System 286 (On Going) Arc 1.2(မင္႐ွီး)

All chapters are in System 286 (On Going)
A+ A-

Zawgyi

ကယ္ရီ မနက္မိုးလင္းေတာ့ ေရခ်ိဳးပီးေက်ာင္းသြားရန္ ျပင္ဆင္လိုက္သည္..။ ဗီ႐ို ထဲက ႐ိုး႐ိုး႐ွင္း႐ွင္း အဝါေရာင္ hoodie ေလးနဲ႔ ဂ်င္းေဘာင္းဘီကိုတြဲကာ ဝတ္ဆင္လိုက္သည္..။
ထို႔ေနာက္ မနက္စာစားပီး စက္ဘီးကေလးဆြဲကာ ေက်ာင္းသို႔ထြက္လာလိုက္သည္..။

ကယ္ရီ တစ္ေယာက္စက္ဘီးစီးရင္း ပတ္ဝန္းက်င္အသစ္ကို ေလ့လာၾကည့္လိုက္သည္..။ ေက်ာင္းေပါက္ေရာက္ေသာအခါ စက္ဘီးနဲ႔ လူတစ္ေယာက္ကိုဝင္တိုးမိသည္။

“ေဟး…. ဒီမွာ…
မင္းဒီမွာလူတစ္ေယာက္လံုးလာေနတာ မျမင္ဘူးလားကြ။ စက္ဘီးစီးပီး မင္းမ်က္လံုးေတြဘယ္ေရာက္ေနတာလဲ..”

“ေတာင္း..ေတာင္းပန္ပါတယ္..
ကြၽန္ေတာ္ မျမင္လို႔ပါ..ေတာင္းပန္ပါတယ္ “

ကယ္ရီ ေတာင္းပန္ပီး တစ္ဖက္ကျပန္ေျပာတာကိုပင္ မေစာင့္ေတာ့ဘဲ ေက်ာင္းဝန္းထဲသို႔ စက္ဘီးအျမန္နင္းလာခဲ့သည္..။ အျမန္မထြက္လာလို႔ရမလား… အဲ့တာ.ဗီလိန္ေကာင္ခ်င္းခ်ိဳးေလ.. ။အဲ့ေတာ့ ျပသာနာမတက္ခင္ အျမန္လစ္လာတာ။

“ငါေတာ္ေတာ္ ကံတက္ေနပါ့လား..
ပထမဆံုးေန႔မွာတင္ ေ႐ွာင္ရမဲ့ဗီလိန္နဲ႔တန္းတိုးတာပဲ..”
“System မင္းေျပာၾကည့္…ခ်င္းခ်ိဳး ဒီကိစၥနဲ႔ေတာ့ငါ့ကို ရန္ၿငိဳးမထားေလာက္ပါဘူးေနာ္..”

System: “ကြၽန္ေတာ္လဲ မသိဘူးေလ..။ဒါေပမယ့္ အခုခ်ိန္က ဇာတ္လိုက္ နဲ႔ ဇာတ္လိုက္မ ကမဆံုရေသးေတာ့ ခ်င္းခ်ိဳး ရဲ႕အေျခေနကတအားမဆိုးေသးဘူး.. ။ Host အေပၚလဲ ဇာတ္လိုက္မနဲ႔အတူ႐ွိလို႔ အျမင္ကတ္တာေလာက္ပဲ႐ွိေသးတယ္ “

“Aww… အျမင္ကတ္တာေလာက္တင္လား…:-) “

ကယ္ရီအခန္းထဲေရာက္ေတာ့ မွတ္ဥာဏ္ထဲကသူထိုင္ေနၾကေနရာမွာပဲထိုင္လိုက္သည္.။ တျခားသူငယ္ခ်င္းေတြနဲ႔လည္း စကားမေျပာရဲတာေၾကာင့္ ေတြ႔ရာစာအုပ္ပဲထုတ္ဖတ္ေနလိုက္သည္။ခဏၾကာေတာ့ ေကာင္ေလးတစ္ေယာက္ ကယ္ရီေဘးနားလာထိုင္ကာ စကားေတြေတာင္စဥ္ေရမရစေျပာပါေတာ့သည္..။ ကယ္ရီ မွာ မွတ္ဥာဏ္ထဲအျမန္႐ွာေဖြၾကည့္ေတာ့ ထိုသူမွာ မင္႐ွီးရဲ႕အခ်စ္ဆံုးသူငယ္ခ်င္း က်န္းခ်န္ ျဖစ္မွန္းသိလိုက္သည္..။ စကားမ်ားလြန္းတဲ့ က်န္းခ်န္ေျကာင့္ ကယ္ရီ နားေတြပူလာကာ OOC ျဖစ္မွာစိုးလို႔ ႏွင္ထုတ္လို႔ရလဲမရ.. ။အဲေတာ့ အင္း…အဲ..ဟုသာအလိုက္သင့္ျပန္ေျဖေနရသည္..။

“မင္႐ွီး… မင္းေနမေကာင္းဘူးလား..?
ဘာျဖစ္လို႔ၿငိမ္ေနတာလဲ..ငါ့ကိုစိတ္ဆိုးေနတာလား…ဘာျဖစ္တာလဲ… ?”
“ဘာမွမျဖစ္ပါဘူး…ဒီတိုင္း….”

ကယ္ရီျပံဳးပဲျပံဳးျပလိုက္သည္….
စိတ္ထဲမွာေတာ့…
“System ဒီေကာင္ေတာ္ေတာ္စကားမ်ားတာပဲ.. ငါနားေတြပူေနပီ..သူကမေမာေသးဘူးလားမသိဘူး..”
System: “Host လည္း သူနဲ႔လိုက္ေျပာရင္း စကားေျပာစြမ္းရည္ေလ့က်င္ပါလား..။အေကာင္းဖက္ကေတြးပါ Host ရဲ႕”
“မင္းပဲ လိုက္ေလ့က်င့္ေန!”

“ဟိတ္..ဟိတ္…ငါေျပာတာၾကားလား??”

“ဟမ္..က်န္းခ်န္…ဘာကိုလဲ?
ဘာေျပာတာလဲ “

“မင္႐ွီး!!! ငါေဒါသထြက္လာပီေနာ္.
ေန႔လည္စာ ငါတို႔ဘာစားရင္ေကာင္းမလဲလို႔ေမးေနတာေလ။ မင္းဒီေန႔ဘာျဖစ္ေနတာလဲ..။ငါ့ကိုလဲစကားေသခ်ာျပန္မေျပာဘူး ။ တအင္းအင္း…တအဲအဲနဲ႔ ေခြးႀကီးလည္ပင္းညႇစ္ထားသလို ျပန္ေျဖေနတာ”

“ေစာရီးပါကြာ..ငါေတာင္းပန္ပါတယ္
ငါညကေကာင္းေကာင္းမအိပ္ရလို႔ ေခါင္းေနာက္ေနလို႔ပါ..”

“ၿပီးေရာ…မင္းေနလည္စာဘာစားမွာလဲ”
“အဆင္ေျပတဲ့ဟာေပါ့..”

ထိုစဥ္ ဆရာဝင္လာ၍ က်န္းခ်န္တစ္ေယာက္ ပါးစပ္ပိတ္သြားေတာ့တယ္။ ကယ္ရီတစ္ေယာက္ ဆရာ့ကို ကယ္တင္႐ွင္ႀကီးသဖြယ္ၾကည့္ပီး ထိုင္ကန္ေတာ့ခ်င္စိတ္ေတာင္ေပါက္သြားသည္..။

ခ်င္းခ်ိဳး တစ္ေယာက္ အခန္းထဲေရာက္ကတည္းက သူအၾကည့္ကတစ္ေနရာမွာပဲ ေရာက္ေနသည္..။ သူကေတာ့ မင္႐ွီး…
မနက္ကသူ႔ကို စက္ဘီးနွင့္ဝင္တိုက္သြားတဲ့ေကာင္ေလး..။မနက္က မင္႐ွီးရဲ႕ပံုက အရင္နဲ႔မတူဘဲ ေၾကာက္ေၾကာက္လန္႔လန္႔နဲ႔မလို႔ သူေတာင္ေၾကာင္သြားေသးသည္..။ အရင္ မင္႐ွီးဆိုရင္ သူ႔ကိုလွည့္ေတာင္မၾကည့္ဘဲထြက္သြားမည္မွာေသခ်ာေသာ္လဲ မနက္ကမူ ေတာင္းပန္ပီး စက္ဘီးအျမန္နင္းထြက္သြားသည္…။
မင္႐ွီးကို သူအျမင္ကတ္သည္…
သူယူရီဆီသြားတိုင္း မင္႐ွီးနဲ႔အျမဲတြဲေတြ႔ရတတ္တယ္.။ သူၾကည့္ေနခ်ိန္ဆို ယူရီက သိသိသာသာႀကီး မင္႐ွီးဆိုတဲ့ေကာင္နားကပ္ျပတါကို သူသည္းမခံႏိုင္….
တစ္ခါတစ္ေလက်ရင္ မင္႐ွီးဆိုတဲ့ေကာင္က ကိုယ့္အဆင့္ကိုယ္မသိဘဲ ယူရီေ႐ွ႕ရပ္ကာ သူရဲေကာင္းႀကီးဝင္လုပ္တတ္ေသးသည္..။ ခ်င္းခ်ိဳး သူ႔ကို ပညာေပးဖို႔စီစဥ္ထားေသာ္လဲ ယခုထိအေကာင္ထည္မေဖာ္ျဖစ္ေသး..။ ယခုမူ မနက္ကမင္႐ွီးပံုစံၾကည့္ပီး သူေတြေဝသြားရျပန္သည္..။

“ငါမင္းကို ပညာေပးဖို႔မလိုေတာ့ဘူးလား မင္႐ွီး……”

ဒါေလးက စကားမ်ားတဲ့ က်န္းခ်န္ပါေနာ္ (မွန္ေၾကာင္ ကာပယ္)

☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Unicode

ကယ်ရီ မနက်မိုးလင်းတော့ ရေချိုးပီးကျောင်းသွားရန် ပြင်ဆင်လိုက်သည်..။ ဗီရို ထဲက ရိုးရိုးရှင်းရှင်း အဝါရောင် hoodie လေးနဲ့ ဂျင်းဘောင်းဘီကိုတွဲကာ ဝတ်ဆင်လိုက်သည်..။
ထို့နောက် မနက်စာစားပီး စက်ဘီးကလေးဆွဲကာ ကျောင်းသို့ထွက်လာလိုက်သည်..။

ကယ်ရီ တစ်ယောက်စက်ဘီးစီးရင်း ပတ်ဝန်းကျင်အသစ်ကို လေ့လာကြည့်လိုက်သည်..။ ကျောင်းပေါက်ရောက်သောအခါ စက်ဘီးနဲ့ လူတစ်ယောက်ကိုဝင်တိုးမိသည်။

“ဟေး…. ဒီမှာ…
မင်းဒီမှာလူတစ်ယောက်လုံးလာနေတာ မမြင်ဘူးလားကွ။ စက်ဘီးစီးပီး မင်းမျက်လုံးတွေဘယ်ရောက်နေတာလဲ..”

“တောင်း..တောင်းပန်ပါတယ်..
ကျွန်တော် မမြင်လို့ပါ..တောင်းပန်ပါတယ် “

ကယ်ရီ တောင်းပန်ပီး တစ်ဖက်ကပြန်ပြောတာကိုပင် မစောင့်တော့ဘဲ ကျောင်းဝန်းထဲသို့ စက်ဘီးအမြန်နင်းလာခဲ့သည်..။ အမြန်မထွက်လာလို့ရမလား… အဲ့တာ.ဗီလိန်ကောင်ချင်းချိုးလေ.. ။အဲ့တော့ ပြသာနာမတက်ခင် အမြန်လစ်လာတာ။

“ငါတော်တော် ကံတက်နေပါ့လား..
ပထမဆုံးနေ့မှာတင် ရှောင်ရမဲ့ဗီလိန်နဲ့တန်းတိုးတာပဲ..”
“System မင်းပြောကြည့်…ချင်းချိုး ဒီကိစ္စနဲ့တော့ငါ့ကို ရန်ငြိုးမထားလောက်ပါဘူးနော်..”

System: “ကျွန်တော်လဲ မသိဘူးလေ..။ဒါပေမယ့် အခုချိန်က ဇာတ်လိုက် နဲ့ ဇာတ်လိုက်မ ကမဆုံရသေးတော့ ချင်းချိုး ရဲ့အခြေနေကတအားမဆိုးသေးဘူး.. ။ Host အပေါ်လဲ ဇာတ်လိုက်မနဲ့အတူရှိလို့ အမြင်ကတ်တာလောက်ပဲရှိသေးတယ် “

“Aww… အမြင်ကတ်တာလောက်တင်လား…:-) “

ကယ်ရီအခန်းထဲရောက်တော့ မှတ်ဉာဏ်ထဲကသူထိုင်နေကြနေရာမှာပဲထိုင်လိုက်သည်.။ တခြားသူငယ်ချင်းတွေနဲ့လည်း စကားမပြောရဲတာကြောင့် တွေ့ရာစာအုပ်ပဲထုတ်ဖတ်နေလိုက်သည်။ခဏကြာတော့ ကောင်လေးတစ်ယောက် ကယ်ရီဘေးနားလာထိုင်ကာ စကားတွေတောင်စဉ်ရေမရစပြောပါတော့သည်..။ ကယ်ရီ မှာ မှတ်ဉာဏ်ထဲအမြန်ရှာဖွေကြည့်တော့ ထိုသူမှာ မင်ရှီးရဲ့အချစ်ဆုံးသူငယ်ချင်း ကျန်းချန် ဖြစ်မှန်းသိလိုက်သည်..။ စကားများလွန်းတဲ့ ကျန်းချန်ကြောင့် ကယ်ရီ နားတွေပူလာကာ OOC ဖြစ်မှာစိုးလို့ နှင်ထုတ်လို့ရလဲမရ.. ။အဲတော့ အင်း…အဲ..ဟုသာအလိုက်သင့်ပြန်ဖြေနေရသည်..။

“မင်ရှီး… မင်းနေမကောင်းဘူးလား..?
ဘာဖြစ်လို့ငြိမ်နေတာလဲ..ငါ့ကိုစိတ်ဆိုးနေတာလား…ဘာဖြစ်တာလဲ… ?”
“ဘာမှမဖြစ်ပါဘူး…ဒီတိုင်း….”

ကယ်ရီပြုံးပဲပြုံးပြလိုက်သည်….
စိတ်ထဲမှာတော့…
“System ဒီကောင်တော်တော်စကားများတာပဲ.. ငါနားတွေပူနေပီ..သူကမမောသေးဘူးလားမသိဘူး..”
System: “Host လည်း သူနဲ့လိုက်ပြောရင်း စကားပြောစွမ်းရည်လေ့ကျင်ပါလား..။အကောင်းဖက်ကတွေးပါ Host ရဲ့”
“မင်းပဲ လိုက်လေ့ကျင့်နေ!”

“ဟိတ်..ဟိတ်…ငါပြောတာကြားလား??”

“ဟမ်..ကျန်းချန်…ဘာကိုလဲ?
ဘာပြောတာလဲ “

“မင်ရှီး!!! ငါဒေါသထွက်လာပီနော်.
နေ့လည်စာ ငါတို့ဘာစားရင်ကောင်းမလဲလို့မေးနေတာလေ။ မင်းဒီနေ့ဘာဖြစ်နေတာလဲ..။ငါ့ကိုလဲစကားသေချာပြန်မပြောဘူး ။ တအင်းအင်း…တအဲအဲနဲ့ ခွေးကြီးလည်ပင်းညှစ်ထားသလို ပြန်ဖြေနေတာ”

“စောရီးပါကွာ..ငါတောင်းပန်ပါတယ်
ငါညကကောင်းကောင်းမအိပ်ရလို့ ခေါင်းနောက်နေလို့ပါ..”

“ပြီးရော…မင်းနေလည်စာဘာစားမှာလဲ”
“အဆင်ပြေတဲ့ဟာပေါ့..”

ထိုစဉ် ဆရာဝင်လာ၍ ကျန်းချန်တစ်ယောက် ပါးစပ်ပိတ်သွားတော့တယ်။ ကယ်ရီတစ်ယောက် ဆရာ့ကို ကယ်တင်ရှင်ကြီးသဖွယ်ကြည့်ပီး ထိုင်ကန်တော့ချင်စိတ်တောင်ပေါက်သွားသည်..။

ချင်းချိုး တစ်ယောက် အခန်းထဲရောက်ကတည်းက သူအကြည့်ကတစ်နေရာမှာပဲ ရောက်နေသည်..။ သူကတော့ မင်ရှီး…
မနက်ကသူ့ကို စက်ဘီးနှင့်ဝင်တိုက်သွားတဲ့ကောင်လေး..။မနက်က မင်ရှီးရဲ့ပုံက အရင်နဲ့မတူဘဲ ကြောက်ကြောက်လန့်လန့်နဲ့မလို့ သူတောင်ကြောင်သွားသေးသည်..။ အရင် မင်ရှီးဆိုရင် သူ့ကိုလှည့်တောင်မကြည့်ဘဲထွက်သွားမည်မှာသေချာသော်လဲ မနက်ကမူ တောင်းပန်ပီး စက်ဘီးအမြန်နင်းထွက်သွားသည်…။
မင်ရှီးကို သူအမြင်ကတ်သည်…
သူယူရီဆီသွားတိုင်း မင်ရှီးနဲ့အမြဲတွဲတွေ့ရတတ်တယ်.။ သူကြည့်နေချိန်ဆို ယူရီက သိသိသာသာကြီး မင်ရှီးဆိုတဲ့ကောင်နားကပ်ပြတါကို သူသည်းမခံနိုင်….
တစ်ခါတစ်လေကျရင် မင်ရှီးဆိုတဲ့ကောင်က ကိုယ့်အဆင့်ကိုယ်မသိဘဲ ယူရီရှေ့ရပ်ကာ သူရဲကောင်းကြီးဝင်လုပ်တတ်သေးသည်..။ ချင်းချိုး သူ့ကို ပညာပေးဖို့စီစဉ်ထားသော်လဲ ယခုထိအကောင်ထည်မဖော်ဖြစ်သေး..။ ယခုမူ မနက်ကမင်ရှီးပုံစံကြည့်ပီး သူတွေဝေသွားရပြန်သည်..။

“ငါမင်းကို ပညာပေးဖို့မလိုတော့ဘူးလား မင်ရှီး……”

ဒါလေးက စကားများတဲ့ ကျန်းချန်ပါနော် (မှန်ကြောင် ကာပယ်)

Tags: read novel System 286 (On Going) Arc 1.2(မင္႐ွီး), novel System 286 (On Going) Arc 1.2(မင္႐ွီး), read System 286 (On Going) Arc 1.2(မင္႐ွီး) online, System 286 (On Going) Arc 1.2(မင္႐ွီး) chapter, System 286 (On Going) Arc 1.2(မင္႐ွီး) high quality, System 286 (On Going) Arc 1.2(မင္႐ွီး) light novel, ,

Comment

Leave a Reply

Chapter 4