Royal Husband 35

All chapters are in Royal Husband
A+ A-

“ကိုကို ဆိုင်မသွားဘူးလား”

“မသွားဘူးလေ”

အဝတ်တွေမီးပူတိုက်နေသော နွေရတုအနားကပ်ထိုင်ကာ
စကားပြောနေခြင်းပင်။ပြီးတော့ စိတ်အစုံကို
သူ့ဆီမပို့ဘဲ တစ်ခြားဆီသို့ရောက်နေသောကိုကို့ကို
Royalစိတ်ဆိုးပါသည်။ဒါကြောင့် အသက်မရှိတဲ့အဝတ်တွေကိုသာ မျက်စောင်းထိုးလိုက်သည်။
သူ့အဝတ်အစားတွေဆိုတာကို လျစ်လျူရှုပြီးတော့ပေါ့….။

“ဘာလို့မသွားတာလဲ”

ကိုကို့ပုခုံးပေါ်မျက်နှာအပ်ကာ လည်ပင်းကိုအနမ်းတစ်ချက်
ပေးရင်းသူမေးလိုက်သည်။လက်မအားတဲ့ကိုကိုက
သူ့ခေါင်းကိုမဖယ်ရှားလာ။

“ရွာသွားမှာမို့ ဆိုင်ပိတ်ထားတာလေ”

“ဟမ်”

သူမသိသေးသောအကြောင်းအရာကြောင့်
ခေါင်းထောင်ကာကိုကို့ကိုကြည့်လိုက်တော့
ကိုကိုကတော့အေးအေးဆေးဆေး သူ့ကိုပြုံးပြလာပြီး

“မနက်ဖြန်သွားမှာ၊ယောက်ျားအဝတ်တွေနဲ့ကိုယ့်အဝတ်တွေကို
တစ်အိတ်ထဲထည့်ထားတယ်၊ယောက်ျားဘာမှလုပ်စရာမလိုဘူး”

“ဟာ…ကိုကို့ ကျွန်တော့်ကိုဘာမှလည်းမပြောဘူး”

ကိုကိုကလုပ်လက်စရပ်ကာ သူ့ကိုကြည့်လာပြီး
သူ့ပါးနှစ်ဖက်ကိုအုပ်ကိုင်လာကာ နဖူးကိုအနမ်းတစ်ပွင့်
ပေးလာသည်။

“ကိုကို”

“မြန်မြန်သွားပြီးမြန်မြန်ပြန်လာတော့မကောင်းဘူးလား၊
သြော်…ပြီးတော့ကိုကိုမင်းအတွက် ပုဆိုးတွေဝယ်ထည့်ထား
တယ်နော်၊ဝတ်တတ်တယ်မလား”

အမြဲတမ်းလိုလို ဘောင်းဘီတွေဝတ်တာမြင်သဖြင့်
သူထိုသို့မေးရခြင်းသာ။အချို့သောပုဆိုးမဝတ်တတ်သူ
တွေကို သူမြင်ဖူးတယ်လေ။

“မဝတ်တတ်ရင်ကိုကိုဝတ်ပေးမလို့လား”

ပြီတီတီရုပ်နဲ့ဆိုလာသူအားကြည့်ကာ
နွေရတု သဘောတကျရယ်ကာ

“ယောက်ျားမဝတ်တတ်ရင် ကိုကိုကဝတ်ပေးမှာပေါ့၊
ရွာသွားပြီးဘောင်းဘီတကားကားနဲ့နေလို့မကောင်းဘူးလေ”

“ပုဆိုးကတော့မဝတ်တတ်စရာလားဗျာ ကိုကိုကလည်း၊
ဒါပေမယ့်လည်း ကိုကိုကတကူးတကကြီးဝတ်ပေးမယ်ဆိုရင်
တော့ ကျွန်တော်ကလည်းကျေကျေနပ်နပ်ကြီး
အဝတ်ခံမှာပေါ့”

“မင်းကတော့လေ”

ရင်ဘတ်ကိုအသာထုကာမနိုင်ဘူးဆိုတဲ့သဘောနှင့်
သူခေါင်းတခါခါလုပ်နေတုန်း ယောက်ျားက
သူ့လက်ကိုဆွဲယူသွားကာ နှုတ်ခမ်းနဲ့ထိကပ်ပြီး
တမွမွနမ်းလေသည်။

“ငါခုနက အိမ်သာတက်ထားတာနော်”

“ဒါကြောင့် ဆပ်ပြာနံ့လေးသင်းနေတာကို”

သူတို့နှစ်ယောက်တစ်ယောက်နဲ့တစ်ယောက်အကြည့်ချင်းဆုံကာပြုံးမိကြသည်။မျက်ဝန်းတွေကတစ်ဆင့် ကိုယ်ချစ်တာကို
သူသိပါလေစ~~~

တီးတောင်….တီးတောင်

ဘဲလ်တီးသံကြောင့် သူတို့နှစ်ယောက်အကြည့်ကခြံပြင်သို့။
တံခါးကွယ်ထားသဖြင့် ဘယ်သူဘယ်ဝါမှန်းတော့မမြင်ရ။

“ကျွန်တော်သွားကြည့်လိုက်မယ်”

နွေရတုခေါင်းငြိမ့်ပြလိုက်တော့ Royalက
အိမ်ပြင်သို့ထွက်သွားလေသည်။

ခြံတံခါးကြားမှလှမ်းမြင်နေရသောလူကြောင့်
Royalခြေလှမ်းတွေရပ်တန့်လိုက်မိသည်။
အခုချိန်မှာတော့ သူ ထိုလူကိုမမြင်ချင်။
ကျောခိုင်းရန်ပြင်လိုက်စဥ် ကြားလိုက်ရတဲ့အသံကြောင့်
ခြေလှမ်းတွေရပ်တန့်လိုက်မိသည်။

“သား”

ကြားဖူးနားဝမရှိတဲ့နာမ်စားကြောင့် သူ့အတွက်စိမ်းနေတာ
တော့အမှန်။

“ဦးဇာနည်တော်ဝင်က ဒီကိုလာစရာအကြောင်းရှိပါသလား”

“သား…ဒယ်..ဒီ…ဒယ်ဒီလေ…သားကိုတောင်းပန်”

“ကျုပ်အမေအုတ်ဂူဆီရော သွားတောင်းပန်ပြီးပြီလား”

စကားဖြတ်ကာ သူပြောလိုက်တော့
ဦးဇာနည်ရဲ့မျက်နှာပျက်ယွင်းသွားလေသည်။

“ဟက်….ဦးဇာနည်တော်ဝင်တကယ်တမ်းတောင်းပန်ရမှာ
ကျုပ်အမေကိုပါ၊ကျုပ်အနေနဲ့ကတော့
တောင်းပန်တာကို လက်မခံနိုင်ပါဘူး”

“ဒယ်ဒီ့အမှားတွေကို ပြင်ဆင်ခွင့်မပေးနိုင်တော့ဘူးလား သား”

“ကျုပ်အမေအသက်ပြန်ရှင်လာမယ်ဆိုရင်တော့……..”

မဖြစ်နိုင်သောစကားဆိုပြီး သူ့ကိုကျောခိုင်းသွားသော
သားဖြစ်သူအား သူအပြစ်မဆိုနိုင်။
သူ့အနေနဲ့ ဒီလောက်နဲ့လက်မလျော့ချင်သေး။

သားအိမ်ပုလေးထဲဝင်သွားတာကို အဆုံးထိကြည့်ပြီးမှ
ရပ်ထားသောကားဆီသို့ ခြေလှမ်းတွေဦးတည်လိုက်သည်။
ဒီတစ်နေ့တော့ သူလက်လျော့ရဦးမှာပေါ့လေ။
ကားတံခါးဖွင့်ကာ ဝင်ရန်ပြင်နေတုန်း…..

“အန်ကယ်”

ချိုအေးလှတဲ့အသံကြောင့် သူလှည့်ကြည့်လိုက်တော့
သားကောင်လေးက သူ့ကိုကြည့်နေသည်။

“ကျွန်တော် စကားနည်းနည်းလောက်ပြောချင်လို့ပါ”

ဖွင့်ထားသော တံခါးကိုပြန်ပိတ်ကာ ကောင်လေးအနား
လျှောက်သွားလိုက်သည်။ကောင်လေးပုံစံကြည့်ရတာ
သူ့အပေါ်ရှိန်နေခြင်းမရှိသလို တည်တည်ငြိမ်ငြိမ်နဲ့ပင်။

“အပိုဆိုတယ်ထင်မလားမသိပေမယ့် Royalခံစားချက်
တွေကိုကျွန်တော်နားလည်တယ်၊အန်ကယ် Royalကို
အချိန်ခဏလောက်ပေးလိုက်ပါ၊ဒီကြားထဲ Royalကို
ကျွန်တော်ဖြောင်းဖျကြည့်ပါ့မယ်”

ဦးဇာနည်တော်ဝင်ရှေ့မှာ ယောက်ျားလို့ပြောဆိုရန်မကောင်းသဖြင့်
Royalလို့သူသုံးလိုက်ခြင်းပင်။တော်ဝင်ယောက်ျားဟုဆို
လိုက်လျှင် ယောက်ျားနဲ့ကိုယ့်ကိုအနေစိမ်းတယ်ဟုထင်သွား
မှာလည်း စိုးသောကြောင့်။

“ဒီလိုဆိုလို့ ကျွန်တော်က အန်ကယ်နဲ့Royalကို
ပြေလည်အောင်လုပ်ပေးပြီး အန်ကယ့်ဆီကအမှတ်ယူချင်တာ
တော့မဟုတ်ပါဘူး၊Royalရဲ့ချစ်သူအနေနဲ့
လုပ်ပေးသင့်တယ်လို့ထင်လို့ပါ၊အန်ကယ်က Royalကို
အန်ကယ့်သားမို့စိတ်ဆင်းရဲတာမမြင်ချင်သလို
Royalက ကျွန်တော့်ချစ်သူမို့ သူပျော်တာကိုမြင်ချင်တာ
ကျွန်တော့်ဆန္ဒပါ”

ကောင်လေးက သားအတွက်တွေးပေးတာကိုမြင်တော့
ဒီကောင်လေးအပေါ်သူမကောင်းခဲ့တာကို နောင်တရမိသည်။

“အန်ကယ့်သားကို ဂရုစိုက်ပေးပါ၊တောင်းဆိုပါတယ်”

ထိုစကားကို ကောင်လေးနှစ်ဖက်အားဆုပ်ကိုင်ကာ
သူတောင်းဆိုမိသည်။

“Royalအတွက် စိတ်မပူပါနဲ့ဗျ”

လုံလောက်ပါပြီ….
သားဖြစ်သူအချစ်ရေးကိုမစွက်ဖက်ဖို့
ဒီစကားလုံးတွေနဲ့ လုံလောက်သွားပါပြီ…..

……………………

“ဒေါ်လေး သေချာပြီလားဟင်၊
သေသေချာချာ စဥ်းစားပါဦးလား”

“ဒေါ်လေးသေချာစဥ်းစားပြီးပြီ မယ်”

အဝတ်တွေကို အိတ်ထဲသေချာထည့်နေသောဒေါ်လေးကိုကြည့်ကာ
သူမ ခေါင်းယမ်းမိသည်။ကွာရှင်းလိုက်ယုံနဲ့ အရာအားလုံး
ပြီးသွားလိမ့်မယ်လို့ သူမအဒေါ်ကထင်နေသည်။

~~Ring. …Ring~~~

ဘေးနားချထားသောဖုန်းမြည်လာသဖြင့် သူမcontact
nameကိုကြည့်ကာ ဖုန်းကိုင်လိုက်သည်။

“ဟယ်လို”

“ကျွန်တော်အိမ်ရှေ့ရောက်ပြီ အမေ”

“ရောက်လာပြီလား၊ခဏနော် သား၊
အမေတို့ထွက်လာတော့မယ်”

ဖုန်းဘေးချကာ ဘေးနားထိုင်နေတုန်းဖြစ်တဲ့တူမအား

“မယ့်အစ်ကိုရောက်နေပြီတဲ့၊သွား…အထုပ်တွေပြင်ပြီးပြီမလား၊
ဒေါ်လေးတို့သွားကြရအောင်”

“ဟုတ်ကဲ့ ဒေါ်လေး”

တူဝရီးနှစ်ယောက် ခရီးအောင်အိတ်တစ်ယောက်တစ်လုံးနဲ့
အောက်ထပ်ဆင်းလာတော့ အိမ်မှာရှိတဲ့သူအားလုံးက
အထူးအဆန်းလိုကြည့်လာကြသည်။

ဒေါ်မိုးကလျာက သူမလက်ထဲကစာအိတ်ကို
အန်းကြည့်နေတဲ့ ဒေါ်မြတ်ပန်းတော်ဝင်လက်ထဲထည့်ပေးကာ

“သူပြန်လာရင် ပေးပေးပါ၊ကျွန်မလက်မှတ်ထိုးပြီးပါပြီ”

စကားအသွားအလာကြည့်ယုံနဲ့ဘာဆိုလိုမှန်းသိလိုက်ကြသည်။ဦးမင်းတော်ဝင်ကတော့ ဒီကိစ္စတွေကိုမပါဝင်ချင်သဖြင့်
ရှောင်ထွက်သွားလေသည်။

“ဒီအတောအတွင်း မျက်နှာပူစရာတွေဖြစ်ခဲ့တဲ့အတွက်
တောင်းပန်ပါတယ်၊ဒါဆို ခွင့်ပြုပါဦး”

ကျောခိုင်းထွက်သွားသူအားကြည့်ပြီး
ဒေါ်မြတ်ပန်းတော်ဝင် ဘာစကားပြောရမလဲမသိပေ။
ဆက်ဆံရေးအဆင်မပြေလှသော်လည်း ဒီလိုကြီး
အရှုံးသမားလိုထွက်သွားတာမြင်ရတာ သူမစိတ်ထဲ
တစ်မျိုးခံစားရသည်။

“ဂရုစိုက်သွားပါ”

သူမစကားကြောင့် ဒေါ်မိုးကလျာက
လှည့်ကာပြုံးပြလာသည်။ထိုအပြုံးက အတုအယောင်မဟုတ်
တဲ့စစ်မှန်သောအပြုံးမှန်းခံစားရသည်။

နောက်ဆုံးတော့ ဒေါ်မိုးကလျာကလောဘတွေကို
လွှတ်ချနိုင်ခဲ့ပြီပဲ~~~~

……………………….

(ဒီနေ့က double updateမို့
နောက်တစ်ပိုင်းထပ်လာပါမည်)

Zawgyi

“ကိုကို ဆိုင္မသြားဘူးလား”

“မသြားဘူးေလ”

အဝတ္ေတြမီးပူတိုက္ေနေသာ ႏြေရတုအနားကပ္ထိုင္ကာ
စကားေျပာေနျခင္းပင္။ၿပီးေတာ့ စိတ္အစုံကို
သူ႕ဆီမပို႔ဘဲ တစ္ျခားဆီသို႔ေရာက္ေနေသာကိုကို႔ကို
Royalစိတ္ဆိုးပါသည္။ဒါေၾကာင့္ အသက္မရွိတဲ့အဝတ္ေတြကိုသာ မ်က္ေစာင္းထိုးလိုက္သည္။
သူ႕အဝတ္အစားေတြဆိုတာကို လ်စ္လ်ဴရႈၿပီးေတာ့ေပါ့….။

“ဘာလို႔မသြားတာလဲ”

ကိုကို႔ပုခုံးေပၚမ်က္ႏွာအပ္ကာ လည္ပင္းကိုအနမ္းတစ္ခ်က္
ေပးရင္းသူေမးလိုက္သည္။လက္မအားတဲ့ကိုကိုက
သူ႕ေခါင္းကိုမဖယ္ရွားလာ။

“႐ြာသြားမွာမို႔ ဆိုင္ပိတ္ထားတာေလ”

“ဟမ္”

သူမသိေသးေသာအေၾကာင္းအရာေၾကာင့္
ေခါင္းေထာင္ကာကိုကို႔ကိုၾကည့္လိုက္ေတာ့
ကိုကိုကေတာ့ေအးေအးေဆးေဆး သူ႕ကိုၿပဳံးျပလာၿပီး

“မနက္ျဖန္သြားမွာ၊ေယာက္်ားအဝတ္ေတြနဲ႕ကိုယ့္အဝတ္ေတြကို
တစ္အိတ္ထဲထည့္သြားတယ္၊ေယာက္်ားဘာမွလုပ္စရာမလိုဘူး”

“ဟာ…ကိုကို႔ ကြၽန္ေတာ့္ကိုဘာမွလည္းမေျပာဘူး”

ကိုကိုကလုပ္လက္စရပ္ကာ သူ႕ကိုၾကည့္လာၿပီး
သူ႕ပါးႏွစ္ဖက္ကိုအုပ္ကိုင္လာကာ နဖူးကိုအနမ္းတစ္ပြင့္
ေပးလာသည္။

“ကိုကို”

“ျမန္ျမန္သြားၿပီးျမန္ျမန္ျပန္လာေတာ့မေကာင္းဘူးလား၊
ေၾသာ္…ၿပီးေတာ့ကိုကိုမင္းအတြက္ ပုဆိုးေတြဝယ္ထည့္ထား
တယ္ေနာ္၊ဝတ္တတ္တယ္မလား”

အၿမဲတမ္းလိုလို ေဘာင္းဘီေတြဝတ္တာျမင္သျဖင့္
သူထိုသို႔ေမးရျခင္းသာ။အခ်ိဳ႕ေသာပုဆိုးမဝတ္တတ္သူ
ေတြကို သူျမင္ဖူးတယ္ေလ။

“မဝတ္တတ္ရင္ကိုကိုဝတ္ေပးမလို႔လား”

ၿပီတီတီ႐ုပ္နဲ႕ဆိုလာသူအားၾကည့္ကာ
ႏြေရတု သေဘာတက်ရယ္ကာ

“ေယာက္်ားမဝတ္တတ္ရင္ ကိုကိုကဝတ္ေပးမွာေပါ့၊
႐ြာသြားၿပီးေဘာင္းဘီတကားကားနဲ႕ေနလို႔မေကာင္းဘူးေလ”

“ပုဆိုးကေတာ့မဝတ္တတ္စရာလားဗ်ာ ကိုကိုကလည္း၊
ဒါေပမယ့္လည္း ကိုကိုကတကူးတကႀကီးဝတ္ေပးမယ္ဆိုရင္
ေတာ့ ကြၽန္ေတာ္ကလည္းေက်ေက်နပ္နပ္ႀကီး
အဝတ္ခံမွာေပါ့”

“မင္းကေတာ့ေလ”

ရင္ဘတ္ကိုအသာထုကာမနိုင္ဘူးဆိုတဲ့သေဘာႏွင့္
သူေခါင္းတခါခါလုပ္ေနတုန္း ေယာက္်ားက
သူ႕လက္ကိုဆြဲယူသြားကာ ႏႈတ္ခမ္းနဲ႕ထိကပ္ၿပီး
တမြမြနမ္းေလသည္။

“ငါခုနက အိမ္သာတက္ထားတာေနာ္”

“ဒါေၾကာင့္ ဆပ္ျပာနံ႕ေလးသင္းေနတာကို”

သူတို႔ႏွစ္ေယာက္တစ္ေယာက္နဲ႕တစ္ေယာက္အၾကည့္ခ်င္းဆုံကာၿပဳံးမိၾကသည္။မ်က္ဝန္းေတြကတစ္ဆင့္ ကိုယ္ခ်စ္တာကို
သူသိပါေလ~~~

တီးေတာင္….တီးေတာင္

ဘဲလ္တီးသံေၾကာင့္ သူတို႔ႏွစ္ေယာက္အၾကည့္ကၿခံျပင္သို႔။
တံခါးကြယ္ထားသျဖင့္ ဘယ္သူဘယ္ဝါမွန္းေတာ့မျမင္ရ။

“ကြၽန္ေတာ္သြားၾကည့္လိုက္မယ္”

ႏြေရတုေခါင္းၿငိမ့္ျပလိုက္ေတာ့ Royalက
အိမ္ျပင္သို႔ထြက္သြားေလသည္။

ၿခံတံခါးၾကားမွလွမ္းျမင္ေနရေသာလူေၾကာင့္
Royalေျခလွမ္းေတြရပ္တန့္လိုက္မိသည္။
အခုခ်ိန္မွာေတာ့ သူ ထိုလူကိုမျမင္ခ်င္။
ေက်ာခိုင္းရန္ျပင္လိုက္စဥ္ ၾကားလိုက္ရတဲ့အသံေၾကာင့္
ေျခလွမ္းေတြရပ္တန့္လိုက္မိသည္။

“သား”

ၾကားဖူးနားဝမရွိတဲ့နာမ္စားေၾကာင့္ သူ႕အတြက္စိမ္းေနတာ
ေတာ့အမွန္။

“ဦးဇာနည္ေတာ္ဝင္က ဒီကိုလာစရာအေၾကာင္းရွိပါသလား”

“သား…ဒယ္..ဒီ…ဒယ္ဒီေလ…သားကိုေတာင္းပန္”

“က်ဳပ္အေမအုတ္ဂူဆီေရာ သြားေတာင္းပန္ၿပီးၿပီလား”

စကားျဖတ္ကာ သူေျပာလိုက္ေတာ့
ဦးဇာနည္ရဲ႕မ်က္ႏွာပ်က္ယြင္းသြားေလသည္။

“ဟက္….ဦးဇာနည္ေတာ္ဝင္တကယ္တမ္းေတာင္းပန္ရမွာ
က်ဳပ္အေမကိုပါ၊က်ဳပ္အေနနဲ႕ကေတာ့
ေတာင္းပန္တာကို လက္မခံနိုင္ပါဘူး”

“ဒယ္ဒီ့အမွားေတြကို ျပင္ဆင္ခြင့္မေပးနိုင္ေတာ့ဘူးလား သား”

“က်ဳပ္အေမအသက္ျပန္ရွင္လာမယ္ဆိုရင္ေတာ့……..”

မျဖစ္နိုင္ေသာစကားဆိုၿပီး သူ႕ကိုေက်ာခိုင္းသြားေသာ
သားျဖစ္သူအား သူအျပစ္မဆိုနိုင္။
သူ႕အေနနဲ႕ ဒီေလာက္နဲ႕လက္မေလ်ာ့ခ်င္ေသး။

သားအိမ္ပုေလးထဲဝင္သြားတာကို အဆုံးထိၾကည့္ၿပီးမွ
ရပ္ထားေသာကားဆီသို႔ ေျခလွမ္းေတြဦးတည္လိုက္သည္။
ကားတံခါးဖြင့္ကာ ဝင္ရန္ျပင္ေနတုန္း…..

“အန္ကယ္”

ခ်ိဳေအးလွတဲ့အသံေၾကာင့္ သူလွည့္ၾကည့္လိုက္ေတာ့
သားေကာင္ေလးက သူ႕ကိုၾကည့္ေနသည္။

“ကြၽန္ေတာ္ စကားနည္းနည္းေလာက္ေျပာခ်င္လို႔ပါ”

ဖြင့္ထားေသာ တံခါးကိုျပန္ပိတ္ကာ ေကာင္ေလးအနား
ေလွ်ာက္သြားလိုက္သည္။ေကာင္ေလးပုံစံၾကည့္ရတာ
သူ႕အေပၚရွိန္ေနျခင္းမရွိသလို တည္တည္ၿငိမ္ၿငိမ္နဲ႕ပင္။

“အပိုဆိုတယ္ထင္မလားမသိေပမယ့္ Royalခံစားခ်က္
ေတြကိုကြၽန္ေတာ္နားလည္တယ္၊အန္ကယ္ Royalကို
အခ်ိန္ခဏေလာက္ေပးလိုက္ပါ၊ဒီၾကားထဲ Royalကို
ကြၽန္ေတာ္ေျဖာင္းဖ်ၾကည့္ပါ့မယ္”

ဦးဇာနည္ေတာ္ဝင္ေရွ႕မွာ ေယာက္်ားလို႔ေျပာဆိုရန္မေကာင္းသျဖင့္
Royalလို႔သူသုံးလိုက္ျခင္းပင္။ေတာ္ဝင္ေယာက္်ားဟုဆို
လိုက္လွ်င္ ေယာက္်ားနဲ႕ကိုယ့္ကိုအေနစိမ္းတယ္ဟုထင္သြား
မွာလည္း စိုးေသာေၾကာင့္။

“ဒီလိုဆိုလို႔ ကြၽန္ေတာ္က အန္ကယ္နဲ႕Royalကို
ေျပလည္ေအာင္လုပ္ေပးၿပီး အန္ကယ့္ဆီကအမွတ္ယူခ်င္တာ
ေတာ့မဟုတ္ပါဘူး၊Royalရဲ႕ခ်စ္သူအေနနဲ႕
လုပ္ေပးသင့္တယ္လို႔ထင္လို႔ပါ၊အန္ကယ္က Royalကို
အန္ကယ့္သားမို႔စိတ္ဆင္းရဲတာမျမင္ခ်င္သလို
Royalက ကြၽန္ေတာ့္ခ်စ္သူမို႔ သူေပ်ာ္တာကိုျမင္ခ်င္တာ
ကြၽန္ေတာ့္ဆန္ဒပါ”

ေကာင္ေလးက သားအတြက္ေတြးေပးတာကိုျမင္ေတာ့
ဒီေကာင္ေလးအေပၚသူမေကာင္းခဲ့တာကို ေနာင္တရမိသည္။

“အန္ကယ့္သားကို ဂ႐ုစိုက္ေပးပါ၊ေတာင္းဆိုပါတယ္”

ထိုစကားကို ေကာင္ေလးႏွစ္ဖက္အားဆုပ္ကိုင္ကာ
သူေတာင္းဆိုမိသည္။

“Royalအတြက္ စိတ္မပူပါနဲ႕ဗ်”

လုံေလာက္ပါၿပီ….
သားျဖစ္သူအခ်စ္ေရးကိုမစြက္ဖက္ဖို႔
ဒီစကားလုံးေတြနဲ႕ လုံေလာက္သြားပါၿပီ…..

……………………

“ေဒၚေလး ေသခ်ာၿပီလားဟင္၊
ေသေသခ်ာခ်ာ စဥ္းစားပါဦးလား”

“ေဒၚေလးေသခ်ာစဥ္းစားၿပီးၿပီ မယ္”

အဝတ္ေတြကို အိတ္ထဲေသခ်ာထည့္ေနေသာေဒၚေလးကိုၾကည့္ကာ
သူမ ေခါင္းယမ္းမိသည္။ကြာရွင္းလိုက္ယုံနဲ႕ အရာအားလုံး
ၿပီးသြားလိမ့္မယ္လို႔ သူမအေဒၚကထင္ေနသည္။

~~Ring. …Ring~~~

ေဘးနားခ်ထားေသာဖုန္းျမည္လာသျဖင့္ သူမcontact
nameကိုၾကည့္ကာ ဖုန္းကိုင္လိုက္သည္။

“ဟယ္လို”

“ကြၽန္ေတာ္အိမ္ေရွ႕ေရာက္ၿပီ အေမ”

“ေရာက္လာၿပီလား၊ခဏေနာ္ သား၊
အေမတို႔ထြက္လာေတာ့မယ္”

ဖုန္းေဘးခ်ကာ ေဘးနားထိုင္ေနတုန္းျဖစ္တဲ့တူမအား

“မယ့္အစ္ကိုေရာက္ေနၿပီတဲ့၊သြား…အထုပ္ေတြျပင္ၿပီးၿပီမလား၊
ေဒၚေလးတို႔သြားၾကရေအာင္”

“ဟုတ္ကဲ့ ေဒၚေလး”

တူဝရီးႏွစ္ေယာက္ ခရီးေအာင္အိတ္တစ္ေယာက္တစ္လုံးနဲ႕
ေအာက္ထပ္ဆင္းလာေတာ့ အိမ္မွာရွိတဲ့သူအားလုံးက
အထူးအဆန္းလိုၾကည့္လာၾကသည္။

ေဒၚမိုးကလ်ာက သူမလက္ထဲကစာအိတ္ကို
အန္းၾကည့္ေနတဲ့ ေဒၚျမတ္ပန္းေတာ္ဝင္လက္ထဲထည့္ေပးကာ

“သူျပန္လာရင္ ေပးေပးပါ၊ကြၽန္မလက္မွတ္ထိုးၿပီးပါၿပီ”

စကားအသြားအလာၾကည့္ယုံနဲ႕ဘာဆိုလိုမွန္းသိလိုက္ၾကသည္။ဦးမင္းေတာ္ဝင္ကေတာ့ ဒီကိစ္စေတြကိုမပါဝင္ခ်င္သျဖင့္
ေရွာင္ထြက္သြားေလသည္။

“ဒီအေတာအတြင္း မ်က္ႏွာပူစရာေတြျဖစ္ခဲ့တဲ့အတြက္
ေတာင္းပန္ပါတယ္၊ဒါဆို ခြင့္ျပဳပါဦး”

ေက်ာခိုင္းထြက္သြားသူအားၾကည့္ၿပီး
ေဒၚျမတ္ပန္းေတာ္ဝင္ ဘာစကားေျပာရမလဲမသိေပ။
ဆက္ဆံေရးအဆင္မေျပလွေသာ္လည္း ဒီလိုႀကီး
အရႈံးသမားလိုထြက္သြားတာျမင္ရတာ သူမစိတ္ထဲ
တစ္မ်ိဳးခံစားရသည္။

“ဂ႐ုစိုက္သြားပါ”

သူမစကားေၾကာင့္ ေဒၚမိုးကလ်ာက
လွည့္ကာၿပဳံးျပလာသည္။ထိုအၿပဳံးက အတုအေယာင္မဟုတ္
တဲ့စစ္မွန္ေသာအၿပဳံးမွန္းခံစားရသည္။

ေနာက္ဆုံးေတာ့ ေဒၚမိုးကလ်ာကေလာဘေတြကို
လႊတ္ခ်နိဳင္ခဲ့ၿပီပဲ~~~~

……………………….

(ဒီေန႕က double updateမို႔
ေနာက္တစ္ပိုင္းထပ္လာပါမည္)

Tags: read novel Royal Husband 35, novel Royal Husband 35, read Royal Husband 35 online, Royal Husband 35 chapter, Royal Husband 35 high quality, Royal Husband 35 light novel, ,

Comment

Leave a Reply

Chapter 36