Wrong Time Right Person(Completed) part23(unicode)

A+ A-

Wrong time right person

အပိုင်း(၂၃)

စက်လှေလေးသည် ရေယဥ်ကြောတွင်
တဝဲလည်လည်။
ရေမနစ်လှသော်လည်း ရေစီးသန်လှသဖြင့် အန္တရာယ်များလှသည်။
စက်ပါသော်လည်း ဖွင့်ရတယ်မရှိဘဲ ရေစီးအတိုင်းသာ ထိုးဝါး အကူဖြင့် မျောနေရသည်။
ဆင်သေချောင်းသည် နာမည်နှင့် လိုက်အောင်ပင်
ရေမနက်လှသော်လည်း မိုးတွင်းဆို
ဆင်တစ်ကောင်လုံးမျောပါသေဆုံးနိုင်လောက်သည်အထိ ရေစီးကြမ်းလေသည်။

“အရှေ့မှာ အကွေ့ရှိတယ် ထိုးဝါး ကို ကမ်းပါးဆီ စိုက်ထိန်းထား ပေး”

လှေသမား ၏ အပြောကြောင့် အရှေ့မှ ထိုးဝါးကိုင်ကောင်လေးမှာ
ပြောသည့်အတိုင်း လိုက်လုပ်လေသည်။
လှေဝမ်းထဲမှ ကြည်သူနှင့် ညီဘွားမှာ
လှေနံနှစ်ဖက်အားထိန်းကိုင်လျက်
လှေလေး ယိမ်းခါနေမှုအား
လျှော့လို လျှော့ငြား ကိုယ်ကို ဖော့ထားကြသည်။

“ဒီ ချောင်းလက်တက်ကနေဝင်ရင် ပန်းမ ဆိုတဲ့ ရွှေအင်း ရွာလေးရှိတယ်ဆရာ”
“ချောင်းရိုးအတိုင်းဆက်သွားရင်ရော”
“မြိုင်ဝန်း ဘက်ကိုရောက်မယ်ဆရာ”
“ချောင်းရိုးအတိုင်း သွားကြတာပေါ့”

ကြည်သူ့ဆီမှ ခွင့်ပြုချက် လှေလေးအား ချောင်းရိုးအတိုင်း ဦးတည်လိုက်၏။
သို့သော် ရေစီးကြောင်းမှာ ပန်းချောင်းဘက်ပို၍သန်ကာလှေလေးမှာ ချောင်းရိုးအတိုင်းသွားရမည့်အစား
ပန်းချောင်းဘက် ဦးတည်၍သွားလျှင် လှေသားနှစ်ယောက်မှာချောင်းရိုးဆီ ပြန်ရောက်အောင်အားထုတ်ရန်လုပ်၏။

“ရပြီ ဒီအတိုင်းသွားကြတာပေါ့”
“ဒီအတိုင်းသွားရင် ပန်းချောင်း ပါဆရာ တစ်နာရီလောက်ဆို ပန်းမရွာရောက်မှာ”
“ငါတို့ ဒီရွာဘက်မရှာမိဘူး ရေစီးက ဒီဘက်ကို ပိုအားသန်တာ ခုမှ သတိထားမိတယ်”

ညီဘွားဆိုတော့ ကြည်သူမှာ ခေါင်းတဆတ်ဆတ်ငြိမ့်၏။
နေပူဒဏ်ကြောင့် ဖြူသောအသားမှာ နီရဲနေ၏။
အံကြိတ်ထားသဖြင့် မေးရိုးကပို၍တင်းထွက်နေလေသည်။
ဆံပင်များအား နောက်သို့ လှန်ကာ အပြောင်သိမ်းထားသဖြင့် မျက်နှာချောချောမှာ အတားအဆီးမရှိပေါ်လွင်နေ၏။
တစ်နာရီခန့် ကြာသောအခါ ရေစီးမှာ ငြိမ်လာကာ ချောင်းရေတိမ်လာသဖြင့်
ရေထဲလမ်းဆင်းလျှောက်ရလေသည်။
နာရီဝက်ခန့် လမ်းလျှောက်ပြီးသောအခါ ရေတိမ်ပိုင်းတစ်နေရာတွင် ရွှေကျင်နေသော လူများအား ဟိုတစ်စု ဒီတစ်စု တွေ့ရလေသည်။

“ဝုတ်…ဝုတ်…ဝုတ်”

ထိုစဥ် ရင်းနှီးနေသော ခွေးတစ်ကောင်၏ အသံနှင့်အတူ ကြည်သူတို့ဆီ မီးခိုးရောင်ခွေးကြီးတစ်ကောင်ပြေးလာလေသည်။

“ကိုညို”
“ဝုတ် ဝုတ် ဝုတ်”
“ကိုညို”

မီးခိုး ရောင် ကောင်ကြီးမှာ ကြည်သူအား လိုလားဟန်မပြ။
ဒေါသတကြီး မာန်ဖီနေ၏။
ကြည်သူမှာ ကိုညိုအားတွေ့လိုက်သည်နှင့် အားတက်သွားကာ
သွားရောက်ပွေ့ဖက်လိုက်ချင်သောလည်း ကိုညိုက သူ့အားရန်သူတစ်ယောက်လို ရန်မူနေသည်မို့အနားမကပ်ရဲ။
တောဝက်နဲ့ လုံးသတ်ပြီး သေသွားပြီထင်သောကို ညိုက ဘယ်ကဘယ်လို။
မဟုတ်မှ ကိုညိုနဲ့အတူ ဝေရော ဝေကရော ရှိနေတာလား….
အတွေးနှင့် အတူ မျက်ဆံများမှာ ဟိုဒီရွှေ့လျားကာ မျက်နှာမှာ နီတစ်လှည့်ဖြူတစ်လှည့် ။
ထိုအခြေအနေကို ကြည့်လျက်ညီဘွား မှာ ကြည်သူအား စိတ်အေးအေးထားရန်ပြောရသည်။
ဦးလေးကြည်သာဘုန်းအား ခရီးပန်းမည်စိုးသဖြင့် နွားခြံတွင်ပင်နေခဲ့စေကာ မခေါ်လာမိသည်ကို နောင်တအနည်းငယ်ရမိသည်။
ကြည်သူ့ပုံစံက စိတ်ခံစားချက် ကြီးကြီးမားမားအား လက်သင့်ခံနေနိုင်သေးပုံမရ။
ညီဘွားက ကြည်သူအား နှစ်သိမ့်ကာ ကိုညိုဘက်လှည့်လိုက်သည်။
သူ့အား ငါးနှစ်လောက် စောင့်ရှောက်ခဲ့သော သခင်အား ကိုညို က မှတ်မိပုံရလေသည်။

“ကိုညို”

ညီဘွားက လက်တစ်ဖက် ဆန့်
  တန်း၍ ခေါ်လိုက်ရာ ညီဘွားဆီ ပြေးလာလေသည်။

“မီးခိုး”

နောက်မှ လူငယ်တစ်ယောက်၏အသံကြောင့် ညီဘွားဆီပြေးလာရင်း လမ်းခုလတ်တွင်
မီးခိုး ဟုခေါ်သူထံပြန်ပြေးသွားလေသည်။

“ဟေ့လူ ဒါကျုပ်တို့ ပျောက်နေတဲ့ ကောင်ကွ”

တစ်ဘက်မှ ထိန်သာ မှာ လူစိမ်းတစ်စုအား စိမ်းစိမ်းကြီးကြည့်၏။
တစ်စုံတစ်ခုကို သဘောပေါက်သွားရကာ သူမလိုချင်သော အချိန်အား ရောက်လာတော့မည်ကို စိုးထိတ်မိသည်။

“ဒီလိုပါညီ ကိုယ်တို့ လူပျောက်လာရှာတာပါ အသက်နှစ်ဆယ်အရွယ် ဒီကောင်လေးပါ”

ထိန်သာ က ကြည်သူပြသော ဓာတ်ပုံအား ယူကြည့်လိုက်သည်။
ဓာတ်ပုံထဲတွင် သခင့်ပုံစံနှင့် ဆန့်ကျင်စွာ အနောက်တိုင်းဝတ်စုံနို့နှစ်ရောင်နှင့် ကောင်ငယ်လေးမှာ နှုတ်ခမ်းဘေးမှ အချိုင့်လေးများပေါ်နေသည်အထိပြုံးရယ်နေ၏။
မီးခိုးမှာ ကြည်သူ အား မကြည်ပေမယ့် ညီဘွားခြေထောက်နားတွင် ပွတ်တသတ်သတ်လုပ်နေ၏။

“ကိုညို နန်းဦး နဲ့အတူမှလား မင်းနန်းဦးကို စောင့်ရှောက်ထားတာလား”

ညီဘွားက ကိုညို့လည်ပင်းအား သိုင်းဖက်ကာ တီးတိုးပြောသော အခါ ကိုညိုမှာ နားလည်သည့်အလား
အသံပြု၏။
ကြည်သူဘက်အား ရန်လိုသည့်အမူအရာပြကာ
ရှေ့မှပြေးထွက်သွားလေသည်။
ထိန်သာ မှာ သူ့အလိုအတိုင်းဆို ထိုလူတစ်စုအား နှင်လွှတ်လိုက်မှာ ဖြစ်သော်လည်း မီးခိုးမှ ရှေ့ဆုံးမှ ဦးဆုံသွားပြီမို့ မတတ်သာဘဲ ထိုလိုစုနှင့်အတူလိုက်လာရသည်။ ရွှေအင်းထဲမှ
ရွာသားများမှာ ထိန်သာနှင့်အတူပါလာသော ကြည်သူတို့လူတစ်စုအား သိသိသာသာ လိုက်ကြည့်ကြသည်။
ကြည်သူမှာ ပိုပိုသာသာ ကြည့်ခံရကာ
တီဗွီဇာတ်လမ်းထဲတွင်ပါသော
နိုင်ငံခြားမင်းသား တစ်ယောက်အပြင်တွင် လမ်းလျှောက်ထွက်လာသလို ခံစားလိုက်ကြရလေသည်။
မရိတ်သင်ရတာ တစ်ပတ်ကျော်ပြီဖြစ်သော နှုတ်ခမ်းမွှေးပါးမြိုင်မွှေးငုတ်စိများဖြင့် ပို၍ ယောကျာ်းပီသ ခက်ထန်နေ၏။
မီးခိုးတစ်ဖြစ်လည်းကိုညိုမှာ ရှေ့မှပြေးသွားကာ
ရွှေအင်းထဲ နားနေဆောင်မှ ရွာခေါင်းဆောင်ဆီသွားကာ
ရစ်သီသီလုပ်နေလိုက်သည်။ ခပ်ဝေးဝေးမှ လိုက်ပါလာသော
ထိန်သာနောက်မှ လူတစ်စုအား ရုပ်ရည်မသဲကွဲသေးသော်လည်း
ဝတ်စားပုံကြည့်ခြင်းအားဖြင့် ဧည့်သည်လူစိမ်းတွေမှန်း ခန့်မှန်းမိလိုက်သည်။

“အဖေ”

ထိန်သာ့ခေါ်သံအဆုံး
ရွာခေါင်းဆောင်မှာ ခေါင်းငုံ့ကာ ရွှေဝယ်စာရင်းအား ပြန်စစ်နေရာမှ ထိန်သာနှင့် လူတစ်စုစီခေါင်းထောင်ကြည့်လိုက်သည်။
ရွာခေါင်းဆောင်အား မြင်လိုက်သော
ကြည်သူမှာ ရင်ဘတ်အား
တစ်စုံတစ်ခုနှင့် ထုနှက်ခံလိုက်ရသည့်နှယ် အောက်မျက်လာကာ
လက်နှင့်ဆွဲဆုပ်လိုက်လေသည်။
အသက်အရွယ် တစ်ခု ရောက်နေပြီဖြစ်ကာ အရင်ကလို ပြောင်ရှင်းချောမွတ်မနေ မျက်နှာ မှာ မုတ်ဆိတ်မွှေးပါးမြိုင်မွှေးများ ပြည့်နှက်နေသည့်တိုင်
ဒီမျက်နှာ ဒီရုပ်ရည်ကို ကြည်သူ
မမှတ်မိစရာအကြောင်းမရှိပါ။

“အ့!”

မျက်နှာမှာ မခံမရပ်နိုင်စွာ ရှုံ့မဲ့လာကာ
ရင်ဘတ်နေရာအား
လက်ဖြင့်ဆွဲဆုပ်လျက်
ခန္ဓာကိုယ်ကြီးမှာ ဘိုင်းကနဲ ပြိုလဲ
လေရာ
ညီဘွားမှာ အချိန်မီ ဖမ်းထိန်းလိုက်ရလေသည်။

“မြေ့ သတိထားလေ”

ဦးနေသာ တစ်ဖြစ်လည်း ဦးကြည်သာမောင်မှာ မိမိရှေ့မှ ပြိုလဲသွားသော
မျက်နှာ ချောချောအား ကြည့်လိုက်ရာ
ကြည်သူ့နည်းတူ မပြင်းထန်သည့်တိုင်
ရင်ဘတ်နေရာတွင် စူးနစ်သွားမိသည်။
မင်းမောင်မောင်ပြောသဖြင့် အကြောင်းအရာ အလုံးစုံအား သိပြီးသည့်တိုင် ထိုမျှ မြန်မြန်ဆန်ဆန် အလောတကြီး ရောက်လာလိမ့်မည်မထင်ခဲ့ပါ။
တာဝန်မကျေခဲ့သော ဖခင်မို့
သားဟူ သော အသိသည် ရင်ဘတ်ထဲတွင်သာ မြည်ဟီးသွားကာ
နှုတ်ဖျားဆီကျမလာခဲ့။
ထိန်သာမှာ အဖေဖြစ်သူအား တစ်လှည့် အဖေ့မျက်နှာ အားမြင်သည်နှင့် မိုးပြိုသလိုမေ့လဲသွားသော ယောကျာ်းရင့်မာ ကြီးဆီတစ်လှည့်ကြည့်ရင်း
အခြေအနေကို သဘောပေါက်သွားရလေသည်။
မျက်နှာ နှစ်ခုဟာ အသက်အရွယ် ဇရာအနေအထား ကွာပေမယ့်
နှစ်ယောက်ယှဥ်တွဲလျက်အနေအထားတွင် သိသိသာသာ တူညီမှုရှိနေသည်မဟုတ်ပါလား။
ထိန်သာသည်လည်း ထိုနေ့က ဆရာပြောသဖြင့် ဇာတ်ရည်ကို အသေအချာ လည်ပြီးဖြစ်တာမို့ ဝမ်းနည်းသည်ကလွှဲရင် ထူးပြီးမအံ့သြမိပါ။
ကြည်သူအား ပွေ့ထားသော
ညီဘွားမှာ ကြည်သူအားတစ်လှည့်
ရွာခေါင်းဆောင်ဆိုသူအား တစ်လှည့်ကြည့်ရင်း ဇဝေဇဝါဖြစ်သွားလေသည်။
မြေ့က ဘာလို့ ရွာခေါင်းဆောင်ကို ကြည့်ပြီး မေ့လဲသွားရတာလဲ
ရွာခေါင်းဆောင်ကရောမြေ့နဲ့ဘာလို့တူနေရတာလဲ
အတိအကျပြောရရင်
ရွာခေါင်းဆောင်သည် ညီဘွား၏ဆယ့်ငါးနှစ်အရွယ် မှတ်ဉာဏ်ထဲက
မြေ့ဒယ်ဒီ ဦးလေး ကြည်သာမောင်နဲ့
ဘာလို့ တူနေရတာလဲ။
ဦးလေးဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်တည်းက ကားအက်စီးဒင့်နှင့် ဆုံးပါးသွားခဲ့ပြီမဟုတ်ဘူးလား။
ရွာခေါင်းဆောင် မှာ တုန်ရီသော လက်များဖြင့် ညီဘွားလက်ထဲတွင်မေ့မျောနေသည့် မျက်နှာချောချောအား
အုပ်ကိုင်လာ၏။

“ဦးလေး ဦးလေး ကြည်သာမောင်လား
ဟုတ်လား”

ညီဘွားက စိတ်လှုပ်ရှား၍တုန်ယင်နေသော အသံအား ထိန်း၍ပြောလိုက်သည်။
ရွာခေါင်းဆောင်က ညီဘွားဘက် လှည့်ကာ မျက်ရည်ဝေ့သီနေသော မျက်လုံးများဖြင့်အသေအချာကြည့်၏။

“ကျတော်လေ ကျတော် မြို့တော်ဝန်ရဲ့ လူယုံ ဦးအောင်ဘွားရဲ့သားပါ

ငယ်ငယ်က မြေ့
ရဲ့ကစားဖော်လေ”

ညီဘွားပြောမှ မြို့တော်ဝန်၏လူယုံ အောင်ဘွား၏ မျက်နှာ တင်းတင်းအား
ထိုကောင်လေး၏ ရုပ်ရည်တွင် ထင်ဟပ်နေတာ မြင်ယောင်လာ၏။

“အင်း ဟုတ်တယ် ပြောစရာတွေရှိရင် နောက်မှပြောကြတာပေါ့
သားကို ရွာထဲရွှေ့ရအောင်”
“သခင်က အဆင်ပြေပါ့မလား အဖေ”
“သူလည်း အားလုံးကို သိပြီးသား
တစ်ချိန်မဟုတ်တစ်ချိန် သူ့ဆီရောက်လာမယ်လို့ မျှော်လင့်ပြီးသားဖြစ်မှာပဲ ကျန်တာ သူဆုံးဖြတ်လိမ့်မယ်သား လောလောဆယ် ဒီကလေးကို
ရွာထဲရွှေ့ရအောင်”

ဦးကြည်သာမောင်ပြောသော ကလေးဆိုသူမှာ ကျားကိုးစီး စားမကုန်သော ခန္ဓာကိုယ်နှင့် ဖြစ်ကာ ပစ္စည်းတင်သော လက်တွန်းလှည်းပေါ်တင်လျက် လူနှစ်ယောက်ပင် ရွာထဲဆီရောက်အောင်
ချွေးတပြိုက်ပြိုက်ကျသည်အထိ တွန်းလာခဲ့ရသည်။
ရွာသားများမှာ ရွာခေါင်းဆောင်နှင့် လူတစ်စုအားကြည့်ကာ
သူတို့ရွာအား
လူစိမ်းများရောက်လာလျှင် ဘာလို့ အကောင်းအတိုင်း ရောက်မလာကြပါလိမ့်ဟု အတွေးပေါက်ကြလေသည်။
ရွာထုံးစံအတိုင်း တစ်ခုခုထူးထူးခြားခြားရှိလျှင် လူများဝိုင်းအုံကာ
ရွာခေါင်းဆောင်တို့ အိမ်ရှေ့တွင်
စုပြုံ စပ်စုကြဦးမည်ပင်။

*****************

ညီဘွားက လှေသားများအားလှေနှင့် ပြန်လွှတ်ကာ နွားခြံတွင်ကျန်ခဲ့သော ဦးကြည်သာဘုန်း
နှင့် သူ့အဖေအား အခေါ်ခိုင်းလိုက်သည်။
ပန်းမတွင် ကြည်သူနှင့်
ညီဘွားသာ ကျန်ခဲ့ကာ
ကြည်သူမှာ ခုထိသတိရမလာသေး။
ဦးနှောက်၏ အသိကို နှလုံးက ခံနိုင်ပုံမရ။ မေ့မျောနေဆဲရှိသည့်
မျက်နှာချောချောသည် ရေသေအိုင်နှယ် ပကတိတည်ငြိမ်နေ၏။
နန်းဦး မှာ ကြည်သူအားတွေ့လျှင် ပစ်ပစ်ခါခါ ခါးခါးသီးသီး တုံ့ပြန်လိ့မ်မြည်ဟု ထင်ထားသော်လည်း
ကြည်သူ၏ မျက်နှာအား ကြည့်လျက်သာ ဆွေးငေးနေ၏။
နန်းဦး ကိုယ်တိုင်လည်း ကိုကို့ကို
တွေ့လိုက်ရတော့ မုန်းတီးနားကျည်းစိတ်တို့ စိုးစဥ်းမျှရှိမနေ။
မရှိတာကို ရှိအောင်လည်း လုပ်ယူဖို့
မစဥ်းစား။
ငါ့အပေါ်လုပ်ရက်လေခြင်း ရက်စက်လေခြင်းဆိုတဲ့ စိတ်ကလွှဲရင်
ဒီလူသားအပေါ် ချစ်တဲ့စိတ်က လွမ်းတဲ့စိတ်နဲ့ ပေါင်းကာ အချစ်ပါပိုတိုးလာခဲ့
တာ ကိုယ်တိုင်သာ သိသည်။
လွမ်းတာကို နာတာနဲ့ ဖြေရလောက်အောင်
ကိုကို ပေးခဲ့တဲ့နာကျင်မှုက မလုံလောက်ခဲ့၍ထင်သည်။
ပထမတွင် ကိုကို့အား မုန်းတီးစိတ်နှင့် သတိရနေသည်ထင်ခဲ့တာ
အချိန်ကြာလာသည်နှင့်အမျှ မုန်းတီးခြင်း ဆိုသည့်အလွှာပါးလေးသည် ပျက်ပြယ်ကာ လွမ်းဆွတ်သည့်စိတ်က
ပိုလာ၏။

“မြေ့အစား အစ်ကိုကပဲ ထပ်တောင်းပန်ပါတယ် နန်းဦး ရယ် “

နန်းဦး ကစကားမဆို ညီဘွားအား ကြည့်သည်ဆိုရုံကြည့်နေ၏။
ညီဘွားရှင်းပြသဖြင့်
ကြည်သူ၏ အခြေအနေကို အားလုံးသိရှိပြီးဖြစ်သည်။
ဦးကြည်သာမောင်နှင့် ဦးမင်းမောင်မောင်မှာ ယောကျာ်းရင့်မာများတန်မဲ့
ရှိုက်ကြီးတငင်ငိုကြလေသည်။
သားလေး ခုလို စိတ်မကျန်းမာရတဲ့အကြောင်းအရင်းဇစ်မြစ်မှာ
သူတို့ကြောင့် သာ ဟု ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ကာ ယူကျုံးမရ။
တကယ်တမ်းနန်းဦးနှင့် ကြည်သူသည်
နစ်နာသူ ဖြစ်ကာ
တရားခံမှာ သူတို့လူကြီးတွေသာ
ဖြစ်ခဲ့သည်။
ကိုယ်စီအနာတရတွေနှင့်မို့ ဘယ်သူ့အနာက ပိုနာသည် ဆိုတာထက်
အခြေအနေကို ဘယ်လိုရှေ့ဆက်မှာတဲ့လဲ။
သားလေးနိုးလာရင် ဘယ်လိုပြောရမလဲ။

“ဒီတစ်နှစ်လုံး မြေ့က စိတ်ကျန်းမာရေးဆေးရုံမှာပဲရှိနေခဲ့တာပါ
နန်းဦး ရေထဲမျှောသွားတော့ ကြည်သူက တောဝက်တစ်ကောင်နဲ့ ကမ်းပါးစွန်းမှာ သတိလစ်နေခဲ့တာ
အဲဒီကတည်းက ရွှေဆောင်က စိတ်ကျန်းမာရေးဆေးရုံမှာ သူ့ကိုယ်သူ တစ်ခုခု လုပ်ပစ်မှာစိုးလို့ ချုပ်ထားခဲ့ရတာ နန်းဦး ကို လုပ်မိတာလည်းသူသိတယ် သူ့ကိုယ်ထဲ နောက်တစ်ယောက်ရှိနေသလိုမျိုး သူ့ကိုတစ်ယောက်ယောက်ထိန်းချုပ်နေသလိုမျိုးခံစားခဲ့ရတာ
ဘွားဘွား ထိပ်တင်မိုးပြောတာတော့
ကြည်သူဆယ့်သုံးနှစ်သားကတည်းက
ခုလို စိတ်ရောဂါ လက္ခဏာမျိုးရှိခဲ့တာတဲ့ ဒါပေမယ့်
သူ့ရောဂါက အပြင်လူ ဘယ်သူမှ မရိပ်မိနိုင်လောက်အောင် ကိုယ်ယောင်ဖျောက်တော်ခဲ့တယ်
ဒါကြောင့် နန်းဦး နဲ့လည်း မဖြစ်သင့်တာ ဖြစ်သွားရတာ”

ညီဘွားစကားအဆုံး နန်းဦး က တစ်ချက်ရှိုက်၏။
ညီဘွားမညာဘူးဆိုတာ နန်းဦး ယုံပါသည်။
ဘာလို့ဆို အဲဒီတုန်းက ကိုကိုဟာ
နန်းဦး တစ်ချိန်လုံးသိခဲ့တဲ့ ကိုကိုမဟုတ်ပဲ နန်းဦး ကိုသေစေချင်နေတဲ့တခြားတစ်ယောက်လိုပင်။
မျက်နှာ ချောချောမှာ အမွှေးအမျှင်များအား မရိတ်သင်ထားသည်ကလွှဲလျှင် တစ်နှစ်အတွင်း ထူးထူးခြားခြားပြောင်းလဲသွားတာမျိုးမရှိပေ။
မေးချိုင့်လေးအား လက်မနှင့် ဖိပွတ်ရင်း မျက်ရည်တပေါက်က ကိုကို့ ရင်ဘတ်ပေါ်ကျ၏။
ဒီတစ်နှစ်အတွင်း ကိုကို့ ကို မုန်းတီးရန် ကြိုးစားခဲ့ပေမယ့် ဆယ့်ငါးနှစ်သား
ကတည်းက ထိုလူသားအပေါ် အမြစ်တွယ်ခဲ့သော စိတ်ရေသောက်မြစ်သည် မိမိအသက်အား ရန်မူလာသည့်တိုင်
မယိုင်နဲ့နိုင်ခဲ့။
အသိစိတ်က မုန်းသင့်တယ် မေ့သင့်တယ် ဆိုသည့်တိုင် တစ်ဖက်တွင်လည်း တစ်ရက်မှမေ့မရတာ ကိုယ်တိုင်ပဲ ဖြစ်
​သည်။
ခုလိုမျိုး ကိုကို့ အခြေအနေကို သိလိုက်ရတော့ နန်းဦး ၏ မခိုင့်တစ်ခိုင်အမုန်းကြိုးမျှင်လေးသည် ပြတ်တောက်သွားရသည်။

“နန်းဦး ဆရာစောင့်နေလိုက်မယ် ရေချိုးချင်သွားချိုးလိုက်လေ”
“ဟုတ်ကဲ့ ဆရာ”

နန်းဦး အိမ်ပေါ်မှဆင်းလာတော့
ထိန်သာ ကရေစည်ထဲ ရေဖြည့်နေလေသည်။
နန်းဦး အားမြင်သည်နှင့် လုပ်နေသည့်
အလုပ်အား
လက်စသတ်ကာ ရှောင်ထွက်ဖို့လုပ်သည်။

“အစ်ကို ကျတော့ကို ရှောင်နေတာလား”
“ရှောင်နေမှန်းသိရင် မသိချင်ယောင်ဆောင်ပေးလိုက်ပါလား သခင် “

ထိန်သာ၏ အပြောကြောင့် နန်းဦး မှာ ခေါင်းလေးငုံ့လျက် ပုဆိုးခါးပုံစလေးအား လက်နှစ်ဖက်ဖြင့် ပွတ်ချေနေ၏။
နန်းဦး ဟာ သခင်မဟုတ်ပဲ
ရဝေနန်းဦး ဆိုတာ သိသည့်တိုင်
ထိိန်သာမှာ သခင် ဟုသာခေါ်ခဲ့သည်။

“အစ်ကို ကျတော့ကို စိတ်ဆိုးနေတာလား”
“ဟင်အင်း မင်းအပေါ်အစ်ကို စိတ်ဆိုးစရာ အကြောင်းအရင်းမရှိပါဘူး
မင်းကို အချိန်တန်အိမ်ပြန်မယ့် သူမှန်း သိရက်နဲ့ စိတ်ကူးယဥ်မိတဲ့ကိုယ့်ကိုယ် ကို စိတ်ဆိုးတာ
မင်းမှာ ကာမပိုင် ရှိမှန်း သိသွားတာတောင် ရပ်တန့်လို့မရတဲ့ကိုယ့်ကိုယ် ကိုယ်သာစိတ်ဆိုးတာ
မင်းမရှိရင် မနေတတ်မှာ စိုးလို့ ခုကတည်းက ခပ်စိမ်းစိမ်းနေဖို့ လေ့ကျင့်နေတာ မင်းက နားလည်ပေး သခင်”

ပြောရင်းထိန်သာ မှာ လှည့်ထွက်သွားခဲ့လျှင် နန်းဦး မှာ နေပါလည်းမတားနိုင်။
ထိန်သာ သည် နန်းဦး ၏ အသက်သခင် ။ နန်းဦး အပေါ် အကြင်နာပိုနေသည့်တိုင် မည်သည့်အခွင့်အရေးမျှမယူခဲ့။

“အားးးး”

ထိုစဥ် အိမ်ပေါ်မှ အားကနဲအော်သံကြောင့် ရေအပြည့်ဖြင့် စတီးခွက်လေးမှာ မြေကြီးပေါ်သို့ကျ၏။
ပုဆိုးပင် ရေမစိုရသေး အိမ်ပေါ်အမြန်ပြေးတက်လာလိုက်သည်။

“မဟုတ်ဘူး
ငါ အမြင်မှားနေတာ
ဦး က မရှိတော့ဘူး ဒယ်ဒီလည်းမရှိတော့ဘူး ငါ.. ငါ.. အမြင်မှားနေတာ
ဒါတွေတကယ်မရှိဘူး ပုံရိပ်ယောင်တွေ
ညီဘွား ငါ့ဆေး ဘယ်မှာ လဲဆေးယူခဲ့
ငါ…. မဟုတ်တာတွေ မြင်နေပြီ”

“စိတ်ထိန်းပါ မြေ့ရာ မင်းမြင်နေတာတွေတကယ်ပါ ..နန်းဦး တွေ့လား ဟိုမှာ နန်းဦး “

“ဝေ…. ဝေ “

မျက်ဆံလေးလည်လျက် အခန့်ထောင့်တွင် နားနှစ်ဖက်ပိတ်ကာ ကွေးကွေးကလေး ဖြစ်နေသောကိုကိုသည်
နန်းဦး တစ်ခါမှမမြင်ဖူးသည့်ပုံဖြင့်
အားနည်းပျော့ညံ့နေ၏။

“အင့်..ကျတော် ကျတော်ပါ ကိုကို
ကျတော့ ကို လာရှာတာဆို
စိတ်ကို ထိိန်းပါဦး”

နန်းဦး က ကိုကို့အနားကပ်သွားကာ
ခေါင်းအားရင်ဘတ်မှာ အပ်လျက်ပွေ့ဖက်လိုက်သည်။

“ထိလို့ရတယ် တကယ် ထိလို့ရတယ်
ဝေ…ဝေပဲ ဝေမသေဘူး
အားးးးကိုယ့်ကို ခွင့်လွှတ်ပါဝေ “
“ကျတော်ကသာ ကိုကို့ အခြေအနေကိုမသိပဲ အင့်….”

ကြည်သူမှာ နန်းဦး ရင်ခွင် သေးသေးလေးထဲ ခေါင်းတို့ဝှေ့လျက် ငိုကြွေးလေသည်။
နန်းဦး ရင်ဘတ်တွင် ရေနှင့် မျက်ရည်ရောထွေးကာ ပါးလျလျ ချည်သားအင်္ကျီလေးသည် ရင်ဘတ်တွင် ကပ်နေတော့သည်။
နန်းဦး ၏ မျက်ရည်များသည်လည်း ကြည်သူ၏
ပခုံးစွန်းတွင်စွန်းပေလို့။

“ဝေ…ကိုယ့်ကိုကယ်ပါဦး ကိုယ် ဒယ်ဒီ့ကိုရော ဦးကိုရောမြင်နေရတယ်…
ကိုယ့် ကိုယ့်ကြောင့် ဒယ်ဒီနဲ့ ဦးက””

“ဘယ်လို… “
“အဲဒီတုန်းက ကိုယ် ဦးစီးမယ့် ကားက ဘရိတ်ကို ဖြတ်…မဟုတ်ဘူး အဲဒါကိုယ်မဟုတ်ဘူး…ဟို ကောင် ဟို အတုကောင် က….”
“အားးးးး”

နန်းဦး က ရင်ခွင်ထဲမှ လူအား သတိဝင်လာစေရန် ပခုံးအား ဖိကိုက်ပစ်လိုက်သည်။

“ကိုကို ကျတော့ကိုကြည့်စမ်း
ကျတော်က ဘယ်သူလဲ”
“ဝေ…ရဝေနန်းဦး
ကိုယ့်အချစ်”
“ဟုတ်တယ် ကျတော်က ရဝေနန်းဦး ကိုကို့ ရှေ့မှာ အစစ်အမှန်ရှိနေတာ
ကိုကို ခု မြင်နေရသမျှဟာ
အစစ်အမှန်တွေပဲ
ကျတော့ကိုယုံလားကိုကို…
ဟင်အင်းကျတော့ကိုယုံ”
“အင်း ယုံတယ် “
“ကိုကို့ ဒယ်ဒီနဲ့ ဦးလေးမင်းမောင်မောင်က ကားထဲမှာ ပါမသွားခဲ့ဘူး
ကားပေါ်ကနေ ခုန်ချကျန်ခဲ့ပြီး
ဒီပန်းမရွာမှာ ဇာတ်မြှုပ်နေခဲ့တာ
ကိုကို ဘာမှမလုပ်ခဲ့ဘူး”
“……..”

ကြည်သူက နန်းဦး ရင်ခွင်ထဲမှနေ မရဲတရဲ အပြင်ဘက်ဆီချောင်းကြည့်လိုက်သည်။
ဟုတ်တယ် သူက ပုံရိပ်ယောင်တွေကို မမြင်တော့ဘူး ။
အတုကောင်ဆိုတာလည်းမရှိတော့ဘူး။
ဆရာ ကကောင်းအောင် ကုပေးခဲ့ပြီပဲ။

*********

“ငါ့ ကြောင့် ငါက ငါ့သားလေး ခုလိုဖြစ်နေတယ်ဆိုတာတောင်မသိပဲ
ကိုယ့် ခံစားချက်ကိုပဲဂရုစိုက်ခဲ့လို့”

မင်းမောင်မောင် ကြည်သူ့အဖြစ်အား
မကြည့်ရက်နိုင်စွာ
အိမ်ပေါ်မှ ဆင်းလာပြီး အိမ်ရှေ့ ဆေးပေးခန်းလေးတွင် လာရောက်ပေါက်ကွဲနေသော ကြည်သာမောင်အား
ဘယ်လိုနှစ်သိမ့်ရမည်မသိ။
မိမိ ပယောဂလည်း
ကင်းခဲ့တာမဟုတ်။

“ဖြစ်ပြီးခဲ့ပြီပဲ သာမောင်
ရာ အချိန်တွေနောက်ပြန်ဆုတ်လို့မှမရတော့တာ ငါတို့မှာ အချိန်ရှိပါသေးတယ် သား ပုံစံက အပြည့်အဝကျန်းမာသေးတဲ့ပုံမဟုတ်ဘူး
မင်းလည်း ဆေးပညာကို သင်ခဲ့တဲ့သူပဲ ဒီလောက်တော့ရိပ်စားမိမှာပါ”
“ငါ့ ငါ့ကြောင့်”
“ကိုယ့် ကိုယ်ကို အပြစ်တင်နေလို့မပြီးဘူး ငါတို့ သားလေးကို အကောင်းဆုံး
ဖြစ်အောင်ပြန်ပေးဆပ်လို့ရတာပဲ”
“အပြစ်တင်စရာမလိုအောင် ငါက အပြစ်သား ဖြစ်ခဲ့တာမောင်
ငါသာ မောင့်ကို ပြတ်ပြတ်သားသားရွေးခဲ့ရင် စွေသော ကို သွားမရှုပ်ခဲ့ရင်
မင်းနဲ့ငါလည်း ပိုပျော်ခဲ့မှာ
စွေ
သောဟာလည်း သူ့ပုံစံအတိုင်း ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေခဲ့မှာ သားဟာလည်း
ဒီထက်ကောင်းတဲ့ မိသားစု အရိပ်အမြုံမှာ လူဖြစ်ပြီး..
ခုလိုမျိုးဖြစ်လာမှာ မဟုတ်ဘူး”

မင်းမောင်မောင်က ကြည်သာမောင်အား ပွေ့ဖက်၍ ကျောပြင်အား ပုတ်ကာ
နှစ်သိမ့်၏။
ခု အခြေအနေသည် စကားလုံးတို့
တိုးပေါက်သည့်အခြေအနေမဟုတ်
တာမို့ မင်းမောင်မောင်သည် နှုတ်ဆိတ်နေရင်းနဲ့သာ နှစ်သိမ့်ဖို့ ရွေးခြယ်ရသည်။
မင်းနဲ့ငါကနေစမှား လိုက်တဲ့
အခြေအနေတွေဟာ
ကလေးတွေအထိ…

မိုချီ(ခတ္တလူ့ပြည်)

Tags: read novel Wrong Time Right Person(Completed) part23(unicode), novel Wrong Time Right Person(Completed) part23(unicode), read Wrong Time Right Person(Completed) part23(unicode) online, Wrong Time Right Person(Completed) part23(unicode) chapter, Wrong Time Right Person(Completed) part23(unicode) high quality, Wrong Time Right Person(Completed) part23(unicode) light novel, ,

Comment

Leave a Reply

Chapter 47