Royal Husband 34

All chapters are in Royal Husband
A+ A-

“တော်သင့်ပြီ”

အရက်တစ်ပုလင်းကိုလက်လှမ်းနေသော သားဖြစ်သူကို
တားလိုက်တော့ သူ့ကိုမျက်လုံးလှန်ကြည့်လာကာ
မထိတထိရယ်လာသည်။စားပွဲပေါ်မှာလည်း ကုန်သွားတဲ့
အရက်ပုလင်းတွေက မနည်းမနော။ချပေးထားတဲ့အမြည်းကိုပင် လက်မလှမ်းဘဲ
အရက်ချည်းသာသောက်နေခြင်းဖြစ်သည်။

“အရက်သောက်လိုက်တော့ရော မင်းအပြစ်တွေကျေသွားလို့
လား”

“ကျွန်တော် ဖခင်မပီသတဲ့အဖေတစ်ယောက်၊
သားဘက်ကို တစ်ခါမှကျွန်တော်မတွေးခဲ့ဖူးဘူး အဖေ၊
တော်ဝင်ယောက်ျားက ငါမွေးထားတဲ့သား၊
ငါ့ဆုံးဖြတ်ချက်တွေကို သူနာခံရမယ်ဆိုပြီးပဲ
ကျွန်တော် အမြဲတွေးခဲ့တာ၊ဟက်…..ရယ်စရာကောင်းတာက
ကျွန်တော်က ဖခင်မပီသတဲ့အပြင် လင်ယောက်ျားတစ်
ယောက်ရဲ့တာဝန်ပါ မကျေပွန်ခဲ့ဘူး”

အရက်ပုလင်းကိုတွေတွေကြီးစိုက်ကြည့်ကာ
မျက်ရည်တွေစီးကျနေသောသားဖြစ်သူအားမမြင်ရက်စွာ
မျက်နှာလွှဲမိသည်။

“တကယ်ဆို ငါ့အပြစ်တွေလည်းပါတယ်”

“အဖေ့အပြစ်တွေ…ဘာတွေလဲ”

“တကယ်ဆို မင်းချစ်တဲ့သူနဲ့လက်ထပ်ဖို့ကို ငါလက်ခံခဲ့ရမှာ၊
ငါလည်း အဖေတာဝန်မကျေပွန်ခဲ့ပါဘူး၊အဲ့အချိန်က စီးပွားရေးဒိထက်ပိုအောင်မြင်ဖို့သာ ငါ့အတွေးထဲရှိခဲ့တာ
ငါလည်း မှားခဲ့တာပါပဲ”

ပြောဆိုပြီး ရင်ထဲကအပူတွေငြိမ်းစေဖို့ရာ
စားပွဲပေါ်ကအရက်ခွက်ကိုအကုန်မော့ချမိသည်။
မူးသွားတာနဲ့ အရာအားလုံးမေ့သွားပါစေဆိုတဲ့
စိတ်နဲ့….

“ကျွန်တော်သာ မဖောက်ပြန်ခဲ့ရင်….
ကျွန်တော်သာ သားအပေါ်ဖခင်တာဝန်ကျေပွန်ခဲ့ရင်….
ကျွန်တော်အရမ်းနောင်တရတယ် အဖေ”

“အချိန်တွေနောက်ပြန်ရစ်လို့မှမရတော့တာပဲ ငါ့သား၊
ရှေ့လျှောက် Royalအပေါ်အရင်ကမကျေပွန်ခဲ့တဲ့တာဝန်
တွေကို ခုထမ်းဆောင်လိုက်ပေါ့၊
အဖေလည်း ဒီအကြံပဲပေးတတ်တယ်”

သားဖြစ်သူရဲ့ပုခုံးကိုပုတ်ကာ အားဖြစ်စေလိုငြား
ဆုပ်ညှစ်ပေးမိသည်။တကယ်လည်း ဒီလိုကိစ္စတွေဖြစ်လာ
တာ သူ့အပြစ်လည်းမကင်းခဲ့။

သူတို့စီးပွားရေးက သား(ဇာနည်တော်ဝင်)မွေးတော့
တဟုန်ထိုးတိုးတက်အောင်မြင်လာသည်။သမီးဖြစ်သူ
မြတ်ပန်းတော်ဝင်မွေးပြီး သုံးနှစ်အကြာမှာသူ့မိန်းမဆုံးပြီး
သားသမီးတွေအတွက် သူ့မှာတာဝန်တွေပုံကျလာသည်။
အလုပ်ကြောင့် သားသမီးတွေကိုအချိန်မပေးနိုင်တဲ့သူက
ကလေးထိန်းသာငှားရသည်။

ကလေးတွေအရွယ်ရောက်တော့လည်း
မျိုးရိုးမြင့်တဲ့သူတွေနဲ့သာ သူ့စိတ်တိုင်းကျ
လက်ထပ်စေခဲ့သည်။သမီးငယ်ရဲ့အိမ်ထောင်ရေးက
အဆင်ပြေပေမယ့် သားကြီးရဲ့အိမ်ထောင်ရေးကတကျက်ကျက်။
နောက်ဆုံးသားဖြစ်သူဖောက်ပြန်တာသိရက်သားနဲ့
အပြစ်မဆိုတဲ့အပြင် ချွေးမ မသိအောင်သူဖုံးကွယ်ထား
ခဲ့တယ်မလား။အင်းးးသူ့အမှားတွေအတော်များတာပဲ။

သူ့အမှားတွေကြောင့် မြေးဖြစ်သူကောင်လေးတစ်ယောက်
နဲ့ချစ်ကြိုက်နေတာကို သူမတားခဲ့ခြင်းပေ။
သူ့မြေးကို ဒုတိယဇာနည်တော်ဝင်မဖြစ်စေချင်။
ဆိုပေမယ့်လို့ သူ့မြေးကသူချုပ်ကိုင်လို့မရတဲ့လူတွေရဲ့
နာမည်စာရင်းမှာ ထိပ်ဆုံးကပါဝင်သည်။

…………………….

“Baby ဘာတွေတွေးနေတာလဲ”

ပြတင်းပေါက်နားမတ်တပ်ရပ်ကာ အပြင်သို့ငေးမောနေသော
Babyကိုအနောက်ကနေ တစ်ကိုယ်လုံးကိုသိမ်းကျုံးဖက်ကာ
လည်ပင်းပေါ်ခေါင်းတိုးဝှေ့ရင်းမေးလိုက်တော့
Babyကသူ့ဘက်လှည့်လာပြီး ခပ်ဖျော့ဖျော့ပြုံးပြလာသည်။

“ဘာမှမဖြစ်ပါဘူး”

“ညာနေတာ”

ကောင်းထက်ဟိန်းစံ ဆိုတဲ့ကောင်လေးကို
အချိန်အတော်ကြာပိုးပန်းခဲ့တဲ့နေရောင်ခြည်အဖို့
မျက်နှာတစ်ချက်ကြည့်ယုံနဲ့အကဲခတ်နိုင်သည်။

“ကိုယ့်ကိုပြော၊ဘာတွေတွေးပြီး စိတ်မကောင်းဖြစ်နေတာလဲ”

“ဘာမှမဟုတ်ပါဘူးဆို”

မျက်လုံးချင်းမဆုံဘဲအကြည့်လွှဲကာဖြေနေပုံက
လိမ်နေမှန်းအရမ်းသိသာသည်။ပါးနှစ်ဖက်ကိုအုပ်ကိုင်ကာ
အကြည့်ချင်းဆုံစေပြီး

“ကိုယ်တို့ကချစ်သူတွေလေ၊
ကိုယ်တို့ကြားမှာဘာကိုမှ ထိန်ချန်ထားစရာမလိုဘူး baby”

“ကိုကို”

“ဟင်”

“တကယ်လို့…တကယ်လို့လေ၊ကိုကို့မိဘတွေက
ကျွန်တော်တို့ကို သဘောမတူရင်ဘယ်လိုလုပ်မလဲဟင်”

ရှေ့ရေးကိုတွေးရင်းဝမ်းနည်းလာသဖြင့်
မျက်ရည်ဝိုင်းလာတာကို ကိုကိုမသိအောင်
ခေါင်းငုံ့ချလိုက်တော့ ကိုကိုကသူ့ခေါင်းကိုပြန်မော့စေကာ
မျက်ခွံမို့မို့ကို အနမ်းပေးလာသည်။

ကိုကို သူ့ကိုတကယ်ချစ်တယ်ဆိုတာသူခံစားမိပေမယ့်
သူတို့နှစ်ယောက်ကအခြေအနေကွာခြားလွန်းလှသည်။
သူကမိဘမဲ့တစ်ယောက်ဖြစ်သည်။ကိုကိုကတော့ အရာအားလုံးပြီးပြည့်စုံတဲ့အပြင်
ငွေကြေးလည်းချမ်းသာသည်။

“ဘာလဲ…Royalတို့သတင်းမြင်ပြီး babyက
လျှောက်တွေးနေတယ်ပေါ့လေ”

မှန်ကန်သောစကားကြောင့် သူခေါင်းငြိမ့်ပြလိုက်သည်။
ထိုသတင်းမြင်ပြီး သူ့မှာရှေ့ရေးတွေးမိသည်။
ကိုနွေ့လိုလူကိုတောင် ကိုတော်ဝင်အဖေကသဘောမတူရင်
ကိုကို့မိဘတွေကရော သူ့ကို….

“Babyကကွာ၊
အစတုန်းကတော့ ကိုယ်babyကို
ကိုယ့်မိဘတွေနဲ့မိတ်ဆက်ပေးပြီး အံ့သြအောင်လုပ်မလို့
ပေမယ့် ခုbabyကလျှောက်တွေးနေတော့
ကိုယ်ပြောရတော့မယ်”

ထူးထူးဆန်းဆန်းစကားတွေကြောင့် သူကိုကို့ကိုမော့ကြည့်လိုက်တော့ ကိုကိုက
သူ့ပါးကို ဖွဖွလေးပွတ်သပ်ပေးလာကာ

“ကိုယ် babyနဲ့တွဲနေတာကို ကိုယ့်မိဘတွေသိတယ်”

“ဗျာ!”

“ကိုယ့်မိဘတွေက ရှေးရိုးမစွဲပါဘူးကွာ၊
သူတို့က ကိုယ့်ပျော်ရွှင်မှုကိုပဲလိုလားကြတာ၊
ဟိုတစ်နေ့ကတောင် မာမီကbabyနဲ့ဘယ်တော့
တရားဝင်မိတ်ဆက်ပေးမှာလဲ မေးနေတာ”

“ကိုကို…တကယ်ပြောနေတာလား”

“တကယ်ပေါ့…ကိုယ်ကညာစရာလား”

“ကိုကို့…အီးးးးဟင့်”

“ဟောဗျာ….ငိုစရာပါသွားလို့လား”

ကိုကို့လည်တိုင်ကို လက်နှစ်ဖက်နဲ့တွယ်ဖက်ကာ
ရင်ခွင်ကျယ်ကြီးထဲမျက်နှာအပ်ပြီး ငိုချင်းချမိသည်။
ကိုကိုကတော့ သူဖြစ်ပျက်သွားပုံကို
သဘောတကျရယ်ကာ သူ့ကိုပွေ့ဖက်လာပြီး
သူ့ခေါင်းကို တရှုံ့ရှုံ့ငုံ့နမ်းတာကို သူခံစားရသည်။

အရင်တုန်းကတော့ ကိုကို့လိုလူရှုပ်လူပွေတစ်ယောက်ကို
ချစ်မိလို့သူ့ကိုယ်သူအပြစ်တင်မိခဲ့သည်။
ကိုကို့ကိုသူ့ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ခဲ့တဲ့အတွက်
တစ်ချိန်ကသူ့ကိုယ်သူကျေးဇူးတင်မိသည်။

……………………….

“မင်း သေချာပြီလား”

“ကျွန်တော်သေချာပါတယ်ဆို”

ဒေါ်လေးဖုန်းအမြန်ချသွားရန်သာ ရွာလာခဲ့မယ်ဆိုလိုက်ပေမယ့် ခုယောက်ျားကပါ
ရွာတကယ်သွားချင်တယ်ဆိုလာသဖြင့်
သေချာသလားထပ်မေးရသည်။

ဟုတ်တယ်…ယောက်ျား
တော်ဝင်ယောက်ျားက နွေရတုရဲ့ယောက်ျား
အရင်က ထိုနာမ်စားခေါ်ဖို့သူရှက်ရွံ့ခဲ့ပေမယ့်
ခုချိန်မှာတော့ ထိုနာမ်စားကိုသာတွင်တွင်ခေါ်ချင်သည်။
အများသူငှာက ဘာလို့ယောက်ျားလို့ခေါ်သလဲမေးလာရင်
တော်ဝင်ယောက်ျားနာမည်က နောက်နှစ်လုံးကိုအဖျားဆွတ်
ခေါ်တာပါလို့ သူဆိုပေမယ့် အမှန်တကယ်
လင်ယောက်ျားဟူသော အဓိပ္ပါယ်ဖြင့်ခေါ်ချင်းသာ။

“လိုင်းကားစီးသွားရမှာနော်”

“ဟာ…ဆိုင်ကယ်စီးလို့မရဘူးလား ကိုကို”

“မရဘူး”

“ကိုကို့!”

ယောက်ျားက သူ့ခါးနှစ်ဖက်ကိုငုံ့ဖက်လာကာ
သူ့ဗိုက်မှာ မျက်နှာလာအပ်လေသည်။
အရင်က ရုပ်တည်နဲ့ယောက်ျားက ခုနောက်ပိုင်း
အရမ်းချွဲတတ်လာသည်။

“အထုပ်အပိုးတွေရောပါတဲ့အပြင်
ခရီးလမ်းကရှည်တယ်”

“ကျွန်တော် ကားမစီးရဲဘူးလေ ကိုကို”

“ကိုကိုပါတယ်လေ၊ပြီးတော့ တစ်သက်လုံးမင်းကားမစီးဘဲ
နေသွားမှာမို့လား”

“ဒါပေမယ့်..”

“ကိုကို့ကိုယုံ၊ကိုကိုက ယောက်ျားကို ကာကွယ်ပေးမှာပေါ့”

သူ့စကားအဆုံး လူဆိုးကောင်ကရိသဲ့သဲ့ပြုံးပြလာကာ
ဗိုက်မှာခေါင်းဝှက်ထားရာမှ ခေါင်းထောင်လာပြီး
နွေရတုကိုယ်ကိုဆွဲပွေ့ကာ သူ့ပေါင်ပေါ်ဆွဲတင်လိုက်သည်။

“ဘာလုပ်တာလဲ မင်း”

“အရမ်းသိတတ်တဲ့ကိုကို့ကို အာဘွားပေးချင်လို့”

“ဟမ်”

လူဆိုးကောင်က သူ့မျက်နှာအနားတိုးကပ်လာကာ

“အာ…..ဘွား”

နေပါဦး…တော်ဝင်ယောက်ျားက ကလေးလား။
အာဘွားဆိုတဲ့အသံထွက်စရာလား……

“ကိုကို့ကိုချစ်တယ်”

“ကိုကိုလည်း ယောက်ျားကိုချစ်တယ်”

ယောက်ျားလို့ခေါ်ခံလိုက်ရတဲ့ Royalက
ကျေနပ်ပြုံးကြီးကို သူ့မျက်နှာမှာချိတ်ဆွဲလျက်…..

………………………….

Zawgyi

“ေတာ္သင့္ၿပီ”

အရက္တစ္ပုလင္းကိုလက္လွမ္းေနေသာ သားျဖစ္သူကို
တားလိုက္ေတာ့ သူ႕ကိုမ်က္လုံးလွန္ၾကည့္လာကာ
မထိတထိရယ္လာသည္။စားပြဲေပၚမွာလည္း ကုန္သြားတဲ့
အရက္ပုလင္းေတြက မနည္းမေနာ။ခ်ေပးထားတဲ့အျမည္းကိုပင္ လက္မလွမ္းဘဲ
အရက္ခ်ည္းသာေသာက္ေနျခင္းျဖစ္သည္။

“အရက္ေသာက္လိုက္ေတာ့ေရာ မင္းအျပစ္ေတြေက်သြားလို႔
လား”

“ကြၽန္ေတာ္ ဖခင္မပီသတဲ့အေဖတစ္ေယာက္၊
သားဘက္ကို တစ္ခါမွကြၽန္ေတာ္မေတြးခဲ့ဖူးဘူး အေဖ၊
ေတာ္ဝင္ေယာက္်ားက ငါေမြးထားတဲ့သား၊
ငါ့ဆုံးျဖတ္ခ်က္ေတြကို သူနာခံရမယ္ဆိုၿပီးပဲ
ကြၽန္ေတာ္ အၿမဲေတြးခဲ့တာ၊ဟက္…..ရယ္စရာေကာင္းတာက
ကြၽန္ေတာ္က ဖခင္မပီသတဲ့အျပင္ လင္ေယာက္်ားတစ္
ေယာက္ရဲ႕တာဝန္ပါ မေက်ပြန္ခဲ့ဘူး”

အရက္ပုလင္းကိုေတြေတြႀကီးစိုက္ၾကည့္ကာ
မ်က္ရည္ေတြစီးက်ေနေသာသားျဖစ္သူအားမျမင္ရက္စြာ
မ်က္ႏွာလႊဲမိသည္။

“တကယ္ဆို ငါ့အျပစ္ေတြလည္းပါတယ္”

“အေဖ့အျပစ္ေတြ…ဘာေတြလဲ”

“တကယ္ဆို မင္းခ်စ္တဲ့သူနဲ႕လက္ထပ္ဖို႔ကို ငါလက္ခံခဲ့ရမွာ၊
ငါလည္း အေဖတာဝန္မေက်ပြန္ခဲ့ပါဘူး၊အဲ့အခ်ိန္က စီးပြားေရးဒိထက္ပိုေအာင္ျမင္ဖို႔သာ ငါ့အေတြးထဲရွိခဲ့တာ
ငါလည္း မွားခဲ့တာပါပဲ”

ေျပာဆိုၿပီး ရင္ထဲကအပူေတြၿငိမ္းေစဖို႔ရာ
စားပြဲေပၚကအရက္ခြက္ကိုအကုန္ေမာ့ခ်မိသည္။
မူးသြားတာနဲ႕ အရာအားလုံးေမ့သြားပါေစဆိုတဲ့
စိတ္နဲ႕….

“ကြၽန္ေတာ္သာ မေဖာက္ျပန္ခဲ့ရင္….
ကြၽန္ေတာ္သာ သားအေပၚဖခင္တာဝန္ေက်ပြန္ခဲ့ရင္….
ကြၽန္ေတာ္အရမ္းေနာင္တရတယ္ အေဖ”

“အခ်ိန္ေတြေနာက္ျပန္ရစ္လို႔မွမရေတာ့တာပဲ ငါ့သား၊
ေရွ႕ေလွ်ာက္ Royalအေပၚအရင္ကမေက်ပြန္ခဲ့တဲ့တာဝန္
ေတြကို ခုထမ္းေဆာင္လိုက္ေပါ့၊
အေဖလည္း ဒီအႀကံပဲေပးတတ္တယ္”

သားျဖစ္သူရဲ႕ပုခုံးကိုပုတ္ကာ အားျဖစ္ေစလိုျငား
ဆုပ္ညွစ္ေပးမိသည္။တကယ္လည္း ဒီလိုကိစ္စေတြျဖစ္လာ
တာ သူ႕အျပစ္လည္းမကင္းခဲ့။

သူတို႔စီးပြားေရးက သား(ဇာနည္ေတာ္ဝင္)ေမြးေတာ့
တဟုန္ထိုးတိုးတက္ေအာင္ျမင္လာသည္။သမီးျဖစ္သူ
ျမတ္ပန္းေတာ္ဝင္ေမြးၿပီး သုံးႏွစ္အၾကာမွာသူ႕မိန္းမဆုံးၿပီး
သားသမီးေတြအတြက္ သူ႕မွာတာဝန္ေတြပုံက်လာသည္။
အလုပ္ေၾကာင့္ သားသမီးေတြကိုအခ်ိန္မေပးနိုင္တဲ့သူက
ကေလးထိန္းသာငွားရသည္။

ကေလးေတြအ႐ြယ္ေရာက္ေတာ့လည္း
မ်ိဳးရိုးျမင့္တဲ့သူေတြနဲ႕သာ သူ႕စိတ္တိုင္းက်
လက္ထပ္ေစခဲ့သည္။သမီးငယ္ရဲ႕အိမ္ေထာင္ေရးက
အဆင္ေျပေပမယ့္ သားႀကီးရဲ႕အိမ္ေထာင္ေရးကတက်က္က်က္။
ေနာက္ဆုံးသားျဖစ္သူေဖာက္ျပန္တာသိရက္သားနဲ႕
အျပစ္မဆိုတဲ့အျပင္ ေခြၽးမ မသိေအာင္သူဖုံးကြယ္ထား
ခဲ့တယ္မလား။အင္းးးသူ႕အမွားေတြအေတာ္မ်ားတာပဲ။

သူ႕အမွားေတြေၾကာင့္ ေျမးျဖစ္သူေကာင္ေလးတစ္ေယာက္
နဲ႕ခ်စ္ႀကိဳက္ေနတာကို သူမတားခဲ့ျခင္းေပ။
သူ႕ေျမးကို ဒုတိယဇာနည္ေတာ္ဝင္မျဖစ္ေစခ်င္။
ဆိုေပမယ့္လို႔ သူ႕ေျမးကသူခ်ဳပ္ကိုင္လို႔မရတဲ့လူေတြရဲ႕
နာမည္စာရင္းမွာ ထိပ္ဆုံးကပါဝင္သည္။

…………………….

“Baby ဘာေတြေတြးေနတာလဲ”

ျပတင္းေပါက္နားမတ္တပ္ရပ္ကာ အျပင္သို႔ေငးေမာေနေသာ
Babyကိုအေနာက္ကေန တစ္ကိုယ္လုံးကိုသိမ္းက်ဳံးဖက္ကာ
လည္ပင္းေပၚေခါင္းတိုးေဝွ႕ရင္းေမးလိုက္ေတာ့
Babyကသူ႕ဘက္လွည့္လာၿပီး ခပ္ေဖ်ာ့ေဖ်ာ့ၿပဳံးျပလာသည္။

“ဘာမွမျဖစ္ပါဘူး”

“ညာေနတာ”

ေကာင္းထက္ဟိန္းစံ ဆိုတဲ့ေကာင္ေလးကို
အခ်ိန္အေတာ္ၾကာပိုးပန္းခဲ့တဲ့ေနေရာင္ျခည္အဖို႔
မ်က္ႏွာတစ္ခ်က္ၾကည့္ယုံနဲ႕အကဲခတ္နိုင္သည္။

“ကိုယ့္ကိုေျပာ၊ဘာေတြေတြးၿပီး စိတ္မေကာင္းျဖစ္ေနတာလဲ”

“ဘာမွမဟုတ္ပါဘူးဆို”

မ်က္လုံးခ်င္းမဆုံဘဲအၾကည့္လႊဲကာေျဖေနပုံက
လိမ္ေနမွန္းအရမ္းသိသာသည္။ပါးႏွစ္ဖက္ကိုအုပ္ကိုင္ကာ
အၾကည့္ခ်င္းဆုံေစၿပီး

“ကိုယ္တို႔ကခ်စ္သူေတြေလ၊
ကိုယ္တို႔ၾကားမွာဘာကိုမွ ထိန္ခ်န္ထားစရာမလိုဘူး baby”

“ကိုကို”

“ဟင္”

“တကယ္လို႔…တကယ္လို႔ေလ၊ကိုကို႔မိဘေတြက
ကြၽန္ေတာ္တို႔ကို သေဘာမတူရင္ဘယ္လိုလုပ္မလဲဟင္”

ေရွ႕ေရးကိုေတြးရင္းဝမ္းနည္းလာသျဖင့္
မ်က္ရည္ဝိုင္းလာတာကို ကိုကိုမသိေအာင္
ေခါင္းငုံ႕ခ်လိဳက္ေတာ့ ကိုကိုကသူ႕ေခါင္းကိုျပန္ေမာ့ေစကာ
မ်က္ခြံမို႔မို႔ကို အနမ္းေပးလာသည္။

ကိုကို သူ႕ကိုတကယ္ခ်စ္တယ္ဆိုတာသူခံစားမိေပမယ့္
သူတို႔ႏွစ္ေယာက္ကအေျခအေနကြာျခားလြန္းလွသည္။
သူကမိဘမဲ့တစ္ေယာက္ျဖစ္သည္။ကိုကိုကေတာ့ အရာအားလုံးၿပီးျပည့္စုံတဲ့အျပင္
ေငြေၾကးလည္းခ်မ္းသာသည္။

“ဘာလဲ…Royalတို႔သတင္းျမင္ၿပီး babyက
ေလွ်ာက္ေတြးေနတယ္ေပါ့ေလ”

မွန္ကန္ေသာစကားေၾကာင့္ သူေခါင္းၿငိမ့္ျပလိုက္သည္။
ထိုသတင္းျမင္ၿပီး သူ႕မွာေရွ႕ေရးေတြးမိသည္။
ကိုႏြေ့လိုလူကိုေတာင္ ကိုေတာ္ဝင္အေဖကသေဘာမတူရင္
ကိုကို႔မိဘေတြကေရာ သူ႕ကို….

“Babyကကြာ၊
အစတုန္းကေတာ့ ကိုယ္babyကို
ကိုယ့္မိဘေတြနဲ႕မိတ္ဆက္ေပးၿပီး အံ့ၾသေအာင္လုပ္မလို႔
ေပမယ့္ ခုbabyကေလွ်ာက္ေတြးေနေတာ့
ကိုယ္ေျပာရေတာ့မယ္”

ထူးထူးဆန္းဆန္းစကားေတြေၾကာင့္ သူကိုကို႔ကိုေမာ့ၾကည့္လိုက္ေတာ့ ကိုကိုက
သူ႕ပါးကို ဖြဖြေလးပြတ္သပ္ေပးလာကာ

“ကိုယ္ babyနဲ႕တြဲေနတာကို ကိုယ့္မိဘေတြသိတယ္”

“ဗ်ာ!”

“ကိုယ့္မိဘေတြက ေရွးရိုးမစြဲပါဘူးကြာ၊
သူတို႔က ကိုယ့္ေပ်ာ္႐ႊင္မႈကိုပဲလိုလားၾကတာ၊
ဟိုတစ္ေန႕ကေတာင္ မာမီကbabyနဲ႕ဘယ္ေတာ့
တရားဝင္မိတ္ဆက္ေပးမွာလဲ ေမးေနတာ”

“ကိုကို…တကယ္ေျပာေနတာလား”

“တကယ္ေပါ့…ကိုယ္ကညာစရာလား”

“ကိုကို႔…အီးးးးဟင့္”

“ေဟာဗ်ာ….ငိုစရာပါသြားလို႔လား”

ကိုကို႔လည္တိုင္ကို လက္ႏွစ္ဖက္နဲ႕တြယ္ဖက္ကာ
ရင္ခြင္က်ယ္ႀကီးထဲမ်က္ႏွာအပ္ၿပီး ငိုခ်င္းခ်မိသည္။
ကိုကိုကေတာ့ သူျဖစ္ပ်က္သြားပုံကို
သေဘာတက်ရယ္ကာ သူ႕ကိုေပြ႕ဖက္လာၿပီး
သူ႕ေခါင္းကို တရႈံ႕ရႈံ႕ငုံ႕နမ္းတာကို သူခံစားရသည္။

အရင္တုန္းကေတာ့ ကိုကို႔လိုလူရႈပ္လူေပြတစ္ေယာက္ကို
ခ်စ္မိလို႔သူ႕ကိုယ္သူအျပစ္တင္မိခဲ့သည္။
ကိုကို႔ကိုသူ႕ဘဝလက္တြဲေဖာ္အျဖစ္ေ႐ြးခ်ယ္ခဲ့တဲ့အတြက္
တစ္ခ်ိန္ကသူ႕ကိုယ္သူေက်းဇူးတင္မိသည္။

……………………….

“မင္း ေသခ်ာၿပီလား”

“ကြၽန္ေတာ္ေသခ်ာပါတယ္ဆို”

ေဒၚေလးဖုန္းအျမန္ခ်သြားရန္သာ ႐ြာလာခဲ့မယ္ဆိုလိုက္ေပမယ့္ ခုေယာက္်ားကပါ
႐ြာတကယ္သြားခ်င္တယ္ဆိုလာသျဖင့္
ေသခ်ာသလားထပ္ေမးရသည္။

ဟုတ္တယ္…ေယာက္်ား
ေတာ္ဝင္ေယာက္်ားက ႏြေရတုရဲ႕ေယာက္်ား
အရင္က ထိုနာမ္စားေခၚဖို႔သူရွက္႐ြံ႕ခဲ့ေပမယ့္
ခုခ်ိန္မွာေတာ့ ထိုနာမ္စားကိုသာတြင္တြင္ေခၚခ်င္သည္။
အမ်ားသူငွာက ဘာလို႔ေယာက္်ားလို႔ေခၚသလဲေမးလာရင္
ေတာ္ဝင္ေယာက္်ားနာမည္က ေနာက္ႏွစ္လုံးကိုအဖ်ားဆြတ္
ေခၚတာပါလို႔ သူဆိုေပမယ့္ အမွန္တကယ္
လင္ေယာက္်ားဟူေသာ အဓိပ္ပါယ္ျဖင့္ေခၚခ်င္းသာ။

“လိုင္းကားစီးသြားရမွာေနာ္”

“ဟာ…ဆိုင္ကယ္စီးလို႔မရဘူးလား ကိုကို”

“မရဘူး”

“ကိုကို႔!”

ေယာက္်ားက သူ႕ခါးႏွစ္ဖက္ကိုငုံ႕ဖက္လာကာ
သူ႕ဗိုက္မွာ မ်က္ႏွာလာအပ္ေလသည္။
အရင္က ႐ုပ္တည္နဲ႕ေယာက္်ားက ခုေနာက္ပိုင္း
အရမ္းခြၽဲတတ္လာသည္။

“အထုပ္အပိုးေတြေရာပါတဲ့အျပင္
ခရီးလမ္းကရွည္တယ္”

“ကြၽန္ေတာ္ ကားမစီးရဲဘူးေလ ကိုကို”

“ကိုကိုပါတယ္ေလ၊ၿပီးေတာ့ တစ္သက္လုံးမင္းကားမစီးဘဲ
ေနသြားမွာမို႔လား”

“ဒါေပမယ့္..”

“ကိုကို႔ကိုယုံ၊ကိုကိုက ေယာက္်ားကို ကာကြယ္ေပးမွာေပါ့”

သူ႕စကားအဆုံး လူဆိုးေကာင္ကရိသဲ့သဲ့ၿပဳံးျပလာကာ
ဗိုက္မွာေခါင္းဝွက္ထားရာမွ ေခါင္းေထာင္လာၿပီး
ႏြေရတုကိုယ္ကိုဆြဲေပြ႕ကာ သူ႕ေပါင္ေပၚဆြဲတင္လိုက္သည္။

“ဘာလုပ္တာလဲ မင္း”

“အရမ္းသိတတ္တဲ့ကိုကို႔ကို အာဘြားေပးခ်င္လို႔”

“ဟမ္”

လူဆိုးေကာင္က သူ႕မ်က္ႏွာအနားတိုးကပ္လာကာ

“အာ…..ဘြား”

ေနပါဦး…ေတာ္ဝင္ေယာက္်ားက ကေလးလား။
အာဘြားဆိုတဲ့အသံထြက္စရာလား……

“ကိုကို႔ကိုခ်စ္တယ္”

“ကိုကိုလည္း ေယာက္်ားကိုခ်စ္တယ္”

ေယာက္်ားလို႔ေခၚခံလိုက္ရတဲ့ Royalက
ေက်နပ္ၿပဳံးႀကီးကို သူ႕မ်က္ႏွာမွာခ်ိတ္ဆြဲလ်က္…..

………………………….

Tags: read novel Royal Husband 34, novel Royal Husband 34, read Royal Husband 34 online, Royal Husband 34 chapter, Royal Husband 34 high quality, Royal Husband 34 light novel, ,

Comment

Leave a Reply

Chapter 35