Royal Husband 12

All chapters are in Royal Husband
A+ A-

ကောင်းကင်ကြီးကိုမော့ကြည့်လိုက်တော့
တစ်ခြမ်းပဲ့လလေးကို ကြယ်အစုတွေကြားမှာ
တွေ့လိုက်ရသည်။လကွယ်ရက်နီးလာပြီဖြစ်သဖြင့်
ပတ်ဝန်းကျင်ကို အလင်းသိပ်မပေးနိုင်ပေ။

တံခါးဘောင်ကိုမှီကာလက်ပိုက်ကြည့်နေရင်း
ချစ်ရသူလေးရော ခုချိန်ဘာလုပ်နေမလဲတွေးမိတော့
ပြုံးမိရပြန်ပါသည်။

“နွေရတု”ဆိုတဲ့လူသားလေးကသူ့အတွက်တော့
နာမည်လေးကြားယုံ၊အသံလေးကြားရယုံနဲ့
သူ့နှုတ်ခမ်းတွေကွေးတက်သွားအောင်
လုပ်နိုင်စွမ်းရှိသည်ပင်။

ဘောင်းဘီအိတ်ထဲက ဖုန်းကိုထုတ်ကာဖွင့်လိုက်တော့
ပါးပြည့်ပြည့်လေးမို့တက်နေအောင်ပြုံးပျော်နေသော
ရတုကို သူကကျောနောက်မှဖက်ထားတဲ့ပုံပင်။

အပေါင်းအသင်းရှားကာ ခပ်အေးအေးနေတတ်တဲ့ရတုကို
သူ့ဘက်ကစပြီးသဘောကျကာ ချဥ်းကပ်ခဲ့ခြင်းပင်။
ဒါကို ငတုံးလေးရတုက ရိပ်မိခဲ့မယ်မထင်ပါဘူး။

ချစ်တယ်သားနဲ့ ဘာလို့ဖွင့်မပြောလဲမေးရင်
သူကြောက်လို့…..။သူဖွင့်ပြောလိုက်လို့
ရတုကပြန်မချစ်နိုင်ဘဲ သူငယ်ချင်းအဖြစ်ကနေ
စွန့်လွှတ်လိုက်ရင် သူပဲရင်ကွဲရလိမ့်မည်။

အများတကာနဲ့ဆို ခြင်္သေ့တစ်ကောင်လိုရဲရင့်တဲ့
စေရာမျိုးမြင့်က နွေရတုနဲ့ပတ်သက်ရင်
ပိုးကောင်သာသာပါပဲ။နွေရတုပြန်မချစ်မှာထက်
ချစ်ရသူအနားမနေရတော့မှာကို သူပိုပြီးစိုးရိမ်ပါသည်။

ချစ်ရပါသည်…..အထိအခိုက်မခံနိုင်လောက်အောင်

ချစ်ရပါသည်…..အပိုင်သိမ်းချင်ရလောက်အောင်

စေရာမျိုးမြင့်ဆိုတဲ့သူက နွေရတုဆိုတဲ့ငတုံးလေးကို
သိပ်သိပ်ကိုချစ်ရပါသည်………

……………………………..

“သခင်လေးက ခု×××ရပ်ကွက်က အိမ်နံပါတ်×××မှာ
အိမ်ငှားနေပါတယ်”

“ဆက်စောင့်ကြည့်ထား”

“ဟုတ်ကဲ့”

ဖုန်းချပြီးရှေ့မျက်နှာချင်းဆိုင်ကိုကြည့်လိုက်တော့
သမီးဖြစ်သူမြတ်ပန်းတော်ဝင်က စိတ်ဝင်စားစွာ
ကြည့်နေလေသည်။

“Royalကို အပြင်မှာနေခိုင်းတာ
အဆင်ပြေပါ့မလား အဖေ”

“ဘာမပြေစရာအကြောင်းရှိလဲ၊
သူစိတ်ချမ်းသာသလို နေပါစေ”

ရှေ့ဆိုစကားတစ်ခွန်းအပိုမဆိုတတ်သော ဦးမင်းတော်ဝင်က
မြေးဖြစ်သူမသိအောင် အကာအကွယ်တွေလုပ်ထားပေးခြင်း
ပင်။ဒါကိုလည်း ဉာဏ်ပါးလွန်းတဲ့မြေးကသိပြီးသား။
သို့သော် သူ့ကိုထိုအရာနှင့်ပတ်သက်ပြီး
တစ်ခွန်းမှဟမလာချေ။

“ဟိုမိန်းမကတော့ Royalအိမ်ကထွက်သွားတာ
ပျော်နေမှာပဲ”

“ဟက်”

သမီးဖြစ်သူစကားကြောင့် ဦးမင်းတော်ဝင်က
ခပ်ဟဟသာရယ်လာသည်။

“ကိုကြီးကလည်း ‘အ’အတစ်ယောက်လိုပဲ”

“သမီးကိုကြီးက တကယ်လည်း’အ’တာပဲလေ”

ချွေးမဖြစ်သူဆုံးတာတစ်လပင်မပြည့်လိုက်။
သားဖြစ်သူက နောက်မိန်းမရဲ့လက်ကိုဆွဲကာ
အိမ်ပေါ်သို့ခေါ်တင်လာသည်။
ထိုအချိန်က မြေး10နှစ်အရွယ်သာရှိသေးသည်။
မြေးမုန်းတာ အဆန်းမဟုတ်ပေ။

သားဖြစ်သူမျက်နှာကြောင့် အိမ်ပေါ်ခေါ်တင်ထားရပေမယ့်
သူ့အနေနဲ့ ‘ခင်လေးငယ်တစ်ယောက်ထဲကိုသာ
ချွေးမအဖြစ်သတ်မှတ်ကြောင်း’အတိအလင်းပြောထားပြီးသား။ဒုတိယအကြိမ်သားဖြစ်သူရဲ့မင်္ဂလာပွဲကို
‘တော်ဝင်စံအိမ်’ကတစ်ယောက်မှတက်ရောက်ခြင်း
မရှိခဲ့။

” အဲ့မိန်းမရဲ့အကြည့်တွေကိုက မနှစ်မြို့စရာကြီး၊
မျက်လုံးထဲမှာ လောဘရိပ်တွေအပြည့်ပဲ၊
တူမဖြစ်သူကတော့ အဲ့လောက်ထိမဆိုးရှာပါဘူး”

ဒေါ်မြတ်ပန်းတော်ဝင်ရဲ့စကားတွေကို
ဦးမင်းတော်ဝင်က ဘာမှမပြောလာဘဲ
ထိုင်ခုံကိုနောက်မှီကာဖြင့် မျက်လုံးမှိတ်နားထောင်နေလေသည်။

“ဒါမယ့် သူယောင်မယ်ကRoyalကိုသဘောကျနေတယ်၊
သနားစရာကောင်းလိုက်တာ သူမက
Royalအကြိုက်ပုံစံမဟုတ်ဘူးဆိုတာ မသိရှာဘူး
ကျွတ်….ကျွတ်”

ကျွတ်သပ်ကာပင်ပြောလာတော့ သဘောကျစွာ
ဦးမင်းတော်ဝင်ကထရယ်လာသည်။

“ဉာဥ့်နက်နေပြီ၊မအိပ်သေးဘူးလား”

“ဒါသမီးကိုနှင်တော့တာပေါ့လေ”

မျက်လုံးမှိတ်ကာဖြင့်ထွက်သွားရန်သာ
လက်အနေအထားပြလာသည်။

“အဖေလည်းစောစောအိပ်နော်၊အသက်ကငယ်တော့တာမဟုတ်ဘူး၊
ဒါဆိုသမီးသွားပြီ၊ကောင်းသောညပါ အဖေ”

သမီးဖြစ်သူထွက်သွားမှ ဦးမင်းတော်ဝင်ရဲ့မျက်လုံးတွေပြန်ပွင့်လာသည်။
စားပွဲပေါ်မှာထောင်ထားတဲ့
ချွေးမဖြစ်သူရှိတုန်းကအတူရိုက်ထားတဲ့
မိသားစုဓာတ်ပုံကို ကြည့်ရင်းနှင့်ပင်…….။

…………………..

တိမ်တွေကင်းစင်နေတဲ့ကောင်းကင်က
ညသန်းခေါင်အချိန်ရောက်တော့ တိမ်မည်းတွေအုံ့ဆိုင်းလာသည်။
မိုးရွာတော့မယ့် ရှေ့ပြေးနမိတ်တွေပင်။

အတန်ကြာတော့မိုးတွေဖွဲဖွဲကျလာကာ
ခနအကြာမှာပင် မိုးစက်ကြီးကြီးတွေ
ကျလာတော့သည်။

ချမ်းစိမ့်စိမ့်ခံစားချက်ကြီးကြောင့် နွေရတုအိပ်နေရာမှ
နိုးလာခဲ့တယ်။မျက်လုံးပွတ်သပ်ကာဖြင့်
ဘေးဘီကြည့်လိုက်တော့ မိုးသည်းသည်းမည်းမည်း
ရွာနေသည်ပင်။​ကြောင်လေးတွေကိုကြည့်လိုက်တော့
နှစ်ကောင်သားပွေ့ဖက်ကာအိပ်နေကြသည်။

လက်ရှည်တစ်ထည်ဝတ်ရန်တွေးလိုက်ပြီး
အဝတ်ဗီဒိုဆီသို့လျှောက်သွားလိုက်သည်။
ဗီဒိုက ပြတင်းပေါက်နားကထောင့်မှာထားရှိသည်။

မိုးရေစက်တွေလာပက်သဖြင့် မှန်ပြတင်းပေါက်က
ဝေဝေဝါးဝါးဖြစ်နေသည်။အပြင်ဘက်ကို
ကြည်ကြည်လင်လင်မမြင်ရပေ။လက်ရှည်အပါးလေးတစ်ထည်ယူကာဝတ်လိုက်ပြီး
ပြတင်းပေါက်ဘက်တစ်ချက်လှည့်ကြည့်လိုက်မိသည်။

Oh!my god သူအခုလူရိပ်ကြီးမြင်လိုက်တယ်လို့တော့
မပြောနဲ့နော်၊မဟုတ်မှလွဲလူသတ်သမားက မိုးရွာတာကို
အခွင့်ကောင်းယူပြီး သူ့ကိုသတ်မလို့များလား?????

တော်ဝင်ယောက်ျားရေ….ကယ်ပါဦး

အခန်းပြင်ထွက်ပြေးသည်မှာခြေထောက်မှာစက်တပ်ထားတဲ့အတိုင်းပင်။မျက်နှာချင်းဆိုင်အခန်းရှေ့ပြေးကာ
တဒုန်းဒုန်းရိုက်ထုကာဖြင့်

“တော်ဝင်ယောက်ျား၊Royal တံခါးဖွင့်ပေးပါဦး၊
Royal တော်ဝင်ယောက်ျား”

“ကျုပ်အခန်းရှေ့ ဘာလုပ်နေတာလဲ”

“အမ်”

အခန်းထဲမှာရှိရမယ့်သူက အိမ်တံခါးဖွင့်ကာဖြင့်
စကားဆိုလာသည်။ဘယ်လိုလုပ်ပြီး….

“မိုးရွာနေလို့ကျုပ်ဆိုင်ကယ်သွားသွင်းတာ”

နွေရတုရဲ့မျက်လုံးထဲကမေးခွန်းကိုသိစွာဖြင့်
Royalကပြောလာသည်။ဝတ်သွားတဲ့
ခေါင်းစွပ်အက်ျီကမိုးရေတွေစိုသွားသဖြင့်
အိမ်ထဲဝတ်လာရန်မကောင်း၍ အပြင်တန်းမှာသာ
ချွတ်ထားခဲ့သည်။

“ငါ…ငါဒီည..မင်း…မင်းနဲ့အိပ်လို့ရမလား”

လည်ပင်းပွတ်ကာ၊ဆံပင်သပ်ကာဖြင့်ထစ်ထစ်အအဆိုမိတော့
Royalကသူ့ကိုအထူးအဆန်းလိုကြည့်လာပြီး
ခနနေတော့ မျက်နှာကပြုံးယောင်သမ်းလာသလိုပင်။

“ခင်ဗျားသဘောလေ”

ဆိုကာRoyalကအရင်အခန်းထဲဝင်လိုက်သည်။
နွေရတုက နောက်ကနေကုတ်ချောင်းချောင်းဖြင့်
လိုက်ဝင်သွားသည်။

“ဆိုပါဦး…ဘာဖြစ်လို့များအတူအိပ်ချင်ရတာပါလဲ”

ခေါင်းကိုပုဝါဖြင့်ရေသုတ်ရင်း Royalကမေးလာတော့
နွေရတုက နှစ်ယောက်အိပ်ရန်လုံလောက်သော
ကုတင်ပေါ်မှာထိုင်ရင်း ဘယ်လိုပြောရမလဲစာစီနေလေသည်။

သူပြောသင့်မပြောသင့်ချင့်ချိန်နေရသည်။
သူစိမ်းတစ်ယောက်က ယုံလို့ရရဲ့လားသူတွေးနေခြင်းပင်။

“ထားပါ မပြောချင်ရင်လည်း”

“မဟုတ်ဘူး…ငါပြောချင်တယ်၊မင်းနားထောင်ပြီး
အကြံပေး”

Royalက’ပြောစမ်းပါဦး’ဟူသောသဘောဖြင့်
မျက်ခုံးပင့်ပြလိုက်တော့ နွေရတုကလက်သည်းကိုက်ကာဖြင့်

“ငါ့ကိုလေ လူတစ်ယောက်ကအမြဲစောင့်ကြည့်နေသလိုပဲ
သိလား၊ဆိုင်ကအပြန်ကျရင်လည်း နောက်ကလိုက်လာသလိုပဲ၊
ညကျရင်လည်း ခြံတံခါးရှေ့မှာ မတ်တပ်ကြီး
ကြည့်ကြည့်နေတယ်၊ခုနကလည်းလေ ငါလူရိပ်မြင်လိုက်သလိုပဲသိလား၊မင်းအိမ်ပြင်ထွက်တော့
လူမတွေ့ဘူးလား”

အလှလေးစကားတွေကြားပြီး Royalမှာ
ဟားတိုက်ရယ်ချင်စိတ်ပင်ပေါက်လာရသည်။
အလှလေးကို ဒီလောက်အထိတုံးလိမ့်မယ်လို့
သူမထင်ခဲ့ပေ။

“ငါ့အထင်တော့လေ အဖေကရှေ့နေဆိုတော့မုန်းသူများတယ်၊
လက်စားချေချင်လို့များ ငါ့နောက်လိုက်နေတာလားမသိဘူး။
အီးးးးးဘယ်လိုလုပ်ရမလဲ”

တွေးကြီးကြက်သီးထသွားပုံလေးက သနားစရာကောင်းသလို
အကြင်နာပိုချင်စရာလေးပင်။

“ငါရဲတိုင်ရင်ကောင်းမလားမသိဘူး။
ဒါမှမဟုတ် စေရာ့အိမ်သွားနေရမလားမသိတော့ဘူး”

အသည်းတယားယားဖြစ်နေတုန်း အလှလေးရဲ့စကားတွေကြောင့် စိတ်တိုလာရသည်။

“ကျုပ်တစ်ယောက်လုံးရှိနေတာကို ခင်ဗျားက
ဘယ်ကောင်တွေကိုအားကိုးချင်နေရတာလဲ”

“ဟမ်”

“ကျုပ်က ခင်ဗျားကိုကာကွယ်ပေးမှာမို့
ဘယ်သူ့ကိုမှလည်းတိုင်စရာမလိုဘူး၊
ဘယ်အိမ်မှလည်းမသွားရဘူး ကြားလား”

“အင်း…အင်းပါ”

ကြောက်ကြောက်လန့်လန့်ဖြင့်ပင် ခေါင်းညိတ်လိုက်ရသည်။
ဘာလို့များ လူဆိုးကောင်ကဒေါသထွက်နေရတာပါလိမ့်???

“ဒါနဲ့..ဟို..ဟိုလေ၊ခေါင်းအုံးသွားယူရဦးမယ်ထင်တယ်”

ခေါင်းအုံးတစ်လုံးထဲသာရှိသဖြင့်ထိုသို့ပြောလိုက်ခြင်းပင်။

“ကျုပ်လက်မောင်းရှိတာပဲကို
ဘယ်ခေါင်းအုံးမှမလိုဘူး”

ပြောပြောဆိုဆိုRoyalက ကုတင်ပေါ်လှဲလျောင်းလာကာ
ခေါင်းအုံးပေါ်အုံးပြီး လက်တစ်ဖက်ဆန့်လာကာ
နွေရတုကိုဆွဲချပြီး လက်မောင်းပေါ်ခေါင်းအုံးစေသည်။

“ဒီလိုပုံစံကြီးက တစ်မျိုးကြီးပဲ”

“ဒီလိုမအိပ်ချင်ရင် တစ်ယောက်ထဲအိပ်ချေ”

“အာ..ငါကမင်းလက်ကျင်မှာစိုးလို့ပြောတာ”

“စကားများမနေဘဲ မျက်လုံးမှိတ်ပြီးအိပ်တော့”

စကားနာခံစွာပင် နွေရတုကမျက်လုံးတွေမှိတ်သွားသည်။
ခြေရင်းကစောင်ကိုဆွဲယူကာ နှစ်ယောက်လုံးပေါ်လွှားလိုက်ပြီး
အလှလေးကိုရင်ခွင်ထဲသွင်းလိုက်တော့ အင့်ခနဲပင်
မြည်လာသည်။ဟက်….ချစ်စရာလေးးးး

အပြစ်ပြောစရာမရှိအောင်လှလွန်းတဲ့မျက်နှာလေးကို
ကြည့်ကာဖြင့် သူတွေးမိသည်က…..

‘အလှလေးက အရမ်းလှတယ်’

………………………………

Zawgyi

ေကာင္းကင္ႀကီးကိုေမာ့ၾကည့္လိုက္ေတာ့
တစ္ျခမ္းပဲ့လေလးကို ၾကယ္အစုေတြၾကားမွာ
ေတြ႕လိုက္ရသည္။လကြယ္ရက္နီးလာၿပီျဖစ္သျဖင့္
ပတ္ဝန္းက်င္ကို အလင္းသိပ္မေပးနိုင္ေပ။

တံခါးေဘာင္ကိုမွီကာလက္ပိုက္ၾကည့္ေနရင္း
ခ်စ္ရသူေလးေရာ ခုခ်ိန္ဘာလုပ္ေနမလဲေတြးမိေတာ့
ၿပဳံးမိရျပန္ပါသည္။

“ႏြေရတု”ဆိုတဲ့လူသားေလးကသူ႕အတြက္ေတာ့
နာမည္ေလးၾကားယုံ၊အသံေလးၾကားရယုံနဲ႕
သူ႕ႏႈတ္ခမ္းေတြေကြးတက္သြားေအာင္
လုပ္နိုင္စြမ္းရွိသည္ပင္။

ေဘာင္းဘီအိတ္ထဲက ဖုန္းကိုထုတ္ကာဖြင့္လိုက္ေတာ့
ပါးျပည့္ျပည့္ေလးမို႔တက္ေနေအာင္ၿပဳံးေပ်ာ္ေနေသာ
ရတုကို သူကေက်ာေနာက္မွဖက္ထားတဲ့ပုံပင္။

အေပါင္းအသင္းရွားကာ ခပ္ေအးေအးေနတတ္တဲ့ရတုကို
သူ႕ဘက္ကစၿပီးသေဘာက်ကာ ခ်ဥ္းကပ္ခဲ့ျခင္းပင္။
ဒါကို ငတုံးေလးရတုက ရိပ္မိခဲ့မယ္မထင္ပါဘူး။

ခ်စ္တယ္သားနဲ႕ ဘာလို႔ဖြင့္မေျပာလဲေမးရင္
သူေၾကာက္လို႔…..။သူဖြင့္ေျပာလိုက္လို႔
ရတုကျပန္မခ်စ္နိုင္ဘဲ သူငယ္ခ်င္းအျဖစ္ကေန
စြန့္လႊတ္လိုက္ရင္ သူပဲရင္ကြဲရလိမ့္မည္။

အမ်ားတကာနဲ႕ဆို ျခင္ေသ့တစ္ေကာင္လိုရဲရင့္တဲ့
ေစရာမ်ိဳးျမင့္က ႏြေရတုနဲ႕ပတ္သက္ရင္
ပိုးေကာင္သာသာပါပဲ။ႏြေရတုျပန္မခ်စ္မွာထက္
ခ်စ္ရသူအနားမေနရေတာ့မွာကို သူပိုၿပီးစိုးရိမ္ပါသည္။

ခ်စ္ရပါသည္…..အထိအခိုက္မခံနိုင္ေလာက္ေအာင္

ခ်စ္ရပါသည္…..အပိုင္သိမ္းခ်င္ရေလာက္ေအာင္

ေစရာမ်ိဳးျမင့္ဆိုတဲ့သူက ႏြေရတုဆိုတဲ့ငတုံးေလးကို
သိပ္သိပ္ကိုခ်စ္ရပါသည္………

……………………………..

“သခင္ေလးက ခုရပ္ကြက္က အိမ္နံပါတ္မွာ
အိမ္ငွားေနပါတယ္”

“ဆက္ေစာင့္ၾကည့္ထား”

“ဟုတ္ကဲ့”

ဖုန္းခ်ၿပီးေရွ႕မ်က္ႏွာခ်င္းဆိုင္ကိုၾကည့္လိုက္ေတာ့
သမီးျဖစ္သူျမတ္ပန္းေတာ္ဝင္က စိတ္ဝင္စားစြာ
ၾကည့္ေနေလသည္။

“Royalကို အျပင္မွာေနခိုင္းတာ
အဆင္ေျပပါ့မလား အေဖ”

“ဘာမေျပစရာအေၾကာင္းရွိလဲ၊
သူစိတ္ခ်မ္းသာသလို ေနပါေစ”

ေရွ႕ဆိုစကားတစ္ခြန္းအပိုမဆိုတတ္ေသာ ဦးမင္းေတာ္ဝင္က
ေျမးျဖစ္သူမသိေအာင္ အကာအကြယ္ေတြလုပ္ထားေပးျခင္း
ပင္။ဒါကိုလည္း ဉာဏ္ပါးလြန္းတဲ့ေျမးကသိၿပီးသား။
သို႔ေသာ္ သူ႕ကိုထိုအရာႏွင့္ပတ္သက္ၿပီး
တစ္ခြန္းမွဟမလာေခ်။

“ဟိုမိန္းမကေတာ့ Royalအိမ္ကထြက္သြားတာ
ေပ်ာ္ေနမွာပဲ”

“ဟက္”

သမီးျဖစ္သူစကားေၾကာင့္ ဦးမင္းေတာ္ဝင္က
ခပ္ဟဟသာရယ္လာသည္။

“ကိုႀကီးကလည္း ‘အ’အတစ္ေယာက္လိုပဲ”

“သမီးကိုႀကီးက တကယ္လည္း’အ’တာပဲေလ”

ေခြၽးမျဖစ္သူဆုံးတာတစ္လပင္မျပည့္လိုက္။
သားျဖစ္သူက ေနာက္မိန္းမရဲ႕လက္ကိုဆြဲကာ
အိမ္ေပၚသို႔ေခၚတင္လာသည္။
ထိုအခ်ိန္က ေျမး10ႏွစ္အ႐ြယ္သာရွိေသးသည္။
ေျမးမုန္းတာ အဆန္းမဟုတ္ေပ။

သားျဖစ္သူမ်က္ႏွာေၾကာင့္ အိမ္ေပၚေခၚတင္ထားရေပမယ့္
သူ႕အေနနဲ႕ ‘ခင္ေလးငယ္တစ္ေယာက္ထဲကိုသာ
ေခြၽးမအျဖစ္သတ္မွတ္ေၾကာင္း’အတိအလင္းေျပာထားၿပီးသား။ဒုတိယအႀကိမ္သားျဖစ္သူရဲ႕မဂ္လာပြဲကို
‘ေတာ္ဝင္စံအိမ္’ကတစ္ေယာက္မွတက္ေရာက္ျခင္း
မရွိခဲ့။

” အဲ့မိန္းမရဲ႕အၾကည့္ေတြကိုက မႏွစ္ၿမိဳ႕စရာႀကီး၊
မ်က္လုံးထဲမွာ ေလာဘရိပ္ေတြအျပည့္ပဲ၊
တူမျဖစ္သူကေတာ့ အဲ့ေလာက္ထိမဆိုးရွာပါဘူး”

ေဒၚျမတ္ပန္းေတာ္ဝင္ရဲ႕စကားေတြကို
ဦးမင္းေတာ္ဝင္က ဘာမွမေျပာလာဘဲ
ထိုင္ခုံကိုေနာက္မွီကာျဖင့္ မ်က္လုံးမွိတ္နားေထာင္ေနေလသည္။

“ဒါမယ့္ သူေယာင္မယ္ကRoyalကိုသေဘာက်ေနတယ္၊
သနားစရာေကာင္းလိုက္တာ သူမက
Royalအႀကိဳက္ပုံစံမဟုတ္ဘူးဆိုတာ မသိရွာဘူး
ကြၽတ္….ကြၽတ္”

ကြၽတ္သပ္ကာပင္ေျပာလာေတာ့ သေဘာက်စြာ
ဦးမင္းေတာ္ဝင္ကထရယ္လာသည္။

“ဉာဥ့္နက္ေနၿပီ၊မအိပ္ေသးဘူးလား”

“ဒါသမီးကိုႏွင္ေတာ့တာေပါ့ေလ”

မ်က္လုံးမွိတ္ကာျဖင့္ထြက္သြားရန္သာ
လက္အေနအထားျပလာသည္။

“အေဖလည္းေစာေစာအိပ္ေနာ္၊အသက္ကငယ္ေတာ့တာမဟုတ္ဘူး၊
ဒါဆိုသမီးသြားၿပီ၊ေကာင္းေသာညပါ အေဖ”

သမီးျဖစ္သူထြက္သြားမွ ဦးမင္းေတာ္ဝင္ရဲ႕မ်က္လုံးေတြျပန္ပြင့္လာသည္။
စားပြဲေပၚမွာေထာင္ထားတဲ့
ေခြၽးမျဖစ္သူရွိတုန္းကအတူရိုက္ထားတဲ့
မိသားစုဓာတ္ပုံကို ၾကည့္ရင္းႏွင့္ပင္…….။

…………………..

တိမ္ေတြကင္းစင္ေနတဲ့ေကာင္းကင္က
ညသန္းေခါင္အခ်ိန္ေရာက္ေတာ့ တိမ္မည္းေတြအုံ႕ဆိုင္းလာသည္။
မိုး႐ြာေတာ့မယ့္ ေရွ႕ေျပးနမိတ္ေတြပင္။

အတန္ၾကာေတာ့မိုးေတြဖြဲဖြဲက်လာကာ
ခနအၾကာမွာပင္ မိုးစက္ႀကီးႀကီးေတြ
က်လာေတာ့သည္။

ခ်မ္းစိမ့္စိမ့္ခံစားခ်က္ႀကီးေၾကာင့္ ႏြေရတုအိပ္ေနရာမွ
နိုးလာခဲ့တယ္။မ်က္လုံးပြတ္သပ္ကာျဖင့္
ေဘးဘီၾကည့္လိုက္ေတာ့ မိုးသည္းသည္းမည္းမည္း
႐ြာေနသည္ပင္။ေၾကာင္ေလးေတြကိုၾကည့္လိုက္ေတာ့
ႏွစ္ေကာင္သားေပြ႕ဖက္ကာအိပ္ေနၾကသည္။

လက္ရွည္တစ္ထည္ဝတ္ရန္ေတြးလိုက္ၿပီး
အဝတ္ဗီဒိုဆီသို႔ေလွ်ာက္သြားလိုက္သည္။
ဗီဒိုက ျပတင္းေပါက္နားကေထာင့္မွာထားရွိသည္။

မိုးေရစက္ေတြလာပက္သျဖင့္ မွန္ျပတင္းေပါက္က
ေဝေဝဝါးဝါးျဖစ္ေနသည္။အျပင္ဘက္ကို
ၾကည္ၾကည္လင္လင္မျမင္ရေပ။လက္ရွည္အပါးေလးတစ္ထည္ယူကာဝတ္လိုက္ၿပီး
ျပတင္းေပါက္ဘက္တစ္ခ်က္လွည့္ၾကည့္လိုက္မိသည္။

Oh!my god သူအခုလူရိပ္ႀကီးျမင္လိုက္တယ္လို႔ေတာ့
မေျပာနဲ႕ေနာ္၊မဟုတ္မွလြဲလူသတ္သမားက မိုး႐ြာတာကို
အခြင့္ေကာင္းယူၿပီး သူ႕ကိုသတ္မလို႔မ်ားလား?????

ေတာ္ဝင္ေယာက္်ားေရ….ကယ္ပါဦး

အခန္းျပင္ထြက္ေျပးသည္မွာေျခေထာက္မွာစက္တပ္ထားတဲ့အတိုင္းပင္။မ်က္ႏွာခ်င္းဆိုင္အခန္းေရွ႕ေျပးကာ
တဒုန္းဒုန္းရိုက္ထုကာျဖင့္

“ေတာ္ဝင္ေယာက္်ား၊Royal တံခါးဖြင့္ေပးပါဦး၊
Royal ေတာ္ဝင္ေယာက္်ား”

“က်ဳပ္အခန္းေရွ႕ ဘာလုပ္ေနတာလဲ”

“အမ္”

အခန္းထဲမွာရွိရမယ့္သူက အိမ္တံခါးဖြင့္ကာျဖင့္
စကားဆိုလာသည္။ဘယ္လိုလုပ္ၿပီး….

“မိုး႐ြာေနလို႔က်ဳပ္ဆိုင္ကယ္သြားသြင္းတာ”

ႏြေရတုရဲ႕မ်က္လုံးထဲကေမးခြန္းကိုသိစြာျဖင့္
Royalကေျပာလာသည္။ဝတ္သြားတဲ့
ေခါင္းစြပ္အက္်ီကမိုးေရေတြစိုသြားသျဖင့္
အိမ္ထဲဝတ္လာရန္မေကာင္း၍ အျပင္တန္းမွာသာ
ခြၽတ္ထားခဲ့သည္။

“ငါ…ငါဒီည..မင္း…မင္းနဲ႕အိပ္လို႔ရမလား”

လည္ပင္းပြတ္ကာ၊ဆံပင္သပ္ကာျဖင့္ထစ္ထစ္အအဆိုမိေတာ့
Royalကသူ႕ကိုအထူးအဆန္းလိုၾကည့္လာၿပီး
ခနေနေတာ့ မ်က္ႏွာကၿပဳံးေယာင္သမ္းလာသလိုပင္။

“ခင္ဗ်ားသေဘာေလ”

ဆိုကာRoyalကအရင္အခန္းထဲဝင္လိုက္သည္။
ႏြေရတုက ေနာက္ကေနကုတ္ေခ်ာင္းေခ်ာင္းျဖင့္
လိုက္ဝင္သြားသည္။

“ဆိုပါဦး…ဘာျဖစ္လို႔မ်ားအတူအိပ္ခ်င္ရတာပါလဲ”

ေခါင္းကိုပုဝါျဖင့္ေရသုတ္ရင္း Royalကေမးလာေတာ့
ႏြေရတုက ႏွစ္ေယာက္အိပ္ရန္လုံေလာက္ေသာ
ကုတင္ေပၚမွာထိုင္ရင္း ဘယ္လိုေျပာရမလဲစာစီေနေလသည္။

သူေျပာသင့္မေျပာသင့္ခ်င့္ခ်ိန္ေနရသည္။
သူစိမ္းတစ္ေယာက္က ယုံလို႔ရရဲ႕လားသူေတြးေနျခင္းပင္။

“ထားပါ မေျပာခ်င္ရင္လည္း”

“မဟုတ္ဘူး…ငါေျပာခ်င္တယ္၊မင္းနားေထာင္ၿပီး
အႀကံေပး”

Royalက’ေျပာစမ္းပါဦး’ဟူေသာသေဘာျဖင့္
မ်က္ခုံးပင့္ျပလိုက္ေတာ့ ႏြေရတုကလက္သည္းကိုက္ကာျဖင့္

“ငါ့ကိုေလ လူတစ္ေယာက္ကအၿမဲေစာင့္ၾကည့္ေနသလိုပဲ
သိလား၊ဆိုင္ကအျပန္က်ရင္လည္း ေနာက္ကလိုက္လာသလိုပဲ၊
ညက်ရင္လည္း ၿခံတံခါးေရွ႕မွာ မတ္တပ္ႀကီး
ၾကည့္ၾကည့္ေနတယ္၊ခုနကလည္းေလ ငါလူရိပ္ျမင္လိုက္သလိုပဲသိလား၊မင္းအိမ္ျပင္ထြက္ေတာ့
လူမေတြ႕ဘူးလား”

အလွေလးစကားေတြၾကားၿပီး Royalမွာ
ဟားတိုက္ရယ္ခ်င္စိတ္ပင္ေပါက္လာရသည္။
အလွေလးကို ဒီေလာက္အထိတုံးလိမ့္မယ္လို႔
သူမထင္ခဲ့ေပ။

“ငါ့အထင္ေတာ့ေလ အေဖကေရွ႕ေနဆိုေတာ့မုန္းသူမ်ားတယ္၊
လက္စားေခ်ခ်င္လို႔မ်ား ငါ့ေနာက္လိုက္ေနတာလားမသိဘူး။
အီးးးးးဘယ္လိုလုပ္ရမလဲ”

ေတြးႀကီးၾကက္သီးထသြားပုံေလးက သနားစရာေကာင္းသလို
အၾကင္နာပိုခ်င္စရာေလးပင္။

“ငါရဲတိုင္ရင္ေကာင္းမလားမသိဘူး။
ဒါမွမဟုတ္ ေစရာ့အိမ္သြားေနရမလားမသိေတာ့ဘူး”

အသည္းတယားယားျဖစ္ေနတုန္း အလွေလးရဲ႕စကားေတြေၾကာင့္ စိတ္တိုလာရသည္။

“က်ဳပ္တစ္ေယာက္လုံးရွိေနတာကို ခင္ဗ်ားက
ဘယ္ေကာင္ေတြကိုအားကိုးခ်င္ေနရတာလဲ”

“ဟမ္”

“က်ဳပ္က ခင္ဗ်ားကိုကာကြယ္ေပးမွာမို႔
ဘယ္သူ႕ကိုမွလည္းတိုင္စရာမလိုဘူး၊
ဘယ္အိမ္မွလည္းမသြားရဘူး ၾကားလား”

“အင္း…အင္းပါ”

ေၾကာက္ေၾကာက္လန့္လန့္ျဖင့္ပင္ ေခါင္းညိတ္လိုက္ရသည္။
ဘာလို႔မ်ား လူဆိုးေကာင္ကေဒါသထြက္ေနရတာပါလိမ့္???

“ဒါနဲ႕..ဟို..ဟိုေလ၊ေခါင္းအုံးသြားယူရဦးမယ္ထင္တယ္”

ေခါင္းအုံးတစ္လုံးထဲသာရွိသျဖင့္ထိုသို႔ေျပာလိုက္ျခင္းပင္။

“က်ဳပ္လက္ေမာင္းရွိတာပဲကို
ဘယ္ေခါင္းအုံးမွမလိုဘူး”

ေျပာေျပာဆိုဆိုRoyalက ကုတင္ေပၚလွဲေလ်ာင္းလာကာ
ေခါင္းအုံးေပၚအုံးၿပီး လက္တစ္ဖက္ဆန့္လာကာ
ႏြေရတုကိုဆြဲခ်ၿပီး လက္ေမာင္းေပၚေခါင္းအုံးေစသည္။

“ဒီလိုပုံစံႀကီးက တစ္မ်ိဳးႀကီးပဲ”

“ဒီလိုမအိပ္ခ်င္ရင္ တစ္ေယာက္ထဲအိပ္ေခ်”

“အာ..ငါကမင္းလက္က်င္မွာစိုးလို႔ေျပာတာ”

“စကားမ်ားမေနဘဲ မ်က္လုံးမွိတ္ၿပီးအိပ္ေတာ့”

စကားနာခံစြာပင္ ႏြေရတုကမ်က္လုံးေတြမွိတ္သြားသည္။
ေျခရင္းကေစာင္ကိုဆြဲယူကာ ႏွစ္ေယာက္လုံးေပၚလႊားလိုက္ၿပီး
အလွေလးကိုရင္ခြင္ထဲသြင္းလိုက္ေတာ့ အင့္ခနဲပင္
ျမည္လာသည္။ဟက္….ခ်စ္စရာေလးးးး

အျပစ္ေျပာစရာမရွိေအာင္လွလြန္းတဲ့မ်က္ႏွာေလးကို
ၾကည့္ကာျဖင့္ သူေတြးမိသည္က…..

‘အလွေလးက အရမ္းလွတယ္’

………………………………

Tags: read novel Royal Husband 12, novel Royal Husband 12, read Royal Husband 12 online, Royal Husband 12 chapter, Royal Husband 12 high quality, Royal Husband 12 light novel, ,

Comment

Leave a Reply

Chapter 13