Royal Husband 20

All chapters are in Royal Husband
A+ A-

“အပြင်မှာနေတာ အဆင်ပြေရဲ့လား”

ပန်းကန်ထဲကအသားကိုခက်ရင်းနှင့်ထိုးဆွနေတုန်း
ခုံရှည်ထိပ်ကထိုင်နေသော အဘိုးကိုလှမ်းကြည့်လိုက်တော့
တစ်ခြားသူတွေရောပါကြည့်လာကြသည်။

“ဒီအိမ်မှာထက် အဲ့မှာပိုပြီးနေပျော်ပါတယ်”

သူ့စကားအဆုံးမျက်နှာချင်းဆိုင်မှာထိုင်နေတဲ့
ဦးဇာနည်တော်ဝင်က မျက်နှာပျက်သွားလေသည်။
အမှန်အတိုင်းပြောလိုက်တာကို အဲ့လောက်ထိ
မျက်နှာပျက်စရာလိုလို့လား…။

“နေပျော်သလောက်နေပြီးရင် အိမ်ပြန်လာတော့”

ထိုစကားကိုတော့ ဦးဇာနည်ကသူ့သားကိုကြည့်ကာ
ပြောလာခြင်းပင်။သူ့စကားကြောင့် Royalက
မဲ့ပြုံးပြုံးကာ

“တစ်သက်လုံး အဲဲ့ဒီမှာနေပျော်ရင်ရော”

“တော်ဝင်ယောက်ျား!!”

ဦးဇာနည်ပုံစံကိုကြည့်ယုံနှင့် ဘာတွေသိထားသလဲ
ဆိုတာ သူရိပ်မိနေလေပြီ။ဥပမာ..အလှလေးကို
သူသဘောကျနေတာကိုပေါ့။

“မင်းအသက်ငယ်တော့တာမဟုတ်ဘူး၊
လုပ်ငန်းလည်း အတည်တကျရှိနေပြီပဲ၊
အိမ်ထောင်ပြုဖို့အချိန်တန်ပြီ”

“ပြုမှာပါ၊ကျွန်တော်ချစ်တဲ့သူနဲ့၊
တစ်သက်လုံးတစ်ယောက်တည်းနေသွားမယ်လို့လည်း
ဘယ်သူ့ကိုမှ မပြောဖူးပါဘူး”

သားအဖနှစ်ယောက်စကားနိုင်လုနေကြခြင်းကို
မည်သူကမှ ဝင်မပြောလာကြချေ။
မသိသလိုပြုကာဖြင့် ထမင်းစား​နေကြလေသည်။

“မင်းနဲ့သင့်တော်မယ့်မိန်းကလေး ငါတွေ့ထားတယ်”

“ဟက်”

Royalက မထိတထိရယ်သံဖြင့်တုံ့ပြန်လာသော်ငြား
ထမင်းစားနေတဲ့သူတွေကတော့ ခေါင်းမော့ကြည့်လာ
ကြသည်။ဒေါ်မိုးကလျာမျက်နှာက ကျေနပ်နေတဲ့အရိပ်
အယောင်တွေမြင်နေရပေမယ့် သူယောင်မယ်ကတော့
ခဏတာမော့ကြည့်ပြီးအကြာ သူနဲ့မဆိုင်သလိုပင်
နေလိုက်သည်။တကယ်လည်း သူမနဲ့မဆိုင်ဘဲ…။

“ကျွန်တော့်ကို ဒုတိယဦးဇာနည်တော်ဝင်
ဖြစ်စေချင်နေတာတော့ မဟုတ်ဘူးမလား”

သူ့စကားအဆုံး ဦးဇာနည်ကမျက်လုံးပြူးသွားလေသည်။
ဝိုင်းမှာထိုင်နေတဲ့လူတွေကလည်း ဒီစကားနိုင်လုပွဲကို
စိတ်ဝင်စားနေကြပြီ။ခနနေတော့ ဦးဇာနည်က
ထိုစကားကိုဘယ်လိုမှမခံစားရသလိုပင်
စကားပြောလာလေသည်။

“သမီးမယ်နဲ့ဆိုဘယ်လိုလဲ၊
မင်းတို့နှစ်ယောက်က လိုက်ဖက်နေတာပဲမဟုတ်လား”

သူမနာမည်ကြားတော့ သူယောင်မယ်က
ခေါင်းပြန်မတ်လာကာ ငြင်းဖို့ပြင်လိုက်ပေမယ့်
ဒေါ်မိုးကလျာက စိုက်ကြည့်နေသောကြောင့်
ပြန်ငြိမ်နေလိုက်ရသည်။ဒေါ်လေးကို
သူမ မလွန်ဆန်နိုင်ပေ…

“ဟိုးတစ်ခါတုန်းကလည်း ကျွန်တော်ပြောပြီးပြီထင်တယ်၊
အဒေါ်က မယားငယ်ဆိုရင် တူမကိုလည်း
မယားနှောင်းနေရာထားလို့ အဆင်ပြေတာပဲ”

“မင်း!!ကြာလေရိုင်းလေပါလား”

“ငါ့မြေးကိုရိုင်းတယ်ပြောရဲတယ်ပေါ့လေ”

“အဖေ!!”

ကိုယ့်သားပေမယ့် ကိုယ်မနိုင်သောလူပင်။
အဖေကလည်း သူ့မြေးကိုပြောရင်အထိမခံနိုင်သူ
ဖြစ်သောကြောင့် ဆက်ပြောမယ့်စကားတွေကို
ပြန်မျိုချလိုက်ရသည်။

“လာမည့်လကျရင် ကိုကိုhusbandမွေးနေ့ရောက်ပြီ”

တိတ်ဆိတ်နေသောအခြေအနေကို နိုနိုက
ဖြိုခွဲလိုက်လေသည်။

“မင်းဘယ်လိုသိလဲ”

“မမပြောပြတာ”

“အို…ဟုတ်သားပဲ၊မိုးပြောဖို့မေ့နေတာ၊
Royalကိုမွေးနေ့လက်ဆောင် ကားဝယ်ပေးမလားလို့လေ”

ဒေါ်မိုးကလျာစကားအဆုံး အားလုံးလိုလိုက
သူမကိုသဘောမကျဟန်ဖြင့်ကြည့်လာကြသည်။
Royalကားမစီးရဲတာသိသိကြီးနဲ့ ကားဝယ်ပေးမယ်
ဆိုတော့ သူမဘက်ကမသိမသာRoyalကို
စိန်ခေါ်လိုက်​ခြင်းပင်။

“ကျွန်တော်က နောက်ဆုံးပေါ်ကားမှစီးချင်တယ်ဆိုရင်ရော၊
ဝယ်ပေးနိုင်ပါ့မလား”

Royalဟာ Royalပါပဲ။
ဒယ်ဒီက သူ့နောက်မိန်းမကိုပိုက်ဆံပေးမကိုင်တာ
သိထားတဲ့သူ့အတွက် ထိုရိုက်နှက်ချက်ကို
ပြန်ချေပဖို့ရန် အလွယ်တကူပင်။

ဒေါ်မိုးကလျာကတော့ မျက်နှာပျက်နေလေပြီပင်။
Royalအတွက်အထိနာစေမယ့်စကားပြောလိုက်ပေမယ့်
တကယ်တမ်းအထိနာသွားတာ သူမပင်ဖြစ်သည်။

ဘာမဆိုင်ညာမဆိုင် နိုဘယ်တော်ဝင်က
လက်ခုပ်ထတီးသဖြင့် မသိမသာအံကြိတ်မိသည်။

……… …………………..

~~နင်ဆိုတာ ပြိုင်ဘက်မရှိ တစ်ယောက်တည်းငါ့ချစ်သူပါ

ယုံချင်ယုံမယုံချင်နေ နင်တစ်နေ့တော့နားလည်မှာ

တကယ်ဆို လူမသိသူမသိချစ်ခဲ့ရတဲ့ နေ့ပေါင်းများစွာ~~

ရုံးပိတ်ရက်မို့ ရတုဆီသွားရန်အတွက်
ကားမောင်းကာထွက်လာစဥ် လူသွားလမ်းပေါ်က
တွန်းလှည်းထီရောင်းသမားထံမှလွင့်ပျံလာသော
သီချင်းသံကြောင့် သူ့စိတ်ထဲတစ်မျိုးဖြစ်သွားသည်။

~~မင်းကြောင့်အသည်းလည်း ခနခနကွဲပါတယ်

~~မင်းကြောင့် ဘဝခွန်အားတွေရခဲ့တယ်
ဒီလိုပဲပေါ့ အရာရာမှာအဆိုးနဲ့အကောင်းဟာ
အမြဲဒွန်တွဲတော့

~~ငါနာကျင်နေလည်း အချစ်တွေမပြယ်

~~ပေျာ်ရွှင်စရာ အချိန်နည်းလွန်းပေမယ့်
မငြိုမငြင် လူမသိသူမသိဆက်ချစ်ဦးမယ်
နှစ်ပေါင်းများစွာ……..

တကယ်ကို သူ့ခံစားချက်နဲ့ထပ်တူကျတဲ့
သီချင်းပင်။ချစ်သူမဖြစ်ချင်နေ၊အနီးနားမှာနေရရင်ကို
ကျေနပ်ပါပြီဆိုတဲ့စကားတွေက အပြောလွယ်ပေမယ့်
တကယ်တမ်းကျ အလွန်ခက်ခဲသည်။

သူငယ်ချင်းဆိုတဲ့စည်းကနေကျော်လွန်ချင်ပေမယ့်
ဖွင့်ပြောလိုက်လို့ မုန်းသွားမလားတွေးမိရင်
ရင်ကွဲရပြန်ပါသည်။အဲ့လိုအခြေအနေထက်
ဒီတိုင်းလေးပဲ သူငယ်ချင်းအဖြစ်ဘေးနားတစ်သက်လုံး
ရှိနေနိုင်တာ ဘယ်လောက်ကောင်းလိုက်သလဲ။

တစ်နေ့ကျရင်တော့ သူငယ်ချင်းစည်းကနေ
ကျော်လွန်နိုင်ဖို့ သူရဲဆေးတင်ရပါဦးမည်….။

…………………. ………

(Updateကြာသွားတာ နားလည်ပေးပါ၊
ဒီကြားထဲ ကိုယ့်စိတ်အခြေအနေ လုံးဝမ​ကောင်းပါဘူး။
လွန်လဲ့တဲ့နှစ်လကျော်က ကိုယ့်အိမ်ကကြောင်မကြီးက
ကလေးနှစ်ကောင်မွေးတယ်။

ကြောင်ပေါက်စလေးနှစ်ကောင်ကြောင့်ပဲ
ကိုယ်ကဒီFicရေးဖို့စိတ်ကူးရခဲ့တာပါ။
လွန်ခဲ့တဲ့ရက်အနည်းငယ်က ပြောင်ကြူးလို့နာမည်ပေးထားတဲ့
ကိုယ့်သားပေါက်စလေးသေသွားတယ်။

အိမ်မှာရှိတဲ့ကြောင်ရှစ်ကောင်က ဒီလအတွင်းသုံးကောင်
ရှေ့ဆင့်နောက်ဆင့်သေသွားတာ။ငိုကြွေးခဲ့ရတဲ့နေ့တွေပေါ့။

ပေါက်စလေးသေတော့ ဒီFicရေးဖို့အားမရှိတော့သလို
ဖြစ်သွားတယ်။ငါ့သားလေးကို ငါရေးတဲ့Ficထဲမှာတော့
အသက်ရှည်ရှည်နေခိုင်းမယ်လို့တွေးပြီး
ဆက်ရေးရတယ်။updateကြာသွားတဲ့အတွက်
နားလည်ပေးကြပါလို့ပြောချင်ပါတယိ❤)

Zawgyi

“အျပင္မွာေနတာ အဆင္ေျပရဲ႕လား”

ပန္းကန္ထဲကအသားကိုခက္ရင္းႏွင့္ထိုးဆြေနတုန္း
ခုံရွည္ထိပ္ကထိုင္ေနေသာ အဘိုးကိုလွမ္းၾကည့္လိုက္ေတာ့
တစ္ျခားသူေတြေရာပါၾကည့္လာၾကသည္။

“ဒီအိမ္မွာထက္ အဲ့မွာပိုၿပီးေနေပ်ာ္ပါတယ္”

သူ႕စကားအဆုံးမ်က္ႏွာခ်င္းဆိုင္မွာထိုင္ေနတဲ့
ဦးဇာနည္ေတာ္ဝင္က မ်က္ႏွာပ်က္သြားေလသည္။
အမွန္အတိုင္းေျပာလိုက္တာကို အဲ့ေလာက္ထိ
မ်က္ႏွာပ်က္စရာလိုလို႔လား…။

“ေနေပ်ာ္သေလာက္ေနၿပီးရင္ အိမ္ျပန္လာေတာ့”

ထိုစကားကိုေတာ့ ဦးဇာနည္ကသူ႕သားကိုၾကည့္ကာ
ေျပာလာျခင္းပင္။သူ႕စကားေၾကာင့္ Royalက
မဲ့ၿပဳံးၿပဳံးကာ

“တစ္သက္လုံး အဲဲ့ဒီမွာေနေပ်ာ္ရင္ေရာ”

“ေတာ္ဝင္ေယာက္်ား!!”

ဦးဇာနည္ပုံစံကိုၾကည့္ယုံႏွင့္ ဘာေတြသိထားသလဲ
ဆိုတာ သုရိပ္မိေနေလၿပီ။ဥပမာ..အလွေလးကို
သူသေဘာက်ေနတာကိုေပါ့။

“မင္းအသက္ငယ္ေတာ့တာမဟုတ္ဘူး၊
လုပ္ငန္းလည္း အတည္တက်ရွိေနၿပီပဲ၊
အိမ္ေထာင္ျပဳဖို႔အခ်ိန္တန္ၿပီ”

“ျပဳမွာပါ၊ကြၽန္ေတာ္ခ်စ္တဲ့သူနဲ႕၊
တစ္သက္လုံးတစ္ေယာက္တည္းေနသြားမယ္လို႔လည္း
ဘယ္သူ႕ကိုမွ မေျပာဖူးပါဘူး”

သားအဖႏွစ္ေယာက္စကားနိုင္လုေနၾကျခင္းကို
မည္သူကမွ ဝင္မေျပာလာၾကေခ်။
မသိသလိုျပဳကာျဖင့္ ထမင္းစားေနၾကေလသည္။

“မင္းနဲ႕သင့္ေတာ္မယ့္မိန္းကေလး ငါေတြ႕ထားတယ္”

“ဟက္”

Royalက မထိတထိရယ္သံျဖင့္တုံ႕ျပန္လာေသာ္ျငား
ထမင္းစားေနတဲ့သူေတြကေတာ့ ေခါင္းေမာ့ၾကည့္လာ
ၾကသည္။ေဒၚမိုးကလ်ာမ်က္ႏွာက ေက်နပ္ေနတဲ့အရိပ္
အေယာင္ေတြျမင္ေနရေပမယ့္ သူေယာင္မယ္ကေတာ့
ခဏတာေမာ့ၾကည့္ၿပီးအၾကာ သူနဲ႕မဆိုင္သလိုပင္
ေနလိုက္သည္။တကယ္လည္း သူမနဲ႕မဆိုင္ဘဲ…။

“ကြၽန္ေတာ့္ကို ဒုတိယဦးဇာနည္ေတာ္ဝင္
ျဖစ္ေစခ်င္ေနတာေတာ့ မဟုတ္ဘူးမလား”

သူ႕စကားအဆုံး ဦးဇာနည္ကမ်က္လုံးျပဴးသြားေလသည္။
ဝိုင္းမွာထိုင္ေနတဲ့လူေတြကလည္း ဒီစကားနိုင္လုပြဲကို
စိတ္ဝင္စားေနၾကၿပီ။ခနေနေတာ့ ဦးဇာနည္က
ထိုစကားကိုဘယ္လိုမွမခံစားရသလိုပင္
စကားေျပာလာေလသည္။

“သမီးမယ္နဲ႕ဆိုဘယ္လိုလဲ၊
မင္းတို႔ႏွစ္ေယာက္က လိုက္ဖက္ေနတာပဲမဟုတ္လား”

သူမနာမည္ၾကားေတာ့ သူေယာင္မယ္က
ေခါင္းျပန္မတ္လာကာ ျငင္းဖို႔ျပင္လိုက္ေပမယ့္
ေဒၚမိုးကလ်ာက စိုက္ၾကည့္ေနေသာေၾကာင့္
ျပန္ၿငိမ္ေနလိုက္ရသည္။ေဒၚေလးကို
သူမ မလြန္ဆန္နိုင္ေပ…

“ဟိုးတစ္ခါတုန္းကလည္း ကြၽန္ေတာ္ေျပာၿပီးၿပီထင္တယ္၊
အေဒၚက မယားငယ္ဆိုရင္ တူမကိုလည္း
မယားႏွောင္းေနရာထားလို႔ အဆင္ေျပတာပဲ”

“မင္း!!ၾကာေလရိုင္းေလပါလား”

“ငါ့ေျမးကိုရိုင္းတယ္ေျပာရဲတယ္ေပါ့ေလ”

“အေဖ!!”

ကိုယ့္သားေပမယ့္ ကိုယ္မနိုင္ေသာလူပင္။
အေဖကလည္း သူ႕ေျမးကိုေျပာရင္အထိမခံနိုင္သူ
ျဖစ္ေသာေၾကာင့္ ဆက္ေျပာမယ့္စကားေတြကို
ျပန္မ်ိဳခ်လိဳက္ရသည္။

“လာမည့္လက်ရင္ ကိုကိုhusbandေမြးေန႕ေရာက္ၿပီ”

တိတ္ဆိတ္ေနေသာအေျခအေနကို နိုနိုက
ၿဖိဳခြဲလိုက္ေလသည္။

“မင္းဘယ္လိုသိလဲ”

“မမေျပာျပတာ”

“အို…ဟုတ္သားပဲ၊မိုးေျပာဖို႔ေမ့ေနတာ၊
Royalကိုေမြးေန႕လက္ေဆာင္ ကားဝယ္ေပးမလားလို႔ေလ”

ေဒၚမိုးကလ်ာစကားအဆုံး အားလုံးလိုလိုက
သူမကိုသေဘာမက်ဟန္ျဖင့္ၾကည့္လာၾကသည္။
Royalကားမစီးရဲတာသိသိႀကီးနဲ႕ ကားဝယ္ေပးမယ္
ဆိုေတာ့ သူမဘက္ကမသိမသာRoyalကို
စိန္ေခၚလိုက္ျခင္းပင္။

“ကြၽန္ေတာ္က ေနာက္ဆုံးေပၚကားမွစီးခ်င္တယ္ဆိုရင္ေရာ၊
ဝယ္ေပးနိုင္ပါ့မလား”

Royalဟာ Royalပါပဲ။
ဒယ္ဒီက သူ႕ေနာက္မိန္းမကိုပိုက္ဆံေပးမကိုင္တာ
သိထားတဲ့သူ႕အတြက္ ထိုရိုက္ႏွက္ခ်က္ကို
ျပန္ေခ်ပဖို႔ရန္ အလြယ္တကူပင္။

ေဒၚမိုးကလ်ာကေတာ့ မ်က္ႏွာပ်က္ေနေလၿပီပင္။
Royalအတြက္အထိနာေစမယ့္စကားေျပာလိုက္ေပမယ့္
တကယ္တမ္းအထိနာသြားတာ သူမပင္ျဖစ္သည္။

ဘာမဆိုင္ညာမဆိုင္ နိုဘယ္ေတာ္ဝင္က
လက္ခုပ္ထတီးသျဖင့္ မသိမသာအံႀကိတ္မိသည္။

……… …………………..

~~နင္ဆိုတာ ၿပိဳင္ဘက္မရွိ တစ္ေယာက္တည္းငါ့ခ်စ္သူပါ

ယုံခ်င္ယုံမယုံခ်င္ေန နင္တစ္ေန႕ေတာ့နားလည္မွာ

တကယ္ဆို လူမသိသူမသိခ်စ္ခဲ့ရတဲ့ ေန႕ေပါင္းမ်ားစြာ~~

႐ုံးပိတ္ရက္မို႔ ရတုဆီသြားရန္အတြက္
ကားေမာင္းကာထြက္လာစဥ္ လူသြားလမ္းေပၚက
တြန္းလွည္းထီေရာင္းသမားထံမွလြင့္ပ်ံလာေသာ
သီခ်င္းသံေၾကာင့္ သူ႕စိတ္ထဲတစ္မ်ိဳးျဖစ္သြားသည္။

~~မင္းေၾကာင့္အသည္းလည္း ခနခနကြဲပါတယ္

~~မင္းေၾကာင့္ ဘဝခြန္အားေတြရခဲ့တယ္
ဒီလိုပဲေပါ့ အရာရာမွာအဆိုးနဲ႕အေကာင္းဟာ
အၿမဲဒြန္တြဲေတာ့

~~ငါနာက်င္ေနလည္း အခ်စ္ေတြမျပယ္

~~ပေျာ်ရွှင်စရာ အခ်ိန္နည္းလြန္းေပမယ့္
မၿငိဳမျငင္ လူမသိသူမသိဆက္ခ်စ္ဦးမယ္
ႏွစ္ေပါင္းမ်ားစြာ……..

တကယ္ကို သူ႕ခံစားခ်က္နဲ႕ထပ္တူက်တဲ့
သီခ်င္းပင္။ခ်စ္သူမျဖစ္ခ်င္ေန၊အနီးနားမွာေနရရင္ကို
ေက်နပ္ပါၿပီဆိုတဲ့စကားေတြက အေျပာလြယ္ေပမယ့္
တကယ္တမ္းက် အလြန္ခက္ခဲသည္။

သူငယ္ခ်င္းဆိုတဲ့စည္းကေနေက်ာ္လြန္ခ်င္ေပမယ့္
ဖြင့္ေျပာလိုက္လို႔ မုန္းသြားမလားေတြးမိရင္
ရင္ကြဲရျပန္ပါသည္။အဲ့လိုအေျခအေနထက္
ဒီတိုင္းေလးပဲ သူငယ္ခ်င္းအျဖစ္ေဘးနားတစ္သက္လုံး
ရွိေနနိုင္တာ ဘယ္ေလာက္ေကာင္းလိုက္သလဲ။

တစ္ေန႕က်ရင္ေတာ့ သူငယ္ခ်င္းစည္းကေန
ေက်ာ္လြန္နိုင္ဖို႔ သူရဲေဆးတင္ရပါဦးမည္….။

…………………. ………

(Updateၾကာသြားတာ နားလည္ေပးပါ၊
ဒီၾကားထဲ ကိုယ့္စိတ္အေျခအေန လုံးဝမေကာင္းပါဘူး။
လြန္လဲ့တဲ့ႏွစ္လေက်ာ္က ကိုယ့္အိမ္ကေၾကာင္မႀကီးက
ကေလးႏွစ္ေကာင္ေမြးတယ္။

ေၾကာင္ေပါက္စေလးႏွစ္ေကာင္ေၾကာင့္ပဲ
ကိုယ္ကဒီFicေရးဖို႔စိတ္ကူးရခဲ့တာပါ။
လြန္ခဲ့တဲ့ရက္အနည္းငယ္က ေျပာင္ၾကဴးလို႔နာမည္ေပးထားတဲ့
ကိုယ့္သားေပါက္စေလးေသသြားတယ္။

အိမ္မွာရွိတဲ့ေၾကာင္ရွစ္ေကာင္က ဒီလအတြင္းသုံးေကာင္
ေရွ႕ဆင့္ေနာက္ဆင့္ေသသြားတာ။ငိုေႂကြးခဲ့ရတဲ့ေန႕ေတြေပါ့။

ေပါက္စေလးေသေတာ့ ဒီFicေရးဖို႔အားမရွိေတာ့သလို
ျဖစ္သြားတယ္။ငါ့သားေလးကို ငါေရးတဲ့Ficထဲမွာေတာ့
အသက္ရွည္ရွည္ေနခိုင္းမယ္လို႔ေတြးၿပီး
ဆက္ေရးရတယ္။updateၾကာသြားတဲ့အတြက္
နားလည္ေပးၾကပါလို႔ေျပာခ်င္ပါတယိ)

Tags: read novel Royal Husband 20, novel Royal Husband 20, read Royal Husband 20 online, Royal Husband 20 chapter, Royal Husband 20 high quality, Royal Husband 20 light novel, ,

Comment

Leave a Reply

Chapter 21