Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) Extra (Horizon+ဆောင်းစက်ရိပ်ခို)

A+ A-

ပထမဆုံးအကြိမ်Rutဝင်တာမို့ဘာမှကြိုတင်မပြင်ဆင်ထားမိ။သူငယ်ချင်းတွေကိုဖုန်းလှမ်းဆက်ကာထိန်းချုပ်ဆေးလာပို့ခိုင်းရန်သာစဥ်းစားမိတာမို့ထိုအတိုင်းသာဆုံးဖြတ်လိုက်သည်။

ရုတ်တရတ်တွန်းဖွင့်ခံလိုက်ရသည့်တံခါးကိုမြင်မှLockချဖို့မေ့ခဲ့မိကြောင်းသတိရသည်။လျှောက်လမ်းကမီးရောင်တွေကမီးမဖွင့်ထားသည့်အခန်းထဲတိုးဝင်လာတာကြောင့် ဝင်လာသည့်သူကိုမမြင်နိုင်။

တရိပ်ရိပ်တက်လာသည့်အပူလှိုင်းကရုတ်တရတ်ရလိုက်သည့်ထင်းရှူးရနံ့တွေနှင့်ထိတွေ့မိချိန်အငမ်းမရဝါးမြိုပစ်ဖို့တွန်းထိုးလှုံ့ဆော်နေသည်။

တိကနဲပိတ်ကျသွားသည့်တံခါးနှင့်အတူတဖြည်းဖြည်းနီးကပ်လာသည့်ထင်းရှူးနံ့တွေကြောင့်လက်ကျန်အသိစိတ်တစ်ချို့ကခန္ဓာကိုယ်မှလွင့်ထွက်ဖို့တာစူနေကြသည်။

“ဘယ်သူလဲ”

အေးစက်စက်အသံတစ်ခုကနားစည်ကိုရိုက်ခတ်ကာနှလုံးသားထဲထိစိမ့်ဝင်သည်။ညအိပ်မီးရောင်ပါးပါးတောင်မရှိတဲ့အခန်းထဲ အသက်ရှူသံနှစ်ခုနှင့်မတူညီသည့်ရနံ့နှစ်ခုကတွန်းကန်ချင်နေသလိုဆွဲယူချင်နေပုံလည်းရသည်။

“ငါ့အခန်းထဲဘာဝင်လုပ်တာလဲ”

ရုတ်တရတ်ထပ်မေးလာသည့်အသံကြားမှအသိစိတ်အနည်းငယ်ကလူဆီပြန်ရောက်လာသည်။ဖြစ်နိုင်တာကHeatဝင်ပြီးအခန်းမှားဝင်လာပုံရ၏။

“ဒါကကျုပ်အခန်း ခင်ဗျားမှားဝင်လာတာ”

“ဘာ”

“ခင်ဗျားမြန်မြန်ပြန်ထွက်သွားရင်ကောင်းမယ် ကျုပ်ကRutဝင်နေတာ”

အနည်းငယ်အေးခဲသွားသည့်လေထုထဲ သက်ပြင်းချသံတစ်ခုကြားလိုက်ရပြီးခြေလှမ်းတွေကြိုးစားရွှေ့လိုက်သူကရုတ်တရတ်ယိုင်လဲလာလေသည်။

“ကိုယ်….ကိုယ်အဆင်မပြေဘူး”

ပုံမှန်မဟုတ်သည့်ညည်းညူသံတစ်ချက်နှင့်အားဖျော့စွာထွက်လာသည့်စကားသံက သူ့အသိစိတ်ကိုအက်စစ်လိုတိုက်စားသည်။ဖြစ်သင့်တာတွေမဖြစ်သင့်တာတွေကိုတွေးမနေပဲ ဦးနှောက်ထဲပထမဆုံးဝင်လာသည့်အသိက တစ်စစီဝါးမြိုကာအပိုင်သိမ်းပစ်ဖို့။

“ကိုယ်ကအမြဲတမ်းAlphaဖြစ်လာတာ..”

သူ့ဘက်ကလည်းကြိုးစားထိန်းထားသလိုမျိုးစကားတွေကိုအားယူပြောကာအသိစိတ်တွေကိုလှုပ်နှိုးနေပုံရသည်။

“ရုတ်တရတ်ကြီးဘာလို့ Omegaအဖြစ်​ပြောင်းသွားလဲကိုယ်မသိဘူး ဟင်းးးး”

ပင့်သက်ရှိုက်သံတွေနှင့်တုန်ယင်နေသည့်အသံတွေကြောင့်အခြေအနေကအဆင်ပြေမနေမှန်းခန့်မှန်း၍ရသည်။ယခုအချိန်မှာကိုယ့်ဘက်ကလည်းထူးမခြားနားမို့အသိစိတ်ကိုအပြည့်အဝမထိန်းချုပ်နိုင်။

“ကျေးဇူးပြုပြီး ကူညီပေးပါ”

သူတောင်းဆိုသည့်အဓိပ္ပါယ်ကိုခွဲခြမ်းစိတ်ဖြာနိုင်စွမ်းမရှိတာမို့ လိုချင်သည့်အဓိပ္ပါယ်ကောက်ကာလဲနေသူကိုပွေ့ယူလိုက်သည်။ပိုသိပ်သည်းလာသည့်ရနံ့တွေကြား ဆွဲဆောင်အားတွေပြင်းထန်နေတာမို့အသိစိတ်မဲ့ဆန္ဒတွေရဲ့စေစားရာကိုသာနောက်ကလိုက်ဖို့ပြင်မိတော့သည်။

Alphaရဲ့Rutဝင်ချိန်က သားရဲတစ်ကောင်လိုကြမ်းတမ်းပြီးအသိစိတ်မဲ့သည်အထိသောင်းကျန်းတတ်ပါသည်တဲ့။စာတွေ့ဗဟုသုတတွေပြည့်ဝခဲ့ပေမဲ့ မကြုံဖူးသေးတာမို့သူသိပ်မယုံ။အစ်ကိုဖြစ်သူမှာလည်း ထိန်းချုပ်နိုင်မှုမြင့်မားသည့်Dominant Alphaမို့ မိမိလည်းအစ်ကို့နည်းတူထိန်းချုပ်နိုင်မှုတွေမြင့်မားလိမ့်မည်ဟုထင်ခဲ့ဖူးသည်။

သို့သော်လက်တွေ့တွင်တော့ထိုသို့မဟုတ်ခဲ့။ထင်းရှူးနံ့တွေ၏ထိန်းချုပ်ခံထားရမှုကြောင့်လား လိုက်ဖက်ညီမှုတွေပဲသိပ်မြင့်နေလို့လားမသိစွာထိုနွံထဲကသူရုန်းမထွက်နိုင်အောင်အထိအသိမဲ့ခဲ့သည်။

နူးညံ့လွန်းနေတာမဟုတ်သည့်သူ့အောက်ကOmegaလေးကထူးဆန်းစွာပင်သူ့အသိစိတ်အားလုံးကိုလွှမ်းမိုးထားသည်။ကြည်ဖြူခြင်းတွေလက်ခံခြင်းတွေကသူ့သဘာဝHeatကြောင့်သာဖြစ်ပြီး အသိစိတ်ရှိနေလျှင်တွန်းထုတ်နိုင်လောက်သော်လည်းယခုအချိန်မှာတော့သူ့ဆီကိုတောက်တဲ့တစ်ကောင်လိုတွယ်ကပ်နေသေးသည်။

အထိန်းအကွပ်မဲ့သည့်လှုပ်ရှားမှုတွေထဲ အနည်းငယ်သောသိစိတ်လေးဖြင့်တစ်သက်တာအမှတ်အသားမပေးဖြစ်ခဲ့ခြင်းမှာ တစ်ဖက်လူရဲ့ဆန္ဒကိုသူသေချာမသိသေးခြင်းကြောင့်သာဖြစ်သည်။

မသိစိတ်ရဲ့အနက်ရှိုင်းဆုံးတွင်တော့တစ်သက်လုံးစာအတွက်အပိုင်သိမ်းပစ်ဖို့အရူးအမူးသောင်းကျန်းအော်ဟစ်နေသည့်ဆန္ဒတွေကဒုနှင့်ဒေး။

အလင်းမဖောက်သည့်အမှောင်ခန်းထဲ မသဲကွဲသည့်ရုပ်သွင်လွှာကြောင့် ရနံ့တစ်ချို့ကိုသာသိမ်းမှတ်ထားရသလို အမှောင်ထဲမှာတောင်ဝိုးတဝါးလင်းသည့်ထိုမျက်ဝန်းတွေကသူ့ဘဝအတွက်တံဆိပ်တစ်ခုလို။

အရာအားလုံးပြီးဆုံးကာစိတ်တွေလွှတ်ချမိတော့အိပ်စက်ခြင်းထဲနစ်ဝင်သည်။ယောင်​ယောင်လေးကွေးတဲ့နှုတ်ခမ်းစွန်းတွေဟာ တွယ်ညိစရာလေးရှိပြီဆိုသည့်အတွေးကြောင့်သာ။ထိုညကအိပ်မက်တွေလှခဲ့သည်။

ထိုသို့စတင်မှုဖြင့်ခြောက်နှစ်တာဝေးကွာခဲ့သူကိုသူရှာဖွေခဲ့ရပါသည်….

.
.
.

“ကိုခို သားရော”

“လခြမ်းတို့ဆီသွားချင်တယ်ဆိုလို့ ဟိုကလာခေါ်သွားတယ်ညပါအိပ်မှာတဲ့”

မီးဖိုထဲအလုပ်ရှုပ်နေသူကြောင့်အလုပ်မှအပြန်အဝတ်စားပင်မလဲရသေးဘဲမီးဖိုခန်းထဲဝင်ခဲ့လိုက်သည်။

“ရောက်ပြီလို့ဖုန်းဆက်လား”

“လခြမ်းကိုယ်တိုင်လှမ်းဆက်တယ် စောနလေးတင်ရောက်တာတဲ့”

“အဲ့ဒါဆိုဒီည မောင်တို့နှစ်ယောက်တည်းပေါ့”

အနားကပ်ကာခါးကိုဖက်ရင်းတိုးတိုးဆိုတော့ မျက်နှာကိုတစ်ဖက်သို့လွှဲသွားလေသည်။

“ရေသွားချိုးတော့ ချွေးနံ့တွေနံတယ်”

“ယောကျ်ားဆန်တဲ့အနံ့ပါဗျာ သဘောမကျဘူးလား”

“ဆေးရုံနံ့ကိုသဘောကျတဲ့သူရှိလို့လား”

“ခါတိုင်းရေချိုးပြီးမှပြန်လာနေကျ ဒီနေ့လူနာနည်းနည်းရှုပ်တော့နောက်ကျသွားလို့မချိုးခဲ့ရဘူး အိမ်ကိုအရမ်းလွမ်းနေလို့တန်းပြန်လာခဲ့တာ”

“ရေအရင်သွားချိုးလို့”

“ပြွတ်စ်…ဟုတ်ပါပြီဗျာ ပြီးရင်ကျွေးရမှာနော်ဗိုက်ဆာနေပြီ”

ပါးတစ်ဖက်ကိုအားပါးတရနမ်းကာနားရွက်ဖျားဆီခပ်ညုညုဆိုတော့ ရဲတက်သွားတဲ့နားရွက်ဖျားကကိုက်ဝါးချင်စရာ။

“ထမင်းပွဲပြင်ထားလိုက်မယ်”

“မောင်ကကိုခို့ကိုစားချင်တာ”

“မောင့်”

“Ok သွားပြီ”

အနားကနွေးထွေးမှုကထွက်သွားသော်လည်း နားတစ်ဖက်နှင့်ပါးတစ်ဖက်ဆီမှရဲဆွေးနေမှုကမပျက်ပြယ်သေး။မထင်ထားခဲ့ဖူးသည့်ကံကြမ္မာအလှည့်အပြောင်းကြား ယခုလိုပျော်စရာကောင်းသည့်မိသားစုတစ်ခုထူထောင်ဖြစ်ခဲ့မည်ဟုထင်မှတ်မထားတာမို့ပိုပြီးအလေးအနက်ထားဖြစ်သည်။

သားလေးကြောင့်ပိုမြဲသွားသည့်ဆက်ဆံရေးတွင် တရားဝင်ဖြစ်သွားသည့်သူတို့အိမ်ထောင်ရေးကအဖုအထစ်မရှိအောင်ချောမွေ့လွန်းသည်။သူ့ဘက်ကကိုယ့်အပေါ်ဂရုစိုက်လွန်းတာလည်းပါတာပေါ့။

Alphaအဖြစ်မှပြောင်းလဲလာသည့်Omegaတစ်ယောက်မို့ နူးညံ့မှုသိမ်မွေ့မှုဆိုတာမရှိသလို Omegaဆန်သည့်ရုပ်သွင်လည်းမရှိ။ဖယ်ရိုမုန်းရနံ့တွေကအစနူးညံ့မနေဘဲအရိုင်းဆန်ပါသည်။

ဒီလိုလူတစ်ယောက်ကိုစွဲလန်းနေသည့်သူကလည်း ပထမဆုံးအတူဖြတ်သန်းဖူးသည့်လူဖြစ်နေလို့လားအသစ်အဆန်းမှာပျော်ဝင်နေလို့လားဆိုသည့်အတွေးတွေဖြင့် ကိုယ့်ကိုယ်ကိုယုံကြည်ချက်တွေကင်းမဲ့ခဲ့ဖူးသည်။

သို့သော် တစ်ရက်ထက်တစ်ရက်အသေးစိတ်မြင်လာရသည့်သူ့ခံစားချက်တွေက ကိုယ့်အပေါ်လေးနက်လွန်းနေတာမို့ ကိုယ်တိုင်လည်းမပျော်ဝင်ဖို့ဆိုတာသိပ်ခက်ခဲသည်။

သူတစ်ပါးအသုံးချခံအိမ်ထောင်ရေးသာရှိခဲ့ဖူးတာမို့ အချစ်တွေမေတ္တာတွေနွေးထွေးမှုတွေဆိုတာမရခဲ့ဖူးသလို ကိုယ့်အပေါ်လေးနက်ပေးမည့်ခံစားချက်တွေကိုလည်းမကြုံတွေ့ခဲ့ဖူး။

ယခုလိုတန်ဖိုးထားကာအလေးထားဆက်ဆံတာခံရတော့ ဘယ်လိုစိတ်နဲ့များတောင့်ခံနိုင်မှာတဲ့လဲလေ။တစ်ရက်ထက်တစ်ရက် ကိုယ့်ထက်ငယ်တဲ့ဒီကောင်လေးဆီပြိုလဲကျဆင်းရတာပါပဲ။

“ကိုခို ဘာတွေအတွေးလွန်နေတာလဲနေမကောင်းဘူးလား”

ထမင်းစားခန်းထဲပြန်ရောက်လာသူထံမှ ရေချိုးဆပ်ပြာနံ့သင်းသင်းကသူ့နှာဖျားဆီတိုးဝှေ့သလို အေးစက်စက်လက်တစ်ဖက်ကလည်းနှဖူးထက်ရောက်လာလေသည်။

“ကောင်းပါတယ် ထမင်းစားမယ်လေခူးပြီးပြီ”

လက်စုံစားဖြစ်နေကျမို့ သဟဇာတဖြစ်တဲ့လေထုတစ်ချို့ကထမင်းစားခန်းထဲရစ်သိုင်းထားသည်။သူ့ကြိုက်တတ်တဲ့ဟင်းတွေပန်းကန်ထဲပုံပေးတိုင်းကျေနပ်သွားတဲ့မျက်ဝန်းတွေကဟန်ဆောင်မှုတွေမရှိ။

စားသောက်ပြီး အိမ်နောက်ဘက်ထင်းရှူးပင်တွေကြားလမ်းလျှောက်ဖြစ်သည်။ထင်းရှူးသီးတစ်ချို့ကြွေနေတာမို့မြက်ခင်းပြင်တွေကြားရှဥ့်လေးတွေတောင်ပြေးလွှားနေကြပြီ။အန္တရာယ်ပေးမည့်လူမရှိမှန်းသိတော့သူတို့စိတ်ကြိုက်ဆော့ကစားနေတော့တာ။

နေဝင်ချိန်ရောက်မှအိမ်ပေါ်ပြန်တက်ဖြစ်တော့ ခါတိုင်းသားကြောင့်အသက်ဝင်နေကျအိမ်ကတိတ်ဆိတ်လို့နေသည်။အသားမကျသလိုသက်ပြင်းတစ်ချက်ချရင်းအိပ်ခန်းထဲသာဝင်ခဲ့လိုက်သည်။

ကုတင်ထက်ဖုန်းတစ်လုံးနှင့်ထိုင်နေသူက ကိုယ်ဝင်လာတာမြင်တော့ပြုံးပြလာလေသည်။

“သားမရှိလို့ပျင်းနေတာလားကိုခို”

“အွန်း သားကညအိပ်ညနေသွားကျဆိုပေမယ့် သိပ်အသားမကျသေးဘူး”

ကုတင်ပေါ်တင်ပါးလွှဲထိုင်တော့ ဖုန်းကိုချကာလူကိုသူ့ဆီဆွဲခေါ်လေသည်။

“မောင့် ဘာလုပ်တာလဲ”

“ကိုခိုနဲ့တိုင်ပင်စရာရှိလို့”

“ဒီအတိုင်းပြောလည်းရတာကို”

“ရင်ခွင်ထဲထည့်ပြီးပြောချင်လို့လေ”

“ဘာပြောမို့လဲ”

“မောင်တို့ နောက်ထပ်ကလေးထပ်ယူကြရအောင်”

“ဘယ်လို”

နောက်ကျောဘက်မှပွေ့ဖက်ထားသူဆီလည်ပင်းလေးစောင်းကာမော့မေးမိတော့နှဖူးထက်ကြွေတဲ့အနမ်းတစ်ပွင့်ကပေါ့ပေါ့ပါးပါးလေး။အနွေးဓာတ်လေးလည်းပါသေးသည်။

“သားလေးကကြီးနေပြီ အဖော်လည်းမက်တယ် အခုသူ့ညီလေးညီမလေးတွေနဲ့သွားအိပ်တာပဲကြည့်”

“ဒါပေမယ့် သားကိုအလုံအလောက်မချစ်ပေးရသေးဘူးလို့ခံစားရတယ်”

“မောင်တို့အများကြီးချစ်ပေးထားသလိုနောက်လည်းထပ်ချစ်ပေးနေမှာပဲလေ သားကလည်းနားလည်ပေးတတ်နေပြီ ဟိုတစ်နေ့ကတောင်မေးနေသေးတယ် သူ့အတွက်ညီလေးမမွေးပေးသေးဘူးလားတဲ့”

“ငါက….”

“ဒါမှမဟုတ် ကိုခိုကမောင့်ကြောင့်မလိုချင်တာလား”

“ဘာဆိုင်လို့လဲ”

“မောင်ကလုံလောက်အောင်မချစ်ပြနိုင်လို့၊လုံလောက်တဲ့လုံခြုံမှုကိုမပေးနိုင်လို့ ကိုခိုစိတ်မလုံခြုံဖြစ်နေတာ ဘဝတစ်ခုကိုထပ်ယူဆောင်ဖို့ယုံကြည်ချက်ကင်းမဲ့နေတာပေါ့”

“အဲ့လိုမဟုတ်ပါဘူး ငါကကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတာပါ”

“အဲ့တာမောင်ညံ့လို့လေ မိသားစုတစ်ခုတည်ဆောက်ဖို့အိမ်ထောင်ဖက်ကစိတ်မလုံခြုံဖြစ်နေရင် ဦးဆောင်တဲ့အိမ်ထောင်ဦးစီးညံ့နေလို့ပေါ့”

“မဟုတ်ပါဘူးဆို”

“အဲ့တာဆို ကိုခိုမောင့်အပေါ်ဘယ်လိုသဘောထားလဲ”

“အိမ်ထောင်ဦးစီးတစ်ယောက်လိုသဘောထားပါတယ်”

“မောင်မေးတာအဲ့လိုမဟုတ်ဘူး တာဝန်အရမဖြစ်မနေလက်ထပ်ထားတဲ့အိမ်ထောင်ရေးတစ်ခုရဲ့အိမ်ထောင်ဦးစီးမောင်မဖြစ်ချင်ဘူး ကိုခို့ရင်ထဲကအသိအမှတ်ပြုထားတာကတာဝန်အရမို့လို့ဆိုရင်အဲ့ဂုဏ်ပုဒ်ကိုမောင်မလိုချင်ဘူး”

“ဘာကြောင့်ဆိုတဲ့တွန်းအားတွေမပါဘဲ ​ကိုယ့်စိတ်ထဲကနေအသိအမှတ်ပြုထားတဲ့ဂုဏ်ပုဒ်တစ်ခုပါ”

“အဲ့တာဆိုကိုခိုမောင့်ကိုချစ်လား”

“အချစ်ဆိုတာဘယ်လိုအရာကိုခေါ်လဲငါမသိဘူး”

“ဒါဆို မောင့်အနားမှာနေရတာပျော်လား သားကြောင့်မဟုတ်ဘဲနဲ့မောင့်ကြောင့်ပျော်ရလား”

“အွန်း ပျော်တယ်”

“မောင်နဲ့နေရတာ စိတ်မွန်းကြပ်လား”

“ဟင့်အင်း အဲ့လိုတွေမရှိဘူး ဘာဖိအားမှမရှိသလိုလုံခြုံတယ်လို့အမြဲခံစားရတယ် ပြီးတော့နွေးထွေးတယ်”

“မောင်နဲ့တစ်သက်လုံးနေသွားရမယ်ဆိုရင်ရော စိတ်အနှောက်အယှက်အဖြစ်တွေးမိမှာလား”

“မတွေးမိဘူး ငါ့မသိစိတ်ထဲမှာကိုကဒီအခြေနေအတိုင်းတစ်သက်လုံးရှိသွားစေချင်တာ”

“ဒါဆို သားအတွက်ထည့်မစဥ်းစားရင် မောင့်အတွက်ကလေးတစ်ယောက်မွေးပေးဖို့ဆန္ဒရှိမှာလား”

“အဲ့ဒါက….”

“ဆန္ဒမရှိဘူးလား”

“မဟုတ်ပါဘူး….ငါ”

“…………….”

“ငါဆန္ဒရှိပါတယ်”

“ဒါဆိုကြိုးစားကြည့်ကြမလား”

မရိုးသားတဲ့လက်တွေအဝတ်တွေကြားခရီးဆက်သလို လှည့်ဖျားတတ်တဲ့နှုတ်ခမ်းတွေကလည်ပင်းကြားစခန်းချပြီးပြီ။ဘယ်လိုစွမ်းအားတွေနဲ့များငြင်းဆန်နိုင်မတဲ့လဲ။

“မင်းဆန္ဒရှိသလိုပေါ့”

ခွင့်ပြုချက်ရတဲ့အခါ တွန့်ဆုတ်မှုမရှိဦးဆောင်သွားတာကသာယာမှုနယ်မြေဆီ။အခန်းမီးတွေမမှိတ်ရသေးတာမို့အရာရာဟာရှင်းလင်းလွန်းနေသည်။

တိုးတိုက်သွားတဲ့ရနံ့နှစ်ခုမှာဝိုင်နံ့တွေကအနိုင်ရသည်။တွယ်ငြိမှုပြင်းပြင်းမှာဦးဆောင်လိုစိတ်အပြည့်နှင့်ပိုင်ဆိုင်လိုမှုတွေပြည့်ဝနေတာမို့ဘယ်လိုလုပ်ပြီးတွန်းလှန်နိုင်မတဲ့လဲ။

ပြန့်ကျဲသွားသည့်အဝတ်အစားတွေကဟိုတစ်စဒီတစ်စ။သူ့အနမ်းရာတွေကိုယ့်ပေါ်ခြေချထားသလိုပေါ့။

“ကိုခို့ရဲ့အသားအရေလေးတွေကအရမ်းနူးညံ့တာပဲ ဒီအတိုင်းကြည့်ရင်မသိသာဘဲနဲ့ထိတွေ့မိရင်ပြန်မခွာချင်တော့ဘူး”

တစ်ကိုယ်လုံးအနှံ့သူ့လက်တွေခြေဆန့်ရင်းပါးစပ်ကလည်းတဖွဖွပြောနေသေးသည်။

“ဒီအကြောင်းတွေ မောင်တစ်ယောက်ပဲသိခွင့်ရှိတာ အဟင်းးးးး”

ပိုင်ဆိုင်လိုမှုအပြည့်မျက်ဝန်းတွေနှင့်ကိုယ့်မျက်ဝန်းတွေထဲစူးစိုက်ကြည့်လာလေသည်။ရမ္မက်နွံထဲကရုန်းမထွက်နိုင်တဲ့ကိုယ့်မှာတော့စကားမပြန်နိုင်ဘဲ အမောတကောအသက်ရှူသံတွေနှင့်သာတုန့်ပြန်နိုင်သည်။

“မောင်…မီး…မီးပိတ်လိုက်ပါလား”

“ဟင့်အင်း မောင့်ကြောင့်ဖြစ်တည်လာမဲ့ကိုခို့အမူအယာအားလုံးကိုလက်မလွှတ်နိုင်အောင်အထိ မောင်ကကိုခို့အပေါ်ရယူလိုစိတ်ပြင်းတယ်”

လှန်တစ်ခါမှောက်တစ်လှည့်မပြီးဆုံးနိုင်တဲ့ဇာတ်မျှောမှာ အားအင်တွေဆုတ်ယုတ်ကာမောပန်းလာရသည်။

“ကိုခို့ဖယ်ရိုမုန်းတွေကိုမောင်တကယ်ကြိုက်တာ”

တစ်ကိုယ်လုံးကိုသိမ်းကြုံးဖက်ထားပြီးလည်ပင်းကြားခေါင်းဝင်တိုးကာ နီးကပ်နိုင်သလောက်ဆွဲယူပြီးအသက်ဝဝရှူသွင်းသည်။

“မောင်ဘယ်တော့မှမတင်းတိမ်နိုင်မဲ့ရနံ့”

“တော်လောက်ပြီလေ မလုံလောက်သေးဘူးလား”

“အသက်သေသွားရင်တောင်လုံလောက်မှာမဟုတ်ဘူး ဖြစ်နိုင်ရင်မြိုချထားချင်တာ”

“ကိုယ်ပင်ပန်းနေပြီ”

“ဒီအရှိန်လောက်နဲ့ကလေးလေးရောက်လာပါ့မလား”

“ကိုယ်ကအသက်ကြီးနေပြီ”

မြိုသိပ်ထားသည့်အားငယ်မှုတစ်ရပ်ဟာမထင်မှတ်ထားစွာပွင့်ထွက်လာရသည်။

“ပြီးတော့ ကိုယ်ကAlphaကနေမျိုးပြောင်းလာတဲ့Omega အရင်တစ်ခါရလာတာကိုကကံကောင်းခြင်းတရပ်ဖြစ်နေမှာ”

“မောင့်ကြိုးစားမှုမလုံလောက်သေးလို့ရောက်မလာသေးတာပါ မောင်ကအများကြီးပိုကြိုးစားပေးမယ်”

ထပ်မံကျရောက်လာတဲ့သာယာမှုတွေကြောင့်အတွေးတွေပါထွက်ပြေးကုန်သည်။

“လျှောက်တွေးနေမဲ့အစားမောင့်ဆီမှာအာရုံအပြည့်ထားလိုက်”

တွေးချိန်မရအောင်ပြုစားသူကြောင့်ထိုညကအိပ်ရေးပျက်ရသည်။အရာအားလုံးမေ့ကာကိုယ့်နံမည်ကိုတောင်မေ့လောက်သည်အထိ။

ထိုနေ့မှစသည့်သူ့မေတ္တာမိုးဟာစနေမိုးလိုစွေတော့သည်။အကြည့်တွေမှစကာအထိအတွေ့တွေအဆုံး တအုန်းအုန်းသည်းတဲ့မိုးတွေလို လက်ခံသူမှာပြိုလဲရသည်အထိ။
.
.
.

“ကိုစက်ရိပ်မလာတာကြာပြီနော်”

“ဟုတ်တယ် သားလေးစာမေးပွဲနားနီးနေတော့ဂရုစိုက်ပေးနေရလို့လေ ဒီကိုရောက်မလာဖြစ်ဘူး”

“ဟုတ်လို့လားဗျာ တောက်တဲ့အကြီးစားကြီးကြောင့်ခြေကုန်လက်ပန်းကျနေတာမဟုတ်ဘူးလား”

“မဟုတ်ပါဘူးဗျာ”

ရည်ညွှန်းချင်သည့်အရာကိုတန်းနားလည်သွားတာမို့နားရွက်တွေမှစကာဂုတ်စပ်တွေအထိနီရဲသွားတဲ့အသားအရေကသိပ်သိသာလွန်းသည်။

“ကျွန်တော်တို့သတင်းတွေကြားပါတယ်ဗျာ ဆေးရုံဥက္ကဋ္ဌကြီးကခုတလောတအားတွေတက်ကြွနေတာတဲ့ မသိရင်နေ့ရောညပါအားဆေး….”

“ဟိုကောင်ငါ့လူကိုဘာတွေလျှောက်ပြောနေတာလဲ”

“ဥက္ကဋ္ဌ ဟဲဟဲ ခုတလောပိုချောလာသလိုပဲနော်”

အနားကိုလျှောက်လာသည့်တစ်ယောက်သောသူကိုမြင်တော့ရယ်ကျဲကျဲနှင့်လောကွတ်ချော်နေလေသည်။

“အဲ့တာငါ့အိမ်သားလေးကြောင့်လေ မင်းတို့အပူပါလား”

“မပါပါဘူး အဟဲ ကိုယ့်ဆေးရုံကဥက္ကဋ္ဌဆိုတော့ဂုဏ်ယူလို့ပါ”

“သွား ကိုယ့်အလုပ်ကိုသွားလုပ် မဟုတ်ရင်အလုပ်ထုတ်ပစ်မယ်”

“ဟာဗျာ အရမ်းအနိုင်ကျင့်တာပဲ ကိုစက်ရိပ်ပြောပေးအုံး အငယ်တွေကိုအာဏာသုံးပြီးဖိနှိပ်နေတယ်”

“အခုသွားမှာလား အခုအလုပ်ထုတ်ရမှာလား”

“သွားပြီ”

လှစ်ကနဲနေအောင်ပြေးတော့ Duty Coatအနားစကလေထဲတဖျတ်ဖျတ်လွင့်သည်။

“ကလေးတွေကိုအနိုင်ကျင့်နေကျလား”

“ပေါက်ပေါက်ရှာရှာ မောင်လိုလူကဘယ်လိုလုပ်အနိုင်ကျင့်တတ်မှာလဲ အခုလည်းကိုခို့ကိုအနေခက်အောင်လုပ်လို့ကာကွယ်ပေးရတာပါနော် ကျေးဇူးမတင်ဘဲအပြစ်ကပြောခံရသေးတယ် မိုးကုတ်စက်ဝိုင်းတို့ကံနိမ့်နေတယ်ထင်တယ်”

“မဟုတ်ပါဘူးကွာ ကိုယ်က….”

“အဲ့တာဆိုအနမ်းလေးပေး”

“ဘာရယ်”

မျက်နှာကိုရှေ့တိုးပေးကာပြုံးစစနှင့်ပြောလာတာမို့ ခေါင်းကိုနောက်သို့တိမ်းရှောင်ရင်း မျက်လုံးပြူးသွားရသည်။

“မောင်အားငယ်သွားတာမလို့ အနမ်းနဲ့နှစ်သိမ့်ပေးလေ”

“လူ…လူမြင်ကွင်းကြီးမှာ”

“လာ အခန်းထဲသွားမယ်”

ဇွတ်ဆွဲခေါ်သွားရာကန့်လန့်ပါသွားရင်းလမ်းမှာတွေ့တဲ့သူတွေကိုလည်း​မျက်နှာပူရသေးသည်။ဒီကောင်လေးဟာလေ အများလေးစားခံဆေးရုံဥက္ကဋ္ဌတစ်ယောက်ဖြစ်နေပြီးတော့ တစ်ခါတစ်လေကလေးဆန်တတ် တုန်းပဲ။

“နမ်းလို့ရပြီ”

သူ့ကိုယ်ပိုင်ရုံးခန်းထဲအရောက်ဆိုဖာပေါ်တွန်းချပြီးတာနှင့်မျက်နှာအနားဇွတ်တိုးကပ်လာလေသည်။တလက်လက်တောက်ပနေသည့်ထိုမျက်ဝန်းတွေကိုကြည့်ရင်း ကွေးညွတ်နေသည့်နှုတ်ခမ်းတွေကိုဖိကပ်ပစ်မိသည်။

မျက်ဝန်းတွေမှာမဖုံးကွယ်နိုင်သည့်မြတ်နိုးခြင်းတွေဟာ ကိုယ်လိုငတုံးတစ်ယောက်ပါဖောက်မြင်နိုင်သည်အထိပြည့်လျှံကျလို့နေသည်။တစ်သက်မှာတစ်ခါသာဖြစ်တည်မှုမျိုးဖြင့်သူ့အပေါ်နစ်ဝင်ခြင်းဟာ သက်ဆုံးတိုင်ထိတည်မြဲမည်ထင်ပါသည်။

“ကိုလတ်…. အဲ sorry sorry ဆက်လုပ်”

ရုတ်တရတ်တံခါးဖွင့်ကာဝင်လာသည့် Geoကသားကိုမျက်လုံးအုပ်ပေးကာ ပြုံးတုံ့တုံ့နှင့်မို့ ယောင်ရမ်းကာမတ်တပ်ထရပ်မိသည်အထိထူပူသွားရသည်။

“မင်းအခန်းထဲမဝင်ခင်တံခါးအရင်မခေါက်တတ်ဘူးလား”

ကြည်နူးစရာအချိန်လေးအနှောင့်ယှက်ခံလိုက်ရတာမို့ မကြည်သာတော့တဲ့မျက်နှာနှင့်စူအောင့်အောင့်ပြောလာလေသည်။

“ကိုလတ်ကLockချထားလေဗျာ ရုံးခန်းထဲမဟုတ်တာလုပ်နေမယ်လို့မှမထင်ထားတာ”

“ဘာမဟုတ်တာတုန်း နမ်းရုံတင်နမ်းနေတာ”

“ကျွန်တော်ရောက်မလာရင်မသေချာပါဘူး”

“ပါပါး”

သူတို့ညီအစ်ကိုငြင်းခုန်နေတုန်း တိမ်တိုက်လေးကစက်ရိပ်လက်မောင်းကြားပြေးဝင်လေသည်။နမ်းနေတုန်းလူမိသွားလို့ရှက်နေတာထက် သားလေးတွေ့လိုက်မည်ဆိုးတာကြောင့်ပိုအနေရခက်ပါသည်။

“သားနဲ့အပြင်ခဏလိုက်ခဲ့”

လက်ကိုဆွဲကာအခန်းထဲကခေါ်ထုတ်သွားတာမို့ ဘာစကားမှမပြောဘဲပါသွားသူကိုကြည့်ရင်း Horizonနှာခေါင်းရှုံ့လိုက်သည်။သူများသာယာနေချိန်ဆိုအဖျက်အမှောင့်တွေကပေါကိုပေါတယ်။

“အဲ့ရုပ်ကဘာဖြစ်နေတာလဲဗျ”

“မင်း ကြားဝင်ရှုပ်လို့လေ”

“ဟောဗျာ ဖြစ်ရတယ်ရှိသေး ကျွန်တော်ကသူတို့ကိုလိုက်ပို့ရင်းနောင်းညိုတို့နဲ့စကားပြောရင်းကျန်နေခဲ့တာ အတူတူသာလာရင်ခုနကအနမ်းလေးတောင်ရလိုက်မှာမဟုတ်ဘူး”

“ဘာလာလုပ်တာတုန်း”

“ကိုလတ်အမျိုးသားကနေသိပ်မကောင်းချင်လို့ဆိုလို့နောင်းညိုဗိုက်ကိုရက်ချိန်းလာပြရင်းလမ်းကြုံလာပို့ပေးတာ သူကမပြောဘူးလား”

“မပြောဘူး နေအုံး လိုက်ကြည့်လိုက်အုံးမယ်”

“ဒယ်ဒီ”

ထိုင်နေရာမှကမန်းကတမ်းထကာအပြင်လိုက်ထွက်မည်ပြင်တော့ သားကစိုးရိမ်တကြီးအခန်းထဲပြေးဝင်လာလေသည်။

“သား ဘာဖြစ်လို့လဲ ပါပါးရော”

“ပါပါးမူးလဲလို့”

“ဘယ်လို… Geoသားကိုပွေ့ခဲ့”

စိုးရိမ်စိတ်ငယ်ထိပ်တက်ဆောင့်ကာအပြင်ပြေးထွက်ရင်း သားကိုတော့Geoနှင့်လွှဲခဲ့လိုက်သည်။

“ဥက္ကဋ္ဌအမျိုးသား ဒီဘက်မှာဗျ”

သူပြေးလာတာမြင်တော့ဆရာဝန်လေးကအလိုက်တသိလမ်းပြလေသည်။ကုတင်ထက်မှေးစက်နေသူကမျက်နှာလေးနည်းနည်းနွမ်းနေရုံကလွဲသတိတော့လစ်မနေ။

“ဘယ်လိုလဲ အဆင်ပြေရဲ့လား ဘယ်နားကနေလို့အဆင်မပြေဖြစ်နေတာလဲမောင့်ကိုပြော”

လက်ဖဝါးတွေကိုဖိညှစ်လိုက်နှဖူးလေးကိုလက်နှင့်သပ်လိုက်နှင့်ပြာယာခတ်နေသူကိုအားဖျော့စွာသာပြုံးပြလာလေသည်။

“စိတ်လျှော့ပါဥက္ကဋ္ဌရယ် အရမ်းကြီးမစိုးရိမ်ပါနဲ့”

“မစိုးရိမ်လို့ရမလား အခုက…”

“မောင့်”

ဘေးကအပြုံးနှင့်ရှင်းပြမည့်ဆရာဝန်ကိုစိုးရိမ်မှုကြောင့်အသံမာမိတော့လက်ဖဝါးကိုဖွဖွညှစ်ကာတားဆီးလာလေသည်။

“​ကဲစိတ်လျှော့ပါဗျာ ဒီအချိန်ကပျော်ရမဲ့အချိန်ကို”

“ဘာကိုပျော်ရမှာလဲ”

“ကလေးနှစ်ယောက်အဖေဖြစ်တော့မှာမို့လို့ပေါ့ဗျ”

“ကလေးနှစ်ယောက်အဖေ”

ခပ်တိုးတိုးသံယောင်လိုက်ပြီးမှ တွန့်နေတဲ့မျက်ခုံးတွေပြေကာ တောက်ပလာတဲ့သူ့မျက်နှာ….

“ကိုခို တကယ်လား”

“အဲ့တာကတော့ဥက္ကဋ္ဌကိုယ်တိုင်ပဲသေချာစမ်းသပ်ကြည့်လိုက်ပေါ့ဗျာ ကျွန်တော်တို့အဖွဲ့ကမနှောင့်ယှက်တော့ပါဘူး”

ပြောရင်းထွက်သွားကာ အခန်းထဲသူတို့နှစ်ယောက်ကိုသာချန်ထားခဲ့လေသည်။

အပျော်တွေပြည့်နေတာမို့စကားသွက်နေကျနှုတ်ခမ်းတွေပွင့်ဟပေမယ့်ဘာမှထွက်မလာ။

“မနက်အိပ်ယာထတော့ရင်ပြည့်နေတာနဲ့Geoကိုလိုက်ပို့ခိုင်းလိုက်တာ ရုတ်တရတ်ဆိုတော့အဲ့ကိစ္စကိုသတိမထားမိဘူးဖြစ်သွားတယ် စောနဆရာဝန်ကမေးမှသတိရသွားတာ သိပ်တော့မသေချာသေးဘူးထင်တယ်”

“သေချာသွားအောင်မောင်ကိုယ်တိုင်စမ်းသပ်ပေးမယ်”

အပြင်ဘက်မှGeoနှင့်တိမ်တိုက်လေးမှာတော့  ထွက်လာသည့်ဆရာဝန်တွေရဲ့တားမြစ်မှုကြောင့်အပြင်ဘက်မှာသာမတ်တပ်လေး။အိမ်ကလူတွေကိုလည်းအကြောင်းကြားဖို့အဆင်သင့်။

သိပ်မကြာခင်ထွက်လာတဲ့နှစ်ယောက်ရဲ့မျက်နှာကမေးစရာမလိုအောင်သိပ်သိသာပါသည်။ပါးစပ်နားရွက်တက်ချိတ်မတတ်ဖြီးနေတဲ့Alphaရယ် တစ်မျက်နှာလုံးရဲနေပေမယ့်အပြုံးတွေပြည့်နေတဲ့Omegaရယ်…

“တိမ်တိုက် သားအစ်ကိုကြီးဖြစ်တော့မယ်”

######################

ငြိမ်း🌞🌻

Extraထပ်မရှိတော့ပါဘူးရှင့်😘😘😘

ပထမဆုံးအႀကိမ္Rutဝင္တာမို႔ဘာမွႀကိဳတင္မျပင္ဆင္ထားမိ။သူငယ္ခ်င္းေတြကိုဖုန္းလွမ္းဆက္ကာထိန္းခ်ဳပ္ေဆးလာပို႔ခိုင္းရန္သာစဥ္းစားမိတာမို႔ထိုအတိုင္းသာဆုံးျဖတ္လိုက္သည္။

႐ုတ္တရတ္တြန္းဖြင့္ခံလိုက္ရသည့္တံခါးကိုျမင္မွLockခ်ဖိဳ႕ေမ့ခဲ့မိေၾကာင္းသတိရသည္။ေလွ်ာက္လမ္းကမီးေရာင္ေတြကမီးမဖြင့္ထားသည့္အခန္းထဲတိုးဝင္လာတာေၾကာင့္ ဝင္လာသည့္သူကိုမျမင္နိုင္။

တရိပ္ရိပ္တက္လာသည့္အပူလွိုင္းက႐ုတ္တရတ္ရလိုက္သည့္ထင္းရႉးရနံ႕ေတြႏွင့္ထိေတြ႕မိခ်ိန္အငမ္းမရဝါးၿမိဳပစ္ဖို႔တြန္းထိုးလႈံ႕ေဆာ္ေနသည္။

တိကနဲပိတ္က်သြားသည့္တံခါးႏွင့္အတူတျဖည္းျဖည္းနီးကပ္လာသည့္ထင္းရႉးနံ႕ေတြေၾကာင့္လက္က်န္အသိစိတ္တစ္ခ်ိဳ႕ကခႏၶာကိုယ္မွလြင့္ထြက္ဖို႔တာစူေနၾကသည္။

“ဘယ္သူလဲ”

ေအးစက္စက္အသံတစ္ခုကနားစည္ကိုရိုက္ခတ္ကာႏွလုံးသားထဲထိစိမ့္ဝင္သည္။ညအိပ္မီးေရာင္ပါးပါးေတာင္မရွိတဲ့အခန္းထဲ အသက္ရႉသံႏွစ္ခုႏွင့္မတူညီသည့္ရနံ႕ႏွစ္ခုကတြန္းကန္ခ်င္ေနသလိုဆြဲယူခ်င္ေနပုံလည္းရသည္။

“ငါ့အခန္းထဲဘာဝင္လုပ္တာလဲ”

႐ုတ္တရတ္ထပ္ေမးလာသည့္အသံၾကားမွအသိစိတ္အနည္းငယ္ကလူဆီျပန္ေရာက္လာသည္။ျဖစ္နိုင္တာကHeatဝင္ၿပီးအခန္းမွားဝင္လာပုံရ၏။

“ဒါကက်ဳပ္အခန္း ခင္ဗ်ားမွားဝင္လာတာ”

“ဘာ”

“ခင္ဗ်ားျမန္ျမန္ျပန္ထြက္သြားရင္ေကာင္းမယ္ က်ဳပ္ကRutဝင္ေနတာ”

အနည္းငယ္ေအးခဲသြားသည့္ေလထုထဲ သက္ျပင္းခ်သံတစ္ခုၾကားလိုက္ရၿပီးေျခလွမ္းေတြႀကိဳးစားေ႐ႊ႕လိုက္သူက႐ုတ္တရတ္ယိုင္လဲလာေလသည္။

“ကိုယ္….ကိုယ္အဆင္မေျပဘူး”

ပုံမွန္မဟုတ္သည့္ညည္းၫူသံတစ္ခ်က္ႏွင့္အားေဖ်ာ့စြာထြက္လာသည့္စကားသံက သူ႕အသိစိတ္ကိုအက္စစ္လိုတိုက္စားသည္။ျဖစ္သင့္တာေတြမျဖစ္သင့္တာေတြကိုေတြးမေနပဲ ဦးႏွောက္ထဲပထမဆုံးဝင္လာသည့္အသိက တစ္စစီဝါးၿမိဳကာအပိုင္သိမ္းပစ္ဖို႔။

“ကိုယ္ကအၿမဲတမ္းAlphaျဖစ္လာတာ..”

သူ႕ဘက္ကလည္းႀကိဳးစားထိန္းထားသလိုမ်ိဳးစကားေတြကိုအားယူေျပာကာအသိစိတ္ေတြကိုလႈပ္ႏွိုးေနပုံရသည္။

“႐ုတ္တရတ္ႀကီးဘာလို႔ Omegaအျဖစ္ေျပာင္းသြားလဲကိုယ္မသိဘူး ဟင္းးးး”

ပင့္သက္ရွိုက္သံေတြႏွင့္တုန္ယင္ေနသည့္အသံေတြေၾကာင့္အေျခအေနကအဆင္ေျပမေနမွန္းခန့္မွန္း၍ရသည္။ယခုအခ်ိန္မွာကိုယ့္ဘက္ကလည္းထူးမျခားနားမို႔အသိစိတ္ကိုအျပည့္အဝမထိန္းခ်ဳပ္နိုင္။

“ေက်းဇူးျပဳၿပီး ကူညီေပးပါ”

သူတောင်းဆိုသည့်အဓိပ္ပါယ်ကိုခွဲခြမ်းစိတ်ဖြာနိုင်စွမ်းမရှိတာမို့ လိုချင်သည့်အဓိပ္ပါယ်ကောက်ကာလဲနေသူကိုပွေ့ယူလိုက်သည်။ပိုသိပ်သည်းလာသည့်ရနံ့တွေကြား ဆြဲေဆာင္အားေတြျပင္းထန္ေနတာမို႔အသိစိတ္မဲ့ဆႏၵေတြရဲ႕ေစစားရာကိုသာေနာက္ကလိုက္ဖို႔ျပင္မိေတာ့သည္။

Alphaရဲ႕Rutဝင္ခ်ိန္က သားရဲတစ္ေကာင္လိုၾကမ္းတမ္းၿပီးအသိစိတ္မဲ့သည္အထိေသာင္းက်န္းတတ္ပါသည္တဲ့။စာေတြ႕ဗဟုသုတေတြျပည့္ဝခဲ့ေပမဲ့ မႀကဳံဖူးေသးတာမို႔သူသိပ္မယုံ။အစ္ကိုျဖစ္သူမွာလည္း ထိန္းခ်ဳပ္နိုင္မႈျမင့္မားသည့္Dominant Alphaမို႔ မိမိလည္းအစ္ကို႔နည္းတူထိန္းခ်ဳပ္နိုင္မႈေတြျမင့္မားလိမ့္မည္ဟုထင္ခဲ့ဖူးသည္။

သို႔ေသာ္လက္ေတြ႕တြင္ေတာ့ထိုသို႔မဟုတ္ခဲ့။ထင္းရႉးနံ႕ေတြ၏ထိန္းခ်ဳပ္ခံထားရမႈေၾကာင့္လား လိုက္ဖက္ညီမႈေတြပဲသိပ္ျမင့္ေနလို႔လားမသိစြာထိုႏြံထဲကသူ႐ုန္းမထြက္နိုင္ေအာင္အထိအသိမဲ့ခဲ့သည္။

ႏူးညံ့လြန္းေနတာမဟုတ္သည့္သူ႕ေအာက္ကOmegaေလးကထူးဆန္းစြာပင္သူ႕အသိစိတ္အားလုံးကိုလႊမ္းမိုးထားသည္။ၾကည္ျဖဴျခင္းေတြလက္ခံျခင္းေတြကသူ႕သဘာဝHeatေၾကာင့္သာျဖစ္ၿပီး အသိစိတ္ရွိေနလွ်င္တြန္းထုတ္နိုင္ေလာက္ေသာ္လည္းယခုအခ်ိန္မွာေတာ့သူ႕ဆီကိုေတာက္တဲ့တစ္ေကာင္လိုတြယ္ကပ္ေနေသးသည္။

အထိန္းအကြပ္မဲ့သည့္လႈပ္ရွားမႈေတြထဲ အနည္းငယ္ေသာသိစိတ္ေလးျဖင့္တစ္သက္တာအမွတ္အသားမေပးျဖစ္ခဲ့ျခင္းမွာ တစ္ဖက္လူရဲ႕ဆႏၵကိုသူေသခ်ာမသိေသးျခင္းေၾကာင့္သာျဖစ္သည္။

မသိစိတ္ရဲ႕အနက္ရွိုင္းဆုံးတြင္ေတာ့တစ္သက္လုံးစာအတြက္အပိုင္သိမ္းပစ္ဖို႔အ႐ူးအမူးေသာင္းက်န္းေအာ္ဟစ္ေနသည့္ဆႏၵေတြကဒုႏွင့္ေဒး။

အလင္းမေဖာက္သည့္အေမွာင္ခန္းထဲ မသဲကြဲသည့္႐ုပ္သြင္လႊာေၾကာင့္ ရနံ႕တစ္ခ်ိဳ႕ကိုသာသိမ္းမွတ္ထားရသလို အေမွာင္ထဲမွာေတာင္ဝိုးတဝါးလင္းသည့္ထိုမ်က္ဝန္းေတြကသူ႕ဘဝအတြက္တံဆိပ္တစ္ခုလို။

အရာအားလုံးၿပီးဆုံးကာစိတ္ေတြလႊတ္ခ်မိေတာ့အိပ္စက္ျခင္းထဲနစ္ဝင္သည္။ေယာင္ေယာင္ေလးေကြးတဲ့ႏႈတ္ခမ္းစြန္းေတြဟာ တြယ္ညိစရာေလးရွိၿပီဆိုသည့္အေတြးေၾကာင့္သာ။ထိုညကအိပ္မက္ေတြလွခဲ့သည္။

ထိုသို႔စတင္မႈျဖင့္ေျခာက္ႏွစ္တာေဝးကြာခဲ့သူကိုသူရွာေဖြခဲ့ရပါသည္….

.
.
.

“ကိုခို သားေရာ”

“လျခမ္းတို႔ဆီသြားခ်င္တယ္ဆိုလို႔ ဟိုကလာေခၚသြားတယ္ညပါအိပ္မွာတဲ့”

မီးဖိုထဲအလုပ္ရႈပ္ေနသူေၾကာင့္အလုပ္မွအျပန္အဝတ္စားပင္မလဲရေသးဘဲမီးဖိုခန္းထဲဝင္ခဲ့လိုက္သည္။

“ေရာက္ၿပီလို႔ဖုန္းဆက္လား”

“လျခမ္းကိုယ္တိုင္လွမ္းဆက္တယ္ ေစာနေလးတင္ေရာက္တာတဲ့”

“အဲ့ဒါဆိုဒီည ေမာင္တို႔ႏွစ္ေယာက္တည္းေပါ့”

အနားကပ္ကာခါးကိုဖက္ရင္းတိုးတိုးဆိုေတာ့ မ်က္ႏွာကိုတစ္ဖက္သို႔လႊဲသြားေလသည္။

“ေရသြားခ်ိဳးေတာ့ ေခြၽးနံ႕ေတြနံတယ္”

“ေယာက်္ားဆန္တဲ့အနံ႕ပါဗ်ာ သေဘာမက်ဘဴးလား”

“ေဆး႐ုံနံ႕ကိုသေဘာက်တဲ့သူရွိလို႔လား”

“ခါတိုင္းေရခ်ိဳးၿပီးမွျပန္လာေနက် ဒီေန႕လူနာနည္းနည္းရႈပ္ေတာ့ေနာက္က်သြားလို႔မခ်ိဳးခဲ့ရဘူး အိမ္ကိုအရမ္းလြမ္းေနလို႔တန္းျပန္လာခဲ့တာ”

“ေရအရင္သြားခ်ိဳးလို႔”

“ႁပြတ္စ္…ဟုတ္ပါၿပီဗ်ာ ၿပီးရင္ေကြၽးရမွာေနာ္ဗိုက္ဆာေနၿပီ”

ပါးတစ္ဖက္ကိုအားပါးတရနမ္းကာနား႐ြက္ဖ်ားဆီခပ္ၫုၫုဆိုေတာ့ ရဲတက္သြားတဲ့နား႐ြက္ဖ်ားကကိုက္ဝါးခ်င္စရာ။

“ထမင္းပြဲျပင္ထားလိုက္မယ္”

“ေမာင္ကကိုခို႔ကိုစားခ်င္တာ”

“ေမာင့္”

“Ok သြားၿပီ”

အနားကႏြေးေထြးမႈကထြက္သြားေသာ္လည္း နားတစ္ဖက္ႏွင့္ပါးတစ္ဖက္ဆီမွရဲေဆြးေနမႈကမပ်က္ျပယ္ေသး။မထင္ထားခဲ့ဖူးသည့္ကံၾကမၼာအလွည့္အေျပာင္းၾကား ယခုလိုေပ်ာ္စရာေကာင္းသည့္မိသားစုတစ္ခုထူေထာင္ျဖစ္ခဲ့မည္ဟုထင္မွတ္မထားတာမို႔ပိုၿပီးအေလးအနက္ထားျဖစ္သည္။

သားေလးေၾကာင့္ပိုၿမဲသြားသည့္ဆက္ဆံေရးတြင္ တရားဝင္ျဖစ္သြားသည့္သူတို႔အိမ္ေထာင္ေရးကအဖုအထစ္မရွိေအာင္ေခ်ာေမြ႕လြန္းသည္။သူ႕ဘက္ကကိုယ့္အေပၚဂ႐ုစိုက္လြန္းတာလည္းပါတာေပါ့။

Alphaအျဖစ္မွေျပာင္းလဲလာသည့္Omegaတစ္ေယာက္မို႔ ႏူးညံ့မႈသိမ္ေမြ႕မႈဆိုတာမရွိသလို Omegaဆန္သည့္႐ုပ္သြင္လည္းမရွိ။ဖယ္ရိုမုန္းရနံ႕ေတြကအစႏူးညံ့မေနဘဲအရိုင္းဆန္ပါသည္။

ဒီလိုလူတစ္ေယာက္ကိုစြဲလန္းေနသည့္သူကလည္း ပထမဆုံးအတူျဖတ္သန္းဖူးသည့္လူျဖစ္ေနလို႔လားအသစ္အဆန္းမွာေပ်ာ္ဝင္ေနလို႔လားဆိုသည့္အေတြးေတြျဖင့္ ကိုယ့္ကိုယ္ကိုယုံၾကည္ခ်က္ေတြကင္းမဲ့ခဲ့ဖူးသည္။

သို႔ေသာ္ တစ္ရက္ထက္တစ္ရက္အေသးစိတ္ျမင္လာရသည့္သူ႕ခံစားခ်က္ေတြက ကိုယ့္အေပၚေလးနက္လြန္းေနတာမို႔ ကိုယ္တိုင္လည္းမေပ်ာ္ဝင္ဖို႔ဆိုတာသိပ္ခက္ခဲသည္။

သူတစ္ပါးအသုံးခ်ခံအိမ္ေထာင္ေရးသာရွိခဲ့ဖူးတာမို႔ အခ်စ္ေတြေမတၱာေတြႏြေးေထြးမႈေတြဆိုတာမရခဲ့ဖူးသလို ကိုယ့္အေပၚေလးနက္ေပးမည့္ခံစားခ်က္ေတြကိုလည္းမႀကဳံေတြ႕ခဲ့ဖူး။

ယခုလိုတန္ဖိုးထားကာအေလးထားဆက္ဆံတာခံရေတာ့ ဘယ္လိုစိတ္နဲ႕မ်ားေတာင့္ခံနိုင္မွာတဲ့လဲေလ။တစ္ရက္ထက္တစ္ရက္ ကိုယ့္ထက္ငယ္တဲ့ဒီေကာင္ေလးဆီၿပိဳလဲက်ဆင္းရတာပါပဲ။

“ကိုခို ဘာေတြအေတြးလြန္ေနတာလဲေနမေကာင္းဘူးလား”

ထမင္းစားခန္းထဲျပန္ေရာက္လာသူထံမွ ေရခ်ိဳးဆပ္ျပာနံ႕သင္းသင္းကသူ႕ႏွာဖ်ားဆီတိုးေဝွ႕သလို ေအးစက္စက္လက္တစ္ဖက္ကလည္းႏွဖူးထက္ေရာက္လာေလသည္။

“ေကာင္းပါတယ္ ထမင္းစားမယ္ေလခူးၿပီးၿပီ”

လက္စုံစားျဖစ္ေနက်မိဳ႕ သဟဇာတျဖစ္တဲ့ေလထုတစ္ခ်ိဳ႕ကထမင္းစားခန္းထဲရစ္သိုင္းထားသည္။သူ႕ႀကိဳက္တတ္တဲ့ဟင္းေတြပန္းကန္ထဲပုံေပးတိုင္းေက်နပ္သြားတဲ့မ်က္ဝန္းေတြကဟန္ေဆာင္မႈေတြမရွိ။

စားေသာက္ၿပီး အိမ္ေနာက္ဘက္ထင္းရႉးပင္ေတြၾကားလမ္းေလွ်ာက္ျဖစ္သည္။ထင္းရႉးသီးတစ္ခ်ိဳ႕ေႂကြေနတာမို႔ျမက္ခင္းျပင္ေတြၾကားရွဥ့္ေလးေတြေတာင္ေျပးလႊားေနၾကၿပီ။အႏၱရာယ္ေပးမည့္လူမရွိမွန္းသိေတာ့သူတို႔စိတ္ႀကိဳက္ေဆာ့ကစားေနေတာ့တာ။

ေနဝင္ခ်ိန္ေရာက္မွအိမ္ေပၚျပန္တက္ျဖစ္ေတာ့ ခါတိုင္းသားေၾကာင့္အသက္ဝင္ေနက်အိမ္ကတိတ္ဆိတ္လို႔ေနသည္။အသားမက်သလိုသက္ျပင္းတစ္ခ်က္ခ်ရင္းအိပ္ခန္းထဲသာဝင္ခဲ့လိုက္သည္။

ကုတင္ထက္ဖုန္းတစ္လုံးႏွင့္ထိုင္ေနသူက ကိုယ္ဝင္လာတာျမင္ေတာ့ၿပဳံးျပလာေလသည္။

“သားမရွိလို႔ပ်င္းေနတာလားကိုခို”

“အြန္း သားကညအိပ္ညေနသြားက်ဆိဳေပမယ့္ သိပ္အသားမက်ေသးဘူး”

ကုတင္ေပၚတင္ပါးလႊဲထိုင္ေတာ့ ဖုန္းကိုခ်ကာလူကိုသူ႕ဆီဆြဲေခၚေလသည္။

“ေမာင့္ ဘာလုပ္တာလဲ”

“ကိုခိုနဲ႕တိုင္ပင္စရာရွိလို႔”

“ဒီအတိုင္းေျပာလည္းရတာကို”

“ရင္ခြင္ထဲထည့္ၿပီးေျပာခ်င္လို႔ေလ”

“ဘာေျပာမို႔လဲ”

“ေမာင္တို႔ ေနာက္ထပ္ကေလးထပ္ယူၾကရေအာင္”

“ဘယ္လို”

ေနာက္ေက်ာဘက္မွေပြ႕ဖက္ထားသူဆီလည္ပင္းေလးေစာင္းကာေမာ့ေမးမိေတာ့ႏွဖူးထက္ေႂကြတဲ့အနမ္းတစ္ပြင့္ကေပါ့ေပါ့ပါးပါးေလး။အႏြေးဓာတ္ေလးလည္းပါေသးသည္။

“သားေလးကႀကီးေနၿပီ အေဖာ္လည္းမက္တယ္ အခုသူ႕ညီေလးညီမေလးေတြနဲ႕သြားအိပ္တာပဲၾကည့္”

“ဒါေပမယ့္ သားကိုအလုံအေလာက္မခ်စ္ေပးရေသးဘူးလို႔ခံစားရတယ္”

“ေမာင္တို႔အမ်ားႀကီးခ်စ္ေပးထားသလိုေနာက္လည္းထပ္ခ်စ္ေပးေနမွာပဲေလ သားကလည္းနားလည္ေပးတတ္ေနၿပီ ဟိုတစ္ေန႕ကေတာင္ေမးေနေသးတယ္ သူ႕အတြက္ညီေလးမေမြးေပးေသးဘူးလားတဲ့”

“ငါက….”

“ဒါမွမဟုတ္ ကိုခိုကေမာင့္ေၾကာင့္မလိုခ်င္တာလား”

“ဘာဆိုင္လို႔လဲ”

“ေမာင္ကလုံေလာက္ေအာင္မခ်စ္ျပနိုင္လို႔၊လုံေလာက္တဲ့လုံၿခဳံမႈကိုမေပးနိုင္လို႔ ကိုခိုစိတ္မလုံၿခဳံျဖစ္ေနတာ ဘဝတစ္ခုကိုထပ္ယူေဆာင္ဖို႔ယုံၾကည္ခ်က္ကင္းမဲ့ေနတာေပါ့”

“အဲ့လိုမဟုတ္ပါဘူး ငါကကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈမရွိတာပါ”

“အဲ့တာေမာင္ညံ့လို႔ေလ မိသားစုတစ္ခုတည္ေဆာက္ဖို႔အိမ္ေထာင္ဖက္ကစိတ္မလုံၿခဳံျဖစ္ေနရင္ ဦးေဆာင္တဲ့အိမ္ေထာင္ဦးစီးညံ့ေနလို႔ေပါ့”

“မဟုတ္ပါဘူးဆို”

“အဲ့တာဆို ကိုခိုေမာင့္အေပၚဘယ္လိုသေဘာထားလဲ”

“အိမ္ေထာင္ဦးစီးတစ္ေယာက္လိုသေဘာထားပါတယ္”

“ေမာင္ေမးတာအဲ့လိုမဟုတ္ဘူး တာဝန္အရမျဖစ္မေနလက္ထပ္ထားတဲ့အိမ္ေထာင္ေရးတစ္ခုရဲ႕အိမ္ေထာင္ဦးစီးေမာင္မျဖစ္ခ်င္ဘူး ကိုခို႔ရင္ထဲကအသိအမွတ္ျပဳထားတာကတာဝန္အရမို႔လို႔ဆိုရင္အဲ့ဂုဏ္ပုဒ္ကိုေမာင္မလိုခ်င္ဘူး”

“ဘာေၾကာင့္ဆိုတဲ့တြန္းအားေတြမပါဘဲ ကိုယ့္စိတ္ထဲကေနအသိအမွတ္ျပဳထားတဲ့ဂုဏ္ပုဒ္တစ္ခုပါ”

“အဲ့တာဆိုကိုခိုေမာင့္ကိုခ်စ္လား”

“အခ်စ္ဆိုတာဘယ္လိုအရာကိုေခၚလဲငါမသိဘူး”

“ဒါဆို ေမာင့္အနားမွာေနရတာေပ်ာ္လား သားေၾကာင့္မဟုတ္ဘဲနဲ႕ေမာင့္ေၾကာင့္ေပ်ာ္ရလား”

“အြန္း ေပ်ာ္တယ္”

“ေမာင္နဲ႕ေနရတာ စိတ္မြန္းၾကပ္လား”

“ဟင့္အင္း အဲ့လိုေတြမရွိဘူး ဘာဖိအားမွမရွိသလိုလုံၿခဳံတယ္လို႔အၿမဲခံစားရတယ္ ၿပီးေတာ့ႏြေးေထြးတယ္”

“ေမာင္နဲ႕တစ္သက္လုံးေနသြားရမယ္ဆိုရင္ေရာ စိတ္အႏွောက္အယွက္အျဖစ္ေတြးမိမွာလား”

“မေတြးမိဘူး ငါ့မသိစိတ္ထဲမွာကိုကဒီအေျခေနအတိုင္းတစ္သက္လုံးရွိသြားေစခ်င္တာ”

“ဒါဆို သားအတြက္ထည့္မစဥ္းစားရင္ ေမာင့္အတြက္ကေလးတစ္ေယာက္ေမြးေပးဖို႔ဆႏၵရွိမွာလား”

“အဲ့ဒါက….”

“ဆႏၵမရွိဘူးလား”

“မဟုတ္ပါဘူး….ငါ”

“…………….”

“ငါဆႏၵရွိပါတယ္”

“ဒါဆိုႀကိဳးစားၾကည့္ၾကမလား”

မရိုးသားတဲ့လက္ေတြအဝတ္ေတြၾကားခရီးဆက္သလို လွည့္ဖ်ားတတ္တဲ့ႏႈတ္ခမ္းေတြကလည္ပင္းၾကားစခန္းခ်ၿပီးၿပီ။ဘယ္လိုစြမ္းအားေတြနဲ႕မ်ားျငင္းဆန္နိုင္မတဲ့လဲ။

“မင္းဆႏၵရွိသလိုေပါ့”

ခြင့္ျပဳခ်က္ရတဲ့အခါ တြန့္ဆုတ္မႈမရွိဦးေဆာင္သြားတာကသာယာမႈနယ္ေျမဆီ။အခန္းမီးေတြမမွိတ္ရေသးတာမို႔အရာရာဟာရွင္းလင္းလြန္းေနသည္။

တိုးတိုက္သြားတဲ့ရနံ႕ႏွစ္ခုမွာဝိုင္နံ႕ေတြကအနိုင္ရသည္။တြယ္ၿငိမႈျပင္းျပင္းမွာဦးေဆာင္လိုစိတ္အျပည့္ႏွင့္ပိုင္ဆိုင္လိုမႈေတြျပည့္ဝေနတာမို႔ဘယ္လိုလုပ္ၿပီးတြန္းလွန္နိုင္မတဲ့လဲ။

ျပန့္က်ဲသြားသည့္အဝတ္အစားေတြကဟိုတစ္စဒီတစ္စ။သူ႕အနမ္းရာေတြကိုယ့္ေပၚေျခခ်ထားသလိုေပါ့။

“ကိုခို႔ရဲ႕အသားအေရေလးေတြကအရမ္းႏူးညံ့တာပဲ ဒီအတိုင္းၾကည့္ရင္မသိသာဘဲနဲ႕ထိေတြ႕မိရင္ျပန္မခြာခ်င္ေတာ့ဘူး”

တစ္ကိုယ္လုံးအႏွံ႕သူ႕လက္ေတြေျခဆန့္ရင္းပါးစပ္ကလည္းတဖြဖြေျပာေနေသးသည္။

“ဒီအေၾကာင္းေတြ ေမာင္တစ္ေယာက္ပဲသိခြင့္ရွိတာ အဟင္းးးးး”

ပိုင္ဆိုင္လိုမႈအျပည့္မ်က္ဝန္းေတြႏွင့္ကိုယ့္မ်က္ဝန္းေတြထဲစူးစိုက္ၾကည့္လာေလသည္။ရမၼက္ႏြံထဲက႐ုန္းမထြက္နိုင္တဲ့ကိုယ့္မွာေတာ့စကားမျပန္နိုင္ဘဲ အေမာတေကာအသက္ရႉသံေတြႏွင့္သာတုန့္ျပန္နိုင္သည္။

“ေမာင္…မီး…မီးပိတ္လိုက္ပါလား”

“ဟင့္အင္း ေမာင့္ေၾကာင့္ျဖစ္တည္လာမဲ့ကိုခို႔အမူအယာအားလုံးကိုလက္မလႊတ္နိုင္ေအာင္အထိ ေမာင္ကကိုခို႔အေပၚရယူလိုစိတ္ျပင္းတယ္”

လွန္တစ္ခါေမွာက္တစ္လွည့္မၿပီးဆုံးနိုင္တဲ့ဇာတ္ေမွ်ာမွာ အားအင္ေတြဆုတ္ယုတ္ကာေမာပန္းလာရသည္။

“ကိုခို႔ဖယ္ရိုမုန္းေတြကိုေမာင္တကယ္ႀကိဳက္တာ”

တစ္ကိုယ္လုံးကိုသိမ္းႀကဳံးဖက္ထားၿပီးလည္ပင္းၾကားေခါင္းဝင္တိုးကာ နီးကပ္နိုင္သေလာက္ဆြဲယူၿပီးအသက္ဝဝရႉသြင္းသည္။

“ေမာင္ဘယ္ေတာ့မွမတင္းတိမ္နိုင္မဲ့ရနံ႕”

“ေတာ္ေလာက္ၿပီေလ မလုံေလာက္ေသးဘူးလား”

“အသက္ေသသြားရင္ေတာင္လုံေလာက္မွာမဟုတ္ဘူး ျဖစ္နိုင္ရင္ၿမိဳခ်ထားခ်င္တာ”

“ကိုယ္ပင္ပန္းေနၿပီ”

“ဒီအရွိန္ေလာက္နဲ႕ကေလးေလးေရာက္လာပါ့မလား”

“ကိုယ္ကအသက္ႀကီးေနၿပီ”

ၿမိဳသိပ္ထားသည့္အားငယ္မႈတစ္ရပ္ဟာမထင္မွတ္ထားစြာပြင့္ထြက္လာရသည္။

“ၿပီးေတာ့ ကိုယ္ကAlphaကေနမ်ိဳးေျပာင္းလာတဲ့Omega အရင္တစ္ခါရလာတာကိုကကံေကာင္းျခင္းတရပ္ျဖစ္ေနမွာ”

“ေမာင့္ႀကိဳးစားမႈမလုံေလာက္ေသးလို႔ေရာက္မလာေသးတာပါ ေမာင္ကအမ်ားႀကီးပိုႀကိဳးစားေပးမယ္”

ထပ္မံက်ေရာက္လာတဲ့သာယာမႈေတြေၾကာင့္အေတြးေတြပါထြက္ေျပးကုန္သည္။

“ေလွ်ာက္ေတြးေနမဲ့အစားေမာင့္ဆီမွာအာ႐ုံအျပည့္ထားလိုက္”

ေတြးခ်ိန္မရေအာင္ျပဳစားသူေၾကာင့္ထိုညကအိပ္ေရးပ်က္ရသည္။အရာအားလုံးေမ့ကာကိုယ့္နံမည္ကိုေတာင္ေမ့ေလာက္သည္အထိ။

ထိုေန႕မွစသည့္သူ႕ေမတၱာမိုးဟာစေနမိုးလိုေစြေတာ့သည္။အၾကည့္ေတြမွစကာအထိအေတြ႕ေတြအဆုံး တအုန္းအုန္းသည္းတဲ့မိုးေတြလို လက္ခံသူမွာၿပိဳလဲရသည္အထိ။
.
.
.

“ကိုစက္ရိပ္မလာတာၾကာၿပီေနာ္”

“ဟုတ္တယ္ သားေလးစာေမးပြဲနားနီးေနေတာ့ဂ႐ုစိုက္ေပးေနရလို႔ေလ ဒီကိုေရာက္မလာျဖစ္ဘူး”

“ဟုတ္လို႔လားဗ်ာ ေတာက္တဲ့အႀကီးစားႀကီးေၾကာင့္ေျခကုန္လက္ပန္းက်ေနတာမဟုတ္ဘူးလား”

“မဟုတ္ပါဘူးဗ်ာ”

ရည္ၫႊန္းခ်င္သည့္အရာကိုတန္းနားလည္သြားတာမို႔နား႐ြက္ေတြမွစကာဂုတ္စပ္ေတြအထိနီရဲသြားတဲ့အသားအေရကသိပ္သိသာလြန္းသည္။

“ကြၽန္ေတာ္တို႔သတင္းေတြၾကားပါတယ္ဗ်ာ ေဆး႐ုံဥကၠ႒ႀကီးကခုတေလာတအားေတြတက္ႂကြေနတာတဲ့ မသိရင္ေန႕ေရာညပါအားေဆး….”

“ဟိုေကာင္ငါ့လူကိုဘာေတြေလွ်ာက္ေျပာေနတာလဲ”

“ဥကၠ႒ ဟဲဟဲ ခုတေလာပိုေခ်ာလာသလိုပဲေနာ္”

အနားကိုေလွ်ာက္လာသည့္တစ္ေယာက္ေသာသူကိုျမင္ေတာ့ရယ္က်ဲက်ဲႏွင့္ေလာကြတ္ေခ်ာ္ေနေလသည္။

“အဲ့တာငါ့အိမ္သားေလးေၾကာင့္ေလ မင္းတို႔အပူပါလား”

“မပါပါဘူး အဟဲ ကိုယ့္ေဆး႐ုံကဥကၠ႒ဆိုေတာ့ဂုဏ္ယူလို႔ပါ”

“သြား ကိုယ့္အလုပ္ကိုသြားလုပ္ မဟုတ္ရင္အလုပ္ထုတ္ပစ္မယ္”

“ဟာဗ်ာ အရမ္းအနိုင္က်င့္တာပဲ ကိုစက္ရိပ္ေျပာေပးအုံး အငယ္ေတြကိုအာဏာသုံးၿပီးဖိႏွိပ္ေနတယ္”

“အခုသြားမွာလား အခုအလုပ္ထုတ္ရမွာလား”

“သြားၿပီ”

လွစ္ကနဲေနေအာင္ေျပးေတာ့ Duty Coatအနားစကေလထဲတဖ်တ္ဖ်တ္လြင့္သည္။

“ကေလးေတြကိုအနိုင္က်င့္ေနက်လား”

“ေပါက္ေပါက္ရွာရွာ ေမာင္လိုလူကဘယ္လိုလုပ္အနိုင္က်င့္တတ္မွာလဲ အခုလည္းကိုခို႔ကိုအေနခက္ေအာင္လုပ္လို႔ကာကြယ္ေပးရတာပါေနာ္ ေက်းဇူးမတင္ဘဲအျပစ္ကေျပာခံရေသးတယ္ မိုးကုတ္စက္ဝိုင္းတို႔ကံနိမ့္ေနတယ္ထင္တယ္”

“မဟုတ္ပါဘူးကြာ ကိုယ္က….”

“အဲ့တာဆိုအနမ္းေလးေပး”

“ဘာရယ္”

မ်က္ႏွာကိုေရွ႕တိုးေပးကာၿပဳံးစစႏွင့္ေျပာလာတာမို႔ ေခါင္းကိုေနာက္သို႔တိမ္းေရွာင္ရင္း မ်က္လုံးျပဴးသြားရသည္။

“ေမာင္အားငယ္သြားတာမလို႔ အနမ္းနဲ႕ႏွစ္သိမ့္ေပးေလ”

“လူ…လူျမင္ကြင္းႀကီးမွာ”

“လာ အခန္းထဲသြားမယ္”

ဇြတ္ဆြဲေခၚသြားရာကန့္လန့္ပါသြားရင္းလမ္းမွာေတြ႕တဲ့သူေတြကိုလည္းမ်က္ႏွာပူရေသးသည္။ဒီေကာင္ေလးဟာေလ အမ်ားေလးစားခံေဆး႐ုံဥကၠ႒တစ္ေယာက္ျဖစ္ေနၿပီးေတာ့ တစ္ခါတစ္ေလကေလးဆန္တတ္ တုန္းပဲ။

“နမ္းလို႔ရၿပီ”

သူ႕ကိုယ္ပိုင္႐ုံးခန္းထဲအေရာက္ဆိုဖာေပၚတြန္းခ်ၿပီးတာႏွင့္မ်က္ႏွာအနားဇြတ္တိုးကပ္လာေလသည္။တလက္လက္ေတာက္ပေနသည့္ထိုမ်က္ဝန္းေတြကိုၾကည့္ရင္း ေကြးၫြတ္ေနသည့္ႏႈတ္ခမ္းေတြကိုဖိကပ္ပစ္မိသည္။

မ်က္ဝန္းေတြမွာမဖုံးကြယ္နိုင္သည့္ျမတ္နိုးျခင္းေတြဟာ ကိုယ္လိုငတုံးတစ္ေယာက္ပါေဖာက္ျမင္နိုင္သည္အထိျပည့္လွ်ံက်လိဳ႕ေနသည္။တစ္သက္မွာတစ္ခါသာျဖစ္တည္မႈမ်ိဳးျဖင့္သူ႕အေပၚနစ္ဝင္ျခင္းဟာ သက္ဆုံးတိုင္ထိတည္ၿမဲမည္ထင္ပါသည္။

“ကိုလတ္…. အဲ sorry sorry ဆက္လုပ္”

႐ုတ္တရတ္တံခါးဖြင့္ကာဝင္လာသည့္ Geoကသားကိုမ်က္လုံးအုပ္ေပးကာ ၿပဳံးတုံ႕တုံ႕ႏွင့္မို႔ ေယာင္ရမ္းကာမတ္တပ္ထရပ္မိသည္အထိထူပူသြားရသည္။

“မင္းအခန္းထဲမဝင္ခင္တံခါးအရင္မေခါက္တတ္ဘူးလား”

ၾကည္ႏူးစရာအခ်ိန္ေလးအႏွောင့္ယွက္ခံလိုက္ရတာမို႔ မၾကည္သာေတာ့တဲ့မ်က္ႏွာႏွင့္စူေအာင့္ေအာင့္ေျပာလာေလသည္။

“ကိုလတ္ကLockခ်ထားေလဗ်ာ ႐ုံးခန္းထဲမဟုတ္တာလုပ္ေနမယ္လို႔မွမထင္ထားတာ”

“ဘာမဟုတ္တာတုန္း နမ္း႐ုံတင္နမ္းေနတာ”

“ကြၽန္ေတာ္ေရာက္မလာရင္မေသခ်ာပါဘူး”

“ပါပါး”

သူတို႔ညီအစ္ကိုျငင္းခုန္ေနတုန္း တိမ္တိုက္ေလးကစက္ရိပ္လက္ေမာင္းၾကားေျပးဝင္ေလသည္။နမ္းေနတုန္းလူမိသြားလို႔ရွက္ေနတာထက္ သားေလးေတြ႕လိုက္မည္ဆိုးတာေၾကာင့္ပိုအေနရခက္ပါသည္။

“သားနဲ႕အျပင္ခဏလိုက္ခဲ့”

လက္ကိုဆြဲကာအခန္းထဲကေခၚထုတ္သြားတာမို႔ ဘာစကားမွမေျပာဘဲပါသြားသူကိုၾကည့္ရင္း Horizonႏွာေခါင္းရႈံ႕လိုက္သည္။သူမ်ားသာယာေနခ်ိန္ဆိုအဖ်က္အေမွာင့္ေတြကေပါကိုေပါတယ္။

“အဲ့႐ုပ္ကဘာျဖစ္ေနတာလဲဗ်”

“မင္း ၾကားဝင္ရႈပ္လို႔ေလ”

“ေဟာဗ်ာ ျဖစ္ရတယ္ရွိေသး ကြၽန္ေတာ္ကသူတို႔ကိုလိုက္ပို႔ရင္းေနာင္းညိုတို႔နဲ႕စကားေျပာရင္းက်န္ေနခဲ့တာ အတူတူသာလာရင္ခုနကအနမ္းေလးေတာင္ရလိုက္မွာမဟုတ္ဘူး”

“ဘာလာလုပ္တာတုန္း”

“ကိုလတ္အမ်ိဳးသားကေနသိပ္မေကာင္းခ်င္လို႔ဆိုလို႔ေနာင္းညိုဗိုက္ကိုရက္ခ်ိန္းလာျပရင္းလမ္းႀကဳံလာပို႔ေပးတာ သူကမေျပာဘူးလား”

“မေျပာဘူး ေနအုံး လိုက္ၾကည့္လိုက္အုံးမယ္”

“ဒယ္ဒီ”

ထိုင္ေနရာမွကမန္းကတမ္းထကာအျပင္လိုက္ထြက္မည္ျပင္ေတာ့ သားကစိုးရိမ္တႀကီးအခန္းထဲေျပးဝင္လာေလသည္။

“သား ဘာျဖစ္လို႔လဲ ပါပါးေရာ”

“ပါပါးမူးလဲလို႔”

“ဘယ္လို… Geoသားကိုေပြ႕ခဲ့”

စိုးရိမ္စိတ္ငယ္ထိပ္တက္ေဆာင့္ကာအျပင္ေျပးထြက္ရင္း သားကိုေတာ့Geoႏွင့္လႊဲခဲ့လိုက္သည္။

“ဥကၠ႒အမ်ိဳးသား ဒီဘက္မွာဗ်”

သူေျပးလာတာျမင္ေတာ့ဆရာဝန္ေလးကအလိုက္တသိလမ္းျပေလသည္။ကုတင္ထက္ေမွးစက္ေနသူကမ်က္ႏွာေလးနည္းနည္းႏြမ္းေန႐ုံကလြဲသတိေတာ့လစ္မေန။

“ဘယ္လိုလဲ အဆင္ေျပရဲ႕လား ဘယ္နားကေနလို႔အဆင္မေျပျဖစ္ေနတာလဲေမာင့္ကိုေျပာ”

လက္ဖဝါးေတြကိုဖိညွစ္လိုက္ႏွဖူးေလးကိုလက္ႏွင့္သပ္လိုက္ႏွင့္ျပာယာခတ္ေနသူကိုအားေဖ်ာ့စြာသာၿပဳံးျပလာေလသည္။

“စိတ္ေလွ်ာ့ပါဥကၠ႒ရယ္ အရမ္းႀကီးမစိုးရိမ္ပါနဲ႕”

“မစိုးရိမ္လို႔ရမလား အခုက…”

“ေမာင့္”

ေဘးကအၿပဳံးႏွင့္ရွင္းျပမည့္ဆရာဝန္ကိုစိုးရိမ္မႈေၾကာင့္အသံမာမိေတာ့လက္ဖဝါးကိုဖြဖြညွစ္ကာတားဆီးလာေလသည္။

“ကဲစိတ္ေလွ်ာ့ပါဗ်ာ ဒီအခ်ိန္ကေပ်ာ္ရမဲ့အခ်ိန္ကို”

“ဘာကိုေပ်ာ္ရမွာလဲ”

“ကေလးႏွစ္ေယာက္အေဖျဖစ္ေတာ့မွာမို႔လို႔ေပါ့ဗ်”

“ကေလးႏွစ္ေယာက္အေဖ”

ခပ္တိုးတိုးသံေယာင္လိုက္ၿပီးမွ တြန့္ေနတဲ့မ်က္ခုံးေတြေျပကာ ေတာက္ပလာတဲ့သူ႕မ်က္ႏွာ….

“ကိုခို တကယ္လား”

“အဲ့တာကေတာ့ဥကၠ႒ကိုယ္တိုင္ပဲေသခ်ာစမ္းသပ္ၾကည့္လိုက္ေပါ့ဗ်ာ ကြၽန္ေတာ္တို႔အဖြဲ႕ကမႏွောင့္ယွက္ေတာ့ပါဘူး”

ေျပာရင္းထြက္သြားကာ အခန္းထဲသူတို႔ႏွစ္ေယာက္ကိုသာခ်န္ထားခဲ့ေလသည္။

အေပ်ာ္ေတြျပည့္ေနတာမို႔စကားသြက္ေနက်ႏႈတ္ခမ္းေတြပြင့္ဟေပမယ့္ဘာမွထြက္မလာ။

“မနက္အိပ္ယာထေတာ့ရင္ျပည့္ေနတာနဲ႕Geoကိုလိုက္ပို႔ခိုင္းလိုက္တာ ႐ုတ္တရတ္ဆိုေတာ့အဲ့ကိစၥကိုသတိမထားမိဘူးျဖစ္သြားတယ္ ေစာနဆရာဝန္ကေမးမွသတိရသြားတာ သိပ္ေတာ့မေသခ်ာေသးဘူးထင္တယ္”

“ေသခ်ာသြားေအာင္ေမာင္ကိုယ္တိုင္စမ္းသပ္ေပးမယ္”

အျပင္ဘက္မွGeoႏွင့္တိမ္တိုက္ေလးမွာေတာ့ ထြက္လာသည့္ဆရာဝန္ေတြရဲ႕တားျမစ္မႈေၾကာင့္အျပင္ဘက္မွာသာမတ္တပ္ေလး။အိမ္ကလူေတြကိုလည္းအေၾကာင္းၾကားဖို႔အဆင္သင့္။

သိပ္မၾကာခင္ထြက္လာတဲ့ႏွစ္ေယာက္ရဲ႕မ်က္ႏွာကေမးစရာမလိုေအာင္သိပ္သိသာပါသည္။ပါးစပ္နား႐ြက္တက္ခ်ိတ္မတတ္ၿဖီးေနတဲ့Alphaရယ္ တစ္မ်က္ႏွာလုံးရဲေနေပမယ့္အၿပဳံးေတြျပည့္ေနတဲ့Omegaရယ္…

“တိမ္တိုက္ သားအစ္ကိုႀကီးျဖစ္ေတာ့မယ္”

######################

ၿငိမ္း🌞🌻

Extraထပ္မရွိေတာ့ပါဘူးရွင့္😘😘😘

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) Extra (Horizon+ဆောင်းစက်ရိပ်ခို), novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) Extra (Horizon+ဆောင်းစက်ရိပ်ခို), read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) Extra (Horizon+ဆောင်းစက်ရိပ်ခို) online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) Extra (Horizon+ဆောင်းစက်ရိပ်ခို) chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) Extra (Horizon+ဆောင်းစက်ရိပ်ခို) high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) Extra (Horizon+ဆောင်းစက်ရိပ်ခို) light novel, ,

Comment

Leave a Reply

Chapter 62