System 286 (On Going) Arc 1.8(မင်ရှီး)
All chapters are in System 286 (On Going)
A+ A-
Zawgyi
System: “စားတုန်းကစားပီ..ဆေးရှိတယ်..ဝယ်မလား point 50..”
“ငါ့မှာpointမှမရှိတာ..”
“ဆရာ..သူကဘာဖြစ်တာလဲ “
☄☄☄☄☄☄☄☄☄☄☄☄☄☄☄
Unicode
ကယ်ရီတို့ ရေခဲမုန့်စားရင်း စကားတွေအများကြီးပြောဖြစ်ခဲ့ကြသည်…ဇာတ်လိုက်က ထင်သလိုမဟုတ်ဘဲနဲ့ ပေါင်းရတာလွယ်သည်ကြောင့်လည်းပါ၏ (ရှင့်မလို့လေ 🌚) ကယ်ရီအရင်က သူငယ်ချင်းတစ်ယောက်မှမရှိခဲ့ပေ။ ငယ်ငယ်က မိဘမဲ့ကျောင်းတွင် စိတ်ဒဏ်ရာရခဲ့သောကြောင့် သူငယ်ချင်းထားရမှာကိုကြောက်သည်။ ကျောင်းတွင်လည်းမည်သူကိုမှစကားမပြော။ ထို့ကြောင့်မိမိအား မိဘမဲ့ကောင်ကမာနကြီးနေလိုက်တာဟုဆိုကာ ရှောင်ဖယ်ကြသည်..အနိုင်ကျင့်ကြသည်..။ ဤကမ္ဘာ သို့ရောက်လာသောအခါတွင် ကျန်းချန်သည် မိမိ၏ ပထမဆုံးသူငယ်ချင်းဖြစ်သည်..။ ယခု ဟန်ယွင်ဆိုသည့် ဒုတိယသူငယ်ချင်းထပ်ရလာခဲ့သည်…။
ကယ်ရီ နေရတာအဆင်မပြေဖြစ်လာသောကြောင့် ဟန်ယွင်အားသန့်စင်ခန်းခဏဟုပြောကာထွက်လာခဲ့သည်…။
“ငါဘာဖြစ်နေတာပါလိမ့်…အသက်ရှူရတာခက်လာသလိုပဲ..System! System! “
“အာ….နာရီဝက်ပြည့်ဖို့ ငါးမိနစ်လိုသေးတယ် “
ကယ်ရီရပ်ပင်မရပ်နိုင်တော့ ထိုင်နေရင်းနံရံကိုမှီထားရသည်..ထိုစဉ်
System: “Host ကျွန်တော်ပြန်ရောက်ပီ..Host..ဘာဖြစ်တာလဲ..”
“ငါလည်းမသိဘူး… ရုတ်တရက် အသက်ရှုကြပ်လာတာ..လုပ်ပါအုံး “
System: “Host ဘာတွေစားထားသေးလဲ.. မတည့်တာတွေများစားထားတာလား “
“ငါဘာမှမစားဘူး….ဒူးရင်းရေခဲမုန့် တစ်မျိုးပဲစားရသေးတယ် “
System: “Host ရူးနေလား….ဒီကိုယ်ကဒူရင်းနဲ့မတည့်ဘူးလေ..ဘာလို့သွားစားတာလဲ..”
“ငါမှမသိတာ…System.. ငါမျက်လုံးတွေဝါးလာပီ…ငါသေတော့မှာလားဟင်..”
System: “စားတုန်းကစားပီး ဆေးရှိတယ်..ဝယ်မလား point 50..”
“ငါ့မှာpointမှမရှိတာ..”
System :”Host စောနမစ်ရှင်အောင်ထားလို့ point 150 ရထားတယ်လေ..အဲ့ထဲကဖြတ်မှာ..”
“အဲ့တာကို လေရှည်နေတယ် မြန်မြန်ပေး…ဒီမှာအသက်ရှူကြပ်လို့သေတော့မယ် “
ထိုစဉ် သန့်စင်ခန်းထဲသို့ ဟန်ယွင် ရောက်လာသည်..။
” မင်ရှီး…. မင်ရှီး.. ဘာဖြစ်တာလဲ.. ကိုယ်ပြောတာကြားလား “
“အာ…အကိုဟန်ယွင်.. ကျွန်တော်ဘာမှမဖြစ်ဘူး..”
“ဘာကိုဘာမှမဖြစ်တာလဲ.. တစ်ကိုယ်လုံးချွေးတွေရွှဲနေပီး မျက်နှာကသွေးတောင်မရှိတော့ဘဲဖြူစုတ်နေတာလေ “
“လိုက်ခဲ့…ဆေးရုံသွားမယ် “
“ကျွန်တော် ဘာမှမဖြစ်ဘူး..တကယ်ပြောတာ..သက်သာသွားပီလို့.. တကယ် “
ဟန်ယွင်အားပြောမနိုင်တော့၍ကယ်ရီတစ်ယောက်ဆေးရုံသို့ရောက်လာခဲ့သည်။
“ဆရာ..သူကဘာဖြစ်တာလဲ “
“မတည့်တာစားမိလို့ဖြစ်တာပါ..သူကဒူရင်းနဲ့မတည့်တာကို စားလိုက်တယ်ထင်တယ်..ဒါမျိုးကအခန့်မသင့်ရင် အသက်အန္တရာယ် ပါရှိနိုင်တယ်..”
“မင်ရှီး… မင်းဒူးရင်းနဲ့မတည့်တာကိုဘာလို့ ဒူးရင်းရေခဲမုန့်မှာစားရတာလဲ..”
“ကျွန်တော်မှ မသိတာ.. အရင်ကအနံ့ကိုမုန်းလို့တစ်ခါမှမစားဖူးဘူး “
“ဒါဆိုလဲ အခုမှတ်ထားတော့.. ဒူးရင်းနဲ့မင်းနဲ့မတည့်ဘူး..နောက်တစ်ခါမစားရဘူး..”
ကယ်ရီ မျက်နှာငယ်လေးနဲ့ “ဟုတ်”
ကားပေါ်ရောက်တော့ “အိမ်ပြန်မလား…အိမ်လိုက်ပို့ပေးရမလား”
“ကျောင်းပဲပြန်ပို့ပေးပါ..ကျွန်တော်အတန်းတက်ရအုံးမယ်..တစ်ချိန်မှီသေးတယ်..”
“မင်းနေမှမကောင်းတာ..ဒီနေ့တစ်ရက်အိမ်ပြန်နားလိုက်ပါလား..”
“မဖြစ်ဘူးဗျ…ကျွန်တော်ကစာညံ့တယ်…ဟီး….”
တကယ်တော့ကယ်ရီတွင်ဒီနေ့လုပ်စရာများသောကြောင့်ဖြစ်သည်။ အချိန်ပိုင်းအလုပ် ပထမဆုံးနေ့ပျက်ရလောက်အောင်မိမိသတ္တိမရှိသလို ဒီညကျန်းချန်နှင့်ချိန်ထားတာကိုလည်း နားပူခံ၍မဖျက်နိုင်ပေ။
“ဟူး….System ရေ ဒီနေ့တစ်ရက်က ပုံမှန်ထက်ပိုရှည်နေသလိုပဲ “
System: “မသနားပါဘူးနော် “
ကယ်ရီ အတန်းချိန်ပီးတော့ ကော်ဖီဆိုင်သို့သွားလိုက်သည်..။ ထိုဆိုင်တွင် အလုပ်လုပ်ရသည်မှာတော်တော်အဆင်ပြေသည်..။ ဆိုင်ရှင်မည်သူဖြစ်ကြောင်းကိုမသိသော်လည်း မန်နေဂျာအမသည်အရမ်းသဘောကောင်းသည်..။
“မောင်လေး အမကို အမလင်းလို့ခေါ်လို့ရတယ်နော်..။ ဆိုင်လုပ်ရတာအဆင်မပြေတာရှိရင် ပွင့်ပွင့်လင်းလင်း ပြောနော်..”
“ဟုတ်အမလင်း ကျွန်တော်အဆင်ပြေပါတယ်…အခုလိုပြောတဲ့အတွက်ကျေးဇူးပါ”
“ရပါတယ် မောင်လေးရယ်..မောင်လေးကဒီဆိုင်မှာအလုပ်လုပ်တယ်ဆိုတော့ ဒီဆိုင်ရဲ့မိသားစုဝင်ပဲပေါ့”
မန်နေဂျာလင်း တစ်ယောက် ပြောသာပြောနေရက ချွေးကပျံနေသည်..။ စောနက သခင်လေးကဖုန်းဆက်၍ မင်ရှီးအလုပ်ဆင်းလားမေးသည်..။ အလုပ်လာဆင်းသည်ဟုဖြေလိုက်သောအခါ မိမိအားမရေတွက်နိုင်သော အမိန့်များတန်းစီ၍ပေးလိုက်သည်..။ အဓိကကတော့ ထိုကောင်လေးအား ဂရုစိုက်ရန် ၊ ပင်ပန်းသည့်အလုပ်များမခိုင်းရန်ဖြစ်သည်..။
“မင်ရှီးဆိုတဲ့ကောင်လေးက သခင်လေးနဲ့ဘယ်လိုပတ်သတ်လဲမသိဘူး..။ ငါသူ့ကိုကောင်းကောင်းဆက်ဆံမှဖြစ်မယ် “
☄☄☄☄☄☄☄☄☄☄☄☄☄☄☄
Tags: read novel System 286 (On Going) Arc 1.8(မင်ရှီး), novel System 286 (On Going) Arc 1.8(မင်ရှီး), read System 286 (On Going) Arc 1.8(မင်ရှီး) online, System 286 (On Going) Arc 1.8(မင်ရှီး) chapter, System 286 (On Going) Arc 1.8(မင်ရှီး) high quality, System 286 (On Going) Arc 1.8(မင်ရှီး) light novel, ,
Comment
Leave a Reply
Chapter 10