System 286 (On Going) In Space

All chapters are in System 286 (On Going)
A+ A-

Zawgyi










System: “ရှေ့စကားနောက်နောက်စကားညီအောင်လဲပြောပါအုံး Hostရယ် အဲ့လောက်ချစ်နေရင် ဘာလို့အပြီးမနေခဲ့တာလဲ သေနတ်ပါအစားဝင်ခံပေးပုံထောက်ရင်တော်တော်ချစ်ပုံရတယ် “






“ဝိုးး မိုက်လိုက်တာ….

System: “ဆုတောင်းလေ”









“ဟုတ်လား ဘာတွေလဲ “





System: “သေချာပီလား ဘာလို့တိုက်ခိုက်ရေးစွမ်းရည်မယူတာလဲ Hostက ကိုယ်ကိုယ်ကိုကာကွယ်နိုင်လို့လား “


System: “ပြီးရော…..
15% 23% 52% 76% 99% 100%



“အင်း…သွားမယ်..
ခဏ!!

System: “ဒါပေါ့”


☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Unicode

ကယ်ရီ ပထမကမ္ဘာမှထွက်လာပီး မူလကရောက်ခဲ့ဖူးသော ဟင်းလင်းပြင်ကြီး ထဲသို့ပြန်ရောက်လာခဲ့သည်..။

System: “point တွေကိုကြေငြာပါမယ်…..
ပထမကမ္ဘာတွင် ရရှိသောpoint -700″

“850တော့လုပ်လိုက် 150ကဘယ်ပျောက်သွားတာလဲ “

System: “Host ဆေးဝယ်တာက point 50 မစ်ရှစ်ပေါက်ကြားစေမှုအတွက်ပြစ်ဒဏ်က point 100 ဘာလဲမမှတ်မိဘူးလား အမူးသမားရဲ့”

“ဟီး…… စောနကသေနတ်နဲ့အပစ်ခံလိုက်ရလို့ထင်တယ် မေ့သွားတယ် “
System:”ဆက်ကြိုးစားပါ Host point 10000 ပြည့်ရင် မူလကမ္ဘာကိုပြန်ခွင့်ရပါမယ် “

ထိုစဉ် ကယ်ရီရှေ့သို အဖြူရောင်ဖန်လုံးလေးပေါ်လာသည်

“System ဒါကဘာအလုံးလေးလဲ “

System: “ဒါက Hostရဲ့ဝိညာဉ်စွမ်းအားပါ… Host မစ်ရှင်မအောင်မြင်ခဲ့ရင် မစ်ရှင်ပေါ်မူတည်ပြီး ဖန်လုံးလေးကအရောင်ဖျော့သွားမှာပါ ဖန်လုံးလေးအလင်းရောင်မရှိတော့ရင် Hostက ထာဝရပျောက်ကွယ်သွားမှာပါ “

” ကိစ္စမရှိဘူး ငါ့မှာတွယ်တာစရာဘာမှမရှိဘူး
ဒါနဲ့ အကိုဟန်ယွင်ရောအဆင်ပြေလားမသိဘူး သေနတ်သမားက ငါ့ကိုပစ်ပီး အကိုဟန်ယွင်ကိုဆက်ပစ်ရင်ဘယ်လိုလုပ်မလဲ သူတော်တော်လန့်သွားလောက်တယ် အဆင်ပြေရဲ့လားမသိဘူး System ငါအဲ့ကမ္ဘာကထွက်သွားပီးတဲ့နောက်အကိုဟန်ယွင်အဆင်ပြေလားကြည့်လို့ရမလား “

System: “ရှေ့စကား နောက်စကားညီအောင်လဲပြောပါအုံး Hostရယ် အဲ့လောက်ချစ်နေရင် ဘာလို့အပြီးမနေခဲ့တာလဲ သေနတ်ပါအစားဝင်ခံပေးပုံထောက်ရင်တော်တော်ချစ်ပုံရတယ်  “

“ငါကအကိုတစ်ယောက်လိုချစ်တာ မဟုတ်တာလျှောက်မပြောနဲ့ ပြီးတော့လေ ငါအစားဝင်ခံပေးခဲ့တာမဟုတ်ဘူး တကယ်က ငါပြေးရင်းနဲ့ခလုတ်တိုက်မိသွားတာ သေနတ်သမားရှိနေတာလဲငါမသိဘူး မတော်တဆဆိုပေမယ့် တော်ပါသေးတယ် အကိုဟန်ယွင်ဘာမှမဖြစ်လို့ မေးတာသာဖြေပါ ပြန်ကြည့်လို့ရလားလို့ “

System: “အခုတော့မရသေးဘူး Hostက level 1ပဲရှိသေးတယ် level 3ရောက်မှ သေဆုံးပီးနောက်ပိုင်း ဘာဆက်ဖြစ်လဲကြည့်လို့ရမှာ”

“ဒါဆို ငါကဘယ်တော့ Level 3ရောက်မှာလဲ “

System: “ကမ္ဘာတစ်ခုမှာမစ်ရှင်အောင်မြင်အောင်ထမ်းဆောင်ပီးတိုင်း level တစ်ဆင့်တက်ပါမယ် “

System ရှင်းပြနေတုန်း ကယ်ရီရှေ့သို့ screen တစ်ခုပေါ်လာပြန်သည် ကယ်ရီတစ်ချက်ကြည့်ကြည့်တော့ သော့များခတ်ထားသော စွမ်းရည်များ ပစ္စည်းများ အကျိုးခံစားခွင့်များ …..

“ဝိုးး မိုက်လိုက်တာ….
သော့သာမပါရင်တော်တော်ကောင်းမှာပဲ “

System: “ဆုတောင်းလေ”

“Level တစ်ခုတက်တိုင်း point တွေအပြင် လက်ဆောင်ပါရမှာလား”

System: “ဟုတ်ပါတယ် Host ဒါတွေကHostတွေရဲ့ခံစားခွင့်တွေပါ level မြင့်လေပိုများလေပါ “

ကယ်ရီ screen အနှံ့ကြည့်ရင်းနောက်ဆုံးတွင် အရုပ်မျိုးစုံတွေ့လိုက်သည်
“ဒီအရုပ်လေးတွေကဘာလေးတွေလဲ ချစ်စရာလေးတွေ….
ဒါကအလကားမဟုတ်ဘူးဟ pointတွေနဲ့ဝယ်ရမှာပဲ….ဒါတွေကဘယ်မှာသုံးလို့ရတာလဲ “

System: “အဲ့အရုပ်တွေက Hostတွေက သူတို့Systemကိုဝယ်ပေးကြတာပါ System တွေမှာကိုယ်ထည်မရှိပါဘူး…ဒါပေမယ့် သူတို့ရဲ့Hostတွေက point နဲ့ကိုယ်ထည်ကိုဝယ်ပေးလို့ရပါတယ် “

“ဟုတ်လား 286လေးဘာလိုချင်လဲရွေးထားလေ ဒီကကိုကိုလေး point သူဌေးဖြစ်တဲ့နေ့ဝယ်ပေးမယ် “

System: “ဟွန့် မဝယ်ပေးလို့ကတော့တွေ့မယ် “

“အခုငါက level 1ဆိုတော့ ဘာရနိုင်မလဲ “

System:”စွမ်းရည်သုံးခုပွင့်ပါတယ် နှစ်သက်ရာတစ်ခုသင်ယူနိုင်ပါတယ်”

“ဟုတ်လား ဘာတွေလဲ “

System: ” အချက်ပြုတ်စွမ်းရည် ၊ ဂီတစွမ်းရည် ၊ တိုက်ခိုက်ရေးစွမ်းရည် တွေပါ “

“အဲ့တာတွေသင်ရင်ကြာမှာလား
ကြာမယ်ဆိုရင်မသင်ဘူးနော် ပျင်းစရာကြီး ဟက်ချလောင်းဆိုပြီးတတ်သွားလို့မရဘူးလား”

System: “မရဘူး…ကြာတော့ကြာမယ် ၅မိနစ်လောက်”

“ဘယ်လို ဘယ်လို ၅မိနစ် ဟုတ်လား…. သင်မယ်သင်မယ် ဂီတစွမ်းရည် သင်မယ် “

System: “သေချာပီလား ဘာလို့တိုက်ခိုက်ရေးစွမ်းရည်မယူတာလဲ Hostက ကိုယ့်ကိုယ်ကိုကာကွယ်နိုင်လို့လား “

“ငါကငြိမ်းငြိမ်းချမ်းချမ်းနေတတ်တဲ့သူ အဲ့စွမ်းရည်မလိုဘူး “

System: “ပြီးရော…..
ဂီတစွမ်းရည်ထည့်သွင်းနေပါသည်…
15% 23% 52% 76% 99% 100%
အောင်မြင်စွာထည့်သွင်းပြီးပါပြီ “

“ဝါး မိုက်လိုက်တာ စာတွေကိုလည်းဒီလိုထည့်လို့ရရင်တော်တော်ကောင်းမှာပဲ “

System: “အပျင်းကကြီးနေသေးတယ် နောက်ကမ္ဘာသွားတော့မှာလား “

“အင်း…သွားမယ်..
ခဏ!!
ပထမတစ်ခေါက်ကလိုနာမှာလား “

System: “ဒါပေါ့”

System ပြောပြီးပြီးချင်း ကယ်ရီအား ဒုတိယကမ္ဘာသို့ပို့ဆောင်လိုက်သည်..။

☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Tags: read novel System 286 (On Going) In Space, novel System 286 (On Going) In Space, read System 286 (On Going) In Space online, System 286 (On Going) In Space chapter, System 286 (On Going) In Space high quality, System 286 (On Going) In Space light novel, ,

Comment

Leave a Reply

Chapter 23