Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅၄

A+ A-

“ကိုကိုရေ”

“တိုတိုယေ”

“ကိုကို့”

“တိုတို့”

“လှိုင်းရေလွှာငယ်”

“ချင့်”

“ဘာရှင့်လဲ ထူးခိုင်းနေတာမဟုတ်ဘူး”

“ပါပါးကယဲ”

“ပလီပလာတွေတတ်မနေနဲ့ ပါပါးကိုစစရာလား”

“ပါပါးကိုရှစ်ရို့ ယွှာငယ်ကရှစ်ရို့”

“လူဆိုးမလေး”

ရင်ခွင်ထဲဇွတ်တိုးဝင်နေတဲ့အတတ်မလေးကိုပါးတွေလိုက်နမ်းတော့ တခစ်ခစ်နဲ့သဘောတွေကျနေတာ။သုံးနှစ်ကျော်နေပြီဖြစ်တဲ့သမီးလေးကသူ့အစ်ကိုထက်လူပိုကပ်သည်။အရမ်းလည်းချွဲတတ်သည်။

သားကခပ်တည်တည်အေးစက်စက်လေးဆိုပေမယ့် ငယ်ငယ်နဲ့ဆိုရင်တော့အမြဲပြုံးနေတာပါးချိုင့်လေးတွေပါပေါ်သည်အထိ။ကိုကိုကလည်းအရမ်းအလိုလိုက်သည့်အပြင် ဦးလေးတွေရဲ့အသည်းကျော်လေးတွေလည်းဖြစ်တာမို့တစ်ခါတစ်လေသိပ်ဆိုးပါသည်။

“ငယ် ကိုကို့ကိုခေါ်သေးလား”

သားကိုပွေ့ရင်းရောက်လာတဲ့ကိုကိုက အိမ်နေရင်းအင်္ကျီလက်ပြတ်၊ခပ်ပွပွဒူးထိဘောင်းဘီတစ်ထည်နှင့်။သေချာပုံမသွင်းထားတဲ့ဆံနွယ်တွေကလေနှင့်လွင့်ပါထားတာမို့ ခေါင်းထက်မှာကပိုကယို။ပါးသိုင်းမွေးခပ်ရေးရေးနှင့်အတူ နှုတ်ခမ်းမွေးငုတ်စိလေးတွေပါထွက်နေတာမို့ ယောကျာ်းဆန်မှုဟော်မုန်းတွေကပတ်ဝန်းကျင်ကိုလွှမ်းမိုးထားလေသည်။

သားကိုလက်တစ်ဖက်တည်းနှင့်ပွေ့ထားပြီး ကျန်တစ်ဖက်က သစ်သီးခြင်းကိုမထားတာမို့ လက်ပြတ်ဝတ်ထားလို့ထင်းထွက်နေတဲ့လက်မောင်းကြွက်သားတွေက အားကိုးချင်စရာ။ညိုစိမ့်စိမ့်အသားအရေမှာချွေးစပါးပါးတစ်လွှာကကပ်တွယ်နေသေးသည်။

“ငယ်”

“ညယ်”

“ဟမ်…”

ကိုကိုခေါ်သလို မပီကလာပီကလာလိုက်ခေါ်တဲ့သားဖြစ်သူအသံကြားမှ ငေးကြည့်နေရာမှအသိပြန်ဝင်လာမိသည်။

“ဘာတွေအဲ့လောက်ကြည့်နေတာလဲကွာ”

“ကိုကိုကငေးကြည့်ချင်စရာကောင်းနေလို့လေ”

“ကလေးတွေရှေ့မှာ ကိုယ်အသည်းယားအောင်လုပ်ပြန်ပြီ”

ထိုင်နေတဲ့သစ်သားစင်မြင့်လေးထက်သစ်သီးခြင်းကိုတင်ရင်း မချင့်မရဲဆိုလာတဲ့ကိုကို့အသံက ခပ်ဩဩနှင့်ညှို့ဓာတ်ပါသည်။လက်ထဲကသားကိုအောက်ချပေးတော့ လွတ်နေတဲ့ငယ့်ပေါင်တစ်ဖက်တိုးဝင်လာလေသည်။

“ပါးကိုယွမ်း”

“လိမ်ပြန်ပြီ အသီးသွားခူးတာမှနာရီဝက်တောင်မရှိသေးတာကို ပါပါးကိုလွမ်းနေပြီပေါ့”

“လိမ်ဝူး”

“ဟုတ်ပါပြီဗျာ လခြေရာငယ်တို့ညီမလိုကပ်ချွဲတတ်လာပြီ”

“ပါးကိုရှစ်”

“ပါပါးကလည်းချစ်ပါ့ မွ”

“ပါပါး ယွှာငယ်ရော”

အစ်ကိုဖြစ်သူကိုနမ်းတော့ သူ့ကိုပါနမ်းစေချင်၍ကျန်တဲ့ပေါင်တစ်ဖက်ပေါ်တက်လာတာမို့ ပြုံးရင်းဆွဲနမ်းပစ်ရသည်။

“လွှာငယ်လေးကိုလည်းပါးကချစ်ပါ့မွမွ”

“ခစ်ခစ်”

ငယ့်ရင်ခွင်တစ်ဖက်တစ်ချက် ကပ်ချွဲနေတဲ့သားနဲ့သမီးကိုကြည့်ရင်း သူ့အပြုံးတွေကျယ်ပြန့်လာသည်။နှလုံးသားလေးသုံးယောက်ရဲ့အပြုံးအရယ်တွေနဲ့တင် သူ့ဘဝမှာနေရောင်မလိုအပ်တော့အောင်တောက်ပလွန်းနေပါသည်။

နွေရာသီမို့ ရာသီဥတုကအိုက်စပ်စပ်။Airconခန်းထဲအမြဲနေရင် ကျန်းမာရေးထိခိုက်ပါသည်ဟုအဆိုတင်သွင်းကာ ခြံထဲချည်းဆင်းချင်နေတဲ့ကလေးတို့ပါပါးအတွက် အရိပ်ကောင်းတဲ့နေရာတိုင်း ဒူးအထိစင်မြင့်လေးတွေဆောက်ထားပေးဖြစ်သည်။

ကလေးတွေရောမို့လက်ရန်းလေးတွေပါသေချာထည့်ကာ အကျယ်ကိုလည်းတတ်နိုင်သမျှချဲ့ထားပေးရသည်။မိုးရာသီအတွက်ပါရည်ရွယ်၍အမိုးပါမိုးပေးထားတာမို့ နေရောင်ထိမှာလည်းစိတ်မပူရတော့။

ချည်သားပွပွအင်္ကျီအဖြူရောင်က ပေါင်တစ်ဝက်ကျော်နေတာမို့အောက်ကဘောင်းဘီတိုပဲဝတ်ထားသူက ဆတ်ခနဲကြည့်လျှင် ဘောင်းဘီမဝတ်ထားသလိုမျိုး ခြေတံဖွေးဖွေးလေးတွေကဖြောင့်ဖြောင့်စင်းစင်း။

ကလေးမွေးခါစတုန်းကဖိုးဝရုပ်လေးလိုလုံးတစ်နေသမျှ သားနဲ့သမီးတစ်နှစ်အရွယ်လောက်မှာပြန်သေးသွယ်သွားတော့တာပဲ။ဘယ်လောက်စားစားပြန်မဝလာတော့သလို ဘယ်gymမှသွားမဆော့ဘဲကိုယ်ရည်စစ်သွားတာမို့ ဟိုအဖွဲ့ကတော့ကိုကြာနုလေးပါတဲ့။

အဲ့တာကြောင့်လည်း ကိုယ်ကရုပ်ရင့်လေသူကနုနေလေ အပြင်သွားရင်လူတိုင်းကသားအဖနှင့်တောင်မှားမှာစိုးရသည်။Skin Careတွေကတော့ခုချိန်ထိဂရုတစိုက်လိမ်းပေးရတုန်း။ကိုယ့်ပိုင်ဆိုင်မှုလေးလှတော့ တစိမ့်စိမ့်ကြည့်မဝတဲ့ကိုယ်လည်းအေးချမ်းရတာပေါ့။

“ပါပါးဖို့ ချတော်ဘယ်ယီတီးထူးယာရယ်”

“သားကတော်လိုက်တာ ဝါးးးးးအလုံးကြီးတွေချည်းပဲ”

“ဟုတ်ယယ် ကြီးယီးယေ ဖေရီးနဲ့ချာငယ်နဲ့ထူးယာယာ”

“ယွှာယဲချားချင်ယယ်”

အသီးခြင်းကိုကြည့်ကာ ဖအေဖြစ်သူကိုမော့ကြည့်တော့ ကိုကိုကအလိုက်တသိခြင်းကိုယူသွားလေသည်။

“စားရမှာပေါ့ဗျာ ဖေကြီးရေဆေးပေးမယ်နော် ခဏလေးစောင့်”

“ဟုတ်ဟုတ်”

“ဟုတ်ဟုတ်”

“ဟုတ်ဟုတ်”

လခြမ်းဖြေသလိုလိုက်ဖြေတဲ့နှစ်ယောက်က ခေါင်းလေးတွေပါညိတ်နေသေးတယ်။ကလေးသုံးယောက်ကိုကြည့်ကာပြုံးရင်းခေါင်းယမ်းလိုက်မိသည်။ပြီးမှအသင့်ရှိနေတဲ့ရေသန့်ထဲကို ခူးလာတဲ့စတော်ဘယ်ရီတွေထည့်ကာသေချာရေဆေးလိုက်သည်။

“ခြေရာငယ် ရေလွှာငယ် ဦးဂျိုလာတယ်”

“ဦးဂျို…သီးပါယား”

“ပါတယ် ယူလာပါတယ်ဗျာ”

“ယေးးးးး”

Geoနံမည်ကိုမပီကလာထွက်တာဦးဂျိုတဲ့။သူလာတိုင်းပန်းသီးစိမ်းတွေယူလာတတ်တာမို့ ကလေးတွေကမြင်တိုင်း အသီးပါလားချည်းပဲ။

“ဦးငွေ့ရော”

“အွန်း ဦးငွေ့ကောအတူတူလာတာ လာပါအုံးဗျာ ဦးငယ်ကအသည်းလေးတွေကိုလွမ်းနေတာ”

ပြောရင်းကလေးနှစ်ယောက်ကိုသိမ်းဖက်ကာပါးပြင်တွေကိုလိုက်နမ်းတော့ နှစ်ယောက်သားထွန့်ထွန့်လူးအော်ရယ်တော့တာ။

“ဦးဂျို ယားရယ်ရို့”

“ဘာမှမယားဘူး ဦးငွေ့ကမနက်ကမှမုတ်ဆိတ်ရိတ်ပေးထားတာ”

“ဖေရီးယေ ဦးဂျိုအရိုင်ကျင့်ယေယယ်”

“ဘယ်မှာအနိုင်ကျင့်လို့လဲ ချစ်လို့နမ်းတဲ့ဟာကို”

“ဦးငွေ့ ဦးဂျိုဂိုခေါ်”

မနိုင်တော့တိမ်ငွေ့ကိုတပ်ကူခေါ်လေသည်။ဘယ်သူ့ကိုနိုင်ဖို့ ဘယ်သူ့ကိုခေါ်ရမယ်မှန်းသိနေတဲ့နှစ်ယောက်သားကသိပ်တတ်တာ။

“စတော်ဘယ်ရီတွေပါလား ဘယ်သူခူးလာတာလဲ”

“ချာငယ်နဲ့ဖေရီး”

“ခြေရာငယ်လေးကတော်လိုက်တာ ဒယ်ဒီ့ကိုကူတတ်နေပြီပေါ့”

“ချတော်ဘယ်ယီ ပါပါးကြိုက်”

“သားပါပါးကြိုက်လို့သွားခူးလာတာပေါ့”

“ဟုတ်ဟုတ်”

ခေါင်းလေးတဆတ်ဆတ်ညိတ်ပြနေတဲ့တူလေးကို အသည်းယားစွာစချင်လာတာမို့ မေးခွန်းတွေစီတန်းမေးပစ်သည်။

“ပန်းသီးတွေကရော ဘယ်သူကြိုက်တာလဲ”

“ဦးဂျိုကြိုက်”

“ဒါဆိုခြေရာလေးကဘာသီးကြိုက်တာလဲ”

“အမ်.. ဂျဂျစ်သီး”

“လွှာငယ်လေးကရော”

“အဂုန်ကြိုက်ယယ်ရေ”

သူမမှားဘူးဆိုတဲ့အထာနှင့် မော့ကြည့်ကာဖြေလာတဲ့အစားပုတ်လေးကြောင့် သဘောတကျရယ်မောတော့သည်။

“ဟားဟားဟား ဟုတ်တယ်နော့ စားလို့ရတာတွေအကုန်ကြိုက်ရမှာပေါ့ လွှာငယ်အတော်ဆုံးပဲ”

“ဟီးဟီး”

“ပြောပါအုံး လွှာငယ့်ဖေကြီးကရောဘာကြိုက်လဲ”

“ဖေရီးကယား…..ဖေရီးကပါပါးဂိုကြိုက်”

“ဟားဟားဟားဟား….ကိုCeanတို့ကလေးရှေ့ဘယ်လောက်တောင်မဆင်ခြင်လို့ကလေးတောင်သိနေရတာလဲ”

“ဖေရီး ပါပါးဂိုကိုက်ဒယ်ဦးဂျို နမ်းယဲနမ်းဒယ် ယွှာ….ယွှာငယ်တို့နဲ့ယဲပေးအိပ်ဝူး”

“လွှာငယ်လေးတို့နဲ့ပေးမအိပ်ဘူးပေါ့”

“ဟုတ်ဟုတ် “

“အချစ်လေးဘာတွေလျှောက်ပြောနေတာတုန်း”

ငယ်ငယ်ကရှက်ရမ်းရမ်းကာလှမ်းထိန်းသော်လည်း သူကတော့သူမှန်တယ်ဆိုတဲ့အထာနှင့်ဆက်ပြောနေတုန်း။

“ဖေရီးကပါပါးဂိုရှစ်”

“ဟုတ်တယ်လေနော့ ဖေကြီးကပါပါးကိုချစ် ဦးဂျိုကရောဘယ်သူ့ကိုချစ်”

“ဦးငွေ့ဂိုရှစ်”

“ဦးဝိုင်းကရော”

“အမ်…ဦးချက်ရိပ်ဂိုရှစ်”

“ဦးဦးကျောက်စက်ကရော”

“ဦး…ဦးညောင်းညိုဂိုရှစ်”

“အတတ်ကလေးကွာ”

ပြောရင်းတူမဖြစ်သူကိုတမွမွလိုက်နမ်းနေလေသည်။

“လွှာငယ် ကိုကိုစပျစ်သီးတွေခူးလာပြီ”

တိမ်တိုက်လေးကစက်ရိပ်ပွေ့ထားတဲ့လက်ထဲကနေ စပျစ်သီးခြင်းလေးမြှောက်ပြလာလေသည်။

“ကိုကိုကျန်ရာဘီရား ယိမ်မော်တီးယောထူးရာရား”

“လိမ္မော်သီးကဒယ်ဒီ့ဆီမှာ ကိုကိုနဲ့ပါပါးကစပျစ်ခြံကပြန်လာတာ ရော့…ရေဆေးပြီးသား”

စက်ရိပ်အောက်ချပေးတော့ လက်ထဲကအသီးအကြီးဆုံးကို ညီနဲ့ညီမနှုတ်ခမ်းဆီခွံ့ကျွေးလာလေသည်။

“ကိုကိုတော်ဆုံး”

လူစုံလို့အားလုံးဝိုင်းထိုင်တော့ အသီးတွေကအလည်မှာအပြည့်။အိမ်ကကလေးတွေကငယ်ငယ့်ကိုတူတာထင်သည်။မုန့်တွေစားရတာထက် ခြံထွက်အသီးတွေစားရတာကိုပိုကြိုက်သည်။

သွားလေးတွေမစုံသေးတာမို့ ရှေ့သွားလေးတွေနှင့်တမြုံ့မြုံ့ဝါးစားနေရတာကိုပဲ သဘောကျနေကြတာ။

ပြီးတော့ခြံထဲကအသီးခြံလေးတွေကလည်း အမြဲဂရုစိုက်နေလို့လားမသိ တစ်နှစ်ပတ်လုံးသီးနေတာမို့ အံ့ဩရသည်။သူများခြံတွေကရာသီအလိုက်သာသီးတတ်ကြပေမယ့် ငယ်ငယ်တို့ခြံကတော့အသီးမပြတ်။

စိုက်ထားသမျှပန်းတွေလည်းထိုနည်းတူပင်။စံပယ်ခင်းဆိုအမြဲပွင့်နေတတ်တာမို့ တစ်ခြံလုံးစံပယ်ရနံ့တွေသင်းနေတတ်သေးသည်။သားနှင့်သမီးတင်မက တိမ်တိုက်လေးကပါသဘောတကျအခင်းထဲပြေးလွှားဆော့နေတတ်သေးတာ။

“လူစုံနေပြီလား နည်းနည်းနောက်ကျသွားတယ်ဗျာ သတင်းကောင်းစောင့်နေလို့”

“ကို”

“ကိုယ်ဘာပြောရသေးလို့လဲကွာ လာထိုင်”

ပင်ထနောင်းညိုလက်ကိုဆွဲပြီးရောက်လာတဲ့ကျောက်စက်မျက်နှာက နေရောင်အောက်ကပန်းပွင့်ကြီ၏လိုတောက်ပနေတာပဲ။ဟိုတစ်ယောက်မျက်နှာကခပ်ရဲရဲကိုမှနားရွက်ကလေးတွေပါရဲနေသေးသည်။

“ဦးညောင်းညိုညေကောင်းတွားဘီယား”

“ဟုတ်သား ရေလွှာလေးကမှမေးတတ်သေးတယ် မေးနေတယ်ဖြေလိုက်အုံးလေ”

လွတ်တဲ့နေရာဝင်ထိုင်လိုက်ရင်း ဘေးကလူကိုလဲခပ်နောက်နောက်လေးပြုံးပြီး စနေသေးသည်။ကျောက်စက်ကိုမျက်စောင်းထိုးပေမယ့် ကလေးကိုတော့အပြုံးနှင့်သာဖြေလာလေသည်။

“ကောင်းသွားပါပြီဗျာ”

“နောင်းညိုတကယ်ရောကောင်းရဲ့လား အဖျားရှိနေတာလားမသိဘူး မျက်နှာတွေရဲနေတယ်”

“ဟုတ်သားပဲ ဆေးရုံတော့မလာဘူးဘာဖြစ်တာလဲစစ်ဆေးကြည့်ရအောင် ဒါမှမဟုတ် ကိုCeanဆေးရုံမှာပဲစစ်ကြည့်မလား”

“မ..မလိုဘူးရတယ် စစ်လာပြီဘာမှမဖြစ်ဘူး”

“စစ်ကြည့်လာပြီလား ဘယ်မှာစစ်လာတာလဲ”

“မနက်ကမူးလဲနေလို့ နီးစပ်တဲ့ဆေးခန်းမှာဝင်စစ်လိုက်တာ”

Horizonအမေးကိုဝင်ဖြေလာတာက ကျောက်စက်။

“မူးလဲတာ ဘယ်လိုဖြစ်ရတာလဲ အစားပုံမှန်မစားလို့လားအိပ်ရေးပျက်လို့အားနည်းနေတာလား”

“မဟုတ်ပါဘူးဗျာ လဲသင့်တဲ့အချိန်မလို့လဲသွားတာပါ အဟွန်း”

“လဲသင့်တဲ့အချိန်”

“အဟွတ်…အဟွတ်”

မျက်နှာတွေတင်မကနားရွက်တွေပါနီသည်အထိနောင်းညိုကိုကြည့်ပြီး ကိုကျောက်စက်အဖြေကိုဘာမှန်းမသိသေး။

“ကိုကျောက်စက်တို့ စိတ်မပူပဲပြုံးဖြီးနေပုံထောက်ရင် သတင်းကောင်းကြားရတော့မယ်ထင်တယ်”

“အဟွန်း”

Geoအမေးကိုဂုဏ်ယူပြုံးကြီးဖြင့်ရယ်ပြီလာတဲ့ကျောက်စက်လက်မောင်းအား နောင်းညိုကဖြန်းခနဲရိုက်လေသည်။

“တကယ်ကြီးလား”

“ဟုတ်ပါ့ဗျာ”

“ကိုကို့ သူတို့ဘာပြောနေကြတာလဲ”

တစ်ယောက်တည်းနားမလည်ဖြစ်နေတဲ့ငယ်ငယ်က ကိုကို့ကိုသာကပ်မေးဖြစ်သည်။

“တိမ်တိုက်လေးရယ် သားနဲ့သမီးရယ်အတွက် ကစားဖော်တွေထပ်ရတော့မယ်လို့ပြောတာ”

“ကစားဖော်……. အယ် နောင်းညိုဗိုက်ကြီး နေတာလား”

“လခြမ်း”

“ဟားးဟားဟားးးး”

အံ့ဩတကြီးလွှတ်ခနဲအော်ချလိုက်သောငယ်ငယ့်ကို နောင်းညိုကရှက်ရမ်းရမ်းကာအော်လေသည်။

“ဦးညောင်းညို ဖေ့ဂိုအော်နက်”

“ဟုတ်တယ် ဦးငယ်ငယ်ကိုမအော်ပါနဲ့”

ရေလွှာလေးနဲ့တိမ်တိုက်က နောင်းညိုကိုမကျေမနပ်ပြန်အော်တော့သည်။

“အံမယ် တိမ်တိုက်စက်ဝိုင်းတို့သူ့ဦးလေးကိုချစ်တတ်နေလိုက်တာ “

“ကိုကျောက်စက်တကယ်ကြီးလား”

“ဟုတ်တယ်ဗျာ သုံးလတောင်ကျော်နေပြီ”

“အဲ့တာကြောင့်သူကျွန်တော့်ကိုရှောက်သီးတွေချည်းသုပ်ကျွေးခိုင်းနေတာ”

“လခြမ်းနော်လျှောက်ပြောမနေနဲ့ တစ်ခါလေးသုပ်ပေးခိုင်းတဲ့ဟာကို”

“နောက်နေ့စားချင်တာပြော အကုန်လိုက်ဝယ်ကျွေးမှာ”

ကျောက်စက်ကမြတ်နိုးမဝသလိုကြည့်ရင်း ဆုပ်ကိုင်ထားတဲ့လက်လေးကိုလည်းဖျစ်ညှစ်လိုက်သေးသည်။

“ဦးလေးတို့ရောသိပြီးသွားပြီလား”

“ဒီမလာခင်တစ်ခါတည်းအကြောင်းကြားခဲ့တယ် အိမ်မပြန်ခင်ဝင်ခဲ့အုံးတဲ့ အမေကဘာတွေမှာအုံးမလဲမသိပါဘူး”

“သိသင့်တာတွေပြောပြမလို့နေမှာ”

နွေရာသီရဲ့နေရောင်ကသစ်ရွက်တွေကြားထိုးဖောက်လို့မြေပြင်ထက်​ခြေချသည်။ရယ်မောသံတွေဝေစည်နေတဲ့ဒီရပ်ဝန်းလေးကတော့ ကမ္ဘာပေါ်ကနိဗ္ဗာန်ငယ်လေးလို အေးချမ်းသာယာလို့………….

………………..

“ပါပါး အချဲမှာဘာချိရို့ရဲ”

“ပါပါးလည်းမသိဘူး”

“တော့ကဖေရီးရှီမှာယား”

“ဟုတ်တယ်”

“ပါပါးတိချင်ယင် ချာငယ်တွားတောင်းရိုက်မယ်ယေ”

“သားအဖတစ်တွေဘာတွေလုပ်နေကြတာလဲ”

သားအဖသုံးယောက် အိပ်ခန်းထောင့်ကမီးခံသေတ္တာရှေ့ထိုင်ရင်း တွတ်ထိုးနေတာမို့ သူဝင်လာရင်းမေးရသည်။

“ကိုကို ဒီအထဲမှာဘာရှိလဲ”

မီးခံသေတ္တာဆီလက်ညှိုးလေးညွှန်ပြပြီးမေးလာတာမို့ သူသတိကပ်သွားရသည်။

“အာ……. အဲ့တာက…အဲ့တာက​လေ”

ရုတ်တရတ်သတိရမိသွားတဲ့အရာကြောင့် ပြောပြမယ့်စကားတွေမထွက်လာတော့ဘဲ စကားလမ်းကြောင်းလွှဲဖို့ရှာရသည်။

“ကိုကိုတစ်ခုခုဖွက်ထားတာမလား”

“ဟုတ်ဒယ်…ဖေရီးဖွက်ထားရာ”

“သော့ပေး”

“အဲ့တာကလေ… ငယ်”

“ကိုကိုဘာမဟုတ်တာတွေသိမ်းထားတာလဲ”

“အရေးမကြီးပါဘူးငယ်ရဲ့ ကိုကိုတို့အပြင်ထွက်ကြမယ်လို့ပြောထားတာလေ သွားကြရအောင်တော်ကြာနောက်ကျနေလိမ့်မယ်”

“သော့ပေးပါဆို ကိုကို”

“တော့ပေးရို့ တိုတို”

“ငယ်ကကွာ”

“ရတယ်မပေးနဲ့ပေါ့ ငယ်ကကိုကို့အတွက်အဲ့ပစ္စည်းလောက်မှအရေးမပါတာ”

ပြောရင်းတစ်ဖက်ကိုမျက်နှာလေးလွှဲသွားလေသည်။

“အဲ့လိုမဟုတ်ပါဘူးကွာ”

“ဟုတ်တယ် ဟုတ်လို့ပဲဖွင့်မပေးနိုင်တာပေါ့ ငယ့်ဘာသာစိတ်ဆိုးဆိုး စိတ်မကောင်းပဲဖြစ် ဖြစ်ဆိုပြီးတော့ ပြောမပြချင်နေတာလေ”

“​ဟုတ်ဒယ်ယေ ပါပါးရှိတ်ရှိုး…ဖေရီးကောင်းဝူး”

“ဒေါ်လှိုင်းရေလွှာငယ်ရယ် အမှုပိုကြီးအောင် ရန်တိုက်မပေးပါနဲ့လား”

“ယွှာမှန်ဒယ် ဖေရီးကောင်းဝူး”

“လခြေရာငယ် ညီမကိုသိပ်ချစ်တတ်နေတယ်ပေါ့”

“ကလေးတွေကိုပြောမနေနဲ့ ကိုကိုကမှန်နေလို့လား”

“ငယ်ကလဲကွာ”

“တော်ပြီကိုကို့ဘာသာဘယ်သွားသွား သွားချင်တဲ့နေရာသွား ဘယ်မှမလိုက်ဘူးအိပ်တော့မှာ”

“စိတ်မကောက်နဲ့နော် ကိုကိုဖွင့်ပေးမယ် “

“ဖွင့်ပေးအခု”

မျက်နှာလေးဆူပုတ်ကာ မျက်စောင်းလေးနဲ့ကြည့်လာတာမို့ Password ထည့်ပေးလိုက်ရသည်။မြင်လိုက်ရတဲ့ကတ္တီပါစနီနီလေးကိုကြည့်ပြီးသူ့နှလုံးခုန်နှုန်းတွေပိုမြန်လာရသည်။

အိတ်လေးကိုဆွဲထုတ်ပြီး အထဲကပစ္စည်းတွေဆွဲထုတ်ပြီးတော့ ငယ့်မျက်ဝန်းတွေမယုံနိုင်သလိုဖြစ်သွားလေသည်။

“ကိုကိုဒါတွေက”

ဗေဒါနုရောင် Pajamaလေး စတော်ဘယ်ရီ Key Chainနှင့်ငယ့်ဓါတ်ပုံလေးတွေကအစီအရီ။သူအရှက်ပြေချောင်းတစ်ချက်ဟန့်ရင်း ဂုတ်ပိုးထက်လက်နှင့်ပွတ်ကာမျက်နှာကိုဟိုဘက်လွှဲမိသည်။

“ကိုကို့ ရှင်းမပြချင်ဘူးလား”

ရယ်မြူးရိပ်လေးတွေဆင်ယင်ထားသည့် အသံကြည်ကြည်လေးကနားစည်ကိုခလုတ်တိုက်ကာ နှလုံးသားမှတစ်ဆင့်လက်ဖျားတွေပါကတုန်ကယင်ဖြစ်လာစေသည်။

“ကိုကို”

“တိုတို”

“တိုတို”

“မြင်နေတဲ့ဟာကို ဘာတွေရှင်းပြရအုံးမှာလဲငယ်ရဲ့”

ခပ်တိုးတိုးလျှောက်လဲချက်ကိုသူလေးကလက်မခံ။အဖြေမှန်ကိုသာမရမကမေးလေ သည်။

“ဒါတွေကဘယ်လိုလုပ်ပြီး ကိုကို့မီးခံသေတ္တာထဲရောက်နေတာလဲ”

“ကိုယ်အမြတ်တနိုးသိမ်းထားလို့ပေါ့”

“ဒါတွေကိုသိမ်းထားတယ်ပေါ့”

“အဲ့တာအကုန်ငယ့်ပစ္စည်းတွေချည်းပဲလေ မသိမ်းထားဘဲနေမှသာငယ်ကစိတ်ဆိုးရမှာ”

“ငယ်စိတ်မဆိုးပါဘူး သိချင်တာတစ်ခုကဘယ်တုန်းကတည်းကသိမ်းထားတာလဲ”

“ငယ်ကိုယ့်ဆီကထွက်ပြေးသွားတုန်းကလေ မတွေ့ရရင်မနေနိုင်လို့အခန်းထဲထိဝင်ရှာတာ ငယ့်ကိုမတွေ့တာနဲ့ ငယ်နဲ့သက်ဆိုင်တဲ့ပစ္စည်းတွေပဲယူလာလိုက်တာ”

“ကိုကိုကနှာဘူးကြီးနဲ့တူနေပြီ”

“ဟုတ်တယ်လေ ငယ့်ကိုဘူးမယ့်နှာဘူးအကြီးစားကြီး”

“နှာဘူး ဖေရီး”

သမီးကနှာခေါင်းလေးရှုံ့ကာလက်ညှိုးလေးထိုးပြီးပြောလာတာမို့ နှာခေါင်းလေးကိုဆွဲညှစ်ပစ်မိသည်။

“ဘာနှာဗူးဖေကြီးလဲ ခုနလေးတင်နှစ်ယောက်ပေါင်းပြီး မင်းတို့ပါပါးအတွက်ရန်လုပ်နေသေးတာမလား”

“ဖေရီးကိုရှစ်”

“အပလီတုံးလေး”

“သွားကြတော့မလားကိုကို”

“စောနပြောတော့အိပ်မလို့ဆို”

“စတာကို”

“ချတာဂို”

“သုံးယောက်ပေါင်းပြီး ခြွေနေလိုက်ကြ”

“သွားကြမယ်”

“တွားဂျမယ် ဖေရီးပွေ့”

လက်လေးဆန့်ထုတ်ကာမော့ကြည့်လာပုံက ခုနရန်တိုက်ပေးနေတာသူမဟုတ်သလိုပဲ။

“မပွေ့ချင်ပါဘူး ဖေကြီးကိုမချစ်တဲ့သူကိုမပွေ့ချင်ဘူး”

“ယွှာရှစ်တယ်ယေ ဒဂယ်ရှစ်တာရို့ ဖေရီး”

လည်ပင်းကိုသိုင်းဖက်ကာဇွတ်ကုတ်ကပ်တက်နေတာကို မပွေ့ဘဲထားတော့ ချစ်တယ်ဆိုပြီးချွဲလာလေသည်။

“မယုံပါဘူး စောနလေးတင်လူကိုကန့်လန့်တိုက်နေတာဘယ်သူလဲ”

“အာ့ကိုကိုချာငယ် ယွှာဟုတ်ဝူး”

“ခြေရာငယ် ညီမလေးပြောတာဟုတ်လား”

“ဟုတ်ရယ် ချာငယ် ယွှာဟုတ်ဝူး”

“ညီမဖြစ်သူကိုအရမ်းတွေကာပေးတတ်နေတယ်ပေါ့”

“ယွှာက.. ယွှာက တားညမယေး တားကကာကွယ်ပေးမှာ”

“သားညီမလေးကိုကာကွယ်ပေးလို့ရတယ် သူလိမ်နေရင်သားကဖုံးပေးလို့မရဘူးလေ”

“ယွှာနဲ့တားကဖေရီးကယေးယေးယေ ချရို့နောက်ရို့အရဝူးယား”

“ဖေကြီးကစစရာကောင်းနေတယ်ပေါ့”

“ရှစ်ရို့ချရာပါ အရှစ်ရင်ယှဲ့တောင်အကျိဝူး”

“ချစ်လို့စပေးလို့ကျေးဇူးတင်ပါတယ်ဗျာ အလည်လေးတွေနှစ်ယောက်လုံးကိုပွေ့ပေးပါမယ်ဗျာ”

“ဖေရီးကိုရှစ်”

တစ်ဖက်တစ်ချက်ပွေ့ချီထားတဲ့လက်ထဲကနေ ပါးပြင်ကိုလည်းလိုက်နမ်းနေသေးသည်။

“ပါပါးချူးရယ်”

ငုတ်စိလေးတွေထွက်နေတဲ့ပါးသိုင်းမွေးတွေကိုထိရင်း သူတို့ပါပါးကိုလှည့်ပြောနေတာ။မုတ်ဆိတ်မွေးပါးသိုင်းမွေးတွေသူတို့ပါပါးရိတ်ပေးနေကျမှန်းသိနေတာကိုး။

“ဟုတ်ပါပြီ မနက်ဖြန်ကျပါပါးရိတ်ပေးလိုက်မယ်ဟုတ်ပြီလား”

“ဟုတ် တွားမယ် လည်လည်တွားမယ်”

တက်ကြွနေတဲ့သားနဲ့သမီးကိုပွေ့ရင်း သူ့ရှေ့မှထွက်သွားသူကြောင့် ပစ္စည်းတွေမီးခံသေတ္တာထဲပြန်ထည့်ရင်း နောက်ကလိုက်ဖို့ပြင်ရသည်။တကယ်ပါပဲ ဒီလိုပစ္စည်းလေးတွေကိုတောင်ခိုးယူလာရတယ်လို့။

အတိတ်ကအကြောင်းတွေပြန်တွေးရင်းသူ့နှုတ်ခမ်းစွန်းတွေမြင့်တက်ကုန်သည်။ထင်ခဲ့တဲ့အခြေအနေ သိခဲ့တဲ့အကြောင်းအရာတွေနဲ့ဆန့်ကျင်ဘက်တွေမို့ သူ့ကိုယ်သူတောင်မယုံကြည်ခဲ့တဲ့နေ့တစ်ချို့ပေါ့လေ။

“ငယ် သွားရအောင်လေ”

“ပါပါး ယာခဲ့”

တံခါးဝမှာနောက်လှည့်ကြည့်ရင်းခေါ်နေတဲ့သက်ဆိုင်သူလေးတွေက ရုန်းလို့မထွက်နိုင်တဲ့နှောင်ကြိုးလေးတွေ။

ဘဝအရင်းတစ်ခုလုံးကိုအတိတ်မှာချန်ခဲ့ပြီး ဝင်ကစွပ်လိုဘဝမျိုးနဲ့အနာဂတ်ကိုဖြတ်သန်းဖို့ နောင်တတွေမရှိတော့။ကံကြမ္မာကပေးအပ်လာတဲ့ချစ်ခြင်းတစ်ခုမှာ နှလုံးသားတစ်ခုလုံးကိုအရင်းပြုထားပါတယ်။ချစ်ခြင်းတရားတွေနဲ့ပတ်သပ်ရင် အရှုံးအမြတ်မတွက်ကြေးပေါ့………..

……………….

Sပြည်နယ်ရဲ့ရှူခင်းတွေက ဘယ်အချိန်ဖြစ်ဖြစ်နှလုံးသားကို ရွှင်လန်းစေသည်။ခြံထဲမှာဘယ်လိုပဲသဘာဝဆန်အောင်ပြုပြင်ထားပါစေ သဘာဝအစစ်ရဲ့အငွေ့အသက်နှင့်အနည်းငယ်တော့ကွဲပြားတာပါပဲ။

ကလေးတွေကလည်းအရိပ်ထဲသဘောတကျပြေးလွှားနေတာမို့ သက်တော်စောင့်တွေနှင့်ထားကာ သူကတော့ညနေနေရောင်အောက်လမ်းပတ်လျှောက်ဖြစ်သည်။

ညနေခင်းမို့သိပ်မပူတာကြောင့် ကွင်းပြင်ကျယ်ကြီးမှာဆော့ကစားနေကြတာကိုလွှတ်ထားပေးလိုက်သည်။ကလေးသုံးယောက်နှင့်အတူငယ်ငယ်ကပါအတူဆော့နေတာမို့ ထိုမြင်ကွင်းကိုလက်ပိုက်ငေးရင်း နှုတ်ခမ်းစွန်းတွေကွေးညွတ်ကုန်သည်။

နံဘေးနားအရိပ်ကျလာတာမို့ကြည့်လိုက်တော့ မထင်မှတ်ထားတဲ့ပုဂ္ဂိုလ်တစ်ဦး။အရှုပ်အထွေးတွေအားလုံးပြီးဆုံးသွားကတည်းက အရေးမပါတာတွေမေ့ထားပြီး မြတ်နိုးရာလေးတွေနှင့်သာအချိန်ကုန်နေဖြစ်သည်။ထို့နောက်ဤပုဂ္ဂိုလ်နှင့်ပတ်သပ်မှုကိုအရေးမစိုက်ဖြစ်ခဲ့။

“မင်းအားလုံးသိပြီးသွားပြီမလား”

“သိစေချင်လို့ပြောပြခဲ့တဲ့စကားတွေပဲဟာ မသိရင်ကျွန်တော်ညံ့ရာကျတာပေါ့”

“မသိစေချင်လို့ပဲ အသိစိတ်တွေကိုဖျက်ပစ်ခဲ့တာပေါ့”

ကလေးတွေနှင့်ဆော့နေတဲ့ငယ်ငယ့်ကိုငေးရင်း လွမ်းဆွေးသလိုကြည့်နေတာကိုမမြင်ချင်ယောင်ဆောင်လိုက်သည်။

“တမင်သက်သက်ပြောပြီးမှ မှတ်ဥာဏ်တွေဖျက်ပစ်ခဲ့တာက စိတ်ပြောင်းသွားခဲ့လို့မလား
ပထမတော့တစ်ဘဝစာလေးပဲစောင့်ရမှာမလို့ဆိုပေမယ့် အကြောင်းစုံသိပြီးသွားတော့တစ်ပါးသူလက်ထဲထည့်ပေးလိုက်ရမှာကြောက်သွားတာ သူသာပျော်ရင်လူ့ပြည်မှာအခွင့်ရှိသရွေ့ဝင်စားလို့ရတာသိသွားခဲ့လို့မလား”

“လျှောက်ပြောမနေနဲ့”

“ကျွန်တော်သိပြီးသား ပင်ဝါးရုံငယ်ဆိုတဲ့ဘဝပြီးသွားရင်ကောင်းကင်ဘုံကိုသူပြန်ခွင့်ရှိသွားပြီလေ အကယ်၍ကျွန်တော်နဲ့သာဆိုရင်သူမပြန်ချင်လောက်တော့ဘူး သံယောဇဥ်တွေတစ်ထပ်ပြီးတစ်ထပ်ရစ်တွယ်ရင်း သူစွန့်လွှတ်နိုင်မှာမဟုတ်တော့ဘူး”

“မင်း..”

“ကျွန်တော့်ချိပ်စည်းပျက်သွားပြီ အဲ့တာကြောင့်အားလုံးကိုမှတ်မိသွားပြီ ယောက္ခမကြီး “

“မင်းကိုဘယ်သူကကြည်ဖြူနေလို့ခေါ်နေတာလဲ”

“ငယ်ငယ်ကကြည်ဖြူတယ်လေ ငယ်ကြည်ဖြူရင်ရပြီလို့ပြောခဲ့တာကြားမိသလိုပဲ ယောက္ခမကြီးကအသက်ကြီးလို့များမှတ်ဥာဏ်မကောင်းတော့တာလား”

“မင်း…မင်းလိုနတ်ဆိုးမျိုးနဲ့ ငါ့ကလေးကိုသဘောမတူဘူး”

“အဲ့တာဆိုကကံကြမ္မာနတ်မင်းနဲ့သဘောတူချင်နေတာလား အို့…ပြောမှပဲ ယောက္ခမကြီးကပုံပြင်အသစ်အဆန်းတွေပြောပြရတာဝါသနာပါတယ်ထင်တယ်နော်”

မျက်လုံးထောင့်ကပ်ကာကြည့်ရင်းခနဲ့တဲ့တဲ့ပြောတော့ နှာတစ်ချက်မှုတ်လေသည်။

“ဟမ့်… မင်းစွပ်စွဲမနေနဲ့”

“ဘာတဲ့….ကိုယ်မွေးထားတဲ့သားလေးကိုတောင်သမီးလို့ပြောင်းလိုက်သေးတယ် ပြီးတော့ကံကြမ္မာနတ်သမီးဆိုပဲ ဟိုကဖြင့်အထီးကြီးကို ဘာလဲလူ့ပြည်ကဇာတ်လမ်းတွေကြည့်ပါများပြီး မင်းသားနဲ့မင်းသမီးဖြစ်မှဇာတ်လမ်းဆန်တယ်တွေးနေတာလား ခေတ်နောက်ကျလိုက်တာ ပြီးတော့ကလေးကိုလည်းလိမ်လည်ပြီးအမှန်တွေရောအမှားတွေရောရောထွေးပြောသွားတာ ကောင်းကင်ဘုံကလူတွေများလူလိမ်တွေချည်းပဲ”

“မင်းကရောဘယ်လောက်ကောင်းနေလို့လဲ သူများသားနုနုထွတ်ထွတ်လေးကို ကောင်းကင်ဘုံထိလာပြီးသွေးဆောင်ဖျားယောင်းသွားတာလေ အသက်ကဖြင့်ငါနဲ့မတိမ်းမယိမ်းကိုများ ကိုယ်ကမွေးမှကိုယ့်သားလောက်ရှိတဲ့အရွယ်လေးကိုဂျင်းထည့်ပြီးအပိုင်သိမ်းသွားတတဲ့ နွားအိုမြက်နုကြိုက်”

“ဘာလဲ အဲ့တော့ဟိုအစုတ်ပလုတ်ကံကြမ္မာနတ်မင်းနဲ့သဘောတူချင်နေတာလား သူ့အသက်ကဖြင့်ကျုပ်ထက်ရာဂဏာန်းလောက်ပဲငယ်တာများ ဘယ်လိုနေနေသူနဲ့ခင်ဗျားကမတိမ်းမယိမ်းဘဲ အတူတူချင်းတောင်သူကမသမာတဲ့နည်းလမ်းနဲ့ငယ်ငယ့်ကိုအရသိမ်းချင်နေတာလေ အလကားဥာဏ်များတဲ့နတ်တွေ သူများပိုင်တဲ့ဖူးစာရှင်ကိုတောင်လုယူချင်နေသေးတယ် ဆုတောင်းလေ”

“သဘောကျမိသွားပြီဆိုရင်တော့ရအောင်ယူချင်ကြတာပဲလေ”

“အဲ့တော့ သူ့ကိုဘဲသားမက်တော်ချင်နေတယ်ပေါ့ မျှော်မနေနဲ့သူကဖြင့်နတ်သက်ကြွေသွားပေါ့”

“အရင်တုန်းကတော့ဟုတ်တယ်လေ သူနဲ့ကအချိန်အကြာကြီးသိလာခဲ့တာ မင်းလိုအမြဲပြဿနာရှာနေတဲ့သူနဲ့ယှဥ်လို့ရှိရင် သူကပိုယုံကြည်ရတယ်လေ”

“အဲ့တာနဲ့ပဲ ဖူးစာဖြတ်ဖို့လူ့ပြည်ကိုလွှတ်လိုက်တယ်ပေါ့ ဟမ့် ကျုပ်လိုလူကကိုယ့်ပိုင်ဆိုင်မှုကိုအခြားလူလက်ထဲအရောက်ခံမယ်လို့ယုံကြည်နေတဲ့ခင်ဗျားတို့အတွေးတွေကိုသိပ်အံ့ဩတာပဲ”

“မင်းငါ့သားကိုလိုချင်ရင်စကားပြောနည်းအရင်ပြင်တာကောင်းမယ်”

“အို့ သားတစ်ယောက်ပေးပြီးကျုပ်ဘဝကြီးကိုချယ်လှယ်တော့မယ်ပေါ့ ယောက္ခမကြီး”

“မင်းကိုယဥ်ကျေးတတ်ဖို့သင်ပေးချင်ယုံတင်”

“ငယ်ငယ့်မျက်နှာကိုထောက်ထားပြီးတော့ ယောက္ခမကြီးပြောသမျှလက်ခံလိုက်မယ် အို့….မေ့တော့မလို့ ကျွန်တော်ရှူပ်ခဲ့သမျှကိုနောက်ကလိုက်ရှင်းပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်”

“မလိုပါဘူး သူတို့တွေသားငယ်ကိုဒီပြန်ခေါ်လာပေးတာကစည်းမျဥ်းတွေကိုသွေဖည်ရာရောက်ပေမယ့် မင်းရဲ့ထင်ရာလုပ်တတ်တဲ့တဇွတ်ထိုးဥာဥ်ကိုသိနေလို့ မင်းဆန္ဒကိုဖြည့်ဆည်းပေးကြတာ ပြောရမယ်ဆိုရင် မင်းရဲ့စွမ်းအားတွေကိုကြောက်ကြလို့ အကယ်၍မင်းသာတကယ်ဆန္ဒရှိရင် သူတို့ကမ္ဘာကိုတကယ်ဖျက်ဆီးပစ်နိုင်တာကိုသူတို့သိနေလို့ ဖြစ်နိုင်ချေတွေရွေးချယ်စရာတွေကိုတောင်တွေးမနေဘဲချက်ချင်းလိုက်လျောပေးလိုက်ကြတာ”

“ကျွန်တော်ကအဲ့လောက်လည်းမဆိုးဘဲနဲ့”

“အိမ်ကကလေးနဲ့ပတ်သပ်ရင် မင်းရဲ့ကောင်းခြင်းဆိုးခြင်းတွေကတစ်ဖက်စွန်းရောက်ပဲမဟုတ်လား ဥပမာ ဟိုတစ်ယောက်ကိုပဲကြည့်”

ညွှန်ပြရာဆီအကြည့်တွေရွှေ့တော့ ကလေးတွေကိုကြည့်နေသည့်Omegaတစ်ဦး။ကလေးတွေနဲ့အဝေး ခပ်လှမ်းလှမ်းကနေသာငေးကြည့်နေပြီး မျက်ဝန်းထဲမှာအပြုံးရိပ်တွေနှင့်။

“မင်းရဲ့အရင်စိတ်နဲ့ဆိုသူအသက်ရှင်မှာမဟုတ်ဘူး ဒါပေမယ့်မင်းသူ့ကိုလွှတ်ပေးခဲ့တာပဲမလား”

သက်ပြင်းတစ်ချက်ချရင်း အတိတ်တွေကိုမျှောချရသည်။

“ဟုတ်တယ် အဲ့တုန်းကငယ်ငယ့်ကိုကြည့်ပြီးကျွန်တော်သူများတွေအတွက်ပါတွေးပေးတတ်လာတာ အသက်တစ်ချောင်းဆီတိုင်းမှာတန်ဖိုးတွေရှိကြတယ် ကိုယ့်အတွက်သူတို့အသက်ကပုရွက်ဆိတ်တစ်ကောင်လောက်ပဲအရေးပါပေမယ့် သူ့ကိုတန်ဖိုးထားတဲ့သူအတွက်တော့အဲ့လူဟာကမ္ဘာကြီးတစ်ခုလုံးစာပဲ”

“…………..”

“အဲ့တုန်းကသူ့မှာလည်းတမင်ရည်ရွယ်ချက်တွေရှိခဲ့တာမှမဟုတ်တာ ဟိုလူ့ရဲ့စုတ်ချက်အောက်မှာရူးသွပ်မှုတွေပုံပေါ်လာခဲ့ရုံတင် နောက်ပြီး အခုချိန်သူ့မှာအတိတ်ဆိုးတွေကိုမှတ်မိနိုင်စွမ်းမှမရှိတော့တာ စိတ်သစ်လူသစ်နဲ့အသက်ရှင်ခွင့်ပေးဖို့ကျွန်တော့်အတွက်မခက်ခဲပါဘူး ကျွန်တော်လူတွေကိုလက်လွက်စပါယ်မသတ်ပစ်ချင်တော့ဘူး ငယ်ငယ်ရယ်သားနဲ့သမီးရယ်ဘေးကင်းနေသ၍ အိမ်မက်ဆိုးတွေကိုမေ့ပျောက်ထားဖို့ကိုပဲရွေးချယ်မယ် အဲ့ကောင်းမှုတွေကြောင့်သံသရာတစ်လျှောက်ငယ့်လက်ကိုတွဲထားခွင့်ရမယ်ဆိုရင်တော့ ကျွန်တော့အတွက်အမြတ်တွေပေါ့”

“ငါ့ရှေ့မှာ အမှတ်တွေယူချင်မနေနဲ့”

“ကျွန်တော်ကစိတ်ထဲရှိတဲ့အတိုင်းပဲပြောတတ်လုပ်တတ်တယ် ဟန်ဆောင်တာတွေဖော်လံဖားတွေဝါသနာမပါဘူး ဒါပေမယ့်ငယ့်အတွက်ဆိုရင်တော့ လုပ်ဖြစ်ချင်လုပ်ဖြစ်မှာပေါ့”

“ဟွန့်”

နှုတ်ခမ်းမဲ့လိုက်သူကိုဂရုမထားဘဲ ရှေ့မှမြင်ကွင်းလေးကိုသာဆက်ကြည့်နေမိသည်။လေပြည်လေညှင်းတွေရဲ့ကျီစယ်မှုအောက် ဆော့ကစားနေကြတဲ့ နှလုံးသားလေးတွေကိုကြည့်ရင်း ဘဝရဲ့အဓိပ္ပါယ်တစ်ချို့ရင်မှာတိုးဝှေ့လာလေသည်…….

####################

မခွဲချင်သေးတဲ့အချစ်လေးအတွက် တစ်ပိုင်းထပ်တိုးလိုက်ပါတယ်ရှင့် နောက်တစ်ပိုင်းကတော့တကယ်ဇာတ်သိမ်းပိုင်းပါနော်😘😘😘

ငြိမ်း🌞🌻

“ကိုကိုေရ”

“တိုတိုေယ”

“ကိုကို႔”

“တိုတို႔”

“လွိုင္းေရလႊာငယ္”

“ခ်င့္”

“ဘာရွင့္လဲ ထူးခိုင္းေနတာမဟုတ္ဘူး”

“ပါပါးကယဲ”

“ပလီပလာေတြတတ္မေနနဲ႕ ပါပါးကိုစစရာလား”

“ပါပါးကိုရွစ္ရို႔ ယႊာငယ္ကရွစ္ရို႔”

“လူဆိုးမေလး”

ရင္ခြင္ထဲဇြတ္တိုးဝင္ေနတဲ့အတတ္မေလးကိုပါးေတြလိုက္နမ္းေတာ့ တခစ္ခစ္နဲ႕သေဘာေတြက်ေနတာ။သုံးႏွစ္ေက်ာ္ေနၿပီျဖစ္တဲ့သမီးေလးကသူ႕အစ္ကိုထက္လူပိုကပ္သည္။အရမ္းလည္းခြၽဲတတ္သည္။

သားကခပ္တည္တည္ေအးစက္စက္ေလးဆိုေပမယ့္ ငယ္ငယ္နဲ႕ဆိုရင္ေတာ့အၿမဲၿပဳံးေနတာပါးခ်ိဳင့္ေလးေတြပါေပၚသည္အထိ။ကိုကိုကလည္းအရမ္းအလိုလိုက္သည့္အျပင္ ဦးေလးေတြရဲ႕အသည္းေက်ာ္ေလးေတြလည္းျဖစ္တာမို႔တစ္ခါတစ္ေလသိပ္ဆိုးပါသည္။

“ငယ္ ကိုကို႔ကိုေခၚေသးလား”

သားကိုေပြ႕ရင္းေရာက္လာတဲ့ကိုကိုက အိမ္ေနရင္းအကၤ်ီလက္ျပတ္ ခပ္ပြပြဒူးထိေဘာင္းဘီတစ္ထည္ႏွင့္။ေသခ်ာပုံမသြင္းထားတဲ့ဆံႏြယ္ေတြကေလႏွင့္လြင့္ပါထားတာမို႔ ေခါင္းထက္မွာကပိုကယို။ပါးသိုင္းေမြးခပ္ေရးေရးႏွင့္အတူ ႏႈတ္ခမ္းေမြးငုတ္စိေလးေတြပါထြက္ေနတာမို႔ ေယာက်ာ္းဆန္မႈေဟာ္မုန္းေတြကပတ္ဝန္းက်င္ကိုလႊမ္းမိုးထားေလသည္။

သားကိုလက္တစ္ဖက္တည္းႏွင့္ေပြ႕ထားၿပီး က်န္တစ္ဖက္က သစ္သီးျခင္းကိုမထားတာမို႔ လက္ျပတ္ဝတ္ထားလို႔ထင္းထြက္ေနတဲ့လက္ေမာင္းႂကြက္သားေတြက အားကိုးခ်င္စရာ။ညိုစိမ့္စိမ့္အသားအေရမွာေခြၽးစပါးပါးတစ္လႊာကကပ္တြယ္ေနေသးသည္။

“ငယ္”

“ညယ္”

“ဟမ္…”

ကိုကိုေခၚသလို မပီကလာပီကလာလိုက္ေခၚတဲ့သားျဖစ္သူအသံၾကားမွ ေငးၾကည့္ေနရာမွအသိျပန္ဝင္လာမိသည္။

“ဘာေတြအဲ့ေလာက္ၾကည့္ေနတာလဲကြာ”

“ကိုကိုကေငးၾကည့္ခ်င္စရာေကာင္းေနလို႔ေလ”

“ကေလးေတြေရွ႕မွာ ကိုယ္အသည္းယားေအာင္လုပ္ျပန္ၿပီ”

ထိုင္ေနတဲ့သစ္သားစင္ျမင့္ေလးထက္သစ္သီးျခင္းကိုတင္ရင္း မခ်င့္မရဲဆိုလာတဲ့ကိုကို႔အသံက ခပ္ဩဩႏွင့္ညွို႔ဓာတ္ပါသည္။လက္ထဲကသားကိုေအာက္ခ်ေပးေတာ့ လြတ္ေနတဲ့ငယ့္ေပါင္တစ္ဖက္တိုးဝင္လာေလသည္။

“ပါးကိုယြမ္း”

“လိမ္ျပန္ၿပီ အသီးသြားခူးတာမွ နာရီဝက္ေတာင္မရွိေသးတာကို ပါပါးကိုလြမ္းေနၿပီေပါ့”

“လိမ္ဝူး”

“ဟုတ္ပါၿပီဗ်ာ လေျခရာငယ္တို႔ ညီမလိုကပ္ခြၽဲတတ္လာၿပီ”

“ပါးကိုရွစ္”

“ပါပါးကလည္းခ်စ္ပါ့ မြ”

“ပါပါး ယႊာငယ္ေရာ”

အစ္ကိုျဖစ္သူကိုနမ္းေတာ့ သူ႕ကိုပါနမ္းေစခ်င္၍က်န္တဲ့ေပါင္တစ္ဖက္ေပၚတက္လာတာမို႔ ၿပဳံးရင္းဆြဲနမ္းပစ္ရသည္။

“လႊာငယ္ေလးကိုလည္းပါးကခ်စ္ပါ့မြမြ”

“ခစ္ခစ္”

ငယ့္ရင္ခြင္တစ္ဖက္တစ္ခ်က္ ကပ္ခြၽဲေနတဲ့သားနဲ႕သမီးကိုၾကည့္ရင္း သူ႕အၿပဳံးေတြက်ယ္ျပန့္လာသည္။ႏွလုံးသားေလးသုံးေယာက္ရဲ႕အၿပဳံးအရယ္ေတြနဲ႕တင္ သူ႕ဘဝမွာေနေရာင္မလိုအပ္ေတာ့ေအာင္ ေတာက္ပလြန္းေနပါသည္။

ႏြေရာသီမို႔ ရာသီဥတုကအိုက္စပ္စပ္။Airconခန္းထဲအၿမဲေနရင္ က်န္းမာေရးထိခိုက္ပါသည္ဟုအဆိုတင္သြင္းကာ ၿခံထဲခ်ည္းဆင္းခ်င္ေနတဲ့ကေလးတို႔ပါပါးအတြက္ အရိပ္ေကာင္းတဲ့ေနရာတိုင္း ဒူးအထိစင္ျမင့္ေလးေတြေဆာက္ထားေပးျဖစ္သည္။

ကေလးေတြေရာမို႔လက္ရန္းေလးေတြပါေသခ်ာထည့္ကာ အက်ယ္ကိုလည္းတတ္နိုင္သမွ်ခ်ဲ့ထားေပးရသည္။မိုးရာသီအတြက္ပါရည္႐ြယ္၍အမိုးပါမိုးေပးထားတာမို႔ ေနေရာင္ထိမွာလည္းစိတ္မပူရေတာ့။

ခ်ည္သားပြပြအကၤ်ီအျဖဴေရာင္က ေပါင္တစ္ဝက္ေက်ာ္ေနတာမို႔ေအာက္ကေဘာင္းဘီတိုပဲဝတ္ထားသူက ဆတ္ခနဲၾကည့္လွ်င္ ေဘာင္းဘီမဝတ္ထားသလိုမ်ိဳး ေျခတံေဖြးေဖြးေလးေတြကေျဖာင့္ေျဖာင့္စင္းစင္း။

ကေလးေမြးခါစတုန္းကဖိုးဝ႐ုပ္ေလးလိုလုံးတစ္ေနသမွ် သားနဲ႕သမီးတစ္ႏွစ္အ႐ြယ္ေလာက္မွာျပန္ေသးသြယ္သြားေတာ့တာပဲ။ဘယ္ေလာက္စားစားျပန္မဝလာေတာ့သလို ဘယ္gymမွသြားမေဆာ့ဘဲကိုယ္ရည္စစ္သြားတာမို႔ ဟိုအဖြဲ႕ကေတာ့ကိုၾကာႏုေလးပါတဲ့။

အဲ့တာေၾကာင့္လည္း ကိုယ္က႐ုပ္ရင့္ေလ သူကႏုေနေလ အျပင္သြားရင္လူတိုင္းကသားအဖႏွင့္ေတာင္မွားမွာစိုးရသည္။skin careေတြကေတာ့ခုခ်ိန္ထိဂ႐ုတစိုက္လိမ္းေပးရတုန္း။ကိုယ့္ပိုင္ဆိုင္မႈေလးလွေတာ့ တစိမ့္စိမ့္ၾကည့္မဝတဲ့ကိုယ္လည္းေအးခ်မ္းရတာေပါ့။

“ပါပါးဖို႔ ခ်ေတာ္ဘယ္ယီတီးထူးယာရယ္”

“သားကေတာ္လိုက္တာ ဝါးးးးးအလုံးႀကီးေတြခ်ည္းပဲ”

“ဟုတ္ယယ္ ႀကီးယီးေယ ေဖရီးနဲ႕ခ်ာငယ္နဲ႕ထူးယာယာ”

“ယႊာယဲခ်ားခ်င္ယယ္”

အသီးျခင္းကိုၾကည့္ကာ ဖေအျဖစ္သူကိုေမာ့ၾကည့္ေတာ့ ကိုကိုကအလိုက္တသိျခင္းကိုယူသြားေလသည္။

“စားရမွာေပါ့ဗ်ာ ေဖႀကီးေရေဆးေပးမယ္ေနာ္ ခဏေလးေစာင့္”

“ဟုတ္ဟုတ္”

“ဟုတ္ဟုတ္”

“ဟုတ္ဟုတ္”

လျခမ္းေျဖသလိုလိုက္ေျဖတဲ့ႏွစ္ေယာက္က ေခါင္းေလးေတြပါညိတ္ေနေသးတယ္။ကေလးသုံးေယာက္ကိုၾကည့္ကာၿပဳံးရင္းေခါင္းယမ္းလိုက္မိသည္။ၿပီးမွအသင့္ရွိေနတဲ့ေရသန့္ထဲကို ခူးလာတဲ့စေတာ္ဘယ္ရီေတြထည့္ကာ ေသခ်ာေရေဆးလိုက္သည္။

“ေျခရာငယ္ ေရလႊာငယ္ ဦးဂ်ိဳလာတယ္”

“ဦးဂ်ိဳ…သီးပါယား”

“ပါတယ္ ယူလာပါတယ္ဗ်ာ”

“ေယးးးးး”

Geoနံမည္ကိုမပီကလာထြက္တာဦးဂ်ိဳတဲ့။သူလာတိုင္းပန္းသီးစိမ္းေတြယူလာတတ္တာမို႔ ကေလးေတြကျမင္တိုင္း အသီးပါလားခ်ည္းပဲ။

“ဦးေငြ႕ေရာ”

“အြန္း ဦးေငြ႕ေကာအတူတူလာတာ လာပါအုံးဗ်ာ ဦးငယ္ကအသည္းေလးေတြကိုလြမ္းေနတာ”

ေျပာရင္းကေလးႏွစ္ေယာက္ကိုသိမ္းဖက္ကာပါးျပင္ေတြကိုလိုက္နမ္းေတာ့ ႏွစ္ေယာက္သားထြန့္ထြန့္လူးေအာ္ရယ္ေတာ့တာ။

“ဦးဂ်ိဳ ယားရယ္ရို႔”

“ဘာမွမယားဘူး ဦးေငြ႕ကမနက္ကမွမုတ္ဆိတ္ရိတ္ေပးထားတာ”

“ေဖရီးေယ ဦးဂ်ိဳအရိုင္က်င့္ေယယယ္”

“ဘယ္မွာအနိုင္က်င့္လို႔လဲ ခ်စ္လို႔နမ္းတဲ့ဟာကို”

“ဦးေငြ႕ ဦးဂ်ိဳဂိုေခၚ”

မနိုင္ေတာ့တိမ္ေငြ႕ကိုတပ္ကူေခၚေလသည္။ဘယ္သူ႕ကိုနိုင္ဖို႔ ဘယ္သူ႕ကိုေခၚရမယ္မွန္းသိေနတဲ့ႏွစ္ေယာက္သားကသိပ္တတ္တာ။

“စေတာ္ဘယ္ရီေတြပါလား ဘယ္သူခူးလာတာလဲ”

“ခ်ာငယ္နဲ႕ေဖရီး”

“ေျခရာငယ္ေလးကေတာ္လိုက္တာ ဒယ္ဒီ့ကိုကူတတ္ေနၿပီေပါ့”

“ခ်ေတာ္ဘယ္ယီ ပါပါးႀကိဳက္”

“သားပါပါးႀကိဳက္လို႔သြားခူးလာတာေပါ့”

“ဟုတ္ဟုတ္”

ေခါင္းေလးတဆတ္ဆတ္ညိတ္ျပေနတဲ့တူေလးကို အသည္းယားစြာစခ်င္လာတာမို႔ ေမးခြန္းေတြစီတန္းေမးပစ္သည္။

“ပန္းသီးေတြကေရာ ဘယ္သူႀကိဳက္တာလဲ”

“ဦးဂ်ိဳႀကိဳက္”

“ဒါဆိုေျခရာေလးကဘာသီးႀကိဳက္တာလဲ”

“အမ္.. ဂ်ဂ်စ္သီး”

“လႊာငယ္ေလးကေရာ”

“အဂုန္ႀကိဳက္ယယ္ေရ”

သူမမွားဘူးဆိုတဲ့အထာႏွင့္ ေမာ့ၾကည့္ကာေျဖလာတဲ့အစားပုတ္ေလးေၾကာင့္ သေဘာတက်ရယ္ေမာေတာ့သည္။

“ဟားဟားဟား ဟုတ္တယ္ေနာ့ စားလို႔ရတာေတြအကုန္ႀကိဳက္ရမွာေပါ့ လႊာငယ္အေတာ္ဆုံးပဲ”

“ဟီးဟီး”

“ေျပာပါအုံး လႊာငယ့္ေဖႀကီးကေရာဘာႀကိဳက္လဲ”

“ေဖရီးကယား…..ေဖရီးကပါပါးဂိုႀကိဳက္”

“ဟားဟားဟားဟား….ကိုCeanတို႔ကေလးေရွ႕ဘယ္ေလာက္ေတာင္မဆင္ျခင္လို႔ကေလးေတာင္သိေနရတာလဲ”

“ေဖရီး ပါပါးဂိုကိုက္ဒယ္ဦးဂ်ိဳ နမ္းယဲနမ္းဒယ္ ယႊာ….ယႊာငယ္တို႔နဲ႕ယဲေပးအိပ္ဝူး”

“လႊာငယ္ေလးတို႔နဲ႕ေပးမအိပ္ဘူးေပါ့”

“ဟုတ္ဟုတ္ “

“အခ်စ္ေလးဘာေတြေလွ်ာက္ေျပာေနတာတုန္း”

ငယ္ငယ္ကရွက္ရမ္းရမ္းကာလွမ္းထိန္းေသာ္လည္း သူကေတာ့သူမွန္တယ္ဆိုတဲ့အထာႏွင့္ဆက္ေျပာေနတုန္း။

“ေဖရီးကပါပါးဂိုရွစ္”

“ဟုတ္တယ္ေလေနာ့ ေဖႀကီးကပါပါးကိုခ်စ္ ဦးဂ်ိဳကေရာဘယ္သူ႕ကိုခ်စ္”

“ဦးေငြ႕ဂိုရွစ္”

“ဦးဝိုင္းကေရာ”

“အမ္…ဦးခ်က္ရိပ္ဂိုရွစ္”

“ဦးဦးေက်ာက္စက္ကေရာ”

“ဦး…ဦးေညာင္းညိုဂိုရွစ္”

“အတတ္ကေလးကြာ”

ေျပာရင္းတူမျဖစ္သူကိုတမြမြလိုက္နမ္းေနေလသည္။

“လႊာငယ္ ကိုကိုစပ်စ္သီးေတြခူးလာၿပီ”

တိမ္တိုက္ေလးကစက္ရိပ္ေပြ႕ထားတဲ့လက္ထဲကေန စပ်စ္သီးျခင္းေလးျမႇောက္ျပလာေလသည္။

“ကိုကိုက်န္ရာဘီရား ယိမ္ေမာ္တီးေယာထူးရာရား”

“လိေမၼာ္သီးကဒယ္ဒီ့ဆီမွာ ကိုကိုနဲ႕ပါပါးကစပ်စ္ၿခံကျပန္လာတာ ေရာ့…ေရေဆးၿပီးသား”

စက္ရိပ္ေအာက္ခ်ေပးေတာ့ လက္ထဲကအသီးအႀကီးဆုံးကို ညီနဲ႕ညီမႏႈတ္ခမ္းဆီခြံ႕ေကြၽးလာေလသည္။

“ကိုကိုေတာ္ဆုံး”

လူစုံလို႔အားလုံးဝိုင္းထိုင္ေတာ့ အသီးေတြကအလည္မွာအျပည့္။အိမ္ကကေလးေတြကငယ္ငယ့္ကိုတူတာထင္သည္။မုန့္ေတြစားရတာထက္ ၿခံထြက္အသီးေတြစားရတာကိုပိုႀကိဳက္သည္။

သြားေလးေတြမစုံေသးတာမို႔ ေရွ႕သြားေလးေတြႏွင့္တၿမဳံ႕ၿမဳံ႕ဝါးစားေနရတာကိုပဲ သေဘာက်ေနၾကတာ။

ၿပီးေတာ့ၿခံထဲကအသီးၿခံေလးေတြကလည္း အၿမဲဂ႐ုစိုက္ေနလို႔လားမသိ တစ္ႏွစ္ပတ္လုံးသီးေနတာမို႔ အံ့ဩရသည္။သူမ်ားၿခံေတြကရာသီအလိုက္သာသီးတတ္ၾကေပမယ့္ ငယ္ငယ္တို႔ၿခံကေတာ့အသီးမျပတ္။

စိုက္ထားသမွ်ပန္းေတြလည္းထိုနည္းတူပင္။စံပယ္ခင္းဆိုအၿမဲပြင့္ေနတတ္တာမို႔ တစ္ၿခံလုံးစံပယ္ရနံ႕ေတြသင္းေနတတ္ေသးသည္။သားႏွင့္သမီးတင္မက တိမ္တိုက္ေလးကပါသေဘာတက်အခင္းထဲေျပးလႊားေဆာ့ေနတတ္ေသးတာ။

“လူစုံေနၿပီလား နည္းနည္းေနာက္က်သြားတယ္ဗ်ာ သတင္းေကာင္းေစာင့္ေနလို႔”

“ကို”

“ကိုယ္ဘာေျပာရေသးလို႔လဲကြာ လာထိုင္”

ပင္ထေနာင္းညိုလက္ကိုဆြဲၿပီးေရာက္လာတဲ့ေက်ာက္စက္မ်က္ႏွာက ေနေရာင္ေအာက္ကပန္းပြင့္ႀကီ၏လိုေတာက္ပေနတာပဲ။ဟိုတစ္ေယာက္မ်က္ႏွာကခပ္ရဲရဲကိုမွနား႐ြက္ကေလးေတြပါရဲေနေသးသည္။

“ဦးေညာင္းညိုေညေကာင္းတြားဘီယား”

“ဟုတ္သား ေရလႊာေလးကမွေမးတတ္ေသးတယ္ ေမးေနတယ္ေျဖလိုက္အုံးေလ”

လြတ္တဲ့ေနရာဝင္ထိုင္လိုက္ရင္း ေဘးကလူကိုလဲခပ္ေနာက္ေနာက္ေလးၿပဳံးၿပီး စေနေသးသည္။ေက်ာက္စက္ကိုမ်က္ေစာင္းထိုးေပမယ့္ ကေလးကိုေတာ့အၿပဳံးႏွင့္သာေျဖလာေလသည္။

“ေကာင္းသြားပါၿပီဗ်ာ”

“ေနာင္းညိုတကယ္ေရာေကာင္းရဲ႕လား အဖ်ားရွိေနတာလားမသိဘူး မ်က္ႏွာေတြရဲေနတယ္”

“ဟုတ္သားပဲ ေဆး႐ုံေတာ့မလာဘူးဘာျဖစ္တာလဲစစ္ေဆးၾကည့္ရေအာင္ ဒါမွမဟုတ္ ကိုCeanေဆး႐ုံမွာပဲစစ္ၾကည့္မလား”

“မ..မလိုဘူး ရတယ္ စစ္လာၿပီ ဘာမွမျဖစ္ဘူး”

“စစ္ၾကည့္လာၿပီလား ဘယ္မွာစစ္လာတာလဲ”

“မနက္ကမူးလဲေနလို႔ နီးစပ္တဲ့ေဆးခန္းမွာဝင္စစ္လိုက္တာ”

Horizonအေမးကိုဝင္ေျဖလာတာက ေက်ာက္စက္။

“မူးလဲတာ ဘယ္လိုျဖစ္ရတာလဲ အစားပုံမွန္မစားလို႔လား အိပ္ေရးပ်က္လို႔အားနည္းေနတာလား”

“မဟုတ္ပါဘူးဗ်ာ လဲသင့္တဲ့အခ်ိန္မလို႔လဲသြားတာပါ အဟြန္း”

“လဲသင့္တဲ့အခ်ိန္”

“အဟြတ္…အဟြတ္”

မ်က္ႏွာေတြတင္မကနား႐ြက္ေတြပါနီသည္အထိ ေနာင္းညိုကိုၾကည့္ၿပီး ကိုေက်ာက္စက္အေျဖကိုဘာမွန္းမသိေသး။

“ကိုေက်ာက္စက္တို႔ စိတ္မပူပဲၿပဳံးၿဖီးေနပုံေထာက္ရင္ သတင္းေကာင္းၾကားရေတာ့မယ္ထင္တယ္”

“အဟြန္း”

Geoအေမးကိုဂုဏ္ယူၿပဳံးႀကီးျဖင့္ရယ္ၿပီလာတဲ့ေက်ာက္စက္လက္ေမာင္းအား ေနာင္းညိုကျဖန္းခနဲရိုက္ေလသည္။

“တကယ္ႀကီးလား”

“ဟုတ္ပါ့ဗ်ာ”

“ကိုကို႔ သူတို႔ဘာေျပာေနၾကတာလဲ”

တစ္ေယာက္တည္းနားမလည္ျဖစ္ေနတဲ့ငယ္ငယ္က ကိုကို႔ကိုသာကပ္ေမးျဖစ္သည္။

“တိမ္တိုက္ေလးရယ္ သားနဲ႕သမီးရယ္အတြက္ ကစားေဖာ္ေတြထပ္ရေတာ့မယ္လို႔ေျပာတာ”

“ကစားေဖာ္……. အယ္ ေနာင္းညိုဗိုက္ႀကီး ေနတာလား”

“လျခမ္း”

“ဟားးဟားဟားးးး”

အံ့ဩတႀကီးလႊတ္ခနဲေအာ္ခ်လိဳက္ေသာငယ္ငယ့္ကို ေနာင္းညိုကရွက္ရမ္းရမ္းကာေအာ္ေလသည္။

“ဦးေညာင္းညို ေဖ့ဂိုေအာ္နက္”

“ဟုတ္တယ္ ဦးငယ္ငယ္ကိုမေအာ္ပါနဲ႕”

ေရလႊာေလးနဲ႕တိမ္တိုက္က ေနာင္းညိုကိုမေက်မနပ္ျပန္ေအာ္ေတာ့သည္။

“အံမယ္ တိမ္တိုက္စက္ဝိုင္းတို႔သူ႕ဦးေလးကိုခ်စ္တတ္ေနလိုက္တာ “

“ကိုေက်ာက္စက္တကယ္ႀကီးလား”

“ဟုတ္တယ္ဗ်ာ သုံးလေတာင္ေက်ာ္ေနၿပီ”

“အဲ့တာေၾကာင့္သူကြၽန္ေတာ့္ကိုေရွာက္သီးေတြခ်ည္းသုပ္ေကြၽးခိုင္းေနတာ”

“လျခမ္းေနာ္ေလွ်ာက္ေျပာမေနနဲ႕ တစ္ခါေလးသုပ္ေပးခိုင္းတဲ့ဟာကို”

“ေနာက္ေန႕စားခ်င္တာေျပာ အကုန္လိုက္ဝယ္ေကြၽးမွာ”

ေက်ာက္စက္ကျမတ္နိုးမဝသလိုၾကည့္ရင္း ဆုပ္ကိုင္ထားတဲ့လက္ေလးကိုလည္းဖ်စ္ညွစ္လိုက္ေသးသည္။

“ဦးေလးတို႔ေရာသိၿပီးသြားၿပီလား”

“ဒီမလာခင္တစ္ခါတည္းအေၾကာင္းၾကားခဲ့တယ္ အိမ္မျပန္ခင္ဝင္ခဲ့အုံးတဲ့ အေမကဘာေတြမွာအုံးမလဲမသိပါဘူး”

“သိသင့္တာေတြေျပာျပမလို႔ေနမွာ”

ႏြေရာသီရဲ႕ေနေရာင္ကသစ္႐ြက္ေတြၾကားထိုးေဖာက္လို႔ေျမျပင္ထက္ေျခခ်သည္။ရယ္ေမာသံေတြေဝစည္ေနတဲ့ဒီရပ္ဝန္းေလးကေတာ့ ကမၻာေပၚကနိဗၺာန္ငယ္ေလးလို ေအးခ်မ္းသာယာလို႔………….

………………..

“ပါပါး အခ်ဲမွာဘာခ်ိရို႔ရဲ”

“ပါပါးလည္းမသိဘူး”

“ေတာ့ကေဖရီးရွီမွာယား”

“ဟုတ္တယ္”

“ပါပါးတိခ်င္ယင္ ခ်ာငယ္တြားေတာင္းရိုက္မယ္ေယ”

“သားအဖတစ္ေတြဘာေတြလုပ္ေနၾကတာလဲ”

သားအဖသုံးေယာက္ အိပ္ခန္းေထာင့္ကမီးခံေသတၱာေရွ႕ထိုင္ရင္း တြတ္ထိုးေနတာမို႔ သူဝင္လာရင္းေမးရသည္။

“ကိုကို ဒီအထဲမွာဘာရွိလဲ”

မီးခံေသတၱာဆီလက္ညွိုးေလးၫႊန္ျပၿပီးေမးလာတာမို႔ သူသတိကပ္သြားရသည္။

“အာ……. အဲ့တာက…အဲ့တာကေလ”

႐ုတ္တရတ္သတိရမိသြားတဲ့အရာေၾကာင့္ ေျပာျပမယ့္စကားေတြမထြက္လာေတာ့ဘဲ စကားလမ္းေၾကာင္းလႊဲဖို႔ရွာရသည္။

“ကိုကိုတစ္ခုခုဖြက္ထားတာမလား”

“ဟုတ္ဒယ္…ေဖရီးဖြက္ထားရာ”

“ေသာ့ေပး”

“အဲ့တာကေလ… ငယ္”

“ကိုကိုဘာမဟုတ္တာေတြသိမ္းထားတာလဲ”

“အေရးမႀကီးပါဘူးငယ္ရဲ႕ ကိုကိုတို႔အျပင္ထြက္ၾကမယ္လို႔ေျပာထားတာေလ သြားၾကရေအာင္ ေတာ္ၾကာေနာက္က်ေနလိမ့္မယ္”

“ေသာ့ေပးပါဆို ကိုကို”

“ေတာ့ေပးရို႔ တိုတို”

“ငယ္ကကြာ”

“ရတယ္မေပးနဲ႕ေပါ့ ငယ္ကကိုကို႔အတြက္အဲ့ပစၥည္းေလာက္မွအေရးမပါတာ”

ေျပာရင္းတစ္ဖက္ကိုမ်က္ႏွာေလးလႊဲသြားေလသည္။

“အဲ့လိုမဟုတ္ပါဘူးကြာ”

“ဟုတ္တယ္ ဟုတ္လို႔ပဲဖြင့္မေပးနိုင္တာေပါ့ ငယ့္ဘာသာစိတ္ဆိုးဆိုး စိတ္မေကာင္းပဲျဖစ္ ျဖစ္ဆိုၿပီးေတာ့ ေျပာမျပခ်င္ေနတာေလ”

“ဟုတ္ဒယ္ေယ ပါပါးရွိတ္ရွိုး…ေဖရီးေကာင္းဝူး”

“ေဒၚလွိုင္းေရလႊာငယ္ရယ္ အမႈပိုႀကီးေအာင္ ရန္တိုက္မေပးပါနဲ႕လား”

“ယႊာမွန္ဒယ္ ေဖရီးေကာင္းဝူး”

“လေျခရာငယ္ ညီမကိုသိပ္ခ်စ္တတ္ေနတယ္ေပါ့”

“ကေလးေတြကိုေျပာမေနနဲ႕ ကိုကိုကမွန္ေနလို႔လား”

“ငယ္ကလဲကြာ”

“ေတာ္ၿပီကိုကို႔ဘာသာဘယ္သြားသြား သြားခ်င္တဲ့ေနရာသြား ဘယ္မွမလိုက္ဘူး အိပ္ေတာ့မွာ”

“စိတ္မေကာက္နဲ႕ေနာ္ ကိုကိုဖြင့္ေပးမယ္ “

“ဖြင့္ေပးအခု”

မ်က္ႏွာေလးဆူပုတ္ကာ မ်က္ေစာင္းေလးနဲ႕ၾကည့္လာတာမို႔ Password ထည့္ေပးလိုက္ရသည္။ျမင္လိုက္ရတဲ့ကတၱီပါစနီနီေလးကိုၾကည့္ၿပီးသူ႕ႏွလုံးခုန္ႏႈန္းေတြပိုျမန္လာရသည္။

အိတ္ေလးကိုဆြဲထုတ္ၿပီး အထဲကပစၥည္းေတြဆြဲထုတ္ၿပီးေတာ့ ငယ့္မ်က္ဝန္းေတြမယုံနိုင္သလိုျဖစ္သြားေလသည္။

“ကိုကိုဒါေတြက”

ေဗဒါႏုေရာင္ Pajamaေလး စေတာ္ဘယ္ရီ key chain ႏွင့္ ငယ့္ဓါတ္ပုံေလးေတြကအစီအရီ။သူအရွက္ေျပေခ်ာင္းတစ္ခ်က္ဟန့္ရင္း ဂုတ္ပိုးထက္လက္ႏွင့္ပြတ္ကာ မ်က္ႏွာကိုဟိုဘက္လႊဲမိသည္။

“ကိုကို႔ ရွင္းမျပခ်င္ဘူးလား”

ရယ္ျမဴးရိပ္ေလးေတြဆင္ယင္ထားသည့္ အသံၾကည္ၾကည္ေလးကနားစည္ကိုခလုတ္တိုက္ကာ ႏွလုံးသားမွတစ္ဆင့္ လက္ဖ်ားေတြပါကတုန္ကယင္ျဖစ္လာေစသည္။

“ကိုကို”

“တိုတို”

“တိုတို”

“ျမင္ေနတဲ့ဟာကို ဘာေတြရွင္းျပရအုံးမွာလဲငယ္ရဲ႕”

ခပ္တိုးတိုးေလွ်ာက္လဲခ်က္ကိုသူေလးကလက္မခံ။အေျဖမွန္ကိုသာမရမကေမးေလ သည္။

“ဒါေတြကဘယ္လိုလုပ္ၿပီး ကိုကို႔မီးခံေသတၱာထဲေရာက္ေနတာလဲ”

“ကိုယ္အျမတ္တနိုးသိမ္းထားလို႔ေပါ့”

“ဒါေတြကိုသိမ္းထားတယ္ေပါ့”

“အဲ့တာအကုန္ငယ့္ပစၥည္းေတြခ်ည္းပဲေလ မသိမ္းထားဘဲေနမွသာငယ္ကစိတ္ဆိုးရမွာ”

“ငယ္စိတ္မဆိုးပါဘူး သိခ်င္တာတစ္ခုကဘယ္တုန္းကတည္းကသိမ္းထားတာလဲ”

“ငယ္ကိုယ့္ဆီကထြက္ေျပးသြားတုန္းကေလ မေတြ႕ရရင္မေနနိုင္လို႔အခန္းထဲထိဝင္ရွာတာ ငယ့္ကိုမေတြ႕တာနဲ႕ ငယ္နဲ႕သက္ဆိုင္တဲ့ပစၥည္းေတြပဲယူလာလိုက္တာ”

“ကိုကိုကႏွာဘူးႀကီးနဲ႕တူေနၿပီ”

“ဟုတ္တယ္ေလ ငယ့္ကိုဘူးမယ့္ႏွာဘူးအႀကီးစားႀကီး”

“ႏွာဘူး ေဖရီး”

သမီးကႏွာေခါင္းေလးရႈံ႕ကာလက္ညွိုးေလးထိုးၿပီးေျပာလာတာမို႔ ႏွာေခါင္းေလးကိုဆြဲညွစ္ပစ္မိသည္။

“ဘာႏွာဗူးေဖႀကီးလဲ ခုနေလးတင္ႏွစ္ေယာက္ေပါင္းၿပီး မင္းတို႔ပါပါးအတြက္ရန္လုပ္ေနေသးတာမလား”

“ေဖရီးကိုရွစ္”

“အပလီတုံးေလး”

“သြားၾကေတာ့မလားကိုကို”

“ေစာနေျပာေတာ့အိပ္မလို႔ဆို”

“စတာကို”

“ခ်တာဂို”

“သုံးေယာက္ေပါင္းၿပီး ေႁခြေနလိုက္ၾက”

“သြားၾကမယ္”

“တြားဂ်မယ္ ေဖရီးေပြ႕”

လက္ေလးဆန့္ထုတ္ကာေမာ့ၾကည့္လာပုံက ခုနရန္တိုက္ေပးေနတာသူမဟုတ္သလိုပဲ။

“မေပြ႕ခ်င္ပါဘူး ေဖႀကီးကိုမခ်စ္တဲ့သူကိုမေပြ႕ခ်င္ဘူး”

“ယႊာရွစ္တယ္ေယ ဒဂယ္ရွစ္တာရို႔ ေဖရီး”

လည္ပင္းကိုသိုင္းဖက္ကာဇြတ္ကုတ္ကပ္တက္ေနတာကို မေပြ႕ဘဲထားေတာ့ ခ်စ္တယ္ဆိုၿပီးခြၽဲလာေလသည္။

“မယုံပါဘူး ေစာနေလးတင္ လူကိုကန့္လန့္တိုက္ေနတာဘယ္သူလဲ”

“အာ့ကိုကိုခ်ာငယ္ ယႊာဟုတ္ဝူး”

“ေျခရာငယ္ ညီမေလးေျပာတာဟုတ္လား”

“ဟုတ္ရယ္ ခ်ာငယ္ ယႊာဟုတ္ဝူး”

“ညီမျဖစ္သူကိုအရမ္းေတြကာေပးတတ္ေနတယ္ေပါ့”

“ယႊာက.. ယႊာက တားညမေယး တားကကာကြယ္ေပးမွာ”

“သားညီမေလးကိုကာကြယ္ေပးလို႔ရတယ္ သူလိမ္ေနရင္သားကဖုံးေပးလို႔မရဘူးေလ”

“ယႊာနဲ႕တားကေဖရီးကေယးေယးေယ ခ်ရိဳ႕ေနာက္ရို႔အရဝူးယား”

“ေဖႀကီးကစစရာေကာင္းေနတယ္ေပါ့”

“ရွစ္ရို႔ခ်ရာပါ အရွစ္ရင္ယွဲ႕ေတာင္အက်ိဝူး”

“ခ်စ္လို႔စေပးလို႔ေက်းဇူးတင္ပါတယ္ဗ်ာ အလည္ေလးေတြႏွစ္ေယာက္လုံးကိုေပြ႕ေပးပါမယ္ဗ်ာ”

“ေဖရီးကိုရွစ္”

တစ္ဖက္တစ္ခ်က္ေပြ႕ခ်ီထားတဲ့လက္ထဲကေန ပါးျပင္ကိုလည္းလိုက္နမ္းေနေသးသည္။

“ပါပါးခ်ဴးရယ္”

ငုတ္စိေလးေတြထြက္ေနတဲ့ပါးသိုင္းေမြးေတြကိုထိရင္း သူတို႔ပါပါးကိုလွည့္ေျပာေနတာ။မုတ္ဆိတ္ေမြးပါးသိုင္းေမြးေတြသူတို႔ပါပါးရိတ္ေပးေနက်မွန္းသိေနတာကိုး။

“ဟုတ္ပါၿပီ မနက္ျဖန္က်ပါပါးရိတ္ေပးလိုက္မယ္ဟုတ္ၿပီလား”

“ဟုတ္ တြားမယ္ လည္လည္တြားမယ္”

တက္ႂကြေနတဲ့သားနဲ႕သမီးကိုေပြ႕ရင္း သူ႕ေရွ႕မွထြက္သြားသူေၾကာင့္ ပစၥည္းေတြမီးခံေသတၱာထဲျပန္ထည့္ရင္း ေနာက္ကလိုက္ဖို႔ျပင္ရသည္။တကယ္ပါပဲ ဒီလိုပစၥည္းေလးေတြကိုေတာင္ ခိုးယူလာရတယ္လို႔။

အတိတ္ကအေၾကာင္းေတြျပန္ေတြးရင္းသူ႕ႏႈတ္ခမ္းစြန္းေတြျမင့္တက္ကုန္သည္။ထင္ခဲ့တဲ့အေျခအေန သိခဲ့တဲ့အေၾကာင္းအရာေတြနဲ႕ဆန့္က်င္ဘက္ေတြမို႔ သူ႕ကိုယ္သူေတာင္မယုံၾကည္ခဲ့တဲ့ေန႕တစ္ခ်ိဳ႕ေပါ့ေလ။

“ငယ္ သြားရေအာင္ေလ”

“ပါပါး ယာခဲ့”

တံခါးဝမွာေနာက္လွည့္ၾကည့္ရင္းေခၚေနတဲ့သက္ဆိုင္သူေလးေတြက ႐ုန္းလို႔မထြက္နိုင္တဲ့ႏွောင္ႀကိဳးေလးေတြ။

ဘဝအရင္းတစ္ခုလုံးကိုအတိတ္မွာခ်န္ခဲ့ၿပီး ဝင္ကစြပ္လိုဘဝမ်ိဳးနဲ႕အနာဂတ္ကိုျဖတ္သန္းဖို႔ ေနာင္တေတြမရွိေတာ့။ကံၾကမၼာကေပးအပ္လာတဲ့ခ်စ္ျခင္းတစ္ခုမွာ ႏွလုံးသားတစ္ခုလုံးကိုအရင္းျပဳထားပါတယ္။ခ်စ္ျခင္းတရားေတြနဲ႕ပတ္သပ္ရင္ အရႈံးအျမတ္မတြက္ေၾကးေပါ့………..

……………….

Sျပည္နယ္ရဲ႕ရႉခင္းေတြက ဘယ္အခ်ိန္ျဖစ္ျဖစ္ႏွလုံးသားကို ႐ႊင္လန္းေစသည္။ၿခံထဲမွာဘယ္လိုပဲသဘာဝဆန္ေအာင္ျပဳျပင္ထားပါေစ သဘာဝအစစ္ရဲ႕အေငြ႕အသက္ႏွင့္အနည္းငယ္ေတာ့ကြဲျပားတာပါပဲ။

ကေလးေတြကလည္းအရိပ္ထဲသေဘာတက်ေျပးလႊားေနတာမို႔ သက္ေတာ္ေစာင့္ေတြႏွင့္ထားကာ သူကေတာ့ညေနေနေရာင္ေအာက္လမ္းပတ္ေလွ်ာက္ျဖစ္သည္။

ညေနခင္းမို႔သိပ္မပူတာေၾကာင့္ ကြင္းျပင္က်ယ္ႀကီးမွာေဆာ့ကစားေနၾကတာကိုလႊတ္ထားေပးလိုက္သည္။ကေလးသုံးေယာက္ႏွင့္အတူငယ္ငယ္ကပါအတူေဆာ့ေနတာမို႔ ထိုျမင္ကြင္းကိုလက္ပိုက္ေငးရင္း ႏႈတ္ခမ္းစြန္းေတြေကြးၫြတ္ကုန္သည္။

နံေဘးနားအရိပ္က်လာတာမို႔ၾကည့္လိုက္ေတာ့ မထင္မွတ္ထားတဲ့ပုဂၢိုလ္တစ္ဦး။အရႈပ္အေထြးေတြအားလုံးၿပီးဆုံးသြားကတည္းက အေရးမပါတာေတြေမ့ထားၿပီး ျမတ္နိုးရာေလးေတြႏွင့္သာအခ်ိန္ကုန္ေနျဖစ္သည္။ထို႔ေနာက္ဤပုဂၢိုလ္ႏွင့္ပတ္သပ္မႈကိုအေရးမစိုက္ျဖစ္ခဲ့။

“မင္းအားလုံးသိၿပီးသြားၿပီမလား”

“သိေစခ်င္လို႔ေျပာျပခဲ့တဲ့စကားေတြပဲဟာ မသိရင္ကြၽန္ေတာ္ညံ့ရာက်တာေပါ့”

“မသိေစခ်င္လို႔ပဲ အသိစိတ္ေတြကိုဖ်က္ပစ္ခဲ့တာေပါ့”

ကေလးေတြႏွင့္ေဆာ့ေနတဲ့ငယ္ငယ့္ကိုေငးရင္း လြမ္းေဆြးသလိုၾကည့္ေနတာကို မျမင္ခ်င္ေယာင္ေဆာင္လိုက္သည္။

“တမင္သက္သက္ေျပာၿပီးမွ မွတ္ဥာဏ္ေတြဖ်က္ပစ္ခဲ့တာက စိတ္ေျပာင္းသြားခဲ့လို႔မလား
ပထမေတာ့တစ္ဘဝစာေလးပဲေစာင့္ရမွာမလို႔ဆိုေပမယ့္ အေၾကာင္းစုံသိၿပီးသြားေတာ့တစ္ပါးသူလက္ထဲထည့္ေပးလိုက္ရမွာေၾကာက္သြားတာ သူသာေပ်ာ္ရင္လူ႕ျပည္မွာအခြင့္ရွိသေ႐ြ႕ဝင္စားလို႔ရတာသိသြားခဲ့လို႔မလား”

“ေလွ်ာက္ေျပာမေနနဲ႕”

“ကြၽန္ေတာ္သိၿပီးသား ပင္ဝါး႐ုံငယ္ဆိုတဲ့ဘဝၿပီးသြားရင္ ေကာင္းကင္ဘုံကိုသူျပန္ခြင့္ရွိသြားၿပီေလ အကယ္၍ကြၽန္ေတာ္နဲ႕သာဆိုရင္သူမျပန္ခ်င္ေလာက္ေတာ့ဘူး သံေယာဇဥ္ေတြတစ္ထပ္ၿပီးတစ္ထပ္ရစ္တြယ္ရင္း သူစြန့္လႊတ္နိုင္မွာမဟုတ္ေတာ့ဘူး”

“မင္း..”

“ကြၽန္ေတာ့္ခ်ိပ္စည္းပ်က္သြားၿပီ အဲ့တာေၾကာင့္အားလုံးကိုမွတ္မိသြားၿပီ ေယာကၡမႀကီး “

“မင္းကိုဘယ္သူကၾကည္ျဖဴေနလို႔ေခၚေနတာလဲ”

“ငယ္ငယ္ကၾကည္ျဖဴတယ္ေလ ငယ္ၾကည္ျဖဴရင္ရၿပီလို႔ေျပာခဲ့တာၾကားမိသလိုပဲ ေယာကၡမႀကီးကအသက္ႀကီးလို႔မ်ားမွတ္ဥာဏ္မေကာင္းေတာ့တာလား”

“မင္း…မင္းလိုနတ္ဆိုးမ်ိဳးနဲ႕ ငါ့ကေလးကိုသေဘာမတူဘူး”

“အဲ့တာဆိုကကံၾကမၼာနတ္မင္းနဲ႕သေဘာတူခ်င္ေနတာလား အို႔…ေျပာမွပဲ ေယာကၡမႀကီးကပုံျပင္အသစ္အဆန္းေတြေျပာျပရတာဝါသနာပါတယ္ထင္တယ္ေနာ္”

မ်က္လုံးေထာင့္ကပ္ကာၾကည့္ရင္းခနဲ႕တဲ့တဲ့ေျပာေတာ့ ႏွာတစ္ခ်က္မႈတ္ေလသည္။

“ဟမ့္… မင္းစြပ္စြဲမေနနဲ႕”

“ဘာတဲ့….ကိုယ္ေမြးထားတဲ့သားေလးကိုေတာင္သမီးလို႔ေျပာင္းလိုက္ေသးတယ္ ၿပီးေတာ့ကံၾကမၼာနတ္သမီးဆိုပဲ ဟိုကျဖင့္အထီးႀကီးကို ဘာလဲလူ႕ျပည္ကဇာတ္လမ္းေတြၾကည့္ပါမ်ားၿပီး မင္းသားနဲ႕မင္းသမီးျဖစ္မွဇာတ္လမ္းဆန္တယ္ေတြးေနတာလား ေခတ္ေနာက္က်လိဳက္တာ ၿပီးေတာ့ကေလးကိုလည္းလိမ္လည္ၿပီးအမွန္ေတြေရာအမွားေတြေရာေရာေထြးေျပာသြားတာ ေကာင္းကင္ဘုံကလူေတြမ်ား လူလိမ္ေတြခ်ည္းပဲ”

“မင္းကေရာဘယ္ေလာက္ေကာင္းေနလို႔လဲ သူမ်ားသားႏုႏုထြတ္ထြတ္ေလးကို ေကာင္းကင္ဘုံထိလာၿပီးေသြးေဆာင္ဖ်ားေယာင္းသြားတာေလ အသက္ကျဖင့္ငါနဲ႕မတိမ္းမယိမ္းကိုမ်ား ကိုယ္ကေမြးမွကိုယ့္သားေလာက္ရွိတဲ့အ႐ြယ္ေလးကိုဂ်င္းထည့္ၿပီးအပိုင္သိမ္းသြားတတဲ့ ႏြားအိုျမက္ႏုႀကိဳက္”

“ဘာလဲ အဲ့ေတာ့ဟိုအစုတ္ပလုတ္ကံၾကမၼာနတ္မင္းနဲ႕သေဘာတူခ်င္ေနတာလား သူ႕အသက္ကျဖင့္က်ဳပ္ထက္ရာဂဏာန္းေလာက္ပဲငယ္တာမ်ား ဘယ္လိုေနေနသူနဲ႕ခင္ဗ်ားကမတိမ္းမယိမ္းဘဲ အတူတူခ်င္းေတာင္သူကမသမာတဲ့နည္းလမ္းနဲ႕ငယ္ငယ့္ကိုအရသိမ္းခ်င္ေနတာေလ အလကားဥာဏ္မ်ားတဲ့နတ္ေတြ သူမ်ားပိုင္တဲ့ဖူးစာရွင္ကိုေတာင္လုယူခ်င္ေနေသးတယ္ ဆုေတာင္းေလ”

“သေဘာက်မိသြားၿပီဆိုရင္ေတာ့ရေအာင္ယူခ်င္ၾကတာပဲေလ”

“အဲ့ေတာ့ သူ႕ကိုဘဲသားမက္ေတာ္ခ်င္ေနတယ္ေပါ့ ေမွ်ာ္မေနနဲ႕ သူကျဖင့္နတ္သက္ေႂကြသြားေပါ့”

“အရင္တုန္းကေတာ့ဟုတ္တယ္ေလ သူနဲ႕ကအခ်ိန္အၾကာႀကီးသိလာခဲ့တာ မင္းလိုအၿမဲျပႆနာရွာေနတဲ့သူနဲ႕ယွဥ္လို႔ရွိရင္ သူကပိုယုံၾကည္ရတယ္ေလ”

“အဲ့တာနဲ႕ပဲ ဖူးစာျဖတ္ဖို႔လူ႕ျပည္ကိုလႊတ္လိုက္တယ္ေပါ့ ဟမ့္ က်ဳပ္လိုလူကကိုယ့္ပိုင္ဆိုင္မႈကိုအျခားလူလက္ထဲအေရာက္ခံမယ္လို႔ယုံၾကည္ေနတဲ့ခင္ဗ်ားတို႔အေတြးေတြကိုသိပ္အံ့ဩတာပဲ”

“မင္းငါ့သားကိုလိုခ်င္ရင္စကားေျပာနည္းအရင္ျပင္တာေကာင္းမယ္”

“အို႔ သားတစ္ေယာက္ေပးၿပီးက်ဳပ္ဘဝႀကီးကိုခ်ယ္လွယ္ေတာ့မယ္ေပါ့ ေယာကၡမႀကီး”

“မင္းကိုယဥ္ေက်းတတ္ဖို႔သင္ေပးခ်င္ယုံတင္”

“ငယ္ငယ့္မ်က္ႏွာကိုေထာက္ထားၿပီးေတာ့ ေယာကၡမႀကီးေျပာသမွ်လက္ခံလိုက္မယ္ အို႔….ေမ့ေတာ့မလို႔ ကြၽန္ေတာ္ရႉပ္ခဲ့သမွ်ကိုေနာက္ကလိုက္ရွင္းေပးတဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္”

“မလိုပါဘူး သူတို႔ေတြသားငယ္ကိုဒီျပန္ေခၚလာေပးတာကစည္းမ်ဥ္းေတြကိုေသြဖည္ရာေရာက္ေပမယ့္ မင္းရဲ႕ထင္ရာလုပ္တတ္တဲ့တဇြတ္ထိုးဥာဥ္ကိုသိေနလို႔ မင္းဆႏၵကိုျဖည့္ဆည္းေပးၾကတာ ေျပာရမယ္ဆိုရင္ မင္းရဲ႕စြမ္းအားေတြကိုေၾကာက္ၾကလို႔ အကယ္၍မင္းသာတကယ္ဆႏၵရွိရင္ သူတို႔ကမၻာကိုတကယ္ဖ်က္ဆီးပစ္နိုင္တာကိုသူတို႔သိေနလို႔ ျဖစ္နိုင္ေခ်ေတြေ႐ြးခ်ယ္စရာေတြကိုေတာင္ေတြးမေနဘဲခ်က္ခ်င္းလိုက္ေလ်ာေပးလိုက္ၾကတာ”

“ကြၽန္ေတာ္ကအဲ့ေလာက္လည္းမဆိုးဘဲနဲ႕”

“အိမ္ကကေလးနဲ႕ပတ္သပ္ရင္ မင္းရဲ႕ေကာင္းျခင္းဆိုးျခင္းေတြကတစ္ဖက္စြန္းေရာက္ပဲမဟုတ္လား ဥပမာ ဟိုတစ္ေယာက္ကိုပဲၾကည့္”

ၫႊန္ျပရာဆီအၾကည့္ေတြေ႐ႊ႕ေတာ့ ကေလးေတြကိုၾကည့္ေနသည့္Omegaတစ္ဦး။ကေလးေတြနဲ႕အေဝး ခပ္လွမ္းလွမ္းကေနသာေငးၾကည့္ေနၿပီး မ်က္ဝန္းထဲမွာအၿပဳံးရိပ္ေတြႏွင့္။

“မင္းရဲ႕အရင္စိတ္နဲ႕ဆိုသူအသက္ရွင္မွာမဟုတ္ဘူး ဒါေပမယ့္မင္းသူ႕ကိုလႊတ္ေပးခဲ့တာပဲမလား “

သက္ျပင္းတစ္ခ်က္ခ်ရင္း အတိတ္ေတြကိုေမွ်ာခ်ရသည္။

“ဟုတ္တယ္ အဲ့တုန္းကငယ္ငယ့္ကိုၾကည့္ၿပီးကြၽန္ေတာ္သူမ်ားေတြအတြက္ပါေတြးေပးတတ္လာတာ အသက္တစ္ေခ်ာင္းဆီတိုင္းမွာတန္ဖိုးေတြရွိၾကတယ္ ကိုယ့္အတြက္သူတို႔အသက္ကပု႐ြက္ဆိတ္တစ္ေကာင္ေလာက္ပဲအေရးပါေပမယ့္ သူ႕ကိုတန္ဖိုးထားတဲ့သူအတြက္ေတာ့အဲ့လူဟာကမၻာႀကီးတစ္ခုလုံးစာပဲ”

“…………..”

“အဲ့တုန္းကသူ႕မွာလည္းတမင္ရည္႐ြယ္ခ်က္ေတြရွိခဲ့တာမွမဟုတ္တာ ဟိုလူ႕ရဲ႕စုတ္ခ်က္ေအာက္မွာ႐ူးသြပ္မႈေတြပုံေပၚလာခဲ့႐ုံတင္ ေနာက္ၿပီး အခုခ်ိန္သူ႕မွာအတိတ္ဆိုးေတြကိုမွတ္မိနိုင္စြမ္းမွမရွိေတာ့တာ စိတ္သစ္လူသစ္နဲ႕အသက္ရွင္ခြင့္ေပးဖို႔ကြၽန္ေတာ့္အတြက္မခက္ခဲပါဘူး ကြၽန္ေတာ္ လူေတြကိုလက္လြက္စပါယ္မသတ္ပစ္ခ်င္ေတာ့ဘူး ငယ္ငယ္ရယ္သားနဲ႕သမီးရယ္ေဘးကင္းေနသ၍ အိမ္မက္ဆိုးေတြကိုေမ့ေပ်ာက္ထားဖို႔ကိုပဲေ႐ြးခ်ယ္မယ္ အဲ့ေကာင္းမႈေတြေၾကာင့္သံသရာတစ္ေလွ်ာက္ငယ့္လက္ကိုတြဲထားခြင့္ရမယ္ဆိုရင္ေတာ့ ကြၽန္ေတာ့အတြက္အျမတ္ေတြေပါ့”

“ငါ့ေရွ႕မွာ အမွတ္ေတြယူခ်င္မေနနဲ႕”

“ကြၽန္ေတာ္ကစိတ္ထဲရွိတဲ့အတိုင္းပဲေျပာတတ္လုပ္တတ္တယ္ ဟန္ေဆာင္တာေတြေဖာ္လံဖားေတြဝါသနာမပါဘူး ဒါေပမယ့္ငယ့္အတြက္ဆိုရင္ေတာ့ လုပ္ျဖစ္ခ်င္လုပ္ျဖစ္မွာေပါ့”

“ဟြန့္”

ႏႈတ္ခမ္းမဲ့လိုက္သူကိုဂ႐ုမထားဘဲ ေရွ႕မွျမင္ကြင္းေလးကိုသာဆက္ၾကည့္ေနမိသည္။ေလျပည္ေလညွင္းေတြရဲ႕က်ီစယ္မႈေအာက္ ေဆာ့ကစားေနၾကတဲ့ ႏွလုံးသားေလးေတြကိုၾကည့္ရင္း ဘဝရဲ့အဓိပ္ပါယ်တစ်ချို့ရင်မှာတိုးဝှေ့လာလေသည်…….

####################

ၿငိမ္း🌞🌻

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅၄, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅၄, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅၄ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅၄ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅၄ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅၄ light novel, ,

Comment

Leave a Reply

Chapter 55