Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၈

A+ A-

“Geo ဘာဖြစ်နေတာလဲ”

“ဘာမှမဖြစ်ပါဘူး”

“မျက်နှာက သုန်မှုန်နေတာပဲ”

Geoလှဲနေတဲ့ ဆိုဖာခြေရင်းဝင်ထိုင်လိုက်ပြီး ခြေသလုံးကိုလက်သီးဖြင့်ဖွဖွထိုးလိုက်သည်။

“ရည်းစားပူမိနေတာ”

“အံမယ် ရည်းစားရနေပြီပေါ့”

Horizon ကမျက်ခုံးပင့်လိုက်သလို မျက်နှာချင်းဆိုင်ဆိုဖာကOceanကပါကြည့်လာလေသည်။

“မရသေးပါဘူး သူ့မှာပိုင်ရှင်ရှိတယ်”

“မင်းဟာကလည်းကွာမစခင်ဆုံးနေပြီ ပိုင်ရှင်ရှိနေရင်အသစ်ရှာလိုက် မင်းရုပ်ရည်မင်းအခြေနေနဲ့ဆိုရင်ကြိုက်တဲ့သူကောက်တွဲလိုက်ရုံပဲ သူများသုံးပြီးသားကိုဘာလုပ်မလို့လဲ”

သူလှဲနေရာကနေထထိုင်လိုက်သည်။ပြီးမှဆိုဖာထက်ကျောမှီလိုက်ရင်း

“ချစ်မိရင် သူများသုံးပြီးသားတွေဘာတွေဆိုတာအသုံးမဝင်တော့ဘူး ရိုးရိုးလေးပဲလေ ချစ်မိသွားတယ် သူ့ခန္ဓာကိုယ်ကိုတပ်မက်တာမဟုတ်သလို သူ့စိတ်ထားကလည်းအရေးမပါတော့ဘူး သူဖြစ်နေလို့ချစ်တယ် ဒါပဲ အချစ်ကရိုးရှင်းပါတယ် မရိုးရှင်းတာကလူတွေရဲ့စိတ်ပဲ သူကဘာဖြစ်နေလို့ညာဖြစ်နေလို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့ ရန်သူမို့လို့၊သူငယ်ချင်းမို့လို့ဆိုတာတွေပဲ “

“အချစ်အကြောင်း အရမ်းတွေနားလည်နေတာပဲ”

“နားလည်တယ်ဆိုတာထက် အချစ်ကိုကျွန်တော့်အမြင်နဲ့အဓိပ္ပါယ်ဖွင့်ဆိုပုံပါပဲ လူတိုင်းတော့ဘယ်တူမလဲ သဘောထားချင်းတူညီနေကြရင် ပဋိပက္ခဆိုတာရှိလာမှာမှမဟုတ်ဘဲ တစ်ခါတစ်လေတော့လည်းစဥ်းစားမိတယ် ကျွန်တော်တို့ကနတ်ဘုရားတွေဖန်တီးထားတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေလိုပဲလို့ သူတို့ပုံဖော်တဲ့အတိုင်းကျရာနေရာသရုပ်ဆောင်နေကြရတာလေ”

“အရမ်းတွေဒဿနဆန်မနေပါနဲ့ လူငယ်ပဲရှိသေးတာပေါ့ပေါ့ပါးပါးလေးပဲနေပါ ကြိုက်တော့လည်းလိုက်ပေါ့ကွာ မရတော့လည်းထိုင်ငေးနေပေါ့ အချိန်တန်ရင်အဖြေတစ်ခုတော့ထွက်လာမှာပေါ့”

ပခုံးကိုပုတ်လို့အားပေးလာသူကို အားမပါတဲ့အပြုံးသာပြုံးပြလိုက်တယ်။

“ပါးစပ်ဖျားကပြောရတာသိပ်လွယ်တာကိုး ကိုလတ်ရဲ့ အင်းပေါ့ကိုလတ်ကချစ်တဲ့သူမှမတွေ့သေးတာ ဘယ်လိုလုပ်ပြီးနားလည်မှာလဲ”

“ငါကတော့ရှင်းရှင်းလေးပဲလေ ကြိုက်ရင်လိုက်မယ် ရရင်ယူမယ်မရရင်နောက်တစ်ယောက်ပြောင်းမယ် ဒါပဲ”

“ကိုယ်တွေးထားတဲ့အတိုင်းအကုန်ဖြစ်လာရအောင်ဘဝကကိုယ်တိုင်ရေးသားထားခဲ့တဲ့စာအုပ်မဟုတ်ဘူးဗျ မထင်မှတ်ထားတာတွေဖြစ်တတ်လွန်းလို့Accidentဆိုတာပေါ်လာတာပေါ့ မဟုတ်ရင်အဲ့စကားလုံးကအဘိဓာန်ထဲမှာတောင်ရှိလာခဲ့မှာမဟုတ်ဘူး”

“ငါမင်းနဲ့ပြိုင်မပြောချင်တော့ဘူး “

ရုတ်တရတ်ထထွက်သွားတဲ့ Ceanကြောင့်…

“ကို Ceanဘယ်သွားမို့တုန်း”

“Gymသွားဆော့မို့”

“အမ်”

သူ့မှာကြောင်တောင်တောင် အကုန်ပြီးပြည့်စုံနေတဲ့ကိုCeanကGymဆော့အုန်းမယ်တဲ့။

“ကိုCean ညနေပွဲကိုကျွန်တော်နဲ့သွားမယ်နော်”

“အိုကေ”

ကိုCeanထွက်သွားမှ Horizonကသူ့ဘက်လှည့်လာပြီး သူနားမလည်နိုင်တာကိုရှင်းပြလာသည်။

“ကိုCeanကTraumaရနေတာ သူ့ကိုအိုနေပြီပြောလို့တဲ့”

“ဘယ်လိုလူကပြောတာတုန်း နေပါအုံး
သူကအဲ့လိုကိစ္စတွေကိုဂရုမှမစိုက်တတ်တာ ဘာလဲသဘောကျနေတဲ့လူလား”

ဆိုဖာမှာမှီနေတဲ့ကျောပါမတ်သွားသည်အထိ သူစိတ်ဝင်စားသွားရသည်။

“ကျောက်စက်ပြောပုံအရဆိုရင် သူအရမ်းမုန်းနေတဲ့ဟိုOmegaလေးတဲ့”

“အဆန်းကြီးပါလား အဲ့လိုတွေလည်းရှိတာပဲလား”

“ကိုCean ခေါင်းမာတာလည်းသိသားနဲ့ကွာ သွားပြောမနေနဲ့ မင်းပါအဆူခံနေရမယ်နော်”

“ဟုတ်ပါပြီဗျာ”

“သွားပြီ ညနေပွဲအတွက်အဝတ်စားရွေးရအုံးမှာ”

“ဘာပွဲလဲ”

“မိဘမဲ့ကလေးတွေအတွက်ရန်ပုံငွေရှာတဲ့ပွဲလေ အထက်တန်းလွှာတွေအကုန်တက်ကြမှာ လိုက်မှာလားဖိတ်စာမလိုဘူးနော် အလှလေးတွေလည်းပေါမှာ”

“တော်ပြီ သွာသွား စိတ်မဝင်စားဘူး”

အပေါ်ထပ်Gymခန်းမှာတော့ချွေးတရွှဲရွှဲနဲ့ Alphaတစ်ယောက် သူမုန်းတဲ့Omegaလေးကိုကြုံးဝါးနေလေသည်။

*အိုကြီးအိုမပေါ့တွေ့မယ်လေ ငါဘယ်လောက်တောင်သန်စွမ်းကြောင်း လက်တွေ့ပါပြပေးမယ် *

မှန်ထဲကိုကြည့်လို့သူနှုတ်ခမ်းစွန်းတစ်ဖက် ကွေးလိုက်မိတယ်။ကြွက်သားအပြည့်နဲ့ခန္တာကိုယ်က ချွေးစက်တွေကြားထင်ထင်ရှားရှား ။သာမန်Omegaတွေဆိုမြင်တာနှင့်Heatဝင်မှာအသေအချာ။

ကျောပြင်အထက်ကအတောင်ပံနက်တွေက အစစ်အမှန်တွေလိုစွင့်စွင့်ကားကား။လက်တစ်ချက်လှုပ်တိုင်း အသက်ဝင်လာတော့မယောင်လှုပ်လှုပ်ရှားရှား။

………..

“နောင်းညို ငယ်ငယ်လည်းလိုက်ချင်တယ်”

“လိုက်လို့ရတယ် တိမ်ငွေ့မသိစေနဲ့”

“ဘာလို့တုန်း”

“ငါနဲ့သွားတိုင်းမင်းခိုက်မိလာလို့တဲ့ မပြန်ခင် ငါ့ကိုဆူသွားတယ်ငါကမင်းကိုဂရုမစိုက်နိုင်လို့တဲ့”

“မဆိုင်ပါဘူး ဖြစ်ချိန်တန်လို့ဖြစ်သွားတဲ့ဟာကို တိမ်ငွေ့ကအစိုးရိမ်လွန်နေတာပါသူကအဘိုးအိုပေါက်စလေးလေ ငယ်ငယ်တို့နှစ်ယောက်ကိုကလေးတွေလို့မြင်နေတာ”

“ဟုတ်တယ်အဘိုးအိုပေါက်စ သူရှိရင်ငါတို့နှစ်ယောက်လုံးအဆူပဲခံနေရတာ သူစိတ်တိုင်းကျတာကိုမရှိဘူး”

“အဲ့တော့ ငါ့ကိုခေါ်မှာမလား”

“လိုက်ခဲ့ ဒါပေမယ့်ဒီအတိုင်းလိုက်လို့တော့မရဘူး “

“ဘယ်လိုလိုက်ရမှာလဲ”

“ရုပ်ဖျက်မှရမှာ”

“အွန်…ဘာလို့တုန်း”

“ကိုယ်နဲ့သွားရင်ကိုယ့်ပါတနာလို့ထင်ကုန်မှာပေါ့ ကိုယ်ကPlayboyလေ ငယ်ငယ့်ကိုသူတို့အဲ့လိုထင်မှာမကြိုက်ပါဘူး သူငယ်ချင်းဆိုလည်းဘယ်သူကမှယုံမှာမဟုတ်ဘူး ပြီးတော့ အဲ့ပွဲမှာဓာတ်ပုံအရိုက်ခံရဖို့များတယ် တိမ်ငွေ့မသိအောင်လိုက်မှာဆို ဓာတ်ပုံထဲပါရင်သိသွားမှာပေါ့”

“ဟုတ်တယ်နော် အဲ့တာဆိုဘယ်လိုလုပ်မှာလဲ”

“မပူပါနဲ့ အခုငါနဲ့တွဲနေတဲ့တစ်ယောက်ကိုခေါ်လိုက်မယ် သူကBeautyBloggerလေ ဒီလောက်ကတော့အေးဆေး အာ..ဟိုတစ်ခါMallမှာတွေ့ခဲ့တဲ့တစ်ယောက်လေ လခြမ်းမှတ်မိသေးလား”

“မှတ်မိတယ် အဲ့တာဆိုခေါ်လိုက်တော့လေ ကြိုပြီးပြင်ဆင်ထားရမှာမလား”

“အွန်း ကိုယ်ကြိုပြီးဖုန်းဆက်ထားလိုက်မယ်
အဝတ်စားကအစဆိုတော့ ကြိုပြင်ကြည့်မှလိုအပ်တာသိမှာ”

“ဟီးဟီး ခေါ်လိုက်ခေါ်လိုက်”

“ဒါပေမယ့် ဟိုရောက်ရင်လက်ကိုမလွှတ်ရဘူးနော်”

“ဟုတ်ဟုတ်”

“လိုချင်တာရှိရင်ဟုတ်ပဲ ပြီးရင်လုပ်ချင်ရာလုပ်တော့မှာ”

“ငါဘယ်တုန်းကလုပ်လို့လဲ”

“ဟွန့် နေအုံး ဖုန်းသွားယူလိုက်အုံးမယ်”

ငယ်ငယ်စိတ်လှုပ်ရှားနေသည်။လူများတဲ့ပွဲတွေကိုတစ်ခါမှမသွားဖူး၍ သွားကြည့်ချင်​နေတာ။ပြီးတော့အဲ့လိုပွဲတွေဆိုရင် အစားအသောက်အသစ်အဆန်းတွေအများကြီးကိုကြိုက်တာရွေးစား၍ရသည်ဟုလည်းပြောသေးသည်။ဇာတ်လမ်းတွဲတွေထဲမှာ ပါလာနေကျဖြစ်၍ သူသွားဖူးချင်နေတာ။အခုအတော်ပဲဖြစ်သွားသည်။

နောင်းညိုနှင့်သွားရမှာမို့လုံခြုံသည်ဟုခံစားရသည်။တိမ်ငွေ့နဲ့ဆိုအဆူပဲခံနေရမှာ။ပြီးတော့ တိမ်ငွေ့သာဆိုရင်လည်းခွင့်ပြုမှာမဟုတ်။သူကအရမ်းစိတ်ပူတတ်တာ။

………

“ဝိုးးး ကိုCean အရမ်းတွေမိမိုက်နေတာဗျာ ပွဲကOmegaလေးတွေတော့ Heatဝင်ကုန်တော့မှာပဲ Bodyguardတွေပိုခေါ်လာရမယ်”

Horizonအပြောကို အရေးမစိုက်သလိုလက်မှနာရီကိုသာတစ်ချက်ကြည့်လိုက်သည်။နာရီဒိုင်ခွက်ထဲကစိန်ပြာတွေကတလက်လက်။

ယနေ့ညအတွက် ရှပ်အနက်ရောင်ပေါ် Suite နက်ပြာရောင်အားထပ်ဝတ်ထားပြီး ​ရှပ်ကြယ်သီးထိပ်ဆုံးနှစ်လုံးအားဖြုတ်ထားလိုက်တော့ ရင်ညွှန့်ကြွက်သားညိုညိုက ထင်ထင်ရှားရှား။ဘယ်ဘက်ရင်ဘတ်မှာ နတ်ဆိုးတောင်ပံနက်ကိုစိန်ဖြင့်ပုံဖော်ထားသောရင်ထိုးကခန့်ခန့်ထည်ထည်။

အရပ်ခြောက်ပေနှစ်လက်မကို ဖိနပ်ကပါခပ်​မြင့်မြင့်ဆိုတော့ အရှိန်အဝါနဲ့တင်တော်ရုံလူမော့မကြည့်ရဲ။ဆံပင်တွေကိုနောက်သို့လှန်သိမ်းထားတာကြောင့်ကျယ်ပြန့်တဲ့မဟာနှဖူးအပြင် သေသပ်သည့်မေးရိုး ၊ခပ်ထူထူမျက်ခုံး၊ စူးရှရှပင်လယ်ပြာမျက်လုံး၊ဖြောင့်တန်းချွန်ထက်နေသည့်နှာတံအပြင် ဆေးလိပ်သောက်မှန်းသိသာစေသည့် ပိရိ​သေသပ်သည့်နှုတ်ခမ်းညိုတွေက ပေါ်လွင်လွန်းနေသည်။

Horizonကတော့ ထွေထွေထူးထူးသိပ်မရှိ။ဆေးရုံမှာအခန့်ညားဆုံးAlphaဆိုသော်ငြား အစ်ကိုဖြစ်သူနှင့်ယှဥ်လျှင်သိပ်မသိသာတော့။

ယနေ့ညမှာတော့သူ ရိုးရိုးရှင်းရှင်းအဖြူရောင်ဝတ်စုံကိုသာဝတ်ဆင်ထားလေသည်။
ရွှေကြိုးတစ်ချို့သာတန်ဆာဆင်ထားပေမဲ့ သူ့တောက်ပမှုကိုတော့ မှေးမှိန်မသွားစေပေ။

နှစ်ယောက်အတူသွားမည်ဆိုသော်ငြား ကိုယ်ပိုင်ကားဖြင့်သာတစ်ယောက်စီသွားကြမည်ဖြစ်သည်။ကားတစ်စီးစီ၌ သက်တော်စောင့်ခေါင်းဆောင်နှစ်ယောက်ကိုသာ လိုက်ပါစေပြီး ကျန်bodyguardများကိုတော့ ကားသုံးစီးဖြင့်နောက်မှလိုက်ပါလာစေသည်။

ဟိတ်ဟန်တွေကိုမကြိုက်သော်လည်း အရှုပ်အထွေးတွေကိုလည်းမကြိုက်ပေ။သူ့အရှိန်အဝါကို ကြောက်ရွံ့ကြသော်လည်း
အတင့်ရဲချင်သူတွေကခပ်များများရယ်။ပိုင်ဆိုင်မှုတွေကိုမက်မောကြသလို ရုပ်ရည်ကိုတပ်မက်ကြသူတွေကလည်းဒုနှင့်ဒေး။

အကြံနှင့်ချည်းကပ်လာသူတွေအမြဲရှိသဖြင့် သူကိုယ်တိုင်ဖြေရှင်းဖို့အလုပ်ရှုပ်မခံနိုင်။ဒါကြောင့် အမြဲBodyguardတွေအားဆယ်ယောက်ထက်မနည်းခေါ်သွားဖြစ်သည်။

အဆောက်အအုံရှေ့ကားရပ်လိုက်တော့ သက်​တော်စောင့်ခေါင်းဆောင်က ကားတံခါးဖွင့်ပေးသည်။ဆူညံသံတွေတိတ်ဆိတ်ကုန်ပြီး ကင်မရာမီးရောင်ကတော့တလက်လက်။ရန်ပုံ​ငွေပွဲအမည်ခံ ဂုဏ်နှင့်အလှချင်းပြိုင်သည့်ပွဲပမာ ဝတ်ဆင်လာကြသည်ကခမ်းခမ်းနားနား။

ဘယ်တော့မှပါတနာခေါ်မလာတတ်သည့် ညီအစ်ကိုနှစ်ယောက်ကြောင့်သိပ်မထူးဆန်းကြသလို အခွင့်အရေးရှိသေး၍ကြိုးစားချင်သူတွေကလည်းအများသားရယ်။ညီအစ်ကိုနှစ်ယောက် Hallထဲရောက်တော့ သိသိသာသာလမ်းဖယ်ပေးသူတွေကြား အနေမခက်ဟန်ခပ်တန်းတန်းသာလမ်းလျှောက်သွားကြပုံက သူတို့အတွက်တော့အထူးအဆန်းမဟုတ်တော့ပုံ။

နှုတ်ဆက်ချင်သူတွေရှိသော်လည်း တည်တင်းနေတဲ့သူ့မျက်နှာကြောင့်ဘယ်သူမှရှေ့မတိုးရဲ။သူသွားသည့်လမ်းပိတ်ရဲလောက်အောင်ထိ မည်သူမှသတ္တိရှိမနေ။သက်ကြီးပိုင်းတစ်ချို့က လေးစားသလိုကြည့်ကြသလို သက်ငယ်ပိုင်းလေးတွေကတော့ရှက်သွေးဖြာကုန်ကြရသည်။

ဟိတ်ဟန်တွေလုပ်မနေဘဲ နှုတ်ဆက်သင့်သူတွေကိုနှုတ်ဆက်ကာ ထောင့်ဆုံးဝိုင်းဆီသွားပြီး ရှန်ပိန်တစ်ခွက်ကောက်ကိုင်လိုက်သည်။
အရဲကိုးပြီးလာနှုတ်ဆက်သူများကိုအဖက်မလုပ်ပဲ ရှန်ပိန်ခွက်ကိုသာစိုက်ကြည့်နေတော့ အရှက်မရဖို့လှည့်ပြန်သွားကြသူများသာ။

“ကိုCean မျက်နှာလေးနည်းနည်းပြင်ပါအုံးဗျာ ဒီအတိုင်းဆိုကိုCeanရဲ့ချောမောမှုတွေ ပုတ်သိုးကုန်လိမ့်မယ်ဗျ”

သူငယ်ချင်းများနှင့်စကားပြောပြီးပြန်လာသူက အနားရောက်လာကာအရွှန်းဖောက်သည်။

“Omegaလေးတွေက ကိုCeanကိုစကားလာပြောချင်ပေမယ့် ကိုCeanမျက်နှာကိုမြင်ပြီး လာဖို့ကြောက်နေကျတာလေ “

“ကြောက်နေရင်လာမနေနဲ့လေ ဘယ်သူကဇွတ်ခေါ်နေလို့လဲ”

“အသည်းမာလိုက်တာဗျာ”

“ကိုဝိုင်း”

“အာ….မုတ်သုံ”

“တူပါတယ်လို့ကြည့်နေတာဗျာ ဒီနေ့မှကိုဝိုင်းကပိုခန့်နေတာကိုး”

သူတို့အနားရောက်လာပြီး ရှန်ပိန်ခွက်လေးကိုင်ထားသည့် Omegaလေး။အဖြူရောင်ဆံနွယ်အုပ်အုပ်ကလေးတွေရယ်မျက်ဝန်းစိမ်းစိမ်းလေးတွေရယ် နှုတ်ခမ်းပါးပါးလေးရယ်ဖြင့် ထိုကောင်လေးဟာ မြို့တော်ရဲ့အလှပဂေးလေးဆိုတာဖြစ်ရမည်။

သူ့ကိုမမြင်သူလိုသဘောထားကာ Horizon နှင့်စကားပြောနေပုံက ပုံမှန်အခြေအနေတစ်ခုလို။သူ့အားကြောက်ရွံ့ခြင်းမရှိသလို ဂရုစိုက်ခြင်းလည်းမရှိ။မရှိသည့်လေလို သဘောထားလေသည်။

ရုတ်တရတ် တစ်စုံတစ်ယောက်ကိုတွေးမိသွားသည်။ပထမနှစ်ကြိမ်တွေ့ဆုံမှုမှာ သိပ်ကြောက်ရွံ့ပြနေပြီး တတိယအကြိမ်မှာမခံချင်အောင်ဒေါသဆွသွားသူ။

“ဟွန့်”

သူနှာတစ်ချက်မှုတ်တော့ ဘေးကနှစ်ယောက်ကလှည့်ကြည့်လာလေသည်။သူနှာမှုတ်လိုက်တာကို ညီဖြစ်သူက အတွေးတစ်မျိုးပေါက်သွားသည်ထင်။ရုတ်တရတ်ပြုံးသွားပြီး ထိုတစ်ယောက်နှင့်သူ့အားမိတ်ဆက်ပေးလာလေသည်။

“ကိုCean ဒါကကျွန်တော်တို့ဆေးရုံကအလှပဂေးလေးမုတ်သုံလေညှင်းတဲ့ မုတ်သုံကတော့ကိုCean ကိုသိပြီးသားဖြစ်မှာပါ သမုဒ္ဒရာတဲ့ နိုင်ငံကျော်Dominant Alpha ကြီးလေ”

“ဪ တွေ့ရတာဝမ်းသာပါတယ်ခုမှပဲအပြင်မှာမြင်ဖူးတော့တယ်”

စိတ်မပါသလိုထွက်လာတဲ့စကားအဆုံး စိတ်မဝင်စားသလို ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။ထိုစဥ်ဘေးမှထွက်လာသည့်အသံတိုးတိုးတစ်ချို့ကြောင့် သုံးယောက်လုံးတိတ်ဆိတ်သွားရသည်။

“Acacia ဒီတစ်ခါခေါ်လာတဲ့Omegaလေးက အချောလေးနော် ဘယ်ကများတွေ့လာပါလိမ့် မြို့တော်မှာအဲ့လောက်လှတဲ့သူရှိတာလား”

“အေးဆို ချစ်စရာလေးဟယ် ပြုံးလိုက်တိုင်း ပါးချိုင့်လေးကထင်းခနဲပဲငါပြေးသာနမ်းပစ်ချင်တော့တယ်”

ပါးချိုင့်ဆိုမှ ဟိုအမှိုက်ကိုပြေးမြင်မိသွားသည်။အဲ့နေ့ကပြုံးရယ်နေတာများ နေရောင်အောက်မှာတောက်တောက်ပပ။ချိုင့်နေတဲ့ပါးနှစ်ဖက်က တစ်ယောက်ယောက်ကလက်သီးနှင့်ထိုးထားတဲ့အတိုင်း ထင်ထင်ရှားရှားကြီး။

“မျက်လုံးလေးတွေကလည်း ပုလဲနက်လေးတွေလိုပဲဝိုင်းဝိုင်းကြည်ကြည်​လေး မျက်တောင်တွေကလည်းအစစ်ထင်တယ်
ရှည်ပြီးကော့နေတာများ မိန်းကလေးချင်းတောင်ဆွဲစားချင်စရာလေး”

“ဟုတ်တယ် Omegaအချင်းချင်းတောင် ပြေးကိုက်ချင်စရာ နုနုဖတ်ဖတ်လေးဝါဂွမ်းလုံးလေးလိုပဲ “

“တော်သေးတယ်နော် AcaciaကBetaမလို့ Alphaကြီးသာဆိုမတွေးရဲစရာဘဲ အခန်းထဲကနေရောထွက်ရပါ့မလားမသိဘူး”

“ဟုတ်ပါ့ ငါသာဆိုလက်ထဲကနေတောင်ချမှာမဟုတ်ဘူး တစ်ချိန်လုံးတတိတိကိုက်နေမှာ”

“ရှူးတိုးတိုး ဟိုမှာလာနေပြီ”

အသံတွေပျောက်ကွယ်သွားတော့ သူတစ်ချက်မဲ့လိုက်မိသည်။ညွှန်းလိုက်ကြတာ လူတစ်ယောက်ကို အဲ့လောက်အထိဖြစ်စရာလိုလို့လား။သူ့ရှေ့ကမြို့တော်ရဲ့အလှပဂေးတောင် သူ့မျက်လုံးထဲ သာမန်လူတစ်ယောက်ပါဘဲ။ကြည့်ရသေးတာပေါ့ ဘာတွေများထူးခြားနေလို့လဲ။

သိချင်စိတ်ကြောင့်မျက်လုံးဝေ့မိတော့ လူတွေပြုံနေသည့်နေရာတစ်ခု။မျက်နှာကိုမမြင်ရသေး၍ ဘယ်လိုနေတယ်မသိသေး။Omegaလေးက သူ့ဘက်ကျောပေးထားလေသည်။

အဝါရောင်ဖျော့ဖျော့ရေသူမဂါဝန်ရှည်ကြောင့် သေးသေးသွယ်သွယ်ခါးနှင့် တင်းရင်းလှပသောနောက်ပိုင်းကောက်ကြောင်းကိုပုံဖော်ပေးထားသည်။ဆံနွယ်နက်နက်အခွေတွေကို ပန်းပွင့်ဆံထုံးထုံးထားပြီး ပန်းဝါဝါသေးသေးလေးတွေကခေါင်းထက်မှာနေရာယူသည်။ပခုံးသားတစ်ချို့ဖော်ထားတာကြောင့် ဝင်းဝင်းမွတ်မွတ်ပုခုံးသားလုံးလုံးလေးကထင်ထင်ရှားရှား။

သူ့လက်သုံးလုံးစာလောက်သာရှိသော သွယ်လျလျလက်မောင်းလေးက ထို Betaလက်မောင်းအားဆုပ်ကိုင်ထားလေသည်။ဘေးနားကအားကျနေသောမျက်ဝန်းတစ်ချို့က သူ့လက်ဖဝါးအကျယ်မျှသာရှိသောခါးသွယ်သွယ်လေးပေါ်က Betaရဲ့လက်တွေဆီမှာ။

ထိုစဥ် Beta၏မျက်နှာကိုမြင်လိုက်ရတာကြောင့်မျက်ခုံးပင့်မိသွားသည်။ဟိုအမှိုက် သူငယ်ချင်းပါဆိုတဲ့ကောင်။လက်စသတ်တော့ ဝန်ကြီးဦးထင်လင်းနောင်ရဲ့သားပင်ထနောင်းညိုဆိုတာသူပေါ့။

ဟွန့် ဒါကြောင့်မို့လည်းဟိုအမှိုက်က playboyမှန်းသိတာတောင်ကပ်နေတာပေါ့။သူငယ်ချင်းတွေပါတဲ့။သူ့လိုရုပ်ရည်ကို ဟိုplayboyက သူငယ်ချင်းအဆင့်နဲ့တင် ကျေနပ်နေပါအုံးမယ်။ အရူးသွားပြောတောင်မယုံဘူး။ကျန်တဲ့တစ်ယောက်ကလည်း တော်ရုံအဆင့်ထဲကတော့ဟုတ်မှာမဟုတ်ဘူး။

ရုပ်ကလေးဗန်းပြပြီးတော့ အကြံစည်ကလည်းကြီးလိုက်တာ။သူတို့တွေနဲ့တင်မကျေနပ်လို့ သူ့ခြေသလုံးကိုပါလာဖက်ချင်နေသေးတယ် ဆုသာတောင်းနေလိုက်။

တွေးနေတုန်း ဒီဘက်လှည့်လာတဲ့မျက်နှာလေးကြောင့်တစ်ချက်သတိလွတ်သွားရသည်။ပါးချိုင့်ထင်းထင်းတွေက မီးရောင်အောက်မှာပြိုးပြိုးပျက်ပျက်။ဘယ်ဘက်ပါးချိုင့်ခွက်လေးအတွင်းက မှည့်နက်သေးသေးလေး။ဒါ ဟိုတစ်ယောက်မဟုတ်ဘူးလား။

ရှန်ပိန်ခွက်ကိုခုံပေါ်ချလို့ ပျင်းတိပျင်းတွဲစားပွဲကိုမှီရပ်နေရာမှ မတ်မတ်ပြင်ရပ်လိုက်သည်။ဒီမျက်နှာ၊ဒီမျက်လုံး၊ပါးချိုင့်တွေနဲ့မှည့်နက်လေး ဒါအမှိုက်မှအမှိုက်စစ်စစ်။ဘယ်လိုဘဲအမျိုးသမီးလို ပြင်ဆင်လာပါစေ
ထိုOmegaလေးဆိုတာလွဲစရာမရှိ။

စိတ်ဝင်စားမှုကြောင့် သူ့မျက်လုံးတွေအရောင်လက်လာသည်။မိန်းကလေးလိုပြင်ဆင်လာပြီး သူငယ်ချင်းဆိုသူရဲ့ပါတနာအနေနှင့် ပွဲတက်လာတယ်တဲ့။စိတ်ဝင်စားစရာဘဲ။

ထိုစဥ် ထိုတစ်ယောက်ကဘေးကလူကိုတစ်ခုခုပြောလိုက်ဟန်။ခေါင်းအားစောင်းချလာပြီး Omegaလေးနှုတ်ခမ်းဘေး နားကပ်ပေးလိုက်ပုံကအနမ်းတောင်းခံနေသလိုမျိုး။ဘေးကလူတွေအားကျကုန်ပြီး သူကတော့ လျှာအားပါးစောင်သို့ထိုးလိုက်မိသည်။သူငယ်ချင်းတွေပေါ့လေ အဟက်။

ထို့နောက် ထိုကောင်ကOmegaလေးလက်ကိုဆွဲလို့ သီးသန့်ဝရံတာဘက်ထွက်သွားသည်။သူတို့ဘယ်သွားလည်းသူသိသည်။ဒါကသူပိုင်တဲ့အဆောက်အအုံကြီးပဲဟာ။သိပ်မကြာခင် ထိုကောင်ပြန်ထွက်လာခဲ့ပေမယ့် Omegaလေးတော့ပါမလာတော့။တစ်ယောက်တည်းနေချင်လို့ သီးသန့်ဝရံတာဘက်နေခဲ့ဟန်တူသည်။

အတွေးဆိုးတစ်ချို့ကြောင့် သူ့မျက်လုံးတွေအရောင်တောက်ကုန်သည်။ထို့နောက် ဘေးမှာ စကားလက်ဆုံကျနေသူနှစ်ယောက်အားToilet ဟုပြောကာထွက်ခဲ့လိုက်ပြီး အခန်းတစ်ခုရဲ့တံခါးကိုဖွင့်တော့ ဝရံတာဆီရောက်သည်။

​အပြင်ဘက်ကိုမျက်နှာမူပြီး မျက်လုံးမှိတ်ထားပုံက လေကောင်းလေသန့်ရှူနေဟန်။မီးရောင်တွေအောက်တောက်ပနေသူက ကောင်းကင်ကယခုမှဆင်းသက်လာသည့်
နတ်သူငယ်လေးလို။

တစ်ယောက်တည်း အေးချမ်းမနေစေချင်စွာ သူနှောင့်ယှက်ပစ်လိုက်သည်။

“ဟယ်လိုအလှလေး တစ်ယောက်တည်းလား”

###############

ငြိမ်း🌻🌞

“Geo ဘာျဖစ္ေနတာလဲ”

“ဘာမွမျဖစ္ပါဘူး”

“မ်က္ႏွာက သုန္မႈန္ေနတာပဲ”

Geoလွဲေနတဲ့ ဆိုဖာေျခရင္းဝင္ထိုင္လိုက္ၿပီး ေျခသလုံးကိုလက္သီးျဖင့္ဖြဖြထိုးလိုက္သည္။

“ရည္းစားပူမိေနတာ”

“အံမယ္ ရည္းစားရေနၿပီေပါ့”

Horizon ကမ်က္ခုံးပင့္လိုက္သလို မ်က္ႏွာခ်င္းဆိုင္ဆိုဖာကOceanကပါၾကည့္လာေလသည္။

“မရေသးပါဘူး သူ႕မွာပိုင္ရွင္ရွိတယ္”

“မင္းဟာကလည္းကြာမစခင္ဆုံးေနၿပီ ပိုင္ရွင္ရွိေနရင္အသစ္ရွာလိုက္ မင္း႐ုပ္ရည္မင္းအေျခေနနဲ႕ဆိုရင္ႀကိဳက္တဲ့သူေကာက္တြဲလိုက္႐ုံပဲ သူမ်ားသုံးၿပီးသားကိုဘာလုပ္မလို႔လဲ”

သူလွဲေနရာကေနထထိုင္လိုက္သည္။ၿပီးမွဆိုဖာထက္ေက်ာမွီလိုက္ရင္း

“ခ်စ္မိရင္ သူမ်ားသုံးၿပီးသားေတြဘာေတြဆိုတာအသုံးမဝင္ေတာ့ဘူး ရိုးရိုးေလးပဲေလ ခ်စ္မိသြားတယ္ သူ႕ခႏၶာကိုယ္ကိုတပ္မက္တာမဟုတ္သလို သူ႕စိတ္ထားကလည္းအေရးမပါေတာ့ဘူး သူျဖစ္ေနလို႔ခ်စ္တယ္ ဒါပဲ အခ်စ္ကရိုးရွင္းပါတယ္ မရိုးရွင္းတာကလူေတြရဲ႕စိတ္ပဲ သူကဘာျဖစ္ေနလို႔ညာျဖစ္ေနလို႔ဆိုတဲ့အေၾကာင္းျပခ်က္ေတြနဲ႕ ရန္သူမို႔လို႔၊သူငယ္ခ်င္းမို႔လို႔ဆိုတာေတြပဲ “

“အခ်စ္အေၾကာင္း အရမ္းေတြနားလည္ေနတာပဲ”

“နားလည္တယ္ဆိုတာထက္ အချစ်ကိုကျွန်တော့်အမြင်နဲ့အဓိပ္ပါယ်ဖွင့်ဆိုပုံပါပဲ လူတိုင္းေတာ့ဘယ္တူမလဲ သေဘာထားခ်င္းတူညီေနၾကရင္ ပဋိပကၡဆိုတာရွိလာမွာမွမဟုတ္ဘဲ တစ္ခါတစ္ေလေတာ့လည္းစဥ္းစားမိတယ္ ကြၽန္ေတာ္တို႔ကနတ္ဘုရားေတြဖန္တီးထားတဲ့ ႐ုပ္ရွင္သ႐ုပ္ေဆာင္ေတြလိုပဲလို႔ သူတို႔ပုံေဖာ္တဲ့အတိုင္းက်ရာေနရာသ႐ုပ္ေဆာင္ေနၾကရတာေလ”

“အရမ္းေတြဒႆနဆန္မေနပါနဲ႕ လူငယ္ပဲရွိေသးတာေပါ့ေပါ့ပါးပါးေလးပဲေနပါ ႀကိဳက္ေတာ့လည္းလိုက္ေပါ့ကြာ မရေတာ့လည္းထိုင္ေငးေနေပါ့ အခ်ိန္တန္ရင္အေျဖတစ္ခုေတာ့ထြက္လာမွာေပါ့”

ပခုံးကိုပုတ္လို႔အားေပးလာသူကို အားမပါတဲ့အၿပဳံးသာၿပဳံးျပလိုက္တယ္။

“ပါးစပ္ဖ်ားကေျပာရတာသိပ္လြယ္တာကိုး ကိုလတ္ရဲ႕ အင္းေပါ့ကိုလတ္ကခ်စ္တဲ့သူမွမေတြ႕ေသးတာ ဘယ္လိုလုပ္ၿပီးနားလည္မွာလဲ”

“ငါကေတာ့ရွင္းရွင္းေလးပဲေလ ႀကိဳက္ရင္လိုက္မယ္ ရရင္ယူမယ္မရရင္ေနာက္တစ္ေယာက္ေျပာင္းမယ္ ဒါပဲ”

“ကိုယ္ေတြးထားတဲ့အတိုင္းအကုန္ျဖစ္လာရေအာင္ဘဝကကိုယ္တိုင္ေရးသားထားခဲ့တဲ့စာအုပ္မဟုတ္ဘူးဗ် မထင္မွတ္ထားတာေတြျဖစ္တတ္လြန္းလို႔Accidentဆိုတာေပၚလာတာေပါ့ မဟုတ္ရင္အဲ့စကားလုံးကအဘိဓာန္ထဲမွာေတာင္ရွိလာခဲ့မွာမဟုတ္ဘူး”

“ငါမင္းနဲ႕ၿပိဳင္မေျပာခ်င္ေတာ့ဘူး “

႐ုတ္တရတ္ထထြက္သြားတဲ့ Ceanေၾကာင့္…

“ကို Ceanဘယ္သြားမို႔တုန္း”

“Gymသြားေဆာ့မို႔”

“အမ္”

သူ႕မွာေၾကာင္ေတာင္ေတာင္ အကုန္ၿပီးျပည့္စုံေနတဲ့ကိုCeanကGymေဆာ့အုန္းမယ္တဲ့။

“ကိုCean ညေနပြဲကိုကြၽန္ေတာ္နဲ႕သြားမယ္ေနာ္”

“အိုေက”

ကိုCeanထြက္သြားမွ Horizonကသူ႕ဘက္လွည့္လာၿပီး သူနားမလည္နိုင္တာကိုရွင္းျပလာသည္။

“ကိုCeanကTraumaရေနတာ သူ႕ကိုအိုေနၿပီေျပာလို႔တဲ့”

“ဘယ္လိုလူကေျပာတာတုန္း ေနပါအုံး
သူကအဲ့လိုကိစၥေတြကိုဂ႐ုမွမစိုက္တတ္တာ ဘာလဲသေဘာက်ေနတဲ့လူလား”

ဆိုဖာမွာမွီေနတဲ့ေက်ာပါမတ္သြားသည္အထိ သူစိတ္ဝင္စားသြားရသည္။

“ေက်ာက္စက္ေျပာပုံအရဆိုရင္ သူအရမ္းမုန္းေနတဲ့ဟိုOmegaေလးတဲ့”

“အဆန္းႀကီးပါလား အဲ့လိုေတြလည္းရွိတာပဲလား”

“ကိုCean ေခါင္းမာတာလည္းသိသားနဲ႕ကြာ သြားေျပာမေနနဲ႕ မင္းပါအဆူခံေနရမယ္ေနာ္”

“ဟုတ္ပါၿပီဗ်ာ”

“သြားၿပီ ညေနပြဲအတြက္အဝတ္စားေ႐ြးရအုံးမွာ”

“ဘာပြဲလဲ”

“မိဘမဲ့ကေလးေတြအတြက္ရန္ပုံေငြရွာတဲ့ပြဲေလ အထက္တန္းလႊာေတြအကုန္တက္ၾကမွာ လိုက္မွာလားဖိတ္စာမလိုဘူးေနာ္ အလွေလးေတြလည္းေပါမွာ”

“ေတာ္ၿပီ သြာသြား စိတ္မဝင္စားဘူး”

အေပၚထပ္Gymခန္းမွာေတာ့ေခြၽးတ႐ႊဲ႐ႊဲနဲ႕ Alphaတစ္ေယာက္ သူမုန္းတဲ့Omegaေလးကိုႀကဳံးဝါးေနေလသည္။

*အိုႀကီးအိုမေပါ့ေတြ႕မယ္ေလ ငါဘယ္ေလာက္ေတာင္သန္စြမ္းေၾကာင္း လက္ေတြ႕ပါျပေပးမယ္ *

မွန္ထဲကိုၾကည့္လို႔သူႏႈတ္ခမ္းစြန္းတစ္ဖက္ ေကြးလိုက္မိတယ္။ႂကြက္သားအျပည့္နဲ႕ခႏၱာကိုယ္က ေခြၽးစက္ေတြၾကားထင္ထင္ရွားရွား ။သာမန္Omegaေတြဆိုျမင္တာႏွင့္Heatဝင္မွာအေသအခ်ာ။

ေက်ာျပင္အထက္ကအေတာင္ပံနက္ေတြက အစစ္အမွန္ေတြလိုစြင့္စြင့္ကားကား။လက္တစ္ခ်က္လႈပ္တိုင္း အသက္ဝင္လာေတာ့မေယာင္လႈပ္လႈပ္ရွားရွား။

………..

“ေနာင္းညို ငယ္ငယ္လည္းလိုက္ခ်င္တယ္”

“လိုက္လို႔ရတယ္ တိမ္ေငြ႕မသိေစနဲ႕”

“ဘာလို႔တုန္း”

“ငါနဲ႕သြားတိုင္းမင္းခိုက္မိလာလို႔တဲ့ မျပန္ခင္ ငါ့ကိုဆူသြားတယ္ငါကမင္းကိုဂ႐ုမစိုက္နိုင္လို႔တဲ့”

“မဆိုင္ပါဘူး ျဖစ္ခ်ိန္တန္လို႔ျဖစ္သြားတဲ့ဟာကို တိမ္ေငြ႕ကအစိုးရိမ္လြန္ေနတာပါသူကအဘိုးအိုေပါက္စေလးေလ ငယ္ငယ္တို႔ႏွစ္ေယာက္ကိုကေလးေတြလို႔ျမင္ေနတာ”

“ဟုတ္တယ္အဘိုးအိုေပါက္စ သူရွိရင္ငါတို႔ႏွစ္ေယာက္လုံးအဆူပဲခံေနရတာ သူစိတ္တိုင္းက်တာကိုမရွိဘူး”

“အဲ့ေတာ့ ငါ့ကိုေခၚမွာမလား”

“လိုက္ခဲ့ ဒါေပမယ့္ဒီအတိုင္းလိုက္လို႔ေတာ့မရဘူး “

“ဘယ္လိုလိုက္ရမွာလဲ”

“႐ုပ္ဖ်က္မွရမွာ”

“အြန္…ဘာလို႔တုန္း”

“ကိုယ္နဲ႕သြားရင္ကိုယ့္ပါတနာလို႔ထင္ကုန္မွာေပါ့ ကိုယ္ကPlayboyေလ ငယ္ငယ့္ကိုသူတို႔အဲ့လိုထင္မွာမႀကိဳက္ပါဘူး သူငယ္ခ်င္းဆိုလည္းဘယ္သူကမွယုံမွာမဟုတ္ဘူး ၿပီးေတာ့ အဲ့ပြဲမွာဓာတ္ပုံအရိုက္ခံရဖို႔မ်ားတယ္ တိမ္ေငြ႕မသိေအာင္လိုက္မွာဆို ဓာတ္ပုံထဲပါရင္သိသြားမွာေပါ့”

“ဟုတ္တယ္ေနာ္ အဲ့တာဆိုဘယ္လိုလုပ္မွာလဲ”

“မပူပါနဲ႕ အခုငါနဲ႕တြဲေနတဲ့တစ္ေယာက္ကိုေခၚလိုက္မယ္ သူကBeautyBloggerေလ ဒီေလာက္ကေတာ့ေအးေဆး အာ..ဟိုတစ္ခါMallမွာေတြ႕ခဲ့တဲ့တစ္ေယာက္ေလ လျခမ္းမွတ္မိေသးလား”

“မွတ္မိတယ္ အဲ့တာဆိုေခၚလိုက္ေတာ့ေလ ႀကိဳၿပီးျပင္ဆင္ထားရမွာမလား”

“အြန္း ကိုယ္ႀကိဳၿပီးဖုန္းဆက္ထားလိုက္မယ္
အဝတ္စားကအစဆိုေတာ့ ႀကိဳျပင္ၾကည့္မွလိုအပ္တာသိမွာ”

“ဟီးဟီး ေခၚလိုက္ေခၚလိုက္”

“ဒါေပမယ့္ ဟိုေရာက္ရင္လက္ကိုမလႊတ္ရဘူးေနာ္”

“ဟုတ္ဟုတ္”

“လိုခ်င္တာရွိရင္ဟုတ္ပဲ ၿပီးရင္လုပ္ခ်င္ရာလုပ္ေတာ့မွာ”

“ငါဘယ္တုန္းကလုပ္လို႔လဲ”

“ဟြန့္ ေနအုံး ဖုန္းသြားယူလိုက္အုံးမယ္”

ငယ္ငယ္စိတ္လႈပ္ရွားေနသည္။လူမ်ားတဲ့ပြဲေတြကိုတစ္ခါမွမသြားဖူး၍ သြားၾကည့္ခ်င္ေနတာ။ၿပီးေတာ့အဲ့လိုပြဲေတြဆိုရင္ အစားအေသာက္အသစ္အဆန္းေတြအမ်ားႀကီးကိုႀကိဳက္တာေ႐ြးစား၍ရသည္ဟုလည္းေျပာေသးသည္။ဇာတ္လမ္းတြဲေတြထဲမွာ ပါလာေနက်ျဖစ္၍ သူသြားဖူးခ်င္ေနတာ။အခုအေတာ္ပဲျဖစ္သြားသည္။

ေနာင္းညိုႏွင့္သြားရမွာမို႔လုံၿခဳံသည္ဟုခံစားရသည္။တိမ္ေငြ႕နဲ႕ဆိုအဆူပဲခံေနရမွာ။ၿပီးေတာ့ တိမ္ေငြ႕သာဆိုရင္လည္းခြင့္ျပဳမွာမဟုတ္။သူကအရမ္းစိတ္ပူတတ္တာ။

………

“ဝိုးးး ကိုCean အရမ္းေတြမိမိုက္ေနတာဗ်ာ ပြဲကOmegaေလးေတြေတာ့ Heatဝင္ကုန္ေတာ့မွာပဲ Bodyguardေတြပိုေခၚလာရမယ္”

Horizonအေျပာကို အေရးမစိုက္သလိုလက္မွနာရီကိုသာတစ္ခ်က္ၾကည့္လိုက္သည္။နာရီဒိုင္ခြက္ထဲကစိန္ျပာေတြကတလက္လက္။

ယေန႕ညအတြက္ ရွပ္အနက္ေရာင္ေပၚ Suite နက္ျပာေရာင္အားထပ္ဝတ္ထားၿပီး ရွပ္ၾကယ္သီးထိပ္ဆုံးႏွစ္လုံးအားျဖဳတ္ထားလိုက္ေတာ့ ရင္ၫႊန့္ႂကြက္သားညိုညိုက ထင္ထင္ရွားရွား။ဘယ္ဘက္ရင္ဘတ္မွာ နတ္ဆိုးေတာင္ပံနက္ကိုစိန္ျဖင့္ပုံေဖာ္ထားေသာရင္ထိုးကခန့္ခန့္ထည္ထည္။

အရပ္ေျခာက္ေပႏွစ္လက္မကို ဖိနပ္ကပါခပ္ျမင့္ျမင့္ဆိုေတာ့ အရွိန္အဝါနဲ႕တင္ေတာ္႐ုံလူေမာ့မၾကည့္ရဲ။ဆံပင္ေတြကိုေနာက္သို႔လွန္သိမ္းထားတာေၾကာင့္က်ယ္ျပန့္တဲ့မဟာႏွဖူးအျပင္ ေသသပ္သည့္ေမးရိုး ၊ခပ္ထူထူမ်က္ခုံး၊ စူးရွရွပင္လယ္ျပာမ်က္လုံး၊ေျဖာင့္တန္းခြၽန္ထက္ေနသည့္ႏွာတံအျပင္ ေဆးလိပ္ေသာက္မွန္းသိသာေစသည့္ ပိရိေသသပ္သည့္ႏႈတ္ခမ္းညိုေတြက ေပၚလြင္လြန္းေနသည္။

Horizonကေတာ့ ေထြေထြထူးထူးသိပ္မရွိ။ေဆး႐ုံမွာအခန့္ညားဆုံးAlphaဆိုေသာ္ျငား အစ္ကိုျဖစ္သူႏွင့္ယွဥ္လွ်င္သိပ္မသိသာေတာ့။

ယေန႕ညမွာေတာ့သူ ရိုးရိုးရွင္းရွင္းအျဖဴေရာင္ဝတ္စုံကိုသာဝတ္ဆင္ထားေလသည္။
ေ႐ႊႀကိဳးတစ္ခ်ိဳ႕သာတန္ဆာဆင္ထားေပမဲ့ သူ႕ေတာက္ပမႈကိုေတာ့ ေမွးမွိန္မသြားေစေပ။

ႏွစ္ေယာက္အတူသြားမည္ဆိုေသာ္ျငား ကိုယ္ပိုင္ကားျဖင့္သာတစ္ေယာက္စီသြားၾကမည္ျဖစ္သည္။ကားတစ္စီးစီ၌ သက္ေတာ္ေစာင့္ေခါင္းေဆာင္ႏွစ္ေယာက္ကိုသာ လိုက္ပါေစၿပီး က်န္bodyguardမ်ားကိုေတာ့ ကားသုံးစီးျဖင့္ေနာက္မွလိုက္ပါလာေစသည္။

ဟိတ္ဟန္ေတြကိုမႀကိဳက္ေသာ္လည္း အရႈပ္အေထြးေတြကိုလည္းမႀကိဳက္ေပ။သူ႕အရွိန္အဝါကို ေၾကာက္႐ြံ႕ၾကေသာ္လည္း
အတင့္ရဲခ်င္သူေတြကခပ္မ်ားမ်ားရယ္။ပိုင္ဆိုင္မႈေတြကိုမက္ေမာၾကသလို ႐ုပ္ရည္ကိုတပ္မက္ၾကသူေတြကလည္းဒုႏွင့္ေဒး။

အႀကံႏွင့္ခ်ည္းကပ္လာသူေတြအၿမဲရွိသျဖင့္ သူကိုယ္တိုင္ေျဖရွင္းဖို႔အလုပ္ရႈပ္မခံနိုင္။ဒါေၾကာင့္ အၿမဲBodyguardေတြအားဆယ္ေယာက္ထက္မနည္းေခၚသြားျဖစ္သည္။

အေဆာက္အအုံေရွ႕ကားရပ္လိုက္ေတာ့ သက္ေတာ္ေစာင့္ေခါင္းေဆာင္က ကားတံခါးဖြင့္ေပးသည္။ဆူညံသံေတြတိတ္ဆိတ္ကုန္ၿပီး ကင္မရာမီးေရာင္ကေတာ့တလက္လက္။ရန္ပုံေငြပြဲအမည္ခံ ဂုဏ္ႏွင့္အလွခ်င္းၿပိဳင္သည့္ပြဲပမာ ဝတ္ဆင္လာၾကသည္ကခမ္းခမ္းနားနား။

ဘယ္ေတာ့မွပါတနာေခၚမလာတတ္သည့္ ညီအစ္ကိုႏွစ္ေယာက္ေၾကာင့္သိပ္မထူးဆန္းၾကသလို အခြင့္အေရးရွိေသး၍ႀကိဳးစားခ်င္သူေတြကလည္းအမ်ားသားရယ္။ညီအစ္ကိုႏွစ္ေယာက္ Hallထဲေရာက္ေတာ့ သိသိသာသာလမ္းဖယ္ေပးသူေတြၾကား အေနမခက္ဟန္ခပ္တန္းတန္းသာလမ္းေလွ်ာက္သြားၾကပုံက သူတို႔အတြက္ေတာ့အထူးအဆန္းမဟုတ္ေတာ့ပုံ။

ႏႈတ္ဆက္ခ်င္သူေတြရွိေသာ္လည္း တည္တင္းေနတဲ့သူ႕မ်က္ႏွာေၾကာင့္ဘယ္သူမွေရွ႕မတိုးရဲ။သူသြားသည့္လမ္းပိတ္ရဲေလာက္ေအာင္ထိ မည္သူမွသတၱိရွိမေန။သက္ႀကီးပိုင္းတစ္ခ်ိဳ႕က ေလးစားသလိုၾကည့္ၾကသလို သက္ငယ္ပိုင္းေလးေတြကေတာ့ရွက္ေသြးျဖာကုန္ၾကရသည္။

ဟိတ္ဟန္ေတြလုပ္မေနဘဲ ႏႈတ္ဆက္သင့္သူေတြကိုႏႈတ္ဆက္ကာ ေထာင့္ဆုံးဝိုင္းဆီသြားၿပီး ရွန္ပိန္တစ္ခြက္ေကာက္ကိုင္လိုက္သည္။
အရဲကိုးၿပီးလာႏႈတ္ဆက္သူမ်ားကိုအဖက္မလုပ္ပဲ ရွန္ပိန္ခြက္ကိုသာစိုက္ၾကည့္ေနေတာ့ အရွက္မရဖို႔လွည့္ျပန္သြားၾကသူမ်ားသာ။

“ကိုCean မ်က္ႏွာေလးနည္းနည္းျပင္ပါအုံးဗ်ာ ဒီအတိုင္းဆိုကိုCeanရဲ႕ေခ်ာေမာမႈေတြ ပုတ္သိုးကုန္လိမ့္မယ္ဗ်”

သူငယ္ခ်င္းမ်ားႏွင့္စကားေျပာၿပီးျပန္လာသူက အနားေရာက္လာကာအ႐ႊန္းေဖာက္သည္။

“Omegaေလးေတြက ကိုCeanကိုစကားလာေျပာခ်င္ေပမယ့္ ကိုCeanမ်က္ႏွာကိုျမင္ၿပီး လာဖို႔ေၾကာက္ေနက်တာေလ “

“ေၾကာက္ေနရင္လာမေနနဲ႕ေလ ဘယ္သူကဇြတ္ေခၚေနလို႔လဲ”

“အသည္းမာလိုက္တာဗ်ာ”

“ကိုဝိုင္း”

“အာ….မုတ္သုံ”

“တူပါတယ္လို႔ၾကည့္ေနတာဗ်ာ ဒီေန႕မွကိုဝိုင္းကပိုခန့္ေနတာကိုး”

သူတို႔အနားေရာက္လာၿပီး ရွန္ပိန္ခြက္ေလးကိုင္ထားသည့္ Omegaေလး။အျဖဴေရာင္ဆံႏြယ္အုပ္အုပ္ကေလးေတြရယ္မ်က္ဝန္းစိမ္းစိမ္းေလးေတြရယ္ ႏႈတ္ခမ္းပါးပါးေလးရယ္ျဖင့္ ထိုေကာင္ေလးဟာ ၿမိဳ႕ေတာ္ရဲ႕အလွပေဂးေလးဆိုတာျဖစ္ရမည္။

သူ႕ကိုမျမင္သူလိုသေဘာထားကာ Horizon ႏွင့္စကားေျပာေနပုံက ပုံမွန္အေျခအေနတစ္ခုလို။သူ႕အားေၾကာက္႐ြံ႕ျခင္းမရွိသလို ဂ႐ုစိုက္ျခင္းလည္းမရွိ။မရွိသည့္ေလလို သေဘာထားေလသည္။

႐ုတ္တရတ္ တစ္စုံတစ္ေယာက္ကိုေတြးမိသြားသည္။ပထမႏွစ္ႀကိမ္ေတြ႕ဆုံမႈမွာ သိပ္ေၾကာက္႐ြံ႕ျပေနၿပီး တတိယအႀကိမ္မွာမခံခ်င္ေအာင္ေဒါသဆြသြားသူ။

“ဟြန့္”

သူႏွာတစ္ခ်က္မႈတ္ေတာ့ ေဘးကႏွစ္ေယာက္ကလွည့္ၾကည့္လာေလသည္။သူႏွာမႈတ္လိုက္တာကို ညီျဖစ္သူက အေတြးတစ္မ်ိဳးေပါက္သြားသည္ထင္။႐ုတ္တရတ္ၿပဳံးသြားၿပီး ထိုတစ္ေယာက္ႏွင့္သူ႕အားမိတ္ဆက္ေပးလာေလသည္။

“ကိုCean ဒါကကြၽန္ေတာ္တို႔ေဆး႐ုံကအလွပေဂးေလးမုတ္သုံေလညွင္းတဲ့ မုတ္သုံကေတာ့ကိုCean ကိုသိၿပီးသားျဖစ္မွာပါ သမုဒၵရာတဲ့ နိုင္ငံေက်ာ္Dominant Alpha ႀကီးေလ”

“ဪ ေတြ႕ရတာဝမ္းသာပါတယ္ခုမွပဲအျပင္မွာျမင္ဖူးေတာ့တယ္”

စိတ္မပါသလိုထြက္လာတဲ့စကားအဆုံး စိတ္မဝင္စားသလို ေခါင္းတစ္ခ်က္ညိတ္ျပလိုက္သည္။ထိုစဥ္ေဘးမွထြက္လာသည့္အသံတိုးတိုးတစ္ခ်ိဳ႕ေၾကာင့္ သုံးေယာက္လုံးတိတ္ဆိတ္သြားရသည္။

“Acacia ဒီတစ္ခါေခၚလာတဲ့Omegaေလးက အေခ်ာေလးေနာ္ ဘယ္ကမ်ားေတြ႕လာပါလိမ့္ ၿမိဳ႕ေတာ္မွာအဲ့ေလာက္လွတဲ့သူရွိတာလား”

“ေအးဆို ခ်စ္စရာေလးဟယ္ ၿပဳံးလိုက္တိုင္း ပါးခ်ိဳင့္ေလးကထင္းခနဲပဲငါေျပးသာနမ္းပစ္ခ်င္ေတာ့တယ္”

ပါးခ်ိဳင့္ဆိုမွ ဟိုအမွိုက္ကိုေျပးျမင္မိသြားသည္။အဲ့ေန႕ကၿပဳံးရယ္ေနတာမ်ား ေနေရာင္ေအာက္မွာေတာက္ေတာက္ပပ။ခ်ိဳင့္ေနတဲ့ပါးႏွစ္ဖက္က တစ္ေယာက္ေယာက္ကလက္သီးႏွင့္ထိုးထားတဲ့အတိုင္း ထင္ထင္ရွားရွားႀကီး။

“မ်က္လုံးေလးေတြကလည္း ပုလဲနက္ေလးေတြလိုပဲဝိုင္းဝိုင္းၾကည္ၾကည္ေလး မ်က္ေတာင္ေတြကလည္းအစစ္ထင္တယ္
ရွည္ၿပီးေကာ့ေနတာမ်ား မိန္းကေလးခ်င္းေတာင္ဆြဲစားခ်င္စရာေလး”

“ဟုတ္တယ္ Omegaအခ်င္းခ်င္းေတာင္ ေျပးကိုက္ခ်င္စရာ ႏုႏုဖတ္ဖတ္ေလးဝါဂြမ္းလုံးေလးလိုပဲ “

“ေတာ္ေသးတယ္ေနာ္ AcaciaကBetaမလို႔ Alphaႀကီးသာဆိုမေတြးရဲစရာဘဲ အခန္းထဲကေနေရာထြက္ရပါ့မလားမသိဘူး”

“ဟုတ္ပါ့ ငါသာဆိုလက္ထဲကေနေတာင္ခ်မွာမဟုတ္ဘူး တစ္ခ်ိန္လုံးတတိတိကိုက္ေနမွာ”

“ရႉးတိုးတိုး ဟိုမွာလာေနၿပီ”

အသံေတြေပ်ာက္ကြယ္သြားေတာ့ သူတစ္ခ်က္မဲ့လိုက္မိသည္။ၫႊန္းလိုက္ၾကတာ လူတစ္ေယာက္ကို အဲ့ေလာက္အထိျဖစ္စရာလိုလို႔လား။သူ႕ေရွ႕ကၿမိဳ႕ေတာ္ရဲ႕အလွပေဂးေတာင္ သူ႕မ်က္လုံးထဲ သာမန္လူတစ္ေယာက္ပါဘဲ။ၾကည့္ရေသးတာေပါ့ ဘာေတြမ်ားထူးျခားေနလို႔လဲ။

သိခ်င္စိတ္ေၾကာင့္မ်က္လုံးေဝ့မိေတာ့ လူေတြၿပဳံေနသည့္ေနရာတစ္ခု။မ်က္ႏွာကိုမျမင္ရေသး၍ ဘယ္လိုေနတယ္မသိေသး။Omegaေလးက သူ႕ဘက္ေက်ာေပးထားေလသည္။

အဝါေရာင္ေဖ်ာ့ေဖ်ာ့ေရသူမဂါဝန္ရွည္ေၾကာင့္ ေသးေသးသြယ္သြယ္ခါးႏွင့္ တင္းရင္းလွပေသာေနာက္ပိုင္းေကာက္ေၾကာင္းကိုပုံေဖာ္ေပးထားသည္။ဆံႏြယ္နက္နက္အေခြေတြကို ပန္းပြင့္ဆံထုံးထုံးထားၿပီး ပန္းဝါဝါေသးေသးေလးေတြကေခါင္းထက္မွာေနရာယူသည္။ပခုံးသားတစ္ခ်ိဳ႕ေဖာ္ထားတာေၾကာင့္ ဝင္းဝင္းမြတ္မြတ္ပုခုံးသားလုံးလုံးေလးကထင္ထင္ရွားရွား။

သူ႕လက္သုံးလုံးစာေလာက္သာရွိေသာ သြယ္လ်လ်လက္ေမာင္းေလးက ထို Betaလက္ေမာင္းအားဆုပ္ကိုင္ထားေလသည္။ေဘးနားကအားက်ေနေသာမ်က္ဝန္းတစ္ခ်ိဳ႕က သူ႕လက္ဖဝါးအက်ယ္မွ်သာရွိေသာခါးသြယ္သြယ္ေလးေပၚက Betaရဲ႕လက္ေတြဆီမွာ။

ထိုစဥ္ Beta၏မ်က္ႏွာကိုျမင္လိုက္ရတာေၾကာင့္မ်က္ခုံးပင့္မိသြားသည္။ဟိုအမွိုက္ သူငယ္ခ်င္းပါဆိုတဲ့ေကာင္။လက္စသတ္ေတာ့ ဝန္ႀကီးဦးထင္လင္းေနာင္ရဲ႕သားပင္ထေနာင္းညိုဆိုတာသူေပါ့။

ဟြန့္ ဒါေၾကာင့္မို႔လည္းဟိုအမွိုက္က playboyမွန္းသိတာေတာင္ကပ္ေနတာေပါ့။သူငယ္ခ်င္းေတြပါတဲ့။သူ႕လို႐ုပ္ရည္ကို ဟိုplayboyက သူငယ္ခ်င္းအဆင့္နဲ႕တင္ ေက်နပ္ေနပါအုံးမယ္။ အ႐ူးသြားေျပာေတာင္မယုံဘူး။က်န္တဲ့တစ္ေယာက္ကလည္း ေတာ္႐ုံအဆင့္ထဲကေတာ့ဟုတ္မွာမဟုတ္ဘူး။

႐ုပ္ကေလးဗန္းျပၿပီးေတာ့ အႀကံစည္ကလည္းႀကီးလိုက္တာ။သူတို႔ေတြနဲ႕တင္မေက်နပ္လို႔ သူ႕ေျခသလုံးကိုပါလာဖက္ခ်င္ေနေသးတယ္ ဆုသာေတာင္းေနလိုက္။

ေတြးေနတုန္း ဒီဘက္လွည့္လာတဲ့မ်က္ႏွာေလးေၾကာင့္တစ္ခ်က္သတိလြတ္သြားရသည္။ပါးခ်ိဳင့္ထင္းထင္းေတြက မီးေရာင္ေအာက္မွာၿပိဳးၿပိဳးပ်က္ပ်က္။ဘယ္ဘက္ပါးခ်ိဳင့္ခြက္ေလးအတြင္းက မွည့္နက္ေသးေသးေလး။ဒါ ဟိုတစ္ေယာက္မဟုတ္ဘူးလား။

ရွန္ပိန္ခြက္ကိုခုံေပၚခ်လိဳ႕ ပ်င္းတိပ်င္းတြဲစားပြဲကိုမွီရပ္ေနရာမွ မတ္မတ္ျပင္ရပ္လိုက္သည္။ဒီမ်က္ႏွာ၊ဒီမ်က္လုံး၊ပါးခ်ိဳင့္ေတြနဲ႕မွည့္နက္ေလး ဒါအမွိုက္မွအမွိုက္စစ္စစ္။ဘယ္လိုဘဲအမ်ိဳးသမီးလို ျပင္ဆင္လာပါေစ
ထိုOmegaေလးဆိုတာလြဲစရာမရွိ။

စိတ္ဝင္စားမႈေၾကာင့္ သူ႕မ်က္လုံးေတြအေရာင္လက္လာသည္။မိန္းကေလးလိုျပင္ဆင္လာၿပီး သူငယ္ခ်င္းဆိုသူရဲ႕ပါတနာအေနႏွင့္ ပြဲတက္လာတယ္တဲ့။စိတ္ဝင္စားစရာဘဲ။

ထိုစဥ္ ထိုတစ္ေယာက္ကေဘးကလူကိုတစ္ခုခုေျပာလိုက္ဟန္။ေခါင္းအားေစာင္းခ်လာၿပီး Omegaေလးႏႈတ္ခမ္းေဘး နားကပ္ေပးလိုက္ပုံကအနမ္းေတာင္းခံေနသလိုမ်ိဳး။ေဘးကလူေတြအားက်ကဳန္ၿပီး သူကေတာ့ လွ်ာအားပါးေစာင္သို႔ထိုးလိုက္မိသည္။သူငယ္ခ်င္းေတြေပါ့ေလ အဟက္။

ထို႔ေနာက္ ထိုေကာင္ကOmegaေလးလက္ကိုဆြဲလို႔ သီးသန့္ဝရံတာဘက္ထြက္သြားသည္။သူတို႔ဘယ္သြားလည္းသူသိသည္။ဒါကသူပိုင္တဲ့အေဆာက္အအုံႀကီးပဲဟာ။သိပ္မၾကာခင္ ထိုေကာင္ျပန္ထြက္လာခဲ့ေပမယ့္ Omegaေလးေတာ့ပါမလာေတာ့။တစ္ေယာက္တည္းေနခ်င္လို႔ သီးသန့္ဝရံတာဘက္ေနခဲ့ဟန္တူသည္။

အေတြးဆိုးတစ္ခ်ိဳ႕ေၾကာင့္ သူ႕မ်က္လုံးေတြအေရာင္ေတာက္ကုန္သည္။ထို႔ေနာက္ ေဘးမွာ စကားလက္ဆုံက်ေနသူႏွစ္ေယာက္အားToilet ဟုေျပာကာထြက္ခဲ့လိုက္ၿပီး အခန္းတစ္ခုရဲ႕တံခါးကိုဖြင့္ေတာ့ ဝရံတာဆီေရာက္သည္။

အျပင္ဘက္ကိုမ်က္ႏွာမူၿပီး မ်က္လုံးမွိတ္ထားပုံက ေလေကာင္းေလသန့္ရႉေနဟန္။မီးေရာင္ေတြေအာက္ေတာက္ပေနသူက ေကာင္းကင္ကယခုမွဆင္းသက္လာသည့္
နတ္သူငယ္ေလးလို။

တစ္ေယာက္တည္း ေအးခ်မ္းမေနေစခ်င္စြာ သူႏွောင့္ယွက္ပစ္လိုက္သည္။

“ဟယ္လိုအလွေလး တစ္ေယာက္တည္းလား”

###############

ၿငိမ္း🌞🌻

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၈, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၈, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၈ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၈ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၈ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၈ light novel, ,

Comment

Leave a Reply

Chapter 9