Royal Husband ’40′(Final)

All chapters are in Royal Husband
A+ A-

“နောက်မကျသေးပါဘူး”

မီးဖိုခန်းထဲပျော်ရွှင်စွာချက်ပြုတ်နေတဲ့မြတ်ပန်းနဲ့သော်တာ့ကို
ကြည့်ကာအားကျသလိုအခန်းပြင်ကနေကြည့်နေတဲ့ဦးဇာနည်
တော်ဝင်ကို အနားရောက်လာသောဦးမင်းတော်ဝင်က
စကားဆိုလိုက်တော့ သူ့ကိုအားမရှိသလိုပြုံးပြလာကာ

“တာဝန်တွေလစ်ဟင်းခဲ့လို့ ကျွန်တော်ခုလို
တစ်ယောက်တည်းအထီးကျန်နေတာထင်တယ်”

သူ့အနေနဲ့ခုချိန် စကားလုံးတွေနဲ့ပြောပြလို့မရလောက်အောင်ပင်
နောင်တရနေမိသည်။လင်ယောက်ျားတာဝန်လည်း
မကျေပွန်ခဲ့သလို ဖခင်တစ်ယောက်တာဝန်လည်းကျေပွန်ခဲ့
ခြင်းမရှိပေ။

“မိုးကလျာကိုရော ဘာလို့မကွာရှင်းပေးသေးတာလဲ”

“ကျွန်တော်တစ်ယောက်တည်း အထီးမကျန်ချင်ဘူးအဖေ၊
အနည်းဆုံးတော့ ကျွန်တော့်အနားမှာတစ်ယောက်ယောက်တော့ ရှိနေစေချင်သေးတာ”

“ဒါဆို ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးထားတဲ့ကိစ္စ
ဘယ်လိုလုပ်မလဲ”

“ကျွန်တော့်အပြစ်တွေချည်းပါပဲ၊မိုးကလျာကို
ဇနီးမယားပါဆိုပြီးတရားဝင်ချမပြခဲ့သလို
တစ်ချို့နေရာတွေမှာ သူ့ကိုသိမ်ငယ်အောင်လုပ်မိတယ်၊
အနီးနားမှာမရှိမှ တန်ဖိုးနားလည်တယ်ဆိုတဲ့စကားက
သိပ်မှန်လွန်းတယ်”

အမှန်တကယ်လည်း ဦးဇာနည်တော်ဝင်ကဒေါ်မိုးကလျာကို
ချစ်မြတ်နိုးသည်။ဆိုပေသည့် ကိုယ့်အပြစ်တွေနဲ့ကိုယ်ကြောင့်
စိတ်မလုံစွာ ဇနီးမယားကိုလျစ်လျူရှုခဲ့ခြင်းတွေသာ။

ဆွေးဆွေးမြေ့မြေ့ပြောနေသော သးးဖြစ်သူကို
အသနားပိုစွာပုခုံးကိုအားပေးသလို အသာပုတ်ပေးမိသည်။

“Royalက မင်းရဲ့သွေးသားပါ၊
သူအကြာကြီး မင်းကိုပစ်ပယ်ထားမှာမဟုတ်ဘူး၊
မိုးကလျာနဲ့ကိစ္စကတော့ မင်းကိုယ်တိုင်ကြိုးစားရမှာပဲ”

ဦးမင်းတော်ဝင်စကားအဆုံး ဦးဇာနည်ကဖခင်ဖြစ်သူကို
တင်းကြပ်စွာပွေ့ဖက်မိသည်။ဖခင်ဖြစ်သူရဲ့နွေးထွေးတဲ့စကား
တွေကြောင့် သူနေသာသည်။

မိဘတိုင်းက သားသမီးတိုင်းကိုချစ်ပါသည်။

……………………….

“ကိုကို့!!”

အိပ်ရာနိုးလာတော့ ဘေးနေရာမှာကိုကို့ကိုမတွေ့ရသဖြင့်
သူအကျယ်ကြီးအော်ခေါ်နေမိသည်။ခုချိန်သူ့ပုံစံက
အမေပျောက်နေသော ကလေးတစ်ယောက်လိုပင်။
ဆိုပေမယ့်လည်း သူ့အနေနဲ့ထိုအတွေးအပေါ်ရှက်ရွံ့ခြင်း
စိုးစဥ်းမျှမရှိပေ။

စောင်တွေကိုခေါက်သိမ်းကာ အခန်းတံခါးဖွင့်ပြီး
အောက်ထပ်ဆင်းလာတော့ အလင်းမကွဲသေးတဲ့
ပတ်ဝန်းကျင်က သူ့ကိုဆီးကြိုနေလေသည်။
မိုးမလင်းသေးတာကို ကိုကိုဘာထလုပ်လဲသူတွေးလို့မရ။

“ကိုကို့!!”

“ငါဒီမှာ”

မီးဖိုချောင်ဘက်ကထွက်လာတဲ့အသံကြောင့်
သူထိုနေရာကိုလျှောက်သွားလိုက်တော့
ကိုကိုက ဒယ်အိုးကြီးတစ်လုံးနှင့်အလုပ်ရှုပ်နေလေသည်။
ဒေါ်လေးနဲ့ဖိုးသားကလည်း မုန့်ဖတ်တွေနဲ့…။

“ကိုကို….ဘာလုပ်နေတာလဲ၊
အိပ်ရာထတာ ကျွန်တော့်ကိုလည်းမနှိုးသွားဘူး”

“မျက်နှာအရင်သွားသစ်ချေ”

ကိုကို့ဘေးနားကပ်ထိုင်မလို့လုပ်ခါမှ မျက်နှာသစ်ခိုင်းသဖြင့်
Royalမျက်နှာစူပုတ်သွားရသည်။ဖိုးသားကတော့
သူဖြစ်သွားတဲ့မျက်နှာကိုကြည့်ပြီး တခစ်ခစ်နှင့်။
ဒေါ်လေးက ဖွင့်ဟမရယ်သော်ငြား ပြုံးစိစိနှင့်ပင်။

“အဲ့တာဘာလုပ်နေတာလဲ….မျက်နှာသွားသစ်ချေလေ”

“ဟုတ်ကဲ့”

မလွန်ဆန်ချင်တော့လည်း ခေါင်းငြိမ့်အရှုံးပေးရတာပါပဲ။
အနီးနားမှထသွားကာ ရေချိုးခြံဆီလျှောက်သွားပြီး
အလျင်အမြန်မျက်နှာသစ်သွားတိုက်ကာ
ကိုကို့ဘေးနားပြန်လျှောက်သွားလိုက်သည်။
Royal ကိုကိုနဲ့နည်းနည်းဝေးနေရင်တောင်မနေတတ်ပေ။

“ခုပြောလို့ရပြီလား၊အဲ့မုန်ဖတ်တွေကဘာလုပ်တာလဲ”

“မုန့်ဟင်းခါးလုပ်တာလေ၊မမြင်ဖူးဘူးလား”

“ဘာလို့အများကြီးလဲ…လေးယောက်ထဲရှိတာကို”

“ရွာထဲကလူတွေကိုရောကျွေးမလို့ပေါ့”

ကိုကို့စကားကြောင့် Royalကြောင်သွားရသည်။

“ဒီနေ့ဘာနေ့လဲဆိုတာ မသိဘူးလား”

ကိုကိုကသူ့ကိုနူးညံ့စွာပြုံးပြလာပြီးမေးလာသောကြောင့်
Royalအတွေးများသွားရသည်။

ဒီနေ့ကဘာနေ့လဲ~~ဒီနေ့က….ဒီနေ့က….

“ကိုကို့!!!”

သူ့ကိုမြည်သံစွဲခေါ်လာပြီး မျက်ရည်တွေဝိုင်းကာ
သူ့ခါးကိုပွေ့ဖက်လာသူကြောင့် ခေါင်းကိုငုံ့နမ်းမိသည်။
မွေးနေ့ရှင်က မွေးနေ့ကိုမေ့နေတာပေါ့လေ။
ဒေါ်လေးတို့သားအမိကတော့ သူတို့နှစ်ယောက်ကို
မရှိသလိုသဘောထားပုံရသည်။

“ကျွန်တော်တကယ်မေ့နေတာ”

“မွေးနေ့မေ့နေတဲ့မွေးနေ့ရှင်ကို လက်ဆောင်မပေးတော့ဘူး”

“ဟာ…ကိုကို့ အဲ့လိုမလုပ်ရဘူးလေ”

ရင်ခွင်ထဲကနေခေါင်းမော့ကာစူပုတ်ကာဆိုလာသူကြောင့်
နွေရတုသဘောတကျရယ်မောကာ နဖူးပြင်ကိုအနမ်းငုံ့ပေးလိုက်တော့ ယောက်ျားကလည်း
သူ့ကိုပြုံးကာကြည့်လာသည်။

“အဟမ်း…ဟမ်း”

နှစ်ယောက်တစ်ကမ္ဘာတည်နေတဲ့သူတို့နှစ်ယောက်ကို
ဒေါ်လေးကဟန်ဆောင်ချောင်းဟန့်ကာ အမြင်ကတ်စွာ
ကြည့်လာသဖြင့် နှစ်ယောက်သားအနည်းငယ်ခွာကာ
ရယ်မိကြသည်။

“ဒါဆို ဒါတွေက ကျွန်တော့်မွေးနေ့မို့ရွာသားတွေကို
ကျွေးမလို့လား”

“ဒါပေါ့”

“ကိုကို့ကိုလေ အရမ်းချစ်တာပဲ”

Royalစကားကို နွေရတုကတုံ့ပြန်စကားဆိုမလာပေမယ့်
Royalကိုကြည့်လာတဲ့မျက်ဝန်းတွေမှာတော့ ချစ်မြတ်နိုးမှု
တွေပြည့်နှက်လို့နေသည်။

…………………………

“ကိုကို မရောက်သေးဘူးလား”

“ရှေ့နားဆို ရောက်ပြီလေ”

စက်ဘီးနင်းရလို့မောဟိုက်နေတဲ့သူ့ကိုမှအားမနာ
နောက်ကနေဖင်နာလို့ပွစိပွစိရွတ်နေတဲ့ Royalကို
သူမမြင်သော်ငြား မျက်စောင်းထိုးမိသည်။

ဆိုင်ကယ်ကိုတော့ မိုးပေါ်ထိုးတက်မတတ်အစီးကျွမ်းတဲ့
Royalက စက်ဘီးတော့မစီးတတ်ဘူးတဲ့လေ။
မွေးနေ့မို့ မနက်ခင်းအာရုဏ်ဆွမ်းကပ်ကာ
ရွာထဲကလူတွေကိုလည်း တစ်အိမ်တစ်ချိုင့်စီမုန်းဟင်း
ခါးလိုက်ပို့ထားသဖြင့် သူ့တစ်ကိုယ်လုံးညောင်းကိုက်နေသည်။
ခုလည်း စက်ဘီးနင်းနေရသဖြင့်ဘယ်လိုနေမလဲဆိုတာ
တွေးသာကြည့်ကြတော့။

ရှေ့နားက အဝါရောင်နှမ်းပန်းခင်းကြီးကိုမြင်မှ
သူသက်ပြင်းချမိသည်။

“ရောက်ပြီ…ဆင်းတော့”

ကြောင်လှောင်အိမ်ကိုပွေ့လျက်သား Royalက
စက်ဘီးပေါ်ကဆင်းကာ ရှေ့ကမြင်ကွင်းကိုကြည့်ပြီး
ပါးစပ်ဟလျက်။

အဝါရောင်ပန်းနှမ်းခင်းကြီးရဲ့အလှကို
တောင်နှစ်လုံးကြားသို့ဝင်ရောက်ခါနီးနေပြီဖြစ်သည့်
နေလုံးနီနီကြီးက ထောက်ပံ့ပေးလျက်။

“လှလိုက်တာ”

“လှပတဲ့အရာတွေကို ချစ်ရသူတွေဆီ
ပြန်မျှဝေခြင်းက လက်ဆောင်တစ်မျိုးပဲလေ”

အနီးနားလာရပ်တဲ့ကိုကို့ကို သူကြည့်လိုက်တော့
ပန်းနှမ်းခင်းနဲ့အပြိုင်လှနေတဲ့ကိုကို။လှောင်အိမ်ထဲက
ကြောင်နှစ်ကောင်ကတော့အကြည်စိုက်နေတဲ့သခင်နှစ်ယောက်ကိုမျက်ဝန်းတောက်တောက်လေးတွေနဲ့ကြည့်နေကြသည်။

“ရော့….ကိုကို့ယောက်ျားအတွက်လက်ဆောင်”

ထောင့်မှန်စတုဂံဂျပ်ဖာကိုသူ့ဆီလှမ်းပေးလာတဲ့အတွက်
သူလှမ်းယူကာ ကိုကို့ကိုမအူမလည်ကြည့်လိုက်တော့

“ဖွင့်ကြည့်လေ”

ကြောင်လှောင်အိမ်ကိုကိုကို့ဆီလှမ်းပေးကာ ဂျပ်ဖာကိုဖောက်လိုက်သည်။ဘာများဖြစ်မလဲဆိုတဲ့အတွေးက
သူ့ကိုရင်ခုန်စေသည်။
ဖောက်ပြီးတော့ ထွက်ပေါ်လာတာကဘောင်ခတ်ထားတဲ့
ပန်းချီကားပင်ဖြစ်သည်။ပန်းချီကားထဲက ပုံကိုမြင်လိုက်တော့
ဝမ်းသာစိတ်ကြောင့်မျက်ရည်တွေပင် ဝိုင်းတက်လာသည်။

“ကိုကို့!!”

ပန်းချီကားထဲမှာ Royalကcafeဆိုင်ရှေ့မှာထိုင်ကာ
ကလေးတစ်ယောက်မုန်စားနေတာကို ထိုင်ကြည့်နေတဲ့ပုံပင်။

“ကိုကို့ကို အရမ်းကျေးဇူးတင်တာပဲ”

“ကိုကိုကတော့ ယောက်ျားရဲ့မိဘတွေကိုကျေးဇူးတင်တယ်”

“ဘာဆိုင်လို့လဲ”

“ဒီလိုချစ်စရာကောင်းတဲ့ကလေးကို ကိုကို့အတွက်မွေးဖွားပေးခဲ့လို့၊
ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ မိဘကမိဘပဲမဟုတ်လား”

ကိုကို့စကားကြောင့် သူ့စိတ်ထဲမလုံမလဲဖြစ်သွားသည်။
မနက်က ဒယ်ဒီ့ဆီကမွေးနေ့ဆုတောင်းစကားကို
သူလျစ်လျူရှုခဲ့တယ်မလား။

“အတိတ်တွေကိုပြန်တွေးနေလို့ကတော့ ကိုယ်ပဲခံစားရတာပဲ
မဟုတ်လား၊ကိုကိုအရမ်းကြီးတိုက်တွန်းချင်နေတာမဟုတ်ပေမဲ့
ယောက်ျားရဲ့အဖေကို ခွင့်လွှတ်ပေးလိုက်ပါလားဟင်”

“ကိုကို…အွန်း…ကျွန်တော်ကြိုးစားကြည့်ပါ့မယ်”

အငြင်းစကားဆိုချင်ပေမဲ့
မျှော်လင့်ချက်အပြည့်နဲ့ ကိုကို့မျက်ဝန်းတွေကြောင့်
သူကပဲ အလျော့ပေးလိုက်ရသည်။

“ကိုကိုကတော့ အတိတ်တွေပြန်မတွေးဘဲ
ကိုကို့ကလေးတွေနဲ့အနာဂတ်ကို တူတူဖြတ်သန်းချင်တယ်”

“ကိုကို့ကလေးတွေ…ဒါဆိုကျွန်တော်ကရော”

အနည်းငယ်စူပုတ်သွားတဲ့သူ့ကို ကိုကိုကရယ်ပြလာကာ

“မင်းကငါ့ထက်ငယ်တာကို ကလေးပဲပေါ့”

“ကျွန်တော်က ကိုကို့ရဲ့ယောက်ျားပဲလုပ်ချင်တာ”

“ဟုတ်ပါပြီ….တော်ဝင်ယောက်ျားကနွေရတုရဲ့ယောက်ျားပါ”

သွားစွယ်တွေပေါ်အောင်ပြုံးရယ်လာတဲ့ကောင်လေးကို
နွေရတု သိပ်ချစ်ရပါသည်။
နောင်နှစ်ပေါင်းများစွာကုန်လွန်လို့
သူ့ဘဝရဲ့နောက်ဆုံးအချိန်ရောက်သည်အထိ
တော်ဝင်ယောက်ျားတစ်ယောက်တည်းကိုသာ
နွေရတုက ချစ်မြတ်နိုးသွားပါ့မည်။

အဝါရောင်ပန်းနှမ်းခင်းကြီးရယ်….

မကြာခင်ပျောက်ကွယ်တော့မယ့် နေလုံးနီနီကြီးရယ်…..

အဝါရောင်ကြောင်နှစ်ကောင်ရယ်…..

ပြုံးရယ်နေတဲ့ကောင်လေးနှစ်ယောက်ရယ်…..

သိပ်ကိုပြီးပြည့်စုံလွန်းတဲ့ ပန်းချီကားတစ်ချပ်ပင်ဖြစ်သည်…

……………………ပြီးပါပြီ………………….

Zawgyi

“ေနာက္မက်ေသးပါဘူး”

မီးဖိုခန္းထဲေပ်ာ္႐ႊင္စြာခ်က္ျပဳတ္ေနတဲ့ျမတ္ပန္းနဲ႕ေသာ္တာ့ကို
ၾကည့္ကာအားက်သလိုအခန္းျပင္ကေနၾကည့္ေနတဲ့ဦးဇာနည္
ေတာ္ဝင္ကို အနားေရာက္လာေသာဦးမင္းေတာ္ဝင္က
စကားဆိုလိုက္ေတာ့ သူ႕ကိုအားမရွိသလိုၿပဳံးျပလာကာ

“တာဝန္ေတြလစ္ဟင္းခဲ့လို႔ ကြၽန္ေတာ္ခုလို
တစ္ေယာက္တည္းအထီးက်န္ေနတာထင္တယ္”

သူ႕အေနနဲ႕ခုခ်ိန္ စကားလုံးေတြနဲ႕ေျပာျပလို႔မရေလာက္ေအာင္ပင္
ေနာင္တရေနမိသည္။လင္ေယာက္်ားတာဝန္လည္း
မေက်ပြန္ခဲ့သလို ဖခင္တစ္ေယာက္တာဝန္လည္းေက်ပြန္ခဲ့
ျခင္းမရွိေပ။

“မိုးကလ်ာကိုေရာ ဘာလို႔မကြာရွင္းေပးေသးတာလဲ”

“ကြၽန္ေတာ္တစ္ေယာက္တည္း အထီးမက်န္ခ်င္ဘူးအေဖ၊
အနည္းဆုံးေတာ့ ကြၽန္ေတာ့္အနားမွာတစ္ေယာက္ေယာက္ေတာ့ ရွိေနေစခ်င္ေသးတာ”

“ဒါဆို ကြာရွင္းစာခ်ဳပ္မွာလက္မွတ္ထိုးထားတဲ့ကိစ္စ
ဘယ္လိုလုပ္မလဲ”

“ကြၽန္ေတာ့္အျပစ္ေတြခ်ည္းပါပဲ၊မိုးကလ်ာကို
ဇနီးမယားပါဆိုၿပီးတရားဝင္ခ်မျပခဲ့သလို
တစ္ခ်ိဳ႕ေနရာေတြမွာ သူ႕ကိုသိမ္ငယ္ေအာင္လုပ္မိတယ္၊
အနီးနားမွာမရွိမွ တန္ဖိုးနားလည္တယ္ဆိုတဲ့စကားက
သိပ္မွန္လြန္းတယ္”

ေဆြးေဆြးေျမ့ေျမ့ေျပာေနေသာ သးးျဖစ္သူကို
အသနားပိုစြာပုခုံးကိုအားေပးသလို အသာပုတ္ေပးမိသည္။

“Royalက မင္းရဲ႕ေသြးသားပါ၊
သူအၾကာႀကီး မင္းကိုပစ္ပယ္ထားမွာမဟုတ္ဘူး၊
မိုးကလ်ာနဲ႕ကိစ္စကေတာ့ မင္းကိုယ္တိုင္ႀကိဳးစားရမွာပဲ”

ဦးမင္းေတာ္ဝင္စကားအဆုံး ဦးဇာနည္ကဖခင္ျဖစ္သူကို
တင္းၾကပ္စြာေပြ႕ဖက္မိသည္။ဖခင္ျဖစ္သူရဲ႕ႏြေးေထြးတဲ့စကား
ေတြေၾကာင့္ သူေနသာသည္။

မိဘတိုင္းက သားသမီးတိုင္းကိုခ်စ္ပါသည္။

……………………….

“ကိုကို႔!!”

အိပ္ရာနိုးလာေတာ့ ေဘးေနရာမွာကိုကို႔ကိုမေတြ႕ရသျဖင့္
သူအက်ယ္ႀကီးေအာ္ေခၚေနမိသည္။ခုခ်ိန္သူ႕ပုံစံက
အေမေပ်ာက္ေနေသာ ကေလးတစ္ေယာက္လိုပင္။
ဆိုေပမယ့္လည္း သူ႕အေနနဲ႕ထိုအေတြးအေပၚရွက္႐ြံ႕ျခင္း
စိုးစဥ္းမွ်မရွိေပ။

ေစာင္ေတြကိုေခါက္သိမ္းကာ အခန္းတံခါးဖြင့္ၿပီး
ေအာက္ထပ္ဆင္းလာေတာ့ အလင္းမကြဲေသးတဲ့
ပတ္ဝန္းက်င္က သူ႕ကိုဆီးႀကိဳေနေလသည္။
မိုးမလင္းေသးတာကို ကိုကိုဘာထလုပ္လဲသူေတြးလို႔မရ။

“ကိုကို႔!!”

“ငါဒီမွာ”

မီးဖိုေခ်ာင္ဘက္ကထြက္လာတဲ့အသံေၾကာင့္
သူထိုေနရာကိုေလွ်ာက္သြားလိုက္ေတာ့
ကိုကိုက ဒယ္အိုးႀကီးတစ္လုံးႏွင့္အလုပ္ရႈပ္ေနေလသည္။
ေဒၚေလးနဲ႕ဖိုးသားကလည္း မုန့္ဖတ္ေတြနဲ႕…။

“ကိုကို….ဘာလုပ္ေနတာလဲ၊
အိပ္ရာထတာ ကြၽန္ေတာ့္ကိုလည္းမႏွိုးသြားဘူး”

“မ်က္ႏွာအရင္သြားသစ္ေခ်”

ကိုကို႔ေဘးနားကပ္ထိုင္မလို႔လုပ္ခါမွ မ်က္ႏွာသစ္ခိုင္းသျဖင့္
Royalမ်က္ႏွာစူပုတ္သြားရသည္။ဖိုးသားကေတာ့
သူျဖစ္သြားတဲ့မ်က္ႏွာကိုၾကည့္ၿပီး တခစ္ခစ္ႏွင့္။
ေဒၚေလးက ဖြင့္ဟမရယ္ေသာ္ျငား ၿပဳံးစိစိႏွင့္ပင္။

“အဲ့တာဘာလုပ္ေနတာလဲ….မ်က္ႏွာသြားသစ္ေခ်ေလ”

“ဟုတ္ကဲ့”

မလြန္ဆန္ခ်င္ေတာ့လည္း ေခါင္းၿငိမ့္အရႈံးေပးရတာပါပဲ။
အနီးနားမွထသြားကာ ေရခ်ိဳးၿခံဆီေလွ်ာက္သြားၿပီး
အလ်င္အျမန္မ်က္ႏွာသစ္သြားတိုက္ကာ
ကိုကို႔ေဘးနားျပန္ေလွ်ာက္သြားလိုက္သည္။
Royal ကိုကိုနဲ႕နည္းနည္းေဝးေနရင္ေတာင္မေနတတ္ေပ။

“ခုေျပာလို႔ရၿပီလား၊အဲ့မုန္ဖတ္ေတြကဘာလုပ္တာလဲ”

“မုန့္ဟင္းခါးလုပ္တာေလ၊မျမင္ဖူးဘူးလား”

“ဘာလို႔အမ်ားႀကီးလဲ…ေလးေယာက္ထဲရွိတာကို”

“႐ြာထဲကလူေတြကိုေရာေကြၽးမလို႔ေပါ့”

ကိုကို႔စကားေၾကာင့္ Royalေၾကာင္သြားရသည္။

“ဒီေန႕ဘာေန႕လဲဆိုတာ မသိဘူးလား”

ကိုကိုကသူ႕ကိုႏူးညံ့စြာၿပဳံးျပလာၿပီးေမးလာေသာေၾကာင့္
Royalအေတြးမ်ားသြားရသည္။

ဒီေန႕ကဘာေန႕လဲ~~ဒီေန႕က….ဒီေန႕က….

“ကိုကို႔!!!”

သူ႕ကိုျမည္သံစြဲေခၚလာၿပီး မ်က္ရည္ေတြဝိုင္းကာ
သူ႕ခါးကိုေပြ႕ဖက္လာသူေၾကာင့္ ေခါင္းကိုငုံ႕နမ္းမိသည္။
ေမြးေန႕ရွင္က ေမြးေန႕ကိုေမ့ေနတာေပါ့ေလ။
ေဒၚေလးတို႔သားအမိကေတာ့ သူတို႔ႏွစ္ေယာက္ကို
မရွိသလိုသေဘာထားပုံရသည္။

“ကြၽန္ေတာ္တကယ္ေမ့ေနတာ”

“ေမြးေန႕ေမ့ေနတဲ့ေမြးေန႕ရွင္ကို လက္ေဆာင္မေပးေတာ့ဘူး”

“ဟာ…ကိုကို႔ အဲ့လိုမလုပ္ရဘူးေလ”

ရင္ခြင္ထဲကေနေခါင္းေမာ့ကာစူပုတ္ကာဆိုလာသူေၾကာင့္
ႏြေရတုသေဘာတက်ရယ္ေမာကာ နဖူးျပင္ကိုအနမ္းငုံ႕ေပးလိုက္ေတာ့ ေယာက္်ားကလည္း
သူ႕ကိုၿပဳံးကာၾကည့္လာသည္။

“အဟမ္း…ဟမ္း”

ႏွစ္ေယာက္တစ္ကမ္ဘာတည္ေနတဲ့သူတို႔ႏွစ္ေယာက္ကို
ေဒၚေလးကဟန္ေဆာင္ေခ်ာင္းဟန့္ကာ အျမင္ကတ္စြာ
ၾကည့္လာသျဖင့္ ႏွစ္ေယာက္သားအနည္းငယ္ခြာကာ
ရယ္မိၾကသည္။

“ဒါဆို ဒါေတြက ကြၽန္ေတာ့္ေမြးေန႕မို႔႐ြာသားေတြကို
ေကြၽးမလို႔လား”

“ဒါေပါ့”

“ကိုကို႔ကိုေလ အရမ္းခ်စ္တာပဲ”

Royalစကားကို ႏြေရတုကတုံ႕ျပန္စကားဆိုမလာေပမယ့္
Royalကိုၾကည့္လာတဲ့မ်က္ဝန္းေတြမွာေတာ့ ခ်စ္ျမတ္နိုး
ေတြျပည့္ႏွက္လို႔ေနသည္။

…………………………

“ကိုကို မေရာက္ေသးဘူးလား”

“ေရွ႕နားဆို ေရာက္ၿပီေလ”

စက္ဘီးနင္းရလို႔ေမာဟိုက္ေနတဲ့သူ႕ကိုမွအားမနာ
ေနာက္ကေနဖင္နာလို႔ပြစိပြစိ႐ြတ္ေနတဲ့ Royalကို
သူမျမင္ေသာ္ျငား မ်က္ေစာင္းထိုးမိသည္။

ဆိုင္ကယ္ကိုေတာ့ မိုးေပၚထိုးတက္မတတ္အစီးကြၽမ္းတဲ့
Royalက စက္ဘီးေတာ့မစီးတတ္ဘူးတဲ့ေလ။
ေမြးေန႕မို႔ မနက္ခင္းအာ႐ုဏ္ဆြမ္းကပ္ကာ
႐ြာထဲကလူေတြကိုလည္း တစ္အိမ္တစ္ခ်ိဳင့္စီမုန္းဟင္း
ခါးလိုက္ပို႔ထားသျဖင့္ သူ႕တစ္ကိုယ္လုံးေညာင္းကိုက္ေနသည္။
ခုလည္း စက္ဘီးနင္းေနရသျဖင့္ဘယ္လိုေနမလဲဆိုတာ
ေတြးသာၾကည့္ၾကေတာ့။

ေရွ႕နားက အဝါေရာင္ႏွမ္းပန္းခင္းႀကီးကိုျမင္မွ
သူသက္ျပင္းခ်မိသည္။

“ေရာက္ၿပီ…ဆင္းေတာ့”

ေၾကာင္ေလွာင္အိမ္ကိုေပြ႕လ်က္သား Royalက
စက္ဘီးေပၚကဆင္းကာ ေရွ႕ကျမင္ကြင္းကိုၾကည့္ၿပီး
ပါးစပ္ဟလ်က္။

အဝါေရာင္ပန္းႏွမ္းခင္းႀကီးရဲ႕အလွကို
ေတာင္ႏွစ္လုံးၾကားသို႔ဝင္ေရာက္ခါနီးေနၿပီျဖစ္သည့္
ေနလုံးနီနီႀကီးက ေထာက္ပံ့ေပးလ်က္။

“လွလိုက္တာ”

“လွပတဲ့အရာေတြကို ခ်စ္ရသူေတြဆီ
ျပန္မွ်ေဝျခင္းက လက္ေဆာင္တစ္မ်ိဳးပဲေလ”

အနီးနားလာရပ္တဲ့ကိုကို႔ကို သူၾကည့္လိုက္ေတာ့
ပန္းႏွမ္းခင္းနဲ႕အၿပိဳင္လွေနတဲ့ကိုကို။ေလွာင္အိမ္ထဲက
ေၾကာင္ႏွစ္ေကာင္ကေတာ့အၾကည္စိုက္ေနတဲ့သခင္ႏွစ္ေယာက္ကိုမ်က္ဝန္းေတာက္ေတာက္ေလးေတြနဲ႕ၾကည့္ေနၾကသည္။

“ေရာ့….ကိုကို႔ေယာက္်ားအတြက္လက္ေဆာင္”

ေထာင့္မွန္စတုဂံဂ်ပ္ဖာကိုသူ႕ဆီလွမ္းေပးလာတဲ့အတြက္
သူလွမ္းယူကာ ကိုကို႔ကိုမအူမလည္ၾကည့္လိုက္ေတာ့

“ဖြင့္ၾကည့္ေလ”

ေၾကာင္ေလွာင္အိမ္ကိုကိုကို႔ဆီလွမ္းေပးကာ ဂ်ပ္ဖာကိုေဖာက္လိုက္သည္။ဘာမ်ားျဖစ္မလဲဆိုတဲ့အေတြးက
သူ႕ကိုရင္ခုန္ေစသည္။
ေဖာက္ၿပီးေတာ့ ထြက္ေပၚလာတာကေဘာင္ခတ္ထားတဲ့
ပန္းခ်ီကားပင္ျဖစ္သည္။ပန္းခ်ီကားထဲက ပုံကိုျမင္လိုက္ေတာ့
ဝမ္းသာစိတ္ေၾကာင့္မ်က္ရည္ေတြပင္ ဝိုင္းတက္လာသည္။

“ကိုကို႔!!”

ပန္းခ်ီကားထဲမွာ Royalကcafeဆိုင္ေရွ႕မွာထိုင္ကာ
ကေလးတစ္ေယာက္မုန္စားေနတာကို ထိုင္ၾကည့္ေနတဲ့ပုံပင္။

“ကိုကို႔ကို အရမ္းေက်းဇူးတင္တာပဲ”

“ကိုကိုကေတာ့ ေယာက္်ားရဲ႕မိဘေတြကိုေက်းဇူးတင္တယ္”

“ဘာဆိုင္လို႔လဲ”

“ဒီလိုခ်စ္စရာေကာင္းတဲ့ကေလးကို ကိုကို႔အတြက္ေမြးဖြားေပးခဲ့လို႔”

ကိုကို႔စကားေၾကာင့္ သူ႕စိတ္ထဲမလုံမလဲျဖစ္သြားသည္။
မနက္က ဒယ္ဒီ့ဆီကေမြးေန႕ဆုေတာင္းစကားကို
သူလ်စ္လ်ဴရႈခဲ့တယ္မလား။

“အတိတ္ေတြကိုျပန္ေတြးေနလို႔ကေတာ့ ကိုယ္ပဲခံစားရတာပဲ
မဟုတ္လား”

“ကိုကို”

“ကိုကိုကေတာ့ အတိတ္ေတြျပန္မေတြးဘဲ
ကိုကို႔ကေလးေတြနဲ႕အနာဂတ္ကို တူတူျဖတ္သန္းခ်င္တယ္”

“ကိုကို႔ကေလးေတြ…ဒါဆိုကြၽန္ေတာ္ကေရာ”

အနည္းငယ္စူပုတ္သြားတဲ့သူ႕ကို ကိုကိုကရယ္ျပလာကာ

“မင္းကငါ့ထက္ငယ္တာကို ကေလးပဲေပါ့”

“ကြၽန္ေတာ္က ကိုကို႔ရဲ႕ေယာက္်ားပဲလုပ္ခ်င္တာ”

“ဟုတ္ပါၿပီ….ေတာ္ဝင္ေယာက္်ားကႏြေရတုရဲ႕ေယာက္်ားပါ”

သြားစြယ္ေတြေပၚေအာင္ၿပဳံးရယ္လာတဲ့ေကာင္ေလးကို
ႏြေရတု သိပ္ခ်စ္ရပါသည္။

အဝါေရာင္ပန္းႏွမ္းခင္းႀကီးရယ္….

မၾကာခင္ေပ်ာက္ကြယ္ေတာ့မယ့္ ေနလုံးနီနီႀကီးရယ္…..

အဝါေရာင္ေၾကာင္ႏွစ္ေကာင္ရယ္…..

ၿပဳံးရယ္ေနတဲ့ေကာင္ေလးႏွစ္ေယာက္ရယ္…..

သိပ္ကိုၿပီးျပည့္စုံလြန္းတဲ့ ပန္းခ်ီကားတစ္ခ်ပ္ပင္ျဖစ္သည္…

……………………ၿပီးပါၿပီ………………….

Tags: read novel Royal Husband ’40′(Final), novel Royal Husband ’40′(Final), read Royal Husband ’40′(Final) online, Royal Husband ’40′(Final) chapter, Royal Husband ’40′(Final) high quality, Royal Husband ’40′(Final) light novel, ,

Comment

Leave a Reply

Chapter 41