System 286 (On Going) Arc 1.19(မင်ရှီး)
All chapters are in System 286 (On Going)
A+ A-
Zawgyi
“ဘာ!!!!
“တောက်…..ဟန်ယွင် ဟန်ယွင်
………..
“ဝိုး….လေးစားစရာပဲ
“ဟားဟား…အလာကြီးပါလား..
……….
“နာလိုက်တယ် System ရယ်
“Spider ဂိုဏ်း”
“Spider ဂိုဏ်းသား …..
System: [😑]
“ဒီကောင်ဘာတုန်းဟ…
“ဟုတ်ကဲ့ “
ဟားဟားဟားဟား……
်ကယ်ရီ တဝူးဝူးတဝါးဝါးနှင့်ကျန်ခဲ့သည်..။
“System ဘယ်လိုလုပ်မလဲ…
“ငါတမင်မေ့ထားတာလေကွာ
System “Host ရဲ့ဦးနှောက်ကို ကျွန်တော်လိုက်မမှီတော့ဘူး…. ဥာဏ်ကောင်းလာလိုက် တုံးသွားလိုက်နဲ့အမျိုးမျိုးဖြစ်နေတာ “
“မင်ရှီး အဆင်ပြေလား
“ကောင်းပီလေ….
“ဟုတ်ကဲ့ခေါင်းဆောင်”
“ဟားဟားဟားဟား….
ဒီကောင်ရဲတိုင်လာတယ်
☄☄☄☄☄☄☄☄☄☄☄☄☄☄☄
☄☄☄☄☄☄☄☄☄☄☄☄☄☄☄
Unicode
“ဘာ!!!!
မင်းပြောတာတွေကအမှန်လား “
“ဟုတ်ပါတယ် ဂိုဏ်းချုပ်…
ကျွန်တော်တို့အတွင်းလူတွေရဲ့သတင်းပေးမှုအရ အဖိုးကြီးချင်းက သက်သေတွေရသွားပီလို့ပြောပါတယ်…ကျွန်တော်တို့နဲ့ပတ်သတ်နေတဲ့အရာရှိတွေလည်းစစ်ဆေးခံနေရတယ်လို့ပြောပါတယ် ပီးတော့ spider ဂိုဏ်းကိုလည်း စုံစမ်းနေကြပါတယ် “
“တောက်…..ဟန်ယွင် ဟန်ယွင်
ဒီမလောက်လေးမလောက်စားကောင်က ငါ့ကိုရန်စရဲတယ်ဟုတ်လား ” ဂိုဏ်ချုပ်ဝမ်တစ်ယောက် တော်တော်ဒေါသထွက်နေသည်..။
“ကြည့်ရတာ ဂိုဏ်းနဲ့ပတ်သတ်တဲ့အရေးကြီးတဲ့သက်သေတွေတော့ ရဲလက်ကို ဟန်ယွင်မအပ်ရသေးဘူးထင်ပါတယ် ဂိုဏ်းချုပ် “
“ဟုတ်တယ် အဲ့တာကပိုအရေးကြီးတယ် အဲ့သက်သေတွေသူတို့လက်ထဲရောက်လို့မဖြစ်ဘူး…”
“ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ ဂိုဏ်းချုပ်…ဟန်ယွင်ကတော့ အသာတကြည်ပေးမဲ့ပုံမပေါ်ဘူး “
“သူအဲ့သက်သေတွေကိုအသာတကြည် လာအပ်အောင်လုပ်လို့ရတဲ့နည်းလမ်းတွေပေါပါတယ် “
………..
ဟန်ယွင် အစည်းဝေးခန်းထဲမှထွက်လာပီး ဖုန်းကိုကြည့်လိုက်သောအခါ မှန်ကြောင်လေး၏နောက်တွင်ထည့်ပေးထားသော သက်တော်စောင့်များထံမှ မစ်ကောပေါင်းများစွာ…
မှန်ကြောင်လေးအားစိတ်ပူလာသဖြင့် ဖုန်းပြန်ဆက်မည်အလုပ် အချိန်ကိုက်ဝင်လာသော ဖုန်းစိမ်း
“ဟယ်လို ကိုယ့်ကိုယ်ကို ကျားပေါက်လို့ထင်နေတဲ့ ကြောင်ပေါက်လေးဟန်ယွင်နဲ့ပြောချင်လို့ပါ ဟားဟားဟားဟား “
“ခင်ဗျားကဘယ်သူလဲ ဘာကိစ္စ ကျုပ်ဆီဖုန်းဆက်တာလဲ ” ဟန်ယွင်မေးလိုက်သည်..
“အရင်ဆုံး ဒီအသံလေး နားထောင်လိုက်ပါအုံး ကြောင်လေးရယ် “
ဟန်ယွင်တစ်ဖက်မှအသံအားနားစွင့်ကြည့်လိုက်တော့ တစ်ယောက်ယောက်ကိုရိုက်ပုတ်နေသည့်အသံများနှင့် ငိုနေသောအသံလေး……
ဟန်ယွင် ရင်ထဲတွင်ဒိန်းခနဲဖြစ်သွားသည်…ဒါမိမိ၏မှန်ကြောင်လေးအသံမဟုတ်ပါလား
“မင်းဘယ်သူလဲ…မင်းအသက်ကိုနှမြောတယ်ဆိုရင် သူ့ကိုလက်ဖျားနဲ့တောင်မထိနဲ့ မင်းတို့ဘာလိုချင်တာလဲ အဲ့တာဘယ်နေရာလဲပြော ငါအခုချက်ချင်းလာခဲ့မယ် “
“ဝိုး….လေးစားစရာပဲ
ငါမင်းကို အဲ့လိုလူမျိုးလို့လုံးဝထင်မထားဘူး ….မင်းကောင်လေးကချစ်စရာလေးကွ သိလား…သူ့ကိုဝိုင်းရိုက်ထားလို့ ငိုနေတဲ့ပုံလေးက ဆွဲဆောင်မှုအပြည့်ပဲ…မင်းကွေးသွားတာလဲမဆန်းပါဘူး..ငါတောင်သဘောကျလာပီ”
“မင်းစောက်ပါးစပ်ကိုပိတ်လိုက်စမ်း မင်းတို့လိုချင်တာဘာလဲပဲပြော…. ထပ်ပြောမယ် သူ့ကိုထပ်မထိနဲ့ မင်းကိုခြေလက်အစုံအလင်နဲ့သေခွင့်ပေးမယ် “
“ဟားဟား…အလာကြီးပါလား..
ငါတို့လိုချင်တာက မင်းလက်ထဲမှာရှိနေတဲ့ Spider ဂိုဏ်းနဲ့ပတ်သတ်သမျှသက်သေတွေအကုန်ပဲ ….မင်းတစ်ယောက်တည်း လာခဲ့ပါ… ရဲကိုအကြောင်းကြားလို့ကတော့ မင်းကောင်လေးအလောင်းတောင်ရှာမတွေ့စေရဘူးမှတ် “
တစ်ဖက်မှဖုန်းချသွားသည်…
ဟန်ယွင် မိမိကိုယ်ကိုအပြစ်တင်မိသည်…မိမိကြောင့် ချစ်ရတဲ့သူ ဒုက္ခရောက်နေရသည်မဟုတ်ပါလား…မှန်ကြောင်လေးအား ဘယ်နည်းနဲ့မှအထိခိုက်မခံနိုင်…မိမိ၏အချစ်ကိုဝန်မခံရသေးခင် မိမိနှင့်ပတ်သတ်ရမည်ကိုကြောက်သွားမှာမလိုလား…ဟန်ယွင် စံအိမ်သို့သွား၍ spider ဂိုဏ်းနှင့်ပတ်သတ်သည့်သက်သေများယူကာ ချိန်းဆိုထားသည့်နေရာသို့ထွက်လာခဲ့သည်..။
……….
“နာလိုက်တယ် System ရယ်
စာနာစိတ်ကိုမရှိဘူး ငါ့ကိုဝိုင်းရိုက်တာ…ပီးတော့ဖမ်းချင်ရင်လဲ မေ့ဆေးလေးဘာလေးနဲ့အုပ်ဖမ်းပေါ့…တုတ်ကြီးနဲ့မညှာမတာ ဂုတ်ကိုရိုက်တယ်တဲ့…နိုးလာတော့လဲကောင်းကောင်းမနေရဘူး တကယ်ဆိုရင်ကွာ ငါ့ကိုဖမ်းထားကြောင်း အကိုဟန်ယွင် ကိုသိစေချင်ရင် ရိုးရိုးတန်းတန်းပြောပေါ့ ငါဖုန်းကိုင်ပေးမှာပေါ့ အခုတော့ အသံထွက်စေချင်တာနဲ့ ငါ့ကိုဝိုင်းရိုက်ကြတယ် မကောင်းတဲ့ကောင်တွေ “
System: “အကောင်းဖက်ကတွေးလေ Hostရဲ့….Hostအခုတစ်လောဘာရှာနေတာလဲ “
“Spider ဂိုဏ်း”
System: “အခု Host ကိုဘယ်သူတွေဖမ်းလာတာလဲ “
“Spider ဂိုဏ်းသား …..
အယ်…ဟုတ်သားပဲ ငါဘာလို့မစဉ်းစားမိတာလဲ ”
ကယ်ရီ လည်ချောင်းရှင်းပီး ရုတ်တရက် ထအော်လိုက်သည်က
“ဒီထဲမှာ လက်နက်မှောင်ခိုကူးရင်လိုက်သွားမဲ့သူတွေရှိလားဗျ….ရှိရင်မသွားကြနဲ့နော် သေလိမ့်မယ်ဗျ “
System: [😑]
“ဒီကောင်ဘာတုန်းဟ…
သွားစမ်း သူ့ပါးစပ်ကိုတစ်ခုခုနဲ့ပိတ်ခဲ့ “
“ဟုတ်ကဲ့ “
“ကျွန်တော်ကစေတနာနဲ့သတိပေးနေတာ ဘာလို့ပါးစပ်လာပိတ်နေတာလဲ… ကျွန်တော်….ဝူး ဝူး ဝူး ” တိပ်နဲ့အကပ်ခံရသဖြင်ကယ်ရီစကားဆက်မပြောနိုင်တော့ပါ..
“ဒီမှာကောင်လေး…မင်းအခုစိတ်ပူရမဲ့သူမှားနေတယ်ကွ…မင်းစိတ်ပူရမှာငါတို့ကိုမဟုတ်ဘူး… မင်းချစ်သူဟန်ယွင်ကိုစိတ်ပူရမှာ….ဘာလို့လဲဆို့တော့ ဒီကောင့်ဆီကသက်သေတွေရတာနဲ့အပြတ်ရှင်းဖို့ ငါ့ကိုဂိုဏ်းချုပ်ကအမိန့်ပေးထားတယ်ကွ..
ဟားဟားဟားဟား……
မင်းတို့ချစ်သူနှစ်ယောက်တမလွန်မှာပေါင်းဖက်နိုင်အောင်တော့ ငါကူညီပေးနိုင်ပါတယ် …မင်းချစ်သူကိုငါထွက်စောင့်လိုက်အုံးမယ်…အထဲမှာလိမ်လိမ်မာမာနေခဲ့…ကြားလား “
ကယ်ရီ တဝူးဝူးတဝါးဝါးနှင့်ကျန်ခဲ့သည်..။
“System ဘယ်လိုလုပ်မလဲ…
သူတို့အကိုဟန်ယွင်ကိုသတ်တော့မယ်ထင်တယ် “
System: “ဇာတ်လိုက်တစ်ယောက်တည်းကိုသတ်မှာမဟုတ်ပါဘူးHostရဲ့ နားကြားမှားနေတာလား.. Hostကိုပါသတ်မှာလေ “
“ငါတမင်မေ့ထားတာလေကွာ
သတိမပေးလည်း ကျေးဇူးတင်တယ်သိလား…ဒါနဲ့ဘယ်အချိန်အကိုဟန်ယွင်နဲ့ငါက ချစ်သူတွေဖြစ်သွားလိုက်တာလဲ ဒီလူသေချာမစုံစမ်းထားဘူးထင်တယ်….အလုပ်ကိုသေချာမလုပ်ကြဘူး သူတို့ဂိုဏ်းအတွက်ရင်လေးတယ်….
ဒီအခြေနေရောက်မှတော့ မစ်ရှင်ရှုံးလို့မဖြစ်ဘူး…
System မင်းကိုငါသိမ်းခိုင်းထားတဲ့သက်သေတွေ ရဲတွေဆီပို့လိုက်တော့ အဲ့တာမှ သူတို့အချိန်မှီရောက်လာမှာ…သူတို့ရောက်လာပီး ဒီလူတွေကိုဖမ်းသွားရင် လက်နှက်မှောင်ခိုကူးစရာမလိုတော့ဘူး ….အကိုဟန်ယွင်လည်း မသေတော့ဘူး…တစ်ချက်ခုတ်နှစ်ချက်ပြတ် “
System “Host ရဲ့ဦးနှောက်ကို ကျွန်တော်လိုက်မမှီတော့ဘူး…. ဉာဏ်ကောင်းလာလိုက် တုံးသွားလိုက်နဲ့အမျိုးမျိုးဖြစ်နေတာ “
“ဒါချီးကျူးနေတာလို့သတ်မှတ်လိုက်မယ်နော်…မြန်မြန်လုပ် ပို့ပီးပီလား “
System: “ရောက်တောင်ရောက်သွားပီ…Hostအဖမ်းခံနေရတဲ့အကြောင်းကိုပါ အဆစ်ပို့ပေးလိုက်တယ်….မကြာခင်ရဲတွေရောက်လာလိမ့်မယ်”
“အိုခေ…ဒါဆိုအေးအေးဆေးဆေးရဲတွေကိုထိုင်စောင့်နေရုံပဲပေါ့..ရဲတွေလာပီးဒီလူတွေကိုဖမ်းသွားရင် မစ်ရှင်ပီးပီး ဒီကမ္ဘာကနေထွက်သွားလို့ရပီပေါ့နော် “
System: “ဟုတ်ပါတယ် Host… နောက်ထပ်ရွေးချယ်စရာတစ်ခုကျန်ပါသေးတယ်…Host ဒီကမ္ဘာမှာ မင်ရှီးအဖြစ်အပြီးတိုင်နေလို့လည်းရပါသေးတယ် “
“မနေတော့ပါဘူး အခုမှပထမကမ္ဘာပဲရှိသေးတယ်…နောက်ကမ္ဘာတွေငါသွားကြည့်ချင်သေးတယ် “
ထိုစဉ်အပြင်ဖက်မှကားဘရိတ်အုပ်လိုက်သည့်အသံအကျယ်ကြီးနဲ့အတူ ပြေးဝင်လာသောဟန်ယွင်
“မင်ရှီး အဆင်ပြေလား
ထိခိုက်မိတဲ့နေရာမရှိဘူးမလား “
ကယ်ရီပါးစပ်တိပ်နဲ့ပိတ်ခံထားရသဖြင့်ခေါင်းညိမ့်ပြလိုက်သည်…စိတ်ထဲတွင်တော့ ‘ကျွန်တော့မျက်နှာကြီးကွဲပြဲနေတာကို ဘယ်လိုများမေးလိုက်တာလဲအကိုရယ် ‘
“ဒီမှာမင်းတို့လိုချင်တဲ့သက်သေတွေ မင်ရှီးကိုအရင်လွှတ်ပေး….ဒါဆိုမင်းတို့လက်ထဲအပ်မယ် “
“ကောင်းပီလေ….
ဟေ့ကောင်တွေ လွှတ်ပေးလိုက်စမ်း “
“ဟုတ်ကဲ့ခေါင်းဆောင်”
ဟန်ယွင်အခုမှရင်ထဲကအလုံးကြီးကျသွားတော့သည်…။ သက်သေနဲ့လူလဲပီးထွက်သွားမယ်အလုပ် မိမိလက်ထဲမှမှန်ကြောင်လေးအားပြန်လည် ဆွဲခေါ်သွားသည်..။
“မင်းတို့ဒါဘာလုပ်တာလဲ…မင်တို့တောင်းတာငါပေးပီးပီလေ…. အခုလွှတ်စမ်း “
“ဟားဟားဟားဟား….
ဟန်ယွင် ဟန်ယွင် မင်းကိုငါကထွက်သွားခိုင်းလို့လား….ဂိုဏ်းချုပ် ကမှထားတယ် မင်းကိုအသေသတ်ခဲ့ပါတဲ့….စိတ်မကောင်းပါဘူး ကောင်လေးရေ ” ထို့နောက် ခေါင်းဆောင်ဆိုသည့်လူသည် သူ့၏နောက်လိုက်များအား ဟန်ယွင်ကိုသတ်ရန်စေခိုင်းလိုက်သည်…ဟန်ယွင်မှာ အများနှင့်တစ်ယောက်ဖြစ်သည့်အတွက်မနည်းခုခံနေရသည်..။ ကယ်ရီမှာတော့ခေါင်းဆောင်၏လက်ထဲတွင်ပြန်အချုပ်ခံထားရသဖြင့် တဝူးဝူးတဝါးဝါးအော်နေရုံသာတတ်နိုင်သည် ….
ခေါင်းဆောင်က ဟန်ယွင်အားသေနတ်နှင့်ပစ်ခါနီးတွင်
“ခေါင်းဆောင် မကောင်းတော့ဘူး
ဒီကောင်ရဲတိုင်လာတယ်
အပြင်မှာရဲတွေအများကြီးပဲကျွန်တော်တို့ပြေးမှဖြစ်မယ်..အပြင်မှာရှိတဲ့လူတွေလည်းအဖမ်းခံလိုက်ရပီ”
ခေါင်ဆောင်ဆိုသည့်လူလည်း ကယ်ရီအား တွန်းချခဲ့ကာထွက်ပြေးသွားသည်..။ ထို့နေ့တွင် ကယ်ရီ၏သတင်းပေးမှုကြောင့် Spider ဂိုဏ်းသားအများအပြားကိုဖမ်းမိခဲ့သည်…။
☄☄☄☄☄☄☄☄☄☄☄☄☄☄☄
AN- ကတိတည်တယ်နော် ဒီကအလှလေးက 😇
နောက်တစ်ပိုင်းဆို Arc 1 ဇာတ်သိမ်းပါပီ လိုစ့် 😁
☄☄☄☄☄☄☄☄☄☄☄☄☄☄☄
Tags: read novel System 286 (On Going) Arc 1.19(မင်ရှီး), novel System 286 (On Going) Arc 1.19(မင်ရှီး), read System 286 (On Going) Arc 1.19(မင်ရှီး) online, System 286 (On Going) Arc 1.19(မင်ရှီး) chapter, System 286 (On Going) Arc 1.19(မင်ရှီး) high quality, System 286 (On Going) Arc 1.19(မင်ရှီး) light novel, ,
Comment
Leave a Reply
Chapter 21