Royal Husband ’17’

All chapters are in Royal Husband
A+ A-

“မင်း ငါ့ကိုလာလုပ်ကူဖို့ စိတ်ကူးမရှိဘူးလား”

ခြံထဲသစ်ပင်အောက်က ကွပ်ပျစ်ပေါ်မှာ
ဂစ်တာ တဒေါင်ဒေါင်တီးနေတဲ့လူဆိုးကောင်ကို
လှမ်းပြောလိုက်တော့ မထိတထိပင်လှမ်းကြည့်လာသည်။

နွေရတု အခုဘာလုပ်နေသလဲဆိုရင်
စောင်လျှော်နေတာပါ။ရေဇလုံကြီးထဲ စောင်ထည့်ကာ
ခြေထောက်နဲ့နင်းနေခြင်းပင်။
သူ့စောင်တင်ပဲလားဆိုတော့ လူဆိုးကောင်ရဲ့
စောင်ရောလျှော်နေတာ။ဒါကို လူဆိုးကောင်က
ကူလျှော်ပေးမယ်ဆိုတဲ့စိတ်ကူးမရှိပေ။

ဆိုင်ပိတ်ရက်ဖြစ်သဖြင့် အိမ်သန့်ရှင်းရေးလုပ်ကာ
ပြတင်းလိုက်ကာတွေ၊စောင်တွေထုတ်လျှော်ခြင်းပင်။
အိမ်အစွန်းနဲ့သစ်ပင်ကို ကြိုးတန်းထားသည်။
ထိုကြိုးပေါ်မှာတော့ ခေါင်းအုံးဖုံးတွေကို
အစီအရီလှမ်းထား၏။

“ယောက်ျားလို့ခေါ်မယ်ဆိုရင် စဥ်းစားပေးမယ်လေ”

“မင်း..ဒါသက်သက်မဲ့ညစ်ပတ်တာ”

“အောဟော်…ရေနေ့တိုင်းချိုးတဲ့သူကို
ညစ်ပတ်တယ်လို့ ပြောစရာလား”

အရမ်းမျက်နှာပြောင်တဲ့ တော်ဝင်ယောက်ျားပါပင်။
လူဆိုးကောင်အပေါ် မကျေနပ်သမျှ
ရေဇလုံထဲကစောင်တွေကိုသာ စိတ်ရှိလက်ရှ
နင်းခြေဖွတ်လိုက်သည်။
အတွေးထဲမှာတော့ မခန့်လေးစားလူဆိုးကောင်ကို
တဖုန်းဖုန်းထုရင်းနဲ့ပေါ့။

“စောင်တွေလည်း ပြဲသွားပါဦးမယ်ဗျာ”

လက်ထဲကဂစ်တာကို ကွပ်ပျစ်ပေါ်ချကာ
အလှလေးအနားသွားရပ်ကာပြောလိုက်တော့
နှာခေါင်းရှုံ့ကာ သူ့ကိုကျောပေးသွားသည်။

ဖိနပ်ချွတ်ကာ ရေဇလုံကြီးထဲ သူပါခြေထောက်ဝင်လိုက်တော့
မော့ကြည့်လာသည်။နှာခေါင်းထိပ်က မှဲ့နက်လေးက
အရှင်ဖြစ်သဖြင့် မို့မို့လေးဖြစ်နေသည်မှာ
ကြည့်ကောင်းလှသည်။

“ဘာ…ဘာလုပ်တာလဲ”

အလှလေးရဲ့အသံစူးလေးကြားလိုက်ရမှ နှာခေါင်းထိပ်က
မှဲ့လေးကိုပွတ်သပ်နေတဲ့သူ့လက်ကိုပြန်ရုတ်လိုက်သည်။
သတိလွတ်သွားတာပဲ~~~

“ဆပ်ပြာမြုပ်တွေတင်နေလို့ ဖယ်ပေးတာ”

“ပြီးတာပဲ၊ဒီတိုင်းချည်းပဲ ရပ်မနေနဲ့လေ၊
နင်းခြေဖွတ်မှပေါ့”

“သိပါတယ်ဗျာ”

အစကတစ်ယောက်ထဲနင်းတုန်းက
လွတ်လပ်ပေမယ့် နှစ်ယောက်ဆိုတော့
အနည်းငယ်ကျပ်သွားသဖြင့် သူ့ခြေထောက်၊
ကိုယ့်ခြေထောက်ထိမိသည်မှာ ခနခနပင်။

သူ့အနေနဲ့က တမင်တကာထိတာမဟုတ်သော်ငြား
လူဆိုးကောင်က တမင်လာလာထိပြီး
သူ့ခြေထောက်ကိုလည်း ပွတ်သပ်သွားတတ်သည်။
တစ်ခါမဟုတ်၊နှစ်ခါမဟုတ်တော့ သူစိတ်မရှည်ချင်တော့။

နောက်တစ်ကြိမ်သူ့ခြေထောက်ကိုလာပွတ်သပ်တဲ့
လူဆိုးကောင်ခြေထောက်ကိုအားပါပါနဲ့
သူဆောင့်ကန်လိုက်သည်။

မှန်းချက်နှင့်နှမ်းထွက်လွဲသွားသည်ပင်။
လူဆိုးကောင်လှဲသွားအောင်ကန်လိုက်တာသူဆိုပေမယ့်
အရှိန်နဲ့ဆပ်ပြာရည်ချောပြီးနောက်ပက်လန်သွားတာလည်း
သူပါပဲ။

~~ခေါင်းတော့မကွဲလောက်ပါဘူးနော်~~

“အင့်”

နောက်လှန်ပြီးလှဲကျတော့မလိုဖြစ်သွားတဲ့အလှလေးကို
သူမြန်မြန်ဆွဲလိုက်တော့ သူ့ရင်ခွင်သို့ခိုကပ်လာတဲ့
ကိုယ်ငယ်လေး။ငုံ့ကြည့်လိုက်တော့ မျက်လုံးတွေမှိတ်ထား
သည်မှာ တင်းတင်းကြပ်ကြပ်ပင်။
အတော်လေးကြောက်သွားတယ်ထင်ပါရဲ့….။

“ဘာမှမဖြစ်တော့တာမို့ မျက်လုံးဖွင့်လို့ရပြီ”

“အမ်…ဘာမှမဖြစ်ဘူးလား”

အူကြောင်ကြောင်လို့ပြောရင်လည်း ကြိုက်မှာမဟုတ်ပေ။
သို့သော် အမှန်တကယ်လည်းအလှလေးက
အူကြောင်ကြားပင်။

“ဒီလောက်ဆိုရပြီမလား၊ရေသစ်ဖြည့်ရအောင်”

တီးတောင်~တီးတောင်

​ဘဲလ်သံကြောင့် နှစ်ယောက်လုံးလှမ်းကြည့်လိုက်တော့
သံတံခါးကြားကနေလက်ပြလာတဲ့ စေရာမျိုးမြင့်။

~~အဲ့ကောင်က ဘာလာလုပ်တာလ~~

နွေရတုကတော့ မြန်မြန်ဆန်ဆန်ပင် တံခါးသွားဖွင့်ပေးလေသည်။
ပါးစပ်မစိနိုင်အောင် ပြုံးရယ်နေတာ
တော်တော်လေးပျော်နေတယ်ထင်ပါရဲ့..။
စေရာမျိုးမြင့်က လက်နှစ်ဖက်မှာလည်း
အထုတ်တွေအပြည့်။သူ့လူ….မှားသွားလို့…
သူ့သူငယ်ချင်းရောက်လာတာနဲ့ လူကိုအဖက်မလုပ်တော့တဲ့
အလှလေးကို Royalကစိတ်ဆိုးပါသည်။

စေရာမျိုးမြင့်က အခုနောက်ပိုင်းအလုပ်လုပ်ချိန်နဲ့
အိပ်စားရမယ့်အချိန်ကလွဲရင် နွေရတုအနားမှာသာ
ရှိနေတတ်သည်။ဒါကိုလည်း Royalက
သဘောမကျတာပင်။အားအားရှိ အလှလေးအနားကပ်ချင်နေတာ…..

ခနနေတော့ အိမ်ထဲကနေ ကြောင်တစ်ယောက်တစ်ကောင်ပွေ့ကာ
ရယ်ရယ်ပြုံးပြုံးထွက်လာတဲ့ သူငယ်ချင်းနှစ်ယောက်။
မစိနိုင်တဲ့ပါးစပ်တွေကို အပ်ပြေးယူပြီး
ချုပ်ပေးလိုက်ရင်ဆိုတဲ့အတွေးဝင်ပြီး
သူ့ကိုယ်သူ ကလေးဆန်လိုက်တာလို့တွေးမိလိုက်သည်။

စောင်ကိုရေကူညစ်ပေးမယ်ဆိုတဲ့သူ့စိတ်ကူးကို
လက်တွေ့အကောင်အထည်မဖော်နိုင်တော့ပါဘူး။
ရေဇလုံထဲကထွက်ကာ ဘေးနားကရေပိုက်ယူပြီး
ဆပ်ပြာမြုပ်တွေနဲ့သူ့ခြေထောက်ကို ရေဆေးချလိုက်သည်။
လိပ်တင်ထားတဲ့ဘောင်းဘီကိုလည်း
ပြန်ဆွဲချကာ…..

“အော…ပြီးတော့တာလား”

“ခင်ဗျားတစ်ယောက်ထဲလုပ်လိုက်တော့”

“ဟမ်…ဘာလို့လဲ”

“စိတ် မ ပါ တော့ လို့”

တစ်လုံးချင်းပြောပြီး ဘေးနားရပ်နေတဲ့
ထောင့်မကျိုးကောင်ကိုကြည့်လိုက်တော့
သူ့ကိုပြန်ပြီး မထိတထိကြည့်လာသည်။
ဘေးနားအလှလေးသာမရှိရင် ‘ခင်ဗျားဘယ်လိုကြည့်နေတာလဲ’ဟုဆိုကာ
တစ်ပွဲတစ်လမ်းနွှဲမိမည်မှာ အမှန်ပင်။

“ငါကူလုပ်ပေးမယ်လေ”

“ကျေးဇူးပဲ”

အပေးအယူညီနေတဲ့နှစ်ယောက်သားကို ကျောခိုင်းကာ
ကွပ်ပျစ်မှာထိုင်ကာဘေးနားချထားတဲ့ဂစ်တာကိုယူလိုက်ပြီး
စိတ်မကြည်စွာ တဒေါင်ဒေါင်တီးခတ်နေလိုက်သည်။
ထိုအသံကြောင့် ဟိုနှစ်ယောက်ကခနတာလှည့်ကြည့်လာပြီး
တစ်ဖက်သို့ပြန်လှည့်သွားလေသည်။

သူနဲ့မဟုတ်တဲ့တစ်ခြားတစ်ယောက်နဲ့ ရယ်မောပျော်ရွှင်နေတဲ့
အလှလေးကို သူဆွဲဆောင့်သာလုပ်ပစ်လိုက်ချင်တယ်။
စိတ်ကြည်လို့ကြည်ငြား သီချင်းတစ်ပုဒ်သီဆိုရန်သာ
သူစဥ်းစားလိုက်ပြီး ဂစ်တာကြိုးပေါ်
အကြောတွေထောင်နေတဲ့သူ့လက်တွေ ပြေးလွှားလိုက်သည်။

~~ဟိုးကတည်းကမင်းရှိတယ်…..

ဒီရင်ဘက် ဘယ်ဘက်ခြမ်းမှာနေရာယူ…..

မင်းသာငါ့အချစ်ဦး…ငါ့အချစ်ထူး…..~~

သီချင်းဆိုသံကြောင့် လူဆိုးကောင်ကို
သူကြည့်လိုက်တော့ သူကလည်းကိုယ့်ကို
စေ့စေ့ကြည့်ကာဆိုနေခြင်းပင်။ဘာအဓိပ္ပါယ်နဲ့ဆိုလဲ
မသိပေမယ့် ကိုယ့်ကိုစူးစိုက်ကြည့်ပြီး
ဆိုနေတာမြင်တော့ ရှက်သလိုလို၊ရင်တုန်သလိုလိုပင်။

~~အပြောင်းအလဲကြီး သိပ်မလုပ်နဲ့….

ဒီလူသား…ယိုင်နဲ့နဲ့ပါ……

ဒသဂီရိမဟုတ်ပါဘူး..ငါ့မျက်နှာအဲ့ဒီလောက်မများပါဘူးလေ

နင်သာပုံမှန်မရှိသော မိုးသားတိမ်စိုင်တွေလို…..

ဘယ်နေရာမှာတစ်ကွက်ကြား မိုးဖြင့်ရွှာသွန်းဖြိုး….~~

ထိုစာသားတွေကိုတော့ လူဆိုးကောင်က
ပုံမှန်ထက်ကျယ်တဲ့အသံနဲ့အော်ဆိုလာခြင်းပင်။
သူဝန်မခံချင်ပေမယ့်လည်း လူဆိုးကောင်ရဲ့သြရှရှအသံက
သီချင်းဆိုတဲ့အချိန်မှာလည်း နားထောင်ကောင်းလှသည်။

~~နင်ဟာ ငါ့တစ်ယောက်ထဲအတွက် ငါ့ရဲ့ကိုယ်စောင့်နတ်လို

သိမ်ငယ်ဇောနဲ့ရေးတဲ့ မြတ်နိုးချင်းပန်းချီကားတစ်ချပ်လို

အသက်ရှင်ခြင်းတစ်ခုရဲ့ ဝင်သက်တစ်ခုလို….

ရှိုက်နေခြင်းများရဲ့ ဝင်သက်တစ်ခုလို…..~~

အကြည်စိုက်နေကြတဲ့ တော်ဝင်ယောက်ျားနဲ့
ရတုကိုကြည့်ကာ စေရာသူ့ကိုယ်သူလူပို
တစ်ယောက်လိုပင်ခံစားလာရသည်။

သီချင်းကိုfeelingအပြည့်နဲ့ဆိုနေတဲ့
လူဆိုးကောင်ကကြည့်ကောင်းလိုက်တာ…..

သြော်..ဒါနဲ့ပြောရဦးမယ်
နွေရတုကြောက်တဲ့အရိပ်မည်းကြီးပေါ်မလာတာ
အတော်ကြာပြီ။

……………………………

(Updateကြာသွားရင်ခွင့်လွှတ်၊ဒီကြားထဲ
ကိုယ့်စိတ်အခြေအနေ ဘယ်လိုမှမကောင်းလို့ပါ❤)

Zawgyi

“မင္း ငါ့ကိုလာလုပ္ကူဖို႔ စိတ္ကူးမရွိဘူးလား”

ၿခံထဲသစ္ပင္ေအာက္က ကြပ္ပ်စ္ေပၚမွာ
ဂစ္တာ တေဒါင္ေဒါင္တီးေနတဲ့လူဆိုးေကာင္ကို
လွမ္းေျပာလိုက္ေတာ့ မထိတထိပင္လွမ္းၾကည့္လာသည္။

ႏြေရတု အခုဘာလုပ္ေနသလဲဆိုရင္
ေစာင္ေလွ်ာ္ေနတာပါ။ေရဇလုံႀကီးထဲ ေစာင္ထည့္ကာ
ေျခေထာက္နဲ႕နင္းေနျခင္းပင္။
သူ႕ေစာင္တင္ပဲလားဆိုေတာ့ လူဆိုးေကာင္ရဲ႕
ေစာင္ေရာေလွ်ာ္ေနတာ။ဒါကို လူဆိုးေကာင္က
ကူေလွ်ာ္ေပးမယ္ဆိုတဲ့စိတ္ကူးမရွိေပ။

ဆိုင္ပိတ္ရက္ျဖစ္သျဖင့္ အိမ္သန့္ရွင္းေရးလုပ္ကာ
ျပတင္းလိုက္ကာေတြ၊ေစာင္ေတြထုတ္ေလွ်ာ္ျခင္းပင္။
အိမ္အစြန္းနဲ႕သစ္ပင္ကို ႀကိဳးတန္းထားသည္။
ထိုႀကိဳးေပၚမွာေတာ့ ေခါင္းအုံးဖုံးေတြကို
အစီအရီလွမ္းထား၏။

“ေယာက္်ားလို႔ေခၚမယ္ဆိုရင္ စဥ္းစားေပးမယ္ေလ”

“မင္း..ဒါသက္သက္မဲ့ညစ္ပတ္တာ”

“ေအာေဟာ္…ေရေန႕တိုင္းခ်ိဳးတဲ့သူကို
ညစ္ပတ္တယ္လို႔ ေျပာစရာလား”

အရမ္းမ်က္ႏွာေျပာင္တဲ့ ေတာ္ဝင္ေယာက္်ားပါပင္။
လူဆိုးေကာင္အေပၚ မေက်နပ္သမွ်
ေရဇလုံထဲကေစာင္ေတြကိုသာ စိတ္ရွိလက္ရွ
နင္းေျခဖြတ္လိုက္သည္။
အေတြးထဲမွာေတာ့ မခန့္ေလးစားလူဆိုးေကာင္ကို
တဖုန္းဖုန္းထုရင္းနဲ႕ေပါ့။

“ေစာင္ေတြလည္း ၿပဲသြားပါဦးမယ္ဗ်ာ”

လက္ထဲကဂစ္တာကို ကြပ္ပ်စ္ေပၚခ်ကာ
အလွေလးအနားသြားရပ္ကာေျပာလိုက္ေတာ့
ႏွာေခါင္းရႈံ႕ကာ သူ႕ကိုေက်ာေပးသြားသည္။

ဖိနပ္ခြၽတ္ကာ ေရဇလုံႀကီးထဲ သူပါေျခေထာက္ဝင္လိုက္ေတာ့
ေမာ့ၾကည့္လာသည္။ႏွာေခါင္းထိပ္က မွဲ႕နက္ေလးက
အရွင္ျဖစ္သျဖင့္ မို႔မို႔ေလးျဖစ္ေနသည္မွာ
ၾကည့္ေကာင္းလွသည္။

“ဘာ…ဘာလုပ္တာလဲ”

အလွေလးရဲ႕အသံစူးေလးၾကားလိုက္ရမွ ႏွာေခါင္းထိပ္က
မွဲ႕ေလးကိုပြတ္သပ္ေနတဲ့သူ႕လက္ကိုျပန္႐ုတ္လိုက္သည္။
သတိလြတ္သြားတာပဲ~~~

“ဆပ္ျပာျမဳပ္ေတြတင္ေနလို႔ ဖယ္ေပးတာ”

“ၿပီးတာပဲ၊ဒီတိုင္းခ်ည္းပဲ ရပ္မေနနဲ႕ေလ၊
နင္းေျခဖြတ္မွေပါ့”

“သိပါတယ္ဗ်ာ”

အစကတစ္ေယာက္ထဲနင္းတုန္းက
လြတ္လပ္ေပမယ့္ ႏွစ္ေယာက္ဆိုေတာ့
အနည္းငယ္က်ပ္သြားသျဖင့္ သူ႕ေျခေထာက္၊
ကိုယ့္ေျခေထာက္ထိမိသည္မွာ ခနခနပင္။

သူ႕အေနနဲ႕က တမင္တကာထိတာမဟုတ္ေသာ္ျငား
လူဆိုးေကာင္က တမင္လာလာထိၿပီး
သူ႕ေျခေထာက္ကိုလည္း ပြတ္သပ္သြားတတ္သည္။
တစ္ခါမဟုတ္၊ႏွစ္ခါမဟုတ္ေတာ့ သူစိတ္မရွည္ခ်င္ေတာ့။

ေနာက္တစ္ႀကိမ္သူ႕ေျခေထာက္ကိုလာပြတ္သပ္တဲ့
လူဆိုးေကာင္ေျခေထာက္ကိုအားပါပါနဲ႕
သူေဆာင့္ကန္လိုက္သည္။

မွန္းခ်က္ႏွင့္ႏွမ္းထြက္လြဲသြားသည္ပင္။
လူဆိုးေကာင္လွဲသြားေအာင္ကန္လိုက္တာသူဆိုေပမယ့္
အရွိန္နဲ႕ဆပ္ျပာရည္ေခ်ာၿပီးနာက္ပက္လန္သြားတာလည္း
သူပါပဲ။

~~ေခါင္းေတာ့မကြဲေလာက္ပါဘူးေနာ္~~

“အင့္”

ေနာက္လွန္ၿပီးလွဲက်ေတာ့မလိုျဖစ္သြားတဲ့အလွေလးကို
သူျမန္ျမန္ဆြဲလိုက္ေတာ့ သူ႕ရင္ခြင္သို႔ခိုကပ္လာတဲ့
ကိုယ္ငယ္ေလး။ငုံ႕ၾကည့္လိုက္ေတာ့ မ်က္လုံးေတြမွိတ္ထား
သည္မွာ တင္းတင္းၾကပ္ၾကပ္ပင္။
အေတာ္ေလးေၾကာက္သြားတယ္ထင္ပါရဲ႕….။

“ဘာမွမျဖစ္ေတာ့တာမို႔ မ်က္လုံးဖြင့္လို႔ရၿပီ”

“အမ္…ဘာမွမျဖစ္ဘူးလား”

အူေၾကာင္ေၾကာင္လို႔ေျပာရင္လည္း ႀကိဳက္မွာမဟုတ္ေပ။
သို႔ေသာ္ အမွန္တကယ္လည္းအလွေလးက
အူေၾကာင္ၾကားပင္။

“ဒီေလာက္ဆိုရၿပီမလား၊ေရသစ္ျဖည့္ရေအာင္”

တီးေတာင္~တီးေတာင္

ဘဲလ္သံေၾကာင့္ ႏွစ္ေယာက္လုံးလွမ္းၾကည့္လိုက္ေတာ့
သံတံခါးၾကားကေနလက္ျပလာတဲ့ ေစရာမ်ိဳးျမင့္။

~~အဲ့ေကာင္က ဘာလာလုပ္တာလ~~

ႏြေရတုကေတာ့ ျမန္ျမန္ဆန္ဆန္ပင္ တံခါးသြားဖြင့္ေပးေလသည္။
ပါးစပ္မစိနိုင္ေအာင္ ၿပဳံးရယ္ေနတာ
ေတာ္ေတာ္ေလးေပ်ာေနတယ္ထင္ပါရဲ႕..။
ေစရာမ်ိဳးျမင့္က လက္ႏွစ္ဖက္မွာလည္း
အထုတ္ေတြအျပည့္။သူ႕လူ….မွားသြားလို႔…
သူ႕သူငယ္ခ်င္းေရာက္လာတာနဲ႕ လူကိုအဖက္မလုပ္ေတာ့တဲ့
အလွေလးကို Royalကစိတ္ဆိုးပါသည္။

ေစရာမ်ိဳးျမင့္က အခုေနာက္ပိုင္းအလုပ္လုပ္ခ်ိန္နဲ႕
အိပ္စားရမယ့္အခ်ိန္ကလြဲရင္ ႏြေရတုအနားမွာသာ
ရွိေနတတ္သည္။ဒါကိုလည္း Royalက
သေဘာမက်တာပင္။အားအားရွိ အလွေလးအနားကပ္ခ်င္ေနတာ…..

ခနေနေတာ့ အိမ္ထဲကေန ေၾကာင္တစ္ေယာက္တစ္ေကာင္ေပြ႕ကာ
ရယ္ရယ္ၿပဳံးၿပဳံးထြက္လာတဲ့ သူငယ္ခ်င္းႏွစ္ေယာက္။
မစိနိုင္တဲ့ပါးစပ္ေတြကို အပ္ေျပးယူၿပီး
ခ်ဳပ္ေပးလိုက္ရင္ဆိုတဲ့အေတြးဝင္ၿပီး
သူ႕ကိုယ္သူ ကေလးဆန္လိုက္တာလို႔ေတြးမိလိုက္သည္။

ေစာင္ကိုေရကူညစ္ေပးမယ္ဆိုတဲ့သူ႕စိတ္ကူးကို
လက္ေတြ႕အေကာင္အထည္မေဖာ္နိုင္ေတာ့ပါဘူး။
ေရဇလုံထဲကထြက္ကာ ေဘးနားကေရပိုက္ယူၿပီး
ဆပ္ျပာျမဳပ္ေတြနဲ႕သူ႕ေျခေထာက္ကို ေရေဆးခ်လိဳက္သည္။
လိပ္တင္ထားတဲ့ေဘာင္းဘီကိုလည္း
ျပန္ဆြဲခ်ကာ…..

“ေအာ…ၿပီးေတာ့တာလား”

“ခင္ဗ်ားတစ္ေယာက္ထဲလုပ္လိုက္ေတာ့”

“ဟမ္…ဘာလို႔လဲ”

“စိတ္ မ ပါ ေတာ့ လို႔”

တစ္လုံးခ်င္းေျပာၿပီး ေဘးနားရပ္ေနတဲ့
ေထာင့္မက်ိဳးေကာင္ကိုၾကည့္လိုက္ေတာ့
သူ႕ကိုျပန္ၿပီး မထိတထိၾကည့္လာသည္။
ေဘးနားအလွေလးသာမရွိရင္ ‘ခင္ဗ်ားဘယ္လိုၾကည့္ေနတာလဲ’ဟုဆိုကာ
တစ္ပြဲတစ္လမ္းႏႊဲမိမည္မွာ အမွန္ပင္။

“ငါကူလုပ္ေပးမယ္ေလ”

“ေက်းဇူးပဲ”

အေပးအယူညီေနတဲ့ႏွစ္ေယာက္သားကို ေက်ာခိုင္းကာ
ကြပ္ပ်စ္မွာထိုင္ကာေဘးနားခ်ထားတဲ့ဂစ္တာကိုယူလိုက္ၿပီး
စိတ္မၾကည္စြာ တေဒါင္ေဒါင္တီးခတ္ေနလိုက္သည္။
ထိုအသံေၾကာင့္ ဟိုႏွစ္ေယာက္ကခနတာလွည့္ၾကည့္လာၿပီး
တစ္ဖက္သို႔ျပန္လွည့္သြားေလသည္။

သူနဲ႕မဟုတ္တဲ့တစ္ျခားတစ္ေယာက္နဲ႕ ရယ္ေမာေပ်ာ္႐ႊင္ေနတဲ့
အလွေလးကို သူဆြဲေဆာင့္သာလုပ္ပစ္လိုက္ခ်င္တယ္။
စိတ္ၾကည္လို႔ၾကည္ျငား သီခ်င္းတစ္ပုဒ္သီဆိုရန္သာ
သူစဥ္းစားလိုက္ၿပီး ဂစ္တာႀကိဳးေပၚ
အေၾကာေတြေထာင္ေနတဲ့သူ႕လက္ေတြ ေျပးလႊားလိုက္သည္။

~~ဟိုးကတည္းကမင္းရွိတယ္…..

ဒီရင္ဘက္ ဘယ္ဘက္ျခမ္းမွာေနရာယူ…..

မင္းသာငါ့အခ်စ္ဦး…ငါ့အခ်စ္ထူး…..~~

သီခ်င္းဆိုသံေၾကာင့္ လူဆိုးေကာင္ကို
သူၾကည့္လိုက္ေတာ့ သူကလည္းကိုယ့္ကို
ေစ့ေစ့ၾကည့္ကာဆိုေနျခင္းပင္။ဘာအဓိပ္ပယ္နဲ႕ဆိုလဲ
မသိေပမယ့္ ကိုယ့္ကိုစူးစိုက္ၾကည့္ၿပီး
ဆိုေနတာျမင္ေတာ့ ရွက္သလိုလို၊ရင္တုန္သလိုလိုပင္။

~~အေျပာင္းအလဲႀကီး သိပ္မလုပ္နဲ႕….

ဒီလူသား…ယိုင္နဲ႕နဲ႕ပါ……

ဒသဂီရိမဟုတ္ပါဘူး..ငါ့မ်က္ႏွာအဲ့ဒီေလာက္မမ်ားပါဘူးေလ

နင္သာပုံမွန္မရွိေသာ မိုးသက္တိမ္စိုင္ေတြလို…..

ဘယ္ေနရာမွာတစ္ကြက္ၾကား မိုးျဖင့္႐ႊာသြန္းၿဖိဳး….~~

ထိုစာသားေတြကိုေတာ့ လူဆိုးေကာင္က
ပုံမွန္ထက္က်ယ္တဲ့အသံနဲ႕ေအာ္ဆိုလာျခင္းပင္။
သူဝန္မခံခ်င္ေပမယ့္လည္း လူဆိုးေကာင္ရဲ႕ၾသရွရွအသံက
သီခ်င္းဆိုတဲ့အခ်ိန္မွာလည္း နားေထာင္ေကာင္းလွသည္။

~~နင္ဟာ ငါ့တစ္ေယာက္ထဲအတြက္ ငါ့ရဲ႕ကိုယ္ေစာင့္နတ္လို

သိမ္ငယ္ေဇာနဲ႕ေရးတဲ့ ျမတ္နိုးခ်င္းပန္းခ်ီကားတစ္ခ်ပ္လို

အသက္ရွင္ျခင္းတစ္ခုရဲ႕ ဝင္သက္တစ္ခုလို….

ရွိုက္ေနျခင္းမ်ားရဲ႕ ဝင္သက္တစ္ခုလို…..~~

အၾကည္စိုက္ေနၾကတဲ့ ေတာ္ဝင္ေယာက္်ားနဲ႕
ရတုကိုၾကည့္ကာ ေစရာသူ႕ကိုယ္သူလူပို
တစ္ေယာက္လိုပင္ခံစားလာရသည္။

သီခ်င္းကိုfeelingအျပည့္နဲ႕ဆိုေနတဲ့
လူဆိုးေကာင္ကၾကည့္ေကာင္းလိုက္တာ…..

……………………………

(Updateၾကာသြားရင္ခြင့္လႊတ္၊ဒီၾကားထဲ
ကိုယ့္စိတ္အေျခအေန ဘယ္လိုမွမေကာင္းလို႔ပါ❤)

Tags: read novel Royal Husband ’17’, novel Royal Husband ’17’, read Royal Husband ’17’ online, Royal Husband ’17’ chapter, Royal Husband ’17’ high quality, Royal Husband ’17’ light novel, ,

Comment

Leave a Reply

Chapter 18