System 286 (On Going) Arc 2 End (ယူချင်း)

All chapters are in System 286 (On Going)
A+ A-

Zawgyi ~








ကယ်ရီ: “……?”
…………………

ဝူကျန့်တစ်ယောက် မိမိအားတစ်ခွန်မှမပြောသွားဘဲ တစ်နေကုန်အရိပ်ပင်ရှာ၍မတွေ့သော ချစ်ရသူလေးအားနေရာအနှံ့လိုက်၍ရှာနေသည်

















“စောတီး စောတီး စောတီး”


…………………

.ရှုပ်သွားလား😅😅😅

Happy birthday to me 😉🎂

ၼ☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Unicode ~

System :”Host ကျွန်တော်ပြန်ရတော့မှာလား ဒီကမ္ဘာမှာနေခဲ့မှာသေချာပြီလား”

“ဖြေးဖြေးပေါ့ ဘာလို့အဲ့ဒီလောက်တောင်လောနေတာလား မင်းငါ့ကိုတော်တော်အမြင်ကတ်နေတာလား”

System: “ကျွန်တော်ကသူများတွေလို ချစ်ကြည်နူးနေချိန်မရှိဘူးဗျ Hostတာဝန်စွန့်လွှတ်လိုက်ရင် ကျွန်တော်ကတခြား Hostရှာပြီး မစ်ရှင်တွေလုပ်ခိုင်းရအုံးမယ်လေ”

“အဲ့တာဆိုမနက်ဖြန်မှသွားလေနော်”

System: “ဘာလဲ ကျွန်တော့ကိုမခွဲနိုင်လို့လား”

“ဒီနေ့ဝူကျန့်မွေးနေ့လေ သူ့ကို Suprise လုပ်ပေးချင်လို့ ငါတစ်ယောက်တည်းမလုပ်တတ်တော့ မင်းရှိနေမှဖြစ်မှာလေ အဲ့တာကြောင့် မနက်ဖြန်မှသွားနော် လိမ္မာပါတယ် System လေးက”

System: အသံတိတ်မျက်ရည်ကျကာ
“ကျွန်တော့မှာတော့ Host ကငါ့ကိုမခွဲနိုင်ဘူးထင်တယ်လို့တွေးပြီး ရင်ထဲထိသွားလိုက်ရတာ လတ်စသတ်တော့ ဝူကျန့်ကြောင့်ကို အဲ့တာကြောင့်ဒေတာတွေထဲမှာ အိုးထဲကဖိတ်ပြီးသားရေကိုပြန်ထည့်ဖို့မဖြစ်နိုင်ဘူးလို့ပြောတာကို ငါ့အိမ်ကဂေါ်ဖီထုတ်ဝက်တူးသွားပြီ ဗြဲ….”

ကယ်ရီ: “……?”
…………………

ဝူကျန့်တစ်ယောက် မိမိအားတစ်ခွန်မှမပြောသွားဘဲ တစ်နေကုန်အရိပ်ပင်ရှာ၍မတွေ့သော ချစ်ရသူလေးအားနေရာအနံ့ှလိုက်၍ရှာနေသည်
‘မပြောမဆိုနဲ့ တစ်နေကုန်ဘယ်တွေရောက်နေတာလဲချင်းအာရယ်’
ဝူကျန့် ဘယ်လိုမှရှာမတွေ့တဲ့အဆုံး အခန်းသို့ပြန်ကာ ယူချင်းပြန်အလာအားစောင့်နေလိုက်သည်

လေ့ကျင့်ကွင်းနှင့် အတန်ငယ်ဝေးသောတောင်ကုန်းတစ်နေရာတွင် ဧရာမလမုန့်ကြီးအား ကိတ်ဖြင့်အစားထိုးကာ တစ်ယောက်တည်းမွေးနေ့ပွဲစီစဉ်နေသောကယ်ရီ…

“ဒီလောက်ဆိုရလောက်ပြီထင်တယ်
ကိတ်အတွက်လည်းရပြီ အသားကင်လည်းရပြီ သောက်စရာလည်းရပြီ ပြည့်စုံပြီ”

System: “ဘယ်မှာလဲကိတ် လူရိုက်သတ်လို့ရတဲ့ လမုန့်ကြီးကဘယ်နားမှာကိတ်နဲ့သွားတူနေလို့လဲ”

“မရှည်နဲ့ ငါကိတ်ဆိုကိတ်လိုက်
ဒီခေတ်မှာ ငါကဘယ်နေရာကနေသွားရှာရမှာလဲ ဒီလမုန့်တောင်နေ့တစ်ပိုင်းလောက်စားဖိုဆောင်ကအဒေါ်ကိုအပူကပ်ပြီး အတင်းလုပ်ခိုင်းထားရတာ တော်ပြီမင်းနဲ့မပြောတော့ဘူး ဝူကျန့်ကိုပဲသွားခေါ်တော့မယ် ငါတစ်နေကုန်ပျောက်နေတာ သူစိတ်ပူနေလောက်ပြီ”

System: “အမြင်ကိုကတ်တယ်”

ကယ်ရီတက်ကြွစွာဖြင့် ဝူကျန့်၏အခန်းဆီဆို့ဦးတည်လာခဲ့သည် ထို့နောက်ဝူကျန့်အားအံ့သြအောင်ခြောက်မည်ဟူသောအကြံဖြင့် တံခါးအားအသာလေးဖွင့်လိုက်သောအခါ မထင်မှတ်ထားသည့်မြင်ကွင်းကဆီးကြိုနေခဲ့သည် ကယ်ရီဒေါသစိတ်ရော ဝမ်းနည်းစိတ်ပါပေါင်း၍နောက်သို့အမြန်ပြန်လှည့်ပြေးလာခဲ့သည် လမ်းတွင်တိုက်မိခဲ့သောလူအားလည်း ပြန်လှည့်ကြည့်မအား ခြေဦးတည်ရာသာပြေးနေမိသည် နောက်ဆုံးရောက်သွားသည့်နေရာကား တစ်ခါကထျန်းခယ်နှင့်အတူလာခဲ့ဖူးသောဆောင်ကြာမြိုင် ….

ကယ်ရီသေရည်များမှာကာတစ်ခွက်ပြီးတစ်ခွက်သောက်နေလေသည်

“သူကငါ့ကိုမချစ်ဘူးကွ…သူကငါ့ကိုကစားနေတာ…..အဟက်…..ငါဘာလို့အဲ့လောက်စောက်ဦးနောက်မရှိရတာလဲ…. ငါဘာလို့…ငါဘာလို့….”

System: “Hostအထင်လွဲတာလဲဖြစ်နေအုံးမယ်နော်”

“မင်းမမြင်ဘူးလား အခန်းထဲမှာသူတို့ဖြစ်ပျက်နေတာကို ငါကကန်းနေတာမှမဟုတ်တာ “

System ကယ်ရီပြောနေသည်များမှာအမှန်များဖြစ်နေသောကြောင့် မည်သို့နှစ်သိမ့်ပေးရမှန်းမသိတော့ပေ

ခပ်လှမ်းလှမ်းတွင်ရှိနေသောအပျော်မယ်များက

“အဲ့တစ်ယောက် ရူးနေတာလားမသိဘူး တစ်ယောက်တည်းစကားတွေပြောနေတယ်”

“သေရည်ဖိုးမရှင်းဘဲထွက်သွားအုံးမယ် နင်တို့သူ့ကိုသေချာကြည့်ထားကြနော်”

ထိုအခါနားပါးသောကယ်ရီက ဒယီးဒယိုင်ဖြင့်ထလာကာ ထိုမိန်းခလေးများကို

“ဘာလဲ မင်းတို့ကလည်းငါ့ကိုအထင်သေးတာလား ငါ့ကိုဘာထင်နေတာလဲ ရော့ပြန်မအမ်းနဲ့ အကုန်ယူလိုက်” ဟုဆိုကာခါးကြားတွင်ပါလာသောပိုက်ဆံအိတ်အားပစ်ပေးခဲ့လိုက်သည် ထို့နောက်ဆိုင်ပြင်သို့အထွက် လူတစ်ယောက်နှင့်ဝင်တိုက်မိသည်

“စောတီး စောတီး စောတီး”

ထိုလူက ကယ်ရီအားကြောင်ကြောင်ကြီးကြည့်နေရာ
“အာ…တောင်းပန်ပါတယ်လို့ပြောတာ
စောတီးဆိုတာ တောင်းပန်ပါတယ်လို့ပြောတာ မှတ်ထားနော် “
ကယ်ရီထွက်သွားသောအခါ ထိုလူလည်းဆိုင်ထဲသိုဝင်မည်အလုပ် လမ်းပေါ်တွင်ကျနေသောဆွဲကြိုးလေးအားကောက်ယူကာကြည့်လိုက်သည် ထို့နောက်နုတ်ခမ်းပေါ်တွင်ကျေနပ်အားရသောအပြုံးဖြင့် စောနကတိုက်မိခဲ့သောလူနောက်သို့လိုက်သွားခဲ့သည်

…………………

AN- ဟုတ်ကဲ့ တစ်ကယ် Arc2 Endပါ သင်မှားဖတ်မိတာမဟုတ်ပါဘူး🙂🙂🙂
စာမကျန်တော့ပါဘူး တကယ်ပြီးသွားတာပါ 🙂🙂🙂
ဒီworldကိုပေါ့တယ်လို့တော့မထင်ပါနဲ့ system ပြောတယ်မလား ဒီworldကလော့ကျနေတယ်လို့
ဆိုတော့က ဝူကျန့်နဲ့Arc 5 or 6မှာပြန်ဆုံကြတာပေါ့
ဆိုလိုတာက ပြီးသွားပေမယ့်တကယ်ကြီးမပြီးသေးပါဘူးလို့ ..ရှုပ်သွားလား😅😅😅

Btw ဒီနေ့က ဂျီဂျီရဲ့အသက်၂၁နှစ်ပြည့်မွေးနေ့ပါ
Happy birthday to me 😉🎂

်☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Tags: read novel System 286 (On Going) Arc 2 End (ယူချင်း), novel System 286 (On Going) Arc 2 End (ယူချင်း), read System 286 (On Going) Arc 2 End (ယူချင်း) online, System 286 (On Going) Arc 2 End (ယူချင်း) chapter, System 286 (On Going) Arc 2 End (ယူချင်း) high quality, System 286 (On Going) Arc 2 End (ယူချင်း) light novel, ,

Comment

Leave a Reply

Chapter 34