System 286 (On Going) Arc 4.5(ပိုင်ရှီရှန်း)

All chapters are in System 286 (On Going)
A+ A-

unicode ~

ကယ်ရီသတိရလာတော့ ခန္ဓာကိုယ်ကပုံမှန်ထက်ခွန်အားပြည့်နေသလိုခံစားရပြီး သွေးကြောများကလည်းယခင်ထက်နှစ်ဆကျယ်ကာချီများအလုယက်တိုးဝင်နေကြသည်ဟုခံစားနေရသည် ကယ်ရီပျော်ရွှင်စွာဖြင့်စစ်ဆေးကြည့်ပြီးနောက်တွင် ဘေးသို့လှည့်ကြည့်လိုက်သောအခါ သူ၏ဘေးတွင်ခွေခွေလေးအိပ်နေသောရှောင်ပိုင်အားတွေ့လိုက်ရသည်
“ကြည့်ရတာဒီကောင်လေးပျင်းနေပုံရတယ်”

[ပျော်မနေနဲ့….
Host သေမလိုဖြစ်သွားတာရောသိလား]

“ဒီမှာကြည့်လေ အကောင်းတိုင်းပဲ
မမြင်ဘူးလား “

[ အဲ့တာက _ ] System နောက်စကားကိုဆက်မပြောဘဲ သက်ပြင်းသာချမိလိုက်သည် သူ၏hostကိုအမှန်တိုင်းပြောပြလိုက်ပါက ရှောင်ပိုင်အားအနားကပ်ခံတော့မည်မဟုတ်ကြောင်းသိနေခဲ့သောကြောင့်ဖြစ်သည် ရှောင်ပိုင်အတွက်လည်းသူစိတ်ပူမိသည် မြေခွေးသားရဲများအတွက် အမြုတေမှာအလွန်အရေးကြီးသည် အမြုတေအထုတ်ခံရသောမြေခွေးသည် လူပုံစံပြောင်းလဲနိုင်စွမ်းမရှိတော့ရုံသာမက ကျင့်ကြံဆင့်များပါအောက်သို့ထိုးကျကုန်သည် ၎င်းမှာယခင်အခြေနေသို့ပြန်ရောက်နိုင်ရန် အစဦးမှပြန်လည်စတင်ကျင့်ကြံရသည်နှင့်ဆင်တူသည်

“ဂိုဏ်းပေါင်းစုံပြိုင်ပွဲရောက်ဖို့ သုံးနှစ်လိုသေးတယ်
ငါ့ရဲ့ကျင့်ကြံဆင့်ကလည်း အဆင့်၇ဆိုတော့ဇာတ်လိုက်နဲ့ညီသွားပြီဆိုတော့ ဒီသုံးနှစ်အတွင်းမှာငါကြိုးကြိုးစားစားလေ့ကျင့်ဖို့ပဲလိုတော့တယ်”

[Host အပြင်တော့မထွက်နဲ့နော် နေ့ချင်းညချင်းကြီးအဆင့်၅ကနေအဆင့်၇ရောက်သွားတာမြင်ပြီး hostကိုဂိုဏ်းထဲကလူတွေက မိစ္ဆာအတတ်တွေကျင့်နေတယ်ဆိုပြီး စွပ်စွဲကြလိမ့်မယ် ]

“ငါအကုန်စဥ်းစားပြီးသွားပါပြီ
ဂိုဏ်းပေါင်းစုံပြိုင်ပွဲအတွက်ပိုသန်မာလာအောင် အပြင်လောကမှာအတွေ့ကြုံသွားရှာလိုက်အုံးမယ်ဆိုပြီး ဂိုဏ်းချုပ်ဆီစာပို့ပြီး ရှောင်ပိုင်ကိုတွေ့ခဲ့တဲ့ဂူထဲမှာပုန်းပြီးလေ့ကျင့်မယ် မကောင်းဘူးလား “

[ကောင်းပါတယ် ဒါပေမယ့်အရင်တစ်ခါကတွေ့ခဲ့တဲ့ ကမ္ဘာမြေကြီးအဆင့်နဲ့ထပ်တွေ့ရင်ရော ]

“အရင်သွားချောင်းမှာပေါ့ ရှိတော့လည်းထွက်ပြေးရုံပေါ့ ဘာခက်တာမှတ်လို့ “

[Host ကိုဇာတ်လိုက်သတင်းပြောစရာရှိပါတယ်]

“အင်း” ကယ်ရီအိပ်ပျော်နေသောရှောင်ပိုင်အားပွတ်သပ်ပေးရင်းပြန်ဖြေလိုက်သည်

[ဇာတ်လိုက်နဲ့ဇာတ်လိုက်မက မဟူရာဂိုဏ်းကအပြန်မှာ ရှေးဟောင်းအမွေအနှစ်နေရာတစ်ခုကိုရှာတွေ့သွားပြီး ရတနာတွေရလာခဲ့ပါတယ် host နောက်ပြီးအဆင့်လည်းထပ်တက်သွားပါတယ်]

“……….”

သာယာလှပလှသောမနက်ခင်းတစ်ခုတွင် မဟူရာဂိုဏ်းချုပ်အိမ်တော်မှပေါက်ကွဲထွက်လာသော အော်သံကြီးတစ်ခုကိုဂိုဏ်းသားများကြားလိုက်ရသည် လက်သည်တရားခံမှာတော့မြေခွေးဖြူလေးအားပိုက်ရင်း သီချင်းလေးညည်းကာ တောအုပ်ထဲသို့ဝင်သွားလေတော့သည်

တောထဲတွင်…
“ရှောင်ပိုင်အိပ်နေတာအရမ်းကြာနေပြီ ဘာလို့အခုထိမနိုးသေးတာလဲမသိဘူး”
[သူအရမ်းပင်ပန်းနေလို့ဖြစ်မှာပါ]
ကယ်ရီလည်း မြေခွေးလေးအားကြင်နာစွာပွတ်သပ်ရင်း
“အဆိုးလေးက ငါကျင့်ကြံနေတုန်း အရမ်းဆော့ခဲ့တာထင်တယ် “
System ဘာတစ်ခွန်းမှဝင်မပြောပေ

မြေခွေးလေးအားတွေ့ခဲ့သည့် ဂူနားသို့ရောက်သောအခါ အထဲတွင်တစ်ယောက်ယောက်ရှိမရှိ သူ၏အစွမ်းဖြင့်အာရုံခံကြည့်လိုက်သည်
“System ငါတော့ဘယ်သူမှမရှိဘူးလို့ထင်တာပဲ မင်းရော “
[ ကျွန်တော်လည်း ဘယ်သူမှမရှိဘူးလို့ထင်တာပဲ]
“ငါတို့အထဲဝင်ကြည့်ရအောင်”

ကယ်ရီအထဲသို့လှည့်ပတ်ကြည့်သောအခါတွင်လည်း လတ်တလောတွင်တစ်ယောက်ယောက်နေထားသည့်ပုံစံမျိုးမဟုတ်သဖြင့် ဂူအားအပိုင်သိမ်းလိုက်သည်။ထို့နောက်တွင် သူ၏သုံးနှစ်တာမဟာစီမံကိန်းကြီးအားအကောင်ထည်ဖော်လေတော့သည်။ ကယ်ရီ၏တစ်နေ့တာမှရိုးရှင်းသည် ကျင့်ကြံသူများသည်သာမန်လူသားများကဲ့သို့နေ့စဥ်အိပ်စက်ရန်မလိုအပ်သော်လည်း ကယ်ရီသည်ညဖက်တွင်အချိန်ပြည့်အိပ်လေ့ရှိသည် နေ့ဖက်တွင်မူ မြေခွေးလေးနှင့်ကစားလျှင်ကစား သို့မဟုတ်ပါက ကျင့်ကြံနေလေ့ရှိသည် ။ ယခုတွင်လည်း ကယ်ရီတစ်ယောက်မြေခွေးလေးနှင့်ဂူရှေ့တွင်ကစားနေလေသည်….
“ရှောင်ပိုင်….အရမ်းမဆော့နဲ့
ဟိုတလောကအဆော့လွန်ပြီး နေမကောင်းဖြစ်သွားလို့ ဒီကအကိုကြီးကဘယ်လောက်စိတ်ပူရတယ်မှတ်လဲ “
မြေခွေးလေးလဲ ကယ်ရီအားခေါင်းလေးဖြင့်ပွတ်တိုးကာ သူလိမ္မာပါမည်ဟူသောပုံစံလုပ်ပြသည်
” ရှောင်ပိုင်က လိမ္မာတယ်နော်
မင်းအကိုကြီး အဆင့်တက်အောင်လေ့ကျင့်လိုက်အုံးမယ် ဘယ်မှလျှောက်မသွားနဲ့နော်”
မြေခွေးလေးလဲနားလည်ဟန်ပြပြီး ကယ်ရီ၏ဘေးတွင်ခွေအိပ်ကာ အဖော်ပြုပေးနေခဲ့သည် …..

(၃)နှစ်ခန့်ကြာသော်….

တောအုပ်ထဲရှိဂူထဲတွင် ကယ်ရီတစ်ယောက် အဆင့်တက်ချိန်တွင်ကြုံတွေ့ရသည့်အခက်ခဲများအားရင်ဆိုင်နေရသည် သို့သော်စွမ်းအင်လှိုင်းတစ်ခုကသူ့အားဝင်ရောက်ထောက်ပံ့ပေးခဲ့သဖြင့် အဆင့်တက်ခြင်းအား အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့သည်
“နောက်ဆုံးတော့ အဆင့် ၉ ရောက်ပီ
ဟယ်စစ်ယွမ် မင်းငါ့ကိုစောင့်နေလိုက်တော့ “
[ဂုဏ်ယူပါတယ် Host ]
“System…. မင်း ငါ့ရဲ့ကျင့်ကြံဆင့်တွေကို အဆင်နှိမ့်ထားပေးလို့ရလား အဆင့်၇လောက်ပေါ့ “
[ရပါတယ် Host
Host ရဲ့ကျင့်ကြံဆင့်ကိုတခြားသူတွေက အဆင့်၇လို့ထင်မှတ်သွားအောင် ဖုံးထားပေးလို့ရပါတယ်]
“ဒါဆိုကောင်းပြီ မင်းကိုပဲအားကိုးထားလိုက်ပြီနော်
အခုငါတို့ဂိုဏ်းကိုပြန်ကြတာပေါ့ …ဟိုရောက်ရင် ဂိုဏ်းချုပ်တစ်ယောက် ဒေါသငယ်ထိပ်ရောက်နေတဲ့ပုံကြီးကိုတကယ်မြင်ချင်နေပြီ ဟ ဟ”
ကယ်ရီတောထဲ၌လျှောက်သွားနေသောမြေခွေးလေးအားအချက်ပေးကာလှမ်းခေါ်ပြီးနောက် ဂိုဏ်းသို့ပြန်ရန်စတင်ခဲ့ကြသည်…

မဟူရာဂိုဏ်းအနီးရှိမြို့ထဲတွင် ဂိုဏ်းပေါင်းစုံသိုင်းပြိုင်ပွဲကြောင့် လူများစီကားလျက်ရှိသည်။ မြို့လယ်ခေါင်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင်
ဧည့်သည် (၁): “မင်းတို့ကြားပြီးပြီလား ဒီတစ်ခေါက် ဂိုဏ်းပေါင်းစုံသိုင်းပြိုင်ပွဲကို မဟူရာဂိုဏ်းကဦးစီးကျင်းပမယ်ကြားတယ်”
ဧည့်သည် (၂): “ဂိုဏ်းချုပ်ပိုင်တစ်ယောက်အရှက်ကွဲမှာကျုပ်တော့မြင်ယောင်နေပါတယ်ဗျာ”
ဧည့်သည် (၃): “ဘာဖြစ်လို့ဂိုဏ်းချုပ်ပိုင်ကအရှက်ကွဲမှာလဲ”
ဧည့်သည် (၂): “ခင်ဗျားမသိဘူးလား…ဂိုဏ်းချုပ်ပိုင်ရဲ့သားပိုင်ရှီရှန်းဆိုတဲ့တစ်ယောက်ကအမှိုက်ကောင်လေ လွန်ခဲ့တဲ့(၃)နှစ်ကျော်လောက်က တိမ်ပြိုဂိုဏ်းကတစ်ယောက်နဲ့ပြိုင်ရတာ သူ့အမေပိုင်သခင်မတောင်မမှတ်မိနိုင်လောက်တဲ့အထိအရိုက်ခံလိုက်ရတယ်တဲ့ ကျုပ်ကြားတာတော့ ၆လလောက်အိပ်ယာထဲကမထနိုင်ဘူးတဲ့”
ဧည့်သည် (၁): “အဲ့တိမ်ပြိုဂိုဏ်းကတပည့်နာမည်က ဟယ်စစ်ယွမ်လို့ခေါ်တယ် တစ်ရာမှာတစ်ယောက်လောက်သာရှိတဲ့ပါရမီရှင်ထဲကပါရမီရှင်ပေါ့ ဒီနှစ်လဲသူပဲအနိုင်ရလိမ့်မယ်လို့ကျုပ်တော့ထင်တာပဲ”

အပေါ်ထပ်ရှိ သီးသန့်ဝိုင်းထဲတွင်
“အစ်ကိုစစ်ယွမ်ရဲ့ဂုဏ်သတင်းကဘယ်နေရာရောက်ရောက်မွှေးနေတော့တာပဲနော် အစ်ကိုရဲ့ကျင့်ကြံဆင့်နဲ့ဆို ဒီနှစ်လဲသေချာတယ် အနိုင်ရမဲ့သူကအစ်ကိုပဲ”

“အားလီကတော့အစ်ကိုကိုမြှောက်နေပြန်ပါပြီ”

“အားလီကအမှန်တိုင်းပြောနေတာပါနော် ဒီနှစ်လည်းဟိုအမှိုက်ကောင်ကိုအားလီအတွက်ရိုက်ပေးပါနော် အစ်ကိုစစ်ယွမ်”

“ဂိုဏ်းချုပ်က ပြသာနာမရှာခဲ့နဲ့လို့မှာလိုက်တာ မေ့သွားပြီလား “

“အဲ့တာဆို အဲ့ဒီအမှိုက်ကောင်ကစပြီးနှောက်ယှက်လာခဲ့ရင် အစ်ကိုဆုံးမပေးရမယ်နော် “

“ကောင်းပါပြီဗျာ “

ဟယ်စစ်ယွမ်တို့မသိခဲ့သည်မှာ သူတို့၏ဘေးကပ်ရပ်အခန်းတွင် ကယ်ရီရှိနေခဲ့ခြင်းပင်ဖြစ်သည်
” သူရဲကောင်းက အာချောင်နေတဲ့ဖြတ်လျှောက်တွေကိုဆုံးမခန်းဆိုတဲ့ ပြဇာတ်ကြီးကဖို့ ငါတကယ်ကိုပျင်းလွန်းနေတယ် “
[Host တကယ်ဘာမှမလုပ်တော့ဘူးလား]
ကယ်ရီလည်း တစ်ချက်သန်းဝေရင်း
“အပိုစကားတွေပြောနေတာထက်စာရင် ပြိုင်ပွဲနေ့ရောက်မှဆုံးမပေးလိုက်တာပိုထိရောက်မယ်လို့ထင်တာပဲ”
[Host ကအရင်လိုငတုံးမဟုတ်တော့ဘူးဆိုတာ ကျွန်တော်သိပြီးသားပါ Host အဆင်ပြေသလိုသာလုပ် နောက်ကနေကျွန်တော်ထောက်ခံပေးမယ်]
“အရေးမပါတဲ့ဟာတွေနားမထောင်တော့ဘူး
ရှောင်ပိုင်လေးဗိုက်ဆာနေလောက်ပြီ မြန်မြန်ကျွေးမှဖြစ်မယ်”
[……….]

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄
Long time no see ㅋㅋㅋ 👀

Zawgyi ~

ကယ္ရီသတိရလာေတာ့ ခႏၶာကိုယ္ကပုံမွန္ထက္ခြန္အားျပည့္ေနသလိုခံစားရၿပီး ေသြးေၾကာမ်ားကလည္းယခင္ထက္ႏွစ္ဆက်ယ္ကာခ်ီမ်ားအလုယက္တိုးဝင္ေနၾကသည္ဟုခံစားေနရသည္ ကယ္ရီေပ်ာ္႐ႊင္စြာျဖင့္စစ္ေဆးၾကည့္ၿပီးေနာက္တြင္ ေဘးသို႔လွည့္ၾကည့္လိုက္ေသာအခါ သူ၏ေဘးတြင္ေခြေခြေလးအိပ္ေနေသာေရွာင္ပိုင္အားေတြ႕လိုက္ရသည္
“ၾကည့္ရတာဒီေကာင္ေလးပ်င္းေနပုံရတယ္”

[ေပ်ာ္မေနနဲ႕….
Host ေသမလိုျဖစ္သြားတာေရာသိလား]

“ဒီမွာၾကည့္ေလ အေကာင္းတိုင္းပဲ
မျမင္ဘူးလား “

[ အဲ့တာက _ ] System ေနာက္စကားကိုဆက္မေျပာဘဲ သက္ျပင္းသာခ်မိလိုက္သည္ သူ၏hostကိုအမွန္တိုင္းေျပာျပလိုက္ပါက ေရွာင္ပိုင္အားအနားကပ္ခံေတာ့မည္မဟုတ္ေၾကာင္းသိေနခဲ့ေသာေၾကာင့္ျဖစ္သည္ ေရွာင္ပိုင္အတြက္လည္းသူစိတ္ပူမိသည္ ေျမေခြးသားရဲမ်ားအတြက္ အျမဳေတမွာအလြန္အေရးႀကီးသည္ အျမဳေတအထုတ္ခံရေသာေျမေခြးသည္ လူပုံစံေျပာင္းလဲနိုင္စြမ္းမရွိေတာ့႐ုံသာမက က်င့္ႀကံဆင့္မ်ားပါေအာက္သို႔ထိုးက်ကဳန္သည္ ၎မွာယခင္အေျခေနသို႔ျပန္ေရာက္နိုင္ရန္ အစဦးမွျပန္လည္စတင္က်င့္ႀကံရသည္ႏွင့္ဆင္တူသည္

“ဂိုဏ္းေပါင္းစုံၿပိဳင္ပြဲေရာက္ဖို႔ သုံးႏွစ္လိုေသးတယ္
ငါ့ရဲ႕က်င့္ႀကံဆင့္ကလည္း အဆင့္၇ဆိုေတာ့ဇာတ္လိုက္နဲ႕ညီသြားၿပီဆိုေတာ့ ဒီသုံးႏွစ္အတြင္းမွာငါႀကိဳးႀကိဳးစားစားေလ့က်င့္ဖို႔ပဲလိုေတာ့တယ္”

[Host အျပင္ေတာ့မထြက္နဲ႕ေနာ္ ေန႕ခ်င္းညခ်င္းႀကီးအဆင့္၅ကေနအဆင့္၇ေရာက္သြားတာျမင္ၿပီး hostကိုဂိုဏ္းထဲကလူေတြက မိစ္ဆာအတတ္ေတြက်င့္ေနတယ္ဆိုၿပီး စြပ္စြဲၾကလိမ့္မယ္ ]

“ငါအကုန္စဥ္းစားၿပီးသြားပါၿပီ
ဂိုဏ္းေပါင္းစုံၿပိဳင္ပြဲအတြက္ပိုသန္မာလာေအာင္ အျပင္ေလာကမွာအေတြ႕ႀကဳံသြားရွာလိုက္အုံးမယ္ဆိုၿပီး ဂိုဏ္းခ်ဳပ္ဆီစာပို႔ၿပီး ေရွာင္ပိုင္ကိုေတြ႕ခဲ့တဲ့ဂူထဲမွာပုန္းၿပီးေလ့က်င့္မယ္ မေကာင္းဘူးလား “

[ေကာင္းပါတယ္ ဒါေပမယ့္အရင္တစ္ခါကေတြ႕ခဲ့တဲ့ ကမၻာေျမႀကီးအဆင့္နဲ႕ထပ္ေတြ႕ရင္ေရာ ]

“အရင္သြားေခ်ာင္းမွာေပါ့ ရွိေတာ့လည္းထြက္ေျပး႐ုံေပါ့ ဘာခက္တာမွတ္လို႔ “

[Host ကိုဇာတ္လိုက္သတင္းေျပာစရာရွိပါတယ္]

“အင္း” ကယ္ရီအိပ္ေပ်ာ္ေနေသာေရွာင္ပိုင္အားပြတ္သပ္ေပးရင္းျပန္ေျဖလိုက္သည္

[ဇာတ္လိုက္နဲ႕ဇာတ္လိုက္မက မဟူရာဂိုဏ္းကအျပန္မွာ ေရွးေဟာင္းအေမြအႏွစ္ေနရာတစ္ခုကိုရွာေတြ႕သြားၿပီး ရတနာေတြရလာခဲ့ပါတယ္ host ေနာက္ၿပီးအဆင့္လည္းထပ္တက္သြားပါတယ္]

“……….”

သာယာလွပလွေသာမနက္ခင္းတစ္ခုတြင္ မဟူရာဂိုဏ္းခ်ဳပ္အိမ္ေတာ္မွေပါက္ကြဲထြက္လာေသာ ေအာ္သံႀကီးတစ္ခုကိုဂိုဏ္းသားမ်ားၾကားလိုက္ရသည္ လက္သည္တရားခံမွာေတာ့ေျမေခြးျဖဴေလးအားပိုက္ရင္း သီခ်င္းေလးညည္းကာ ေတာအုပ္ထဲသို႔ဝင္သြားေလေတာ့သည္

ေတာထဲတြင္…
“ေရွာင္ပိုင္အိပ္ေနတာအရမ္းၾကာေနၿပီ ဘာလို႔အခုထိမနိုးေသးတာလဲမသိဘူး”
[သူအရမ္းပင္ပန္းေနလို႔ျဖစ္မွာပါ]
ကယ္ရီလည္း ေျမေခြးေလးအားၾကင္နာစြာပြတ္သပ္ရင္း
“အဆိုးေလးက ငါက်င့္ႀကံေနတုန္း အရမ္းေဆာ့ခဲ့တာထင္တယ္ “
System ဘာတစ္ခြန္းမွဝင္မေျပာေပ

ေျမေခြးေလးအားေတြ႕ခဲ့သည့္ ဂူနားသို႔ေရာက္ေသာအခါ အထဲတြင္တစ္ေယာက္ေယာက္ရွိမရွိ သူ၏အစြမ္းျဖင့္အာ႐ုံခံၾကည့္လိုက္သည္
“System ငါေတာ့ဘယ္သူမွမရွိဘူးလို႔ထင္တာပဲ မင္းေရာ “
[ ကြၽန္ေတာ္လည္း ဘယ္သူမွမရွိဘူးလို႔ထင္တာပဲ]
“ငါတို႔အထဲဝင္ၾကည့္ရေအာင္”

ကယ္ရီအထဲသို႔လွည့္ပတ္ၾကည့္ေသာအခါတြင္လည္း လတ္တေလာတြင္တစ္ေယာက္ေယာက္ေနထားသည့္ပုံစံမ်ိဳးမဟုတ္သျဖင့္ ဂူအားအပိုင္သိမ္းလိုက္သည္။ထို႔ေနာက္တြင္ သူ၏သုံးႏွစ္တာမဟာစီမံကိန္းႀကီးအားအေကာင္ထည္ေဖာ္ေလေတာ့သည္။ ကယ္ရီ၏တစ္ေန႕တာမွရိုးရွင္းသည္ က်င့္ႀကံသူမ်ားသည္သာမန္လူသားမ်ားကဲ့သို႔ေန႕စဥ္အိပ္စက္ရန္မလိုအပ္ေသာ္လည္း ကယ္ရီသည္ညဖက္တြင္အခ်ိန္ျပည့္အိပ္ေလ့ရွိသည္ ေန႕ဖက္တြင္မူ ေျမေခြးေလးႏွင့္ကစားလွ်င္ကစား သို႔မဟုတ္ပါက က်င့္ႀကံေနေလ့ရွိသည္ ။ ယခုတြင္လည္း ကယ္ရီတစ္ေယာက္ေျမေခြးေလးႏွင့္ဂူေရွ႕တြင္ကစားေနေလသည္….
“ေရွာင္ပိုင္….အရမ္းမေဆာ့နဲ႕
ဟိုတေလာကအေဆာ့လြန္ၿပီး ေနမေကာင္းျဖစ္သြားလို႔ ဒီကအကိုႀကီးကဘယ္ေလာက္စိတ္ပူရတယ္မွတ္လဲ “
ေျမေခြးေလးလဲ ကယ္ရီအားေခါင္းေလးျဖင့္ပြတ္တိုးကာ သူလိမၼာပါမည္ဟူေသာပုံစံလုပ္ျပသည္
” ေရွာင္ပိုင္က လိမၼာတယ္ေနာ္
မင္းအကိုႀကီး အဆင့္တက္ေအာင္ေလ့က်င့္လိုက္အုံးမယ္ ဘယ္မွေလွ်ာက္မသြားနဲ႕ေနာ္”
ေျမေခြးေလးလဲနားလည္ဟန္ျပၿပီး ကယ္ရီ၏ေဘးတြင္ေခြအိပ္ကာ အေဖာ္ျပဳေပးေနခဲ့သည္ …..

(၃)ႏွစ္ခန့္ၾကာေသာ္….

ေတာအုပ္ထဲရွိဂူထဲတြင္ ကယ္ရီတစ္ေယာက္ အဆင့္တက္ခ်ိန္တြင္ႀကဳံေတြ႕ရသည့္အခက္ခဲမ်ားအားရင္ဆိုင္ေနရသည္ သို႔ေသာ္စြမ္းအင္လွိုင္းတစ္ခုကသူ႕အားဝင္ေရာက္ေထာက္ပံ့ေပးခဲ့သျဖင့္ အဆင့္တက္ျခင္းအား ေအာင္ျမင္စြာေက်ာ္ျဖတ္နိုင္ခဲ့သည္
“ေနာက္ဆုံးေတာ့ အဆင့္ ၉ ေရာက္ပီ
ဟယ္စစ္ယြမ္ မင္းငါ့ကိုေစာင့္ေနလိုက္ေတာ့ “
[ဂုဏ္ယူပါတယ္ Host ]
“System…. မင္း ငါ့ရဲ႕က်င့္ႀကံဆင့္ေတြကို အဆင္ႏွိမ့္ထားေပးလို႔ရလား အဆင့္၇ေလာက္ေပါ့ “
[ရပါတယ္ Host
Host ရဲ႕က်င့္ႀကံဆင့္ကိုတျခားသူေတြက အဆင့္၇လို႔ထင္မွတ္သြားေအာင္ ဖုံးထားေပးလို႔ရပါတယ္]
“ဒါဆိုေကာင္းၿပီ မင္းကိုပဲအားကိုးထားလိုက္ၿပီေနာ္
အခုငါတို႔ဂိုဏ္းကိုျပန္ၾကတာေပါ့ …ဟိုေရာက္ရင္ ဂိုဏ္းခ်ဳပ္တစ္ေယာက္ ေဒါသငယ္ထိပ္ေရာက္ေနတဲ့ပုံႀကီးကိုတကယ္ျမင္ခ်င္ေနၿပီ ဟ ဟ”
ကယ္ရီေတာထဲ၌ေလွ်ာက္သြားေနေသာေျမေခြးေလးအားအခ်က္ေပးကာလွမ္းေခၚၿပီးေနာက္ ဂိုဏ္းသို႔ျပန္ရန္စတင္ခဲ့ၾကသည္…

မဟူရာဂိုဏ္းအနီးရွိၿမိဳ႕ထဲတြင္ ဂိုဏ္းေပါင္းစုံသိုင္းၿပိဳင္ပြဲေၾကာင့္ လူမ်ားစီကားလ်က္ရွိသည္။ ၿမိဳ႕လယ္ေခါင္ရွိ စားေသာက္ဆိုင္တစ္ဆိုင္တြင္
ဧည့္သည္ (၁): “မင္းတို႔ၾကားၿပီးၿပီလား ဒီတစ္ေခါက္ ဂိုဏ္ေပါင္းစုံသိုင္းၿပိဳင္ပြဲကို မဟူရာဂိုဏ္းကဦးစီးက်င္းပမယ္ၾကားတယ္”
ဧည့္သည္ (၂): “ဂိုဏ္းခ်ဳပ္ပိုင္တစ္ေယာက္အရွက္ကြဲမွာက်ဳပ္ေတာ့ျမင္ေယာင္ေနပါတယ္ဗ်ာ”
ဧည့္သည္ (၃): “ဘာျဖစ္လို႔ဂိုဏ္းခ်ဳပ္ပိုင္ကအရွက္ကြဲမွာလဲ”
ဧည့္သည္ (၂): “ခင္ဗ်ားမသိဘူးလား…ဂိုဏ္းခ်ဳပ္ပိုင္ရဲ႕သားပိုင္ရွီရွန္းဆိုတဲ့တစ္ေယာက္ကအမွိုက္ေကာင္ေလ လြန္ခဲ့တဲ့(၃)ႏွစ္ေက်ာ္ေလာက္က တိမ္ၿပိဳဂိုဏ္းကတစ္ေယာက္နဲ႕ၿပိဳင္ရတာ သူ႕အေမပိုင္သခင္မေတာင္မမွတ္မိနိုင္ေလာက္တဲ့အထိအရိုက္ခံလိုက္ရတယ္တဲ့ က်ဳပ္ၾကားတာေတာ့ ၆လေလာက္အိပ္ယာထဲကမထနိုင္ဘူးတဲ့”
ဧည့္သည္ (၁): “အဲ့တိမ္ၿပိဳဂိုဏ္းကတပည့္နာမည္က ဟယ္စစ္ယြမ္လို႔ေခၚတယ္ တစ္ရာမွာတစ္ေယာက္ေလာက္သာရွိတဲ့ပါရမီရွင္ထဲကပါရမီရွင္ေပါ့ ဒီႏွစ္လဲသူပဲအနိုင္ရလိမ့္မယ္လို႔က်ဳပ္ေတာ့ထင္တာပဲ”

အေပၚထပ္ရွိ သီးသန့္ဝိုင္းထဲတြင္
“အစ္ကိုစစ္ယြမ္ရဲ႕ဂုဏ္သတင္းကဘယ္ေနရာေရာက္ေရာက္ေမႊးေနေတာ့တာပဲေနာ္ အစ္ကိုရဲ႕က်င့္ႀကံဆင့္နဲ႕ဆို ဒီႏွစ္လဲေသခ်ာတယ္ အနိုင္ရမဲ့သူကအစ္ကိုပဲ”

“အားလီကေတာ့အစ္ကိုကိုျမႇောက္ေနျပန္ပါၿပီ”

“အားလီကအမွန္တိုင္းေျပာေနတာပါေနာ္ ဒီႏွစ္လည္းဟိုအမွိုက္ေကာင္ကိုအားလီအတြက္ရိုက္ေပးပါေနာ္ အစ္ကိုစစ္ယြမ္”

“ဂိုဏ္းခ်ဳပ္က ျပသာနာမရွာခဲ့နဲ႕လို႔မွာလိုက္တာ ေမ့သြားၿပီလား “

“အဲ့တာဆို အဲ့ဒီအမွိုက္ေကာင္ကစၿပီးႏွောက္ယွက္လာခဲ့ရင္ အစ္ကိုဆုံးမေပးရမယ္ေနာ္ “

“ေကာင္းပါၿပီဗ်ာ “

ဟယ္စစ္ယြမ္တို႔မသိခဲ့သည္မွာ သူတို႔၏ေဘးကပ္ရပ္အခန္းတြင္ ကယ္ရီရွိေနခဲ့ျခင္းပင္ျဖစ္သည္
” သူရဲေကာင္းက အာေခ်ာင္ေနတဲ့ျဖတ္ေလွ်ာက္ေတြကိုဆုံးမခန္းဆိုတဲ့ ျပဇာတ္ႀကီးကဖို႔ ငါတကယ္ကိုပ်င္းလြန္းေနတယ္ “
[Host တကယ္ဘာမွမလုပ္ေတာ့ဘူးလား]
ကယ္ရီလည္း တစ္ခ်က္သန္းေဝရင္း
“အပိုစကားေတြေျပာေနတာထက္စာရင္ ၿပိဳင္ပြဲေန႕ေရာက္မွဆုံးမေပးလိုက္တာပိုထိေရာက္မယ္လို႔ထင္တာပဲ”
[Host ကအရင္လိုငတုံးမဟုတ္ေတာ့ဘူးဆိုတာ ကြၽန္ေတာ္သိၿပီးသားပါ Host အဆင္ေျပသလိုသာလုပ္ ေနာက္ကေနကြၽန္ေတာ္ေထာက္ခံေပးမယ္]
“အေရးမပါတဲ့ဟာေတြနားမေထာင္ေတာ့ဘူး
ေရွာင္ပိုင္ေလးဗိုက္ဆာေနေလာက္ၿပီ ျမန္ျမန္ေကြၽးမွျဖစ္မယ္”
[……….]

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄
Long time no see ㅋㅋㅋ 👀

Tags: read novel System 286 (On Going) Arc 4.5(ပိုင်ရှီရှန်း), novel System 286 (On Going) Arc 4.5(ပိုင်ရှီရှန်း), read System 286 (On Going) Arc 4.5(ပိုင်ရှီရှန်း) online, System 286 (On Going) Arc 4.5(ပိုင်ရှီရှန်း) chapter, System 286 (On Going) Arc 4.5(ပိုင်ရှီရှန်း) high quality, System 286 (On Going) Arc 4.5(ပိုင်ရှီရှန်း) light novel, ,

Comment

Leave a Reply

Chapter 51