Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅

A+ A-

သူရောက်နေကျစံပယ်လွင်ပြင်ကြီး။ဒါပေမယ့် ဒီနေ့မှာတော့တစ်ခုခုထူးခြားနေသည်။ခါတိုင်း အပွင့်ဖြူဖြူတွေ​ဖွေးနေပြီးရနံ့တွေကအဆုံအစမဲ့။ဒီနေ့တော့ အဆုံးအစမဲ့စံပယ်ပင်တွေဟာ မုန်တိုင်းမိသွားတဲ့စိုက်ခင်းငယ်လေးလို သူ့ခြေထောက်အောက်မှာပြားပြားဝပ်လို့။

စံပယ်ပွင့်တွေမရှိရနံ့တွေမရှိ။ခါတိုင်း ရနံ့တွေကြောင့်ဒေါသထွက်ရသလို ဒီနေ့ရနံ့မရှိတော့လည်းဒေါသထွက်ရသည်။နောက်ပြီး ဒေါသတွေအပြင်သူမရင်းနှီးသည့်ခံစားချက်တစ်ခုကပါဝင်ရောက်လာသည်။ဝမ်းနည်းခြင်းလား ။တစ်ခုခုဆုံးရှုံးသွားမှာကြောက်ခြင်းလား။

ရေရေရာရာအဖြေကိုမသိပါဘဲ သူထိုပန်းခင်းကြီးထဲတဝဲလည်လည်။အပင်တွေကိုတစ်ခါနင်းမိတိုင်း တစ်ခါနာကျင်သွားတဲ့ဘယ်ဘက်ရင်ဘတ်ကြောင့်ရှေ့ဆက်မတိုးရဲ။

ယောင်ချာချာဖြစ်နေတုန်းဖျက်ခနဲနိုးထလာမိသည်။ထိုအခါမှ အိမ်မက်မှန်းသိကာသက်ပျင်းချရသည်။ဆိုးလိုက်တဲ့အိမ်မက်။

ရုတ်တရတ်တစ်ခုခုကိုသတိရမိသည်။ဒီအိမ်မက်က မနေ့ကအဖြစ်အပျက်နဲ့များဆိုင်နေသလား။ဟိုအမှိုက်ရဲ့ခြေထောက်ကိုတက်နင်းပစ်ခဲ့ပြီးကျေနပ်နေ၍ စိတ်စွဲကာမက်ခြင်းလား။သို့သော် အိမ်မက်ထဲမှာသူကျေနပ်မနေတာတော့သေချာသည်။

ဒါဆိုဘာလဲ။သူ့ကိုပြုစားထားတာလား။ဖယ်ရိုမုန်းကိုက်ညီမှုမြင့်မားလွန်း၍ မနေ့ကအကွက်ဆင်ခံလိုက်ရပြီး အိမ်မက်ထဲထိအတင့်ရဲနေခြင်းလား။အတွေးတွေကြောင့် သူ့မျက်နှာမဲမှောင်သွားရသည်။

အိပ်ယာမှမထခင် အငယ်နှစ်ယောက်ကိုဖုန်းဆက်လှမ်းခေါ်လိုက်သည်။သူတို့အားမေးစရာရှိသည်။ထို့နောက်ရေမိုးချိုးကာ ပေါ့ပေါ့ပါးပါးအိမ်နေရင်းအဝတ်လဲလိုက်ပြီး မနက်စာဆင်းစားသည်။ဒီနေ့အလုပ်လုပ်ဖို့တောင်စိတ်မပါချင်တော့။

ဧည့်ခန်းထဲ Laptopတစ်လုံးနှင့်အလုပ်လုပ်နေတုန်း အငယ်နှစ်ယောက်ရောက်လာသည်။ဒီနေ့က သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့ တရားဝင်နားရက်။ဒါကြောင့်ပူစရာမရှိ လှမ်းခေါ်လိုက်ခြင်း။အငယ်ဆုံး Geoကတော့ Programmerပီပီအားရက်ဟူ၍တသမတ်တည်းမရှိ။ထို့ကြောင့် ဘယ်အချိန်ခေါ်ခေါ်ရောက်လာတတ်ပြီး လက်ထဲမှLaptopအားမချတတ်။

ရောက်လာသည်နှင့် ဆိုဖာပေါ်ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီးစားပွဲပေါ်က ပန်းသီးတစ်လုံးကောက်ဝါးသည်။Geo ပန်းသီးကြိုက်တတ်၍ သူလာသည့်အချိန်တိုင်းအဆင်သင့်ထုတ်ထားပေးတတ်မြဲ။

“ကဲဆိုကိုCean ဘာတွေအလိုမကျနေတာလဲ မနေ့ကိစ္စနဲ့များဆိုင်နေသလား”

Horizonက အစ်ကိုဖြစ်သူအားကြည့်ရင်း တန်းကောက်ချက်ချသည်။Cean မနေ့ကဖြစ်ခဲ့သောကိစ္စနှင့်ညကအိမ်မက်အကြောင်းကိုပါပြောပြလိုက်တော့

“အဲ့ဒါဆိုကိုCeanကအဲ့ကောင်လေးကို အကြောင်းပြချက်မရှိမုန်းနေတာပဲ”

“ငါပြောပြီးပြီလေ သူကငါ့ကိုသက်သက်မဲ့ဆွဲဆောင်ချင်နေတာ ငါတို့ကြားကဖယ်ရိုမုန်းကိုက်ညီမှုကိုသူသိပြီးသား”

“ဒါပေမယ့် သူကသာမန်အိုမီဂါလေးလေ ကိုCeanစိတ်ပူနေဖို့မလိုဘူး လက်တစ်ချက်ဝှေ့လိုက်ရုံနဲ့ပျောက်သွားနိုင်တဲ့မျိုးစိတ်လေးတစ်ခုပါဘဲ”

“မင်းမေ့သွားပြီလား အဲ့မျိုးစိတ်လေးတွေက ဖယ်ရိုမုန်းတွေကိုအသုံးချပြီး Alphaတွေရဲ့ဘဝတစ်ခုလုံးကိုချုပ်ကိုင်ထားချင်နေတာလေ”

“ဒါပေမယ့် ကိုCeanခံနိုင်ရည်ရှိနေတာပဲ မဟုတ်လား ဘယ်ဖယ်ရိုမုန်းမှကိုCeanကိုမဆွဲဆောင်နိုင်ပါဘူး”

“မတော်တဆတွေဆိုတာရှိလာနိုင်တယ် ပေါ့ဆလို့မရဘူး”

“ဘာလို့အတည်ကြီးဖြစ်နေကြတာလဲ အမှတ်အသားပေးမိသွားတော့ကောဘာဖြစ်လဲ သူတို့ငရဲကိုသူတို့ရှာတာမဟုတ်ဘူးလား သူတို့ဘဝတစ်ခုလုံးကို သွန်လိုသွန်မှောက်လိုမှောက်လုပ်နိုင်တဲ့Alphaဆီပစ်ဝင်လိုက်တာက သူတို့ဘဝရဲ့ငရဲဘဲမဟုတ်ဘူးလား သူတို့အဲ့လောက်ရူးမိုက်ချင်နေရင်လည်းလွှတ်ထားပေးလိုက် ပြီးမှငရဲဆိုတာဘာလဲပေးသိလိုက်”

Geoအပြောမှာ နှစ်ယောက်သားခဏတိတ်ဆိတ်သွားတယ်။

“Geoပြောတာမှန်တယ်ကိုCean ဘာမှမဟုတ်တဲ့သူအတွက်ဘာလို့စိတ်ဒုက္ခခံနေတာလဲ ဒါနဲ့ မနေ့ကကိုCeanမလာတာနှမြောစရာဘဲ ကျွန်တော်တို့ဆေးရုံကိုမြို့တော်ရဲ့အလှဆုံးလေးရောက်လာတာဗျ နောက်နေ့အားရင်လာခဲ့မိတ်ဆက်ပေးမယ်”

“စိတ်မဝင်စားဘူး”

“လာခဲ့ပါဗျာ ကိုCeanစိတ်ဝင်စားသွားစေရမယ် တခြားOmegaတွေနဲ့မတူဘူးဆိုတာ အာမခံတယ်”

“ဘယ်သူမို့လို့လဲ”

“မုတ်သုံလေညှင်းလေ မြို့တော်ရဲ့အလှပဂေးလေး”

“သြော် ကျွန်တော်နဲ့အထက်တန်းအတူတူတက်ခဲ့တဲ့တစ်ယောက်မထူးခြားပါဘူး”

Geoက နှုတ်ခမ်းတစ်ဖက်တွန့်ကာပုခုံးပါတွန့်ပြသည်။

“ကိုCeanအတွက် ထူးခြားချင်ထူးခြားနေမှာ သူကတခြားOmegaတွေလိုမပျော့ညံ့ဘူး ကိုယ့်အားကကိုယ်ကိုးပြီးသန်မာတဲ့Omega တစ်ယောက်”

“အဲ့လောက်ညွှန်းနေရင် မင်းဘာလို့မလိုက်တာလဲ”

“ကျွန်တော်ကအဲ့လိုသန်မာနေရင်မကြိက်ဘူး နူးနူးညံ့ညံ့လေးတွေပဲကြိုက်တာ အနိုင်ကျင့်ရတာသဘောကျတယ်”

“အရူးတွေ”

Geoကပြောရင်းLaptopဆီခေါင်းပြန်စိုက်သည်။

“ငါမေးချင်တာက ကိုက်ညီမှုမြင့်ရင်အိမ်မက်တွေကိုဝင်နှောင့်ယှက်နိုင်လား”

“ရှိပေမယ့်ရှားတယ် မဖြစ်နိုင်သလောက်ပဲ ပြီးတော့ကိုCean ပြောပုံအရဆိုရင် သူ့ကို အိမ်မက်ထဲလူကိုယ်တိုင်တွေ့တာမှမဟုတ်တာ ပြီးတော့ သူနဲ့မဆုံခင်ကတည်းကအိမ်မက်မက်လာဆိုတော့ ကျွန်တော့်အထင်ကံကြမ္မာပဲနေလိမ့်မယ် ကိုCeanမသက်ာရင်စုံစမ်းလိုက်လေ သူကအဲ့လိုလုပ်နိုင်စွမ်းရှိတဲ့သူဟုတ်မဟုတ်”

“အင်းစုံစမ်းလိုက်မယ် ဒါနဲ့မင်းတို့ဒီနေ့ဘယ်မှသွားစရာမရှိဘူးမို့လား”

“ကျွန်တော်ကတော့မရှိဘူး”

“Geo”

“ကျွန်တော်စုံစမ်းစရာတစ်ခုရှိနေလို့ကိုCean
Sပြည်နယ်ကစိုက်ခင်းတစ်ချို့အကြောင်းစုံစမ်းနေတာ “

“ဘာပြဿနာရှိလို့လဲ မင်းကိုလာငြိတာလား”

“အဲ့လိုမဟုတ်ပါဘူး ကျွန်တော့်သူငယ်ချင်းအတွက်ပါ ပြီးတော့ကျွန်တော်တောင်စုံစမ်းလို့မရတဲ့အထိဆိုတော့အကြောခံလိုက်ရသလို ခံစားရလို့”

“ဂရုစိုက် “

“ဟုတ်ကဲ့ပါဗျာ”

ထိုနေ့ကနေ့လည်စာကိုအိမ်မှာပဲစုစားဖြစ်လိုက်သည်။ဘယ်လောက်အလုပ်များများ တစ်ပတ်တစ်ခါတော့ မိသားစုထမင်းဝိုင်းကို လက်စုံစားဖြစ်၏။ပါပါးချမှတ်ခဲ့တဲ့ စည်းကမ်းချက်ကလေးပေါ့။

…………

ဒီနေ့အိမ်ပြောင်းဖြစ်တာကြောင့် ငယ်ငယ့်တိုက်ခန်းလေးထဲနည်းနည်းရှုပ်နေသည်။ပစ္စည်းရွှေ့ဖို့ Companyကားငှားကာ အခန်းထဲပစ္စည်းတွေဆင်တာကတော့နောင်းညိုတို့နှစ်ယောက်ကတာဝန်ယူသည်။ခြေထောက်ဒဏ်ရာနှင့်ငယ်ငယ်ကတော့ ဆိုဖာမှာထိုင်ရင်းဆရာလုပ်သည်ပေါ့။

“လခြမ်းလေး ပန်းအိုးတွေကိုဝရံတာမှာစီလိုက်မယ်နော်”

အပြင်ဘက်ဝရံတာဆီကနောင်းညိုအသံ

“ဟုတ် တိမ်ငွေ့အဲ့ပန်းချီကားကဒီဘက်ထားပေး”

“ဒီနားမှာလား ဒီလိုဆိုအဆင်ပြေလား”

တိမ်ငွေ့ကပန်းချီကားကိုကိုင်ပြီး သူကျေနပ်သည်အထိရှူထောင့်အမျိုးမျိုးမှာ နေရာချပြနေလေသည်။

“အွန်း ရပြီ”

“ဒီအရုပ်ကြီးက ကုတင်ပေါ်တင်မှာမလား”

နောင်းညိုလက်ထဲပါလာတာက သူ့တစ်ရပ်စာအညိုရောင်ဝက်ဝံရုပ်ကြီး။

“ဟုတ် အရုပ်တွေအားလုံးကုတင်ပေါ်တင်လိုက် “

“ငါတို့လခြမ်းလေးဖို့အရုပ်တွေအများကြီးဝယ်ပေးရမယ်”

ရှိသမျှအရုပ်တွေအိပ်ခန်းထဲသယ်ပို့ရင်း အစ်ကိုကြီးတစ်ယောက်လိုလည်း အလိုလိုက်ချင်နေသေးသည်။

“တကယ်ဝယ်ပေးနော် ငါ့မှာရှိတာကနည်းနည်းလေးမို့လို့ငါလည်းသိပ်မပျော်ဘူး”

“ဟားဟားဟားဟုတ်ပါပြီဗျာ ခန်းလုံးပြည့်ဝယ်ပေးမယ်လိုချင်တာရွေးထားလိုက်တော့”

“လခြမ်း ပန်းချီပစ္စည်းတွေဘယ်နားထားမှာလဲ”

“ရတယ် အဲ့ဘက်ထောင့်မှာစုထားလိုက် ငယ်ငယ်အခုမဆွဲနိုင်သေးဘူး ခြေထောက်သက်သာသွားမှသေချာနေရာချလိုက်မယ်”

“ကဲ ပြီးပြီဗျာ လိုချင်တာတွေရှိရင်ပြောနော် ညနေအပြင်သွားရင်အကုန်ဝယ်ခဲ့မယ်”

အားလုံးပြီးတော့ဆိုဖာပေါ်ခြေပစ်လက်ပစ်ထိုင်ချရင်း စားပွဲပေါ်ကရေဗူးကိုကောက်မော့လေသည်။

“အွန်း စဥ်းစားလိုက်အုံးမယ် ရေခဲသေတ္တာထဲကအအေးတွေယူသောက်လေ ငယ်ငယ်မထနိုင်လို့မယူပေးတော့ဘူး”

“ရပါတယ်ဗျာ ကိုယ့်အိမ်ကိုယ့်ယာလိုသဘောထားပါတယ်”

“တကယ်လည်း နောင်းညိုအိမ်ပဲလေ အဟီး”

“No No လခြမ်းလေးကိုအပိုင်ပေးတာ အိမ်ထောင်ကျရင်လက်ဖွဲ့”

လက်ညှိုးတစ်ချောင်းဝှေ့ရမ်းကာပြောလာသောနောင်းညိုစကားကြောင့် ချက်ချင်းငြင်းရသည်။

“ငယ်ငယ်အိမ်ထောင်မပြုဘူး”

“ဘာလို့တုန်း”

“မချစ်ချင်လို့”

“ပြီးတာပဲ နောက်မှဘာဘာညာညာအသံတွေမကြားချင်ဘူးနော်”

တိမ်ငွေ့ကပြုံးနေသော်လည်း နောင်းညိုကတော့စိတ်မချဟန်။

“အင်းပါတကယ် နောင်းညိုတို့နှစ်ယောက်ကောမတွေ့သေးဘူးလား”

“ငါကမတွေ့သေးပါဘူး တွေ့မလားဆိုပြီး စမ်းတွဲကြည့်နေတာ ဒီလိုနဲ့ရည်းစားများတာပဲအဖတ်တင်တယ်”

“တိမ်ငွေ့ရော”

“ကိုယ်က လခြမ်းနဲ့အတူလူပျိုကြီးလုပ်မှာ”

ငယ်ငယ်လက်ခုပ်လေးတီးကာ လက်မနှစ်ဖက်လုံးထောင်ပြလိုက်တယ်။

“ကောင်းတယ် ကောင်းတယ် တိမ်ငွေ့အတော်ဆုံး”

“ဟွန့် နှစ်ယောက်သားအတိုင်အဖောက်ညီနေတာ”

မျက်စောင်းထိုးလိုက်သူကထပြီး အခန်းနံရံကကိုယ်လုံးပေါ်မှန်ဆီလျှောက်သွားလေသည်။

“ဒါနဲ့လခြမ်းကို​ပြောမလို့ ဒီကွန်ဒိုကကိုယ်ကိုယ်တိုင်ဒီဇိုင်းဆွဲထားတာလို့ပြောခဲ့တာမလား”

“အွန်း ဟုတ်တယ်လေ”

“အဲ့တာက… ကြည့် ဒီမှန် ဒီမှန်ကတကယ်တော့ကိုယ့်အခန်းနဲ့ဆက်ထားတာ”

“ဟမ်”

“ဟုတ်တယ် ကိုယ့်အခန်းကိုလာချင်ရင် ဒီလိုလေးလုပ်လိုက်ရုံပဲ ဒီဘက်ကနေကိုယ့်အခန်းကိုဝင်လို့ရတယ် “

နောင်းညိုကပြောရင်းမှန်အားလှည့်ပြလိုက်သည်။ဟိုဘက် နောင်းညိုအဝတ်လဲခန်းဆီကွက်တိ။

“မင်း အဲ့တာကဘာသဘောတုန်း”

တိမ်ငွေ့က မျက်ခုံးတွေတွန့်ချိုးလို့မကျေနပ်ဟန်။

“ငါကသဘောရိုးပါတိမ်ငွေ့ရာ အစကဒီနှစ်ခန်းလုံးငါ့အတွက်ဆိုပြီးဒီဇိုင်းဆွဲထားတာ အခုလခြမ်းလေးကအခန်းပြောင်းချင်တယ်ဆိုတော့မှစဥ်းစားမိတာပါကွာ “

သေချာရှင်းပြလာသူက ငယ်ငယ်တစ်မျိုးထင်မှာစိုးနေသလိုတိမ်ငွေ့စိတ်ဆိုးမှာလည်းကြောက်နေပုံ။

“ဘာဖြစ်ဖြစ် လခြမ်းကOmegaအချောလေးလေ “

“အေးငါလည်းအဲ့ဒါကိုစဥ်းစားမရဖြစ်နေတာ အဲ့လိုချစ်ဖို့ကောင်းတဲ့သူကိုသူငယ်ချင်းထက်မပိုနိုင်တဲ့စိတ်ကြီးကိုအံ့ဩလွန်းလို့မဆုံးဘူး မဟုတ်ရင် မကောင်းတဲ့သူတွေနဲ့တွေ့မှာ စိုးရိမ်နေစရာမလိုဘူး ကိုယ့်အပိုင်လုပ်ပစ်လိုက်တာကြာပေါ့နော်”

“ဟမ့် အပြောကတော့”

ထိုအခါမှမျက်မှောင်ပြေသွားသူက ဟိုဘက်လှည့်သွားလေသည်။

“ငါကPlayboyမို့မယုံကြည်နိုင်တာကိုလက်ခံပေးနိုင်ပေမယ့် လခြမ်းကိုတော့တကယ်ကိုညီအရင်းလေးလိုပါကွာ ငါးလလောက်ငယ်တဲ့သူကို ငါးနှစ်ငယ်တဲ့ညီလေးလိုပဲခံစားရတာပါဆို”

“ပြီးတာပဲ”

“ငယ်ငယ် နှစ်ယောက်လုံးကိုယုံပါတယ်”

“လူတိုင်းကိုလိုက်ယုံနေလို့မရဘူးနော် လခြမ်းလေး လူ့စိတ်ဆိုတာမြင်နေရတာမဟုတ်ဘူး ကိုယ့်ကိုယ်ကိုတောင်မယုံရဘူး တစ်ခါ​တစ်လေ နှလုံးသားကိုဦးနှောက်ကလွှမ်းမိုးသွားရင်အလိမ်ခံလိုက်ရတာပဲ နှလုံးသားကအရှိအတိုင်းလက်ခံပြီး ဦးနှောက်ကဖြစ်သင့်တာကိုဦးစားပေးသတ်မှတ်ပစ်လိုက်ရင် ကိုယ့်ကိုယ်ကိုအလိမ်ခံလိုက်ရတာ”

“ဘယ်ကစာအုပ်တွေဖတ်လာပြန်ပြီလဲမသိဘူး”

“စော်ကားလိုက်တာ”

နောင်းညိုကိုအဖက်မလုပ်ပဲ တိမ်ငွေ့ကသူ့ဘက်လှည့်လာလေသည်။

“လခြမ်း ကိုယ့်ပြည်နယ်ကိုကောအလည်မလာချင်ဘူးလား”

“လာချင်တယ် အဲ့ဘက်မှာတောင်တန်းတွေနဲ့ စိုက်ခင်းတွေအများကြီးရှိတယ်မလား ငယ်ငယ်စာအုပ်တွေထဲမှာဖတ်ဖူးတယ် အရမ်းသာယာတာပဲ”

“အွန်း ပြီးတော့ ငယ်ငယ်ကြိုက်တဲပန်းမျိုးစိတ်တွေလည်းအများကြီးရှိတယ်”

“သွားချင်တယ် ငယ်ငယ်ပန်းချီးကားတွေအများကြီးဆွဲမယ် ပြီးလို့ပိုက်ဆံတွေအများကြီးရရင် အဲ့ဒီပြည်နယ်မှာအိမ်တစ်လုံးဝယ်ပြီးနေမှာ”

“ကလေးအတွေးနဲ့လခြမ်းရယ် ပိုက်ဆံမလိုပါဘူး ကိုယ်ပိုင်တဲ့အိမ်တွေအများကြီးပဲ နေချင်တဲ့အိမ်နေလို့ရတယ် ကိုယ်ကSပြည်နယ်မှာ အချမ်းသာဆုံးစာရင်းဝင်ပါနော်”

“တကယ်လာနေမှာနော်”

သူလက်ညှိုးလေးထောင်ကာမေးတော့ တိမ်ငွေ့ကသဘောတကျရယ်ကာခေါင်းညိတ်ပြလေသည်။

“တကယ်လာနေ တစ်သက်လုံးနေလို့ရတယ်”

“ဟီးဟီး “

သူရယ်တော့သူတို့နှစ်ယောက်ပါလိုက်ရယ်လာလေသည်။

“ဒါနဲ့လေ ငယ်ငယ်တစ်ခုမေးစရာရှိလို့”

“ဘာမေးမှာလဲ မေး”

“တကယ်လို့လေ တစ်ယောက်ယောက်ကကိုယ့်ကိုမုန်းပြီးတော့ရန်ရှာချင်နေတယ်ဆိုရင် အဲ့လူနဲ့တွေ့ရင် ဘယ်လိုလုပ်ရမှာလဲဟင်”

“ဘယ်သူတုန်း”

ချက်ချင်းမေးလိုက်သူကတိမ်ငွေ့။

“ဟမ်”

“ဘယ်သူကလခြမ်းကိုရန်ရှာချင်နေတာတုန်း”

“မရှိပါဘူးဒီတိုင်းမေးကြည့်တာ ဇာတ်လမ်းကြည့်ရင်းစဥ်းစားမိလာလို့”

မလိမ်တတ်လိမ်တတ်လိမ်လိုက်မိတော့ နောင်းညိုကသဘောတကျရယ်လေသည်။

“တကယ်လို့အဲ့လိုလူတွေ့ရင် သူကAlphaဆိုရင်ထွက်ပြေးလိုက် ပြေးလို့မလွတ်ရင် အဓိကနေရာကိုကန်ပစ် သိတယ်မလားဟိုနေရာလေ”

“အာ အဲ့လိုလား “

“အွန်း လခြမ်းတစ်ယောက်တည်းအပြင်ကို လျှောက်လျှောက်မသွားရဘူးနော် သွားချင်ရင်ငါ့ကိုပြော”

“အင်းပါ အခုလမ်းတောင်မလျှောက်နိုင်တဲ့ဟာစိတ်မပူပါနဲ့ ငါဘယ်မှလျှောက်မသွားပါဘူး”

“ဟုတ်ပါပြီ အဲ့တာဆိုလခြမ်းနားတော့လေ ငါMallကိုတစ်ချက်သွားလိုက်အုံးမယ်ဝယ်စရာရှိလို့ နောင်းညိုလည်းချိန်းထားတာရှိတယ်မလား “

“အင်း အသစ်ကလေးနဲ့ချိန်းထားတာ သူက Beauty Bloggerလေ ပြီးရင်မင်းတို့ကိုမိတ်ဆက်ပေးမယ်”

“ဟုတ်ပါပြီ လာ လခြမ်း အိပ်ယာထဲပို့ပေးမယ်”

ပြောရင်းပွေ့ချီလိုက်ပြီး အိပ်ခန်းထဲကိုပို့ပေးလိုက်သည်။

“အိမ်သာသွားအုံးမလား”

“မသွားချင်သေးဘူး”

“ဟုတ်ပြီ အိပ်ယာထဲမှာပဲငြိမ်ငြိမ်လေးနေနော် တစ်ခုခုဆိုဖုန်းဆက်ကိုယ်တန်းပြီးပြန်လာမှာပါ ညနေစာပါဝယ်ခဲ့မယ်”

“ဟုတ်ပါပြီသွားတော့ တော်ကြာမိုးရွာနေလိမ့်မယ်”

“အွန်း သွားပြီ”

တိမ်ငွေ့ထွက်သွားမှမျက်လုံးတွေကိုမှိတ်လိုက်မိတယ်။တစ်ပါတ်မပြည့်သေးခင်သူဟာဒီကမ္ဘာကြီးနဲ့အသားကျသွားခြင်းမှာ သူတို့နှစ်ယောက်ကြောင့်။သူ့အတွက် ဒီကမ္ဘာမှာ ဖေဖေနဲ့မေမေအစား သူတို့နှစ်ယောက်ကို လက်ဆောင်ပေးလိုက်ခြင်းများလား။မိသားစုဆန်လွန်းလို့ သူတို့နှစ်ယောက်အပေါ် အားကိုးခြင်းကို ကျင့်သားရနေသည်အထိပါဘဲ။

………..

Mallကိုရောက်တော့ အသီးတန်းဘက်လျှောက်မိသည်။လခြမ်းက စတော်ဘယ်ရီကြိုက်သည်။အလုံးကြီးကြီးလှလှလေးတွေ ရွေးပြီးတော့ သူကြိုက်တဲ့ ပန်းသီးတွေဘက်ရောက်သည်။သူကပန်းသီးစိမ်းမှကြိုက်တာ။

ရွေးနေရင်း သူ့လက်ထဲကပန်းသီးကိုလုသွားသည့်လက်တစ်ဖက်။မျက်မှောင်ကုတ်ကာ မော့ကြည့်လိုက်တော့ မျက်ဝန်းပြာတွေနှင့်ဆုံသည်။ဆံပင်တွေကို အဖြူရောင်ဆိုးထားပြီးဘေးတစ်ဖက်က တစောင်းကျစ်ထားတာကြောင့် နားထိပ်ကစိန်ပွင့်လေးကတဖျတ်ဖျတ်။

မျက်ခုံးထူထူအောက်က မျက်ဝန်းပြာတွေက ကျီစယ်နေသည့်ဟန်တလက်လက်။ဝတ်စားထားသည်က လူငယ်ဆန်ဆန် ရိုးရိုးရှင်းရှင်း။သို့သော် Brandတွေမှန်းသိသာစေသည်။လက်မှာပတ်ထားသည့်နာရီကနောက်ဆုံးပေါ် အမျိုးအစား။

အသိုင်းဝိုင်းကြီးထဲက မြောက်ကြွကြွအောက်ခြေလွတ်နေသည့်သူပဲဖြစ်လိမ့်မည်။အသက်ကမတိမ်းမယိမ်းလောက်မို့ လေးစားစရာမလိုသလိုငဲ့ညှာစရာလည်းမလို။

“ကိုယ်အရင်ယူထားတာ”

“အာ”

မျက်လုံးချင်းဆုံကြည့်ကာခပ်ပြတ်ပြတ်ပြောတော့ ပခုံးတစ်ချက်တွန့်ပြသည်။

“ကိုယ့်လက်ထဲရောက်ရင် ကိုယ်ပိုင်တာပေါ့ နံမည်ပြောပြလေပြန်ပေးမယ်”

ပြန်မပြောချင်တော့တာမို့ အသစ်သာထပ်ရွေးလိုက်သည်။ရွေးထားတာကိုထပ်လာလုတော့ စိတ်ကမကြည်တော့။သူ့ကို တမင်သက်သက်ရန်လာစနေတာ။

“မင်းဘာဖြစ်ချင်နေတာလဲ”

“မင်းနဲ့ရင်းနှီးကျွမ်းဝင်ချင်နေတာ နံမည်လေးပဲပြောပြလေကျန်တာကိုယ်စုံစမ်းလိုက်မယ်”

“စည်းကမ်းမဲ့လိုက်တာ”

ဆက်မနေချင်တော့တာမို့ ရွေးပြီးသားတွေဆွဲလို့ ပိုက်ဆံရှင်းရန်ထွက်ခဲ့လိုက်သည်။ဒါကိုနောက်ကလိုက်လာသေးသည်။

“စတော်ဘယ်ရီကြိုက်တာလား”

“ငါ့ကောင်လေးအတွက်”

“အို့”

ပခုံးတွန့်လိုက်ပုံက မခန့်လိုက်တာ။

“ဘယ်ထိဆက်လိုက်နေမှာလဲ”

ပိုက်ဆံရှင်းပြီးလို့အရုပ်ဆိုင်တွေဘက်လျှောက်တော့လည်း နောက်ကပါလာသေးသည်။

“နံမည်မပြောမချင်း အိမ်ထိဆိုလည်းလိုက်မှာပဲ အိမ်ထဲထိခေါ်ရင်တော့ပိုကောင်းတာပေါ့ ကောင်လေးနဲ့ပါမိတ်ဆက်ပေးလေ”

“မင်း”

“အင်း ကိုယ်”

ဆက်မပြောဘဲအရုပ်တွေသာရွေးနေလိုက်သည်။လခြမ်းကအရောင်နုနုလေးတွေကြိုက်သည်။Omegaလေးကနူးညံ့တော့ နူးနူးညံ့ညံ့လေးတွေကြိုက်မှာ။

“ကောင်လေးအတွက်လား ဒီအရုပ်ဆိုဘယ်လိုလဲချစ်စရာလေးပါ ဒီဟာလေးကအရောင်လှတယ်နော် အယ် ဒါလေးကနူးနူးညံ့ညံ့လေးကိုင်လို့ကောင်းတယ် ဒီဟာလေးကပြည့်ပြည့်လေးဖက်ထားလို့ကောင်းလောက်တယ် ဒီတစ်ခုက..”

“စိုင်းတိမ်ငွေ့ပြာ”

“ဟမ်”

“ထွက်သွားတော့”

“အာ နံမည်ကစိုင်းတိမ်ငွေ့ပြာလားမင်းနဲ့လိုက်တယ် ငါ့နံမည်က…”

“မသိချင်ဘူး ထွက်သွားတော့”

“Okay Seeyou Bye”

မျက်လုံးတစ်ဖက်မှိတ်ကာ လက်ချောင်းတွေကိုလှုပ်ပြသွားပုံက ဂျစ်ကန်ကန်နဲ့။စိတ်ပျက်ဖို့ကောင်းလိုက်တာ။

#################

ငြိမ်း🌻🌞

သူေရာက္ေနက် စံပယ္လြင္ျပင္ႀကီး။ဒါေပမယ့္ ဒီေန႕မွာေတာ့ တစ္ခုခုထူးျခားေနသည္။ခါတိုင္း အပြင့္ျဖဴျဖဴေတြေဖြးေနၿပီး ရနံ႕ေတြကအဆုံအစမဲ့။ဒီေန႕ေတာ့ အဆုံးအစမဲ့ စံပယ္ပင္ေတြဟာ မုန္တိုင္းမိသြားတဲ့ စိုက္ခင္းငယ္ေလးလို သူ႕ေျခေထာက္ေအာက္မွာ ျပားျပားဝပ္လို႔။

စံပယ္ပြင့္ေတြမရွိ ရနံ႕ေတြမရွိ။ခါတိုင္း ရနံ႕ေတြေၾကာင့္ေဒါသထြက္ရသလို ဒီေန႕ ရနံ႕မရွိေတာ့လည္း ေဒါသထြက္ရသည္။ေနာက္ၿပီး ေဒါသေတြအျပင္ သူမရင္းႏွီးသည့္ ခံစားခ်က္တစ္ခုကပါ ဝင္ေရာက္လာသည္။ဝမ္းနည္းျခင္းလား ။တစ္ခုခုဆုံးရႈံးသြားမွာေၾကာက္ျခင္းလား။

ေရေရရာရာအေျဖကိုမသိပါဘဲ သူထိုပန္းခင္းႀကီးထဲ တဝဲလည္လည္။အပင္ေတြကိုတစ္ခါနင္းမိတိုင္း တစ္ခါနာက်င္သြားတဲ့ဘယ္ဘက္ရင္ဘတ္ေၾကာင့္ ေရွ႕ဆက္မတိုးရဲ။

ေယာင္ခ်ာခ်ာျဖစ္ေနတုန္းဖ်က္ခနဲနိုးထလာမိသည္။ထိုအခါမွ အိမ္မက္မွန္းသိကာ သက္ပ်င္းခ်ရသည္။ဆိုးလိုက္တဲ့အိမ္မက္။

႐ုတ္တရတ္တစ္ခုခုကိုသတိရမိသည္။ဒီအိမ္မက္က မေန႕ကအျဖစ္အပ်က္နဲ႕မ်ား ဆိုင္ေနသလား။ဟိုအမွိုက္ရဲ႕ေျခေထာက္ကို တက္နင္းပစ္ခဲ့ၿပီး ေက်နပ္ေန၍ စိတ္စြဲကာမက္ျခင္းလား။သို႔ေသာ္ အိမ္မက္ထဲမွာ သူေက်နပ္မေနတာေတာ့ ေသခ်ာသည္။

ဒါဆိုဘာလဲ။သူ႕ကိုျပဳစားထားတာလား။ဖယ္ရိုမုန္းကိုက္ညီမႈျမင့္မားလြန္း၍ မေန႕ကအကြက္ဆင္ခံလိုက္ရၿပီး အိမ္မက္ထဲထိ အတင့္ရဲေနျခင္းလား။အေတြးေတြေၾကာင့္ သူ႕မ်က္ႏွာ မဲေမွာင္သြားရသည္။

အိပ္ယာမွမထခင္ အငယ္ႏွစ္ေယာက္ကို ဖုန္းဆက္လွမ္းေခၚလိုက္သည္။သူတို႔အားေမးစရာရွိသည္။ထို႔ေနာက္ေရမိုးခ်ိဳးကာ ေပါ့ေပါ့ပါးပါးအိမ္ေနရင္းအဝတ္လဲလိုက္ၿပီး မနက္စာဆင္းစားသည္။ဒီေန႕အလုပ္လုပ္ဖို႔ေတာင္ စိတ္မပါခ်င္ေတာ့။

ဧည့္ခန္းထဲ Laptop တစ္လုံးႏွင့္အလုပ္လုပ္ေနတုန္း အငယ္ႏွစ္ေယာက္ေရာက္လာသည္။ဒီေန႕က သူတို႔ညီအစ္ကိုႏွစ္ေယာက္ရဲ႕ တရားဝင္နားရက္။ဒါေၾကာင့္ ပူစရာမရွိ လွမ္းေခၚလိုက္ျခင္း။အငယ္ဆုံး Geo ကေတာ့ Programmer ပီပီအားရက္ဟူ၍ တသမတ္တည္းမရွိ။ထို႔ေၾကာင့္ ဘယ္အခ်ိန္ေခၚေခၚေရာက္လာတတ္ၿပီး လက္ထဲမွ Laptopအားမခ်တတ္။

ေရာက္လာသည္ႏွင့္ ဆိုဖာေပၚေျခပစ္လက္ပစ္ထိုင္ခ်လိဳက္ၿပီး စားပြဲေပၚက ပန္းသီးတစ္လုံးေကာက္ဝါးသည္။Geo ပန္းသီးႀကိဳက္တတ္၍ သူလာသည့္အခ်ိန္တိုင္း အဆင္သင့္ထုတ္ထားေပးတတ္ၿမဲ။

“ကဲဆို ကိုCean ဘာေတြအလိုမက်ေနတာလဲ မေန႕ကိစၥနဲ႕မ်ားဆိုင္ေနသလား”

Horizonက အစ္ကိုျဖစ္သူအားၾကည့္ရင္း တန္းေကာက္ခ်က္ခ်သည္။Cean မေန႕ကျဖစ္ခဲ့ေသာကိစၥႏွင့္ ညကအိမ္မက္အေၾကာင္းကိုပါေျပာျပလိုက္ေတာ့

“အဲ့ဒါဆိုကိုCeanကအဲ့ေကာင္ေလးကို အေၾကာင္းျပခ်က္မရွိမုန္းေနတာပဲ”

“ငါေျပာၿပီးၿပီေလ သူကငါ့ကိုသက္သက္မဲ့ဆြဲေဆာင္ခ်င္ေနတာ ငါတို႔ၾကားက ဖယ္ရိုမုန္းကိုက္ညီမႈကို သူသိၿပီးသား”

“ဒါေပမယ့္ သူကသာမန္အိုမီဂါေလးေလ ကိုCeanစိတ္ပူေနဖို႔မလိုဘူး လက္တစ္ခ်က္ေဝွ႕လိုက္႐ုံနဲ႕ ေပ်ာက္သြားနိုင္တဲ့ မ်ိဳးစိတ္ေလးတစ္ခုပါဘဲ”

“မင္းေမ့သြားၿပီလား အဲ့မ်ိဳးစိတ္ေလးေတြက ဖယ္ရိုမုန္းေတြကိုအသုံးခ်ၿပီး Alphaေတြရဲ႕ဘဝတစ္ခုလုံးကိုခ်ဳပ္ကိုင္ထားခ်င္ေနတာေလ”

“ဒါေပမယ့္ ကိုCeanခံနိုင္ရည္ရွိေနတာပဲ မဟုတ္လား ဘယ္ဖယ္ရိုမုန္းမွ ကိုCeanကိုမဆြဲေဆာင္နိုင္ပါဘူး”

“မေတာ္တဆေတြဆိုတာရွိလာနိုင္တယ္ ေပါ့ဆလို႔မရဘူး”

“ဘာလို႔အတည္ႀကီးျဖစ္ေနၾကတာလဲ အမွတ္အသားေပးမိသြားေတာ့ေကာဘာျဖစ္လဲ သူတို႔ငရဲကို သူတို႔ရွာတာမဟုတ္ဘူးလား သူတို႔ဘဝတစ္ခုလုံးကို သြန္လိုသြန္ေမွာက္လိုေမွာက္လုပ္နိုင္တဲ့ Alphaဆီပစ္ဝင္လိုက္တာက သူတို႔ဘဝရဲ႕ငရဲဘဲမဟုတ္ဘူးလား သူတို႔အဲ့ေလာက္႐ူးမိုက္ခ်င္ေနရင္လည္း လႊတ္ထားေပးလိုက္ ၿပီးမွ ငရဲဆိုတာဘာလဲ ေပးသိလိုက္”

Geoအေျပာမွာ ႏွစ္ေယာက္သား ခဏတိတ္ဆိတ္သြားတယ္။

“Geoေျပာတာမွန္တယ္ ကိုCean ဘာမွမဟုတ္တဲ့သူအတြက္ ဘာလို႔စိတ္ဒုကၡခံေနတာလဲ ဒါနဲ႕ မေန႕ကကိုCean မလာတာႏွေျမာစရာဘဲ ၿမိဳ႕ေတာ္ရဲ႕အလွဆုံးေလး ေရာက္လာတာဗ် ေနာက္ေန႕အားရင္လာခဲ့ မိတ္ဆက္ေပးမယ္”

“စိတ္မဝင္စားဘူး”

“လာခဲ့ပါဗ်ာ ကိုCean စိတ္ဝင္စားသြားေစရမယ္ တျခားOmegaေတြနဲ႕ မတူဘူးဆိုတာ အာမခံတယ္”

“ဘယ္သူမို႔လို႔လဲ”

“မုတ္သုံေလညွင္းေလ ၿမိဳ႕ေတာ္ရဲ႕ အလွပေဂးေလး”

“ေၾသာ္ ကြၽန္ေတာ္နဲ႕အထက္တန္းအတူတူတက္ခဲ့တဲ့တစ္ေယာက္ မထူးျခားပါဘူး”

Geoက ႏႈတ္ခမ္းတစ္ဖက္တြန့္ကာ ပုခုံးပါတြန့္ျပသည္။

“ကိုCean အတြက္ ထူးျခားခ်င္ ထူးျခားေနမွာ သူကတျခားOmegaေတြလို မေပ်ာ့ညံ့ဘူး ကိုယ့္အားကကိုယ္ကိုးၿပီး သန္မာတဲ့ Omega တစ္ေယာက္”

“အဲ့ေလာက္ၫႊန္းေနရင္ မင္းဘာလို႔ မလိုက္တာလဲ”

“ကြၽန္ေတာ္ကအဲ့လိုသန္မာေနရင္မႀကိက္ဘူး ႏူးႏူးညံ့ညံ့ေလးေတြပဲႀကိဳက္တာ အနိုင္က်င့္ရတာ သေဘာက်တယ္”

“အ႐ူးေတြ”

Geoကေျပာရင္ Laptop ဆီေခါင္းျပန္စိုက္သည္။

“ငါေမးခ်င္တာက ကိုက္ညီမႈျမင့္ရင္ အိမ္မက္ေတြကို ဝင္ႏွောင့္ယွက္နိုင္လား”

“ရွိေပမယ့္ရွားတယ္ မျဖစ္နိုင္သေလာက္ပဲ ၿပီးေတာ့ ကိုCean ေျပာပုံအရဆိုရင္ သူ႕ကို အိမ္မက္ထဲ လူကိုယ္တိုင္ေတြ႕တာမွမဟုတ္တာ ၿပီးေတာ့ သူနဲ႕မဆုံခင္ကတည္းက အိမ္မက္မက္လာဆိုေတာ့ ကြၽန္ေတာ့္အထင္ ကံၾကမၼာပဲေနလိမ့္မယ္ ကိုCean မသက္ာရင္ စုံစမ္းလိုက္ေလ သူကအဲ့လိုလုပ္နိုင္စြမ္းရွိတဲ့သူဟုတ္မဟုတ္”

“အင္း စုံစမ္းလိုက္မယ္ ဒါနဲ႕ မင္းတို႔ဒီေန႕ ဘယ္မွသြားစရာမရွိဘူးမို႔လား”

“ကြၽန္ေတာ္ကေတာ့မရွိဘူး”

“Geo”

“ကြၽန္ေတာ္စုံစမ္းစရာတစ္ခုရွိေနလို႔ ကိုCean
Sျပည္နယ္က စိုက္ခင္းတစ္ခ်ိဳ႕အေၾကာင္းစုံစမ္းေနတာ “

“ဘာျပႆနာရွိလို႔လဲ မင္းကိုလာၿငိတာလား”

“အဲ့လိုမဟုတ္ပါဘူး ကြၽန္ေတာ့္ သူငယ္ခ်င္းအတြက္ပါ ၿပီးေတာ့ ကြၽန္ေတာ္ေတာင္စုံစမ္းလို႔မရတဲ့အထိဆိုေတာ့ အေၾကာခံလိုက္ရသလို ခံစားရလို႔”

“ဂ႐ုစိုက္ “

“ဟုတ္ကဲ့ပါဗ်ာ”

ထိုေန႕ကေန႕လည္စာကို အိမ္မွာပဲစုစားျဖစ္လိုက္သည္။ဘယ္ေလာက္အလုပ္မ်ားမ်ား တစ္ပတ္တစ္ခါေတာ့ မိသားစုထမင္းဝိုင္းကို လက္စုံစားျဖစ္၏။ပါပါးခ်မွတ္ခဲ့တဲ့ စည္းကမ္းခ်က္ကေလးေပါ့။

…………

ဒီေန႕အိမ္ေျပာင္းျဖစ္တာေၾကာင့္ ငယ္ငယ့္တိုက္ခန္းေလးထဲ နည္းနည္းရႈပ္ေနသည္။ပစၥည္းေ႐ႊ႕ဖို႔ Company ကားငွားကာ အခန္းထဲပစၥည္းေတြဆင္တာကေတာ့ ေနာင္းညိုတို႔ႏွစ္ေယာက္ကတာဝန္ယူသည္။ေျခေထာက္ဒဏ္ရာႏွင့္ငယ္ငယ္ကေတာ့ ဆိုဖာမွာထိုင္ရင္း ဆရာလုပ္သည္ေပါ့။

“လျခမ္းေလး ပန္းအိုးေတြကို ဝရံတာမွာစီလိုက္မယ္ေနာ္”

အျပင္ဘက္ဝရံတာဆီက ေနာင္းညိုအသံ

“ဟုတ္ တိမ္ေငြ႕အဲ့ပန္းခ်ီကားက ဒီဘက္ထားေပး”

“ဒီနားမွာလား ဒီလိုဆိုအဆင္ေျပလား”

တိမ္ေငြ႕က ပန္းခ်ီကားကိုကိုင္ၿပီး သူေက်နပ္သည္အထိ ရႉေထာင့္အမ်ိဳးမ်ိဳးမွာ ေနရာခ်ျပေနေလသည္။

“အြန္း ရၿပီ”

“ဒီအ႐ုပ္ႀကီးက ကုတင္ေပၚတင္မွာမလား”

ေနာင္းညိုလက္ထဲပါလာတာက သူ႕တစ္ရပ္စာ အညိုေရာင္ဝက္ဝံ႐ုပ္ႀကီး။

“ဟုတ္ အ႐ုပ္ေတြအားလုံး ကုတင္ေပၚတင္လိုက္ “

“ငါတို႔လျခမ္းေလးဖို႔ အ႐ုပ္ေတြအမ်ားႀကီးဝယ္ေပးရမယ္”

ရွိသမွ်အ႐ုပ္ေတြ အိပ္ခန္းထဲသယ္ပို႔ရင္း အစ္ကိုႀကီးတစ္ေယာက္လိုလည္း အလိုလိုက္ခ်င္ေနေသးသည္။

“တကယ္ဝယ္ေပးေနာ္ ငါ့မွာရွိတာက နည္းနည္းေလးမို႔လို႔ ငါလည္းသိပ္မေပ်ာ္ဘူး”

“ဟားဟားဟား ဟုတ္ပါၿပီဗ်ာ ခန္းလုံးျပည့္ဝယ္ေပးမယ္ လိုခ်င္တာေ႐ြးထားလိုက္ေတာ့”

“လျခမ္း ပန္းခ်ီပစၥည္းေတြ ဘယ္နားထားမွာလဲ”

“ရတယ္ အဲ့ဘက္ေထာင့္မွာစုထားလိုက္ ငယ္ငယ္အခုမဆြဲနိုင္ေသးဘူး ေျခေထာက္သက္သာသြားမွ ေသခ်ာေနရာခ်လိဳက္မယ္”

“ကဲ ၿပီးၿပီဗ်ာ လိုခ်င္တာေတြရွိရင္ ေျပာေနာ္ ညေနအျပင္သြားရင္အကုန္ဝယ္ခဲ့မယ္”

အားလုံးၿပီးေတာ့ ဆိုဖာေပၚေျခပစ္လက္ပစ္ထိုင္ခ်ရင္း စားပြဲေပၚကေရဗူးကို ေကာက္ေမာ့ေလသည္။

“အြန္း စဥ္းစားလိုက္အုံးမယ္ ေရခဲေသတၱာထဲကအေအးေတြယူေသာက္ေလ ငယ္ငယ္မထနိုင္လို႔ မယူေပးေတာ့ဘူး”

“ရပါတယ္ဗ်ာ ကိုယ့္အိမ္ကိုယ့္ယာလိုသေဘာထားပါတယ္”

“တကယ္လည္း ေနာင္းညိုအိမ္ပဲေလ အဟီး”

“No No လျခမ္းေလးကိုအပိုင္ေပးတာ အိမ္ေထာင္က်ရင္လက္ဖြဲ႕”

လက္ညွိုးေလးတစ္ေခ်ာင္းေဝွ႕ရမ္းကာ ေျပာလာေသာေနာင္းညိုစကားေၾကာင့္ ခ်က္ခ်င္းျငင္းရသည္။

“ငယ္ငယ္အိမ္ေထာင္မျပဳဘူး”

“ဘာလို႔တုန္း”

“မခ်စ္ခ်င္လို႔”

“ၿပီးတာပဲ ေနာက္မွ ဘာဘာညာညာ အသံေတြမၾကားခ်င္ဘူးေနာ္”

တိမ္ေငြ႕ကၿပဳံးေနေသာ္လည္း ေနာင္းညိုကေတာ့ စိတ္မခ်ဟန္။

“အင္းပါတကယ္ ေနာင္းညိုတို႔ႏွစ္ေယာက္ေကာ မေတြ႕ေသးဘူးလား”

“ငါကမေတြ႕ေသးပါဘူး ေတြ႕မလားဆိုၿပီး စမ္းတြဲၾကည့္ေနတာ ဒီလိုနဲ႕ ရည္းစားမ်ားတာပဲအဖတ္တင္တယ္”

“တိမ္ေငြ႕ေရာ”

“ကိုယ္က လျခမ္းနဲ႕အတူ လူပ်ိဳႀကီးလုပ္မွာ”

ငယ္ငယ္ လက္ခုပ္ေလးတီးကာ လက္မႏွစ္ဖက္လုံးေထာင္ျပလိုက္တယ္။

“ေကာင္းတယ္ ေကာင္းတယ္ တိမ္ေငြ႕အေတာ္ဆုံး”

“ဟြန့္ ႏွစ္ေယာက္သား အတိုင္အေဖာက္ညီေနတာ”

မ်က္ေစာင္းထိုးလိုက္သူကထၿပီး အခန္းနံရံက ကိုယ္လုံးေပၚမွန္ဆီေလွ်ာက္သြားေလသည္။

“ဒါနဲ႕ လျခမ္းကိုေျပာမလို႔ ဒီကြန္ဒိုက ကိုယ္ကိုယ္တိုင္ ဒီဇိုင္းဆြဲထားတာလို႔ေျပာခဲ့တာမလား”

“အြန္း ဟုတ္တယ္ေလ”

“အဲ့တာက ၾကည့္ ဒီမွန္ ဒီမွန္ကတကယ္ေတာ့ ကိုယ့္အခန္းနဲ႕ဆက္ထားတာ”

“ဟမ္”

“ဟုတ္တယ္ ကိုယ့္အခန္းကို လာခ်င္ရင္ ဒီလိုေလး လုပ္လိုက္႐ုံပဲ ဒီဘက္ကေနကိုယ့္အခန္းကို ဝင္လို႔ရတယ္ “

ေနာင္းညိုကေျပာရင္း မွန္အားလွည့္ျပလိုက္သည္။ဟိုဘက္ ေနာင္းညို အဝတ္လဲခန္းဆီကြက္တိ။

“မင္း အဲ့တာကဘာသေဘာတုန္း”

တိမ္ေငြ႕က မ်က္ခုံးေတြတြန့္ခ်ိဳးလို႔ မေက်နပ္ဟန္။

“ငါကသေဘာရိုးပါ တိမ္ေငြ႕ရာ အစက ဒီႏွစ္ခန္းလုံးငါ့အတြက္ဆိုၿပီး ဒီဇိုင္းဆြဲထားတာ အခုလျခမ္းေလးက အခန္းေျပာင္းခ်င္တယ္ဆိုေတာ့မွ စဥ္းစားမိတာပါကြာ “

ေသခ်ာရွင္းျပလာသူက ငယ္ငယ္တစ္မ်ိဳးထင္မွာစိုးေနသလို တိမ္ေငြ႕စိတ္ဆိုးမွာလည္းေၾကာက္ေနပုံ။

“ဘာျဖစ္ျဖစ္ လျခမ္းကOmega အေခ်ာေလးေလ “

“ေအးငါလည္းအဲ့ဒါကို စဥ္းစားမရျဖစ္ေနတာ အဲ့လိုခ်စ္ဖို႔ေကာင္းတဲ့သူကို သူငယ္ခ်င္းထက္မပိုနိုင္တဲ့စိတ္ႀကီးကို အံဩလြန္းလို႔မဆုံးဘူး မဟုတ္ရင္ မေကာင္းတဲ့သူေတြနဲ႕ေတြ႕မွာ စိုးရိမ္ေနစရာမလိုဘူး ကိုယ့္အပိုင္လုပ္ပစ္လိုက္တာၾကာေပါ့ေနာ္”

“ဟမ့္ အေျပာကေတာ့”

ထိုအခါမွမ်က္ေမွာင္ေျပသြားသူက ဟိုဘက္လွည့္သြားေလသည္။

“ငါက Playboy မို႔ မယုံၾကည္နိုင္တာကို လက္ခံေပးနိုင္ေပမယ့္ လျခမ္းကိုေတာ့ တကယ္ကိုညီအရင္းေလးလိုပါကြာ ငါးလေလာက္ငယ္တဲ့သူကို ငါးႏွစ္ငယ္တဲ့ ညီေလးလိုပဲ ခံစားရတာပါဆို”

“ၿပီးတာပဲ”

“ငယ္ငယ္ ႏွစ္ေယာက္လုံးကိုယုံပါတယ္”

“လူတိုင္းကို လိုက္ယုံေနလို႔မရဘူးေနာ္ လျခမ္းေလး လူ႕စိတ္ဆိုတာ ျမင္ေနရတာမဟုတ္ဘူး ကိုယ့္ကိုယ္ကိုေတာင္မယုံရဘူး တစ္ခါတစ္ေလ ႏွလုံးသားကို ဦးႏွောက္ကလႊမ္းမိုးသြားရင္ အလိမ္ခံလိုက္ရတာပဲ ႏွလုံးသားကအရွိအတိုင္းလက္ခံၿပီး ဦးႏွောက္က ျဖစ္သင့္တာကိုဦးစားေပးသတ္မွတ္ပစ္လိုက္ရင္ ကိုယ့္ကိုယ္ကို အလိမ္ခံလိုက္ရတာ”

“ဘယ္ကစာအုပ္ေတြ ဖတ္လာျပန္ၿပီလဲမသိဘူး”

“ေစာ္ကားလိုက္တာ”

ေနာင္းညိုကိုအဖက္မလုပ္ပဲ တိမ္ေငြ႕ကသူ႕ဘက္လွည့္လာေလသည္။

“လျခမ္း ကိုယ့္ျပည္နယ္ကိုေကာ အလည္မလာခ်င္ဘူးလား”

“လာခ်င္တယ္ အဲ့ဘက္မွာ ေတာင္တန္းေတြနဲ႕ စိုက္ခင္းေတြအမ်ားႀကီးရွိတယ္မလား ငယ္ငယ္စာအုပ္ေတြထဲမွာဖတ္ဖူးတယ္ အရမ္းသာယာတာပဲ”

“အြန္း ၿပီးေတာ့ ငယ္ငယ္ႀကိဳက္တဲ့ ပန္းမ်ိဳးစိတ္ေတြလည္း အမ်ားႀကီးရွိတယ္”

“သြားခ်င္တယ္ ငယ္ငယ္ပန္းခ်ီးကားေတြအမ်ားႀကီးဆြဲမယ္ ၿပီးလို႔ပိုက္ဆံေတြအမ်ားႀကီးရရင္ အဲ့ဒီျပည္နယ္မွာအိမ္တစ္လုံးဝယ္ၿပီးေနမွာ”

“ကေလးအေတြးနဲ႕လျခမ္းရယ္ ပိုက္ဆံမလိုပါဘူး ကိုယ္ပိုင္တဲ့အိမ္ေတြအမ်ားႀကီးပဲ ေနခ်င္တဲ့အိမ္ေနလို႔ရတယ္ ကိုယ္ကSျပည္နယ္မွာ အခ်မ္းသာဆုံးစာရင္းဝင္ပါေနာ္”

“တကယ္လာေနမွာေနာ္”

သူ လက္ညွိုးေလးေထာင္ကာေမးေတာ့ တိမ္ေငြ႕ကသေဘာတက်ရီကာ ေခါင္းညိတ္ျပေလသည္။

“တကယ္လာေန တစ္သက္လုံးေနလို႔ရတယ္”

“ဟီးဟီး “

သူရယ္ေတာ့ သူတို႔ႏွစ္ေယာက္ပါလိုက္ရယ္လာေလသည္။

“ဒါနဲ႕ေလ ငယ္ငယ္တစ္ခုေမးစရာရွိလို႔”

“ဘာေမးမွာလဲ ေမး”

“တကယ္လို႔ေလ တစ္ေယာက္ေယာက္က ကိုယ့္ကိုမုန္းၿပီးေတာ့ ရန္ရွာခ်င္ေနတယ္ဆိုရင္ အဲ့လူနဲ႕ေတြ႕ရင္ ဘယ္လိုလုပ္ရမွာလဲဟင္”

“ဘယ္သူတုန္း”

ခ်က္ခ်င္းေမးလိုက္သူကတိမ္ေငြ႕။

“ဟမ္”

“ဘယ္သူက လျခမ္းကိုရန္ရွာခ်င္ေနတာတုန္း”

“မရွိပါဘူး ဒီတိုင္းေမးၾကည့္တာ ဇာတ္လမ္းၾကည့္ရင္း စဥ္းစားမိလာလို႔”

မလိမ္တတ္လိမ္တတ္လိမ္လိုက္မိေတာ့ ေနာင္းညိုကသေဘာတက်ရယ္ေလသည္။

“တကယ္လို႔ အဲ့လိုလူေတြ႕ရင္ သူကAlphaဆိုရင္ ထြက္ေျပးလိုက္ ေျပးလို႔မလြတ္ရင္ အဓိကေနရာကို ကန္ပစ္”

“အာ အဲ့လိုလား “

“အြန္း လျခမ္းတစ္ေယာက္တည္းအျပင္ကို ေလွ်ာက္ေလွ်ာက္မသြားရဘူးေနာ္ သြားခ်င္ရင္ ငါ့ကိုေျပာ”

“အင္းပါ အခုလမ္းေတာင္မေလွ်ာက္နိုင္တဲ့ဟာ စိတ္မပူပါနဲ႕ ငါဘယ္မွေလွ်ာက္မသြားပါဘူး”

“ဟုတ္ပါၿပီ အဲ့တာဆို လျခမ္းနားေတာ့ေလ ငါMallကို တစ္ခ်က္သြားလိုက္အုံးမယ္ ဝယ္စရာရွိလို႔ ေနာင္းညိုလည္း ခ်ိန္းထားတာရွိတယ္မလား “

“အင္း အသစ္ကေလးနဲ႕ခ်ိန္းထားတာ သူက Beauty Blogger ေလ ၿပီးရင္မင္းတို႔ကို မိတ္ဆက္ေပးမယ္”

“ဟုတ္ပါၿပီ လာ လျခမ္း အိပ္ယာထဲပို႔ေပးမယ္”

ေျပာရင္းေပြ႕ခ်ီလိုက္ၿပီး အိပ္ခန္းထဲကိုပို႔ေပးလိုက္သည္။

“အိမ္သာသြားအုံးမလား”

“မသြားခ်င္ေသးဘူး”

“ဟုတ္ၿပီ အိပ္ယာထဲမွာပဲ ၿငိမ္ၿငိမ္ေလးေနေနာ္ တစ္ခုခုဆိုဖုန္းဆက္ ကိုယ္တန္းၿပီးျပန္လာမွာပါ ညေနစာပါဝယ္ခဲ့မယ္”

“ဟုတ္ပါၿပီသြားေတာ့ ေတာ္ၾကာမိုး႐ြာေနလိမ့္မယ္”

“အြန္း သြားၿပီ”

တိမ္ေငြ႕ထြက္သြားမွ မ်က္လုံးေတြကိုမွိတ္လိုက္မိတယ္။တစ္ပါတ္မျပည့္ေသးခင္သူဟာဒီကမၻာႀကီးနဲ႕ အသားက်သြားျခင္းဟာ သူတို႔ႏွစ္ေယာက္ေၾကာင့္။သူ႕အတြက္ ဒီကမၻာမွာ ေဖေဖနဲ႕ေမေမအစား သူတို႔ႏွစ္ေယာက္ကို လက္ေဆာင္ေပးလိုက္ျခင္းမ်ားလား။မိသားစုဆန္လြန္းလို႔ သူတို႔ႏွစ္ေယာက္အေပၚ အားကိုးျခင္းကို က်င့္သားရေနသည္အထိပါဘဲ။

………..

Mallကိုေရာက္ေတာ့ အသီးတန္းဘက္ေလွ်ာက္မိသည္။လျခမ္းက စေတာ္ဘယ္ရီႀကိဳက္သည္။အလုံးႀကီးႀကီးလွလွေလးေတြ ေ႐ြးၿပီးေတာ့ သူႀကိဳက္တဲ့ ပန္းသီးေတြဘက္ေရာက္သည္။သူကပန္းသီးစိမ္းမွႀကိဳက္တာ။

ေ႐ြးေနရင္း သူ႕လက္ထဲကပန္းသီးကိုလုသြားသည့္လက္တစ္ဖက္။မ်က္ေမွာင္ကုတ္ကာ ေမာ့ၾကည့္လိုက္ေတာ့ မ်က္ဝန္းျပာေတြႏွင့္ဆုံသည္။ဆံပင္ေတြကို အျဖဴေရာင္ဆိုးထားၿပီးေဘးတစ္ဖက္က တေစာင္းက်စ္ထားတာေၾကာင့္ နားထိပ္က စိန္ပြင့္ေလးက တလက္လက္။

မ်က္ခုံးထူထူေအာက္က မ်က္ဝန္းျပာေတြက က်ီစယ္ေနသည့္ဟန္ တလက္လက္။ဝတ္စားထားသည္က လူငယ္ဆန္ဆန္ ရိုးရိုးရွင္းရွင္း။သို႔ေသာ္ Brand ေတြမွန္းသိသာေစသည္။လက္မွာပတ္ထားသည့္နာရီကေနာက္ဆုံးေပၚ အမ်ိဳးအစား။

အသိုင္းဝိုင္းႀကီးထဲက ေျမာက္ႂကြႂကြေအာက္ေျခလြတ္ေနသည့္ သူပဲျဖစ္လိမ့္မည္။အသက္ကမတိမ္းမယိမ္းေလာက္မို႔ ေလးစားစရာမလိုသလို ငဲ့ညွာစရာလည္းမလို။

“ကိုယ္အရင္ယူထားတာ”

“အာ”

မ်က္လုံးခ်င္းဆုံၾကည့္ကာ ခပ္ျပတ္ျပတ္ေျပာေတာ့ ပခုံးတစ္ခ်က္တြန့္ျပသည္။

“ကိုယ့္လက္ထဲေရာက္ရင္ ကိုယ္ပိုင္တာေပါ့ နံမည္ေျပာျပေလ ျပန္ေပးမယ္”

ျပန္မေျပာခ်င္ေတာ့တာမို႔ အသစ္သာထပ္ေ႐ြးလိုက္သည္။ေ႐ြးထားတာကို ထပ္လာလုေတာ့ စိတ္ကမၾကည္ေတာ့။သူ႕ကို တမင္သက္သက္ရန္လာစေနတာ။

“မင္းဘာျဖစ္ခ်င္ေနတာလဲ”

“မင္းနဲ႕ ရင္းႏွီးကြၽမ္းဝင္ခ်င္ေနတာ နံမည္ေလးပဲေျပာျပေလ က်န္တာကိုယ္စုံစမ္းလိုက္မယ္”

“စည္းကမ္းမဲ့လိုက္တာ”

ဆက္မေနခ်င္ေတာ့တာမို႔ ေ႐ြးၿပီးသားေတြဆြဲလို႔ ပိုက္ဆံရွင္းရန္ထြက္ခဲ့လိုက္သည္။ဒါကိုေနာက္ကလိုက္လာေသးသည္။

“စေတာ္ဘယ္ရီႀကိဳက္တာလား”

“ငါ့ေကာင္ေလးအတြက္”

“အို႔”

ပခုံးတြန့္လိုက္ပုံက မခန့္လိုက္တာ။

“ဘယ္ထိဆက္လိုက္ေနမွာလဲ”

ပိုက္ဆံရွင္းၿပီးလို႔ အ႐ုပ္ဆိုင္ေတြဘက္ေလွ်ာက္ေတာ့လည္း ေနာက္ကပါလာေသးသည္။

“နံမည္မေျပာမခ်င္း အိမ္ထိဆိုလည္းလိုက္မွာပဲ အိမ္ထဲထိေခၚရင္ေတာ့ ပိုေကာင္းတာေပါ့ ေကာင္ေလးနဲ႕ပါမိတ္ဆက္ေပးေလ”

“မင္း”

“အင္း ကိုယ္”

ဆက္မေျပာဘဲ အ႐ုပ္ေတြသာေ႐ြးေနလိုက္သည္။လျခမ္းက အေရာင္ႏုႏုေလးေတြႀကိဳက္သည္။Omega ေလးကႏူးညံေတာ့ ႏူးႏူးညံ့ညံ့ေလးေတြႀကိဳက္မွာ။

“ေကာင္ေလး အတြက္လား ဒီအ႐ုပ္ဆိုဘယ္လိုလဲ ခ်စ္စရာေလးပါ ဒီဟာေလးကအေရာင္လွတယ္ေနာ္ အယ္ ဒါေလးကႏူးႏူးညံ့ညံ့ေလးကိုင္လို႔ေကာင္းတယ္ ဒီဟာေလးကျပည့္ျပည့္ေလး ဖက္ထားလို႔ေကာင္းေလာက္တယ္ ဒီတစ္ခုက..”

“စိုင္းတိမ္ေငြ႕ျပာ”

“ဟမ္”

“ထြက္သြားေတာ့”

“အာ နံမည္က စိုင္းတိမ္ေငြ႕ျပာလား မင္းနဲ႕လိုက္တယ္ ငါ့နံမည္က”

“မသိခ်င္ဘူး ထြက္သြားေတာ့”

“Okay Seeyou Bye”

မ်က္လုံးတစ္ဖက္မွိတ္ကာ လက္ေခ်ာင္းေတြကိုလႈပ္ျပသြားပုံက ဂ်စ္ကန္ကန္နဲ႕။စိတ္ပ်က္ဖို႔ေကာင္းလိုက္တာ။

#################

ၿငိမ္း🌻🌞

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၅ light novel, ,

Comment

Leave a Reply

Chapter 6