Royal Husband 33

All chapters are in Royal Husband
A+ A-

“ဒယ်ဒီနဲ့မာမီက မိဘတွေသဘောတူလို့ယူထားကြတာလေ၊
နှစ်ဖက်စီးပွားပိုတောင့်တင်းအောင်ပေါ့”

လူဆိုးကောင်ရဲ့နှုတ်ခမ်းကဒဏ်ရာကို ဆေးထည့်ပြီးချင်း
သူ့ပေါင်ပေါ်ခေါင်းအုံးလာသဖြင့် အလိုက်တသိ
ဆံပင်တွေကို ပွတ်သပ်ပေးနေမိသည်။အခုလည်း
လူဆိုးကောင်က ခံစားခဲ့ရတာတွေကိုရင်ဖွင့်ချင်ပုံရသည်။

“ကျွန်တော်လူမှန်းသိတတ်စအချိန်ကတည်းက
ဒယ်ဒီက မာ့မီအပေါ်ကြင်နာပြတာ တစ်ခါမှမမြင်ဖူးဘူး၊
မာမီကတော့ ယူကာစကမချစ်ပေမယ့် အနေကြာတော့
သံယောဇဥ်တွယ်သွားပုံပါပဲ”

ပေါင်ပေါ်ကလူဆိုးကောင်ကို ငုံ့ကြည့်လိုက်တော့
သူကလည်းကိုယ့်ကိုမော့ကြည့်လာကာ မျက်နှာပြန်လွှဲသွားပြီး

“နောက်ပိုင်း ဒယ်ဒီကအိမ်ပြန်ချိန်မမှန်တော့ဘူး၊
ပြန်မလာတဲ့နေ့တွေတောင်ရှိတယ်၊မာမီကတော့
ပြန်မလာမချင်းစောင့်ရှာတယ်”

“မင်းအဘိုးက ဒါတွေမသိဘူးလား”

“ဟက်…မာမီကဒယ်ဒီ့ကိုချစ်တယ်လေ၊
အဘိုးက ဒယ်ဒီ့ကိုအပြစ်မတင်အောင် ကာဆီးပေးတာပေါ့”

“မာမီ့အတွက်က ဒီတစ်သက်လုံးဒယ်ဒီတစ်ယောက်ထဲ
ဆိုတာသေချာပေမယ့် ဒယ်ဒီ့အတွက်ကတော့မာမီတစ်ယောက်တည်းနဲ့မလုံလောက်ဘူးထင်ပါတယ်”

လူဆိုးကောင်အသံကအဖျားမှာတိမ်ဝင်သွားသဖြင့်
သူငုံ့ကြည့်လိုက်တော့ အရည်ကြည်တွေရစ်သိုင်းနေတဲ့
မျက်ဝန်းတစ်စုံကိုမြင်တွေ့လိုက်ရသည်။ချစ်ရသူဝမ်းနည်း
နေတာမြင်တော့ သူလည်းမပျော်။အနည်းငယ်စိတ်သက်သာရာရစေငြား နှဖူးပြင်ကို
ခေါင်းငုံ့ကာအနမ်းဖွဖွပေးမိသည်။

“ကျွန်တော်အဆင်​ပြေပါတယ်”

“အဲ့နေ့က ကျွန်တော့်မွေးနေ့၊ဒယ်ဒီက လက်ဆောင်ပေးပြီး
အပြင်ထွက်သွားတာ ပွဲပြီးတဲ့အချိန်အထိပြန်မလာဘူး၊
အဲ့ညမှာပဲ မာမီ့ဆီကိုဖုန်းလာတယ်၊ဒယ်ဒီ့နောက်လိုက်ဖို့
မာမီလွှတ်ထားတဲ့သူဆီကလေ၊ဖြစ်ချင်တော့ ကျွန်တော်က
အိပ်မပျော်သေးဘူး၊လိုက်မယ်လို့မရမကပူဆာတော့
မငြင်းနိုင်သူ မာမီကကျွန်တော့်ကိုပါအတူခေါ်သွားတယ်”

ထိုညကအဖြစ်အပျက်တွေပြန်မြင်ယောင်မိတိုင်း
ရင်ထဲကစို့နစ်လာသဖြင့် အတန်ကြာစကားဆက်မပြောနိုင်
ဖြစ်ရသည်။ထိုစဥ် သူ့လက်ကိုဆုပ်ကိုင်လာတဲ့
လက်သေးသေးလေးကြောင့် သက်သာရာရတာအမှန်။

“ဆက်ပြောဖို့အဆင်ပြေရဲ့လား၊အဆင်မပြေရင်…”

“ကျွန်တော်ဆက်ပြောချင်တယ်….ကိုကို
ဟိုတယ်အခန်းရှေ့ရောက်တော့ မာမီကကျွန်တော့်ကိုပွေ့ချီ
သွားပြီး တံခါးခေါက်တယ်၊တံခါးကို တော်တော်နဲ့လာမဖွင့်ဘူး၊နောက်တစ်ခါထပ်ခေါက်မှ
ဒေါ်…ဒေါ်မိုးကလျာကတံခါးလာဖွင့်တယ်၊
မာမီက အခန်းထဲဝင်ပြီးအိပ်ခန်းတံခါးဖွင့်ကြည့်လိုက်တော့
ဒယ်..ဒယ်ဒီက ကုတင်ပေါ်မှာ”

“ရပြီ…ဆက်မပြောနဲ့တော့”

ပေါင်ပေါ်မှမျက်ရည်တွေစီးကျနေတဲ့သူကို
ခပ်တင်းတင်းပွေ့ဖက်မိသည်။သူ့ကလေး ဘယ်လောက်တောင်ခံစားခဲ့ရမလဲ။
စကားဆက်မပြောပေမယ့် ရှေ့ဆက်ဘာဖြစ်သွားလဲ
ဆိုတာ သူခန့်မှန်းလို့ရနေပြီ။ဘယ်မိန်းမသားက
ကိုယ့်ယောက်ျားဖောက်ပြန်တာကိုမြင်ရတာ
စိတ်အေးလက်အေးနေနိုင်မှာလဲ၊စိတ်မအေးဖြစ်နေတာကို
ကားမောင်းတယ်ဆိုတော့…….

“တိတ်…တိတ်..မငိုနဲ့တော့၊ကိုကိုရှိတယ်လေ”

အတန်ကြာငိုပြီးတော့မှ တိတ်သွားလေသည်။
ပြီးမှလူဆိုးကောင်က ပေါင်ပေါ်မှထလာပြီးသူ့ပုခုံးပေါ်ခေါင်းတိုးဝှေ့လာပြန်သည်။

~~ring. ..ring~~

“ခဏနော်၊ဖုန်းကိုင်လိုက်ဦးမယ်”

လည်ပင်းပေါ်ကလူဆိုးကောင်မျက်နှာကိုရှေ့ဆွဲယူကာ
နဖူးကျယ်ကိုအနမ်းပေးကာ ထိုင်ခုံမှထကာ
ရှေ့စားပွဲပေါ်ကဖုန်းကိုကောက်ယူလိုက်သည်။
Contact nameကိုမြင်တော့ မျက်လုံးပြူးရသည်။

“ဟယ်လို…ဒေါ်လေး”

“အမယ်လေး!!ငါ့တူရယ် ဒီအဒေါ်ကမိန်းမယူခိုင်းလို့
ယောက်ျားလေးနဲ့ကောက်တွဲရတာလားကွယ်”

ဖုန်းကိုင်ကိုင်ချင်းစူးအောင့်ထွက်လာတဲ့ဒေါ်လေးအသံကြောင့်
ဖုန်းကိုနားနဲ့ခွာလိုက်ရသည်။လူဆိုးကောင်က ဘယ်သူလဲ
ဟူသောသဘောဖြင့် မေးဆတ်ပြလာသဖြင့်
ခေါင်းခါပြကာ….

“ဒေါ်လေး ဘယ်လိုသိတာလဲ”

“တို့ရွာက ဒေါ်မမြရဲ့သားကိုငါ့တူသိတယ်မလား၊
သူက မင်းကောင်လေးရဲ့companyမှာအလုပ်လုပ်တာ
လေကွယ်”

ကြည့်ရတာ Royal Pageကထုတ်ပြန်ထားတဲ့သတင်းကို
မြင်ပုံရသည်။တော်သေးတာက ဒေါ်လေးကသူ့ကိုပုတ်ခတ်ပြောဆိုထားတဲ့သတင်းကို
သိပုံမရ။မဟုတ်လို့ကတော့ အခြေအနေဒီထက်
ပိုဆိုးမည်ဖြစ်သည်။

“ငါ့တူကကွယ် ဒီအဒေါ်ကိုလျှိုထားလိုက်တာ၊
အများကသိပြီးမှ ဒီအဒေါ်ကသိရတယ်”

“အာ…ဒေါ်လေးကလည်း၊
သူနဲ့ကျွန်တော်က အခုမှဟိုဟာဖြစ်ခါစမို့
ဒေါ်လေးကိုမပြောမိတာပါ”

“ဘာဟိုဟာလဲ!!”

တစ်ချိန်လုံးဘေးမှာငြိမ်ငြိမ်ထိုင်နေတဲ့လူဆိုးကောင်က
အသံကျယ်ကြီးနဲ့ဆိုလာသဖြင့် လက်တစ်ဖက်နဲ့ပါးစပ်ကို
အမြန်ပိတ်လိုက်ရသည်။တိုးတိုးနေဆိုသောသဘောဖြင့်
ရှူးဟုလုပ်ပြရသည်။

“ဟဲ့…ခုနှစ်ယောက်သားကတူတူရှိနေကြတာလား”

“အာ….. မဟု..မဟုတ်ပါဘူးဒေါ်လေးရဲ့”

“ငါ့ကိုမလိမ်နဲ့နော် နွေရတု၊ငါသေချာကြားလိုက်တယ်”

“ဟုတ်တယ်..ဒေါ်လေး၊ဘေးမှာ သူရောရှိတယ်”

ငြင်းမရမယ့်အတူတူ အမှန်ပြောလိုက်ရတော့သည်။

“မင်းကောင်လေးက ငယ်မယ့်ပုံပဲကွယ်၊
အကျင့်စရိုက်ကဘယ်လိုမှန်းလည်း မသိ၊
ငါ့တူအပေါ်တကယ်ချစ်မှန်းလည်း ဒီအဒေါ်ကမသိနဲ့၊
ဒီလိုလုပ်ပါလား ငါ့တူရယ်၊ရွာကိုတစ်ပတ်လောက်
လာလည်ပါဦးလား၊မင်း ရွာမရောက်တာလည်းကြာပေါ့”

“ဟုတ်…ဟုတ်ကဲ့ဒေါ်လေး”

ပြီးပြီးရောဆိုကာ ခေါင်းငြိမ့်လိုက်ရသည်။
သူသာ ရွာမသွားလျှင် ဒေါ်လေးကမြို့တက်ခဲ့မည်ဆိုတာ
ဗေဒင်မမေးကြည့်လျှင်တောင် တပ်အပ်သိသည်။

…………………………….

“မငိုပါနဲ့တော့ ဒေါ်လေးရယ်”

မနက်ကတည်းက ခုချိန်ထိတရှုံ့ရှုံ့ငိုနေသောဒေါ်လေးကြောင့်
သူယောင်မယ်လည်းကြံရာမရ။

“ဖြစ်ပြီးတာက ပြီးသွားပြီပဲဒေါ်လေးရယ်”

“ဒီအဒေါ်ကြောင့်…ငါ့ကြောင့်…ငါသာအလွယ်လမ်း
မလိုက်ခဲ့ဘူးဆို….ငါသာသူများအိမ်ထောင်ရေးမဖျက်ဆီး
ခဲ့ဘူးဆိုရင် ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး၊အားလုံး
ငါ့ကြောင့်”

“ဒေါ်လေးရယ်”

သူမသည်ပင် ငိုရှိုက်မိတော့သည်။ဒေါ်လေးဘာကြောင့်
ဒီလိုလုပ်ရပ်တွေလုပ်ခဲ့တာလဲဆိုတာ သူမအသိ။
သူမတို့မောင်နှမနှစ်ယောက်ရဲ့ရှေ့ရေးကြောင့်သာ….။
အဒေါ်ကငို၊တူမကငိုနဲ့ တစ်ခန်းလုံးငိုသံတွေဆူညံနေသည်။

နောင်တဆိုတာ နောင်မှရသည်ဆိုတဲ့စကားက
အသေမှန်သည်။

…………………….

Zawgyi

“ဒယ္ဒီနဲ႕မာမီက မိဘေတြသေဘာတူလို႔ယူထားၾကတာေလ၊
ႏွစ္ဖက္စီးပြားပိုေတာင့္တင္းေအာင္ေပါ့”

လူဆိုးေကာင္ရဲ႕ႏႈတ္ခမ္းကဒဏ္ရာကို ေဆးထည့္ၿပီးခ်င္း
သူ႕ေပါင္ေပၚေခါင္းအုံးလာသျဖင့္ အလိုက္တသိ
ဆံပင္ေတြကို ပြတ္သပ္ေပးေနမိသည္။အခုလည္း
လူဆိုးေကာင္က ခံစားခဲ့ရတာေတြကိုရင္ဖြင့္ခ်င္ပုံရသည္။

“ကြၽန္ေတာ္လူမွန္းသိတတ္စအခ်ိန္ကတည္းက
ဒယ္ဒီက မာ့မီအေပၚၾကင္နာျပတာ တစ္ခါမွမျမင္ဖူးဘူး၊
မာမီကေတာ့ ယူကာစကမခ်စ္ေပမယ့္ အေနၾကာေတာ့
သံေယာဇဥ္တြယ္သြားပုံပါပဲ”

ေပါင္ေပၚကလူဆိုးေကာင္ကို ငုံ႕ၾကည့္လိုက္ေတာ့
သူကလည္းကိုယ့္ကိုေမာ့ၾကည့္လာကာ မ်က္ႏွာျပန္လႊဲသြားၿပီး

“ေနာက္ပိုင္း ဒယ္ဒီကအိမ္ျပန္ခ်ိန္မမွန္ေတာ့ဘူး၊
ျပန္မလာတဲ့ေန႕ေတြေတာင္ရွိတယ္၊မာမီကေတာ့
ျပန္မလာမခ်င္းေစာင့္ရွာတယ္”

“မင္းအဘိုးက ဒါေတြမသိဘူးလား”

“ဟက္…မာမီကဒယ္ဒီ့ကိုခ်စ္တယ္ေလ၊
အဘိုးက ဒယ္ဒီ့ကိုအျပစ္မတင္ေအာင္ ကာဆီးေပးတာေပါ့”

“မာမီ့အတြက္က ဒီတစ္သက္လုံးဒယ္ဒီတစ္ေယာက္ထဲ
ဆိုတာေသခ်ာေပမယ့္ ဒယ္ဒီ့အတြက္ကေတာ့မာမီတစ္ေယာက္တည္းနဲ႕မလုံေလာက္ဘူးထင္ပါတယ္”

လူဆိုးေကာင္အသံကအဖ်ားမွာတိမ္ဝင္သြားသျဖင့္
သူငုံ႕ၾကည့္လိုက္ေတာ့ အရည္ၾကည္ေတြရစ္သိုင္းေနတဲ့
မ်က္ဝန္းတစ္စုံကိုျမင္ေတြ႕လိုက္ရသည္။ခ်စ္ရသူဝမ္းနည္း
ေနတာျမင္ေတာ့ သူလည္းမေပ်ာ္။အနည္းငယ္စိတ္သက္သာရာရေစျငား ႏွဖူးျပင္ကို
ေခါင္းငုံ႕ကာအနမ္းဖြဖြေပးမိသည္။

“ကြၽန္ေတာ္အဆင္ေျပပါတယ္”

“အဲ့ေန႕က ကြၽန္ေတာ့္ေမြးေန႕၊ဒယ္ဒီက လက္ေဆာင္ေပးၿပီး
အျပင္ထြက္သြားတာ ပြဲၿပီးတဲ့အခ်ိန္အထိျပန္မလာဘူး၊
အဲ့ညမွာပဲ မာမီ့ဆီကိုဖုန္းလာတယ္၊ဒယ္ဒီ့ေနာက္လိုက္ဖို႔
မာမီလႊတ္ထားတဲ့သူဆီကေလ၊ျဖစ္ခ်င္ေတာ့ ကြၽန္ေတာ္က
အိပ္မေပ်ာ္ေသးဘူး၊လိုက္မယ္လို႔မရမကပူဆာေတာ့
မျငင္းနိုင္သူ မာမီကကြၽန္ေတာ့္ကိုပါအတူေခၚသြားတယ္”

ထိုညကအျဖစ္အပ်က္ေတြျပန္ျမင္ေယာင္မိတိုင္း
ရင္ထဲကစို႔နစ္လာသျဖင့္ အတန္ၾကာစကားဆက္မေျပာနိုင္
ျဖစ္ရသည္။ထိုစဥ္ သူ႕လက္ကိုဆုပ္ကိုင္လာတဲ့
လက္ေသးေသးေလးေၾကာင့္ သက္သာရာရတာအမွန္။

“ဆက္ေျပာဖို႔အဆင္ေျပရဲ႕လား၊အဆင္မေျပရင္…”

“ကြၽန္ေတာ္ဆက္ေျပာခ်င္တယ္….
ဟိုတယ္အခန္းေရွ႕ေရာက္ေတာ့ မာမီကကြၽန္ေတာ့္ကိုေပြ႕ခ်ီ
သြားၿပီး တံခါးေခါက္တယ္၊တံခါးကို ေတာ္ေတာ္နဲ႕လာမဖြင့္ဘူး၊ေနာက္တစ္ခါထပ္ေခါက္မွ
ေဒၚ…ေဒၚမိုးကလ်ာကတံခါးလာဖြင့္တယ္၊
မာမီက အခန္းထဲဝင္ၿပီးအိပ္ခန္းတံခါးဖြင့္ၾကည့္လိုက္ေတာ့
ဒယ္..ဒယ္ဒီက ကုတင္ေပၚမွာ”

“ရၿပီ…ဆက္မေျပာနဲ႕ေတာ့”

ေပါင္ေပၚမွမ်က္ရည္ေတြစီးက်ေနတဲ့သူကို
ခပ္တင္းတင္းေပြ႕ဖက္မိသည္။သူ႕ကေလး ဘယ္ေလာက္ေတာင္ခံစားခဲ့ရမလဲ။
စကားဆက္မေျပာေပမယ့္ ေရွ႕ဆက္ဘာျဖစ္သြားလဲ
ဆိုတာ သူခန့္မွန္းလို႔ရေနၿပီ။ဘယ္မိန္းမသားက
ကိုယ့္ေယာက္်ားေဖာက္ျပန္တာကိုျမင္ရတာ
စိတ္ေအးလက္ေအးေနနိုင္မွာလဲ၊စိတ္မေအးျဖစ္ေနတာကို
ကားေမာင္းတယ္ဆိုေတာ့…….

“တိတ္…တိတ္..မငိုနဲ႕ေတာ့၊ကိုကိုရွိတယ္ေလ”

အတန္ၾကာငိုၿပီးေတာ့မွ တိတ္သြားေလသည္။
ၿပီးမွလူဆိုးေကာင္က ေပါင္ေပၚမွထလာၿပီးသူ႕ပုခုံးေပၚေခါင္းတိုးေဝွ႕လာျပန္သည္။

~~ring. ..ring~~

“ခဏေနာ္၊ဖုန္းကိုင္လိုက္ဦးမယ္”

လည္ပင္းေပၚကလူဆိုးေကာင္မ်က္ႏွာကိုေရွ႕ဆြဲယူကာ
နဖူးက်ယ္ကိုအနမ္းေပးကာ ထိုင္ခုံမွထကာ
ေရွ႕စားပြဲေပၚကဖုန္းကိုေကာက္ယူလိုက္သည္။
Contact nameကိုျမင္ေတာ့ မ်က္လုံးျပဴးရသည္။

“ဟယ္လို…ေဒၚေလး”

“အမယ္ေလး!!ငါ့တူရယ္ ဒီအေဒၚကမိန္းမယူခိုင္းလို႔
ေယာက္်ားေလးနဲ႕ေကာက္တြဲရတာလားကြယ္”

ဖုန္းကိုင္ကိုင္ခ်င္းစူးေအာင့္ထြက္လာတဲ့ေဒၚေလးအသံေၾကာင့္
ဖုန္းကိုနားနဲ႕ခြာလိုက္ရသည္။လူဆိုးေကာင္က ဘယ္သူလဲ
ဟူေသာသေဘာျဖင့္ ေမးဆတ္ျပလာသျဖင့္
ေခါင္းခါျပကာ….

“ေဒၚေလး ဘယ္လိုသိတာလဲ”

“တို႔႐ြာက ေဒၚမျမရဲ႕သားကိုငါ့တူသိတယ္မလား၊
သူက မင္းေကာင္ေလးရဲ႕companyမွာအလုပ္လုပ္တာ
ေလကြယ္”

ၾကည့္ရတာ Royal Pageကထုတ္ျပန္ထားတဲ့သတင္းကို
ျမင္ပုံရသည္။ေတာ္ေသးတာက ေဒၚေလးကသူ႕ကိုပုတ္ခတ္ေျပာဆိုထားတဲ့သတင္းကို
သိပုံမရ။မဟုတ္လို႔ကေတာ့ အေျခအေနဒီထက္
ပိုဆိုးမည္ျဖစ္သည္။

“ငါ့တူကကြယ္ ဒီအေဒၚကိုလွ်ိုထားလိုက္တာ၊
အမ်ားကသိၿပီးမွ ဒီအေဒၚကသိရတယ္”

“အာ…ေဒၚေလးကလည္း၊
သူနဲ႕ကြၽန္ေတာ္က အခုမွဟိုဟာျဖစ္ခါစမို႔
ေဒၚေလးကိုမေျပာမိတာပါ”

“ဘာဟိုဟာလဲ!!”

တစ္ခ်ိန္လုံးေဘးမွာၿငိမ္ၿငိမ္ထိုင္ေနတဲ့လူဆိုးေကာင္က
အသံက်ယ္ႀကီးနဲ႕ဆိုလာသျဖင့္ လက္တစ္ဖက္နဲ႕ပါးစပ္ကို
အျမန္ပိတ္လိုက္ရသည္။တိုးတိုးေနဆိုေသာသေဘာျဖင့္
ရႉးဟုလုပ္ျပရသည္။

“ဟဲ့…ခုႏွစ္ေယာက္သားကတူတူရွိေနၾကတာလား”

“အာ….. မဟု..မဟုတ္ပါဘူးေဒၚေလးရဲ႕”

“ငါ့ကိုမလိမ္နဲ႕ေနာ္ ႏြေရတု၊ငါေသခ်ာၾကားလိုက္တယ္”

“ဟုတ္တယ္..ေဒၚေလး၊ေဘးမွာ သူေရာရွိတယ္”

ျငင္းမရမယ့္အတူတူ အမွန္ေျပာလိုက္ရေတာ့သည္။

“မင္းေကာင္ေလးက ငယ္မယ့္ပုံပဲကြယ္၊
အက်င့္စရိုက္ကဘယ္လိုမွန္းလည္း မသိ၊
ငါ့တူအေပၚတကယ္ခ်စ္မွန္းလည္း ဒီအေဒၚကမသိနဲ႕၊
ဒီလိုလုပ္ပါလား ငါ့တူရယ္၊႐ြာကိုတစ္ပတ္ေလာက္
လာလည္ပါဦးလား၊မင္း ႐ြာမေရာက္တာလည္းၾကာေပါ့”

“ဟုတ္…ဟုတ္ကဲ့ေဒၚေလး”

ၿပီးၿပီးေရာဆိုကာ ေခါင္းၿငိမ့္လိုက္ရသည္။
သူသာ ႐ြာမသြားလွ်င္ ေဒၚေလးကၿမိဳ႕တက္ခဲ့မည္ဆိုတာ
ေဗဒင္မေမးၾကည့္လွ်င္ေတာင္ တပ္အပ္သိသည္။

…………………………….

“မငိုပါနဲ႕ေတာ့ ေဒၚေလးရယ္”

မနက္ကတည္းက ခုခ်ိန္ထိတရႈံ႕ရႈံ႕ငိုေနေသာေဒၚေလးေၾကာင့္
သူေယာင္မယ္လည္းႀကံရာမရ။

“ျဖစ္ၿပီးတာက ၿပီးသြားၿပီပဲေဒၚေလးရယ္”

“ဒီအေဒၚေၾကာင့္…ငါ့ေၾကာင့္…ငါသာအလြယ္လမ္း
မလိုက္ခဲ့ဘူးဆို….ငါသာသူမ်ားအိမ္ေထာင္ေရးမဖ်က္ဆီး
ခဲ့ဘူးဆိုရင္ ဒီလိုေတြျဖစ္လာမွာမဟုတ္ဘူး၊အားလုံး
ငါ့ေၾကာင့္”

“ေဒၚေလးရယ္”

သူမသည္ပင္ ငိုရွိုက္မိေတာ့သည္။ေဒၚေလးဘာေၾကာင့္
ဒီလိုလုပ္ရပ္ေတြလုပ္ခဲ့တာလဲဆိုတာ သူမအသိ။
သူမတို႔ေမာင္ႏွမႏွစ္ေယာက္ရဲ႕ေရွ႕ေရးေၾကာင့္သာ….။
အေဒၚကငို၊တူမကငိုနဲ႕ တစ္ခန္းလုံးငိုသံေတြဆူညံေနသည္။

ေနာင္တဆိုတာ ေနာင္မွရသည္ဆိုတဲ့စကားက
အေသမွန္သည္။

…………………….

Tags: read novel Royal Husband 33, novel Royal Husband 33, read Royal Husband 33 online, Royal Husband 33 chapter, Royal Husband 33 high quality, Royal Husband 33 light novel, ,

Comment

Leave a Reply

Chapter 34