Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၇

A+ A-

ဒီနေ့ရာသီဥတုသာယာသည်။မနေ့ညကမိုးကြောင့် ယနေ့မနက်ခင်းကတောက်တောက်ပပစိမ်းစိမ်းစိုစို။မြင်လေရာရာတောက်ပနေသမျှ ငယ်ငယ့်အပြုံးတွေကအတောက်ပဆုံး။

တစ်လလုံး Sပြည်နယ်မှာသောင်တင်နေပြီး မနေ့ကမှYမြို့တော်သို့ပြန်ရောက်ခြင်း။တိမ်ငွေ့က အလုပ်ကိစ္စတွေမပြတ်သလို ငယ်ငယ်ကိုယ်တိုင်လည်းထိုပြည်နယ်မှာအတော်ပျော်နေသည်။ထို့ကြောင့် နောင်းညို၏ပြန်လာရန် တဂျီဂျီဂျီကျမှုအားလျစ်လျူရှူကာတစ်လလုံးနေပစ်လိုက်သည်။

မနေ့ကမှတိမ်ငွေ့ကိုယ်တိုင်ပြန်လိုက်ပို့ကာ ယခုသုံးယောက်လုံးစားသောက်ဆိုင်သို့ရောက်ရှိနေလေသည်။သီးသန့်ခန်းတွေရှိသော်လည်း သူတို့သုံးယောက်လုံးဝရံတာမှာသာထိုင်ဖြစ်သည်။ဒုတိယထပ်ဖြစ်သဖြင့် လမ်းသွားလမ်းလာများကိုမြင်နိုင်သလို အလှသစ်ပင်များကြောင့် ဥယျာဥ်လေးထဲရောက်နေသလိုခံစားရစေသည်။

“တော်ပြီလား ထပ်မှာအုံးလေ”

“တော်ပြီနောင်းညိုရဲ့ အခုမှာလိုက်တာတောင်များနေပြီကုန်ရောကုန်မှာလားမသိဘူး”

“ကုန်မှာသေချာတယ် တစ်လအတွင်းငါသိလာတာကလခြမ်းကဘယ်လောက်စားစားစားနိုင်တယ် ပြီးရင်”ဝ”လည်းမလာဘူး တစ်နေကုန်တဇွတ်ဇွတ်စားနေတာတောင် ခါးလေးကငါ့လက်ဝါးလောက်ရှိတာပဲကြည့်”

“မျက်နှာလေးကတော့ပြည့်လာတယ် အဲ့ပြည်နယ်နဲ့တည့်လို့ထင်တယ် အသားတွေတောင်ပိုဖွေးလာသလိုပဲ”

“ဟုတ်တယ်ငါအရမ်းပျော်နေတာ နောက်ထပ်လည်းသွားအုံးမှာ ဟီးဟီး “

“နောက်တစ်ခါဆို ငါလည်းလိုက်မှာနော်”

“လိုက်ခဲ့ လိုက်ခဲ့ သုံးယောက်ဆိုပိုပျော်ဖို့ကောင်းမှာ နောက်တစ်ခါသွားရင်အဲ့နားက နံမည်ကြီးတဲ့တောင်ပေါ်တက်ကြည့်မယ် ပြီးရင်ပန်းချီလည်းဆွဲချင်သေးတယ်”

“ဟုတ်ပြီသွားကြမယ် အိမ်ရှင်ကမကြည်ဖြူရင် ဒို့နှစ်ယောက်ဟော်တည်မှာတည်းကြမယ်”

သူဘာမှဝင်မပြောရသေးခင် ဒရမ်မာခင်းလာတဲ့နောင်းညို

“ငါကဘာကိစ္စမကြည်ဖြူရမှာလဲ”

“မင်းမျက်နှာထားကြီးကမကြည်တဲ့ပုံကြီး ငါ့ဆီကိုအရှူပ်ထုပ်တွေရောက်လာတော့မယ်ဆိုတဲ့ရုပ်ကြီး”

“ပရမ်းပတာတွေပြောမနေနဲ့”

“အဲ့တာဆိုပြုံးလေ ဖော်ဖော်ရွေရွေခေါ်လေ “

“ငါ့ရုပ်က ပါပါးမွေးကတည်းကဒီအတိုင်းပဲနော် လောကဝတ်တွေလုပ်နေရအောင်အခုမှသိတဲ့သူတွေမို့လား ပေါင်းလာတာဖြင့်၇ နှစ်၈နှစ်ရှိပြီ ပေါက်ကရပြောဖို့ဆိုမင်းအတတ်ဆုံး”

“ဟီးဟီး “

ငယ်ငယ်ကတော့ သူတို့နှစ်ယောက်ကိုကြည့်ကာသဘောတကျ။သုံးယောက်ဆုံလိုက်လျှင် မိသားစုတစ်ခုလိုခံစားရတာကြောင့် ငယ်ငယ်ကတော့လူစုံတိုင်းအရမ်းပျော်သည်။

အစားသောက်တွေလာချပေးတော့မှ သူတို့စားပွဲဝိုင်းလေးခဏတိတ်ဆိတ်သွားတော့သည်။စားနေတုန်းလည်းစကားများကြသေးသည်။ထမင်းစားလျှင်စကားမပြောရဟူသောစည်းမျဉ်းက သူတို့ကြားတွင်မရှိ။

ဒီဘက်တွင်ရာသီဥတုသာယာနေသော်လည်း တစ်ဖက်တွင်တော့သိပ်အခြေနေမကောင်း။

Ceanစိတ်မကြည်နေတာတစ်လရှိပြီ။ထိုပြဿနာဖြစ်ပြီးသည့်နေ့မှစ၍ နေ့ရက်တိုင်းအားဒေါသတွေနှင့်ဖြတ်သန်းနေရသည်။အိပ်မက်ဆိုးမက်သည့်ညကြောင့် အိပ်မပျော်၍ဒေါသထွက်နေသော်ငြား နောက်နေ့တွေမှာတော့အိပ်မက်မမက်သည့်အတွက် ဒေါသထွက်ရပြန်ပါသည်။

ဆယ်ကျော်သက်အရွယ်ကတည်းက တောက်လျှောက်မက်ခဲ့သောအိပ်မက်သည် တစ်ပတ်နှစ်ကြိမ်ပုံမှန်မက်သည်။အမြဲတမ်း အဆုံးအစမဲ့စံပယ်လွင်ပြင်ကြီးထဲ သူဟာတစ်စုံတစ်ခုကိုရှာဖွေမြဲ။မပြောင်းလဲသောအကြောင်းအရာက ထိုအရာအားသူရှာမတွေ့ခြင်း။

အမြဲတမ်းရနေသောထိုစံပယ်ရနံတွေက သူ့အားမူးဝေလာစေသည်။အရမ်းချိုအီနေအောင်မွှေးလို့သူသိပ်မုန်းပါသည်။အနံ့အားမခံနိုင်သလို အပွင့်အားလည်းမမြင်ချင်ပေ။ကမ္ဘာပေါ်မှာပျောက်ကွယ်သွားသင့်သော ပန်းအားပြပါဆိုလျှင် ထိုပန်းကိုသာသူရွေးချယ်ပစ်လိုက်မည်။

သို့သော် ထိုအိပ်မက်ဆိုးမက်ပြီးသည့်ညမှစ၍ ထိုအိပ်မက်အားသူထပ်မမက်သည်မှာ တစ်လရှိပြီ။ညတိုင်းအိပ်ရေးဝပါသော်လည်း မနက်ရောက်တိုင်းသူစိတ်မကြည်တော့။အကြောင်းပြချက်မရှိ သူစိတ်တိုနေတတ်သည်။

အဖြေရှာကြည့်တော့မှထိုအိပ်မက်ဆက်မမက်တာကြောင့်။လူတွေကထူးဆန်းပါသည်။မျက်စိရှေ့နေ့တိုင်းမြင်နေ၍ စိတ်ရှုပ်ရပါသည်မမြင်ချင်ဟုတတွတ်တွတ်ပြောနေပြီး မမြင်လိုက်တဲ့အချိန်ရောက်မှ ထိုအရာအားလိုအပ်နေတာမျိုး။ထိုအရာမရှိလျှင်တစ်ခုခု လစ်ဟာသလိုခံစားရတာမျိုး။အခုသူလည်းထိုကဲ့သို့ပင်။

ထိုအမှိုက်ထုပ်လေးအား မမြင်ရသည်မှာ တစ်လခန့်ရှိပြီဖြစ်သည်။တွေ့တိုင်း သူစိတ်တိုခဲ့ရသည်။ယခု Mallသို့သွားတိုင်းနေရာတိုင်းအားသတိထားကြည့်တတ်မြဲ။ဘယ်အချိန်ဘယ်နေရာကနေ ဘာနဲ့လာလောင်းချမလဲမှမသိနိုင်တာ။အဲ့တော့သတိထားရတာပေါ့။

သူလိုAlphaကိုတောင် ဇာတ်လမ်းဆင်ရဲသည်အထိရဲတင်းလွန်းသောသတ္တဝါလေးသည်တော်ရုံသတ္တိနှင့်တော့မဖြစ်နိုင်ပါ။
အခုလည်း ဘာအကွက်တွေထုတ်နေပြန်သည်မသိ။လိုက်တမ်းပြေးတမ်းဆော့သည့်dramaကားတွေလျှော့ကြည့်လျှင်ကောင်းမည်။နှစ်ခါတွေ့လိုက်ရုံနှင့်ပြေးသမျှလိုက်နေရအောင် သူကအချဥ်မှမဟုတ်တာ။

ဒါကြောင့် သူ့အကြောင်းစုံစမ်းပေးထားသည့်ဖိုင်တွဲကအခုထိမကြည့်ရသေး။သူစိတ်ဝင်စားဖို့တန်တဲ့အဆင့်မှမဟုတ်တာ။

မနက်ခင်းပိုင်း နိုင်ငံခြားသားဧည့်သည်နှင့်ချိန်းထားတာရှိတာကြောင့်ဘိုကင်တင်ထားတဲ့ဆိုင်သို့သာထွက်လာခဲ့သည်။ထိုဆိုင်က ကCompanyနှင့်နီးသလို သပ်ရပ်ကာ အစားအသောက်ကောင်းသည်။သဘာဝဆန်ဆန်ရှုခင်တို့ဖြင့်ဖန်တီးထားသည့် ကိုယ်ပိုင်အခန်းတွေလည်းရှိသည်။

ချိန်းထားရာဒုတိယထပ်ဆီတက်တော့ ဝရံတာကလူအချို့ကိုသတိပြုမိသွားသည်။ဝရံတာက လှေကားနှင့်သိပ်မဝေးတာမို့ ရှင်းရှင်းလင်းလင်းမြင်နေရခြင်း။

ရေစက်ဆိုးတွေဆိုတာက ရုတ်တရတ်ဆန်ဆန်တွေ့ဆုံခြင်းအမျိုးစားထဲမှာပါနေကျလား။ဒါမှမဟုတ် ဒါကနောက်ထပ်ဗျူဟာတစ်ခုလား။သူလာမှာကြိုသိလို့ဗျူဟာခင်းတယ်ဆိုရင်လည်း ဘေးကနှစ်ကောင်ကဘာအထာလဲ။

နေရောင်ခြည်ခပ်နွေးနွေးက ထိုOmegaလေးအပေါ်သာသက်ရောက်ပုံရသည်။မျက်လုံးဝိုင်းတွေမှိတ်သွားသည်အထိ ပါးချိုင့်ခွက်တွေနစ်ဝင်ကုန်သည်အထိ သဘောကျနေပုံကသိပ်ပျော်နေတဲ့ပုံ။သုံးယောက်ထိုင်နေပုံကမိသားစုတစ်ခုလို။

အမှတ်မထင်ကြည့်ကာအကြည့်လွှဲလို့ သီးသန့်ခန်းဆီသာခြေဦးလှည့်လိုက်သည်။အဲ့လောက်ပျော်ရွှင်နေရင်လဲ ဘာလို့သူ့ကို ဇာတ်လမ်းဆင်နေသေးတာလဲ။အေးပေါ့ သူ့လိုအရှိန်အဝါနဲ့လူကိုဘယ်သူကမတပ်မက်ဘဲနေနိုင်မှာလဲ ဟမ့်။

ကျောက်စက်တစ်ယောက်ခေါင်းကိုက်ချင်နေပြီ။တစ်လလုံးမုန်တိုင်းကြားနေခဲ့ရပြီး ယခုလည်းမုန်တိုင်းနံ့ရနေပြန်ပါပြီ။လှေကားထိပ်ဆုံးရောက်ကတည်းကတင်းမာသွားတဲ့လေထုကြောင့် ဘေးဘီကြည့်မိရာမှကံဆိုးသူOmegaလေးအားတွေ့သည်။ကံကောင်းထောက်မလို့ ဘေးကနှစ်ယောက်ကတော့ထိုကောင်လေးအားကာကွယ်ပေးနိုင်ပါစေ။

“ငါ Toilet သွားချင်တယ်”

စားသောက်ပြီးတော့ ဗိုက်ကဆန္ဒပြလာသည်။

“လိုက်ပို့မယ်”

“မပို့ပါနဲ့ ငါသွားတတ်ပါတယ်”

“မရဘူး မျက်စိရှေ့ကပျောက်တာနဲ့ဒဏ်ရာကပါလာနေကျ”

ပြောရင်း တကယ်လိုက်မည့်ပုံခုံမှထဖို့ဟန်ပြင်နေသည်မို့ သူ့မှာဇွတ်ဆွဲကာခုံမှာပြန်ထိုင်ခိုင်းရသည်။

“ရပါတယ်ဆို ကတိပေးတယ်လို့ ကလေးလည်းမဟုတ်ဘဲနဲ့လိုက်မပို့ပါနဲ့ဆို “

“ကဲပါ သွားခိုင်းလိုက်ပါတိမ်ငွေ့ရာဘာမှမဖြစ်ပါဘူး “

“မြန်မြန်ပြန်လာခဲ့”

“ဟုတ် ဟုတ်”

ပြောပြီးခပ်မြန်မြန်ထွက်ခဲ့ရသည်။အိမ်သာကထောင့်ချိုးမှာမို့ ဝရံတာဘက်ကကြည့်ရင် မမြင်ရ။လူရှင်းနေတာမို့အဆင်ပြေတဲ့အခန်းဆီသာခြေလှမ်းလိုက်သည်။

“ဟူး ခုမှပေါ့သွားတော့တယ်”

ကိစ္စရှင်းကာ ဘေစင်မှာလက်ဆေးပြီးအပြင်ထွက်လိုက်တော့…

“သိပ်သာယာနေတာပေါ့”

“အမေ့ ပလုပ်တုတ်”

ရုတ်တရတ်ထွက်လာတဲ့ခပ်အောအောအသံကြောင့်လန့်သွားရသည်။တွေ့ပြန်ပြီဒီလူ။တော်သေးသည် သူ့လက်ထဲဖိတ်စရာပစ္စည်းမပါလာခဲ့။လန့်သွားတာကြောင့် နောက်တစ်လှမ်းဆုတ်ရပ်လိုက်ကာခေါင်းငုံ့ပစ်လိုက်သည်။ရှေ့ကလူက သူ့မျက်နှာမြင်နေရရင်ကို ဒေါသထွက်တတ်တဲ့အကျင့်ရှိသည်။

“အခုရော ဘာအကွက်တွေရွှေ့နေပြန်တာလဲ”

“……….”

“ဘာလဲ “အ”သွားတာလား”

“………..”

“တော်တော် မာယာများတာပဲ ငါ့ရှေ့ကျတော့ မခုတ်တတ်တဲ့ကြောင်လေးလိုနဲ့ မင်းအကောင်တွေရှေ့ကျတော့မျက်နှာချိုတွေသွေးနေလိုက်တာ တကယ်ကိုအပေါစားဆန်တယ်”

“ခင်ဗျားဘာပြောလိုက်တာလဲ”

စော်ကားတဲ့အပြောတွေကြောင့် ခေါင်းမော့ကာပြန်ရန်တွေ့မိတယ်။ရှည်လျားလှတဲ့သူ့အရပ်ကြီးကြောင့်ဂုတ်ပါညောင်းတယ်။သူ့ခေါင်းဟာ ထိုလူ့ပခုံးတောင်မထိပါဘူးတဲ့။တိမ်ငွေ့ထက်တောင်ပိုရှည်သေးတယ်။အလကားရတိုင်းရှည်နေလိုက်အဲ့မှာ။

“ငါပြောတာမှားလို့လား”

လက်ပိုက်ကာနံရံကိုမှီလိုက်တာကြောင့် ခေါင်းမော့ရတာ နည်းနည်းသက်သာသွားတယ်။​ပြီးတော့ သူပြောတာအမှန်ဆိုတဲ့ မျက်နှာပေးနဲ့နှုတ်ခမ်းတစ်ဖက်ကပါ မထီတရီ။

“ငယ်ငယ်တို့ကသူငယ်ချင်းတွေ ခင်ဗျားကဘာသိလို့ ငယ်ငယ့်သိက္ခာကိုလာစော်ကားနေရတာလဲ ခင်ဗျားနဲ့ဘာဆိုင်လို့လဲ”

“အဟက် ဘယ်သူကမေးနေလို့ဇွတ်ဖြေရှင်းချက်တွေပေးနေရတာလဲ”

“ဘယ်သူကဖြေရှင်းချက်ပေးနေလို့လဲ ခင်ဗျားကြီးလာစော်ကားနေလို့အမှန်တိုင်းပြောနေတာလေ”

တစ်ခါမှရင့်ရင့်သီးသီးမပြောဖူး၍ ခင်ဗျားကြီးဆိုတာထက်ပို၍ရင့်သီးအောင်ဘယ်လိုပြောရမှန်းမသိ။

“ငါအထင်မှားမှာစိုးပြီး ဇွတ်ဖြေရှင်းနေတာမဟုတ်ဘူးလား”

“ခင်ဗျားကဘာမို့လို့ ငယ်ငယ်ကဂရုစိုက်နေကမှာလဲ”

“ရို့ အကွက်တွေပြောင်းနေတယ်ပေါ့”

“ဘာတွေလာရောင်းနေတာတုန်း”

သူစွပ်စွဲနေတာတွေကို တစ်ခုမှနားမလည်၍ စိတ်ကသိပ်မရှည်ချင်တော့။

“ငါအကုန်သိတယ် မင်းငါအာရုံစိုက်တာခံချင်လို့နည်းမျိုးစုံသုံးနေတာမလား”

သူအကုန်သိပါတယ်ဆိုသည့်မျက်နှာပေးအား ဆွဲ၍သာကုတ်ပစ်လိုက်ချင်ပါသည်။

“ခင်ဗျားကြီးက ဘာကြီးမို့လို့လဲ “

“မင်းမသိချင်ယောင်ဆောင်လေ သိပြီးသားပါဆိုတာပိုသိသာလေလေပဲ “

“ဘဝင်ရူးမနေနဲ့ ခင်ဗျားကြီးကိုစိတ်ကိုမဝင်စားဘူး”

“အို့ ပထမတော့ ငါစိတ်ဝင်စားအောင်တမင်ဝင်တိုက်တဲ့အကွက်တွေသုံးမယ် မထိရောက်တော့လျစ်လျူရှူပြီးစိတ်မဝင်စားတဲ့ပုံစံသုံးမယ်ပေါ့ ကလေးအကွက်တွေ”

ပြောရင်းလည်း နှာခေါင်းရှုံ့ကာဟိုဘက်လှည့်လိုက်ပါသေးသည်။ဒီလူကြီးဆေးမသောက်လာဘူးလား။

“အဲ့ပေါက်ကရတွေ ခင်ဗျားတစ်ယောက်တည်းတွေးနေလိုက် ငယ်ငယ်ကတော့လုံးဝကိုစိတ်မဝင်စားတာသေချာတယ်ဟုတ်ပြီလား”

သူ မျက်နှာလေးမော်ချီလို့ပြန်ရန်တွေ့မိသည်။

“ကြည့်လေ ငါစိတ်ဝင်စားအောင်နံမည်ကိုထုတ်ထုတ်ပြောနေတာမလားငါကတော့လုံးဝပဲနော်”

“ခင်ဗျား ဘဝင်ရူးမနေနဲ့ ငယ်ငယ်ကမွေးကတည်းကပြောနေကျ ခင်ဗျားကြီးကို စိတ်ဝင်စားရအောင်ခင်ဗျားကြီးကဘာကောင်ကြီးမို့လို့လဲ”

“လူတွေက ဖုံးကွယ်တယ်ဆိုကတည်းက စိတ်မလုံလို့လေ မင်းအခုငါ့ကိုစိတ်မဝင်စားပါဘူးလို့ချည်းအော်နေတာ ဆန့်ကျင်ဘက်အတွေးတွေသိကုန်မှာစိုးလို့မလား”

ငယ်ငယ် မျက်စိမှိတ်ကာလက်သီးဆုပ်လို့ အသက်ပြင်းပြင်းရှူလိုက်တယ်။စိတ်လျှော့ ချထားတာတောင်ဒေါသကမသေသေး။ကြောက်တဲ့စိတ်တွေလည်း ဘယ်ဆီလွင့်ကုန်တယ်မသိ။

“ဒီမှာ ခင်ဗျားလိုအိုကြီးအိုမကိုစိတ်ဝင်စားမယ့်အစား ကျွန်တော့်ဘေးကငယ်ငယ်ရွယ်ရွယ်သန်သန်မာမာလေးတွေပဲရွေးလိုက်မှာပေါ့ ငယ်ငယ်ကအိုကြီးအိုမတွေကိုစိတ်မဝင်စားတတ်ဘူးသိဖို့”

ပြောရင်း ပြေးထွက်လာလိုက်တော့အငိုက်မိသွားသူကကြောင်တောင်တောင်ကျန်ခဲ့​​​လေသည်။ပြီးမှနောက်မှာရပ်နေသည့် ကျောက်စက်ဘက်သို့လှည့်လိုက်ပြီး

“ကျောက်စက်”

“ဗျာ”

“သူငါ့ကို ဘာပြောသွားတာလဲ”

“အာ”

“ငါ့ကို အသက်ကြီးလို့မစွမ်းဆောင်နိုင်ဘူးလို့ ပြောသွားတာမလား မသန်းမစွမ်းလို့လေ”

သူ့ကိုယ်သူလက်ညှိုးထို့လို့ ကျောက်စက်အားမေးမိသည်။

“နားလည်မှုလွဲနေတာပါ သူကအသက်ကြီးတဲ့လူကိုမကြိုက်ဘူးလို့ပြောတာပါ ကိုCeanကို မသန်စွမ်းလို့မပြောပါဘူး”

“မင်းကပါ သူ့ဘက်ကလားဘာလဲသူ့ကိုကြိုက်နေတာလား”

မျက်မှောင်ကြုတ်ကာမေးလာပုံက အဖြေမှားတာနဲ့လည်ပင်းညှစ်ခံရမယ့်ပုံ။

“မဟုတ်ပါဘူး”

“အခုကိစ္စမှာ ငါမှားတာလားသူမှားတာလား”

“အမှန်အတိုင်းပြောရရင် ကိုCeanကသူ့ဘာသာနေတဲ့ကလေးကိုအရင်သွားစလို့ ကလေးကတုန့်ပြန်လိုက်တာပါ”

“အဲ့တော့ငါမှားတယ်ပေါ့ နေပါအုံးကလေး မင်းသူ့ကိုကလေးလို့ပြောလိုက်တာလား”

အရစ်သန်တဲ့သူဋ္ဌေးဖြစ်သူကြောင့် ကျောက်စက်ငိုချင်လာပြီ။အလကားနေရင်းသူတစ်ပါးကိုစွပ်စွဲတတ်တဲ့အကျင့်ကအခုတစ်လောပိုပြင်းထန်လာပုံပဲ။

“အာ အဲ့ဒါကလေ ကျွန်တော်တို့နဲ့စာရင် အများကြီးငယ်မယ့်ပုံပေါ်တယ်လေ အသက်ပြည့်ပြီးကာစလေးပဲရှိအုံးမှာ”

“အဲ့တော့ ငါကတကယ်ကိုအိုကြီးအိုမပေါ့”

နောက်ဆုံးတော့ဒီဘူတာပဲတဲ့လား။စိတ်ပေါက်ပေါက်နဲ့အင်းလို့ဖြေလိုက်ရင် နေရာမှာတင်သူ့ကိုသတ်ပစ်လောက်တယ်။

“ကျွန်တော်မပြောမိပါဘူး”

“မင်းပြောချင်တာအဲ့အဓိပ္ပါယ်ပဲလေ မင်းအတွက်တောင်ကလေးဆိုရင် မင်းထက်အသက်ကြီးတဲ့ငါကရော”

“ကိုCeanက ကျွန်တော့်ထက်၂နှစ်ပဲကြီးတာပါ”

“အဲ့တော့ငါကတကယ်ကိုအိုကြီးအိုမပေါ့”

“မဟုတ်ပါဘူးဗျာ ကျွန်တော်တို့ပြန်သင့်ပြီထင်တယ်Companyမှာအစည်းဝေးရှိသေးတယ်လေ

ကျောက်စက်စကားလမ်းကြောင်းပြောင်းလိုက်ရတယ်။ဒီနေ့ဒီကိစ္စက ပြီးမှာမဟုတ်တော့။

“သွားမယ်”

တစ်ခွန်းသာပြောပြီးထွက်သွားသူကြောင့် နောက်ကအပြေးလိုက်ရသည်။Alphaချင်းတူတာတောင် သူဟာကိုCeanခြေလှမ်းတွေကိုမနည်းမှီအောင်လိုက်ယူရသည်အထိ ကိုCeanကအင်အားကြီးသည်။

ဒါကိုများ သူ့ကိုအိုကြီးအိုမလို့ပြောတာကို စိတ်ထဲထားနေသေးတယ်။သူသန်မာတာ သူအသိဆုံးမဟုတ်ဘူးလား။ဟိုကလေးကို အမြင်မကြည်လို့ သူ့ဘာသာခံပြင်းနေတာကိုများ။အရင်တုန်းကလို လျစ်လျှူရှူပစ်လို့ရရဲ့သားနဲ့စိတ်ထဲထားနေသေးတယ်။ကိုယ့်စိတ်ဒုက္ခကိုယ်ရှာတာပဲ။

သူတို့ပြန်တော့ ဟိုကလေးသုံးယောက်ကမရှိတော့။တော်သေးသည် မဟုတ်လျှင်ဘာပြဿနာတွေသွားရှာအုံးမည်မသိ။ပြောရတာမဟုတ်ဘူး။၃၃နှစ်လုံးတည်ငြိမ်လာသမျှ ထိုကလေးကိုတွေ့မှပေါက်ကွဲထွက်လာတဲ့ဒေါသတွေဆိုတာ။ဘေးလူတောင်သိတဲ့မဟုတ်တမ်းတရားတွေနဲ့ကလေးကိုပြဿနာရှာနေတာသာကြည့်။

ကားပေါ်ရောက်သည်အထိစိတ်မကြည်သေးသူက ညီဖြစ်သူဆီဖုန်းလှမ်းဆက်သည်။ဘာပြဿနာတွေရှာအုံးမလို့လဲမသိပါဘူး။

“ကိုCean “

“Horizon ငါ့ကိုအိုနေပြီလို့ထင်လား”

“အယ်… ဘာကြီး”

“ငါပြောတာ ငါကအိုနေပြီလားလို့”

“ပေါက်ကရတွေ ဘယ်သူကဘာပြောလိုက်လို့တုန်း”

“ရှိတယ် ငါအာရုံစိုက်တာခံချင်လို့အဲ့လိုတွေမခံချင်အောင်ပြောတဲ့သူ”

“ဘယ်ကသာကိုCeanရယ် ကိုCeanသာအိုနေပြီဆိုဘယ်သူမှနုပျိုမနေတော့ဘူး”

“အဟက် ငါသိသားပဲတမင်သက်သက် Attentionရှာနေတာ”

“ရို့ ပြောပါအုံး ဘယ်Omegaအလှလေးကများ ကိုCeanအာရုံစိုက်အောင်လုပ်လိုက်နိုင်တာလဲ”

“ငါကအာရုံမစိုက်ပါဘူး ပြီးတော့ဘာမှအလှလေးမဟုတ်ဘူး မျက်နှာနှစ်ဖက်နဲ့အပေါစားကောင်”

“အပြောမစောပါနဲ့ကိုCeanရယ် အခုတောင် အာရုံစိုက်နေပြီမလား”

“ဘယ်သူက”

“ကိုCeanလေ အိုနေပြီပြောလို့မခံနိုင်ဘူးမလား ဘာလဲသူကနုနုငယ်ငယ်လေးတွေမှကြိုက်တယ်ဆိုလို့လား”

“ပေါက်ကရတွေ  ဒါပဲတော်ပြီဖုန်းချလိုက်တော့မယ်”

“ဟားဟားဟား “

ဖုန်းတစ်ဖက်က Horizonအသံကလှောင်ရီမှုအပြည့်။ကားပြတင်းကနေအပြင်ကိုကြည့်လိုက်တော့နေရောင်ခြည်ကတောက်ပစွာ။တစ်စုံတစ်ယောက်ရဲ့ အပြုံးတွေလိုပေါ့။တောက်ပလွန်းလို့ မျက်စိကျိန်းပြီးကြည့်ကိုမကြည့်ချင်ဘူး…..

###############

ငြိမ်း🌻🌞

ဒီေန႕ရာသီဥတုသာယာသည္။မေန႕ညကမိုးေၾကာင့္ ယေန႕မနက္ခင္းက ေတာက္ေတာက္ပပ စိမ္းစိမ္းစိုစို။ျမင္ေလရာရာ ေတာက္ပေနသမွ် ငယ္ငယ့္အၿပဳံးေတြက အေတာက္ပဆုံး။

တစ္လလုံး Sျပည္နယ္မွာေသာင္တင္ေနၿပီး မေန႕ကမွ Yၿမိဳ႕ေတာ္သို႔ျပန္ေရာက္ျခင္း။တိမ္ေငြ႕က အလုပ္ကိစၥေတြ မျပတ္သလို ငယ္ငယ္ကိုယ္တိုင္လည္း ထိုျပည္နယ္မွာ အေတာ္ေပ်ာ္ေနသည္။ထို႔ေၾကာင့္ ေနာင္းညို၏ျပန္လာရန္ တဂ်ီဂ်ီ ဂ်ီက်မႈအားလ်စ္လ်ဴရႉကာ တစ္လလုံးေနပစ္လိုက္သည္။

မေန႕ကမွတိမ္ေငြ႕ကိုယ္တိုင္ ျပန္လိုက္ပို႔ကာ ယခု သုံးေယာက္လုံးစားေသာက္ဆိုင္သို႔ေရာက္ရွိေနေလသည္။သီးသန့္ခန္းေတြရွိေသာ္လည္း သူတို႔သုံးေယာက္လုံး ဝရံတာမွာသာ ထိုင္ျဖစ္သည္။ဒုတိယထပ္ျဖစ္သျဖင့္ လမ္းသြားလမ္းလာမ်ားကို ျမင္နိုင္သလို အလွသစ္ပင္မ်ားေၾကာင့္ ဥယ်ာဥ္ေလးထဲေရာက္ေနသလို ခံစားရေစသည္။

“ေတာ္ၿပီလား ထပ္မွာအုံးေလ”

“ေတာ္ၿပီေနာင္းညိုရဲ႕ အခုမွာလိုက္တာေတာင္မ်ားေနၿပီ ကုန္ေရာကုန္မွာလားမသိဘူး”

“ကုန္မွာေသခ်ာတယ္ တစ္လအတြင္းငါသိလာတာက လျခမ္းက ဘယ္ေလာက္စားစားစားနိုင္တယ္ ၿပီးရင္”ဝ”လည္းမလာဘူး တစ္ေနကုန္ တဇြတ္ဇြတ္စားေနတာေတာင္ ခါးေလးက ငါ့လက္ဝါးေလာက္ရွိတာပဲၾကည့္”

“မ်က္ႏွာေလးကေတာ့ျပည့္လာတယ္ အဲ့ျပည္နယ္နဲ႕တည့္လို႔ထင္တယ္ အသားေတြေတာင္ ပိုေဖြးလာသလိုပဲ”

“ဟုတ္တယ္ငါအရမ္း ေပ်ာ္ေနတာ ေနာက္ထပ္လည္းသြားအုံးမွာ ဟီးဟီး “

“ေနာက္တစ္ခါဆို ငါလည္းလိုက္မွာေနာ္”

“လိုက္ခဲ့ လိုက္ခဲ့ သုံးေယာက္ဆိုပိုေပ်ာ္ဖို႔ေကာင္းမွာ ေနာက္တစ္ခါသြားရင္ အဲ့နားက နံမည္ႀကီးတဲ့ ေတာင္ေပၚတက္ၾကည့္မယ္ ၿပီးရင္ ပန္းခ်ီလည္းဆြဲခ်င္ေသးတယ္”

“ဟုတ္ၿပီသြားၾကမယ္ အိမ္ရွင္က မၾကည္ျဖဴရင္ ဒို႔ႏွစ္ေယာက္ ေဟာ္တည္မွာတည္းၾကမယ္”

သူဘာမွဝင္မေျပာရေသးခင္ ဒရမ္မာခင္းလာတဲ့ေနာင္းညို

“ငါကဘာကိစၥမၾကည္ျဖဴရမွာလဲ”

“မင္းမ်က္ႏွာထားႀကီးက မၾကည္တဲ့ပုံႀကီး ငါ့ဆီကိုအရႉပ္ထုပ္ေတြေရာက္လာေတာ့မယ္ ဆိုတဲ့႐ုပ္ႀကီး”

“ပရမ္းပတာေတြေျပာမေနနဲ႕”

“အဲ့တာဆိုၿပဳံးေလ ေဖာ္ေဖာ္ေ႐ြေ႐ြေခၚေလ “

“ငါ့႐ုပ္က ပါပါးေမြးကတည္းက ဒီအတိုင္းပဲေနာ္ ေလာကဝတ္ေတြလုပ္ေနရေအာင္ အခုမွသိတဲ့သူေတြမို႔လား ေပါင္းလာတာျဖင့္ ၇ ႏွစ္၈ႏွစ္ ရွိၿပီ ေပါက္ကရေျပာဖို႔ဆို မင္းအတတ္ဆုံး”

“ဟီးဟီး “

ငယ္ငယ္ကေတာ့ သူတို႔ႏွစ္ေယာက္ကိုၾကည့္ကာ သေဘာတက်။သုံးေယာက္ဆုံလိုက္လွ်င္ မိသားစုတစ္ခုလိုခံစားရတာေၾကာင့္ ငယ္ငယ္ကေတာ့ လူစုံတိုင္းအရမ္းေပ်ာ္သည္။

အစားေသာက္ေတြလာခ်ေပးေတာ့မွ သူတို႔စားပြဲဝိုင္းေလး ခဏတိတ္ဆိတ္သြားေတာ့သည္။စားေနတုန္းလည္း စကားမ်ားၾကေသးသည္။ထမင္းစားလွ်င္စကားမေျပာရဟူေသာ စည္းမ်ဥ္းက သူတို႔ၾကားတြင္မရွိ။

ဒီဘက္တြင္ရာသီဥတုသာယာေနေသာ္လည္း တစ္ဖက္တြင္ေတာ့ သိပ္အေျခေနမေကာင္း။

Ceanစိတ္မၾကည္ေနတာ တစ္လရွိၿပီ။ထိုျပႆနာျဖစ္ၿပီးသည့္ေန႕မွစ၍ ေန႕ရက္တိုင္းအား ေဒါသေတြႏွင့္ ျဖတ္သန္းေနရသည္။အိပ္မက္ဆိုးမက္သည့္ညေၾကာင့္ အိပ္မေပ်ာ္၍ ေဒါသထြက္ေနေသာ္ျငား ေနာက္ေန႕ေတြမွာေတာ့ အိပ္မက္မမက္သည့္အတြက္ ေဒါသထြက္ရျပန္ပါသည္။

ဆယ္ေက်ာ္သက္အ႐ြယ္ကတည္းက ေတာက္ေလ်ာက္မက္ခဲ့ေသာအိပ္မက္သည္ တစ္ပတ္ႏွစ္ႀကိမ္ပုံမွန္မက္သည္။အၿမဲတမ္း အဆုံးအစမဲ့ စံပယ္လြင္ျပင္ႀကီးထဲ သူဟာတစ္စုံတစ္ခုကိုရွာေဖြၿမဲ။မေျပာင္းလဲေသာအေၾကာင္းအရာက ထိုအရာအားသူရွာမေတြ႕ျခင္း။

အၿမဲတမ္းရေနေသာ ထိုစံပယ္ရနံေတြက သူ႕အားမူးေဝလာေစသည္။အရမ္းခ်ိဳအီေနေအာင္ေမႊးလို႔ သူသိပ္မုန္းပါသည္။အနံ႕အားမခံနိုင္သလို အပြင့္အားလည္းမျမင္ခ်င္ေပ။ကမၻာေပၚမွာ ေပ်ာက္ကြယ္သြားသင့္ေသာ ပန္းအားျပပါဆိုလွ်င္ ထိုပန္းကိုသာ သူေ႐ြးခ်ယ္ပစ္လိုက္မည္။

သို႔ေသာ္ ထိုအိပ္မက္ဆိုးမက္ၿပီးသည့္ ညမွစ၍ ထိုအိပ္မက္အား သူထပ္မမက္သည္မွာ တစ္လရွိၿပီ။ညတိုင္းအိပ္ေရးဝပါေသာ္လည္း မနက္ေရာက္တိုင္း သူစိတ္မၾကည္ေတာ့။အေၾကာင္းျပခ်က္မရွိ သူစိတ္တိုေနတတ္သည္။

အေျဖရွာၾကည့္ေတာ့မွ ထိုအိပ္မက္ဆက္မမက္တာေၾကာင့္။လူေတြကထူးဆန္းပါသည္။မ်က္စိေရွ႕ေန႕တိုင္းျမင္ေန၍ စိတ္ရႈပ္ရပါသည္ မျမင္ခ်င္ဟုတတြတ္တြတ္ေျပာေနၿပီး မျမင္လိုက္တဲ့အခ်ိန္ေရာက္မွ ထိုအရာအားလိုအပ္ေနတာမ်ိဳး။ထိုအရာမရွိလွ်င္ တစ္ခုခု လစ္ဟာသလိုခံစားရတာမ်ိဳး။အခုသူလည္းထိုကဲ့သို႔ပင္။

ထိုအမွိုက္ထုပ္ေလးအား မျမင္ရသည္မွာ တစ္လခန့္ရွိၿပီျဖစ္သည္။ေတြ႕တိုင္း သူစိတ္တိုခဲ့ရသည္။ယခု Mallသို႔သြားတိုင္း ေနရာတိုင္းအား သတိထားၾကည့္တတ္ၿမဲ။ဘယ္အခ်ိန္ဘယ္ေနရာကေန ဘာနဲ႕လာေလာင္းခ်မလဲမွမသိနိုင္တာ။အဲ့ေတာ့ သတိထားရတာေပါ့။

သူလိုAlphaကိုေတာင္ ဇာတ္လမ္းဆင္ရဲသည္အထိ ရဲတင္းလြန္းေသာသတၱဝါေလးသည္ ေတာ္႐ုံသတၱိႏွင့္ေတာ့မျဖစ္နိုင္ပါ။
အခုလည္း ဘာအကြက္ေတြထုတ္ေနျပန္သည္မသိ။လိုက္တမ္းေျပးတမ္းေဆာ့သည့္ drama ကားေတြေလွ်ာ့ၾကည့္လွ်င္ ေကာင္းမည္။ႏွစ္ခါေတြ႕လိုက္႐ုံႏွင့္ ေျပးသမွ်လိုက္ေနရေအာင္ သူကအခ်ဥ္မွမဟုတ္တာ။

ဒါေၾကာင့္ သူ႕အေၾကာင္းစုံစမ္းေပးထားသည့္ဖိုင္တြဲက အခုထိမၾကည့္ရေသး။သူစိတ္ဝင္စားဖို႔ တန္တဲ့အဆင့္မွမဟုတ္တာ။

မနက္ခင္းပိုင္း နိုင္ငံျခားသားဧည့္သည္ႏွင့္ခ်ိန္းထားတာရွိတာေၾကာင့္ ဘိုကင္တင္ထားတဲ့ဆိုင္သို႔သာထြက္လာခဲ့သည္။ထိုဆိုင္က က Company ႏွင့္နီးသလို သပ္ရပ္ကာ အစားအေသာက္ေကာင္းသည္။သဘာဝဆန္ဆန္ ရႈခင္တို႔ျဖင့္ဖန္တီးထားသည့္ ကိုယ္ပိုင္အခန္းေတြလည္းရွိသည္။

ခ်ိန္းထားရာ ဒုတိယထပ္ဆီတက္ေတာ့ ဝရံတာကလူအခ်ိဳ႕ကို သတိျပဳမိသြားသည္။ဝရံတာက ေလွကားႏွင့္သိပ္မေဝးတာမို႔ ရွင္းရွင္းလင္းလင္းျမင္ေနရျခင္း။

ေရစက္ဆိုးေတြဆိုတာက ႐ုတ္တရတ္ဆန္ဆန္ေတြ႕ဆုံျခင္း အမ်ိဳးစားထဲမွာပါေနက်လား။ဒါမွမဟုတ္ ဒါကေနာက္ထပ္ ဗ်ဴဟာတစ္ခုလား။သူလာမွာႀကိဳသိလို႔ ဗ်ဴဟာခင္းတယ္ဆိုရင္လည္း ေဘးကႏွစ္ေကာင္ကဘာအထာလဲ။

ေနေရာင္ျခည္ခပ္ႏြေးႏြေးက ထိုOmegaေလးအေပၚသာ သက္ေရာက္ပုံရသည္။မ်က္လုံးဝိုင္းေတြမွိတ္သြားသည္အထိ ပါးခ်ိဳင့္ခြက္ေတြ နစ္ဝင္ကုန္သည္အထိ သေဘာက်ေနပုံက သိပ္ေပ်ာ္ေနတဲ့ပုံ။သုံးေယာက္ထိုင္ေနပုံက မိသားစုတစ္ခုလို။

အမွတ္မထင္ၾကည့္ကာ အၾကည့္လႊဲလို႔ သီးသန့္ခန္းဆီသာ ေျခဦးလွည့္လိုက္သည္။အဲ့ေလာက္ ေပ်ာ္႐ႊင္ေနရင္လဲ ဘာလို႔သူ႕ကို ဇာတ္လမ္းဆင္ေနေသးတာလဲ။ေအးေပါ့ သူ႕လိုအရွိန္အဝါနဲ႕လူကို ဘယ္သူကမတပ္မက္ဘဲေနနိုင္မွာလဲ ဟမ့္။

ေက်ာက္စက္တစ္ေယာက္ ေခါင္းကိုက္ခ်င္ေနၿပီ။တစ္လလုံး မုန္တိုင္းၾကားေနခဲ့ရၿပီး ယခုလည္း မုန္တိုင္းနံ႕ရေနျပန္ပါၿပီ။ေလွကားထိပ္ဆုံးေရာက္ကတည္းက တင္းမာသြားတဲ့ေလထုေၾကာင့္ ေဘးဘီၾကည့္မိရာမွ ကံဆိုးသူ Omegaေလးအားေတြ႕သည္။ကံေကာင္းေထာက္မလို႔ ေဘးကႏွစ္ေယာက္ကေတာ့ ထိုေကာင္ေလးအား ကာကြယ္ေပးနိုင္ပါေစ။

“ငါ Toilet သြားခ်င္တယ္”

စားေသာက္ၿပီးေတာ့ ဗိုက္ကဆႏၵျပလာသည္။

“လိုက္ပို႔မယ္”

“မပို႔ပါနဲ႕ ငါသြားတတ္ပါတယ္”

“မရဘူး မ်က္စိေရွ႕ကေပ်ာက္တာနဲ႕ ဒဏ္ရာကပါလာေနက်”

ေျပာရင္း တကယ္လိုက္မည့္ပုံ ခုံမွထဖို႔ဟန္ျပင္ေနသည္မို႔ သူ႕မွာဇြတ္ဆြဲကာခုံမွာျပန္ထိုင္ခိုင္းရသည္။

“ရပါတယ္ဆို ကတိေပးတယ္လို႔ ကေလးလည္းမဟုတ္ဘဲနဲ႕လိုက္မပို႔ပါနဲ႕ဆို “

“ကဲပါ သြားခိုင္းလိုက္ပါတိမ္ေငြ႕ရာ ဘာမွမျဖစ္ပါဘူး “

“ျမန္ျမန္ျပန္လာခဲ့”

“ဟုတ္ ဟုတ္”

ေျပာၿပီး ခပ္ျမန္ျမန္ထြက္ခဲ့ရသည္။အိမ္သာကေထာင့္ခ်ိဳးမွာမို႔ ဝရံတာဘက္ကၾကည့္ရင္ မျမင္ရ။လူရွင္းေနတာမို႔ အဆင္ေျပတဲ့အခန္းဆီသာေျခလွမ္းလိုက္သည္။

“ဟူး ခုမွေပါ့သြားေတာ့တယ္”

ကိစၥရွင္းကာ ေဘစင္မွာ လက္ေဆးၿပီးအျပင္ထြက္လိုက္ေတာ့

“သိပ္သာယာေနတာေပါ့”

“အေမ့ ပလုပ္တုတ္”

႐ုတ္တရတ္ထြက္လာတဲ့ ခပ္ေအာေအာအသံေၾကာင့္ လန့္သြားရသည္။ေတြ႕ျပန္ၿပီ ဒီလူ။ေတာ္ေသးသည္ သူ႕လက္ထဲဖိတ္စရာပစၥည္းမပါလာခဲ့။လန့္သြားတာေၾကာင့္ ေနာက္တစ္လွမ္းဆုတ္ရပ္လိုက္ကာ ေခါင္းငုံ႕ပစ္လိုက္သည္။ေရွ႕ကလူက သူ႕မ်က္ႏွာျမင္ေနရရင္ကို ေဒါသထြက္တတ္တဲ့ အက်င့္ရွိသည္။

“အခုေရာ ဘာအကြက္ေတြေ႐ႊ႕ေနျပန္တာလဲ”

“……….”

“ဘာလဲ “အ”သြားတာလား”

“………..”

“ေတာ္ေတာ္ မာယာမ်ားတာပဲ ငါ့ေရွ႕က်ေတာ့ မခုတ္တတ္တဲ့ေၾကာင္ေလးလိုနဲ႕ မင္းအေကာင္ေတြေရွ႕က်ေတာ့ မ်က္ႏွာခ်ိဳေတြေသြးေနလိုက္တာ တကယ္ကိုအေပါစားဆန္တယ္”

“ခင္ဗ်ားဘာေျပာလိုက္တာလဲ”

ေစာ္ကားတဲ့အေျပာေတြေၾကာင့္ ေခါင္းေမာ့ကာျပန္ရန္ေတြ႕မိတယ္။ရွည္လ်ားလွတဲ့သူ႕အရပ္ႀကီးေၾကာင့္ ဂုတ္ပါေညာင္းတယ္။သူ႕ေခါင္းဟာ ထိုလူ႕ပခုံးေတာင္ မထိပါဘူးတဲ့။တိမ္ေငြ႕ထက္ေတာင္ ပိုရွည္ေသးတယ္။အလကားရတိုင္း ရွည္ေနလိုက္အဲ့မွာ။

“ငါေျပာတာမွားလို႔လား”

လက္ပိုက္ကာနံရံကိုမွီလိုက္တာေၾကာင့္ ေခါင္းေမာ့ရတာ နည္းနည္းသက္သာသြားတယ္။ၿပီးေတာ့ သူေျပာတာအမွန္ဆိုတဲ့ မ်က္ႏွာေပးနဲ႕ ႏႈတ္ခမ္းတစ္ဖက္ကပါ မထီတရီ။

“ငယ္ငယ္တို႔က သူငယ္ခ်င္းေတြ ခင္ဗ်ားကဘာသိလို႔ ငယ္ငယ့္ သိကၡာကို လာေစာ္ကားေနရတာလဲ ခင္ဗ်ားနဲ႕ ဘာဆိုင္လို႔လဲ”

“အဟ ဘယ္သူကေမးေနလို႔ ဇြတ္ေျဖရွင္းခ်က္ေတြ ေပးေနရတာလဲ”

“ဘယ္သူကေျဖရွင္းခ်က္ေပးေနလို႔လဲ ခင္ဗ်ားႀကီးလာေစာ္ကားေနလို႔ အမွန္တိုင္းေျပာေနတာေလ”

တစ္ခါမွရင့္ရင့္သီးသီးမေျပာဖူး၍ ခင္ဗ်ားႀကီးဆိုတာထက္ ပို၍ရင့္သီးေအာင္ ဘယ္လိုေျပာရမွန္းမသိ။

“ငါအထင္မွားမွာစိုးၿပီး ဇြတ္ေျဖရွင္းေနတာမဟုတ္ဘူးလား”

“ခင္ဗ်ားကဘာမို႔လို႔ ငယ္ငယ္ကဂ႐ုစိုက္ေနကမွာလဲ”

“ရို႔ အကြက္ေတြေျပာင္းေနတယ္ေပါ့”

“ဘာေတြလာေရာင္းေနတာတုန္း”

သူစြပ္စြဲေနတာေတြကို တစ္ခုမွနားမလည္၍ စိတ္ကသိပ္မရွည္ခ်င္ေတာ့။

“ငါအကုန္သိတယ္ မင္းငါအာ႐ုံစိုက္တာခံခ်င္လို႔ နည္းမ်ိဳးစုံသုံးေနတာမလား”

သူအကုန္သိပါတယ္ဆိုသည့္မ်က္ႏွာေပးအား ဆြဲ၍သာကုတ္ပစ္လိုက္ခ်င္ပါသည္။

“ခင္ဗ်ားႀကီးက ဘာႀကီးမို႔လို႔လဲ “

“မင္းမသိခ်င္ေယာင္ေဆာင္ေလ သိၿပီးသားပါဆိုတာ ပိုသိသာေလေလပဲ “

“ဘဝင္႐ူးမေနနဲ႕ ခင္ဗ်ားႀကီးကို စိတ္ကိုမဝင္စားဘူး”

“အို႔ ပထမေတာ့ ငါစိတ္ဝင္စားေအာင္ တမင္ဝင္တိုက္တဲ့အကြက္ေတြသုံးမယ္ မထိေရာက္ေတာ့ လ်စ္လ်ဴရႉၿပီး စိတ္မဝင္စားတဲ့ပုံစံသုံးမယ္ေပါ့ ကေလးအကြက္ေတြ”

ေျပာရင္းလည္း ႏွာေခါင္းရႈံ႕ကာ ဟိုဘက္လွည့္လိုက္ပါေသးသည္။ဒီလူႀကီးေဆးမေသာက္လာဘူးလား”

“အဲ့ေပါက္ကရေတြ ခင္ဗ်ားတစ္ေယာက္တည္းေတြးေနလိုက္ ငယ္ငယ္ကေတာ့ လုံးဝကိုစိတ္မဝင္စားတာေသခ်ာတယ္ ဟုတ္ၿပီလား”

သူ မ်က္ႏွာေလးေမာ္ခ်ီလို႔ ျပန္ရန္ေတြ႕မိသည္။

“ၾကည့္ေလ ငါစိတ္ဝင္စားေအာင္ နံမည္ကိုထုတ္ထုတ္ေျပာေနတာမလား ငါကေတာ့လုံးဝပဲေနာ္”

“ခင္ဗ်ား ဘဝင္႐ူးမေနနဲ႕ ငယ္ငယ္ကေမြးကတည္းကေျပာေနက် ခင္ဗ်ားႀကီးကို စိတ္ဝင္စားရေအာင္ ခင္ဗ်ားႀကီးကဘာေကာင္ႀကီးမို႔လို႔လဲ”

“လူေတြက ဖုံးကြယ္တယ္ဆိုကတည္းက စိတ္မလုံလို႔ေလ မင္းအခု ငါ့ကိုစိတ္မဝင္စားပါဘူးလို႔ခ်ည္းေအာ္ေနတာ ဆန့္က်င္ဘက္အေတြးေတြ သိကုန္မွာစိုးလို႔မလား”

ငယ္ငယ္ မ်က္စိမွိတ္ကာ လက္သီးဆုပ္လို႔ အသက္ျပင္းျပင္းရႉလိုက္တယ္။စိတ္ေလွ်ာ့ ခ်ထားတာေတာင္ ေဒါသကမေသေသး။ေၾကာက္တဲ့စိတ္ေတြလည္း ဘယ္ဆီလြင့္ကုန္တယ္မသိ။

“ဒီမွာ ခင္ဗ်ားလို အိုႀကီးအိုမကိုစိတ္ဝင္စားမယ့္အစား ကြၽန္ေတာ့္ေဘးက ငယ္ငယ္႐ြယ္႐ြယ္သန္သန္မာမာေလးေတြပဲ ေ႐ြးလိုက္မွာေပါ့ ငယ္ငယ္က အိုႀကီးအိုမေတြကိုစိတ္မဝင္စားတတ္ဘူး သိဖို႔”

ေျပာရင္း ေျပးထြက္လာလိုက္ေတာ့ အငိုက္မိသြားသူက ေၾကာင္ေတာင္ေတာင္က်န္ခဲ့ေလသည္။ၿပီးမွေနာက္မွာရပ္ေနသည့္ ေက်ာက္စက္ဘက္သို႔လွည့္လိုက္ၿပီး

“ေက်ာက္စက္”

“ဗ်ာ”

“သူငါ့ကို ဘာေျပာသြားတာလဲ”

“အာ”

“ငါ့ကို အသက္ႀကီးလို႔မစြမ္းေဆာင္နိုင္ဘူးလို႔ ေျပာသြားတာမလား မသန္းမစြမ္းလို႔ေလ”

သူ႕ကိုယ္သူလက္ညွိုးထို႔လို႔ ေက်ာက္စက္အားေမးမိသည္။

“နားလည္မႈလြဲေနတာပါ သူကအသက္ႀကီးတဲ့လူကို မႀကိဳက္ဘူးလို႔ေျပာတာပါ ကိုCeanကို မသန္စြမ္းလို႔မေျပာပါဘူး”

“မင္းကပါ သူ႕ဘက္ကလား ဘာလဲသူ႕ကိုႀကိဳက္ေနတာလား”

မ်က္ေမွာင္ၾကဳတ္ကာေမးလာပုံက အေျဖမွားတာနဲ႕ လည္ပင္းညွစ္ခံရမယ့္ပုံ။

“မဟုတ္ပါဘူး”

“အခုကိစၥမွာ ငါမွားတာလား သူမွားတာလား”

“အမွန္အတိုင္းေျပာရရင္ ကိုCeanက သူ႕ဘာသာေနတဲ့ကေလးကို အရင္သြားစလို႔ ကေလးကတုန့္ျပန္လိုက္တာပါ”

“အဲ့ေတာ့ငါမွားတယ္ေပါ့ ေနပါအုံး ကေလး မင္းသူ႕ကို ကေလးလို႔ေျပာလိုက္တာလား”

အရစ္သန္တဲ့ သူ႒ေးျဖစ္သူေၾကာင့္ ေက်ာက္စက္ငိုခ်င္လာၿပီ။

“အာ အဲ့ဒါကေလ ကြၽန္ေတာ္တို႔နဲ႕စာရင္ အမ်ားႀကီးငယ္မယ့္ပုံေပၚတယ္ေလ အသက္ျပည့္ၿပီးကာစေလးပဲရွိအုံးမွာ”

“အဲ့ေတာ့ ငါကတကယ္ကို အိုႀကီးအိုမေပါ့”

ေနာက္ဆုံးေတာ့ ဒီဘူတာပဲတဲ့လား။စိတ္ေပါက္ေပါက္နဲ႕ အင္းလို႔ေျဖလိုက္ရင္ ေနရာမွာတင္ သူ႕ကိုသတ္ပစ္ေလာက္တယ္။

“ကြၽန္ေတာ္မေျပာမိပါဘူး”

“မင္းေျပာခ်င္တာ အဲ့အဓိပ္ပါယ်ပဲလေ မင္းအတြက္ေတာင္ကေလးဆိုရင္ မင္းထက္အသက္ႀကီးတဲ့ငါကေရာ”

“ကိုCean က ကြၽန္ေတာ့္ထက္ ၂ႏွစ္ပဲႀကီး တာပါ”

“အဲ့ေတာ့ငါက တကယ္ကိုအိုႀကီးအိုမေပါ့”

“မဟုတ္ပါဘူးဗ်ာ ကြၽန္ေတာ္တို႔ျပန္သင့္ၿပီထင္တယ္ Company မွာ အစည္းေဝးရွိေသးတယ္ေလ”

ေက်ာက္စက္ စကားလမ္းေၾကာင္းေျပာင္းလိုက္ရတယ္။ဒီေန႕ဒီကိစၥက ၿပီးမွာမဟုတ္ေတာ့။

“သြားမယ္”

တစ္ခြန္းသာေျပာၿပီး ထြက္သြားသူေၾကာင့္ ေနာက္ကအေျပးလိုက္ရတယ္။Alphaခ်င္းတူတာေတာင္ သူဟာ ကိုCean ေျခလွမ္းေတြကိုမနည္းမွီေအာင္လိုက္ယူရသည္အထိ ကိုCeanက အင္အားႀကီးသည္။

ဒါကိုမ်ား သူ႕ကိုအိုႀကီးအိုမလို႔ေျပာတာကို စိတ္ထဲထားေနေသးတယ္။သူသန္မာတာ သူအသိဆုံးမဟုတ္ဘူးလား။ဟိုကေလးကို အျမင္မၾကည္လို႔ သူ႕ဘာသာခံျပင္းေနတာကိုမ်ား။အရင္တုန္းကလို လ်စ္လ်ႉရႉပစ္လို႔ရရဲ႕သားနဲ႕ စိတ္ထဲထားေနေသးတယ္။ကိုယ့္စိတ္ဒုကၡ ကိုယ္ရွာတာပဲ။

သူတို႔ျပန္ေတာ့ ဟိုကေလးသုံးေယာက္ကမရွိေတာ့ ။ေတာ္ေသးသည္ မဟုတ္လွ်င္ ဘာျပႆနာေတြ သြားရွာအုံးမည္မသိ။ေျပာရတာမဟုတ္ဘူး။၃၃ႏွစ္လုံးတည္ၿငိမ္လာသမွ် ထိုကေလးကိုေတြ႕မွ ေပါက္ကြဲထြက္လာတဲ့ေဒါသေတြဆိုတာ။

ကားေပၚေရာက္သည္အထိ စိတ္မၾကည္ေသးသူက ညီျဖစ္သူဆီဖုန္းလွမ္းဆက္သည္။ဘာျပႆနာေတြ ရွာအုံးမလို႔လဲမသိ။

“ကိုCean “

“Horizon ငါ့ကိုအိုေနၿပီလို႔ထင္လား”

“အယ္ ဘာႀကီး”

“ငါေျပာတာ ငါကအိုေနၿပီလားလို႔”

“ေပါက္ကရေတြ ဘယ္သူကဘာေျပာလိုက္လို႔တုန္း”

“ရွိတယ္ ငါအာ႐ုံစိုက္တာခံခ်င္လို႔ အဲ့လိုေတြမခံခ်င္ေအာင္ေျပာတဲ့သူ”

“ဘယ္ကသာကိုCeanရယ္ ကိုCeanသာအိုေနၿပီဆို ဘယ္သူမွ ႏုပ်ိဳမေနေတာ့ဘူး”

“အဟက္ ငါသိသားပဲ တမင္သက္သက္ Attention ရွာေနတာ”

“ရို႔ ေျပာပါအုံး ဘယ္Omegaအလွေလးကမ်ား ကိုCean အာ႐ုံစိုက္ေအာင္ လုပ္လိုက္နိုင္တာလဲ”

“ငါကအာ႐ုံမစိုက္ပါဘူး ၿပီးေတာ့ ဘာမွ အလွေလးမဟုတ္ဘူး မ်က္ႏွာႏွစ္ဖက္နဲ႕ အေပါစားေကာင္”

“အေျပာမေစာပါနဲ႕ ကိုCean ရယ္ အခုေတာင္ အာ႐ုံစိုက္ေနၿပီမလား”

“ဘယ္သူက”

“ကိုCean ေလ အိုေနၿပီေျပာလို႔ မခံနိုင္ဘူးမလား ဘာလဲသူက ႏုႏုငယ္ငယ္ေလးေတြမွႀကိဳက္တယ္ဆိုလို႔လား”

“ေပါက္ကရေတြ ဒါပဲ ေတာ္ၿပီ ဖုန္းခ်လိဳက္ေတာ့မယ္”

“ဟားဟားဟား “

ဖုန္းတစ္ဖက္က Horizon အသံက ေလွာင္ရီမႈအျပည့္။ကားျပတင္းကေန အျပင္ကိုၾကည့္လိုက္ေတာ့ ေနေရာင္ျခည္ကေတာက္ပစြာ။တစ္စုံတစ္ေယာက္ရဲ႕ အၿပဳံးေတြလိုေပါ့။ေတာက္ပလြန္းလို႔ မ်က္စိက်ိန္းၿပီး ၾကည့္ကိုမၾကည့္ခ်င္ဘူး…..

###############

ၿငိမ္း🌻🌞

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၇, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၇, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၇ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၇ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၇ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၇ light novel, ,

Comment

Leave a Reply

Chapter 8