြဲ႕ကိုမွမမက္ေမာခဲ့ဘူး ခ်ည္ႏွောင္မႈေတြေၾကာင့္ၿမဲတဲ့အိမ္ေထာင္ေရးထက္ ႏွစ္ကိုယ္တူခ်စ္ျခင္းေတြေၾကာင့္ၿမဲတဲ့အခ်စ္ခရီးလမ္းေလးတစ္ခုကိုလိုခ်င္႐ုံပဲ”

“ကိုယ္တို႔ႏွစ္ေယာက္ကအေတြးေတြခံစားခ်က္ေတြတူေနတာပဲ အဲ့တာေၾကာင့္ေျပာၾကတာေနမွာ အသြင္တူမွအိမ္သူျဖစ္တာတဲ့”

“အြန္း မင္းကငါ့အိမ္သူေလး”

သူ႕ႏွာေခါင္းကိုလာညွစ္ရင္း အသည္းယားသလိုဆိုလာေလသည္။

“ေငြ႕လည္းကိုယ့္အိမ္သူပဲေလ”

“ဘယ္သူေျပာလဲ လက္မထပ္ရေသးဘဲနဲ႕ဘယ္လိုလုပ္ၿပီးအိမ္သူျဖစ္မွာလဲ”

“မနက္ျဖန္လက္ထပ္ၾကမလား”

“ကိုယ့္ကိုျဖစ္သလိုလက္ထပ္မွာေပါ့”

“ေငြ႕ကိုအိမ္သူျဖစ္ေစခ်င္ေနၿပီ”

“မင္းကအိမ္သားေပါ့”

“ေငြ႕ကကိုယ့္အိမ္သား”

“ကိုယ္ကပိုႀကိဳးစားရမယ္ေပါ့”

စကားအထအနေတြလိုက္ေကာက္ကာ က်ီစားေနသူကိုၾကည့္ၿပီး သူ႕မ်က္ဝန္းေတြအပူမီးတစ္ခ်ိဳ႕ေလာင္ကြၽမ္းလာသလိုပင္။

“အတူတူႀကိဳးစားမယ္ေလ အခုေရာႀကိဳးစားၾကမလား”

ခပ္ရွရွသူ႕စကားသံက ဘယ္ကိုဦးတည္ေနလဲသိေနတာမို႔ လက္ျပန္႐ုပ္ၿပီးမ်က္လုံးမွိတ္သြားေလသည္။

“ဘယ္အခ်ိန္ရွိေနၿပီလဲ ေလွ်ာက္မေတြးနဲ႕အိပ္ၾကရေအာင္”

“ႀကိဳးစားခ်င္တယ္လို႔”

“ေနာက္ေန႕မွ”

“အခုႀကိဳးစားမွာ ေငြ႕မႀကိဳးစားခ်င္ရင္ကိုယ္ႀကိဳးစားလိုက္မယ္ေလေနာ္”

စကားအဆုံးလက္ေတြကေစာင္ေအာက္တိုးဝင္လို႔ တစ္ေနရာဆီေျခဆန့္သည္။

“ကိုယ့္ကိုအထင္ေသးတာလား”

“မဟုတ္ပါဘူး ကိုယ့္ႀကိဳးစားနိုင္စြမ္းကိုေငြ႕လည္းအသိအမွတ္ျပဳၿပီးသားနဲ႕ အခုကိုယ္ႀကိဳးစားလိုက္မယ္ေလေနာ္ မနက္ျဖန္ေငြ႕ကိုျပန္ႀကိဳးစားခိုင္းမယ္”

“အိပ္ခ်င္ေနၿပီေလကြာ”

“အိပ္ခ်င္အိပ္လိုက္ ကိုယ္ညင္သာပါ့မယ္”

တေ႐ြ႕ေ႐ြ႕တိုးကပ္ရင္းႏႈတ္ခမ္းထက္တစ္ခ်က္နမ္းေတာ့ ဟြန့္ခနဲႏွာမႈတ္ေလသည္။

“မင္းစကား အ႐ူးပဲယုံမယ္”

“ေငြ႕မ႐ူးမွန္းကိုယ္သိပါတယ္ ကိုယ္ကသာအ႐ူး”

ေျပာရင္းအုပ္မိုးလိုက္တဲ့သူ႕ကို မတြန္းဖယ္လာ။နမ္းရွိုက္သံေတြအခန္းထဲပ်ံ့လြင့္ေနေပမယ့္ ဘယ္သူမွဂ႐ုမစိုက္ျဖစ္။Alphaႏွစ္ေယာက္ရဲ႕ေတာက္ေလာက္မႈေတြခ်ဳပ္ၿငိမ္းဖို႔ အနည္းဆုံးေတာ့မိုးလင္းေတာ့မွာေပါ့…….

##################

ၿငိမ္း🌞🌻

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅၃, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅၃, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅၃ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅၃ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅၃ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅၃ light novel, ,

Comment

Leave a Reply

Chapter 54