Wrong Time Right Person(Completed) part16(unicode)

A+ A-

wrong time right person

အပိုင်း(၁၆)

“မြေးကို မြင်တော့ သားမင်းမောင်မောင်လိုမျိုးခံစားခဲ့ရတာ”
စင်းရာ ခြစ်ရာများနှင့် နန်းဦးမျက်နှာအား ညင်သာဖွဖွ ကိုင်ကာ ဘွားဘွားထိပ်တင်မိုးဆို၏။
“သွားတဲ့သူက သွားပြီ ကျန်နေတဲ့ ဘွား သမီးကို ထောင်ထဲမပို့ချင်ဘူးလေ ဒါကြောင့်
ဘွားယောကျာ်းရဲ့ တပည့်လေး ဖြစ်ဖူးတဲ့ အဲဒီအချိန်တုန်းက စခန်းမှုး
မောင်စိန်တင်ကို အကူအညီတောင်းပြီး
ဘွားသမီးကို သေစာရင်း သွင်းခိုင်းခဲ့တာ
သားကြည်သာမောင်နဲ့ မင်းမောင်မောင်တို့ အမှုကိုလည်း သူပဲတာဝန်ယူပေခဲ့တယ်
ကားကချောက်ထဲကျပြီး မီးလောင်သွားတာမို့ အလောင်းတောင်ပြန်မရတော့ အမှုပိတ်ဖို့ ပိုလွယ်သွားတာပေါ့
တကယ်က မြေးမြင်နေတဲ့ အုတ်ဂူသုံးလုံးဟာ ပိုင်ရှင်မရှိတဲ့ အလွတ်တွေပေါ့ကွယ်”

“ဒါနဲ့ ဘွား ဦးစိန်တင်ဆိုတာက”

“မာဂရက်စိန်စိန်တင်ရဲ့ ဖခင် ပေါ့ကွယ်”

မားဂရက်စိန်စိန်တင်ကို ကိုကို ပြောသော တစ်ချိန်က ကျေးဇူးကြွေးဆိုတာ အဲဒါပင်ဖြစ်ပါလိမ့်မည်။

“မြေးကြည်သူရဲ့စိတ်ကို ခန့်မှန်းရခက်ပေမယ့် သူ့စိတ်ထဲမှာ တော့ ကလေးဘဝတုန်းက ရတဲ့ စိတ်ဒဏ်ရာဟာ အမြစ်တွယ်ချင်တွယ်နေလောက်မှာ
ဒါကြောင့်လည်း ဘွားက သူ့ကို
နိုင်ငံခြား ရောက်အောင်ပို့ခဲ့တာပေါ့ကွယ် “

“”ဒေါ်ဒေါ့်ကို ဘယ်လိုလုပ်မှာလဲ”
“ဘယ်သူ သြော် ဘွားသမီးကိုလား  သူ့ကို တာဝန်ယူနေတဲ့ စိတ်ရောဂါ အထူးကုက ပြောတယ် ခုလိုချည်း အိမ်မှာပဲ လှောင်ပိတ်မနေပဲ ဆေးရုံတက်ပြီး သေချာဆေးကုသမှု ခံယူရင် အကောင်းကြီး မဟုတ်တောင် အနည်းအကျဥ်းသက်သာနိုင်တယ်တဲ့
ဒါဆို အရင်ကတည်းက ဘာလို့မပို့လဲဆိုတော့ ဒီအဖြစ်အပျက်ကို လူတွေမေ့သွားအောင်စောင့်နေတာရယ်
သမီးကလည်း ဘယ်သူ့မှ အန္တရာယ်မပေးပဲ သူ့အတွေးနဲ့သူ ငြိမ်နေတာရယ်ကြောင့်ပဲ ခု မြေးရောက်လာတော့ မင်းမောင်မောင်ကို သူပြန်သတိရသွားပုံရတယ် စိတ်ဖောက်တာပိုဆိုးလာတယ်လေ
ဒါကြောင့် ဒီညပဲ
စိတ် ရောဂါကုဆေးရုံကို ရွှေ့ပြောင်းကြမှာ မြေး”

နန်းဦး က ဒေါ်ဒေါ်စိတ်ပြန်ဖောက်လာတာ
သူ့ကြောင့်လည်း တစ်စိတ်တစ်ဒေသ ပါသည်မို့ စိတ်မကောင်းလှ။

“ကိုကို့သဘောကရော”
“သူကတော့ကောင်းတယ်ဆိုးတယ်မပြောဘူး သမီးဟာ မြေးအတွက် ဘယ်တုန်းကမှ မိခင် ကောင်း
တစ်ယောက်မဖြစ်ခဲ့ဘူး သူ့ဒယ်ဒီသေတာ သူ့မာမီကြောင့်
လို့သိထားတော့ ပိုပြီး ခါးသီးသွားပုံရတယ် ပိုဆိုးတာ က ဒီကိစ္စတွေဖြစ်ပြီးတစ်ပတ်အကြာမှာ ဒီစိတ်နဲ့ပဲ သူချစ်တဲ့ သူ့အဘိုးလည်းဆုံးသွားခဲ့တယ်လေ”

အဲဒီအချိန်တုန်းက ကိုကိုဟာ ဆယ့်ငါးနှစ်တောင်မပြည့်သေးသော
လူမမယ်လေးတစ်ယောက်ဖြစ်ခဲ့တာ။
ဒီလိုအခြေအနေကို ချစ်ရသူမှာ ဘယ်လိုတော့ခံခဲ့ရသလဲ အတွေးနဲ့တင် နန်းဦး ရင်ထဲနင့်နေ၏။

“ငိုနေတာလား မြေး
စန်းစန်းရေ ရေတစ်ခွက်သွားယူချေ”

စန်းစန်း ယူလာသော ရေခွက်အား နန်းဦး ယူကာ တစ်ခွက်လုံးကုန်အောင်သောက်ပစ်လိုက်သော်လည်း ရင်ထဲမှအပူမှာ ငြိမ်းမသွား။

“ဦးရော ဦးလေးကြည်သာဘုန်းလေ
သိလားဘွား”
“သိထားခဲ့တာပေါ့ကွယ်
သိသိချင်း ပေါက်ကွဲခဲ့ပေမယ့်
သူသည်းခံရှာပါတယ် သူ့သွေးသားရင်းဆိုလို့
မြေးကြည်သူတစ်ယောက်ပဲရှိတော့တာလေ သူ့တူစိတ်နဲ့ သူသည်းခံခဲ့တာ
သမီးလည်း သူကျူးလွန်တဲ့ပြစ်ဒဏ်ကို သူ့နည်းသူ့ဟန်နဲ့ ဆပ်ခဲ့ရတာပဲလေ”
“ဟူး”

နန်းဦး မှာ လေပူတစ်ချက်မှုတ်ထုတ်လိုက်ကာ ဘွားဆီက ဇာတ်လမ်းရှည်ကြီးကို နားထောင်ရင်း နန်းဦး
အနာလိမ်းရန် ဆေးဘူးသွား ယူမည်ဆိုသော ကိုကို့အား မေ့နေခဲ့သည်။

“အချိန်လည်းမနည်းတော့ဘူး သွားနားတော့မြေး”
“ဟုတ်ကဲ့ ဘွားလည်း ပင်ပန်းသွားပြီနားပါတော့”

နန်းဦး အခန်းဆီရောက်တော့ ကိုကိုက အိပ်ရာပေါ် အနာလိမ်းဆေးဘူးကြီးကိုင်ကာ ကန့်လန့်ကြီးအိပ်နေ၏။
နန်းဦး ကအနာလိမ်းဆေးဘူးအား ဖယ်လိုက်ကာ ကိုကို့ ခန္ဓာ ကိုယ်အား အိပ်ရာပေါ် နေရာကျအောင် ပြုပြင်ပေးလိုက်သည်။
ထို့နောက် မျက်နှာ ချောချောအား အတော်ကြာအောင် အစိတ်အပိုင်းတစ်ခုချင်းလိုက်ကြည့်နေလိုက်သည်။
မရိတ်သင်ရသေးသော ပါးမြိုင်မွှေးငုတ်စိများနှင့် ပါးရိုးတစ်လျှောက် ဖိကိုင်လိုက်တော့ နန်းဦး တစ်ကိုယ်လုံးကြက်သီးများထလာ၏။
မှေးမှိတ်ထားသော မျက်လုံးများ ဖျတ်ကနဲ ပွင့်လာသော အခါ မျက်နှာ ချောချောဆီမှ လက်များအားအရင်စလိုရုတ်သိမ်းလိုက်သော်လည်း ရုတ်တရက်ဆွဲကိုင်ခံလိုက်ရသည်။
ကုတင်ပေါ်တင်ပါးလွှဲထိုင်နေသော
နန်းဦး မှာ အားနှင့် ဆွဲကိုင်ခံလိုက်ရသည်မို့ အိပ်နေသူ၏
ရင်ဘတ်ပေါ် ရင်ချင်းအပ်ကာ ပစ်လှဲ၏။…
နန်းဦးက ရှက်လန့်တကြား မျက်လုံးများမှိတ်ထားလျှင်
နဖူးပေါ်သို့ နွေးထွေးသော အနမ်းတစ်ခု နှင့် ကျီစယ်လာ၏။

“ဘာလုပ်မယ်ထင်လို့ မျက်လုံးကြီးမှိတ်ထားတာလဲ ဝေ”

နန်းဦး က ကြည့်သူ့ရင်ဘတ်အား လက်နှင့်တွန်းကန်ကာ ထရန်ပြင်၏။
ကြီးမားသော လက်တံရှည်များဖြင့် ခါးမှ ဆွဲညှပ်ထားသည်ဖြစ်ရာ
ဘယ်လိုမှထမရ။

“ဖယ်ဗျာ”
“ရှက်သွားတာလား
ကိုယ့် ကိုကြည့်ပါဦး အင်း အဲတိုင်း ငြိမ်ငြိမ်လေး ကိုယ့်ကိုကြည့်နေ”

ကြည်သူက မိမိကိုယ်ပေါ်မှ ငုံ့မိုးကြည့်နေသော နန်းဦး မျက်ဝန်းအား အနုစိတ်၍လက်ရာမြှောက်သော ပန်းချီကား တစ်ချပ်နှယ် လိုက်ကြည့်နေပြန်သည်။
ဆရာဝန်ပေးသွားသော အကိုက်အခဲပျောက်ဆေး အရှိန်ကြောင့် ငိုက်မျဥ်းနေသည်ဖြစ်ရာ
နန်းဦး မှာ ကြည်သူ့မျက်နှာအားစိုက်ကြည့်နေရင်း မြွှေစပါးကြီး ၏ အညို့ကို ခံလိုက်ရသူနှယ် မျက်လုံးများ တဖြည်းဖြည်း မှေးစင်းလာကာ
ကြည်သူ့ရင်ဘတ်ပေါ်မှာပင်
ခေါင်းလေးမှီလျက်အိပ်ပျော်သွားလေသည်။
**********
“ဝေ….ဝေ….ဝေ…”
အသံပိုင်ရှင်မှာ
ကိုကိုမှန်းသိပေမယ့် မြူငွေ့ဖြူဖြူများနှင့် ဆိုင်းနေသော
ဝန်းကျင်တစ်ခွင်တွင် နန်းဦး မှလွှဲ၍
ဘယ်သူမှရှိမနေ။
တစ်ယောက်တည်း ဆိုသောစိတ်က
နန်းဦး အား ဝမ်းနည်းခြင်း အားငယ်ခြင်းကို ဖြစ်စေ၏။
“ဝေ….”
ဒီတစ်ခါ အသံတင်မဟုတ်ပဲ ပါးပြင်ပေါ် မှ အေးစက်စက် အထိအတွေ့ကြောင့်
မျက်လုံးများဖွင့်ကြည့်လိုက်ရာ
ရေချိုးပြီးစ ကိုကိုမှာ ရေစိုနေဆဲရှိသော လက်တစ်ဖက်ဖြင့် နန်းဦး ပါးပြင်အား အုပ်ကိုင်ထားလေသည်။
“ကိုယ် မင်းကို
နိုးနေတာကြာပြီ ထတော့ သွားစရာရှိတယ်”
“ကျတော်က
ကိုကို့ အသံကို အိပ်မက်ထဲမှာ ကြားနေရတယ်မှတ်တာ”

နန်းဦး က ထထိုင်ရင်းဆို၏။

“ဘယ်သွားမှာလဲကိုကို “
“ရောက်တော့သိမှာပေါ့
သွားရေသွားချိုး “
“ဘယ်သွားမလဲသိမှ အဝတ်အစားတွေ
ကို အဆင်ပြေသလိုထည့်ရမှာပေါ့ “
“ကိုယ်လိုအပ်တာ အားလုံးထည့်ပြီးသား မင်းတစ်ကိုယ်ရည်သုံးပစ္စည်းတွေကို ဟိုးက အိတ်လေးထဲထည့်လိုက်ရင်ရပြီ”

ကုတင်ပေါ်မှ မိုးကာသားဖြင့် လုပ်ထားသော ကြိုးသိုင်းအိတ်လေးက ညွှန်ပြကာဆို၏။ နန်းဦး က အိတ်အားတစ်ချက်ကြည့်ပြီး ကိုကို့ဘက်ပြန်ကြည့်လိုက်သည်။
ရေချိုးပြီးစ ကိုကိုမှာ
အဖြူရောင်တဘက်ပိုင်း
တစ်ပိုင်းသာ ပတ်ထားသော ခန္ဓာကိုယ်
မှာ ရေသီးရေပေါက်များကြား တွင် ဖြူဝင်းနေ၏။
ဖြူသော အသားပေါ်တွင် ရင်ဘတ်မှ အမွှေးအမှင်များမှာ ပို၍မဲနက်နေကာ
ဟိုဒီပြေးကပ်နေ
ပြန်သည်။ ကြွက်သားအမြှောင်းများအဆုံး အကြောများမှာ ရေသောက်မြစ်များနှယ် ပုဝါစအောက်မှ ဖြစ်တည်မှုဆီ ဦးတည်နေလျှင် နန်းဦး မှာ အာလုပ်မကျင်းရသေးသော အာပုပ်ရည်များကိုပင် ဂလုကနဲမြိုချလိုက်မိသည်။

“အကြောက်အလန့်မရှိ ဘာတွေဒီလောက်လိုက်ကြည့်နေတာလဲ”
“အဲ ရေ ရေချိုးတော့မလို့ “

သူခိုး လူမိသွားသဖြင့် နန်းဦး မှာ ရှက်ရှက်နှင့် ရေချိုးခန်းထဲ ပြေးဝင်လိုက်သည်။
တစ်ကိုယ်ရည်ကိစ္စများ အရင် ဖြေရှင်းကာ ရေအား မြန်မြန်သွက်သွက်ချိုးလိုက်၏။
တဘက် အသေးလေးအား ခါးတွင်ပတ်ကာ တစ်ဘက်အရှည်ကြီးအား တစ်ကိုယ်လုံး လုံအောင် လွှားခြုံလျက်
အဝတ်လှဲခန်းထဲ ဝင်လာလိုက်သည်။
နန်းဦး အတွက်ဆိုကာ ဝယ်ဖြည့်ထားသော အဝတ်ဗီရိုထဲမှ ချည်သား နို့နှစ်ရောင်ပွပွနှင့် အညိုရောင် စတိုင်ပင်ပွပွတစ်ထည်ယူဝတ်လိုက်သည်။
ထို့နောက် ကိုကိုထားခဲ့သော အိတ်လေးထဲ စာကြည့်ခန်းထဲမှ ပေါ့ပေါ့ပါးပါး ဖတ်လို့ကောင်းသည့် စာအုပ်တချို့အားကောက်ထည့်လိုက်သည်။
စိတ်ကူးပေါက်ရင်ပေါက်သလို စာထရေးနိုင်ရန် ဘောပင်နှစ်ချောင်းနှင့် ဗလာစာအုပ်နှစ်အုပ်လည်းထည့်လိုက်
သည်။
ထို့နောက် ခေါင်းဖြီးနှင့် မှန်အသေးတစ်ချပ် အုန်းဆီမွှေးတစ်ဘူးနှင့်
အတွင်း ခံငါးထည်ကောက်ထည့်လိုက်တော့ လွယ်ကြိုးအိတ်လေးမှာ လွယ်ဖို့ကောင်းလောက်မည့်အနေအထားလေးဖြစ်သွားလေသည်။
နန်းဦး ဝတ်စားပြင်ဆင်
ပြီးထွက်လာတော့ အခန်းထဲကိုကိုရှိမနေတော့။
အောက်ဆင်းလာတော့ လှေကားရင်းတွင် ကိုကိုမှ ဆီးကြိုနေ၏။
ခုထိ ဘယ်ကိုသွားမယ်ဆိုတာမသိရသေး။

“နန်းဦး လေးခဏ”
“ဟုတ်ကဲ့ ဒေါ်ဒေါ်ဥ”
“ဒီဟာ လေး ယူသွား”

ကြည့်လိုက်တော့ သံပုရာသီးလေးတစ်လုံး။

“မူးရင်ရှူရအောင်လို့ ဒါက ဆေးထုပ် နေမကောင်းရင်သောက်တဲ့ဆေး၊ ဝမ်းဆေးနဲ့ အနာလိမ်းဆေးတွေပါတယ် ရေပြောင်းမြေပြောင်းဆိုတော့ နေမကောင်းဖြစ်ရင် အသင့်ရှိနေအောင်”
“ကျေးဇူးတင်ပါတယ် ဒေါ်ဒေါ်ဥ”

ဒေါ်ဒေါ်ဥအား တစ်ချက်ပွေ့ဖက်လိုက်ကာ နန်းဦး က ကျေးဇူးတင်စကားဆိုလိုက်သည်။

“အစ်ကိုလေး ဘွားဘွားကခဏတဲ့”
စန်းစန်းလာခေါ်သဖြင့် ဘွားအခန်းဆီထွက်လာလိုက်သည်။
“ဝင်လာခဲ့မြေး ဘွားထွက်လာဖို့ကို
ဆေးရုံဝင်ရမှာနဲ့ ပြင်ဆင်နေလို့”

ကိုကို့မာမီက ညကတည်းက ဆေးရုံရွှေ့ပြောင်းသွားပြီဖြစ်သည်။

“ဟုတ်ကဲ့ဘွား”
“နန်းဦးလေး လိုအပ်တာသုံးပြီးဝယ်ချင်တာဝယ်ဖို့”

ပိုက်ဆံအထပ်လိုက်ကြီးအားကြည့်လျက်နန်းဦးက

“ကျတော်အသုံးမလိုပါဘူးဘွားရဲ့”
“မြေးယောကျာ်းက သူဌေးလေးမှန်းသိပါတယ်ကွယ် ဘွားက ဘွားမြေးကိုချစ်လို့ပေးတာပါ”
“အာ”

မြေးယောကျာ်းဆိုသော ဘွားစကားကြောင့် နန်းဦး မှာ အရှက်သည်းရသေးသည်။
မသွားခင်ပုံ့ပုံ့လေးထိုင်ကန်တော့ပြနလတော့ ဒီလင်နဲ့ဒီလင်သွားလေရာ
ခလုပ်မထိဆူးမညှိပါစေနဲ့ဟုဆိုပေးလေသည်။

“ကဲ ကဲ သွားတော့မြေး နောက်ကျရင်
ငြူစူနေဦးမယ်”
တကယ်လည်း နန်းဦး ဘွားဆီမှ ပြန်ထွက်လာတော့ မျက်ခုံးပြီးတွန့်ချိုးကာကြည့်နေ၏။

“ဘာလုပ်နေတာလဲ”
“ဘွားက မုန့်ဖိုးပေးနေတာ”
“ဘာလုပ်မှာလဲ”
“ဘွားက ချစ်လို့ပေးတာ ကျတော့အပိုင်ကို ကျတော.ဘာသာ
ဘာလုပ်လုပ်ပေါ့”
“တော်ပြီ ပေးအိတ်”

ကြည်သူက နန်းဦး ဆီမှ လွယ်ကြိုးအိတ်လေးကို လှမ်းယူကာ ကားနောက်ခန်းထဲပစ်ထည့်လိုက်သည်။ ကားမှာ
ဘောဒီမြင့်မြင့် ဘီးကြီးကြီးဖြင့် တောလမ်းများနှင့် အဆင်ပြေသော ကားအမျိုးအစားဖြစ်ကာ တစ်ကားလုံးနက်
စွေးနေ၏။
နန်းဦး စီးနေကျ ကတ္တီပါ ဖိနပ်အား စီးရန်လုပ်လျှင် ကိုကိုက ဘွတ်ဖိနပ် တစ်ရံယူလာကာ ခြေအိတ်အား အရင် စွပ်ပေးလျက် ဖိနပ်ပါစီးပေးလိုက်လေသည်။
ကားမောင်းသူနေရာတွင်ထိုင်နေသော ညီဘွားမှာ ကြည်သူလုပ်သမျှအား လိုက်ကြည့်ကာ နှာခေါင်းရှုံ့၏။
မချစ်ပဲ တာဝန်ယူထားရလို့ပေပဲ။
ချစ်များချစ်ရင် သားပိုက်ကောင်လိုမျိုး ဝမ်းထဲထည့်လွယ်ထားမလားမပြောတတ်။
ကြည်သူက နန်းဦး အား ကားနောက်ခန်းတွင် နေရာ ချပေးကာ
သူက ညီဘွားဘေးတွင်ဝင်ထိုင်လိုက်သည်။
ကားနှင့် အတော်အသားကျနေပြီဖြစ်
သော်လည်း ဒေါ်ဒေါ်ဥ ပေးလိုက်သော သံပုရာသီးအား လက်ထဲလှည့်ပတ်ကိုင်ကာ နှာခေါင်းနားတေ့၍ ရှူရှိုက်လိုက်သည်။

“ယသော့် ကို ဝင်ခေါ်ပြီး ရွှေကျွန်းမှာ မနက်စာဝင်စားမှာ”

ရွှေကျွန်းမှာ ရွှေဆောင်မှ နာမည်ကြီးစားသောက်ဆိုင်ထဲမှ တစ်ခုဖြစ်ကာ
မိန်းလမ်းမကြီးပေါ်တွင် တည်ရှိလေသည်။
အဖြူရောင်အဆောက်အဦးရှေ့တွင် ကားလေးမှ ကျွီကနဲထိုးရပ်သွားကာ
အဆောက်အဦး ရှေ့တွင်
stylistယသော်မင်းညီမှာ ခရီးဆောင်အိတ်တစ်လုံးဖြင့် အသင့်စောင့်နေ၏။

“တောထဲသွားမှာ ကို ဝတ်စားထားတာ ဘိုင်စကုတ် မင်းသားကျနေတာပဲ”

ညီဘွားက ခရီးဆောင်အိတ်အား ကားနောက်ခန်းထဲထည့်ရင်း ဆို၏။

“stylistဆိုတာ အမြဲတမ်းစမတ်ကျတယ် ဟေ့ကောင် မင်းလို တောသားနဲ့ကွာတာပေါ့ “
ယသော်မှာ
ချည်ကွက်လက်ရှည်အား အရောင်လွင့်နေပြီဖြစ်သော ဒူးနားတွင်ပြဲနေသည့် ဂျင်းပြဲတစ်ထည်အား ဝတ်ထားသည့် ညီဘွားအား ပြန်ခနဲ့လေသည်။

“တော်ကြတော့ မင်းတို့နှစ်ကောင် တွေ့လိုက်ရင် ကိုက်မယ်ဆိုတာကြီးပဲ “
“မင်းကောင် အရင်ပြောတာနော်”

ယသော် ကတစ်ခွန်းမခံပြန်ပက်ကာ
ကားနောက်ခန်းမှ နန်းဦး ဘေးဝင်ထိုင်လိုက်သည်။
“”နေရာလဲမလား မိုးမြေ့”
“မလဲတော့ ဘူး မင်းဒီဘက် ခပ်ခွာခွာထိုင်လေ ခုံနေရာအကျယ်ကြီးကို”
“မထိုင်တော့ ဘာဖြစ်လဲကွာ
အသားချင်းထိတာ ကပ်ပါသွားတာကျလို့”
ယသော်က ပြောလည်းပြောကာ
နန်းဦး နားပိုကပ်လျက်
ခန္ဓာကိုယ်ချင်း တိုးတိုက်ပြလေသည်။
ကြည်သူက ဘာမှဆက်မပြောတော့သော်လည်း မျက်ထောင့်နီကြီးနှင့် တစ်ဖက်လှည့်သွားလေသည်။
ရွှေကျွန်းတွင်မနက်သာ ဝင်စားပြီးသည်နှင့် နန်းဦး ဘေးတွင် ကြည်သူဖြစ်သွားကာ ကားမောင်းသော ညီဘွားဘေးတွင်
ယသော် ဖြစ်သွားလေသည်။
နန်းဦး က ကားစီးရင် ဘေးဘီဝဲယာကြည့်လျှင် ပိုမူးတတ်တာမို့ မျက်လုံးများအသာမှိတ်ကာ လိုက်ပါလာ၏။
ကြည်သူက ကျောပိုးအိတ်ထဲမှ ပုဝါတစ်စယူကာ နန်းဦး လည်ပင်းနေရာတွင်စည်းပေးလိုက်သည်။
တစ်နာရီခန့်ကြာသောအခါ မြေသားလမ်းခွဲထဲဝင်လိုက်သည်နှင့်
လမ်းမှာ ပို၍ကြမ်းလာကာ သစ်ပင်သစ်တောများမှာ ပို၍ထူထပ်လာ၏။
ချိုင့်ခွက်များကြောင့် ကားမှာ လူးလိမ့်နေကာ အိပ်ပျော်နေသော နန်းဦး ခေါင်းအား ကြည်သူက လက်တစ်ဖက်ဖြင့် ကိုင်၍ထိန်းထားလေသည်။
ရွာငယ်လေးများအားလွန်လာလျှင် ကားမှာ ရာဘာတောတစ်ခုထဲ ဖြတ်မောင်းလေသည်။
ကားလမ်းသီးသန့်မဟုတ်ပဲ ရာဘာတောထဲ အဆင်ပြေသလို ဖြတ်မောင်းသည်မို့ မောင်းနေကျဖြစ်သူမို့သာ အဆင်ပြေတော့သည်။
ယသော်မှာ ခြောက်လပိုင်းထဲဝင်တော့မင်္ဂလာဆောင်တွေကျဲသွားကာ
အနည်းငယ် အားနေသဖြင့်လိုက်လာသည်ဖြစ်ရာ ကားစီးရင်းဖြင့် နောင်တရချင်ချင်။
မသိလျှင် ပြန်လမ်းမဲ့ မှော်ဝင်တော်ထဲရောက်နေရသလို ကမ်းမမြင်လမ်းမမြင်။
ရာဘာတောထဲ နာရီဝက်ခန့်မောင်းပြီးသော အခါ မြီးညှောင့်ရိုးလည်း ကားဆောင့်သောအရှိန်ကြောင့် တော်တော်နာနေပြီဖြစ်သည်။
ကားနောက်ခန်းကြည့်လိုက်တော့
မိုးမြေ့ပေါင်ပေါ်တွင် နန်းဦး က နှစ်နှစ်ခြိုက်ခြိုက်အိပ်ကောင်းနေ၏။
မိုးမြေ့မှာလည်း ကားနောက်မှီတွင်
မျက်လုံးများမှိတ်လျက်သား။
မဆီမဆိုင် ကားအား အာရုံစိုက်မောင်းနေသော ညီဘွား ဆီသို့သာ ဘုကြည့် ကြည့်ပစ်လိုက်သည်။
ရာဘာတောလွန်သည်နှင့် တောင်ကုန်းကမူစိမ်းစိမ်းလေး လေးမှ ရှေ့တွင်ဆီးကြိုနေ၏။
“မင်း
ဒီပေါ် မောင်းတက်မှာတော့မဟုတ်ပါဘူးနော်”
ယသော်က အမိုးမှ လက်ကိုင်အားတင်းကြပ်စွာဆွဲကိုင်ကာပြောလိုက်ခြင်း။
“ဟုတ်တယ်လေ အူးးးးးဟူးးးးးး”
“အားးးးးးးး”
ညီဘွားက ကားအား အရှိန်တင်ကာ
တောင်ကုန်းကမူလေးပေါ်မောင်းတင်လိုက်သည်။
ယသော်၏အာခေါင်ခြစ်အော်သံကြောင့် နောက်ခန်းမှနန်းဦးလည်းနိုးလာကာ
အသာထထိုင်လိုက်သည်။
ပတ်ဝန်းကျင်အသစ်လေ ထုအသစ်ကြောင့် ကားမှန်တံခါးမှ အပြင်ဘက်ခေါင်းပြူကြည့်လိုက်ရာ
ကားမှာ တောင်ကုန်းကမူပေါ်မှအဆင်း
ရင်ထဲတွင် အေးကနဲဖြစ်သွားသည်မို့
ယသော်ကဲ့သို့ပင် မနေနိုင်စွာ ထအော်မိသည်။
“အားးးးးးး”
ကြည်သူက နန်းဦး ကိုယ်အား ခါးမှဆွဲဖက်ကာ ကျန်တစ်ဖက်မှ လည်ကုပ်အားဆွဲထိန်းထားလိုက်သည်။
မြက်စားနေသော နွားအုပ်များမှာ
ကားသံကြောင့် ဟိုဟို ဒီဒီပြေးလွှားနေ၏။
ဆိတ်များမှာ တဘဲဘဲ အော်လျက် ကားရှေ့မှပင် ဖြတ်လျှောက်နေသေးရာ ကားမှာ ဘီးလှုပ်ရုံသွား သွားနေရသည်။
တမျှော်တခေါ်သော မြက်ခင်းများနှင့် စိမ်းစိုနေသော လွင်ပြင်ကြီးအဆုံးတွင် နွားခြံများရှိကာ တစ်ဖက်တွင် အလုပ်သမားတန်းလျားများလည်းရှိလေသည်။ အလုပ်သမားတန်းလျားအဆုံး နှစ်ထပ် သစ်သားအိမ်ကြီးတစ်လုံးရှေ့တွင် ကားလေးမှာ ထိုးရပ်သွားကာ ကားရပ်သည်နှင့်
အမျိုးသားကြီးတစ်ယောက်နှင့် ခြံအလုပ်သမားတချို့ဆင်းလာ၏။

“”မင်း ဒီကို ဟန်းနီးမွန်း ထွက်လာတယ်လို့တော့မပြောနဲ့နော်”

ယသော်က ကားနောက်ခန်းမှ
အဝတ်အိတ်များဆွဲချနေသော ကြည်သူထံကြည့်ကာပြောလိုက်ခြင်း။

“ဘာဖြစ်လို့လဲ အစ်ကို ရဲ့ ကျတော်တော့ ကြိုက်တယ် ကြည့်စမ်း အစိမ်းရောင်လွင်ပြင်ကြီးထဲ ရောက်နေတာ
ဘယ်လောက်မျက်စိပသာဒရှိလိုက်လဲ
လေ ကလည်း လတ်ဆတ်လိုက်တာ”

နန်းဦး ဆိုတော့ ယသော်က မျက်နှာမဲ့လိုက်သော်လည်း ကြည်သူမှာ မသိမသာ ပြုံးသွားလေသည်။

“လိုက်လည်း လိုက်တဲ့ လင်လင်တွေ”

ဘယ်ကိုသွားမလဲ အရင်မမေးပဲ ဟန်းနီးမွန်းသွားမယ် ညီဘွားလည်းပါမယ်ဆိုလို့လိုက်လာတာ
နွားခြံကိုလာမယ်ဆိုတာတကယ်မသိခဲ့။
နွားခြံကလည်း မြို့ပြင်တွင်သာဆိုတယ် မြို့ထဲမဟုတ်၍မြို့ပြင်ပြောသလားမပြောတတ် မိုင်ကုန်မောင်းလာတာတောင် ခရီးက နေ့တစ်ဝက်လောက်ရှိနေပြီ။
ညီဘွား ညစ်ပတ်ကောင်လည်း မပြောပြ။
နန်းဦး မှာတော့ မျက်လုံးလေးမှိတ် ခြေဖျားလေးထောက်ကာ
လေ အားမရှူဖူးသူနှယ် ရှူလိုက်ရှိုက်လိုက်လုပ်နေ၏။
နေ့လည်ဆယ့်တစ်နာရီခန့်ရှိပြီဖြစ်သော်လည်း မိုးရိပ်များကြောင့် နေရောင်မရှိ။
နန်းဦး တို့ပတ်ပတ်လည်တွင် သစ်ပင်သစ်တောများသာရှိကာ မြင်မြင်သမျှအရာများသည်စိမ်းစိမ်းစိုစို။
အသက်ငါး
ဆယ်အရွယ်အမျိုးသားကြီးမှာ ညီဘွား ၏ ဖခင်ဖြစ်လျက် မြို့တော်ဝန်ဦးနန်းမြိုင်လက်ထက်ကတည်းက ခေမာမြိုင်၏ လူယုံဖြစ်ကာ ရာဘာခြံဧက ရာချီနှင့်
နွားအကောင်ရာချီရှိသော နွားခြံကို ဦးစီးနေသူ။ ဦးနန်းမြိုင် လက်ထက်တည်းက ရာဘာခြံဧက သုံးဆယ်အား သူ့နာမည်နှင့် ခွဲပေးထားသည့်အပြင်
မိတဆိုးသားလေးဖြစ်သူ ညီဘွား
အား
အလုပ်ရှင်အလုပ်သမားမ ခွဲ ခြားပဲ
မြေးဖြစ်သူနှင့် တန်းတူစောင့်ရှောက်ပေးခဲ့တာမို့ ခေမာမြိုင်၏ကျေးဇူးမှာ ကြီးလေသည်။

“အဖေ နေကောင်းတယ်နော်”
ကြည်သူက ဦးအောင်ဘွားအား ညီဘွားခေါ်သလို အဖေဟုခေါ်၏။

“မြင်တဲ့ အတိုင်းပဲ မြေ့ရေ
သဘာဝနဲ့ နီးနီးနေလို့ လားမသိဘူး ကျုပ်ခန္ဓာကိုယ်က သဘာဝကျကျ သန်မာဆဲပဲ”

ဟုတ်သည် ညီဘွား၏ ဖခင် ဦးအောင်ဘွားမှာ အသက်ငါးဆယ်ကျော်ဆိုတာ ပြောမှယုံရမည်။
မြင့်မားသောအရပ်နှင့် အဆီပိုမရှိသော ခန္ဓာကိုယ်မှာ ထူးပြီးကိုယ်ကာယလိုက်မစားထားသည့်တိုင် လုပ်ကိုင်နေသော အလုပ်ကြောင့် သန်မာကျက်လစ်နေ၏။
ညီဘွားက ပင် အဆီယစ်ကာ ဗိုက်ထွက်ချင်သေးသည်။

“ဟို ညီဘွား အဖေထင်တယ် မသိရင် ညီဘွားက ပို အိုနေသလိုပဲ စိတ်မဆိုးနဲ့ နော် ဦးလေး ဟီး”
“ယသော် !ရော့ မင်းအဝတ်အိတ်မင်းသယ်ခဲ့”

ညီဘွားက ယသော်အဝတ်အား
ကူဆွဲပေးနေရာမှ ဘုတ်ကနဲပစ်ချကာဆို၏။

“ဦးလေးသားက အကျင့်လည်းပုပ်တယ်သိလား”
“ဟားးးဟားးး”

ဦးအောင်ဘွားမှာ ယသော့်အပြောကြောင့် တဟားဟားအော်ရယ်ရင်း နန်းဦး ဘက်လှည့်ကာ
“ဒီက မြေ့ရဲ့ ခင်ပွန်းထင်တယ်
ဒီမှာ ကဦးလေးနဲ့ သားက နှစ်ယောက်မှာ တစ်ယောက်ရှိမှရမှာမို့ ဦးလေးလိုက်မလာနိုင်ခဲ့တာ”
“ရပါတယ် ဦးလေး
ကျတော်တို့ ရောက်လာပြီပဲ
ဟို ကျတော် ဟိုးက နွားသားပေါက်လေးကို သွားကြည့်လို့ရလား”
“ရတာပေါ့ ကောင်လေးရဲ့ “

ဦးအောင်ဘွားဆီမှ ခွင့် ပြုချက် ရသည်နှင့် နန်းဦး က ခပ်လှမ်းလှမ်းမှ စားကျက်တွင် မြက်စားနေသော နွားသားအမိဆီပြေးသွားလိုက်သည်။

“နန်းဦး နေပါဦး “
“အစ်ကို ယသော်”

နန်းဦး က မိမိနောက်ပြေးလိုက်လာနေသော ယသော်မင်းညီအားအမောဖြေရင်းရပ်စောင့်နေလိုက်သည်။

“ဟော ဟဲ ဟူးးးး
ဟိုကောင်တွေတော့ ပစ္စည်း တွေနေရာ ချကျန်ခဲ့တယ် “

“မသိရင် ရွာလေးတစ်ရွာလိုပဲနော် အစ်ကို အလုပ်သမား တန်းလျားက
ဟိုးးးဘက်တောစပ်အထိရှိတာ”
“မင်းယောကျာ်း သူဌေး ဆိုတာ ယုံပြီလား ဒီဟာ တွေအားလုံး မင်းယောကျာ်း အပိုင်တွေလေ
ရွှေဆောင်က ကုမ္ပဏီ တွေ ဟိုတယ်တွေ မပါပဲနဲ့တောင် မင်းတို့ ဘာမှမလုပ်ပဲအေးဆေးနေလို့ရတယ်”
“ဟာဗျာ အစ်ကိုကလုပ်ပြီ”
“ရှက်မနေနဲ့ ဟော ဟိုမှာ လိုက်တောင်လာနေပြီ မင်းတို့ချင်းအေးဆေးနေရအောင် အစ်ကို ဟိုးဘက် ရှောင်ပေးမယ် “
“ရပါတယ် အစ်ကိုရ”
“မရပါဘူး စိန်ကောင်းကျောက်ကောင်းရောင်းနေတာ ဆေးရိုးသည်ဖြစ်မခံနိုင်ပေါင် ဟ ဟိုမှာ သိုးလားမသိဘူး ငါမမြင်ဖူးဘူး သွားကြည့်ဦးမှ”

ယသော် က စကားဆုံးသည်နှင့် ကလေးတစ်ယောက်နှယ်ပြေးထွက်သွားလေသည်။
နန်းဦး က နွားပေါက်လေးဆီ ရောက်အောက်လျှောက်သွားကာ
နဖူးလေးထိလိုက် ပါးစပ်လေးအားထိလိုက်လုပ်နေ၏။

“ဝေ”
“ကိုကို”

ကိုကိုက လာတုန်းက စီးလာသော ဖိနပ်အစား လည်ရှည်ဖိနပ်တစ်ရံ လဲစီးထားလေသည်။

“ပျော်လား”
“အင်း သီးသန့်ကမ္ဘာလေးထဲ ရောက်နေသလိုပဲ”

မိုးရိပ်ကြောင့် နေမပူဘူးဆိုပေမယ့်
ကြည်သူက မိမိခေါင်းမှဦးထုပ်အားနန်းဦး ခေါင်းပေါ်လွှဲပြောင်းပေးလိုက်သည်။ 
နန်းဦး က မျက်နှာ ချောချောအား မော်ကြည့်လိုက်ကာ မှေးချိုင့်လေး အားနမ်းလိုက်သည်။
ကြည်သူက နန်းဦး မှေးမှ ပင့်မကာ
နူးညံ့အိထွေးသော နှုတ်ခမ်းအား
ငုံထွေးလိုက်၏။
နှစ်ဦးသားမှာ ကြားလေမသွေးနိုင်အောင် ပူးကပ်နေကာ အနမ်းများ ရှည်ကြာလာသည်နှင့် နန်းဦးမှာ
ရင်ထဲ
လှိုက်ဖိုလာ၏။ 

“ပြေးးးးးးပြေးးးး”

အသံကြောင့် ခန္ဓာကိုယ် ချင်းခွာသွားကာ သူတို့ ဘက်ဦးတည်လျက်ပြေးလာသော ယသော်မင်းညီအားတွေ့ရသည်။
အသံထက်လူမှာမြန်ကာ လေ၏ အလျင်ကဲ့သို့ နန်းဦး တို့ဘေးမှ ရိပ်ကနဲဖြတ်သွားလေသည်။

“ကိုညို ရပ်လိုက်စမ်း”
ကိုညိုဆိုသော ယသော်နောက် အပြေးလိုက်နေသော
မီးခိုးရောင် အကောင်ကြီးအားကြည့်လျက် နန်းဦးမှာ ကြည်သူ့ကိုယ်နောက်ကွယ်ရပ်လိုက်လေသည်။
နားရွက်ရှည်ရှည် နှင့် သွားစွယ်ကြီးများဖွေးနေကာ အရောင်မှာ ရှားရှားပါးပါးမီးခိုးရောင်ဖြစ်သည်။
ထိုအကောင်မှာ ခုဏက ယသော်အား သွားဖြဲ၍လိုက်နေသူမှာ သူမဟုတ်သည့်နှယ် ကြည်သူ့ ခြေနှစ်ချောင်းကြားအားတစ်အီအီတိုးဝှေ့နေ၍ နန်းဦး က အနည်းငယ် ခွာ၍ရပ်လိုက်ရသည်။
နန်းဦး ကိုမြင်သည်နှင့်
စူးစမ်းသလိုကြည့်နေ၏။

“အဲဒါ မင်းရဲ့သခင်ပဲ ကိုညို
ဒီနားလာခဲ့”

နန်းဦး အား အနားဆွဲခေါ်ကာ
ကိုညိုခေါင်းပေါ်လက်တင်ပေးလိုက်သည်။

“မင်းနဲ့တူတယ်
မင်းမျက်လုံးလည်း မီးခိုးရောင်
သူလည်းမီးခိုးရောင်ပဲ”

ကိုညိုက ကြည်သူပြောတာ နားလည်သည့်အလား နန်းဦး လက်ဖျံအား သူ့လျှာဖြင့်လိုက်ယက်နေ၏။

“တော်တော့ ကိုညို “
“နေပါစေ”
“ဒီကောင်ကြီးက အမဲလိုက်လည်းတော် သလို မှတ်ဉာဏ်လည်းကောင်းတယ်လေ ကိုယ် ပြည်ပမသွားခင်က သုံးလေးခါပဲ တွေ့ဖူးတာတောင်
ကိုယ်ပြန် လာတော့
သူမှတ်မိတယ်
ကိုယ်တောင် အရောင်ကြောင့်သာမှတ်မိ နေတာ “

နန်းဦး က မီးခိုးရောင်ခွေးကြီး၏ ခေါင်းအား အသာပွတ်သပ်ပေးလိုက်သည်။

“မိုးမြေ့ ငါတို့ ရေသွားချိုးဖို့ စမ်းချောင်းသွားမလို့ မင်းတို့တစ်ခါတည်းလိုက်ခဲ့
မလား”
“သွားနှင့်လိုက်”
“ကိုညို လာခဲ့ မင်းကိုဆူရဦးမယ်”

ညီဘွားခေါ်လိုက်တော့ ကိုညိုမှာ အမြီးလေးနန့်ကာ ပြေးထွက်သွားလေသည်။
ကိုညို လိုက်တာ ခံထားရသော ယသော်မှာ ညီဘွားနောက်တွင် ကွယ်၍ရပ်နေလေသည်။
ခဏအကြာ ညီဘွားနဲ့ ယသော်မှာ ကိုညိုနှင့်အတူ မြင်ကွင်းထဲမှ တရွေ့ရွေ့ပျောက်ကွယ်သွားလေသည်။
နန်းဦး တို့ သစ်သားအိမ်ကြီးဆီ ပြန်ရောက်လာတော့ ဘယ်သူမှရှိမနေ။
အလုပ်သမားတန်းလျားဘက်မှ ကလေးများငိုသံ စကားပြောသံများကြားနေရလေသည်။
နန်းဦး တို့အတွက်ပြင်ထားသောအခန်းမှာ အိမ်အောက်ထပ်တွင်ပင်ဖြစ်ကာ အထဲတွင် သစ်သားကွပ်ပျစ်အားအပြည့်ခင်းထားလေသည်။

“ရေကို ဒီမှာ ချိုးချင်ရင် ဟိုးဘက်မှာ သစ်သားရေစည်ရှိတယ်
ရေချောင်းဘက်လိုက်သွားချင်လား”
“အင်း “
“သွားကြတာပေါ့
အဝတ်သတ္တာထဲမှာ အပေါ် အိပ်ကပ်ထဲကဟာပဲ ကိုယ့် ဟာ ကျန်တာ မင်းအဝတ်တွေချည်းပဲ အထဲမှာ မျက်နှာ သုတ်ပုဝါတွေ ပုဆိုးတွေလည်းပါတယ်”
နန်းဦး က အိမ်မှ ဝတ်လာသော အဝတ်အစားများအား လျှော်ရမည့် အတူတူ မလဲတော့ ပဲ ရေလဲပုဆိုးနှစ်ထည်၊တီရှပ်လည်ဝိုင်းတစ်ထည်
နှင့်
မျက်နှာ သုပ်ပုဝါတစ်ထည်
ယူကာထွက်လာလိုက်သည်။
တောစပ်လေးဘေးလူသွားလမ်းလေးအတိုင်း ဆယ်မိနစ်ခန့်လျှောက်ပြီးသော အခါ ရေကျသံများအား ကြားရလေသည်။

“ကိုညိုကွ”
ရေချောင်း ဘက်ဆီမှ
ယသော်၏ အသံအားအတိုင်းသားကြားနေရပြန်၏။
ခုဏက ကိုညိုလိုက်ခံရတာ သူမဟုတ်သလို လုံးထွေး၍ရေဆော့နေပြန်သည်။
ညီဘွား က ပုဆိုးအား ကတောင်းမြှောင်အောင်ကျိုက်လျက် ရေစိမ်နေ၏။

“လိုက်ကြည့်မနေနဲ့ ကိုယ်တို့ ဟိုးအပေါ်ဘက်သွားမှာ အပေါ်ဘက်မှာ ရေကူးလို့ရတဲ့ ရေအိုင်အကြီးကြီးရှိတယ်”

ကျောက်တုံးကျောက်ခဲများဖြင့်
သဘာဝစမ်းချောင်းလေးမှာ မိုးမများသေးသဖြင့် ရေစီးမသန်လှ။ ချောင်းအောက်ပိုင်းတွင်
ရေမှာ ဒူးအထိသာရှိကာ ကျောက်ခဲ ကြီးကြီးများမှာ ရေတွင်တစ်ဝက်ပေါ်နေ၏။
ယသော် နှင့် ညီဘွား မှာ သူတို့အာရုံနှင့် သူတို့မို့ နန်းဦးတို့ကို မြင်ပုံမရ။

“ကျောက်တုံးပေါ်သေချာနင်း
ရေညှိတွေရှိတယ် ကိုယ့် လက်ကိုကိုင်လိုက်”

နန်း ဦးက ကမ်းပေးလာသော လက်အား မိမိရရဆုပ်ကိုင်လိုက်သည်။
အပေါ်နားရောက်သော အခါ ဆယ်လံစာမျှ သဘာဝရေအိုင်ကြီးရှိနေကာ
ကျောက်နံရံမှ ရေများ တဝေါဝေါကျနေသော ရေတံခွန်အသေးလေးတစ်ခုရှိလေသည်။
ရေအိုင်ထဲမှ ရေများမှာ ကြည်လင်နေကာ အောက်ခြေမှ ကျောက်စရစ်ခဲများအထိ မြင်နေရလေသည်။

“ဗွမ်း”
“အားးး ဟားးးဟား”

ကြည်သူက ရေထဲ ဗွမ်းကနဲနေအောင် ခုန်ချကာ နန်းဦး အားဆွဲချလိုက်သဖြင့်
နှစ်ယောက်သားမှာ ရေထဲတွင်လုံးထွေးသွားလေသည်။
ကျောက်တုံးများဝန်းရံထားသော
ကျောက်ကန်ကြီး လိုဖြစ်နေတာကြောင့်
ရေများမှာ အေးစက်နေကာ
ခဏတွင်း ချင်း ခိုက်ခိုက်တုန်လေသည်။ နန်း ဦးက သွေးပူသွားရန် ဟို ဒီလှည့်ပတ်ကူးလိုက်သည်။
ဝတ်ထားသော အင်္ကျီ မှာ လက်ရှည်ဖြစ်သည့်အပြင်
ဘောင်းဘီ မှာ လည်းခြေရှည်မို့ ကူးရတာသိပ်အဆင်မပြေ။
အင်္ကျီ အားချွတ်ပစ်ကာ
ကျောက်တုံးပေါ်ပစ်တင်လိုက်သည်။
ကိုယ်လုံးဖြူသွယ်သွယ် လေးမှာ ရေနှင့် အပြိုင်ကြည်လင်နေလျက်
အောက်ပိုင်းမှ ဘောင်းဘီအရှည်လေးနှင့် နန်းဦး မှာ ရေသူထီးလေးလို။

“ဟိုးဘက်ထိမသွား နဲ့ မိုးရာသီဆို ကျလာတဲ့ရေရှိန်အရမ်းပြင်းလို့
ရေထိုးအားကြောင့် ဒီဘက်မှာ ချိုင့်ခွက်လိုဖြစ်နေတာ ကိုယ့်ဆီ ပြန်ကူးခဲ့”

နန်းဦး က ရေထဲတွင် ကိုယ်ကို လိမ်၍တစ်ပတ်ပတ်လိုက်ကာ
ကြည်သူ့ဆီကူးသွားလိုက်သည်။
ကျွန်းမြို့တွင် ကြီးပြင်းသော ကျွန်းလှသားလေးမှာ ရေကိုလည်း ကျွမ်းကျင်လှပစွာ ကူးတတ်သည်လေ။
ကြည်သူက အနားရောက်လာသော
ရေသူထီးလေးအား ဆီးပွေ့ကာ
ရင်ချင်းအပ်ပစ်လိုက်သည်။
အဝတ်အစားမရှိသော အပေါ်ပိုင်းဗလာကျင်းနေသည့် ခန္ဓာကိုယ် နှစ်ခု ပူးကပ်သွားသည် ခန္ဓာကိုယ်များမှာ သိသိသာသာပူနွေးလာ၏။
ကြည်သူမှာ သကြားခဲတွေ့လိုက်သော
ပုရွက်ဆိတ်နှယ် ရေကြောင့် အေးစက်ပြာနှမ်းနေသော နှုတ်ခမ်းလေးအား
အငမ်းမရစုပ်ယူလိုက်သည်။
နှုတ်ခမ်းသားများမှလျှာဖျားထိပါရန်ရှာလာလျှင် နန်းဦး ၏ခန္ဓာကိုယ်မှာ နတ်ပူးခံလိုက်ရသည့်နှယ် တုန်ရီလာ၏။
ခါးတစ်ဝက်ခန့်ရှိသော ရေထဲတွင်ရပ်နေသော ကြည်သူမှာ နှုတ်ခမ်းများအား အလွှတ်မပေးပဲ နန်းဦး အား ခါးမှ ချီမကာ ကျောက်ဖျာ ပေါ် လှမ်းတင်လိုက်လေသည်။
ထို့နောက် ခါးအောက်မှလက်လျိုဝင်ကာ ဇက်ပိုးမှ ထိန်းကိုင်လိုက်ကာ
လျှာများအား အလွတ်ပေးလျက်
နှာခေါင်းထိပ်လေးအား ငုံစုပ်လိုက်လေသည်။
ထို့နောက် လည်ပင်းဆီဦးတည်လိုက်လျှင်
“ဟို အရာတွေပေါ်ကုန်……အွမ်း”
“ဝုတ်”
“အဲ”

ကိုညို့အသံနှင့်အတူ ညီဘွား၏
စပ်ဖြီးဖြီး ရုပ်ကြောင့်
ကြည်သူမှာ နန်းဦးနှုတ်ခမ်းအား လွှတ်ပေးကာ လက်ခလယ် ထောင်ပြလိုက်လေသည်။
သူခိုးလူမိသွားသလို မို့ နန်းဦး မှာ ရှက်ရှက်နှင့် မျက်နှာ အား ကြည်သူ့ရင်ဘတ်တွင်ဝှက်ထားလိုက်သည်။

“ဆောရီး ငါက ရိုးရိုးရေကူးနေတယ်ထင်လို့ လိုက်လာတာ
ဆက်လုပ်ကြနော်”
“ခွေးသား “
“ဝုတ်”

ညီဘွားအား လှမ်းဆဲတာဖြစ်သော်လည်း မီးခိုးရောင် ကောင်မှာ သူ့ကို ဆဲသည်အထင်နှင့် အမြီးလေးကုပ်ကာ အိမ်ဘက်ပြေးသွားလေသည်။

“ကို ညို စောင့်ပါဦး”

မိုချီ (ခတ္တလူ့ပြည်)

တအားတွေချိုကုန်မှာစိုးလို့
ဒီမှာ တစ်ခန်းရပ်
အကယ်၍ main charactersတွေရဲ့နာမည် တူနေတာတွေ
၏သည် မရွေးမဟုတ်ပဲ
အရေးကြီးတဲ့ dialogueတွေတူနေရင်လည်းပြောလို့ရပါတယ်

Tags: read novel Wrong Time Right Person(Completed) part16(unicode), novel Wrong Time Right Person(Completed) part16(unicode), read Wrong Time Right Person(Completed) part16(unicode) online, Wrong Time Right Person(Completed) part16(unicode) chapter, Wrong Time Right Person(Completed) part16(unicode) high quality, Wrong Time Right Person(Completed) part16(unicode) light novel, ,

Comment

Leave a Reply

Chapter 32