System 286 (On Going) Arc 3 (End)

All chapters are in System 286 (On Going)
A+ A-

Unicode ~

ကယ်ရီတို့အုပ်စု base နဲ့ခပ်လှမ်းလှမ်းတောင်အမြင့်ပေါ်တွင်နေရာယူထားကြသည် ကယ်ရီအသံမထွက်ဘဲမြို့အားအပေါ်စီးမှကြည့်နေခဲ့သည် ဟေးမက်စ်ကလည်းကယ်ရီတစ်ခုခုညွှန်းကြားမည်ကိုစောင့်မျှော်ရင်း ကယ်ရီအား ငြိမ်ငြိမ်လေးထိုင်ကြည့်နေသည် တခြားသူများကလည်းဘယ်တော့များဖောက်ခွဲရေးစတင်မလဲဟုသိချင်စိတ်ဖြင့် ဟေးမက်စ်အားဝိုင်းကြည့်လျက်ရှိသည် ကယ်ရီ System ထံမှ ဇွန်ဘီများသတ်မှတ်ထားသည့်ဆုံချက်သို့ရောက်ရှိလာပြီဆိုသောအသိပေးချက်အား ရရှိပြီးနောက်တွင် တခြားသူများအား တပ်ဆင်ထားသည့်ဗုံးများကိုဖောက်ခွဲရန်ပြောလိုက်သည်

“အခုပဲ”

တခြားသူများကလည်းသဘောပေါက်ကာ အဝေးထိန်းခလုပ်အားအသီးသီးနှိပ်လိုက်ကြသည် ဇုံ A တစ်ခုလုံးပေါက်ကွဲသံများဖုံးလွှမ်းကာ ပိုက်လိုင်းတစ်လျှောက်ရှိမြေများပြိုကျသွားသည် ပေါက်ကွဲရာမှထွက်ပေါ်လာသော တုန်ခါမှုလှိုင်းသည်ကယ်ရီတို့ရှိနေသည့် တောင်နားထိပါရောက်ရှိခဲ့သည် ပေါက်ကွဲရာလမ်းတစ်လျှောက်တွင်လည်း ဇွန်ဘီများ၏ကိုယ်ခန္ဓာအပိုင်းစများပြန့်ကျဲကာ သွေးများလွှမ်းနေသည့်မြင်ကွင်းမှာလွန်စွာကြောက်စရာကောင်းလှသည်
မှန်ဘီလူးဖြင့်အဝေးသို့လှမ်းကြည့်နေသောမိုချီတစ်ယောက် မှန်ဘီလူးအားလွှတ်ချကာ

“အယ်မလေး ကံကောင်းလို့
ဇန့်ကြောင့်သာမဟုတ်ရင်ဒီချိန်ကျွန်တော်တို့ယမမင်းဆီမှာအင်တာဗျူး ဖြေနေရလောက်ပြီ ”
မိုချီ ဇန်အားပြေးဖက်ကာ လွန်ကဲနေသောလုပ်ယူအသံဖြင့် “ဒီချိန်ကစ ပြီး မင်းကငါ့ဘဝရဲ့ဟီးရိုးပဲဇန် ငါ့ကိုယ်ငါမင်းဆီကိုအပိုင်ပေးလိုက်ပြီ “

ကျန်တဲ့သူများကလည်း မိုချီ၏သရုပ်ဆောင်မှုကြောင့် ဗိုက်နှိပ်ကာအော်ရယ်နေကြသည် ဂျိတ်ခ်လည်းကယ်ရီအားဖက်သောမိုချီကိုနားရွက်မှဆွဲခေါ်လာကာ
“ဘာရယ်….အပိုင်ပေးလိုက်ပြီဟုတ်လား မင်းအသက်ဘယ်လောက်ရှိနေလို့ဒီစကားတွေပြောနေရတာလဲ”

“အား…အား…အား
ဂျိတ်ခ်ရ နာတယ်ဗျ ကျွန်တော်ကအားလုံးစိတ်ပင်ပန်းနေကြမယ်ထင်လို့ဟာသပြောတာလေ သူများတွေရီနေတာမမြင်ဘူးလား ဟွန့် “
ဂျိတ်ခ်လည်းဘာမှမပြောဘဲ တစ်ဖက်သို့အကြည့်လွှဲသွားသည်

ကယ်ရီလည်း System ထံမှမစ်ရှင်ပြီးမြောက်ကြောင်း အကြောင်းကြားချက်ရရှိလိုက်သည်
System: ” Host မစ်ရှင်ပြီးမြောက်သွားပါပြီ
ဒီကမ္ဘာကထွက်ပြီးနောက်မစ်ရှင်ထမ်းဆောင်ပါမည်လား ဒါမှမဟုတ် ဒီကမ္ဘာမှာအပြီးတိုင်နေခဲ့ချင်ပါသလား “

“နောက်မစ်ရှင်ထပ်လုပ်ကြတာပေါ့ မသွားခင်ည၁၂နာရီထိ အချိန်ရသေးတယ်မလား ပထမကမ္ဘာတုန်းကမင်းပြောဖူးတယ်မလား”

system: ” အဲ့တုန်းကမနက်ပိုင်းမှာ မစ်ရှင်ပြီးခဲ့တာလေ အဲ့တာကြောင့် ည၁၂နာရီထိအချိန်ပိုနေခွင့်ရခဲ့တယ် အခုကညလေHostရဲ့ ဒါ့ကြောင့်နေ့လည့်၁၂နာရီထိ Host နေခွင့်ရှိပါမယ် အချိန်ပိုနေပြီးဘာလုပ်မလို့လဲ Host”

“ထွက်သွားမဲ့အတူတူ ပျော်စရာလေးလုပ်သွားရင်မကောင်းဘူးလား ဘာပဲဖြစ်ဖြစ်ငါထွက်သွားတာနဲ့ဒီကိုယ်လည်းအသက်မဲ့သွားမှာမလား “

System: ” Host ဘာတွေလျှောက်လုပ်မလို့လဲ “

ကယ်ရီပြန်မဖြေဘဲ ခန့်မှန်းရခက်သောအပြုံးသာပြုံးနေခဲ့သည် base သို့ပြန်ရောက်သောအခါ ဟေးမက်စ်သည်ကွင်းပြင်ထဲတွင်လူများစုဝေးစေကာ ကယ်ရီ၏လုပ်ဆောင်ချက်များအားကြေငြာပေးကာချီးမွမ်းဂုဏ်ပြုခဲ့သည် တခြားသူများကလည်း ကယ်ရီအားဝိုင်းဝန်းကျေးဇူးတင်ကြတော့သည် ကယ်ရီကြောင့်သာမဟုတ်ပါက base မှာမည်သို့ဖြစ်ပျက်သွားမည့်အကြောင်းကို လူတိုင်းရှင်းလင်းစွာသိရှိနေခဲ့သည် ထို့ကြောင့်လူတိုင်း၏စိတ်ထဲတွင် ကယ်ရီသည်သူတို့၏ကျေးဇူးရှင်တစ်ယောက်ဟုမှတ်ယူထားကြတော့သည်

ကယ်ရီအားလုံးကိုနှုတ်ဆက်ပြီးအခန်းပြန်ရောက်တော့ မိုးတောင်လင်းနေခဲ့ပြီဖြစ်သည် ကယ်ရီလည်းသက်ပျင်းချကာ
“ခဏအိပ်မလို့ပါဆို အချိန်ကမလောက်တော့ဘူး spaceရောက်မှပဲအိပ်တော့မယ် အခုတော့ပျော်စရာလေးလုပ်ကြတာပေါ့ “

System: “ဒီကမ္ဘာရဲ့ဇာတ်လိုက်တွေကိုသတ်ခွင့်မရှိဘူးနော် Host မဟုတ်တာတွေလျှောက်မလုပ်နဲ့ “

“ပြောမိလား သူတို့ကိုသတ်ပါမယ်လို့ “

System: “ဘယ်သိမှာလဲ
Host ရုပ်ကြီးကကြောက်စရာကြီးဖြစ်နေတာကို ကျွန်တော်မှားလား “

ကယ်ရီလည်းဆက်မငြင်းတော့ဘဲ
“ဇာတ်လိုက်မကိုဘယ်နေရာမှာချုပ်ထားလည်း ရှာပေး “

System: ” ဘာလုပ်မလို့လဲ “

” ဘာလုပ်လုပ်ပေါ့ မရှည်နဲ့ရှာဆိုရှာပေး “
၅မိနစ်လောက် System ထံမှအသံမကြားသောအခါ
” ဘာလို့တိတ်သွားတာလဲ “

System: ” Host ကဆိုးလာပြီ”

“???”

System: ” အရင်လိုကျွန်တော့စကားလည်းနားမထောင်တော့ဘူး ကျွန်တော်မေးတာလည်းမဖြေတော့ဘူး “

“…..”

System: ” Host အခုလိုဆိုးသွားတာ ကျွန်တော့ကြောင့် ကျွန်တော်သွန်သင်မှုညံ့ဖျင်းလို့ အခုလိုတွေဖြစ်ရတာ “

ကယ်ရီအစကတော့အကောင်းမှတ်ပြီးနားထောင်နေသော်လည်း နောက်ပိုင်းနားထောင်ရသည်မှာကန့်လန့်ဖြစ်လာသောကြောင့်

“တိတ်လိုက်တော့အခု ရှာခိုင်းတာသာရှာပေး “

System: ” ဟွန့် လုံးဝမပြောနိုင်ဘူး
သိချင်ရင်ကိုယ့်ဟာကိုယ်ရှာ  မြေအောက်ခန်းထဲမှာချုပ်ထားတာကို Host ရှာလို့မတွေ့စေရဘူး “

ခဏကြာသော် ကယ်ရီလည်း System ရှာမရစေရဘူးလို့ပြောသည့် မြေအောက်ခန်းရှေ့သို့ရောက်လာခဲ့သည်
ထို့နောက်အစောင့်တာဝန်ကျနေသောသူအား မိမိစောင့်ပေးမည်ဟုပြောကာပြန်နားခိုင်းလိုက်သည် Base ထဲတွင်ဇန်အားမသိတဲ့သူမရှိသည့်အတွက်ကြောင့်အစောင့်ကျနေသောသူကလည်း သံသရကင်းကင်းဖြင့်ထားခဲ့သည် မြေအောက်ထဲတွင် အချုပ်ခန်းစုစုပေါင်းလေးခန်းရှိသည် အယ်လ်မီကမိန်ကလေးတစ်ဦးဖြစ်သောကြောင့်သီးသန့်တစ်ခန်း၌ချုပ်ထားသည် ကယ်ရီလည်းသူမအားချုပ်ထားသည့်အခန်းထဲသို့ ဝင်သွားလိုက်သည် ကယ်ရီအားမြင်သောအခါ
အတင်းထကာ
” ဇန်…တို့ကိုကယ်ပါအုံး တို့ကအပြစ်ကင်းပါတယ် တို့ကိုအထင်မလွဲပါနဲ့နော် မစ္စတာဝူကတို့ကိုအတင်းခေါ်လာတာပါ တို့ကိုလွှတ်ပေးပါနော် “

ကယ်ရီလည်းဝေခွဲရခက်သောမျက်နှာဖြင့်
“ဒါပေမယ့် “

“မင်းတို့ကိုချစ်တယ်မလား
ဟုတ်ပါတယ် မင်းတို့ကိုချစ်ပါတယ်
ဒီကနေထွက်သွားပြီး လုံခြုံရတဲ့နေရာတစ်ခုရှာပြီး တို့နဲ့မင်းနှစ်ယောက်အတူတူနေသွားကြမယ်လေ ….ဟင်
တို့အကြံမကောင်းဘူးလားဇန် “

“ကောင်းပါပြီ ကျွန်တော်တို့အတူတူနေကြမယ်နော်
လောလောဆယ် အယ်လ်မီဗိုက်ဆာနေမှာပေါ့ ကျွန်တော့မုန့်နဲ့အချိုရည်ယူလာခဲ့တယ် အရင်စားလိုက်ပါအုံး “

အယ်လ်မီလည်း အချုပ်ခံထားရကတည်းကဘာမှမစားရသေးသောကြောင့် ယူလာ ပေးသည့်မုန့်များကိုအငမ်းမရစားနေခဲ့သည် ခဏကြာသော် အယ်လ်မီခန္ဓာကိုယ်သည်ထူးဆန်းလာခဲ့သည်
“မင်း..မင်း..တို့ ကို ဘာ လုပ် လိုက် တာ လဲ ”

ကယ်ရီလည်း အပြစ်ကင်းစင်သောအပြုံးလေးဖြင့်အနားသွားတာ “ဘာဖြစ်လို့လဲ စကားပြောရတာလေးလာလို့လား ဒါမှမဟုတ်တစ်ခုခုကိုစုတ်ဖြဲကိုက်စားချင်စိတ်တွေပေါက်လာလို့လား ဒါမှမဟုတ် အမြင်အာရုံတွေများဝါးလားလို့လား “

” မင်း…မင်း “

~ဖြောင်း~ ကယ်ရီ အယ်လ်မီပါးအားရိုက်လိုက်သည်

“နာလား…ကြည့်ရတာနာပုံမရဘူး
ဒါတွေအားလုံးက ဘာလက္ခဏာလည်းသိချင်လား “

အယ်လ်မီချက်ချင်းသဘောပေါက်သွားကာ ကယ်ရီအားသတ်ချင်ဖြတ်ချင်သောမျက်လုံးများနှင့်စိုက်ကြည့်ကာ ပါးစပ်မှလည်းဝူးဝူးဝါးဝါးပြောနေခဲ့သည်

“အိုး…ကြည့်ရတာစကားတောင်မပြောနိုင်တော့ဘူး
စိတ်မကောင်းပါဘူးဗျာ ရော့ ရော့ စိတ်ဆိုးပြေအောင်ကျွန်တော့လက်ကိုကိုက်လိုက် “ဟုဆိုကာ ကယ်ရီ အယ်လ်မီ၏ ပါးစပ်နားသို့သူ၏လက်အားထိုးပေးလိုက်သည်

System:” Host ဘာတွေလျှောက် လုပ်နေတာလဲ “

“ငါသူကိုမသတ်ဘူးလေ ဇွန်ဘီအဖြစ်ပဲပြောင်းပေးလိုက်တာနော် စည်းမျဥ်းနဲ့ညီတယ် “

ထိုချိန်တွင် ဇွန်ဘီအဖြစ်တဖြေးဖြေးပြောင်းသွားသော အယ်လ်မီသည် ကယ်ရီလက်အားကိုက်ချလိုက်သည် ကယ်ရီလည်း အယ်လ်မီ၏ ပါးရိုးမှကိုင်ညှစ်ကာ
” ဒီလောက်ကိုက်ရရင် ကျေနပ်တော့
ကျွန်တော်ကအသားနာတာကိုမကြိုက်ဘူးဗျ လွှတ်ပေးတော့ ”
အယ်လ်မီ လည်းအသိစိတ်မရှိတော့သဖြင့် ကယ်ရီ၏လက်အားသဲကြီးမဲကြီး ကိုက်ကာထားသည်
ကယ်ရီလေသံချိုချိုလေးဖြင့်
“လွှတ်လို့ပြောတုန်းလွှတ်တာပိုကောင်းမယ် နောက်တော့မှကျွန်တော့ကိုအပြစ်မတင်နဲ့နော် ”
ထို့နောက်တွင် အောက်မေးရိုးအား အားထည့်ပြီးဆွဲချိုးပြစ်လိုက်သည် အောက်မေးရိုးကျိုးသွားသောကြောင့် အယ်လ်မီ ကယ်ရီ၏လက်အားဆက်လက်၍ကိုက်ထားနိုင်စွမ်းမရှိတော့ပေ ကယ်ရီသူမအားအခန်းထဲတွင်ပိတ်ထားခဲ့ကာ မြေအောက်ခန်းမှထွက်လာခဲ့သည် ထို့နောက်အနီးတွင်ရှိသောသူတစ်ယောက်အားလှမ်းခေါ်ကာ အကျဥ်းသားတစ်ယောက်ဇွန်ဘီဖြစ်သွားသည့်အကြောင်း ခေါင်းဆောင်အားသတင်းပို့ခိုင်းလိုက်သည် ထို့နောက်တွင် ကယ်ရီမိမိ၏အခန်းသို့ပြန်လာခဲ့သည်

“ငါဘယ်လိုသေရင်ကောင်းမလဲ
သေနတ်နဲ့သတ်သေရမလား ဓားနဲ့သတ်သေရမလား
ဘယ်လိုမျိုးသေရင်အဲ့လူခံစားရလောက်လဲ “

System: ” Host မကောင်းဘူး “

“ငါကရော ငါ့ကိုယ်ငါကောင်းပါတယ်လို့ပြောမိလို့လား
မြန်မြန်ပြော မကြာခင်သူလိုက်လာတော့မယ် “

System: “သူကဘာဖြစ်လို့လိုက်လာမှာလဲ “

“စောနသူ့ကိုအကြောင်းကြားခိုင်းလိုက်တယ်လေ တကယ်လို့ သူသာသွားစစ်ပြီးရင် အဲ့ဒီကိုငါလာသွားမှန်းသူသိမှာပဲလေ ဇာတ်လိုက်မရဲ့ပါးစပ်မှာရော အခန်းထဲမှာပါငါ့သွေးတွေကျန်နေခဲ့တာပဲ သူအဲ့ဒီလောက်မအဘူးထင်တာပဲ အဲ့တာပြီးတာနဲ့သူငါ့အခန်းကိုလိုက်လာလိမ့်မယ် သူကိုကြိုနေမှာကငါရဲ့အလောင်းဆိုရင်…..
ဘယ်လိုလဲသူခံစားရလောက်လား “

System: “Host ဘာလို့အဲ့လောက်ရက်စက်ချင်ရတာလဲ Host ကအဲ့လိုလူမျိုးမဟုတ်ဘူးလေ ဟေးမက်စ်ကအပြစ်ကင်းပါတယ် Host ကိုနာကျင်စေခဲ့တာသူမဟုတ်ဘူးလေ အရင်လိုပဲပြန်နေပေးလို့မရဘူးလားဟင် အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ Hostအဖြစ်လေ”

ထိုခဏတွင် ကယ်ရီတွေဝေသွားသည် ထို့နောက်တွင်တစ်ခုခုကိုဆုံးဖြတ်လိုက်ကာ အပြင်သို့ထွက်သွားခဲ့သည် ကယ်ရီထွက်သွားပြီးခဏအကြာတွင် အခန်းထဲသို့  ဟေးမက်စ်တစ်ယောက် ဝရုန်းသုန်းကားပြေးလာခဲ့သည် အခန်းထဲတွင်ကြိုတင်စီစဥ်ထားသလိုကယ်ရီ၏အလောင်းကားရှိမနေခဲ့ပေ သို့သော်အခန်းထောင့်တွင်လုံးထွေးကာချွတ်ထားသောသွေးစိုအင်္ကျီတစ်ထည်သာရှိနေခဲ့သည်

…………..

System:”ပြန်လည်ကြိုဆိုပါတယ် Host
ရမှတ်တွေကိုပေါင်းထည့်ပေးပါမယ် “

အမည် -ကယ်ရီ
Level-2
Point-2000
တတ်မြောက်သောပညာရပ်-ဂီတစွမ်းရည်,အတိုက်ခိုက်စွမ်းရည်
တာဝန်ထမ်းဆောင်ပြီးသောကမ္ဘာအရေတွက်-3

သင်ယူနိုင်သောစွမ်းရည်များ – hacking စွမ်းရည်, အချက်အပြုတ်စွမ်းရည်,အကစွမ်းရည်

“Hacking “

System: “Hacking စွမ်းရည်ထည့်သွင်းနေပါသည်
1%…21%…48%…69%…81%…100%
အောင်မြင်စွာထည့်သွင်းပြီးပါပြီ “

“ခဏနားအုံးမယ် ငါပင်ပန်းနေလို့”

System: “ကောင်းပါပြီ Host “

ခဏကြာသော် Hacking skill ထည့်သွင်းထားသော ကယ်ရီတစ်ယောက်ဓားပျံများတစ်ဝှီးဝှီးစီးနေသော ကျင့်ကြံရေးလောကသို့ရောက်ရှိသွားလေတော့သည်

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

AN- တန်းလန်းကြီးလို့မထင်ပါနဲ့နော်
Level 3 ရောက်တာနဲ့ Arc 1,2,3 တန်းလန်းဖြစ်နေတဲ့ဟာတွေအကုန်ဖြည့်ပေးပါမယ်လို့ 🤧
ဒါနဲ့လေ ဂျီဂျီက MC ကို အစပိုင်းမှာအေးအေးလေးကနေတစ်ဖြေးဖြေးပျော်ရွှင်လာပြီးအထင်လွဲမှုတစ်ခုကြောင့်သွေးအေးသွားတဲ့ပုံစံမျိုးရေးချင်ခဲ့တာပါ ကာရိုက်တာစရိုက်ကတောရောက်တောင်ရောက်နဲ့သေချာပုံမပေါ်လာခဲ့ရင်တော့ ပုံပေါ်အောင်မရေးတတ်တဲ့ဂျီဂျီရဲ့အမှားပါ System 286ကပထမဆုံးရေးဖူးတဲ့ Ficမလို့လိုအပ်ချက်တွေအများကြီးရှိတာလည်းသိပါတယ် အားလုံးရေးပြီးသွားမှအစကနေပြန်ပြင်တော့မယ် ဂျီဂျီကအရမ်းပျင်းလို့ပါ 😅

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Zawgyi~

ကယ္ရီတို႔အုပ္စု base နဲ႕ခပ္လွမ္းလွမ္းေတာင္အျမင့္ေပၚတြင္ေနရာယူထားၾကသည္ ကယ္ရီအသံမထြက္ဘဲၿမိဳ႕အားအေပၚစီးမွၾကည့္ေနခဲ့သည္ ေဟးမက္စ္ကလည္းကယ္ရီတစ္ခုခုၫႊန္းၾကားမည္ကိုေစာင့္ေမွ်ာ္ရင္း ကယ္ရီအား ၿငိမ္ၿငိမ္ေလးထိုင္ၾကည့္ေနသည္ တျခားသူမ်ားကလည္းဘယ္ေတာ့မ်ားေဖာက္ခြဲေရးစတင္မလဲဟုသိခ်င္စိတ္ျဖင့္ ေဟးမက္စ္အားဝိုင္းၾကည့္လ်က္ရွိသည္ ကယ္ရီ System ထံမွ ဇြန္ဘီမ်ားသတ္မွတ္ထားသည့္ဆုံခ်က္သို႔ေရာက္ရွိလာၿပီဆိုေသာအသိေပးခ်က္အား ရရွိၿပီးေနာက္တြင္ တျခားသူမ်ားအား တပ္ဆင္ထားသည့္ဗုံးမ်ားကိုေဖာက္ခြဲရန္ေျပာလိုက္သည္

“အခုပဲ”

တျခားသူမ်ားကလည္းသေဘာေပါက္ကာ အေဝးထိန္းခလုပ္အားအသီးသီးႏွိပ္လိုက္ၾကသည္ ဇုံ A တစ္ခုလုံးေပါက္ကြဲသံမ်ားဖုံးလႊမ္းကာ ပိုက္လိုင္းတစ္ေလွ်ာက္ရွိေျမမ်ားၿပိဳက်သြားသည္ ေပါက္ကြဲရာမွထြက္ေပၚလာေသာ တုန္ခါမႈလွိုင္းသည္ကယ္ရီတို႔ရွိေနသည့္ ေတာင္နားထိပါေရာက္ရွိခဲ့သည္ ေပါက္ကြဲရာလမ္းတစ္ေလွ်ာက္တြင္လည္း ဇြန္ဘီမ်ား၏ကိုယ္ခႏၶာအပိုင္းစမ်ားျပန့္က်ဲကာ ေသြးမ်ားလႊမ္းေနသည့္ျမင္ကြင္းမွာလြန္စြာေၾကာက္စရာေကာင္းလွသည္
မွန္ဘီလူးျဖင့္အေဝးသို႔လွမ္းၾကည့္ေနေသာမိုခ်ီတစ္ေယာက္ မွန္ဘီလူးအားလႊတ္ခ်ကာ

“အယ္မေလး ကံေကာင္းလို႔
ဇန့္ေၾကာင့္သာမဟုတ္ရင္ဒီခ်ိန္ကြၽန္ေတာ္တို႔ယမမင္းဆီမွာအင္တာဗ်ဴး ေျဖေနရေလာက္ၿပီ ”
မိုခ်ီ ဇန္အားေျပးဖက္ကာ လြန္ကဲေနေသာလုပ္ယူအသံျဖင့္ “ဒီခ်ိန္ကစ ၿပီး မင္းကငါ့ဘဝရဲ႕ဟီးရိုးပဲဇန္ ငါ့ကိုယ္ငါမင္းဆီကိုအပိုင္ေပးလိုက္ၿပီ “

က်န္တဲ့သူမ်ားကလည္း မိုခ်ီ၏သ႐ုပ္ေဆာင္မႈေၾကာင့္ ဗိုက္ႏွိပ္ကာေအာ္ရယ္ေနၾကသည္ ဂ်ိတ္ခ္လည္းကယ္ရီအားဖက္ေသာမိုခ်ီကိုနား႐ြက္မွဆြဲေခၚလာကာ
“ဘာရယ္….အပိုင္ေပးလိုက္ၿပီဟုတ္လား မင္းအသက္ဘယ္ေလာက္ရွိေနလို႔ဒီစကားေတြေျပာေနရတာလဲ”

“အား…အား…အား
ဂ်ိတ္ခ္ရ နာတယ္ဗ် ကြၽန္ေတာ္ကအားလုံးစိတ္ပင္ပန္းေနၾကမယ္ထင္လို႔ဟာသေျပာတာေလ သူမ်ားေတြရီေနတာမျမင္ဘူးလား ဟြန့္ “
ဂ်ိတ္ခ္လည္းဘာမွမေျပာဘဲ တစ္ဖက္သို႔အၾကည့္လႊဲသြားသည္

ကယ္ရီလည္း System ထံမွမစ္ရွင္ၿပီးေျမာက္ေၾကာင္း အေၾကာင္းၾကားခ်က္ရရွိလိုက္သည္
System: ” Host မစ္ရွင္ၿပီးေျမာက္သြားပါၿပီ
ဒီကမၻာကထြက္ၿပီးေနာက္မစ္ရွင္ထမ္းေဆာင္ပါမည္လား ဒါမွမဟုတ္ ဒီကမၻာမွာအၿပီးတိုင္ေနခဲ့ခ်င္ပါသလား “

“ေနာက္မစ္ရွင္ထပ္လုပ္ၾကတာေပါ့ မသြားခင္ည၁၂နာရီထိ အခ်ိန္ရေသးတယ္မလား ပထမကမၻာတုန္းကမင္းေျပာဖူးတယ္မလား”

system: ” အဲ့တုန္းကမနက္ပိုင္းမွာ မစ္ရွင္ၿပီးခဲ့တာေလ အဲ့တာေၾကာင့္ ည၁၂နာရီထိအခ်ိန္ပိုေနခြင့္ရခဲ့တယ္ အခုကညေလHostရဲ႕ ဒါ့ေၾကာင့္ေန႕လည့္၁၂နာရီထိ Host ေနခြင့္ရွိပါမယ္ အခ်ိန္ပိုေနၿပီးဘာလုပ္မလို႔လဲ Host”

“ထြက္သြားမဲ့အတူတူ ေပ်ာ္စရာေလးလုပ္သြားရင္မေကာင္းဘူးလား ဘာပဲျဖစ္ျဖစ္ငါထြက္သြားတာနဲ႕ဒီကိုယ္လည္းအသက္မဲ့သြားမွာမလား “

System: ” Host ဘာေတြေလွ်ာက္လုပ္မလို႔လဲ “

ကယ္ရီျပန္မေျဖဘဲ ခန့္မွန္းရခက္ေသာအၿပဳံးသာၿပဳံးေနခဲ့သည္ base သို႔ျပန္ေရာက္ေသာအခါ ေဟးမက္စ္သည္ကြင္းျပင္ထဲတြင္လူမ်ားစုေဝးေစကာ ကယ္ရီ၏လုပ္ေဆာင္ခ်က္မ်ားအားေၾကျငာေပးကာခ်ီးမြမ္းဂုဏ္ျပဳခဲ့သည္ တျခားသူမ်ားကလည္း ကယ္ရီအားဝိုင္းဝန္းေက်းဇူးတင္ၾကေတာ့သည္ ကယ္ရီေၾကာင့္သာမဟုတ္ပါက base မွာမည္သို႔ျဖစ္ပ်က္သြားမည့္အေၾကာင္းကို လူတိုင္းရွင္းလင္းစြာသိရွိေနခဲ့သည္ ထို႔ေၾကာင့္လူတိုင္း၏စိတ္ထဲတြင္ ကယ္ရီသည္သူတို႔၏ေက်းဇူးရွင္တစ္ေယာက္ဟုမွတ္ယူထားၾကေတာ့သည္

ကယ္ရီအားလုံးကိုႏႈတ္ဆက္ၿပီးအခန္းျပန္ေရာက္ေတာ့ မိုးေတာင္လင္းေနခဲ့ၿပီျဖစ္သည္ ကယ္ရီလည္းသက္ပ်င္းခ်ကာ
“ခဏအိပ္မလို႔ပါဆို အခ်ိန္ကမေလာက္ေတာ့ဘူး spaceေရာက္မွပဲအိပ္ေတာ့မယ္ အခုေတာ့ေပ်ာ္စရာေလးလုပ္ၾကတာေပါ့ “

System: “ဒီကမၻာရဲ႕ဇာတ္လိုက္ေတြကိုသတ္ခြင့္မရွိဘူးေနာ္ Host မဟုတ္တာေတြေလွ်ာက္မလုပ္နဲ႕ “

“ေျပာမိလား သူတို႔ကိုသတ္ပါမယ္လို႔ “

System: “ဘယ္သိမွာလဲ
Host ႐ုပ္ႀကီးကေၾကာက္စရာႀကီးျဖစ္ေနတာကို ကြၽန္ေတာ္မွားလား “

ကယ္ရီလည္းဆက္မျငင္းေတာ့ဘဲ
“ဇာတ္လိုက္မကိုဘယ္ေနရာမွာခ်ဳပ္ထားလည္း ရွာေပး “

System: ” ဘာလုပ္မလို႔လဲ “

” ဘာလုပ္လုပ္ေပါ့ မရွည္နဲ႕ရွာဆိုရွာေပး “
၅မိနစ္ေလာက္ System ထံမွအသံမၾကားေသာအခါ
” ဘာလို႔တိတ္သြားတာလဲ “

System: ” Host ကဆိုးလာၿပီ”

“???”

System: ” အရင္လိုကြၽန္ေတာ့စကားလည္းနားမေထာင္ေတာ့ဘူး ကြၽန္ေတာ္ေမးတာလည္းမေျဖေတာ့ဘူး “

“…..”

System: ” Host အခုလိုဆိုးသြားတာ ကြၽန္ေတာ့ေၾကာင့္ ကြၽန္ေတာ္သြန္သင္မႈညံဖ်င္းလို႔ အခုလိုေတြျဖစ္ရတာ “

ကယ္ရီအစကေတာ့အေကာင္းမွတ္ၿပီးနားေထာင္ေနေသာ္လည္း ေနာက္ပိုင္းနားေထာင္ရသည္မွာကန့္လန့္ျဖစ္လာေသာေၾကာင့္

“တိတ္လိုက္ေတာ့အခု ရွာခိုင္းတာသာရွာေပး “

System: ” ဟြန့္ လုံးဝမေျပာနိုင္ဘူး
သိခ်င္ရင္ကိုယ့္ဟာကိုယ္ရွာ  ေျမေအာက္ခန္းထဲမွာခ်ဳပ္ထားတာကို Host ရွာလို႔မေတြ႕ေစရဘူး “

ခဏၾကာေသာ္ ကယ္ရီလည္း System ရွာမရေစရဘူးလို႔ေျပာသည့္ ေျမေအာက္ခန္းေရွ႕သို႔ေရာက္လာခဲ့သည္
ထို႔ေနာက္အေစာင့္တာဝန္က်ေနေသာသူအား မိမိေစာင့္ေပးမည္ဟုေျပာကာျပန္နားခိုင္းလိုက္သည္ Base ထဲတြင္ဇန္အားမသိတဲ့သူမရွိသည့္အတြက္ေၾကာင့္အေစာင့္က်ေနေသာသူကလည္း သံသရကင္းကင္းျဖင့္ထားခဲ့သည္ ေျမေအာက္ထဲတြင္ အခ်ဳပ္ခန္းစုစုေပါင္းေလးခန္းရွိသည္ အယ္လ္မီကမိန္ကေလးတစ္ဦးျဖစ္ေသာေၾကာင့္သီးသန့္တစ္ခန္း၌ခ်ဳပ္ထားသည္ ကယ္ရီလည္းသူမအားခ်ဳပ္ထားသည့္အခန္းထဲသို႔ ဝင္သြားလိုက္သည္ ကယ္ရီအားျမင္ေသာအခါ
အတင္းထကာ
” ဇန္…တို႔ကိုကယ္ပါအုံး တို႔ကအျပစ္ကင္းပါတယ္ တို႔ကိုအထင္မလြဲပါနဲ႕ေနာ္ မစၥတာဝူကတို႔ကိုအတင္းေခၚလာတာပါ တို႔ကိုလႊတ္ေပးပါေနာ္ “

ကယ္ရီလည္းေဝခြဲရခက္ေသာမ်က္ႏွာျဖင့္
“ဒါေပမယ့္ “

“မင္းတို႔ကိုခ်စ္တယ္မလား
ဟုတ္ပါတယ္ မင္းတို႔ကိုခ်စ္ပါတယ္
ဒီကေနထြက္သြားၿပီး လုံၿခဳံရတဲ့ေနရာတစ္ခုရွာၿပီး တို႔နဲ႕မင္းႏွစ္ေယာက္အတူတူေနသြားၾကမယ္ေလ ….ဟင္
တို႔အႀကံမေကာင္းဘူးလားဇန္ “

“ေကာင္းပါၿပီ ကြၽန္ေတာ္တို႔အတူတူေနၾကမယ္ေနာ္
ေလာေလာဆယ္ အယ္လ္မီဗိုက္ဆာေနမွာေပါ့ ကြၽန္ေတာ့မုန့္နဲ႕အခ်ိဳရည္ယူလာခဲ့တယ္ အရင္စားလိုက္ပါအုံး “

အယ္လ္မီလည္း အခ်ဳပ္ခံထားရကတည္းကဘာမွမစားရေသးေသာေၾကာင့္ ယူလာ ေပးသည့္မုန့္မ်ားကိုအငမ္းမရစားေနခဲ့သည္ ခဏၾကာေသာ္ အယ္လ္မီခႏၶာကိုယ္သည္ထူးဆန္းလာခဲ့သည္
“မင္း..မင္း..တို႔ ကို ဘာ လုပ္ လိုက္ တာ လဲ ”

ကယ္ရီလည္း အျပစ္ကင္းစင္ေသာအၿပဳံးေလးျဖင့္အနားသြားတာ “ဘာျဖစ္လို႔လဲ စကားေျပာရတာေလးလာလို႔လား ဒါမွမဟုတ္တစ္ခုခုကိုစုတ္ၿဖဲကိုက္စားခ်င္စိတ္ေတြေပါက္လာလို႔လား ဒါမွမဟုတ္ အျမင္အာ႐ုံေတြမ်ားဝါးလားလို႔လား “

” မင္း…မင္း “

~ေျဖာင္း~ ကယ္ရီ အယ္လ္မီပါးအားရိုက္လိုက္သည္

“နာလား…ၾကည့္ရတာနာပုံမရဘူး
ဒါေတြအားလုံးက ဘာလကၡဏာလည္းသိခ်င္လား “

အယ္လ္မီခ်က္ခ်င္းသေဘာေပါက္သြားကာ ကယ္ရီအားသတ္ခ်င္ျဖတ္ခ်င္ေသာမ်က္လုံးမ်ားႏွင့္စိုက္ၾကည့္ကာ ပါးစပ္မွလည္းဝူးဝူးဝါးဝါးေျပာေနခဲ့သည္

“အိုး…ၾကည့္ရတာစကားေတာင္မေျပာနိုင္ေတာ့ဘူး
စိတ္မေကာင္းပါဘူးဗ်ာ ေရာ့ ေရာ့ စိတ္ဆိုးေျပေအာင္ကြၽန္ေတာ့လက္ကိုကိုက္လိုက္ “ဟုဆိုကာ ကယ္ရီ အယ္လ္မီ၏ ပါးစပ္နားသို႔သူ၏လက္အားထိုးေပးလိုက္သည္

System:” Host ဘာေတြေလွ်ာက္ လုပ္ေနတာလဲ “

“ငါသူကိုမသတ္ဘူးေလ ဇြန္ဘီအျဖစ္ပဲေျပာင္းေပးလိုက္တာေနာ္ စည္းမ်ဥ္းနဲ႕ညီတယ္ “

ထိုခ်ိန္တြင္ ဇြန္ဘီအျဖစ္တေျဖးေျဖးေျပာင္းသြားေသာ အယ္လ္မီသည္ ကယ္ရီလက္အားကိုက္ခ်လိဳက္သည္ ကယ္ရီလည္း အယ္လ္မီ၏ ပါးရိုးမွကိုင္ညွစ္ကာ
” ဒီေလာက္ကိုက္ရရင္ ေက်နပ္ေတာ့
ကြၽန္ေတာ္ကအသားနာတာကိုမႀကိဳက္ဘူးဗ် လႊတ္ေပးေတာ့ ”
အယ္လ္မီ လည္းအသိစိတ္မရွိေတာ့သျဖင့္ ကယ္ရီ၏လက္အားသဲႀကီးမဲႀကီး ကိုက္ကာထားသည္
ကယ္ရီေလသံခ်ိဳခ်ိဳေလးျဖင့္
“လႊတ္လို႔ေျပာတုန္းလႊတ္တာပိုေကာင္းမယ္ ေနာက္ေတာ့မွကြၽန္ေတာ့ကိုအျပစ္မတင္နဲ႕ေနာ္ ”
ထို႔ေနာက္တြင္ ေအာက္ေမးရိုးအား အားထည့္ၿပီးဆြဲခ်ိဳးျပစ္လိုက္သည္ ေအာက္ေမးရိုးက်ိဳးသြားေသာေၾကာင့္ အယ္လ္မီ ကယ္ရီ၏လက္အားဆက္လက္၍ကိုက္ထားနိုင္စြမ္းမရွိေတာ့ေပ ကယ္ရီသူမအားအခန္းထဲတြင္ပိတ္ထားခဲ့ကာ ေျမေအာက္ခန္းမွထြက္လာခဲ့သည္ ထို႔ေနာက္အနီးတြင္ရွိေသာသူတစ္ေယာက္အားလွမ္းေခၚကာ အက်ဥ္းသားတစ္ေယာက္ဇြန္ဘီျဖစ္သြားသည့္အေၾကာင္း ေခါင္းေဆာင္အားသတင္းပို႔ခိုင္းလိုက္သည္ ထို႔ေနာက္တြင္ ကယ္ရီမိမိ၏အခန္းသို႔ျပန္လာခဲ့သည္

“ငါဘယ္လိုေသရင္ေကာင္းမလဲ
ေသနတ္နဲ႕သတ္ေသရမလား ဓားနဲ႕သတ္ေသရမလား
ဘယ္လိုမ်ိဳးေသရင္အဲ့လူခံစားရေလာက္လဲ “

System: ” Host မေကာင္းဘူး “

“ငါကေရာ ငါ့ကိုယ္ငါေကာင္းပါတယ္လို႔ေျပာမိလို႔လား
ျမန္ျမန္ေျပာ မၾကာခင္သူလိုက္လာေတာ့မယ္ “

System: “သူကဘာျဖစ္လို႔လိုက္လာမွာလဲ “

“ေစာနသူ႕ကိုအေၾကာင္းၾကားခိုင္းလိုက္တယ္ေလ တကယ္လို႔ သူသာသြားစစ္ၿပီးရင္ အဲ့ဒီကိုငါလာသြားမွန္းသူသိမွာပဲေလ ဇာတ္လိုက္မရဲ႕ပါးစပ္မွာေရာ အခန္းထဲမွာပါငါ့ေသြးေတြက်န္ေနခဲ့တာပဲ သူအဲ့ဒီေလာက္မအဘူးထင္တာပဲ အဲ့တာၿပီးတာနဲ႕သူငါ့အခန္းကိုလိုက္လာလိမ့္မယ္ သူကိုႀကိဳေနမွာကငါရဲ႕အေလာင္းဆိုရင္…..
ဘယ္လိုလဲသူခံစားရေလာက္လား “

System: “Host ဘာလို႔အဲ့ေလာက္ရက္စက္ခ်င္ရတာလဲ Host ကအဲ့လိုလူမ်ိဳးမဟုတ္ဘူးေလ ေဟးမက္စ္ကအျပစ္ကင္းပါတယ္ Host ကိုနာက်င္ေစခဲ့တာသူမဟုတ္ဘူးေလ အရင္လိုပဲျပန္ေနေပးလို႔မရဘူးလားဟင္ အၿမဲတမ္းေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနတတ္တဲ့ Hostအျဖစ္ေလ”

ထိုခဏတြင္ ကယ္ရီေတြေဝသြားသည္ ထို႔ေနာက္တြင္တစ္ခုခုကိုဆုံးျဖတ္လိုက္ကာ အျပင္သို႔ထြက္သြားခဲ့သည္ ကယ္ရီထြက္သြားၿပီးခဏအၾကာတြင္ အခန္းထဲသို႔  ေဟးမက္စ္တစ္ေယာက္ ဝ႐ုန္းသုန္းကားေျပးလာခဲ့သည္ အခန္းထဲတြင္ႀကိဳတင္စီစဥ္ထားသလိုကယ္ရီ၏အေလာင္းကားရွိမေနခဲ့ေပ သို႔ေသာ္အခန္းေထာင့္တြင္လုံးေထြးကာခြၽတ္ထားေသာေသြးစိုအကၤ်ီတစ္ထည္သာရွိေနခဲ့သည္

……….

System:”ျပန္လည္ႀကိဳဆိုပါတယ္ Host
ရမွတ္ေတြကိုေပါင္းထည့္ေပးပါမယ္ “

အမည္ -ကယ္ရီ
Level-2
Point-2000
တတ္ေျမာက္ေသာပညာရပ္-ဂီတစြမ္းရည္,အတိုက္ခိုက္စြမ္းရည္
တာဝန္ထမ္းေဆာင္ၿပီးေသာကမၻာအေရတြက္-3

သင္ယူနိုင္ေသာစြမ္းရည္မ်ား – hacking စြမ္းရည္, အခ်က္အျပဳတ္စြမ္းရည္,အကစြမ္းရည္

“Hacking “

System: “Hacking စြမ္းရည္ထည့္သြင္းေနပါသည္
1%…21%…48%…69%…81%…100%
ေအာင္ျမင္စြာထည့္သြင္းၿပီးပါၿပီ “

“ခဏနားအုံးမယ္ ငါပင္ပန္းေနလို႔”

System: “ေကာင္းပါၿပီ Host “

ခဏၾကာေသာ္ Hacking skill ထည့္သြင္းထားေသာ ကယ္ရီတစ္ေယာက္ဓားပ်ံမ်ားတစ္ဝွီးဝွီးစီးေနေသာ က်င့္ႀကံေရးေလာကသို႔ေရာက္ရွိသြားေလေတာ့သည္

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

AN- တန္းလန္းႀကီးလို႔မထင္ပါနဲ႕ေနာ္
Level 3 ေရာက္တာနဲ႕ Arc 1,2,3 တန္းလန္းျဖစ္ေနတဲ့ဟာေတြအကုန္ျဖည့္ေပးပါမယ္လို႔ 🤧
ဒါနဲ႕ေလ ဂ်ီဂ်ီက MC ကို အစပိုင္းမွာေအးေအးေလးကေနတစ္ေျဖးေျဖးေပ်ာ္႐ႊင္လာၿပီးအထင္လြဲမႈတစ္ခုေၾကာင့္ေသြးေအးသြားတဲ့ပုံစံမ်ိဳးေရးခ်င္ခဲ့တာပါ ကာရိုက္တာစရိုက္ကေတာေရာက္ေတာင္ေရာက္နဲ႕ေသခ်ာပုံမေပၚလာခဲ့ရင္ေတာ့ ပုံေပၚေအာင္မေရးတတ္တဲ့ဂ်ီဂ်ီရဲ႕အမွားပါ System 286ကပထမဆုံးေရးဖူးတဲ့ Ficမလို႔လိုအပ္ခ်က္ေတြအမ်ားႀကီးရွိတာလည္းသိပါတယ္ အားလုံးေရးၿပီးသြားမွအစကေနျပန္ျပင္ေတာ့မယ္ ဂ်ီဂ်ီကအရမ္းပ်င္းလို႔ပါ 😅

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Tags: read novel System 286 (On Going) Arc 3 (End), novel System 286 (On Going) Arc 3 (End), read System 286 (On Going) Arc 3 (End) online, System 286 (On Going) Arc 3 (End) chapter, System 286 (On Going) Arc 3 (End) high quality, System 286 (On Going) Arc 3 (End) light novel, ,

Comment

Leave a Reply

Chapter 46