Royal Husband 36

All chapters are in Royal Husband
A+ A-

“ကျွန်မက ပြီးပြည့်စုံတဲ့လူတစ်ယောက်မဟုတ်ဘူး”

“ကိုယ်လည်းပြီးပြည့်စုံတာမှမဟုတ်တာ”

“ကျွန်မက အရင်ကမကောင်းခဲ့ဘူး”

“ခုကောင်းရင် ရပြီ”

“ကျွန်မက….”

“မင်းဘယ်လိုလူဖြစ်ဖြစ် ကိုယ်လက်ခံနိုင်တာမို့
ကိုယ့်ကိုကိုယ်ချိုးနှိမ်ပြီး မပြောပါနဲ့လား”

စိတ်လှုပ်ရှားဟန်လက်နှစ်ဖက်ကိုဆုပ်ညစ်ကာဆိုနေသော
မယ်ကြောင့် ချစ်ရသူစိတ်သက်သာစေရန်သူဖြေလျော့ပေးမိသည်။

“တကယ်တော့…တကယ်တော့လေ….
ကျွန်မက ရှင့်အချစ်နဲ့မထိုက်တန်တဲ့လူတစ်ယောက်ပါ”

“ဘယ်သူပြောလဲ…
မယ်ကကိုယ့်အချစ်နဲ့မထိုက်တန်ပါဘူးလို့၊
ကိုယ်ကတော့ ရှင်းရှင်းပဲ၊
မယ်မှကိုယ့်ကိုလက်မခံရင် ကိုယ်ကတော့တစ်သက်လုံး
လူပျိုကြီးဖြစ်တော့မှာ”

သူရထက်နိုင်က စကားကိုပိုပိုသာသာဆိုမိတော့
သူယောင်မယ်ကရှက်ရွံစွာခေါင်းငုံ့သွားလေသည်။

“အမှန်အတိုင်းဝန်ခံရရင် မယ်Royalရှိတဲ့barကို
ရောက်လာတတ်ကတည်းက ကိုယ်မယ့်ကိုသဘောကျခဲ့တာ၊
နောက်ပိုင်း သဘောကျယုံအဆင့်ကနေ ချစ်မိသွားတယ်၊
မယ် ကိုယ့်Companyမှာအလုပ်လာလျှောက်တော့
ကိုယ်အရမ်းပျော်ခဲ့တာ”

လူကိုရှေ့ထားကာ ချစ်ကြောင်းဆိုနေသူကြောင့်
မယ်အကြည့်တွေလွှဲကာ စားပွဲပေါ်ကရေခွက်ယူပြီး
မော့သောက်လိုက်သည်။

“မယ် ကိုယ့်ကိုလက်ခံလာနိုင်တဲ့အထိကိုယ်စောင့်နိုင်ပါတယ်၊
အဆုံးသတ်မှာ မယ်သာကိုယ့်ကိုရွေးချယ်ခဲ့ရင်
ကိုယ်အရမ်းပျော်မိမှာ”

“တကယ်တော့ မယ်အခုလိုကိုသူရကိုချိန်းလိုက်တာက
ကိုသူရအတွက် မယ့်အဖြေကိုပြောချင်လို့ပါ”

မယ့်စကားအဆုံး သူရထက်နိုင်စိတ်လှုပ်ရှားသွားလေသည်။
ကိုယ်ချစ်ရသူဆီကအဖြေရတော့မယ့်အချိန်စိတ်လှုပ်ရှားတာ
ပုံမှန်ပဲမဟုတ်လား။

“မယ်…မယ်လည်း ကိုသူရကို ချစ်..ချစ်ပါတယ်”

အဖြေပြောပြီး ရှက်ရွံ့စွာခေါင်းငုံ့ထားမိသည်။
အချိန်အတော်ကြာအောင် ကိုသူရထံမှဘာစကားသံမှ
ထွက်မလာသဖြင့် သူမခေါင်းမော့ကြည့်လိုက်တော့
ကိုသူရက မယ့်ကိုကြောင်အမ်းစွာကြည့်နေလေသည်။

“ကိုသူရ…ကိုသူရ!. ..ဘာဖြစ်တာလဲဟင်…ကိုသူရ!!”

“ဟမ်…အမ်”

အော်လိုက်မှသတိဝင်လာကာ ရုတ်တရက်ထခုန်လေသည်။
တစ်ဖက်ခုံမှာထိုင်နေသောမယ့်ကိုဖက်မလိုဟန်ပြုကာ
လက်ပြန်ရုတ်သွားပြီး မျက်နှာတွေပွတ်သပ်နေပုံမှာ
မယ့်အဖြေကြောင့် အရမ်းစိတ်လှုပ်ရှားသွားပုံ။
တစ်ဖန် တဟားဟားအော်ရယ်လာကာစားပွဲပေါ်တင်ထားတဲ့
မယ့်လက်ကိုဆုပ်ညစ်လာပြန်သည်။

“ကျေးဇူးပါ မယ်”

“မယ်ကသာ မယ့်ကိုချစ်ပေးတဲ့ကိုသူရကို ကျေးဇူးတင်နေတာပါ”

ချစ်ရသူပျော်နေတာမြင်တော့လည်း သူမလည်းပျော်မိသည်။
ရှေ့လျှောက်တော့ လက်တွဲမြဲချင်သည်~~
…………………….

“ဟာ….မင်းကငါတို့ကိုကျထားခဲ့ပြီး
ကိုနွေနဲ့ခရီးထွက်မယ်ပေါ့လေ”

သူခရီးသွားမယ့်အကြောင်းကို သူငယ်ချင်းတွေကို
ဖုန်းဆက်ပြောတဲ့အချိန် အခုလိုရစ်ခံနေရခြင်းပင်။
အခြားသူတွေထက် နေရောင်ကဒီစကားကို ထပ်ခါတလဲလဲ။

“မင်းတို့လည်း ခရီးထွက်ချင်ထွက်ပေါ့”

“ဟာ…..ငါတို့ခရီးထွက်ရင်barကိုဘယ်လိုလုပ်မှာလဲ”

“ပိတ်ထားလိုက်ပေါ့”

“ခုတော့ ဒီစကားပြောလာပြီပေါ့လေ”

“မင်းbabyကို သွားရစ်ကွာ၊
ငါဖုန်းချလိုက်တော့မယ် “

“ဟျောင့်…Royal!!”

တစ်ဖက်မှအော်သံကိုလျစ်လျူရှုကာ ဖုန်းချပစ်လိုက်သည်။
ဒီလိုမှဇွတ်မချရင် ထပ်ရစ်နေဦးမှာ သူသိသောကြောင့်။
သူအခုအိမ်ပြင်မှာဖုန်းပြောနေတာဖြစ်သဖြင့် အိမ်ထဲဝင်
လိုက်တော့ ကိုကိုကသူ့ကလေးနှစ်ကောင်ကို
ပေါင်ပေါ်တင်ကာ TVကြည့်နေလေသည်။

သူလည်းကိုကို့အနားသွားထိုင်ကာ ကိုကို့ပေါင်ပေါ်က
ကြောင်နှစ်ကောင်ကိုဘေးချလိုက်ပြီး ပေါင်ပေါ်ခေါင်းအုံး
လိုက်တော့ ကိုကိုကသူ့ကိုငုံ့ကြည့်လာကာ
မျက်စောင်းထိုးလေသည်။သဘောက သူ့ကြောင်တွေကို
နေရာရွေ့လိုက်သောကြောင့်။ကြောင်နှစ်ကောင်ကလည်း
ချပေးလိုက်တဲ့နေရာမှာ ပြန်ခွေသွားလို့သာတော်ရော့သည်။

“ကိုကို ကျွန်တော့်ခေါင်းကိုကိုင်ပေးပါလား”

“ဒီမှာ TVကြည့်နေတယ်လေ”

“ကျွန်တော့်ခေါင်းကို မျက်လုံးနဲ့ကြည့်ခိုင်းတာမှမဟုတ်တာ၊
လက်နဲ့ကိုင်ခိုင်းတာလေ”

ထိုအခါမှ ကိုကိုကသူ့အလိုကျ သူ့ခေါင်းကဆံပင်တွေကို
ပွတ်သပ်ပေးလာသည်။

“ကိုကို ကျွန်တော့်ကိုချစ်လား”

“ဘာလို့မေးတာလဲ”

“ကြားချင်လို့လေ”

“ချစ်တာပေါ့၊ကိုကို့ယောက်ျားကို အရမ်းချစ်တယ်”

နွေရတုစကားဆုံးတော့ Royalကသဘောကျစွာ
သွားတက်လေးတွေပေါ်အောင်ပင် ပြုံးရယ်လာသည်။
အခုနောက်ပိုင်း Royalကသူ့ကိုချစ်လားဟု
ခဏခဏမေးလာတတ်သည်။သူမဖြေပြန်ရင်လည်း
စိတ်ဆိုးတတ်သေး၏။ပြောရရင် အရင်ကပုံစံနဲ့ကွဲပြား
သွားပြီး သူ့အပေါ်အရမ်းဆိုးကာ ကလေးဆန်လာခြင်းပင်။
ဘယ်လိုဆိုဆို သူ့မှာဒီကောင်လေးကိုချစ်တာပါပဲ။

“ချွဲနေရအောင် မင်းက ကလေးလား”

“ဟုတ်တယ်…ကျွန်တော်က ကလေးလေး”

“ဟမ်”

“ကိုကို့ရဲ့ကလေးလေးလေ”

တိုက်အိမ်ပုလေးထဲ ရယ်သံတွေပေါ်ထွက်လာလေသည်။

……………………………

“ကိုကို့ သူတို့ကိုရော ခေါ်ခဲ့မှာလား”

ကြောင်လှောင်အိမ်ကိုလက်ညိုးထိုးကာဆိုလာသူကြောင့်
နွေရတုခပ်သော့သော့ရယ်ကာ

“ခေါ်ခဲ့ရမှာပေါ့၊ထားခဲ့လို့မဖြစ်ဘူးလေ”

Royalကတော့ ကြောင်လှောင်အိမ်ကိုကြည့်ကာစူပုတ်ပုတ်နှင့်။
လှောင်အိမ်ကဝယ်ကတည်းက ကြီးတာဝယ်ထားလို့တော်
ရော့မည်။စားကောင်းသောက်ဖွယ်တွေစားပြီး
ဝကစ်နေတဲ့ကြောင်နှစ်ကောင်က လှောင်အိမ်ထဲခွေခေါက်အိပ်
နေကြသည်။

သူတို့အခုအိမ်တံခါး၊ခြံတံခါးတွေသော့ခတ်ကာ
အိမ်ရှေ့မှာ အထုပ်အပိုးတွေချပြီးဖုန်းဆက်ခေါ်ထားတဲ့
Taxiကိုစောင့်နေခြင်းဖြစ်သည်။
ခရီးအောင်အိတ်ကြီးတစ်လုံးကို နှစ်ယောက်အဝတ်တွေ
ပေါင်းထည့်ကာ လက်ဆွဲအိတ်ထဲမှာတော့ဒေါ်လေးအိမ်
အတွက်ဝယ်ထားသောပစ္စည်းအချို့ထည့်ထားသည်။
Royalကတော့ ဖုန်းတွေထည့်ထားတဲ့ကျောပိုးအိတ်လွယ်
ထားကာ နွေရတုကကြောင်လှောင်အိမ်ကိုင်ထားလေသည်။

ထိုစဥ် သူတို့ရှေ့ထိုးရပ်လာတဲ့Taxiကြောင့်
Royalမျက်နှာက ရှုံ့မဲ့မဲ့။သူ့အနေနဲ့ ကားစီးရမှာကို
ထိတ်လန့်နေသည်။

“လာပါ…ကိုကိုရှိတဲ့ဟာကို၊ကြောက်မနေနဲ့”

ကိုကိုက သူ့လက်ကိုဆွဲကာကားတံခါးဖွင့်ပြီး
အထဲဝင်ထိုင်စေသည်။ကားမောင်းသမားကတော့
ကားနောက်ခန်းထဲ အိတ်တွေထည့်နေလေ၏။
ကိုကိုလည်း ကားထဲဝင်လာကာကြောင်လှောင်အိမ်ကို
အလယ်မှာချထား၏။

Royalကတော့ ထိုသို့အဖြစ်မခံနိုင်ပါ။
ကြောင်လှောင်အိမ်ကိုဘေးဆုံးရွေ့ကာ သူကတော့
ကိုကို့ဘေးကိုတိုးကပ်လိုက်သည်။

“အရမ်းကြောက်နေတယ်ပေါ့ ကိုကို့ယောက်ျားက”

ကားမောင်းသမားကားထဲဝင်လာပြီး မောင်းထွက်လို့ရပြီမလားမေးတော့ သူကိုကို့လက်ကို
တင်းကြပ်စွာဆုပ်ကိုင်ထားလိုက်သည်။
ကိုကိုကလည်း သူ့လက်ကိုဆုပ်ကိုင်လာကာ

“ယောက်ျားရေ….သွားကြစို့…
ကိုကိုတို့ရဲ့အညာ”

သီချင်းဖျက်ဆိုကာ စလာသဖြင့်
ကားစထွက်တာကိုပင်သူမသိလိုက်။

“ကိုကိုရှိတယ်….ဘာမှမကြောက်နဲ့”

သူ့လက်ကိုဆုပ်ညစ်ကာအားပေးနေသောကိုကိုကြောင့်
သူခေါင်းငြိမ့်ပြလိုက်သည်။

ကိုကို သူ့အနားမှာရှိတာ အရမ်းကောင်းတာပဲ~~~

………………………..

(အစကတော့ ကိုယ်ကpart 35နဲ့တော်ဝင်ယောက်ျားကို
ပြီးမလို့စဥ်းစားထားပေမယ့် ကိုယ့်ကလေးတွေကိုမခွဲနိုင်သေးလို့ နည်းနည်းဆွဲဆန့်လိုက်ပါတယ်)

Zawgyi

“ကြၽန္မက ၿပီးျပည့္စုံတဲ့လူတစ္ေယာက္မဟုတ္ဘူး”

“ကိုယ္လည္းၿပီးျပည့္စုံတာမွမဟုတ္တာ”

“ကြၽန္မက အရင္ကမေကာင္းခဲ့ဘူး”

“ခုေကာင္းရင္ ရၿပီ”

“ကြၽန္မက….”

“မင္းဘယ္လိုလူျဖစ္ျဖစ္ ကိုယ္လက္ခံနိုင္တာမို႔
ကိုယ့္ကိုကိုယ္ခ်ိဳးႏွိမ္ၿပီး မေျပာပါနဲ႕လား”

စိတ္လႈပ္ရွားဟန္လက္ႏွစ္ဖက္ကိုဆုပ္ညစ္ကာဆိုေနေသာ
မယ္ေၾကာင့္ ခ်စ္ရသူစိတ္သက္သာေစရန္သူေျဖေလ်ာ့ေပးမိသည္။

“တကယ္ေတာ့…တကယ္ေတာ့ေလ….
ကြၽန္မက ရွင့္အခ်စ္နဲ႕မထိုက္တန္တဲ့လူတစ္ေယာက္ပါ”

“ဘယ္သူေျပာလဲ…
မယ္ကကိုယ့္အခ်စ္နဲ႕မထိုက္တန္ပါဘူးလို႔၊
ကိုယ္ကေတာ့ ရွင္းရွင္းပဲ၊
မယ္မွကိုယ့္ကိုလက္မခံရင္ ကိုယ္ကေတာ့တစ္သက္လုံး
လူပ်ိဳႀကီးျဖစ္ေတာ့မွာ”

သူရထက္နိုင္က စကားကိုပိုပိုသာသာဆိုမိေတာ့
သူေယာင္မယ္ကရွက္႐ြံစြာေခါင္းငုံ႕သြားေလသည္။

“အမွန္အတိုင္းဝန္ခံရရင္ မယ္Royalရွိတဲ့barကို
ေရာက္လာတတ္ကတည္းက ကိုယ္မယ့္ကိုသေဘာက်ခဲ့တာ၊
ေနာက္ပိုင္း သေဘာက်ယဳံအဆင့္ကေန ခ်စ္မိသြားတယ္၊
မယ္ ကိုယ့္Companyမွာအလုပ္လာေလွ်ာက္ေတာ့
ကိုယ္အရမ္းေပ်ာ္ခဲ့တာ”

လူကိုေရွ႕ထားကာ ခ်စ္ေၾကာင္းဆိုေနသူေၾကာင့္
မယ္အၾကည့္ေတြလႊဲကာ စားပြဲေပၚကေရခြက္ယူၿပီး
ေမာ့ေသာက္လိုက္သည္။

“မယ္ ကိုယ့္ကိုလက္ခံလာနိုင္တဲ့အထိကိုယ္ေစာင့္နိုင္ပါတယ္၊
အဆုံးသတ္မွာ မယ္သာကိုယ့္ကိုေ႐ြးခ်ယ္ခဲ့ရင္
ကိုယ္အရမ္းေပ်ာ္မိမွာ”

“တကယ္ေတာ့ မယ္အခုလိုကိုသူရကိုခ်ိန္းလိုက္တာက
ကိုသူရအတြက္ မယ့္အေျဖကိုေျပာခ်င္လို႔ပါ”

မယ့္စကားအဆုံး သူရထက္နိုင္စိတ္လႈပ္ရွားသြားေလသည္။
ကိုယ္ခ်စ္ရသူဆီကအေျဖရေတာ့မယ့္အခ်ိန္စိတ္လႈပ္ရွားတာ
ပုံမွန္ပဲမဟုတ္လား။

“မယ္…မယ္လည္း ကိုသူရကို ခ်စ္..ခ်စ္ပါတယ္”

အေျဖေျပာၿပီး ရွက္႐ြံ႕စြာေခါင္းငုံ႕ထားမိသည္။
အခ်ိန္အေတာ္ၾကာေအာင္ ကိုသူရထံမွဘာစကားသံမွ
ထြက္မလာသျဖင့္ သူမေခါင္းေမာ့ၾကည့္လိုက္ေတာ့
ကိုသူရက မယ့္ကိုေၾကာင္အမ္းစြာၾကည့္ေနေလသည္။

“ကိုသူရ…ကိုသူရ!. ..ဘာျဖစ္တာလဲဟင္…ကိုသူရ!!”

“ဟမ္…အမ္”

ေအာ္လိုက္မွသတိဝင္လာကာ ႐ုတ္တရက္ထခုန္ေလသည္။
တစ္ဖက္ခုံမွာထိုင္ေနေသာမယ့္ကိုဖက္မလိုဟန္ျပဳကာ
လက္ျပန္႐ုတ္သြားၿပီး မ်က္ႏွာေတြပြတ္သပ္ေနပုံမွာ
မယ့္အေျဖေၾကာင့္ အရမ္းစိတ္လႈပ္ရွားသြားပုံ။
တစ္ဖန္ တဟားဟားေအာ္ရယ္လာကာစားပြဲေပၚတင္ထားတဲ့
မယ့္လက္ကိုဆုပ္ညစ္လာျပန္သည္။

“ေက်းဇူးပါ မယ္”

“မယ္ကသာ မယ့္ကိုခ်စ္ေပးတဲ့ကိုသူရကို ေက်းဇူးတင္ေနတာပါ”

ခ်စ္ရသူေပ်ာ္ေနတာျမင္ေတာ့လည္း သူမလည္းေပ်ာ္မိသည္။
ေရွ႕ေလွ်ာက္ေတာ့ လက္တြဲၿမဲခ်င္သည္~~
…………………….

“ဟာ….မင္းကငါတို႔ကိုက်ထားခဲ့ၿပီး
ကိုႏြေနဲ႕ခရီးထြက္မယ္ေပါ့ေလ”

သူခရီးသြားမယ့္အေၾကာင္းကို သူငယ္ခ်င္းေတြကို
ဖုန္းဆက္ေျပာတဲ့အခ်ိန္ အခုလိုရစ္ခံေနရျခင္းပင္။
အျခားသူေတြထက္ ေနေရာကဒီစကားကို ထပ္ခါတလဲလဲ။

“မင္းတို႔လည္း ခရီးထြက္ခ်င္ထြက္ေပါ့”

“ဟာ…..ငါတို႔ခရီးထြက္ရင္barကိုဘယ္လိုလုပ္မွာလဲ”

“ပိတ္ထားလိုက္ေပါ့”

“ခုေတာ့ ဒီစကားေျပာလာၿပီေပါ့ေလ”

“မင္းbabyကို သြားရစ္ကြာ၊
ငါဖုန္းခ်လိဳက္ေတာ့မယ္ “

“ေဟ်ာင့္…Royal!!”

တစ္ဖက္မွေအာ္သံကိုလ်စ္လ်ဴရႈကာ ဖုန္းခ်ပစ္လိုက္သည္။
ဒီလိုမွဇြတ္မခ်ရင္ ထပ္ရစ္ေနဦးမွာ သူသိေသာေၾကာင့္။
သူအခုအိမ္ျပင္မွာဖုန္းေျပာေနတာျဖစ္သျဖင့္ အိမ္ထဲဝင္
လိုက္ေတာ့ ကိုကိုကသူ႕ကေလးႏွစ္ေကာင္ကို
ေပါင္ေပၚတင္ကာ TVၾကည့္ေနေလသည္။

သူလည္းကိုကို႔အနားသြားထိုင္ကာ ကိုကို႔ေပါင္ေပၚက
ေၾကာင္ႏွစ္ေကာင္ကိုေဘးခ်လိဳက္ၿပီး ေပါင္ေပၚေခါင္းအုံး
လိုက္ေတာ့ ကိုကိုကသူ႕ကိုငုံ႕ၾကည့္လာကာ
မ်က္ေစာင္းထိုးေလသည္။သေဘာက သူ႕ေၾကာင္ေတြကို
ေနရာေ႐ြ႕လိုက္ေသာေၾကာင့္။ေၾကာင္ႏွစ္ေကာင္ကလည္း
ခ်ေပးလိုက္တဲ့ေနရာမွာ ျပန္ေခြသြားလို႔သာေတာ္ေရာ့သည္။

“ကိုကို ကြၽန္ေတာ့္ေခါင္းကိုကိုင္ေပးပါလား”

“ဒီမွာ TVၾကည့္ေနတယ္ေလ”

“ကြၽန္ေတာ့္ေခါင္းကို မ်က္လုံးနဲ႕ၾကည့္ခိုင္းတာမွမဟုတ္တာ၊
လက္နဲ႕ကိုင္ခိုင္းတာေလ”

ထိုအခါမွ ကိုကိုကသူ႕အလိုက် သူ႕ေခါင္းကဆံပင္ေတြကို
ပြတ္သပ္ေပးလာသည္။

“ကိုကို ကြၽန္ေတာ့္ကိုခ်စ္လား”

“ဘာလို႔ေမးတာလဲ”

“ၾကားခ်င္လို႔ေလ”

“ခ်စ္တာေပါ့၊ကိုကို႔ေယာက္်ားကို အရမ္းခ်စ္တယ္”

ႏြေရတုစကားဆုံးေတာ့ Royalကသေဘာက်စြာ
သြားတက္ေလးေတြေပၚေအာင္ပင္ ၿပဳံးရယ္လာသည္။
အခုေနာက္ပိုင္း Royalကသူ႕ကိုခ်စ္လားဟု
ခဏခဏေမးလာတတ္သည္။သူမေျဖျပန္ရင္လည္း
စိတ္ဆိုးတတ္ေသး၏။ေျပာရရင္ အရင္ကပုံစံနဲ႕ကြဲျပား
သြားၿပီး သူ႕အေပၚအရမ္းဆိုးကာ ကေလးဆန္လာျခင္းပင္။
ဘယ္လိုဆိုဆို သူ႕မွာဒီေကာင္ေလးကိုခ်စ္တာပါပဲ။

“ခြၽဲေနရေအာင္ မင္းက ကေလးလား”

“ဟုတ္တယ္…ကြၽန္ေတာ္က ကေလးေလး”

“ဟမ္”

“ကိုကို႔ရဲ႕ကေလးေလးေလ”

တိုက္အိမ္ပုေလးထဲ ရယ္သံေတြေပၚထြက္လာေလသည္။

……………………………

“ကိုကို႔ သူတို႔ကိုေရာ ေခၚခဲ့မွာလား”

ေၾကာင္ေလွာင္အိမ္ကိုလက္ညိုးထိုးကာဆိုလာသူေၾကာင့္
ႏြေရတုခပ္ေသာ့ေသာ့ရယ္ကာ

“ေခၚခဲ့ရမွာေပါ့၊ထားခဲ့လို႔မျဖစ္ဘူးေလ”

Royalကေတာ့ ေၾကာင္ေလွာင္အိမ္ကိုၾကည့္ကာစူပုတ္ပုတ္ႏွင့္။
ေလွာင္အိမ္ကဝယ္ကတည္းက ႀကီးတာဝယ္ထားလို႔ေတာ္
ေရာ့မည္။စားေကာင္းေသာက္ဖြယ္ေတြစားၿပီး
ဝကစ္ေနတဲ့ေၾကာင္ႏွစ္ေကာင္က ေလွာင္အိမ္ထဲေခြေခါက္အိပ္
ေနၾကသည္။

သူတို႔အခုအိမ္တံခါး၊ၿခံတံခါးေတြေသာ့ခတ္ကာ
အိမ္ေရွ႕မွာ အထုပ္အပိုးေတြခ်ၿပီးဖုန္းဆက္ေခၚထားတဲ့
Taxiကိုေစာင့္ေနျခင္းျဖစ္သည္။
ခရီးေအာင္အိတ္ႀကီးတစ္လုံးကို ႏွစ္ေယာက္အဝတ္ေတြ
ေပါင္းထည့္ကာ လက္ဆြဲအိတ္ထဲမွာေတာ့ေဒၚေလးအိမ္
အတြက္ဝယ္ထားေသာပစ္စည္းအခ်ိဳ႕ထည့္ထားသည္။
Royalကေတာ့ ဖုန္းေတြထည့္ထားတဲ့ေက်ာပိုးအိတ္လြယ္
ထားကာ ႏြေရတုကေၾကာင္ေလွာင္အိမ္ကိုင္ထားေလသည္။

ထိုစဥ္ သူတို႔ေရွ႕ထိုးရပ္လာတဲ့Taxiေၾကာင့္
Royalမ်က္ႏွာက ရႈံ႕မဲ့မဲ့။သူ႕အေနနဲ႕ ကားစီးရမွာကို
ထိတ္လန့္ေနသည္။

“လာပါ…ကိုကိုရွိတဲ့ဟာကို၊ေၾကာက္မေနနဲ႕”

ကိုကိုက သူ႕လက္ကိုဆြဲကာကားတံခါးဖြင့္ၿပီး
အထဲဝင္ထိုင္ေစသည္။ကားေမာင္းသမားကေတာ့
ကားေနာက္ခန္းထဲ အိတ္ေတြထည့္ေနေလ၏။
ကိုကိုလည္း ကားထဲဝင္လာကာေၾကာင္ေလွာင္အိမ္ကို
အလယ္မွာခ်ထား၏။

Royalကေတာ့ ထိုသို႔အျဖစ္မခံနိုင္ပါ။
ေၾကာင္ေလွာင္အိမ္ကိုေဘးဆုံးေ႐ြ႕ကာ သူကေတာ့
ကိုကို႔ေဘးကိုတိုးကပ္လိုက္သည္။

“အရမ္းေၾကာက္ေနတယ္ေပါ့ ကိုကို႔ေယာက္်ားက”

ကားေမာင္းသမားကားထဲဝင္လာၿပီး ေမာင္းထြက္လို႔ရၿပီမလားေမးေတာ့ သူကိုကို႔လက္ကို
တင္းၾကပ္စြာဆုပ္ကိုင္ထားလိုက္သည္။
ကိုကိုကလည္း သူ႕လက္ကိုဆုပ္ကိုင္လာကာ

“ေယာက္်ားေရ….သြားၾကစို႔…
ကိုကိုတို႔ရဲ႕အညာ”

သီခ်င္းဖ်က္ဆိုကာ စလာသျဖင့္
ကားစထြက္တာကိုပင္သူမသိလိုက္။

“ကိုကိုရွိတယ္….ဘာမွမေၾကာက္နဲ႕”

သူ႕လက္ကိုဆုပ္ညစ္ကာအားေပးေနေသာကိုကိုေၾကာင့္
သူေခါင္းၿငိမ့္ျပလိုက္သည္။

ကိုကို သူ႕အနားမွာရွိတာ အရမ္းေကာင္းတာပဲ~~~

………………………..

(အစကေတာ့ ကိုယ္ကpart 35နဲ႕ေတာ္ဝင္ေယာက္်ားကို
ၿပီးမလို႔စဥ္းစားထားေပမယ့္ ကိုယ့္ကေလးေတြကိုမခြဲနိုင္ေသးလို႔ နည္းနည္းဆြဲဆန့္လိုက္ပါတယ္)

Tags: read novel Royal Husband 36, novel Royal Husband 36, read Royal Husband 36 online, Royal Husband 36 chapter, Royal Husband 36 high quality, Royal Husband 36 light novel, ,

Comment

Leave a Reply

Chapter 37