System 286 (On Going) Arc 2.4 (ယူခ်င္း)

All chapters are in System 286 (On Going)
A+ A-

Zawgyi

System:” Host လုပ္ေနတာမွန္ေရာမွန္ရဲ႕လား ကိုယ္အေနအထားႀကီးကထူးဆန္းေနသလိုပဲေနာ္”

ဟုတ္ပါတယ္ ညဖက္ႀကီးေလ့က်င့္ကြင္းထဲမွာ သိုင္းကြက္ေတြကိုစမ္းတဝါးဝါးက်င့္ၾကည့္ေနတဲ့ ကယ္ရီပါ

“ငါလည္း ယူခ်င္းလုပ္သလိုလိုက္လုပ္ၾကည့္တာပဲေလ…
အာ မသိေတာ့ဘူး ျပန္လဲေပးငါ့ကို ဂီတစြမ္းရည္ နဲ႔အတိုက္ခိုက္စြမ္းရည္”

System: “ဆုေတာင္းေလ Hostရဲ႕
မေရြးခင္ကတည္းကေသခ်ာေမးတယ္ေလ သူပဲၿငိမ္းခ်မ္းေရးဖခင္ႀကီးလိုလိုပံုစံနဲ႔ေရြးခဲ့ပီးေတာ့”

“ဒါဆို ဂီတနဲ႔တိုက္ခိုက္လို႔ရတဲ့ပညာ႐ွိတယ္မလား ငါဇာတ္ကားထဲမွာျမင္ဖူးတယ္ အဲ့တာ႐ွာေပး”

System: “႐ွိတယ္ ဒါေပမယ့္ ဒီကမာၻက က်င္႔ျကံေရးေလာကမဟုတ္တဲ႔အတြက္ သံုးလို႔မရဘူး “

“ဒါဆိုငါ ကိုယ္ရံေတာ္အျဖစ္ကေနႏႈတ္ထြက္လိုက္ရင္ေကာင္းမလား မစ္႐ွင္က ယူ႐ွင္းမိဘေတြကို႐ွာရံုတင္မလား “

System: “နန္းတြင္းထဲဝင္ၿပီးရင္ထြက္လို႔ရတဲ့လမ္း တစ္လမ္းပဲ႐ွိတယ္ ေသလမ္း”

“ဟိုဟာလည္းမရ ဒီဟာလည္းမရနဲ႔
စိတ္ညစ္လိုက္တာ “
ကယ္ရီေလ့က်င့္ကြင္းေထာင့္ရွိသစ္ပင္ေအာက္တြင္လွဲခ်လိုက္သည္..ထို႔​ေနာက္ ​ေဘးနားမွာေတြ႔တဲ့ သစ္ရြက္တစ္ရြက္အားေကာက္၍ ေတးသြားမ်ားစမ္းမႈတ္ၾကည့္ေနေတာ့သည္…

ဝူက်န္႔အိပ္မ​ေပ်ာ္သျဖင့္ ညဖက္လမ္းထြက္ေလ်ွာက္တုန္း ေလ့က်င့္ေရးကြင္းဖက္မွဂီတသံခ်ိဳခ်ိဳေလးအားၾကားလိုက္ရသည္..။ သံစဥ္မွာအလြန္ဆန္းသစ္ၿပီးနားဝင္ခ်ိဳလွသျဖင့္ မိမိကိုယ္ကိုယ္ေတာင္သတိမထားမိဘဲ သစ္ပင္ေအာက္တြင္ သစ္ရြက္ေလးျဖင့္သံစဥ္မ်ားဖန္တီးေနေသာသူအနားသို႔ေရာက္မွန္းမသိေရာက္လာခဲ့သည္… ဂီတသံဆဲသြားမွ

“မင္းမွာဒီလိုေျပာင္ေျမာက္လွတဲ့ဂီတစြမ္းရည္႐ွိမွန္းငါစစ္သူႀကီးမသိလိုက္ရပါလား”

ကယ္ရီအသံျကားရာသို႔ေမာ့ၾကည့္ကာ အ႐ိုေသေပးလိုက္ရင္း

“ကြၽမ္းကြၽမ္းက်င္က်င္ေတာ့မဟုတ္ပါဘူး စစ္သူႀကီး “

“ဒါနဲ႔ မင္းဒီရက္ပိုင္းေျပာင္းလဲလာတယ္”

“ဗ်ာ”

“ငါေျပာခ်င္တာက အရင္ထက္စကားပိုေျပာလာတာကိုဆိုလိုတာ ဒီလိုေျပာင္းလဲလာတာေကာင္းတယ္ ငါလည္းေရခဲတံုးကိုယ္ရံေတာ္မလိုခ်င္ဘူး “

“ဗ်ာ…ဟုတ္..ဟုတ္ကဲ့”

“ေနာက္တစ္ပတ္ဆိုရင္ အိမ္ေ႐ွ႕စံရဲ႕လက္ထပ္ပြဲ႐ွိတယ္ေနာ္ ဒီလက္ထက္ပြဲကႏွစ္ႏိုင္ငံခ်စ္ၾကည္ေရးနဲ႔သက္ဆိုင္ေနလို႔ လံုျခံဳေရးကိုအထူးဂ႐ုစိုက္ပါ အထူးသျဖင့္ ဖန္းယြဲ႔ျပည္”

“ဟုတ္ကဲ့ စစ္သူႀကီး”

“သြားနားေတာ့ သက္သာလာတာမၾကာေသးဘူးမလား ေတာ္ၾကာျပန္လဲေနမယ္”

“ဟီး….
ဒါဆိုေကာင္းေကာင္းအနားယူပါ စစ္သူႀကီး” ကယ္ရီမိမိကိုယ္ကိုယ္ေတာင္သတိမထားမိလိုက္ဘဲ ဝူက်န့္အားျပံဳးျပၿပီးေနာက္ထြက္သြားသည္…ေနာက္တြင္က်န္ခဲ့သည့္ဝူက်န္႔မွာေတာ့ အံျသမဆံုး

“ဒုတ္…ဒုတ္…ဒုတ္”
“တစ္ခါမွအျပံဳးအရယ္မ႐ွိတဲ့ ေရခဲတံုးကျပံဳးျပသြားတယ္ ယူခ်င္းကေလ “
ထို႔ေနာက္သူ႔ရင္ဖက္အားကိုင္ကာ
“ဒီနားကေရာ ဘာလို႔ခုန္ေနရတာလဲ
ညဖက္ေအးလို႔မ်ားလား”
(AN-ညဖက္ေအးရင္ႏွလံုးခုန္တတ္တယ္ေနာ္ မွတ္ထားၾက)

တစ္ပတ္လံုးလံုးကယ္ရီမနက္ပိုင္းတြင္ စစ္သူႀကီးအနားေနကာ အလုပ္မ်ားကူညီေပးသည္ မိမိကိုယ္တိုင္ကဘာမွမတတ္ေသာ္လည္းဆရာႀကီးပံုစံုျဖင့္တပ္သားမ်ားေလ့က်င့္ေရးဆင္းသည္ကိုေစာင့္ၾကပ္ေပးရင္းသိုင္းကြက္မ်ားခိုးမွတ္ထားသည္…ညဖက္လူေျခတိတ္လ်ွင္ျပန္ေလ့က်င့္သည္..မူလယူခ်င္းကိုယ္ကသိုင္းကြက္မ်ား ဓား​ေရးကြက္မ်ားနွင့္ေနသားက်ေနေသာေျကာင့္ ကယ္ရီခက္ခက္ခဲခဲမေလ့က်င့္ရေခ် ….

တေျဖးေျဖး အိမ္ေ႐ွ႕စံ၏ထိမ္းျမားမည့္ေန႔သိုေရာက္႐ွိလာခဲ့သည္..နန္းေတာ္ထဲတြင္ နန္းတြင္းသူမ်ား အထိန္းေတာ္မ်ား ရဲမက္မ်ားအလုပ္ကိုယ္စီျဖင့္႐ႈပ္ေနၾကသည္
ကယ္ရီဦးေဆာင္ေသာတပ္ခြဲသည္ မဂၤလာစင္ျမင့္အနီးလံုျခံဳေရးအားတာဝန္ယူထားရသည္… တိုင္းျပည္အသီးသီးမွ မင္းညီမင္းသားမ်ား ကိုယ္စားလွယ္မ်ား လက္ေဆာင္မ်ားျဖင့္တဖြဲဖြဲေရာက္႐ွိလာၾကသည္ ေရာက္႐ွိလာသည့္ဧည္သည္မ်ားကို စစ္သူႀကီးႏွင့္ မင္းသမီးတစ္ပါးကႀကိဳဆိုေနသည္..System ထံမွထပ္ထိုးအခ်က္လက္အရထိုအမ်ိဳးသမီးမွာ စစ္သူႀကီးႏွင့္ေစ့စပ္ထားေသာ မင္းသမီး ၂ ထ်န္းယြီ ဟုသိရသည္ …ကယ္ရီအေဝးမွလွမ္းျမင္ေနရေသာေၾကာင့္ ထိုမင္းသမီး႐ုပ္ကိုေတာ့ေသခ်ာမျမင္ခဲ့ရေပ..။
မူလယူခ်င္းမွတ္ဥာဏ္ထဲတြင္ စစ္သူႀကီး၊တပ္သားမ်ားႏွင့္ ဓားေရးကြက္မ်ားသာ႐ွိသည္
“ေတာ္ေတာ္ပ်င္းစရာေကာင္းတဲ့လူ”

ကယ္ရီအခမ္းအနားထဲမွလူမ်ားအားအေသးစိတ္လိုက္ၾကည့္ေနတုန္း တစ္ေနရာသို႔အၾကည့္ေရာက္သြားသည္…၎မွာ ေခြးႀကီးပိုက္ကာမိမိအားျပံဳးျပံဳးႀကီးၾကည့္ေနေသာ မင္းသား ၃… ထို႔ေနာက္အမူအယာျဖင့္ပြဲၿပီးလ်ွင္နန္းျပင္ထြက္ရန္အေဖာ္ေခၚေနသည္..ကယ္ရီလည္းေခါင္းရမ္းကာအၾကည့္ျမန္ျမန္လႊဲလိုက္သည္

“တစ္ခါဆိုလံုေလာက္တယ္ ငါအဲ့ေခြးႀကီးပိုက္ပီးအ႐ူးမင္းသားေနာက္ေလ်ွာက္မလိုက္နိုင္ဘူး “

System: “ဟိုက မင္းသားေနာ္
ေတာ္ၾကာအျပစ္ေပးရင္ဘယ္လိုလုပ္မလဲ”

“ငါ့မွာ စစ္သူႀကီးတစ္​ေယာက္လံုး႐ွိတယ္ မေၾကာက္ဘူး စစ္သူႀကီးကမလိုက္ခိုင္းလို႔လို႔ေျပာလိုက္ရင္ၿပီးၿပီ”

ထိမ္းျမားလက္ထပ္ပြဲသည္ေအာင္ေအာင္ျမင္ျမင္ျဖင့္ၿပီးဆံုးခဲ့သည္…မင္းႀကီးမွ ယံုအန္းမင္းသမီးအား အိမ္ေ႐ွ႕စံမိဖုရားဘြဲ႔အပ္ႏွင္းလိုက္သည္

“ငါဒီႏွစ္ေယာက္မဂၤလာပြဲကိုျမင္ရလိမ့္မယ္လို႔တကယ္မထင္ထားဘူး… ဟိုကမာၻမွာေရာ သူတို႔ႏွစ္ေယာက္လက္ထပ္ျဖစ္ေလာက္လား ငါမထြက္လာခင္ကေတာ့ အကိုခ်င္းခ်ိဳး​ေနာက္ကို ယူရီ ပီေကလိုလိုက္ကပ္ေနတာပဲ “

System: “level 3ေရာက္ရင္တာဝန္ပီးဆံုးသြားတဲ့ကမာၻရဲ႕​ေနာက္ဆက္တြဲ​ေတြကိုၾကည့္လို႔ရပါတယ္”

“အင္း…level 3 ျမန္ျမန္ေရာက္ေအာင္လုပ္ရမယ္”

ကယ္ရီမသိလိုက္သည္က လက္ထပ္ပြဲက်င္းပေနေသာအိမ္ေရွ႕စံက သူ႕အားတစ္ခ်ိန္လုံး ခိုးၾကည့္ေနခဲ့သည္ကိုပင္

​ေနာက္တစ္​ေန႔…
ကယ္ရီ ေလ့က်င့္ေရးကြင္းထဲတြင္ တပ္သားမ်ားေလ့က်င့္ေနမႈအားကြပ္ကဲ​ေနတုန္း

“ကိုယ္ရံေတာ္ယူ ကိုယ္ရံေတာ္ယူ”

“ဘာလဲ….ေျပာ”

“ဂိတ္ေပါက္မွာ ကိုယ္ရံေတာ္ယူကိုမင္းသား ၃လာ႐ွာေနပါတယ္”

“ဘာ”
‘အဲ့ေခြးပိုက္ နန္းျပင္ထြက္ဖို႔ေခၚအံုးမွာလားမသိဘူး စိတ္ညစ္တယ္ ‘

ကယ္ရီဂိတ္ေပါက္ေရာက္ေတာ့ေခြးႀကီးေပြ႔ကာသူ႔ဆီေျပးလာေသာ မင္းသား ၃

“ယူခ်င္း…ကိုယ္ေတာ္တို႔နန္းျပင္ထြက္ရေအာင္”

“ကြၽန္ေတာ္မ်ိဳးမအားပါဘူးမင္းသား
ကြၽန္ေတာ္မ်ိဳးအစားတျခားတစ္ေယာက္ကိုေခၚသြားတာပိုသင့္ေတာ္ပါလိမ့္မယ္”

“မရဘူး ​ေမာင္မင္းပဲလိုက္ခဲ့
ကေလး​ေလးက ေမာင္မင္းနဲ႔မွေနတာ
တျခားသူကိုေပးထိန္းခိုင္းတုန္းကဆို အ႐ိုးေတြေပၚတဲ့အထိကိုက္ပစ္တာ ဘယ္သူမွကိုယ္ေတာ့ကေလးေလးကိုမထိန္းခ်င္ၾကဘူး “

ထိုစဥ္
“မင္းသား ၃က ဘယ္လိုမ်က္စိလည္လာၿပီး စစ္ေရးေလ့က်င့္ကြင္းဖက္ေရာက္လာတာတုန္း “

“ဟာ…ဝူက်န္႔
အမေတာ္လည္းပါလာတာလား “

ကယ္ရီ စစ္သူႀကီးႏွင္အတူပါလာေသာမိန္းကေလးအားၾကည့္လိုက္ေသာအခါ

“ဒါငါ့ကို ပါး႐ိုက္သြားတဲ့ ဟိုမိန္းမ မလား “

System: “Host ကမာၻ​ေတြ​ေရာမပစ္နဲ႔​ေလ
ဟိုတစ္ေယာက္က ဝမ္ဝမ္ ဒီတစ္ေယာက္က ထ်န္းယြီေလ”

“ဒီကမာၻမွာလည္း ထပ္ေစ့စပ္ထားျပန္ပီလား ဒီတစ္ခါေတာ့ထပ္ပါး႐ိုက္မခံဘူးေနာ္”

System: “ဘယ္သူက Hostကိုအားအားေနလာ႐ိုက္မွာမလို႔လဲ”

ထ်န္းခယ္မွ ကယ္ရီအားလက္ညႇိဳးထိုးကာ

“ဝူက်န္. ငါသူ႔ကိုလိုခ်င္တယ္
ငါ့ကိုေပး”

“အဲ့လိုလုပ္လို႔မရပါဘူးမင္းသား
ယူခ်င္းက ကြၽန္ေတာ္မ်ိုးအတြက္အေရးႀကီးတဲ့သူပါ… အာ….ကြၽန္ေတာ္မ်ိဳးဆိုလိုတာက သူကကြၽန္ေတာ္မ်ိဳးကိုယ္ရံေတာ္ျဖစ္တဲ့အျပင္ တပ္သားေတြကိုစစ္ေရးေလ့က်င့္ေပးရတဲ့တာဝန္ပါယူထားရလို႔ပါ သူမ႐ွိလို႔မျဖစ္ပါဘူး”

‘ေအးေလဒီေလာက္အေရးပါတဲ့ငါ့ကိုေခြးထိန္းခိုင္းခ်င္ေနတဲ့အ႐ူးမင္းသား’

“ဒါဆို ဒီေန႔တစ္ရက္ငွါး…
ရရမရရေခၚသြားၿပီ ဒါပဲ ” ကယ္ရီအား မင္းသား ၃ ဆြဲေခၚသြားသည္

ဝူက်န္႔ေနာက္ကလိုက္သြားမယ္အလုပ္ မင္းသမီးယြီက လက္ဆြဲထားကာ

” ဒီမင္းသမီးကိုျမႇားပစ္သင္ေပးဖို႔ ခမည္းေတာ္မိန္႔ေတာ္မူလိုက္တာ ေမ့သြားပီလားစစ္သူႀကီး”

“ကြၽန္ေတာ္မ်ိဳးေတာင္းပန္ပါတယ္ မင္းသမီး ျကြပါ ကြၽန္ေတာ္မ်ိဳးသင္ေပးပါ့မယ္ “

နန္းျပင္တြင္

“အ႐ွင့္သား မသင့္ေတာ္ဘူးလို႔ထင္တယ္ေနာ္”

“ဘာမသင့္ေတာ္ရမွာလဲ သင့္ေတာ္တယ္
လ်ွာမ႐ွည္နဲ႔ ဝင္မယ္လိုက္ခဲ့”

ကယ္ရီ မင္းသား ၃ဆြဲေခၚရာ ေဆာင္ၾကာၿမိဳင္ထဲသို႔ယက္ကန္ယက္ကန္နဲ႔ပါသြားသည္…အထဲေရာက္ေတာ့ သီးသန္႔ခန္းယူကာ ေသရည္ႏွင့္စားစရာမ်ားမွာလိုက္သည္

“ဒီကသခင္ေလးတို႔ ေသရည္တင္ပဲလား အလွေလးေတြေရာမပါဘူးလား”

မင္သား ၃မွ
“ဒါေပါ့ အလွေလးေတြမပါလို႔ဘယ္ျဖစ္မလဲ
ဒီဆိုင္မွာအလွဆံုးမိန္းကေလးေခၚခဲ့”

“ခဏပဲေစာင့္ပါ့ စိတ္တိုင္းက်ေစရမယ္သခင္ေလး”

“ယူခ်င္း ငါနဲ႔သူငယ္ခ်င္းလုပ္မလား”

“ဗ်ာ
မသင့္ေတာ္ပါဘူးမင္းသား”

“သင့္ေတာ္တာမသင့္ေတာ္တာငါဆံုးျဖတ္မယ္ လုပ္မွာလားမလုပ္ဘူးလားေျပာ
မလုပ္ရင္ႀကိဳးတုပ္ပီးေသရည္တိုက္မွာ ၿပီးရင္ဝူက်န္႔ကိုမင္းကတာဝန္ခ်ိန္မွာေသရည္မူးေနပါတယ္ဆိုၿပီးအျပစ္ေပးခံရေအာင္တိုင္မွာ”

“လုပ္….လုပ္ပါ့မယ္မင္းသား”

“ထ်န္းခယ္”

“ဗ်ာ”

“မင္းသားလို႔မေခၚနဲ႔ ထ်န္းခယ္လို႔ေျပာင္းေခၚ”

“ဟုတ္ကဲ့ ထ်န္းခယ္”

ထိုစဥ္ အခန္းထဲသို႔မိန္မလွေလးႏွစ္ေယာက္ဝင္လာပီး ကယ္ရီႏွင့္ထ်န္းခယ္ရင္ခြင္ထဲသို႔တိုးေဝွ့ဝင္လာၾကသည္

“အေမ့….ကြၽန္ေတာ့ကိုမထိနဲ႔ဗ်
ယား….ယားလို႔” ကယ္ရီ မ႐ွိတဲ့အေမကိုတလိုက္သည္ (AN-ကယ္ရီက မူလကမာၻမွာ မိဘမဲ့ပါေနာ္)

ကယ္ရီအနားမွ မိန္းမလွေလးက
“ခစ္ ခစ္ သခင္ေလးက အရမ္း႐ွက္တတ္တာပဲ
ေ႐ွာင္ဟြားက ဒီလိုမ်ိဳးမွသေဘာက်တာ
ေသရည္ေလးေသာက္လိုက္ပါအံုး သခင္ေလး “
ထိုမိန္းကေလးက ကယ္ရီအားခြက္ထဲသို႔ေသရည္မ်ားငွဲ႔ေပးသည္

System: “အရင္တစ္ခါကမူးပီး မစ္႐ွင္ေတြထုတ္ေျပာမိတာမမွတ္ေသးဘူးလား”

“ဘယ္သူက ေသာက္မယ္ေျပာေနလို႔လဲ
သူ႔ဟာသူလာငွဲ႔ေပးေနတာ မျမင္ဘူးလား”

ကယ္ရီ ထ်န္းခယ္အားလွမ္းၾကည့္လိုက္ေတာ့ ကိုယ္ေတာ္ေခ်ာက ေသရည္ေလးေသာက္လိုက္ ေဘးကမိန္းကေလးခြံ႔ေကြၽးတာေလးစားလိုက္နဲ႔ဇိမ္က်ေနသည္ မိမိမွာေတာ့ေဘးကေခြးကိုလည္းၾကည့္ရေသး လာလာဖက္ေနေသာမိန္းကေလးကိုလည္းျငင္းရေသး System ရဲ႕ျသဝါဒကိုလည္းနားေထာင္ရေသးႏွင့္အလုပ္မ်ားေနေတာ့သည္

ထ်န္းယြီ

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Unicode

System:” Host လုပ်နေတာမှန်ရောမှန်ရဲ့လား ကိုယ်အနေအထားကြီးကထူးဆန်းနေသလိုပဲနော်”

ဟုတ်ပါတယ် ညဖက်ကြီးလေ့ကျင့်ကွင်းထဲမှာ သိုင်းကွက်တွေကိုစမ်းတဝါးဝါးကျင့်ကြည့်နေတဲ့ ကယ်ရီပါ

“ငါလည်း ယူချင်းလုပ်သလိုလိုက်လုပ်ကြည့်တာပဲလေ…
အာ မသိတော့ဘူး ပြန်လဲပေးငါ့ကို ဂီတစွမ်းရည် နဲ့အတိုက်ခိုက်စွမ်းရည်”

System: “ဆုတောင်းလေ Hostရဲ့
မရွေးခင်ကတည်းကသေချာမေးတယ်လေ သူပဲငြိမ်းချမ်းရေးဖခင်ကြီးလိုလိုပုံစံနဲ့ရွေးခဲ့ပီးတော့”

“ဒါဆို ဂီတနဲ့တိုက်ခိုက်လို့ရတဲ့ပညာရှိတယ်မလား ငါဇာတ်ကားထဲမှာမြင်ဖူးတယ် အဲ့တာရှာပေး”

System: “ရှိတယ် ဒါပေမယ့် ဒီကမ္ဘာက ကျင့်ကြံရေးလောကမဟုတ်တဲ့အတွက် သုံးလို့မရဘူး “

“ဒါဆိုငါ ကိုယ်ရံတော်အဖြစ်ကနေနှုတ်ထွက်လိုက်ရင်ကောင်းမလား မစ်ရှင်က ယူရှင်းမိဘတွေကိုရှာရုံတင်မလား “

System: “နန်းတွင်းထဲဝင်ပြီးရင်ထွက်လို့ရတဲ့လမ်း တစ်လမ်းပဲရှိတယ် သေလမ်း”

“ဟိုဟာလည်းမရ ဒီဟာလည်းမရနဲ့
စိတ်ညစ်လိုက်တာ “
ကယ်ရီလေ့ကျင့်ကွင်းထောင့်ရှိသစ်ပင်အောက်တွင်လှဲချလိုက်သည်..ထို့​နောက် ​ဘေးနားမှာတွေ့တဲ့ သစ်ရွက်တစ်ရွက်အားကောက်၍ တေးသွားများစမ်းမှုတ်ကြည့်နေတော့သည်…

ဝူကျန့်အိပ်မ​ပျော်သဖြင့် ညဖက်လမ်းထွက်လျှောက်တုန်း လေ့ကျင့်ရေးကွင်းဖက်မှဂီတသံချိုချိုလေးအားကြားလိုက်ရသည်..။ သံစဉ်မှာအလွန်ဆန်းသစ်ပြီးနားဝင်ချိုလှသဖြင့် မိမိကိုယ်ကိုယ်တောင်သတိမထားမိဘဲ သစ်ပင်အောက်တွင် သစ်ရွက်လေးဖြင့်သံစဉ်များဖန်တီးနေသောသူအနားသို့ရောက်မှန်းမသိရောက်လာခဲ့သည်… ဂီတသံဆဲသွားမှ

“မင်းမှာဒီလိုပြောင်မြောက်လှတဲ့ဂီတစွမ်းရည်ရှိမှန်းငါစစ်သူကြီးမသိလိုက်ရပါလား”

ကယ်ရီအသံကြားရာသို့မော့ကြည့်ကာ အရိုသေပေးလိုက်ရင်း

“ကျွမ်းကျွမ်းကျင်ကျင်တော့မဟုတ်ပါဘူး စစ်သူကြီး “

“ဒါနဲ့ မင်းဒီရက်ပိုင်းပြောင်းလဲလာတယ်”

“ဗျာ”

“ငါပြောချင်တာက အရင်ထက်စကားပိုပြောလာတာကိုဆိုလိုတာ ဒီလိုပြောင်းလဲလာတာကောင်းတယ် ငါလည်းရေခဲတုံးကိုယ်ရံတော်မလိုချင်ဘူး “

“ဗျာ…ဟုတ်..ဟုတ်ကဲ့”

“နောက်တစ်ပတ်ဆိုရင် အိမ်ရှေ့စံရဲ့လက်ထပ်ပွဲရှိတယ်နော် ဒီလက်ထက်ပွဲကနှစ်နိုင်ငံချစ်ကြည်ရေးနဲ့သက်ဆိုင်နေလို့ လုံခြုံရေးကိုအထူးဂရုစိုက်ပါ အထူးသဖြင့် ဖန်းယွဲ့ပြည်”

“ဟုတ်ကဲ့ စစ်သူကြီး”

“သွားနားတော့ သက်သာလာတာမကြာသေးဘူးမလား တော်ကြာပြန်လဲနေမယ်”

“ဟီး….
ဒါဆိုကောင်းကောင်းအနားယူပါ စစ်သူကြီး” ကယ်ရီမိမိကိုယ်ကိုယ်တောင်သတိမထားမိလိုက်ဘဲ ဝူကျန့်အားပြုံးပြပြီးနောက်ထွက်သွားသည်…နောက်တွင်ကျန်ခဲ့သည့်ဝူကျန့်မှာတော့ အံသြမဆုံး

“ဒုတ်…ဒုတ်…ဒုတ်”
“တစ်ခါမှအပြုံးအရယ်မရှိတဲ့ ရေခဲတုံးကပြုံးပြသွားတယ် ယူချင်းကလေ “
ထို့နောက်သူ့ရင်ဖက်အားကိုင်ကာ
“ဒီနားကရော ဘာလို့ခုန်နေရတာလဲ
ညဖက်အေးလို့များလား”
(AN-ညဖက်အေးရင်နှလုံးခုန်တတ်တယ်နော် မှတ်ထားကြ)

တစ်ပတ်လုံးလုံးကယ်ရီမနက်ပိုင်းတွင် စစ်သူကြီးအနားနေကာ အလုပ်များကူညီပေးသည် မိမိကိုယ်တိုင်ကဘာမှမတတ်သော်လည်းဆရာကြီးပုံစုံဖြင့်တပ်သားများလေ့ကျင့်ရေးဆင်းသည်ကိုစောင့်ကြပ်ပေးရင်းသိုင်းကွက်များခိုးမှတ်ထားသည်…ညဖက်လူခြေတိတ်လျှင်ပြန်လေ့ကျင့်သည်..မူလယူချင်းကိုယ်ကသိုင်းကွက်များ ဓား​ရေးကွက်များနှင့်နေသားကျနေသောကြောင့် ကယ်ရီခက်ခက်ခဲခဲမလေ့ကျင့်ရချေ ….

တဖြေးဖြေး အိမ်ရှေ့စံ၏ထိမ်းမြားမည့်နေ့သိုရောက်ရှိလာခဲ့သည်..နန်းတော်ထဲတွင် နန်းတွင်းသူများ အထိန်းတော်များ ရဲမက်များအလုပ်ကိုယ်စီဖြင့်ရှုပ်နေကြသည်
ကယ်ရီဦးဆောင်သောတပ်ခွဲသည် မင်္ဂလာစင်မြင့်အနီးလုံခြုံရေးအားတာဝန်ယူထားရသည်… တိုင်းပြည်အသီးသီးမှ မင်းညီမင်းသားများ ကိုယ်စားလှယ်များ လက်ဆောင်များဖြင့်တဖွဲဖွဲရောက်ရှိလာကြသည် ရောက်ရှိလာသည့်ဧည်သည်များကို စစ်သူကြီးနှင့် မင်းသမီးတစ်ပါးကကြိုဆိုနေသည်..System ထံမှထပ်တိုးအချက်လက်အရထိုအမျိုးသမီးမှာ စစ်သူကြီးနှင့်စေ့စပ်ထားသော မင်းသမီး ၂ ထျန်းယွီ ဟုသိရသည် …ကယ်ရီအဝေးမှလှမ်းမြင်နေရသောကြောင့် ထိုမင်းသမီးရုပ်ကိုတော့သေချာမမြင်ခဲ့ရပေ..။
မူလယူချင်းမှတ်ဉာဏ်ထဲတွင် စစ်သူကြီး၊တပ်သားများနှင့် ဓားရေးကွက်များသာရှိသည်
“တော်တော်ပျင်းစရာကောင်းတဲ့လူ”

ကယ်ရီအခမ်းအနားထဲမှလူများအားအသေးစိတ်လိုက်ကြည့်နေတုန်း တစ်နေရာသို့အကြည့်ရောက်သွားသည်…၎င်းမှာ ခွေးကြီးပိုက်ကာမိမိအားပြုံးပြုံးကြီးကြည့်နေသော မင်းသား ၃… ထို့နောက်အမူအယာဖြင့်ပွဲပြီးလျှင်နန်းပြင်ထွက်ရန်အဖော်ခေါ်နေသည်..ကယ်ရီလည်းခေါင်းရမ်းကာအကြည့်မြန်မြန်လွှဲလိုက်သည်

“တစ်ခါဆိုလုံလောက်တယ် ငါအဲ့ခွေးကြီးပိုက်ပီးအရူးမင်းသားနောက်လျှောက်မလိုက်နိုင်ဘူး “

System: “ဟိုက မင်းသားနော်
တော်ကြာအပြစ်ပေးရင်ဘယ်လိုလုပ်မလဲ”

“ငါ့မှာ စစ်သူကြီးတစ်​ယောက်လုံးရှိတယ် မကြောက်ဘူး စစ်သူကြီးကမလိုက်ခိုင်းလို့လို့ပြောလိုက်ရင်ပြီးပြီ”

ထိမ်းမြားလက်ထပ်ပွဲသည်အောင်အောင်မြင်မြင်ဖြင့်ပြီးဆုံးခဲ့သည်…မင်းကြီးမှ ယုံအန်းမင်းသမီးအား အိမ်ရှေ့စံမိဖုရားဘွဲ့အပ်နှင်းလိုက်သည်

“ငါဒီနှစ်ယောက်မင်္ဂလာပွဲကိုမြင်ရလိမ့်မယ်လို့တကယ်မထင်ထားဘူး… ဟိုကမ္ဘာမှာရော သူတို့နှစ်ယောက်လက်ထပ်ဖြစ်လောက်လား ငါမထွက်လာခင်ကတော့ အကိုချင်းချိုး​နောက်ကို ယူရီ ပီကေလိုလိုက်ကပ်နေတာပဲ “

System: “level 3ရောက်ရင်တာဝန်ပီးဆုံးသွားတဲ့ကမ္ဘာရဲ့​နောက်ဆက်တွဲ​တွေကိုကြည့်လို့ရပါတယ်”

“အင်း…level 3 မြန်မြန်ရောက်အောင်လုပ်ရမယ်”

ကယ်ရီမသိလိုက်သည်က လက်ထပ်ပွဲကျင်းပနေသောအိမ်ရှေ့စံက သူ့အားတစ်ချိန်လုံး ခိုးကြည့်နေခဲ့သည်ကိုပင်

​နောက်တစ်​နေ့…
ကယ်ရီ လေ့ကျင့်ရေးကွင်းထဲတွင် တပ်သားများလေ့ကျင့်နေမှုအားကွပ်ကဲ​နေတုန်း

“ကိုယ်ရံတော်ယူ ကိုယ်ရံတော်ယူ”

“ဘာလဲ….ပြော”

“ဂိတ်ပေါက်မှာ ကိုယ်ရံတော်ယူကိုမင်းသား ၃လာရှာနေပါတယ်”

“ဘာ”
‘အဲ့ခွေးပိုက် နန်းပြင်ထွက်ဖို့ခေါ်အုံးမှာလားမသိဘူး စိတ်ညစ်တယ် ‘

ကယ်ရီဂိတ်ပေါက်ရောက်တော့ခွေးကြီးပွေ့ကာသူ့ဆီပြေးလာသော မင်းသား ၃

“ယူချင်း…ကိုယ်တော်တို့နန်းပြင်ထွက်ရအောင်”

“ကျွန်တော်မျိုးမအားပါဘူးမင်းသား
ကျွန်တော်မျိုးအစားတခြားတစ်ယောက်ကိုခေါ်သွားတာပိုသင့်တော်ပါလိမ့်မယ်”

“မရဘူး ​မောင်မင်းပဲလိုက်ခဲ့
ကလေး​လေးက မောင်မင်းနဲ့မှနေတာ
တခြားသူကိုပေးထိန်းခိုင်းတုန်းကဆို အရိုးတွေပေါ်တဲ့အထိကိုက်ပစ်တာ ဘယ်သူမှကိုယ်တော့ကလေးလေးကိုမထိန်းချင်ကြဘူး “

ထိုစဉ်
“မင်းသား ၃က ဘယ်လိုမျက်စိလည်လာပြီး စစ်ရေးလေ့ကျင့်ကွင်းဖက်ရောက်လာတာတုန်း “

“ဟာ…ဝူကျန့်
အမတော်လည်းပါလာတာလား “

ကယ်ရီ စစ်သူကြီးနှင်အတူပါလာသောမိန်းကလေးအားကြည့်လိုက်သောအခါ

“ဒါငါ့ကို ပါးရိုက်သွားတဲ့ ဟိုမိန်းမ မလား “

System: “Host ကမ္ဘာ​တွေ​ရောမပစ်နဲ့​လေ
ဟိုတစ်ယောက်က ဝမ်ဝမ် ဒီတစ်ယောက်က ထျန်းယွီလေ”

“ဒီကမ္ဘာမှာလည်း ထပ်စေ့စပ်ထားပြန်ပီလား ဒီတစ်ခါတော့ထပ်ပါးရိုက်မခံဘူးနော်”

System: “ဘယ်သူက Hostကိုအားအားနေလာရိုက်မှာမလို့လဲ”

ထျန်းခယ်မှ ကယ်ရီအားလက်ညှိုးထိုးကာ

“ဝူကျန်. ငါသူ့ကိုလိုချင်တယ်
ငါ့ကိုပေး”

“အဲ့လိုလုပ်လို့မရပါဘူးမင်းသား
ယူချင်းက ကျွန်တော်မျိုးအတွက်အရေးကြီးတဲ့သူပါ… အာ….ကျွန်တော်မျိုးဆိုလိုတာက သူကကျွန်တော်မျိုးကိုယ်ရံတော်ဖြစ်တဲ့အပြင် တပ်သားတွေကိုစစ်ရေးလေ့ကျင့်ပေးရတဲ့တာဝန်ပါယူထားရလို့ပါ သူမရှိလို့မဖြစ်ပါဘူး”

‘အေးလေဒီလောက်အရေးပါတဲ့ငါ့ကိုခွေးထိန်းခိုင်းချင်နေတဲ့အရူးမင်းသား’

“ဒါဆို ဒီနေ့တစ်ရက်ငှါး…
ရရမရရခေါ်သွားပြီ ဒါပဲ ” ကယ်ရီအား မင်းသား ၃ ဆွဲခေါ်သွားသည်

ဝူကျန့်နောက်ကလိုက်သွားမယ်အလုပ် မင်းသမီးယွီက လက်ဆွဲထားကာ

” ဒီမင်းသမီးကိုမြှားပစ်သင်ပေးဖို့ ခမည်းတော်မိန့်တော်မူလိုက်တာ မေ့သွားပီလားစစ်သူကြီး”

“ကျွန်တော်မျိုးတောင်းပန်ပါတယ် မင်းသမီး ကြွပါ ကျွန်တော်မျိုးသင်ပေးပါ့မယ် “

နန်းပြင်တွင်

“အရှင့်သား မသင့်တော်ဘူးလို့ထင်တယ်နော်”

“ဘာမသင့်တော်ရမှာလဲ သင့်တော်တယ်
လျှာမရှည်နဲ့ ဝင်မယ်လိုက်ခဲ့”

ကယ်ရီ မင်းသား ၃ဆွဲခေါ်ရာ ဆောင်ကြာမြိုင်ထဲသို့ယက်ကန်ယက်ကန်နဲ့ပါသွားသည်…အထဲရောက်တော့ သီးသန့်ခန်းယူကာ သေရည်နှင့်စားစရာများမှာလိုက်သည်

“ဒီကသခင်လေးတို့ သေရည်တင်ပဲလား အလှလေးတွေရောမပါဘူးလား”

မင်သား ၃မှ
“ဒါပေါ့ အလှလေးတွေမပါလို့ဘယ်ဖြစ်မလဲ
ဒီဆိုင်မှာအလှဆုံးမိန်းကလေးခေါ်ခဲ့”

“ခဏပဲစောင့်ပါ့ စိတ်တိုင်းကျစေရမယ်သခင်လေး”

“ယူချင်း ငါနဲ့သူငယ်ချင်းလုပ်မလား”

“ဗျာ
မသင့်တော်ပါဘူးမင်းသား”

“သင့်တော်တာမသင့်တော်တာငါဆုံးဖြတ်မယ် လုပ်မှာလားမလုပ်ဘူးလားပြော
မလုပ်ရင်ကြိုးတုပ်ပီးသေရည်တိုက်မှာ ပြီးရင်ဝူကျန့်ကိုမင်းကတာဝန်ချိန်မှာသေရည်မူးနေပါတယ်ဆိုပြီးအပြစ်ပေးခံရအောင်တိုင်မှာ”

“လုပ်….လုပ်ပါ့မယ်မင်းသား”

“ထျန်းခယ်”

“ဗျာ”

“မင်းသားလို့မခေါ်နဲ့ ထျန်းခယ်လို့ပြောင်းခေါ်”

“ဟုတ်ကဲ့ ထျန်းခယ်”

ထိုစဉ် အခန်းထဲသို့မိန်မလှလေးနှစ်ယောက်ဝင်လာပီး ကယ်ရီနှင့်ထျန်းခယ်ရင်ခွင်ထဲသို့တိုးဝှေ့ဝင်လာကြသည်

“အမေ့….ကျွန်တော့ကိုမထိနဲ့ဗျ
ယား….ယားလို့” ကယ်ရီ မရှိတဲ့အမေကိုတလိုက်သည် (AN-ကယ်ရီက မူလကမ္ဘာမှာ မိဘမဲ့ပါနော်)

ကယ်ရီအနားမှ မိန်းမလှလေးက
“ခစ် ခစ် သခင်လေးက အရမ်းရှက်တတ်တာပဲ
ရှောင်ဟွားက ဒီလိုမျိုးမှသဘောကျတာ
သေရည်လေးသောက်လိုက်ပါအုံး သခင်လေး “
ထိုမိန်းကလေးက ကယ်ရီအားခွက်ထဲသို့သေရည်များငှဲ့ပေးသည်

System: “အရင်တစ်ခါကမူးပီး မစ်ရှင်တွေထုတ်ပြောမိတာမမှတ်သေးဘူးလား”

“ဘယ်သူက သောက်မယ်ပြောနေလို့လဲ
သူ့ဟာသူလာငှဲ့ပေးနေတာ မမြင်ဘူးလား”

ကယ်ရီ ထျန်းခယ်အားလှမ်းကြည့်လိုက်တော့ ကိုယ်တော်ချောက သေရည်လေးသောက်လိုက် ဘေးကမိန်းကလေးခွံ့ကျွေးတာလေးစားလိုက်နဲ့ဇိမ်ကျနေသည် မိမိမှာတော့ဘေးကခွေးကိုလည်းကြည့်ရသေး လာလာဖက်နေသောမိန်းကလေးကိုလည်းငြင်းရသေး System ရဲ့သြဝါဒကိုလည်းနားထောင်ရသေးနှင့်အလုပ်များနေတော့သည်

ထျန်းယွီ

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Tags: read novel System 286 (On Going) Arc 2.4 (ယူခ်င္း), novel System 286 (On Going) Arc 2.4 (ယူခ်င္း), read System 286 (On Going) Arc 2.4 (ယူခ်င္း) online, System 286 (On Going) Arc 2.4 (ယူခ်င္း) chapter, System 286 (On Going) Arc 2.4 (ယူခ်င္း) high quality, System 286 (On Going) Arc 2.4 (ယူခ်င္း) light novel, ,

Comment

Leave a Reply

Chapter 27