Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) ဇာတ်သိမ်းပိုင်း
A+ A-
“ရေလွှာလေး ကိုကိုရော”
“တိုတိုတိမ်တိုက်ယား တိုတိုချာငယ်ယား”
“နှစ်ယောက်လုံး”
“ဖျဲတီးတွားထူးရယ်”
“ဖရဲသီး ဘယ်သွားခူးတာတုန်း”
“ဦးညောင်းညိုခြံထဲ”
“ဒီကလေးတွေတော့မနိုင်ပါလားကွာ”
ငယ်ညည်းညည်းညူညူလေးပြောလိုက်ရင်း သမီးလေးဘေးထိုင်ချလိုက်သည်။မြို့ပြင်ဘက်ဝယ်ထားတဲ့သရက်ခြံလေးထဲရောက်နေတာမို့ ကလေးတွေကိုဆော့ခိုင်းခဲ့ကာသရက်သီးတွေလိုက်ကြည့်နေတုန်း အကြီးနှစ်ယောက်ကဘေးကနောင်းညိုဖရဲခင်းဘက်ထွက်သွားတာ။
ဖရဲခင်းနဲ့သိပ်မဝေးပေမယ့်ကလေးတွေချည်းဆိုတော့စိတ်ပူရသည်။ဒီရောက်တိုင်းသွားနေကျမို့လမ်းကြောသိပြီး ချောင်းပေါက်မတတ်သွားနေတာ။
“ကိုကိုရေ..ကိုကို”
“လာပြီငယ် ဘာဖြစ်လို့လဲ”
သရက်သီးခြင်းကိုဆွဲကာထွက်လာသူက အခြားလက်တစ်ဖက်မှာလည်း ဦးထုပ်တစ်လုံးကိုကိုင်ထားသေးသည်။အခုန ငယ်ငယ်ချွတ်ထားပြီးမေ့နေခဲ့တာ။
“ကိုကို့သားနဲ့တိမ်လေးတို့ နောင်းညိုဖရဲခင်းထဲသွားတယ်တဲ့”
“သွားပြန်ပြီလား နေပူနေသေးတာကိုကွာ နေအုံး ကိုကိုလိုက်ကြည့်အုံးမယ်”
“ဖေရီး ဦးONEနဲ့တွားယာ”
“ONEပါသွားရင်တော့စိတ်ချရမှာပါ သမီးလေးကိုခေါ်မသွားဘူးပေါ့”
“တိုတိုကကျောယယ် နေပူရယ်အရိုက်ရဝူးတဲ့”
“ညီအစ်ကိုနှစ်ယောက်ကတော့လုပ်ပြီကွာ”
“လွှာငယ်မှန်မှန်ပြော သမီးဂျီကျလိုက်တာမလား”
ငယ်ငယ်စစ်မေးလိုက်တော့ မျက်လွှာလေးချနှုတ်ခမ်းလေးထော်ပြီး လက်ချောင်းလေးတွေချင်းလိမ်ကာ
“ပါပါးကယဲ ယွှာက….ယွှာက နေပူရယ်ဖျဲတီးယေးချားရရင်တိပ်ကောင်းမှာပဲရို့ကျောတာ တိုတို…တိုတိုချာငယ်ကတွားထူးပေးမယ်ချိုပြီး တူ့ဘာသာတူထွက်တွားရာ”
“ဖြစ်ရမယ်ဒီကလေးတွေတော့ ညီမကိုဘာလို့အဲ့လောက်တွေအလိုလိုက်နေလဲမသိပါဘူး”
“ယွှာကတိုတို့ညမယေးယေ ပြီးရော့ ယွှာက….. ယွှာက ရှစ်ဖို့တောင်းရယ်ယေ”
ခေါင်းလေးစောင်းပြီး မျက်ဝန်းတွေမှိတ်အောင်ရယ်ပြနေသူက သူ့ဘာသာသူချစ်ဖို့ကောင်းပါတယ်တဲ့။
“ဘယ်သူပြောလဲချစ်ဖို့်ကောင်းတယ်လို့”
“တိုတိုတိမ်တိုက်ယဲကျောယယ် တိုတိုချာငယ်ယဲကျောယယ် ပါပါးနဲ့ဖေရီးယဲကျောယယ် ယွှာယဲမှန်ကြည့်ရယ်”
“ဟားဟားဟား ဟုတ်ပါ့ကွာ ဖေ့သမီးကမှန်ထဲမှာအရမ်းတွေချစ်ဖို့ကောင်းတာမြင်ခဲ့တယ်ပေါ့”
သဘောတကျရယ်မောရင်းအနားကိုဆက်လျှောက်လာသူက လက်ထဲကသရက်သီးခြင်းကို သက်တော်စောင့်တစ်ယောက်လက်ထဲထည့်ပေးခဲ့လေသည်။
“ဟုတ်ရယ် ယွှာကရှစ်ဖို့တောင်းရယ် ပါပါးရို ပါးချိုင့်ယေးရဲပါရယ်”
ပြုံးလို့ခွက်နေတဲ့သူ့ပါးချိုင့်လေးတွေထဲ လက်ညှိုးလေးနှစ်ချောင်းထောက်ကာငယ်ငယ့်ကိုခေါင်းလေးစောင်းကြည့်လာတာမို့အသည်းယားစွာနမ်းပစ်မိတော့လည်း သဘောတကျရယ်နေသေးတာ။
“အတတ်ကလေးကွာ လာပါအုံးဖေ့ကြီးဆီ”
ကိုကိုကမြက်ခင်းပြင်ပေါ်ချခင်းထားတဲ့ဖျာပေါ်ဝင်ထိုင်ရင်း သမီးငယ်ကိုဆွဲပွေ့ကာရင်ခွင်ထဲထည့်ပြီးတရှုံ့ရှုံ့နမ်းလေသည်။
“ဖေ့ယားရယ်လို့ ခစ်ခစ် ဖေ့ သော်ဘီ ပါပါးယေကူအုံးရို့”
“ဟားဟားဟား ဘယ်သူ့ကိုကူခိုင်းနေတာတုန်း သမီးပါပါးကဖေကြီးကိုမှမနိုင်တာ”
“ပါပါးရေ တိုတိုရေ ဖေဂျီးနိုင်ကျင့်နေရယ်”
“ချစ်လို့နမ်းနေတာကို ဘယ်မှာအနိုင်ကျင့်နေလို့တုန်းမင်းသမီးလေးရဲ့”
“ခစ်ခစ်ခစ်”
သမီးကိုပွေ့ရင်းစနောက်နေတဲ့ကိုကို့ကိုကြည့်ပြီး ငယ်ပြုံးနေမိသည်။မျက်မှောင်အမြဲကျုံ့နေတတ်ပြီး ဘယ်လိုပြုံးရမှန်းတောင်မသိတဲ့သမုဒ္ဒရာကနေ ချစ်ရည်ရွှန်းတဲ့မျက်ဝန်းတွေနှင့် အမြဲရယ်မောနေတတ်သောသမုဒ္ဒရာဖြစ်လာခြင်းဟာ သူနှင့်သာသက်ဆိုင်နေပါသတဲ့။
တစ်ဘဝစာဆွဲခဲ့ဖူးတဲ့ပန်းချီကားတွေထက် ကိုကို့ဘဝကိုပုံပေါ်အောင်ရေးဆွဲနိုင်ခဲ့ခြင်းကို ပို၍ဂုဏ်ယူမိသည်။အပြုံးတွေကိုပန်းချီကားပေါ်မှာမဟုတ်ဘဲ လက်တွေ့ဘဝမှာအသက်သွင်းနိုင်ခဲ့ခြင်းက အပြောင်မြောက်ဆုံးလက်ရာတစ်ခုပါပဲ။
Sပြည်နယ်မှာဟိုOmegaလေးကိုပြန်တွေ့ခဲ့စဥ်က သူအံဩသွားရသည်။ကြောက်ရွံ့ခြင်းအနည်းငယ်ရောပါဝင်တာပေါ့။
flash back…..
“ကလေးလေးတွေကချစ်စရာလေးနော်”
အနားမှာကြားလိုက်ရသည့်အသံကြောင့် ကလေးတွေဆော့နေတာကိုငေးရင်း သူထိတ်လန့်သွားရသည်။
“လန့်သွားတာလားဗျ တောင်းပန်ပါတယ်နော် ကျွန်တော်အသံမပေးလိုက်မိဘူး တကယ်တောင်းပန်ပါတယ်ဗျ”
ခါးကိုညွတ်လို့အထိတ်တလန့်တောင်းပန်ခြင်းမှာ သူကြက်သေသေနေမိသည်။သူမေ့ပျောက်ထားတဲ့အတိတ်အပိုင်းအစတွေ ရင်ထဲပြန်လှုပ်ရှားလာတာမို့ အာစေးမိနေသည်အထိ။
ရုတ်တရတ်ထွေးဖက်လိုက်တဲ့ရင်ခွင်ကျယ်ကြီးကသူ့အသိတွေကိုပြန်ခေါ်ဆောင်လာပေးသည်။ကိုကိုရှိနေရင်ဘာမှကြောက်စရာမလိုတော့ဘူး။
“သူ​ကကိုယ်တို့ Resortရဲ့ဝန်ထမ်းလေးလေ မတော်တဆမှုတစ်ခုကြောင့် အတိတ်မေ့နေတာ ဆွေမျိုးသားချင်းတွေရော အတိတ်တွေရောအားလုံးမမှတ်မိတော့တာမို့ဒီကအန်တီကြီးကမွေးစားထားတာ”
“အာ”
အနည်းငယ်နားလည်စွာဖြင့် သူသနားစိတ်ဝင်မိသွားသည်။ချစ်ရသူရောသွေးသားကိုပါဆုံးရှုံးခဲ့ရတဲ့ Omegaလေးကယခုအခြေနေကသာဖြေသာစရာမဟုတ်လား။
“ရပါတယ် လုပ်စရာရှိတာသွားလုပ်လိုက်ပါ”
“ဟုတ်”
“ကလေးတွေနဲ့ဆော့ကြည့်ချင်လား”
ကိုကို့စကားအဆုံးခါးမတ်လိုက်တဲ့ထိုOmegaလေးက ငယ်ငယ့်စကားကြားတော့မျက်ဝန်းတွေတောက်ပလာလေသည်။
“အဲ့လိုရလား”
“ရပါတယ် ကျွန်တော်တို့ဒီမှာတစ်ပါတ်လောက်နေမှာမို့ ကလေးတွေကိုဂရုစိုက်ပေးဖို့အဆင်ပြေမလား”
“ဟုတ်ကဲ့ ဟုတ်ကဲ့ အရမ်းအဆင်ပြေပါတယ် ကျေးဇူးတင်ပါတယ် ကျွန်တော်သေချာဂရုစိုက်လိုက်ပါ့မယ်”
“အဲ့တာဆိုသွားလေ”
“ဟုတ်”
ငယ်ငယ့်ကိုကျေးဇူးတင်သလိုကြည့်ကာကလေးတွေရှိရာဆီထွက်သွားသူကိုကြည့်ရင်း ဘာကြောင့်မျက်ရည်ဝဲလာသည်မသိ။ကိုကို့ရင်ဘတ်ကိုခေါင်းလေးစောင်းပြီးမှီတော့ ဆံနွယ်တွေထက်အနမ်းတစ်ချက်ဆင်းသက်လာလေသည်။
“ငယ် အဆင်ပြေရဲ့လား”
“ကျေးဇူးတင်ပါတယ်”
“ဘာလို့လဲ”
“ကျွန်တော့်ကြောင့်အသက်တစ်ချောင်းထပ်ကြွေလွင့်သွားခဲ့ပြီလို အမြဲတမ်းတွေးနေမိတာ”
“ငယ့်ကြောင့် ကိုယ်သူ့ကိုဆက်ရှင်သန်ခွင့်ပေးခဲ့တာ လူ့အသက်တွေကိုတန်ဖိုးထားတတ်ဖို့ငယ်ကသင်ပြပေးခဲ့တာ ကိုယ်လုပ်ခဲ့တဲ့မကောင်းမှုတွေကြောင့်ငယ်ခံစားခဲ့ရတာကိုထိုင်ကြည့်နေရတာနဲ့တင် ကိုယ်သေလုမတတ်ဘဲ ထပ်ပြီးမကောင်းမှုတွေမလုပ်ချင်တော့ဘူး သံသရာမှာပါသွားခဲ့ပြီးဒီလိုအဖြစ်ဆိုးတွေထပ်ဖြစ်ခွင့်မပေးနိုင်ဘူး”
“အွန်း ငယ်လည်းအတူတူပဲ ကိုကို့ကိုအပြစ်ကြွေးတွေမများစေချင်ဘူး မတော်လို့များနောက်ဘဝရှိခဲ့ရင် ဒီအပြစ်ကြွေးတွေကြောင့် ကိုကိုနဲ့ထပ်ခွဲရမှာမလိုလားဘူး”
ကလေးတွေအနားပြုံးရင်းရပ်နေသူကိုကြည့်ကာ သူတို့နှစ်ယောက်လက်တွေပိုခိုင်မြဲအောင်တွဲထားမိသည်။ပြုသူအသစ်ဖြစ်သူအဟောင်းတဲ့။ဒီဘဝမှာအမုန်းတွေကိုလက်လွှတ်လိုက်မည်။နောက်ဘဝမှာအမုန်းတွေကွေကွင်းစေဖို့ရည်ရွယ်ပြီးပေါ့။
“ငယ် ဘာတွေတွေးနေတာလဲ”
အတွေးတွေပျံ့လွင့်နေသူကို ပုခုံးအသာပုတ်တော့မှ လက်တွေ့ပြန်ရောက်လာလေသည်။
“အာ ကိုကိုဘာပြောလိုက်တာလဲ”
“ဘာတွေတွေးနေတာလဲလို့”
“ကိုကို့အကြောင်းတွေးနေတာ”
“ငယ်ကကွာ လူတစ်ယောက်လုံးဘေးမှာထားပြီးတော့ အဲ့လောက်တွေးနေစရာလား”
“အဲ့တော့ မရဘူးလားပြော”
“ပါပါး ဖေရီး”
ကြားဖြတ်လိုက်တဲ့အသံလေးက သားလေးလခြေရာငယ်ဆီက။တောက်တိုတောက်တိုဖြင့် တိမ်တိုက်လေးလက်ကိုဆွဲကာ ခြံထဲပြေးဝင်လာလေသည်။နောက်က ONEလက်ထဲကိုင်လာတာကဖရဲသီးကြီးနှစ်လုံး။
“သားငယ်ဖြည်းဖြည်းလာ”
အပြေးလှမ်းနေတဲ့ခြေလှမ်းလေးတွေကိုကြည့်ရင်း ရင်တထိတ်ထိတ်။ချော်လဲလို့ခိုက်မိရင်တောင်မငိုတတ်ပေမယ့် စိုးရိမ်တာပဲလေ။
“ပါပါး”
ရင်ခွင်ထဲတိုးဝင်လာတဲ့ကလေးက ငယ်ငယ့်ရင်ဘတ်ထဲမျက်နှာအပ်လာလေသည်။ငယ်ငယ့်ကိုယ်သင်းနံ့ကိုကြိုက်တာကတော့ သုံးယောက်လုံးအတူတူပဲ။
“ပါပါးက ချပယ်နံ့ယေးမွှေးယယ်”
“ပါပါးဆီကဟုတ်လို့လား သားအိတ်ကပ်ထဲကပန်းကမဟုတ်ဘူးလား”
“ဟုတ်ဝူး ပါပါးနံ့ချာငယ်သိရယ် ပါပါးကပန်းယေးတေထက်ပိုမွှေးယယ် အာ့ကြောင့် ချာငယ်ကပါပါးကိုမွှေးရယာကြိုက်ယယ်”
“ယွှာ့ပါပါး တိုတိုချင်း ပါပါးယွှာ့ကိုချီ ယွှာယဲမွှေးချင်ယယ်”
အစ်ကိုဖြစ်သူကိုဆွဲချပြီး ဇွတ်နေရာလုနေတဲ့သမီးငယ်ကြောင့် ကိုကိုကရယ်လေသည်။
“သမီးငယ်အတွက် ကိုကိုကဖရဲသီးတွေသွားခူးလာပေးတာနော် ကိုကို့ကိုအနိုင်ကျင့်မလို့လား”
ONEကဖရဲသီးကိုင်ရင်းရပ်နေတုန်းဖြစ်ကာ တိမ်တိုက်လေးကတော့ ဘေးမှာရပ်ကြည့်ရင်း ညီနဲ့ညီမကိုသဘောကျနေလေသည်။ငါးနှစ်ကျော်ကြီးတဲ့အစ်ကိုကြီးက ညီနဲ့ညီမကိုတော့သေချာအုပ်ချုပ်နိုင်လေသည်။ဟိုနှစ်ယောက်ကလည်းအစ်ကိုပြောသမျှဟုတ်ကဲ့ပဲ။
“တိုတို့ဂိုအနိုင်ကျင့်ဝူး ယွှာက…ယွှာက ပါပါးရှီကမွှေးမွှေးယေးရိုချင်ရုံပါ”
ခုကျတော့ချက်ချင်းမျက်နှာငယ်လေးနဲ့ ချေပချက်ပေးနေတာ သူ့ပါပါးကိုနမ်းချင်ရုံပါပဲတဲ့။
“အလည်လေးကတော့ကွာ ပါပါးကိုမနမ်းနဲ့တော့ ဖေကြီးဖရဲသီးခွဲပေးမယ်စားမှာမလား”
“ပါပါးကိုနမ်းယင် ခွဲကျွေးဝူးယားဟင်”
“ဒါပေါ့ ဖေကြီးအချစ်ကလေးကိုဝိုင်းနမ်းနေကြရင် ဖေကြီးလည်းမပျော်တော့ဘူးလေ အဲ့တာဆိုခွဲမပေးချင်တော့ဘူး”
“ဖေရီး နိုင်ကျင့်နေရယ်တိုတို”
“ဟုတ်ရယ် ဖေရီးကျင့်ကောင်းဝူး ည….ညတုန်းကရဲဖေရီးပဲပါပါးနဲ့တူအိပ်ဒါကို ထုကျတော့ရဲပေးနမ်းဝူး”
“အီးးးးးးးး”
“ယွှာငိုနဲ့…ဖေရီးလူချိုး”
အငယ်မလေးကထငိုတော့ သားကြီးကစိတ်ဆိုးကာထအော်လေသည်။
“သမီးငယ်ကမငိုရဘူးလေ ဖေကြီးကစနေတာ ကိုကို့မစနဲ့တော့ ဖရဲသီးအရင်ခွဲပေးငယ်လည်းစားချင်တယ်”
သမီးလေးကိုချီကာချော့ရင်း ကိုကို့ကိုလည်းသတိပေးရသည်။အဲ့သားအဖတွေကတည့်ရင်လည်းခွာမရဘူး။စနောက်ပြီဆိုရင်လည်း သမီးငယ်ကငိုသားကစိတ်ဆိုး မကြီးမငယ်လူဆိုးကတော့တဖြီးဖြီးနဲ့အနိုင်ရသူလို။တကယ်ပါပဲ ကလေးတွေနဲ့တောင်ရန်ဖြစ်တိုင်းဆော့ရတယ်လို့။
“အီးးးးးး”
“လွှာငယ်ငိုရဘူးလေ ဦးရာရာကစနေတာ လွှာ့ကိုချစ်လို့စနေတာ”
တိမ်တိုက်လေးကဘေးကလာပြီးကူချော့တော့ ငယ့်ရင်ခွင်ထဲခေါင်းအပ်နေရာကမော့ကြည့်လာလေသည်။
“ပါပါးက ယွှာ့ရှစ်ရေး”
“ဟုတ်တာပေါ့ ပါပါးကလွှာ့အချစ်လေး”
“ဖေရီးကိုရှစ်နက်”
“အင်း မချစ်တော့ဘူးလူဆိုးကြီးကိုချစ်တော့ဘူးနော်”
“လွှာ့ဖေကြီးကဖရဲသီးသွားခွဲတာ ပြန်လာရင်မကျွေးပဲနေလိမ့်မယ်”
တိမ်တိုက်လေးကတိုးတိုးကပ်ပြောတော့ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မော့ကြည့်လာပြန်သည်။
“ကျွေးမှာပေါ့ ဖေကြီးကသမီးကိုချစ်လို့စနေတာ”
“ရှစ်ရင် နိုအောင်ရုပ်ဖူး”
“ဟားဟား…..သားကြီးကလည်း ဖေကြီးကစနေတာကို သားညီမလေးကအမြဲတမ်းအငိုသန်နေတာသိရက်နဲ့ ဘာလဲသားကဖေကြီးကိုစိတ်ဆိုးနေတာပေါ့”
“ဟွန့်”
အမြဲဖြစ်နေကျပါပဲ။ကိုကို့ကြောင့် သမီးငိုရင်သားကြီးကစိတ်ဆိုး ပြီးရင်ခဏပဲ။
“ကဲ လာပါပြီဗျ ဖေကြီးအချစ်လေးတွေအတွက်ဖရဲသီးစိပ်ချိုချိုလေးတွေရမယ်”
ဖရဲသီးပန်းကန်နှစ်ချပ်သယ်လာတဲ့ကိုကိုက အခင်းပေါ်ဝင်ထိုင်ရင်း ပန်းကန်ကိုချကာ သမီးလေးကိုဆွဲချီလေသည်။ခုတော့လည်းသူမဟုတ်သလိုပဲ ဖအေဖြစ်သူလည်ပင်းကိုသိုင်းဖက်ထားသေးတာ။
“ဖေ့သမီးကဖေကြီးကြောင့်ငိုထားတာပေါ့ ဟုတ်ပါ့ဖေကြီးကဆိုးလိုက်တာမွ”
​ပြောရင်းလည်းတဖွဖွနမ်းရင်းချော့နေတာမို့ သမီးမျက်နှာလေးကပြန်ပြုံးလာလေသည်။
“ဖရဲသီးစားမှာမလား ဖေကြီးခွံ့မယ်နော် ဒါကဖေကြီးသမီးအတွက်ရွေးထားတာ အချိုဆုံး “
တစ်လုံးထဲကအတူတူကိုတောင် ချိုတာရွေးထားတာဆိုပြီးဂျင်းထည့်ကာ သူ့သမီးကိုပြန်ချော့ပါသတဲ့။ဟိုကလည်းအဟုတ်မှတ်ပြီး စောနစိတ်ဆိုးတာတွေဘယ်ဆီနေသည်မသိတော့။
“သားကြီးစားကြည့် တိမ်တိုက်လေးရောစား ချိုနေတာပဲ နေပူပူကိုဖရဲသီးလေးနဲ့ကွက်တိပဲ”
သူယူစားရင်း ကလေးနှစ်ယောက်ကိုလည်း သတိပေးရသည်။သူတို့ညီမဆီပဲအာရုံရောက်နေတာမို့ အစားကိုသိပ်စိတ်မဝင်စား။ဟိုကတော့ပျော်ရွှင်လို့သူ့အဖေပေါ်မှာ ခွံ့ကျွေးသမျှတမြုံ့မြုံ့။
မိသားစုရဲ့အဓိပ္ပါယ်လေးပေါ့။စမယ် နောက်မယ် ပြီးရင်ပြန်ပြီးပြုံးကြမယ်။စိတ်ဆိုးစိတ်ကောက်မယ် ရယ်သံတွေလည်းဝေစည်နေကြမယ်။တစ်ယောက်နဲ့တစ်ယောက်ဘယ်သူပိုချစ်လဲ အချစ်တွေလည်းပြိုင်ကြအုံးမယ်။
……………………
“သမီးငယ် ကျောင်းသွားရမယ်လေထရအောင်”
“သွားချင်ဝူး”
“မသွားချင်လို့မရဘူးလေသမီးရဲ့ လိမ္မာတယ်နော် ထ သမီးကိုကိုတောင်အားလုံးပြီးနေပြီ”
“ပါပါးရောလိုက်ခဲ့”
“ပါပါးလိုက်ပို့မှာလေ”
“ကျောင်းတူတူတက်”
“အွန်းပါ လိမ္မာတယ်နော်ထရအောင်”
“ပါပါးချီ”
အိပ်ယာပေါ်ကနေပွေ့ချီကာ ကိုယ်လက်သန့်စင်မျက်နှာသစ်ပေးပြီး ဆံပင်လေးတွေကျစ်ပေးရသည်။ပခုံးထိနေတဲ့ဆံပင်ဝဲဝဲလေးတွေက ပျော့ပျောင်းနေကာ အရုပ်မလေးနှင့်တူစေသည်။မျက်နှာလေးကလည်းလခြမ်းနှင့်တူနေတာမို့ ကိုကိုတို့ချစ်မဝဖြစ်နေတာ။
ထမင်းစားခန်းထဲရောက်တော့ သားအဖနှစ်ယောက်ရယ်တိမ်တိုက်လေးရယ်ကထိုင်စောင့်နေပြီ။သားနှင့်သမီးကို တိမ်တိုက်လေးနေသည့်ကျောင်းမှာပဲထားမှာမို့ ကိုကြီးကမနက်စောစောလာပို့သွားတာ။
“ဖေကြီးသမီးကလှလို့ပါလား”
“သမီးကမြဲတမ်းလှတယ်”
“ဟုတ်ပါ့ လာပါအုံးဖေကြီးမွှေးအုံးမယ်”
ငယ်ငယ့်လက်ထဲကနေချီယူသွားတဲ့ကိုကိုက ပါးတွေကိုတရွှတ်ရွှတ်နမ်းတော့ အနမ်းမခံချင်သူက ကော့ထိုးလေသည်။
“ဖေကြီး လွှာလှတွေပျက်ကုန်လိမ့်မယ်နမ်းနဲ့”
“ဟားဟား မပျက်ပါဘူးသမီးရဲ့ သမီးကဒီနေ့အလှပြင်ထားတယ်ပေါ့”
“ပါပါးပြင်ပေးထားတာ”
“အဲ့တာကြောင့်အရမ်းတွေမွှေးနေတာကို”
“ကလေးကိုအရင်ခွံ့ကျွေးလိုက်ကိုကို ကျောင်းနောက်ကျနေလိမ့်မယ်”
“ပါပါးရောလိုက်မှာ”
“အွန်း လိုက်မှာ”
ကိုကိုကဆတ်ကနဲကြည့်လာချိန် မျက်စိတစ်ဖက်မှိတ်ပြရသည်။ယခုကျောင်းကိုရောက်ဖို့ကအဓိက။နောင်ခါလာနောင်ခါစျေးပဲ။
အားလုံးစားသောက်ပြီးတော့ ကားသုံးစီးဖြင့်ထွက်ခဲ့လေသည်။ရှေ့ဆုံးကကိုယ်ရံတော်လေးယောက်ပါသည့်ကား သူတို့မိသားစုကဒုတစ်စီးမှာနေပြီး ကျန်ကိုယ်ရံတော်တွေကနောက်ဆုံးတစ်စီးမှာ။ကားထဲမှာလည်းမိသားစုတွေဆူညံနေသည် ။အဆိုးဆုံးကတော့ ဒေါ်လှိုင်းရေလွှာငယ်ပေါ့။
“ကိုကိုတိမ်တိုက်က လွှာတို့နဲ့တူနေမှာလား”
“မတူဘူးလေလွှာရဲ့ ဒါပေမယ့်ကိုကိုကခဏခဏလာကြည့်မှာ”
“ကိုကိုကဘာလို့မတူအောင်နေတာလဲ”
“ကိုကိုကအသက်ပိုကြီးနေလို့ပေါ့”
“အာ့ဆို… အာ့ဆိုဘာလို့ပိုကြီးအောင်မွေးတာလဲ ဦးရိပ်ကောင်းဘူး”
“ဟားဟားဟား ဟုတ်ပါ့နော် သမီးရဲ့ဦးရိပ်ကအကျင့်မကောင်းဘူး”
အတန်းမတူလို့စိတ်ကောက်သွားတဲ့သမီးက စကားသံတွေတိတ်သွားတာကြောင့် သူတို့မှာတစ်ဖွဲ့လုံးပေါင်းချော့လိုက်ရသည်။
ကျောင်းကလည်း Private Schoolဖြစ်သည့်အပြင် ရှယ်ယာအများဆုံးထည့်ထားတာမို့ ကလေးတွေအနိုင်ကျင့်ခံရမှာအတွက်စိတ်ပူစရာမရှိ။သားနဲ့သမီးကတော့သူများကိုအနိုင်မကျင့်တတ်တာသေချာတာမို့ ထွေထွေထူးထူးမမှာဖြစ်တော့။
ကျောင်းရောက်တော့ ကျောင်းအုပ်ကိုယ်တိုင်ထွက်လာနှုတ်ဆက်သည့်အပြင် အတန်းပိုင်ဆရာမကိုယ်တိုင်ကလေးတွေကိုလာခေါ်လေသည်။
တိမ်တိုက်လေးကညီနှင့်ညီမအတန်းထဲလိုက်နေပေးပြီး ကျောင်းတက်ချိန်ရောက်မှသာသူ့အခန်းဆီထွက်သွားလေသည်။ဒါတောင် လည်တဆန့်ဆန့်ဖြင့်နောက်ကိုပြန်ပြန်လှည့်ကြည့်နေကာ သိပ်စိတ်မချချင်။
သမီးငယ်ကတော့ ငယ်ငယ့်လက်ကိုဆွဲထားကာဘယ်မှအသွားမခံ။အိမ်မှာပစ္စည်းတွေအစုံရှိတာမို့ ဆရာမကအရုပ်တွေနှင့်မြှားခေါ်ကာဆော့ရန်ချော့သော်လည်း တုတ်တုတ်မှမလှုပ်။သားကတော့ဘေးနားမှရုပ်တည်လေးဖြင့်ကျန်တဲ့ကလေးတွေဆော့နေတာကိုလိုက်ကြည့်နေတာ။
“သမီးတခြားသူတွေနဲ့မဆော့ချင်ဘူးလား”
“ဆော့ချင်ဘူး”
“သူငယ်ချင်းတွေအများကြီးလေသမီးရဲ့”
“လိုချင်ဘူး ပါပါးနားပဲနေမှာ”
“အဲ့လိုလုပ်လို့မရဘူးလေ သမီးသူငယ်ချင်းတွေနဲ့နေပြီးဆော့ ပြီးရင်သူတို့နဲ့အတူတူစာတွေသင် အဲ့တာမှကြီးလာရင်ဦးဦးစက်ဝိုင်းလိုဆရာဝန်ကြီးဖြစ်လာမှာပေါ့”
“ဖြစ်ချင်တော့ဘူး ပါပါးလိုဖေကြီးပိုက်ဆံနဲ့ထိုင်စားမှာ”
ဆက်ပြောမယ့်စကားတွေဆွံ့အသွားအောင်လုပ်နိုင်တဲ့သမီးကိုပဲလေးစားရတော့မလို၊အလုပ်မရှိတဲ့ကိုယ့်ကိုယ်ကိုယ်ပဲသနားရတော့မလို၊ဘာမှမလုပ်နိုင်အောင်အလိုလိုက်ဖူးဖူးမှုတ်ထားတဲ့အိမ်ထောင်ဦးစီးကိုပဲလေးစားရတော့မလိုဖြင့် သူ့မှာငုတ်တုတ်ကြီးလမ်းပျောက်နေပါသည်။
ကျောင်းအုပ်ကြီးနှင့်စကားပြောပြီးဝင်လာတဲ့ကိုကို့ကိုတွေ့တော့မှ အားကိုးရာတွေ့သလို မျက်လုံးအကြည့်နှင့်စစ်ကူတောင်းမိသည်။အလိုက်သိသူကငယ့်ဘေးနားဝင်ထိုင်ကာသမီးအားလက်လွှဲပြီးပွေ့ချီသွားလေသည်။
ပြီးမှတိုးတိုးတိုးတိုးနှင့်သူတို့ချင်းဘာတွေပြောနေကြသည်မသိ။သမီးကသူ့ဘက်ကိုခဏခဏလှည့်ကြည့်သလို ကိုကိုကလည်းငယ့်ကိုကြည့်ရင်းသမီးကိုနားအနားကပ်ပြောနေတာ။
ခဏအကြာမှဘာမှနားလည်မှုရသွားသည်မသိ။သမီးကမျက်နှာငယ်လေးနှင့်ခေါင်းညိတ်ပြသလို ကိုကိုကသမီးပါးပြင်လေးကိုနမ်းလိုက်တာတွေ့ရသည်။
“ပါပါးပြန်တော့ လွှာငယ်သူငယ်ချင်းတွေနဲ့နေခဲ့မယ်”
ရုက်တည်လေးနှင့်သူ့ကိုနှင်လွှတ်နေသောသမီးဖြစ်သူကိုကြည့်ကာ သူမယုံနိုင်သေး။ကိုကို့ကိုမော့ကြည့်တော့လည်း မျက်စိတစ်ဖက်မှိတ်ပြကာခေါင်းညိတ်ပြတာမို့ သမီးကိုသာနှုတ်ဆက်အနမ်းပေးလိုက်သည်။
“ဖေကြီး ကတိတည်နော်”
“အင်းပါသမီးရဲ့”
“စောစောလာကြို”
“Ok”
“သားဖေကြီးတို့ပြန်တော့မယ်နော် သားညီမလေးကိုဂရုစိုက်”
“ဟုတ် လွှာငယ့်ကိုငိုအောင်လုပ်တဲ့သူကိုသားရိုက်ပစ်မယ်”
“ရန်မဖြစ်ရဘူးနော်သား”
သားစကားကြောင့်သူထိတ်လန့်သွားကာ သားကိုသတိပေးတော့ သူ့အဖေကိုမော့ကြည့်လေသည်။
“ဖေကြီးမနက်ကပြောတဲ့အတိုင်းပဲ”
“ဟုတ်ကဲ့”
“ပါပါးမသိခင်ဘာတွေပြောကြတာလဲ”
“လာပါအရင်ပြန်ရအောင် ကားပေါ်ရောက်ရင်ပြောပြမယ် တော်ကြာသမီးကငိုနေလိမ့်မယ်”
ကိုကိုဆွဲခေါ်ရာပါသွားရင်း သမီးနဲ့သားကိုလည်းလှည့်လှည့်ကြည့်ရသည်။သားကသူ့ညီမလေးပုခုံးကိုဖက်ကာ တိုးတိုးတိုးတိုးနဲ့ဘာတွေပြောနေပြန်သည်မသိ။ဒီသားအဖတွေဟာလေ ဒီလိုအချိန်ဆိုသိပ်စည်းလုံးကြတာ။
ကားပေါ်ရောက်သည်အထိ သံယောဇဥ်မပြတ်သူလေးကို ရင်ခွင်ထဲဆွဲသွင်းရင်း နှုတ်ခမ်းတွေကိုချိတ်ပိတ်ကာ အာရုံတွေလွှဲပြောင်းယူလိုက်သည်။ထိုအခါမှလည်ပင်းကိုဖက်တွယ်လာပြီးတုံ့ပြန်အနမ်းတွေပေးကာ သူ့ဆီအာရုံရောက်လာတာ။
မောဟိုက်လျှင်ခဏအနားပေးကာပြန်ပြန်နမ်းမိနေတာမို့ ဘာစကားမှမဆိုဖြစ်ကြ။ကားရပ်သွားမှသာအနမ်းတွေအပြီးတိုင်အဆုံးသတ်သည်။
ကားပေါ်ကဆင်းတော့ ထင်ထားသလိုကိုကို့အလုပ်နေရာမဟုတ်ဘဲ မြက်ခင်းပြင်ကျယ်ကြီးနှင့် ကြာရောင်စုံပွင့်နေသည့်ကန်ရေပြင်ပြာ။ခပ်ဝေးဝေးမှာတော့တောင်တန်းပြာတွေက အတန်းလိုက်။
နားမလည်သလိုငဲ့ကြည့်တော့လက်ကိုဆွဲကာ ခုံတန်းမှာဝင်ထိုင်လေသည်။သက်တော်စောင့်တွေကတော့ခပ်ဝေးဝေးမှာရပ်စောင့်နေလေသည်။
“ကိုကိုဒီနေ့အလုပ်မသွားဘူးလား”
“အွန်း ငယ့်ဘေးနားမှာနေချင်လို့”
ပြောရင်းရင်ခွင်ထဲဆွဲထည့်ကာ ခေါင်းထက်မေးတင်လာလေသည်။
“ကိုကိုသမီးလေးကိုဘယ်လိုပြောခဲ့တာလဲ”
“သိချင်လား”
“သိချင်တယ်”
“အဲ့တာဆိုတစ်ခါနမ်း”
ပြောရင်းရင်ခွင်ထဲကဆွဲထုတ်ကာ မျက်နှာနားကပ်လာလေသည်။ငယ်ငယ်သဘောတကျပြုံးရင်း နှုတ်ခမ်းထက်တစ်ချက်ထိကပ်တော့ မျက်ဝန်းထောင့်တွေအရေးကြောင်းတွေပေါ်သည်အထိပြုံးတဲ့ကိုကိုက မျက်ဝန်းတွေထဲထိမြတ်နိုးမှုတွေပြည့်နေတာသိသိသာသာ။
ပြီးနောက်ငယ်ငယ့်လက်လေးနှစ်ဖက်ကို လက်ဖဝါးပြင်ကျယ်ကြီးထဲထည့်ဆုပ်ထားလေသည်။
“ပြောပြတော့လေ”
“ဒီနေ့ကျောင်းမှာနေခဲ့ပြီးသူငယ်ချင်းတစ်ယောက်ရအောင်ရှာနိုင်ရင် ငယ်နဲ့တစ်ညအတူပေးအိပ်မယ်လို့ပြောခဲ့တာ”
“အမ်”
သူဘာပြန်ပြောရမှန်းတောင်မသိတော့။ကလေးတွေကိုအခန်းခွဲသိပ်ထားတာမို့ တစ်ခါတစ်လေငယ်ငယ်တို့နဲ့လာအိပ်နေကြ။အိပ်ပျော်သွားချိန်ကိုကိုကသူတို့အခန်းထဲပန်ပွေ့ပို့တတ်တာကြောင့် မနက်လင်းလို့ငယ်ငယ့်ကိုမတွေ့ရင်တန်းစိတ်ကောက်တော့တာ။
အဲ့တာကြောင့်တစ်ညပေးအိပ်မယ်လို့ကတိပေးခဲ့တာမို့ လှိုင်းရေလွှာငယ်တို့ကြည်ကြည်ဖြူဖြူပေးပြန်တာကိုး။
“ကိုကိုကဆိုးလိုက်တာ သားနဲ့သမီးကငယ်သေးတာကို အတူတူပေးအိပ်လည်းရရဲ့သားနဲ့”
“ကိုယ်တို့အတွက်မှမလွတ်လပ်တာ သူတို့ တစ်နေကုန်ငယ့်အနားကပ်နေရရင်တော်ပြီပေါ့ ညခင်းအိပ်ချိန်လေးတော့ကိုယ်လည်းကပ်ချင်တယ်လေ ကိုယ့်မှာတစ်နေကုန်အလုပ်လုပ်ရ ညရောက်တော့လည်းသူတို့နဲ့လုနေရနဲ့ငယ့်စံပယ်နံ့လေးတွေကိုဘယ်လောက်လွမ်းရတယ်ထင်လဲ”
“ကိုကိုကအဲ့ရနံ့တွေမရိုးသေးဘူးလား”
“နောက်ဘဝတွေဘဝတွေထိဘယ်တော့မှရိုးသွားမှာမဟုတ်ဘူး”
“ကိုကိုငယ့်ကိုအရမ်းချစ်တာပဲလား”
“အချစ်ထက်လေးနက်တဲ့စကားလုံးတွေသာရှိမယ်ဆိုရင် ကိုယ်အဲ့စကားလုံးတွေနဲ့တောင်တင်စားပစ်ချင်တာ”
“ငယ်ငယ်ယုံတယ်”
“မယုံလည်းကိစ္စမရှိပါဘူး ကိုယ်ကအလုပ်နဲ့သက်သေပြမှာပေါ့ ကိုယ့်မှာရှိတဲ့အချိန်တွေအကုန်လုံးက ငယ့်ကိုချစ်ဖို့ငယ့်ကိုမြတ်နိုးဖို့အတွက်ချည်းပဲ စက္ကန့်လေးတစ်ချက်ရွေ့ရင်ငယ့်ကိုပိုချစ်မယ် နေ့သစ်လေးတစ်ရက်ရောက်ရင်ငယ့်ကိုပိုမြတ်နိုးမယ် နောင်လာမယ့်နေ့ရက်တိုင်းမှာငယ်ရယ်သားရယ်သမီးရယ်ကိုချစ်ပေးရင်းနဲ့ပဲကုန်ဆုံးမယ် ကံကြမ္မာတွေအလှည့်အပြောင်းရှိလာခဲ့ရင်တောင် ကိုယ့်အချစ်တွေပြောင်းလဲမှာမဟုတ်သလို ဘဝတွေပြောင်းသွားရင်တောင်ကိုယ်ငယ့်ကိုချစ်တာကတော့ပြောင်းလဲမှာမဟုတ်ဘူး”
ရှည်လျားတဲ့မေတ္တာစကားတွေဟာ ကန်ရေပြင်ကိုဖြတ်တိုက်လာတဲ့လေညှင်းလို ငယ့်နှလုံးသားရေပြင်ကိုလှိုင်းထစေသည်။ဘယ်အချိန်ပြောပြော မတည်ငြိမ်နိုင်သေးတဲ့နှလုံးသားလေးကိုတော့ လှုပ်ခတ်နိုင်စွမ်းတွေမလျော့နည်းသွားပါဘူး။
ယုံကြည်တယ်ကိုကို။ငယ်သိပ်ယုံတာပေါ့။ပြီးတော့ငယ်လည်းသိပ်ချစ်တာ။ကံကြမ္မာကခွဲခြားလိုက်တာတောင် ကိုကို့ဆီရောက်အောင်ပြန်လာခဲ့တဲ့အထိငယ်ကကိုကို့ကိုသိပ်ချစ်တာ။
တူညီတဲ့နှလုံးသားနှစ်ခုဟာ ငေးကြည့်ရာလည်းတူနေမှာပါပဲ။အသွားအပြန်ညီတဲ့မေတ္တာတွေဟာ ဘယ်ဘဝရောက်ရောက်လှပနေမှာအသေအချာ……
#################
ပြီးပါပြီ။
Extraရှိနိုင်ပါတယ် Extraလေးကို ကောင်းကင်ဘုံမှာစတွေ့တဲ့အပိုင်းလေးရေးဖို့ဆုံးဖြတ်ထားပါတယ်ရှင့် အားလုံးပဲလိုက်ပါခံစားပေးစေချင်ပါတယ်
ငြိမ်း🌞🌻
“ရေလွှာလေး ကိုကိုရော”
“နှစ်ယောက်လုံး”
“ဖျဲတီးတွားထူးရယ်”
“ဦးညောင်းညိုခြံထဲ”
“ကိုကိုရေ..ကိုကို”
“ဖေရီး ဦးONEနဲ့တွားယာ”
“ခစ်ခစ်ခစ်”
flash back…..
“အာ”
“ဟုတ်”
“အဲ့လိုရလား”
“အဲ့တာဆိုသွားလေ”
“ဟုတ်”
“ငယ် အဆင်ပြေရဲ့လား”
“ကျေးဇူးတင်ပါတယ်”
“ဘာလို့လဲ”
“ငယ် ဘာတွေတွေးနေတာလဲ”
“ဘာတွေတွေးနေတာလဲလို့”
“အဲ့တော့ မရဘူးလားပြော”
“ပါပါး ဖေရီး”
“သားငယ်ဖြည်းဖြည်းလာ”
“ပါပါး”
“အီးးးးးးးး”
“အီးးးးးး”
“ပါပါးက ယွှာ့ရှစ်ရေး”
“ဖေရီးကိုရှစ်နက်”
“ဟွန့်”
……………………
“သွားချင်ဝူး”
“ပါပါးရောလိုက်ခဲ့”
“ပါပါးလိုက်ပို့မှာလေ”
“ကျောင်းတူတူတက်”
“ပါပါးချီ”
“သမီးကမြဲတမ်းလှတယ်”
“ပါပါးပြင်ပေးထားတာ”
“ပါပါးရောလိုက်မှာ”
“အွန်း လိုက်မှာ”
“ဆော့ချင်ဘူး”
“ဖေကြီး ကတိတည်နော်”
“အင်းပါသမီးရဲ့”
“စောစောလာကြို”
“ok”
“ရန်မဖြစ်ရဘူးနော်သား”
“ဟုတ်ကဲ့”
“သိချင်လား”
“သိချင်တယ်”
“အဲ့တာဆိုတစ်ခါနမ်း”
“ပြောပြတော့လေ”
“အမ်”
“ငယ်ငယ်ယုံတယ်”
#################
ပြီးပါပြီ။
ငြိမ်း🌞🌻
Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) ဇာတ်သိမ်းပိုင်း, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) ဇာတ်သိမ်းပိုင်း, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) ဇာတ်သိမ်းပိုင်း online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) ဇာတ်သိမ်းပိုင်း chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) ဇာတ်သိမ်းပိုင်း high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) ဇာတ်သိမ်းပိုင်း light novel, ,
Comment
Leave a Reply
Chapter 56