System 286 (On Going) Arc 4.3(ပိုင်ရှီရှန်း)

All chapters are in System 286 (On Going)
A+ A-

Unicode ~

ကယ်ရီမြို့တော်အားစိတ်ကျေနပ်လောက်သည်အထိလှည့်ပတ်ပြီးနောက်တွင် တည်းခိုဆောင်တစ်ခု၌နားရန် အခန်းယူလိုက်သည် ကယ်ရီအခန်းထဲ၌ကျင့်ကြံနေစဥ်အောက်ထပ်မှဆူညံသံများကြောင့် ဆက်လက်အာရုံမစိုက်နိုင်တော့သဖြင့် System အား အခြေနေမေးကြည့်လိုက်သည်

[ဇာတ်လိုက်နဲ့ ဇာတ်လိုက်မရောက်နေတာပါ Host
ဇာတ်လိုက်မကိုတခြားဝိုင်းက လူတစ်ချို့ကရိသဲ့သဲ့လုပ်လို့ဇာတ်လိုက်နဲ့ရန်ဖြစ်နေကြတာပါ]

“ဒီကမ္ဘာကလူတွေက ဘာလို့သူရဲကောင်းလေးနဲ့လူကြမ်းများဇာတ်ကိုအချိန်ပြည့်ကနေကြလဲမသိဘူး
သူတို့ကဘာလို့ ဒီကိုရောက်နေကြတာလဲ
တိမ်ပြိုဂိုဏ်းနဲ့မဟူရာဂိုဏ်းကြားမှာ မြို့သုံးမြို့လောက်ရှိတယ်မလား ဘာလို့မဟူရာဂိုဏ်းနဲ့အနီးဆုံးမြို့ကိုရောက်နေတာလဲ “

[ ဇာတ်ကြောင်းအရဆို ဇာတ်လိုက်မက စေ့စပ်ပွဲလာဖျက်တာဖြစ်ဖို့များပါတယ် Host]

“အော်…..အဲ့လိုလား”
ကယ်ရီသူ၏ခန်မှန်းရခက်သောမူပိုင်အပြုံးလေးပြုံးကာ အောက်ထပ်သို့တစ်လှမ်းချင်းဆင်းသွားလိုက်သည် အောက်ထပ်မှရန်ပွဲ ကြည့်နေသူများ၏အာရုံသည် ရုတ်တရက်လှေကားမှဆင်းလာသောလူငယ်လေးဆီသို့ရောက်ရှိသွားသောအခါတွင် ငေးမောဆွံအသွားကြသည် ထိုလူငယ်သည်အနက်ရောက်ဝတ်စုံရှည်အားဝတ်ဆင်ကာ ခါးတွင်အကာကွယ်ကျောက်စိမ်းအဆောင်လေးသာချိတ်ဆွဲထားသည် ဖြူဖွေးနူးညံ့ပုံရသောအသားအရည်ရှိကာနှုတ်ခမ်းများကလည်းချယ်ရီသီးများကဲ့သို့နီနီရဲရဲလေးဖြစ်သည် သို့သော်စူးရှနေသောမျက်လုံး ဖြောင့်တန်းနေသောမျက်ခုံးများနှင့်ပေါင်းစပ်ကာကြည့်လိုက်သောအခါတွင် လှပသောအဖြူရောင်ပန်းလေးတွင်အနက်ရောင်အော်ရာများဝန်းရံနေသကဲ့လို့ နူးညံ့မှုကင်းမဲ့စွာဖြင့်နတ်ဆိုးဆန်ဆန်လှပလျှက်ရှိသည်

ကယ်ရီဆင်းလာချိန်တွင်ရန်ပွဲမှာ ပြီးဆုံးခါနီးဖြစ်သောကြောင့် ကျောပေးထားသောဇာတ်လိုက်ကိုသာမြင်နေရသည် ဇာတ်လိုက်မဟူလီနာမှာမူ ကယ်ရီရင်းနှီးနေသောမျက်နှာဖြစ်ပြီး ဇာတ်လိုက်၏ဘေးတွင် ဇာတ်လိုက်အား အားကိုတကြီးကြည့် နေသည်

ဟယ်စစ်ယွမ်နှင့်ဟူလီနာ နေရာသို့ပြန်လာသည့်အခါ လှေကားမှဆင်းလာသောကယ်ရီနှင့်မျက်နှာချင်းဆိုင်မိကြစဥ် ကယ်ရီစိတ်ပျက်မှုသေးသေးလေးအားခံစားလိုက်ရသည်
‘ဘာလို့အဲ့လူမဟုတ်တာလဲ အဲ့လူကအမြဲတမ်းဇာတ်လိုက်ဖြစ်နေရမှာမဟုတ်ဘူးလား’
ကယ်ရီအစကတော့စိတ်ဝင်စားစရာကိစ္စလေးများဖန်တီးမည်ဟူသောအကြံဖြင့်ဆင်းလာသော်လည်း မျှော်လင့်ထားသောသူမဟုတ်သဖြင့်စိတ်ဝင်စားမှုကုန်ခမ်းကာအပေါ်သို့ ပြန်တက်ရန်နောက်လို့လှည့်လိုက်သည် (ဒီနေရာမှာစိတ်ဝင်စားစရာကိစ္စဆိုတာက ပြသာနာရှာမှာကိုပြောတာပါ တစ်မျိုးတွေးမှာဆိုးလို့)

ထိုအချိန်တွင် ဟူလီနာက
“ပိုင်ရှီရှန်း ငါနင်နဲ့ပြောစရာစကားရှိတယ် “

ကယ်ရီလည်းပြန်လှည့်မကြည့်ဘဲ
“ငါကတော့ပြောစရာစကားမရှိဘူး အရေးကြီးရင်ဂိုဏ်းကိုအကြောင်းကြားစာလှမ်းပို့ထားလိုက် အားရင်ဖတ်လိုက်မယ် ” ထို့နောက် ကယ်ရီအပေါ်တက်ကာအခန်းထဲသို့ပြန်ဝင်သွားသည်

“တောက်….အမှိုက်ကများလူပါးဝလို့ “

” စိတ်ကိုထိန်းပါ အားလီရယ်
ဘာပဲဖြစ်ဖြစ် ကိုယ်တို့ကစေ့စပ်ပွဲဖျက်ဖို့လာကြတာမလား
နောက်ကိုသူနဲ့ပတ်သတ်စရာအကြောင်းမရှိတော့လို့ ခေါင်းထဲကထုတ်ထားလိုက်တော့နော် “

“အကိုစစ်ယွမ်ပြောတဲ့အတိုင်း အားလီလိုက်နာပါ့မယ်
အားလီက သူအားလီကိုမမျှော်လင့်တော့ဖို့နားချချင်တာပါ ဒါပေမယ့် အဲ့အမှိုက်လိုကောင်က အားလီကိုလှည့်တောင်မကြည့်ဘူး သူအခုလိုထူးထူးဆန်းဆန်းတွေမဝတ်တော့ဘဲ ကြည့်ကောင်းလာရင်တောင်မှ အားလီကသူ့ကိုလက်မခံနိုင်ပါဘူး အားလီကအကိုစစ်ယွမ်ကိုပဲချစ်တာ”

“အကိုသိပါတယ် အရူးမလေးရဲ့
အခုစိတ်မကောင်းမဖြစ်တော့နဲ့နော် မနက်ကျရင်သူလက်လျော့သွားအောင်အကိုပြောပေးမယ် သူလှည့်မကြည့်ဘဲထွက်သွားတာကလည်း ဂိုဏ်းပေါင်းစုံပြိုင်ပွဲတုန်းကအကို့ဆီမှခံထားရတော့ရှက်ပြီးမျက်နှာချင်းမဆိုင်ရဲတာနေမှာပါ “
မနက်သူတို့နှစ်ဦး ကယ်ရီ၏အခန်းတံခါးအားသွားခေါက်သည့်အခါတွင် ကယ်ရီမှာထွက်သွားနှင့်ပြီဖြစ်သည်
ကယ်ရီဂိုဏ်းသို့အလောတကြီးမပြန်သေးဘဲတောထဲသို့ဝင်လိုက်သည် သူရရှိထားသောတိုက်ခိုက်စွမ်းရည်နှင့် မူလပိုင်ရှီရှန်းသင်ယူထားသောစွမ်းရည်များကိုပေါင်းစပ်ကာ စမ်းသပ်လိုသဖြင့် တောထဲရှိသားရဲများကိုကယ်ရီရှာဖွေတိုက်ခိုက်တော့သည်
သုံးလခန့်ကြာသောအခါ တောထဲ၌ကယ်ရီလက်ချက်ကြောင့်သားကောင်များလည်းကုန်သလောက်နီးပါးဖြစ်နေပြီဖြစ်သည် ကယ်ရီလည်းမီးဒြပ်စင်အားကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်ပြီဟုခံစားရသောကြောင့် ဂိုဏ်းသို့ပြန်ရန်ကြံလိုက်သည် ထိုအချိန်တွင်တောအုပ်အနောက်ဖက်မှပေါက်ကွဲသံအကျယ်ကြီးအား ကြားလိုက်ရသည် ထိုအသံလာရာအရပ်သည် Systemကယ်ရီအား မသွားရန်တားမြစ်ထားသော အဆင့်မြင့်သားကောင်ကြီးများရှိသောနေရာပင်ဖြစ်သည် ကယ်ရီသွားသင့်မသွားသင့်ဝေခွဲနေရင်းနောက်ဆုံး၌ သတိထားကာတစ်လှမ်းခြင်းတားမြစ်နေရာသို့ဝင်သွားလိုက်သည်

[host ရူးနေတာလား
အဆင့်မြင့်အကောင်ကြီးတွေနဲ့တိုးရင် သေမှာနော် ကျွန်တော်ကယ်ပေးလို့မရဘူး ]

“မင်းသာမီတာ၃၀၀ပတ်လည်ကိုသေချာစောင့်ကြည့်စမ်းပါ ငါရှောင်တတ်ပါတယ် “

နောက်ဆုံးတွင်ကယ်ရီဂူကြီးတစ်လုံးရှေ့၌လမ်းဆုံးသွားခဲ့သည် ထို့နောက်သတိထားကာဂူထဲသို့တစ်လှမ်းချင်းဝင်သွားလိုက်သည် ရုတ်တရက် ဂူအလယ်သို့ရောက်သောအခါများပြားလှသောဖိအားများကယ်ရီခံစားလိုက်ရသည် Systemလည်းချက်ချင်းဂရုပြုမိကာ

[host အပြင်ကိုအမြန်ထွက် ဒီဖိအားကအနည်းဆုံးကမ္ဘာမြေကြီးအဆင့် ၅လောက်ရှိတယ် ကြာကြာနေရင် host မခံနိုင်လောက်ဘူး]

သို့သော်ကယ်ရီပြန်လှည့်နိုင်စွမ်းမရှိတော့ဘူး ကြမ်းပေါ်သို့ဒူးထောက်ကျသွားခဲ့သည် ထို့နောက်နှာခေါင်းနှင့်နားများထဲမှသွေးများယိုစီးလာသည် နောက်ဆုံးတွင်ကယ်ရီတောင့်မခံနိုင်တော့သဖြင့်သွေးအန်ကာမြင်ကွင်းအမှောင်ကျသွားတော့သည် ကယ်ရီလဲကျသွားပြီးနောက်တွင်ဖိအားများကချက်ချင်းရပ်တန့်သွားပြီး ဂူအတွင်းပိုင်းမှဖြူဖြူလုံးလုံးအရာလေးတစ်ခုပြေးထွက်လာခဲ့သည် ထိုအရာလေးသည်ကယ်ရီအားလှည်ပတ်ကြည့်လိုက် အနီးကပ်အနံ့ခံလိုက်နှင့် အမျိုးမျိုးစစ်ဆေးနေသည် အတော်ကြာစစ်ဆေးပြီးနောက်တွင်ထိုအရာလေးက ကယ်ရီ၏ရင်ခွင်ထဲသို့ဝင်ကာကွေးကွေးလေးအိပ်စက်လိုက်သည်

ကယ်ရီသူ၏မျက်နှာသို့စိုစိစိအရာတစ်ခုလာထိနေသည်ဟုခံစားရသောကြောင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ သူ၏ရင်ခွင်ထဲတွင်မျက်လုံးချွန်ချွန်လေးဖြင့်လှပဖြူစွတ်နေသောမြေခွေးတစ်ကောင်ရှိနေခဲ့သည် ထိုအကောင်ပေါက်လေးသည်သူ့အားလျှာလေးဖြင့်လျှက်ပေးနေပုံရသည် ကယ်ရီလည်းဂူထဲမှာ အန္တရာယ်များသောကြောင့်မြေခွေးလေးအားပွေ့ကာအပြင်သို့အမြန်ထွက်လာခဲ့သည်

“ငါသတိလစ်သွားတဲ့နောက်မှာဘာဆက်ဖြစ်သေးလဲ
ဒီအကောင်လေးကရောဘယ်ကရောက်လာတာလဲ”

[Host သတိလစ်သွားပြီးနောက် ဖိအားတွေလည်းရုတ်တရက်ရပ်သွားတယ် ကျွန်တော်မသင်္ကါလို့အထဲကိုစစ်ကြည့်တော့လည်း ဒီမြေခွေးလေးကလွဲရင်ဘယ်သူမှမရှိဘူး]

“မင်းထင်တာက အဲ့ဖိအားတွေကဒီမြေခွေးလေးဆီကနေလာတယ်လို့လား “

[ထင်တော့ထင်ပေမယ့် အခုမြေခွေးလေးရဲ့ကျင့်ကြံအဆင့်ကချီစုဆောင်းမှုအဆင့်၁ပဲဲရှိတယ် သူကဘယ်လိုလုပ် ကမ္ဘာမြေကြီးအဆင့်၅ဖိအားအရှိန်ဝါတွေထုတ်နိုင်မှာလည်း ဖြစ်နိုင်တာက host မရောက်ခင်အဆင့်မြင့်သားရဲနှစ်ကောင်ရဲ့တိုက်ပွဲကထွက်လာတဲ့ဖိအားအကြွင်းကျန်တွေနေမယ် အဲ့တာကြောင့်လျှောက်မသွားနဲ့လို့ပြောတာပေါ့ အခုတောင်ကံကောင်းလို့ဘာမှမဖြစ်တာ]

ကယ်ရီလက်ထဲမှမြေခွေးလေးအားငုံ့ကြည့်ကာ
“အကောင်ပေါက်ကလေး ငါ့နောက်လိုက်ခဲ့မလား”

မြေခွေးလေးကလည်းကယ်ရီအားလက်ခံသည့်သဘောဖြင့်လျှာလေးဖြင့်လျှက်လိုက်သည်

“ဟား..ဟား..ကောင်းပြီ
မင်းကိုဒီနေ့ကစပြီးရှောင်ပိုင်လို့ခေါ်မယ်
မင်းကလည်းအဖြူရောင်လေး ငါ့မျိုးရိုးကလည်းပိုင်ဆိုတော့ ရှောင်ပိုင်လို့ပဲခေါ်မယ် ဘယ်လိုလည်းသဘောကျလား “

မြေခွေးလေးလည်းသဘောတူသည့်ပုံစံဖြင့် အမြီးလေးအားဖြေးညှင်းစွာရမ်းပြလိုက်သည်
“ကယ်….ရှောင်ပိုင်ရေ
အိမ်ပြန်ကြစို့ ဒီကအကိုကြီးရဲ့အိမ်ကိုခေါ်သွားပေးမယ် “

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄
Hey guys – System စကားပြောတဲ့ပုံစံကိုပြောင်းထားတာအဆင်ပြေရဲ့လား တစ်ခုခုပြောခါနီးကြရင် System: လို့ရိုက်နေရတာမီပျင်းလာလို့ တကယ်လို့အဆင်မပြေရင်အရင်ပုံစံတိုင်းပြန်ပြောင်းပေးပါမယ် ဒီနေ့အပိုင်းလေးကနည်းနည်းတော့တိုတယ် နောက်အပိုင်းရှည်ရှည်လေးရေးပေးပါမယ်ဗျို့ ဒါနဲ့မြေခွေးကဘယ်လိုအော်လည်းသိကြလား 🤧 မီအစကမြွေလေးထည့်ထားတာ ဒါပေမယ့် ရေးရတာကိုးလိုးကန့်လန့်ကြီးဖြစ်နေတယ်လို့ခံစားရလို့ပြောင်းလိုက်တာ  🤗

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Zawgyi ~





“အော်…..အဲ့လိုလား”









[host ရူးနေတာလား









[ထင်တော့ထင်ပေမယ့် အခုမြေခွေးလေးရဲ့ကျင့်ကြံအဆင့်ကချီစုဆောင်းမှုအဆင့်၁ပဲရှိတယ် သူကဘယ်လိုလုပ် ကမ္ဘာမြေကြီးအဆင့်၅ဖိအားအရှိန်ဝါတွေထုတ်နိုင်မှာလည်း ဖြစ်နိုင်တာက host မရောက်ခင်အဆင့်မြင့်သားရဲနှစ်ကောင်ရဲ့တိုက်ပွဲကထွက်လာတဲ့ဖိအားအကြွင်းကျန်တွေနေမယ် အဲ့တာကြောင့်လျှောက်မသွားနဲ့လို့ပြောတာပေါ့ အခုတောင်ကံကောင်းလို့ဘာမှမဖြစ်တာ]



“ဟား..ဟား..ကောင်းပြီ

“ကယ်….ရှောင်ပိုင်ရေ

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Tags: read novel System 286 (On Going) Arc 4.3(ပိုင်ရှီရှန်း), novel System 286 (On Going) Arc 4.3(ပိုင်ရှီရှန်း), read System 286 (On Going) Arc 4.3(ပိုင်ရှီရှန်း) online, System 286 (On Going) Arc 4.3(ပိုင်ရှီရှန်း) chapter, System 286 (On Going) Arc 4.3(ပိုင်ရှီရှန်း) high quality, System 286 (On Going) Arc 4.3(ပိုင်ရှီရှန်း) light novel, ,

Comment

Leave a Reply

Chapter 49