Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) Extra

A+ A-

****ယခုရေးသားထားသောအကြောင်းအရာမှန်သမျှသည် လက်တွေ့မဆန်သည့်စိတ်ကူးယဥ်ပုံဖော်ချက်များသာဖြစ်ကြောင်း ကြိုတင်အသိပေးပါတယ်ရှင့်***

“ခမည်းတော်ကလည်း”

“တော်…ဆက်မပြောလေနဲ့ ကြားကောင်းသလားဟမ် ဒီခမည်းတော်ကတော့ကလေးလေးဆိုပြီး လိုချင်တာတရစေဆိုသလို ဖူးဖူးမှုတ်ထားသလောက် သားတော်လေးကဘာလုပ်လာသတဲ့တုန်း”

“မတော်တဆကျီစားသန်သွားရုံတင်ပါ”

“တယ်…..ရိုက်လိုက်ရရင်ဖြင့်ငိုအုံးမယ် ဘာကို​ကျီစားသတဲ့လဲ မိုးနတ်မယ်လေးရဲ့ဝတ်ရုံလွှာကိုဖွက်ထားလိုက်တော့ရော သားတော်ငယ်ပျော်သွားသတဲ့လား”

ကြိမ်တုတ်ရွယ်ကာကြိမ်းမောင်းနေတဲ့ခမည်းတော်အပြောမှာ ကလေးငယ်ဟာခစ်ခနဲသဘောကျလေရဲ့။

“အဟိ သိပ်ပျော်ဖို့ကောင်း မိုးနတ်မယ်လေးစိုးရိမ်ကြောင့်ကြပြေးလွှားနေတာ လိပ်ပြာလေးသေရည်မူးနေသလို ယိမ်းထိုးနေတာပဲ”

“သားတော်ငယ်”

ဘုံဗိမာန်တစ်ခွင်ဟိန်းခနဲထွက်လာသည့်ခမည်းတော်ဒေါသကြောင့် ကလေးငယ်ကိုကျောနောက်ပို့ကာ

“ခမည်းတော်စိတ်ထိန်းတော်မူပါ ငယ်ငယ်ကကလေးသာသာမို့ ကျီစားသန်တာသဘာဝပါခမည်းတော်ဗွေမယူသင့်ကြောင်းပါ”

“တယ်လေ မင်းတို့တတွေကာစီးကာစီးနဲ့အလိုလိုက်လွန်းလို့ ဆိုးသွမ်းနေတာမသိလေရော့လား သိပ်ဆိုးလာရင်ထိန်းမနိုင်ဘဲနေရော့မယ် မလွန်ခင်ဆုံးမမှတော်ကာကျမပေါ့”

“ခမည်းတော်ကသားတော်ငယ်ကိုစွန့်ပစ်တော့မယ်ပေါ့ သူစိမ်းတစ်ပါးသူကြောင့်သွေးသားရင်းချာကိုအော်ငေါက်ဆုံးမတော်မူတာအားမရလို့ ကြိမ်တံနှင့်ပါအပြစ်ပေးတော်မူလိုတယ်ပေါ့ အဟင့် နားလည်တော်မူပါပြီ ခမည်းတော်ကဒီတုံးအလှတဲ့သားတော်ငယ်ကို အလိုမရှိတော့လို့အပြစ်ရှာချင်တာကို သဘောပေါက်လိုက်ပါပြီ အဟင့်”

“ငယ်ငယ်”

ပြေးထွက်သွားတဲ့ပုံရိပ်ငယ်ကိုကြည့်ရင်း သူပူပန်ကြောင့်ကျစွာအော်ဟစ်တားတော့ ခမည်းတော်ကသက်ပြင်းချလေသည်။

“သိပ်ဆိုးသွမ်းလာတာပဲ အပြစ်တွေလွတ်ကြောင်း အခြားသူကိုပါလွှဲပြောင်းချလာပြန်ပြီ”

“စိတ်လျှော့တော်မူပါခမည်းတော် ကလေးလည်းပျင်းနေရော့မပေါ့ အများတကာလိုလွတ်လပ်ခွင့်ကမရှိရှာ စည်းကမ်းချက်တွေကန့်သတ်နယ်မှာ လှောင်အိမ်ထဲကငှက်ပမာဖြစ်နေရှာတာမဟုတ်ပါလား ဒီအရွယ်ဆိုတာလွတ်လပ်စွာအတောင်ဖြန့်လို့ ခြေဦးတည့်ရာခရီးဆန့်ချင်ကြတဲ့အရွယ်ပေမဲ့ ကလေးကတော့နှမ်းတစ်ထောက်သာသာဒီမြေလွှာမှာသာပျော်ရွှင်နေရတာပဲမဟုတ်လား”

“အိမ်း…..တယ်လည်းခက်လိုက်လေ ကလေးငယ်ကကျီစားသန် မင်းတို့တွေကအထိပါးမခံနဲ့ အဘယ်သို့များကြံဖန်ရတော့မတဲ့ကွယ် အတိတ်အရေးကြောင့်များစိတ်မအေးစရာတွေများလေရော့လားမသိ ခက်လိုက်ပါဘိနှယ်”

“အဘယ်သို့အကြောင်းတွေကြောင့်များ ကလေးငယ်စိတ်မကောင်းဖြစ်သွားရသတဲ့လဲ မရှေးမနှောင်းအခန်းဝမှာတွေ့တာ မျက်နှာလေးမကောင်းပေဘူး ရင်ထဲတဆိတ်မထိတ်သာမလန့်သာရှိလိုက်တာ”

အစည်းအဝေးမှပြန်လာသည့်ညီတော်ကြီး လမ်းခုလတ်တင် ကလေးငယ်နှင့်ဆုံလာပုံပင်။

“ပြောမကောင်းပေါင် အကြောင်းကိစ္စအရေးကြီးလို့ တွေဆုံဖို့လာတဲ့မိုးနတ်မယ်ကို မင်းတို့အကုန်လုံးရဲ့အသည်းအသက်က ခြုံလွှာဖွက်လွှတ်လိုက်သတဲ့ တော်ပေရော့လား”

“ဤသို့ဆိုလျှင် ကလေးကိုရိုက်များလွှတ်ရော့သလား ကလေးအရွယ်ပေမို့အပြစ်ဆိုနေလို့မရပါ ပျော်ရွှင်ဖို့ကျီစားရုံတင်မို့ ဤအရွယ်ဤအကျင့်… “

“တော်လေရော့…ကိုယ်တော့်အပြစ်ချည်းပါပဲ ဟုတ်လေရော့လား”

ဒေါသမာန်ကြီးထွက်ခွာသွားတဲ့ခမည်းတော်ကိုကြည့်ရင်း အချင်းချင်းပြန်ကြည့်မိကာ သက်ပြင်းသာချရသည်။

…………….

“ဟမ့် ကြားရတဲ့သတင်းမှန်ရဲ့လားကြည့်ရသေးတာပေါ့ ဖူးစာရှင်ဆိုပဲ မလောက်လေးမလောက်စားကလေးတစ်ယောက်ကိုများ ငါ့ဖူးစာရှင်ဖြစ်ခိုင်းဖို့သင့်တော်တယ်ထင်နေတယ်ပေါ့ ငိုသွားအောင်ကိုခြိမ်းခြောက်ပစ်အုံးမယ်”

လနတ်ဘုရားရဲ့ကောင်းကင်ဝန်းထဲရှိ အမြင့်မားဆုံးသစ်ပင်ထက်ဆင်းသက်ပြီး အတောင်ပံနက်တွေကိုရုတ်သိမ်းပစ်သည်။အစီရင်တစ်ချို့အသက်သွင်းပစ်တော့ သူ့တည်ရှိမှုကိုမည်သူမှမမြင်နိုင်တော့။

အထက်စီးမှကြည့်ရသည့်ရှုခင်းက ကြည့်ပျော်ရှုပျော်တော့ရှိသား။အဖြူရောင်လွင်ပြင်ကြီးက ဟိုကလေးရဲ့ကိုယ်စားပြုပန်းဆိုတာတွေဖြစ်မည်။အနံ့လေးကတော့တမူထူးခြားစွာသင်းပျံ့လို့။ကောင်းကင်ဘုံတစ်ခွင်နှင့် လူ့ပြည်ကိုအကြိမ်များစွာလှည့်ပတ်ခဲ့ပေမယ့် ဤပန်းမျိုးစိတ်ကိုမမြင်တွေ့ခဲ့ဖူး။ကြားဖူးနားဝသတင်းဟာအမှန်ဖြစ်ပုံရသည်။

လက်ထဲရှိအသီးတစ်ချို့ကိုလေထဲမြှောက်ပစ်ကာပြန်ဖမ်းတိုင်းဆော့ရင်း ဟိုကလေးစုတ်လေးကိုမြင်တွေ့ရဖို့စောင့်နေမိသည်။ကောလဟာလအရဆို သူ့ဖူးစာရှင်လောင်းလေးပေါ့။

စဥ်းစားတွေးခေါ်လို့တောင်မရဘူး။သူ့ကိုအမြဲအမြင်မကြည်နေတဲ့ ကောင်းကင်ဘုံရဲ့အသည်းအသက်လေးဟာ သူနဲ့ဖူးစာပါလာသတဲ့။သူလိုနတ်ဆိုးကလက်ခံမယ်ထင်နေသလားမသိ။သူတို့ဘက်ကဘဲနစ်နာရသလို ဖူးစာဖြတ်ဖို့တောင်စီစဥ်နေပါသတဲ့။

သူကပိုတောင်လက်မခံနိုင်သေး။လောကတစ်ခွင်လှည့်လည်ခြေဆန့်ရင်း အလှပေါင်းများစွာရဲ့ညှို့ယူမှုကိုတောင် မျက်တောင်တစ်ချက်ပင့်မကြည့်ခဲ့ဖူးတာ ကလေးသာသာမြေးသာသာတစ်ယောက်ကိုကြင်ယာတင်ဖို့ဆိုတာ ဘယ်တော့မှဖြစ်မလာနိုင်တဲ့ပုံပြင်တစ်ပုဒ်ပဲ။

ပြီးတော့သူတို့ကောင်းကင်ဘုံက ကြီးကြီးကျယ်ကျယ်အတန်းအစားတွေကိုအထင်မကြီးပေါင်။စကားပြောရင်ဖွဲ့နွဲ့ကွန့်ညွှန့်ပြီး လိုရင်းကိုမရောက်။နားလည်သလို တိုတိုရှင်းရှင်းဆိုတော်ပြီပေါ့။ခုတော့စာတွေပေတွေနဘေတွေနှင့် ကြီးကျယ်လွန်းလို့။

ထိုကိစ္စကြောင့်ကောင်းကင်ဘုံကိုခဏခဏပြဿနာရှာမိသည်။သူတို့အမြတ်တနိုးထားတဲ့ ကောင်းကင်စာပေနန်းတော်ကိုဖြိုချခဲ့ဖူးသလို ဆွေးနွေးရေးနန်းဆောင်ကိုလည်းမီးလောင်တိုက်သွင်းဖူးသည်။အလကား ဆွေးနွေးတယ်ဆိုပြီး လူ့လောကီတွေအရေးကိုအတင်းတုပ်နေတာ။

လူ့ပြည်လောကရှိမကောင်းသူတွေအတွက်အပြစ်ကြွေးဟုဆိုကာ မိုးနတ်မယ်မိုးခေါင်ပစ်တုန်းက သူ့ခြုံလွှာအားခိုးယူပြီးမိုးရွာချပေးခဲ့ဖူးတာခဏခဏ။အမ်….. ရေကြီးသွားတာထည့်မတွက်ရင်ပေါ့။

ရေနတ်သားသေရည်မူးပြီး လူ့ပြည်မှာရေကြီးစဥ်က သူ့ဗိမ္မာန်ထိသွားကာရေခဲလွှမ်းပစ်ခဲ့ဖူးသည်။အဟမ်း….လူ့ပြည်ရွာရေခဲကုန်တာတော့မရည်ရွယ်ပါဘူးပေါ့။

အတွေးတွေထဲနစ်မြုပ်ကာ ခပ်မဲ့မဲ့ပြုံးနေစဥ် ပန်းခင်းဖြူဖြူကြား ပြေးလွှားအသက်ဝင်နေတဲ့လိပ်ပြာလေးတစ်ကောင်က မြင်ကွင်းထဲတိုးဝင်နှောင့်ယှက်လာလေသည်။အဖြူရောင်တွေအလယ် ဖြူဖြူဖွေးဖွေးအဆင်းသဏ္ဍာန်ဟာသိပ်ပေါ်လွင်လွန်း၍ မျက်စိတွေကျိန်းရသည်အထိ။

ရှည်လျားတဲ့ဆံနွယ်တစ်ချို့ဟာ လေနှင်ရာလွင့်လို့ ပျော်မြူးကခုန်နေသည့်အလား။အကွာအဝေးအားချုံ့ကာ မျက်လုံးမှာစူးစိုက်မှုအပြည့်ဖြင့်ကြည့်တော့ နုနုငယ်ငယ်ဖူးသစ်စပန်းလေးတစ်ပွင့်။မရင်းနှီးသည့်အချက်ပြမှုတစ်ချို့ဟာဘယ်ဘက်ရင်အုံမှမြည်ဟည်းသည်။

ရင်ခွင်ထဲသိမ်းထုပ်ချင်စဖွယ်လေးမို့ အဝေးကနေပင်ကြည့်မဝ။အတွေးတွေထက်အရင် ခန္ဓာကိုယ်ကတိမ်ပြင်ပေါ်​ရောက်နှင့်ပြီးသား။ကိုယ်ယောင်ဖျောက်ထားသည့်သူ့စွမ်းအားကြောင့် အစွမ်းမရှိသည့်ကလေးကအဘယ်သို့သိနိုင်ပါလေအံ့။

အနီးကပ်ကြည့်မှ ဒုက္ခရောက်ပြီမှန်းသိတော့သည်။ထိန်းမနိုင်တော့သည့်ရင်ဘတ်တစ်ခြမ်းနှင့်အတူ မလွှဲနိုင်တော့သည့်အကြည့်တွေဟာ သူလေးနားသာအချိန်မလပ်။အခက်တွေ့ပြီလို့မမြင်ဘဲ တစ်သက်စာတွဲရမည့်ကြင်ယာဘက်လေးဆိုသည့်အတွေးနှင့် ကြည်နူးမှုတွေရင်ထဲအပြည့်။

လာခဲ့ရခြင်းရဲ့အကြောင်းအရင်းတွေပျောက်ကာ တောက်လျှောက်တွေးနေမိတာက သူ့ဘယ်လိုနည်းနဲ့အပိုင်သိမ်းရမလဲဆိုတာပဲ။အသက်ကွာခြားချက်တွေ ကြည်ဖြူခြင်းမရှိတဲ့မျိုးနွယ်တွေကိုအကုန်ဘေးချိတ်ပြီး နှစ်ကိုယ်တူချစ်ခရီးကိုပဲဆက်လျှောက်လှမ်းချင်သည်အထိ။

အလိုမကျသလိုတွန့်ချိုးထားသည့် တောင်တန်းကွေးလို မျက်ခုံးတန်းလေးကိုလည်းဆွဲဖြောင့်ပေးချင်သည်။လူ့ပြည်မှမော့ကြည့်နေကျကြယ်ပင်လယ်လို မျက်ဝန်းဝိုင်းလေးတွေထဲလဲခုန်ဆင်းပစ်ချင်သည်။

တဖျတ်ဖျတ်ခတ်ရင် အသည်းတစ်ချက်လွင့်မတတ် ရှည်လျားကော့ညွတ်နေတဲ့ မျက်တောင်ဖျားလေးတွေကိုလည်း ထိတွေ့ချင်သေးသည်။တလှုပ်လှုပ်နှင့်အလုပ်ရှုပ်နေသည့် ခပ်ရဲရဲနှုတ်ခမ်းနှစ်လွှာကိုလည်း ကိုယ်ပိုင်နှုတ်ခမ်းနှင့်ဖမ်းဆုပ်ပစ်ချင်သေးသည်။

သေးသေးကွေးကွေးခန္ဓာကိုယ်လေးကို ရင်ခွင်ထဲထွေးဆုပ်လို့ အလစ်သုတ်လိုက်ရင်ကောင်းမလားမသိ။ခပ်ထော်ထော်နှုတ်ခမ်းလေးက အသည်းထဲကျလိကျလိနှင့် မထိတထိလာခလုတ်တိုက်နေသလို။

မတတ်သာသည့်အဆုံး ချထားသည့်စည်းထဲသူလေးကိုဆွဲသွင်းပစ်မိသည်။ထိတ်လန့်သွားသည့်ပန်းပွင့်ငယ်ဟာ အကြင်နာစစ်ပွဲအလီလီနွှဲချင်စရာ။

“အသင်…ဘယ်သူလဲ”

“ကိုယ်ကအမေးရှိရမှာမဟုတ်ပေလား မင်းလေးကဘယ်သူလဲ”

“သူများပိုင်နက်ထဲလာပြီး စစ်ဆေးမေးမြန်းမနေနဲ့ ငယ်ငယ်မေးတာကိုပဲဖြေ”

အကွန့်အညွှန့်တွေမပါဘဲ လိုရာဆွဲကာမေးလာသည့်စကားမှာ နှုတ်ခမ်းလွှာတွေကွေးညွတ်ကာ မပြုံးစဖူးအပြုံးတွေမြူးသည်အထိ ဖမ်းစားခံလိုက်ရသည်။

“အလို…စွာလှချည်လား သို့ပေမယ့်လို့ သိပ်ချစ်ဖို့ကောင်းပါဘိ”

စိတ်လှုပ်ရှားလွန်းစွာတဖျတ်ဖျတ်ခတ်လာသည့်အတောင်ပံနက်တွေအား ထိန်းသိမ်းခြင်းငှာမစွမ်းသာသောကြောင့် စည်းအတွင်းရှိပန်းပင်တစ်ချို့နှင့်အတူ အနာဂတ်ကလေး၏ဆံနွယ်ရှည်တို့ပါ မြူးကြွထွန့်လူးကုန်လေသည်။

“နတ်ဆိုးကြီး”

ပြောရင်းနောက်ခြေနှစ်လှမ်းဆုတ်သည့်ကလေးက မျက်ဝန်းလေးများပါထိတ်လန့်နေလျှက်။မကြောက်ရွံ့စေလိုသောစိတ်၏တစ်ဖက် ပိုတိုးလို့ခြောက်လှန့်လိုသောကျီစားချင်စိတ်တို့ဖြင့် အနားကိုပိုတိုးကပ်ပစ်သည်။

“နတ်ဆိုးကြီးမဟုတ်ပါဘူး မင်းရဲ့အနာဂတ်အိမ်ဦးနတ်ကြီးပါ”

“ခမည်းတော်နဲ့တိုင်မယ်”

“အို့ ကြောက်ရတော့မှာလား”

ပြောရင်းပြန်လှည့်ပြေးတဲ့ကလေးဟာ အတားဆီးနံရံကိုတိုက်မိကာ ပြန်ကန်ထွက်လာတာမို့ ရင်ခွင်ထဲဆီးပွေ့ထားရသည်။

“သတိထားစမ်းပါကွာ ကလေးဆီမှာတစ်ခုခုများမှားသွားခဲ့ရင် တစ်လောကလုံးရစရာမရှိအောင်ဖျက်ဆီးပစ်မိမလားမသိပေဘူး”

“လွှတ်ပေး”

လက်တွေကိုဆွဲဖြုတ်လာသည့်အခိုက် လွှတ်မပေးချင်စွာပိုတင်းကြပ်လိုက်မိရင်း အတွေးတစ်ချို့ကအလိုက်တသိတိုးဝင်လာလေသည်။

“ကိုယ်နဲ့လေဟုန်စီးမလား”

“ဟမ်”

နားမလည်သလိုပြန်အမေးကို လေထဲပျံဝဲရင်းသာအဖြေပေးမိသည်။ပန်းခင်းကြားဘယ်ညာလူးကာ ပျော်မြူးနေတဲ့လိပ်ပြာတွေကိုအတုယူပစ်သည်။နဂိုကြောင်အနေတဲ့ကလေးက သဘောကျသလိုတစ်ခစ်ခစ်ရယ်လာလေသည်။

လွင့်မြူးနေတဲ့ဆံနွယ်တွေကသူ့မျက်နှာဆီတိုးဝှေးတော့ ခိုးမွှေးလိုက်ခြင်းမှာ ပန်းရနံ့တွေအပြည့်။

“ဝါးးးးးးးးပျော်စရာကြီး နတ်ဆိုးကြီးမြင့်မြင့်ပျံ”

ချက်ချင်းပြောင်းလဲသွားတဲ့စိတ်အခြေအနေကြောင့် သူသဘောကျစွာရယ်ပစ်မိသည်။တကယ်ကိုကလေးလေးဘဲရှိသေးတာပဲ။

သူ့သဘောအတိုင်းသစ်ပင်ထိပ်ဖျားတွေထိပျံသန်းပစ်တော့ ရယ်သံလွင်လွင်လေးကပတ်ဝန်းကျင်အနှံ့လေထဲပျံ့လွင့်နေလေသည်။သေးသိမ်တဲ့ခါးဆီမှလက်တွေကိုပိုတင်းကြပ်ပစ်ရင်း အိမ်ပြန်ချိန်မေ့လောက်ပြီထင်မှဆင်းသက်ကာလွှတ်ပေးမိသည်။

အမြင့်ဆုံးသစ်ပင်ထိပ်ရပ်ကာ သစ်ကိုင်းတွေကိုယှက်ဖြာလို့ ပန်းမွေ့ယာသဖွယ်ဖန်ဆင်းပစ်သည်။အပေါ်ကနေစီးမိုးကြည့်ရင်း သိပ်သဘောကျနေတဲ့ကလေးက သူ့ကိုကြောက်ဖို့မေ့လျော့သွားဟန်။

ယှဥ်တွဲထိုင်နေမိတော့မသိရင်မောင်နှံတွေလို။သူ့အတွေးသူသဘောကျကာခိုးရယ်ပေမယ့်ဘေးကကလေးကမသိ။မသိဆို အထက်စီးကမြင်နေရတဲ့မြင်ကွင်းကျယ်ကြီးကိုသဘောတကျငေးမောနေတာကိုး။

“ဝါးးးးးးလှလိုက်တာ အထက်စီးကနေကြည့်ရတာတကယ်လှတယ် နောက်ဆိုအမြဲသစ်ပင်တက်ပစ်မယ်”

“မလိုပါဘူး ကလေးကြည့်ချင်တိုင်းကိုယ်ပွေ့ချီပြီးပျံသန်းပေးမှာ”

“နတ်ဆိုးကြီးက ဒီကိုအမြဲလာမှာလား”

မျက်ဝန်းထဲတလက်လက်ထနေတဲ့ကြယ်လေးတွေကိုမကွယ်ပျောက်စေလိုစွာ ရင်ခွင်ကမ္ဘာမှာအမြဲပျော်အောင်ထားချင်ပါရဲ့။

“မင်းသာအလိုရှိရင်ပေါ့”

“ဒါပေမယ့် နတ်ဆိုးတွေကိုဒီကိုလာဖို့ခွင့်မပြုဘူး”

“ကိုယ်နတ်ဆိုးမှန်းဘယ်လိုပြောနိုင်တာလဲ”

“အတောင်ပံနက်တွေလေ ခမည်းတော်ကပြောတယ် နတ်ဆိုးတွေမှာအတောင်ပံနက်အကြီးကြီးတွေရှိတယ်တဲ့”

သူ့အတောင်ပံတွေကိုသဘောတကျငေးကြည့်ရင်း အားကျသလိုမျက်ဝန်းလေးတွေဟာလည်း မဖုံးကွယ်တတ်၍တလက်လက်တောက်နေလေသည်။

“ကလေးကရော နတ်ဆိုးတိုင်းကဆိုးတယ်လို့ထင်တယ်ပေါ့”

“အမ်….နောက်တစ်ခေါက်ထပ်ပြီးပျံဖို့ခေါ်သွားပေးလေ အဲ့တာဆိုထပ်စဥ်းစားပေးမယ်”

ကလေးတွေးလေးနဲ့မို့ သဘောကျစွာသာရယ်မောလိုက်မိသည်။တော်ပါသေး၏ နတ်ဆိုးတွေကိုမုန်းဖို့အကြောင်းအရိုးထဲထိစွဲအောင်ရိုက်သွင်းမခံရသေးချိန်တွေ့ဆုံခွင့်ရခဲ့၍။အကယ်၍များသူနောက်ကျခဲ့ပါလျှင် ကလေးဟာသူ့အားမုန်းနေခဲ့ရော့မည်။

“ကိုယ့်ကိုမကြောက်ဘူးလား”

“မကြောက်ပါဘူး ​နတ်ဆိုးကြီးကချောတယ်လေ နန်းဆောင်ကိုလာလည်တဲ့သူတွေထဲ ငယ်ငယ်တွေ့ဖူးသမျှအချောဆုံးပဲ”

မြှောက်ပင့်မှုအနည်းမှာတင် သူဟာမာန်တက်ပြီး အမှားအမှန်မခွဲဲခြားနိုင်တော့သည်အထိပင်။

“တော်လိုက်တာ ဆုချမယ်…. ရော့”

လက်ဖဝါးထဲပေါ်လာတာက ချစ်စဖွယ်အသီးနီနီလေးတွေ။လူ့ပြည်ဒေသမှာအတော်နံမည်ကြီးနေတာမို့ သူအပျင်းပြေခူးဆွတ်ခဲ့သည့် သစ်သီးလေးတွေ။

“ဘာသီးလဲ”

“လူ့ပြည်သွားတုန်းကခူးယူလာတာ ဘာသီးလဲတော့ကိုယ်လည်းမသိဘူး မြည်းကြည့်ချင်လား”

စူးစမ်းချင်ဟန်ကောက်ယူကြည့်ပြီးတန်းပါးစပ်ထဲခွံ့လိုက်တာက မကြောက်တတ်မှုပေလားယုံကြည်မှုပေလားမသိ။ဘယ်သူ့ကိုမှမယုံတတ်ဖို့ ပိုင်ဆိုင်ပြီးမှဆုံးမထားအုံးမည်။

“ချိုချိုချဥ်ချဥ်လေး အရမ်းကောင်းတယ်ရှိသေးလား”

“ရော့”

လက်ဖဝါးနှစ်ဖက်အပြည့်မို့ သဘောကျစွာပြုံးရယ်လိုက်တဲ့ကလေးက ပါးပြင်မှာချိုင့်ခွက်လေးနှစ်ခုနှင့်။သိပ်လှတဲ့ချောက်နက်ကလေးက ဘဝတစ်ခုလုံးနစ်မြုပ်ချင်စရာ။

“ဝါးးးးနတ်ဆိုးကြီးက ကောင်းလိုက်တာ နောက်တစ်ခေါက်သွားဖြစ်ရင်ရော ယူလာခဲ့ပေးအုံးမှာလား”

“ဒါပေါ့ မင်းလေးသာကြိုက်တတ်ရင် ကိုယ့်ခြံဝန်းမှာအပြည့်စိုက်ထားပေးမှာ”

“အဲ့တာဆို နတ်ဆိုးကြီးဆီလာလည်လို့ရတယ်ဆိုတဲ့သဘောပေါ့နော်”

တစ်လုံးပြီးတစ်လုံးပါးစပ်ထဲထည့်ကာ တစ်ချို့ကိုတော့ပိုးချည်အိတ်လေးထဲထည့်သိမ်းလေသည်။လူ့ပြည်အခေါ် ဟမ်းစတားလေးနှင့်သိပ်တူတာပဲ။

“အလည်လာရုံတင်မဟုတ်ဘူး အပြီးလာနေလို့ပါရတယ်”

“အဟုတ်လား”

“အဟုတ်ပေါ့”

“သဘောကောင်းလိုက်တာ”

ထောင်ချောက်တစ်ခုမှာအစားနဲ့မျှားတာကို ​မေတ္တာရှင်လို့ထင်ယောင်မှားတော့ သူလိပ်ပြာတောင်သိပ်မလုံချင်။

“ဆိုပါအုံး ခုနကဘာတွေအလိုမကျနေတာလဲ”

“ပြောပြရင် ငယ်ငယ့်ကိုဆိုးတယ်လို့မြင်မှာ ပြောပြချင်ဘူး”

“ဘာတွေဆိုးထားလို့လဲ”

“နည်းနည်းပါးပါးလေးပါ”

​ပြောရင်းနှုတ်ခမ်းလေးကစူထွက်လာသေးသည်။ကောင်းကင်ဘုံတစ်ခုလုံးဖျက်ဆီးပစ်ရင်တောင် သူကတော့ဆိုးတယ်လို့မြင်မိမယ်မထင်။

“နန်းဆောင်ကိုအလည်လာတဲ့မိုးနတ်မယ်ရဲ့ ခြုံလွှာလေးပဲဖွက်လွှတ်လိုက်တာကို ခမည်းတော်ကဆူတယ်”

“အဲ့တာကလေးဆိုးတာမဟုတ်ပါဘူး ကိုယ်လည်းခဏခဏဖွက်ဖူးတယ်”

“တကယ်”

အတွေးတူအမြင်တူလုပ်ရပ်တူတစ်ယောက်ကိုတွေ့လိုက်ရတာမို့ အားတက်သွားတဲ့မျက်နှာလေးကအကြည့်မလွှဲချင်စရာ။

“အွန်း တကယ် “

“ဟုတ်တယ်နော့ ငယ်ငယ်ကကျီစားချင်လို့ဟာကို ဘာမှလည်းအရေးမကြီးဘဲနဲ့ ခမည်းတော်ကကြိမ်ဒဏ်ပေးချင်နေတယ်”

“ကြိမ်ဒဏ်ပေးလိုက်တယ်ပေါ့”

ရင်ထဲထိတ်ကနဲဖြစ်ကာ ဝတ်ရုံလွှာတွေဖယ်ချလုနီးပါး။နုနုထွတ်ထွတ်လေးကိုကြိမ်နှင့်ရွယ်ဖို့မပြောနှင့် မျက်စောင်းနှင့်တောင်မရွယ်ဝံ့စရာ။တကယ်သာထိခဲ့ရင်ကောင်းကင်ဘုံကိုပြောင်းပြန်လှန်ဖို့သူဝန်မလေးဘူး။ဘာပဲပြောပြောကလေးကသူ့ကြင်ယာတော်လောင်းလေ။သူ့မှာဝင်စွက်ဖက်ခွင့်ရှိတယ်။

“မပေးရသေးပါဘူး ငယ်ငယ်စိတ်ကောက်ပြီးထွက်လာတာ”

“ကလေးမှမမှားတာ ဘာကိုကြိမ်ဒဏ်လဲ ကလေးကိုကိုယ်ဖွက်ထားပေးမယ်ဒီနေ့မပြန်နဲ့တော့ တော်ကြာတွေ့ရင်တကယ်ကြိမ်ဒဏ်ပေးနေလိမ့်မယ်”

“အဲ့လိုလုပ်ရင်ခမည်းတော်ကပိုစိတ်ဆိုးမှာ ရတယ်ပြန်လိုက်မယ် ခမည်းတော်ကဘယ်လောက်စိတ်ဆိုးဆိုးငယ်ငယ့်ကိုမရိုက်ဘူး အကိုတော်ကြီးတို့ရှိတယ်လေ”

အားကိုးရှိလို့ဆိုးနေပုံရတာမို့ သူသက်ပြင်းသာအသာချမိသည်။နောက်ဆိုကိုယ့်အပေါ်ဆိုးဖို့လည်း အလိုလိုက်အကြိုက်ဆောင်ရအုံးမည်။အားကိုးတတ်ဖို့လည်း လမ်းညွှန်သင်ပြပေးအုံးမည်။

“ကလေး… ကိုယ့်ကိုယုံလား”

“မယုံဘူး”

“ဘာလို့လဲ”

“ခမည်းတော်ကပြောတယ် နတ်ဆိုးကြီးတွေကိုမယုံရဘူးတဲ့ နတ်ဆိုးကြီးတွေက ကလေးတွေကိုလိမ်ခေါ်သွားပြီးလူ့ပြည်မှာသွားလွှင့်ပစ်တတ်တယ်တဲ့”

“ဘာလို့သွားလွှင့်ပစ်ရမှာလဲ”

ပေါက်ကရစကားလုံးတွေကသူ့မျက်ခုံးတွေကိုတွန့်စေသည်။

“အဲ့လိုသွားလွှင့်ပစ်ရင် အစွမ်းတွေအများကြီးရတယ်ဆို”

“ဘယ်ကသာကွာ ကိုယ့်မှာအဲ့လောက်အစွမ်းတွေပေါနေတာ ကလေးလေးတွေကိုလိမ်လည်လှည့်ဖျားစရာလား ကလေးရဲ့ခမည်းတော်ကနတ်မင်းကြီးဖြစ်နေပြီး မုသားစကားသိပ်သဘောတွေ့လေတာပဲ”

“ခမည်းတော်ကိုမပြောပါနဲ့”

ချက်ချင်းကာဆီးလာတဲ့စကားတွေကြောင့် သူအလျှော့ပေးလိုက်ရသည်။အခုမှစတွေ့ကာစကိုယ်က သူ့ခမည်းတော်နဲ့ဘယ်ယှဥ်နိုင်ပါ့မလဲ။ကလေးမှန်တာပေါ့။

“ကောင်းလေပြီ ကလေးကိုကိုယ်ကလက်ဆောင်ပေးချင်လို့ ဒါပေမယ့်မယုံကြည်ရင်ပေးလို့မရဘူး”

“ဘာလက်ဆောင်လဲ”

“ဒီဟာလေး”

လက်ကောက်ဝတ်ထက်မှဖြုတ်လို့လက်ဖဝါးထဲဖြန့်ပြမိသည်။

“ဝါးးးးးးး”

အချစ်ခြေကျင်းဆိုတာပိုင်ရှင်ရဲ့လိုရာပုံသွင်းယူလို့ရတဲ့ပစ္စည်းတစ်ခု။စိတ်ကူးယုံနှင့်ပုံပေါ်လာနိုင်တဲ့သိစိတ်ရှိသက်မဲ့ပစ္စည်းတစ်ခုမို့ သူ့စိတ်ထဲကအတွေးတွေကြောင့် လက်ထဲကပစ္စည်းကိုကလေးသဘောကျမှာသေချာသည်။

“ငယ်ငယ့်ကိုတကယ်ပေးမှာလား”

သစ်ခက်နွယ်စိမ်းစိမ်းလေးမှာ သူလေးကိုယ်စားပြုပန်းကလေးကခန့်ခန့်ထည်ထည်မို့ သဘောတကျအကြည့်မလွှဲတော့။

“မယုံကြည်ရင်ပေးလို့မရဘူး”

ကလေးနှလုံးသားကို မလိမ့်တပတ်လုပ်မည်။ဒါဟာကိုယ့်ရပိုင်ခွင့်မို့။

“ယုံတယ်လေ နတ်ဆိုးကြီးကိုငယ်ငယ်တစ်ကယ်ယုံတယ် ပေးမှာလား”

“အွန်း ခြေထောက်ပေး”

ဝတ်ရုံလွှာအောက်ကခြေကျင်းဝတ်လေးက သူ့လက်တစ်ဆုပ်စာတောင်မရှိ။နုနုထွေးထွေး ဖွေးဖွေးစွတ်စွတ်လေးက ပန်းသွေးကြွနေသေးတာ။ခြေထောက်လေးကိုအသာမကာ ဂရုတစိုက်ဆင်ပေးမိတော့ ခြေထောက်ကလေးမှာအံဝင်ခွင်ကျ။

စိတ်ထဲကရွတ်ဆိုမိတဲ့မန္တာန်တစ်ခုနှင့်အတူ ချိတ်စည်းခတ်ဖို့အနမ်းတစ်ပွင့်ဆက်သမိတာက ထိုခြေကျင်းဝတ်လေးပေါ်ကို။လန့်သွားသလိုဆတ်ခနဲရုန်းတာမို့ လက်ဖျားလေးမှဆွဲကာ ရင်ခွင်ထဲထည့်ပစ်မိသည်။ကိုယ့်ပိုင်ဆိုင်မှုလေး။

“နတ်ဆိုးကြီးဘာလုပ်တာလဲ”

“တံဆိပ်ခတ်ပေးတာ”

“ဘာတံဆိပ်လဲ”

“ပိုင်ဆိုင်မှုတံဆိပ်”

“နားမလည်ဘူး”

“ကိုယ်ပိုင်တဲ့နယ်မြေလေးကို ဘယ်အချိန်မဆိုဝင်ရောက်ခွင့်တံဆိပ်လေ နောက်ပြီးကိုယ့်ပိုင်ဆိုင်မှုအားလုံးကိုလည်းကလေးပိုင်သွားပြီ”

“နတ်ဆိုးကြီးကအရမ်းသဘောကောင်းတာပဲ”

“အဲ့တာဆိုအခေါ်အဝေါ်ပြောင်းခေါ်ပါ့လား”

“အမ်…ဘယ်လိုခေါ်ရမလဲ”

“ကလေးသဘောကျသလိုခေါ်”

စဥ်းစားနေတဲ့ကလေးကမျက်ခုံးလေးတွေပါကွေးကာ နှုတ်ခမ်းလေးကိုလည်းကိုက်လိုက်သေးသည်။သဘောတကျထိုင်ငေးရင်း နားကတစ်ချက်ဆတ်ခနဲလှုပ်သွားလေသည်။

ဟိုနတ်ဘိုးတော်ကြီး ကလေးကိုလိုက်ရှာနေတာ။သူစည်းချထားတာမို့ကလေးကသတိမပြုမိပေမယ့် သူ့အသိစိတ်ကိုလာထိသည့်စွမ်းအားတစ်ချို့ကိုအာရုံခံမိသည်။စိတ်ကောက်အောင်ဆူငေါက်လိုက်ပြီးမှ ရှာမတွေ့လို့ပြာယာခတ်နေတယ်ပေါ့။

အကာအရံကိုပိုချလိုက်ပြီး အတွေးထဲနစ်နေတဲ့ကလေးကိုအသားယူပစ်သည်။တလွင့်လွင့်ဆံနွယ်လေးတွေကိုဆော့ကစားလို့ ဦးထိပ်ဖျားလေးကိုတစ်ချက်ငုံ့နမ်းလိုက်တော့ တစ်ချက်သာမော့ကြည့်လာလေသည်။ခါးသွယ်သွယ်လေးကိုလက်နှင့်ပွတ်သပ်ရင်းတစ်ချက်ညှစ်တော့ရုန်းထွက်သွားလေသည်။

“သိသွားပြီ”

“ဟမ်”

“နတ်ဆိုးကိုကိုလို့ခေါ်မယ်လေ သဘောကျလား”

“အရမ်းကြိုက်တယ်”

အသက်ထောင်ချီကွာတဲ့ကလေးဆီကကိုကိုလို့အခေါ်ခံရတာသိပ်ကြည်နူးဖို့ကောင်းတာကြောင့်ပြန်ဆွဲပွေ့လိုက်ကာ ပါးပြင်လေးကိုနမ်းပစ်မိတာမထိန်းနိုင်တော့။

“ဘာလုပ်တာလဲ လွှတ်ပေးတော့”

“ကလေးနားကအရမ်းမွှေးတယ် မလွှတ်ပေးချင်ဘူး”

“အဲ့တာငယ်ငယ့်ကိုယ်စားပြုပန်းရနံ့လေးလေ အရမ်းမွှေးတယ်မလား”

ဂုဏ်ယူဝံ့ကြွားပြောလာတာမို့အလိုက်သင့်ခေါင်းညိတ်ပြရင်း ပိုတိုးဖက်ပစ်သည်။

“အရမ်းမွှေးလို့မလွှတ်ပေးချင်တော့ဘူး”

တစ်ခစ်ခစ်ရယ်သံလေးက ကောင်းကင်ဘုံရဲ့အကောင်းဆုံးတေးသွားဖြစ်မည်။အချိန်တွေကုန်မှာစိုး၍ အကြံဥာဏ်ဆိုးတွေကိုအားကိုးလိုက်သည်။နှုတ်ခမ်းဟကာရွတ်ဆိုမိတာကအိပ်ငွေ့ချမန္တာန်။

“နတ်ဆိုးကိုကို ငယ်ငယ်မျက်လုံးတွေလေးလာသလိုပဲ”

“ခဏအိပ်လိုက်နော် ကိုယ်စောင့်နေပေးမယ်”

စကားမဆုံးခင်ငိုက်ကျသွားတဲ့ကလေးကို ပန်းမွေ့ယာပေါ်အသာလှဲချကာ သူ့ရင်ခွင်ထဲအပြည့်ဖက်ထားမိသည်။

တစိမ့်စိမ့်ကြည့်ရင်း တဖိတ်ဖိတ်ပြည့်လာသည့်မေတ္တာတရားတွေကိုသူမတားဆီးနိုင်။ဆံသားလေးတွေမှစကာမျက်ခုံးတန်းလေး၊ဖိပိတ်ထားတဲ့မျက်ခွံလေး၊နှာတံလုံးလုံးလေးနှင့်နှုတ်ခမ်းလေးတွေထိသူ့နှုတ်ခမ်းတွေဖြင့်အသာဖွဖွတရွရွလိုက်ထိတွေ့နေမိတာမရပ်တန့်မိ။

လည်ပင်းသားလေးတွေကိုပါဖွဖွနမ်းရင်း အဝတ်လွှာတွေကြားမျက်နှာတိုးဝင်မိသည်အထိ သူသိက္ခာမရှိပြုမူမိသည်။ဖြစ်နိုင်ရင်တစ်ခါတည်းထွေးပွေ့ခေါ်ဆောင်သွားဖို့သူတွေးမိသည်အထိ။

ကလေးကိုမထိတ်လန့်စေလိုစိတ်ဖြင့် အသာထွေးဖက်ကာနမ်းရှုံ့ရင်းစိတ်ဖြေမိသည်။

တကြော်ကြော်အော်ခေါ်နေသည့်အသံလေးသံကိုလျစ်လျူရှုဖို့အသံစွမ်းအင်ကိုပိတ်ပြီးကလေးကိုသာပိုတိုးဖက်ပစ်သည်။

ထိုနေ့ကကောင်းကင်ဘုံမှာ ပိုအသက်ဝင်နေသလိုပင်။အိပ်မက်တွေကြားမရုန်းထွက်နိုင်သည့်ကလေးနှင့် ကြည့်မဝစွာအနမ်းမပြတ်သည့်နတ်ဆိုးတစ်ကောင်တို့ဟာ ကောင်းကင်ဘုံတစ်ခုလုံးယောက်ယက်ခတ်နေတာကိုလျစ်လျူရှူရင်း ပန်းမွေ့ယာကြားမေတ္တာတွေတဖွားဖွားကြွေခဲ့သည်…………

#####################

ငြိမ်း🌞🌻

****ယခုေရးသားထားေသာအေၾကာင္းအရာမွန္သမွ်သည္ လက္ေတြ႕မဆန္သည့္ စိတ္ကူးယဥ္ပုံေဖာ္ခ်က္မ်ားသာျဖစ္ေၾကာင္း ႀကိဳတင္အသိေပးပါတယ္ရွင့္***

“ခမည္းေတာ္ကလည္း”

“ေတာ္…ဆက္မေျပာေလနဲ႕ ၾကားေကာင္းသလားဟမ္ ဒီခမည္းေတာ္ကေတာ့ကေလးေလးဆိုၿပီး လိုခ်င္တာတရေစဆိုသလို ဖူးဖူးမႈတ္ထားသေလာက္ သားေတာ္ေလးကဘာလုပ္လာသတဲ့တုန္း”

“မေတာ္တဆက်ီစားသန္သြား႐ုံတင္ပါ”

“တယ္…..ရိုက္လိုက္ရရင္ျဖင့္ငိုအုံးမယ္ ဘာကိုက်ီစားသတဲ့လဲ မိုးနတ္မယ္ေလးရဲ႕ဝတ္႐ုံလႊာကိုဖြက္ထားလိုက္ေတာ့ေရာ သားေတာ္ငယ္ေပ်ာ္သြားသတဲ့လား”

ႀကိမ္တုတ္႐ြယ္ကာႀကိမ္းေမာင္းေနတဲ့ခမည္းေတာ္အေျပာမွာ ကေလးငယ္ဟာခစ္ခနဲသေဘာက်ေလရဲ႕။

“အဟိ သိပ္ေပ်ာ္ဖို႔ေကာင္း မိုးနတ္မယ္ေလးစိုးရိမ္ေၾကာင့္ၾကေျပးလႊားေနတာ လိပ္ျပာေလးေသရည္မူးေနသလို ယိမ္းထိုးေနတာပဲ”

“သားေတာ္ငယ္”

ဘုံဗိမာန္တစ္ခြင္ဟိန္းခနဲထြက္လာသည့္ခမည္းေတာ္ေဒါသေၾကာင့္ ကေလးငယ္ကိုေက်ာေနာက္ပို႔ကာ

“ခမည္းေတာ္စိတ္ထိန္းေတာ္မူပါ ငယ္ငယ္ကကေလးသာသာမို႔ က်ီစားသန္တာသဘာဝပါခမည္းေတာ္ေဗြမယူသင့္ေၾကာင္းပါ”

“တယ္ေလ မင္းတို႔တေတြကာစီးကာစီးနဲ႕အလိုလိုက္လြန္းလို႔ ဆိုးသြမ္းေနတာမသိေလေရာ့လား သိပ္ဆိုးလာရင္ထိန္းမနိုင္ဘဲေနေရာ့မယ္ မလြန္ခင္ဆုံးမမွေတာ္ကာက်မေပါ့”

“ခမည္းေတာ္ကသားေတာ္ငယ္ကိုစြန့္ပစ္ေတာ့မယ္ေပါ့ သူစိမ္းတစ္ပါးသူေၾကာင့္ေသြးသားရင္းခ်ာကိုေအာ္ေငါက္ဆုံးမေတာ္မူတာအားမရလို႔ ႀကိမ္တံႏွင့္ပါအျပစ္ေပးေတာ္မူလိုတယ္ေပါ့ အဟင့္ နားလည္ေတာ္မူပါၿပီ ခမည္းေတာ္ကဒီတုံးအလွတဲ့သားေတာ္ငယ္ကို အလိုမရွိေတာ့လို႔အျပစ္ရွာခ်င္တာကို သေဘာေပါက္လိုက္ပါၿပီ အဟင့္”

“ငယ္ငယ္”

ေျပးထြက္သြားတဲ့ပုံရိပ္ငယ္ကိုၾကည့္ရင္း သူပူပန္ေၾကာင့္က်စြာေအာ္ဟစ္တားေတာ့ ခမည္းေတာ္ကသက္ျပင္းခ်ေလသည္။

“သိပ္ဆိုးသြမ္းလာတာပဲ အျပစ္ေတြလြတ္ေၾကာင္း အျခားသူကိုပါလႊဲေျပာင္းခ်လာျပန္ၿပီ”

“စိတ္ေလွ်ာ့ေတာ္မူပါခမည္းေတာ္ ကေလးလည္းပ်င္းေနေရာ့မေပါ့ အမ်ားတကာလိုလြတ္လပ္ခြင့္ကမရွိရွာ စည္းကမ္းခ်က္ေတြကန့္သတ္နယ္မွာ ေလွာင္အိမ္ထဲကငွက္ပမာျဖစ္ေနရွာတာမဟုတ္ပါလား ဒီအ႐ြယ္ဆိုတာလြတ္လပ္စြာအေတာင္ျဖန့္လို႔ ေျခဦးတည့္ရာခရီးဆန့္ခ်င္ၾကတဲ့အ႐ြယ္ေပမဲ့ ကေလးကေတာ့ႏွမ္းတစ္ေထာက္သာသာဒီေျမလႊာမွာသာေပ်ာ္႐ႊင္ေနရတာပဲမဟုတ္လား”

“အိမ္း…..တယ္လည္းခက္လိုက္ေလ ကေလးငယ္ကက်ီစားသန္ မင္းတို႔ေတြကအထိပါးမခံနဲ႕ အဘယ္သို႔မ်ားႀကံဖန္ရေတာ့မတဲ့ကြယ္ အတိတ္အေရးေၾကာင့္မ်ားစိတ္မေအးစရာေတြမ်ားေလေရာ့လားမသိ ခက္လိုက္ပါဘိႏွယ္”

“အဘယ္သို႔အေၾကာင္းေတြေၾကာင့္မ်ား ကေလးငယ္စိတ္မေကာင္းျဖစ္သြားရသတဲ့လဲ မေရွးမႏွောင္းအခန္းဝမွာေတြ႕တာ မ်က္ႏွာေလးမေကာင္းေပဘူး ရင္ထဲတဆိတ္မထိတ္သာမလန့္သာရွိလိုက္တာ”

အစည္းအေဝးမွျပန္လာသည့္ညီေတာ္ႀကီး လမ္းခုလတ္တင္ ကေလးငယ္ႏွင့္ဆုံလာပုံပင္။

“ေျပာမေကာင္းေပါင္ အေၾကာင္းကိစၥအေရးႀကီးလို႔ ေတြဆုံဖို႔လာတဲ့မိုးနတ္မယ္ကို မင္းတို႔အကုန္လုံးရဲ႕အသည္းအသက္က ၿခဳံလႊာဖြက္လႊတ္လိုက္သတဲ့ ေတာ္ေပေရာ့လား”

“ဤသို႔ဆိုလွ်င္ ကေလးကိုရိုက္မ်ားလႊတ္ေရာ့သလား ကေလးအ႐ြယ္ေပမို႔အျပစ္ဆိုေနလို႔မရပါ ေပ်ာ္႐ႊင္ဖို႔က်ီစား႐ုံတင္မို႔ ဤအ႐ြယ္ဤအက်င့္… “

“ေတာ္ေလေရာ့…ကိုယ္ေတာ့္အျပစ္ခ်ည္းပါပဲ ဟုတ္ေလေရာ့လား”

ေဒါသမာန္ႀကီးထြက္ခြာသြားတဲ့ခမည္းေတာ္ကိုၾကည့္ရင္း အခ်င္းခ်င္းျပန္ၾကည့္မိကာ သက္ျပင္းသာခ်ရသည္။

…………….

“ဟမ့္ ၾကားရတဲ့သတင္းမွန္ရဲ႕လားၾကည့္ရေသးတာေပါ့ ဖူးစာရွင္ဆိုပဲ မေလာက္ေလးမေလာက္စားကေလးတစ္ေယာက္ကိုမ်ား ငါ့ဖူးစာရွင္ျဖစ္ခိုင္းဖို႔ သင့္ေတာ္တယ္ထင္ေနတယ္ေပါ့ ငိုသြားေအာင္ကိုၿခိမ္းေျခာက္ပစ္အုံးမယ္”

လနတ္ဘုရားရဲ႕ေကာင္းကင္ဝန္းထဲရွိ အျမင့္မားဆုံးသစ္ပင္ထက္ဆင္းသက္ၿပီး အေတာင္ပံနက္ေတြကို႐ုတ္သိမ္းပစ္သည္။အစီရင္တစ္ခ်ိဳ႕အသက္သြင္းပစ္ေတာ့ သူ႕တည္ရွိမႈကိုမည္သူမွမျမင္နိုင္ေတာ့။

အထက္စီးမွၾကည့္ရသည့္ရႈခင္းက ၾကည့္ေပ်ာ္ရႈေပ်ာ္ေတာ့ရွိသား။အျဖဴေရာင္လြင္ျပင္ႀကီးက ဟိုကေလးရဲ႕ကိုယ္စားျပဳပန္းဆိုတာေတြျဖစ္မည္။အနံ႕ေလးကေတာ့တမူထူးျခားစြာသင္းပ်ံ့လို႔။ေကာင္းကင္ဘုံတစ္ခြင္ႏွင့္ လူ႕ျပည္ကိုအႀကိမ္မ်ားစြာလွည့္ပတ္ခဲ့ေပမယ့္ ဤပန္းမ်ိဳးစိတ္ကိုမျမင္ေတြ႕ခဲ့ဖူး။ၾကားဖူးနားဝသတင္းဟာအမွန္ျဖစ္ပုံရသည္။

လက္ထဲရွိအသီးတစ္ခ်ိဳ႕ကိုေလထဲျမႇောက္ပစ္ကာျပန္ဖမ္းတိုင္းေဆာ့ရင္း ဟိုကေလးစုတ္ေလးကိုျမင္ေတြ႕ရဖို႔ေစာင့္ေနမိသည္။ေကာလဟာလအရဆို သူ႕ဖူးစာရွင္ေလာင္းေလးေပါ့။

စဥ္းစားေတြးေခၚလို႔ေတာင္မရဘူး။သူ႕ကိုအၿမဲအျမင္မၾကည္ေနတဲ့ ေကာင္းကင္ဘုံရဲ႕အသည္းအသက္ေလးဟာ သူနဲ႕ဖူးစာပါလာသတဲ့။သူလိုနတ္ဆိုးကလက္ခံမယ္ထင္ေနသလားမသိ။သူတို႔ဘက္ကဘဲနစ္နာရသလို ဖူးစာျဖတ္ဖို႔ေတာင္စီစဥ္ေနပါသတဲ့။

သူကပိုေတာင္လက္မခံနိုင္ေသး။ေလာကတစ္ခြင္လွည့္လည္ေျခဆန့္ရင္း အလွေပါင္းမ်ားစြာရဲ႕ညွို႔ယူမႈကိုေတာင္ မ်က္ေတာင္တစ္ခ်က္ပင့္မၾကည့္ခဲ့ဖူးတာ ကေလးသာသာေျမးသာသာတစ္ေယာက္ကိုၾကင္ယာတင္ဖို႔ဆိုတာ ဘယ္ေတာ့မွျဖစ္မလာနိုင္တဲ့ပုံျပင္တစ္ပုဒ္ပဲ။

ၿပီးေတာ့သူတို႔ေကာင္းကင္ဘုံက ႀကီးႀကီးက်ယ္က်ယ္အတန္းအစားေတြကိုအထင္မႀကီးေပါင္။စကားေျပာရင္ဖြဲ႕ႏြဲ႕ကြန့္ၫႊန့္ၿပီး လိုရင္းကိုမေရာက္။နားလည္သလို တိုတိုရွင္းရွင္းဆိုေတာ္ၿပီေပါ့။ခုေတာ့စာေတြေပေတြနေဘေတြႏွင့္ ႀကီးက်ယ္လြန္းလို႔။

ထိုကိစၥေၾကာင့္ေကာင္းကင္ဘုံကိုခဏခဏျပႆနာရွာမိသည္။သူတို႔အျမတ္တနိုးထားတဲ့ ေကာင္းကင္စာေပနန္းေတာ္ကိုၿဖိဳခ်ခဲ့ဖူးသလို ေဆြးႏြေးေရးနန္းေဆာင္ကိုလည္းမီးေလာင္တိုက္သြင္းဖူးသည္။အလကား ေဆြးႏြေးတယ္ဆိုၿပီး လူ႕ေလာကီေတြအေရးကိုအတင္းတုပ္ေနတာ။

လူ႕ျပည္ေလာကရွိမေကာင္းသူေတြအတြက္အျပစ္ေႂကြးဟုဆိုကာ မိုးနတ္မယ္မိုးေခါင္ပစ္တုန္းက သူ႕ၿခဳံလႊာအားခိုးယူၿပီးမိုး႐ြာခ်ေပးခဲ့ဖူးတာခဏခဏ။အမ္….. ေရႀကီးသြားတာထည့္မတြက္ရင္ေပါ့။

ေရနတ္သားေသရည္မူးၿပီး လူ႕ျပည္မွာေရႀကီးစဥ္က သူ႕ဗိမၼာန္ထိသြားကာေရခဲလႊမ္းပစ္ခဲ့ဖူးသည္။အဟမ္း….လူ႕ျပည္႐ြာေရခဲကုန္တာေတာ့မရည္႐ြယ္ပါဘူးေပါ့။

အေတြးေတြထဲနစ္ျမဳပ္ကာ ခပ္မဲ့မဲ့ၿပဳံးေနစဥ္ ပန္းခင္းျဖဴျဖဴၾကား ေျပးလႊားအသက္ဝင္ေနတဲ့လိပ္ျပာေလးတစ္ေကာင္က ျမင္ကြင္းထဲတိုးဝင္ႏွောင့္ယွက္လာေလသည္။အျဖဴေရာင္ေတြအလယ္ ျဖဴျဖဴေဖြးေဖြးအဆင္းသ႑ာန္ဟာသိပ္ေပၚလြင္လြန္း၍ မ်က္စိေတြက်ိန္းရသည္အထိ။

ရွည္လ်ားတဲ့ဆံႏြယ္တစ္ခ်ိဳ႕ဟာ ေလႏွင္ရာလြင့္လို႔ ေပ်ာ္ျမဴးကခုန္ေနသည့္အလား။အကြာအေဝးအားခ်ဳံ႕ကာ မ်က္လုံးမွာစူးစိုက္မႈအျပည့္ျဖင့္ၾကည့္ေတာ့ ႏုႏုငယ္ငယ္ဖူးသစ္စပန္းေလးတစ္ပြင့္။မရင္းႏွီးသည့္အခ်က္ျပမႈတစ္ခ်ိဳ႕ဟာဘယ္ဘက္ရင္အုံမွျမည္ဟည္းသည္။

ရင္ခြင္ထဲသိမ္းထုပ္ခ်င္စဖြယ္ေလးမို႔ အေဝးကေနပင္ၾကည့္မဝ။အေတြးေတြထက္အရင္ ခႏၶာကိုယ္ကတိမ္ျပင္ေပၚေရာက္ႏွင့္ၿပီးသား။ကိုယ္ေယာင္ေဖ်ာက္ထားသည့္သူ႕စြမ္းအားေၾကာင့္ အစြမ္းမရွိသည့္ကေလးကအဘယ္သို႔သိနိုင္ပါေလအံ့။

အနီးကပ္ၾကည့္မွ ဒုကၡေရာက္ၿပီမွန္းသိေတာ့သည္။ထိန္းမနိုင္ေတာ့သည့္ရင္ဘတ္တစ္ျခမ္းႏွင့္အတူ မလႊဲနိုင္ေတာ့သည့္အၾကည့္ေတြဟာ သူေလးနားသာအခ်ိန္မလပ္။အခက္ေတြ႕ၿပီလို႔မျမင္ဘဲ တစ္သက္စာတြဲရမည့္ၾကင္ယာဘက္ေလးဆိုသည့္အေတြးႏွင့္ ၾကည္ႏူးမႈေတြရင္ထဲအျပည့္။

လာခဲ့ရျခင္းရဲ႕အေၾကာင္းအရင္းေတြေပ်ာက္ကာ ေတာက္ေလွ်ာက္ေတြးေနမိတာက သူ႕ဘယ္လိုနည္းနဲ႕အပိုင္သိမ္းရမလဲဆိုတာပဲ။အသက္ကြာျခားခ်က္ေတြ ၾကည္ျဖဴျခင္းမရွိတဲ့မ်ိဳးႏြယ္ေတြကိုအကုန္ေဘးခ်ိတ္ၿပီး ႏွစ္ကိုယ္တူခ်စ္ခရီးကိုပဲဆက္ေလွ်ာက္လွမ္းခ်င္သည္အထိ။

အလိုမက်သလိုတြန့္ခ်ိဳးထားသည့္ ေတာင္တန္းေကြးလို မ်က္ခုံးတန္းေလးကိုလည္းဆြဲေျဖာင့္ေပးခ်င္သည္။လူ႕ျပည္မွေမာ့ၾကည့္ေနက်ၾကယ္ပင္လယ္လို မ်က္ဝန္းဝိုင္းေလးေတြထဲလဲ ခုန္ဆင္းပစ္ခ်င္သည္။

တဖ်တ္ဖ်တ္ခတ္ရင္ အသည္းတစ္ခ်က္လြင့္မတတ္ ရွည္လ်ားေကာ့ၫြတ္ေနတဲ့ မ်က္ေတာင္ဖ်ားေလးေတြကိုလည္း ထိေတြ႕ခ်င္ေသးသည္။တလႈပ္လႈပ္ႏွင့္အလုပ္ရႈပ္ေနသည့္ ခပ္ရဲရဲႏႈတ္ခမ္းႏွစ္လႊာကိုလည္း ကိုယ္ပိုင္ႏႈတ္ခမ္းႏွင့္ဖမ္းဆုပ္ပစ္ခ်င္ေသးသည္။

ေသးေသးေကြးေကြးခႏၶာကိုယ္ေလးကို ရင္ခြင္ထဲေထြးဆုပ္လို႔ အလစ္သုတ္လိုက္ရင္ေကာင္းမလားမသိ။ခပ္ေထာ္ေထာ္ႏႈတ္ခမ္းေလးက အသည္းထဲက်လိက်လိႏွင့္ မထိတထိလာခလုတ္တိုက္ေနသလို။

မတတ္သာသည့္အဆုံး ခ်ထားသည့္စည္းထဲသူေလးကိုဆြဲသြင္းပစ္မိသည္။ထိတ္လန့္သြားသည့္ပန္းပြင့္ငယ္ဟာ အၾကင္နာစစ္ပြဲအလီလီႏႊဲခ်င္စရာ။

“အသင္…ဘယ္သူလဲ”

“ကိုယ္ကအေမးရွိရမွာမဟုတ္ေပလား မင္းေလးကဘယ္သူလဲ”

“သူမ်ားပိုင္နက္ထဲလာၿပီး စစ္ေဆးေမးျမန္းမေနနဲ႕ ငယ္ငယ္ေမးတာကိုပဲေျဖ”

အကြန့္အၫႊန့္ေတြမပါဘဲ လိုရာဆြဲကာေမးလာသည့္စကားမွာ ႏႈတ္ခမ္းလႊာေတြေကြးၫြတ္ကာ မၿပဳံးစဖူးအၿပဳံးေတြျမဴးသည္အထိ ဖမ္းစားခံလိုက္ရသည္။

“အလို…စြာလွခ်ည္လား သို႔ေပမယ့္လို႔ သိပ္ခ်စ္ဖို႔ေကာင္းပါဘိ”

စိတ္လႈပ္ရွားလြန္းစြာတဖ်တ္ဖ်တ္ခတ္လာသည့္ အေတာင္ပံနက္ေတြအား ထိန္းသိမ္းျခင္းငွာမစြမ္းသာေသာေၾကာင့္ စည္းအတြင္းရွိပန္းပင္တစ္ခ်ိဳ႕ႏွင့္အတူ အနာဂတ္ကေလး၏ဆံႏြယ္ရွည္တို႔ပါ ျမဴးႂကြထြန့္လူးကုန္ေလသည္။

“နတ္ဆိုးႀကီး”

ေျပာရင္းေနာက္ေျခႏွစ္လွမ္းဆုတ္သည့္ကေလးက မ်က္ဝန္းေလးမ်ားပါထိတ္လန့္ေနလွ်က္။မေၾကာက္႐ြံ႕ေစလိုေသာစိတ္၏တစ္ဖက္ ပိုတိုးလို႔ေျခာက္လွန့္လိုေသာက်ီစားခ်င္စိတ္တို႔ျဖင့္ အနားကိုပိုတိုးကပ္ပစ္သည္။

“နတ္ဆိုးႀကီးမဟုတ္ပါဘူး မင္းရဲ႕အနာဂတ္အိမ္ဦးနတ္ႀကီးပါ”

“ခမည္းေတာ္နဲ႕တိုင္မယ္”

“အို႔ ေၾကာက္ရေတာ့မွာလား”

ေျပာရင္းျပန္လွည့္ေျပးတဲ့ကေလးဟာ အတားဆီးနံရံကိုတိုက္မိကာ ျပန္ကန္ထြက္လာတာမို႔ ရင္ခြင္ထဲဆီးေပြ႕ထားရသည္။

“သတိထားစမ္းပါကြာ ကေလးဆီမွာတစ္ခုခုမ်ားမွားသြားခဲ့ရင္ တစ္ေလာကလုံးရစရာမရွိေအာင္ဖ်က္ဆီးပစ္မိမလားမသိေပဘူး”

“လႊတ္ေပး”

လက္ေတြကိုဆြဲျဖဳတ္လာသည့္အခိုက္ လႊတ္မေပးခ်င္စြာ ပိုတင္းၾကပ္လိုက္မိရင္း အေတြးတစ္ခ်ိဳ႕ကအလိုက္တသိတိုးဝင္လာေလသည္။

“ကိုယ္နဲ႕ေလဟုန္စီးမလား”

“ဟမ္”

နားမလည္သလိုျပန္အေမးကို ေလထဲပ်ံဝဲရင္းသာ အေျဖေပးမိသည္။ပန္းခင္းၾကားဘယ္ညာလူးကာ ေပ်ာ္ျမဴးေနတဲ့လိပ္ျပာေတြကိုအတုယူပစ္သည္။နဂိုေၾကာင္အေနတဲ့ကေလးက သေဘာက်သလိုတစ္ခစ္ခစ္ရယ္လာေလသည္။

လြင့္ျမဴးေနတဲ့ဆံႏြယ္ေတြကသူ႕မ်က္ႏွာဆီတိုးေဝွးေတာ့ ခိုးေမႊးလိုက္ျခင္းမွာ ပန္းရနံ႕ေတြအျပည့္။

“ဝါးးးးးးးးေပ်ာ္စရာႀကီး နတ္ဆိုးႀကီးျမင့္ျမင့္ပ်ံ”

ခ်က္ခ်င္းေျပာင္းလဲသြားတဲ့စိတ္အေျခအေနေၾကာင့္ သူသေဘာက်စြာရယ္ပစ္မိသည္။တကယ္ကိုကေလးေလးဘဲရွိေသးတာပဲ။

သူ႕သေဘာအတိုင္းသစ္ပင္ထိပ္ဖ်ားေတြထိပ်ံသန္းပစ္ေတာ့ ရယ္သံလြင္လြင္ေလးကပတ္ဝန္းက်င္အႏွံ႕ေလထဲပ်ံ့လြင့္ေနေလသည္။ေသးသိမ္တဲ့ခါးဆီမွလက္ေတြကိုပိုတင္းၾကပ္ပစ္ရင္း အိမ္ျပန္ခ်ိန္ေမ့ေလာက္ၿပီထင္မွဆင္းသက္ကာလႊတ္ေပးမိသည္။

အျမင့္ဆုံးသစ္ပင္ထိပ္ရပ္ကာ သစ္ကိုင္းေတြကိုယွက္ျဖာလို႔ ပန္းေမြ႕ယာသဖြယ္ဖန္ဆင္းပစ္သည္။အေပၚကေနစီးမိုးၾကည့္ရင္း သိပ္သေဘာက်ေနတဲ့ကေလးက သူ႕ကိုေၾကာက္ဖို႔ေမ့ေလ်ာ့သြားဟန္။

ယွဥ္တြဲထိုင္ေနမိေတာ့မသိရင္ေမာင္ႏွံေတြလို။သူ႕အေတြးသူသေဘာက်ကာခိုးရယ္ေပမယ့္ေဘးကကေလးကမသိ။မသိဆို အထက္စီးကျမင္ေနရတဲ့ျမင္ကြင္းက်ယ္ႀကီးကိုသေဘာတက်ေငးေမာေနတာကိုး။

“ဝါးးးးးးလွလိုက္တာ အထက္စီးကေနၾကည့္ရတာတကယ္လွတယ္ ေနာက္ဆိုအၿမဲသစ္ပင္တက္ပစ္မယ္”

“မလိုပါဘူး ကေလးၾကည့္ခ်င္တိုင္း ကိုယ္ေပြ႕ခ်ီၿပီးပ်ံသန္းေပးမွာ”

“နတ္ဆိုးႀကီးက ဒီကိုအၿမဲလာမွာလား”

မ်က္ဝန္းထဲတလက္လက္ထေနတဲ့ၾကယ္ေလးေတြကိုမကြယ္ေပ်ာက္ေစလိုစြာ ရင္ခြင္ကမၻာမွာအၿမဲေပ်ာ္ေအာင္ထားခ်င္ပါရဲ႕။

“မင္းသာအလိုရွိရင္ေပါ့”

“ဒါေပမယ့္ နတ္ဆိုးေတြကိုဒီကိုလာဖို႔ခြင့္မျပဳဘူး”

“ကိုယ္နတ္ဆိုးမွန္းဘယ္လိုေျပာနိုင္တာလဲ”

“အေတာင္ပံနက္ေတြေလ ခမည္းေတာ္ကေျပာတယ္ နတ္ဆိုးေတြမွာအေတာင္ပံနက္အႀကီးႀကီးေတြရွိတယ္တဲ့”

သူ႕အေတာင္ပံေတြကိုသေဘာတက်ေငးၾကည့္ရင္း အားက်သလိုမ်က္ဝန္းေလးေတြဟာလည္း မဖုံးကြယ္တတ္၍တလက္လက္ေတာက္ေနေလသည္။

“ကေလးကေရာ နတ္ဆိုးတိုင္းကဆိုးတယ္လို႔ထင္တယ္ေပါ့”

“အမ္….ေနာက္တစ္ေခါက္ထပ္ၿပီးပ်ံဖို႔ေခၚသြားေပးေလ အဲ့တာဆိုထပ္စဥ္းစားေပးမယ္”

ကေလးေတြးေလးနဲ႕မို႔ သေဘာက်စြာသာရယ္ေမာလိုက္မိသည္။ေတာ္ပါေသး၏ အရိုးထဲထိစြဲေအာင္ရိုက္သြင္းမခံရေသးခ်ိန္ေတြ႕ဆုံခြင့္ရခဲ့၍။အကယ္၍မ်ားသူေနာက္က်ခဲ့ပါလွ်င္ ကေလးဟာသူ႕အားမုန္းေနခဲ့ေရာ့မည္။

“ကိုယ့္ကိုမေၾကာက္ဘူးလား”

“မေၾကာက္ပါဘူး နတ္ဆိုးႀကီးကေခ်ာတယ္ေလ နန္းေဆာင္ကိုလာလည္တဲ့သူေတြထဲ ငယ္ငယ္ေတြ႕ဖူးသမွ်အေခ်ာဆုံးပဲ”

ျမႇောက္ပင့္မႈအနည္းမွာတင္ သူဟာမာန္တက္ၿပီး အမွားအမွန္မခြဲဲျခားနိုင္ေတာ့သည္အထိပင္။

“ေတာ္လိုက္တာ ဆုခ်မယ္…. ေရာ့”

လက္ဖဝါးထဲေပၚလာတာက ခ်စ္စဖြယ္အသီးနီနီေလးေတြ။လူ႕ျပည္ေဒသမွာအေတာ္နံမည္ႀကီးေနတာမို႔ သူအပ်င္းေျပခူးဆြတ္ခဲ့သည့္ သစ္သီးေလးေတြ။

“ဘာသီးလဲ”

“လူ႕ျပည္သြားတုန္းကခူးယူလာတာ ဘာသီးလဲေတာ့ကိုယ္လည္းမသိဘူး ျမည္းၾကည့္ခ်င္လား”

စူးစမ္းခ်င္ဟန္ေကာက္ယူၾကည့္ၿပီးတန္းပါးစပ္ထဲခြံ႕လိုက္တာက မေၾကာက္တတ္မႈေပလား ယုံၾကည္မႈေပလားမသိ။ဘယ္သူ႕ကိုမွမယုံတတ္ဖို႔ ပိုင္ဆိုင္ၿပီးမွဆုံးမထားအုံးမည္။

“ခ်ိဳခ်ိဳခ်ဥ္ခ်ဥ္ေလး အရမ္းေကာင္းတယ္ရွိေသးလား”

“ေရာ့”

လက္ဖဝါးႏွစ္ဖက္အျပည့္မို႔ သေဘာက်စြာၿပဳံးရယ္လိုက္တဲ့ကေလးက ပါးျပင္မွာခ်ိဳင့္ခြက္ေလးႏွစ္ခုႏွင့္။သိပ္လွတဲ့ေခ်ာက္နက္ကေလးက ဘဝတစ္ခုလုံးနစ္ျမဳပ္ခ်င္စရာ။

“ဝါးးးးနတ္ဆိုးႀကီးက ေကာင္းလိုက္တာ ေနာက္တစ္ေခါက္သြားျဖစ္ရင္ေရာ ယူလာခဲ့ေပးအုံးမွာလား”

“ဒါေပါ့ မင္းေလးသာႀကိဳက္တတ္ရင္ ကိုယ့္ၿခံဝန္းမွာအျပည့္စိုက္ထားေပးမွာ”

“အဲ့တာဆို နတ္ဆိုးႀကီးဆီလာလည္လို႔ရတယ္ဆိုတဲ့သေဘာေပါ့ေနာ္”

တစ္လုံးၿပီးတစ္လုံးပါးစပ္ထဲထည့္ကာ တစ္ခ်ိဳ႕ကိုေတာ့ပိုးခ်ည္အိတ္ေလးထဲထည့္သိမ္းေလသည္။လူ႕ျပည္အေခၚ ဟမ္းစတားေလးႏွင့္သိပ္တူတာပဲ။

“အလည္လာ႐ုံတင္မဟုတ္ဘူး အၿပီးလာေနလို႔ပါရတယ္”

“အဟုတ္လား”

“အဟုတ္ေပါ့”

“သေဘာေကာင္းလိုက္တာ”

ေထာင္ေခ်ာက္တစ္ခုမွာအစားနဲ႕မွ်ားတာကို ေမတၱာရွင္လို႔ထင္ေယာင္မွားေတာ့ သူလိပ္ျပာေတာင္သိပ္မလုံခ်င္။

“ဆိုပါအုံး ခုနကဘာေတြအလိုမက်ေနတာလဲ”

“ေျပာျပရင္ ငယ္ငယ့္ကိုဆိုးတယ္လို႔ျမင္မွာ ေျပာျပခ်င္ဘူး”

“ဘာေတြဆိုးထားလို႔လဲ”

“နည္းနည္းပါးပါးေလးပါ”

ေျပာရင္းႏႈတ္ခမ္းေလးကစူထြက္လာေသးသည္။ေကာင္းကင္ဘုံတစ္ခုလုံးဖ်က္ဆီးပစ္ရင္ေတာင္ သူကေတာ့ဆိုးတယ္လို႔ျမင္မိမယ္မထင္။

“နန္းေဆာင္ကိုအလည္လာတဲ့မိုးနတ္မယ္ရဲ႕ ၿခဳံလႊာေလးပဲဖြက္လႊတ္လိုက္တာကို ခမည္းေတာ္ကဆူတယ္”

“အဲ့တာကေလးဆိုးတာမဟုတ္ပါဘူး ကိုယ္လည္းခဏခဏဖြက္ဖူးတယ္”

“တကယ္”

အေတြးတူအျမင္တူလုပ္ရပ္တူတစ္ေယာက္ကိုေတြ႕လိုက္ရတာမို႔ အားတက္သြားတဲ့မ်က္ႏွာေလးကအၾကည့္မလႊဲခ်င္စရာ။

“အြန္း တကယ္ “

“ဟုတ္တယ္ေနာ့ ငယ္ငယ္ကက်ီစားခ်င္လို႔ဟာကို ဘာမွလည္းအေရးမႀကီးဘဲနဲ႕ ခမည္းေတာ္ကႀကိမ္ဒဏ္ေပးခ်င္ေနတယ္”

“ႀကိမ္ဒဏ္ေပးလိုက္တယ္ေပါ့”

ရင္ထဲထိတ္ကနဲျဖစ္ကာ ဝတ္႐ုံလႊာေတြဖယ္ခ်လဳနီးပါး။ႏုႏုထြတ္ထြတ္ေလးကိုႀကိမ္ႏွင့္႐ြယ္ဖို႔မေျပာႏွင့္ မ်က္ေစာင္းႏွင့္ေတာင္မ႐ြယ္ဝံ့စရာ။တကယ္သာထိခဲ့ရင္ေကာင္းကင္ဘုံကိုေျပာင္းျပန္လွန္ဖို႔သူဝန္မေလးဘူး။ဘာပဲေျပာေျပာကေလးကသူ႕ၾကင္ယာေတာ္ေလာင္းေလ။သူ႕မွာဝင္စြက္ဖက္ခြင့္ရွိတယ္။

“မေပးရေသးပါဘူး ငယ္ငယ္စိတ္ေကာက္ၿပီးထြက္လာတာ”

“ကေလးမွမမွားတာ ဘာကိုႀကိမ္ဒဏ္လဲ ကေလးကိုကိုယ္ဖြက္ထားေပးမယ္ ဒီေန႕မျပန္နဲ႕ေတာ့ ေတာ္ၾကာေတြ႕ရင္တကယ္ႀကိမ္ဒဏ္ေပးေနလိမ့္မယ္”

“အဲ့လိုလုပ္ရင္ ခမည္းေတာ္ကပိုစိတ္ဆိုးမွာ ရတယ္ျပန္လိုက္မယ္ ခမည္းေတာ္ကဘယ္ေလာက္စိတ္ဆိုးဆိုးငယ္ငယ့္ကိုမရိုက္ဘူး အကိုေတာ္ႀကီးတို႔ရွိတယ္ေလ”

အားကိုးရွိလို႔ဆိုးေနပုံရတာမို႔ သူသက္ျပင္းသာအသာခ်မိသည္။ေနာက္ဆိုကိုယ့္အေပၚဆိုးဖို႔လည္း အလိုလိုက္အႀကိဳက္ေဆာင္ရအုံးမည္။အားကိုးတတ္ဖို႔လည္း လမ္းၫႊန္သင္ျပေပးအုံးမည္။

“ကေလး… ကိုယ့္ကိုယုံလား”

“မယုံဘူး”

“ဘာလို႔လဲ”

“ခမည္းေတာ္ကေျပာတယ္ နတ္ဆိုးႀကီးေတြကိုမယုံရဘူးတဲ့ နတ္ဆိုးႀကီးေတြက ကေလးေတြကိုလိမ္ေခၚသြားၿပီးလူ႕ျပည္မွာသြားလႊင့္ပစ္တတ္တယ္တဲ့”

“ဘာလို႔သြားလႊင့္ပစ္ရမွာလဲ”

ေပါက္ကရစကားလုံးေတြကသူ႕မ်က္ခုံးေတြကိုတြန့္ေစသည္။

“အဲ့လိုသြားလႊင့္ပစ္ရင္ အစြမ္းေတြအမ်ားႀကီးရတယ္ဆို”

“ဘယ္ကသာကြာ ကိုယ့္မွာအဲ့ေလာက္အစြမ္းေတြေပါေနတာ ကေလးေလးေတြကိုလိမ္လည္လွည့္ဖ်ားစရာလား ကေလးရဲ႕ခမည္းေတာ္ကနတ္မင္းႀကီးျဖစ္ေနၿပီး မုသားစကားသိပ္သေဘာေတြ႕ေလတာပဲ”

“ခမည္းေတာ္ကိုမေျပာပါနဲ႕”

ခ်က္ခ်င္းကာဆီးလာတဲ့စကားေတြေၾကာင့္ သူအေလွ်ာ့ေပးလိုက္ရသည္။အခုမွစေတြ႕ကာစကိုယ္က သူ႕ခမည္းေတာ္နဲ႕ဘယ္ယွဥ္နိုင္ပါ့မလဲ။ကေလးမွန္တာေပါ့။

“ေကာင္းေလၿပီ ကေလးကိုကိုယ္ကလက္ေဆာင္ေပးခ်င္လို႔ ဒါေပမယ့္မယုံၾကည္ရင္ေပးလို႔မရဘူး”

“ဘာလက္ေဆာင္လဲ”

“ဒီဟာေလး”

လက္ေကာက္ဝတ္ထက္မွျဖဳတ္လို႔လက္ဖဝါးထဲျဖန့္ျပမိသည္။

“ဝါးးးးးးး”

အခ်စ္ေျခက်င္းဆိုတာပိုင္ရွင္ရဲ႕လိုရာပုံသြင္းယူလို႔ရတဲ့ပစၥည္းတစ္ခု။စိတ္ကူးယုံႏွင့္ပုံေပၚလာနိုင္တဲ့သိစိတ္ရွိသက္မဲ့ပစၥည္းတစ္ခုမို႔ သူ႕စိတ္ထဲကအေတြးေတြေၾကာင့္ လက္ထဲကပစၥည္းကိုကေလးသေဘာက်မွာေသခ်ာသည္။

“ငယ္ငယ့္ကိုတကယ္ေပးမွာလား”

သစ္ခက္ႏြယ္စိမ္းစိမ္းေလးမွာ သူေလးကိုယ္စားျပဳပန္းကေလးကခန့္ခန့္ထည္ထည္မို႔ သေဘာတက်အၾကည့္မလႊဲေတာ့။

“မယုံၾကည္ရင္ေပးလို႔မရဘူး”

ကေလးႏွလုံးသားကို မလိမ့္တပတ္လုပ္မည္။ဒါဟာကိုယ့္ရပိုင္ခြင့္မို႔။

“ယုံတယ္ေလ နတ္ဆိုးႀကီးကိုငယ္ငယ္တစ္ကယ္ယုံတယ္ ေပးမွာလား”

“အြန္း ေျခေထာက္ေပး”

ဝတ္႐ုံလႊာေအာက္ကေျခက်င္းဝတ္ေလးက သူ႕လက္တစ္ဆုပ္စာေတာင္မရွိ။ႏုႏုေထြးေထြး ေဖြးေဖြးစြတ္စြတ္ေလးက ပန္းေသြးႂကြေနေသးတာ။ေျခေထာက္ေလးကိုအသာမကာ ဂ႐ုတစိုက္ဆင္ေပးမိေတာ့ ေျခေထာက္ကေလးမွာအံဝင္ခြင္က်။

စိတ္ထဲက႐ြတ္ဆိုမိတဲ့မႏၱာန္တစ္ခုႏွင့္အတူ ခ်ိတ္စည္းခတ္ဖို႔အနမ္းတစ္ပြင့္ဆက္သမိတာက ထိုေျခက်င္းဝတ္ေလးေပၚကို။လန့္သြားသလိုဆတ္ခနဲ႐ုန္းတာမို႔ လက္ဖ်ားေလးမွဆြဲကာ ရင္ခြင္ထဲထည့္ပစ္မိသည္။ကိုယ့္ပိုင္ဆိုင္မႈေလး။

“နတ္ဆိုးႀကီးဘာလုပ္တာလဲ”

“တံဆိပ္ခတ္ေပးတာ”

“ဘာတံဆိပ္လဲ”

“ပိုင္ဆိုင္မႈတံဆိပ္”

“နားမလည္ဘူး”

“ကိုယ္ပိုင္တဲ့နယ္ေျမေလးကို ဘယ္အခ်ိန္မဆိုဝင္ေရာက္ခြင့္တံဆိပ္ေလ ေနာက္ၿပီးကိုယ့္ပိုင္ဆိုင္မႈအားလုံးကိုလည္း ကေလးပိုင္သြားၿပီ”

“နတ္ဆိုးႀကီးကအရမ္းသေဘာေကာင္းတာပဲ”

“အဲ့တာဆိုအေခၚအေဝၚေျပာင္းေခၚပါ့လား”

“အမ္…ဘယ္လိုေခၚရမလဲ”

“ကေလးသေဘာက်သလိုေခၚ”

စဥ္းစားေနတဲ့ကေလးကမ်က္ခုံးေလးေတြပါေကြးကာ ႏႈတ္ခမ္းေလးကိုလည္းကိုက္လိုက္ေသးသည္။သေဘာတက်ထိဳင္ေငးရင္း နားကတစ္ခ်က္ဆတ္ခနဲလႈပ္သြားေလသည္။

ဟိုနတ္ဘိုးေတာ္ႀကီး ကေလးကိုလိုက္ရွာေနတာ။သူစည္းခ်ထားတာမို႔ကေလးကသတိမျပဳမိေပမယ့္ သူ႕အသိစိတ္ကိုလာထိသည့္စြမ္းအားတစ္ခ်ိဳ႕ကိုအာ႐ုံခံမိသည္။စိတ္ေကာက္ေအာင္ဆူေငါက္လိုက္ၿပီးမွ ရွာမေတြ႕လို႔ျပာယာခတ္ေနတယ္ေပါ့။

အကာအရံကိုပိုခ်လိဳက္ၿပီး အေတြးထဲနစ္ေနတဲ့ကေလးကိုအသားယူပစ္သည္။တလြင့္လြင့္ဆံႏြယ္ေလးေတြကိုေဆာ့ကစားလို႔ ဦးထိပ္ဖ်ားေလးကိုတစ္ခ်က္ငုံ႕နမ္းလိုက္ေတာ့ တစ္ခ်က္သာေမာ့ၾကည့္လာေလသည္။ခါးသြယ္သြယ္ေလးကိုလက္ႏွင့္ပြတ္သပ္ရင္းတစ္ခ်က္ညွစ္ေတာ့႐ုန္းထြက္သြားေလသည္။

“သိသြားၿပီ”

“ဟမ္”

“နတ္ဆိုးကိုကိုလို႔ေခၚမယ္ေလ သေဘာက်လား”

“အရမ္းႀကိဳက္တယ္”

အသက္ေထာင္ခ်ီကြာတဲ့ကေလးဆီကကိုကိုလို႔အေခၚခံရတာသိပ္ၾကည္ႏူးဖို႔ေကာင္းတာေၾကာင့္ျပန္ဆြဲေပြ႕လိုက္ကာ ပါးျပင္ေလးကိုနမ္းပစ္မိတာမထိန္းနိုင္ေတာ့။

“ဘာလုပ္တာလဲ လႊတ္ေပးေတာ့”

“ကေလးနားကအရမ္းေမႊးတယ္ မလႊတ္ေပးခ်င္ဘူး”

“အဲ့တာငယ္ငယ့္ကိုယ္စားျပဳပန္းရနံ႕ေလးေလ အရမ္းေမႊးတယ္မလား”

ဂုဏ္ယူဝံ့ႂကြားေျပာလာတာမို႔အလိုက္သင့္ေခါင္းညိတ္ျပရင္း ပိုတိုးဖက္ပစ္သည္။

“အရမ္းေမႊးလို႔မလႊတ္ေပးခ်င္ေတာ့ဘူး”

တစ္ခစ္ခစ္ရယ္သံေလးက ေကာင္းကင္ဘုံရဲ႕အေကာင္းဆုံးေတးသြားျဖစ္မည္။အခ်ိန္ေတြကုန္မွာစိုး၍ အႀကံဥာဏ္ဆိုးေတြကိုအားကိုးလိုက္သည္။ႏႈတ္ခမ္းဟကာ႐ြတ္ဆိုမိတာကအိပ္ေငြ႕ခ်မႏၱာန္။

“နတ္ဆိုးကိုကို ငယ္ငယ္မ်က္လုံးေတြေလးလာသလိုပဲ”

“ခဏအိပ္လိုက္ေနာ္ ကိုယ္ေစာင့္ေနေပးမယ္”

စကားမဆုံးခင္ငိုက္က်သြားတဲ့ကေလးကို ပန္းေမြ႕ယာေပၚအသာလွဲခ်ကာ သူ႕ရင္ခြင္ထဲအျပည့္ဖက္ထားမိသည္။

တစိမ့္စိမ့္ၾကည့္ရင္း တဖိတ္ဖိတ္ျပည့္လာသည့္ေမတၱာတရားေတြကိုသူမတားဆီးနိုင္။ဆံသားေလးေတြမွစကာမ်က္ခုံးတန္းေလး၊ဖိပိတ္ထားတဲ့မ်က္ခြံေလး၊ႏွာတံလုံးလုံးေလးႏွင့္ႏႈတ္ခမ္းေလးေတြထိသူ႕ႏႈတ္ခမ္းေတြျဖင့္အသာဖြဖြတ႐ြ႐ြလိုက္ထိေတြ႕ေနမိတာမရပ္တန့္မိ။

လည္ပင္းသားေလးေတြကိုပါဖြဖြနမ္းရင္း အဝတ္လႊာေတြၾကားမ်က္ႏွာတိုးဝင္မိသည္အထိ သူသိကၡာမရွိျပဳမူမိသည္။ျဖစ္နိုင္ရင္တစ္ခါတည္းေထြးေပြ႕ေခၚေဆာင္သြားဖို႔သူေတြးမိသည္အထိ။

ကေလးကိုမထိတ္လန့္ေစလိုစိတ္ျဖင့္ အသာေထြးဖက္ကာနမ္းရႈံ႕ရင္းစိတ္ေျဖမိသည္။

တေၾကာ္ေၾကာ္ေအာ္ေခၚေနသည့္အသံေလးသံကိုလ်စ္လ်ဴရႈဖို႔အသံစြမ္းအင္ကိုပိတ္ၿပီးကေလးကိုသာပိုတိုးဖက္ပစ္သည္။

ထိုေန႕ကေကာင္းကင္ဘုံမွာ ပိုအသက္ဝင္ေနသလိုပင္။အိပ္မက္ေတြၾကားမ႐ုန္းထြက္နိုင္သည့္ကေလးႏွင့္ ၾကည့္မဝစြာအနမ္းမျပတ္သည့္နတ္ဆိုးတစ္ေကာင္တို႔ဟာ ေကာင္းကင္ဘုံတစ္ခုလုံးေယာက္ယက္ခတ္ေနတာကိုလ်စ္လ်ဴရႉရင္း ပန္းေမြ႕ယာၾကားေမတၱာေတြတဖြားဖြားေႂကြခဲ့သည္…………

#####################

ၿငိမ္း🌞🌻

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) Extra, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) Extra, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) Extra online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) Extra chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) Extra high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) Extra light novel, ,

Comment

Leave a Reply

Chapter 60