Wrong Time Right Person(Completed) part14(unicode)

A+ A-

wrong time right person

အပိုင်း(၁၄)

ကျောင်းပိတ်ရက်များတွင်
ကျွန်းလှ သားလေး ကြည်သာမောင်မှာ ကျွန်းလှမပြန်တော့ပေ။
နောက်စာသင်နှစ်အတွက်
မင်းမောင်မောင်နှင့်သူ စာ ကြိုလုပ်ရန်အကြောင်းပြချက်ဖြင့် ခေမာမြိုင်တွင်
သောင်တင်နေ၏။
ခေမာမြိုင်တွင် နေစဥ်အတွင်း
စွေသောမိုး၏စနစ်ကြောင့်
ရုပ်ရှင်ရုံ မြင်းပွဲ လူကုံထံ
ပါတီပွဲ ပါမကျန် ရောက်ရတော့သည်။
မြို့တော်ဝန်နှင့် ကတော်ကြီး ဒေါ်ထိပ်တင် မိုးမှာ ကိုယ်ကျင့်တရားနှင့် အပြုအမူလည်းကောင်းကာ
ဆရာဝန်ဆိုသော ဂုဏ်ပုဒ်ကလေးနှင့် ကြည်သာမောင်အား
အထူးပင်မျက်စိကျကာ သားတစ်ယောက်လိုပင်ဆက်ဆံလေသည်။
ဒီနေ့လည်း ဝန်ထောက်ကတော်တစ်ယောက်၏ မွေးနေ့ပါတီဟု ဆိုကာ
မြို့တော်ဝန်နှင့်အတူ
သူတို့သုံးယောက်ပါ
ပါတီတစ်ခုသို့ရောက်နေ၏။
အော်ပရာ တီးဝိုင်းနှင့် အပြိုင်
စုံတွဲများမှာ အနောက်တိုင်းအကများဖြင့်မြူးမြူးကြွကြွ။
မြို့တော်ဝန်ကြီးသည်လည်း သူ့မိတ်ဆွေများ၏
စားပွဲဝိုင်းတွင်မို့
ထောင့် ကျကျ စားပွဲဝိုင်းလေးတွင်
သူတို့သုံးယောက်သာ။
စွေသောမိုးက နှုတ်ခမ်းစွတ်ရုံသောက်နေသော ဝိုင်ခွက်အား အသာချာကာ

“လာပါ ကိုကို ညီမတို့လည်းသွားကရအောင်”

ကြည်သာမောင် က စွေသောမိုးဆွဲသည့်ဘက်အသာယိမ်းရင်း
မင်းမောင်မောင်ဘက် ခွင့်တောင်းသလိုလှမ်းကြည့်၏။
မင်းမောင်မောင်က
ခွင့်ပြုသလို ခေါင်းတချက်ဆတ်ငြိမ့်ပြလိုက်မှ စွေသောမိုး ဆွဲခေါ်ရာနောက်ပါသွားလေသည်။
မင်းမောင်မောင်မှာ
ညိုဖျော့သော အသားအရေနှင့်အပြိုင် မီးခိုးဖျော့ဖျော့ အနောက်တိုင်းဝတ်စုံနှင့်ဖြစ်သည်။
မျက်လုံးညိုဖျော့ဖျော့သည် ညီမဖြစ်သူ
စွေသောမိုးနှင့် စည်းချက်ညီညီ စီးမျောနေသော အနက်ရောင် အနောက်တိုင်း ဝတ်စုံနှင့် အမျိုးသားဆီသို့ သာစူးစိုက်နေ၏။
ထို့နောက် ညီမဖြစ်သူနှင့် ထိုအမျိုးသားမှာ လိုက်ဖက်လှပါလားဟုတွေးရင်း ရင်ဘတ်တစ်နေရာမှ အောင့်သွားလေသည်။
တစ်ခါမှ မသောက်ဖူးသော
ဝိုင်ခွက်အား တစ်ရှိန်ထိုး ယူမော့လိုက်ရာ အယ်လ်ကိုဟော ပါဝင်မှုနှုန်းနည်းသည့်တိုင် ထိတွေ့မှုမရှိဖူးသော သူ့မှာ အနည်းငယ်ရီဝေသွားလေသည်။

“သူ တစ်ယောက်တည်းလား”

နှုတ်ခမ်းနီရဲရဲ အဝတ်အစားရဲရဲဖြင့် အမျိုးသမီး တစ်ဦးမှာ သူ့ဆီမှ ခွင့်ပြုချက်ပင်မစောင့်ပဲ သူ့ဘေးခုံတွင်ဝင်ထိုက်လိုက်သည်။

“အဖော်တွေပါတယ်”
“အိုင် တော့ တွေ့မနေပါဘူး ဟင်း ဟင်း”
“ဟိုမှာ!”

ထိုရဲတင်းသော အမျိုးသမီးမှာ
မင်းမောင်မောင်ပြရာဆီ လှမ်းကြည့်လိုက်ရင်း

“ဝါး မိုးမိုး ပါလား ဒါဆို သူက မိုးမိုးရဲ့ အစ်ကို ဆရာဝန်လောင်းလေး ဆိုပါတော့ အိုင်က မိုးမိုးရဲ့သူငယ်ချင်း မေရှဲလ်ပါ”

မင်းမောင်မောင်မှာ
မေရှဲလိဆိုသော အမျိုးသမီးဆီမှ
မွှန်ထူနေသော နိုင်ငံခြားဖြစ် ရေမွှေးနံ့ကြောင့် မွှန်ထူလာလျှင် လူမှုရေးအရပင် ဆက်လက်သည်းခံနိုင်စွမ်းမရှိတော့ပေ။

“ဟို တဆိတ် မမေရှဲလ် ကျတော်ရေမွှေးနံ့နဲ့ ဓာတ်မတည့်လို့”
“ဘာ ယူကတို့ကိုနှင်တာလား”
“ကျစ်”
“ဟွန်းးတစ်ယောက်တည်းမို့လို့ စေတနာနဲ့ အဖော်ပြုပေးရအောင်လာတာ
ယူ မဟုတ်လည်း အိုင်နဲ့တွဲချင်သူတွေတစ်ပုံကြီး”

သူမဘာသာ ပြောလည်းပြောကာ
ဒေါက်ဖိနပ်ကြီး တဒေါက်ဒေါက်နင်းဖြတ်ကာ ထွက်သွားလေသည်။
ခုဏက ယူသောက်ထားသော ဝိုင်တစ်ခွက်နှင့်အတူ မေရှဲလ်ဆိုသော အမျိုးသမီးဆီမှ ရေမွှေးနံ့နှင့်ပေါင်း ကာ ခေါင်းထဲနောက်ကျိလာသည်မို့
စားပွဲမှ ထကာ လူလွှတ်ရာ သစ်ပင်ပုလေးများရှိရာဆီ ထလာလိုက်သည်။
အော်ပရာတီးဝိုင်းမှ တီးလုံးသံများနှင့် ဝေးသွားသလို အနံ့အသက်များလည်း ကြည်လင်သွားသော လေနုအေးအား တဝကြီးရှူရှိုက်လိုက်တော့ ခေါင်းထဲအနည်းငယ်ကြည်သွားလေသည်။

“မောင်!”

ဘယ်သူခေါ်လိုက်လဲ ချက်ချင်းတန်းသိတာကာ သည်အခေါ်အဝေါ် ဒီအသံအား အကြိမ်အရေတွက်မရေတွက်နိုင်လောက်အောင် ကြားဖူးသော်လည်း
ဒီအသံကြားရင် ရင်ထဲသိမ့်တုန်လျက် နွေးထွေးသွားရမြဲ။

“မောင်”

ဒုတိယအကြိမ် ထပ်ခေါ်ခံလိုက်ရလျှင်
မျက်နှာ တွင်အပြုံးတစ်ခုဖန်ဆင်းလျက် လှည့်ကြည့်လိုက်သည်။

“သာမောင် ဘာလို့ လိုက်လာတာလဲ အငယ်ရော”
“သူ့သူငယ်ချင်းတွေနဲ့ ကျန်ခဲ့တယ်
မျက်နှာ မကောင်းပါလား ဘာလို့လဲ “

နဖူးပေါ်ရောက်လာသော လက်နွေးနွေးအား မင်းမောင်မောင်က ဆုပ်ကိုင်ကာဖယ်ချလိုက်၏။

“မင်းရောမောင်ပါ ဆရာဝန်လောင်းလေးတွေပဲသာမောင် မောင်တစ်ခုခုဖြစ်ရင် မောင့်ဘာသာသိပါတယ်ကွာ”
“ဟင်အင်း မောင်တစ်ခုခုဖြစ်ရင် ကိုယ်ပဲကုမှာ”
“မင်း ကမောင့်နားမှာ တစ်သက်လုံး နေနိုင်မှာတဲ့လား သာမောင် အိမ်ထောင်တွေဘာတွေ ပြုရင်ရော”
“ကိုယ် မောင့်တစ်ယောက်ကိုတော့
ဘယ်လိုပဲဖြစ်ဖြစ်ခေါ်ထားနိုင်ပါတယ်ကွာ အိမ်ထောင်ပြုရင်လည်း မောင့်ကိုပါ လက်ခံမဲ့သူကိုပဲပြုမှာ”
“ကလေးကလား သာမောင် ရာ
ဒီလိုမျိုးဘယ်မှာ ရှိလို့လည်း”
“ကြည်သာမောင်မှာ ရှိတယ် ဟားးးးဟား”
“ဟားးဟားး”

မှောင်ရိပ်ကျကျ တစ်နေရာတွင် အမျိုးသားချောချောလေးနှစ်ယောက်မှာ ပခုံးများ လှုပ်သည်အထိ ရယ်မောနေကြလျှင် အကွယ်မှ မြင်ကွင်းအား စူးစိုက်ကြည့်နေသော
စွေသော မိုးမှာ နှုတ်ခမ်းများပြတ်ကျမတတ်ကိုက်ထားလေသည်။
ကနေရင်း မောင်မောင့် စားပွဲတွင် မေရှဲလ် ဝင်ထိုင်ကတည်းက ဂနာမငြိမ်တော့သော ကိုကိုအား
စွေသောမိုးသတိထားမိသည်။
မေရှဲလ်ကိုလည်း သူမကိုယ်တိုင် စည်းရုံးပြီး မောင်မောင့်ဆီပို့ထားတာ။
တစ်အောင့်အကြာ မေရှဲလ်လည်း ထွက်သွားသလို မောင်မောင်လည်း
စားပွဲမှ ထထွက်သွားလေသည်။
ကိုကိုမှာ သူမနှင့်ကနေရင်း သီချင်းတောင်မဆုံးသေးခင် ချန်ထာခဲ့ကာ ထွက်သွားခဲ့သည်။
သူမနောက်မှ အသာလိုက်လာတော့ ဒီလိုမျိုး သူငယ်ချင်း နဲ့ လာရယ်မောနေတာတဲ့လား။
ဘယ်လိုသူငယ်ချင်းမို့လို့လဲ
ဒီသူငယ်ချင်းဆီကနေ ကိုကို့ကို ကျမ မရရအောင်ခွဲထုတ်ပေးမယ်။

*********

“မောင်မောင်”

မင်းမောင်မောင်က သစ်ခွ အရွက်လေးများအား ရေစိုဝတ်နှင့် သန့်ရှင်းရေးလုပ်နေရာမှ ခေါ်သံကြောင့် သူ့ဆီဖြည်းဖြည်းချင်းလျှောက်လာနေသော
စွေသောမိုးဆီ လှမ်းကြည့်လိုက်သည်။

“အငယ် ဘာဖြစ်လို့လဲ
သာမောင်က အိပ်နေတုန်းပဲ”
“ဟင်အင်း မောင်မောင့်ကိုပဲ ပြောစရာရှိလို့”
“ပြောလေ အငယ်ရဲ့ ဘာလိုချင်လို့လဲ”

စွေသောမိုးက အောက်နှုတ်ခမ်းသားအား တစ်ချက်ဖိကိုက်ကာ

“ကိုကို ကြည်သာမောင် ကိုပေးပါလား”

မင်းမောင်မောင်၏ သစ်ခွပန်းပင်ပေါ်လှုပ်ရှားနေသော လက်များမှာ
အငယ့်ဆီမှ ထင်မထားသော စကားကြောင့် ချက်ချင်းရပ်တန့်သွားလေသည်။

“သာမောင်က သက်မဲ့ပစ္စည်းမှ မဟုတ်တာ အငယ်ရယ် သူသဘောကျရင်
မောင်မောင် ကဘာပြောစရာရှိမှာလဲ”
“သူသဘောကျလာဖို့ အငယ့်တာဝန်ပဲ
မောင်မောင်ကသာ ကိုကို့ ကိုလွှတ်ထားပေး”
“အင်း အငယ့်သဘောပဲ”
“ဒီနေ့ကိုကို နဲ့နှစ်ယောက်တည်းလျှောက်လည်မှာ “
“အင်း “

အငယ်က သူလိုချင်တာရသွားသည့်ကလေးနှယ် နှစ်ဖက်ခွဲစည်းထားသော ဆံပင်အား ဝဲနေအောင်ခါကာ
အိမ်ကြီးဆီပြန်သွားလေသည်။
လက်များမှာ တုန်ယင်နေကာ
လုပ်လက်စအလုပ်လည်း ထပ်လုပ်၍မရတော့။
ခေါင်းငုံ့လိုက်တော့ မျက်ရည်တစ်ပေါက်က ခြေဖမိုးညိုညိုလေးပေါ်
ပေါက်ကနဲကျ၏။
ခဏကြာတော့ သာမောင်နှင့် အငယ်မှာ
ကားတစ်စီးနှင့် ထွက်သွားတာတွေ့လိုက်သည်။
ယောကျာ်းတစ်ယောက်ဟာ
မိန်းမတစ်ယောက်နဲ့ ပိုပြီးတော့ လိုက်ဖက်ပါတယ် သာမောင်။
အထူးသဖြင့် မောင့် ညီမလေးနဲ့ဆိုရင်ပေါ့။
ထိုနေ့မှစ၍ မင်းမောင်မောင်မှာ
ကြည်သာမောင်အား သိသိသာသာ ရှောင်
ခွာပေးခဲ့သည်။
ကြည်သာမောင်လည်း ဒါကိုသိကာ
မင်းမောင်မောင်အား ရွဲ့လျက် စွေသောမိုးနဲ့သာ အချိန်ဖြုန်းရင်း ကျောင်းပိတ်ရက်မှာ
ကုန်ဆုံးလာခဲ့တော့သည်။
မင်းမောင်မောင်မှာ သူကြိုက်သော သစ်ခွပင်လေးများနှင့်သာ အချိန်ဖြုန်းကာ သစ်ခွပင်လေးများမှာ ဆယ်အိုးမှ အိုးနှစ်ဆယ်ထိ ပွားလာခဲ့ကာ ယာယီအဆောင်သေးသေးလေးပင် လုပ်ထားလိုက်ရလေသည်။
ကျောင်းများပြန်ဖွင့်တော့
မင်းမောင်မောင်က
အဆောင်ပြောင်းလိုက်သည်။

“မင်းမောင် အောက်မှာ မင်းအချစ်တော်ကြီးရောက်နေတယ်”

သူငယ်ချင်း ဖြစ်သူ မန်းသူ လာပြောတာကြောင့် အောက်ထပ်သို့ဆင်းလာလိုက်သည်။
မန်းသူသည် မင်းမောင်မောင်နှင့် ပိုရင်းနှီးကာ ကြည်သာမောင်နှင့် မေးထူးခေါ်ပြောအဆင့်သာရှိလေသည်။

“အပြင်လိုက်ခဲ့”
“ပြောစရာရှိရင် ဒီမှာပဲပြောလိုက်သာမောင် မောင်မအားဘူး”

မင်းမောင်မောင် အပြောအား ဂရုမစိုက်ပဲ ကြည်သာမောင်က
လက်ကောက်ဝတ်အား အတင်းဆွဲခေါ်လေသည်။
မင်းမောင်မောင်က ကြည်သာမောင်ဆွဲခေါ်ရာနောက် ဒရွတ်တိုက်ပါလာ၏။

“လက်နာနေပြီ လွှတ်တော့”

အသားညိုသူဖြစ်သည့်တိုင် ဆုပ်ကိုင်ထားသော အားမှာ မသေးသည်မို့ လက်ကောက်ဝတ်မှာ လက်ချောင်းရာကြီးထင်းနေတော့သည်။

“မင်း ဘာတွေလျှောက်လုပ်နေတာလဲ မင်းမောင်မောင်”
“ငါ့အလုပ်ငါ လုပ်နေရုံပဲ သာမောင်”
“မင်း ကိုယ့်ကို ဘယ်တုန်းက ငါလို့ပြောဖူးလို့လဲ”
“ခုပြောတယ်ကွာ”
“မောင် မင်းကိုယ့်ကို စိတ်တိုင်းမကျတာရှိလား မင်းညီမနဲ့ တွဲနေလို့ မင်းအဆင်မပြေတာဆိုရင် ကိုယ်မတွဲတော့ဘူး
ကိုယ်တို့ အရင်လိုပြန်နေရအောင်
နော် မောင်”

မင်းမောင်မောင်က မိမိလက်အား လာရောက်ဆုပ်ကိုင်လာသော
သာမောင်လက်အား အသာဖယ်ချလိုက်သည်။

“မဖြစ်နိုင်တော့ဘူး သာမောင်
အငယ်က မင်းကို သဘော ကျတယ် မင်းကလည်း အငယ်ကို သဘောကျတာပဲမဟုတ်ဘူးလား
ငါက ဒီအတိုင်း ဘေးဖယ်ပေးနေလိုက်ရုံပဲ”
“ဒါဆို မင်းညီမနဲ့ ကိုယ်တွဲတာ မင်းဘယ်လိုမှမနေဘူးပေါ့ ဟုတ်လား မင်းမောင်မောင်”
“အင်း မနေဘူး”
“တောက်”

ထိုနေ့က ကြည်သာမောင်မှာ ဒေါသတကြီး ပြန်ချသွားကာ
နောက်တစ်ပတ်တနင်္ဂနွေတွင် ကျွန်းလှမှ မိဘများနှင့် အတူ
ခေမာမြိုင်သို့ သမီးတောင်းရန် ရောက်လာကြတော့သည်။
နဂိုကတည်းက ကြည်သာမောင်အား မျက်စိကျနေသော မြို့တော်ဝန်နှင့် ကတော်မှာ သမီးဆန္ဒကိုလည်းသိထားသည်မို့ ချွင်းချက်မရှိလက်ခံလိုက်ကာ စေ့စပ်ပွဲသည်လည်း မြန်မြန်ဆန်ဆန်နှင့် အထမြှောက်အောင်မြင်ခဲ့လေသည်။
ကြည်သာမောင်နှင့် စွေသောမိုးအား
စေ့စပ်ပြီးသည်နှင့် မြို့တော်ဝန်သည်
ခေမာမြိုင် အိမ်ကြီးနှင့် မလှမ်းမကမ်းတွင် ယခင်ခေမာမြိုင်နှင့် ပုံစံတူ အိမ်ကြီးတစ်လုံးအား
နှစ်လအတွင်း အပြီးအစီး ဆောက်လုပ်စေခဲ့သည်။
မင်းမောင်မောင်သည် လည်း
နောက်ဆုံးနှစ်မို့ စာပိုများလာသည်ဟူသော အကြောင်းပြချက်ဖြင့်
အဆောင်တွင်သာ ပို၍အနေများလာခဲ့သည်။
လွမ်းစရာရှိရင် နာစရာနှင့် ဖြေရအောင်
သာမောင်နှင့် သူ့ကြားမှာ နာစရာမရှိသည်မို့
စာနဲ့ပင်ဖြေခဲ့ရသည်။
နောက်ဆုံးနှစ်အား ထူးထူးချွန်ချွန်နှင့် အောင်မြင်ခဲ့သည်မို့
နိုင်ငံတော်ကပေးသော စကောလားရှစ်အား ရကာ နှလုံးအထူးကုအတွက် နိုင်ငံခြား သွားဖြစ်ဖို့အကြောင်းဖန်လာခဲ့သည်။
တိုက်တိုက်ဆိုင်ဆိုင်
မင်းမောင်မောင် နိုင်ငံခြားသွားမည့်ရက်သည်
ကြည်သာမောင်တို့ လက်မထပ်ခင် တစ်ပတ်အလိုတွင်ဖြစ်သည်။
မင်းမောင်မောင်သည် နိုင်ငံခြားသို့သွားလျှင် ပြန်မလာဖြစ်လောက်ပြီမို့ ခေမာမြိုင်တွင် ပြန်လာနေခဲ့သည်။
ထိုအချိန်တွင် မင်္ဂလာလက်ဖွဲ့အတွက် ဆောက်ထားသော တစ်ဖက်အိမ်ကြီးသည်လည်း ပြီးစီးကာ
ပရိဘောကပင် အစုံဖြည့်ထားပြီးဖြစ်သည်။

“ကလစ်”

မင်းမောင်မောင် တစ်ကိုယ်ရည်အသုံးအဆောင်များနှင့် အဝတ်အစားတချို့အား အဝတ်အိတ်အသေးထဲ ထည့်နေရင်း တံခါး ဖွင့်သံကြောင့် လက်မှာ ရပ်တန့်သွား၏။
ခြေသံဖွဖွနှင့်အတူ နောက်ကျေပြင်မှာ နွေးထွေးသော ရင်ခွင်တစ်ခုထဲ ကျရောက်သွားလေသည်။
သူသိတာပေါ့ ဒီကိုယ်သင်းနံကို။
နောက်ဆုံးအကြိမ်လည်းဖြစ်နိုင်သည်မို့
ရုန်းရန်အားမထုတ်တော့ပဲ
အသာငြိမ်နေလိုက်သည်။
ပူနွေးစိုစွတ်သော အထိအတွေသည် ပုခုံးစွန်းဆီ သို့ စိုရွှဲလာလျှင် မင်းမောင်မောင်၏ မျက်ဝန်း
မှ မျက်ရည်သည်လဲ အဝတ်အိတ်ပေါ် ပေါက်ကနဲကြွေကျ၏။

“ကိုယ့် ကိုတစ်ခါလောက် ဆွဲထားလိုက်ပါလား မောင်”
“…….”
“ဒါမှ မဟုတ်ရင်လည်း
ကိုယ် မောင့်ကို ဆွဲထားရမလား”
“……”
“မောင် မင်းမောင်မောင်
ကိုယ့်ကို ကြည့်တောင်မကြည့်ချင်တော့ဘူးလား”

ကြည်သာမောင်က မင်းမောင်မောင် ၏ကျောပြင်အား ဖက်တွယ်ထားရာမှ
မျက်နှာချင်းဆိုင်သို့ သွားကာ ပခုံးအားကိုင်လှုပ်လိုက်သည်။

“မင်းသာ တစ်ခွန်းလောက်တားခဲ့ရင်…”

စကားမဆုံးမီ
ပါးစပ်အားဖိပိတ်လာသော လက်နွေးနွေးလေးကြောင့် ကြည်သာမောင်၏ စကားမှာ မဆုံးခင်ရပ်သွားရသည်။

“တစ်ဖက်က မောင့်ကျေးဇူးရှင်နှစ်ယောက်နဲ့ မောင်ချစ်တဲ့ ညီမကလေး
ပါသာမောင်
ပြီးတော့ ဒီလိုကိစ္စတွေဖြစ်လာအောင် သာမောင်ကိုယ်တိုင်က ရွေးချယ်ခဲ့တာပါ မောင်ကဘေးထွက်ပေးခဲ့ရုံ”
“ကိုယ် မှားပါတယ်မောင်ရယ် “
“မရတော့ဘူး သာမောင် အားလုံးက ပြီးသွားပြီ နောက်ဆုံးအနေနဲ့ မောင့်ကို
ထမင်းကျွေးတဲ့ လက်ပြန်ကိုက်တဲ့ ခွေး မဖြစ်စေချင်ရင် သာမောင် ပြန်လိုက်ပါတော့ “

“မောင့် ရဲ့နောက်ဆုံး
ဆန္ဒကို လိုက်လျောစေချင်ရင်
နောက်ဆုံးအနေနဲ့ ကိုယ်မေးတာ
မင်းဖြေမလားမောင်”
“…….”
“မင်း ကိုယ့် ကို ဘယ်လိုသဘောထားခဲ့လဲ”
“….”
“ဟင် မောင် “
“မောင် ခင်ဗျားကို ကြည်
သာမောင်ကို ယောကျာ်းတစ်ယောက် မိန်းမတစ်ယောက်ဆိုတဲ့ ပညတ်ချက်တွေကို သွေဖီပြီး လူသားတစ်ယောက်အနေနဲ့ ပထမဆုံး မြတ်နိုးခဲ့ပါတယ်”

စကားအဆုံး ကြည်သာ မောင်၏
နဖူးပေါ်နွေးထွေးလာသော အထိအတွေ့။
ဟင်အင်း မနမ်းနဲ့မောင်
မင်း ကိုယ့်ကို တစ်သက်လုံးထားခဲ့တော့မှာကို ဒီအနမ်းတစ်ပွင့်နဲ့ လာချွေးမသိမ့်နဲ့။
စကားလုံးများသည် လည်ချောင်းတွင် တစ်ဆို့လျက် ပြင်ပသို့ ထွက်မလာခဲ့။

“မနက်ဖြန် လေဆိပ်မပို့နဲ့ သာမောင်
မောင်တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ်ထွက်သွားချင်တယ်
မောင့်နှလုံးသားကို ကိုတော့မင်းဆီချန်ခဲ့ပါရဲ့ မင်းကျေနပ်ပါ
ပြန်တော့သာမောင်”

ကြည်သာမောင်မှာ နောက်ဆုံးအနေနဲ့
မင်းမောင်မောင်ဆိုသော လူသားလေးအား အစွမ်းကုန်ပွေ့ဖက်လိုက်သည်။
ထို့နောက် အခန်းပြန်ကာ အိပ်ဆေးငါးလုံးအား တစ်ခါတည်းသောက်ကာ
အပ်စက်ခြင်းသို့။
နောက်တစ်နေ့မနက် ဆယ်နာရီမှနိုးလာကာ
မင်းမောင်မောင် ဆိုသော လူသားလေးသည်
ကြည်သာမောင် ဘဝထဲကရော
ခေမာမြိုင်ကပါ
အပြီးအတိုင်ထွက်ခွာသွားခဲ့လေသည်။

မိုချီ(ခတ္တ လူ့ပြည်)

စာလုံးရေ မများပေမယ့် ရှေ့တစ်ပိုင်းနဲ့ဆက်စပ်မိအောင်တင်လိုက်ပါတယ်
ကိုယ်စိတ်ကျန်းမာကြပါစေ…

Tags: read novel Wrong Time Right Person(Completed) part14(unicode), novel Wrong Time Right Person(Completed) part14(unicode), read Wrong Time Right Person(Completed) part14(unicode) online, Wrong Time Right Person(Completed) part14(unicode) chapter, Wrong Time Right Person(Completed) part14(unicode) high quality, Wrong Time Right Person(Completed) part14(unicode) light novel, ,

Comment

Leave a Reply

Chapter 28