Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၆

A+ A-

ငယ်ငယ်အိမ်မှာနားနေတာနှစ်ပတ်ရှိပြီ။ခြေထောက်လည်းပြန်ကောင်းနေပြီမို့ ဒီနေ့အပြင်ထွက်ချင်နေသည်။ပန်းချီဆွဲဖို့လိုအပ်တာတွေလည်းသွားဝယ်ရအုံးမည်။နောင်းညိုလည်းအားတာကြောင့် လိုက်ပို့ဖို့ပူဆာထားတာ။

“ကိုယ့်နားကနေ ဘယ်မှလျှောက်မသွားနဲ့နော်”

“အင်းပါ”

“လျှောက်လည်းမငေးနဲ့ ကြည့်ချင်တာရှိရင်ပြောလိုချင်တာရှိရင်လည်းပြော မနေ့ကမှ မမကမုန့်ဖိုးပေးထားတာ”

“ဟုတ်”

“ခြေထောက်ကတကယ်ကောသက်သာလို့လား လမ်းလျှောက်တော့ပြန်မနာဘူးလား”

“မနာပါဘူး လုံးဝသက်သာသွားပြီ “

“ဘာစားချင်တာရှိလဲ”

“စတော်ဘယ်ရီဖျော်ရည် သောက်ချင်တယ်”

“ဟုတ်ပြီပစ္စည်းတွေဝယ်ပြီးလို့ အောက်ပြန်ဆင်းရင်သွားသောက်ကြမယ်”

ပစ္စည်းတော်တော်များများဝယ်ပြီးတော့ အိမ်ကိုပဲပို့ခိုင်းလိုက်သည်။အများကြီးဆိုတော့ သယ်မသွားချင်တော့ဘူး။ကော်ဖီဆိုင်ဘက်သွားတော့ နောင်းညိုကောင်မလေးနှင့်တိုးသည်။

“အယ် Acacia (ထနောင်း)”

“ခြူး စျေးဝယ်ထွက်လာတာလား “

“ဟုတ်တယ် ဒါကလခြမ်းထင်တယ်”

သူ့ဘက်လှည့်ကာမေးလာသူကအပြုံးလှလှလေးနှင့်။

“ဟုတ်ကဲ့”

“အိစ်စ်ချစ်စရာလေးတော့ Acaciaပြောပြောနေလို့နံမည်ကရင်းနှီးနေတာ”

ပြောလည်းပြော အသည်းယားဟန်လက်သီးကို ဆုပ်လိုက်ဖြန့်လိုက်လုပ်နေတာမို့ရှက်သွားရသည်။

“နောင်းညိုစကားပြောမှာဆိုပြောအုံးလေ ငယ်ငယ်စတော်ဘယ်ရီဖျော်ရည်သွားဝယ်လိုက်မယ် နောင်းညိုကAmericanoသောက်မှာမလား “

“အွန်း”

“ဒီဘက်ကကော ဘာသောက်မလဲဟင်”

“တော်ပါပြီရှင် ခြူးကပြန်တော့မှာ”

“ဟုတ် စကားပြောနေခဲ့အုံးနော် “

ပြောရင်းဆိုင်ဘက်ထွက်လာလိုက်​​တော့ ဆိုင်က​လူရှင်းနေသည်။သူ့အတွက်အဆင်ပြေတာပေါ့ သူကလူရှူပ်ရင်မသွားရဲဘူး။

“စတော်ဘယ်ရီတစ်ခွက် Americanoတစ်ခွက် “

“ဟုတ်ကဲ့ ခဏလေးစောင့်ပါဗျ”

“ဟုတ်ကဲ့”

ဆိုင်ပိုင်ရှင် Alphaအစ်ကိုကြီးကအပြုံးချိုသည်။လမ်းထိပ်စျေးဆိုင်ကအန်တီကြီးကို တန်းသတိရမိတာပဲ။အန်တီကြီးကပဲနို့ဗူး လက်ဆောင်ပေးနေကျ။သားသမီးမရှိသည့် Betaအန်တီကြီးကငယ်ငယ့်အားသိပ်ချစ်သည်။

“ရပါပြီဗျ”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်”

ပိုက်ဆံရှင်းနေတုန်းနောက်ကခြေသံတစ်ချို့ကြားသော်ငြားလှည့်မကြည့်ဖြစ်။အိမ်လွမ်းသည့်အတွေးတစ်ချို့ကြောင့်စိတ်ကသိပ်မလန်းချင်တော့။

“အ”

နောက်အလှည့်မှာ ရင်ဘတ်တစ်ခုအား ခေါင်းနှင့်ဝင်တိုက်မိသည်။ကော်ဖီပူပူက ရှေ့ကလူCoatပေါ်ဖြန်းခနဲ။မော့ကြည့်မိတော့သူ့ကံဆိုးခြင်းထိုလူ။ထပ်ပြီးတိုက်မိပြန်တာလည်းထိုလူပါတဲ့။ပြီးတော့ သူ့Coatကိုထပ်ပြီးညစ်ပတ်စေမိပြန်ပါပြီ။

“မင်းတော်တော်မျက်နှာပြောင်တိုက်တာပဲ”

စွပ်စွဲမှုတစ်ခုကိုနားမလည်စွာသူကြောင်အအလေးကြည့်နေမိတယ်။

“အရမ်းတွေဇာတ်လမ်းဆင်ချင်နေတယ်ပေါ့
ကောင်းပြီ ငါကလည်းဇာတ်လမ်းအတိုင်းသွားပေးမယ်”

သူ့ပြောစကားတွေနားမလည်ခင် လက်ကျန်ကော်ဖီခွက်ကဆွဲယူခံလိုက်ရသည်။ပြီးတော့ သူ့မျက်နှာဆီဦးတည်လာတဲ့အခါ ကယောင်ကတန်းလက်နဲ့ကာမိလိုက်တော့ လက်ဖမိုးတစ်ခုလုံးပူခနဲ။

“နောက်တစ်ခါငါ့အင်္ကျီကိုထပ်ပြီးညစ်ပတ်အောင်လုပ်ရင် မင်းတစ်ကိုယ်လုံးကို..”

စကားမဆုံးခင် သူပြေးထွက်ခဲ့လိုက်သည်။သူသိတယ်။သူ့တစ်ကိုယ်လုံးစုတ်ပြတ်သတ်ပြီး သူ့ဘာသာတောင်မသတီတော့တဲ့အထိ ဖျက်ဆီးနိုင်ကြောင်းသူသိတယ်။အဲ့ဒီအိမ်မက်ဆိုးကြောင့် မအိပ်ရဲတဲ့ညတွေတောင်ရှိခဲ့တာပဲ။

သူပြေးလွှားရင်းဆိုင်ဘက်လျှောက်လာတဲ့နောင်းညိုနဲ့တိုးသည်။

“လခြမ်း ဘာဖြစ်လာတာလဲ”

“လက် လက်ကိုအပူလောင်သွားတယ်”

ဒီနေရာကနေ ဝေးဝေးပြေးချင်စိတ်ကြောင့် ဒဏ်ရာကိုအကြောင်းပြမိသည်။နောင်းညိုတစ်ယောက်ပျာယာခတ်ပြီးဆေးခန်းဆီပွေ့ပြေးတော့တာ။ဒဏ်ရာရတာလက်ဖြစ်နေတာကြောင့်လမ်းလျှောက်နိုင်သော်ငြားသူမတားမိတော့။မျက်ရည်တစ်ချို့ကြောင့်အမြင်မှုန်ဝါးခြင်းနှင့်အတူ ခြေထောက်တွေပါပျော့ခွေနေခြင်းမှာ အိမ်မက်ကိုသတိရသွားခြင်းကြောင့်သာ။

သူလည်းမမှားပါဘဲနဲ့ဘာလို့သူချည်း ဒဏ်ရာရနေတာလဲ။သူလည်းတမင်သက်သက်မလုပ်ပါဘဲနဲ့ သူ့ကိုဘာလို့မုန်းနေရတာလဲ။ကံကြမ္မာကိုမပြောင်းလဲနိုင်တာကြောင့် ဇာတ်လမ်းအတိုင်းပဲသူတကယ်သေပေးရတော့မှာလား။ရှောင်လွှဲလို့မရတော့ဘူးလား။သူ့ဘက်က မဆွဲဆောင်ရင်တောင်သတ်ပစ်ချင်သူက အကြောင်းပြချက်မရှိသတ်ပစ်တော့မှာတဲ့လား။

တွေးရင်းငိုမိတော့နောင်းညိုက စိုးရိမ်တကြီး….

“ရောက်ပြီလေနော်မငိုနဲ့တော့ ဆရာဒီမှာ လက်ကိုအပူလောင်သွားလို့လုပ်ပါအုံး”

အရင်တစ်ခါတွေ့တဲ့ဆရာဝန်က သူ့ကိုထပ်မြင်လိုက်ရတော့အံဩသွားဟန်။ထို့နောက်ချက်ချင်းပြေးလာပြီးလက်အိတ်စွပ်ကာ အနာအားကြည့်သည်။လက်ကိုရေအေးအေးနဲ့ဆေးပြီး လိမ်းဆေးလိမ်းပေးသည်။

“ဘယ်လိုဖြစ်တာလဲ”

ဆရာဝန်ရဲ့အမေးကညင်ညင်သာသာ

“မတော်တဆ ကော်ဖီပူလောင်းမိတာ”

သူ့အဖြေအဆုံးဒေါသထွက်သွားသူကနောင်းညို

“ဘယ်သူ့ကြောင့်တုန်းဆိုင်ကကောင်လား”

“ကိုယ့်ဘာသာကို”

“အရမ်းပေါ့ဆတာပဲလခြမ်းရာ အနားမှာခဏလေးမရှိလိုက်ရင်တန်းဒဏ်ရာရတော့တာပဲ ဒီကိုလာတာမှနှစ်ခါလေးရှိသေးတယ် နှစ်ခါလုံးဒဏ်ရာနဲ့ဒဏ်ချက် တိမ်ငွေ့သိရင်အအော်ခံရတော့မှာပဲ”

စိတ်ဆတ်တတ်သူက သူငယ်ချင်းလေးတစ်ခုခုဖြစ်တိုင်းဂရုဏာဒေါသနဲ့အမြဲဆူနေကျမို့ နှစ်ယောက်လုံးကရှိန်ပါသည်။

“မပြောနဲ့လေနော်”

“အင်းပါ ဆရာပြန်လို့ရပြီလား”

နှစ်သိမ့်သလိုအနာမရှိတဲ့လက်လေးတစ်ဖက်ကိုဆုပ်ကိုင်ပေးလာရင်း ဆရာဝန်အားလှည့်မေးလိုက်သည်။

“ရပြီ အနာကိုရေမထိစေနဲ့နော် ကံကောင်းလို့ သိပ်ဒဏ်ရာမပြင်းဘူး အရေပြားအပေါ်ယံအလွှာဘဲ အမာရွတ်သေးသေးလေးတော့ ကျန်လောက်တယ် အမာရွတ်ပျောက်ဆေးပါပေးလိုက်မယ်နော် သောက်ဆေးနဲ့လိမ်းဆေးလေးယူသွား”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျ”

အိမ်ပြန်ရောက်တော့ အခန်းထဲမှာလေထုအခြေနေမကောင်း။တိမ်ငွေ့ကမပြောမဆိုရောက်ချလာခြင်း။အကြောင်းမကြားဘာမကြားဖြင့်ရောက်လာသူက အခန်းရှေ့မှာစောင့်ကြိုသည်။

ငိုထား၍အစ်နေသောလခြမ်းမျက်လုံးနှင့်လက်ဖမိုးရဲရဲအားမြင်ချိန်မှာ ဒေါသထွက်သွားတော့တာဘဲ။

အရင်တစ်ခါခြေထောက်တုန်းကလည်း တစ်ပါတ်လုံးအနားမှာလိုအပ်တာတွေလုပ်ပေးရင်းအိမ်မပြန်ဖြစ်သူ။ထိုင်ရာကထလျှင်တောင်ပြန်ခိုက်မိမှာဆိုးလို့ အဆူခံရသည်။ပြန်တော့လည်းနောင်းညိုကိုသေချာမှာခဲ့သူက မသိလျှင်ကလေးအဖေကြီးလို။

ယခုနောက်တစ်ခါပြန်လာတော့ ဒဏ်ရာအသစ်နှင့်ဆီးကြိုသည်။အပြစ်လုပ်ထားမိသလိုဖြင့် နှစ်ယောက်သားအခန်းတံခါးဖွင့်ပေးတော့ စကားမဆိုဘဲအခန်းထဲဝင်သွားသူ။ပြီးတော့ တည်တင်းနေသည့်မျက်နှာဖြင့် ဆိုဖာပေါ်မတ်မတ်ထိုင်နေသည်။

မျက်နှာချင်းဆိုင်ဆိုဖာမှာ နှစ်ယောက်သား ကုတ်ကုတ်လေးဝင်ထိုင်လိုက်တာကအပြစ်သားတွေလို။အသက်ရှူသံတောင်မကြားရသည်အထိ အခန်းကတိတ်တိတ်ဆိတ်ဆိတ်။

“ပြော ဘာဖြစ်လာတာလဲ”

​ဆောင့်ကနဲထွက်လာတဲ့အသံကမကျယ်သော်ငြား တုန်တက်သွားတာနှစ်ယောက်စလုံး။လခြမ်းဘေးကိုလှည့်ကာအကူအညီတောင်းတော့ နောင်းညိုကရဲဆေးတင်သည်။

“အဟမ်း မတော်တဆအပူလောင်သွားတာ”

“ဘာသွားလုပ်လို့ အပူလောင်တာလဲ”

“Coffee သွားဝယ်တာ”

“မင်းကဘာလုပ်နေတာတုန်း”

အငိုသန်သူလခြမ်းကိုမဆူရက်တော့ နောင်းညိုသာအဟောက်ခံရတော့တာ။

“နောင်းညိုနဲ့မဆိုင်ပါဘူး ငယ်ငယ်နမော်နမဲ့နိုင်လို့ဖြစ်သွားတာ”

ပြောရင်းခေါင်းငုံ့ချလိုက်တော့ မျက်ရည်ကပေါက်ခနဲ။ပြီးမှ တအိအိငိုမိသွားတာအသံတွေပါထွက်လာသည်အထိ။

“အင့် အဟင့် ဝူး”

“ဟာမငိုနဲ့လေ ဘာလို့တုန်း မငိုပါနဲ့”

နောင်းညိုကထိတ်ထိတ်ပြာပြာဖြစ်သွားမှ တိမ်ငွေ့ကပါဆိုဖာဘေးရောက်လာသည်။ပြီးတော့ မျက်နှာလေးအားလက်နှစ်ဖက်ဖြင့်ဆွဲမော့ကာ

“ဘာဖြစ်လို့ငိုတာတုန်းလခြမ်းရဲ့ ငါဆူလည်းမဆူရသေးပါဘူး”

“မင်းက အီးဟီး အော်တယ် ဝူး”

“အော်တာမဟုတ်ပါဘူးကွာ စိုးရိမ်သွားလို့ပါ တစ်ခါတွေ့တိုင်းဒဏ်ရာတစ်ခုရနေတော့ စိုးရိမ်သွားလို့ပါနော် မအော်ပါဘူး မတော်တဆဖြစ်တာပဲလေ ကိုယ်ကစိတ်ပူလို့ပါ”

“အီးဟီးး”

ခါးကိုဖက်ကာ ရင်ခွင်ထဲခေါင်းတိုးဝင်ပြီး အားရပါးရငိုချပစ်လိုက်သည်။ကျောပြင်အား ပုတ်ပေးလာသူကြောင့်ပိုငိုမိသည်။မေမေ့ကိုသတိရသည်။တစ်ခုခုဆို မေမေ့ရင်ခွင်ထဲခိုဝင်လိုက်တာနှင့်လုံခြုံသွားမြဲ။

တကယ်တော့ အဆူခံရ၍ငိုခြင်းမဟုတ်။ခံစားချက်တွေအားမထိန်းနိုင်တော့ခြင်း။သူရှောင်ကွင်းချင်ပါရဲ့နဲ့တည့်တည့်တိုးသောကံကြမ္မာ။အပြစ်မလုပ်ပါဘဲနှင့် အစွပ်စွဲခံရသောခံစားချက် ဤအတိုင်းဆိုလျှင် ကံကြမ္မာအားရှောင်လွှဲနိုင်ဖို့မသေချာတော့။

သူသည်လည်း ဇာတ်လမ်းထဲကအတိုင်းမရှူမလှသေဆုံးရလိမ့်မည်။သူ့အပေါ် အရမ်းကောင်းပေးသောသူငယ်ချင်းနှစ်ယောက်သည်လည်း သူ့ကြောင့်အဖြစ်ဆိုးများနှင့်တွေ့ရမည်။

ရောက်လာတဲ့လဝက်ကျော်အတွင်း ညီအရင်းတစ်ယောက်လိုဂရုစိုက်ပေးကြသော သူတို့နှစ်ယောက်အား သူအရမ်းတွယ်တာမိသည်။အသိမရှိ၊ဆွေမျိုးမရှိသည့်သူ့အတွက် သူတို့နှစ်​ယောက်ကသာအရာရာ။
အခုလိုရင်ခွင်ထဲတိုးကာငိုရသည်ကပင်သူ့အတွက် အလုံခြုံဆုံးအသိုက်အမြုံလေးထဲရောက်နေသည့်သူလိုခံစားရစေသည်။

ဘယ်လိုအကြောင်းကြောင်းတွေပဲရှိရှိ သူသေရမယ်ဆိုရင်တောင် သူတို့နှစ်ယောက်ကိုတော့အလုံခြုံဆုံးရှိနေစေချင်ပါသည်။ဒါပေမယ့် ကံကြမ္မာဆိုတာပြောင်းလဲလို့ရပါသလား……

…………

သူဝရံတာမှာထိုင်နေတာမိုးလင်းခါနီးနေပြီ။မိုးဥတုမို့ရာသီဥတုကမသာယာ။ခပ်ပြင်းပြင်း လေရိုင်းတွေကြောင့် သစ်ပင်ကြီးတွေပါကျိုးကြေမတတ်။လက်ထဲကစီးကရက်က ခြောက်လိပ်မြောက်။အိပ်မက်ဆိုးကြောင့်နိုးလာပြီး အိပ်မရတာမနက်သုံးနာရီကနေယခုအချိန်ထိ။

အိမ်မက်ထဲတွင်သူစံပယ်လွင်ပြင်ကြီးကြားရောက်နေပြန်သည်။ပြီးတော့ ထိုအချိန်မှာမိုးတွေရွာနေတာ။သာမန်မိုးမဟုတ်တဲ့ ပွက်ပွက်ဆူနေတဲ့မိုးတွေ။သူ့အားမပူသော်ငြား သူခံစားလို့ရသည်။ထိုမိုးတွေအောက် စံပယ်ပင်တွေအတုံးအရုန်း။အပြုတ်ခံထားရသလိုရုပ်ပျက်ဆင်းပျက်။

ဆတ်ခနဲလန့်နိုးလာတော့ ခံစားရတာကသူမရင်းနှီးတဲ့ဝမ်းနည်းခြင်း။Daddyနဲ့ပါးပါးဆုံးတုန်းကတောင်ဝမ်းမနည်းခဲ့သူက စံပယ်ပင်တွေအတွက်ဝမ်းနည်းနေပါသတဲ့။ပြီးတော့နေ့လည်ကအဖြစ်အပျက်  

သူ Horizonရှိတဲ့ဆေးရုံသို့သွားမှာဖြစ်သည့်အတွက် သူကြိုက်တဲ့ကော်ဖီဆိုင်ကကော်ဖီဝင်ဝယ်ပေးခြင်း။ဖုန်းအားငုံ့ကြည့်နေ၍ ရှေ့ကလူကိုမမြင်မိ။ရုတ်တရတ်ဝင်တိုက်ခံလိုက်ရမှငုံ့ကြည့်မိတော့ဟိုအမှိုက်။ဖြစ်ပြန်ပြီ နောက်တစ်ကြိမ် သူ့အင်္ကျီကိုညစ်ပတ်စေပြန်ပြီ။

ထောင်းကနဲထွက်လာတဲ့ဒေါသကြောင့် ဦးနှောက်ကမစဥ်းစားမီ လက်ကသူကိုင်ထားတဲ့ ကော်ဖီခွက်ဆီရောက်နေပြီ။မျက်နှာကိုပက်လိုက်ပေမယ့် လက်ဖြင့်ကာလိုက်သဖြင့် လက်ဖမိုးတစ်ခုလုံးရဲသွားတာတခဏအတွင်း။မျက်နှာသာဆိုရင်လို့တွေးလိုက်မိတော့ အပြစ်ရှိစိတ်လေးဝင်လာမိတော့တာ။

ဘာမှမပြောသူကသူ့စကားမဆုံးခင်ပြေးထွက်သွားပြီး စတော်ဘယ်ရီဘူးလေးကတော့ကြမ်းပြင်ထက်ပိုင်ရှင်မဲ့။ဆိုင်ရှင်ကောင်လေးကလည်းထိတ်လန့်သွားဟန် ပြီးတော့ဟိုတစ်ယောက်ကိုစိတ်ပူနေပုံရသည်။

သူလည်းဆေးရုံဆီသွားဖို့စိတ်မပါတော့သဖြင့် လှည့်သာထွက်ခဲ့လိုက်တော့သည်။မသွားဖြစ်မှတော့ ကော်ဖီကဘာလုပ်ဖို့ဝယ်နေရအုံးမှာတုန်း။အပေါ်ထပ်ကိုချွတ်လိုက်တော့ ကျောက်စက်ကအလိုက်တသိလှမ်းယူသည်။သူလည်းဘာမှမပြော ကောင်လေးအတွက်စိတ်မကောင်း၍ထင်မျက်နှာတော့မကောင်း။

အိမ်ပြန်ရောက်တော့လည်းဘာလုပ်လုပ်အဆင်မပြေ။လုပ်နေကျအလုပ်ကိစ္စတွေတောင် ေ-ာက်တလွဲဖြစ်လို့။သူနဲ့တွေ့တိုင်း ဘယ်တော့မှကောင်းကျိုးမပေး။ပျောက်ကွယ်သွားရင်သိပ်ကောင်းမှာ။အတွေးများစွာဖြင့်အိပ်စက်မိတော့ အိမ်မက်တွေပါဆိုးရွားကုန်သည်။

ယခု သူနိုးနေကျပုံမှန်အချိန်တောင်ရောက်နေပြီ။အိမ်မက်ဆိုးကြောင့်အိပ်မရတာပါပေါင်းရင်သူနည်းနည်းမှမအိပ်ရသေးဘူး။ဘယ်ကသတ္တိတွေနဲ့များသူ့ကိုလာနှောင့်ယှက်နေရတာလဲ။

ဒီတစ်ပါတ်အတွင်းထပ်တွေ့မိရင်အရေပါခွာပစ်မှာမို့ ထပ်မတွေ့ဖို့ဆုသာတောင်းနေလိုက်တော့။ထိုင်ရာမှထကာရေချိုးဖို့ပြင်ရသည်။သူက တစ်ညအိပ်မပျော်ရင်တစ်ပါတ်ထိ စိတ်မကြည်တတ်။သူ့မျက်စိရှေ့မြင်သမျှလူတိုင်းသူ့ဒေါသကိုခံစားရလိမ့်မည်။

………

ရာသီဥတုကအေးစိမ့်စိမ့်။မိုးဖွဲလေးတွေကြောင့် စိမ်းစိုနေတဲ့သစ်ရွက်တွေကြားပန်းပေါင်းစုံရနံ့ကသင်းပျံစွာ။တောင်ပါ်ဒေသမို့အအေးပိုပါသည်။သူလို Omegaလေးကတော့စောင်ပုံထဲကပင်မထွက်နိုင်။

ငယ်ငယ်Sပြည်နယ်ကိုရောက်နေတာ။နောင်းညိုက အလုပ်ကိစ္စကြောင့်နိုင်ငံခြားသွားရမည်ဖြစ်ပြီး ငယ်ငယ့်လက်ကလည်းမသက်သာသေး။အလုပ်ကိစ္စရှိသေး၍ Yမြို့တော်မှာကြာကြာနေလို့မရသည့်တိမ်ငွေ့က တစ်ယောက်တည်းဖြစ်နေမည့်ငယ်ငယ့်အားသူနှင့်အတူSပြည်နယ်သို့ခေါ်လာခြင်း။

တကယ်ကိုဘောစိဖြစ်သည့်တိမ်ငွေ့ကသူတစ်ယောက်တည်းနေသည့်ခြံကတောင် အကျယ်ကြီးပဲ။တစ်ယောက်တည်းမို့ အိမ်ကတော့သိပ်မကြီးသည့်နှစ်ထပ်တိုက်ကလေး။အစိမ်းနုရောင်သုတ်ထားသည့် တိုက်ကလေးက ခေတ်မှီလှပကာချစ်စဖွယ်။

တစ်ခြံလုံး ပန်းပေါင်းစုံစိုက်ပျိုးထားတာကြောင့်ဥယျာဥ်ကြီးတစ်ခုလိုတခမ်းတနား။လမ်းတောင်ပျောက်သွားနိုင်သည်အထိ ကျယ်ဝန်းပါသည်။

စရောက်ကတည်းက ငယ်ငယ်သဘောအကျဆုံးကတိမ်ငွေ့ကိုယ်တိုင်စိုက်ထားတဲ့ စံပယ်ပင်တွေ။တယုတယထားမှန်းသိသာစွာ သေချာဘောင်ခတ်ထားတဲ့ခြံစည်းရိုးအတွင်းဖွေးဖွေးလှုပ်လို့။ပြီးတော့ရေးထားသည့်ဆိုင်းဘုတ်က ရောင်းရန်မဟုတ်ပါတဲ့။

မခူးဘူးလားဆိုတော့အပင်မှာဆိုပိုမွှေးပါတယ်တဲ့။ခူးယူလိုက်လို့ညှိုးနွမ်းသွားရင် သူသိပ်ဝမ်းနည်းမိမှာတဲ့လေ။အပင်မှာညှိုးနွမ်းသွားရင်ကိစ္စမရှိပေမယ့် သူ့ပယောဂကြောင့် ညှိုးနွမ်းသွားမှာသူကြောက်ပါတယ်တဲ့။ဥယျာဥ်မှူးလေးကပန်းသိပ်ချစ်တတ်တာ။

ယခုအခြေအနေလေးအား သူသိပ်သဘောကျပါသည်။Playboyလေးနောင်းညိုက အချစ်စစ်ရှာရင်းပျော်ရွှင်နေလိမ့်မည်။
ဥယျာဥ်မှူးကလေးကပန်းတွေပျိုးရင်းပျော်ရွှင်နေလိမ့်မည်။ထောင်ဆိုတာ ဘာမှန်းမသိရဘဲ၊သေခြင်းတရားဆိုတာဘာမှန်းမသိဘဲ တစ်သက်လုံးဒီလိုပျော်ရွှင်သွားစေချင်ပါသည်။

သူကတော့ သေခြင်းတရားကိုရှောင်လွှဲကြည့်မည်။ရှောင်လွှဲမရတော့လည်းလည်စင်းပေးရုံပေါ့လေ။နောက်လထဲ ဝမ်းကွဲအစ်ကိုဖြစ်သူ ဆောင်းစက်ရိပ်ခိုအလည်လာမည်ဟု ဖုန်းဆက်လာသည်။အစ်ကိုပြန်လျှင်သူပါလိုက်သွားမည်။

ယခင်ကတည်းကဦးလေးမိသားစုကခေါ်သော်ငြား လခြမ်းကဒီမြေကိုခင်တွယ်သည်။ဒီမြေမှာပဲပျော်သည်။အဲ့ဒီအတွက်လိုက်မသွားဖြစ်ခဲ့။ယခုသူကတော့လိုက်သွားရလိမ့်မည်။ဇာတ်လိုက်နှစ်ယောက်ကတော့ ဘယ်အခြေနေမှာမဆိုပေါင်းဖက်ရမဲ့သူတွေပဲ သူမရှိလည်းကြီးကြီးမားမားမပြောင်းလဲ လောက်ပါဘူး။

သူ့သူငယ်ချင်းတွေကတော့ အသက်ရှိနေသ၍သူ့အတွက်အဆင်ပြေပါသည်။သူသာထွက်ပြေးနိုင်လျှင်သူ့အတွက်နှင့်ထိုလူအား စုံစမ်းရန်မလိုအပ်တော့။ထိုသို့ဆိုလျှင် အဖြစ်ဆိုးများလည်းကြုံတွေ့ရန်မလိုတော့။

အတွေးတွေက မိုးရေတို့နှင့်အတူပြန့်ကျဲသည်။တစ်ချို့ကံကြမ္မာတွေက မဖြစ်မနေ
ဆုံတွေ့ဖို့အကြောင်းပါလာကြောင်း တုံးအတဲ့ထိုOmegaလေးမသိသေး……..

##################

ငြိမ်း 🌻🌞

ငယ္ငယ္အိမ္မွာနားေနတာႏွစ္ပတ္ရွိၿပီ။ေျခေထာက္လည္းျပန္ေကာင္းေနၿပီမို႔ ဒီေန႕အျပင္ထြက္ခ်င္ေနသည္။ပန္းခ်ီဆြဲဖို႔လိုအပ္တာေတြလည္း သြားဝယ္ရအုံးမည္။ေနာင္းညိုလည္း အားတာေၾကာင့္ လိုက္ပို႔ဖို႔ပူဆာထားတာ။

“ကိုယ့္နားကေန ဘယ္မွေလွ်ာက္မသြားနဲ႕ေနာ္”

“အင္းပါ”

“ေလွ်ာက္လည္းမေငးနဲ႕ ၾကည့္ခ်င္တာရွိရင္ေျပာ လိုခ်င္တာရွိရင္လည္းေျပာ မေန႕ကမွ မမကမုန့္ဖိုးေပးထားတာ”

“ဟုတ္”

“ေျခေထာက္က တကယ္ေကာသက္သာလို႔လား လမ္းေလွ်ာက္ေတာ့ ျပန္မနာဘူးလား”

“မနာပါဘူး လုံးဝသက္သာသြားၿပီ “

“ဘာစားခ်င္တာရွိလဲ”

“စေတာ္ဘယ္ရီေဖ်ာ္ရည္ ေသာက္ခ်င္တယ္”

“ဟုတ္ၿပီပစၥည္းေတြဝယ္ၿပီးလို႔ ေအာက္ျပန္ဆင္းရင္ သြားေသာက္ၾကမယ္”

ပစၥည္းေတာ္ေတာ္မ်ားမ်ားဝယ္ၿပီးေတာ့ အိမ္ကိုပဲ ပို႔ခိုင္းလိုက္တယ္။အမ်ားႀကီးဆိုေတာ့ သယ္မသြားခ်င္ေတာ့ဘူး။ေကာ္ဖီဆိုင္ဘက္သြားေတာ့ ေနာင္းညိုေကာင္မေလးႏွင့္တိုးသည္။

“အယ္ Acacia (ထေနာင္း)”

“ျခဴး ေစ်းဝယ္ထြက္လာတာလား “

“ဟုတ္တယ္ ဒါက လျခမ္းထင္တယ္”

သူ႕ဘက္လွည့္ကာေမးလာသူက အၿပဳံးလွလွေလးႏွင့္။

“ဟုတ္ကဲ့”

“အိစ္စ္ခ်စ္စရာေလးေတာ့ Acacia ေျပာေျပာေနလို႔နံမည္ကရင္းႏွီးေနတာ”

ေျပာလည္းေျပာ အသည္းယားဟန္လက္သီးကို ဆုပ္လိုက္ျဖန့္လိုက္လုပ္ေနတာမို႔ ရွက္သြားရသည္။

“ေနာင္းညိုစကားေျပာ မွာဆိုေျပာအုံးေလ ငယ္ငယ္ စေတာ္ဘယ္ရီေဖ်ာ္ရည္ သြားဝယ္လိုက္မယ္ ေနာင္းညိုက အေမရိကာနို ေသာက္မွာမလား “

“အြန္း”

“ဒီဘက္ကေကာ ဘာေသာက္မလဲဟင္”

“ေတာ္ပါၿပီရွင္ ျခဴးကျပန္ေတာ့မွာ”

“ဟုတ္ စကားေျပာေနခဲ့အုံးေနာ္ “

ေျပာရင္း ဆိုင္ဘက္ထြက္လာလိုက္ေတာ့ ဆိုင္ကလူရွင္းေနသည္။သူ႕အတြက္အဆင္ေျပတာေပါ့ သူကလူရႉပ္ရင္မသြားရဲဘူး။

“စေတာ္ဘယ္ရီ တစ္ခြက္ အေမရိကာနို တစ္ခြက္ “

“ဟုတ္ကဲ့ ခဏေလးေစာင့္ပါဗ်”

“ဟုတ္ကဲ့”

ဆိုင္ပိုင္ရွင္ Alpha အစ္ကိုႀကီးက အၿပဳံးခ်ိဳသည္။လမ္းထိပ္ေစ်းဆိုင္က အန္တီႀကီးကို တန္းသတိရမိတာပဲ။အန္တီႀကီးက ပဲနို႔ဗူး လက္ေဆာင္ေပးေနက်။သားသမီးမရွိသည့္ Betaအန္တီႀကီးက ငယ္ငယ့္အားသိပ္ခ်စ္သည္။

“ရပါၿပီဗ်”

“ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္”

ပိုက္ဆံရွင္းေနတုန္း ေနာက္က ေျခသံတစ္ခ်ိဳ႕ၾကားေသာ္ျငား အိမ္လြမ့းသည့္ အေတြးတစ္ခ်ိဳ႕ေၾကာင့္ စိတ္ကသိပ္မလန္းခ်င္ေတာ့။

“အ”

ေနာက္အလွည့္မွာ ရင္ဘတ္တစ္ခုအား ေခါင္းႏွင့္ဝင္တိုက္မိသည္။ေကာ္ဖီပူပူက ေရွ႕ကလူ ကုတ္ေပၚျဖန္းခနဲ။ေမာ့ၾကည့္မိေတာ့ သူ႕ကံဆိုးျခင္းထိုလူ။ ထပ္ၿပီးတိုက္မိျပန္တာလည္း ထိုလူပါတဲ့ ။ၿပီးေတာ့ ထပ္ၿပီးညစ္ပတ္ေစမိျပန္ပါၿပီ။

“မင္းေတာ္ေတာ္ မ်က္ႏွာေျပာင္တိုက္တာပဲ”

စြပ္စြဲမႈတစ္ခုကိုနားမလည္စြာ သူေၾကာင္အအေလးၾကည့္ေနမိတယ္။

“အရမ္းေတြဇာတ္လမ္းဆင္ခ်င္ေနတယ္ေပါ့
ေကာင္းၿပီ ငါကလည္းဇာတ္လမ္းအတိုင္းသြားေပးမယ္”

သူ႕ေျပာစကားေတြနားမလည္ခင္ လက္က်န္ေကာ္ဖီခြက္က ဆြဲယူခံလိုက္ရတယ္။ၿပီးေတာ့ သူ႕မ်က္ႏွာဆီဦးတည္လာတဲ့အခါ ကေယာင္ကတန္းလက္နဲ႕ကာမိလိုက္ေတာ့ လက္ဖမိုးတစ္ခုလုံးပူခနဲ။

“ေနာက္တစ္ခါ ငါ့အကၤ်ီကို ထပ္ၿပီးညစ္ပတ္ေအာင္လုပ္ရင္ မင္းတစ္ကိုယ္လုံးကို..”

စကားမဆုံးခင္ သူေျပးထြက္ခဲ့လိုက္တယ္။သူသိတယ္။သူ႕တစ္ကိုယ္လုံး စုတ္ျပတ္သတ္ၿပီး သူ႕ဘာသာေတာင္မသတီေတာ့တဲ့အထိ ဖ်က္ဆီးနိုင္ေၾကာင္း သူသိတယ္။အဲ့ဒီအိမ္မက္ေၾကာင့္ မအိပ္ရဲတဲ့ညေတြေတာင္ ရွိခဲ့တာပဲ။

သူေျပးလႊားရင္း ဆိုင္ဘက္ေလွ်ာက္လာတဲ့ေနာင္းညိုနဲ႕တိုးသည္။

“လျခမ္း ဘာျဖစ္လာတာလဲ”

“လက္ လက္ကိုအပူေလာင္သြားတယ္”

ဒီေနရာကေန ေဝးေဝးေျပးခ်င္စိတ္ေၾကာင့္ ဒဏ္ရာကိုအေၾကာင္းျပတယ္။ေနာင္းညိုတစ္ေယာက္ ပ်ာယာခတ္ၿပီး ေဆးခန္းဆီေပြ႕ေျပးေတာ့တာ။ဒဏ္ရာရတာ လက္ျဖစ္ေနတာေၾကာင့္ လမ္းေလွ်ာက္နိုင္ေသာ္ျငား သူမတားမိေတာ့။မ်က္ရည္တစ္ခ်ိဳ႕ေၾကာင့္ အျမင္မႈန္ဝါးျခင္းႏွင့္အတူ ေျခေထာက္ေတြပါ ေပ်ာ့ေခြေနျခင္းမွာ အိမ္မက္ကို သတိရသြားျခင္းေၾကာင့္။

သူလည္းမမွားပါဘဲနဲ႕ ဘာလို႔သူခ်ည္း ဒဏ္ရာရေနတာလဲ။သူလည္းတမင္သက္သက္မလုပ္ပါဘဲနဲ႕ သူ႕ကိုဘာလို႔မုန္းေနရတာလဲ။ကံၾကမၼာကို မေျပာင္းလဲနိုင္တာေၾကာင့္ ဇာတ္လမ္းအတိုင္းပဲ သူတကယ္ေသေပးရေတာ့မွာလား။ေရွာင္လႊဲလို႔မရေတာ့ဘူးလား။သူ႕ဘက္က မဆြဲေဆာင္ရင္ေတာင္ သတ္ပစ္ခ်င္သူက အေၾကာင္းျပခ်က္မရွိ သတ္ပစ္ေတာ့မွာတဲ့လား။

ေတြးရင္းငိုမိေတာ့ ေနာင္းညိုက စိုးရိမ္တႀကီး။

“ေရာက္ၿပီေလေနာ္ မငိုနဲ႕ေတာ့ ဆရာ ဒီမွာ လက္ကိုအပူေလာင္သြားလို႔ လုပ္ပါအုံး”

အရင္တစ္ခါေတြ႕တဲ့ ဆရာဝန္က သူ႕ကိုထပ္ျမင္လိုက္ရေတာ့ အံဩသြားဟန္။ထို႔ေနာက္ခ်က္ခ်င္းေျပးလာၿပီး လက္အိတ္စြပ္ကာ အနာအားၾကည့္သည္။ လက္ကိုေရ ေအးေအးနဲ႕ေဆးၿပီး လိမ္းေဆးလိမ္းေပးသည္။

“ဘယ္လိုျဖစ္တာလဲ”

ဆရာဝန္ရဲ႕အေမးက ညင္ညင္သာသာ

“မေတာ္တဆ ေကာ္ဖီပူေလာင္းမိတာ”

သူ႕အေျဖအဆုံး ေဒါသထြက္သြားသူက ေနာင္းညို

“ဘယ္သူ႕ေၾကာင့္တုန္း ဆိုင္ကေကာင္လား”

“ကိုယ့္ဘာသာကို”

“အရမ္းေပါ့ဆတာပဲ လျခမ္းရာ ။အနားမွာခဏေလးမရွိလိုက္ရင္ တန္းဒဏ္ရာရေတာ့တာပဲ။ဒီကိုလာတာမွ ႏွစ္ခါေလးရွိေသးတယ္။ႏွစ္ခါလုံး ဒဏ္ရာနဲ႕ဒဏ္ခ်က္ တိမ္ေငြ႕သိရင္ အေအာ္ခံရေတာ့မွာပဲ”

စိတ္ဆတ္တတ္သူက သူငယ္ခ်င္းေလးတစ္ခုခုျဖစ္တိုင္း ဂ႐ုဏာေဒါသနဲ႕အၿမဲဆူေနက်မိဳ႕ ႏွစ္ေယာက္လုံးကရွိန္ပါသည္။

“မေျပာနဲ႕ေလေနာ္”

“အင္းပါ ဆရာျပန္လို႔ရၿပီလား”

ႏွစ္သိမ့္သလို အနာမရွိတဲ့လက္ေလးတစ္ဖက္ကို ဆုပ္ကိုင္ေပးလာရင္း ဆရာဝန္အားလွည့္ေမးလိုက္သည္။

“ရၿပီ အနာကိုေရမထိေစနဲ႕ေနာ္ ကံေကာင္းလို႔ သိပ္ဒဏ္ရာမျပင္းဘူး အေရျပားအေပၚယံအလႊာဘဲ အမာ႐ြတ္ေသးေသးေလးေတာ့ က်န္ေလာက္တယ္ အမာ႐ြတ္ေပ်ာက္ေဆးပါေပးလိုက္မယ္ေနာ္ ေသာက္ေဆးနဲ႕လိမ္းေဆးေလးယူသြား”

“ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ခင္ဗ်”

အိမ္ျပန္ေရာက္ေတာ့ အခန္းထဲမွာ ေလထုအေျခေနမေကာင္း။တိမ္ေငြ႕က မေျပာမဆိုေရာက္ခ်လာျခင္း။အေၾကာင္းမၾကား ဘာမၾကားျဖင့္ ေရာက္လာသူက အခန္းေရွ႕မွာေစာင့္ႀကိဳသည္။

ငိုထား၍အစ္ေနေသာ လျခမ္းမ်က္လုံးႏွင့္လက္ဖမိုး ရဲရဲအားျမင္ခ်ိန္မွာ ေဒါသထြက္သြားေတာ့တာဘဲ။

အရင္တစ္ခါေျခေထာက္တုန္းကလည္း တစ္ပါတ္လုံး အနားမွာလိုအပ္တာေတြလုပ္ေပးရင္း အိမ္မျပန္ျဖစ္သူ။ထိုင္ရာကထလွ်င္ေတာင္ ျပန္ခိုက္မိမွာဆိုးလို႔ အဆူခံရသည္။ျပန္ေတာ့လည္း ေနာင္းညိုကိုေသခ်ာမွာခဲ့သူက မသိလွ်င္ ကေလးအေဖႀကီးလို။

ယခုေနာက္တစ္ခါျပန္လာေတာ့ ဒဏ္ရာအသစ္ႏွင့္ဆီးႀကိဳသည္။အျပစ္လုပ္ထားမိသလိုျဖင့္ ႏွစ္ေယာက္သားအခန္းတံခါးဖြင့္ေပးေတာ့ စကားမဆိုဘဲ အခန္းထဲဝင္သြားသူ။ၿပီးေတာ့ တည္တင္းေနသည့္မ်က္ႏွာျဖင့္ ဆိုဖာေပၚမတ္မတ္ထိုင္ေနသည္။

မ်က္ႏွာခ်င္းဆိုင္ဆိုဖာမွာ ႏွစ္ေယာက္သား ကုတ္ကုတ္ေလးဝင္ထိုင္လိုက္တာက အျပစ္သားေတြလို။အသက္ရႉသံေတာင္မၾကားရသည္အထိ အခန္းကတိတ္တိတ္ဆိတ္ဆိတ္။

“ေျပာ ဘာျဖစ္လာတာလဲ”

ေဆာင့္ကနဲထြက္လာတဲ့အသံက မက်ယ္ေသာ္ျငား တုန္တက္သြားတာႏွစ္ေယာက္စလုံး။လျခမ္းေဘးကိုလွည့္ကာ အကူအညီေတာင္းေတာ့ ေနာင္းညိုကရဲေဆးတင္သည္။

“အဟမ္း မေတာ္တဆ အပူေလာင္သြားတာ”

“ဘာသြားလုပ္လို႔ အပူေလာင္တာလဲ”

“Coffee သြားဝယ္တာ”

“မင္းကဘာလုပ္ေနတာတုန္း”

အငိုသန္သူလျခမ္းကိုမဆူရက္ေတာ့ ေနာင္းညိုသာအေဟာက္ခံရေတာ့တာ။

“ေနာင္းညိုနဲ႕မဆိုင္ပါဘူး ငယ္ငယ္ နေမာ္နမဲ့နိုင္လို႔ျဖစ္သြားတာ”

ေျပာရင္းေခါင္းငုံ႕ခ်လိဳက္ေတာ့ မ်က္ရည္ကေပါက္ခနဲ။ၿပီးမွ တအိအိငိုမိသြားတာ အသံေတြပါထြက္လာသည္အထိ။

“အင့္ အဟင့္ ဝူး”

“ဟာမငိုနဲ႕ေလ ဘာလို႔တုန္း မငိုပါနဲ႕”

ေနာင္းညိုက ထိတ္ထိတ္ျပာျပာျဖစ္သြားမွ တိမ္ေငြ႕ကပါ ဆိုဖာေဘးေရာက္လာသည္။ၿပီးေတာ့ မ်က္ႏွာေလးအာ လက္ႏွစ္ဖက္ျဖင့္ဆြဲေမာ့ကာ

“ဘာျဖစ္လို႔ငိုတာတုန္းလျခမ္းရဲ႕ ငါဆူလည္းမဆူရေသးပါဘူး”

“မင္းက အီးဟီး ေအာ္တယ္ ဝူး”

“ေအာ္တာမဟုတ္ပါဘူးကြာ စိုးရိမ္သြားလို႔ပါ တစ္ခါေတြ႕တိုင္း ဒဏ္ရာတစ္ခုရေနေတာ့ စိုးရိမ္သြားလို႔ပါေနာ္ မေအာ္ပါဘူး မေတာ္တဆျဖစ္တာပဲေလ ကိုယ္ကစိတ္ပူလို႔ပါ”

“အီးဟီးး”

ခါးကိုဖက္ကာ ရင္ခြင္ထဲေခါင္းတိုးဝင္ၿပီး အားရပါးရငိုခ်ပစ္လိုက္သည္။ေက်ာျပင္အား ပုတ္ေပးလာသူေၾကာင့္ ပိုငိုမိသည္။ေမေမ့ကိုသတိရသည္။တစ္ခုခုဆို ေမေမ့ရင္ခြင္ထဲ ခိုဝင္လိုက္တာႏွင့္လုံၿခဳံသြားၿမဲ။

တကယ္ေတာ့ အဆူခံရ၍ငိုျခင္းမဟုတ္။ခံစားခ်က္ေတြအား မထိန္းနိုင္ေတာ့ျခင္း။သူေရွာင္ကြင္းခ်င္ပါရဲ႕နဲ႕ တည့္တည့္တိုးေသာကံၾကမၼာ။အျပစ္မလုပ္ပါဘဲႏွင့္ အစြပ္စြဲခံရေသာခံစားခ်က္ ဤအတိုင္းဆိုလွ်င္ ကံၾကမၼာအား ေရွာင္လႊဲနိုင္ဖို႔ မေသခ်ာေတာ့။

သူသည္လည္း ဇာတ္လမ္းထဲကအတိုင္း မရႉမလွေသဆုံးရလိမ့္မည္။သူ႕အေပၚ အရမ္းေကာင္းေပးေသာ သူငယ္ခ်င္းႏွစ္ေယာက္သည္လည္း သူ႕ေၾကာင့္ အျဖစ္ဆိုးမ်ားႏွင့္ေတြ႕ရမည္။

ေရာက္လာတဲ့ လဝက္ေက်ာ္အတြင္း ညီအရင္းတစ္ေယာက္လို ဂ႐ုစိုက္ေပးၾကေသာ သူတို႔ႏွစ္ေယာက္အား သူအရမ္းတြယ္တာမိသည္။အသိမရွိ၊ေဆြမ်ိဳးမရွိသည့္ သူ႕အတြက္ သူတို႔ႏွစ္ေယာက္ကသာ အရာရာ။
အခုလို ရင္ခြင္ထဲတိုးကာငိုရသည္ကပင္ သူ႕အတြက္ အလုံၿခဳံဆုံး အသိုက္အၿမဳံေလးထဲေရာက္ေနသည့္သူလို ခံစားရေစသည္။

ဘယ္လိုအေၾကာင္းေၾကာင္းေတြပဲရွိရွိ သူေသရမယ္ဆိုရင္ေတာင္ သူတို႔ႏွစ္ေယာက္ကိုေတာ့ အလုံၿခဳံဆုံးရွိေနေစခ်င္ပါသည္။ဒါေပမယ့္ ကံၾကမၼာဆိုတာ ေျပာင္းလဲလို႔ရပါသလား……

…………

သူဝရံတာမွာထိုင္ေနတာ မိုးလင္းခါနီးေနၿပီ။မိုးဥတုမို႔ ရာသီဥတုက မသာယာ။ခပ္ျပင္းျပင္း ေလရိုင္းေတြေၾကာင့္ သစ္ပင္ႀကီးေတြပါ က်ိဳးေၾကမတတ္။လက္ထဲက စီးကရက္က ေျခာက္လိပ္ေျမာက္။အိပ္မက္ဆိုးေၾကာင့္နိုးလာၿပီး အိပ္မရတာ မနက္သုံးနာရီကေန ယခုအခ်ိန္ထိ။

အိမ္မက္ထဲတြင္ သူစံပယ္လြင္ျပင္ႀကီးၾကားေရာက္ေနျပန္သည္။ၿပီးေတာ့ ထိုအခ်ိန္မွာ မိုးေတြ႐ြာေနတာ။သာမန္မိုးမဟုတ္တဲ့ ပြက္ပြက္ဆူေနတဲ့မိုးေတြ။သူ႕အားမပူေသာ္ျငား သူခံစားလို႔ရသည္။ထိုမိုးေတြေအာက္ စံပယ္ပင္ေတြအတုံးအ႐ုန္း။အျပဳတ္ခံထားရသလို ႐ုပ္ပ်က္ဆင္းပ်က္။

ဆတ္ခနဲလန့္နိုးလာေတာ့ ခံစားရတာက သူမရင္းႏွီးတဲ့ ဝမ္းနည္းျခင္း။Daddyနဲ႕ ပါးပါးဆုံးတုန္းကေတာင္ ဝမ္းမနည္းခဲ့သူက စံပယ္ပင္ေတြအတြက္ ဝမ္းနည္းေနပါသတဲ့။ၿပီးေတာ့ေန႕လည္က အျဖစ္အပ်က္

သူ Horizonရွိတဲ့ ေဆး႐ုံသို႔သြားမွာျဖစ္သည့္အတြက္ သူႀကိဳက္တဲ့ေကာ္ဖီဆိုင္က ေကာ္ဖီဝင္ဝယ္ေပးျခင္း။ဖုန္းအားငုံ႕ၾကည့္ေန၍ ေရွ႕ကလူကိုမျမင္မိ။႐ုတ္တရတ္ ဝင္တိုက္ခံလိုက္ရမွ ငုံ႕ၾကည့္မိေတာ့ ဟိုအမွိုက္။ျဖစ္ျပန္ၿပီ ေနာက္တစ္ႀကိမ္ သူ႕အကၤ်ီကို ညစ္ပတ္ေစျပန္ၿပီ။

ေထာင္းကနဲထြက္လာတဲ့ေဒါသေၾကာင့္ ဦးႏွောက္က မစဥ္းစားမီ လက္က သူကိုင္ထားတဲ့ ေကာ္ဖီခြက္ဆီ ေရာက္ေနၿပီ။မ်က္ႏွာကိုပက္လိုက္ေပမယ့္ လက္ျဖင့္ကာလိုက္သျဖင့္ လက္ဖမိုးတစ္ခုလုံးရဲသြားတာ တခဏအတြင္း။မ်က္ႏွာသာဆိုရင္လို႔ေတြးလိုက္မိေတာ့ အျပစ္ရွိစိတ္ေလးဝင္လာမိေတာ့တာ။

ဘာမွမေျပာသူက သူ႕စကားမဆုံးခင္ေျပးထြက္သြားၿပီး စေတာ္ဘယ္ရီဘူးေလးကေတာ့ ၾကမ္းျပင္ထက္ ပိုင္ရွင္မဲ့။ဆိုင္ရွင္ေကာင္ေလးကလည္း ထိတ္လန့္သြားဟန္ ၿပီးေတာ့ ဟိုတစ္ေယာက္ကို စိတ္ပူေနပုံရသည္။

သူလည္းေဆး႐ုံဆီသြားဖို႔ စိတ္မပါေတာ့သျဖင့္ လွည့္သာထြက္ခဲ့လိုက္ေတာ့သည္။မသြားျဖစ္မွေတာ့ ေကာ္ဖီက ဘာလုပ္ဖို႔ဝယ္ေနရအုံးမွာတုန္း။အေပၚထပ္ကိုခြၽတ္လိုက္ေတာ့ ေက်ာက္စက္ကအလိုက္တသိ လွမ္းယူသည္။သူလည္းဘာမွမေျပာ ေကာင္ေလးအတြက္စိတ္မေကာင္း၍ထင္ မ်က္ႏွာေတာ့မေကာင္း။

အိမ္ျပန္ေရာက္ေတာ့လည္း ဘာလုပ္လုပ္အဆင္မေျပ။လုပ္ေနက်အလုပ္ကိစၥေတြေတာင္ ေ-ာက္တလြဲျဖစ္လို႔။သူနဲ႕ေတြ႕တိုင္း ဘယ္ေတာ့မွ ေကာင္းက်ိဳးမေပး။ေပ်ာက္ကြယ္သြားရင္သိပ္ေကာင္းမွာ။အေတြးမ်ားစြာျဖင့္ အိပ္စက္မိေတာ့ အိမ္မက္ေတြပါဆိုး႐ြားကုန္သည္။

ယခု သူနိုးေနက်ပဳံမွန္အခ်ိန္ေတာင္ေရာက္ေနၿပီ။အိမ္မက္ဆိုးေၾကာင့္ အိပ္မရတာပါေပါင္းရင္ သူနည္းနည္းမွမအိပ္ရေသးဘူး။ဘယ္ကသတၱိေတြနဲ႕မ်ား သူ႕ကိုလာႏွောင့္ယွက္ေနရတာလဲ။

ဒီတစ္ပါတ္အတြင္းထပ္ေတြ႕မိရင္ အေရပါခြာပစ္မွာမို႔ ဆုသာေတာင္းေနလိုက္ေတာ့။ထိုင္ရာမွထကာ ေရခ်ိဳးဖို႔ျပင္ရသည္။သူက တစ္ညအိပ္မေပ်ာ္ရင္ တစ္ပါတ္ထိ စိတ္မၾကည္တတ္။သူ႕မ်က္စိေရွ႕ျမင္သမွ်လူတိုင္း သူ႕ေဒါသကိုခံစားရလိမ့္မည္။

………

ရာသီဥတုက ေအးစိမ့္စိမ့္။မိုးဖြဲေလးေတြေၾကာင့္ စိမ္းစိုေနတဲ့သစ္႐ြက္ေတြၾကား ပန္းေပါင္းစုံရနံ႕က သင္းပ်ံစြာ။ေတာင္ပၚေဒသမို႔ အေအးပိုပါသည္။သူလို Omegaေလးကေတာ့ ေစာင္ပုံထဲကပင္မထြက္နိုင္။

ငယ္ငယ္ S ျပည္နယ္ကိုေရာက္ေနတာ။ေနာင္းညိုက အလုပ္ကိစၥေၾကာင့္ နိုင္ငံျခားသြားရမည္ျဖစ္ၿပီး ငယ္ငယ့္လက္ကလည္း မသက္သာေသး။အလုပ္ကိစၥရွိေသး၍ Yၿမိဳ႕ေတာ္မွာ ၾကာၾကာေနလို႔မရသည့္တိမ္ေငြ႕က တစ္ေယာက္တည္းျဖစ္ေနမည့္ ငယ္ငယ့္အားသူႏွင့္အတူ Sျပည္နယ္သို႔ေခၚလာျခင္း။

တကယ္ကို ေဘာစိျဖစ္သည့္ တိမ္ေငြ႕က သူတစ္ေယာက္တည္းေနသည့္ၿခံက အက်ယ္ႀကီးပဲ။တစ္ေယာက္တည္းမို႔ အိမ္ကေတာ့ သိပ္မႀကီးသည့္ ႏွစ္ထပ္တိုက္ကေလး။အစိမ္းႏုေရာင္သုတ္ထားသည့္ တိုက္ကေလးက ေခတ္မွီလွပကာ ခ်စ္စဖြယ္။

တစ္ၿခံလုံး ပန္းေပါင္းစုံစိုက္ပ်ိဳးထားတာေၾကာင့္ ဥယ်ာဥ္ႀကီးတစ္ခုလို တခမ္းတနား။လမ္းေတာင္ေပ်ာက္သြားနိုင္သည္အထိ က်ယ္ဝန္းပါသည္။

စေရာက္ကတည္းက ငယ္ငယ္သေဘာအက်ဆဳံးက တိမ္ေငြ႕ကိုယ္တိုင္စိုက္ထားတဲ့ စံပယ္ပင္ေတြ။တယုတယထားမွန္းသိသာစြာ ေသခ်ာေဘာင္ခတ္ထားတဲ့ ၿခံစည္းရိုးအတြင္း ေဖြးေဖြးလႈပ္လို႔။ၿပီးေတာ့ေရးထားသည့္ဆိုင္းဘုတ္က ေရာင္းရန္မဟုတ္ပါတဲ့။

မခူးဘူးလားဆိုေတာ့ အပင္မွာဆိုပိုေမႊးပါတယ္တဲ့။ခူးယူလိုက္လို႔ ညွိုးႏြမ္းသြားရင္ သူသိပ္ဝမ္းနည္းမိမွာတဲ့ေလ။အပင္မွာ ညွိုးႏြမ္းသြားရင္ ကိစၥမရွိေပမယ့္ သူ႕ပေယာဂေၾကာင့္ ညွိုးႏြမ္းသြားမွာ သူေၾကာက္ပါတယ္တဲ့။ဥယ်ာဥ္မႉးေလးက ပန္းသိပ္ခ်စ္တတ္တာ။

ယခုအေျခအေနေလးအား သူသိပ္သေဘာက်ပါသည္။Playboyေလးေနာင္းညိုက အခ်စ္စစ္ရွာရင္း ေပ်ာ္႐ႊင္ေနလိမ့္မည္။
ဥယ်ာဥ္မႉးကေလးက ပန္းေတြပ်ိဳးရင္း ေပ်ာ္႐ႊင္ေနလိမ့္မည္။ေထာင္ဆိုတာ ဘာမွန္းမသိရဘဲ ၊ေသျခင္းတရားဆိုတာ ဘာမွန္းမသိဘဲ တစ္သက္လုံး ဒီလိုေပ်ာ္႐ႊင္သြားေစခ်င္ပါသည္။

သူကေတာ့ ေသျခင္းတရားကို ေရွာင္လႊဲၾကည့္မည္။ေရွာင္လႊဲမရေတာ့လည္း လည္စင္းေပး႐ုံေပါ့ေလ။ေနာက္လထဲ ဝမ္းကြဲအစ္ကိုျဖစ္သူ ေဆာင္းစက္ရိပ္ခို အလည္လာမည္ဟု ဖုန္းဆက္လာသည္။အစ္ကိုျပန္လွ်င္ သူပါလိုက္သြားမည္။

ယခင္ကတည္းက ဦးေလးမိသားစုကေခၚေသာ္ျငား လျခမ္းက ဒီေျမကိုခင္တြယ္သည္။ဒီေျမမွာပဲေပ်ာ္သည္။အဲ့ဒီအတြက္ လိုက္မသြားျဖစ္ခဲ့။ယခုသူကေတာ့ လိုက္သြားရလိမ့္မည္။ဇာတ္လိုက္ႏွစ္ေယာက္ကေတာ့ ဘယ္အေျခေနမွာမဆို ေပါင္းဖက္ရမဲ့သူေတြပဲ သူမရွိလည္း ႀကီးႀကီးမားမား မေျပာင္းလဲ ေလာက္ပါဘူး။

သူ႕သူငယ္ခ်င္းေတြကေတာ့ အသက္ရွိေနသ၍ သူ႕အတြက္အဆင္ေျပပါသည္။သူသာထြက္ေျပးနိုင္လွ်င္ သူ႕အတြက္ႏွင့္ထိုလူအား စုံစမ္းရန္မလိုအပ္ေတာ့။ထိုသို႔ဆိုလွ်င္ အျဖစ္ဆိုးမ်ားလည္းႀကဳံေတြ႕ရန္မလိုေတာ့။

အေတြးေတြက မိုးေရတို႔ႏွင့္အတူ ျပန့္က်ဲသည္။တစ္ခ်ိဳ႕ကံၾကမၼာေတြက မျဖစ္မေန
ဆုံေတြ႕ဖို႔ အေၾကာင္းပါလာေၾကာင္း တုံးအတဲ့ထိုOmegaေလးမသိေသး……..

##################

ၿငိမ္း🌻🌞

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၆, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၆, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၆ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၆ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၆ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၆ light novel, ,

Comment

Leave a Reply

Chapter 7