Royal Husband ’15’

All chapters are in Royal Husband
A+ A-

လမ်းမကြီးတစ်လျှောက် မီးလုံးတွေထိန်ထိန်လင်းနေပေမယ့်
လမ်းကြားအကွေ့လေးမှာတော့ မီးလုံးတွေက
ဟိုတစ်ကွက်ဒီတစ်ကွက်အပြင် သစ်ပင်ရိပ်တွေကလည်း
မှောင်နေသဖြင့် ကျောချမ်းစရာပင်။

ခါတိုင်းပြန်နေကျလမ်းဖြစ်သဖြင့် လဝန်းသော်တာစိတ်ထဲ
တော့ကြောက်ရွံ့ခြင်းမဖြစ်မိပေ။ဒီရပ်ကွက်က လူရည်သန့်တွေ
နေတာကြောင့်လည်း ပါတာပေါ့။

အဆောင်က ည7နာရီဆိုရင်ပိတ်ပေမယ့်
အဆောင်ပိုင်ရှင်ရဲ့သမီးက အပြင်စျေးဝယ်ထွက်တာ
သူမကိုပါအဖော်ခေါ်သောကြောင့် လိုက်လာခဲ့ခြင်းပင်။
အတော်အတန်လည်းရင်းနှီးသောကြောင့်
ငြင်းဖို့ရာမကောင်း။

အပြန်ကျခုလိုမိုးချုပ်နေပြီပင်။
ပြီးတော့ ရပ်ကွက်ထိပ်မှာအဆောင်ပိုင်ရှင်သမီးရဲ့
ရည်းစားနဲ့ထိပ်တိုက်တွေ့တာကြောင့်
သူမကခုလိုတစ်ယောက်တည်းပြန်လာရခြင်းဖြစ်သည်။
အတူလိုက်ဖို့ခေါ်ပေမယ့် အတွဲကြား
အနှောင့်အယှက်ဖြစ်မှာ မလိုလားပေ။

“ဟေးးညီမလေး တစ်ယောက်ထဲလား”

ရပ်ကွက်ဘောလုံးကွင်းရှေ့ဖြတ်တော့
အမူးသမားနှစ်ယောက်က ထောင့်ကနေယိုင်တိုင်တိုင်ထွက်လာကာ
နှောင့်ယှက်လာကြသည်။

ဘောလုံးကွင်းကျော်လွန်ရင်သူမအဆောင်နဲ့က
ဘယ်လောက်မှမဝေးတော့ပေ။ဒီအမူးသမား
နှစ်ယောက်က ဘယ်လိုလုပ်ပြီးဒီမှာရှိနေရတာလဲ။

မသိချင်ယောင်ဆောင်ကာဖြင့် ခပ်ဝေးဝေးရှောင်ကာ
ခပ်သွက်သွက်သွားမလို့လုပ်တော့ ရှေ့ကနေကာဆီးလာတဲ့
အမူးသမားတွေ။

နောက်ပြန်လှည့်လို့မဖြစ်၊ရှေ့ဆက်တိုးလို့လည်း
မရတဲ့အခြေအနေမှာ သူမကထွက်ပြေးဖို့ရာသာ
တွေးတောလိုက်သည်။အတွေးထက်လည်း
လက်တွေ့ကမြန်ပေသည်။

သို့သော် အမူးသမားနှစ်ယောက်ကသူမထက်မြန်ပေသည်။
သူမလက်ကို အတင်းအကြပ်ဆုပ်ကိုင်ထားကာ
ရွံစရာကောင်းတဲ့ရီဝေဝေအကြည့်တွေနဲ့ နှုတ်ခမ်း
လျှာသပ်ကာကြည့်လာကြသည်။

“ကယ်ကြပါဦးရှင်…ကယ်ကြပါဦး”

“အော်လည်းအပိုပဲနော် အသာတကြည်လိုက်ခဲ့ရင်
ကိုကြီးတို့ကညင်သာပေးမှာပါ”

“ဖယ်…ကျွန်မကိုလွှတ်၊ရှင်တို့ကိုတရားစွဲမှာနော်၊
ကယ်ကြပါ….အု”

အတင်းအော်နေတဲ့သူမပါးစပ်ကို
အမူးသမားတစ်ယောက်က လက်ဖဝါးတွေနှင့်အုပ်ကာ
သူတို့အချင်းချင်းမျက်စပစ်ပြလ်ုက်ပြီး
ဘောလုံးကွင်းထောင့်ကချောင်ထဲကို
ဆွဲခေါ်သွားလေသည်။

“အွန့်….အု…လွှတ်”

ဝမ်းနည်းစိတ်ကြောင့် မျက်ရည်တွေပင်
အလိမ့်လိမ့်စီးကျလာသည်။တကယ်ဆို
ဒီလမ်းကို သူမတစ်ယောက်တည်းမပြန်ခဲ့သင့်ပေ။

အမူးသမားက သူမရဲ့အပေါ်လက်ရှည်ကို
မရမကချွတ်လာလေသည်။ရုန်းကန်နေသော်လည်း
တစ်ခြားတစ်ယောက်ကချုပ်ထားသဖြင့် အရာမရောက်ပေ။
ခုသူမပုံစံက ဖယိုဖရဲဖြစ်နေမည်မှာ
မတွေးရက်စရာ…..။

သူမ ဘဝပျက်တော့မှာလား????

“Hey!”

ရုန်းကန်သံတွေနဲ့ချုပ်နှောင်ထားသံတွေကြား
တစ်စုံတစ်ယောက်ရဲ့စကားသံကြားတော့
အမူးသမားတွေက ရပ်တန့်သွားကာ
အသံလာရာသို့ကြည့်လိုက်ကြတော့
အုတ်တံတိုင်းကိုကျောမှီကာဖြင့် လက်ပိုက်ရပ်ကြည့်နေပါသော လူတစ်ယောက်။

“ကိုယ်နဲ့မဆိုင်ရင် ကျော်သွားလိုက်၊
လာမနှောင့်ယှက်နဲ့”

“အို့…အနှောင့်အယှက်ဖြစ်သွားတာလား ဟက်…”

အပေါ်တစ်ဝက်လှန်စီးထားသောဆံပင်တွေ
လှုပ်ခါသွားအောင်ပင် ထိုလူကတသိမ့်သိမ့်ရယ်လာလေသည်။

“အနှောင့်အယှက်ဖြစ်သွားရင် sorry
ဒါဆို ခွင့်ပြုပါဦး”

“မသွားပါနဲ့…ကျွန်မကိုကယ်ပါ…အု”

လူစိမ်းဆီအာရုံရောက်နေသဖြင့်
ပါးစပ်ကိုအုပ်ထားတဲ့လက်ကပြေလျော့သွားသောကြောင့်
သူမအလျင်အမြန်အော်လိုက်တော့ သူမပါးစပ်ကို
ထပ်ပြီးအုပ်လာသည်။

“ကျွန်တော်ပါ ဝင်joinလို့ရတယ်မလား”

သူမက ကယ်တင်ရှင်ထင်လို့အကူအညီတောင်းလိုက်ပေမယ့်
ထပ်ပြီးသူမဘဝကိုဖျက်စီးမယ့်သူတဲ့လား။

“ခွပ်”

အနီးနားလာထိုင်ကာ အင်္ကျီချွတ်နေသောလူရဲ့မေးကို
လက်သီးတစ်ချက်ထိုးလိုက်တော့ သူ့ကိုအထူးအဆန်းလို
ကြည့်လာကြသည်။

“ဒီခွေးမသားကတော့”

ကောင်မလေးကိုချုပ်ထားတဲ့လူကလည်း ခနအကြာမှသတိဝင်ကာ လူစိမ်းဆီလက်သီးတစ်ချက်ပစ်သွင်းလိုက်ပေမယ့်
လေကိုသာထိုးမိသည်။ထိုအစား သူ့ရင်ဘက်ကို
ခြေထောက်ဖြင့်ကန်လိုက်တော့ အုတ်တံတိုင်းနှင့်ဆောင့်မိကာ
အထိနာသွားရသည်။

လက်သီးနဲ့ထိုးခံလိုက်ရတဲ့အမူးသမားက
အလျင်စလိုထလာကာ သူ့ကိုရန်ရှာလာပေမယ့်
ကိုယ်ခံပညာတတ်ထားတဲ့သူ့အတွက်ကတော့
ကစားနေရသလိုပင်။ခနအကြာ အမူးသမားနှစ်ယောက်လုံး
အသံပင်မထွက်နိုင်တော့။

ခုချိန်ထိကြောင်အမ်းအမ်းဖြစ်နေသေးတဲ့
ကောင်မလေးကိုလက်လှမ်းပေးလိုက်တော့
မျက်ရည်တွေဝေ့နေတဲ့ မျက်လုံးဝိုင်းကြီးတွေနှင့်
မော့ကြည့်လာသည်။

“အင့်”

ကောင်မလေးက မပြောမဆိုပင်ကုန်းထကာ
သူ့ကိုအတင်းဖက်လာပြီး တရှုံ့ရှုံ့ငိုလာတော့သည်။
အားငယ်နေတဲ့မိန်းကလေးကို တွန်းထုတ်ဖို့ရာမကောင်း
တတ်သဖြင့် ကျောပြင်လေးကိုသာပွတ်သပ်ပေးမိသည်။

“ကျေး..အင့်…ကျေးဇူးတင်ပါတယ်၊
တကယ်ကျေးဇူးတင်ပါတယ်”

“မလိုပါဘူး”

အင်္ကျီတွေကဖယိုဖရဲဖြစ်နေသဖြင့် သူ့အပေါ်ဝတ်ကိုချွတ်ကာ
လွှမ်းခြုံပေးလိုက်တော့မျက်လုံးဝိုင်းကြီးတွေနဲ့ကြည့်လာပြန်သည်။

“နောက်ခါဆို အသွားအလာသတိထားပေါ့၊
အမြဲတမ်းကံမကောင်းနိုင်ဘူးဆိုတာ သိတယ်မလား”

“ဟုတ်ကဲ့”

အစကမှောင်နေသဖြင့် လူစိမ်းမျက်နှာသေချာမမြင်ရပေမယ့်
မီးရောင်တွေဘက်ရောက်တော့ ထင်ထင်လင်းလင်း
မြင်လာရသည်။

သူမကို marketမှာခါးကိုအင်္ကျီပတ်ပေးကာဖြင့်
ကူညီခဲ့တဲ့လူ………ခုလည်း သူမကိုကူညီပြန်ပြီ။

“မပြောကောင်းဘူးဆိုပေမယ့်
နောက်ခါဒီလိုအဖြစ်မျိုးကြုံလာရင်
ယောက်ျားတွေရဲ့ ဒီလိုနေရာကိုအားပြင်းပြင်းသာကန်လိုက်”

“ရှင်”

လူစိမ်းက ဂွကြားနေရာကိုလက်ညိုးထိုးကာပြောလာတော့
သူမမှာသဘောတကျပင် ပြုံးရယ်မိသည်။

“ဒါနဲ့ ရှင့်နာမည်လေးသိခွင့်ရှိမလားဟင်”

“ဒီတိုင်းပဲ ထိုက်လို့သာသိထားပေး”

လူစိမ်းနာမည်က ထိုက်တဲ့လား……

ထိုညက လူစိမ်းကသူမကိုအဆောင်ပြန်ရောက်သည်အထိ
လိုက်ပို့ပေးခဲ့ပါတယ်…။

…………………………..

“တော်ဝင်ယောက်ျား….တော်ဝင်ယောက်ျား
ကယ်ပါဦး”

ရေချိုးခန်းတံခါးကို တဘုန်းဘုန်းထုရိုက်ကာဖြင့်
ဆိုလာတော့ Royalကရေပန်းပိတ်ကာ
ကိုယ်ကိုတဘက်ပတ်လိုက်ပြီး အခန်းတံခါးဖွင့်လိုက်တော့
အလှလေးက အားကိုးတကြီးဖြင့်
သူ့ကိုကြည့်လာသည်။

“ဘာဖြစ်လို့လဲ”

“ငါ့ကလေးလေး…အာ..ပြောင်ကြူးလေး ငါးရိုးစူးသွားလို့
ကူညီပါဦး”

ကလေးလေးလို့အမှတ်မထင်ပြောမိရာကနေ
​ပြောင်ကြူးလို့အမြန်ပြောင်းလိုက်ရသည်။
လူဆိုးကောင်က ကြောင်လေးတွေကို
ကလေးလေးလို့ခေါ်တာမကြိုက်ပေ။

ဒါကြောင့်သူ့မှာ နာမည်ပေးရသည်။
အဝါစင်းကြားလေးနဲ့ကြောင်က အမြဲတမ်းလိုလို
ပြူးပြူးလေးနဲ့ကြောင်တောင်တောင်နေတတ်သဖြင့်
ပြူးကြောင်လေးလို့မှည့်ပေးလိုက်ပေမယ့်
ခေါ်မကောင်းသဖြင့် ပြောင်ကြူးလို့ပြောင်းလိုက်တာပင်။
နောက်တစ်ကောင်ကတော့ အမွှေးလေးတွေက
ဖွားဖွားလေးမို့ စုတ်ဖွားလို့သာခေါ်သည်။

နာမည်မမှည့်ပေးလို့လည်းမဖြစ်ဘူးလေ၊
လူဆိုးကောင်က သူ့ရှေ့မှာကလေးလေးလို့ခေါ်ရင်
ဖက်နမ်းမှာလို့ ခြိမ်းခြောက်ထားသောကြောင့်….။

“ဘယ်မှာလဲ”

“မီးဖိုခန်းထဲမှာ လာမြန်မြန်”

ရှေ့မှအမြန်ပြေးသွားကာ ပြောင်ကြူးလေးကိုကြည့်လိုက်တော့
သူ့လက်ကလေးနဲ့ မရမကလုပ်နေတုန်းပင်။
ငါးအကောင်လိုက်ကြီး အရိုးမနွံဘဲကျွေးမိတဲ့သူ့ကိုသူ
အပြစ်တင်လို့မဆုံး။

“ပြောင်ကြူးလေးကို လုပ်ပေးပါဦး”

လူဆိုးကောင်ကသူ့အနားမှာကပ်ထိုင်ကာဖြင့်
​ကြောင်ကိုပွေ့ကြည့်လာသည်။

“ယောက်ျားလို့ခေါ်”

“ဟမ်”

“ယောက်ျားလို့ခေါ်မှ ခင်ဗျားကြောင်ကို
ကူညီပေးမှာ”

“မင်း!”

လူဆိုးကောင်ကလူဆိုးကောင်ပါပဲ။
သူ့အတွက်အမြတ်ရမှ အလုပ်လုပ်မယ့်ကောင်။

“ယောက်…ယောက်ျား”

“အောဟော်…မထစ်စေနဲ့လေ”

“ယောက်ျား…ယောက်ျား…ရပြီမလား”

သူ့မျက်နှာကလည်း ခုချိန်ကြက်ဥတင်ကြော်လို့ရအောင်ပင်
ပူထူနေကာ ကြက်သွန်နီလိုနီရဲနေမှာမှန်ပြေးကြည့်စရာမလို။
လူဆိုးကောင်က သူ့သွားတက်ပေါ်အောင်ပြုံးရယ်ကာဖြင့်
ကြောင်ရဲ့ပါးစပ်ကိုဖြဲကာ စူးနေတဲ့ငါးရိုးကိုဆွဲထုတ်လေသည်။

“ကဲ…ရပြီ”

ငါးရိုးကသိပ်မကြီးပေမယ့် ကြောင်ပေါက်စနဲ့ယှဥ်လိုက်တော့
ကြီးသည့်အထဲပါလေသည်။

“ကျေးဇူးပဲ”

လူဆိုးကောင်ကထရပ်ကာထွက်သွားမလို့ပြင်တော့

“ဒါနဲ့ ခုနကယောက်ျားလို့ခေါ်လိုက်တာက
မင်းနာမည်ကယောက်ျားကိုခေါ်တာနော်၊
ဟိုလိုသဘောမျိုးနဲ့ယောက်ျားလို့ခေါ်တာမဟုတ်ဘူး”

သူ့စကားအဆုံး လူဆိုးကောင်ကသွားသုံးဆယ့်နှစ်ချောင်း
ပေါ်အောင်တဟားဟားနဲ့အော်ရယ်လာသည်။

“ခင်ဗျားကဗျာ”

တကယ်ပဲ အလှလေးက အူယားစရာလေးးးးးးးးး

……………………….

(စကားမစပ် ဘဲလိုချင်လို့😞)

Zawgyi

လမ္းမႀကီးတစ္ေလွ်ာက္ မီးလုံးေတြထိန္ထိန္လင္းေနေပမယ့္
လမ္းၾကားအေကြ႕ေလးမွာေတာ့ မီးလုံးေတြက
ဟိုတစ္ကြက္ဒီတစ္ကြက္အျပင္ သစ္ပင္ရိပ္ေတြကလည္း
ေမွာင္ေနသျဖင့္ ေက်ာခ်မ္းစရာပင္။

ခါတိုင္းျပန္ေနက်လမ္းျဖစ္သျဖင့္ လဝန္းေသာ္တာစိတ္ထဲ
ေတာ့ေၾကာက္႐ြံ႕ျခင္းမျဖစ္မိေပ။ဒီရပ္ကြက္က လူရည္သန့္ေတြ
ေနတာေၾကာင့္လည္း ပါတာေပါ့။

အေဆာင္က ည7နာရီဆိုရင္ပိတ္ေပမယ့္
အေဆာင္ပိုင္ရွင္ရဲ႕သမီးက အျပင္ေစ်းဝယ္ထြက္တာ
သူမကိုပါအေဖာ္ေခၚေသာေၾကာင့္ လိုက္လာခဲ့ျခင္းပင္။
အေတာ္အတန္လည္းရင္းႏွီးေသာေၾကာင့္
ျငင္းဖို႔ရာမေကာင္း။

အျပန္က်ခဳလိုမိုးခ်ဳပ္ေနၿပီပင္။
ၿပီးေတာ့ ရပ္ကြက္ထိပ္မွာအေဆာင္ပိုင္ရွင္သမီးရဲ႕
ရည္းစားနဲ႕ထိပ္တိုက္ေတြ႕တာေၾကာင့္
သူမကခုလိုတစ္ေယာက္တည္းျပန္လာရျခင္းျဖစ္သည္။
အတူလိုက္ဖို႔ေခၚေပမယ့္ အတြဲၾကား
အႏွောင့္အယွက္ျဖစ္မွာ မလိုလားေပ။

“ေဟးးညီမေလး တစ္ေယာက္ထဲလား”

ရပ္ကြက္ေဘာလုံးကြင္းေရွ႕ျဖတ္ေတာ့
အမူးသမားႏွစ္ေယာက္က ေထာင့္ကေနယိုင္တိုင္တိုင္ထြက္လာကာ
ႏွောင့္ယွက္လာၾကသည္။

ေဘာလုံးကြင္းေက်ာ္လြန္ရင္သူမအေဆာင္နဲ႕က
ဘယ္ေလာက္မွမေဝးေတာ့ေပ။ဒီအမူးသမား
ႏွစ္ေယာက္က ဘယ္လိုလုပ္ၿပီးဒီမွာရွိေနရတာလဲ။

မသိခ်င္ေယာင္ေဆာင္ကာျဖင့္ ခပ္ေဝးေဝးေရွာင္ကာ
ခပ္သြက္သြက္သြားမလို႔လုပ္ေတာ့ ေရွ႕ကေနကာဆီးလာတဲ့
အမူးသမားေတြ။

ေနာက္ျပန္လွည့္လို႔မျဖစ္၊ေရွ႕ဆက္တိုးလို႔လည္း
မရတဲ့အေျခအေနမွာ သူမကထြက္ေျပးဖို႔ရာသာ
ေတြးေတာလိုက္သည္။အေတြးထက္လည္း
လက္ေတြ႕ကျမန္ေပသည္။

သို႔ေသာ္ အမူးသမားႏွစ္ေယာက္ကသူမထက္ျမန္ေပသည္။
သူမလက္ကို အတင္းအၾကပ္ဆုပ္ကိုင္ထားကာ
႐ြံစရာေကာင္းတဲ့ရီေဝေဝအၾကည့္ေတြနဲ႕ ႏႈတ္ခမ္း
လွ်ာသပ္ကာၾကည့္လာၾကသည္။

“ကယ္ၾကပါဦးရွင္…ကယ္ၾကပါဦး”

“ေအာ္လည္းအပိုပဲေနာ္ အသာတၾကည္လိုက္ခဲ့ရင္
ကိုႀကီးတို႔ကညင္သာေပးမွာပါ”

“ဖယ္…ကြၽန္မကိုလႊတ္၊ရွင္တို႔ကိုတရားစြဲမွာေနာ္၊
ကယ္ၾကပါ….အု”

အတင္းေအာ္ေနတဲ့သူမပါးစပ္ကို
အမူးသမားတစ္ေယာက္က လက္ဖဝါးေတြႏွင့္အုပ္ကာ
သူတို့အချင်းချင်းမျက်စပစ်ပြလ်ုက်ပြီး
ေဘာလုံးကြင္းေထာင့္ကေခ်ာင္ထဲကို
ဆြဲေခၚသြားေလသည္။

“အြန့္….အု…လႊတ္”

ဝမ္းနည္းစိတ္ေၾကာင့္ မ်က္ရည္ေတြပင္
အလိမ့္လိမ့္စီးက်လာသည္။တကယ္ဆို
ဒီလမ္းကို သူမတစ္ေယာက္တည္းမျပန္ခဲ့သင့္ေပ။

အမူးသမားက သူမရဲ႕အေပၚလက္ရွည္ကို
မရမကခြၽတ္လာေလသည္။႐ုန္းကန္ေနေသာ္လည္း
တစ္ျခားတစ္ေယာက္ကခ်ဳပ္ထားသျဖင့္ အရာမေရာက္ေပ။
ခုသူမပုံစံက ဖယိုဖရဲျဖစ္ေနမည္မွာ
မေတြးရက္စရာ…..။

သူမ ဘဝပ်က္ေတာ့မွာလား????

“Hey!”

႐ုန္းကန္သံေတြနဲ႕ခ်ဳပ္ႏွောင္ထားသံေတြၾကား
တစ္စုံတစ္ေယာက္ရဲ႕စကားသံၾကားေတာ့
အမူးသမားေတြက ရပ္တန့္သြားကာ
အသံလာရာသို႔ၾကည့္လိုက္ၾကေတာ့
အုတ္တံတိုင္းကိုေက်ာမွီကာျဖင့္ လက္ပိုက္ရပ္ၾကည့္ေနပါေသာ လူတစ္ေယာက္။

“ကိုယ္နဲ႕မဆိုင္ရင္ ေက်ာ္သြားလိုက္၊
လာမႏွောင့္ယွက္နဲ႕”

“အို႔…အႏွောင့္အယွက္ျဖစ္သြားတာလား ဟက္…”

အေပၚတစ္ဝက္လွန္စီးထားေသာဆံပင္ေတြ
လႈပ္ခါသြားေအာင္ပင္ ထိုလူကတသိမ့္သိမ့္ရယ္လာေလသည္။

“အႏွောင့္အယွက္ျဖစ္သြားရင္ sorry
ဒါဆို ခြင့္ျပပါဦး”

“မသြားပါနဲ႕…ကြၽန္မကိုကယ္ပါ…အု”

လူစိမ္းဆီအာ႐ုံေရာက္ေနသျဖင့္
ပါးစပ္ကိုအုပ္ထားတဲ့လက္ကေျပေလ်ာ့သြားေသာေၾကာင့္
သူမအလ်င္အျမန္ေအာ္လိုက္ေတာ့ သူမပါးစပ္ကို
ထပ္ၿပီးအုပ္လာသည္။

“ကြၽန္ေတာ္ပါ ဝင္joinလို႔ရတယ္မလား”

သူမက ကယ္တင္ရွင္ထင္လို႔အကူအညီေတာင္းလိုက္ေပမယ့္
ထပ္ၿပီးသူမဘဝကိုဖ်က္စီးမယ့္သူတဲ့လား။

“ခြပ္”

အနီးနားလာထိုင္ကာ အက္်ီခြၽတ္ေနေသာလူရဲ႕ေမးကို
လက္သီးတစ္ခ်က္ထိုးလိုက္ေတာ့ သူ႕ကိုအထူးအဆန္းလို
ၾကည့္လာၾကသည္။

“ဒီေခြးမသားကေတာ့”

ေကာင္မေလးကိုခ်ဳပ္ထားတဲ့လူကလည္း ခနအၾကာမွသတိဝင္ကာ လူစိမ္းဆီလက္သီးတစ္ခ်က္ပစ္သြင္းလိုက္ေပမယ့္
ေလကိုသာထိုးမိသည္။ထိုအစား သူ႕ရင္ဘက္ကို
ေျခေထာက္ျဖင့္ကန္လိုက္ေတာ့ အုတ္တံတိုင္းႏွင့္ေဆာင့္မိကာ
အထိနာသြားရသည္။

လက္သီးနဲ႕ထိုးခံလိုက္ရတဲ့အမူးသမားက
အလ်င္စလိုထလာကာ သူ႕ကိုရန္ရွာလာေပမယ့္
ကိုယ္ခံပညာတတ္ထားတဲ့သူ႕အတြက္ကေတာ့
ကစားေနရသလိုပင္။ခနအၾကာ အမူးသမားႏွစ္ေယာက္လုံး
အသံပင္မထြက္နိုင္ေတာ့။

ခုခ်ိန္ထိေၾကာင္အမ္းအမ္းျဖစ္ေနေသးတဲ့
ေကာင္မေလးကိုလက္လွမ္းေပးလိုက္ေတာ့
မ်က္ရည္ေတြေဝ့ေနတဲ့ မ်က္လုံးဝိုင္းႀကီးေတြႏွင့္
ေမာ့ၾကည့္လာသည္။

“အင့္”

ေကာင္မေလးက မေျပာမဆိုပင္ကုန္းထကာ
သူ႕ကိုအတင္းဖက္လာၿပီး တရႈံ႕ရႈံ႕ငိုလာေတာ့သည္။
အားငယ္ေနတဲ့မိန္းကေလးကို တြန္းထုတ္ဖို႔ရာမေကာင္း
တတ္သျဖင့္ ေက်ာျပင္ေလးကိုသာပြတ္သပ္ေပးမိသည္။

“ေက်း..အင့္…ေက်းဇူးတင္ပါတယ္၊
တကယ္ေက်းဇူးတင္ပါတယ္”

“မလိုပါဘူး”

အက္်ီေတြကဖယိုဖရဲျဖစ္ေနသျဖင့္ သူ႕အေပၚဝတ္ကိုခြၽတ္ကာ
လႊမ္းၿခဳံေပးလိုက္ေတာ့မ်က္လုံးဝိုင္းႀကီးေတြနဲ႕ၾကည့္လာျပန္သည္။

“ေနာက္ခါဆို အသြားအလာသတိထားေပါ့၊
အၿမဲတမ္းကံမေကာင္းနိုင္ဘူးဆိုတာ သိတယ္မလား”

“ဟုတ္ကဲ့”

အစကေမွာင္ေနသျဖင့္ လူစိမ္းမ်က္ႏွာေသခ်ာမျမင္ရေပမယ့္
မီးေရာင္ေတြဘက္ေရာက္ေတာ့ ထင္ထင္လင္းလင္း
ျမင္လာရသည္။

သူမကို marketမွာခါးကိုအက္်ီပတ္ေပးကာျဖင့္
ကူညီခဲ့တဲ့လူ………ခုလည္း သူမကိုကူညီျပန္ၿပီ။

“မေျပာေကာင္းဘူးဆိုေပမယ့္
ေနာက္ခါဒီလိုအျဖစ္မ်ိဳးႀကဳံလာရင္
ေယာက္်ားေတြရဲ႕ ဒီလိုေနရာကိုအားျပင္းျပင္းသာကန္လိုက္”

“ရွင္”

လူစိမ္းက ဂြၾကားေနရာကိုလက္ညိုးထိုးကာေျပာလာေတာ့
သူမမွာသေဘာတက်ပင္ ၿပဳံးရယ္မိသည္။

“ဒါနဲ႕ ရွင့္နာမည္ေလးသိခြင့္ရွိမလားဟင္”

“ဒီတိုင္းပဲ ထိုက္လို႔သာသိထားေပး”

လူစိမ္းနာမည္က ထိုက္တဲ့လား……

ထိုညက လူစိမ္းကသူမကိုအေဆာင္ျပန္ေရာက္သည္အထိ
လိုက္ပို႔ေပးခဲ့ပါတယ္…။

…………………………..

“ေတာ္ဝင္ေယာက္်ား….ေတာ္ဝင္ေယာက္်ား
ကယ္ပါဦး”

ေရခ်ိဳးခန္းတံခါးကို တဘုန္းဘုန္းထုရိုက္ကာျဖင့္
ဆိုလာေတာ့ Royalကေရပန္းပိတ္ကာ
ကိုယ္ကိုတဘက္ပတ္လိုက္ၿပီး အခန္းတံခါးဖြင့္လိုက္ေတာ့
အလွေလးက အားကိုးတႀကီးျဖင့္
သူ႕ကိုၾကည့္လာသည္။

“ဘာျဖစ္လို႔လဲ”

“ငါ့ကေလးေလး…အာ..ေျပာင္ၾကဴးေလး ငါးရိုးစူးသြားလို႔
ကူညီပါဦး”

ကေလးေလးလို႔အမွတ္မထင္ေျပာမိရာကေန
ေျပာင္ၾကဴးလို႔အျမန္ေျပာင္းလိုက္ရသည္။
လူဆိုးေကာင္က ေၾကာင္ေလးေတြကို
ကေလးေလးလို႔ေခၚတာမႀကိဳက္ေပ။

ဒါေၾကာင့္သူ႕မွာ နာမည္ေပးရသည္။
အဝါစင္းၾကားေလးနဲ႕ေၾကာင္က အၿမဲတမ္းလိုလို
ျပဴးျပဴးေလးနဲ႕ေၾကာင္ေတာင္ေတာင္ေနတတ္သျဖင့္
ျပဴးေၾကာင္ေလးလို႔မွည့္ေပးလိုက္ေပမယ့္
ေခၚမေကာင္းသျဖင့္ ေျပာင္ၾကဴးလို႔ေျပာင္းလိုက္တာပင္။
ေနာက္တစ္ေကာင္ကေတာ့ အေမႊးေလးေတြက
ဖြားဖြားေလးမို႔ စုတ္ဖြားလို႔သာေခၚသည္။

နာမည္မမွည့္ေပးလို႔လည္းမျဖစ္ဘူးေလ၊
လူဆိုးေကာင္က သူ႕ေရွ႕မွာကေလးေလးလို႔ေခၚရင္
ဖက္နမ္းမွာလို႔ ၿခိမ္းေျခာက္ထားေသာေၾကာင့္….။

“ဘယ္မွာလဲ”

“မီးဖိုခန္းထဲမွာ လာျမန္ျမန္”

ေရွ႕မွအျမန္ေျပးသြားကာ ေျပာင္ၾကဴးေလးကိုၾကည့္လိုက္ေတာ့
သူ႕လက္ကေလးနဲ႕ မရမကလုပ္ေနတုန္းပင္။
ငါးအေကာင္လိုက္ႀကီး အရိုးမႏြံဘဲေကြၽးမိတဲ့သူ႕ကိုသူ
အျပစ္တင္လို႔မဆုံး။

“ေျပာင္ၾကဴးေလးကို လုပ္ေပးပါဦး”

လူဆိုးေကာင္ကသူ႕အနားမွာကပ္ထိုင္ကာျဖင့္
ေၾကာင္ကိုေပြ႕ၾကည့္လာသည္။

“ေယာက္်ားလို႔ေခၚ”

“ဟမ္”

“ေယာက္်ားလို႔ေခၚမွ ခင္ဗ်ားေၾကာင္ကို
ကူညီေပးမွာ”

“မင္း!”

လူဆိုးေကာင္ကလူဆိုးေကာင္ပါပဲ။
သူ႕အတြက္အျမတ္ရမွ အလုပ္လုပ္မယ့္ေကာင္။

“ေယာက္…ေယာက္်ား”

“ေအာေဟာ္…မထစ္ေစနဲ႕ေလ”

“ေယာက္်ား…ေယာက္်ား…ရၿပီမလား”

သူ႕မ်က္ႏွာကလည္း ခုခ်ိန္ၾကက္ဥတင္ေၾကာ္လို႔ရေအာင္ပင္
ပူထူေနကာ ၾကက္သြန္နီလိုနီရဲေနမွာမွန္ေျပးၾကည့္စရာမလို။
လူဆိုးေကာင္က သူ႕သြားတက္ေပၚေအာင္ၿပဳံးရယ္ကာျဖင့္
ေၾကာင္ရဲ႕ပါးစပ္ကိုၿဖဲကာ စူးေနတဲ့ငါးရိုးကိုဆြဲထုတ္ေလသည္။

“ကဲ…ရၿပီ”

ငါးရိုးကသိပ္မႀကီးေပမယ့္ ေၾကာင္ေပါက္စနဲ႕ယွဥ္လိုက္ေတာ့
ႀကီးသည့္အထဲပါေလသည္။

“ေက်းဇူးပဲ”

လူဆိုးေကာင္ကထရပ္ကာထြက္သြားမလို႔ျပင္ေတာ့

“ဒါနဲ႕ ခုနကေယာက္်ားလို႔ေခၚလိုက္တာက
မင္းနာမည္ကေယာက္်ားကိုေခၚတာေနာ္၊
ဟိုလိုသေဘာမ်ိဳးနဲ႕ေယာက္်ားလို႔ေခၚတာမဟုတ္ဘူး”

သူ႕စကားအဆုံး လူဆိုးေကာင္ကသြားသုံးဆယ့္ႏွစ္ေခ်ာင္း
ေပၚေအာင္တဟားဟားနဲ႕ေအာ္ရယ္လာသည္။

“ခင္ဗ်ားကဗ်ာ”

တကယ္ပဲ အလွေလးက အူယားစရာေလးးးးးးးးး

……………………….

(စကားမစပ္ ဘဲလိုခ်င္လို႔😞)

Tags: read novel Royal Husband ’15’, novel Royal Husband ’15’, read Royal Husband ’15’ online, Royal Husband ’15’ chapter, Royal Husband ’15’ high quality, Royal Husband ’15’ light novel, ,

Comment

Leave a Reply

Chapter 16