Royal Husband 2

All chapters are in Royal Husband
A+ A-

သေချာဂရုတစိုက်ပုံဖော်ထားသောလူပုံတူပန်းချီကို
ကြည့်ပြီး ရင်ထဲကြည်နူးမှုတွေကတလိပ်လိပ်ဝင်ရောက်
လာသည်။တိုးတက်လာတဲ့ကိုယ့်လက်ရာကို
ကိုယ်တိုင်ချီးကျူးမိသည်။

ဆိုင်ပြင်ကိုလှမ်းကြည့်လိုက်မိတော့ညဥ့်နက်နေပြီဖြစ်သဖြင့်
လမ်းမကြီးပေါ်မှာပင် အသွားအလာကျဲနေလေပြီ။
“Open”ဆိုတဲ့စာတမ်းလေးကဆိုင်ထဲမှာနေရာယူထားပြီး
“Close”ဆိုတဲ့စာတမ်းလေးကဆိုင်ပြင်သို့မျက်နှာမူထား
သည်မှာ အချိန်တစ်ခုစာကြာနေလေပြီ။

ပန်းချီဆွဲသည့်ထဲစိတ်ရောက်နေသဖြင့်
အချိန်ဒီလောက်ကြာသွားမှန်းမသိလိုက်ပေ။
လက်ကနာရီကိုကြည့်လိုက်တော့10ခွဲနေလေပြီ။
ဆိုင်ကသူ့အတွက်သီးသန့်ခန်းထဲမှာပဲအိပ်လို့ရတယ်
ဆိုသော်ငြား ထင်သလောက်လည်းမိုးမချုပ်သေးသဖြင့်
အိမ်ပြန်ရန်သာ သူဆုံးဖြတ်လိုက်သည်။
ကိုနိုင်နဲ့ကောင်းထက်နဲ့က အားလုံးသိမ်းဆည်းထားခဲ့ပြီ
ဖြစ်၍ သူ့အနေနဲ့မီးပိတ်ပြီး ဆိုင်သော့ခတ်ကာ
အိမ်ပြန်ဖို့ပင်ရှိတော့သည်။

နောက်ဆုံး သူဆွဲထားတဲ့ပုံတူပန်းချီကိုတစ်ချက်ကြည့်ကာ
စားပွဲပေါ်ကပစ္စည်းတွေကိုသိမ်းကာ ဆိုင်နောက်ဖေးက
သူ့အခန်းထဲသို့ဝင်ထားလိုက်သည်။
အခန်းကိုသော့ခတ်ကာ ဆိုင်ပြင်ထွက်လာတော့
ဘေးထောင့်လေးမှာရပ်ထားတဲ့စက်ဘီးအမည်းလေးက
သခင်ကိုစောင့်ကြိုနေသည့်အလား ခပ်မတ်မတ်ပင်။

အိမ်ကဖေဖေ့ကားကိုစီးလို့ရပေမယ့်
ဆိုင်နဲ့အိမ်နဲ့ကအကွာအဝေးဘယ်လောက်မှမရှိသဖြင့်
စက်ဘီးနဲ့သာအသွားအလာလုပ်နေခြင်းပင်။
ကားမောင်းရတာထက် စက်ဘီးနင်းရတာကို
ပိုသဘောကျတာလည်းပါတာပေါ့။

Nway”ဆိုတဲ့ဆိုင်ဆိုင်းဘုတ်ကိုတစ်ချက်မော့ကြည့်ကာ
စက်ဘီးဒေါက်ဖြုတ်ကာနင်းထွက်လာလိုက်သည်။
သွားနေကျလမ်းဖြစ်သည့်အပြင် သူတို့ရပ်ကွက်က
လူရမ်းကားမရှိသလောက်ရှားသဖြင့် ထွေထွေထူးထူးကြောက်စိတ်မရှိပေ။

ပန်းချီဆွဲတာက သူ့ဝါသနာဆိုရင်
Cafeဆိုင်ဖွင့်ချင်တာက သူ့အိပ်မက်ပင်။
ချက်ချက်ချာချာရှိတဲ့နေရာတစ်ခုမှာမကျဥ်းမကျယ်Cafe
ဆိုင်လေးဖွင့်မယ်။စာဖတ်ဝါသနာပါသူတွေအတွက်
ဆိုင်ထောင့်နားမှာ စာအုပ်စင်လေးထားမယ်။
ဆိုင်တွင်းထဲမယ် မြန်မာသီချင်းအပြင်
နိုင်ငံခြားအလွမ်းအဆွေးသီချင်းလေးတွေဖွင့်မယ်။
ဘာလို့ဆို သူကိုယ်တိုင်က
ခပ်မြူးမြူးသီချင်းတွေကိုခံစားလို့မရဘဲ
အဆွေးသီချင်းတွေကိုသာ ခံစားတတ်လို့….

Cafeဆိုင်ဖွင့်ထားလို့ ကော်ဖီဖျော်စပ်တာဝါသနာပါတယ်
မထင်လိုက်ပါနဲ့၊ကော်ဖီပင် မကြိုက်ပေ။
ဒီတိုင်းကော်ဖီဆိုင်လေးထဲမှာ ပန်းချီဆွဲရတဲ့အရသာကို
သဘောကျလို့။

“ဝူးးးးးး”

အတွေးများနေတုန်း ဘေးနားကဖြတ်သွားသောဆိုင်ကယ်ကြောင့် သူ့မှာ
အမေပင်တလိုက်မိသည်။လင်းထိန်နေသောလမ်းမီးတိုင်
တွေဆီကမီးရောင်ကြောင့် ဆိုင်ကယ်တင်မက
မောင်းတဲ့သူပါ တစ်ကိုယ်လုံးအနက်ရောင်ဝတ်ထားတာကို
မြင်လိုက်ရသည်။လမ်းရှင်းတယ်ဆိုတိုင်း
ဒီလောက်အမြန်မောင်းစရာလား။ဒီလိုလူတွေပဲ
Accidentဖြစ်ပြီး အသေစောကြတာ။
အစီးမြန်ချက်ကတော့ သူလှည့်အကြည့်မှာပင်
ကျောပြင်ခပ်သေးသေးသာ မြင်လိုက်ရသည်။

၁၀မိနစ်ထပ်အကြာနင်းပြီးတော့ သူ့အိမ်လေးဆီသို့
ရောက်လာခဲ့ပြီ။မီးဖွင့်ထားခြင်းမရှိတဲ့သူ့ရဲ့တစ်ထပ်တိုက်အိမ်ပုလေးက
မှောင်မဲနေသည်။ဘောင်းဘီအိတ်ထဲက ခြံတံခါးသော့ယူကာ
သော့ဖွင့်လိုက်ပြီး တံခါးဖွင့်လိုက်သည်။
စက်ဘီးလေးကိုအသာတွန်းကာ ခြံထဲဝင်လိုက်ပြီး
အထဲကနေသော့ပြန်ခတ်လိုက်သည်။ဖုန်းမီးဖွင့်လိုက်၏။

အိမ်ပုလေးက ခြံဝင်းအလယ်မှာရှိသဖြင့်
ခြေလှမ်းအနည်းငယ်လှမ်းလိုက်ရသေးသည်။အိမ်ရှေ့သို့အနည်းငယ်အစွန်းထွက်နေသောသွပ်ပြား
အောက် စက်ဘီးထိုးရပ်လိုက်သည်။

အိမ်သော့ဖွင့်ဖို့ တံခါးနားသွားတော့
မနက်ကဆိုင်ဖွင့်ချိန်နောက်ကျနေတာနဲ့မပစ်လိုက်ရတဲ့
အမှိုက်အိတ်အမည်းနှစ်ထုတ်က ထင်ထင်လင်းလင်းပင်။
ထိုအခါမှသာ သူအမှိုက်ပစ်ဖို့သတိရသည်။
အခုလည်း အိပ်ချင်စိတ်မရှိသေးသဖြင့်
တစ်ခါတည်းအမှိုက်ပစ်ဖို့ရည်ရွယ်ကာ
အိမ်သော့မဖွင့်သေးဘဲ အမှိုက်အိတ်ကောက်ကိုင်ကာ
ခြံသော့ပြန်ဖွင့်ပြီး ထွက်လာလိုက်သည်။

တံခါးကိုစေ့ယုံသာစေ့ပြီး မဝေးလှသောရပ်ကွက်အမှိုက်ပုံး
ရှိရာသို့ သူ့ခြေလှမ်းတွေကဦးတည်နေသည်။
ကြာကြာမသွားလိုက်ရပေ၊စုပေါင်းပစ်ထားတဲ့
အမှိုက်တွေက ပြည့်လုပြည့်ချင်ပင်ဖြစ်နေပြီ။
အနည်းငယ်လွတ်နေတဲ့နေရာသို့ အမှိုက်အိတ်တင်လိုက်တော့
ဘေးနားသူများပစ်ထားတဲ့အမှိုက်အိတ်က လှုပ်ရှားသွား
သည်။အနည်းငယ်လှုပ်နေရာမှ
တဖြည်းဖြည်းနဲ့အထဲကနေ အပြင်သို့ထိုးထွက်ချင်နေပုံရကာ
အိတ်ကပိုပြီးလှုပ်ရှားလာသည်။

မဟုတ်မှလွဲရော တစ်ခြားတစ်ယောက်ကမြွေကို
အမှိုက်အိတ်ထဲထည့်ပြီးစွန့်ပစ်သွားတာလားလို့ အတွေးဝင်လာတော့ သူလန့်သွားရသည်။ဒါကြောင့်
သူပြန်ဖို့သာဆုံးဖြတ်လိုက်ပြီး ခြေလှမ်းလှမ်းရန်ပြင်လိုက်တော့…..

“ညောင်”

ကြောင်သံ၊သူတကယ်ကို ကြောင်သံကြားလိုက်ခြင်းပင်ဖြစ်သည်။ဘေးဘီလျှောက်ကြည့်တော့လည်း ကြောင်ရဲ့အရိပ်အယောင်ပင်မတွေ့ပေ။သရဲခြောက်ခံရတာလားလို့တွေးနေတုန်း ကြောင်သံနှစ်သံထွက်လာပြန်သည်။သေချာနားထောင်လိုက်မှ အမှိုက်ပုံဆီကအသံထွက်လာခြင်းပင်။
မဟုတ်မှလွဲရော ခုနကလှုပ်ရှားနေတဲ့အမှိုက်အိတ်တွေထဲက
မြည်နေတာများလား။

“ညောင်”

အမှိုက်အိတ်ဆီမှထပ်ပေါ်လာသောကြောင်မြည်သံကြောင့်
သူစိတ်ဒုန်းဒုန်းချကာ ချည်ထားတာကိုဖြည်လိုက်တော့

“အယ်…ကြောင်ကလေးတွေ”

အမှန်တကယ်ပင် ကြောင်ပေါက်လေးတွေဖြစ်သည်။
ကယ်တင်သူတွေ့သွားသလိုနှယ် မျက်လုံးဝိုင်းပြူးလေးတွေ
နဲ့ သူ့ကိုကြည့်လာကြသည်။ရွှေဝါရောင်အမွေးလေးတွေနဲ့ကြောင်ပေါက်လေးနှစ်ကောင်ကို
အိတ်ထဲမှထုတ်လိုက်တယ်။

ဘယ်လိုလူတွေကများ အကြင်နာတရားစာနာစိတ်မရှိ
ဒီလိုလုပ်ရပ် လုပ်ရက်ရတာပါလိမ့်?????

………………..

(အခုမှအစရှိသေးတော့ ဇာတ်လမ်းကအေးအေးကြီး
ဖြစ်နေတယ်😁)

Zawgyi

ေသခ်ာဂ႐ုတစိုက္ပုံေဖာ္ထားေသာလူပုံတူပန္းခ်ီကို
ၾကည့္ၿပီး ရင္ထဲၾကည္ႏူးမႈေတြကတလိပ္လိပ္ဝင္ေရာက္
လာသည္။တိုးတက္လာတဲ့ကိုယ့္လက္ရာကို
ကိုယ္တိုင္ခ်ီးက်ဴးမိသည္။

ဆိုင္ျပင္ကိုလွမ္းၾကည့္လိုက္မိေတာ့ညဥ့္နက္ေနၿပီျဖစ္သျဖင့္
လမ္းမႀကီးေပၚမွာပင္ အသြားအလာက်ဲေနေလၿပီ။
“Open”ဆိုတဲ့စာတမ္းေလးကဆိုင္ထဲမွာေနရာယူထားၿပီး
“Close”ဆိုတဲ့စာတမ္းေလးကဆိုင္ျပင္သို႔မ်က္ႏွာမူထား
သည္မွာ အခ်ိန္တစ္ခုစာၾကာေနေလၿပီ။

ပန္းခ်ီဆြဲသည့္ထဲစိတ္ေရာက္ေနသျဖင့္
အခ်ိန္ဒီေလာက္ၾကာသြားမွန္းမသိလိုက္ေပ။
လက္ကနာရီကိုၾကည့္လိုက္ေတာ့10ခြဲေနေလၿပီ။
ဆိုင္ကသူ႕အတြက္သီးသန့္ခန္းထဲမွာပဲအိပ္လို႔ရတယ္
ဆိုေသာ္ျငား ထင္သေလာက္လည္းမိုးမခ်ဳပ္ေသးသျဖင့္
အိမ္ျပန္ရန္သာ သူဆုံးျဖတ္လိုက္သည္။
ကိုနိုင္နဲ႕ေကာင္းထက္နဲ႕က အားလုံးသိမ္းဆည္းထားခဲ့ၿပီ
ျဖစ္၍ သူ႕အေနနဲ႕မီးပိတ္ၿပီး ဆိုင္ေသာ့ခတ္ကာ
အိမ္ျပန္ဖို႔ပင္ရွိေတာ့သည္။

ေနာက္ဆုံး သူဆြဲထားတဲ့ပုံတူပန္းခ်ီကိုတစ္ခ်က္ၾကည့္ကာ
စားပြဲေပၚကပစ္စည္းေတြကိုသိမ္းကာ ဆိုင္ေနာက္ေဖးက
သူ႕အခန္းထဲသို႔ဝင္ထားလိုက္သည္။
အခန္းကိုေသာ့ခတ္ကာ ဆိုင္ျပင္ထြက္လာေတာ့
ေဘးေထာင့္ေလးမွာရပ္ထားတဲ့စက္ဘီးအမည္းေလးက
သခင္ကိုေစာင့္ႀကိဳေနသည့္အလား ခပ္မတ္မတ္ပင္။

အိမ္ကေဖေဖ့ကားကိုစီးလို႔ရေပမယ့္
ဆိုင္နဲ႕အိမ္နဲ႕ကအကြာအေဝးဘယ္ေလာက္မွမရွိသျဖင့္
စက္ဘီးနဲ႕သာအသြားအလာလုပ္ေနျခင္းပင္။
ကားေမာင္းရတာထက္ စက္ဘီးနင္းရတာကို
ပိုသေဘာက်တာလည္းပါတာေပါ့။

“Nway”ဆိုတဲ့ဆိုင္ဆိုင္းဘုတ္ကိုတစ္ခ်က္ေမာ့ၾကည့္ကာ
စက္ဘီးေဒါက္ျဖဳတ္ကာနင္းထြက္လာလိုက္သည္။
သြားေနက်လမ္းျဖစ္သည့္အျပင္ သူတို႔ရပ္ကြက္က
လူရမ္းကားမရွိသေလာက္ရွားသျဖင့္ ေထြေထြထူးထူးေၾကာက္စိတ္မရွိေပ။

ပန္းခ်ီဆြဲတာက သူ႕ဝါသနာဆိုရင္
Cafeဆိုင္ဖြင့္ခ်င္တာက သူ႕အိပ္မက္ပင္။
ခ်က္ခ်က္ခ်ာခ်ာရွိတဲ့ေနရာတစ္ခုမွာမက်ဥ္းမက်ယ္Cafe
ဆိုင္ေလးဖြင့္မယ္။စာဖတ္ဝါသနာပါသူေတြအတြက္
ဆိုင္ေထာင့္နားမွာ စာအုပ္စင္ေလးထားမယ္။
ဆိုင္တြင္းထဲမယ္ ျမန္မာသီခ်င္းအျပင္
နိုင္ငံျခားအလြမ္းအေဆြးသီခ်င္းေလးေတြဖြင့္မယ္။
ဘာလို႔ဆို သူကိုယ္တိုင္က
ခပ္ျမဴးျမဴးသီခ်င္းေတြကိုခံစားလို႔မရဘဲ
အေဆြးသီခ်င္းေတြကိုသာ ခံစားတတ္လို႔….

Cafeဆိုင္ဖြင့္ထားလို႔ ေကာ္ဖီေဖ်ာ္စပ္တာဝါသနာပါတယ္
မထင္လိုက္ပါနဲ႕၊ေကာ္ဖီပင္ မႀကိဳက္ေပ။
ဒီတိုင္းေကာ္ဖီဆိုင္ေလးထဲမွာ ပန္းခ်ီဆြဲရတဲ့အရသာကို
သေဘာက်လိဳ႕။

“ဝူးးးးးး”

အေတြးမ်ားေနတုန္း ေဘးနားကျဖတ္သြားေသာဆိုင္ကယ္ေၾကာင့္ သူ႕မွာ
အေမပင္တလိုက္မိသည္။လင္းထိန္ေနေသာလမ္းမီးတိုင္
ေတြဆီကမီးေရာင္ေၾကာင့္ ဆိုင္ကယ္တင္မက
ေမာင္းတဲ့သူပါ တစ္ကိုယ္လုံးအနက္ေရာင္ဝတ္ထားတာကို
ျမင္လိုက္ရသည္။လမ္းရွင္းတယ္ဆိုတိုင္း
ဒီေလာက္အျမန္ေမာင္းစရာလား။ဒီလိုလူေတြပဲ
Accidentျဖစ္ၿပီး အေသေစာၾကတာ။
အစီးျမန္ခ်က္ကေတာ့ သူလွည့္အၾကည့္မွာပင္
ေက်ာျပင္ခပ္ေသးေသးသာ ျမင္လိုက္ရသည္။

၁၀မိနစ္ထပ္အၾကာနင္းၿပီးေတာ့ သူ႕အိမ္ေလးဆီသို႔
ေရာက္လာခဲ့ၿပီ။မီးဖြင့္ထားျခင္းမရွိတဲ့သူ႕ရဲ႕တစ္ထပ္တိုက္အိမ္ပုေလးက
ေမွာင္မဲေနသည္။ေဘာင္းဘီအိတ္ထဲက ၿခံတံခါးေသာ့ယူကာ
ေသာ့ဖြင့္လိုက္ၿပီး တံခါးဖြင့္လိုက္သည္။
စက္ဘီးေလးကိုအသာတြန္းကာ ၿခံထဲဝင္လိုက္ၿပီး
အထဲကေနေသာ့ျပန္ခတ္လိုက္သည္။ဖုန္းမီးဖြင့္လိုက္၏။

အိမ္ပုေလးက ၿခံဝင္းအလယ္မွာရွိသျဖင့္
ေျခလွမ္းအနည္းငယ္လွမ္းလိုက္ရေသးသည္။အိမ္ေရွ႕သို႔အနည္းငယ္အစြန္းထြက္ေနေသာသြပ္ျပား
ေအာက္ စက္ဘီးထိုးရပ္လိုက္သည္။

အိမ္ေသာ့ဖြင့္ဖို႔ တံခါးနားသြားေတာ့
မနက္ကဆိုင္ဖြင့္ခ်ိန္ေနာက္က်ေနတာနဲ႕မပစ္လိုက္ရတဲ့
အမွိုက္အိတ္အမည္းႏွစ္ထုတ္က ထင္ထင္လင္းလင္းပင္။
ထိုအခါမွသာ သူအမွိုက္ပစ္ဖို႔သတိရသည္။
အခုလည္း အိပ္ခ်င္စိတ္မရွိေသးသျဖင့္
တစ္ခါတည္းအမွိုက္ပစ္ဖို႔ရည္႐ြယ္ကာ
အိမ္ေသာ့မဖြင့္ေသးဘဲ အမွိုက္အိတ္ေကာက္ကိုင္ကာ
ၿခံေသာ့ျပန္ဖြင့္ၿပီး ထြက္လာလိုက္သည္။

တံခါးကိုေစ့ယုံသာေစ့ၿပီး မေဝးလွေသာရပ္ကြက္အမွိုက္ပုံး
ရွိရာသို႔ သူ႕ေျခလွမ္းေတြကဦးတည္ေနသည္။
ၾကာၾကာမသြားလိုက္ရေပ၊စုေပါင္းပစ္ထားတဲ့
အမွိုက္ေတြက ျပည့္လုျပည့္ခ်င္ပင္ျဖစ္ေနၿပီ။
အနည္းငယ္လြတ္ေနတဲ့ေနရာသို႔ အမွိုက္အိတ္တင္လိုက္ေတာ့
ေဘးနားသူမ်ားပစ္ထားတဲ့အမွိုက္အိတ္က လႈပ္ရွားသြား
သည္။အနည္းငယ္လႈပ္ေနရာမွ
တျဖည္းျဖည္းနဲ႕အထဲကေန အျပင္သို႔ထိုးထြက္ခ်င္ေနပုံရကာ
အိတ္ကပိုၿပီးလႈပ္ရွားလာသည္။

မဟုတ္မွလြဲေရာ တစ္ျခားတစ္ေယာက္ကေႁမြကို
အမွိုက္အိတ္ထဲထည့္ၿပီးစြန့္ပစ္သြားတာလားလို႔ အေတြးဝင္လာေတာ့ သူလန့္သြားရသည္။ဒါေၾကာင့္
သူျပန္ဖို႔သာဆုံးျဖတ္လိုက္ၿပီး ေျခလွမ္းလွမ္းရန္ျပင္လိုက္ေတာ့…..

“ေညာင္”

ေၾကာင္သံ၊သူတကယ္ကို ေၾကာင္သံၾကားလိုက္ျခင္းပင္ျဖစ္သည္။ေဘးဘီေလွ်ာက္ၾကည့္ေတာ့လည္း ေၾကာင္ရဲ႕အရိပ္အေယာင္ပင္မေတြ႕ေပ။သရဲေျခာက္ခံရတာလားလို႔ေတြးေနတုန္း ေၾကာင္သံႏွစ္သံထြက္လာျပန္သည္။ေသခ်ာနားေထာင္လိုက္မွ အမွိုက္ပုံဆီကအသံထြက္လာျခင္းပင္။
မဟုတ္မွလြဲေရာ ခုနကလႈပ္ရွားေနတဲ့အမွိုက္အိတ္ေတြထဲက
ျမည္ေနတာမ်ားလား။

“ေညာင္”

အမွိုက္အိတ္ဆီမွထပ္ေပၚလာေသာေၾကာင္ျမည္သံေၾကာင့္
သူစိတ္ဒုန္းဒုန္းခ်ကာ ခ်ည္ထားတာကိုျဖည္လိုက္ေတာ့

“အယ္…ေၾကာင္ကေလးေတြ”

အမွန္တကယ္ပင္ ေၾကာင္ေပါက္ေလးေတြျဖစ္သည္။
ကယ္တင္သူေတြ႕သြားသလိုႏွယ္ မ်က္လုံးဝိုင္းျပဴးေလးေတြ
နဲ႕ သူ႕ကိုၾကည့္လာၾကသည္။ေ႐ႊဝါေရာင္ေလးေတြနဲ႕ေၾကာင္ေပါက္ေလးႏွစ္ေကာင္ကို
အိတ္ထဲမွထုတ္လိုက္တယ္။

ဘယ္လိုလူေတြကမ်ား အၾကင္နာတရားစာနာစိတ္မရွိ
ဒီလိုလုပ္ရပ္ လုပ္ရက္ရတာပါလိမ့္?????

………………..

(အခုမွအစရွိေသးေတာ့ ဇာတ္လမ္းကေအးေအးႀကီး
ျဖစ္ေနတယ္😁)

Tags: read novel Royal Husband 2, novel Royal Husband 2, read Royal Husband 2 online, Royal Husband 2 chapter, Royal Husband 2 high quality, Royal Husband 2 light novel, ,

Comment

Leave a Reply

Chapter 2