Royal Husband 8

All chapters are in Royal Husband
A+ A-

အိမ်မှာတစ်ယောက်တည်းနေတုန်း
မနေ့ညကခြံရှေ့ကအရိပ်မည်းကြီးရောက်လာမှာစိုးသဖြင့်
ဆိုင်သို့ခါတိုင်းအချိန်ထက်စောစွာ သူထွက်လာခဲ့လိုက်သည်။
မနက်ခင်းစာကိုတောင် ခါတိုင်းလိုထမင်းပူပူချက်မစား
တော့ဘဲ နို့နှင့်ပေါင်မုန့်အမြန်သွပ်ခဲ့ရသည်။

လူတိုင်းအချိန်တန်သေရမှာကိုသိပေမယ့်
သူက လက်နက်တွေကြောင့်သေရမှာကိုအတော်
ကြောက်သည်။ဓားနဲ့ထိုးလို့ချက်ကောင်းထိပြီးသေ၊ဒါမှမဟုတ် သေနတ်မှန်ပြီးဘာမှမခံစားရဘဲ
တစ်ခါထဲသေသွားတာဆိုဟုတ်သေးတယ်။
လူသတ်သမားက တစ်ခါထဲအသေမသတ်ဘဲ
ညှင်းပန်းနှိပ်စက်ပြီးမှသတ်မယ်ဆိုရင်ဘယ်လိုလုပ်မလဲ။
ပြီးတော့ သူကလည်းတစ်ယောက်တည်း
နေတဲ့လူ။

စက်ဘီးနင်းနေရင်းပင် အရပ်ရှစ်မျက်နှာသို့
အရိပ်အခြေကြည့်ရသည်။လူသွားလမ်းကြီးမှာတော့
မရှိလောက်ဘူးမလားးးး????

အဝေးကနေသူ့ဆိုင်ရဲ့ပုံရိပ်လေးမြင်မှစိတ်အေးရသည်။
မိန်းလမ်းမကြီးနဲ့သိပ်မဝေးတော့သဖြင့်
လူသွားလူလာမပြတ်တာကြောင့် စိတ်ချရသည်။

ဟင်!ဆိုင်ရှေ့က ဘယ်သူကြီးလဲ???

ဆိုင်ကယ်အမည်းကြီးပေါ်မှာ ခြေတစ်ဖက်ချိတ်ထိုင်နေသောလူ။
ဒီတိုင်းပဲ သူ့ဆိုင်ရှေ့တစ်ယောက်ယောက်ကိုစောင့်နေတာဟုသာ
ထင်လိုက်သည်။

စက်ဘီးကိုဆိုင်ထောင့်ကမြေကွက်လပ်မှာရပ်လိုက်သည့်တိုင်
ဆိုင်ရှေ့ကလူကို သူသေချာမကြည့်မိ။
စက်ဘီးရှေ့ခြင်းထဲကကြောင်လေးတွေကိုထုတ်ကာ
ပွေ့ချီလိုက်သည်။အရွယ်ငယ်သေးသဖြင့်
လက်တစ်ဖက်ထဲနှင့်ပင် ကြောင်နှစ်ကောင်လုံးကို
ထိန်းထားလို့ရသည်။

အမှတ်မထင် ဆိုင်ကယ်ပေါ်ကလူကိုကြည့်လိုက်တော့
ထိုလူကလည်း သူ့ကိုစူးရဲစွာစိုက်ကြည့်နေသည်ပင်။

ဟင်!ဟိုလူဆိုးကောင်

အမည်းနှင့်အဖြူကွက်ကျားရှပ်အက်ျီကို
ဂျင်းဘောင်းဘီနှင့်ရိုးရိုးရှင်းရှင်းဝတ်ဆင်ထားသော်ငြား
ရုပ်ရည်ရူပကာကသာမန်ထက်သာလွန်နေတော့
အတော်လေးကြည့်ကောင်းသည်မှာ အမှန်ပင်။
တကယ်မနာလိုစရာကောင်းအောင်ပင်
လူဆိုးကောင်က ချောမောလွန်းတယ်။

လူဆိုးကောင်ကိုလျစ်လျူရှုကာ
အားလပ်နေသောလက်တစ်ဖက်ဖြင့်ဘောင်းဘီအိတ်ထဲက
သော့ထုတ်ပြီးဆိုင်သော့ကို လှည့်ဖွင့်လိုက်သည်။
တံခါးနှစ်ချပ်ကို ဘေးတစ်ဖက်စီဆွဲဖွင့်နေတုန်း
အနားလာရပ်သော လူဆိုးကောင်ကြောင့်
လန့်သွားရသည်။စေရာပြောထားသော
လူဆိုးကောင်ရဲ့ဆိုးသွမ်းမှုတွေကြောင့်
သူ့ထက်အငယ်ဆိုသော်ငြား လက်ရဲတဲ့လူကိုကြောက်တယ်။
သူ့ကို ဘာမှမလုပ်လောက်ဘူးမလား???

“ဘာ..ဘာလုပ်မလို့လဲ”

ကြောက်စိတ်ကိုထိန်းကာပြောပေမယ့်
သူ့ကိုယ်သူပင်မပိုင်သလို စကားထစ်သွားသည်။
လူဆိုးကောင်ကိုမဝံ့မရဲကြည့်လိုက်တော့
သူ့ကို မျက်ခုံးတစ်ဖက်ပင့်ပြကာ

“ခင်ဗျား ဆိုင်ဖွင့်တော့တာမဟုတ်ဘူးလား”

“ဟုတ်တယ်လေ၊အာ ကော်ဖီဝယ်သောက်မလို့လား”

လူဆိုးကောင်ပြန်မဖြေခင်မှာပင်
သူမြန်မြန်ပြောပြီးဆိုင်တွင်းထဲသို့ဝင်တော့
လူဆိုးကောင်ကလည်း လိုက်ဝင်လာပြီး
ဆိုင်ထောင့်နားကစားပွဲမှာထိုင်လေသည်။

ညကတည်းကသန့်ရှင်းရေးတွေအကုန်လုပ်ပြီးမှပြန်သဖြင့်
ထွေထွေထူးထူးဘာမှလုပ်စရာမရှိပေ။
တစ်ယောက်ထဲနေရတာထက်စာရင်
ဧည့်သည်လေးရှိတော့လည်း တစ်မျိုးကောင်းတာပဲ။

Royal အတွင်းထဲဝင်သွားပြီး
တော်တော်နှင့်ထွက်မလာသေးသောအလှလေးအား
စောင့်နေသည်မှာ လည်တဆန့်ဆန့်နှင့်ပင်။
မနက်တိုင်အတော်လေးနေမြင့်မှထတတ်သောသူက
အလှလေးဆိုင်ကိုသွားချင်စိတ်ပြင်းနေလို့လားမသိ။
စောစောနိုးလာသည်။ပြန်လည်း
အိပ်ချင်စိတ်မရှိတော့သဖြင့်
Cafeဆိုင်ရှေ့ကနေ အလှလေးအလာကိုစောင့်နေ၏။

“ဘာသောက်မလဲ”

“ဘာမှမသောက်ဘူး”

“ဟမ်”

သူပြန်ပြောလိုက်သောစကားကြောင့် အလှလေးရဲ့
နီရဲရဲနှုတ်ခမ်းသေးသေးလေးက ‘O’ ပုံစံဖြစ်သွားသည်။
အမ်းသွားတာလေးကတောင် သဘောကျချင်စရာလေး။

“မင်းပြောတော့ ကော်ဖီသောက်မလို့ဆို”

ခပ်မာမာလည်းမပြောရဲသဖြင့် အေးအေးဆေးဆေးသာ
ပြန်ပြောရသည်။

“ပြောမိလို့လား”

“မင်းးး”

အမှန်တကယ်လည်း လူဆိုးကောင်က
ကော်ဖီသောက်မလို့ပါဆိုပြီးမပြောသဖြင့်
သူဘာဆက်ပြောရမှန်းပင်မသိပေ။
ကော်ဖီမသောက်ဘဲနဲ့ လူဆိုးကောင်က
ဘာလို့သူ့ဆိုင်ကိုလာသေးလဲ။

“ကော်ဖီမသောက်ရင် မလာရတော့ဘူးလား”

“အင်းလေ”

“ခင်ဗျားမျက်နှာမြင်ချင်လို့လာတာဆိုရင်ရော…”

တကယ်လည်းRoyalက အလှလေးမျက်နှာမြင်ချင်လို့လာတာပဲမဟုတ်လား။
သူ့ရှေ့ကအလှလေးကတော့ သူ့စကားကြောင့်
ဖြူဖွေးတဲ့အသားအရည်က ပန်းရောင်သမ်းသွားသလိုပင်။

“ဘာမှမသောက်ဘူးဆိုရင်လည်းပြီးရော”

ထိုစကားတစ်ခွန်းသာပြောပြီးအလှလေးက
ဆိုင်တွင်းထဲသို့ပြန်ဝင်သွားသည်။အချိန်အတော်ကြာအောင်
ပြန်ထွက်မလာသောအလှလေးကြောင့် Royal
တွေးမိလာတာက

‘အခု အလှလေးကသူ့ကိုဆိုင်စောင့်ခိုင်းထားခဲ့တာတော့
မဟုတ်ဘူးမလား’

………………………………..

“တက်”

လမ်းလျှောက်နေသောသူ့ရှေ့သို့
ပြိုင်ကားအပြာတစ်စီးထိုးရပ်လာကာ မှန်တံခါးဖွင့်ပြီး
ပြောလာသောလူမျက်နှာကိုကြည့်ကာ
ကောင်းထက် လမ်းဆက်လျှောက်မိသည်။

“ဟေးးးကားပေါ်ကိုယ်တိုင်တက်မလား၊
ကိုယ်ပွေ့ချီပြီးတင်ရမလား”

ကားပေါ်ကလှမ်းအော်နေသောလူကိုလျစ်လျူရှုကာ
လမ်းဆက်လျှောက်နေတုန်း စွေ့ခနဲလူတစ်ယောက်ရဲ့
ပုခုံးပေါ်ထမ်းခံလိုက်ရသောသူ။
ကျောကုန်းကိုထုရိုက်သော်ငြား ပန်းနဲ့ပေါက်သည့်အလား
တစ်ချက်ပင်ညည်းလာခြင်းမရှိ။

သူသာလျှင်ကားအတွင်းထည့်ခံလိုက်ရကာ
လျှပ်တစ်ပြက်အတွင်းခါးပတ် ပတ်ပေးပြီးသားပင်။
အလျင်အမြန်ခါးပတ်ချွတ်ရန်ပြင်တော့

“လူတွေရှေ့အနမ်းခံချင်ရင်တော့
ကိုယ့်ကားပေါ်က ဆင်းသွားလို့ရတယ်”

“ခင်ဗျား”

ခွန်းတုံ့မပြန်နိုင်သဖြင့်ငြိမ်ငြိမ်သာထိုင်နေတော့
သူ့ခေါင်းကဆံပင်တွေကိုလာဖွကာ

“ဒီလိုလိမ်မာမှပေါ့”

ထိုလူကကားတွင်းဝင်ထိုင်လာကာမောင်းထွက်နေလေပြီ။
ကောင်းထက်ဟိန်းစံက ငှားနေသောအဆောင်ကနေ
ကားမှတ်တိုင်သို့ခြေလှမ်းအနည်းငယ်လျှောက်ရပြီး
Busစီးကာဆိုင်သို့သွားရသည်။
ည၈နာရီထိုးရင် barတစ်ခုမှာ
လုံခြုံရေးဝန်ထမ်းပြေးလုပ်ရပြန်၏။
မိဘမဲ့တစ်ယောက်ဖြစ်၍ထောက်ပံ့ပေးရမယ့်လူလည်း
မရှိပေ။

“ဟေးးးစိတ်ထဲမှာ ကိုယ့်ကိုကျိန်ဆဲနေတာတော့
မဟုတ်ဘူးမလား”

“ပြောစရာလား”

သူ့စကားမှာသဘောကျစရာမပါဘဲနှင့် နေရောင်ခြည်
ဆိုသောလူကြီးက တဟားဟားအော်ရယ်လာသည်။

“ကိုယ်ကမင်းကို ဆိုင်လိုက်ပို့ပေးမလို့ပါကွာ”

“ကျေးဇူး”

Busစီးခသက်သာသည်ဟုသာသူတွေးလိုက်သည်။
နေရောင်ခြည်ဆိုသောလူကြီးကသူ့ကိုကားမောင်းရင်း
တစ်ချက်တစ်ချက်လှည့်ကြည့်လာသော်ငြား
သူငြိမ်နေတာမြင်တော့ ဘာမှမပြောလာပေ။

“ကဲ… ရောက်ပြီ”

ကားလေးက ဆိုင်ဘေးထောင့်မှာထိုးရပ်သွားတော့
သူအလျင်အမြန်ပင်ကားပေါ်ကဆင်းလိုက်သည်။
ထိုလူကြီးကလည်းကားပေါ်ကဆင်းလာလေသည်။

နေရောင်ခြည် cafeဆိုင်ရှေ့ကဆိုင်ကယ်ကိုမြင်ပြီး
အံ့သြရသည်။Royalက ဘယ်အချိန်ကတည်းက
ဒီကိုရောက်နေတာပါလဲ။

ကားဖြင့်လိုက်ပို့သောသူ့ကို ကောင်လေးက
ကျေးဇူးစကားတစ်ခွန်းမပြောဘဲ အထဲဝင်သွားလေပြီ။
နေရောင်ခြည်လည်း ဆိုင်ထဲလိုက်ဝင်ကာ
ဝေ့ဝဲကြည့်လိုက်တော့ ထောင့်စားပွဲမှာ
ထိုင်နေပါသော ချစ်လှစွာသော သူငယ်ချင်း။

“ချစ်သူငယ်ချင်းလေးRoyal ဒီကိုဘယ်လိုလုပ်ပြီး”

“လမ်းကြုံလို့”

Royalကသူ့ကိုမြင်တော့အံ့သြဟန်ပင်မပြဘဲ
တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေလာသည်။

ထိုစဥ်ကျောနောက်မှစကားသံကြားလိုက်ရသောကြောင့်
နေရောင်လှည့်ကြည့်လိုက်တော့ ကောင်လေးနဲ့ကိုနွေရတုကို
တွေ့လိုက်ရမှ Royalရဲ့’လမ်းကြုံလို့’ဟူသော
စကားအဓိပ္ပါယ်ကို နားလည်သွားရသည်။
Royalကိုကြည့်လိုက်တော့လည်း ကိုနွေရတုကို
မျက်တောင်မခတ်ကြည့်နေလေသည်။

‘သြော်…လမ်းက ကြုံလည်းကြုံတတ်သကိုးးး’

…………………………………………

“ပင်မCompanyတောင်မဟုတ်တဲ့
ဒီလိုCompanyခွဲလေးမှာဒုမန်နေဂျင်းနေရာ
ရထားတာလေးနဲ့ကျေနပ်နေတာတော့
မဟုတ်ဘူးမလား စေရာမျိုးမြင့်”

“မကျေနပ်လို့ ကျွန်တော်ကဘာတွေကိုမျှော်မှန်းနေရမှာလဲ”

ရုံးခန်းအထိလာတွေ့ကာ သူ့ကိုမထိတထိစကားတွေ
ပြောလာပါသောမေမေ့ကြောင့် စေရာခေါင်းတွေပင်
ခြောက်လာရသည်။

“ဒီ့ထက်ရာထူးကြီးတဲ့နေရာရောက်အောင် လုပ်ရမှာပေါ့။
ငါ ”တော်ဝင်”စံအိမ်မှာဘယ်လောက်အနှိမ်ခံရလဲဆိုတာ
နင် မသိဘူးလား။”

“အဲ့ဒါကြောင့် ကျွန်တော်နဲ့လာနေပါဆိုတော့လည်း
မေမေလာနေလို့လား”

“အို..ဘာမှမရသေးဘဲနဲ့တော့ အဲ့အိမ်ကထွက်မလာနိုင်သေးပါဘူး”

ပြောနေရင်းပင် ဒေါ်မိုးကလျာရဲ့မျက်လုံးထဲမှာ
တော်ဝင်စံအိမ်ရဲ့စည်းစိမ်တွေကိုတွေးမိသွားသည့်အလား
မျက်ဝန်းတွေပင် တလက်လက်တောက်ပလာသည်။

“အဲ့စည်းစိမ်တွေက အစကတည်းက
ကျွန်တော်တို့ပိုင်တာမှမဟုတ်ဘဲ မေမေရာ”

သူ့လိုမယားပါသားကို ဒီလိုနေရာတစ်ခုပေးတာနဲ့တင်
သူကကျေးဇူးတင်တယ်။ကိုယ်တိုင်လုပ်ဆောင်ခဲ့တာမရှိပါဘဲနှင့်မေမေက
ဘယ်လိုစိတ်နဲ့များစည်းစိမ်မက်နေရပါလိမ့်။

“ပေးတာယူ၊ကျွေးတာစားရတဲ့ဘဝကို မင်းကအဟုတ်ကြီး
မှတ်နေတာပဲ ငါ့သား၊
မေမေကတော့ အဲ့လိုမနေနိုင်ပေါင်”

ပြောရင်လည်းရမှာမဟုတ်သဖြင့်
မေမေ့ကိုလျစ်လျူရှုကာ သူလုပ်ရမယ့်အလုပ်တွေသာ
ပြန်လုပ်နေလိုက်သည်။မျက်ဝန်းထဲ ရတုရဲ့ပုံရိပ်ကလေး
မြင်ယောင်လိုက်တော့ သူ့စိတ်တွေအေးချမ်းသွားသလိုပင်။

နွေရတုဆိုသောလူသားလေးကစေရာမျိုးမြင့်အတွက်တော့
အိုအေစစ်လေးပင်။

………………………………..

(တစ်မျိုးထင်ကြမလားမသိပေမယ့် ကိုယ့်ကိုသာသာလို့
ခေါ်မယ့်အစား ‘ဆုကလေး’ဖြစ်ဖြစ်၊’ဆု’ဖြစ်ဖြစ်
ကြိုက်သလိုခေါ်နိုင်ပါတယ်၊ဒါမှမဟုတ်ရင်လည်း
“တော်ဝင်ယောက်ျားရဲ့ချစ်ဇနီးချောလေး”လို့ခေါ်ရင်လည်း
စိတ်မဆိုးပါဘူးဗျ😁)

Zawgyi

အိမ္မွာတစ္ေယာက္တည္းေနတုန္း
မေန႕ညကၿခံေရွ႕ကအရိပ္မည္းႀကီးေရာက္လာမွာစိုးသျဖင့္
ဆိုင္သို႔ခါတိုင္းအခ်ိန္ထက္ေစာစြာ သူထြက္လာခဲ့လိုက္သည္။
မနက္ခင္းစာကိုေတာင္ ခါတိုင္းလိုထမင္းပူပူခ်က္မစား
ေတာ့ဘဲ နို႔ႏွင့္ေပါင္မုန့္အျမန္သြပ္ခဲ့ရသည္။

လူတိုင္းအခ်ိန္တန္ေသရမွာကိုသိေပမယ့္
သူက လက္နက္ေတြေၾကာင့္ေသရမွာကိုအေတာ္
ေၾကာက္သည္။ဓားနဲ႕ထိုးလို႔ခ်က္ေကာင္းထိၿပီးေသ၊ဒါမွမဟုတ္ ေသနတ္မွန္ၿပီးဘာမွမခံစားရဘဲ
တစ္ခါထဲေသသြားတာဆိုဟုတ္ေသးတယ္။
လူသတ္သမားက တစ္ခါထဲအေသမသတ္ဘဲ
ညွင္းပန္းႏွိပ္စက္ၿပီးမွသတ္မယ္ဆိုရင္ဘယ္လိုလုပ္မလဲ။
ၿပီးေတာ့ သူကလည္းတစ္ေယာက္တည္း
ေနတဲ့လူ။

စက္ဘီးနင္းေနရင္းပင္ အရပ္ရွစ္မ်က္ႏွာသို႔
အရိပ္အေျခၾကည့္ရသည္။လူသြားလမ္းႀကီးမွာေတာ့
မရွိေလာက္ဘူးမလားးးး????

အေဝးကေနသူ႕ဆိုင္ရဲ႕ပုံရိပ္ေလးျမင္မွစိတ္ေအးရသည္။
မိန္းလမ္းမႀကီးနဲ႕သိပ္မေဝးေတာ့သျဖင့္
လူသြားလူလာမျပတ္တာေၾကာင့္ စိတ္ခ်ရသည္။

ဟင္!ဆိုင္ေရွ႕က ဘယ္သူႀကီးလဲ???

ဆိုင္ကယ္အမည္းႀကီးေပၚမွာ ေျခတစ္ဖက္ခ်ိတ္ထိုင္ေနေသာလူ။
ဒီတိုင္းပဲ သူ႕ဆိုင္ေရွ႕တစ္ေယာက္ေယာက္ကိုေစာင့္ေနတာဟုသာ
ထင္လိုက္သည္။

စက္ဘီးကိုဆိုင္ေထာင့္ကေျမကြက္လပ္မွာရပ္လိုက္သည့္တိုင္
ဆိုင္ေရွ႕ကလူကို သူေသခ်ာမၾကည့္မိ။
စက္ဘီးေရွ႕ျခင္းထဲကေၾကာင္ေလးေတြကိုထုတ္ကာ
ေပြ႕ခ်ီလိုက္သည္။အ႐ြယ္ငယ္ေသးသျဖင့္
လက္တစ္ဖက္ထဲႏွင့္ပင္ ေၾကာင္ႏွစ္ေကာင္လုံးကို
ထိန္းထားလို႔ရသည္။

အမွတ္မထင္ ဆိုင္ကယ္ေပၚကလူကိုၾကည့္လိုက္ေတာ့
ထိုလူကလည္း သူ႕ကိုစူးရဲစြာစိုက္ၾကည့္ေနသည္ပင္။

ဟင္!ဟိုလူဆိုးေကာင္

အမည္းႏွင့္အျဖဴကြက္က်ားရွပ္အက္်ီကို
ဂ်င္းေဘာင္းဘီႏွင့္ရိုးရိုးရွင္းရွင္းဝတ္ဆင္ထားေသာ္ျငား
႐ုပ္ရည္႐ူပကာကသာမန္ထက္သာလြန္ေနေတာ့
အေတာ္ေလးၾကည့္ေကာင္းသည္မွာ အမွန္ပင္။
တကယ္မနာလိုစရာေကာင္းေအာင္ပင္
လူဆိုးေကာင္က ေခ်ာေမာလြန္းတယ္။

လူဆိုးေကာင္ကိုလ်စ္လ်ဴရႈကာ
အားလပ္ေနေသာလက္တစ္ဖက္ျဖင့္ေဘာင္းဘီအိတ္ထဲက
ေသာ့ထုတ္ၿပီးဆိုင္ေသာ့ကို လွည့္ဖြင့္လိုက္သည္။
တံခါးႏွစ္ခ်ပ္ကို ေဘးတစ္ဖက္စီဆြဲဖြင့္ေနတုန္း
အနားလာရပ္ေသာ လူဆိုးေကာင္ေၾကာင့္
လန့္သြားရသည္။ေစရာေျပာထားေသာ
လူဆိုးေကာင္ရဲ႕ဆိုးသြမ္းမႈေတြေၾကာင့္
သူ႕ထက္အငယ္ဆိုေသာ္ျငား လက္ရဲတဲ့လူကိုေၾကာက္တယ္။
သူ႕ကို ဘာမွမလုပ္ေလာက္ဘူးမလား???

“ဘာ..ဘာလုပ္မလို႔လဲ”

ေၾကာက္စိတ္ကိုထိန္းကာေျပာေပမယ့္
သူ႕ကိုယ္သူပင္မပိုင္သလို စကားထစ္သြားသည္။
လူဆိုးေကာင္ကိုမဝံ့မရဲၾကည့္လိုက္ေတာ့
သူ႕ကို မ်က္ခုံးတစ္ဖက္ပင့္ျပကာ

“ခင္ဗ်ား ဆိုင္ဖြင့္ေတာ့တာမဟုတ္ဘူးလား”

“ဟုတ္တယ္ေလ၊အာ ေကာ္ဖီဝယ္ေသာက္မလို႔လား”

လူဆိုးေကာင္ျပန္မေျဖခင္မွာပင္
သူျမန္ျမန္ေျပာၿပီးဆိုင္တြင္းထဲသို႔ဝင္ေတာ့
လူဆိုးေကာင္ကလည္း လိုက္ဝင္လာၿပီး
ဆိုင္ေထာင့္နားကစားပြဲမွာထိုင္ေလသည္။

ညကတည္းကသန့္ရွင္းေရးေတြအကုန္လုပ္ၿပီးမွျပန္သျဖင့္
ေထြေထြထူးထူးဘာမွလုပ္စရာမရွိေပ။
တစ္ေယာက္ထဲေနရတာထက္စာရင္
ဧည့္သည္ေလးရွိေတာ့လည္း တစ္မ်ိဳးေကာင္းတာပဲ။

Royal အတြင္းထဲဝင္သြားၿပီး
ေတာ္ေတာ္ႏွင့္ထြက္မလာေသးေသာအလွေလးအား
ေစာင့္ေနသည္မွာ လည္တဆန့္ဆန့္ႏွင့္ပင္။
မနက္တိုင္အေတာ္ေလးေနျမင့္မွထတတ္ေသာသူက
အလွေလးဆိုင္ကိုသြားခ်င္စိတ္ျပင္းေနလို႔လားမသိ။
ေစာေစာနိုးလာသည္။ျပန္လည္း
အိပ္ခ်င္စိတ္မရွိေတာ့သျဖင့္
Cafeဆိုင္ေရွ႕ကေန အလွေလးအလာကိုေစာင့္ေန၏။

“ဘာေသာက္မလဲ”

“ဘာမွမေသာက္ဘူး”

“ဟမ္”

သူျပန္ေျပာလိုက္ေသာစကားေၾကာင့္ အလွေလးရဲ႕
နီရဲရဲႏႈတ္ခမ္းေသးေသးေလးက ‘O’ ပုံစံျဖစ္သြားသည္။
အမ္းသြားတာေလးကေတာင္ သေဘာက်ခ်င္စရာေလး။

“မင္းေျပာေတာ့ ေကာ္ဖီေသာက္မလို႔ဆို”

ခပ္မာမာလည္းမေျပာရဲသျဖင့္ ေအးေအးေဆးေဆးသာ
ျပန္ေျပာရသည္။

“ေျပာမိလို႔လား”

“မင္းးး”

အမွန္တကယ္လည္း လူဆိုးေကာင္က
ေကာ္ဖီေသာက္မလို႔ပါဆိုၿပီးမေျပာသျဖင့္
သူဘာဆက္ေျပာရမွန္းပင္မသိေပ။
ေကာ္ဖီမေသာက္ဘဲနဲ႕ လူဆိုးေကာင္က
ဘာလို႔သူ႕ဆိုင္ကိုလာေသးလဲ။

“ေကာ္ဖီမေသာက္ရင္ မလာရေတာ့ဘူးလား”

“အင္းေလ”

“ခင္ဗ်ားမ်က္ႏွာျမင္ခ်င္လို႔လာတာဆိုရင္ေရာ…”

တကယ္လည္းRoyalက အလွေလးမ်က္ႏွာျမင္ခ်င္လို႔လာတာပဲမဟုတ္လား။
သူ႕ေရွ႕ကအလွေလးကေတာ့ သူ႕စကားေၾကာင့္
ျဖဴေဖြးတဲ့အသားအရည္က ပန္းေရာင္သမ္းသြားငလိုပင္။

“ဘာမွမေသာက္ဘူးဆိုရင္လည္းၿပီးေရာ”

ထိုစကားတစ္ခြန္းသာေျပာၿပီးအလွေလးက
ဆိုင္တြင္းထဲသို႔ျပန္ဝင္သြားသည္။အခ်ိန္အေတာ္ၾကာေအာင္
ျပန္ထြက္မလာေသာအလွေလးေၾကာင့္ Royal
ေတြးမိလာတာက

‘အခု အလွေလးကသူ႕ကိုဆိုင္ေစာင့္ခိုင္းထားခဲ့တာေတာ့
မဟုတ္ဘူးမလား’

………………………………..

“တက္”

လမ္းေလွ်ာက္ေနေသာသူ႕ေရွ႕သို႔
ၿပိဳင္ကားအျပာတစ္စီးထိုးရပ္လာကာ မွန္တံခါးဖြင့္ၿပီး
ေျပာလာေသာလူမ်က္ႏွာကိုၾကည့္ကာ
ေကာင္းထက္ လမ္းဆက္ေလွ်ာက္မိသည္။

“ေဟးးးကားေပၚကိုယ္တိုင္တက္မလား၊
ကိုယ္ေပြ႕ခ်ီၿပီးတင္ရမလား”

ကားေပၚကလွမ္းေအာ္ေနေသာလူကိုလ်စ္လ်ဴရႈကာ
လမ္းဆက္ေလွ်ာက္ေနတုန္း ေစြ႕ခနဲလူတစ္ေယာက္ရဲ႕
ပုခုံးေပၚထမ္းခံလိုက္ရေသာသူ။
ေက်ာကုန္းကိုထုရိုက္ေသာ္ျငား ပန္းနဲ႕ေပါက္သည့္အလား
တစ္ခ်က္ပင္ညည္းလာျခင္းမရွိ။

သူသာလွ်င္ကားအတြင္းထည့္ခံလိုက္ရကာ
လွ်ပ္တစ္ျပက္အတြင္းခါးပတ္ ပတ္ေပးၿပီးသားပင္။
အလ်င္အျမန္ခါးပတ္ခြၽတ္ရန္ျပင္ေတာ့

“လူေတြေရွ႕အနမ္းခံခ်င္ရင္ေတာ့
ကိုယ့္ကားေပၚက ဆင္းသြားလို႔ရတယ္”

“ခင္ဗ်ား”

ခြန္းတုံ႕မျပန္နိုင္သျဖင့္ၿငိမ္ၿငိမ္သာထိုင္ေနေတာ့
သူ႕ေခါင္းကဆံပင္ေတြကိုလာဖြကာ

“ဒီလိုလိမ္မာမွေပါ့”

ထိုလူကကားတြင္းဝင္ထိုင္လာကာေမာင္းထြက္ေနေလၿပီ။
ေကာင္းထက္ဟိန္းစံက ငွားေနေသာအေဆာင္ကေန
ကားမွတ္တိုင္သို႔ေျခလွမ္းအနည္းငယ္ေလွ်ာက္ရၿပီး
Busစီးကာဆိုင္သို႔သြားရသည္။
ည၈နာရီထိုးရင္ barတစ္ခုမွာ
လုံၿခဳံေရးဝန္ထမ္းေျပးလုပ္ရျပန္၏။
မိဘမဲ့တစ္ေယာက္ျဖစ္၍ေထာက္ပံ့ေပးရမယ့္လူလည္း
မရွိေပ။

“ေဟးးးစိတ္ထဲမွာ ကိုယ့္ကိုက်ိန္ဆဲေနတာေတာ့
မဟုတ္ဘူးမလား”

“ေျပာစရာလား”

သူ႕စကားမွာသေဘာက်စရာမပါဘဲႏွင့္ ေနေရာင္ျခည္
ဆိုေသာလူႀကီးက တဟားဟားေအာ္ရယ္လာသည္။

“ကိုယ္ကမင္းကို ဆိုင္လိုက္ပို႔ေပးမလို႔ပါကြာ”

“ေက်းဇူး”

Busစီးခသက္သာသည္ဟုသာသူေတြးလိုက္သည္။
ေနေရာင္ျခည္ဆိုေသာလူႀကီးကသူ႕ကိုကားေမာင္းရင္း
တစ္ခ်က္တစ္ခ်က္လွည့္ၾကည့္လာေသာ္ျငား
သူၿငိမ္ေနတာျမင္ေတာ့ ဘာမွမေျပာလာေပ။

“ကဲ… ေရာက္ၿပီ”

ကားေလးက ဆိုင္ေဘးေထာင့္မွာထိုးရပ္သြားေတာ့
သူအလ်င္အျမန္ပင္ကားေပၚကဆင္းလိုက္သည္။
ထိုလူႀကီးကလည္းကားေပၚကဆင္းလာေလသည္။

ေနေရာင္ျခည္ cafeဆိုင္ေရွ႕ကဆိုင္ကယ္ကိုျမင္ၿပီး
အံ့ၾသရသည္။Royalက ဘယ္အခ်ိန္ကတည္းက
ဒီကိုေရာက္ေနတာပါလဲ။

ကားျဖင့္လိုက္ပို႔ေသာသူ႕ကို ေကာင္ေလးက
ေက်းဇူးစကားတစ္ခြန္းမေျပာဘဲ အထဲဝင္သြားေလၿပီ။
ေနေရာင္ျခည္လည္း ဆိုင္ထဲလိုက္ဝင္ကာ
ေဝ့ဝဲၾကည့္လိုက္ေတာ့ ေထာင့္စားပြဲမွာ
ထိုင္ေနပါေသာ ခ်စ္လွစြာေသာ သူငယ္ခ်င္း။

“ခ်စ္သူငယ္ခ်င္းေလးRoyal ဒီကိုဘယ္လိုလုပ္ၿပီး”

“လမ္းႀကဳံလို႔”

Royalကသူ႕ကိုျမင္ေတာ့အံ့ၾသဟန္ပင္မျပဘဲ
တုံ႕ဆိုင္းျခင္းမရွိ ျပန္ေျဖလာသည္။

ထိုစဥ္ေက်ာေနာက္မွစကားသံၾကားလိုက္ရေသာေၾကာင့္
ေနေရာင္လွည့္ၾကည့္လိုက္ေတာ့ ေကာင္ေလးနဲ႕ကိုႏြေရတုကို
ေတြ႕လိုက္ရမွ Royalရဲ႕’လမ္းႀကဳံလို႔’ဟူေသာ
စကားအဓိပ္ပါယ္ကို နားလည္သြားရသည္။
Royalကိုၾကည့္လိုက္ေတာ့လည္း ကိုႏြေရတုကို
မ်က္ေတာင္မခတ္ၾကည့္ေနေလသည္။

‘ေၾသာ္…လမ္းက ႀကဳံလည္းႀကဳံတတ္သကိုးးး’

…………………………………………

“ပင္မCompanyေတာင္မဟုတ္တဲ့
ဒီလိုCompanyခြဲေလးမွာဒုမန္ေနဂ်င္းေနရာ
ရထားတာေလးနဲ႕ေက်နပ္ေနတာေတာ့
မဟုတ္ဘူးမလား ေစရာမ်ိဳးျမင့္”

“မေက်နပ္လို႔ ကြၽန္ေတာ္ကဘာေတြကိုေမွ်ာ္မွန္းေနရမွာလဲ”

႐ုံးခန္းအထိလာေတြ႕ကာ သူ႕ကိုမထိတထိစကားေတြ
ေျပာလာပါေသာေမေမ့ေၾကာင့္ ေစရာေခါင္းေတြပင္
ေျခာက္လာရသည္။

“ဒီ့ထက္ရာထူးႀကီးတဲ့ေနရာေရာက္ေအာင္ လုပ္ရမွာေပါ့။
ငါ ”ေတာ္ဝင္”စံအိမ္မွာဘယ္ေလာက္အႏွိမ္ခံရလဲဆိုတာ
နင္ မသိဘူးလား။”

“အဲ့ဒါေၾကာင့္ ကြၽန္ေတာ္နဲ႕လာေနပါဆိုေတာ့လည္း
ေမေမလာေနလို႔လား”

“အို..ဘာမွမရေသးဘဲနဲ႕ေတာ့ အဲ့အိမ္ကထြက္မလာနိုင္ေသးပါဘူး”

ေျပာေနရင္းပင္ ေဒၚမိုးကလ်ာရဲ႕မ်က္လုံးထဲမွာ
ေတာ္ဝင္စံအိမ္ရဲ႕စည္းစိမ္ေတြကိုေတြးမိသြားသည့္အလား
မ်က္ဝန္းေတြပင္ တလက္လက္ေတာက္ပလာသည္။

“အဲ့စည္းစိမ္ေတြက အစကတည္းက
ကြၽန္ေတာ္တို႔ပိုင္တာမွမဟုတ္ဘဲ ေမေမရာ”

သူ႕လိုမယားပါသားကို ဒီလိုေနရာတစ္ခုေပးတာနဲ႕တင္
သူကေက်းဇူးတင္တယ္။ကိုယ္တိုင္လုပ္ေဆာင္ခဲ့တာမရွိပါဘဲႏွင့္ေမေမက
ဘယ္လိုစိတ္နဲ႕မ်ားစည္းစိမ္မက္ေနရပါလိမ့္။

“ေပးတာယူ၊ေကြၽးတာစားရတဲ့ဘဝကို မင္းကအဟုတ္ႀကီး
မွတ္ေနတာပဲ ငါ့သား၊
ေမေမကေတာ့ အဲ့လိုမေနနိုင္ေပါင္”

ေျပာရင္လည္းရမွာမဟုတ္သျဖင့္
ေမေမ့ကိုလ်စ္လ်ဴရႈကာ သူလုပ္ရမယ့္အလုပ္ေတြသာ
ျပန္လုပ္ေနလိုက္သည္။မ်က္ဝန္းထဲ ရတုရဲ႕ပုံရိပ္ကေလး
ျမင္ေယာင္လိုက္ေတာ့ သူ႕စိတ္ေတြေအးခ်မ္းသြားသလိုပင္။

ႏြေရတုဆိုေသာလူသားေလးကေစရာမ်ိဳးျမင့္အတြက္ေတာ့
အိုေအစစ္ေလးပင္။

………………………………..

(တစ္မ်ိဳးထင္ၾကမလားမသိေပမယ့္ ကိုယ့္ကိုသာသာလို႔
ေခၚမယ့္အစား ‘ဆုကေလး’ျဖစ္ျဖစ္၊’ဆု’ျဖစ္ျဖစ္
ႀကိဳက္သလိုေခၚနိုင္ပါတယ္၊ဒါမွမဟုတ္ရင္လည္း
“ေတာ္ဝင္ေယာက္်ားရဲ႕ခ်စ္ဇနီးေခ်ာေလး”လို႔ေခၚရင္လည္း
စိတ္မဆိုးပါဘူးဗ်😁)

Tags: read novel Royal Husband 8, novel Royal Husband 8, read Royal Husband 8 online, Royal Husband 8 chapter, Royal Husband 8 high quality, Royal Husband 8 light novel, ,

Comment

Leave a Reply

Chapter 8