Wrong Time Right Person(Completed) part12(unicode)

A+ A-

wrong time right person

အပိုင်း(၁၂)

မျက်လုံးများ မှိတ်ထားသည်မို့ မျက်တောင်ရှည်ရှည်များက ငိုက်စင်းနေ၏။
ဖြောင့်စင်းသော နှာတံမြင့်မြင့်များအဆုံးတွင် နီညိုရောင် နှုတ်ခမ်းများဟာ ပိပိရိရိ။
မေးချိုင့်လေးမှာ နဂိုချောသော မျက်နှာအား အားဖြည့်ထားသည့် ပင်မသော့ချက်။
နန်းဦးက မေးချိုင့်လေးထဲ လက်ညှိုးထိုးကြည့်လိုက်သည်အထိ
ပိုင်ရှင်မှာနိုးမလာ။ အပေါ်ကုတ်မပါနို့နှစ်ရောင်ရှပ်တစ်ထည်သာဝတ်ထားကာ အပေါ်မှ ကြယ်သီး သုံးလုံးထိ ဖြုတ်ထားလျက် လည်စလုပ် မှာထင်းနေကာ
ရင်ဘတ်ဆီအကြည့်အရောက်
တံတွေးများပင်ဂလုကနဲမျိုချမိသည်။
နန်းဦး ဟာ တဏှာရာဂ မကင်းသော ပုထုဇဥ်လူသားလေး သာပဲ။
အင်္ကျီ ကြယ်သီးများအား ခပ်မြန်မြန်ဖြုတ်ကာ အင်္ကျီ အား ကုတင်အောက်လွှင့်ပစ်လိုက်သည်။
ထိုအခါ အမွှေးအမျှင်များနှင့် ရင်အုပ်ထွားထွားကြီးများပေါ်လာကာ
နီညိုရောင် ဖြစ်တည်မှုလေး နှစ်ကောင်မှာ နန်းဦး အား လာပါစို့ပါဟု မြူဆွယ်နေသယောင်။
နန်းဦး က အချိန်မဆွဲပဲပြေးငုံလိုက်ကာ

“အင်း ချိုတယ်”

ပါးစပ်ကိုလည်းအလုပ်ပေးရင်း လက်များမှာလည်း အဖုအထစ်များဖြင့် ပေါင်မုန့်လုံးကြီးများအား
အဆင်မပြတ်ပွတ်နေလိုက်သည်။
တစ်ဝက်တစ်ပြက်သာ
တွဲလောင်းအနေအထားဖြင့် ရှိနေသေးသော ခါးပတ်အား ဆွဲဖြုတ်ကာ
ဘောင်းဘီ ကြယ်သီးဆီလက်လှမ်းလိုက်သည်။
ဇစ်မှ ဆွဲဖြုတ်ကာ အတွင်းခံနှင့်အတူဘောင်းဘီအား ပေါင်လယ်အထိလျှောချလိုက်သည်။
ငေါက်ကနဲပေါ်လာသော ရတနာရွှေပန်းကြီးနှင့်အပြိုင် အမွှေးမထူမပါး
ကြက်မောက်သီး နှစ်လုံးအား မြင်လိုက်ရခိုက်
နန်းဦး အောက်ပိုင်းမှာပူကနဲ။

“သွားပြီ “
“ဘာသွားတာလဲ ကလေး”

အောက်ပိုင်းမှအပြောင်းအလဲနှင့်အတူ စိုစိုရွှဲရွှဲအထိအတွေကြောင့်
မျက်လုံးများအဖွင့်
မိမိကိုယ် အားခွကာ မိမိ
မျက်နှာအားငုံ့ကြည့်နေသော မျက်နှာ
ချောချောအား လန့်လန့်ဖျတ်ဖျတ်နှင့်
အစွမ်းကုန်တွန်းဖယ်လိုက်သည်။သူက
အိပ်နေတာ။
ငါက အပေါ်ရောက်နေတာမဟုတ်ဘူးလား။ အိပ်မက်လား။
အိပ်မက်မက်ရုံနဲ့ငါက ။
ယောကျာ်းသိက္ခာကျလိုက်တာ
ဟိုတစ်ညအတွက်အစားပြန်ယူပါမယ်ဆိုမှ။နန်းဦးက အတွေးများအားရပ်ကာ အပေါ်မှလူအားတွန်းဖယ်လိုက်သည်။

“အား ခင်ဗျား! ဖယ်”
“မင်္ဂလာ ဦးညမှာ ဝိုင်မူးပြီး အိပ်သွား
တဲ့သူက ဟိုလိုအိပ်မက်တွေမက်ပြီး
ဟားးးဟားး”

ဆက်မပြောပဲ စိုရွှဲသွားသော နန်းဦး နေရာအား ကြည့်ကာလှောင်ပြောင်နေသူကြောင့် အစွမ်းကုန်ရုန်းဖယ်လိုက်သည်။
နန်းဦးအား အပေါ်မှ ပိုင်ပိုင်နိုင်နိုင်ဖိထားသည်မို့ ဘယ်လောက်ရုန်းရုန်း
အချည်းနှီး။

“မင်းအိပ်မက်ထဲမှာ ကိုယ့်ကို ထည့်မက်နေတာတော့မဟုတ်ဘူးမှလား”
“မမက်ဘူး ဖယ်ပေး”
“မညာတတ်ပဲညာမနေနဲ့မင်းမျက်နှာမှာပေါ်နေတယ်
ကိုယ်က လက်တွေ့ဖြစ်အောင် လုပ်ပေးရမှာပေါ့”
“မလုပ်ဘူးနော် မရဘူး မကြိုက်ဘူး”
“မင်း ခန္ဓာကိုယ်ကတော့ကြိုက်နေပုံပဲ”

ကြည်သူ ခန်းမဆီမှပြန်လာတော့
ဝိုင်ဘူးအလွတ်ကြီးဖက်လျက်
သူ့သတို့သားမှာ ကုတင်ပေါ်ကန့်လန့်ကြီး အိပ်နေလျက်။
အဝတ်အစားများလဲဝတ်ပေးပြီးသည့်တိုင်နိုးမလာ။
ဝိုင်လေးတစ်ဗူးနဲ့ လူမှန်းမသိအောင် မှောက်သွားပုံမှာ အယ်ကိုဟောလ်အား
အတွေ့အကြုံမရှိဘူးဆိုတာ သိသာနေလျက်။
အဝတ်လှဲပေးရင်း ဒီကောင်လေးဟာ မျက်နှာလေးတင် ပြီးပြည့်စုံတာမဟုတ်ပဲ ခန္ဓာ ကိုယ်ရော အတွင်းပစ္စည်းများအထိပါ လှ ကြောင်းသိလိုက်ရသည်။
သူ့ညီလေး
မှာ ယောကျာ်းတစ်ယောက်၏
အလှအပအား ကောင်းကောင်းခံစားတတ်နေကာ အစွမ်းကုန်တင်းမာလာသည်မို့ ရေချိုးခန်း ပြေးဝင်ပြီး မိနစ်သုံးဆယ်လောက်ချော့ကာ
ရေပါတစ်ခါတည်းချိုးပစ်လိုက်သည်။
bathrobeတစ်ထည် ကောက်ဝတ်ကာ
အခန်းထဲရောက်သည်အထိ
ကောင်လေးမှာ သူလဲပေးသော ညဝတ်အင်္ကျီနှင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်နေဆဲ။
ထို့နောက် ချစ်သူနှင့်ဝေးတာ မကြာသေးပါပဲ ချစ်သူနှင့် ဝေးအောင်ဖန်သော သူကိုမှ ယိမ်းယိုင်နေသည့်
သူ့ကိုယ်သူအား မကျေမနပ်ဖြစ်သည်။
သူ့တာဝန်သူယူကာ ထွက်သွားမည်ဟု ပြောနေပါလျက် သူက ဘာလို့အသာ တကြည်နဲ့ လွတ်မပေးပဲ
လက်ထပ်တာထိလုပ်ကာ
ဆွဲထားချင်နေရပါလိမ့်ဟု
ကိုယ့်စိတ်ကိုယ်နားမလည်။
စိတ်ရှုပ်ထွေးလာကာ
ရှန်ပိန်တစ်ဗူး ယူလျက် hotel အခန်းပြင် အနားယူအပန်းဖြေရန်လုပ်ထားသော မှန်အမိုးများမိုးထားသည့် အဆောင်တွင် ထွက်သောက်နေလိုက်သည်။
သောက်ပြီး ဒရင်းဘတ်မှာပင် အိပ်ပျော်သွားရသည်။ မည်မျှကြာအောင် အိပ်ပျော်သွားသည်မသိ
ခန္ဓာကိုယ်မှာ သိသိသာသာ
အေးလာတာကြောင့် လန့်နိုးကာ
အပြင်မှာ လေရောမိုးပါသည်းနေ၏။
နာရီကြည့်လိုက်တော့ ညနှစ်နာရီ။
အမူးပြေလုလုဖြစ်နေပြီဖြစ်ကာ
အခန်းဆီပြန်ရောက်တော့
ဝါကျင်ကျင် ညအိပ်မီးရောင်အောက်တွင် ထိုကောင်လေးမှာ အိပ်နေဆဲ။
အပေါ်မှ အုပ်မိုးကာ
မျက်နှာ အစိတ်အပိုင်းတစ်ခုချင်း လိုက်ကြည့်နေစဥ်
အိပ်နေသူက ပြုံးလာ၏။
ထို့နောက်မျက်လုံးများဖွင့်ကာ
သူ့ကိုကြည့်လာသည်မှာ အလန့်တကြား။ ကောင်လေး၏
ခန္ဓာကိုယ်အောက်ပိုင်းနေရာသည်
ရာဂရည်များရွှဲစိုလျက်။
ကြည်သူချက်ချင်းသဘောပေါက်လိုက်ကာ
ကောင်လေးကို ဆက်စနေလိုက်သည်။

“ဖယ်ပေးဆို”
“မဖယ်ဘူး ဒီညမင်္ဂလာဦးညလေ
မဟုတ်ဘူး နောက်တစ်နေ့တောင်ကူးသွားပြီ”

နန်းဦး မျက်နှာ မှာ စိတ်ပါလျှင် ဆေးလိပ်မီး တို့လို့ရလောက်အောင်
ပူနွေးလာ၏။

“ဘာလဲ ရှက်တာလား ရှက်မနေနဲ့
အဝတ်လှဲပေးတုန်းက ကိုယ်အားလုံးကို အသေးစိတ်မြင်ပြီးသွားပြီ..ပြွတ်စ်”

ကြည်သူက စကားဆုံးသည်နှင့်
အရှက်သည်းနေသူ၏ နှုတ်ခမ်းဖူးဖူးအား ငုံထွေးလိုက်သည်။
အနမ်းများရှည်ကြာလာသည်နှင့်အမျှ
နန်းဦး ခန္ဓာကိုယ်သည်လည်းတုန့်ပြန်လာ၏။
နန်းဦး ဘက်က တုန့်ပြန်လာသည်နှင့်အမျှ ကြည်သူမှာ ချုပ်တည်းထားသမျှတာကျိုးသလို လျှံကျလာတော့သည်။
အင်္ကျီ အား ကြယ်သီးပင်ဖြုတ်မနေပဲ
ဗြန်းကနဲဆွဲဖြဲကာ ကုတင်အောက်လွှင့်ပြစ်လိုက်၏။
လည်ပင်းတွင် ခဏတွင်းချင်း
နီညိုရောင်အမှတ်အသားများ
ဖြင့်ပြည့်နှက်သွားကာ
ပုခုံးသားများအား ကိုက်ခဲ ခံလိုက်ရလေသည်။ လက်များမှာလည်း အနားမပေးပဲ ပန်းနုရောင် ရင်ဘတ်လေးအားဆုပ်နှယ်နေကာ အရေအပြားများပါ ကွာလုမတတ်။
နို့ဆာနေသော ကလေးငယ်လေးလို့
တ​ပြွတ်​ပြွတ်စို့လာသော အခါ
နန်းဦး သည် မနေနိုင်တော့။

“အားး ခစ်… ခစ်….”
“ဟမ်!”

အားရပါးရ စို့နေမိသော
ကြည်သူမှာ အောက်မှ ကောင်လေး၏
တခစ်ခစ် ရယ်သံကြောင့်
ကြောင်တောင်သွားလေသည်။

“ဘာတုန်း”
“ယား…ယားလို့”

ကြည်သူမှာ ဆက်ပဲစို့ရမလိုရပ်ပဲထားရမလို။
ဒါကို အခွင့်ကောင်းယူကာ
ကောင်လေးက ငေါက်ကနဲ ထ ထိုင်၏။

“မင်း တမင်လုပ်တာမှလား”
“ဘာလို့ တမင်လုပ်ရမှာလဲ
တကယ်ယားလို့ကို”
“ချစ်ပွဲဝင်ရအောင်”
“ချစ်ပွဲဝင်ရအောင် ခင်ဗျားက ကျတော့ကို ချစ်လို့လား “

ထိုကောင်လေးကို သူချစ်သလား တကယ်မဖြေနိုင်။
သူချစ်ခဲ့တာ နွယ်ဖြစ်ခဲ့တာပဲ။

“အရေးမပါတာ”
“ကျတော့အတွက်တော့ အရေးပါတယ်
ဟိုနေ့ညကလိုမျိုး ထပ်မဖြစ်ချင်တော့ဘူး ကျတော်ကြောက်တယ်”

ဟုတ်တယ်အသွေးအသားဆန္ဒက မလွန်ဆန်နိုင်ပေမယ့် အသိစိတ်က ကိုယ့်ကိုမချစ်တဲ့သူနဲ့ ထပ်မလုပ်ဖို့ သတိရှိနေ၏။

“ရဝေနန်းဦး “
“ပြွတ်စ်”

ပခုံးမှ ဖိချကာ တစ်ဖန် ထပ်နမ်းလာသော အနမ်းများသည် ခုဏကလို နူးနူးညံ့ညံ့မဟုတ်ပဲ
အရိုင်းဆန်၏။
အောက်နှုတ်ခမ်းသား ဆီမှ ငန်ကျိကျိအရသာ အား ခံစားလိုက်ရလျှင် ကြည်သူမှာ ချက်ချင်းလွှတ်ပေးလိုက်လေသည်။
မီးခိုးရောင် မျက်ဝန်းများသည် မျက်ရည်များကြောင့် ပို၍အရိုင်းဆန်နေ၏။
ကြည်သူထပ်နမ်းဖို့လုပ်တော့ တစ်ဖက်သို့ မျက်နှာလွှဲသွားပြန်သည်။

“ကျတော်
ခင်ဗျား နဲ့ အင်အားချင်းမယှဥ်နိုင်ဘူး ဇွတ်လုပ်ချင်ရင် ခင်ဗျားသဘောပဲ အင့်”

အသံတုန်တုန်လေးအဆုံး ရှိုက်သံကြောင့်အင့်ကနဲ။
နန်းဦး အတွက်ပထမဆုံးအကြိမ်သည်
ဘာသာယာမှ မပါပဲ တစ်စုံတစ်ယောက်ရဲ့ အစားထိုးခံအဖြစ်ခါးသီးခဲ့သည်မို့
ကိုယ့်ကို မချစ်တဲ့ယောကျာ်းဆီမှာ
ခန္ဓာကိုယ်ကို ထပ်မပေးချင်ရုံ။
ဒီတစ်ခါ မမနွယ် နာမည်ကို ယောင်ယမ်း တ နေလျှင် နန်းဦး ရှက်လွန်းလို့ သေလိမ့်မည်။

“တောက်! ငါ ကွာ”

ကြည်သူ စိတ်တိုတိုနှင့် ကုတင်ပေါ်က ထဆင်းလာလိုက်သည်။
ခုဏက bathrobeအောက်မှ အသားကုန်တင်းမာနေသော
အကောင်က ဟိုကောင်လေးမျက်ရည်ကျသည်နှင့် သူမဟုတ်သည့်နှယ် စောက်အပိုးကျိုးနေချက်။
မင်းတောင်အငတ်နေနိုင်မှတော့ ငါလည်းအားမစိုက်ရုံပေါ့။
ကြည်သူ သူ့ဘာသာသူ တွေးကာ
ကုတင်တစ်ဖက်စွန်းတွင် ဝင်လှဲလိုက်သည်။

“ဟို ဗီရိုထဲမှာ အဝတ်တွေရှိတယ် သွားလဲလိုက်”
နန်းဦး က တစ်ဖက်သို့စောင်းအိပ်နေရာမှ ကြည်သူ့ဆီက ခွင့်ပြုချက်ရသည်နှင့်အိပ်ရာမှ ထလာလိုက်ကာ
ပေါ့ပေါ့ပါးပါး အဝတ်အစားတစ်စုံယူလျက် ရေချိုးခန်းထဲ ပြေးလာလိုက်သည်။
ရေအား မြန်မြန်ချိုးလိုက်ကာ
အဝတ်အစားလဲပြီး အခန်းဆီပြန်ရောက်တော့ တစ်ဖက်စွန်းမှလူမှာ
လက်ကြီးပိုက်ကာ မျက်လုံးမှိတ်လျက် ကုတင်ပေါ် ဆန့်ဆန့်ကြီးအိပ်နေ၏။
နန်းဦး က ဘေးတွင်အသာ ဝင်လှဲလိုက်သည်။

“အလုပ်ခံမှာ မဟုတ်ရင် ဝေးဝေးရွှေ့အိပ်ပါလား”

မျက်လုံးမဖွင့်ပဲ ပြောလာသူကြောင့်
နန်းဦး ကပို၍တိုးကပ်သွားကာ

“ဟိုတယ်လည်း သရဲတွေဘာတွေခြောက်တတ်လားမသိဘူး
ခေမာမြိုင်မာ လိုပဲ ရိုးရိုးလေး ဖက်
အိပ်မယ်”

နန်းဦး က​ပြောလည်းပြောကာ
မီးကိုလည်းပိတ်လိုက်သည်။
နန်းဦးသည် ချစ်သောသူနှင့် ခန္ဓာကိုယ်ချင်းနှီးနှောမှမဟုတ် ထိုသို့လည်း ရောင့်ရဲနိုင်ပါသည်။
ထို့နောက် ကြည်သူ့ကိုယ်လုံးအား
မမှီမကမ်းလှမ်းဖက်ကာ
အိပ်ရန်ပြင်လိုက်သည်။
ခဏအကြာ ၌ လက်တံရှည်များက နန်းဦး ကိုယ်လုံးလေးအား ပွေ့ဖက်လာ၏။
အရွယ်အစားမတူသော ခန္ဓာကိုယ်နှစ်ခုမှာ အနွေးဓာတ်ချင်း ကူးလူးသွားပြီး မကြာမီ အသက်ရှူသံမှန်မှန်ဖြင့်
အိပ်ပျော်သွားကြတော့သည်။

*******
ခြံထဲ ကားဝင်သည်နှင့်
ဘွားဘွားထိပ်တင်မိုးရယ် ဒေါ်ဥနှင့် စန်းစန်းက ပေါ်တီအောက်တွင်ထွက်ကြိုနေ၏။
တစ်ဖက်မှ ကြည်သူဆင်းအလာကို မစောင့်ပဲ နန်းဦး နားကိုသာ ပြာပြာသလဲကပ်လာကြကာ နန်းဦး မျက်နှာအား
အရိပ်တကြည့်ကြည့်။
ဘွား က နန်းဦး လည်ပင်းမှ အညိုပုပ်ရောင်ပ
ပြေးနေသော အမှတ်အသားများအား မြင်လိုက်ရလျှင် နန်းဦး အား စိုးရိမ်တကြီးတွဲလာကာ
“မိဥ ဆရာဝန်ကို ​မြေးတို့အခန်းထဲ
အသင့်သွားစောင့်ခိုင်းချည်
နန်းဦး လေး ဖြည်းဖြည်း”
နန်းဦး မှာ အခြေအနေကို ချက်ခြင်းနားလည်လိုက်ကာ
မျက်နှာ တစ်ခုလုံး ရေနွေးနှင့် ဖြန်းခံလိုက်ရသလို ထူပူရှက်အမ်းလာရသည်။

“ဟို လေ ဘွား ဆရာဝန် ကမလို”

နဖူးအားလက်ဖြင့်စမ်းလာပြန်ကာ

“နဖူးလည်း ပူနေတယ် “

ဘွားက နန်းဦး နဖူးအားစမ်းကာ
မောင်းသူဘက်မှ ဆင်းလာသော ကြည်သူအား ခပ်တင်းတင်းတစ်ချက်ကြည့်သည်။
ကြည်သူမှာ ဘာမှ မလုပ်ရပါပဲ
တစ်အိမ်လုံးရဲ့ မျက်မုန်းကျိုးခြင်း ခံနေရသည်မို့ မျက်နှာမှာ အီလည်လည်။
ဘယ်သူက မြေးအရင်းလဲ မသိတော့။
နန်းဦး က ဘွားဆွဲခေါ်ရာနောက်
လိုက်လာကာ လှေကားရင်း ရောက်တော့ ရုတ်တရက် ရပ်လိုက်ကာ

“မြေး ကြည်သူ လာစမ်း နန်းဦး လေးကို အပေါ်ချီသွားပေးလိုက်”
“ဘွားကျတော် တကယ်ဘာမှမဖြစ်”
“မရှည်နဲ့ ပထမဆုံးအကြိမ်မဟုတ်ဘူးဆိုပေမယ့် ဒါမျိုးက ယောကျာ်းလေးမို့ ပိုဂရုစိုက်ရတယ်”

ဘွားက သူပြောသည့်စကားအား ဘယ်ကိုရောက်လို့ရောက်နေမှန်းသိရဲ့လားမသိ။
နန်းဦး မှာ ရှက်ပြီး အငွေ့လေးဖြစ်ချင်နေပြီဖြစ်သည်။
ကြည်သူက မချီရင်မပြီးပြီမို့
နန်းဦး အား ချီကာ အပေါ်ထပ်သူ့အခန်းဆီတက်သွားလိုက်သည်။
အပေါ်ထပ် အခန်းဆီရောက်တော့
ဆရာဝန်မှာ မတ်တပ်ကြီးရပ်နေ၏။
ရပ်ဆို ကြည်သူအခန်းက နဂိုကတည်းက အိပ်ရာကုတင်တစ်ခုသာထားကာ ရေချိုးခန်းအဝတ်လှဲခန်း စာကြည့်ခန်းအလုပ်ငန်းက သပ်သပ်ထားရှိတာမို့ပင်။
ခဏအကြာ စန်းစန်းက ခုံတစ်လုံးသွားယူလာမှထိုင်ခွင့်ရတော့သည်။
အသင့်ရောက်နေသော
ဒေါဥနှင့် စန်းစန်းမှာ ရှက်လွန်း၍ ကြည်သူ့ ရင်ခွင်တွင် မျက်နှာ အပ်ထားသော နန်းဦး အား ဘယ်လိုထင်သွားသည်မသိ။

“အင့် အီးးးးအစ်ကိုလေး ဟိုတစ်ခါကလို”

“တိတ်စမ်း နင်တို့အစ်ကိုလေးကို ငါဘာမှမလုပ်ထားပါဘူးဆို”

ကြည်သူပိတ်ဟောက်လိုက်တာတောင်
စန်းစန်းက ကြိတ်ရှိုက်နေသေးသည်။
ဒီအိမ်ကလူတွေ သူ့ကို ဘယ်လိုဆက်ဆံနေကြလဲမသိပါ။
မစားရအညှော်ခံဆိုတာ ဒါမျိုးကို ပြောတာဖြစ်ပါလိမ့်မယ်။

“ကြင်စဦး နှစ်ယောက်ကိုထား ပြီး
ကျန်တဲ့သူတွေအပြင်ခဏထွက်ပေးကြပါလား”

ဆရာဝန်တောင်းဆိုသည့်တိုင် မထွက်ချင် ထွက်ချင်နှင့် ထွက်သွားကြသည်။
ဒါတောင် ဘွားက ဆရာဝန်အား

“သေသေ ချာချာ စေ့စေ့စပ်စပ် စစ်ဆေးပြီး အဆင်ပြေအောင် လုပ်ပေးလိုက်ပါမောင်သူရေ”

ဟု ပြောခဲ့သေးသည်။
ကြည်သူ့မျက်နှာ တင်းတင်းအား ကြည့်လျက် ဆရာဝန်မှာ
မျက်နှာလေးအောက်ချကာ စကားလှည့်ပြောရန်အလုပ်

“ဘာမှလုပ်မထားဘူး ဘာမှမလိုဘူး
ခင်ဗျားပြန်တော့”

မိသားစုဆရာဝန်ကြီးမှာ မျက်နှာငယ် လေး
ဖြင့် အခန်းပြင်ကြည့်ကာ

“ခုနေ ဒီတိုင်းထွက်သွားရင် သခင်မကြီးက လက်ခံမှာမဟုတ်ဘူး
အားဆေးပေးခဲ့မယ် “
“ကျုပ်မလိုဘူး သူ့ကိုသာ များများပေးခဲ့”

ကုတင်ပေါ်တွင် ခြေဆွဲလေးထိုင်နေသော နန်းဦး ဆီမေးဆတ်ပြကာ
ပြောသည်မို့ ဆရာဝန်က
ဗီတာမင် အားဆေးတစ်လစာပေးလိုက်သည်။
ထို့နောက်

“ဟိုလေ ဆရာတို့ ခု ဘာမှလုပ်မထားဘူးဆိုပေမယ့် နောက်တော့ လုပ်မှာ ပဲ မဟုတ်လား
ရှောင်ရန် ဆောင်ရန်လေးတွေ”
“ခင်ဗျား ဟိုတစ်ခါက ပြောပြီးပြီပဲ”

မိသားစုဆရာဝန်မှာ အကန်တွေချည်းပြောနေသည့် ကြည်သူအား လျစ်လျူရှုလိုက်ကာ
နန်းဦးဘက်လှည့်လိုက်သည်။

“လူလေး မရှက်ပဲနဲ့သေချာနားထောင်နော်
တကယ်လို့ ဟိုဒင်းရင် ဒါလေးတွေတော့ သုံးပေးနော် ကိစ္စကို အဆင်ချောစေတယ် ဟော ဒါက ကိစ္စပြီးရင် လိမ်းရမယ့်လိမ်းဆေး ဟော ဒါ က လူလေးအမျိုးသားဆောင်းဖို့ ဦးထုပ် သူမဆောင်းချင်ရင်လည်း ချော့မော့ဆောင်းခိုင်းနော် ဒါက ကျန်းမာရေးအတွက်”

နန်းဦး က ဆရာဝန်ပြောသည့် ကြုပ်လေးအား ဟိုဒီလှည့်ပတ်ကြည့်ကာ
ကြည်သူခေါင်းအားတလှည့်ကြည့်ပြန်သည်။ ဘယ်လိုဦးထုပ်မို့လို့
ဒီကြုပ်သေးသေးလေးထဲ ထည့်ထားပါလိမ့်ဟုတွေးပြန်သည်။
ဆရာဝန်က နန်းဦး ၏ ဇဝေဇဝါပုံလေးကို ချက်ချင်းသဘောပေါက်သွားကာ

“သူ့ခေါင်းမှာ ဆောင်းမှာ မဟုတ်ဘူးနော် သူ့ညီလေးခေါင်းကိုဆောင်းပေးရမှာ”
“ကိုကို ကတစ်ဦးတည်းသော သားပါဆရာ”
“အင် ရှုပ်ကုန်ပြီ ဘယ်လိုပြောရမလဲ
ရတနာရွှေပန်းမှာ …..”
“ဦးမန်းသူ ဒီကိစ္စသူ့ကို ပြောမနေနဲ့ ကျုပ် ညီလေးကိစ္စ ကျုပ်ကြည့်လုပ်လိုက်မယ် ပြီးပြီ မှလား ခင်ဗျားပြန်တော့ဗျာ”

မိသားစု ဆရာဝန်မှာ ကြည်သူ့အဖေ ကြည်သာမောင်နှင့် သူငယ်ချင်းတွေဖြစ်ကာ ကြည်သူအားငယ်ငယ်က ထိန်းကြောင်းဖူးသူ။
ငယ်ငယ်လေးတည်းက အပိုးသိပ်ကျိုးတတ်တဲ့ ကောင်လေးမဟုတ်ကာ
ကြီးလာတော့ပိုဆိုးသည်။
ကောင်လေးသည် ဒီလူ့ဂွစာကို တော်တော်သည်းခံရမည်ပင်။
အဖေ့ခြေရာ နင်းတဲ့သား ပာလားဟုလည်း တစ်ဖက်က တွေးမိကာ
အတွေးက အတိတ်ဆီရောက်သွား
တော့ မျက်နှာမကောင်းနိုင်တော့။
“မင်းသားလည်း မင်းလိုမဖြစ်စေချင်ဘူး ကိုမောင်ရာ”

အတွေးစအားဖြတ်တောက်ကာ
ဆေးအိတ်ကြီးဆွဲကာ အခန်းပြင်ထွက်သွားပြီ ဖြစ်သော
ကြည်သူကြောင့် အမြန်ထလိုက်ရသည်။
ဆရာဝန်ထွက်သွားသည်နှင့် စန်းစန်းက ဆန်ပြုတ်ပန်းကန်နှင့် ဝင်လာကာ
ဘွားက အနောက်မှပါလာ၏။

“ဆန်ပြုတ်လေးစား
ဆေးသောက် ပြီး တစ်ရေးပြန်အိပ်လိုက်မြေး ကြည့်ပါဦး တစ်ညတည်းနဲ့ မျက်နှာလေး ချောင်သွားလိုက်တာ”

ဘွားက ဂရုဏာ ဖြင့်ပြောသော်လည်း
ဆိုလိုရင်းက ဒီဘူတာကို ဆိုက်သည်မို့
နန်းဦး မှာ ဒီနေ့ အရှက်လည်းကုန်ပြီဖြစ်သည်။
ကျတော်လို့ အဝှာ မပြု​ဖြစ်
ဘူးဟုလည်း နှိုက်နှိုက်ချွတ်ချွတ် ရှင်းပြရမှာ ကိုလည်း ဝန်လေးသည်မို့
ဒီနေ့တစ်နေ့လုံး ဆန်ပြုတ်ဖြင့် နပါးသွားကာ
အိပ်ရာမှ မထပဲနေလိုက်ရသည်။
နန်းဦး ကို မိသားစုဝင်သွေးသားရင်းချာတစ်ယောက်လို ချစ်ပေးနွေးထွေးပေးကြတော့ နန်းဦး မှာ ဖေကြီးမေကြီးနှင့် မမကို လွမ်းသည့်တိုင်
ဒီမိသားစုလေးကြောင့် လုံခြုံအေးချမ်းရပါသည်။
ဘွားဘွားတို့ ပြန်ထွက်သွားသည်နှင့် အိပ်မပျော်သည်မို့ စာကြည့်ခန်းထဲဝင်လာလိုက်သည်။
အုတ်ဂူတွေရှိတဲ့ဘက်မှ တံခါးအား
ကိုကိုက အသေပိတ်ပစ်လိုက်ပြီမို့
​အရှေ့ဘက်မျက်နှာ စာပြတင်းသာ ကျန်တော့သည်။
လိုက်ကာစအားဖယ်ကာ ပြတင်းနားကပ်လျက် ခြံဝင်းဖက်ကြည့်လိုက်လျှင် ကားကြီးတစ်စီး ပေါ်မှ ဇီဇဝါပန်းအိုးများအား ချနေသော ဦးတူးနှင့် အလုပ်သမားလေးငါးယောက်အားတွေ့ရသည်။ ကိုကိုနှင့် ကိုကို့သူငယ်ချင်း ညီဘွား ဆိုသူမှာ ရပ်လျက် စကားပြောနေပုံရသည်။ ပန်းအိုးများမှာ
ဧည့်ခံပွဲ ၌ သုံးထားသော ပန်းအိုးများဖြစ်ကာ အလုံးနှစ်ဆယ်ခန့်ရှိလေသည်။
နန်းဦး အောက်ဆင်းသွားရန်ပြင်ပြီးမှ
မဆင်းဖြစ်တော့ ။
ခဏအကြာ ကိုကိုကအခန်းထဲပြန်ရောက်လာ၏။

“ကိုယ် ညီဘွားနဲ့ ကုမ္ပဏီ ဘက်သွားလိုက်ဦးမယ် စောင့်မနေနဲ့ “
“ပန်းအိုးတွေက”
“ကြည့်ချင်ရင် ညနေလောက်မှ သွားကြည့်လေ ရေကန်ဘေးက မြေကွက်လပ်မှာ ထားမှာ သွားပြီ”

ကိုကို ထွက်သွားတော့ နန်းဦး တစ်ယောက်တည်း ပျင်းကျန်ခဲ့သည်။
အောက်ဆင်းပြီး စပ်စုချင်သော်လည်း ဒီတစ်နေ့တော့ အခန်းတွင်း​ပုန်းရ
ပေဦးမည်။

မိုချီ(ခတ္တလူ့ပြည်)

ဘူးကို ဗူးလို့တမင်သုံးထားတာပါ
စာလုံးပေါင်းမမှားပါနော်

Tags: read novel Wrong Time Right Person(Completed) part12(unicode), novel Wrong Time Right Person(Completed) part12(unicode), read Wrong Time Right Person(Completed) part12(unicode) online, Wrong Time Right Person(Completed) part12(unicode) chapter, Wrong Time Right Person(Completed) part12(unicode) high quality, Wrong Time Right Person(Completed) part12(unicode) light novel, ,

Comment

Leave a Reply

Chapter 24