System 286 (On Going) Arc 1.17(မင္႐ွီး)

All chapters are in System 286 (On Going)
A+ A-

Zawgyi

“ဂိုဏ္းခ်ဳပ္ ကြၽန္ေတာ္တို႔သူ႔ကိုဒီတိုင္းလႊတ္ထားမွာလား ” Spider ဂိုဏ္းသားတစ္ေယာက္ကေမးလိုက္သည္..။

“ဒီေကာင္ေတာ္ေတာ္အတင့္ရဲေနတယ္…ဘယ္လိုသတၱိနဲ႔ငါ့ကိုၿခိမ္းေျခာက္ရဲတာလဲ..သူ႔လို႔ေကာင္မ်ိဳးနဲ႔ ငါ့သမီးကိုေစ့စပ္ေပးထားတာ ေက်းဇူးမတင္ ဒင္းကၿခိမ္းေျခာက္လိုက္ေသးတယ္..
ဟမ့္….. မင္းတို႔သူ႔ကိုေနာက္ေယာင္ခံလိုက္ သူ႔ခ်စ္သူဆိုတဲ့ေကာင္မေလးဘယ္သူဆိုတာရေအာင္စံုစမ္း..သူ႔လက္ထဲကသက္ေသေတြငါ့ကိုလိမ္လိမ္မာမာလာအပ္ၿပီး ငါ့သမီးနဲ႔လက္ထပ္ပါရေစလို႔ ဒူးေထာက္ပီးေတာင္းပန္လာေအာင္ငါလုပ္ျပမယ္..ၿပီးေတာ့ S group ကိုေထာက္ပံ့တာေတြရပ္လိုက္ေတာ့ “

“ဟုတ္ကဲ့ ဂိုဏ္းခ်ဳပ္ “

************

“အကိုခ်င္းခ်ိဳး… ကြၽန္ေတာ္တစ္ခုေလာက္ေမးလို႔ရမလားဟင္..” ကယ္ရီ ခ်င္းခ်ိဳး အားမဝံ့မရဲေမးလိုက္သည္..

“ထူးထူးဆန္းဆန္း… ေမးေလ..ဘာေမးမလို႔လဲ”

“ဟိုေလ..စိတ္မဆိုးနဲ႔ေနာ္ “

“ကဲ…ေမးပါ မင္႐ွီးရယ္
စကားပလႅင္ ခံမေနပါနဲ႔ “

System: “Host ႐ိုက္ေပါက္ေတြသြားမေမးနဲ႔ေနာ္ “
ကယ္ရီ: ငါသိပါတယ္ကြ

“ေက်ာင္းကသူေတြေျပာတာကေတာ့အကို႔ရဲ႕အေဖက လုပ္ၾကံခံလိုက္ရတာဆို..ဟုတ္လား “

“Omm..ဟုတ္တယ္
အမ်ားအျမင္မွာေတာ့ သာမန္ကားမေတာ္တဆမႈတစ္ခုေပါ့..ဒါေပမယ့္ အဲ႔ေလာက္မ႐ိုး႐ွင္းဘူး “

“ရဲေတြက ေသခ်ာမစံုစမ္းဘူးလား
အကို႔အဖိုးကလဲ ဝန္ႀကီးခ်ဳပ္ေလ”

“သူတို႔က…အထက္ပိုင္းနဲ႔ထဲထဲဝင္ဝင္ပတ္သတ္ေနေတာ့ အဖိုးလည္းဘာမွမတတ္ႏိုင္ဘူးေလ..ေဖေဖကိုႏႈတ္ပိတ္တဲ့သေဘာေပါ့..”

“ႏႈတ္ပိတ္တယ္..ဟုတ္လား
ဘယ္သူကႏႈတ္ပိတ္တာလဲ”

“ဘယ္သူလဲေတာ့ကိုယ္မသိဘူး
ေဖေဖမဆံုးခင္တစ္ရက္အလိုက စာၾကည့္ခန္းထဲမွာဖုန္းေျပာေနတာကိုမေတာ္တဆၾကားမိခဲ့တာ ေဖေဖက အဖြဲ႔အစည္းတစ္ခုခုကို႐ွင္းပစ္ဖို႔သက္ေသရပီဆိုပီးေျပာေနခဲ့တာ ေနာက္ရက္ၾကေတာ့မေတာ္တဆမႈျဖစ္တာပဲ…”

“အဲ့သက္ေသေတြေရာ..အကိုမ႐ွာၾကည့္ဘူးလား “

“ကိုယ္႐ွာတယ္…မေတြ႔ေတာ့ဘူး
ၾကည့္ရတာသူတို႔လက္ထဲေရာက္သြားတာထင္တယ္ “

“ေအာ္..”

“ကိုယ္ မင္းကိုမဆိုင္တာေတြေျပာမိသြားပီထင္တယ္..ေခါင္းေျခာက္မခံနဲ႔ စိတ္ထဲကထုတ္လိုက္ေနာ္…. “

“ကိစၥမ႐ွိပါဘူး အကိုခ်င္းခ်ိဳးကလည္း ကြၽန္ေတာ္က သိခ်င္လို႔ေမးၾကည့္မိတာေလ..အတိတ္အေၾကာင္းကိုျပန္စြသလိုျဖစ္မိသြားရင္ေတာင္းျပန္ပါတယ္ “

“ရပါတယ္… ဒါနဲ႔ဟိုေကာင္ေရာ မလာဘူးလား…”

“ဟုတ္တယ္… အဲ့ေကာင္က်န္းခ်န္ သူ႔ေကာင္မေလးနဲ႔သြားေတြမလို႔တဲ့ အတန္းလစ္သြားတယ္ “

“ေအာ္..ဒါနဲ႔မင္းေရာ ခ်စ္သူမ႐ွိဘူးလား “

“ကြၽန္ေတာ္လား…မ႐ွိပါဘူးဗ်ာ
႐ွင္း႐ွင္းေျပာရရင္အခ်စ္ဆိုတာလဲဘာမွန္းမသိဘူး…ဒါေပမယ့္ ကြၽန္ေတာ့မွာခ်စ္သူ႐ွိလာခဲ့ရင္ေတာ့ အစြမ္းကုန္ခ်စ္ေပးမွာ သိလား “

“ဟားဟား…
မင္းရဲ႕ခ်စ္သူျဖစ္လာမဲ့သူကေတာ့ေတာ္ေတာ္ကံေကာင္းမဲ့ပံုပဲ “
‘အဲ့လူက ကိုယ္ျဖစ္ခဲ့ရင္သိပ္ေကာင္းမွာပဲ’ ဒီစကားကိုေတာ့ခ်င္းခ်ိဳးေျပာမထြက္ခဲ့ပါ..။ မိမိက အခ်စ္ဆိုတာကိုေပးဆပ္ျခင္းလို႔ခံယူထားတယ္..။ ကိုယ္ခ်စ္ေနရသူအား ေပးဆပ္ေနရရင္ကိုေက်နပ္ေနတတ္တာမ်ိဳး..။ ကိုယ္ခ်စ္ရတဲ့သူကတျခားတစ္ေယာက္ကိုခ်စ္ေနခဲ့ရင္လည္း အေဝးကေနသူလိုသမ်ွျဖည့္ဆည္းရင္း ခ်စ္ေနမွာပါ။အခ်စ္ဆိုတာေရာင္ျပန္ဟပ္တတ္ပါတယ္ တစ္ေန႔ေတာ့ ကိုယ့္ရဲ႕အခ်စ္ေတြကိုသူသတိထားလာမိမယ္လို႔ယံုၾကည္တယ္…အဲ့ဒီခ်ိန္ ေရာက္လာခဲ့ရင္ သူ႔လက္ကေလးကိုကိုင္ သူ႔နဖူးေလးကိုနမ္းၿပီး သူ႔ကိုဘယ္ေလာက္ခ်စ္ေၾကာင္း ဖြင့္ေျပာမယ္လို႔ စဥ္းစားထားတယ္…

System: “စပ္စုၿပီးသြားပီဆိုေတာ့ ဘာအၾကံေတြထြက္လာလဲ “

“ဘဲဥအစ႐ွာမရျဖစ္ေနတာကေန အက္ကြဲေၾကာင္းပုစိေလးေပၚလာတယ္ အရင္တိုင္းပဲ အခြံေတာ့ခြာမရေသးဘူးေပါ့ “

System: “စကားေတြတတ္ေနလိုက္တာ…ဘာဆက္လုပ္မွာလဲ”

“မသိဘူး…
ဒါနဲ႔ မင္းကSystemဆိုေတာ့ ဘယ္သူလုပ္ၾကံလဲသိမွာေပါ့ေနာ္..ဒီကမာၻက အေၾကာင္းေတြအကုန္မင္းသိတယ္ေလ ငါ့ကိုကပ္စီးနည္းပီးနည္းနည္းေလးပဲေျပာေပမယ့္ “

System: “ဟုတ္တယ္ ကြၽန္ေတာ္အကုန္သိတယ္…ဒါေပမယ့္ Hostကိုေျပာျပသင့္တာထက္ပိုၿပီးေျပာျပလို႔မရဘူး… ေျပာျပမိရင္က်ြန္ေတာ္အပစ္ေပးခံရလိမ့္မယ္..ၿပီးေတာ့ Hostကိုလည္း တျခားsystemနဲ႔ေျပာင္းေပးလိမ့္မယ္ “

“Aww အဲ့လိုလား
အဲတာဆို ေျပာျပပါလားဟင္
ငါတျခားSystemနဲ႔ေပ်ာ္ေအာင္ေနမွာပါ…”

System: “Host!!!!!
ေတာ္ပီ Host နဲ႔စကားမေျပာေတာ့ဘူး ဒီကအရိပ္အႁမြတ္ေလာက္ေလးေျပာျပမလို႔ကို ဘာမွလာမေမးနဲ႔ လံုးဝမေျပာျပဘူး “

“အယ္…286….286…System
22….88…66… ငါကစေနတာေလ..တကယ္ႀကီးမေျပာခိုင္းဘူး.. ျပန္ေျဖအံုးေလ..တကယ္ႀကီးစိတ္ဆိုးသြားတာလား “
System လံုးဝျပန္မေျဖေတာ့ မိမိမွာစလိုက္ေသာ္လည္းတကယ္စိတ္ဆိုးသြားပံုေပၚသည္..။ ခ်င္းခ်ိဳး၏အေဖ ကိစၥကိုလည္း ဘယ္ကစစဥ္းစားရမွန္းမသိ..။ ရဲစခန္းသြားပီးေမးၾကည့္ရင္ေကာင္းမလား..။ယာဥ္တိုက္မႈျဖစ္တဲ့ေနရာက CCTVကစ႐ွာရင္ေကာင္းမလား..ဒါေပမယ့္၇ႏွစ္ေတာင္ၾကာေနၿပီဆိုေတာ့ ေသခ်ာေတာ့မေျပာႏိုင္..။ လုပ္ၾကံသူေတြကတစ္ခါတည္းအစေဖ်ာက္ပစ္ခဲ့ဖို႔မ်ားသည္..။

“အား…မသိေတာ့ဘူး
ဆိုင္ပဲသြားေတာ့မယ္…အဲတာပဲေကာင္းတယ္ “

************

“ဘာ…ရည္းစားမ႐ွိဘူးဟုတ္လား
မင္းတို႔ဟာကေသခ်ာလို႔လား.. “

“ဟုတ္ပါတယ္ ဂိုဏ္းခ်ဳပ္..
ဟန္ယြင္မွာတြဲေနတဲ့ေကာင္မေလးလံုးဝမ႐ွိပါဘူး..ဒါေပမယ့္ လြန္ခဲ့တဲ့တစ္ပတ္ေက်ာ္ေက်ာ္ေလာက္က ေကာင္ေလးတစ္ေယာက္ကိုအိမ္ေပၚေခၚတင္ထားပါတယ္…ဟန္ယြင္ကအဲ့ေကာင္ေလးကိုေတာ္ေတာ္ဂ႐ုစိုက္ပံုရတယ္…ၿပီးေတာ့ ဟန္ယြင္ရဲ႕ ေကာ္ဖီဆိုင္မွာသူကအခ်ိန္ပိုင္းလုပ္တာပါ…. သူ႔နာမည္က မင္႐ွီးလို႔ေခၚပါတယ္..ဟန္ယြင္ရဲ႕ဂ်ဴနီယာပါ..သူ႔မွာမိဘေတြမ႐ွိေတာ့ပါဘူး..အေဒၚကပဲေကြၽးေမြးထားတာပါ..အခုသူ႔အေဒၚကလည္း အေႂကြးေတြမဆပ္ႏိုင္လို႔ထြက္ေျပးသြားပါတယ္..ကြၽန္ေတာ္ထပ္စံုစမ္းရသေလာက္ကေတာ့ အေႂကြးေတြ ဟန္ယြင္ကပဲဆပ္ေပးထားတာပါ ဒါကေတာ့ သူ႔ရဲ႕ပံုေတြပါ…” Spider ဂိုဏ္းသားသည္ မင္႐ွီးအားေခ်ာင္း႐ိုက္ထားေသာပံုမ်ားျပလိုက္သသည္။

“ငါသိထားရသေလာက္ကေတာ့ ဟန္ယြင္ကေယာက္်ားေတြကိုႀကိဳက္တတ္တဲ့သူမဟုတ္ပါဘူး…ဒါေပမယ့္ သူေျပာတဲ့ခ်စ္သူဆိုတာ ဒီေကာင္ေလးျဖစ္ေနရင္ေတာ့…ဟမ့္…
ႏွစ္ေယာက္လံုးကိုေသခ်ာေစာင့္ၾကည့္ထား..”

“ဟုတ္ကဲ့ ဂိုဏ္းခ်ဳပ္ “

တံခါးအကြယ္တြင္

“ေတာက္…ထင္တဲ့အတိုင္းပဲ
အဲ့အဆင့္မ႐ွိတဲ့အေကာင္က ကိုကိုဟန္ယြင္ကိုျမဴစြယ္ၿပီးသူ႔အေႂကြးေတြဆပ္ခိုင္းထားတာေပါ့….အ႐ွက္မ႐ွိလိုက္တာ..
ဒင္းေၾကာင့္ ကိုကိုဟန္ယြင္က ငါနဲ႔လက္မထပ္ႏိုင္ဘူးဆိုၿပီးေျပာတာ နင့္ကိုငါဒီတိုင္းထားမယ္မထင္နဲ႔..ဝမ္ဝမ္အေၾကာင္းေကာင္းေကာင္းသိေစရမယ္ “

☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Unicode

“ဂိုဏ်းချုပ် ကျွန်တော်တို့သူ့ကိုဒီတိုင်းလွှတ်ထားမှာလား ” Spider ဂိုဏ်းသားတစ်ယောက်ကမေးလိုက်သည်..။

“ဒီကောင်တော်တော်အတင့်ရဲနေတယ်…ဘယ်လိုသတ္တိနဲ့ငါ့ကိုခြိမ်းခြောက်ရဲတာလဲ..သူ့လိုကောင်မျိုးနဲ့ ငါ့သမီးကိုစေ့စပ်ပေးထားတာ ကျေးဇူးမတင် ဒင်းကခြိမ်းခြောက်လိုက်သေးတယ်..
ဟမ့်….. မင်းတို့သူ့ကိုနောက်ယောင်ခံလိုက် သူ့ချစ်သူဆိုတဲ့ကောင်မလေးဘယ်သူဆိုတာရအောင်စုံစမ်း..သူ့လက်ထဲကသက်သေတွေငါ့ကိုလိမ်လိမ်မာမာလာအပ်ပြီး ငါ့သမီးနဲ့လက်ထပ်ပါရစေလို့ ဒူးထောက်ပီးတောင်းပန်လာအောင်ငါလုပ်ပြမယ်..ပြီးတော့ S group ကိုထောက်ပံ့တာတွေရပ်လိုက်တော့ “

“ဟုတ်ကဲ့ ဂိုဏ်းချုပ် “

************

“အကိုချင်းချိုး… ကျွန်တော်တစ်ခုလောက်မေးလို့ရမလားဟင်..” ကယ်ရီ ချင်းချိုး အားမဝံ့မရဲမေးလိုက်သည်..

“ထူးထူးဆန်းဆန်း… မေးလေ..ဘာမေးမလို့လဲ”

“ဟိုလေ..စိတ်မဆိုးနဲ့နော် “

“ကဲ…မေးပါ မင်ရှီးရယ်
စကားပလ္လင် ခံမနေပါနဲ့ “

System: “Host ရိုက်ပေါက်တွေသွားမမေးနဲ့နော် “
ကယ်ရီ: ငါသိပါတယ်ကွ

“ကျောင်းကသူတွေပြောတာကတော့အကို့ရဲ့အဖေက လုပ်ကြံခံလိုက်ရတာဆို..ဟုတ်လား “

“Omm..ဟုတ်တယ်
အများအမြင်မှာတော့ သာမန်ကားမတော်တဆမှုတစ်ခုပေါ့..ဒါပေမယ့် အဲ့လောက်မရိုးရှင်းဘူး “

“ရဲတွေက သေချာမစုံစမ်းဘူးလား
အကို့အဖိုးကလဲ ဝန်ကြီးချုပ်လေ”

“သူတို့က…အထက်ပိုင်းနဲ့ထဲထဲဝင်ဝင်ပတ်သတ်နေတော့ အဖိုးလည်းဘာမှမတတ်နိုင်ဘူးလေ..ဖေဖေကိုနှုတ်ပိတ်တဲ့သဘောပေါ့..”

“နှုတ်ပိတ်တယ်..ဟုတ်လား
ဘယ်သူကနှုတ်ပိတ်တာလဲ”

“ဘယ်သူလဲတော့ကိုယ်မသိဘူး
ဖေဖေမဆုံးခင်တစ်ရက်အလိုက စာကြည့်ခန်းထဲမှာဖုန်းပြောနေတာကိုမတော်တဆကြားမိခဲ့တာ ဖေဖေက အဖွဲ့အစည်းတစ်ခုခုကိုရှင်းပစ်ဖို့သက်သေရပီဆိုပီးပြောနေခဲ့တာ နောက်ရက်ကြတော့မတော်တဆမှုဖြစ်တာပဲ…”

“အဲ့သက်သေတွေရော..အကိုမရှာကြည့်ဘူးလား “

“ကိုယ်ရှာတယ်…မတွေ့တော့ဘူး
ကြည့်ရတာသူတို့လက်ထဲရောက်သွားတာထင်တယ် “

“အော်..”

“ကိုယ် မင်းကိုမဆိုင်တာတွေပြောမိသွားပီထင်တယ်..ခေါင်းခြောက်မခံနဲ့ စိတ်ထဲကထုတ်လိုက်နော်…. “

“ကိစ္စမရှိပါဘူး အကိုချင်းချိုးကလည်း ကျွန်တော်က သိချင်လို့မေးကြည့်မိတာလေ..အတိတ်အကြောင်းကိုပြန်ဆွသလိုဖြစ်မိသွားရင်တောင်းပန်ပါတယ် “

“ရပါတယ်… ဒါနဲ့ဟိုကောင်ရော မလာဘူးလား…”

“ဟုတ်တယ်… အဲ့ကောင်ကျန်းချန် သူ့ကောင်မလေးနဲ့သွားတွေမလို့တဲ့ အတန်းလစ်သွားတယ် “

“အော်..ဒါနဲ့မင်းရော ချစ်သူမရှိဘူးလား “

“ကျွန်တော်လား…မရှိပါဘူးဗျာ
ရှင်းရှင်းပြောရရင်အချစ်ဆိုတာလဲဘာမှန်းမသိဘူး…ဒါပေမယ့် ကျွန်တော့မှာချစ်သူရှိလာခဲ့ရင်တော့ အစွမ်းကုန်ချစ်ပေးမှာ သိလား “

“ဟားဟား…
မင်းရဲ့ချစ်သူဖြစ်လာမဲ့သူကတော့တော်တော်ကံကောင်းမဲ့ပုံပဲ “
‘အဲ့လူက ကိုယ်ဖြစ်ခဲ့ရင်သိပ်ကောင်းမှာပဲ’ ဒီစကားကိုတော့ချင်းချိုးပြောမထွက်ခဲ့ပါ..။ မိမိက အချစ်ဆိုတာကိုပေးဆပ်ခြင်းလို့ခံယူထားတယ်..။ ကိုယ်ချစ်နေရသူအား ပေးဆပ်နေရရင်ကိုကျေနပ်နေတတ်တာမျိုး..။ ကိုယ်ချစ်ရတဲ့သူကတခြားတစ်ယောက်ကိုချစ်နေခဲ့ရင်လည်း အဝေးကနေသူလိုသမျှဖြည့်ဆည်းရင်း ချစ်နေမှာပါ။အချစ်ဆိုတာရောင်ပြန်ဟပ်တတ်ပါတယ် တစ်နေ့တော့ ကိုယ့်ရဲ့အချစ်တွေကိုသူသတိထားလာမိမယ်လို့ယုံကြည်တယ်…အဲ့ဒီချိန် ရောက်လာခဲ့ရင် သူ့လက်ကလေးကိုကိုင် သူ့နဖူးလေးကိုနမ်းပြီး သူ့ကိုဘယ်လောက်ချစ်ကြောင်း ဖွင့်ပြောမယ်လို့ စဉ်းစားထားတယ်…

System: “စပ်စုပြီးသွားပီဆိုတော့ ဘာအကြံတွေထွက်လာလဲ “

“ဘဲဥအစရှာမရဖြစ်နေတာကနေ အက်ကွဲကြောင်းပုစိလေးပေါ်လာတယ် အရင်တိုင်းပဲ အခွံတော့ခွာမရသေးဘူးပေါ့ “

System: “စကားတွေတတ်နေလိုက်တာ…ဘာဆက်လုပ်မှာလဲ”

“မသိဘူး…
ဒါနဲ့ မင်းကSystemဆိုတော့ ဘယ်သူလုပ်ကြံလဲသိမှာပေါ့နော်..ဒီကမ္ဘာက အကြောင်းတွေအကုန်မင်းသိတယ်လေ ငါ့ကိုကပ်စီးနည်းပီးနည်းနည်းလေးပဲပြောပေမယ့် “

System: “ဟုတ်တယ် ကျွန်တော်အကုန်သိတယ်…ဒါပေမယ့် Hostကိုပြောပြသင့်တာထက်ပိုပြီးပြောပြလို့မရဘူး… ပြောပြမိရင်ကျွန်တော်အပစ်ပေးခံရလိမ့်မယ်..ပြီးတော့ Hostကိုလည်း တခြားsystemနဲ့ပြောင်းပေးလိမ့်မယ် “

“Aww အဲ့လိုလား
အဲတာဆို ပြောပြပါလားဟင်
ငါတခြားSystemနဲ့ပျော်အောင်နေမှာပါ…”

System: “Host!!!!!
တော်ပီ Host နဲ့စကားမပြောတော့ဘူး ဒီကအရိပ်အမြွတ်လောက်လေးပြောပြမလို့ကို ဘာမှလာမမေးနဲ့ လုံးဝမပြောပြဘူး “

“အယ်…286….286…System
22….88…66… ငါကစနေတာလေ..တကယ်ကြီးမပြောခိုင်းဘူး.. ပြန်ဖြေအုံးလေ..တကယ်ကြီးစိတ်ဆိုးသွားတာလား “
System လုံးဝပြန်မဖြေတော့ မိမိမှာစလိုက်သော်လည်းတကယ်စိတ်ဆိုးသွားပုံပေါ်သည်..။ ချင်းချိုး၏အဖေ ကိစ္စကိုလည်း ဘယ်ကစစဉ်းစားရမှန်းမသိ..။ ရဲစခန်းသွားပီးမေးကြည့်ရင်ကောင်းမလား..။ယာဉ်တိုက်မှုဖြစ်တဲ့နေရာက CCTVကစရှာရင်ကောင်းမလား..ဒါပေမယ့်၇နှစ်တောင်ကြာနေပြီဆိုတော့ သေချာတော့မပြောနိုင်..။ လုပ်ကြံသူတွေကတစ်ခါတည်းအစဖျောက်ပစ်ခဲ့ဖို့များသည်..။

“အား…မသိတော့ဘူး
ဆိုင်ပဲသွားတော့မယ်…အဲတာပဲကောင်းတယ် “

************

“ဘာ…ရည်းစားမရှိဘူးဟုတ်လား
မင်းတို့ဟာကသေချာလို့လား.. “

“ဟုတ်ပါတယ် ဂိုဏ်းချုပ်..
ဟန်ယွင်မှာတွဲနေတဲ့ကောင်မလေးလုံးဝမရှိပါဘူး..ဒါပေမယ့် လွန်ခဲ့တဲ့တစ်ပတ်ကျော်ကျော်လောက်က ကောင်လေးတစ်ယောက်ကိုအိမ်ပေါ်ခေါ်တင်ထားပါတယ်…ဟန်ယွင်ကအဲ့ကောင်လေးကိုတော်တော်ဂရုစိုက်ပုံရတယ်…ပြီးတော့ ဟန်ယွင်ရဲ့ ကော်ဖီဆိုင်မှာသူကအချိန်ပိုင်းလုပ်တာပါ…. သူ့နာမည်က မင်ရှီးလို့ခေါ်ပါတယ်..ဟန်ယွင်ရဲ့ဂျူနီယာပါ..သူ့မှာမိဘတွေမရှိတော့ပါဘူး..အဒေါ်ကပဲကျွေးမွေးထားတာပါ..အခုသူ့အဒေါ်ကလည်း အကြွေးတွေမဆပ်နိုင်လို့ထွက်ပြေးသွားပါတယ်..ကျွန်တော်ထပ်စုံစမ်းရသလောက်ကတော့ အကြွေးတွေ ဟန်ယွင်ကပဲဆပ်ပေးထားတာပါ ဒါကတော့ သူ့ရဲ့ပုံတွေပါ…” Spider ဂိုဏ်းသားသည် မင်ရှီးအားချောင်းရိုက်ထားသောပုံများပြလိုက်သသည်။

“ငါသိထားရသလောက်ကတော့ ဟန်ယွင်ကယောက်ျားတွေကိုကြိုက်တတ်တဲ့သူမဟုတ်ပါဘူး…ဒါပေမယ့် သူပြောတဲ့ချစ်သူဆိုတာ ဒီကောင်လေးဖြစ်နေရင်တော့…ဟမ့်…
နှစ်ယောက်လုံးကိုသေချာစောင့်ကြည့်ထား..”

“ဟုတ်ကဲ့ ဂိုဏ်းချုပ် “

တံခါးအကွယ်တွင်

“တောက်…ထင်တဲ့အတိုင်းပဲ
အဲ့အဆင့်မရှိတဲ့အကောင်က ကိုကိုဟန်ယွင်ကိုမြူစွယ်ပြီးသူ့အကြွေးတွေဆပ်ခိုင်းထားတာပေါ့….အရှက်မရှိလိုက်တာ..
ဒင်းကြောင့် ကိုကိုဟန်ယွင်က ငါနဲ့လက်မထပ်နိုင်ဘူးဆိုပြီးပြောတာ နင့်ကိုငါဒီတိုင်းထားမယ်မထင်နဲ့..ဝမ်ဝမ်အကြောင်းကောင်းကောင်းသိစေရမယ် “

☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Tags: read novel System 286 (On Going) Arc 1.17(မင္႐ွီး), novel System 286 (On Going) Arc 1.17(မင္႐ွီး), read System 286 (On Going) Arc 1.17(မင္႐ွီး) online, System 286 (On Going) Arc 1.17(မင္႐ွီး) chapter, System 286 (On Going) Arc 1.17(မင္႐ွီး) high quality, System 286 (On Going) Arc 1.17(မင္႐ွီး) light novel, ,

Comment

Leave a Reply

Chapter 19