Royal Husband 24

All chapters are in Royal Husband
A+ A-

~~ကိုယ့်ရဲ့အလင်းရောင် မင်းကလေးပဲ

လမ်းပြကူညီ ညွှန်ကြားပါကွယ်

ငွေစင်ကြယ်လည်း မင်းပါပဲ

နီယွန်မီးများထက် အလင်းပိုတယ်~~

Recommend song:::ကြည်ဖြူပါ

………………….

လက်ထဲက ဓာတ်ပုံအထပ်လိုက်ကိုကြည့်ပြီး
သူမ ခပ်မဲ့မဲ့ပြုံးမိသည်။

သူမသားက ယောက်ျားလေးတစ်ယောက်ကိုသဘောကျ​နေတယ်ဆိုတာတောင် မသိခဲ့ဘူးပဲ။
ဓာတ်ပုံထဲမှာတော့ သားဖြစ်သူကပန်းစည်းကိုင်ကာ
ကောင်လေးတစ်ယောက်ကို ချစ်ခွင့်ပန်နေပုံပင်။
စုံစမ်းသိရှိရသလောက်ကတော့ ကောင်လေးက
သားသူငယ်ချင်းဆိုပဲ။ခင်မင်လာတာ နှစ်ပေါင်းမနည်းတော့
ပေမယ့် သားဘက်ကကောင်လေးနဲ့သူမကို မိတ်ဆက်ပေးလာ
ခြင်းမရှိသလို သူမဘက်ကလည်း သားအကြောင်းကို
စိတ်ဝင်စားခဲ့ခြင်းမရှိခဲ့တာအမှန်။

ကောင်လေးတစ်ယောက်တည်းသီးသန့်ပုံကိုကြည့်လိုက်တော့
ချောသည်၊ချောသည်ထက် လှသည့်ဘက်ကိုသွားသည်ဟု
ပြောလျှင်ပိုမှန်မည်။မျက်လုံးကြည်ကြည်ဝိုင်းဝိုင်းလေးနဲ့
နှုတ်ခမ်းရဲစိုစိုလေး၊နှာခေါင်းထိပ်ကမှဲ့လေးကလည်း
ကောင်လေးအလှကို ပံ့ပိုးနေသယောင်။
သူမသားသဘောကျရင်လည်းကျချင်စရာပင်။
ကောင်လေးက တယ်လည်းချောလှသကိုးးးးး

Royalသဘောကျနေတာ ယောက်ျားလေးတစ်ယောက်ဆို
တာသိပေမယ့် သားသဘောကျနေတဲ့သူဆိုတာတော့
အခုမှသိရခြင်းပင်ဖြစ်သည်။တစ်ယောက်တည်းကို
သဘောကျနေကြတာ ကောင်းတဲ့ရေစက်တော့မဖြစ်နိုင်။
တစ်ယောက်ကတော့ သေချာပေါက်အသည်းကွဲကာ
ကျန်နေခဲ့မှာအသေအချာ။သားဖြစ်သူကို
ယောက်ျားလေးတစ်ယောက်နဲ့သဘောမတူနိုင်ပေမယ့်
Royalကိုနောက်ကောက်ကျကာ ကျန်ခဲ့စေချင်သည်။

Royalကိုအနိုင်ရပြီးမှ သားကိုမိန်းမပေးစားလည်း
အချိန်မနှောင်းသေး။Royalရဲ့ဝမ်းနည်းပက်လက်
ဟစ်အော်ငိုကြွေးနေမယ့်ပုံရိပ်ကို မျက်လုံးထဲပုံဖော်ကြည့်ရင်း
သဘောကျစွာပြုံးမိသည်။

ချောလှလွန်းတဲ့ကောင်လေးက သူမအတွက်အသုံးဝင်မယ်မှန်းသိရင် စောကတည်းက
စုံစမ်းခဲ့သင့်တယ်။ဘာပဲဖြစ်ဖြစ် ခုချိန်သိတာလည်း
နောက်မကျသေးပေ။တစ်ဆက်ထဲမှာပဲ သူမခေါင်းထဲ
ထိုကောင်လေးကို နှောင့်ယှက်မယ့်အစီအစဥ်တွေ
တွေးတောရသည်။

ကိုယ်ချစ်နေတဲ့သူနာကျင်တာကိုမြင်ရတာ
ဘယ်လောက်ဝမ်းနည်းစရာကောင်းလဲဆိုတာ
Royalသိသင့်တယ်မဟုတ်လား????

……………………………

အောက်သို့ငိုက်ကျသွားတဲ့ခေါင်းကြောင့်
လန့်နှိုးလာရသည်။ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့
လင်းထိန်နေလေပြီ။သူညတုန်းက အလှလေးကို
သီချင်းနဲ့ချော့ရင်း အပြင်ထွက်လာမလားဆိုတာ
စောင့်ကြည့်ရင်းနဲ့ အခန်းတံခါးကျောမှီကာ
အိပ်ပျော်သွားခြင်းဖြစ်သည်။ညဥ့်နက်မှ
ကိုယ်တိုင်မသိလိုက်ပဲအိပ်ပျော်သွားခြင်းကြောင့်
နှိုးလာတဲ့အခါအချိန်လင့်နေသည်မှာ နာရီပြေးကြည့်စရာ
ပင်မလို။

ကိုယ်လက်သန့်စင်ရန်အတွက် မတ်တပ်ထရပ်လိုက်တော့
ကိုယ်ပေါ်ကကွာကျသွားတဲ့အရာတစ်ခု။ငုံ့ကြည့်လိုက်တော့
စောင်ပါးလေးတစ်ထည်။သူကောက်ကိုင်ကြည့်ကာ
အတွေးများသွားရသည်။ချော့ချင်စိတ်များပြီး
ထိုင်စောင့်ရင်းအိပ်ပျော်သွားတဲ့အချိန်တောင်မသိတာ
စောင်ခြုံဖို့ဆိုဝေး၊သတိတောင်မရပေ။ဒါဆို ဒီစောင်သူ့ကိုယ်
ပေါ်ရောက်နေရတဲ့အကြောင်းရင်းက တစ်ခုထဲ။

အလှလေးက သူ့ကိုခြုံပေးသွားတာပေါ့…

“ဟက်”

သွားစွယ်လေးပေါ်အောင်ပင် သူပြုံးရယ်မိသည်။
သူ့ကိုစိတ်ဆိုးနေတဲ့အချိန်မှာတောင် ဂရုစိုက်ပေးဖို့မမေ့ချေ။
ဒါလေးကို လက်လွှတ်ဖို့ရာမဖြစ်နိုင်တော့ပေ။
သေချာပေါက် အလှလေးကသူ့အပိုင်ဖြစ်လာရမည်။

အလှလေးရဲ့အခန်းဘက်ကိုကြည့်လိုက်တော့ အခန်းတံခါးကို
ကြားခံပစ္စည်းခံကာ အနည်းငယ်ဟထားလေသည်။
ဒါအလှလေးအခန်းထဲမရှိဘူးဆိုသည့်သဘောပင်။
အခန်းတံခါးဟထားရခြင်းက ကြောင်ပေါက်လေးနှစ်ကောင်
အခန်းထဲဝင်အိပ်လို့ရအောင်လုပ်ထားခြင်း။

အိမ်ထဲမှာလည်းအသံမကြား၊ခြံထဲမှာများရှိမလားအတွေးနဲ့
လိုက်ကြည့်တော့လည်း ရေဖြန်းထားတဲ့ပန်းပင်တွေကလွဲ
လူရိပ်ယောင်မမြင်ရ။တစ်ဆိတ်…သွပ်မိုးအောက်ထားလေ့ရှိတဲ့စက်ဘီးလည်း
ပျောက်နေလေသည်။အကြောင်းအရာတွေကိုဆက်စပ်လိုက်ခြင်းအားဖြင့်
အလှလေးက စပ်ဘီးနဲ့အပြင်ထွက်သွားသည်မှာသေချာသည်။

သူ့ကိုမနှိုးဘဲထွက်သွားတဲ့အလှလေးကိုစိတ်ဆိုးသလို
လူတစ်ယောက်ရဲ့လှုပ်ရှားသံတွေကိုပင်မကြားရလောက်တဲ့အထိအိပ်နိုင်လွန်းတဲ့သူ့ကိုယ်သူလည်း Royalစိတ်ဆိုးမိပါသည်။

…………………………….

ဆိုင်ရှေ့ဆိုင်ကယ်ထိုးရပ်လိုက်တော့
ဆိုင်တွင်းထဲကလူအနည်းငယ်က ကြည့်လာကြသည်။
Helmetချွတ်ကာလက်ကကိုင်ပြီး
ဆိုင်ထဲဝင်ကာ အလှလေးကိုရှာကြည့်လိုက်တော့မတွေ့ပေ။
အခန်းထဲမှာရှိနေမလားတွေးမိပြီးခြေလှမ်းရန်ပြင်လိုက်တော့
ရှေ့ကနေကာရပ်လာတဲ့ နေရောင့်ကောင်လေး။

“ဘာလုပ်တာလဲ”

“ဝင်လို့မရဘူး”

“မင်းအခန်းမဟုတ်ဘူး၊မနာချင်ရင် ရှေ့ကဖယ်”

“ကိုနွေက တော်ဝင်ယောက်ျားလာရင်ဝင်ခွင့်မပြုဖို့
ကျွန်တော့်ကိုမှာထားတာ”

“စိတ်မဝင်စားဘူး၊ဖယ်”

ကောင်းထက်ပုံစံက Royalကိုလည်းလန့်သလို၊
နွေရတုစကားကိုလည်းမလွန်ဆန်နိုင်သည့်ပုံပင်။

“ကိုကို!!”

စကားအကောင်းပြောနေရင်းပင် ကောင်းထက်က
ကိုကိုဟုအကျယ်ကြီးအော်လာတာကြောင့်
Royalပင်ကြောင်သွားရသည်။ဆိုင်တွင်းမှ
လူအနည်းငယ်ကလည်းလှည့်ကြည့်လာကြသည်။

“ချစ်သူငယ်ချင်းကလည်းကွာ၊ငါ့ဘေဘီကို
အခက်တွေ့အောင်မလုပ်ချင်စမ်းပါနဲ့”

ပုခုံးကိုလာဖက်ပြီးလေသံလေးနဲ့ပြောလာတဲ့နေရောင်ကြောင့်
အခြေအနေကိုသူသဘောပေါက်သွားရသည်။
ကောင်းထက်က အားကိုးရှိတော့ဂုဏ်ဆာသလိုအပြုံးနဲ့။
ကြည့်ရတာ နေရောင်ခြည်ကသူမလာခင်ကတည်းက
ရောက်နေခြင်းဖြစ်ရမည်။သူသာ အလှလေးကိုတွေ့ချင်စိတ်
စောနေ၍ သတိမထားမိခြင်းပင်။

“လာ…လာ..ငါအကြံပေးမယ်”

ပေကပ်ကပ်လုပ်နေတဲ့Royalကိုနေရောင်က
အတင်းဆွဲကာစောနကသူထိုင်နေတဲ့ဝိုင်းကိုခေါ်သွားလေသည်။ဘာပဲဖြစ်ဖြစ် Royalကိုကျေးဇူးတင်ရမည်။

ဘေဘီကောင်းက သူ့ကို ကိုကိုလို့ခေါ်လိုက်တယ်မဟုတ်လား?

…………………………………..

“အဲ့ဒါ မင်းမှားတယ်နော် Royal၊
ချစ်ခွင့်မပန်ပဲ အတင်းဇွတ်နမ်းတာက ကိုနွေ့ဘက်က
ကြည့်ရင် စိတ်ဆိုးစရာပဲလေ”

မနေ့ကစားသောက်ဆိုင်ကိုရောက်လာတဲ့Royalပုံစံ
မြင်ကတည်းက တစ်ခုခုဖြစ်မည်မှန်းသူသိပေမယ့်
ခုလိုကြီးအတင်းဇွတ်နမ်းမယ်ဆိုတာ မထင်ခဲ့တာအမှန်။

“ကျွတ်”

Royalကစိတ်ရှုပ်သလို ကျွတ်သပ်လာသည်။
စိတ်ဆိုးသွားတဲ့ချစ်ရသူကိုဘယ်လိုချော့ရမလဲဆိုတာ
စဥ်းစားရင်း ခေါင်းတွေပင်ခြောက်လာသလို။

“ခုချိန်ခံစားချက်နဲ့ကီးကိုက်မယ့်သီချင်းရွေးပြီး
ဆိုပြလိုက်ကွာ၊အများကြီးမဟုတ်တောင် နည်းနည်း
စိတ်ပြေချင်ပြေသွားမှာပေါ့”

နေရောင့်စကားကြားပြီး Royalမျက်လုံးတွေက
လက်ခနဲပင်။မနေ့ညကလည်း သူအလှလေးကို
သီချင်းဆိုပြီးချော့တယ်။ခုတစ်ခါပြန်ချော့တာလည်း
အကျိုးမသက်ရောက်ဘူးလို့မပြောနိုင်ပေ။

“ဟာ..ဟေ့ကောင်ဘယ်သွားမှာလဲ”

မပြောမဆိုစားပွဲပေါ်တင်ထားတဲ့helmetကိုယူကာ
ဆိုင်ပြင်ထွက်သွားပြီး ဆိုင်ကယ်အမြန်မောင်းသွားသူကြောင့်
နေရောင်မှာ အမ်းတမ်းတမ်းကျန်နေခဲ့ရသည်။

သိပ်မကြာပေ၊guitarကိုင်ကာ ဆိုင်ထဲပြန်ဝင်လာသူ
ကြောင့် အခြေအနေသဘောပေါက်သလိုရှိလာရသည်။

ခုRoyalကလူအများရှေ့မှာ သီချင်းဆိုမှာတော့
မဟုတ်ဘူးမလား?

…………………………

အပြင်က လူဆိုးကောင်နဲ့ကောင်းထက်ရဲ့အပြန်အလှန်
စကားဆိုသံတွေကိုကြားပေမယ့် သူ့အနေနဲ့
လူဆိုးကောင်နဲ့မျက်နှာချင်းဆိုင်ချင်စိတ်မရှိပေ။
ကိုယ့်ဘက်က သူ့ကိုအမှန်အကန်စိတ်ရှိနေပေမယ့်
သူ့ဘက်က ကိုယ့်ကိုကစားစရာတစ်ခုလို
သဘောထားနေရင် တကယ်တမ်းခံစားရမှာသူသာလျှင်။

သို့ပေသိ မနေ့ကသီချင်းနဲ့ချော့လာတဲ့လူဆိုးကောင်ကြောင့်
အနည်းငယ်စိတ်ဆိုးပြေနေပြီဆိုတာ သူတစ်ယောက်တည်းသိသည်။

~~ကြည်ဖြူပါ.. ကြည်ဖြူပါ..နွေရယ်

ဒီညလည်းကိုယ်လေအိပ်မပျော်နိုင်~~

ဒါလူဆိုးကောင်အသံမဟုတ်လား!!!
မဟုတ်မှလွဲ…..

အခန်းတံခါးဖွင့်ပြီးထွက်ကြည့်ရန်ပြင်လိုက်ပေမယ့်
လူဆိုးကောင်ကိုစိတ်ဆိုးနေတာသတိရလိုက်ပြီး
CCTVကနေကြည့်ရန်သာတွေးလိုက်သည်။

“ဟာ”

အမှန်တကယ်ပင် လူဆိုးကောင်က သူ့အခန်းကိုကြည့်ကာ
ဂစ်တာတီးပြီးဆိုနေလေသည်။ဆိုင်တွင်းမှဧည့်သည်တွေကလည်း အထူးအဆန်းလိုကြည့်နေကြသည်။

~~အတွေးများကမရေရာ ကိုယ့်ရဲ့အထီးကျန်ကမ္ဘာ

သူလာနိုင်ပါစေ တောင်းဆုခြွေမယ်…..

ကြည်ဖြူပါ….ကြည်ဖြူပါ…နွေရယ်…

ကြင်နာပါရစေ ခွင့်ပြုပါကွယ်…

မင်းတစ်ယောက်တည်းကိုသာ အသည်းကတောင်းဆိုနေ…

ကိုယ်လေအိပ်စက်မရတဲ့ညတွေအလယ်…

ကိုယ့်ရဲ့အလင်းရောင် မင်းကလေးပဲ…

လမ်းပြကူညီ ညွှန်ကြားပါကွယ်….

ငွေစင်ကြယ်လည်း မင်းပါပဲ…..

နီယွန်မီးများထက် အလင်းပိုတယ်…..~~~~

နေပါဦး….အခုလူဆိုးကောင်က လူအများရှေ့မှာ
သူ့ရဲ့ခန့်ညားမှုကို ကြွားလုံးထုတ်နေတာလား…ဟွန့်…

………………………………..

(Royalက ကြည်ဖြူပါ..နွေရယ်တဲ့
ဆုကတော့ ကြည်ဖြူပါ…ကျန့်ရယ်ပေါ့😁😁)

Zawgyi

~~ကိုယ့္ရဲ႕အလင္းေရာင္ မင္းကေလးပဲ

လမ္းျပကူညီ ၫႊန္ၾကားပါကြယ္

ေငြစင္ၾကယ္လည္း မင္းပါပဲ

နီယြန္မီးမ်ားထက္ အလင္းပိုတယ္~~

Recommend song:::ၾကည္ျဖဴပါ

………………….

လက္ထဲက ဓာတ္ပုံအထပ္လိုက္ကိုၾကည့္ၿပီး
သူမ ခပ္မဲ့မဲ့ၿပဳံးမိသည္။

သူမသားက ေယာက္်ားေလးတစ္ေယာက္ကိုသေဘာက်ေနတယ္ဆိုတာေတာင္ မသိခဲ့ဘူးပဲ။
ဓာတ္ပုံထဲမွာေတာ့ သားျဖစ္သူကပန္းစည္းကိုင္ကာ
ေကာင္ေလးတစ္ေယာက္ကို ခ်စ္ခြင့္ပန္ေနပုံပင္။
စုံစမ္းသိရွိရသေလာက္ကေတာ့ ေကာင္ေလးက
သားသူငယ္ခ်င္းဆိုပဲ။ခင္မင္လာတာ ႏွစ္ေပါင္းမနည္းေတာ့
ေပမယ့္ သားဘက္ကေကာင္ေလးနဲ႕သူမကို မိတ္ဆက္ေပးလာ
ျခင္းမရွိသလို သူမဘက္ကလည္း သားအေၾကာင္းကို
စိတ္ဝင္စားခဲ့ျခင္းမရွိခဲ့တာအမွန္။

ေကာင္ေလးတစ္ေယာက္တည္းသီးသန့္ပုံကိုၾကည့္လိုက္ေတာ့
ေခ်ာသည္၊ေခ်ာသည္ထက္ လွသည့္ဘက္ကိုသြားသည္ဟု
ေျပာလွ်င္ပိုမွန္မည္။မ်က္လုံးၾကည္ၾကည္ဝိုင္းဝိုင္းေလးနဲ႕
ႏႈတ္ခမ္းရဲစိုစိုေလး၊ႏွာေခါင္းထိပ္ကမွဲ႕ေလးကလည္း
ေကာင္ေလးအလွကို ပံ့ပိုးေနသေယာင္။
သူမသားသေဘာက်ရင္လည္းက်ခ်င္စရာပင္။
ေကာင္ေလးက တယ္လည္းေခ်ာလွသကိုးးးးး

Royalသေဘာက်ေနတာ ေယာက္်ားေလးတစ္ေယာက္ဆို
တာသိေပမယ့္ သားသေဘာက်ေနတဲ့သူဆိုတာေတာ့
အခုမွသိရျခင္းပင္ျဖစ္သည္။တစ္ေယာက္တည္းကို
သေဘာက်ေနၾကတာ ေကာင္းတဲ့ေရစက္ေတာ့မျဖစ္နိုင္။
တစ္ေယာက္ကေတာ့ ေသခ်ာေပါက္အသည္းကြဲကာ
က်န္ေနခဲ့မွာအေသအခ်ာ။သားျဖစ္သူကို
ေယာက္်ားေလးတစ္ေယာက္နဲ႕သေဘာမတူနိုင္ေပမယ့္
Royalကိုေနာက္ေကာက္က်ကာ က်န္ခဲ့ေစခ်င္သည္။

Royalကိုအနိုင္ရၿပီးမွ သားကိုမိန္းမေပးစားလည္း
အခ်ိန္မႏွောင္းေသး။Royalရဲ႕ဝမ္းနည္းပက္လက္
ဟစ္ေအာ္ငိုေႂကြးေနမယ့္ပုံရိပ္ကို မ်က္လုံးထဲပုံေဖာ္ၾကည့္ရင္း
သေဘာက်စြာၿပဳံးမိသည္။

ေခ်ာလွလြန္းတဲ့ေကာင္ေလးက သူမအတြက္အသုံးဝင္မယ္မွန္းသိရင္ ေစာကတည္းက
စုံစမ္းခဲ့သင့္တယ္။ဘာပဲျဖစ္ျဖစ္ ခုခ်ိန္သိတာလည္း
ေနာက္မက်ေသးေပ။တစ္ဆက္ထဲမွာပဲ သူမေခါင္းထဲ
ထိုေကာင္ေလးကို ႏွောင့္ယွက္မယ့္အစီအစဥ္ေတြ
ေတြးေတာရသည္။

ကိုယ္ခ်စ္ေနတဲ့သူနာက်င္တာကိုျမင္ရတာ
ဘယ္ေလာက္ဝမ္းနည္းစရာေကာင္းလဲဆိုတာ
Royalသိသင့္တယ္မဟုတ္လား????

……………………………

ေအာက္သို႔ငိုက္က်သြားတဲ့ေခါင္းေၾကာင့္
လန့္ႏွိုးလာရသည္။ေဘးပတ္ဝန္းက်င္ကိုၾကည့္လိုက္ေတာ့
လင္းထိန္ေနေလၿပီ။သူညတုန္းက အလွေလးကို
သီခ်င္းနဲ႕ေခ်ာ့ရင္း အျပင္ထြက္လာမလားဆိုတာ
ေစာင့္ၾကည့္ရင္းနဲ႕ အခန္းတံခါးေက်ာမွီကာ
အိပ္ေပ်ာ္သြားျခင္းျဖစ္သည္။ညဥ့္နက္မွ
ကိုယ္တိုင္မသိလိုက္ပဲအိပ္ေပ်ာ္သြားျခင္းေၾကာင့္
ႏွိုးလာတဲ့အခါအခ်ိန္လင့္ေနသည္မွာ နာရီေျပးၾကည့္စရာ
ပင္မလို။

ကိုယ္လက္သန့္စင္ရန္အတြက္ မတ္တပ္ထရပ္လိုက္ေတာ့
ကိုယ္ေပၚကကြာက်သြားတဲ့အရာတစ္ခု။ငုံ႕ၾကည့္လိုက္ေတာ့
ေစာင္ပါးေလးတစ္ထည္။သူေကာက္ကိုင္ၾကည့္ကာ
အေတြးမ်ားသြားရသည္။ေခ်ာ့ခ်င္စိတ္မ်ားၿပီး
ထိုင္ေစာင့္ရင္းအိပ္ေပ်ာ္သြားတဲ့အခ်ိန္ေတာင္မသိတာ
ေစာင္ၿခဳံဖို႔ဆိုေဝး၊သတိေတာင္မရေပ။ဒါဆို ဒီေစာင္သူ႕ကိုယ္
ေပၚေရာက္ေနရတဲ့အေၾကာင္းရင္းက တစ္ခုထဲ။

အလွေလးက သူ႕ကိုၿခဳံေပးသြားတာေပါ့…

“ဟက္”

သြားစြယ္ေလးေပၚေအာင္ပင္ သူၿပဳံးရယ္မိသည္။
သူ႕ကိုစိတ္ဆိုးေနတဲ့အခ်ိန္မွာေတာင္ ဂ႐ုစိုက္ေပးဖို႔မေမ့ေခ်။
ဒါေလးကို လက္လႊတ္ဖို႔ရာမျဖစ္နိုင္ေတာ့ေပ။
ေသခ်ာေပါက္ အလွေလးကသူ႕အပိုင္ျဖစ္လာရမည္။

အလွေလးရဲ႕အခန္းဘက္ကိုၾကည့္လိုက္ေတာ့ အခန္းတံခါးကို
ၾကားခံပစ္စည္းခံကာ အနည္းငယ္ဟထားေလသည္။
ဒါအလွေလးအခန္းထဲမရွိဘူးဆိုသည့္သေဘာပင္။
အခန္းတံခါးဟထားရျခင္းက ေၾကာင္ေပါက္ေလးႏွစ္ေကာင္
အခန္းထဲဝင္အိပ္လို႔ရေအာင္လုပ္ထားျခင္း။

အိမ္ထဲမွာလည္းအသံမၾကား၊ၿခံထဲမွာမ်ားရွိမလားအေတြးနဲ႕
လိုက္ၾကည့္ေတာ့လည္း ေရျဖန္းထားတဲ့ပန္းပင္ေတြကလြဲ
လူရိပ္ေယာင္မျမင္ရ။တစ္ဆိတ္…သြပ္မိုးေအာက္ထားေလ့ရွိတဲ့စက္ဘီးလည္း
ေပ်ာက္ေနေလသည္။အေၾကာင္းအရာေတြကိုဆက္စပ္လိုက္ျခင္းအားျဖင့္
အလွေလးက စပ္ဘီးနဲ႕အျပင္ထြက္သြားသည္မွာေသခ်ာသည္။

သူ႕ကိုမႏွိုးဘဲထြက္သြားတဲ့အလွေလးကိုစိတ္ဆိုးသလို
လူတစ္ေယာက္ရဲ႕လႈပ္ရွားသံေတြကိုပင္မၾကားရေလာက္တဲ့အထိအိပ္နိုင္လြန္းတဲ့သူ႕ကိုယ္သူလည္း Royalစိတ္ဆိုးမိပါသည္။

…………………………….

ဆိုင္ေရွ႕ဆိုင္ကယ္ထိုးရပ္လိုက္ေတာ့
ဆိုင္တြင္းထဲကလူအနည္းငယ္က ၾကည့္လာၾကသည္။
Helmetခြၽတ္ကာလက္ကကိုင္ၿပီး
ဆိုင္ထဲဝင္ကာ အလွေလးကိုရွာၾကည့္လိုက္ေတာ့မေတြ႕ေပ။
အခန္းထဲမွာရွိေနမလားေတြးမိၿပီးေျခလွမ္းရန္ျပင္လိုက္ေတာ့
ေရွ႕ကေနကာရပ္လာတဲ့ ေနေရာင့္ေကာင္ေလး။

“ဘာလုပ္တာလဲ”

“ဝင္လို႔မရဘူး”

“မင္းအခန္းမဟုတ္ဘူး၊မနာခ်င္ရင္ ေရွ႕ကဖယ္”

“ကိုႏြေက ေတာ္ဝင္ေယာက္်ားလာရင္ဝင္ခြင့္မျပဳဖို႔
ကြၽန္ေတာ့္ကိုမွာထားတာ”

“စိတ္မဝင္စားဘူး၊ဖယ္”

ေကာင္းထက္ပုံစံက Royalကိုလည္းလန့္သလို၊
ႏြေရတုစကားကိုလည္းမလြန္ဆန္နိုင္သည့္ပုံပင္။

“ကိုကို!!”

စကားအေကာင္းေျပာေနရင္းပင္ ေကာင္းထက္က
ကိုကိုဟုအက်ယ္ႀကီးေအာ္လာတာေၾကာင့္
Royalပင္ေၾကာင္သြားရသည္။ဆိုင္တြင္းမွ
လူအနည္းငယ္ကလည္းလွည့္ၾကည့္လာၾကသည္။

“ခ်စ္သူငယ္ခ်င္းကလည္းကြာ၊ငါ့ေဘဘီကို
အခက္ေတြ႕ေအာင္မလုပ္ခ်င္စမ္းပါနဲ႕”

ပုခုံးကိုလာဖက္ၿပီးေလသံေလးနဲ႕ေျပာလာတဲ့ေနေရာင္ေၾကာင့္
အေျခအေနကိုသူသေဘာေပါက္သြားရသည္။
ေကာင္းထက္က အားကိုးရွိေတာ့ဂုဏ္ဆာသလိုအၿပဳံးနဲ႕။
ၾကည့္ရတာ ေနေရာင္ျခည္ကသူမလာခင္ကတည္းက
ေရာက္ေနျခင္းျဖစ္ရမည္။သူသာ အလွေလးကိုေတြ႕ခ်င္စိတ္
ေစာေန၍ သတိမထားမိျခင္းပင္။

“လာ…လာ..ငါအႀကံေပးမယ္”

ေပကပ္ကပ္လုပ္ေနတဲ့Royalကိုေနေရာင္က
အတင္းဆြဲကာေစာနကသူထိုင္ေနတဲ့ဝိုင္းကိုေခၚသြားေလသည္။ဘာပဲျဖစ္ျဖစ္ Royalကိုေက်းဇူးတင္ရမည္။

ေဘဘီေကာင္းက သူ႕ကို ကိုကိုလို႔ေခၚလိုက္တယ္မဟုတ္လား?

…………………………………..

“အဲ့ဒါ မင္းမွားတယ္ေနာ္ Royal၊
ခ်စ္ခြင့္မပန္ပဲ အတင္းဇြတ္နမ္းတာက ကိုႏြေ့ဘက္က
ၾကည့္ရင္ စိတ္ဆိုးစရာပဲေလ”

မေန႕ကစားေသာက္ဆိုင္ကိုေရာက္လာတဲ့Royalပုံစံ
ျမင္ကတည္းက တစ္ခုခုျဖစ္မည္မွန္းသူသိေပမယ့္
ခုလိုႀကီးအတင္းဇြတ္နမ္းမယ္ဆိုတာ မထင္ခဲ့တာအမွန္။

“ကြၽတ္”

Royalကစိတ္ရႈပ္သလို ကြၽတ္သပ္လာသည္။
စိတ္ဆိုးသြားတဲ့ခ်စ္ရသူကိုဘယ္လိုေခ်ာ့ရမလဲဆိုတာ
စဥ္းစားရင္း ေခါင္းေတြပင္ေျခာက္လာသလို။

“ခုခ်ိန္ခံစားခ်က္နဲ႕ကီးကိုက္မယ့္သီခ်င္းေ႐ြးၿပီး
ဆိုျပလိုက္ကြာ၊အမ်ားႀကီးမဟုတ္ေတာင္ နည္းနည္း
စိတ္ေျပခ်င္ေျပသြားမွာေပါ့”

ေနေရာင့္စကားၾကားၿပီး Royalမ်က္လုံးေတြက
လက္ခနဲပင္။မေန႕ညကလည္း သူအလွေလးကို
သီခ်င္းဆိုၿပီးေခ်ာ့တယ္။ခုတစ္ခါျပန္ေခ်ာ့တာလည္း
အက်ိဳးမသက္ေရာက္ဘူးလို႔မေျပာနိုင္ေပ။

“ဟာ..ေဟ့ေကာင္ဘယ္သြားမွာလဲ”

မေျပာမဆိုစားပြဲေပၚတင္ထားတဲ့helmetကိုယူကာ
ဆိုင္ျပင္ထြက္သြားၿပီး ဆိုင္ကယ္အျမန္ေမာင္းသြားသူေၾကာင့္
ေနေရာင္မွာ အမ္းတမ္းတမ္းက်န္ေနခဲ့ရသည္။

သိပ္မၾကာေပ၊guitarကိုင္ကာ ဆိုင္ထဲျပန္ဝင္လာသူ
ေၾကာင့္ အေျခအေနသေဘာေပါက္သလိုရွိလာရသည္။

ခုRoyalကလူအမ်ားေရွ႕မွာ သီခ်င္းဆိုမွာေတာ့
မဟုတ္ဘူးမလား?

…………………………

အျပင္က လူဆိုးေကာင္နဲ႕ေကာင္းထက္ရဲ႕အျပန္အလွန္
စကားဆိုသံေတြကိုၾကားေပမယ့္ သူ႕အေနနဲ႕
လူဆိုးေကာင္နဲ႕မ်က္ႏွာခ်င္းဆိုင္ခ်င္စိတ္မရွိေပ။
ကိုယ့္ဘက္က သူ႕ကိုအမွန္အကန္စိတ္ရွိေနေပမယ့္
သူ႕ဘက္က ကိုယ့္ကိုကစားစရာတစ္ခုလို
သေဘာထားေနရင္ တကယ္တမ္းခံစားရမွာသူသာလွ်င္။

သို႔ေပသိ မေန႕ကသီခ်င္းနဲ႕ေခ်ာ့လာတဲ့လူဆိုးေကာင္ေၾကာင့္
အနည္းငယ္စိတ္ဆိုးေျပေနၿပီဆိုတာ သူတစ္ေယာက္တည္းသိသည္။

~~ၾကည္ျဖဴပါ.. ၾကည္ျဖဴပါ..ႏြေရယ္

ဒီညလည္းကိုယ္ေလအိပ္မေပ်ာ္နိုင္~~

ဒါလူဆိုးေကာင္အသံမဟုတ္လား!!!
မဟုတ္မွလြဲ…..

အခန္းတံခါးဖြင့္ၿပီးထြက္ၾကည့္ရန္ျပင္လိုက္ေပမယ့္
လူဆိုးေကာင္ကိုစိတ္ဆိုးေနတာသတိရလိုက္ၿပီး
CCTVကေနၾကည့္ရန္သာေတြးလိုက္သည္။

“ဟာ”

အမွန္တကယ္ပင္ လူဆိုးေကာင္က သူ႕အခန္းကိုၾကည့္ကာ
ဂစ္တာတီးၿပီးဆိုေနေလသည္။ဆိုင္တြင္းမွဧည့္သည္ေတြကလည္း အထူးအဆန္းလိုၾကည့္ေနၾကသည္။

~~အတေွးများကမရေရာ ကိုယ့္ရဲ႕အထီးက်န္ကမ္ဘာ

သူလာနိုင္ပါေစ ေတာင္းဆုေႁခြမယ္…..

ၾကည္ျဖဴပါ….ၾကည္ျဖဴပါ…ႏြေရယ္…

ၾကင္နာပါရေစ ခြင့္ျပဳပါကြယ္…

မင္းတစ္ေယာက္တည္းကိုသာ အသည္းကေတာင္းဆိုေန…

ကိုယ္ေလအိပ္စက္မရတဲ့ညေတြအလယ္…

ကိုယ့္ရဲ႕အလင္းေရာင္ မင္းကေလးပဲ…

လမ္းျပကူညီ ၫႊန္ၾကားပါကြယ္….

ေငြစင္ၾကယ္လည္း မင္းပါပဲ…..

နီယြန္မီးမ်ားထက္ အလင္းပိုတယ္…..~~~~

ေနပါဦး….အခုလူဆိုးေကာင္က လူအမ်ားေရွ႕မွာ
သူ႕ရဲ႕ခန့္ညားမႈကို ႂကြားလုံးထုတ္ေနတာလား…ဟြန့္…

………………………………..

(Royalက ၾကည္ျဖဴပါ..ႏြေရယ္တဲ့
ဆုကေတာ့ ၾကည္ျဖဴပါ…က်န့္ရယ္ေပါ့😁😁)

Tags: read novel Royal Husband 24, novel Royal Husband 24, read Royal Husband 24 online, Royal Husband 24 chapter, Royal Husband 24 high quality, Royal Husband 24 light novel, ,

Comment

Leave a Reply

Chapter 25