System 286 (On Going) Arc 1.13(မင်ရှီး)

All chapters are in System 286 (On Going)
A+ A-

Zawgyi

“System… ဘယ်လိုလုပ်မလဲ…









System: “စိတ်တွေလဲညစ်ပါတယ်..ယဲ့ဝမ်ရှီးဆိုတာ မင်ရှီးရဲ့ဒေါ်လေနာမည်လေHostရဲ့ “

“အော်….ဟုတ်သားပဲ “







“ဟားဟား… ကိစ္စမရှိပါဘူး… မင်းအဒေါ်စားမင်းဆပ်ပေးရင်ရနေတာပဲလေ”











“ဟုတ်ကဲ့ သခင်လေး..”



အိမ်သို့ရောက်တော့







“အကို့မိဘတွေနဲ့အတူမနေဘူးလား “


“အော်…ဟုတ်လား



☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Unicode

“System… ဘယ်လိုလုပ်မလဲ…
မင်ရှီး ရဲ့အဒေါ်တကယ်ထွက်ပြေးသွားပီထင်တယ်..ငါလည်းထွက်ပြေးရင်ကောင်းမလား…”

System: “Host.. အဲ့ဒီလိုလုပ်လို့မရဘူးလေ”

“ဒီလိုမှန်းသိရင်… အဲ့အဒေါ်ကြီးကိုသေချာစောင့်ကြည့်နေပါတယ်..”

ထိုစဉ်…”တင်းတောင်…တင်းတောင် “
System: “Host… ပြန်မထူးနဲ့..အဲ့တာငွေတိုးချေးစားတဲ့သူတွေ…ငြိမ်ငြိမ်လေးနေ..”

နာရီဝက်လောက်ကြာတော့ အိမ်ရှေ့ကလူတွေပြန်သွားပုံရသည်..။စိတ်ချရအောင် ကယ်ရီအပေါက်မှထပ်ချောင်းကြည့်လိုက်သေးသည်..။(A/N- အကြွေးပုန်းနေသောကယ်ရီလေးပါ😆)

System: “ချောင်းမနေနဲ့တော့ ပြန်ကုန်ပီ”

ကယ်ရီမနက်စာပင် စားချင်စိတ်မရှိတော့ စိတ်ပျက်လက်ပျက်နဲ့ကျောင်းသို့ထွက်လာခဲ့သည်..လမ်းကွေ့တစ်ခုတွင်ကယ်ရီရှေ့ပိတ်ရပ်လာသောလူတစ်စု…

“မင်းက..ယဲ့ဝမ်ရှီးရဲ့ တူလား..”

“System.. ယဲ့ဝမ်ရှီးဆိုတာ ဘယ်သူကြီးလဲ..”

System: “စိတ်တွေလဲညစ်ပါတယ်..ယဲ့ဝမ်ရှီးဆိုတာ မင်ရှီးရဲ့ဒေါ်လေးနာမည်လေHostရဲ့ “

“အော်….ဟုတ်သားပဲ “

“ဟေ့ကောင်လေး… မင်းငါမေးနေတာမဖြေဘဲဘာတွေကြောင်နေတာလဲ “

“ဟုတ်..ဟုတ်ပါတယ်… ကျွန်တော်က ယဲ့ဝမ်ရှီးရဲ့တူပါ ” ကယ်ရီမျက်နှာငယ်လေးနဲ့ပြန်ဖြေလိုက်သည်..။
နာမည်လေးမေ့နေလို့Systemကိုမေးနေတာကိုဒီလူတွေကလည်းစိတ်ကြီးလိုက်တာ..

“မင်းရဲ့အဒေါ်ကငါတို့ဆီကပိုက်ဆံတွေချေးထားတယ်..အခုဖုန်းခေါ်တာလဲမကိုင်ဘူး..အိမ်ကိုသွားကြည့်တော့လဲမရှိဘူး..အဲတာဘာဖြစ်လို့လဲ”

“ဒေါ်လေးက…ပျောက်..ပျောက်သွားလို့ပါ “ကယ်ရီအမှန်တိုင်းဖြေလိုက်သည်

“ဘာ..ပျောက်သွားလို့..ဟုတ်လား!… မင်းအဒေါ်ကဘယ်ပျောက်သွားတာလဲ..”

“ကျွန်တော်မသိဘူး…အိပ်ယာနိုးလို့ကြည့်လိုက်တော့အဝတ်စားတွေယူပီးပျောက်သွားတယ်”

“ဟားဟား… ကိစ္စမရှိပါဘူး… မင်းအဒေါ်အစားမင်းဆပ်ပေးရင်ရနေတာပဲလေ”

“ဘာလို့ကျွန်တော်ကဆပ်ပေးရမှာလဲ..အကြွေးယူထားတာကျွန်တော်မှမဟုတ်တာ..ဒေါ်လေးကိုရှာပီးဆပ်ခိုင်းပါ့လား” ကယ်ရီထွက်ပြေးမယ်အလုပ်

“ဟိုကောင်တွေဖမ်းထားစမ်းသူ့ကို
ငါ့ကိုဒီလိုလာလုပ်လို့မရဘူး…မင်းအဒေါ်မရှိရင် ဒီအကြွေးကိုမင်းဆပ်ရမယ်..”

“လွှတ်….ကျွန်တော့ကိုလွှတ်ပေး.” ကယ်ရီငိုသံပါကြီးနဲ့အော်တာ့သည်…

System: “အာ…Host မငိုနဲ့လေ..တိတ်တိတ်… ဇာတ်ကားတွေထဲမှာတော့ဒီလိုချိန်ဆို မင်းသားကလာကယ်တယ်မဟုတ်လား “

System အသံကြားမှကယ်ရီပိုပီးငိုလာသည်..။အယုတ်တမာ System မင်းသားကလာကယ်ရအောင် သူကမင်းသမီးမှမဟုတ်တာ…ကိုယ့်အားကိုယ်ကိုးပီး မိမိအားဖမ်းထားသည့်လက်ကိုကိုက်ဆွဲတာထွက်ပြေးလာသည်..။ ပြေးရင်းနဲ့ကားလမ်းဖြတ်အကူး ကားတစ်စီးနဲ့ဝင်တိုးမိမလိုဖြစ်သည်..။ ထို့နောက်ကားပေါ်မှစိတ်ပူတကြီးဆင်းလာသောဟန်ယွင်…

System: “ပြောပါတယ်..မင်းသားလာကယ်ပါလိမ့်မယ်ဆို”

“မင်ရှီး… ဘာဖြစ်တာလဲ… ဘာလို့ကားလမ်းကိုအတင်းဖြတ်ကူးတာလဲ ” ကယ်ရီပြန်မဖြေအား ဟန်ယွင် လက်ကိုဆွဲပီးကားပေါ်တက်ကာ

“ဦးလေး… မြန်မြန်မောင်း..မြန်မြန် “

ဟန်ယွင် နောက်ကိုကြည့်တော့ မှန်ကြောင်လေး နောက်ပြေးလိုက်လာသည့်လူတစ်စု..။ မျက်ရည်စလေးတွေကလည်းမျက်တောင်မှာတွဲခိုနေသည်…ဟန်ယွင် တော်တော် စိတ်ပူသွားသည်

“ကျောင်းမသွားတော့ဘူး…..အိမ်ကိုပဲမောင်းတော့..”

“ဟုတ်ကဲ့ သခင်လေး..”

မှန်ကြောင်လေးသည် ကျေးဇူးတင်ပါတယ် လို့သာပြောပီး ခေါင်းကြီးငုံကာစကားမှဆက်မပြောတော့..ဟန်ယွင်လည်းအိမ်ရောက်မှမေးမည်ဟုစဉ်းစားကာ စိတ်ငြိမ်အောင်အချိန်ပေးထားသည်..။

တကယ်တော့ ကယ်ရီ System နဲ့ရန်ဖြစ်နေခြင်းသာဖြစ်သည်

အိမ်သို့ရောက်တော့
“မင်ရှီး… ဘာဖြစ်တာလဲ.. ကိုယ့်ကိုသေချာရှင်းပြ..ကိုယ်ကူညီနိုင်တာရှိရင်ကူညီလို့ရအောင်..”

ကယ်ရီလည်းဖြစ်ကြောင်းကုန်စင်ရှင်းပြလိုက်သည်…..

“ဒါဆို..မင်းရဲ့ဒေါ်လေးနဲ့ဆက်သွယ်လို့မရတော့ဘူးပေါ့….”

“ဟုတ်တယ်..ဖုန်းလည်းစက်ပိတ်ထားတယ်…ဘယ်ကိုလိုက်ရှာရမှန်းလည်းမသိဘူး..”

“လောလောဆယ် အိမ်မပြန်သေးနဲ့အုံး…ဟိုလူတွေမင်းကိုလာရှာလောက်တယ်…ကိုယ့်အိမ်မှာနေလို့ရတယ်…ကျောင်းကိုရောအလုပ်ကိုရောခွင့်လှမ်းတိုင်ထားလိုက်….ကိုယ်မင်းဒေါ်လေးကိုကူရှာပေးမယ်”

“ကျွန်တော်..ကျွန်တော် အကို့ကိုအားနာတယ်…”
ဇာတ်လိုက်ကြီးကျန်းမာပါစေချမ်းသာပါစေ..အိမ်ဘယ်လိုပြန်ရမလဲစဉ်းစားနေတာ.

“ဘာမှအားနာစရာမလိုဘူး…ကိုယ့်အိမ်လိုပဲလွတ်လွတ်လပ်လပ်နေ…ဒီအိမ်မှာကိုယ်တစ်ယောက်တည်းနေတာ…”

“အကိို့မိဘတွေနဲ့အတူမနေဘူးလား “

“အင်းဟုတ်တယ်…ကိုယ့်အဖေနဲ့အမေကသပ်သပ်နေတယ်..”

“အော်…ဟုတ်လား
အကိုဟန်ယွင် ကျွန်တော် ခွင့်ကိစ္စဖုန်းဆက်လိုက်အုံးမယ်..”

“အော်..ဆက်လေ..ကိုယ်လည်းမင်းစားဖို့တစ်ခုခုသွားလုပ်လိုက်အုံးမယ် “

ဟန်ယွင် မီးဖိုခန်းထဲဝင်သွားမှ ကယ်ရီ ကျန်းချန်ကိုဖုန်းဆက်၍ကျောင်းကိုခွင့်တိုင်ခိုင်းလိုက်သည်..။ သာလိကာကောင်၏အမေးအမြန်းကိုလည်းစိတ်ရှည်ရှည်ထိုင်ဖြေလိုက်ရသည်..။ ထိုနောက် အမလင်းဆီကိုဖုန်းဆက်၍ တစ်ပတ်ခွင့်တောင်းလိုက်သည်…။

☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Tags: read novel System 286 (On Going) Arc 1.13(မင်ရှီး), novel System 286 (On Going) Arc 1.13(မင်ရှီး), read System 286 (On Going) Arc 1.13(မင်ရှီး) online, System 286 (On Going) Arc 1.13(မင်ရှီး) chapter, System 286 (On Going) Arc 1.13(မင်ရှီး) high quality, System 286 (On Going) Arc 1.13(မင်ရှီး) light novel, ,

Comment

Leave a Reply

Chapter 15