Rebirth As Khattar (Á€Á€Á€¹Á€Á€¬Á€¡Á€–Á€¼Á€…Á€ºá€•Á€¼Á€”Á€ºá€Œá€Šá€ºá€™Á€½Á€±Á€¸Á€–Á€½Á€¬Á€¸Á€Á€¼Á€„Á€ºá€¸)Completed အပိုင်း ၆၅

A+ A-

ပင်ပန်းညောင်းညာနေသည့်ခန္ဓာကိုယ်ကြောင့်ခတ္တာအိပ်ယာမှနိုးလာခဲ့သည်။မျက်လုံးများကိုအားယူပြီးဖွင့်ကြည့်သည့်အခါတွင် ဘေးတွင်ဦးမျိုးဆက်ထင်ရှိနေပြီးခတ္တာဟာ ဦးမျိုးဆက်ထင်ရဲ့ရင်ခွင်ကျယ်တွင်းရောက်ရှိနေသည်။ နှုတ်ခမ်းကိုအသာဖိကိုက်ရင်း မဝံမရဲမော့ကြည့်လိုက်သည့်အခါ ခန့်ညားပြီးချောမောသည့် ဦးမျိုးဆက်ထင်ရဲ့မျက်နှာမှာ ရှင်းလင်းစွာ။

လက်ညိုးကိုထုတ်ပြီး ဦးမျိုးဆက်ထင်ရဲ့ပါးပြင်ကိုအသာတို့ထိရင်း ပြုံးမိသည်။ ချောလိုက်တာ ဆိုတဲ့စကားလုံးထပ်ပိုတဲ့စကားလုံးရှိရင် ဒီအမျိုးသားကိုခိုင်းနှိုင်းချင်လွန်းသည်အထိ။ဒီလိုချောမောသည့်လူအားမွေးထုတ်ပေးခဲ့သည့်ယောက္ခမနဲ့ယောက္ခထီးကိုဘဝအဆက်ဆက်ကျေးဇူးတင်မိမှာအမှန်ပင်။မယားကောင်းသားကောင်းရရင်တောင်ဒီလောက်ပျော်ရမည်မဟုတ် လင်ကောင်းလင်ချော ကိုရလိုက်ပြီး မနက်တိုင်း ထိုလူ၏ရင်ခွင်ထဲမှာနိုးထလာရမည်ကိုတွေးရင်းပျော်ရွှင်မှုဟာအတိုင်းအဆမရှိ။

”နိုးနေပြီလား”

မျက်လုံးတွေမှိတ်ထားရင်းမေးလာသည့်မလို့ ဦးမျိုးဆက်ထင်ရဲ့မျက်နှာပေါ်က လက်တို့အားအလျင်အမြန်ပင်ရုတ်လိုက်သည့်အခါ ထိုသူဟာ ပြုံးသည်။ မနက်ခင်းနေရောင်နှင့်ပေါင်းစပ်လိုက်သည့်အခါ ဦးမျိုးဆက်ထင်ရဲ့အပြုံးဟာတကယ့်ကိုငေးမောချင်စရာကောင်းလွန်းသည်အထိပင်။

ချက်ချင်းပင်အောက်သို့လျှောလာပြီး ဦးမျိုးဆက်ထင်ဟာခတ္တာရဲ့ရင်ခွင်သေးသေးလေးအတွင်းသို့ခေါင်းတိုးဝင်လာသည်က ကလေးတစ်ယောက်အသွင်။

”ဆံပင်လေးကိုင်လို့ရလားဟင်”

ထိုအခါခတ္တာရင်ခွင်ထဲမှဦးမျိုးဆက်ထင်ဟာခတ္တာအားမော့ကြည့်လာပြီး။

”ဆန္ဒရှိရင်အားလုံးကိုင်လို့ရပါရဲ့ မောင်ခတ္တာ”

”အာ…ဦးထင်ကလဲ”

တဆက်တည်းမြင်ကွင်းတွင်းကွက်ကွက်ကွင်းကွင်းပေါ်လာသည့်ညကပုံရိပ်တချို့အားတွေးရင်းမျက်နှာများပူလောင်လာသည်မလို့မျက်လုံးများတင်းတင်းစေ့ကာစက္ကန့်ပိုင်းလောက်ထိမှိတ်ထားလိုက်၏။

အမြဲဆီလိမ်းကာဖီးသင်ထားပေမယ့်အခုတော့အနည်းငယ်ပြန့်ကျဲနေသည့်ဦးမျိုးဆက်ထင်ရဲ့ဆံပင်များလက်ချောင်းလေးများနှင့်အသာယာကိုင်ကြည့်ရင်းပွတ်သပ်နေမိသည့်အခါ ဦးမျိုးဆက်ထင်ငြိမ်သက်လျက်။

”တောင်းပန်ပါရဲ့မောင်ခတ္တာ”

”တော်ပါတော့ဦးထင်ရယ် တစ်ညလုံးထိုင်ပြောနေပြီးမနက်ထိပါပြောဦးမှာလားဗျ”

ခတ္တာအိပ်မပျော်ခင်အချိန်ထိတောင်းပန်ကြောင်းကိုပြောနေ၍ အခုမနက်ထိပါတဖွဖွထပ်ပြောနေသောဦးမျိုးဆက်ထင်အားစိတ်မရှည်တော့။

”ကျွန်တော်ကဦးထင်အပိုင်ပါ နှစ်ဦးသဘောတူလက်ထပ်ပြီးသွားပြီးကိုဘာလို့တောင်းပန်နေရတာလဲဗျ”

ထိုအခါ ရင်ခွင်ထဲသို့ပိုတိုးဝင်လာသည့်ဦးမျိုးဆက်ထင်မှာတကယ့်ကိုကလေးလိုလုပ်နေသည်။

”ကျုပ်ကြောင့်မင်းအနာတရဖြစ်သွားရတာကို”

ဦးမျိုးဆက်ထင်ရဲ့အသံဟာ ညည်းညူသံနှင့်အတူချွဲ့နွဲ့ကာတိုးတိုးလေးထွက်လာသည်မလို့ခတ္တာအူတွေယားလွန်း၍နှုတ်ခမ်းကိုဖိကိုက်ထားမိသည်။ ဘယ်လိုလူကြီးပါလဲ ဒီလိုပုံစံဟာညတုန်းကနှင့်တစ်စက်ကလေးမျှတူမနေ ၊ ချစ်စရာကောင်းလွန်းသည့်လူ​ကြီးရဲ့မျက်နှာကိုလှမ်းကြည့်ရန်ကြိုးစားပါသော်လည်း ရင်ခွင်ထဲဖောက်ဝင်မတတ်ပူးကပ်ထားသည်မလို့လက်လျော့လိုက်ရသည်။

”ဦးထင်”

”ဗျာ…”

ခတ္တာမျက်ဝန်းအိမ်လေးဟာကျယ်သွားပြီးအံ့သြလွန်း၍ဖိကိုက်ထားမိသည့်နှုတ်ခမ်းလေးဟာလည်းပွင့်ဟသွားသည်။ဒါဟာပထမဆုံးအကြိမ်အဖြစ်ဦးမျိုးဆက်ထင်ဆီမှ ”ဗျာ”ဟုထူးသည့်အသံလေးဖြစ်ပြီးနားဝင်ချိုလွန်း၍ဖုန်းများရှိရင် Record ပင်ဖမ်းထားချင်မိသည်။

ခန္ဓာကိုယ်အကြီးကြီးအားတင်းကြပ်စွာဖတ်ထားမိသည်။နောက်ဆုံးတော့ဒီလူနှင့်တသက်လုံးနေသွားရတော့မည်ဖြစ်ပြီးဒီလူပေးသည့်နူးညံ့​သောအရာမှန်သမျှအားခတ္တာကသာအပိုင်ရလိုက်ပြီ။

”ပန်းရုံထဲမှာကျွန်တော့်ကိုဦးထင်ဆံပင်လေးသပ်ပေးလိုက်တဲ့နေ့လေမှတ်မိသေးလားဗျ”

”ဇူလိုင်လအင်္ဂလိပ်လို9ရက် မြန်မာလိုလဆုတ်၁၁ရက်နေ့”

”ဟောဗျာ”

”မှတ်မှတ်ရရအဲ့ဒီနေ့ကစလို့ကျုပ်တစ်နေ့တာလုပ်သမျှအရာတွေကိုစာအုပ်ထဲမယ် ညဘက်မှတ်စုလုပ်တဲ့အခါ မင်းရဲ့အကြောင်းတွေပါမဆီမဆိုင်ကျုပ်လက်နဲ့ချရေးခဲ့တာပဲ”

ဒီလူကိုချစ်ရလွန်းလို့ဘယ်လိုလုပ်ရပါမလဲ။ခပ်အေးအေးသာပြောနေသော်လည်း ဦးမျိုးဆက်ထင်ပြောနေသည့်အကြောင်းအရာစကားလုံးများမှာခတ္တာရင်ဘတ်ထဲထိတစ်လုံးချင်းကိုစီးဝင်နေသည်။

”ကျုပ်တွေးကြည့်လိုက်တော့အဲ့ဒီနေ့ကတည်းကမင်းအပေါ်မေတ္တာသက်ဝင်သွားမှန်းသေချာသလောက်ရှိခဲ့ရဲ့မောင်ခတ္တာ မင်းကိုမတွေ့ရင်ကျုပ်ရှာနေမိတတ်ပြီး အကြောင်းမရှိအကြောင်းရှာမင်းနေတဲ့အခန်းဘက်ကိုယောင်လည်လည်နှင့်လိုက်ချောင်းနေမိခဲ့တာ”

”ဦးထင်ရယ်”

”ကျုပ်ခံစားချက်ကိုလိမ်ညာမရဘူးမောင်ခတ္တာ
နှစ်ရှည်လများကျုပ်သိပ်ကြိုက်တဲ့ဆေးလိပ်တွေကို မင်းနှုတ်ခမ်းပါးလေးကအမိန့်ပေးလိုက်တာနဲ့ကျုပ်အချိန်တစ်ခုထိဖြတ်ခဲ့ပါရဲ့မောင်ခတ္တာ”

”ဦးထင်ကပိုချစ်လာအောင်လုပ်နေတာပဲ”

”ဒါဖြင့်တစ်​နေရာလောက်ဖြစ်ဖြစ်အနမ်းပေးပါဦးလား”

မော့ကြည့်ပြောလာသည့်အတွက်နှစ်ခြိုက်စွာပြုံးရယ်လိုက်မိပြီး ကျယ်ပြန့်သောနှဖူးပြင်အားနှုတ်ခမ်းနှင့်ထိတွေ့သည့်အခါ ဦးမျိုးဆက်ထင်ကမျက်လုံးများမှိတ်သွားကာ ပြုံးသည်။

”အိပ်ရေးဝမှာမဟုတ်သေးဘူးဒါကြောင့်ပြန်အိပ်ချေ ကျုပ်အစောကြီးနိုးတာနဲ့​​မင်းကိုသန့်ရှင်းလုပ်ပေးထားမလို့ ပြန်နိုးမှသာရေချိုးချလိုက်ပါ”

ပြောလိုက်မှပဲခတ္တာကိုယ့်ကိုကိုယ်ပြန်ငုံ့ကြည့်လိုက်သည့်အခါ ဦးမျိုးဆက်ထင်ရဲ့အင်္ကျီအကြီးကြီးနှင့်ဖြစ်နေသည်။ညကပင်ပန်းစွာနှင့်စေးကပ်ကပ်အိပ်ပျော်သွားသလောက်အခုတော့သန့်ရှင်းနေသည်ဟုခံစားရသည်။

”ဦးထင် မနက်စာစားဖို့…”

”ကဲ ကျုပ်စီစဥ်ပါ့မယ် အိပ်ပါမင်းရယ်”

ပြောရင်းတင်းကြပ်စွာဖက်လာပေးသည်မလို့ ခတ္တာပြန်အိပ်ရန်သာကြိုးစားလိုက်သည်။မကြာခင်ဆောင်းဝင်တော့မည်မလို့ အနည်းငယ်ချမ်းစိမ့်နေသည့် ရာသီဥတုကြောင့်ခန္ဓာကိုယ်ကအေးနေသော်လည်း ဦးမျိုးဆက်ထင်ရဲ့လက်တွေနှင့်ခတ္တာအားတစ်ကိုယ်လုံးကိုနွေးထွေးစေသည်။

ခတ္တာရင်ခွင်ထဲကဦးမျိုးဆက်ထင်ဟာ ဖက်ထားရင်းနှင့်ကျောပြင်ကို ပွတ်သပ်ကာ ချော့သိပ်နေသည်မလို့ အိပ်စက်ခြင်းဆီရောက်ဖို့သိပ်မကြိုးစားလိုက်ရပါပဲ ခတ္တာအိပ်ပျော်သွားခဲ့သည်။
နာရီတော်တော်များများကြာသည်အထိအိပ်ပျော်သွား၍ ပြန်နိုးလာသောအခါ နေလဲအတော်မြင့်နေပြီဖြစ်သည်။ဘေးတွင်လည်းဦးမျိုးဆက်ထင်မရှိတော့တာကြောင့်အိပ်မှုတ်စုတ်ဖွား အလျင်အမြန်ကောက်ထလိုက်သည်။

”အာ့..အာ့လာလာ”

ခါးနှင့်ခါးအောက်ပိုင်းကလာတဲ့နာကျင်မှုဟာအောင့်ခနဲမလို့အသံထွက်သည်အထိအော်မိပြီးညည်းညူမိသည့်အခါ ဦးမျိုးဆက်ထင်ဟာအခန်းအတွင်းအလျင်အမြန်ရောက်လာသည်။

”ခတ္တာ”

”အယ်…ကျွန်တော်လက်ကျဥ်သွားလို့ဗျဖိအိပ်ထားလို့လေ”

”ဖြစ်ရမယ်ကွယ်”

ဒီလိုမှမလိမ်ရင်တော့ ဦးမျိုးဆက်ထင်တစ်နေကုန်မျက်နှာကောင်းမည်မဟုတ်။

”ကျုပ်နေ့လည်စာပြင်ပေးထားရဲ့မောင်ခတ္တာ ရေချိုးမျက်နှာသစ်ပါ ဘုရားစင်သန့်ရှင်းရေးလုပ်ပြီးတာနဲ့စားကြတာပေါ့”

”ဟုတ်ကဲ့ဗျ”

ဦးခေါင်းပေါ်ကျရောက်လာသည့်လက်ဖဝါးနွေးနွေးမှာအကြင်နာတွေပါတစ်စွန်းတစ်စပါဝင်မှန်းသိသာလွန်းသည်။ ထိုင်နေရာမှအားယူထလိုက်ပြီးနောက် အင်္ကျီကိုချွတ်လိုက်ကာ ရေချိုးဖို့ပြင်လိုက်၏။မျက်နှာသစ်ရေချိုးကာ အဝတ်စားလဲပြီးသည့်အခါတွင် ဘုရားစင်သန့်ရှင်းရေးလုပ်နေသောဦးမျိုးဆက်ထင်အနားသွားလိုက်သည်။

”ဝိုင်းကူပေးရဦးမလားဗျ”

ဦးမျိုးဆက်ထင်ဟာခတ္တာဘက်တချက်မျှလှည့်ကြည့်ရင်းခေါင်းခါသည်မလို့ ခတ္တာ ထမင်းစားခန်းဆီသို့ထွက်လာလိုက်သည်။နေ့လည်စာစားချိန်နှင့်နီးကပ်နေသည့်အတွက် ထမင်းဟင်းများသာပြင်ဆင်ထားသည်ကိုတွေ့ရ၏။

”ဦးထင် ဒါဝယ်ထားတာလားဗျ”

”ဧရာလာပို့ပေးသွားတာပဲ”

”ဟုတ်ကဲ့ဗျ”

ခူးထားသည့်ထမင်းပန်းကန်များထဲ ဇွန်းခရင်းများတပ်ပေး၍ ခတ္တာလည်းထိုင်ခုံတွင်ဖြည်းညင်းစွာထိုင်လိုက်သည်။လက်တွေကိုဆေးကြောပြီး ဦးမျိုးဆက်ထင်ကပါ ထမင်းစားပွဲတွင်ဝင်ထိုင်လာ၏။

”ညနေပြန်ရအောင်မောင်ခတ္တာ ကျုပ်ဒီမယ်နေရတာအဆင်ပြေမယ်ထင်ခဲ့ပေမယ့် အစားအသောက်ကျခက်တာပဲ ပြီးတော့ မင့်အမေလဲနှုတ်ဆက်ရဦးမယ်မလား”

ခတ္တာပန်းကန်ထဲဟင်းတွေထည့်ပေးရင်းပြောလာသည့်အခါခတ္တာခေါင်းငြိမ့်လိုက်သည်။ဦးမျိုးဆက်ထင်ပြောသည်ကလဲမှန်၏ အခုလိုအချိန်သာချက်ပြုတ်ဖို့စျေးသွားရင်ဘာမှမရှိတော့သလို ညနေစျေးကလဲမရှိသည့်အတွက်ဗိုက်ဟောင်းလောင်းနေရမည့်အဖြစ် နေလို့ထိုင်လို့ကောင်းပြီးဆိတ်ငြိမ်သော်လည်း ထမင်းစားဖို့ရာတော့အတော်ခက်ခဲသည်။

ထမင်းစားသောက်ပြီးသည့်နောက် ဦးမျိုးဆက်ထင်ကပဲပန်းကန်တွေသိမ်းဆည်းပေးပြီး ဆေးကြောပေးသည်မလို့ခတ္တာအားနာမိလာသည်။အားလုံးပြီးစီးသည့်အခါ ခတ္တာအားဧည့်ခန်းထဲခေါ်၍ ထိုင်စေ၏။

”မနေ့ညကတည်းပေးမလို့ပါပဲ အင်း…မပေးဖြစ်လိုက်တာ”

ပြောပြောဆိုဆိုနှင့် စားပွဲပေါ်သေတ္တာအရှည်လေးကိုဖွင့်လိုက်သည့်အခါ ခတ္တာမျက်လုံးများပြူးကျယ်သွားရသည်။

”ဦးထင်”

”ဘယ်လိုလဲကြိုက်ရဲ့လား”

သေတ္တာထဲတွင်ခတ္တာအမြဲတောင့်တနေသည့်ကျွန်းဂစ်တာတစ်လက်ရှိနေပြီးထိုဂစ်တာမှာသစ်လွင်တောက်ပစွာနှင့် ။ တံဆိပ်ကိုကြည့်လိုက်သည့်အခါ အမှန်တကယ်ပဲ နိုင်ငံခြား Brand တံဆိပ်တစ်ခုဖြစ်ပြီးတန်ဖိုးကြီးလောက်မည့်ပုံပင်။

”ကျွန်တော်လိုချင်နေခဲ့တာ ဦးထင်ဘယ်လိုသိလဲဟင်”

”အင်း…ဘထွန်းဆီကရော ဒီအနားကမင်းကိုကြည့်ဖို့လွှတ်ထားတဲ့သူဆီကရောကြားမိလို့”

ထိုင်ရာမှထကာ ဦးမျိုးဆက်ထင်ရဲ့ရင်ခွင်ထဲသို့ဖြည်းညင်းစွာဝင်တိုးမိပြီးနောက် ဖက်ထားမိသည်။

”ကျေးဇူးတင်ပါတယ်”

ထိုအခါဦးမျိုးဆက်ထင်ကခတ္တာရဲ့ဆံပင်တွေခပ်ဖွဖွနမ်း၍။

”မင်းလိုအင်မှန်သမျှဖြည့်ဆည်းပေးရမှာကျုပ်တာဝန်ပဲဘယ်အရာပဲလိုအပ်လိုအပ်ကျုပ်ကိုမဆိုင်းမတွပြောပါ မင်းယောကျာ်းကချမ်းသာပါရဲ့မောင်ခတ္တာ”

ရယ်သံစွတ်သည့်စကားသံခပ်အေးအေးကိုကြားလိုက်ရသည့်အခါ ရင်ဘတ်အတွင်း နွေးထွေးခြင်းအတိ။အိမ်မက်သာဆိုလျှင်တော့ဒီတစ်သက်တာနိုးထနိုင်မည်မထင်တော့။

(ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)

”ဂရုစိုက်ပြန်ပါနော်အမေတို့အစ်မတို့”

ထွက်တော့မည့်ရထားပေါ်က အစ်မတို့နှင့်အမေတို့အားခတ္တာအပြင်ဘက်ကနေလှမ်းမှာနေခြင်း။ထပ်၍နေစေချင်ပါသော်လည်း ရွာတွင်လယ်ရောအိမ်ရော သူများကကြည့်ပေးထားရသည်မလို့စိတ်မချသောကြောင့်ပင်။

”လူလေး လိမ်လိမ်မာမာနေနော်သူဌေးမင်းစကားလဲနားထောင် ကျန်းမာရေးဂရုစိုက် နောက်လထဲမယ်ပြန်လာချေဦး”

”စိတ်ချနော် အမေကျွန်တော်ရွာပြန်လာခဲ့ပါမယ်”
”မောင်ငယ် ဆက်ဆက်လာနော် ”

”ဟုတ်ကဲ့ပါဗျာဆက်ဆက်လာပါ့မယ်အစ်မညိုမီ အစ်မညိုပြာ ကျန်းမာရေးဂရုစိုက်နော်အမေ့ကိုလဲဂရုစိုက်ပေးနော်”

”​အေးပါတော်”

ရထားထွက်တော့မည်ဖြစ်၍ ခတ္တာခန္ဓာကိုယ်ဟာအနောက်သို့အနည်းငယ်ဆုတ်လိုက်ရသည်။ဘူတာတွင်းလူများစွာရှိနေပြီး အနည်းငယ်ဆူညံနေ၏။ရထားထွက်ပြီဖြစ်၍ကြားရသောအသံမှာကျယ်လောက်စွာ အမေတို့အစ်မတို့လက်ကာပြသည်ကိုကြည့်ရင်းစိတ်ထဲဝမ်းနည်းလာသောကြောင့်အလျင်အမြန်ပင်ထိန်းချုပ်လိုက်သည်။
တလှုပ်လှုပ်ခုန်မောင်းထွက်သွားသည့်ရထားကြီးအားတဆုံးလိုက်ကြည့်ပြီးနောက်တွင် အပြင်ဘက်တွင်ရပ်ထားသည့်ကားဆီသို့လျှောက်လာလိုက်သည်။

”ဘယ်ဝင်ဦးမလဲပေါက်စ”

”မဝင်ဘူးဗျ အိမ်ပဲပြန်ပါမယ်”

ကားပေါ်တက်လိုက်ပြီးနောက်တွင် ဒရိုင်ဘာအကိုနှင့်အတူတူအိမ်ပြန်လာခဲ့၏။ဒီနေ့တော့ဦးမျိုးဆက်ထင်အိမ်တွင်မရှိ အရေးကြီးသည့်အစည်းအဝေးတက်ရမည်ဟုသေချာပြောသွားပြီးမနက်အစောပိုင်းကတည်းကထွက်သွားသည်။
အိမ်ရောက်၍ကားပေါ်ကဆင်းသည့်အခါ အိမ်ကြီးအတွင်းမှဖက်တီးကထွက်လာပြီး ခတ္တာဆီပြေးကပ်လာသည်မလို့ကောက်ချီကာအထဲသို့ဝင်လာခဲ့၏။မင်္ဂလာပွဲရက်ကမနက်ပိုင်းက ဦးမျိုးဆက်ထင်ရဲ့ဘိလပ်မှသူငယ်ချင်းရိုက်ပေးသွားသည့်ခတ္တာနှင့်ဦးမျိုးဆက်ထင်ရဲ့ဓာတ်ပုံဟာ ၄ပေပတ်လည်ဝန်းကျင်ရှိပြီးအနားသက်ကိုရွှေရောင်များနှင့်ဘောင်ခတ်ကာ ဧည့်ခန်းအတွင်းမှနံရံတွင်ထင်ရှားစွာနေရာယူထားသည်။

အချိန်အတန်ကြာသည်အထိရပ်ကြည့်နေမိသောအခါဖက်တီးကလက်ထဲမှခုန်ဆင်းသွား၏။အဖြူအမဲဓာတ်ပုံပေမယ့် ဦးမျိုးဆက်ထင်အရှိန်အဝါနှင့်ခတ္တာများအရောင်တောက်လျက် လှလွန်းနေသည်။ဒီလိုအရမ်းလှတဲ့ကောင်​လေးအနေနဲ့မဟုတ်ပါပဲနေညိုသွေးဆိုရင်ရောဦးမျိုးဆက်ထင်ကချစ်ပါဦးမလားဂရုစိုက်ပါဦးလားဆိုပြီးသတိရသည့်အခါခေါင်းတခါခါနှင့်ရယ်မိ၏။

ထို့နောက်အနောက်တွင်ဘာဟင်းချက်ကြလဲသိချင်လာသည့်အတွက်အနောက်ဘက်ထမင်းစားခန်းကနေ၍ တန်းလျားဘက်ကိုကူးခဲ့သည်။ရေကန်တွင်လက်တွေအားဆေးကြောပြီး ယဥ်ယဥ်ထိုင်နေသည့်နေရာဆီသို့လျှောက်လာကာကြားထဲဝင်ထိုင်လိုက်၏။ ကန်စွန်းရွက်ကူခြွေပေးမလို့ လှမ်းကိုင်လိုက်သည့်အခါ ယဥ်ယဥ်က စကောကိုတဖက်သို့ရွေ့သွားသည်။

”အမလေးတော်မလုပ်ရပါဘူး သူဌေးကြီးသိရင်ဆူပူပါဦးမယ်”

”ဟဲ့ကန်စွန်းရွက်လေးဝိုင်း​ခြွေမှာပါဟာ ဘာဖြစ်မှာကျလို့”

”အရီးစုံ ပြောဦး”

ဟင်းချက်နေသည့် အရီးစုံဘက်မေးငေါ့ပြကာစစ်ကူလှမ်းတောင်းတော့အရီးစုံ ဟင်းချက်နေရင်းလက်နှီးစုတ်ကိုင်ကာ အနားရောက်လာသည်။

”မလုပ်ပါနဲ့တော် သူဌေးကြီးဘာပြောထားတယ်မှတ်လဲ”

ခတ္တာမျက်ခုံးများပင့်ပြီးအရီးစုံပြောလာမည့်အရာကိုနားစွင့်နေမိသည်။

”ကျုပ်ရဲ့ခတ္တာကို အိမ်မှုကိစ္စတွေမလုပ်ခိုင်းနဲ့တဲ့ သူလုပ်ရမယ့်အရာတွေမဟုတ်ဘူးတဲ့ တော်”

ဟန်ပါပါနှင့်ပြောပြလာသည့်အရီးစုံရဲ့စကားသံ​ကြောင့်ခတ္တာမှာအားရပါးရပင်ရယ်မောလိုက်မိသည်။

”ဦးထင်ကအဲ့လိုမှာထားတာပေါ့”

”ဟုတ်ပါ့တော်ရေ”

”အများကြီးမလုပ်ပါဘူးဗျာ ကျွန်တော်လဲအိမ်ထဲမှာပျင်းနေလို့ပါ”

ပြောပြောနှင့်ယဥ်ယဥ်ဘေးချထားသည့်ကန်စွန်းရွက်တွေထည့်ထားသောစကောကိုပြန်ယူလိုက်၏။ကန်စွန်းရွက်ကိုအရီးစုံ တို့အမြဲခြွေသည့်အတိုင်း အရိုးသက်သက် အရွက်ရွက်သက်စီ ခြွေလိုက်သည်။

”အီးဟီး”

ရုတ်တရက်ထွက်ပေါ်လာသည့်ယဥ်ယဥ်ရဲ့ငိုသံကြောင့်ခတ္တာရောအရီးစုံပါလန့်သွားရသည်။အကောင်းမှချက်ချင်းကြီးထငိုနေသောအခါ သရဲများပူးသလားဟုစိုးရိမ်သွားမိ၏။

”ဘာတုန်းဟ ဘာလို့ထငိုတာလဲ”

”အီးဟီး …ကျုပ်လဲယောကျာ်းယူချင်တယ်တော် ကိုအတာကိုအားကျပါရဲ့ပြီးတော့ဟိုကောင်မအေးမြကလည်းလင်ယူဖို့သွားပြီယဥ်ယဥ်တစ်ယောက်တည်းကျန်တော့ရဲ့ အီးဟီးး”

”ဟဲ့ကောင်မလေး ညည်းမလည်းအေ လင်လိုချင်လို့ငိုတာတဲ့ကျော်မကောင်းကြားမကောင်း”

”ကျုပ်လဲအချစ်ခံချင်တာပေါ့တော်”

ငိုသံ​ကြီးပြောလာသည့်အခါ ထိုအနားတွင်အရီးစုံနှင့် ခတ္တာရဲ့ရယ်သံဟာကျယ်လောင်စွာထွက်ပေါ်လာတော့သည်။

Zaw Gyi

ပင္ပန္းေညာင္းညာေနသည့္ခႏၶာကိုယ္ေၾကာင့္ခတၱာအိပ္ယာမွနိုးလာခဲ့သည္။မ်က္လုံးမ်ားကိုအားယူၿပီးဖြင့္ၾကည့္သည့္အခါတြင္ပင္ပန္းေညာင္းညာေနသည့္ခႏၶာကိုယ္ေၾကာင့္ခတၱာအိပ္ယာမွနိုးလာခဲ့သည္။မ်က္လုံးမ်ားကိုအားယူၿပီးဖြင့္ၾကည့္သည့္အခါတြင္ ေဘးတြင္ဦးမ်ိဳးဆက္ထင္ရွိေနၿပီးခတၱာဟာ ဦးမ်ိဳးဆက္ထင္ရဲ႕ရင္ခြင္က်ယ္တြင္းေရာက္ရွိေနသည္။ ႏႈတ္ခမ္းကိုအသာဖိကိုက္ရင္း မဝံမရဲေမာ့ၾကည့္လိုက္သည့္အခါ ခန့္ညားၿပီးေခ်ာေမာသည့္ ဦးမ်ိဳးဆက္ထင္ရဲ႕မ်က္ႏွာမွာ ရွင္းလင္းစြာ။

လက္ညိုးကိုထုတ္ၿပီး ဦးမ်ိဳးဆက္ထင္ရဲ႕ပါးျပင္ကိုအသာတို႔ထိရင္း ၿပဳံးမိသည္။ ေခ်ာလိုက္တာ ဆိုတဲ့စကားလုံးထပ္ပိုတဲ့စကားလုံးရွိရင္ ဒီအမ်ိဳးသားကိုခိုင္းႏွိုင္းခ်င္လြန္းသည္အထိ။ဒီလိုေခ်ာေမာသည့္လူအားေမြးထုတ္ေပးခဲ့သည့္ေယာကၡမနဲ႕ေယာကၡထီးကိုဘဝအဆက္ဆက္ေက်းဇူးတင္မိမွာအမွန္ပင္။မယားေကာင္းသားေကာင္းရရင္ေတာင္ဒီေလာက္ေပ်ာ္ရမည္မဟုတ္ လင္ေကာင္းလင္ေခ်ာ ကိုရလိုက္ၿပီး မနက္တိုင္း ထိုလူ၏ရင္ခြင္ထဲမွာနိုးထလာရမည္ကိုေတြးရင္းေပ်ာ္႐ႊင္မႈဟာအတိုင္းအဆမရွိ။

”နိုးေနၿပီလား”

မ်က္လုံးေတြမွိတ္ထားရင္းေမးလာသည့္မလို႔ ဦးမ်ိဳးဆက္ထင္ရဲ႕မ်က္ႏွာေပၚက လက္တို႔အားအလ်င္အျမန္ပင္႐ုတ္လိုက္သည့္အခါ ထိုသူဟာ ၿပဳံးသည္။ မနက္ခင္းေနေရာင္ႏွင့္ေပါင္းစပ္လိုက္သည့္အခါ ဦးမ်ိဳးဆက္ထင္ရဲ႕အၿပဳံးဟာတကယ့္ကိုေငးေမာခ်င္စရာေကာင္းလြန္းသည္အထိပင္။

ခ်က္ခ်င္းပင္ေအာက္သို႔ေလွ်ာလာၿပီး ဦးမ်ိဳးဆက္ထင္ဟာခတၱာရဲ႕ရင္ခြင္ေသးေသးေလးအတြင္းသို႔ေခါင္းတိုးဝင္လာသည္က ကေလးတစ္ေယာက္အသြင္။

”ဆံပင္ေလးကိုင္လို႔ရလားဟင္”

ထိုအခါခတၱာရင္ခြင္ထဲမွဦးမ်ိဳးဆက္ထင္ဟာခတၱာအားေမာ့ၾကည့္လာၿပီး။

”ဆႏၵရွိရင္အားလုံးကိုင္လို႔ရပါရဲ႕ ေမာင္ခတၱာ”

”အာ…ဦးထင္ကလဲ”

တဆက္တည္းျမင္ကြင္းတြင္းကြက္ကြက္ကြင္းကြင္းေပၚလာသည့္ညကပုံရိပ္တခ်ိဳ႕အားေတြးရင္းမ်က္ႏွာမ်ားပူေလာင္လာသည္မလို႔မ်က္လုံးမ်ားတင္းတင္းေစ့ကာစကၠန့္ပိုင္းေလာက္ထိမွိတ္ထားလိုက္၏။

အၿမဲဆီလိမ္းကာဖီးသင္ထားေပမယ့္အခုေတာ့အနည္းငယ္ျပန့္က်ဲေနသည့္ဦးမ်ိဳးဆက္ထင္ရဲ႕ဆံပင္မ်ားလက္ေခ်ာင္းေလးမ်ားႏွင့္အသာယာကိုင္ၾကည့္ရင္းပြတ္သပ္ေနမိသည့္အခါ ဦးမ်ိဳးဆက္ထင္ၿငိမ္သက္လ်က္။

”ေတာင္းပန္ပါရဲ႕ေမာင္ခတၱာ”

”ေတာ္ပါေတာ့ဦးထင္ရယ္ တစ္ညလုံးထိုင္ေျပာေနၿပီးမနက္ထိပါေျပာဦးမွာလားဗ်”

ခတၱာအိပ္မေပ်ာ္ခင္အခ်ိန္ထိေတာင္းပန္ေၾကာင္းကိုေျပာေန၍ အခုမနက္ထိပါတဖြဖြထပ္ေျပာေနေသာဦးမ်ိဳးဆက္ထင္အားစိတ္မရွည္ေတာ့။

”ကြၽန္ေတာ္ကဦးထင္အပိုင္ပါ ႏွစ္ဦးသေဘာတူလက္ထပ္ၿပီးသြားၿပီးကိုဘာလို႔ေတာင္းပန္ေနရတာလဲဗ်”

ထိုအခါ ရင္ခြင္ထဲသို႔ပိုတိုးဝင္လာသည့္ဦးမ်ိဳးဆက္ထင္မွာတကယ့္ကိုကေလးလိုလုပ္ေနသည္။

”က်ဳပ္ေၾကာင့္မင္းအနာတရျဖစ္သြားရတာကို”

ဦးမ်ိဳးဆက္ထင္ရဲ႕အသံဟာ ညည္းၫူသံႏွင့္အတူခြၽဲ႕ႏြဲ႕ကာတိုးတိုးေလးထြက္လာသည္မလို႔ခတၱာအူေတြယားလြန္း၍ႏႈတ္ခမ္းကိုဖိကိုက္ထားမိသည္။ ဘယ္လိုလူႀကီးပါလဲ ဒီလိုပုံစံဟာညတုန္းကႏွင့္တစ္စက္ကေလးမွ်တူမေန ၊ ခ်စ္စရာေကာင္းလြန္းသည့္လူႀကီးရဲ႕မ်က္ႏွာကိုလွမ္းၾကည့္ရန္ႀကိဳးစားပါေသာ္လည္း ရင္ခြင္ထဲေဖာက္ဝင္မတတ္ပူးကပ္ထားသည္မလို႔လက္ေလ်ာ့လိုက္ရသည္။

”ဦးထင္”

”ဗ်ာ…”

ခတၱာမ်က္ဝန္းအိမ္ေလးဟာက်ယ္သြားၿပီးအံ့ၾသလြန္း၍ဖိကိုက္ထားမိသည့္ႏႈတ္ခမ္းေလးဟာလည္းပြင့္ဟသြားသည္။ဒါဟာပထမဆုံးအႀကိမ္အျဖစ္ဦးမ်ိဳးဆက္ထင္ဆီမွ ”ဗ်ာ”ဟုထူးသည့္အသံေလးျဖစ္ၿပီးနားဝင္ခ်ိဳလြန္း၍ဖုန္းမ်ားရွိရင္ Record ပင္ဖမ္းထားခ်င္မိသည္။

ခႏၶာကိုယ္အႀကီးႀကီးအားတင္းၾကပ္စြာဖတ္ထားမိသည္။ေနာက္ဆုံးေတာ့ဒီလူႏွင့္တသက္လုံးေနသြားရေတာ့မည္ျဖစ္ၿပီးဒီလူေပးသည့္ႏူးညံ့ေသာအရာမွန္သမွ်အားခတၱာကသာအပိုင္ရလိုက္ၿပီ။

”ပန္း႐ုံထဲမွာကြၽန္ေတာ့္ကိုဦးထင္ဆံပင္ေလးသပ္ေပးလိုက္တဲ့ေန႕ေလမွတ္မိေသးလားဗ်”

”ဇူလိုင္လအဂၤလိပ္လို9ရက္ ျမန္မာလိုလဆုတ္၁၁ရက္ေန႕”

”ေဟာဗ်ာ”

”မွတ္မွတ္ရရအဲ့ဒီေန႕ကစလို႔က်ဳပ္တစ္ေန႕တာလုပ္သမွ်အရာေတြကိုစာအုပ္ထဲမယ္ ညဘက္မွတ္စုလုပ္တဲ့အခါ မင္းရဲ႕အေၾကာင္းေတြပါမဆီမဆိုင္က်ဳပ္လက္နဲ႕ခ်ေရးခဲ့တာပဲ”

ဒီလူကိုခ်စ္ရလြန္းလို႔ဘယ္လိုလုပ္ရပါမလဲ။ခပ္ေအးေအးသာေျပာေနေသာ္လည္း ဦးမ်ိဳးဆက္ထင္ေျပာေနသည့္အေၾကာင္းအရာစကားလုံးမ်ားမွာခတၱာရင္ဘတ္ထဲထိတစ္လုံးခ်င္းကိုစီးဝင္ေနသည္။

”က်ဳပ္ေတြးၾကည့္လိုက္ေတာ့အဲ့ဒီေန႕ကတည္းကမင္းအေပၚေမတၱာသက္ဝင္သြားမွန္းေသခ်ာသေလာက္ရွိခဲ့ရဲ႕ေမာင္ခတၱာ မင္းကိုမေတြ႕ရင္က်ဳပ္ရွာေနမိတတ္ၿပီး အေၾကာင္းမရွိအေၾကာင္းရွာမင္းေနတဲ့အခန္းဘက္ကိုေယာင္လည္လည္ႏွင့္လိုက္ေခ်ာင္းေနမိခဲ့တာ”

”ဦးထင္ရယ္”

”က်ဳပ္ခံစားခ်က္ကိုလိမ္ညာမရဘူးေမာင္ခတၱာ
ႏွစ္ရွည္လမ်ားက်ဳပ္သိပ္ႀကိဳက္တဲ့ေဆးလိပ္ေတြကို မင္းႏႈတ္ခမ္းပါးေလးကအမိန့္ေပးလိုက္တာနဲ႕က်ဳပ္အခ်ိန္တစ္ခုထိျဖတ္ခဲ့ပါရဲ႕ေမာင္ခတၱာ”

”ဦးထင္ကပိုခ်စ္လာေအာင္လုပ္ေနတာပဲ”

”ဒါျဖင့္တစ္ေနရာေလာက္ျဖစ္ျဖစ္အနမ္းေပးပါဦးလား”

ေမာ့ၾကည့္ေျပာလာသည့္အတြက္ႏွစ္ၿခိဳက္စြာၿပဳံးရယ္လိုက္မိၿပီး က်ယ္ျပန့္ေသာႏွဖူးျပင္အားႏႈတ္ခမ္းႏွင့္ထိေတြ႕သည့္အခါ ဦးမ်ိဳးဆက္ထင္ကမ်က္လုံးမ်ားမွိတ္သြားကာ ၿပဳံးသည္။

”အိပ္ေရးဝမွာမဟုတ္ေသးဘူးဒါေၾကာင့္ျပန္အိပ္ေခ် က်ဳပ္အေစာႀကီးနိုးတာနဲ႕မင္းကိုသန့္ရွင္းလုပ္ေပးထားမလို႔ ျပန္နိုးမွသာေရခ်ိဳးခ်လိဳက္ပါ”

ေျပာလိုက္မွပဲခတၱာကိုယ့္ကိုကိုယ္ျပန္ငုံ႕ၾကည့္လိုက္သည့္အခါ ဦးမ်ိဳးဆက္ထင္ရဲ႕အကၤ်ီအႀကီးႀကီးႏွင့္ျဖစ္ေနသည္။ညကပင္ပန္းစြာႏွင့္ေစးကပ္ကပ္အိပ္ေပ်ာ္သြားသေလာက္အခုေတာ့သန့္ရွင္းေနသည္ဟုခံစားရသည္။

”ဦးထင္ မနက္စာစားဖို႔…”

”ကဲ က်ဳပ္စီစဥ္ပါ့မယ္ အိပ္ပါမင္းရယ္”

ေျပာရင္းတင္းၾကပ္စြာဖက္လာေပးသည္မလို႔ ခတၱာျပန္အိပ္ရန္သာႀကိဳးစားလိုက္သည္။မၾကာခင္ေဆာင္းဝင္ေတာ့မည္မလို႔ အနည္းငယ္ခ်မ္းစိမ့္ေနသည့္ ရာသီဥတုေၾကာင့္ခႏၶာကိုယ္ကေအးေနေသာ္လည္း ဦးမ်ိဳးဆက္ထင္ရဲ႕လက္ေတြႏွင့္ခတၱာအားတစ္ကိုယ္လုံးကိုႏြေးေထြးေစသည္။

ခတၱာရင္ခြင္ထဲကဦးမ်ိဳးဆက္ထင္ဟာ ဖက္ထားရင္းႏွင့္ေက်ာျပင္ကို ပြတ္သပ္ကာ ေခ်ာ့သိပ္ေနသည္မလို႔ အိပ္စက္ျခင္းဆီေရာက္ဖို႔သိပ္မႀကိဳးစားလိုက္ရပါပဲ ခတၱာအိပ္ေပ်ာ္သြားခဲ့သည္။
နာရီေတာ္ေတာ္မ်ားမ်ားၾကာသည္အထိအိပ္ေပ်ာ္သြား၍ ျပန္နိုးလာေသာအခါ ေနလဲအေတာ္ျမင့္ေနၿပီျဖစ္သည္။ေဘးတြင္လည္းဦးမ်ိဳးဆက္ထင္မရွိေတာ့တာေၾကာင့္အိပ္မႈတ္စုတ္ဖြား အလ်င္အျမန္ေကာက္ထလိုက္သည္။

”အာ့..အာ့လာလာ”

ခါးႏွင့္ခါးေအာက္ပိုင္းကလာတဲ့နာက်င္မႈဟာေအာင့္ခနဲမလို႔အသံထြက္သည္အထိေအာ္မိၿပီးညည္းၫူမိသည့္အခါ ဦးမ်ိဳးဆက္ထင္ဟာအခန္းအတြင္းအလ်င္အျမန္ေရာက္လာသည္။

”ခတၱာ”

”အယ္…ကြၽန္ေတာ္လက္က်ဥ္သြားလို႔ဗ်ဖိအိပ္ထားလို႔ေလ”

”ျဖစ္ရမယ္ကြယ္”

ဒီလိုမွမလိမ္ရင္ေတာ့ ဦးမ်ိဳးဆက္ထင္တစ္ေနကုန္မ်က္ႏွာေကာင္းမည္မဟုတ္။

”က်ဳပ္ေန႕လည္စာျပင္ေပးထားရဲ႕ေမာင္ခတၱာ ေရခ်ိဳးမ်က္ႏွာသစ္ပါ ဘုရားစင္သန့္ရွင္းေရးလုပ္ၿပီးတာနဲ႕စားၾကတာေပါ့”

”ဟုတ္ကဲ့ဗ်”

ဦးေခါင္းေပၚက်ေရာက္လာသည့္လက္ဖဝါးႏြေးႏြေးမွာအၾကင္နာေတြပါတစ္စြန္းတစ္စပါဝင္မွန္းသိသာလြန္းသည္။ ထိုင္ေနရာမွအားယူထလိုက္ၿပီးေနာက္ အကၤ်ီကိုခြၽတ္လိုက္ကာ ေရခ်ိဳးဖို႔ျပင္လိုက္၏။မ်က္ႏွာသစ္ေရခ်ိဳးကာ အဝတ္စားလဲၿပီးသည့္အခါတြင္ ဘုရားစင္သန့္ရွင္းေရးလုပ္ေနေသာဦးမ်ိဳးဆက္ထင္အနားသြားလိုက္သည္။

”ဝိုင္းကူေပးရဦးမလားဗ်”

ဦးမ်ိဳးဆက္ထင္ဟာခတၱာဘက္တခ်က္မွ်လွည့္ၾကည့္ရင္းေခါင္းခါသည္မလို႔ ခတၱာ ထမင္းစားခန္းဆီသို႔ထြက္လာလိုက္သည္။ေန႕လည္စာစားခ်ိန္ႏွင့္နီးကပ္ေနသည့္အတြက္ ထမင္းဟင္းမ်ားသာျပင္ဆင္ထားသည္ကိုေတြ႕ရ၏။

”ဦးထင္ ဒါဝယ္ထားတာလားဗ်”

”ဧရာလာပို႔ေပးသြားတာပဲ”

”ဟုတ္ကဲ့ဗ်”

ခူးထားသည့္ထမင္းပန္းကန္မ်ားထဲ ဇြန္းခရင္းမ်ားတပ္ေပး၍ ခတၱာလည္းထိုင္ခုံတြင္ျဖည္းညင္းစြာထိုင္လိုက္သည္။လက္ေတြကိုေဆးေၾကာၿပီး ဦးမ်ိဳးဆက္ထင္ကပါ ထမင္းစားပြဲတြင္ဝင္ထိုင္လာ၏။

”ညေနျပန္ရေအာင္ေမာင္ခတၱာ က်ဳပ္ဒီမယ္ေနရတာအဆင္ေျပမယ္ထင္ခဲ့ေပမယ့္ အစားအေသာက္က်ခက္တာပဲ ၿပီးေတာ့ မင့္အေမလဲႏႈတ္ဆက္ရဦးမယ္မလား”

ခတၱာပန္းကန္ထဲဟင္းေတြထည့္ေပးရင္းေျပာလာသည့္အခါခတၱာေခါင္းၿငိမ့္လိုက္သည္။ဦးမ်ိဳးဆက္ထင္ေျပာသည္ကလဲမွန္၏ အခုလိုအခ်ိန္သာခ်က္ျပဳတ္ဖို႔ေစ်းသြားရင္ဘာမွမရွိေတာ့သလို ညေနေစ်းကလဲမရွိသည့္အတြက္ဗိုက္ေဟာင္းေလာင္းေနရမည့္အျဖစ္ ေနလို႔ထိုင္လို႔ေကာင္းၿပီးဆိတ္ၿငိမ္ေသာ္လည္း ထမင္းစားဖို႔ရာေတာ့အေတာ္ခက္ခဲသည္။

ထမင္းစားေသာက္ၿပီးသည့္ေနာက္ ဦးမ်ိဳးဆက္ထင္ကပဲပန္းကန္ေတြသိမ္းဆည္းေပးၿပီး ေဆးေၾကာေပးသည္မလို႔ခတၱာအားနာမိလာသည္။အားလုံးၿပီးစီးသည့္အခါ ခတၱာအားဧည့္ခန္းထဲေခၚ၍ ထိုင္ေစ၏။

”မေန႕ညကတည္းေပးမလို႔ပါပဲ အင္း…မေပးျဖစ္လိုက္တာ”

ေျပာေျပာဆိုဆိုႏွင့္ စားပြဲေပၚေသတၱာအရွည္ေလးကိုဖြင့္လိုက္သည့္အခါ ခတၱာမ်က္လုံးမ်ားျပဴးက်ယ္သြားရသည္။

”ဦးထင္”

”ဘယ္လိုလဲႀကိဳက္ရဲ႕လား”

ေသတၱာထဲတြင္ခတၱာအၿမဲေတာင့္တေနသည့္ကြၽန္းဂစ္တာတစ္လက္ရွိေနၿပီးထိုဂစ္တာမွာသစ္လြင္ေတာက္ပစြာႏွင့္ ။ တံဆိပ္ကိုၾကည့္လိုက္သည့္အခါ အမွန္တကယ္ပဲ နိုင္ငံျခား Brand တံဆိပ္တစ္ခုျဖစ္ၿပီးတန္ဖိုးႀကီးေလာက္မည့္ပုံပင္။

”ကြၽန္ေတာ္လိုခ်င္ေနခဲ့တာ ဦးထင္ဘယ္လိုသိလဲဟင္”

”အင္း…ဘထြန္းဆီကေရာ ဒီအနားကမင္းကိုၾကည့္ဖို႔လႊတ္ထားတဲ့သူဆီကေရာၾကားမိလို႔”

ထိုင္ရာမွထကာ ဦးမ်ိဳးဆက္ထင္ရဲ႕ရင္ခြင္ထဲသို႔ျဖည္းညင္းစြာဝင္တိုးမိၿပီးေနာက္ ဖက္ထားမိသည္။

”ေက်းဇူးတင္ပါတယ္”

ထိုအခါဦးမ်ိဳးဆက္ထင္ကခတၱာရဲ႕ဆံပင္ေတြခပ္ဖြဖြနမ္း၍။

”မင္းလိုအင္မွန္သမွ်ျဖည့္ဆည္းေပးရမွာက်ဳပ္တာဝန္ပဲဘယ္အရာပဲလိုအပ္လိုအပ္က်ဳပ္ကိုမဆိုင္းမတြေျပာပါ မင္းေယာက်ာ္းကခ်မ္းသာပါရဲ႕ေမာင္ခတၱာ”

ရယ္သံစြတ္သည့္စကားသံခပ္ေအးေအးကိုၾကားလိုက္ရသည့္အခါ ရင္ဘတ္အတြင္း ႏြေးေထြးျခင္းအတိ။အိမ္မက္သာဆိုလွ်င္ေတာ့ဒီတစ္သက္တာနိုးထနိုင္မည္မထင္ေတာ့။

(ခတၱာအျဖစ္ျပန္လည္ေမြးဖြားျခင္း)

”ဂ႐ုစိုက္ျပန္ပါေနာ္အေမတို႔အစ္မတို႔”

ထြက္ေတာ့မည့္ရထားေပၚက အစ္မတို႔ႏွင့္အေမတို႔အားခတၱာအျပင္ဘက္ကေနလွမ္းမွာေနျခင္း။ထပ္၍ေနေစခ်င္ပါေသာ္လည္း ႐ြာတြင္လယ္ေရာအိမ္ေရာ သူမ်ားကၾကည့္ေပးထားရသည္မလို႔စိတ္မခ်ေသာေၾကာင့္ပင္။

”လူေလး လိမ္လိမ္မာမာေနေနာ္သူေဌးမင္းစကားလဲနားေထာင္ က်န္းမာေရးဂ႐ုစိုက္ ေနာက္လထဲမယ္ျပန္လာေခ်ဦး”

”စိတ္ခ်ေနာ္ အေမကြၽန္ေတာ္႐ြာျပန္လာခဲ့ပါမယ္”
”ေမာင္ငယ္ ဆက္ဆက္လာေနာ္ ”

”ဟုတ္ကဲ့ပါဗ်ာဆက္ဆက္လာပါ့မယ္အစ္မညိုမီ အစ္မညိုျပာ က်န္းမာေရးဂ႐ုစိုက္ေနာ္အေမ့ကိုလဲဂ႐ုစိုက္ေပးေနာ္”

”ေအးပါေတာ္”

ရထားထြက္ေတာ့မည္ျဖစ္၍ ခတၱာခႏၶာကိုယ္ဟာအေနာက္သို႔အနည္းငယ္ဆုတ္လိုက္ရသည္။ဘူတာတြင္းလူမ်ားစြာရွိေနၿပီး အနည္းငယ္ဆူညံေန၏။ရထားထြက္ၿပီျဖစ္၍ၾကားရေသာအသံမွာက်ယ္ေလာက္စြာ အေမတို႔အစ္မတို႔လက္ကာျပသည္ကိုၾကည့္ရင္းစိတ္ထဲဝမ္းနည္းလာေသာေၾကာင့္အလ်င္အျမန္ပင္ထိန္းခ်ဳပ္လိုက္သည္။
တလႈပ္လႈပ္ခုန္ေမာင္းထြက္သြားသည့္ရထားႀကီးအားတဆုံးလိုက္ၾကည့္ၿပီးေနာက္တြင္ အျပင္ဘက္တြင္ရပ္ထားသည့္ကားဆီသို႔ေလွ်ာက္လာလိုက္သည္။

”ဘယ္ဝင္ဦးမလဲေပါက္စ”

”မဝင္ဘူးဗ် အိမ္ပဲျပန္ပါမယ္”

ကားေပၚတက္လိုက္ၿပီးေနာက္တြင္ ဒရိုင္ဘာအကိုႏွင့္အတူတူအိမ္ျပန္လာခဲ့၏။ဒီေန႕ေတာ့ဦးမ်ိဳးဆက္ထင္အိမ္တြင္မရွိ အေရးႀကီးသည့္အစည္းအေဝးတက္ရမည္ဟုေသခ်ာေျပာသြားၿပီးမနက္အေစာပိုင္းကတည္းကထြက္သြားသည္။
အိမ္ေရာက္၍ကားေပၚကဆင္းသည့္အခါ အိမ္ႀကီးအတြင္းမွဖက္တီးကထြက္လာၿပီး ခတၱာဆီေျပးကပ္လာသည္မလို႔ေကာက္ခ်ီကာအထဲသို႔ဝင္လာခဲ့၏။မဂၤလာပြဲရက္ကမနက္ပိုင္းက ဦးမ်ိဳးဆက္ထင္ရဲ႕ဘိလပ္မွသူငယ္ခ်င္းရိုက္ေပးသြားသည့္ခတၱာႏွင့္ဦးမ်ိဳးဆက္ထင္ရဲ႕ဓာတ္ပုံဟာ ၄ေပပတ္လည္ဝန္းက်င္ရွိၿပီးအနားသက္ကိုေ႐ႊေရာင္မ်ားႏွင့္ေဘာင္ခတ္ကာ ဧည့္ခန္းအတြင္းမွနံရံတြင္ထင္ရွားစြာေနရာယူထားသည္။

အခ်ိန္အတန္ၾကာသည္အထိရပ္ၾကည့္ေနမိေသာအခါဖက္တီးကလက္ထဲမွခုန္ဆင္းသြား၏။အျဖဴအမဲဓာတ္ပုံေပမယ့္ ဦးမ်ိဳးဆက္ထင္အရွိန္အဝါႏွင့္ခတၱာမ်ားအေရာင္ေတာက္လ်က္ လွလြန္းေနသည္။ဒီလိုအရမ္းလွတဲ့ေကာင္ေလးအေနနဲ႕မဟုတ္ပါပဲေနညိုေသြးဆိုရင္ေရာဦးမ်ိဳးဆက္ထင္ကခ်စ္ပါဦးမလားဂ႐ုစိုက္ပါဦးလားဆိုၿပီးသတိရသည့္အခါေခါင္းတခါခါႏွင့္ရယ္မိ၏။

ထို႔ေနာက္အေနာက္တြင္ဘာဟင္းခ်က္ၾကလဲသိခ်င္လာသည့္အတြက္အေနာက္ဘက္ထမင္းစားခန္းကေန၍ တန္းလ်ားဘက္ကိုကူးခဲ့သည္။ေရကန္တြင္လက္ေတြအားေဆးေၾကာၿပီး ယဥ္ယဥ္ထိုင္ေနသည့္ေနရာဆီသို႔ေလွ်ာက္လာကာၾကားထဲဝင္ထိုင္လိုက္၏။ ကန္စြန္း႐ြက္ကူေႁခြေပးမလို႔ လွမ္းကိုင္လိုက္သည့္အခါ ယဥ္ယဥ္က စေကာကိုတဖက္သို႔ေ႐ြ႕သြားသည္။

”အမေလးေတာ္မလုပ္ရပါဘူး သူေဌးႀကီးသိရင္ဆူပူပါဦးမယ္”

”ဟဲ့ကန္စြန္း႐ြက္ေလးဝိုင္းေႁခြမွာပါဟာ ဘာျဖစ္မွာက်လိဳ႕”

”အရီးစုံ ေျပာဦး”

ဟင္းခ်က္ေနသည့္ အရီးစုံဘက္ေမးေငါ့ျပကာစစ္ကူလွမ္းေတာင္းေတာ့အရီးစုံ ဟင္းခ်က္ေနရင္းလက္ႏွီးစုတ္ကိုင္ကာ အနားေရာက္လာသည္။

”မလုပ္ပါနဲ႕ေတာ္ သူေဌးႀကီးဘာေျပာထားတယ္မွတ္လဲ”

ခတၱာမ်က္ခုံးမ်ားပင့္ၿပီးအရီးစုံေျပာလာမည့္အရာကိုနားစြင့္ေနမိသည္။

”က်ဳပ္ရဲ႕ခတၱာကို အိမ္မႈကိစၥေတြမလုပ္ခိုင္းနဲ႕တဲ့ သူလုပ္ရမယ့္အရာေတြမဟုတ္ဘူးတဲ့ ေတာ္”

ဟန္ပါပါႏွင့္ေျပာျပလာသည့္အရီးစုံရဲ႕စကားသံေၾကာင့္ခတၱာမွာအားရပါးရပင္ရယ္ေမာလိုက္မိသည္။

”ဦးထင္ကအဲ့လိုမွာထားတာေပါ့”

”ဟုတ္ပါ့ေတာ္ေရ”

”အမ်ားႀကီးမလုပ္ပါဘူးဗ်ာ ကြၽန္ေတာ္လဲအိမ္ထဲမွာပ်င္းေနလို႔ပါ”

ေျပာေျပာႏွင့္ယဥ္ယဥ္ေဘးခ်ထားသည့္ကန္စြန္း႐ြက္ေတြထည့္ထားေသာစေကာကိုျပန္ယူလိုက္၏။ကန္စြန္း႐ြက္ကိုအရီးစုံ တို႔အၿမဲေႁခြသည့္အတိုင္း အရိုးသက္သက္ အ႐ြက္႐ြက္သက္စီ ေႁခြလိုက္သည္။

”အီးဟီး”

႐ုတ္တရက္ထြက္ေပၚလာသည့္ယဥ္ယဥ္ရဲ႕ငိုသံေၾကာင့္ခတၱာေရာအရီးစုံပါလန့္သြားရသည္။အေကာင္းမွခ်က္ခ်င္းႀကီးထငိုေနေသာအခါ သရဲမ်ားပူးသလားဟုစိုးရိမ္သြားမိ၏။

”ဘာတုန္းဟ ဘာလို႔ထငိုတာလဲ”

”အီးဟီး …က်ဳပ္လဲေယာက်ာ္းယူခ်င္တယ္ေတာ္ ကိုအတာကိုအားက်ပါရဲ႕ၿပီးေတာ့ဟိုေကာင္မေအးျမကလည္းလင္ယူဖို႔သြားၿပီယဥ္ယဥ္တစ္ေယာက္တည္းက်န္ေတာ့ရဲ႕ အီးဟီးး”

”ဟဲ့ေကာင္မေလး ညည္းမလည္းေအ လင္လိုခ်င္လို႔ငိုတာတဲ့ေက်ာ္မေကာင္းၾကားမေကာင္း”

”က်ဳပ္လဲအခ်စ္ခံခ်င္တာေပါ့ေတာ္”

ငိုသံႀကီးေျပာလာသည့္အခါ ထိုအနားတြင္အရီးစုံႏွင့္ ခတၱာရဲ႕ရယ္သံဟာက်ယ္ေလာင္စြာထြက္ေပၚလာေတာ့သည္။

Tags: read novel Rebirth As Khattar (Á€Á€Á€¹Á€Á€¬Á€¡Á€–Á€¼Á€…Á€ºá€•Á€¼Á€”Á€ºá€Œá€Šá€ºá€™Á€½Á€±Á€¸Á€–Á€½Á€¬Á€¸Á€Á€¼Á€„Á€ºá€¸)Completed အပိုင်း ၆၅, novel Rebirth As Khattar (Á€Á€Á€¹Á€Á€¬Á€¡Á€–Á€¼Á€…Á€ºá€•Á€¼Á€”Á€ºá€Œá€Šá€ºá€™Á€½Á€±Á€¸Á€–Á€½Á€¬Á€¸Á€Á€¼Á€„Á€ºá€¸)Completed အပိုင်း ၆၅, read Rebirth As Khattar (Á€Á€Á€¹Á€Á€¬Á€¡Á€–Á€¼Á€…Á€ºá€•Á€¼Á€”Á€ºá€Œá€Šá€ºá€™Á€½Á€±Á€¸Á€–Á€½Á€¬Á€¸Á€Á€¼Á€„Á€ºá€¸)Completed အပိုင်း ၆၅ online, Rebirth As Khattar (Á€Á€Á€¹Á€Á€¬Á€¡Á€–Á€¼Á€…Á€ºá€•Á€¼Á€”Á€ºá€Œá€Šá€ºá€™Á€½Á€±Á€¸Á€–Á€½Á€¬Á€¸Á€Á€¼Á€„Á€ºá€¸)Completed အပိုင်း ၆၅ chapter, Rebirth As Khattar (Á€Á€Á€¹Á€Á€¬Á€¡Á€–Á€¼Á€…Á€ºá€•Á€¼Á€”Á€ºá€Œá€Šá€ºá€™Á€½Á€±Á€¸Á€–Á€½Á€¬Á€¸Á€Á€¼Á€„Á€ºá€¸)Completed အပိုင်း ၆၅ high quality, Rebirth As Khattar (Á€Á€Á€¹Á€Á€¬Á€¡Á€–Á€¼Á€…Á€ºá€•Á€¼Á€”Á€ºá€Œá€Šá€ºá€™Á€½Á€±Á€¸Á€–Á€½Á€¬Á€¸Á€Á€¼Á€„Á€ºá€¸)Completed အပိုင်း ၆၅ light novel, ,

Comment

Leave a Reply

Chapter 67